ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

By LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (75)

3.9K 511 18
By LuciousKim

Zawgyi

ရွန္ယန္း လွမ္းၾကည့္လိုက္ေတာ့ မုရီအန္းနွင့္ ဟဲရွီတို႔ကိုျမင္လိုက္ရသလို ဟဲရွီကလည္း ရွန္ယန္းဘက္ကိုမ်က္နွာလွည့္ထားတာေၾကာင့္ ရွန္ယန္းကို ျမင္ေတြ႕သြားခဲ့တယ္။ ဟဲရွီတစ္ေယာက္ ပိုျပီးစိတ္လႈပ္ရွားလာခဲ့ျပီ။ ဘာလို႔ အရင္ဘဝတုန္းကနဲ႔ ဒီေလာက္ေတာင္ ကြဲျပားေနရတာလဲ?

မုရီအန္းကေတာ့ ဟဲရွီကိုကူညီျပီးတာနဲ႔ သူ႕လက္ကိုျမန္ျမန္ဆန္ဆန္ဖယ္ရွားလိုက္တယ္။ သူ႕ရဲ႕အက်ႌလက္ေတြက ျမင့္တက္သြားခဲ့ေပမယ့္လည္း သူတစ္ဖက္ကိုလွည့္လိုက္ခ်ိန္မွာ သူ႕ရဲ႕လက္ကိုင္ပုဝါစကို ဆြဲထုတ္လိုက္တုန္းပဲ။ အဲဒီေနာက္မွာေတာ့ သူ႕ေရွ႕မွာရိွေနတဲ့ ရွန္ယန္းကို ျမင္ေတြ႕လိုက္ေလတယ္။

ရွန္ယန္းက ဂါဝန္ရွည္ကိုလက္တစ္ဖက္နဲ႔ ကိုင္မ,ထားျပီး သူမရဲ႕အသားအရည္က ျဖဴေဖ်ာ့ကာ မ်က္နွာကလည္း ေဖ်ာ့ေတာ့ပံုေပၚေနခဲ့တယ္။ သို႔ေပမယ့္ သူမရဲ႕နူးညံ့သိမ္ေမြ႕ဟန္ေလးကေတာ့ ပေပ်ာက္မသြားခဲ့ဘူး။ မ်က္ဝန္းတစ္စံုထဲမွရိွေနတဲ့ ခံစားခ်က္လိႈင္းေတြကလည္း ... တကယ့္ကိုလွပလြန္းတာပဲ။

ဟဲရီွကိုျပန္ၾကည့္လိုက္ရင္ေတာ့ သူမရဲ႕ဝတ္စံုကို ရွန္ယန္းနဲ႔နိႈင္းယွဥ္ၾကည့္ျပီး အနည္းငယ္ေလာက္စိုးရိမ္ပူပန္ေနတဲ့ပံုပဲ။ သူမက နႈတ္ခမ္းေတြကိုဖိကိုက္ထားျပီး ဘာစကားမွေတာ့ေျပာမလာခဲ့ဘူး။

ရွန္ယန္း လုယြင္ခ်န္းရဲ႕အဝတ္လဲခန္းကို တိုက္ရိုက္ပဲဖြင့္ကာလွမ္းဝင္လိုက္တယ္။

ဟဲရွီမွာ ရွန္ယန္းကိုလိုက္လံအကဲခတ္ေနဖို႔ အခ်ိန္မရိွဘူး။ သူမအတြက္ကေတာ့ ရွန္ယန္းက မုရီအန္းသေဘာမက်ရတဲ့ ရည္းစားေဟာင္းပဲ။ သူမအေနနဲ႔ မုရီအန္းကို စကားေတြေျပာခ်င္ေနေပမယ့္လည္း သူမေျပာလိုက္တဲ့စကားေတြ မွားယြင္းသြားမွာကိုလည္း စိတ္ပူေနတာေၾကာင့္ ဘာစကားမွမေျပာခဲ့ဘူး။

မုရီအန္း သူ႕ရဲ႕လက္ေခ်ာင္းေတြကို သန္႕စင္သြားေစရန္အတြက္ လက္ကိုင္ပုဝါနဲ႔ တစ္ေခ်ာင္းခ်င္း သုတ္ေနလိုက္တယ္။ ျပီးေနာက္ ဟဲရွီကို ေနာက္ျပန္လွည့္ၾကည့္ျခင္းမရိွဘဲ အေရွ႕ကိုဘက္ဆက္ေလ်ွာက္သြားခဲ့ေတာ့တယ္။

ဟဲရွီ သူမကိုယ္သူမနွစ္သိမ့္ေပးလိုက္တယ္။ မုရီအန္း အခုလိုမ်ိဳးလုပ္သြားတာက ရွန္ယန္းကိုျမင္ေတြ႕လိုက္ရလို႔ပဲ။ ရွန္ယန္းအေၾကာင္းကိုျပန္ေတြးမိေတာ့ ဟဲရွီ မ်က္ေမွာင္ၾကဳတ္မိသြားျပန္တယ္။ အဲဒီအမ်ိဳးသမီးက မုရီအန္းကို ပိုက္ဆံအတြက္ေၾကာင့္စြန္႕ပစ္သြားခဲ့တာ။ ျပီးမွ သူမက မုရီအန္းကိုျပန္ျပီးလိုခ်င္ေနခဲ့တယ္ေလ။

အခုခ်ိန္မွာေတာ့ ဟဲရွီ ရဲတိုက္ထဲမွာဆက္ျပီးမေနခ်င္ေတာ့ဘူး။ သူမအေနနဲ႔ မုရီအန္းနဲ႔ေနာက္တစ္ၾကိမ္ေတြ႕ဆံုရမယ့္ အခ်ိန္ကိုေစာင့္ျပီး အရင္ဘဝတုန္းကလိုမ်ိဳး သူမရဲ႕ဘဝကိုလံုျခံဳေအာင္လုပ္ရမယ္။

ရွန္ယန္း အခန္းထဲကိုဝင္သြားခ်ိန္မွာေတာ့ က်ိဳးရိုနဲ႔ လုယြင္ခ်န္းရဲ႕ေအးဂ်င့္တို႔ကို ရင္းနီးက်ြမ္းဝင္စြာစကားေျပာေနတာကိုျမင္လိုက္ရတယ္။လုယြင္ခ်န္းကေတာ့ ျပင္ဆင္ျခယ္သလို႔ျပီးေနျပီျဖစ္ေပမယ့္ ျပန္လည္အိပ္ေပ်ာ္ေနတုန္းကပဲ။ လုယြင္ခ်န္းရဲ႕ေအးဂ်င့္က ရွန္ယန္းဝင္လာတာကိုျမင္ေတာ့ လုယြင္ခ်န္းကိုသြားနိႈးေတာ့တယ္။

လုယြင္ခ်န္းရဲ႕ေအးဂ်င့္ : " ရွန္ယန္းက ေမာ္ဒယ္အေနနဲ႔ေကာင္းေကာင္းလုပ္ျပီးသြားျပီ ငါတို႔ရိုက္ကူးေရးစလို႔ရျပီ"

လုယြင္ခ်န္းက မ်က္လံုးေတြကိုပြတ္သပ္ကာ "ဟမ္" ဆိုတဲ့ေလသံေလးနဲ႔ညည္းညဴလိုက္ျပီး မတ္တပ္ရပ္လာတယ္။ သူက ေရနည္းနည္းေလာက္ေသာက္ျပီးမွ အိပ္ခ်င္ေျပသြားဟန္နဲ႔ေျပာလာခဲ့တယ္။

"ေၾကာ္ျငာအတြက္ သြားရိုက္ၾကတာေပါ့"

ဒါရိုက္တာၾကီးက ရိုက္ကူးေရးစဖို႔အသံျပဳလိုက္တယ္။
"စေတာ့!"

