မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး...

By haymarnchitwai

161K 19.7K 1K

ဒီ Novel လေးက တော့ တော်တော်များများ ဖတ်ဖူးပြီးဖြစ်လောက်မှာပါ ထွေထွေထူးထူးတော့မပြောတော့ပါဘူး ကိုယ်က 112 to co... More

Note!!
( 112.1 )
( 112.2 )
( 113 )
( 114 )
( 115 )
( 116 )
( 117 )
( 118.1 )
( 118.2 )
( 119.2 )
( 120 )
( 121.1 )
( 121.2 )
( 122.1 )
( 122.2 )
( 123 )
( 124 )
( 125 )
( 126 )
( 127 )
( 128 )
( 129 )
( 130 )
( 131 )
( 132.1 )
( 132.2 )
( 133 )
( 134 )
( 135 )
( 136 )
( 137 )
( 138 )
( 139 )
( 140 )
( 141 )
( 142 )
( 143 ) Extra [လျန်ရှန့်]
( 144 ) Extra
( 145 ) Extra
( 146 ) Extra
( 147 ) Extra
( 148 ) Extra
Hello

( 119.1 )

2.8K 428 19
By haymarnchitwai

UNICODE
အမျိုးသမီး‌ဇာတ်ပို့နေရာပြောင်းလဲသွားသည့် သတင်းသည် မကြာခင်မှာပဲ ထွက်ရှိလာသည်။

မူလက အင်တာနက် ဆယ်လီတစ်ယောက်ဖြစ်သည့် ကျင်းရှောင်ရုံ၏ ဂုဏ်သတင်းနှင့် public comments တွေသည် အရမ်းမကောင်းဘဲရှိနေပြီး သူမအကြောင်းပြောကြသည့် topic တွေသည် ကျန်းထျန်ကိုမယှဉ်နိုင်ပေ။ယခုတော့ သူမသည် ကျန်းထျန်၏ကျော်ကြားမှုကို တမင်တကာအပုတ်ချသည်ဟုတစ်ခြားလူတွေထင်လာအောင် သတင်းထောက်များရှေ့တွင် မျက်ရည်ချူပြနေလေသည်။နောက်ဆုံးတော့ သူမအရင်ကလဲ ဒီလိုလုပ်ဖူးလေသည်။ ချန်ကျင်းရဲ့နည်းလမ်းကမှ ကျင်းရှောင်ရုံထက် ပိုတည်ငြိမ်သေးပေသည်။သူမက တိုက်ရိုက်အပြစ်မတင်ခဲ့သလို Weibo ပေါ်မှာလည်း ပိုစ့်မတင်ခဲ့ဘူး။သူမသည် အပြစ်ကင်းဟန်ဆောင်ကာ နောက်ကွယ်ကနေ မီးလောင်ရာလေပင့်နေလေသည်။ကျန်းထျန်သည် သူမ၏နောက်ခံအဆက်အသွယ်ကိုအသုံးပြုပြီး လုပ်ချင်ရလုပ်နေသော စွမ်းဆောင်ရည်နှင့်ပညာမရှိသည့် ဇာတ်ညွှန်းရေးဆရာအသစ်လေးသာဖြစ်ကြောင်း မီဒီယာတွေကို ထုတ်ဖော်စေသည်။

ဒီမှတ်ချက်က တော်တော်ကို သိသာပါသည်။

တစ်ရက်တည်းမှာပဲ၊ [ကျန်းထျန်က ရိုက်ကွင်းမှာ ချန်ကျင်းကို မျက်နှာပျက်အောင်လုပ်ခြင်း] နဲ့ပတ်သက်တဲ့ သတင်းတွေ နေရာအနှံ့ ပြန့်နှံ့သွားပြီး ရိုက်ကွင်းကို လာရောက်လည်ပတ်သည့်ပါပါရာဇီ အရေအတွက်ဟာ ငါးဆတိုးလာပါတော့သည်။ထို့အပြင် ကျန်းထျန်၏ မော်ဒန်ဒရာမာအသစ်သည် ရှာဖွေမှုအများဆုံးကိုရောက်သွားပြီး ဖြတ်သွားဖြတ်လာ အင်တာနက်အသုံးပြုသူများ၊ anti-fan များ သို့မဟုတ် သူမ၏ပရိသတ်အဖွဲ့များပင်ဖြစ်စေကာမူသူတို့အားလုံးသည် သူမ၏ပထမဆုံးဒရမ်မာကို အာရုံစိုက်လာခဲ့ကြသည်။ဟုတ်ပါတယ် သူတို့ထဲကတော်တော်များမျာဟာ ပွဲကောင်းတစ်ခုကို ကြည့်ဖို့လာကြတာဖြစ်ပြီး သူမဘယ်လိုဒုက္ခရောက်နေတာလဲဆိုတာကိုကြည့်ဖို့ရည်ရွယ်ချက်တွေနဲ့ လာကြတာဖြစ်သည်။

ပုံမှန်အားဖြင့် ကျန်းထျန်သည် ဒီလူတွေသူတို့ဆန္ဒပြည့်အောင် ခွင့်မပြုပေးချင်တာကြောင့် သူမပြင်းပြင်းထန်ထန် အလုပ်ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။သတင်းထောက်တွေက သူမကိုလှောင်ပြောင်ဖို့ကြိုးစားရင် သူမက သဘောထားကြီးပြီး ဖြူစင်သည့်အပြုံးလေးနှင့်သာတုံ့ပြန်လေသည်။

ကျန်းထျန်နှင့်ယှဉ်ရင် ချူယီကမှပိုပြီးအလုပ်ကြိုးစားပေသေးသည်။

ကျန်းထျန်သည် နှစ်ပတ်ကြာခရီးထွက်ခဲ့တာဖြစ်သည်။ပထမတစ်ပတ်ကတော့ အဆင်ပြေနေသေးပေသည်။သူ၏ ညီငယ် ညီမငယ်လေးများသည် အလွန်နာခံကြပြီး Xiao Gao သည် သူတို့၏နေ့စဉ်ဘဝများကို ဂရုစိုက်လေ့ရှိသည်။ဒါကြောင့် သူတို့ဒယ်ဒီဟာ ဒါနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမလိုပေ။သို့သော်လည်း ဒုတိယအပတ်မှာတော့ သူတို့မာမီ၏စည်းကမ်းတွေနဲ့ကင်းကွာနေသည့် ဂေါ်ဖီထုတ်လေးနှစ်ထုတ်သည် သူတို့၏ကာလာအစစ်အမှန်ကို ထုတ်ပြလာကြသည်။

