ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

By LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (74)

2.9K 402 21
By LuciousKim

Zawgyi

လုယြင္ခ်န္းရဲ႕ပံုစံက အိပ္ခ်င္မူးတူးျဖစ္ေနတုန္းပဲ။ သို႔ေပမယ့္ ထိုသူရဲ႔စကားလံုးေတြကေတာ့ ေဝဝါးမေနခဲ့ဘူး။

" အစကတည္းက ငါ့ရဲ႕ေအးဂ်င့္ကငါ့ကို ရွန္ယန္းနဲ႔အတူတြဲျပီး ေထာက္ခံသူအျဖစ္လုပ္ဖို႔ေတာင္းဆိုခဲ့တာေလ ဒါေၾကာင့္ငါလည္းသူမကို ဒီေထာက္ခံခ်က္မွာအတူဆြဲေခၚခဲ့တာ .. ဒီေတာ့ သူမရဲ႕ပရိသတ္ေတြရဲ႕ဝယ္လိုအားက အေရးၾကီးေသးလို႔လား?"

ထိုသူက ေနကာမ်က္မွန္ကိုခ်ြတ္လိုက္ျပီး ဝန္ထမ္းေတြကိုစိုက္ၾကည့္လိုက္တယ္။

လုယြင္ခ်န္းရဲ႕ေအးဂ်င့္ကလည္း ဒရိုက္ဘာခံုမွာထိုင္ေနရာမွ အလ်ွင္အျမန္ထြက္လာခဲ့တယ္။ ထိုသူကလည္း သန္းေဝေနတုန္းပဲ။

" ဒီေထာက္ခံခ်က္ကို ဆက္လုပ္ဖို႔အတြက္ ငါတို႔ေတြရိုက္ကူးေရးကို အခ်ိန္ပိုဆင္းျပီး ရိုက္ခဲ့ျပီး ဒီကိုေလယာဥ္စီးျပီး တန္းလာခဲ့ရတာ"

Sweet Chocolate ကသာ လုယြင္ခ်န္းကို သူတို႕အတြက္ေထာက္ခံသူျဖစ္ေပးဖို႔ေတာင္းဆိုခဲ့တာျဖစ္ျပီး  လုယြင္ခ်န္းက ေထာက္ခံသူျဖစ္ခ်င္လို႔ေတာင္းဆိုခဲ့ရတာမ်ိဳးမဟုတ္ဘူးေလ။

ဝန္ထမ္းအဖြဲ႕ဝင္ေတြဘယ္သူမွ စကားျပန္မေျပာနိုင္ေတာ့ဘူး။

လုယြင္ခ်န္းကသိမ္ေမြ႕နူးညံ့စြာၾကည့္လိုက္တယ္။

"ဒါေပမယ့္ မင္းတို႔ေတြ ဒီလိုေျပာတယ္ဆိုေတာ့ ငါ့ရဲ႕ေအးဂ်င့္က ငါဦးေဆာင္တဲ့လူေတြကို ဂရုစိုက္ခ်င္ျပီးေတာ့ ငါ့ကိုကူညီဖို႔အတြက္ လူသိမ်ားတဲ့ပရိသတ္ေတြရဲ႕ ဝယ္ယူမႈစြမ္းအားေတြမ်ားနိုင္သေလာက္မ်ားေစခ်င္ေနတယ္လို႔ ဆိုလိုတာလား"

လုယြင္ခ်န္းရဲ႕ေအဂ်င့္:"???"

ဝန္ထမ္းတစ္ေယာက္က အလ်ွင္အျမန္ဆိုလာတယ္။

"က်ြန္ေတာ္တို႕က ဒီတိုင္းေလးေျပာလိုက္မိတာပါ ဒီတိုင္းေလးေျပာထြက္သြားရံုေလးတင္ .. ေတာင္းပန္ပါတယ္ အကိုလု .. ျမန္ျမန္ေလးျပင္ဆင္လိုက္ေတာ့ေလ က်ြန္ေတာ္တို႕မၾကာခင္ရိုက္ကူးေရးစဖို႔လုပ္လိုက္ပါ့မယ္"

ဝန္ထမ္းေတြျပန္သြားခ်ိန္မွာေတာ့ လုယြင္ခ်န္းကထပ္မံျပီးသန္းေဝလိုက္ျပန္တယ္။

" မင္းက ငါ့ကိုတစ္ညလံုး ကတ္ကစားဖို႔ဆြဲထားျပီးေတာ့ ခုကေတာ့ အလ်ွင္အျမန္ေျပးလႊားေနရတယ္လို႔ေျပာလိုက္တယ္ေပါ့ေလ"

လုယြင္ခ်န္းရဲ႕ေအဂ်င့္:" ဟားဟားဟားဟားဟားဟား.. မဟုတ္ပါဘူးကြာ ... သူတို႕ေတြ မင္းမ်က္နွာေလးကိုၾကည့္ရတာ သေဘာက်ဦးမွာပါ မင္းကၾကည့္ေကာင္းေနတုန္းပဲေလ"

သူက သူ႕ရဲ႕ေအးဂ်င့္ကို စကားျပန္မေျပာေတာ့ဘဲ ျပန္သြားဖို႔လုပ္လိုက္တယ္။ ဒါေပမယ့္ သူေခါင္းကိုလွည့္လိုက္တဲ့အခ်ိန္မွာပဲ သူတို႕နဲ႔မနီးမေဝးမွာရိွတဲ့ နာနီကားကိုျမင္လိုက္ရတာေၾကာင့္ ထိုကားဆီကိုသြားကာ တံခါးေခါက္လိုက္တယ္။ သူနဲ႕သူေအးဂ်င့္တို႕ေရာက္ေနျပီဆိုေပမယ့္ သူကတကယ့္ကိုအိပ္ငိုက္ေနတာျဖစ္ျပီး မိတ္ကပ္ေတြပါျပင္ဆင္ေနေသးတာျဖစ္တဲ့အတြက္ ရွန္ယန္းနဲ႔တျခားသူေတြဘယ္တုန္းကေရာက္လာတာလဲဆိုတာကိုမသိလိုက္ဘူး။

နာနီကားတံခါးကပြင့္လာျပီးေနာက္ ရွန္ယန္းက စကားဆိုလာတယ္။

"ေက်းဇူးတင္ပါတယ္"

