The Villain Dressed As a Litt...

Par Mimosa2002

90.1K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... Plus

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 11

1.7K 359 4
Par Mimosa2002

    အိမ်ပတ်ဝန်းကျင်ရှိ အကာအကွယ်များကအရမ်းတင်းကြပ်လွန်းတာကြောင့် လင်ရှီးအရမ်းသိသိသာသာလုပ်လို့်မရပေ။

  ဒါ့အပြင် လက်ရှိဖွံ့ဖြိုးတိုးတက်နေတဲ့အခြေအနေအရ ချင်ရှောင်းအိမ်မှာနေ့တိုင်းရှိမနေပဲ အချိန်အများစုက အပြင်မှာပဲရှိနေသည်။ သူအိမ်ပြန်လာခဲ့ရင်တောင် လင်ရှီးဆီရည်ရွယ်ချက်ရှိရှိမသွားပေ။

    နောက်ဆုံးတော့လင်ရှီး ငါးကန်ထဲတွင်ရှိနေပြီး လူတစ်ယောက်နှင့်ငါးတစ်ကောင်ဟာ ဒီလိုမျိုးအပေါ်အောက်စကားပြောနေကြသည်။ ဘယ်လိုတောင်ကြည့်ရတာ ထူးဆန်းလိုက်သလဲ။

    တစ်ခါတစ်လေ ချင်ရှောင်းကလသာဆောင်(ဝရံတာ)မှာရပ်ပြီး အသစ်ဆောက်ထားတဲ့ငါးကန်အသစ်မှာ အနက်ရောင်ရေသူလေး လွတ်လွတ်လပ်လပ်ရေကူးနေတာကိုကြည့်နေတတ်၏။

    ငါးကန်ကြီးရှိပြီးနောက် လင်ရှီးလူပုံစံပြောင်းပြီး မြေပေါ်မှာလမ်းသိပ်မလျှောက်တော့ပါချေ။

    မပြောင်းတော့ဘူးလို့မဆိုလိုပေမယ့် ချင်ရှောင်းရှိနေ‌တဲ့အချိန်ဆိုသူမပြောင်းတော့ပေ။ ချင်ရှောင်းမရှိတဲ့အချိန်ဆိုရင်တော့ လင်ရှီးလူပုံစံပြောင်းပြီး ထိုင်ဖို့နဲ့စာဖတ်ဖို့ ဥယျာဉ်ထဲကိုသွားတာ ဒါမှမဟုတ်‌ခေါင်မိုးထပ်ကိုတက်တာမျိုး လုပ်လေ့ရှိသည်။

   သူနဲ့ပတ်သတ်ပြီး အချို့လိုအပ်တာတွေရှိရင် ပွင့်ပွင့်လင်းလင်းလုပ်လို့ ချင်ရှောင်းအရင်ကပြောထားဖူးတာကြောင့် လင်ရှီးယဉ်ကျေးမနေတော့ပေ။

    အိမ်မွေးတိရစ္ဆာန်တွေက အိမ်မွေးတိရစ္ဆာန်တွေရဲ့တာဝန်ကိုသိတတ်ရမယ်လို့ စူးရိအန်းကပြောဖူးသည်။ သို့သော် လင်ရှီးကသူ့ကိုယ်သူအိမ်မွေးတိရစ္ဆာန်လို့ ဘယ်တုန်းကမှမတွေးဖူးပေ။
(T/N,. Su Rianကဘယ်သူလဲကိုယ်ရှာတာလုံးဝမတွေ့ပါဘူး၊ ထင်တာ‌ကတော့pet trainerတို့‌ ၊ petအကြောင်းလေ့လာသုံးသပ်သူတို့လို petနဲ့ဆိုင်တဲ့တစ်စုံတစ်ယောက်ရဲ့မှတ်ချက်ဖြစ်မယ်ထင်ပါတယ်)

   သူ့တွင်တစ်စုံတစ်ယောက်ကယူလာပေးတဲ့ သက်တောင့်သက်သာရှိသောဒန်းကလေးရှိ၏။ နူးညံ့တဲ့ကူရှင် တစ်ခုကိုလည်းဒန်းကလေးပေါ်မှာထားထားပေးသည်။

    လင်ရှီးကူရှင်ပေါ်ထိုင်ပြီး သူ့ခြေထောက်တွေကိုလွှဲရမ်းလိုက်ကာ ဖြူသွယ်တဲ့ခြေချောင်းလေးတွေကို ဖြေလျှော့ဖို့ဆန့်ထုတ်လိုက်သည်။

   တစ်ခါတစ်ရံ လင်ရှီးစာဖတ်ရင်းပင်ပန်းလာသည်ဟုခံစားရသောအခါ ဒန်းပေါ်တွင်လှဲ၍အိပ်တတ်သည်။

    ဒီနေရာကလူတွေနဲ့ပက်သတ်ပြီး လုံခြုံရေးတင်းကြပ်ထားတာကြောင့် မဖိတ်ပဲလာလို့မရဘူးဆိုတာ လင်ရှီးသိသည်။ ချင်ရှောင်းကိုတော့လင်ရှီး ခေါင်းမိုးတစ်ခုတည်းအောက်က အတူနေသူအဖြစ် စောင့်ကြည့်နေလိုက်၏။

    အတူနေထိုင်တဲ့ပါတနာက အိပ်ပျော်သွားတဲ့အခါမျိုးတွင်တော့ လင်ရှီးမလိုလားအပ်တဲ့စောင့်ကြည့်မှုမျိုးကို တဖြည်းဖြည်းချင်းလျှော့ချလိုက်သည်။
  
    သူစောင့်ကြည့်နေတဲ့သူက တစ်ကယ်ကိုရှင်းလင်းပြတ်သားတာကိုတော့ သူဝန်ခံရပေမည်။ အထိုက်အလျောက်တော့ လူကောင်းတစ်ယောက်ဖြစ်သည်။

      အကယ်၍သူသာရေသူမဟုတ်ပဲ လူသားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် သူဖက်ဒရယ်စစ်တပ်ထဲကို လိုလိုလားလားဝင်လိုက်မယ်လို့ လင်ရှီးတွေးနေခဲ့၏။ ဖြစ်နိုင်လျှင် ချင်ရှောင်းလိုလူမျိုးနှင့် တွဲလုပ်ချင်မိသည်။ အဲ့တာကအရမ်းကိုကျေနပ်စရာကောင်းမယ်လို့လည်း လင်ရှီးယုံကြည်သည်။ အခြေခံအားဖြင့် အဲ့တာကမဖြစ်နိုင်တော့ပါချေ။

      မဟာမိတ်စစ်တပ်ကခွန်အားနည်းတဲ့ရေသူတွေကို သူတို့ရဲ့စစ်သားအဖြစ် ခွင့်ပြုမှာမဟုတ်ပေ။

    သူအိပ်ပျော်သွားတဲ့အခါ လင်ရှီးအတိတ်ဘဝကမြင်ကွင်းအချို့ကို အိပ်မက်မက်ခဲ့သည်။ အဲ့အချိန်မှာသူက လူအဖြစ်နဲ့ပျော်ရွှင်တဲ့မိသားစုလည်းရှိပြီး
သူ့အဆင့်အတန်းကတခြားသူတွေကို အမိန့်ပေးနိုင်ကာ သူ့ခေါင်းပေါ်ကိုတက်နိုင်တဲ့သူလည်းတစ်ယောက်မှ မရှိပေ။

    ဗီလိန်တစ်ယောက်အနေနှင့် လင်ရှီးစာအုပ်ရဲ့အဓိကဇာတ်ဆောင်နှင့် မကြာခဏဆိုသလို ထိပ်တိုက်တွေ့ရလေ့ရှိသည်။

     တစ်ခါတစ်ရံလင်ရှီးအလွန်သိချင်မိ၏။ သူ့ရဲ့ကြိုတင်ပြင်ဆင်မှုတွေက မှားနိုင်စရာမရှိပေ။ အသိသာကြီးကို အဓိကအမျိုးသားဇာတ်ဆောင်ကို ကိုင်တွယ်ဖြေရှင်းရတာမခက်ပါချေ။ ဒါပေမယ့်အရေးကြီးတဲ့အချိန်တိုင်း တစ်ချို့အမှားတွေဖြစ်လာတတ်၏။ အဲ့ဒီအချိန်တွေဆိုလင်ရှီးနားမလည်နိုင်ပေ။ အဓိကဇာတ်ဆောင်ကကံကောင်းတယ်လို့သာ တွေးနိုင်တော့သည်။