မနက်ခြောက်နာရီဝန်းကျင်လောက်မှာ ချူယီ အိပ်ယာထပြီးရေ‌ချိုးလိုက်သည်။ပြီးနောက် သူ့အိပ်ယာကိုသိမ်းလိုက်ပြီး နောက်ဆုံးမှာစာကြည့်လိုက်သည်။စာကြည့်ပြီးသည့်နောက်မှာ တစ်ဖက်ခန်းရှိ သူ့ညီလေး၏အခန်းတံခါးကို သူသွားခေါက်ခဲ့သည်။

လျန်ရှန်းမထသေးမှန်း သိတဲ့အတွက်ကြောင့် ချူယီတံခါးကို တွန်းဖွင့်လိုက်သည်။

အခန်းထဲရှိကန့်လန့်ကာတွေကို တင်းတင်းကျပ်ကျပ်ပိတ်ထားကာ အရုပ်တွေသည် ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေပြီး ကျိုးပဲ့နေသည့်အနီရောင်ရွံ့စေးတွေထွက်ကျနေသည့် ကျောင်းလွယ်အိတ်သည် အ‌ဝတ်အစားတွေအောက်မှာရောနှောနေသည်။ချူယီသည် လျန်ရှန့်အိပ်ပျော်နေသည်ကို တည်ငြိမ်စွာကြည့်ရင်းကုတင်ဘေးနားသို့ လျှောက်လာခဲ့သည်။သူသည် ကြယ်ငါးပုံစံအတိုင်းအိပ်နေပြီး စောင်ကို ကုတင်တစ်ဖက်သို့ ကန်ထုတ်ထားသည်။ပိုဆိုးတာက ဝက်ပေါက်လေးသည် စောင်ပေါ်မှာ ဆေးခြယ်ထားသေးသည်။

သန့်ရှင်းပြီး စေ့စပ်တင်းကျပ်တာကို နှစ်သက်သည့် virgo တစ်ယောက်အနေနှင့် ငယ်ရွယ်သည့် ချူယီလေးဟာ ဒီမြင်ကွင်းကြောင့် အသက်ရှူကျပ်တော့မည်ဟု ခံစားလိုက်ရသည်။

သူတို့မာမီ အိမ်မှာရှိတုန်းဆိုရင် သူ့ညီငယ်ညီမငယ်လေးတွေသည် အလွန်လိမ္မာရေးခြားရှိပြီး နာနာခံခံရှိကြလေသည်။သူတို့ဟာ ဒီလိုဖွတာမျိုးမလုပ်ကြသလို အရာဝတ္ထုတွေအပေါ်မှာ ရေးခြစ်တာမျိုးကိုလဲ မလုပ်ကြပေ။အခုတော့ရက်အနည်းငယ်ပဲရှိသေးသည် သူတို့၏ပုံစံအစစ်အမှန်ကို ပြသပြီးနေကြပြီဖြစ်သည်။

ချူယီသည် အသက်ပြင်းပြင်းရှူလိုက်ပြီး အခန်းထဲကို ဝင်လိုက်လေသည်။သူသည် ကြမ်းပြင်ပေါ်ရှိအရုပ်များကို ကောက်ယူလိုက်ကာ အရုပ်သေတ္တာထဲသို့ထည့်လိုက်ပြီး လိုက်ကာဖွင့်ရန် လျှောက်သွားလိုက်သည်။

စူးရှတောက်ပသော အလင်းရောင်သည် ပြတင်းပေါက်မှဖြတ်ဝင်လာပြီး ကုတင်ပေါ်တွင် လဲလျောင်းနေသော လျန်ရှန့်သည် မျက်မှောင်ကြုတ်လိုက်မိသည်။သူသည် တစ်ဖက်ကိုလှည့်လိုက်ပြီး သူရဲ့ဖင်လုံးလုံးလေးတွေနှင့် ချူယီကိုမျက်နှာချင်းဆိုင်စေလိုက်သည်။လျန်ရှန့်၏ညအိပ်ဝတ်စုံက ဝက်ဝံရုပ်သေးသေးလေးနှင့် သူ့တင်ပါးလေးမှာ ကွက်နေသော ရေကွက်ဧရိယာအကြီးကြီးကို ချူယီသတိပြုမိလိုက်ပေသည်။

.......ဒီရေတွေက အိပ်ယာကိုပါစိုစေခဲ့သည်။

"လျန်ရှန့်၊မြန်မြန် ထစမ်း!"

ချူယီသူ့ပခုံးလေးကို လှုပ်နှိုးလိုက်သည်။

လျန်ရှန့် ၏ မျက်တောင်များ တုန်လှုပ်သွားပြီး မှိန်းခနဲ အိပ်ရာမှ နိုးလာသည်။သူ့မျက်လုံးတွေကိုတစ်ဝက်မှိတ်ပြီး သူနောက်ထပ်ပြန်အိပ်ချင်နေပြန်သည်။

ချူယီ သူ့ကိုအမြန်ဆွဲထူလိုက်ပြီး "မင်း အိပ်ယာတွေကို စိုစေသွားပြီ!"

အိပ်ယာတွေ စိုသွားတာ......

လျန်ရှန့်သည် သူ့မျက်နှာပေါ်က သွားရည်တွေကိုမသုတ်ခင် သူ့မျက်တောင်လေးတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူ့ခေါင်းကိုရမ်းလိုက်ပြီး ညည်းညူလိုက်သည်။

"ဘယ်သူက အိပ်ယာတွေကို စိုစေတာလဲ?"

ချူယီ အိပ်ယာပေါ်က အကွက်ကြီးကိုညွှန်ပြလိုက်ရင်း အမူအရာမဲ့စွာပြောလိုက်သည်။
"မင်း "

လျန်ရှန့်၏မျက်‌လုံးတွေသည် ပေါက်ထွက်လုနီးပါး ပြူးကျယ်သွားပြီး ချူယီကိုကြည့်လိုက်သည်၊ ပြီးတော့ သူ့အိပ်ယာပေါ်ကိုကြည့်လိုက်ပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်က ညအိပ်ဝတ်စုံလေးကို ကြည့်လိုက်သည် ပြီးတော့.....

"......."

"..................."

"Ahhhhhhhhh--!!"