ရဲတိုက္မွာရိုက္ကူးေရးလုပ္ရမွာျဖစ္တဲ့အတြက္ ရွန္ယန္းက နတ္သမီးပံုျပင္ထဲက မင္းသမီးေလးလိုဝတ္ဆင္ရလိမ့္တယ္။ ရွန္ယန္းက အဝတ္လဲခန္းဘက္ကို လုယြင္ခ်န္းနဲ႔အတူေလ်ွာက္သြားလိုက္ျပီး စတင္ျပင္ဆင္ေတာ့တယ္။ ရွန္ယန္းရဲ႕စတိုင္က နည္းနည္းေလာက္ေတာ့ ဒုကၡမ်ားတဲ့အတြက္ သူမအခ်ိန္အနည္းငယ္ေလာက္ေစာင့္ဆိုင္းခဲ့ရေယ္။ ဒါေၾကာင့္ စတိုင္လိုအပ္ခ်က္ေတြကိုျပင္ဆင္ေနခ်ိန္မွာ သူမကို ရွန္းလုစာအုပ္ကိုဖတ္ေနခဲ့ျပီး ဖတ္ျပီးသြားခ်ိန္မွာေတာ့ အလြတ္ေရးၾကည့္ေနလိုက္တယ္။

က်ိဳးရို:" ဗီလာထဲမွာ အစားအေသာက္ေတြအမ်ားၾကီးရိွတယ္ ငါနည္းနည္းေလာက္သြားဝယ္လိုက္မယ္ ျပီးရင္ အဖြဲ႕သားေတြနဲ႔အတူစားလိုက္ေပါ့ .. သူတို႔လည္းမင္းနဲ႔အတူရိုက္ရမွာဆိုေတာ့ စားျပီးျပီလားမစားရေသးဘူးလားဆိုတာမသိဘူးေလ"

ရွန္ယန္းရဲ႕အဆင့္အတန္းက အနုပညာအသိုင္းအဝိုင္းထဲမွာနိမ့္က်ေနေသးတာေၾကာင့္ တျခားရိုက္ကူးေရးအဖြဲ႕ဝင္ေတြကိုစားေသာက္ဖို႔ခၚလိုက္မယ္ဆိုရင္ ထိုသူေတြက ေက်းဇူးတင္စကားကလြဲျပီး ဘာတစ္ခုမွျပန္ေျပာလာမွာမဟုတ္ဘူး ။

ဒါေၾကာင့္ မတိုင္မွီတုန္းက လုယြင္ခ်န္းနဲ႔သူ႔ရဲ႕ေအးဂ်င့္ျဖစ္သူက ရွန္ယန္းကိုကူညီေပးခဲ့တာေၾကာင့္ က်ိဳးရိုက သူရဲ႕ေက်းဇူးကိုအေလးထားတဲ့အေနနဲ႔ အစားအစာေတြကို သြားေပးမယ့္အေၾကာင္းေျပာလိုက္တယ္။

ရွန္ယန္း:"အိုေခ"

ခဏေလာက္ေတြးေတာျပီးေနာက္ က်ိဳးရိုက ရွန္ယန္းအနီးကိုတိုးကပ္လိုက္ျပီး နားရြက္အနီးမွတီးတိုးေလးေျပာလိုက္တယ္။ သူမက လုယြင္ခ်န္းနဲ႔တျခားလူေတြကို အစားအေသာက္ေတြသြားေပးဖို႔ေျပာခဲ့တာျဖစ္တယ္။ မူလအတိုင္းသာဆိုရင္ေတာ့ ရွန္ယန္းက ေသခ်ာေပါက္ျငင္းဆန္မွာျဖစ္ေပမယ့္ မတိုင္ခင္တုန္းကျဖစ္ရပ္မွာ လုယြင္ခ်န္းကသူမကိုကူညီေပးထားတာေလ။ ဒါ့အျပင္ ရိုက္ကူးေရးထဲမွာ ရိုက္ကူးေရးအဖြဲ႕သားအခ်င္းခ်င္း အစားအေသာက္ေတြေက်ြးေမြးကပံုမွန္ပဲျဖစ္တဲ့အတြက္ ရွန္ယန္းသေဘာတူလိုက္တယ္။

က်ိဳးရိုက ဗီလာထဲကအစားေသာက္တခ်ိဳ႕ကိုဝယ္လာခဲ့ျပီး အဖြဲ႕သားေတြကိုလိုက္ေဝေပးလိုက္ကာ လုယြင္ခ်န္းနဲ႔ေအးဂ်င့္ျဖစ္သူကိုပါသြားေပးလိုက္တယ္။ ဒါေပမယ့္ သူမ လုယြင္ခ်န္းတို႔ဆီကိုသြားေတာ့ လုယြင္ခ်န္းက အဝတ္လဲခန္းထဲမွာျဖစ္ျပီး  လုယြင္ခ်န္းရဲ႕အးဂ်င့္ျဖစ္သူကေတာ့ ထိုင္ခံုေပၚမွာအိပ္ေပ်ာ္ေနခဲ့ေလတယ္။

က်ိဳးရို အထုတ္အပိုးေတြကိုအခန္းထဲကိုဝင္ထားလိုက္ျပီး လုယြင္ခ်န္းရဲ႕စတိုင္လစ္ကိုေျပာခဲ့ကာ အျပင္ကိုထြက္သြားဖို႔ျပင္တယ္။

လုယြင္ခ်န္းရဲ႕ေအးဂ်င့္က အစားအေသာက္ရနံ႕ေတြေၾကာင့္ မ်က္လံုးကိုျဖည္းညွင္းစြာဖြင့္ၾကည့္လိုက္ေတာ့ အခန္းထဲကထြက္ခြာသြားဖို႔လုပ္ေနတဲ့ က်ိဳးရိုကိုေတြ႕လိုက္ရတာေၾကာင့္ ထျပီးလွမ္းေျပာလိုက္္တယ္။

"အတူစားရေအာင္ေလ ဘယ္လိုပဲျဖစ္ျဖစ္ က်ြန္ေတာ္တို႔ေတြအၾကာၾကီးေစာင့္ရဦးမွာပဲကို"

ေကာင္းျပီ။ သူမနဲ႔အတူစကားေျပာျပီး ရွန္ယန္းအေၾကာင္းကို ပိုျပီးေလ့လာရမယ္။

က်ိဳးဂိုမျငင္းဆန္ရေသးခင္မွာပဲ လုယြင္ခ်န္းရဲ႕ေအးဂ်င့္က ထပ္ေျပာျပန္တယ္။

" က်ြန္ေတာ္ကလုယြင္ခ်န္းရဲ႕ေအးဂ်င့္ေလ အမ်ိဳးသားအနုပညာရွင္ျဖစ္တဲ့အတြက္ အမ်ိဳးသမီးအနုပညာရွင္ေတြရဲ႕အရင္းအျမစ္ကိုမရိုက္ကူးနိုင္ဘူး .. ဘယ္လိုပဲျဖစ္ျဖစ္ က်ြန္ေတာ္က အမ်ိဳးသမီးအဝတ္အစားေတြဝတ္ထားတဲ့ အမ်ိဳးသမီးၾကီးလည္းမဟုတ္ဘူးေလ ဘာလို႔ရွန္ယန္းကို မ်က္နွာသာမေပးရမွာလဲ အျမင့္ကိုေတြးၾကည့္စမ္းပါ"