ရွန္ယန္းက ရဲတိုက္ရဲ႕ျပတင္းေပါက္ဝမွာ မတ္တပ္ရပ္ျပီး အျပင္ဘက္မွာရိွတဲ့ လွပေႏြးေထြးတဲ့သဘာဝရႈခင္းေတြကို ငံု႔ၾကည့္ကာ ေငးေမာေနခဲ့တယ္။ သူမ ဂါဝန္စကို လက္နဲ႔သိမ္းဆည္းျပီး အေနာက္ဘက္ကိုျပန္လွည့္ကာ ေခါင္းကိုေစာင္းငဲ့ၾကည့္လိုက္ခ်ိန္မွာေတာ့ အေဝးမွေလ်ွာက္လွမ္းလာတဲ့ လုယြင္ခ်န္းကိုေတြ႕လိုက္ရတယ္။

ဒါရိုက္တာၾကီးက ရွန္ယန္းကို ေကာင္းမြန္ျပည့္စံုတဲ့အမူအယာေတြနဲ႔ လွလွပပေလးသရုပ္ေဆာင္ျပသြားလိမ့္မယ္လို႔ မေမ်ွာ္လင့္ခဲ့မိဘူး။ သူက ေလာ္စပီကာကေနေအာ္လိုက္ျပန္တယ္။
"လုယြင္ခ်န္းက ရွန္ယန္းအနားကိုေလ်ွာက္သြားမယ္ ဟုတ္ျပီ .. ရွန္ယန္း မင္းက သိမ္သိမ္ေမြ႕ေမြ႕ေလးျပံဳးျပရမယ္ ဟုတ္တယ္ ခ်ိဳခ်ိဳျမျမေလးျပံဳးရမယ္"

ရွန္ယန္း ဒါရိုက္တာၾကီးရဲ႕ေတာင္းဆိုခ်က္ေတြအတိုင္း လိုက္ပါသရုပ္ေဆာင္လိုက္တယ္။ သူမရဲ႕နူးညံ့သိမ္ေမြ႕တဲ့အျပံဳးေတြကပိုပိုျပီးခ်ိဳျမလာခဲ့ေလတယ္။ သူမရဲ႕နႈတ္ခမ္းေထာင့္စြမ္းေတြကလည္း လွပစြာေကြးညႊတ္ေနခဲ့တယ္။ ရွန္ယန္းရိုက္ကူးရမယ့္သရုပ္ေဆာင္ခ်က္ေတြၾကားမွာ လုယြင္ခ်န္းကေတာ့ မ်က္ေတာင္ခတ္မိသြားရွာတယ္။ ဒါကိုျမင္ေတာ့ ရွန္ယန္းရဲ႕နႈတ္ခမ္းေတြက ရုတ္တရက္ၾကီး ထပ္မံျပီးပိုမိုေကြးညႊတ္သြားခဲ့ျပန္တယ္။ ဒီအျပံဳးကေတာ့ စစ္မွန္ျပီး အမွန္တကယ္ခ်ိဳျမိန္လြန္းသလိုပဲ။

ဒါရိုက္တာၾကီး: " ဟုတ္တယ္ ဒီလိုအျပံဳးမ်ိဳး ..မဆိုးဘူး"

လုယြင္ခ်န္းက ေတာ္ဝင္မင္းသားေလးလိုဝတ္ဆင္ထားျပီး ရွန္ယန္း ဘက္ကိုေလ်ွာက္လာခဲ့တယ္။ သူ႕ရဲ႕လက္ထဲမွာရိွေနတဲ့ ေခ်ာကလက္အပိုင္းေလးတစ္ခုကိုေတာ့ ရွန္ယန္းထံသို႔လွမ္းေပးလာတယ္။

ဒါရိုက္တာၾကီး: " ကတ္..! ဒါကအဆင္ေျပတယ္ ေနာက္နစ္ခုရိုက္မယ္"

လူတိုင္း:"???"

လုယြင္ခ်န္းကေတာ့ ယံုၾကည္ထားျပီးသားပဲေလ။ ဒါေပမယ့္ သူတို႔ေတြမေမ်ွာ္လင့္ထားတာက ရွန္ယန္းလည္းပဲ အလြယ္တကူေက်ာ္ျဖတ္နိုင္ျပီးေတာ့ သရုပ္ေဆာင္ခ်က္ေတြကလည္း လွပျပီး ခ်ိဳျမိန္လြန္းတယ္ဆိုတာကိုပဲ။

လူတိုင္းက ဒီီစီးပြားေရးေၾကာ္ျငာကို ဒီေလာက္ထိျမန္ဆန္လိမ့္မယ္လို႔မေမ်ွာ္လင့္ထားခဲ့ၾကဘူး။ ေနာက္ေတာ့ သူတို႔ေတြေခ်ာကလက္ထုတ္ပိုးမယ့္ကာဗာအတြက္ စတင္ရိုက္ကူးၾကတယ္။ ေနာက္ခံက ရဲတိုက္မွာပဲျဖစ္ျပီး ဒါကိုလည္းအလ်ွင္အျမန္ပဲျပီးဆံုးသြားခဲ့တယ္။ ကင္မရာမင္းက ရွန္ယန္းနဲ႔လုယြင္ခ်န္းတိုရဲ႕ပံုစံေတြက အရမ္းကိုေကာင္းမြန္တယ္လို႔ထင္ခဲ့တဲ့အျပင္ ေဘးပတ္ဝန္းက်င္ ျမင္ကြင္းေတြကလည္း လွပလြန္းတာေၾကာင့္ သူကိုျပီးေတာ့ ရိုက္ကူးျဖစ္ခဲ့တယ္။

ရွန္ယန္းရဲ႕လုပ္နိုင္စြမ္းေတြက မနက္ခင္းပိုင္းမွာ ရွန္ယန္းကိုအျပစ္ေျပာဆိုခဲ့တဲ့ဝန္ထမ္းေတြကို အရွက္ရေစခဲ့တယ္။ ဒါ့အျပင္ ရွန္ယန္းနဲ႔ လုယြင္ခ်န္းတို႔အတူတြဲျပီးရပ္ေနမယ္ဆိုရင္ ဒီေၾကာ္ျငာကိုထုတ္လႊင့္ျပသတဲ့အခ်ိန္မွာ CP ဖန္ေတြအမ်ားၾကီးထြက္ေပၚလာလိမ့္မယ္။သူတို႕နွစ္ေယာက္ရိုက္ကူးခဲ့တဲ့ ေၾကာ္ျငာက အရမ္းကိုမွခ်ိဳျမိန္လြန္းတယ္ေလ။