သူအိပ်ယာတွေကို စိုစေမိပြီ။

သူ ဒိုက်ဘာဝတ်တာ ရပ်ဖို့ လုံလောက်တဲ့ အချိန်ထဲက သူအိပ်ယာပေါ်မှာ ဘယ်တော့မှ ရှူးပေါက်မချဖူးဘူး။

လျန်ရှန့်၏နှုတ်ခမ်းလေးငိုက်ကျသွားပြီး သူ့မျက်လုံးတွေသည် မျက်ရည်တွေနှင့်ပြည့်နှက်သွားသည်။နောက်တစ်စက္ကန့်လောက်နေတော့ သူကျယ်လောင်စွာ ငိုချလိုက်တော့သည်။

"ဝူး ဝူး ဝူး !"

ယခု သူ့ညီငယ်လေး ရှက်ပြီးငိုနေသည်ကိုမြင်လိုက်ရသည့် ချူယီသည် အကူအညီမဲ့မှုကိုခံစားနေရပြီး သူ့အပြုံးတွေကို ထိန်းမထားနိုင်တော့ပေ။မကြာခင်မှာဘဲ သူ့အပြုံးကို ရပ်လိုက်ပြီး ရှေ့သို့ လျှောက်သွားကာ လျန်ရှန့်ကို ဖက်လိုက်သည်။

"လျန်ရှန့် ဘာမှမဖြစ်ဘူး၊ မငိုနဲ့တော့"

"သူရဲကောင်းတွေက သူတို့အိပ်ယာကိုစိုအောင်မလုပ်ဘူး။ သားက ဒီထက်ပိုပြီး သူရဲကောင်းမဟုတ်တော့ဘူး! သားက ဆီးသူရဲကောင်း၊ ဆီး....... ငှက်ဆိုး၊ ဝူး ဝူး......သားက ငှက်ဆိုးပဲ!"
လျန်ရှန့်သူ့မျက်ရည်တွေကိုဘသုတ်လိုက်ပြီး အရင်ကထက်ပိုကျယ်လောင်စွာငိုတော့သည်။

ထိုအချိန်မှာပဲ Xiao Gao သည် တံခါးခေါက်ရန် ရောက်လာပေသည်။
"လျန်ရှန့် သား ထပြီလား?"

တံခါးကိုဖြတ်ပြီး Xiao Gao ၏အသံသည် အရမ်းမရှင်းလင်းပေ။

လျန်ရှန့်ငိုနေသည်ကို ချက်ချင်းရပ်လိုက်ပြီး တိုး‌တိုးလေးမပြောခင်မှာပဲ ချူယီကို သနားစဖွယ်မျက်လုံးများဖြင့်ကြည့်လိုက်သည်။

"ချူ ချူယီ ငါ အိပ်ယာပေါ်ရှူးပေါက်ချတာကို Xiao Gao ကိုပြောမပြဖူးမို့လား"

Xiao Gao သာသိလျှင် အိမ်တော်ထိန်းဖိုးဖိုးလည်းသိသွားပေလိမ့်မည်။အိမ်တော်ထိန်းဖိုးဖိုး သိရင် နိုင့်နိုင်းလည်းသိသွားပေမည်။နိုင့်နိုင်း သိရင် ပါးပါးလည်းပဲ သိပြိီး ပြီးရင် တစ်မိသားစုလုံးသိသွားပေလိမ့်မည်။

သူ ဒီထက်ပိုပြီး အသက်မရှင်ချင်တော့ဘူး!!

ချူယီက သူ့မျက်နှာလေးကိုထိလိုက်ရင်း
"ကောင်းပြီ၊ဒီအစ်ကိုကြီးက ဘယ်သူ့ကို‌မှ မပြောဘူး"

လျန်ရှန့်က "ဒါဆို ကောကော Xiao Gao ကို ထွက်သွားဖို့ပြောပေးနိုင်မလား?"

ချူယီခေါင်းညိတ်လိုက်ရင်း သူ့ခေါင်းကိုလှည့်လိုက်ပြီး ကျယ်လောင်စွာအော်ပြောလိုက်သည်။

"လျန်ရှန့်က အိပ်မက်ဆိုးမက်လို့ သားသူ့ကို ဂရုစိုက်နေတယ်။ အမ Xiao Gao သားတို့အတွက် မနက်စာသွားပြင်ပေးလို့ရမလား?"

Xiao Gao ဘာမှပြန်မပြောပေမဲ့ ခြေသံတွေကတော့ အလှမ်းဝေးသွားသည်။

လျန်ရှန့်စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

"မင်း မနေ့ညက soda တွေ ခိုးသောက်တာမို့လား?"

လျန်ရှန့် အနည်းငယ် အပြစ်ရှိသည့်မျက်လုံးများ ဖြင့် အဝေးကိုကြည့်လိုက်ပြီး နောက်ဆုံးမှာခေါင်းညိတ်လိုက်သည်။သူ ဂရုတစိုက်နှင့် လက်နှစ်ချောင်းထောင်လိုက်ပြိး
"ငါ စတော်ဘယ်ရီအရသာ ရေခဲမုန့်နှစ်ခွက်လဲ စားလိုက်သေးတယ် ဟီးဟီး"

ချူယီ : "........."

သူ့ရဲ့ ရူးနေတဲ့ ညီလေးက ကယ်တင်လို့မရတော့ဘူးပဲ။

"ကောကော၊ ငါ့ဘောင်းဘီကိုလျှော်ဖို့ ကူညီပေးနိုင်မလား?"

သူတစ်စုံတစ်ယောက်အား အကူအညီတောင်းချင်တိုင်း လျန်ရှန့် ၏ မျက်လုံးများသည် သမင်မျက်လုံး‌လေးအဖြစ် ပြောင်းလဲသွားကာ ထူးထူးခြားခြား သနားစရာကောင်းစွာတောက်ပနေပေသည်။

သူသည် ဝမ်းနည်းနေသော ခွေးပေါက်လေးလိုမျက်နှာမျိုးဖြင့် ဆက်ပြောလိုက်သည်။
"ငါ ဒါကို ဘယ်လိုလျှော်ရမှန်းမသိဘူး"

ဒီအရှုပ်ထုပ်လေးကိုကြည့်လိုက်ရင်း ချူယီအကူအညီမဲ့စွာသက်ပြင်းချလိုက်လေသည်။

"ကောင်းပြီ ကောကောက ဒါကိုလျှော်ဖို့ကူညီပေးမယ်။ ဒါပေမဲ့ မင်းရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို သေချာသိမ်းဦး။ရောင်စုံခဲတံတွေကို လျှောက်မပစ်ရဘူးလို့ မားမားမပြောထားဘူးလား။မင်းကိုကြည့်၊ စောင်ပေါ်မှာတောင် ဆွဲထားလိုက်သေးတယ်"