က်ိဳးရို ရယ္ေမာရင္းျပန္ေျပာလိုက္တယ္။
"ရွက္ရြံ႕မိပါတယ္"

လုယြင္ခ်န္းရဲ႕ေအးဂ်င့္ : " ရပါတယ္ ရပါတယ္  ရွန္ယန္းက ေကာင္းမြန္တဲ့သူပဲေလ ေနာက္ျပီး ဒီအရင္းအျမစ္ေတြက က်ြန္ေတာ့္အတြက္အသံုးမွမဝင္ပဲ"

မၾကာခင္မွာပဲ ေအးဂ်င့္နွစ္ေယာက္က အတူစားေသာက္ရင္းနဲ႔ စကားေတြေျပာျဖစ္သြားတယ္။ နွစ္ေယာက္လံုးကေတာ့ ေတာ္ေတာ္ေလးေပ်ာ္ရႊင္ေနတဲ့ပံုပဲ။

တစ္နာရီေက်ာ္ျပီးေနာက္မွာေတာ့ ရွန္ယန္းရဲ႕ျပင္ဆင္မႈက အျပာနုေရာင္မင္းသမီးဝတ္စံုေလးနွင့္အတူ ျပီးစီးသြားခဲ့ျပီ။ လိႈင္းပံုစံတြန္႕ထားတဲ့ဆံပင္ေတြရဲ႕အေပၚမွာေတာ့ သရဖူေလးတစ္ခုကို ေဆာင္းထားခဲ့တယ္။ ရွန္ယန္း ဂါဝန္အနားစကို ကိုင္မထားရင္းနဲ႔ ေဒါက္ျမင့္ဖိနပ္ကိုစီးနင္းထားကာ မွန္ေရွ႕မွာတစ္ပတ္ေလာက္လည္ၾကည့္လိုက္တယ္။ သူမ ဒီလိုပံုစံမ်ိဳးတစ္ခါမွမျပင္ဆင္ဖူးဘူးေလ။

စတိုင္လစ္ကို ေက်းဇူးတင္ေၾကာင္းေျပာျပီးခ်ိန္မွာေတာ့ ရွန္ယန္း ကိ်ဳးရိုကိုရွာဖို႕ ထြက္လာခဲ့တယ္။ ထိုအမ်ိဳးသမီးက လုယြင္ခ်န္းရဲ႕အဝတ္လဲခန္းထဲမွာပဲ ရိွေနေလာက္ဦးမယ္လို႔ သူမထင္ေနတယ္ေလ။ အဆံုးမွာေတာ့ တျခားလူေတြကိုအစားအေသာက္ေက်ြးေမြးတယ္ဆိုတဲ့ အဓိကရည္ရြယ္ခ်က္က လုယြင္ခ်န္းကိုေက်ြးေမြးခ်င္လို႔ကို။

ေဒါက္ျမင့္ဖိနပ္က ေတာ္ေတာ္ေလးျမင့္တဲ့အတြက္ ရွန္ယန္းျဖည္းညွင္းသြာပဲ ေလ်ွာက္နိုင္တယ္။ သူမ နာနီကားထဲကထြက္လာစဥ္တုန္းက ဖုန္းယူလာခဲ့ဖို႔ ေမ့သြားခဲ့တဲ့အျပင္ က်ိဳးရိုရဲ႕ဖုန္းနံပါတ္ကိုလည္း မမွတ္မိဘူး။ မဟုတ္ရင္ စတိုင္လစ္ထံမွဖုန္းကငွားျပီး က်ိဳးရိုထံသို႔လွမ္းေခၚနိုင္လိမ့္မယ္။

ဟဲရွီကလည္း ရဲတိုက္ရဲ႕တျခားတစ္ဖက္မွ ျဖည္းညွင္းစြာထြက္လာခဲ့တယ္။ အရင္ဘဝတုန္းက သူမ ဒီေနရာမွာ မုရီအန္းနဲ႔ေတြ႕ဆံုခဲ့တာ။ မဟုတ္ေသးဘူး။ တစ္ေယာက္ေယာက္က သူမကိုတြန္းလိုက္လိမ့္မယ္။ အဲဒီအခ်ိန္မွာ မုရီအန္းကသူမေဘးကေနျဖတ္သြားလိမ့္မယ္။ အရင္အတိုင္းပဲေလ။ ဟဲရွီ ယခင္ဘဝအေၾကာင္းကိုျပန္ေတြးရင္းနဲ႔ စိတ္လႈပ္ရွားလာခဲ့တယ္။

ဟဲရွီတစ္ေယာက္ သူမရဲ႕ယခင္ဘဝတုန္းက လမ္းကိုျမန္ျမန္ေလ်ွာက္ခဲ့တာလား ၊ျဖည္းညွင္းစြာ ေလ်ွာက္ခဲ့တာလားဆိုတာကို မွတ္ဥာဏ္ေတြထဲမွာ ဂရုတစိုက္ျပန္လည္းတူးဆြေနခဲ့တယ္။ ထိုအခ်ိန္တုန္းက သူမပါတီကို အမွန္တကယ္မသြားခ်င္တဲ့အတြက္ ျဖည္းျဖည္းပဲေလ်ွာက္သြားခဲ့တဲ့ပံုပဲ။ ဒါကိုျပန္သတိရလာခ်ိန္မွာေတာ့ ဟဲရွီေျခလွမ္းေတြကိုပိုမို အရိွန္ေလ်ွာ့လိုက္တယ္။

"အဲဒီတစ္ေယာက္က ဟဲရွီမဟုတ္ဘူးလား ? သူမကဘယ္လိုပံုစံလဲဆိုတာေတာင္ ငါမေတြးတတ္ေတာ့ဘူး ငါတို႕ရဲ႕နတ္ဘုရားၾကီးလုယြင္ခ်န္းကိုေတာင္လက္ထပ္ခ်င္တယ္လို႔ေျပာရဲေသးတယ္"

“ဟုတ္တယ္ သူမရဲ႕ေၾကာက္တတ္တဲ့အသြင္အျပင္ေလးကိုသြားမၾကည့္လိုက္နဲ႔"

“သူမက ပါတီကိုလာတက္တာလား ငါေတာ့ သူမနဲ႔အတူပါတီတစ္ခုထဲမွာ မေနခ်င္ဘူးေနာ္"

ထိုမိန္းကေလးနွစ္ေယာက္က ဟဲရွီနွင့္ေတြ႕ဆံုခ်ိန္မွာ တစ္ခုခုေျပာလိုက္ပံုပဲ။ ခဏအၾကာမွာေတာ့ ထိုနွစ္ေယာက္ထဲမွတစ္ေယာက္က ဟဲရွီကိုတြန္းခ်လိုက္ေတာ့တယ္။ ဟဲရွီက ေျမျပင္ကေပၚကိုျပဳတ္က်သြားေပမယ့္ စကားတစ္ခြန္းမွေျပာမလာခဲ့ဘူး။ သူမရဲ႕ပံုစံက ေတာ္ေတာ္ေလးသည္းခံေနတဲ့ပံုေပၚတယ္။