    အရာအားလုံးပြီးဆုံးသွားပြီးနောက် လင်ရှီးကိုယ့်ကိုယ်ကို သေနတ်နှင့်ပစ်ကာသတ်သေခဲ့၏။ ထို့နောက်သူရုတ်တရက်ပြန်လည်နိုးထလာပြီး ဘာကြောင့်အဓိကဇာတ်‌လိုက်က အချိန်တိုင်းမကောင်းတာတွေကိုကောင်းတဲ့ကံကြမ္မာနှင့်ပြောင်းလဲနိုင်တာလဲဆို သူ့မှာအဓိက‌ဇာတ်လိုက်ရဲ့ ရောင်ဝါရှိနေလို့ဖြစ်တဲ့အကြောင်းကို နားလည်သွားခဲ့သည်။

     ကမ္ဘာတစ်ခုလုံးရဲ့စည်းမျဉ်းဥပဒေတွေက အဓိကဇာတ်လိုက်ထံမှာ အလုပ်အကျွေးပြုနေရပေသည်။ သူ့လိုဗီလိန်တစ်ယောက်ကတော့ ဇာတ်လိုက်ရဲ့လမ်းမှာ‌ေအာင်မြင်ဖို့အတွက်နင်းတက်မယ့် အနင်းခံကျောက်တုံးတစ်တုံးသာဖြစ်သည်။
 
     လင်ရှီးမကျေမနပ်ဖြစ်မိသည်။ အတော်လေးကိုလိုလိုလားလားမရှိတော့တာ။ သူ့ကိုတခြားသူအတွက် ခြေနင်းတုံးအဖြစ်သတ်မှတ်ထားတဲ့ ဒီလိုကံကြမ္မာမျိုးကိုတော့ လင်ရှီးဘယ်တော့မှလက်ခံမှာမဟုတ်ဘူး။

    လင်ရှီးကိုယ်ထဲကအသံကို တစ်စုံတစ်ယောက်ကကြားသွားပြီး လင်ရှီးကိုဒီကမ္ဘာသို့ပို့လိုက်တာဖြစ်နိုင်သည်။

    အရင်ကမ္ဘာကနှင့်ယှဉ်လျှင် လင်ရှီးအရင်ကမ္ဘာမှာနတ်ပြည်ကကျလာတဲ့ကလေးလေး(မိုးကျရွှေကိုယ်ဘဝ)လိုမွေးဖွားလာပြီး ဒီနေရာမှာတော့ လူသားတွေထက်နိမ့်ကျတဲ့ ရေသူအဖြစ်ကူးပြောင်းဝင်ရောက်ခဲ့ရသည်။

    သို့သော်ငြားကိစ္စမရှိပေ။ တိတိကျကျဆိုရလျှင် လွတ်လွတ်လပ်လပ်ရှိတဲ့ဘဝကသာ ပိုပြီးအဖိုးထိုက်တန်တာကြောင့်ဖြစ်သည်။ လွတ်လပ်မှုဆိုတာက သူ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနှင့် အမှတ်တရားကလာတာဖြစ်သည်။ အဲ့ဒီနေ့ရက်တွေက အရမ်းလှပလိမ့်မယ်လို့ လင်ရှီးယုံကြည်သည်။
 
     ချင်ရှောင်းကသိပ်ပြီးဖိအားပေးခြိမ်းခြောက်ခြင်းမျိုးမလုပ်တာကြောင့် လင်ရှီးရဲ့ထွက်ပြေးမယ့်အစီအစဉ်ကို နှေးလိုက်သည်။ နှေးကွေးသွားခြင်းက လင်ရှီးလွတ်မြောက်တဲ့အခါ သူ့ကိုကူညီမယ့်ပစ္စည်းတွေကို ပိုမိုစုဆောင်းဖို့ဖြစ်ပြီး သူထွက်ပြေးမယ့်အစီအစဉ်ကို စွန့်လွှတ်လိုက်တာမဟုတ်ပေ။

    စွန့်လွှတ်ဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပင်။

    လင်ရှီးပင်လယ်ကိုမြင်တွေ့ချင်သည်။ ပြီးတော့ပင်လယ်အနက်ထဲထိသွားချင်သည်။ ရေသူဖြစ်လာကတည်းက လင်ရှီးရဲ့အတွေးတွေကို ရေသူမျိုးစိတ်က လွှမ်းမိုးမှုအချို့ရှိလာ၏။

    ရေသူဆိုင်ကနေ ချင်ရှောင်းအိမ်သို့ပြောင်းလာပြီးနောက် ဘဝကဤကဲ့သို့ဖြစ်သွားလေသည်။ လင်ရှီး အိပ်လိုက်စားလိုက်နှင့် သေဖို့ထိုင်စောင့်နေသည့်နေ့ရက်တွေအကြောင်းသာ ပြောနိုင်၏။

    ဒီလိုဘဝမျိုးက တစ်လကျော်ကြာသွားသည်။

   အဲ့ဒီညက တစ်စုံတစ်ခုဖြစ်ပျက်သွားခဲ့၏။ အတိအကျဆိုရသော် သူအိပ်မက်ဆိုးမက်ခဲ့သည်။

    သူ့အိပ်မက်ထဲမှာ သွေးတွေနှင့်ဖုံးလွှမ်းပြီး ကြမ်းပြင်မှာလဲကျနေကာ သူ့ကိုပြုံးပြနေတဲ့အညိုရောင်ရေသူလေးကို သူတွေ့ခဲ့ရသည်။ အညိုရောင်ရေသူလေးရဲ့ကိုယ်က သွေးတွေကကြမ်းပြင်တစ်ခုလုံးကို အနီရောင်တောက်တောက်ဖြစ်အောင်ခြယ်ထားသည်။

     ရေသူလေး၏အောက်ပိုင်းရှိငါးအမြှီးက အကြေးခွံတွေကနေရာတိုင်းမှာ ပျက်စီးနေပြီးဒဏ်ရာတွေရဲ့အောက်မှာ အနီရောင်တောက်တောက်အသားတွေကိုပါမြင်နေရသည်။

    အညိုရောင်ရေသူလေးရဲ့ကျက်သရေရှိပြီးချစ်ဖို့ကောင်းတဲ့မျက်နှာလေးတွင် အတွင်းကြေဒဏ်ရာများနှင့်ဖူးယောင်နေပြီး နူးညံ့တဲ့လည်တိုင်မှာလည်းအနီပုပ်ရောင် ညှစ်ရာကြီးရှိနေသည်။

   ရေသူလေးရဲ့မျက်လုံးတစ်ဖက်ကလည်း ခရမ်းပြာရောင်(အညိုမည်းစွဲ)ဖြစ်နေပြီး ဖွင့်လို့မရပေ။ သူကျန်နေသေးတဲ့မျက်လုံးတစ်ဖက်နှင့် လင်ရှီးကိုကြည့်နေပေသည်။ အိပ်မက်မှန်းသိနေပေမယ့် လင်ရှီးအညိုရောင်ရေသူလေးက တကယ်ကိုလူမဆန်စွာရိုက်နှက်ခံထားရတယ်လို့ ခံစားမိ၏။

  ရေသူလေးကလင်ရှီးကိုကြည့်ကာ လင်ရှီးထံသူ့လက်ကိုဆန့်ထုတ်လိုက်သည်။ သွေးတွေကတစ်ကိုယ်လုံးရွှဲနေပေမယ့် ရေသူလေးကလင်ရှီးကိုပြုံးပြနေ‌ဆဲပင်။

    "ရှောင်ဟေး..."သူလင်ရှီးနာမည်ကိုခေါ်လိုက်၏။ လင်ရှီးခေါ်သံကိုကြားပြီးနောက် ရေသူလေးထံလျှောက်သွားလိုက်သည်။ ဒါပေမယ့်လင်ရှီးငုတ်တုပ်ထိုင်ချလိုက်ပြီး ရေသူလေးရဲ့လက်ကိုကိုင်လိုက်တဲ့အခါ ကြောက်စရာအမာရွတ်တွေနှင့်ပြည့်နေသည့်လက်ကလေးက ကြမ်းပြင်ပေါ်အရှိန်ပြင်းပြင်းပြုတ်ကျသွားလေသည်။

    ရေသူလေးရဲ့ကိုယ်ကနေထွက်လာတဲ့သွေးတွေထဲပြုတ်ကျသွားတာကြောင့် သွေးတွေကဖြာထွက်လာပြီး တိတ်တဆိတ်နဲ့လျင်လျင်မြန်မြန် လင်ရှီးခြေထောက်တွေဆီပြန့်ကျဲလာသည်။

    သွေးတွေကအသက်ရှိနေသလို လင်ရှီးခြေထောက်‌ပေါ်တက်လာကာ အဆိပ်ပြင်းတဲ့အေးစက်စက်မြွေတစ်ကောင်လို လင်ရှီးကိုရစ်ပတ်ထားလေသည်။ လင်ရှီးလျင်အမြန်ပင့်သက်ချလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်၏။