လျန်ရှန့် သည် သူမှားကြောင်းသိသောကြောင့် ပြန်မပြောဝံ့ပေ။လိမ္မာစွာနှင့်ပဲ သူ့ခေါင်းလေးကို ‌အောက်ငုံ့ထားပြီး
"ငါသိပါပြီ ၊ ငါဒီလိုမျိုးနောက်မလုပ်တော့ပါဘူး"

သူ့ညီလေးသည် သူ့အမှားကိုသူဝန်ခံသည်ကိုမြင်ပြီးနောက်မှာ ချူယီနှုတ်ခမ်းလေးသည်ပြုံးသွားပြီး သူ့အသံသည်လည်းပိုနူးညံ့ လာပေသည်။

"ပြီးရင် မင်းအဝတ်တွေကို အရင်သွားလဲလိုက်ဦး"

လျန်ရှန့်နာနာခံခံနှင့် သူ့ညအိပ်အင်္ကျီကို ချွတ်လိုက်ပေမဲ့ သူ့အောက်က အိပ်ယာခင်းကိုမြင်တဲ့အခါမှာ သူ့အစ်ကိုကို နောက်တစ်‌ခေါက်ပြန်မေးလိုက်သည်။

"ကောကော၊ မင်းအိပ်ယာခင်းကို ဘယ်လိုလျှော်ရမလဲသိလား?"

သူကယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။
"စိတ်မပူနဲ့၊ဒါကို ငါဂရုစိုက်လိုက်မယ်"

ချူယီဆီက စိတ်ချဆိုသည့်စကားကြားပြီးနောက်မှာ လျန်ရှန့်သည် စိတ်သက်သာရာရသွားပြီး သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်လိုက်တော့သည်။

ချူယီ သည် အိပ်ယာခင်းနှင့် ညစ်ပတ်နေသော အဝတ်အစားများကို ကိုင်ကာ ရေချိုးခန်းထဲသို့ ဝင်သွားသည်။သူသည် ပထမဆုံးသူ့ညီလေး၏ ဘောင်းဘီကို လျှော်လိုက်ပြီး နောက်ဆုံးမှာတော့ ကြမ်းပြင်ပေါ် ရှိ အိပ်ယာခင်းများကို ကြည့်ရင်း မျက်မှောင်ကြုတ်မိသွားသည်။

ရုတ်တရက်ပဲ ချူယီတွင် အကြံဉာဏ်တစ်ခုရလာလေသည်။

"အားဝူ၊ငါမင်းကို လိုအပ်တယ်"

အားဝူ သည် ယခင်ကကဲ့သို့ သူနှင့် သိပ်မဆက်သွယ်သော်လည်း သူ(ချူယီ)သူ့ကို လိုအပ်လာသောအခါတွင်တော့ သေချာပေါက် လျစ်လျူရှုမည်မဟုတ်ပေ။

သူမှန်းဆထားသည့်အတိုင်းပင် သူအကြိမ်အနည်းငယ်အော်ပြီးနောက်မှာ နောက်ဆုံးတွင်တော့ အားဝူ သည် အေးစက်သောသဘောထားဖြင့် ပေါ်လာသည်။

"ဘာလဲ?"

ချူယီ သူ့ကိုယ်သူ မှန်ထဲ၌ ပြန်ကြည့်လိုက်ရင်း
"မင်းက ငါ့ကောကော ဟုတ်တယ်မှတ်လား?"

မှန်ထဲကလူက သူ့အမူအရာကို ချက်ချင်းပြောင်းလိုက်သည်။ "En"

ချူယီ : " မင်းငါ့ကို အရာရာတိုင်းကူညီပေးမယ်မှတ်လား?"

အားဝူ : "အမ်"

ချူယီ : " ‌မင်းငါ့ကို ကူပြီး လျန်ရှန့်ရဲ့ ရှူးစိုနေတဲ့ အိပ်ယာခင်းတွေ ကူလျှော်ပေးနိုင်မယ်မှတ်လား?"

အားဝူ : " အမ်......ဟမ်??"

ချူယီ သည် အားဝူ ကို ငြင်းဆန်ဖို့ အခွင့်အရေးလုံးဝမပေးဘဲ မဆိုင်းမတွ ချက်ချင်း အားဝူ ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်သည်။နားမလည်နိုင်စွာနှင့်ပဲ ခန္ဓာကိုယ်ကိုပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် အားဝူသည် ပတ်ဝန်ကျင်အခြေအနေကိုကြည့်ပြီး နောက်ဆုံးမှာတော့ သူ့အကြည့်သည်ရေစိုနေသောကြမ်းပြင်ပေါ် ရှိ အိပ်ယာခင်းပေါ်တွင်ကျရောက်သွားခဲ့သည်။

သူခဏလောက်အေးခဲသွားခဲ့သည်။

".....Damn!"

ပထမအကြိမ်အဖြစ် သူ့နှုတ်မှ ကျိန်ဆဲသော စကားတစ်ခွန်း ထွက်လာသည်။

ချူယီ၊ဒီကလေးအရမ်းဆိုးသွားပြီ။သူအရင်က ဒီလိုပုံစံမျိုးမဟုတ်ပါဘူး။သူ့မှာချိုမြိန်စွာဂရုစိုက်တတ်သည့်အရာတွေမရှိတော့ဘူး။

သို့သော်လည်း သူတိတ်ဆိတ်စွာချင့်ချိန်ရင်း အားဝူသည် သူ့ကံကြမ္မာကိုသူ လက်ခံလိုက်ပြီး အိပ်ယာခင်း‌တွေကို စလျှော်လိုက်တော့သည်။ထိုဟာတွေ‌ကို လျှော်လှန်းပြီးသည့်အခါမှာတော့ လေထုဟာ နောက်တစ်ကြိမ်တိတ်ဆိတ်သွားပြန်သည်။

လေထဲတွင်လွင့်နေသည့် အိပ်ယာခင်းတွေကိုကြည့်ပြီး ချူယီခံစားချက်များ အလွန်ကောင်းလာလေသည်။သူသည် သူ့ကျောပေါ်တွင် ကျော‌ပို့းအိတ်သေးသေးလေးကို လွယ်ရင်း သူ့ကိုသူစိတ်ကျေနပ်စွာနှင့် ထွက်သွားတော့သည်။