က်ိဳးရိုက လုယြင္ခ်န္းေအးဂ်င့္နဲ႔အတူရပ္ေနခဲ့ျပီး သူတို႔နွစ္ေယာက္ရဲ႕ၾကားက စကားဝိုင္းကေတာ့ မျပီးျပတ္နိုင္ေသးဘူး။

လုယြင္ခ်န္းေအးဂ်င့္: " ရွန္ယန္းက အနုပညာအသိုင္းအဝိုင္းနဲ႔ ေတာ္ေတာ္ၾကီးကိုသဟဇာတျဖစ္တဲ့မိန္းကေလးပဲ ..သူ႕ရဲ႕သရုပ္ေဆာင္စြမ္းရည္ေတြကလည္းေကာင္းလြန္းတယ္ .. တကယ္လို႔သူမသာ ရွန္းလုရဲ႕ဇာတ္လိုက္မအျဖစ္ပါဝင္ရမယ္ဆိုရင္  အနာဂတ္မွာ ဒီအသိုင္းအဝိုင္းထဲမွာ သူမရဲ႕ေအာင္ျမင္မႈေတြကအတိုင္းထက္အလြန္ျမင့္တက္လာလိမ့္မယ္"

ဟိုးယခင္ကတည္းက လုယြင္ခ်န္းရဲ႕ေအးဂ်င့္က ရွန္ယန္းအေပၚမွာအျမင္ေကာင္းေတြရိွတာျဖစ္တယ္။ တကယ္လို႔ လုယြင္ခ်န္းသာ ထိပ္တန္းၾကယ္ပြင့္တစ္ေယာက္ျဖစ္ျပီး သူ႕အေပၚအလုပ္ေတြပိေနတာမ်ိဳးမဟုတ္ခဲ့ရင္ သူ ရွန္ယန္းရဲ႕ေအးဂ်င့္ေတာင္ျဖစ္ခ်င္ျဖစ္လာနိုင္တယ္။

က်ိဳးရိုရဲ႕လက္ေအာက္မွာရိွတဲ့ မ်ားျပားလြန္တဲ့သရုပ္ေဆာင္ေတြနွင့္ လက္ရိွမွာ ရွန္ယန္းထက္ေအာင္ျမင္ေနတဲ့သူေတြကိုေတြးေတာၾကည့္ျပီးေနာက္ လုယြင္ခ်န္းရဲ႕ေအးဂ်င့္ ေျပာလိုက္ျပန္တယ္။

" တခ်ိဳ႕လူေတြက အခ်ိန္အၾကာၾကီးေအာင္ျမင္မွာမဟုတ္ဘူး ဒါေပမယ့္ တခ်ိဳ႔ကေတာ့ အခြင့္အေရးတစ္ခုေလာက္ရိွတာနဲ႔ ခ်က္ခ်င္းပဲေအာင္ျမင္သြားလိမ့္မယ္"

က်ိဳးရိုျပံဳးလိုက္တယ္။ အစတုန္းကေတာ့ ထိုသူဘာေတြစဥ္းစားေနလဲဆိုတာကိုသူမ,မသိေပမယ့္ ဒီစကားကိုၾကားေတာ့ က်ိဳးရိုအနည္းငယ္ေလာက္ သေဘာေပါက္သြားခဲ့တယ္။ သူက ရွန္ယန္းကို ခ်ီးမြန္းေနတာပဲ။ တစ္နည္းဆိုရရင္ ရွန္ယန္းက အနာဂတ္မွာေအာင္ျမင္ေက်ာ္ၾကားလာမွျဖစ္ျပီး ေရႊအဆင့္ရိွတဲ့ ေအးဂ်င့္ေတြကလည္း သူမကိုလိုခ်င္လာၾကလိမ့္မယ္။

ရွန္ယန္းနဲ႔ လုယြင္ခ်န္းတို႔ကေတာ့ အတူတကြမတ္တပ္ရပ္ျပီး ပါကင္ေပၚမွာထားမဲ့ ေထာက္ခံခ်က္ဓာတ္ပံုေတြအေၾကာင္းကို ေဆြးေႏြးေနခဲ့ၾကတယ္။ ရွန္ယန္းက အေလးအနက္ထားျပီးလုပ္ေနခဲ့တယ္။လုယြင္ခ်န္းအေနနဲ႔ ေၾကာ္ျငာေတြမဂၢဇင္းေတြမွာ အျမဲတမ္းရိုက္ကူးေနက်ျဖစ္တာေၾကာင့္ ဒီတစ္ေခါက္မွာရွန္ယန္းရဲ႕အလိုကိုပဲ ေတြးေတာေပးခဲ့တယ္။

ေၾကာ္ျငာရိုက္ကူးေရးက ေန႔လည္ေလာက္အထိအလုပ္ရႈပ္ေနခဲ့တယ္။

ေန႔လည္စာက Sweet chocolateမွ ဖိတ္ေခၚေက်ြးေမြးတာေၾကာင့္ လူတိုင္းနီးပါး ဗီလာထဲမွစားေသာက္ဆိုင္ကိုသြားခဲ့ၾကတယ္။

က်ိဳးရိုက ရွန္ယန္းအနီးကိုေလ်ွာက္လာျပီး ေျပာတယ္။

"အခုရိုက္ကူးသြားတာက ေတာ္ေတာ္ေလးေကာင္းတယ္ ေခ်ာကလက္ထုတ္ကုန္က ေစ်းကြက္အတြင္းကိုျဖန္႔ခ်ီတဲ့အခ်ိန္ကိုေရာက္ရင္ ငါတို႔ေတြပိုျပီးဝယ္ရမယ္"

ခဏေလာက္ လမ္းေလ်ွာက္ျပီးခ်ိန္မွာေတာ့ ရွန္ယန္းျပန္ေျပာလာတယ္။

"အစ္မက်ိဳး က်ြန္မအရင္ျပန္ျပီး အဝတ္အစားလဲလိုက္ဦးမယ္ ဒီဝတ္စံုနဲ႔ သြားစားဖို႔က နည္းနည္းထူးဆန္းေနသလိုပဲ"

သူမေျပာျပီးခ်ိန္မွာ လုယြင္ခ်န္းကလည္းဒီေနရာမွမရိွေတာ့တာကို ရွန္ယန္းေတြ႕လိုက္ရတယ္။ သူလည္းပဲ ဝတ္စံုသြားလဲတဲ့ပံုပဲ။

က်ိဳးရိုနဲ႔:" အိုေခ ဒါဆိုလည္း အဝတ္အစားသြားလဲလိုက္ေလ"