   လင်ရှီးအိပ်မက်ဆိုးမှရုတ်တရက်လန့်နိုးလာသည်။ သူ့ခန္ဓာကိုယ်ကအနည်းငယ်တုန်ယင်နေပြီး သူ့ခေါင်းကိုလှည့်ကာပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။ သူကဒန်းပေါ်မှာကွေးအိပ်နေပြီးစာအုပ်ကသူ့ဗိုက်ပေါ်တွင်ရှိနေသည်။ ဗိုက်ပေါ်မှာတစ်ခုခုဖိထားရင် အိပ်မက်ဆိုးမက်ဖို့လွယ်ကူတယ်လို့ပြောကြသည်။

    (T/N - ကိုယ်တွေနဲ့ပြောင်းပြန်နော်ကိုယ်တွေဆီမှာ ကလေးလေးတွေလန့်မှာစိုးလို့ရင်ဘတ်ပေါ်စောင်လေးဖိထားပေးတာ)

    သူစာအုပ်ကိုဘေးမှာချလိုက်၏။ လင်ရှီးဒန်းအစွန်းကိုထောက်ကန်ကာ ဆင်းလိုက်သည်။ ဗလာဖြစ်နေတဲ့သူ့ရဲ့ခြေထောက်တွေက နူးညံ့တဲ့ကောဇောပေါ်နင်းလိုက်ပေမယ့် သူ့နောက်ကျောကိုဖြောင့်တန်းပြီးကျောကိုမတ်လိုက်ချိန် သူ့ခေါင်းထဲမူးဝေပြီးမျက်လုံးများပြာသွားတာကို ခံစားလိုက်ရသည်။

   "ရှောင်ဟေး...."အားပျော့တဲ့ခေါ်သံနှင့် လင်ရှီးကိုခေါ်လိုက်၏။ လင်ရှီးဒန်းကိုဖမ်းကိုင်ကာ မျက်လုံးကိုဖြည်းညှင်းစွာမှိတ်လိုက်၏။

   မူးဝေခြင်းကနေတဖြည်းဖြည်းသက်သာလာတဲ့အခါ လင်ရှီးမတ်တပ်ထပ်ရပ်လိုက်ပြန်သည်။ 

    "တောင်းပန်ပါတယ်...၊ငါ...မင်းကိုတွေ့လို့မရတော့ဘူး" ဒီတစ်ကြိမ်မှာတော့ တစ်စုံတစ်ယောက်ကလင်ရှီးရဲ့နား နားမှာကပ်ပြီးတိုးတိုးလေးပြောနေသလို အသံကပိုပြီးသိသာရှင်းလင်းလာခဲ့သည်။

    လင်ရှီးရဲ့မျက်ဆံတွေကရုတ်တရတ်ကျုံ့သွားပြီး ပတ်ပတ်လည်ကိုနောက်တစ်ကြိမ်သူထပ်ကြည့်လိုက်ပြန်သည်။ ခေါင်မိုးထပ်တစ်ခုလုံးတွင် သူတစ်ယောက်ထဲသာရှိသည်။

    နားထဲမှာကြားရတဲ့အသံက လင်ရှီးအတွက်ရှင်းရှင်းလင်းလင်းဖြစ်ရုံသာဖြစ်ပြီး အဲ့တာကအညိုရောင်ရေသူလေးရဲ့အသံဖြစ်သည်။

   လင်ရှီးအသံထဲကအဆုံးမရှိတဲ့ ဝမ်းနည်းမှုတွေကိုခံစားလို့ရနေ၏။ လင်ရှီးသူ့လက်ဖဝါးကိုကြည့်ပြီး လက်ချောင်းတွေကိုကွေးလိုက်သည်။ ဘာ့ကြောင့်ဒီလိုအိပ်မက်ကိုမက်ရတာလဲ။ ဒီအိပ်မက်ကထူးဆန်းပြီး အစစ်အမှန်လိုခံစားနေရသည်။

   အသက်ရှူတဲ့လေထဲမှာတောင် လင်ရှီးသွေးနံ့ကိုရနေသလိုခံစားရပြီး ပြင်းထန်တဲ့အနံ့စူးစူးရှရှက သူ့ကိုမသက်မသာဖြစ်စေသည်။
  
    ကောင်းကင်ကမဲမှောင်လာပြီး မိုးကဘယ်အချိန်မဆိုသည်းကြီးမဲကြီးရွာချတော့မည့်ပုံပေါက်နေသည်။ လင်ရှီးအပေါ်ထပ်ကနေ အောက်ထပ်သို့ဆင်းလာပြီး ဥယျာဉ်ထဲရှိငါးကန်သို့သွားလိုက်သည်။

     ထိုအရာကအိပ်မက်တစ်ခုသာဖြစ်ပြီး အစစ်အမှန်ကိုအိပ်မက်လို မက်ဖို့ဆိုတာကမဖြစ်နိုင်ပေ။ အဲ့ဒီလိုမျိုးဖြစ်လာရင်တော့ ဒီခန္ဓာကိုယ်က အစွမ်းတွေရှိနေလားဆိုတာကို သူမရှင်းပြတတ်ပါချေ။ သေချာပေါက်တော့ ဒီလိုအခြေအနေမျိုးကဖြစ်လာမှာမ‌ဟုတ်ပေ။

    လင်ရှီးအဝတ်တွေချွတ်ပြီးရေထဲခုန်ဆင်းလိုက်၏။ အရင်ကရေအောက်မှာရေကူးတုန်းကနှင့်မတူစွာ လင်ရှီးနှလုံးသားကို‌ဇဝေဇဝါဖြစ်စေသော အလွှာပါးလေး‌တစ်လွှာကဖုံးအုပ်ထားသည်။ ထိုအချိန်တွင် ကန်ထဲကရေတွေကသွေးတွေလို အနီရောင်တောက်တောက်ဖြစ်လာ၍ လင်ရှီးရေထဲမှထွက်လိုက်သည်။ ထို့နောက်တွင်တော့ရေက ပြန်လည်ကြည်လင်သွား‌၏။

   လငိရှီးမျက်မှောင်ကြုတ်ကာ ဒါကတစ်ခုခုဖြစ်လာတော့မည့် နမိတ်လားဆိုတာကိုအလေးအနက်ထား၍စဉ်းစားမိသည်။

    ရေထဲမှာမျောနေရင်း အတွေးထဲမှာအညိုရောင်ရေသူလေး၏သွေးလွှမ်းနေသည့်မြင်ကွင်းကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဘယ်လိုပဲပုံဖော်ဖို့ကြိုးစားပါစေ အဆုံးထိကိုအကျိုးသက်ရောက်မှုကနည်းလွန်းသည်။ ဒီလိုသာတစ်ချိန်လုံးဖြစ်နေမယ်ဆို လင်ရှီးသေချာပေါက်အိပ်ပျော်ဖို့ ခက်ပေလိမ့်မည်။

    ထိုအကြောင်းတွေးတောပြီးနောက် လင်ရှီးအဲ့တာကိုအတည်ပြုနိုင်ဖို့အတွက် အခွင့်အလမ်းရှာရန်ဆုံးဖြတ်လိုက်သည်။

    တစ်နည်းအားဖြင့်လင်ရှီးက အနည်းငယ်တစ်ကိုယ်ကောင်းဆန်တတ်သူဖြစ်ပြီး အညိုရောင်ရေသူလေး၏အခြေအနေကိုသိချင်မိသည်။

    ဒီလိုတောက်ပတဲ့အပြုံးနဲ့ကောင်လေးကို လောကကြီးကနူးနူးညံ့ညံ့ ဆက်ဆံပေးသင့်သည်။ ဒီအိပ်မက်ဆိုးမက်ခဲ့ကြောင်းကို လင်ရှီးဖုံးကွယ်ထားလိုက်သည်။ သူအိပ်မက်ဆိုးမက်နေတာကို့ လက်ရှိသူ့ပိုင်ရှင်မပြောနိုင်သေးပေ။ သူအိပ်မက်ကနေ‌နိုးထလာ‌တာတောင် စိတ်ပူနေသေး‌တာကြောင့် သူ့သူငယ်ချင်းဟောင်းရဲ့အခြေအနေကို သိချင်မိ၏။
   
    ဘယ်လိုပဲကြည့်ကြည့်အသံကထူးဆန်းလှသည်။ လင်ရှီးညှိနှိုင်းမှုလုပ်ရပေမည်။ သူနှင့်အညိုရောင်ရေသူလေးက ရေသူအရောင်းဆိုင်မှာအခင်ဆုံးသူငယ်ချင်း‌ကောင်းတွေလို့ပြောလို့ရသည်။ သူငယ်ချင်းတစ်ယောက်အနေနဲ့တစ်ဖက်လူက ဘယ်လိုနေလဲဆိုတာသိချင်တာကို နားလည်ပေးဖို့လွယ်ကူသည်။

    လင်ရှီးဒီကိစ္စတွေကိုချင်ရှောင်းဆီ အစပျိုးပြီးပြောပြတဲ့အခါ ချင်ရှောင်းကလင်ရှီးကိုထူးဆန်းတဲ့မျက်လုံးတွေနှင့်ကြည့်လာသည်။ သူလင်ရှီး၏အမူအရာကိုဂရုတစိုက် စောင်းကြည့်လိုက်သည်။