သူ့အမေသည် ‌အဝေးတွင်ရောက်နေသောကြောင့် ချူယီသည် သူ့ညီငယ်၊ညီမ‌ငယ်လေးများကိုအထူးစိုးရိမ်နေသည်။နေ့တိုင်းသူသည် သူ့မူလတန်းကျောင်းကို အဆင်ပြေပြေမသွားခင် ကားမောင်းသူကို သူငယ်တန်းကျောင်းကို အရင်မောင်းပို့ခိုင်းပြီး သူတို့လေးတွေကျောင်းထဲဝင်သွားသည်ကို‌စောင့်ကြည့်လေ့ရှိသည်။

ဒီနေ့လည်း ချွင်းချက်မရှိပါဘူး။သူတို့ သူငယ်တန်းကျောင်း၏ဝင်ပေါက်ကို ရောက်သည့်အခါမှာ ဂေါ်ဖီထုပ်လေးနှစ်ထုပ်သည် တစ်ယောက်လက်တစ်ယောက်ဆွဲပြီး စိတ်အားထက်တန်စွာနှင့် ကားပေါ်ကခုန်‌ဆင်းသွားတော့သည်။
ချူယီ သူတို့နှစ်ယောက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ညီမငယ်၏ လည်စည်းကြိုးကို သပ်သပ်ရပ်ရပ် ချီပေးပြီး သူ့ညီငယ်လေး၏ ရှူးဖိနပ်အမဲ ပေါ်က ဖုန်မှုန့်တွေကိုဖယ်ပေးရင်း ဂရုတစိုက်ဒူးထောက်ထိုင်လိုက်သည်။သူဒါတွေအားလုံးကို လုပ်ပေးနေရင်းနှင့် ဂေါ်ဖီထုပ်လေးတွေကို ဆုံးမလိုက်သည်။

"လျန်ရှန့် မင်း သူငယ်ချင်းတွေကို အနိုင်မကျင့်ရဘူးနော်။ပြီးတော့ ဆရာမတွေစကားကိုလည်းသေချာနားထောင်။မားမားက ‌အဝေးကို ခဏသွားနေပေမဲ့ မကြာခင်ပြန်လာလိမ့်မယ်။မင်း ကောင်းကောင်းမပြုမူမှန်းသိသွားခဲ့ရင် သူမ စိတ်မကောင်းဖြစ်မှာ သေချာတယ်။"

ပြီးနောက် အဝေးကိုကြည့်နေသည့် ချင်းချင်းကို သူကြည့်ပြီး
"ချင်းချင်းလည်း ကောင်းကောင်းနေရမယ်နော်။အရင်နေ့က ဆရာမက အိမ်ကိုဖုန်းဆက်ပြီး တစ်ရေးတစ်မော မအိပ်ချင်တဲ့အကြောင်းနဲ့ ထမင်းစားဖို့ ဂျီးများနေတယ်လို့ ပြောခဲ့တယ်။
ဒါကမကောင်းဘူး။ ဒီလိုမျိုး ဒီနေ့ နောက်ထပ် ထပ်မလုပ်ရတော့ဘူးနော်။"

ချင်းချင်း၏အာရုံတွေသည် သူမရဲ့ သူငယ်တန်းကသူငယ်ချင်းတွေအပေါ်မှာပဲ ကျရောက်နေသည့်အတွက်ကြောင့် သူမလေးဟာ ပေါ့ပေါ့တန်တန်ခေါင်းညိတ်ပြီး သူမသူငယ်ချင်းတွေဆီကို ချက်ချင်းပြေးသွားတော့သည်။

ချူယီဒါကို‌မြင်တော့ မျက်မှောင်ကြုတ်သွားပြီး သူမလေးကို လှမ်းအော်ပြောလိုက်သည်။
"အရမ်းမပြေးနဲ့!"

ချင်းချင်း၏နောက်ကျောလေးဟာ အနည်းငယ်တုန်လှုပ်သွားပြီး သူမခြေလှမ်းတွေကို လျှော့ချလိုက်သည်။ဒါကိုမြင်ပြီးနောက်မှာ ချူယီကျေနပ်သွားပေမဲ့ သူမအစ်ကိုရဲ့အကြည့်ကလွတ်လွတ်ချင်းမှာပဲ ချင်းချင်းထပ်ပြေးပြန်သည်။

"သတိထား၊ချင်းချင်း‌ ချော်လဲမယ်......"

စကားမဆုံးခင်မှာပဲ အရမ်းမြန်မြန်ပြေးနေသည့် ချင်းချင်းသည် သူ့မမျက်နှာနှင့် လှဲကျသွားလေတော့သည်။ချူယီ၏ နှလုံးသားလေးဟာ သူ့ရင်ဘက်ထဲက ထွက်လုနီးပါး ခုန်လှုပ်နေပြီး သူချက်ချင်းကို ပြေးဝင်သွားချင်ခဲ့သည်။

ကားမောင်းသမားသည် သူ့ကိုချက်ချင်းတားလိုက်ပြီး သူ့နား နားလေးကို ကိုင်းပြီးပြောလိုက်သည်။
"သခင်ငယ်လေး၊ နောက်ကျနေပြီ"

"............."

သူအချိန်တွေအများကြီး ဖြုန်းလိုက်မိပြီ။ သူအခုမသွားရင် နောက်ကျသွားလိမ့်မည်။

ချူယီသည် ကော်လိုကပ်နေသော ချင်းချင်းကိုကြည့်လိုက်ရင်း သူ့ခြေလှမ်းတွေကို ရပ်လိုက်တံ့သည်။သူမကို ဆရာမကူညီပေးနေသည်ကို ကြည့်ပြီး နောက်ဆုံးတော့ သူ့စိတ်တွေ ပြေလျော့သွားသည်။ပြီးနောက် သူလျန်ရှန့်ကိုကြည့်လိုက်ပြီး
"လျန်ရှန့်၊မင်းမှာ မင်းညီမလေးကိုကြည့်ရှုဖို့ တာဝန်ရှိတယ် နားလည်လား?"

လျန်ရှန့် သူ့ကိုဘာမှမဖြေဘဲ သူ့လွယ်အိတ်လေးကိုသာယူပြီး ကျောင်းဝန်းထဲပြေးဝင်သွားတော့သည်။

"မပြေးနဲ့"

ကားမောင်းသမား : ".........."