Sweet chocolateကုမၸဏီက လုယြင္ခ်န္းနဲ႔ရွန္ယန္းတို႔  ဒီေလာက္ျမန္ျမန္ၾကီးရိုက္ကူးလို႔ျပီးသြားလိမ့္မယ္လို႔မထင္ထားခဲ့ဘူး။ သူတို႔က တစ္ရက္လံုးစာအတြက္ငွားရမ္းထားခဲ့တာေလ။ ဝန္ထမ္းေတြကလည္း အဝတ္လဲခန္းထဲမွာ ရိွမေနေသးဘူး။ သူတို႔က ရိုက္ကူးေရးျပီးမွျပန္လာမယ္လို႔ေတြးထားပံုေပၚတယ္။

ေဒါက္ခ်ြန္ဖိနပ္က အေတာ္ေလးျမင့္မားတာေၾကာင့္ ရွန္ယန္းအေနနဲံျဖည္းျဖည္းေလးသာေလ်ွာက္သြားနိုင္တယ္။

ရွန္ယန္းရဲ႕အသြင္အျပင္ကိုၾကည့္ရင္းနဲ႔ က်ိဳးရိုတစ္ေယာက္ တစ္စံုတစ္ခုကိုေတြးေတာကာ သက္ျပင္းခ်လိုက္မိတယ္။ သူမအေနနဲ႔ ရွန္ယန္းနဲ႔ လုယြင္ခ်န္းကိုလိုက္ဖက္လြန္းတယ္လို႔ ေတြးမိေပမယ့္ ဒီနွစ္ေယာက္အတြက္ မျဖစ္နိုင္တာကေတာ့ စိတ္ဆင္းရဲစရာပဲ။အဆံုးမွာေတာ့ အဆင့္18အနွပညာရွင္နဲ႔ ထိပ္ဆံုးအဆင့္မွာရိွတဲ့နတ္ဘုရားတို႔ရဲ႕ ကြာျခားခ်က္ကၾကီးမားလြန္းတယ္ေလ။ အခုခ်ိန္မွာ ရွန္ယန္းအတြက္အရင္းအျမစ္ေတြရရိွနိုင္ရင္ေတာင္ အနုပညာေလာကအတြင္းမွာရိွတဲ့ လုယြင္ခ်န္းရဲ႕အဆင့္အတန္းနဲ႔ယွဥ္နိုင္ပါ့မလားဆိုတာ့ မသိနိုင္ဘူး။

ဇာတ္လိုက္မ,ေပၚလာတဲ့အေၾကာင္းကိုေတြးမိေတာ့ ရွန္ယန္းစိတ္သက္သာရာရစြာနဲ႔ သက္ျပင္းခ်လိုက္မိတယ္။ ဇာတ္လိုက္မေပၚလာျပီဆိုေတာ့ မုရီအန္းက သူမကိုဂရုစိုက္ေတာ့မွာမဟုတ္ဘူးေလ။ ေတြးေတာရင္းနဲ႔ပဲ ရွန္ယန္း သူမရဲ႕ဂါဝန္စကို ကိုင္မကာ ေက်ာ့ရွင္းတဲ့ေျခလွမ္းေတြနဲ႔ အေရွ႕ကိုဆက္သြားလိုက္တယ္။ သူမရဲ႕ေမးဖ်ားကို အနည္းငယ္ပင့္မ,ထားတဲ့ပံုက မာနၾကီးမားပံုေပၚေစေပမယ့္ ပိုျပီးဆြဲေဆာင္မႈရိွသြားေစခဲ့တယ္။

အဝတ္လဲခန္းကို တြန္းဖြင့္ျပီးခ်ိန္မွာေတာ့ ရွန္ယန္းသတိလက္လြတ္နဲ႔ အေနာက္ကိုေျခတစ္လွမ္းျပန္ဆုတ္လိုက္မိကာ လက္ထဲမွ ဂါဝန္စကိုလည္း ေျဖေလ်ွာ့လိုက္မိတယ္။

မုရီအန္းက ထိုင္ခံုေပၚမွာထိုင္ေနျပီး သူ႕ရဲ႕နက္ေမွာင္တဲ့မ်က္ဝန္းေတြကေတာ့ အနည္းငယ္က်ဥ္းေျမာင္းေနခဲ့တယ္။

"မင္းဘာကို ထြက္ေျပးခ်င္တာလဲ"
သူက ေျပာျပီးျပီးခ်င္း မတ္တပ္ရပ္လိုက္ကာ ရွန္ယန္းအနီးကိုေလ်ွာက္လာျပီး ရွန္ယန္းရဲ႕လက္ေကာက္ဝတ္ကို ဆြဲယူလိုက္တယ္။ က်န္တဲ့လက္တစ္ဖက္ကေတာ့ အခန္းတံခါးကို ပိတ္ကာ ေလာ့ခ်လိုက္တယ္။

သူက လက္တစ္ဖက္ကို တံခါးမွာေထာက္ထားျပီး ေမးလာျပန္တယ္။
"ငါမင္းကို ေမးေနတယ္ေလ မင္းဘာကိုေျပးတာလဲလို႔"

ရွန္ယန္း မုရီအန္းကိုတြန္းဖယ္လိုက္တယ္။
"အဲဒါက မစ္စတာမုနဲ႔ ဘာမ်ားသက္ဆိုင္လို႔လဲ? က်ြန္မကို ထြက္ေျပးခ်င္တယ္ဆိုတဲ့အေၾကာင္းလာျပီးမေျပာနဲ႔ က်ြန္မဘာသာ ထြက္ေျပးေျပး မေျပးေျပး ရွင္နဲ႔မဆိုင္ဘူး"

မုရီအန္းက သူ႕ေဘာင္းဘီအိတ္ကပ္ထဲမွ ပိုက္ဆံအိတ္ကို လက္တစ္ဖက္နဲ႔ထုတ္ယူျပီး ရွန္ယန္းထံကိုပစ္ေပးလိုက္ကာ ေျဖးညွင္းစြာတိုးကပ္သြားတယ္။

ရွန္ယန္းက ထိုပိုက္ဆံအိတ္ကို ဖမ္းယူလိုက္ျခင္းမရိွတာေၾကာင့္ ပိုက္ဆံအိတ္က သူမရဲ႕ဂါဝန္ကိုထိမွန္ျပီး ေျမျပင္ေပၚကိုသက္ဆင္းသြားတယ္။ ရွန္ယန္းရဲ႕လက္ေတြက အနည္းငယ္တင္းၾကပ္သြားရတယ္။ (လက္သီးဆုပ္လိုက္မိတာ)

"မုမိသားစုက ငါ့ကိုလက္ထပ္ေစခ်င္ေနတယ္ ဒါေပမယ့္ ငါကေတာ့မလိုခ်င္ဘူး ဒီေတာ့ သူတို႔စီစဥ္တာရပ္တန္႔သြားေအာင္ ေစ့စပ္ပြဲတစ္ခုေလာက္လုပ္ခ်င္တယ္ ..မင္းကပိုက္ဆံလိုခ်င္ေနတာမလား ငါကလည္း အတုအေယာင္ေစ့စပ္ပြဲတစ္ခုလိုခ်င္တယ္ ..မင္းဘယ္လိုထင္လဲ"