မဟုတ္ေသးဘူး။ ယခင္ဘဝတုန္းက သူမတစ္စံုတစ္ခုေျပာလိုက္ေသးတယ္။ ဒါေပမယ့္ သူမထိုစကားကိုသတိမရေတာ့တာ။

ယခင္ဘဝတုန္းက ဟဲရွီက တစ္ဖက္သားကိုေလးစားတတ္ျပီး ဂုဏ္သိကၡာရိွတဲ့သူမ်ိဳးပဲ။ သူတို႔က သူမအေပၚ ထူးဆန္းတဲ့သေဘာထားေတြနဲ႔ဆက္ဆံခဲ့တာေတာင္ ဘဝကိုေကာင္းေကာင္းမြန္မြန္နဲ႔တက္ျပီးေနထိုင္သြားနိုင္ခဲ့ေသးတယ္။ လူေတြက သူမကို ဘယ္အခ်ိန္ကည္းက အနိုင္က်င့္ခဲ့ၾကတာလဲ။

" ငါကဘာလို႔ လုယြင္ခ်န္းကိုလက္ထပ္လို႔မရနိုင္ရမွာလဲ"

ေကာင္မေလးနွစ္ေယာက္ ရယ္ေမာရင္းနွင့္ ဟဲရွီကိုထပ္မံျပီးေစာ္ကားၾကျပန္တယ္။ သူတို႕ထဲမွတစ္ေယာက္က ေျပာလာခဲ့တယ္။

"နင္ျမန္ျမန္ေလးထြက္သြားလိုက္စမ္းပါ နင္ပါတီပြဲကိုဆက္ျပီးတက္ေနဦးမယ္ဆိုရင္ ငါတို႔ကိုရက္စက္တယ္ဆိုျပီးအျပစ္လာမတင္နဲ႔"

ဘယ္သူက နင္တို႔ရဲ႕ပါတီပြဲကိုတက္ခ်င္ေနလို႔လဲ!

ဟဲ့ရွီ ရိႈက္သံအနည္းငယ္ျပဳလိုက္တယ္။ သူမအေနနဲ႔ မုရီအန္းရဲ႕နွလံုးသားကို လႈပ္ရွားသြားေအာင္ပိုျပီးလုပ္ရမယ္ေလ။

ရွန္ယန္းကေတာ့ အေရွ႕ကိုပဲဆက္ျပီးေလ်ွာက္ေနခဲ့တယ္။

ဟဲရွီ စကၠန္႕ဒါဇင္ေက်ာ္ေအာက္ထိုင္ျပီးခ်ိန္မွာေတာ့ မုရီအန္းရဲ႕ ေအးစက္ျပီးေခ်ာေမာခန္႕ညားနဲ့မ်က္နွာကို ျမင္ေတြ႕လိုက္ရျပီျဖစ္တာေၾကာင့္ ပိုမိုျပီးစိတ္လႈပ္ရွားလာခဲ့တယ္။

မုရီအန္းကခဏေလာက္ရပ္ကာ ဟဲရွီကိုစိုက္ၾကည့္လိုက္ျပီး အေရွ႕ကိုပဲဆက္ေလ်ွာက္သြားေလတယ္။

ဟဲရွီကေတာ့ အသက္ထြက္လုမတတ္ စိတ္လႈပ္ရွားသြားရတယ္။ သူဘာေၾကာင့္ အရင္ဘဝကအတိုင္း မျပဳမူရတာလဲ ? ဘာလို႔လဲ!

ဘာေတြမ်ား မွားယြင္းသြားလို႔လဲ?

သူမရဲ႕အရင္ဘဝတုန္းက မုရီအန္းနဲ႔ေတြ႕ဆံုခ်ိန္မွာ ဘယ္လိုစကားကိုေျပာခဲ့မိပါလိမ့္?

ခဏေလးအတြင္းမွာ ဟဲရွီရဲ႕မ်က္နွာထားက ေျပာင္းလဲသြားခဲ့တယ္။
"အနာဂတ္မွာ ငါနင္တို႔အနိုင္က်င့္တာကို ေခါင္းငံု႔ခံေတာ့မွာမဟုတ္ဘူး"

မုရီအန္းရဲ႕ေျခလွမ္းကရပ္တန္႕သြားျပီး ဟဲရွီရဲ႕မ်က္နွာကို ေဘးဘက္ကေန စိုက္ၾကည့္လိုက္တယ္။ ဟဲရွီက ကိုယ့္ဘာသာကိုယ္ထဖို႔ၾကိဳးစားလိုက္ျပီးမွ ျပန္လည္ေတြးေတာလိုက္ျပီး တစ္ဝက္ေလာက္မွာ လဲက်ခ်င္ေယာင္ေဆာင္လိုက္တယ္။ ျပီးေနာက္ ျပတင္းေပါက္ရဲ႕ေအာက္ေျခေဘာင္ကိုလွမ္းကိုင္လိုက္တယ္။

ထုိအခ်ိန္မွာပဲ မုရီအန္းက သူမရဲ႕အနားကိုေလ်ွာက္လာခဲ့တယ္။ သူက ဟဲရွီကိုစိုက္ၾကည့္ျပီး ဘာစကားမွေျပာမလာခဲ့ေပမယ့္ ဟဲရွီကေတာ့ ရင္ခုန္သံေတြျမန္ဆန္ေနခဲ့တယ္။ ဒါက အရင္ဘဝတုန္းကနဲ႔ ကြာျခားခ်က္မရိွဘူးဆိုေပမယ့္ မုရီအန္းကေတာ့ သူမကိုၾကိဳက္နွစ္သက္တဲ့ပံုစံျဖစ္မေနေသးဘူး။

မုရီအန္းက အမူအယာကင္းမဲ့စြာနဲ႔လက္ကိုဆန္႕ထုတ္ကာ ဟဲရွီကိုထရပ္ဖို႔ကူညီေပးလိုက္တယ္။

တစ္ဖက္မွာေတာ့ ရွန္ယန္းက အၾကာၾကီးလမ္းေလ်ွာက္လာခဲ့ရျပီး ရဲတိုက္ထဲမွာရိွတဲ့အခန္းကို လိုက္ရွာေနတုန္းပဲ။ သူမ လုယြင္ခ်န္းရဲ႕အခန္းကို ရွာေတြ႕ခ်ိန္မွာေတာ့ စိတ္သက္သာရာရစြာျပံဳးလိုက္မိတယ္။

အဆံုးမွာေတာ့ တစ္စံုတစ္ေယာက္ရဲ႕အသံက သူမရဲ႕နားထဲကိုဝင္လာခဲ့တယ္။ ဇာတ္လိုက္မရဲ႕ နူးညံ့တဲ့ေက်းဇူးတင္စကားသံက ပ်ံ့လြင့္လာခဲ့တယ္ေလ။

ဒီအသံက ...