   အဲ့ဒီနေ့တုန်းကသူလင်ရှီးကို‌ ရေသူအရောင်းဆိုင်မှာတွေ့ခဲ့မြင်ကွင်းကိုသတိရနေသေးသည်။ အဲ့ဒီမှာအညိုရောင်အမြှီးနှင့်ရေသူလည်းရှိနေသည်။

    သို့ပေမယ့်လည်းအဲ့ဒီရေသူလေးက လင်ရှီးထွက်သွားမှာကိုအင်တင်တင်ဖြစ်နေပုံရပေမယ့် လင်ရှီးကိုကြည့်ရတာ‌အဲ့ဒီရေသူလေးနှင့်မရင်းနှီးတဲ့ပုံပင်။

  လင်ရှီးမျက်နှာမှာလိမ်ပြောနေတဲ့အရိပ်အယောင်တွေမရှိပေ။ ဒါပေမယ့် လင်ရှီးသူ့ခံစားချက်တွေကိုနက်နက်ရှိုင်းရှိုင်းသိုဝှက်ထားပြီး ဖော်ပြဖို့အဆင်မပြေတာဖြစ်နိုင်သလို ဒါမှမဟုတ် သူ့ရေသူလေးကလိမ်နေတာလည်းဖြစ်နိုင်သည်။

    ဘယ်ဟာပဲဖြစ်ဖြစ် ချင်ရှောင်းငြင်းဆန်ဖို့ရည်ရွယ်ချက်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် သူသာလင်ရှီးရဲ့သူငယ်ချင်းလေးဖြစ်သည့် အညိုရောင်ရေသူလေးကိုရှာတွေ့ခဲ့မယ်ဆိုရင် လင်ရှီးဘယ်လိုပြုမူမယ်ဆိုတာကို သူတကယ်သိချင်တာ‌ကြောင့်ဖြစ်သည်။

  သူနှင့်အတူနေပြီးနောက် ဒါကရေသူလေးသူ့ကိုတောင်းဆိုခဲ့သည့် တောင်းဆိုချက်အနည်းငယ်ထဲကတစ်ခုဖြစ်သည်။

   ရေသူလေးအရင်ကလည်းတောင်းဆိုဖူးပေမယ့် 'တောင်းဆိုတယ်' ဆိုတဲ့အရာထက် 'လိုချင်တယ်'လို့ သုံးတာကပိုကောင်းပေသည်။

   လူတွေရဲ့စိတ်သဘောထားဟာ တစ်ခါမှမထိတွေ့ဖူးတဲ့အရာဝတ္ထုအသစ်နဲ့ဆိုလျှင် ဆွဲဆောင်ရအင်မတန်လွယ်ကူလှသည်။ ရေသူလေးနဲ့ပတ်သတ်ပြီးငြင်းဆန်လို့မရတဲ့ အချက်တစ်ချက်ရှိတာသူဝန်ခံပါတယ်။ ချင်ရှောင်းကအပြင်မှာနေပြီး ခဏခဏအိမ်မပြန်ဖြစ်ရင်တောင် အိမ်မှာရုတ်တရက်ကြီးလူများလာခဲ့သည်။ ရေသူလေးကသေးသေးသွယ်သွယ်လေးဖြစ်ပေမယ့်လည်း ချင်ရှောင်းနှလုံးသားကိုလှိုင်းထစေတုန်းပင်။

    "မင်းသူ့ကို တွေ့ချင်လား" လင်ရှီးကသူ့သူငယ်ချင်းအခြေအနေကိုသိချင်ကြောင်းသာပြောခဲ့ပြီး သူ့သူငယ်ချင်းကိုတွေ့ချင်ကြောင်း တိုက်ရိုက်မပြောခဲ့တာကြောင့် ချင်ရှောင်းပြန်မေးလိုက်သည်။

   လင်ရှီးရဲ့တည်ငြိမ်နေသည့်မျက်လုံးများက အနည်းငယ်မတည်မငြိမ်ဖြစ်သွားပြီး ချင်ရှောင်း၏ အလွန်အမင်းဖိနှိပ်နိုင်သည့် အကြည့်အောက်မှာပြန်ဖြေလိုက်၏။

     "ဖြစ်နိုင်ရင်ပေါ့..."

    "ကောင်းပြီ၊ ကိုယ်မင်းကိုသူနဲ့တွေ့ခွင့်ပေးမယ်" ချင်ရှောင်းခေါင်းငြိမ့်ကာ သဘောတူလိုက်၏။

   "ခင်များကို ကျေးဇူးတင်ပါတယ်" လင်ရှီး အဝတ်အစားတွေကိုဝတ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် လင်ရှီးချင်ရှောင်းနှင့်အလုပ်ကိစ္စတွေကိုပြောရဦးမှာ ဖြစ်တာကြောင့် သူလူသားတွေလိုပြုမူဖို့လိုသည်။

    လင်ရှီးအဲ့တာ (လူတွေလိုနေဖို့)ကို အစမပျိုးခဲ့ပေမယ့် ချင်ရှောင်းကအိမ်သို့လင်ရှီးနှင့်သင့်တော်မည့် ဝတ်စုံအများအပြားပို့ပေးရန် သူ့လူတွေကိုပြောလိုက်သည်။
 
   အခုဆိုရင်လင်ရှီး၏အဝတ်အစားတွေက ပျော့ပြောင်းကာသက်တောင့်သက်သာရှိပြီး ရေသူလေးရဲ့အသားအရည်က လူသားပုံစံနှင့်တောင်နူးညံ့နေတုန်းဖြစ်သည်။

   ကြည့်ရတာကိစ္စအများစုက အလွယ်လေးနှင့်ပြီးသွားပုံပင်။ ချင်ရှောင်း၏အဆင့်အတန်းနှင့်ဆိုလျှင် အညိုရောင်ရေသူလေးကို သူနှစ်ရက်အတွင်းတွေ့ရမယ်ဆိုတာ လင်ရှီးယုံကြည်၏။

   အဲ့အချိန်မှာဖြစ်နေမည့်မြင်ကွင်းကို မြင်ယောင်ကြည့်လိုက်။ အညိုရောင်ရေသူလေးက စိတ်လှုပ်ရှားပြီးငိုတောင်ငိုနိုင်သည်။

  လင်ရှီးရဲ့နှလုံးသားလေးစိတ်သက်သာရာရနေတုန်း ရုတ်တရတ်ကြီး တစ်ခဏလောက်တိတ်ဆိတ်နေသည့်ချင်ရှောင်းက စကားတစ်ခွန်းထပ်ပြောလာသည်။

    အဲ့ဒီစကားကလင်ရှီးကို ရှားရှားပါးပါးအံ့အားသင့်တဲ့အမူအရာဖြစ်အောင်  အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သည်။

    ချင်ရှောင်းပြောခဲ့တဲ့စကားက -

   "ကိုယ်မင်းကို ကူညီမယ်၊ ကိုယ်လုပ်ပေးတဲ့အရာတွေအတွက်တော့ မင်းတစ်ခုခုပြန်လုပ်ပေးသင့်တယ်မလား....။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#28.9.2022

ကိုယ်အကြွေးတွေပြန်ဆပ်မှာပါ😣😣


~~Zawgyi ~~

  အိမ္ပတ္ဝန္းက်င္ရွိ အကာအကြယ္မ်ားကအရမ္းတင္းၾကပ္လြန္းတာေၾကာင့္ လင္ရွီးအရမ္းသိသိသာသာလုပ္လို႔္မရေပ။

ဒါ့အျပင္ လက္ရွိဖြံ႕ၿဖိဳးတိုးတက္ေနတဲ့အေျခအေနအရ ခ်င္ေရွာင္းအိမ္မွာေန႕တိုင္းရွိမေနပဲ အခ်ိန္အမ်ားစုက အျပင္မွာပဲရွိေနသည္။ သူအိမ္ျပန္လာခဲ့ရင္ေတာင္ လင္ရွီးဆီရည္႐ြယ္ခ်က္ရွိရွိမသြားေပ။

  ေနာက္ဆုံးေတာ့လင္ရွီး ငါးကန္ထဲတြင္ရွိေနၿပီး လူတစ္ေယာက္ႏွင့္ငါးတစ္ေကာင္ဟာ ဒီလိုမ်ိဳးအေပၚေအာက္စကားေျပာေနၾကသည္။ ဘယ္လိုေတာင္ၾကည့္ရတာ ထူးဆန္းလိုက္သလဲ။

  တစ္ခါတစ္ေလ ခ်င္ေရွာင္းကလသာေဆာင္(ဝရံတာ)မွာရပ္ၿပီး အသစ္ေဆာက္ထားတဲ့ငါးကန္အသစ္မွာ အနက္ေရာင္ေရသူေလး လြတ္လြတ္လပ္လပ္ေရကူးေနတာကိုၾကည့္ေနတတ္၏။