သခင်ငယ်လေးချူယီအတွက် ကလေးထိန်းလုပ်ရတာ တစ်ကယ်ခက်ခဲတာပဲ။

ကျောင်းမှာ ရှည်လျားတဲ့တစ်နေ့တာပြီးသည့်နောက်မှာ ဂေါ်ဖီထုပ်လေးတွေသည် သူတို့ဒယ်ဒီနှင့် အတူတူအချိန်ကုန်ဆုံးဖို့ အချိန်ကျရောက်‌လာလေသည်။

သူတို့မာမီမရှိသည့် အတွက်ကြောင့် ဂေါ်ဖီထုပ်လေးတွေဟာ သူတို့ဒယ်ဒီကို တစ်ဦးချင်းဆီ လိုက်ကပ်ခဲ့ပေမဲ့လည်း ဒီနေ့မှာတော့.....သူတို့ဒယ်ဒီဟာ အိမ်ပြန်မလာသေးပါဘူး။

နာရီလက်တံဟာတစ်ချက်ချက်မြည်နေပြီး ၎င်းဟာ ကိုးနာရီကို ညွှန်ပြနေခဲ့သည်။ကြီးမားသည့် ဧည့်ခန်းကြီးဟာ လူသူကင်းမဲ့သလိုမျိုးတိတ်ဆိတ်နေခဲ့သည်။

ကြမ်းပြင်ပေါ်မှာပြန့်ကြဲနေသည့် အရုပ်တွေကိုကြည့်‌ပြီးနောက် ပြတင်းပေါက်အပြင်ဘက်က မှောင်မိုက်နေသည့်ညကိုကြည့်ရင်း ချင်းချင်း၏ ခံစားချက်များသည် အောက်ဆုံးထိကျသွားလေသည်။သူမခြေထောက်လေးများကို လေထဲသို့မြှောက်လိုက်ရင်း ချူယီကိုမျှော်လင့်ချက်တေွပြည့်နေသည့်မျက်လုံးလေးများနှင့်ကြည့်လိုက်သည်။
"ကောကော၊ပါးပါးက ဘာလို့အခုထိ အိမ်ပြန်မလာသေးရတာလဲ?"

ချူယီ သူမ၏နူးညံ့သည့်ဆံပင်လေးတွေကိုထိလိုက်ရင်း ရှင်းပြလိုက်သည်။
"ပါးပါး ဒီနေ့ အရေးကြီးတဲ့ စာချုပ်တစ်ခု ညှိနှိုင်းရမယ်လို့ Xiao Gao ကျဲကျဲ က ချင်းချင်းကို ပြောခဲ့တယ် မဟုတ်လား၊ ဒါကြောင့် ပါးပါးဒီနေ့ အိမ်ပြန်နောက်ကျလိမ့်မယ်"

လျန်ရှန့်သည် သူ့မျက်ခွံများကို ပင့်တင်ကာ စောင်ပေါ်တွင် လှဲအိပ်လိုက်ရင်း
"ဒါပေမဲ့ အခုက အရမ်းနောက်ကျနေပြီလေ"

ကိုးနာရီကျော်က သူတို့အတွက်တော့ အရမ်းနောက်ကျနေပြီဖြစ်သည်။

နောက်တစ်ကြိမ်တိတ်ဆိတ်သွားပြန်သည်။

ချူယီ၏ ထူထဲပြီး လှပသော မျက်တောင်လေးများသည် အောက်သို့ကျသွားသည်။သူလည်းပဲသူ့နှလုံးသားထဲတွင် တစ်စုံတစ်ခုပျောက်ဆုံးနေသည်ဟု သူခံစားနေရသည်။

ဂေါ်ဖီထုပ်လေးတွေဟာ သူတို့မိဘတွေကိုကပ်ချွဲပြီးအတူတူနေလေ့ရှိသည်။အတိတ်တုန်းကတော့ သူတို့ဒယ်ဒီအလုပ်များနေခဲ့လျှင်တောင် သူတို့မာမီရှိနေသောကြောင့်အထီးကျန်သည်ဟု သူတို့မခံစားခဲ့ရဘူး။ဒါပေမဲ့ အခုတော့......မားမားက အဝေးရောက်နေပြီး ပါးပါးကပြန်မလာခဲ့ဘူး။

လျန်ရှန့် သူ့နှုတ်ခမ်းလေးကို ကိုက်လိုက်ပြီး ရုတ်တရက်ပြောလိုက်သည်။
"ငါတို့ ဟိုးအရင်ကလို ပြန်ဖြစ်တော့မှာလား?"

ချူယီ အံ့အားသင့်သွားပြီး သူ့‌ခေါင်းလေးကို မော့လိုက်သည်။

ဟိုးအရင်က?

ဟုတ်တယ်၊ဟိုးအရင်ကလို။

သူတို့သည် နေ့တိုင်း ဟိုးအရင်ကလိုပဲ အချိန်ဖြုန်းနေရသည်။နာရီကိုကြည့်ပြီး ၊ညကိုကြည့်ကာ တစ်ယောက်ကို တစ်ယောက် အားကိုးပြီး အချိန်တွေကို ဖြုန်းနေကြရသည်။အရင်ကဆိုလျှင်သူတို့မိဘတွေနှင့် အတူမရှိကြရင်တောင် သူတို့ အထီးမကျန်ဘဲ သူတို့နေ့ရက်တွေကိုဖြတ်သန်းသည်မှာ အခက်အခဲမတွေ့ကြဘူး။

ချင်းချင်း၏မျက်လုံးလေးတွေဟာ ချက်ချင်းနီရီလာပြီး "ပေါင်ပေ့၊ မားမားကိုလွမ်းတယ်"

လျန်ရှန့်၏ မျက်လုံးလေးများဟာလဲ နီရဲလာပြီး
"ကောကောလည်းပဲ မားမားကိုလွမ်းတယ်"

နှစ်ယောက်လုံး၏ အကြည့်တွေဟာ ချူယီပေါ်ကိုကျရောက်လာပြီး
"ကောကောကရော၊မားမားကို မလွမ်းဘူးလား?"

ဟုတ်တာပေါ့၊ချူယီလည်းပဲ သူမကိုလွမ်းနေတယ် ဒါပေမဲ့ သူဒါကို ဝန်ခံလိုက်မယ်‌ဆိုရင် သူ့ညီငယ်၊ညီမ‌ငယ်လေးတွေဟာ ပိုပြီးဝမ်းနည်းလာပေလိမ့်မည်။

"မားမားက မကြာခင်ပြန်လာလိမ့်မယ်။ ပါးပါးလည်းပဲ မကြာခင်ပြန်လာလိမ့်မယ်။လျန်ရှန့် နဲ့ ချင်းချင်း မင်းတို့အရင် အိပ်ယာဝင်သင့်ပြီ။မင်းတို့နိုးလာတဲ့အခါကျရင် မင်းတို့ သူတို့နှစ်ယောက်လုံးကို‌တွေ့နိုင်လိမ့်မယ်"