T/n__ ေနာက္က်သြားတဲ့အတြက္ Gomen

__ေနာက္က်သြားေပမယ့္လည္း ေပ်ာ္ရႊင္စရာသီတင္းက်ြတ္ေလးျဖစ္ပါေစေနာ္ :3

__ ေနာက္ျပီး မုရီအန္းကိုအထင္မလြဲၾကပါနဲ႔
စပိြဳင္းလာျဖစ္မွာစိုးလို႔ ဆက္မေျပာေတာ့ဘူး
ဒါေပမယ့္ တခ်ိဳ႕ေလးေတြ မုရီအန္းကိုဆဲေနတာေတြ႕လို႔
ဒီအမ်ိဳးသားေလးက တကယ္ေတာ့ ခ်စ္ဖို႔ေကာင္းပါတယ္ :>

***

Unicode

လုယွင်ချန်းရဲ့ပုံစံက အိပ်ချင်မူးတူးဖြစ်နေတုန်းပဲ။ သို့ပေမယ့် ထိုသူရဲ့စကားလုံးတွေကတော့ ဝေဝါးမနေခဲ့ဘူး။

" အစကတည်းက ငါ့ရဲ့အေးဂျင့်ကငါ့ကို ရှန်ယန်းနဲ့အတူတွဲပြီး ထောက်ခံသူအဖြစ်လုပ်ဖို့တောင်းဆိုခဲ့တာလေ ဒါကြောင့်ငါလည်းသူမကို ဒီထောက်ခံချက်မှာအတူဆွဲခေါ်ခဲ့တာ .. ဒီတော့ သူမရဲ့ပရိသတ်တွေရဲ့ဝယ်လိုအားက အရေးကြီးသေးလို့လား?"

ထိုသူက နေကာမျက်မှန်ကိုချွတ်လိုက်ပြီး ဝန်ထမ်းတွေကိုစိုက်ကြည့်လိုက်တယ်။

လုယွင်ချန်းရဲ့အေးဂျင့်ကလည်း ဒရိုက်ဘာခုံမှာထိုင်နေရာမှ အလျှင်အမြန်ထွက်လာခဲ့တယ်။ ထိုသူကလည်း သန်းဝေနေတုန်းပဲ။

" ဒီထောက်ခံချက်ကို ဆက်လုပ်ဖို့အတွက် ငါတို့တွေရိုက်ကူးရေးကို အချိန်ပိုဆင်းပြီး ရိုက်ခဲ့ပြီး ဒီကိုလေယာဉ်စီးပြီး တန်းလာခဲ့ရတာ"

Sweet Chocolate ကသာ လုယွင်ချန်းကို သူတို့အတွက်ထောက်ခံသူဖြစ်ပေးဖို့တောင်းဆိုခဲ့တာဖြစ်ပြီး  လုယွင်ချန်းက ထောက်ခံသူဖြစ်ချင်လို့တောင်းဆိုခဲ့ရတာမျိုးမဟုတ်ဘူးလေ။

ဝန်ထမ်းအဖွဲ့ဝင်တွေဘယ်သူမှ စကားပြန်မပြောနိုင်တော့ဘူး။

လုယွင်ချန်းကသိမ်မွေ့နူးညံ့စွာကြည့်လိုက်တယ်။

"ဒါပေမယ့် မင်းတို့တွေ ဒီလိုပြောတယ်ဆိုတော့ ငါ့ရဲ့အေးဂျင့်က ငါဦးဆောင်တဲ့လူတွေကို ဂရုစိုက်ချင်ပြီးတော့ ငါ့ကိုကူညီဖို့အတွက် လူသိများတဲ့ပရိသတ်တွေရဲ့ ဝယ်ယူမှုစွမ်းအားတွေများနိုင်သလောက်များစေချင်နေတယ်လို့ ဆိုလိုတာလား"

လုယွင်ချန်းရဲ့အေဂျင့်:"???"

ဝန်ထမ်းတစ်ယောက်က အလျှင်အမြန်ဆိုလာတယ်။

"ကျွန်တော်တို့က ဒီတိုင်းလေးပြောလိုက်မိတာပါ ဒီတိုင်းလေးပြောထွက်သွားရုံလေးတင် .. တောင်းပန်ပါတယ် အကိုလု .. မြန်မြန်လေးပြင်ဆင်လိုက်တော့လေ ကျွန်တော်တို့မကြာခင်ရိုက်ကူးရေးစဖို့လုပ်လိုက်ပါ့မယ်"

ဝန်ထမ်းတွေပြန်သွားချိန်မှာတော့ လုယွင်ချန်းကထပ်မံပြီးသန်းဝေလိုက်ပြန်တယ်။

" မင်းက ငါ့ကိုတစ်ညလုံး ကတ်ကစားဖို့ဆွဲထားပြီးတော့ ခုကတော့ အလျှင်အမြန်ပြေးလွှားနေရတယ်လို့ပြောလိုက်တယ်ပေါ့လေ"

လုယွင်ချန်းရဲ့အေဂျင့်:" ဟားဟားဟားဟားဟားဟား.. မဟုတ်ပါဘူးကွာ ... သူတို့တွေ မင်းမျက်နှာလေးကိုကြည့်ရတာ သဘောကျဦးမှာပါ မင်းကကြည့်ကောင်းနေတုန်းပဲလေ"

သူက သူ့ရဲ့အေးဂျင့်ကို စကားပြန်မပြောတော့ဘဲ ပြန်သွားဖို့လုပ်လိုက်တယ်။ ဒါပေမယ့် သူခေါင်းကိုလှည့်လိုက်တဲ့အချိန်မှာပဲ သူတို့နဲ့မနီးမဝေးမှာရှိတဲ့ နာနီကားကိုမြင်လိုက်ရတာကြောင့် ထိုကားဆီကိုသွားကာ တံခါးခေါက်လိုက်တယ်။ သူနဲ့သူအေးဂျင့်တို့ရောက်နေပြီဆိုပေမယ့် သူကတကယ့်ကိုအိပ်ငိုက်နေတာဖြစ်ပြီး မိတ်ကပ်တွေပါပြင်ဆင်နေသေးတာဖြစ်တဲ့အတွက် ရှန်ယန်းနဲ့တခြားသူတွေဘယ်တုန်းကရောက်လာတာလဲဆိုတာကိုမသိလိုက်ဘူး။

နာနီကားတံခါးကပွင့်လာပြီးနောက် ရှန်ယန်းက စကားဆိုလာတယ်။

"ကျေးဇူးတင်ပါတယ်"