မုရီအန္းက ထပ္မံျပီး ေလွာင္ေျပာင္ဟန္ေရာစြတ္တဲ့အသံနဲ႔ ဆက္ေျပာလာတယ္။

"မင္း ဘယ္ဒရမ္မာထဲမွာ သရုပ္ေဆာင္ခ်င္လဲ ငါမင္းအတြက္ ရင္းနီးျမွပ္နွံေပးျပီးေထာက္ခံခ်က္ေတြေပးလို႔ရတယ္ မုလုပ္ငန္းစုလက္ေအာက္က ဘယ္ကုန္ပစၥည္းကိုမဆို မင္းေရြးခ်ယ္လို႔ရတယ္(ေျပာေရးဆိုခြင့္ရိွသူအျဖစ္)"

***

Unicode

ရှန်ယန်း လှမ်းကြည့်လိုက်တော့ မုရီအန်းနှင့် ဟဲရှီတို့ကိုမြင်လိုက်ရသလို ဟဲရှီကလည်း ရှန်ယန်းဘက်ကိုမျက်နှာလှည့်ထားတာကြောင့် ရှန်ယန်းကို မြင်တွေ့သွားခဲ့တယ်။ ဟဲရှီတစ်ယောက် ပိုပြီးစိတ်လှုပ်ရှားလာခဲ့ပြီ။ ဘာလို့ အရင်ဘဝတုန်းကနဲ့ ဒီလောက်တောင် ကွဲပြားနေရတာလဲ?

မုရီအန်းကတော့ ဟဲရှီကိုကူညီပြီးတာနဲ့ သူ့လက်ကိုမြန်မြန်ဆန်ဆန်ဖယ်ရှားလိုက်တယ်။ သူ့ရဲ့အင်္ကျီလက်တွေက မြင့်တက်သွားခဲ့ပေမယ့်လည်း သူတစ်ဖက်ကိုလှည့်လိုက်ချိန်မှာ သူ့ရဲ့လက်ကိုင်ပုဝါစကို ဆွဲထုတ်လိုက်တုန်းပဲ။ အဲဒီနောက်မှာတော့ သူ့ရှေ့မှာရှိနေတဲ့ ရှန်ယန်းကို မြင်တွေ့လိုက်လေတယ်။

ရှန်ယန်းက ဂါဝန်ရှည်ကိုလက်တစ်ဖက်နဲ့ ကိုင်မ,ထားပြီး သူမရဲ့အသားအရည်က ဖြူဖျော့ကာ မျက်နှာကလည်း ဖျော့တော့ပုံပေါ်နေခဲ့တယ်။ သို့ပေမယ့် သူမရဲ့နူးညံ့သိမ်မွေ့ဟန်လေးကတော့ ပပျောက်မသွားခဲ့ဘူး။ မျက်ဝန်းတစ်စုံထဲမှရှိနေတဲ့ ခံစားချက်လှိုင်းတွေကလည်း ... တကယ့်ကိုလှပလွန်းတာပဲ။

ဟဲရှီကိုပြန်ကြည့်လိုက်ရင်တော့ သူမရဲ့ဝတ်စုံကို ရှန်ယန်းနဲ့နှိုင်းယှဉ်ကြည့်ပြီး အနည်းငယ်လောက်စိုးရိမ်ပူပန်နေတဲ့ပုံပဲ။ သူမက နှုတ်ခမ်းတွေကိုဖိကိုက်ထားပြီး ဘာစကားမှတော့ပြောမလာခဲ့ဘူး။

ရှန်ယန်း လုယွင်ချန်းရဲ့အဝတ်လဲခန်းကို တိုက်ရိုက်ပဲဖွင့်ကာလှမ်းဝင်လိုက်တယ်။

ဟဲရှီမှာ ရှန်ယန်းကိုလိုက်လံအကဲခတ်နေဖို့ အချိန်မရှိဘူး။ သူမအတွက်ကတော့ ရှန်ယန်းက မုရီအန်းသဘောမကျရတဲ့ ရည်းစားဟောင်းပဲ။ သူမအနေနဲ့ မုရီအန်းကို စကားတွေပြောချင်နေပေမယ့်လည်း သူမပြောလိုက်တဲ့စကားတွေ မှားယွင်းသွားမှာကိုလည်း စိတ်ပူနေတာကြောင့် ဘာစကားမှမပြောခဲ့ဘူး။

မုရီအန်း သူ့ရဲ့လက်ချောင်းတွေကို သန့်စင်သွားစေရန်အတွက် လက်ကိုင်ပုဝါနဲ့ တစ်ချောင်းချင်း သုတ်နေလိုက်တယ်။ ပြီးနောက် ဟဲရှီကို နောက်ပြန်လှည့်ကြည့်ခြင်းမရှိဘဲ အရှေ့ကိုဘက်ဆက်လျှောက်သွားခဲ့တော့တယ်။

ဟဲရှီ သူမကိုယ်သူမနှစ်သိမ့်ပေးလိုက်တယ်။ မုရီအန်း အခုလိုမျိုးလုပ်သွားတာက ရှန်ယန်းကိုမြင်တွေ့လိုက်ရလို့ပဲ။ ရှန်ယန်းအကြောင်းကိုပြန်တွေးမိတော့ ဟဲရှီ မျက်မှောင်ကြုတ်မိသွားပြန်တယ်။ အဲဒီအမျိုးသမီးက မုရီအန်းကို ပိုက်ဆံအတွက်ကြောင့်စွန့်ပစ်သွားခဲ့တာ။ ပြီးမှ သူမက မုရီအန်းကိုပြန်ပြီးလိုချင်နေခဲ့တယ်လေ။

အခုချိန်မှာတော့ ဟဲရှီ ရဲတိုက်ထဲမှာဆက်ပြီးမနေချင်တော့ဘူး။ သူမအနေနဲ့ မုရီအန်းနဲ့နောက်တစ်ကြိမ်တွေ့ဆုံရမယ့် အချိန်ကိုစောင့်ပြီး အရင်ဘဝတုန်းကလိုမျိုး သူမရဲ့ဘဝကိုလုံခြုံအောင်လုပ်ရမယ်။

ရှန်ယန်း အခန်းထဲကိုဝင်သွားချိန်မှာတော့ ကျိုးရိုနဲ့ လုယွင်ချန်းရဲ့အေးဂျင့်တို့ကို ရင်းနီးကျွမ်းဝင်စွာစကားပြောနေတာကိုမြင်လိုက်ရတယ်။လုယွင်ချန်းကတော့ ပြင်ဆင်ခြယ်သလို့ပြီးနေပြီဖြစ်ပေမယ့် ပြန်လည်အိပ်ပျော်နေတုန်းကပဲ။ လုယွင်ချန်းရဲ့အေးဂျင့်က ရှန်ယန်းဝင်လာတာကိုမြင်တော့ လုယွင်ချန်းကိုသွားနှိုးတော့တယ်။

လုယွင်ချန်းရဲ့အေးဂျင့် : " ရှန်ယန်းက မော်ဒယ်အနေနဲ့ကောင်းကောင်းလုပ်ပြီးသွားပြီ ငါတို့ရိုက်ကူးရေးစလို့ရပြီ"

လုယွင်ချန်းက မျက်လုံးတွေကိုပွတ်သပ်ကာ "ဟမ်" ဆိုတဲ့လေသံလေးနဲ့ညည်းညူလိုက်ပြီး မတ်တပ်ရပ်လာတယ်။ သူက ရေနည်းနည်းလောက်သောက်ပြီးမှ အိပ်ချင်ပြေသွားဟန်နဲ့ပြောလာခဲ့တယ်။

"ကြော်ငြာအတွက် သွားရိုက်ကြတာပေါ့"

ဒါရိုက်တာကြီးက ရိုက်ကူးရေးစဖို့အသံပြုလိုက်တယ်။
"စတော့!"