  ငါးကန္ႀကီးရွိၿပီးေနာက္ လင္ရွီးလူပုံစံေျပာင္းၿပီး ေျမေပၚမွာလမ္းသိပ္မေလွ်ာက္ေတာ့ပါေခ်။

  မေျပာင္းေတာ့ဘူးလို႔မဆိုလိုေပမယ့္ ခ်င္ေရွာင္းရွိေနတဲ့အခ်ိန္ဆိုသူမေျပာင္းေတာ့ေပ။ ခ်င္ေရွာင္းမရွိတဲ့အခ်ိန္ဆိုရင္ေတာ့ လင္ရွီးလူပုံစံေျပာင္းၿပီး ထိုင္ဖို႔နဲ႕စာဖတ္ဖို႔ ဥယ်ာဥ္ထဲကိုသြားတာ ဒါမွမဟုတ္ေခါင္မိုးထပ္ကိုတက္တာမ်ိဳး လုပ္ေလ့ရွိသည္။

သူနဲ႕ပတ္သတ္ၿပီး အခ်ိဳ႕လိုအပ္တာေတြရွိရင္ ပြင့္ပြင့္လင္းလင္းလုပ္လို႔ ခ်င္ေရွာင္းအရင္ကေျပာထားဖူးတာေၾကာင့္ လင္ရွီးယဥ္ေက်းမေနေတာ့ေပ။

  အိမ္ေမြးတိရစ္ဆာန္ေတြက အိမ္ေမြးတိရစ္ဆာန္ေတြရဲ႕တာဝန္ကိုသိတတ္ရမယ္လို႔ စူးရိအန္းကေျပာဖူးသည္။ သို႔ေသာ္ လင္ရွီးကသူ႕ကိုယ္သူအိမ္ေမြးတိရစ္ဆာန္လို႔ ဘယ္တုန္းကမွမေတြးဖူးေပ။
(T/N,. Su Rianကဘယ္သူလဲကိုယ္ရွာတာလုံးဝမေတြ႕ပါဘူး၊ ထင္တာကေတာ့pet trainerတို႔ ၊ petအေၾကာင္းေလ့လာသုံးသပ္သူတို႔လို petနဲ႕ဆိုင္တဲ့တစ္စုံတစ္ေယာက္ရဲ႕မွတ္ခ်က္ျဖစ္မယ္ထင္ပါတယ္)

သူ႕တြင္တစ္စုံတစ္ေယာက္ကယူလာေပးတဲ့ သက္ေတာင့္သက္သာရွိေသာဒန္းကေလးရွိ၏။ ႏူးညံ့တဲ့ကူရွင္ တစ္ခုကိုလည္းဒန္းကေလးေပၚမွာထားထားေပးသည္။

  လင္ရွီးကူရွင္ေပၚထိုင္ၿပီး သူ႕ေျခေထာက္ေတြကိုလႊဲရမ္းလိုက္ကာ ျဖဴသြယ္တဲ့ေျခေခ်ာင္းေလးေတြကို ေျဖေလွ်ာ့ဖို႔ဆန႔္ထုတ္လိုက္သည္။

တစ္ခါတစ္ရံ လင္ရွီးစာဖတ္ရင္းပင္ပန္းလာသည္ဟုခံစားရေသာအခါ ဒန္းေပၚတြင္လွဲ၍အိပ္တတ္သည္။

  ဒီေနရာကလူေတြနဲ႕ပက္သတ္ၿပီး လုံၿခဳံေရးတင္းၾကပ္ထားတာေၾကာင့္ မဖိတ္ပဲလာလို႔မရဘူးဆိုတာ လင္ရွီးသိသည္။ ခ်င္ေရွာင္းကိုေတာ့လင္ရွီး ေခါင္းမိုးတစ္ခုတည္းေအာက္က အတူေနသူအျဖစ္ ေစာင့္ၾကည့္ေနလိုက္၏။

  အတူေနထိုင္တဲ့ပါတနာက အိပ္ေပ်ာ္သြားတဲ့အခါမ်ိဳးတြင္ေတာ့ လင္ရွီးမလိုလားအပ္တဲ့ေစာင့္ၾကည့္မႈမ်ိဳးကို တျဖည္းျဖည္းခ်င္းေလွ်ာ့ခ်လိဳက္သည္။

  သူေစာင့္ၾကည့္ေနတဲ့သူက တစ္ကယ္ကိုရွင္းလင္းျပတ္သားတာကိုေတာ့ သူဝန္ခံရေပမည္။ အထိုက္အေလ်ာက္ေတာ့ လူေကာင္းတစ္ေယာက္ျဖစ္သည္။

   အကယ္၍သူသာေရသူမဟုတ္ပဲ လူသားတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ သူဖက္ဒရယ္စစ္တပ္ထဲကို လိုလိုလားလားဝင္လိုက္မယ္လို႔ လင္ရွီးေတြးေနခဲ့၏။ ျဖစ္နိုင္လွ်င္ ခ်င္ေရွာင္းလိုလူမ်ိဳးႏွင့္ တြဲလုပ္ခ်င္မိသည္။ အဲ့တာကအရမ္းကိုေက်နပ္စရာေကာင္းမယ္လို႔လည္း လင္ရွီးယုံၾကည္သည္။ အေျခခံအားျဖင့္ အဲ့တာကမျဖစ္နိုင္ေတာ့ပါေခ်။

   မဟာမိတ္စစ္တပ္ကခြန္အားနည္းတဲ့ေရသူေတြကို သူတို႔ရဲ႕စစ္သားအျဖစ္ ခြင့္ျပဳမွာမဟုတ္ေပ။

  သူအိပ္ေပ်ာ္သြားတဲ့အခါ လင္ရွီးအတိတ္ဘဝကျမင္ကြင္းအခ်ိဳ႕ကို အိပ္မက္မက္ခဲ့သည္။ အဲ့အခ်ိန္မွာသူက လူအျဖစ္နဲ႕ေပ်ာ္႐ႊင္တဲ့မိသားစုလည္းရွိၿပီး
သူ႕အဆင့္အတန္းကတျခားသူေတြကို အမိန႔္ေပးနိုင္ကာ သူ႕ေခါင္းေပၚကိုတက္နိုင္တဲ့သူလည္းတစ္ေယာက္မွ မရွိေပ။

  ဗီလိန္တစ္ေယာက္အေနႏွင့္ လင္ရွီးစာအုပ္ရဲ႕အဓိကဇာတ္ေဆာင္ႏွင့္ မၾကာခဏဆိုသလို ထိပ္တိုက္ေတြ႕ရေလ့ရွိသည္။

  တစ္ခါတစ္ရံလင္ရွီးအလြန္သိခ်င္မိ၏။ သူ႕ရဲ႕ႀကိဳတင္ျပင္ဆင္မႈေတြက မွားနိုင္စရာမရွိေပ။ အသိသာႀကီးကို အဓိကအမ်ိဳးသားဇာတ္ေဆာင္ကို ကိုင္တြယ္ေျဖရွင္းရတာမခက္ပါေခ်။ ဒါေပမယ့္အေရးႀကီးတဲ့အခ်ိန္တိုင္း တစ္ခ်ိဳ႕အမွားေတြျဖစ္လာတတ္၏။ အဲ့ဒီအခ်ိန္ေတြဆိုလင္ရွီးနားမလည္နိုင္ေပ။ အဓိကဇာတ္ေဆာင္ကကံေကာင္းတယ္လို႔သာ ေတြးနိုင္ေတာ့သည္။

  အရာအားလုံးၿပီးဆုံးသြားၿပီးေနာက္ လင္ရွီးကိုယ့္ကိုယ္ကို ေသနတ္ႏွင့္ပစ္ကာသတ္ေသခဲ့၏။ ထို႔ေနာက္သူ႐ုတ္တရက္ျပန္လည္နိုးထလာၿပီး ဘာေၾကာင့္အဓိကဇာတ္လိုက္က အခ်ိန္တိုင္းမေကာင္းတာေတြကိုေကာင္းတဲ့ကံၾကမၼာႏွင့္ေျပာင္းလဲနိုင္တာလဲဆို သူ႕မွာအဓိကဇာတ္လိုက္ရဲ႕ ေရာင္ဝါရွိေနလို႔ျဖစ္တဲ့အေၾကာင္းကို နားလည္သြားခဲ့သည္။

  ကမၻာတစ္ခုလုံးရဲ႕စည္းမ်ဥ္းဥပေဒေတြက အဓိကဇာတ္လိုက္ထံမွာ အလုပ္အေကြၽးျပဳေနရေပသည္။ သူ႕လိုဗီလိန္တစ္ေယာက္ကေတာ့ ဇာတ္လိုက္ရဲ႕လမ္းမွာေအာင်မြင်ဖို့အတွက်နင်းတက်မယ့် အနင္းခံေက်ာက္တုံးတစ္တုံးသာျဖစ္သည္။