ရဲတိုက်မှာရိုက်ကူးရေးလုပ်ရမှာဖြစ်တဲ့အတွက် ရှန်ယန်းက နတ်သမီးပုံပြင်ထဲက မင်းသမီးလေးလိုဝတ်ဆင်ရလိမ့်တယ်။ ရှန်ယန်းက အဝတ်လဲခန်းဘက်ကို လုယွင်ချန်းနဲ့အတူလျှောက်သွားလိုက်ပြီး စတင်ပြင်ဆင်တော့တယ်။ ရှန်ယန်းရဲ့စတိုင်က နည်းနည်းလောက်တော့ ဒုက္ခများတဲ့အတွက် သူမအချိန်အနည်းငယ်လောက်စောင့်ဆိုင်းခဲ့ရယေ်။ ဒါကြောင့် စတိုင်လိုအပ်ချက်တွေကိုပြင်ဆင်နေချိန်မှာ သူမကို ရှန်းလုစာအုပ်ကိုဖတ်နေခဲ့ပြီး ဖတ်ပြီးသွားချိန်မှာတော့ အလွတ်ရေးကြည့်နေလိုက်တယ်။

ကျိုးရို:" ဗီလာထဲမှာ အစားအသောက်တွေအများကြီးရှိတယ် ငါနည်းနည်းလောက်သွားဝယ်လိုက်မယ် ပြီးရင် အဖွဲ့သားတွေနဲ့အတူစားလိုက်ပေါ့ .. သူတို့လည်းမင်းနဲ့အတူရိုက်ရမှာဆိုတော့ စားပြီးပြီလားမစားရသေးဘူးလားဆိုတာမသိဘူးလေ"

ရှန်ယန်းရဲ့အဆင့်အတန်းက အနုပညာအသိုင်းအဝိုင်းထဲမှာနိမ့်ကျနေသေးတာကြောင့် တခြားရိုက်ကူးရေးအဖွဲ့ဝင်တွေကိုစားသောက်ဖို့ခါ်လိုက်မယ်ဆိုရင် ထိုသူတွေက ကျေးဇူးတင်စကားကလွဲပြီး ဘာတစ်ခုမှပြန်ပြောလာမှာမဟုတ်ဘူး ။

ဒါကြောင့် မတိုင်မှီတုန်းက လုယွင်ချန်းနဲ့သူ့ရဲ့အေးဂျင့်ဖြစ်သူက ရှန်ယန်းကိုကူညီပေးခဲ့တာကြောင့် ကျိုးရိုက သူရဲ့ကျေးဇူးကိုအလေးထားတဲ့အနေနဲ့ အစားအစာတွေကို သွားပေးမယ့်အကြောင်းပြောလိုက်တယ်။

ရှန်ယန်း:"အိုခေ"

ခဏလောက်တွေးတောပြီးနောက် ကျိုးရိုက ရှန်ယန်းအနီးကိုတိုးကပ်လိုက်ပြီး နားရွက်အနီးမှတီးတိုးလေးပြောလိုက်တယ်။ သူမက လုယွင်ချန်းနဲ့တခြားလူတွေကို အစားအသောက်တွေသွားပေးဖို့ပြောခဲ့တာဖြစ်တယ်။ မူလအတိုင်းသာဆိုရင်တော့ ရှန်ယန်းက သေချာပေါက်ငြင်းဆန်မှာဖြစ်ပေမယ့် မတိုင်ခင်တုန်းကဖြစ်ရပ်မှာ လုယွင်ချန်းကသူမကိုကူညီပေးထားတာလေ။ ဒါ့အပြင် ရိုက်ကူးရေးထဲမှာ ရိုက်ကူးရေးအဖွဲ့သားအချင်းချင်း အစားအသောက်တွေကျွေးမွေးကပုံမှန်ပဲဖြစ်တဲ့အတွက် ရှန်ယန်းသဘောတူလိုက်တယ်။

ကျိုးရိုက ဗီလာထဲကအစားသောက်တချို့ကိုဝယ်လာခဲ့ပြီး အဖွဲ့သားတွေကိုလိုက်ဝေပေးလိုက်ကာ လုယွင်ချန်းနဲ့အေးဂျင့်ဖြစ်သူကိုပါသွားပေးလိုက်တယ်။ ဒါပေမယ့် သူမ လုယွင်ချန်းတို့ဆီကိုသွားတော့ လုယွင်ချန်းက အဝတ်လဲခန်းထဲမှာဖြစ်ပြီး  လုယွင်ချန်းရဲ့အးဂျင့်ဖြစ်သူကတော့ ထိုင်ခုံပေါ်မှာအိပ်ပျော်နေခဲ့လေတယ်။

ကျိုးရို အထုတ်အပိုးတွေကိုအခန်းထဲကိုဝင်ထားလိုက်ပြီး လုယွင်ချန်းရဲ့စတိုင်လစ်ကိုပြောခဲ့ကာ အပြင်ကိုထွက်သွားဖို့ပြင်တယ်။

လုယွင်ချန်းရဲ့အေးဂျင့်က အစားအသောက်ရနံ့တွေကြောင့် မျက်လုံးကိုဖြည်းညှင်းစွာဖွင့်ကြည့်လိုက်တော့ အခန်းထဲကထွက်ခွာသွားဖို့လုပ်နေတဲ့ ကျိုးရိုကိုတွေ့လိုက်ရတာကြောင့် ထပြီးလှမ်းပြောလိုက်တယ်။

"အတူစားရအောင်လေ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေအကြာကြီးစောင့်ရဦးမှာပဲကို"

ကောင်းပြီ။ သူမနဲ့အတူစကားပြောပြီး ရှန်ယန်းအကြောင်းကို ပိုပြီးလေ့လာရမယ်။

ကျိုးဂိုမငြင်းဆန်ရသေးခင်မှာပဲ လုယွင်ချန်းရဲ့အေးဂျင့်က ထပ်ပြောပြန်တယ်။

" ကျွန်တော်ကလုယွင်ချန်းရဲ့အေးဂျင့်လေ အမျိုးသားအနုပညာရှင်ဖြစ်တဲ့အတွက် အမျိုးသမီးအနုပညာရှင်တွေရဲ့အရင်းအမြစ်ကိုမရိုက်ကူးနိုင်ဘူး .. ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အမျိုးသမီးအဝတ်အစားတွေဝတ်ထားတဲ့ အမျိုးသမီးကြီးလည်းမဟုတ်ဘူးလေ ဘာလို့ရှန်ယန်းကို မျက်နှာသာမပေးရမှာလဲ အမြင့်ကိုတွေးကြည့်စမ်းပါ"

ကျိုးရို ရယ်မောရင်းပြန်ပြောလိုက်တယ်။
"ရှက်ရွံ့မိပါတယ်"