ရှန်ယန်းက ရဲတိုက်ရဲ့ပြတင်းပေါက်ဝမှာ မတ်တပ်ရပ်ပြီး အပြင်ဘက်မှာရှိတဲ့ လှပနွေးထွေးတဲ့သဘာဝရှုခင်းတွေကို ငုံ့ကြည့်ကာ ငေးမောနေခဲ့တယ်။ သူမ ဂါဝန်စကို လက်နဲ့သိမ်းဆည်းပြီး အနောက်ဘက်ကိုပြန်လှည့်ကာ ခေါင်းကိုစောင်းငဲ့ကြည့်လိုက်ချိန်မှာတော့ အဝေးမှလျှောက်လှမ်းလာတဲ့ လုယွင်ချန်းကိုတွေ့လိုက်ရတယ်။

ဒါရိုက်တာကြီးက ရှန်ယန်းကို ကောင်းမွန်ပြည့်စုံတဲ့အမူအယာတွေနဲ့ လှလှပပလေးသရုပ်ဆောင်ပြသွားလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။ သူက လော်စပီကာကနေအော်လိုက်ပြန်တယ်။
"လုယွင်ချန်းက ရှန်ယန်းအနားကိုလျှောက်သွားမယ် ဟုတ်ပြီ .. ရှန်ယန်း မင်းက သိမ်သိမ်မွေ့မွေ့လေးပြုံးပြရမယ် ဟုတ်တယ် ချိုချိုမြမြလေးပြုံးရမယ်"

ရှန်ယန်း ဒါရိုက်တာကြီးရဲ့တောင်းဆိုချက်တွေအတိုင်း လိုက်ပါသရုပ်ဆောင်လိုက်တယ်။ သူမရဲ့နူးညံ့သိမ်မွေ့တဲ့အပြုံးတွေကပိုပိုပြီးချိုမြလာခဲ့လေတယ်။ သူမရဲ့နှုတ်ခမ်းထောင့်စွမ်းတွေကလည်း လှပစွာကွေးညွှတ်နေခဲ့တယ်။ ရှန်ယန်းရိုက်ကူးရမယ့်သရုပ်ဆောင်ချက်တွေကြားမှာ လုယွင်ချန်းကတော့ မျက်တောင်ခတ်မိသွားရှာတယ်။ ဒါကိုမြင်တော့ ရှန်ယန်းရဲ့နှုတ်ခမ်းတွေက ရုတ်တရက်ကြီး ထပ်မံပြီးပိုမိုကွေးညွှတ်သွားခဲ့ပြန်တယ်။ ဒီအပြုံးကတော့ စစ်မှန်ပြီး အမှန်တကယ်ချိုမြိန်လွန်းသလိုပဲ။

ဒါရိုက်တာကြီး: " ဟုတ်တယ် ဒီလိုအပြုံးမျိုး ..မဆိုးဘူး"

လုယွင်ချန်းက တော်ဝင်မင်းသားလေးလိုဝတ်ဆင်ထားပြီး ရှန်ယန်း ဘက်ကိုလျှောက်လာခဲ့တယ်။ သူ့ရဲ့လက်ထဲမှာရှိနေတဲ့ ချောကလက်အပိုင်းလေးတစ်ခုကိုတော့ ရှန်ယန်းထံသို့လှမ်းပေးလာတယ်။

ဒါရိုက်တာကြီး: " ကတ်..! ဒါကအဆင်ပြေတယ် နောက်နစ်ခုရိုက်မယ်"

လူတိုင်း:"???"

လုယွင်ချန်းကတော့ ယုံကြည်ထားပြီးသားပဲလေ။ ဒါပေမယ့် သူတို့တွေမမျှော်လင့်ထားတာက ရှန်ယန်းလည်းပဲ အလွယ်တကူကျော်ဖြတ်နိုင်ပြီးတော့ သရုပ်ဆောင်ချက်တွေကလည်း လှပပြီး ချိုမြိန်လွန်းတယ်ဆိုတာကိုပဲ။

လူတိုင်းက ဒီစီးပွားရေးကြော်ငြာကို ဒီလောက်ထိမြန်ဆန်လိမ့်မယ်လို့မမျှော်လင့်ထားခဲ့ကြဘူး။ နောက်တော့ သူတို့တွေချောကလက်ထုတ်ပိုးမယ့်ကာဗာအတွက် စတင်ရိုက်ကူးကြတယ်။ နောက်ခံက ရဲတိုက်မှာပဲဖြစ်ပြီး ဒါကိုလည်းအလျှင်အမြန်ပဲပြီးဆုံးသွားခဲ့တယ်။ ကင်မရာမင်းက ရှန်ယန်းနဲ့လုယွင်ချန်းတိုရဲ့ပုံစံတွေက အရမ်းကိုကောင်းမွန်တယ်လို့ထင်ခဲ့တဲ့အပြင် ဘေးပတ်ဝန်းကျင် မြင်ကွင်းတွေကလည်း လှပလွန်းတာကြောင့် သူကိုပြီးတော့ ရိုက်ကူးဖြစ်ခဲ့တယ်။

ရှန်ယန်းရဲ့လုပ်နိုင်စွမ်းတွေက မနက်ခင်းပိုင်းမှာ ရှန်ယန်းကိုအပြစ်ပြောဆိုခဲ့တဲ့ဝန်ထမ်းတွေကို အရှက်ရစေခဲ့တယ်။ ဒါ့အပြင် ရှန်ယန်းနဲ့ လုယွင်ချန်းတို့အတူတွဲပြီးရပ်နေမယ်ဆိုရင် ဒီကြော်ငြာကိုထုတ်လွှင့်ပြသတဲ့အချိန်မှာ CP ဖန်တွေအများကြီးထွက်ပေါ်လာလိမ့်မယ်။သူတို့နှစ်ယောက်ရိုက်ကူးခဲ့တဲ့ ကြော်ငြာက အရမ်းကိုမှချိုမြိန်လွန်းတယ်လေ။