  လင္ရွီးမေက်မနပ္ျဖစ္မိသည္။ အေတာ္ေလးကိုလိုလိုလားလားမရွိေတာ့တာ။ သူ႕ကိုတျခားသူအတြက္ ေျခနင္းတုံးအျဖစ္သတ္မွတ္ထားတဲ့ ဒီလိုကံၾကမၼာမ်ိဳးကိုေတာ့ လင္ရွီးဘယ္ေတာ့မွလက္ခံမွာမဟုတ္ဘူး။

  လင္ရွီးကိုယ္ထဲကအသံကို တစ္စုံတစ္ေယာက္ကၾကားသြားၿပီး လင္ရွီးကိုဒီကမၻာသို႔ပို႔လိုက္တာျဖစ္နိုင္သည္။

  အရင္ကမၻာကႏွင့္ယွဥ္လွ်င္ လင္ရွီးအရင္ကမၻာမွာနတ္ျပည္ကက်လာတဲ့ကေလးေလး(မိုးက်ေ႐ႊကိုယ္ဘဝ)လိုေမြးဖြားလာၿပီး ဒီေနရာမွာေတာ့ လူသားေတြထက္နိမ့္က်တဲ့ ေရသူအျဖစ္ကူးေျပာင္းဝင္ေရာက္ခဲ့ရသည္။

  သို႔ေသာ္ျငားကိစၥမရွိေပ။ တိတိက်က်ဆိဳရလွ်င္ လြတ္လြတ္လပ္လပ္ရွိတဲ့ဘဝကသာ ပိုၿပီးအဖိုးထိုက္တန္တာေၾကာင့္ျဖစ္သည္။ လြတ္လပ္မႈဆိုတာက သူ႕ကိုယ္ပိုင္ႀကိဳးစားအားထုတ္မႈႏွင့္ အမွတ္တရားကလာတာျဖစ္သည္။ အဲ့ဒီေန႕ရက္ေတြက အရမ္းလွပလိမ့္မယ္လို႔ လင္ရွီးယုံၾကည္သည္။

  ခ်င္ေရွာင္းကသိပ္ၿပီးဖိအားေပးၿခိမ္းေျခာက္ျခင္းမ်ိဳးမလုပ္တာေၾကာင့္ လင္ရွီးရဲ႕ထြက္ေျပးမယ့္အစီအစဥ္ကို ႏွေးလိုက္သည္။ ႏွေးေကြးသြားျခင္းက လင္ရွီးလြတ္ေျမာက္တဲ့အခါ သူ႕ကိုကူညီမယ့္ပစၥည္းေတြကို ပိုမိုစုေဆာင္းဖို႔ျဖစ္ၿပီး သူထြက္ေျပးမယ့္အစီအစဥ္ကို စြန႔္လႊတ္လိုက္တာမဟုတ္ေပ။

  စြန႔္လႊတ္ဖို႔ဆိုတာမျဖစ္နိုင္တဲ့အရာပင္။

  လင္ရွီးပင္လယ္ကိုျမင္ေတြ႕ခ်င္သည္။ ၿပီးေတာ့ပင္လယ္အနက္ထဲထိသြားခ်င္သည္။ ေရသူျဖစ္လာကတည္းက လင္ရွီးရဲ႕အေတြးေတြကို ေရသူမ်ိဳးစိတ္က လႊမ္းမိုးမႈအခ်ိဳ႕ရွိလာ၏။

  ေရသူဆိုင္ကေန ခ်င္ေရွာင္းအိမ္သို႔ေျပာင္းလာၿပီးေနာက္ ဘဝကဤကဲ့သို႔ျဖစ္သြားေလသည္။ လင္ရွီး အိပ္လိုက္စားလိုက္ႏွင့္ ေသဖို႔ထိုင္ေစာင့္ေနသည့္ေန႕ရက္ေတြအေၾကာင္းသာ ေျပာနိုင္၏။

  ဒီလိုဘဝမ်ိဳးက တစ္လေက်ာ္ၾကာသြားသည္။

အဲ့ဒီညက တစ္စုံတစ္ခုျဖစ္ပ်က္သြားခဲ့၏။ အတိအက်ဆိဳရေသာ္ သူအိပ္မက္ဆိုးမက္ခဲ့သည္။

  သူ႕အိပ္မက္ထဲမွာ ေသြးေတြႏွင့္ဖုံးလႊမ္းၿပီး ၾကမ္းျပင္မွာလဲက်ေနကာ သူ႕ကိုၿပဳံးျပေနတဲ့အညိုေရာင္ေရသူေလးကို သူေတြ႕ခဲ့ရသည္။ အညိုေရာင္ေရသူေလးရဲ႕ကိုယ္က ေသြးေတြကၾကမ္းျပင္တစ္ခုလုံးကို အနီေရာင္ေတာက္ေတာက္ျဖစ္ေအာင္ျခယ္ထားသည္။

  ေရသူေလး၏ေအာက္ပိုင္းရွိငါးအျမႇီးက အေၾကးခြံေတြကေနရာတိုင္းမွာ ပ်က္စီးေနၿပီးဒဏ္ရာေတြရဲ႕ေအာက္မွာ အနီေရာင္ေတာက္ေတာက္အသားေတြကိုပါျမင္ေနရသည္။

  အညိုေရာင္ေရသူေလးရဲ႕က်က္သေရရွိၿပီးခ်စ္ဖို႔ေကာင္းတဲ့မ်က္ႏွာေလးတြင္ အတြင္းေၾကဒဏ္ရာမ်ားႏွင့္ဖူးေယာင္ေနၿပီး ႏူးညံ့တဲ့လည္တိုင္မွာလည္းအနီပုပ္ေရာင္ ညွစ္ရာႀကီးရွိေနသည္။

ေရသူေလးရဲ႕မ်က္လုံးတစ္ဖက္ကလည္း ခရမ္းျပာေရာင္(အညိုမည္းစြဲ)ျဖစ္ေနၿပီး ဖြင့္လို႔မရေပ။ သူက်န္ေနေသးတဲ့မ်က္လုံးတစ္ဖက္ႏွင့္ လင္ရွီးကိုၾကည့္ေနေပသည္။ အိပ္မက္မွန္းသိေနေပမယ့္ လင္ရွီးအညိုေရာင္ေရသူေလးက တကယ္ကိုလူမဆန္စြာရိုက္ႏွက္ခံထားရတယ္လို႔ ခံစားမိ၏။

ေရသူေလးကလင္ရွီးကိုၾကည့္ကာ လင္ရွီးထံသူ႕လက္ကိုဆန႔္ထုတ္လိုက္သည္။ ေသြးေတြကတစ္ကိုယ္လုံး႐ႊဲေနေပမယ့္ ေရသူေလးကလင္ရွီးကိုၿပဳံးျပေနဆဲပင္။

  "ေရွာင္ေဟး..."သူလင္ရွီးနာမည္ကိုေခၚလိုက္၏။ လင္ရွီးေခၚသံကိုၾကားၿပီးေနာက္ ေရသူေလးထံေလွ်ာက္သြားလိုက္သည္။ ဒါေပမယ့္လင္ရွီးငုတ္တုပ္ထိုင္ခ်လိဳက္ၿပီး ေရသူေလးရဲ႕လက္ကိုကိုင္လိုက္တဲ့အခါ ေၾကာက္စရာအမာ႐ြတ္ေတြႏွင့္ျပည့္ေနသည့္လက္ကေလးက ၾကမ္းျပင္ေပၚအရွိန္ျပင္းျပင္းျပဳတ္က်သြားေလသည္။

  ေရသူေလးရဲ႕ကိုယ္ကေနထြက္လာတဲ့ေသြးေတြထဲျပဳတ္က်သြားတာေၾကာင့္ ေသြးေတြကျဖာထြက္လာၿပီး တိတ္တဆိတ္နဲ႕လ်င္လ်င္ျမန္ျမန္ လင္ရွီးေျခေထာက္ေတြဆီျပန႔္က်ဲလာသည္။

  ေသြးေတြကအသက္ရွိေနသလို လင္ရွီးေျခေထာက္ေပၚတက္လာကာ အဆိပ္ျပင္းတဲ့ေအးစက္စက္ေႁမြတစ္ေကာင္လို လင္ရွီးကိုရစ္ပတ္ထားေလသည္။ လင္ရွီးလ်င္အျမန္ပင့္သက္ခ်လိဳက္ၿပီး အသက္ျပင္းျပင္းရႉလိုက္၏။