လုယွင်ချန်းရဲ့အေးဂျင့် : " ရပါတယ် ရပါတယ်  ရှန်ယန်းက ကောင်းမွန်တဲ့သူပဲလေ နောက်ပြီး ဒီအရင်းအမြစ်တွေက ကျွန်တော့်အတွက်အသုံးမှမဝင်ပဲ"

မကြာခင်မှာပဲ အေးဂျင့်နှစ်ယောက်က အတူစားသောက်ရင်းနဲ့ စကားတွေပြောဖြစ်သွားတယ်။ နှစ်ယောက်လုံးကတော့ တော်တော်လေးပျော်ရွှင်နေတဲ့ပုံပဲ။

တစ်နာရီကျော်ပြီးနောက်မှာတော့ ရှန်ယန်းရဲ့ပြင်ဆင်မှုက အပြာနုရောင်မင်းသမီးဝတ်စုံလေးနှင့်အတူ ပြီးစီးသွားခဲ့ပြီ။ လှိုင်းပုံစံတွန့်ထားတဲ့ဆံပင်တွေရဲ့အပေါ်မှာတော့ သရဖူလေးတစ်ခုကို ဆောင်းထားခဲ့တယ်။ ရှန်ယန်း ဂါဝန်အနားစကို ကိုင်မထားရင်းနဲ့ ဒေါက်မြင့်ဖိနပ်ကိုစီးနင်းထားကာ မှန်ရှေ့မှာတစ်ပတ်လောက်လည်ကြည့်လိုက်တယ်။ သူမ ဒီလိုပုံစံမျိုးတစ်ခါမှမပြင်ဆင်ဖူးဘူးလေ။

စတိုင်လစ်ကို ကျေးဇူးတင်ကြောင်းပြောပြီးချိန်မှာတော့ ရှန်ယန်း ကျိုးရိုကိုရှာဖို့ ထွက်လာခဲ့တယ်။ ထိုအမျိုးသမီးက လုယွင်ချန်းရဲ့အဝတ်လဲခန်းထဲမှာပဲ ရှိနေလောက်ဦးမယ်လို့ သူမထင်နေတယ်လေ။ အဆုံးမှာတော့ တခြားလူတွေကိုအစားအသောက်ကျွေးမွေးတယ်ဆိုတဲ့ အဓိကရည်ရွယ်ချက်က လုယွင်ချန်းကိုကျွေးမွေးချင်လို့ကို။

ဒေါက်မြင့်ဖိနပ်က တော်တော်လေးမြင့်တဲ့အတွက် ရှန်ယန်းဖြည်းညှင်းသွာပဲ လျှောက်နိုင်တယ်။ သူမ နာနီကားထဲကထွက်လာစဉ်တုန်းက ဖုန်းယူလာခဲ့ဖို့ မေ့သွားခဲ့တဲ့အပြင် ကျိုးရိုရဲ့ဖုန်းနံပါတ်ကိုလည်း မမှတ်မိဘူး။ မဟုတ်ရင် စတိုင်လစ်ထံမှဖုန်းကငှားပြီး ကျိုးရိုထံသို့လှမ်းခေါ်နိုင်လိမ့်မယ်။

ဟဲရှီကလည်း ရဲတိုက်ရဲ့တခြားတစ်ဖက်မှ ဖြည်းညှင်းစွာထွက်လာခဲ့တယ်။ အရင်ဘဝတုန်းက သူမ ဒီနေရာမှာ မုရီအန်းနဲ့တွေ့ဆုံခဲ့တာ။ မဟုတ်သေးဘူး။ တစ်ယောက်ယောက်က သူမကိုတွန်းလိုက်လိမ့်မယ်။ အဲဒီအချိန်မှာ မုရီအန်းကသူမဘေးကနေဖြတ်သွားလိမ့်မယ်။ အရင်အတိုင်းပဲလေ။ ဟဲရှီ ယခင်ဘဝအကြောင်းကိုပြန်တွေးရင်းနဲ့ စိတ်လှုပ်ရှားလာခဲ့တယ်။

ဟဲရှီတစ်ယောက် သူမရဲ့ယခင်ဘဝတုန်းက လမ်းကိုမြန်မြန်လျှောက်ခဲ့တာလား ၊ဖြည်းညှင်းစွာ လျှောက်ခဲ့တာလားဆိုတာကို မှတ်ဉာဏ်တွေထဲမှာ ဂရုတစိုက်ပြန်လည်းတူးဆွနေခဲ့တယ်။ ထိုအချိန်တုန်းက သူမပါတီကို အမှန်တကယ်မသွားချင်တဲ့အတွက် ဖြည်းဖြည်းပဲလျှောက်သွားခဲ့တဲ့ပုံပဲ။ ဒါကိုပြန်သတိရလာချိန်မှာတော့ ဟဲရှီခြေလှမ်းတွေကိုပိုမို အရှိန်လျှော့လိုက်တယ်။

"အဲဒီတစ်ယောက်က ဟဲရှီမဟုတ်ဘူးလား ? သူမကဘယ်လိုပုံစံလဲဆိုတာတောင် ငါမတွေးတတ်တော့ဘူး ငါတို့ရဲ့နတ်ဘုရားကြီးလုယွင်ချန်းကိုတောင်လက်ထပ်ချင်တယ်လို့ပြောရဲသေးတယ်"

“ဟုတ်တယ် သူမရဲ့ကြောက်တတ်တဲ့အသွင်အပြင်လေးကိုသွားမကြည့်လိုက်နဲ့"

“သူမက ပါတီကိုလာတက်တာလား ငါတော့ သူမနဲ့အတူပါတီတစ်ခုထဲမှာ မနေချင်ဘူးနော်"

ထိုမိန်းကလေးနှစ်ယောက်က ဟဲရှီနှင့်တွေ့ဆုံချိန်မှာ တစ်ခုခုပြောလိုက်ပုံပဲ။ ခဏအကြာမှာတော့ ထိုနှစ်ယောက်ထဲမှတစ်ယောက်က ဟဲရှီကိုတွန်းချလိုက်တော့တယ်။ ဟဲရှီက မြေပြင်ကပေါ်ကိုပြုတ်ကျသွားပေမယ့် စကားတစ်ခွန်းမှပြောမလာခဲ့ဘူး။ သူမရဲ့ပုံစံက တော်တော်လေးသည်းခံနေတဲ့ပုံပေါ်တယ်။

မဟုတ်သေးဘူး။ ယခင်ဘဝတုန်းက သူမတစ်စုံတစ်ခုပြောလိုက်သေးတယ်။ ဒါပေမယ့် သူမထိုစကားကိုသတိမရတော့တာ။