ကျိုးရိုက လုယွင်ချန်းအေးဂျင့်နဲ့အတူရပ်နေခဲ့ပြီး သူတို့နှစ်ယောက်ရဲ့ကြားက စကားဝိုင်းကတော့ မပြီးပြတ်နိုင်သေးဘူး။

လုယွင်ချန်းအေးဂျင့်: " ရှန်ယန်းက အနုပညာအသိုင်းအဝိုင်းနဲ့ တော်တော်ကြီးကိုသဟဇာတဖြစ်တဲ့မိန်းကလေးပဲ ..သူ့ရဲ့သရုပ်ဆောင်စွမ်းရည်တွေကလည်းကောင်းလွန်းတယ် .. တကယ်လို့သူမသာ ရှန်းလုရဲ့ဇာတ်လိုက်မအဖြစ်ပါဝင်ရမယ်ဆိုရင်  အနာဂတ်မှာ ဒီအသိုင်းအဝိုင်းထဲမှာ သူမရဲ့အောင်မြင်မှုတွေကအတိုင်းထက်အလွန်မြင့်တက်လာလိမ့်မယ်"

ဟိုးယခင်ကတည်းက လုယွင်ချန်းရဲ့အေးဂျင့်က ရှန်ယန်းအပေါ်မှာအမြင်ကောင်းတွေရှိတာဖြစ်တယ်။ တကယ်လို့ လုယွင်ချန်းသာ ထိပ်တန်းကြယ်ပွင့်တစ်ယောက်ဖြစ်ပြီး သူ့အပေါ်အလုပ်တွေပိနေတာမျိုးမဟုတ်ခဲ့ရင် သူ ရှန်ယန်းရဲ့အေးဂျင့်တောင်ဖြစ်ချင်ဖြစ်လာနိုင်တယ်။

ကျိုးရိုရဲ့လက်အောက်မှာရှိတဲ့ များပြားလွန်တဲ့သရုပ်ဆောင်တွေနှင့် လက်ရှိမှာ ရှန်ယန်းထက်အောင်မြင်နေတဲ့သူတွေကိုတွေးတောကြည့်ပြီးနောက် လုယွင်ချန်းရဲ့အေးဂျင့် ပြောလိုက်ပြန်တယ်။

" တချို့လူတွေက အချိန်အကြာကြီးအောင်မြင်မှာမဟုတ်ဘူး ဒါပေမယ့် တချို့ကတော့ အခွင့်အရေးတစ်ခုလောက်ရှိတာနဲ့ ချက်ချင်းပဲအောင်မြင်သွားလိမ့်မယ်"

ကျိုးရိုပြုံးလိုက်တယ်။ အစတုန်းကတော့ ထိုသူဘာတွေစဉ်းစားနေလဲဆိုတာကိုသူမ,မသိပေမယ့် ဒီစကားကိုကြားတော့ ကျိုးရိုအနည်းငယ်လောက် သဘောပေါက်သွားခဲ့တယ်။ သူက ရှန်ယန်းကို ချီးမွန်းနေတာပဲ။ တစ်နည်းဆိုရရင် ရှန်ယန်းက အနာဂတ်မှာအောင်မြင်ကျော်ကြားလာမှဖြစ်ပြီး ရွှေအဆင့်ရှိတဲ့ အေးဂျင့်တွေကလည်း သူမကိုလိုချင်လာကြလိမ့်မယ်။

ရှန်ယန်းနဲ့ လုယွင်ချန်းတို့ကတော့ အတူတကွမတ်တပ်ရပ်ပြီး ပါကင်ပေါ်မှာထားမဲ့ ထောက်ခံချက်ဓာတ်ပုံတွေအကြောင်းကို ဆွေးနွေးနေခဲ့ကြတယ်။ ရှန်ယန်းက အလေးအနက်ထားပြီးလုပ်နေခဲ့တယ်။လုယွင်ချန်းအနေနဲ့ ကြော်ငြာတွေမဂ္ဂဇင်းတွေမှာ အမြဲတမ်းရိုက်ကူးနေကျဖြစ်တာကြောင့် ဒီတစ်ခေါက်မှာရှန်ယန်းရဲ့အလိုကိုပဲ တွေးတောပေးခဲ့တယ်။

ကြော်ငြာရိုက်ကူးရေးက နေ့လည်လောက်အထိအလုပ်ရှုပ်နေခဲ့တယ်။

နေ့လည်စာက Sweet chocolateမှ ဖိတ်ခေါ်ကျွေးမွေးတာကြောင့် လူတိုင်းနီးပါး ဗီလာထဲမှစားသောက်ဆိုင်ကိုသွားခဲ့ကြတယ်။

ကျိုးရိုက ရှန်ယန်းအနီးကိုလျှောက်လာပြီး ပြောတယ်။

"အခုရိုက်ကူးသွားတာက တော်တော်လေးကောင်းတယ် ချောကလက်ထုတ်ကုန်က ဈေးကွက်အတွင်းကိုဖြန့်ချီတဲ့အချိန်ကိုရောက်ရင် ငါတို့တွေပိုပြီးဝယ်ရမယ်"

ခဏလောက် လမ်းလျှောက်ပြီးချိန်မှာတော့ ရှန်ယန်းပြန်ပြောလာတယ်။

"အစ်မကျိုး ကျွန်မအရင်ပြန်ပြီး အဝတ်အစားလဲလိုက်ဦးမယ် ဒီဝတ်စုံနဲ့ သွားစားဖို့က နည်းနည်းထူးဆန်းနေသလိုပဲ"

သူမပြောပြီးချိန်မှာ လုယွင်ချန်းကလည်းဒီနေရာမှမရှိတော့တာကို ရှန်ယန်းတွေ့လိုက်ရတယ်။ သူလည်းပဲ ဝတ်စုံသွားလဲတဲ့ပုံပဲ။

ကျိုးရိုနဲ့:" အိုခေ ဒါဆိုလည်း အဝတ်အစားသွားလဲလိုက်လေ"

Sweet chocolateကုမ္ပဏီက လုယွင်ချန်းနဲ့ရှန်ယန်းတို့  ဒီလောက်မြန်မြန်ကြီးရိုက်ကူးလို့ပြီးသွားလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ သူတို့က တစ်ရက်လုံးစာအတွက်ငှားရမ်းထားခဲ့တာလေ။ ဝန်ထမ်းတွေကလည်း အဝတ်လဲခန်းထဲမှာ ရှိမနေသေးဘူး။ သူတို့က ရိုက်ကူးရေးပြီးမှပြန်လာမယ်လို့တွေးထားပုံပေါ်တယ်။

ဒေါက်ချွန်ဖိနပ်က အတော်လေးမြင့်မားတာကြောင့် ရှန်ယန်းအနေနဲံဖြည်းဖြည်းလေးသာလျှောက်သွားနိုင်တယ်။