အမှန်တစ်ကယ်ပင် ဂေါ်ဖီထုတ်လေးနှစ်ထုပ်ဟာ အလွန်အိပ်ချင်နေကြပြီဖြစ်သည်။ သူတို့ခေါင်းညိတ်ပြီးတာနှင့်ပဲ တစ်ယောက်လက်တစ်ယောက်ကိုင်ပြီး အပေါ်ထပ်ကို တက်သွားကြတော့သည်။

ယခုဆိုလျှင် ကျယ်ဝန်းသော ဧည့်ခန်းကြီး၌ ချူယီတစ်ယောက်သာ ကျန်ခဲ့လေသည်။

လူတစ်ယောက် တစ်ယောက်တည်းရှိနေသည့်အခါ ရောက်တတ်ရာရာတွေးဖို့လွယ်ကူလွန်းသည်။

ကောင်ငယ်လေးသည် ဆိုဖာပေါ်တွင်ထိုင်နေရင်း သူ့ဒူးခေါင်းတစ်ဝိုက်ကို သူ့လက်တွေနှင့် ပွေ့ဖက်ထားပြီး သူ၏လှပသောမျက်လုံးတွေသည် သန့်ရှင်းသောကြမ်းပြင်ကို စိုက်ကြည့်နေသည်။
နံရံပေါ်ရှိ ခမ်းနားထည်ဝါပြီး တန်ဖိုးကြီးသော ပုံများကို ကြည့်ရှုပြီးနောက်မှာ သူ့မျက်လုံးတွေသည် နောက်ဆုံးမှာတော့ သူ့ရှေ့မှာရှိသည့်ဖုန်းပေါ်တွင် ရပ်တန့်သွားသည်။

သူဖုန်းကိုကောက်ယူလိုက်ပြီး နံပါတ်များကို ရိုက်နှိပ်လိုက်ပေမဲ့ အဆုံးမှာ သူဖုန်းမခေါ်ခဲ့ပေ။

ချူယီ သူ့ကိုယ်သူပြောလိုက်သည်။သူသည် အခုရင့်ကျက်တဲ့ယောင်္ကျားလေးတစ်ယောက်ဖြစ်နေပြီဖြစ်တာကြောင့် သူ့မိဘတွေအပေါ်အမြဲတမ်း မမှီခိုသင့်တော့ဘူး။

သူ့ကိုယ်သူ တိတ်ဆိတ်စွာအားပေးပြီးနောက်မှာ ချူယီ ဆိုဖာပေါ်တွင်စိတ်သက်သာရာ ရသွားပြီး မသိလိုက်ဘဲ အိပ်ပျော်သွားတော့သည်။

ဘယ်နှနာရီ ကြာမှန်းမသိလိုက်သည့်အချိန်မှာ ရုတ်တရပ် အပြင်ဘက်ကနေလာသည့် ခြေသံတွေနှင့် ဆူညံသံတွေကိုကြားလိုက်ရသည်။
နောက်တစ်စက္ကန့်မှာပဲ တစ်စုံတစ်ခုဟာ ချူယီပေါ်ကို လေးလံစွာကျလာပုံပေါ်သည်။သူချက်ချင်းနှိုးလာပြီး မျက်လုံးများကို မှိန်းကာ ပွတ်လိုက်သည်။

အလင်းရောင်ကိုဖြတ်ပြီး သူမြင်လိုက်ရတာတော့
သူ့ဒယ်ဒီအိုကြီးသည် ဆိုဖာပေါ်တွင်လှဲလျောင်းနေကာ သူ့အင်္ကျီတွေကတွန့်နေပြီး သူ့ဆံပင်က အရက်နံ့ပြင်းပြင်းဖြင့် ရှုပ်ပွနေသည်။ သူ မူးနေတာဖြစ်မည်။

"ထျန်။မိန်းမရေ....."
လင်းဆွေ့ကျိုး သူ့လက်များကို အမှတ်တမဲ့ ဝှေ့ယမ်းလိုက်ပြီး သူ့ဘေးနားရှိ ပြာခွက်နှင့် ချိတ်မိကာ "မိန်းမ....."

ဘုန်း!

သူသည် ပြာခွက်ကို သေချာမကိုင်ထား‌သောဆကြာင့် နောက်ဆုံးမှာသူ့မျက်နှာပေါ်သို့ ပြုတ်ကျသွားသည်။

ချူယီနောက်ဆုတ်လိုက်ပြီး သူ့မျက်လုံးတွေကို ကာထားလိုက်မိသည်။သူမကြည့်ရဲဘူး၊ ကြည့်ရတာ တော်တော်နာမယ့်ပုံဘဲ။

ဒယ်ဒီအိုကြီး တိတ်ဆိတ်သွားသည်။

ချူယီ အနည်းငယ်စိုးရိမ်မိသောကြောင့် ရှေ့သို့ သတိထားပြီး ငုံ့ကြည့်လိုက်သည်။သူဂရုတစိုက်နှင့် ပြာခွက်ကို ကောက်ယူလိုက်သည်။အဘယ့်ကြောင့်ဆိုသော် သူ့ဒယ်ဒီ၏မျက်နှာမှာ နီရဲနေသောကြောင့် မည်သည့်နေရာကို ထိခိုက်မိသည်ကို မမြင်နိုင်ပေ။

"ဒယ်ဒီ......." ချူယီ သူ့ကို ညင်သာစွာ တွန်းလိုက်သည်။

"ငါက မင်းရဲ့ဒယ်ဒီမဟုတ်ဘူး" လင်းဆွေ့ကျိုး တိုးတိုးလေးပြောလိုက်ပြီး
"ငါကိုအဲ့လိုမျိုး လက်လွှတ်စပယ် မခေါ်စမ်းနဲ့။ငါ...ငါကအခုထိ အကောင်ပေါက်လေးပဲရှိသေးတာ ငါ့မှာသားမရှိဘူး"

"........"

"................."