လင္ရွီးအိပ္မက္ဆိုးမွ႐ုတ္တရက္လန႔္နိုးလာသည္။ သူ႕ခႏၶာကိုယ္ကအနည္းငယ္တုန္ယင္ေနၿပီး သူ႕ေခါင္းကိုလွည့္ကာပတ္ဝန္းက်င္ကို လွည့္ၾကည့္လိုက္၏။ သူကဒန္းေပၚမွာေကြးအိပ္ေနၿပီးစာအုပ္ကသူ႕ဗိုက္ေပၚတြင္ရွိေနသည္။ ဗိုက္ေပၚမွာတစ္ခုခုဖိထားရင္ အိပ္မက္ဆိုးမက္ဖို႔လြယ္ကူတယ္လို႔ေျပာၾကသည္။

  (T/N - ကိုယ္ေတြနဲ႕ေျပာင္းျပန္ေနာ္ကိုယ္ေတြဆီမွာ ကေလးေလးေတြလန႔္မွာစိုးလို႔ရင္ဘတ္ေပၚေစာင္ေလးဖိထားေပးတာ)

  သူစာအုပ္ကိုေဘးမွာခ်လိဳက္၏။ လင္ရွီးဒန္းအစြန္းကိုေထာက္ကန္ကာ ဆင္းလိုက္သည္။ ဗလာျဖစ္ေနတဲ့သူ႕ရဲ႕ေျခေထာက္ေတြက ႏူးညံ့တဲ့ေကာေဇာေပၚနင္းလိုက္ေပမယ့္ သူ႕ေနာက္ေက်ာကိုေျဖာင့္တန္းၿပီးေက်ာကိုမတ္လိုက္ခ်ိန္ သူ႕ေခါင္းထဲမူးေဝၿပီးမ်က္လုံးမ်ားျပာသြားတာကို ခံစားလိုက္ရသည္။

"ေရွာင္ေဟး...."အားေပ်ာ့တဲ့ေခၚသံႏွင့္ လင္ရွီးကိုေခၚလိုက္၏။ လင္ရွီးဒန္းကိုဖမ္းကိုင္ကာ မ်က္လုံးကိုျဖည္းညွင္းစြာမွိတ္လိုက္၏။

မူးေဝျခင္းကေနတျဖည္းျဖည္းသက္သာလာတဲ့အခါ လင္ရွီးမတ္တပ္ထပ္ရပ္လိုက္ျပန္သည္။

  "ေတာင္းပန္ပါတယ္...၊ငါ...မင္းကိုေတြ႕လို႔မရေတာ့ဘူး" ဒီတစ္ႀကိမ္မွာေတာ့ တစ္စုံတစ္ေယာက္ကလင္ရွီးရဲ႕နား နားမွာကပ္ၿပီးတိုးတိုးေလးေျပာေနသလို အသံကပိုၿပီးသိသာရွင္းလင္းလာခဲ့သည္။

  လင္ရွီးရဲ႕မ်က္ဆံေတြက႐ုတ္တရတ္က်ဳံ႕သြားၿပီး ပတ္ပတ္လည္ကိုေနာက္တစ္ႀကိမ္သူထပ္ၾကည့္လိုက္ျပန္သည္။ ေခါင္မိုးထပ္တစ္ခုလုံးတြင္ သူတစ္ေယာက္ထဲသာရွိသည္။

  နားထဲမွာၾကားရတဲ့အသံက လင္ရွီးအတြက္ရွင္းရွင္းလင္းလင္းျဖစ္႐ုံသာျဖစ္ၿပီး အဲ့တာကအညိုေရာင္ေရသူေလးရဲ႕အသံျဖစ္သည္။

လင္ရွီးအသံထဲကအဆုံးမရွိတဲ့ ဝမ္းနည္းမႈေတြကိုခံစားလို႔ရေန၏။ လင္ရွီးသူ႕လက္ဖဝါးကိုၾကည့္ၿပီး လက္ေခ်ာင္းေတြကိုေကြးလိုက္သည္။ ဘာ့ေၾကာင့္ဒီလိုအိပ္မက္ကိုမက္ရတာလဲ။ ဒီအိပ္မက္ကထူးဆန္းၿပီး အစစ္အမွန္လိုခံစားေနရသည္။

အသက္ရႉတဲ့ေလထဲမွာေတာင္ လင္ရွီးေသြးနံ႕ကိုရေနသလိုခံစားရၿပီး ျပင္းထန္တဲ့အနံ႕စူးစူးရွရွက သူ႕ကိုမသက္မသာျဖစ္ေစသည္။

  ေကာင္းကင္ကမဲေမွာင္လာၿပီး မိုးကဘယ္အခ်ိန္မဆိုသည္းႀကီးမဲႀကီး႐ြာခ်ေတာ့မည့္ပုံေပါက္ေနသည္။ လင္ရွီးအေပၚထပ္ကေန ေအာက္ထပ္သို႔ဆင္းလာၿပီး ဥယ်ာဥ္ထဲရွိငါးကန္သို႔သြားလိုက္သည္။

  ထိုအရာကအိပ္မက္တစ္ခုသာျဖစ္ၿပီး အစစ္အမွန္ကိုအိပ္မက္လို မက္ဖို႔ဆိုတာကမျဖစ္နိုင္ေပ။ အဲ့ဒီလိုမ်ိဳးျဖစ္လာရင္ေတာ့ ဒီခႏၶာကိုယ္က အစြမ္းေတြရွိေနလားဆိုတာကို သူမရွင္းျပတတ္ပါေခ်။ ေသခ်ာေပါက္ေတာ့ ဒီလိုအေျခအေနမ်ိဳးကျဖစ္လာမွာမဟုတ္ေပ။

  လင္ရွီးအဝတ္ေတြခြၽတ္ၿပီးေရထဲခုန္ဆင္းလိုက္၏။ အရင္ကေရေအာက္မွာေရကူးတုန္းကႏွင့္မတူစြာ လင္ရွီးႏွလုံးသားကိုဇေဝဇဝါျဖစ္ေစေသာ အလႊာပါးေလးတစ္လႊာကဖုံးအုပ္ထားသည္။ ထိုအခ်ိန္တြင္ ကန္ထဲကေရေတြကေသြးေတြလို အနီေရာင္ေတာက္ေတာက္ျဖစ္လာ၍ လင္ရွီးေရထဲမွထြက္လိုက္သည္။ ထို႔ေနာက္တြင္ေတာ့ေရက ျပန္လည္ၾကည္လင္သြား၏။

လငိရွီးမ်က္ေမွာင္ၾကဳတ္ကာ ဒါကတစ္ခုခုျဖစ္လာေတာ့မည့္ နမိတ္လားဆိုတာကိုအေလးအနက္ထား၍စဥ္းစားမိသည္။

  ေရထဲမွာေမ်ာေနရင္း အေတြးထဲမွာအညိုေရာင္ေရသူေလး၏ေသြးလႊမ္းေနသည့္ျမင္ကြင္းကို ရွင္းရွင္းလင္းလင္းျဖစ္ေအာင္ ဘယ္လိုပဲပုံေဖာ္ဖို႔ႀကိဳးစားပါေစ အဆုံးထိကိုအက်ိဳးသက္ေရာက္မႈကနည္းလြန္းသည္။ ဒီလိုသာတစ္ခ်ိန္လုံးျဖစ္ေနမယ္ဆို လင္ရွီးေသခ်ာေပါက္အိပ္ေပ်ာ္ဖို႔ ခက္ေပလိမ့္မည္။

  ထိုအေၾကာင္းေတြးေတာၿပီးေနာက္ လင္ရွီးအဲ့တာကိုအတည္ျပဳနိုင္ဖို႔အတြက္ အခြင့္အလမ္းရွာရန္ဆုံးျဖတ္လိုက္သည္။

  တစ္နည္းအားျဖင့္လင္ရွီးက အနည္းငယ္တစ္ကိုယ္ေကာင္းဆန္တတ္သူျဖစ္ၿပီး အညိုေရာင္ေရသူေလး၏အေျခအေနကိုသိခ်င္မိသည္။

  ဒီလိုေတာက္ပတဲ့အၿပဳံးနဲ႕ေကာင္ေလးကို ေလာကႀကီးကႏူးႏူးညံ့ညံ့ ဆက္ဆံေပးသင့္သည္။ ဒီအိပ္မက္ဆိုးမက္ခဲ့ေၾကာင္းကို လင္ရွီးဖုံးကြယ္ထားလိုက္သည္။ သူအိပ္မက္ဆိုးမက္ေနတာကို႔ လက္ရွိသူ႕ပိုင္ရွင္မေျပာနိုင္ေသးေပ။ သူအိပ္မက္ကေနနိုးထလာတာေတာင္ စိတ္ပူေနေသးတာေၾကာင့္ သူ႕သူငယ္ခ်င္းေဟာင္းရဲ႕အေျခအေနကို သိခ်င္မိ၏။
 
  ဘယ္လိုပဲၾကည့္ၾကည့္အသံကထူးဆန္းလွသည္။ လင္ရွီးညွိႏွိုင္းမႈလုပ္ရေပမည္။ သူႏွင့္အညိုေရာင္ေရသူေလးက ေရသူအေရာင္းဆိုင္မွာအခင္ဆုံးသူငယ္ခ်င္းေကာင္းေတြလို႔ေျပာလို႔ရသည္။ သူငယ္ခ်င္းတစ္ေယာက္အေနနဲ႕တစ္ဖက္လူက ဘယ္လိုေနလဲဆိုတာသိခ်င္တာကို နားလည္ေပးဖို႔လြယ္ကူသည္။