ရှန်ယန်းရဲ့အသွင်အပြင်ကိုကြည့်ရင်းနဲ့ ကျိုးရိုတစ်ယောက် တစ်စုံတစ်ခုကိုတွေးတောကာ သက်ပြင်းချလိုက်မိတယ်။ သူမအနေနဲ့ ရှန်ယန်းနဲ့ လုယွင်ချန်းကိုလိုက်ဖက်လွန်းတယ်လို့ တွေးမိပေမယ့် ဒီနှစ်ယောက်အတွက် မဖြစ်နိုင်တာကတော့ စိတ်ဆင်းရဲစရာပဲ။အဆုံးမှာတော့ အဆင့်18အနှပညာရှင်နဲ့ ထိပ်ဆုံးအဆင့်မှာရှိတဲ့နတ်ဘုရားတို့ရဲ့ ကွာခြားချက်ကကြီးမားလွန်းတယ်လေ။ အခုချိန်မှာ ရှန်ယန်းအတွက်အရင်းအမြစ်တွေရရှိနိုင်ရင်တောင် အနုပညာလောကအတွင်းမှာရှိတဲ့ လုယွင်ချန်းရဲ့အဆင့်အတန်းနဲ့ယှဉ်နိုင်ပါ့မလားဆိုတာ့ မသိနိုင်ဘူး။

ဇာတ်လိုက်မ,ပေါ်လာတဲ့အကြောင်းကိုတွေးမိတော့ ရှန်ယန်းစိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်မိတယ်။ ဇာတ်လိုက်မပေါ်လာပြီဆိုတော့ မုရီအန်းက သူမကိုဂရုစိုက်တော့မှာမဟုတ်ဘူးလေ။ တွေးတောရင်းနဲ့ပဲ ရှန်ယန်း သူမရဲ့ဂါဝန်စကို ကိုင်မကာ ကျော့ရှင်းတဲ့ခြေလှမ်းတွေနဲ့ အရှေ့ကိုဆက်သွားလိုက်တယ်။ သူမရဲ့မေးဖျားကို အနည်းငယ်ပင့်မ,ထားတဲ့ပုံက မာနကြီးမားပုံပေါ်စေပေမယ့် ပိုပြီးဆွဲဆောင်မှုရှိသွားစေခဲ့တယ်။

အဝတ်လဲခန်းကို တွန်းဖွင့်ပြီးချိန်မှာတော့ ရှန်ယန်းသတိလက်လွတ်နဲ့ အနောက်ကိုခြေတစ်လှမ်းပြန်ဆုတ်လိုက်မိကာ လက်ထဲမှ ဂါဝန်စကိုလည်း ဖြေလျှော့လိုက်မိတယ်။

မုရီအန်းက ထိုင်ခုံပေါ်မှာထိုင်နေပြီး သူ့ရဲ့နက်မှောင်တဲ့မျက်ဝန်းတွေကတော့ အနည်းငယ်ကျဉ်းမြောင်းနေခဲ့တယ်။

"မင်းဘာကို ထွက်ပြေးချင်တာလဲ"
သူက ပြောပြီးပြီးချင်း မတ်တပ်ရပ်လိုက်ကာ ရှန်ယန်းအနီးကိုလျှောက်လာပြီး ရှန်ယန်းရဲ့လက်ကောက်ဝတ်ကို ဆွဲယူလိုက်တယ်။ ကျန်တဲ့လက်တစ်ဖက်ကတော့ အခန်းတံခါးကို ပိတ်ကာ လော့ချလိုက်တယ်။

သူက လက်တစ်ဖက်ကို တံခါးမှာထောက်ထားပြီး မေးလာပြန်တယ်။
"ငါမင်းကို မေးနေတယ်လေ မင်းဘာကိုပြေးတာလဲလို့"

ရှန်ယန်း မုရီအန်းကိုတွန်းဖယ်လိုက်တယ်။
"အဲဒါက မစ်စတာမုနဲ့ ဘာများသက်ဆိုင်လို့လဲ? ကျွန်မကို ထွက်ပြေးချင်တယ်ဆိုတဲ့အကြောင်းလာပြီးမပြောနဲ့ ကျွန်မဘာသာ ထွက်ပြေးပြေး မပြေးပြေး ရှင်နဲ့မဆိုင်ဘူး"

မုရီအန်းက သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ကို လက်တစ်ဖက်နဲ့ထုတ်ယူပြီး ရှန်ယန်းထံကိုပစ်ပေးလိုက်ကာ ဖြေးညှင်းစွာတိုးကပ်သွားတယ်။

ရှန်ယန်းက ထိုပိုက်ဆံအိတ်ကို ဖမ်းယူလိုက်ခြင်းမရှိတာကြောင့် ပိုက်ဆံအိတ်က သူမရဲ့ဂါဝန်ကိုထိမှန်ပြီး မြေပြင်ပေါ်ကိုသက်ဆင်းသွားတယ်။ ရှန်ယန်းရဲ့လက်တွေက အနည်းငယ်တင်းကြပ်သွားရတယ်။ (လက်သီးဆုပ်လိုက်မိတာ)

"မုမိသားစုက ငါ့ကိုလက်ထပ်စေချင်နေတယ် ဒါပေမယ့် ငါကတော့မလိုချင်ဘူး ဒီတော့ သူတို့စီစဉ်တာရပ်တန့်သွားအောင် စေ့စပ်ပွဲတစ်ခုလောက်လုပ်ချင်တယ် ..မင်းကပိုက်ဆံလိုချင်နေတာမလား ငါကလည်း အတုအယောင်စေ့စပ်ပွဲတစ်ခုလိုချင်တယ် ..မင်းဘယ်လိုထင်လဲ"

မုရီအန်းက ထပ်မံပြီး လှောင်ပြောင်ဟန်ရောစွတ်တဲ့အသံနဲ့ ဆက်ပြောလာတယ်။

"မင်း ဘယ်ဒရမ်မာထဲမှာ သရုပ်ဆောင်ချင်လဲ ငါမင်းအတွက် ရင်းနီးမြှပ်နှံပေးပြီးထောက်ခံချက်တွေပေးလို့ရတယ် မုလုပ်ငန်းစုလက်အောက်က ဘယ်ကုန်ပစ္စည်းကိုမဆို မင်းရွေးချယ်လို့ရတယ်(ပြောရေးဆိုခွင့်ရှိသူအဖြစ်)"

***

Continue Reading

You'll Also Like

1.4M 60.8K 72
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
123K 18.9K 70
ကောင်းကင်​ဘုံမှ တိမ်​ဝိညာဉ်ရှောင်​ရှန်းဇီနှင့်​ ချူ ခုန်းတို့ ခိုက်​ရန်​ဖြစ်​ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်​ထွေးသွားစေခဲ့မိသည်​။ ထို့က...
838K 90K 167
summary အခ်ိန္​ခရီးသြားပုံျပင္​တစ္​ပုဒ္​ ဉာဏ္​နီဉာဏ္​နက္​မ်ားၿပီး ​ေကာက္​က်စ္​တ့ဲသူမဟာ အဆင္​့အတန္​းျမင္​့မ်ိဳး႐ိုးမွ လူမမာသည္​မမ​ေလး လာျဖစ္​တယ္​ ​ေစ့...
14.3K 1.2K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...