ယခင်ဘဝတုန်းက ဟဲရှီက တစ်ဖက်သားကိုလေးစားတတ်ပြီး ဂုဏ်သိက္ခာရှိတဲ့သူမျိုးပဲ။ သူတို့က သူမအပေါ် ထူးဆန်းတဲ့သဘောထားတွေနဲ့ဆက်ဆံခဲ့တာတောင် ဘဝကိုကောင်းကောင်းမွန်မွန်နဲ့တက်ပြီးနေထိုင်သွားနိုင်ခဲ့သေးတယ်။ လူတွေက သူမကို ဘယ်အချိန်ကည်းက အနိုင်ကျင့်ခဲ့ကြတာလဲ။

" ငါကဘာလို့ လုယွင်ချန်းကိုလက်ထပ်လို့မရနိုင်ရမှာလဲ"

ကောင်မလေးနှစ်ယောက် ရယ်မောရင်းနှင့် ဟဲရှီကိုထပ်မံပြီးစော်ကားကြပြန်တယ်။ သူတို့ထဲမှတစ်ယောက်က ပြောလာခဲ့တယ်။

"နင်မြန်မြန်လေးထွက်သွားလိုက်စမ်းပါ နင်ပါတီပွဲကိုဆက်ပြီးတက်နေဦးမယ်ဆိုရင် ငါတို့ကိုရက်စက်တယ်ဆိုပြီးအပြစ်လာမတင်နဲ့"

ဘယ်သူက နင်တို့ရဲ့ပါတီပွဲကိုတက်ချင်နေလို့လဲ!

ဟဲ့ရှီ ရှိုက်သံအနည်းငယ်ပြုလိုက်တယ်။ သူမအနေနဲ့ မုရီအန်းရဲ့နှလုံးသားကို လှုပ်ရှားသွားအောင်ပိုပြီးလုပ်ရမယ်လေ။

ရှန်ယန်းကတော့ အရှေ့ကိုပဲဆက်ပြီးလျှောက်နေခဲ့တယ်။

ဟဲရှီ စက္ကန့်ဒါဇင်ကျော်အောက်ထိုင်ပြီးချိန်မှာတော့ မုရီအန်းရဲ့ အေးစက်ပြီးချောမောခန့်ညားနဲ့မျက်နှာကို မြင်တွေ့လိုက်ရပြီဖြစ်တာကြောင့် ပိုမိုပြီးစိတ်လှုပ်ရှားလာခဲ့တယ်။

မုရီအန်းကခဏလောက်ရပ်ကာ ဟဲရှီကိုစိုက်ကြည့်လိုက်ပြီး အရှေ့ကိုပဲဆက်လျှောက်သွားလေတယ်။

ဟဲရှီကတော့ အသက်ထွက်လုမတတ် စိတ်လှုပ်ရှားသွားရတယ်။ သူဘာကြောင့် အရင်ဘဝကအတိုင်း မပြုမူရတာလဲ ? ဘာလို့လဲ!

ဘာတွေများ မှားယွင်းသွားလို့လဲ?

သူမရဲ့အရင်ဘဝတုန်းက မုရီအန်းနဲ့တွေ့ဆုံချိန်မှာ ဘယ်လိုစကားကိုပြောခဲ့မိပါလိမ့်?

ခဏလေးအတွင်းမှာ ဟဲရှီရဲ့မျက်နှာထားက ပြောင်းလဲသွားခဲ့တယ်။
"အနာဂတ်မှာ ငါနင်တို့အနိုင်ကျင့်တာကို ခေါင်းငုံ့ခံတော့မှာမဟုတ်ဘူး"

မုရီအန်းရဲ့ခြေလှမ်းကရပ်တန့်သွားပြီး ဟဲရှီရဲ့မျက်နှာကို ဘေးဘက်ကနေ စိုက်ကြည့်လိုက်တယ်။ ဟဲရှီက ကိုယ့်ဘာသာကိုယ်ထဖို့ကြိုးစားလိုက်ပြီးမှ ပြန်လည်တွေးတောလိုက်ပြီး တစ်ဝက်လောက်မှာ လဲကျချင်ယောင်ဆောင်လိုက်တယ်။ ပြီးနောက် ပြတင်းပေါက်ရဲ့အောက်ခြေဘောင်ကိုလှမ်းကိုင်လိုက်တယ်။

ထိုအချိန်မှာပဲ မုရီအန်းက သူမရဲ့အနားကိုလျှောက်လာခဲ့တယ်။ သူက ဟဲရှီကိုစိုက်ကြည့်ပြီး ဘာစကားမှပြောမလာခဲ့ပေမယ့် ဟဲရှီကတော့ ရင်ခုန်သံတွေမြန်ဆန်နေခဲ့တယ်။ ဒါက အရင်ဘဝတုန်းကနဲ့ ကွာခြားချက်မရှိဘူးဆိုပေမယ့် မုရီအန်းကတော့ သူမကိုကြိုက်နှစ်သက်တဲ့ပုံစံဖြစ်မနေသေးဘူး။

မုရီအန်းက အမူအယာကင်းမဲ့စွာနဲ့လက်ကိုဆန့်ထုတ်ကာ ဟဲရှီကိုထရပ်ဖို့ကူညီပေးလိုက်တယ်။

တစ်ဖက်မှာတော့ ရှန်ယန်းက အကြာကြီးလမ်းလျှောက်လာခဲ့ရပြီး ရဲတိုက်ထဲမှာရှိတဲ့အခန်းကို လိုက်ရှာနေတုန်းပဲ။ သူမ လုယွင်ချန်းရဲ့အခန်းကို ရှာတွေ့ချိန်မှာတော့ စိတ်သက်သာရာရစွာပြုံးလိုက်မိတယ်။

အဆုံးမှာတော့ တစ်စုံတစ်ယောက်ရဲ့အသံက သူမရဲ့နားထဲကိုဝင်လာခဲ့တယ်။ ဇာတ်လိုက်မရဲ့ နူးညံ့တဲ့ကျေးဇူးတင်စကားသံက ပျံ့လွင့်လာခဲ့တယ်လေ။

ဒီအသံက ...

T/n__ နောက်ကျသွားတဲ့အတွက် Gomen

__နောက်ကျသွားပေမယ့်လည်း ပျော်ရွှင်စရာသီတင်းကျွတ်လေးဖြစ်ပါစေနော် :3

__ နောက်ပြီး မုရီအန်းကိုအထင်မလွဲကြပါနဲ့
စပွိုင်းလာဖြစ်မှာစိုးလို့ ဆက်မပြောတော့ဘူး
ဒါပေမယ့် တချို့လေးတွေ မုရီအန်းကိုဆဲနေတာတွေ့လို့
ဒီအမျိုးသားလေးက တကယ်တော့ ချစ်ဖို့ကောင်းပါတယ် :>

***

Continue Reading

You'll Also Like

388K 60.3K 70
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
681 61 8
Original Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my ow...
1.7K 241 75
အသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.
552K 64.4K 184
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...