  လင္ရွီးဒီကိစၥေတြကိုခ်င္ေရွာင္းဆီ အစပ်ိဳးၿပီးေျပာျပတဲ့အခါ ခ်င္ေရွာင္းကလင္ရွီးကိုထူးဆန္းတဲ့မ်က္လုံးေတြႏွင့္ၾကည့္လာသည္။ သူလင္ရွီး၏အမူအရာကိုဂ႐ုတစိုက္ ေစာင္းၾကည့္လိုက္သည္။

အဲ့ဒီေန႕တုန္းကသူလင္ရွီးကို ေရသူအေရာင္းဆိုင္မွာေတြ႕ခဲ့ျမင္ကြင္းကိုသတိရေနေသးသည္။ အဲ့ဒီမွာအညိုေရာင္အျမႇီးႏွင့္ေရသူလည္းရွိေနသည္။

  သို႔ေပမယ့္လည္းအဲ့ဒီေရသူေလးက လင္ရွီးထြက္သြားမွာကိုအင္တင္တင္ျဖစ္ေနပုံရေပမယ့္ လင္ရွီးကိုၾကည့္ရတာအဲ့ဒီေရသူေလးႏွင့္မရင္းႏွီးတဲ့ပုံပင္။

လင္ရွီးမ်က္ႏွာမွာလိမ္ေျပာေနတဲ့အရိပ္အေယာင္ေတြမရွိေပ။ ဒါေပမယ့္ လင္ရွီးသူ႕ခံစားခ်က္ေတြကိုနက္နက္ရွိုင္းရွိုင္းသိုဝွက္ထားၿပီး ေဖာ္ျပဖို႔အဆင္မေျပတာျဖစ္နိုင္သလို ဒါမွမဟုတ္ သူ႕ေရသူေလးကလိမ္ေနတာလည္းျဖစ္နိုင္သည္။

  ဘယ္ဟာပဲျဖစ္ျဖစ္ ခ်င္ေရွာင္းျငင္းဆန္ဖို႔ရည္႐ြယ္ခ်က္မရွိေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ သူသာလင္ရွီးရဲ႕သူငယ္ခ်င္းေလးျဖစ္သည့္ အညိုေရာင္ေရသူေလးကိုရွာေတြ႕ခဲ့မယ္ဆိုရင္ လင္ရွီးဘယ္လိုျပဳမူမယ္ဆိုတာကို သူတကယ္သိခ်င္တာေၾကာင့္ျဖစ္သည္။

သူႏွင့္အတူေနၿပီးေနာက္ ဒါကေရသူေလးသူ႕ကိုေတာင္းဆိုခဲ့သည့္ ေတာင္းဆိုခ်က္အနည္းငယ္ထဲကတစ္ခုျဖစ္သည္။

ေရသူေလးအရင္ကလည္းေတာင္းဆိုဖူးေပမယ့္ 'ေတာင္းဆိုတယ္' ဆိုတဲ့အရာထက္ 'လိုခ်င္တယ္'လို႔ သုံးတာကပိုေကာင္းေပသည္။

လူေတြရဲ႕စိတ္သေဘာထားဟာ တစ္ခါမွမထိေတြ႕ဖူးတဲ့အရာဝတၳဳအသစ္နဲ႕ဆိုလွ်င္ ဆြဲေဆာင္ရအင္မတန္လြယ္ကူလွသည္။ ေရသူေလးနဲ႕ပတ္သတ္ၿပီးျငင္းဆန္လို႔မရတဲ့ အခ်က္တစ္ခ်က္ရွိတာသူဝန္ခံပါတယ္။ ခ်င္ေရွာင္းကအျပင္မွာေနၿပီး ခဏခဏအိမ္မျပန္ျဖစ္ရင္ေတာင္ အိမ္မွာ႐ုတ္တရက္ႀကီးလူမ်ားလာခဲ့သည္။ ေရသူေလးကေသးေသးသြယ္သြယ္ေလးျဖစ္ေပမယ့္လည္း ခ်င္ေရွာင္းႏွလုံးသားကိုလွိုင္းထေစတုန္းပင္။

  "မင္းသူ႕ကို ေတြ႕ခ်င္လား" လင္ရွီးကသူ႕သူငယ္ခ်င္းအေျခအေနကိုသိခ်င္ေၾကာင္းသာေျပာခဲ့ၿပီး သူ႕သူငယ္ခ်င္းကိုေတြ႕ခ်င္ေၾကာင္း တိုက္ရိုက္မေျပာခဲ့တာေၾကာင့္ ခ်င္ေရွာင္းျပန္ေမးလိုက္သည္။

လင္ရွီးရဲ႕တည္ၿငိမ္ေနသည့္မ်က္လုံးမ်ားက အနည္းငယ္မတည္မၿငိမ္ျဖစ္သြားၿပီး ခ်င္ေရွာင္း၏ အလြန္အမင္းဖိႏွိပ္နိုင္သည့္ အၾကည့္ေအာက္မွာျပန္ေျဖလိုက္၏။

  "ျဖစ္နိုင္ရင္ေပါ့..."

  "ေကာင္းၿပီ၊ ကိုယ္မင္းကိုသူနဲ႕ေတြ႕ခြင့္ေပးမယ္" ခ်င္ေရွာင္းေခါင္းၿငိမ့္ကာ သေဘာတူလိုက္၏။

"ခင္မ်ားကို ေက်းဇူးတင္ပါတယ္" လင္ရွီး အဝတ္အစားေတြကိုဝတ္လိုက္သည္။ အဘယ့္ေၾကာင့္ဆိုေသာ္ လင္ရွီးခ်င္ေရွာင္းႏွင့္အလုပ္ကိစၥေတြကိုေျပာရဦးမွာ ျဖစ္တာေၾကာင့္ သူလူသားေတြလိုျပဳမူဖို႔လိုသည္။

  လင္ရွီးအဲ့တာ (လူေတြလိုေနဖို႔)ကို အစမပ်ိဳးခဲ့ေပမယ့္ ခ်င္ေရွာင္းကအိမ္သို႔လင္ရွီးႏွင့္သင့္ေတာ္မည့္ ဝတ္စုံအမ်ားအျပားပို႔ေပးရန္ သူ႕လူေတြကိုေျပာလိုက္သည္။

အခုဆိုရင္လင္ရွီး၏အဝတ္အစားေတြက ေပ်ာ့ေျပာင္းကာသက္ေတာင့္သက္သာရွိၿပီး ေရသူေလးရဲ႕အသားအရည္က လူသားပုံစံႏွင့္ေတာင္ႏူးညံ့ေနတုန္းျဖစ္သည္။

ၾကည့္ရတာကိစၥအမ်ားစုက အလြယ္ေလးႏွင့္ၿပီးသြားပုံပင္။ ခ်င္ေရွာင္း၏အဆင့္အတန္းႏွင့္ဆိုလွ်င္ အညိုေရာင္ေရသူေလးကို သူႏွစ္ရက္အတြင္းေတြ႕ရမယ္ဆိုတာ လင္ရွီးယုံၾကည္၏။

အဲ့အခ်ိန္မွာျဖစ္ေနမည့္ျမင္ကြင္းကို ျမင္ေယာင္ၾကည့္လိုက္။ အညိုေရာင္ေရသူေလးက စိတ္လႈပ္ရွားၿပီးငိုေတာင္ငိုနိုင္သည္။

လင္ရွီးရဲ႕ႏွလုံးသားေလးစိတ္သက္သာရာရေနတုန္း ႐ုတ္တရတ္ႀကီး တစ္ခဏေလာက္တိတ္ဆိတ္ေနသည့္ခ်င္ေရွာင္းက စကားတစ္ခြန္းထပ္ေျပာလာသည္။

  အဲ့ဒီစကားကလင္ရွီးကို ရွားရွားပါးပါးအံ့အားသင့္တဲ့အမူအရာျဖစ္ေအာင္ ေအာင္ျမင္စြာလုပ္ေဆာင္နိုင္ခဲ့သည္။

  ခ်င္ေရွာင္းေျပာခဲ့တဲ့စကားက -

"ကိုယ္မင္းကို ကူညီမယ္၊ ကိုယ္လုပ္ေပးတဲ့အရာေတြအတြက္ေတာ့ မင္းတစ္ခုခုျပန္လုပ္ေပးသင့္တယ္မလား....။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#28.9.2022

ကိုယ္အေႂကြးေတြျပန္ဆပ္မွာပါ😣😣

Continuer la Lecture

Vous Aimerez Aussi

241K 12.9K 80
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
2.4M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
567K 73.2K 102
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引