သူ့ဒယ်ဒီသည် ကူညီလို့မရအောင်ကို ရူးနေပြီဖြစ်သည်။

ချူယီ မူးနေသော လင်းဆွေ့ကျိုးကို ကြည့်လိုက်ပေမဲ့ သူ့ရင်ထဲတွင်အလွန်ဝမ်းနည်းနေသည်။သူ့ညီငယ် ညီမငယ်များနှင့်ယှဉ်လျှင်ပင် သူ့ဒယ်ဒီသည်အဆုံးရိမ်ရဆုံးလူဖြစ်သည်။

ဟုတ်တယ်၊မိသားစုထဲမှာ အကြီးဆုံးသားဖြစ်ရတာ တစ်ကယ်မလွယ်ဘူးပဲ။

ချူယီ သူ့ဒယ်ဒီ၏အိတ်ကပ်ထဲမှဖုန်းကိုထုတ်ယူလိုက်ပြီး သူ့မာမီပုံကို wallpaper ထားထားသည်ကို မြင်လိုက်ရသည်။နွေးထွေးသောနေရောင်ခြည်အောက်တွင် နေပူဆာလှုံနေသောအမျိုးသမီးလေး၏ နူးညံ့လှပသောအမူအရာသည် ပန်းချီကားတစ်ချပ်နှင့်ပင်တူလေသည်။

ချူယီ သူ့ခေါင်း‌လေးကို ငုံ့လိုက်ပြီး သူ့ဒယ်ဒီရဲ့ ဖုန်းနဲ့ စာတိုလေးတစ်ခု ပို့လိုက်သည်။

[ကိုယ်မင်းကိုလွမ်းတယ်💁~]

ခဏလောက်အကြာမှာပဲ ကျန်းထျန်စာပြန်ပို့ခဲ့သည်။
[မင်း ဒယ်ဒီရဲ့ ဖုန်းကိုယူမဆော့နဲ့]

ဟမ်?

သူ့မာမီက အမှန်‌တရားကိုပြောနိုင်တာကိုသိပြီး ချူယီအံ့ဩသွားသည်။

ဒါပေါ့ ကျန်းထျန်ပြောနိုင်တယ်လေ။သူမရဲ့ ဆွေ့လေးက အပြင်ပိုင်းမှာ အေးစက်တဲ့ပုံပေါ်ပေမဲ့ အတွင်းမှာတော့ နက်နဲပြီး စိတ်အားထက်သန်လေသည်။သူက စာကြောင်းအဆုံးမှာ လှိုင်းတွန့်သင်္ကေတကို သုံးဖို့နေနေသာသာ '💁' ဒါကိုလဲဘယ်တော့မှ သုံးမှာမဟုတ်ဘူး။ဒါနဲ့ပတ်သတ်ပြီးရှင်းပြနိုင်တဲ့ တစ်ခုတည်းသောအချက်က သူ့ဖုန်းကို ကလေးတွေ နောက်တစ်ကြိမ် ယူဆော့တာ ဖြစ်ရမည်။

ညနက်သည့်အထိ အလုပ်လုပ်နေတုန်းဖြစ်သည့် ကျန်းထျန်က စာပြန်ပို့လိုက်သည်။
[သားဒယ်ဒီကို ဂရုစိုက်လိုက်ဦး၊သူ့ကိုအများကြီးမသောက်စေနဲ့]

.......သူ့ကို အများကြီးမသောက်စေနဲ့။

ချူယီသည် သူ့အနားရှိ အမူးလွန်ပြီး လုံးဝမထနိုင်တော့သည့် သူ့ဒယ်ဒီအိုကြီးကို ကြည့်ပြီး တိတ်ဆိတ်သွားမိသည်။

တီဗီစီးရီး၏ သုံးပုံနှစ်ပုံခန့်ကို ရိုက်ကူးခဲ့ပြီးဖြစ်ပြီးယနေ့တွင် သူတို့သည် ညမြင်ကွင်းတစ်ခုကို ရိုက်ကူးလျက်ရှိသည်။နှစ်ဖက်စလုံးရှိ အလင်းရောင်သည် ပူနွေးသောအပူချိန်ကို ထုတ်လွှတ်နေပေမဲ့ ည၏အေးစက်မှုကို မချေဖျက်နိုင်သေးပေ။

သူမသည် မိတ်ကပ်လိမ်းထားခြင်းမရှိဘဲ ရှူတင်ထိုင်ခုံ‌တွင်ထိုင်နေပြီး သူမဆံပင်များသည်ရှုပ်ပွနေသည်။သူမခန္ဓာကိုယ်ကို အနည်းငယ်‌ဟောင်းနေသော ကုတ်အင်္ကျီဖြင့် ထုပ်ပိုးထားပြီးသူမ‌ခေါင်းလေးကိုအနည်းငယ်ငုံ့ကာ သူမ၏ပေါင်ပေါ်ရှိ ဇာတ်ညွှန်းစာအုပ်သည် အမှတ်အသားများဖြင့် ပြည့်နှက်နေသည်။သူမမှတ်သား‌ထားသောမှတ်စုများသည် သရုပ်ဆောင်များထက်ပို၍ အသေးစိတ်ကျပေသည်။

ကျန်းထျန်သည် အလုပ်ကို အလေးအနက်ထားပြီး မည်သည့်အလုပ်ကိုမဆို နှစ်သက်သူတစ်ဦးဖြစ်သည်။သရုပ်ဆောင်ပဲဖြစ်ဖြစ်၊ ဇာတ်ညွှန်းရေးဆရာပဲဖြစ်ဖြစ်၊ သူမလုပ်သရွေ့တော့ သူမဟာ 100% ကြိုးစားနေမှာပါ။

ယခုတော့ ရှုတင်မရှိတော့ပါဘူး။သရုပ်ဆောင်တွေက တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောရင်း နှစ်ယောက်တွဲ ထိုင်နေကြသည်။ဇာတ်လမ်းကြီးကြပ်သူအဖြစ်ဖြစ်စေ သရုပ်ဆောင်အဖြစ်ဖြစ်စေ ကျန်းထျန်၏ခံ့ညားသောပုံစံကို သူတို့မျက်မြင်ကိုယ်တွေ့တွေ့ပြီးကတည်းက သူမကို သူတို့မချည်းကပ်ရဲကြတော့ဘူး။နောက်ဆုံးမှာတော့ သူမရဲ့ဒီအချက်အလက်တွေကြောင့်ပဲ သူတို့သူမကိုစော်ကားဖို့မတတ်နိုင်ကြတော့ဘူး။

"ရှောင်လျှို့ကဒါကိုမပြင်နိုင်ရင်၊ဟိုဘက်အခန်းက ဝန်ထမ်းတွေဆီကသွားငှားလိုက်!"

"ရှောင်လျှို့ သွားငှားပြီ!"

"သူ့ကိုမြန်မြန်လုပ်ဖို့ပြောလိုက်!"
ဒါရိုက်တာက သူ့ဘောင်းဘီအိတ်ကပ်ထဲက စီးကရက်တစ်လိပ်ကို ယူလိုက်ပြီး မီးခြစ်ကို လိုက်ရှာရင်း မကျေမနပ်နဲ့ ရေရွတ်လိုက်သည်။

T.N ဒီအပိုင်းက တော်တော်လေးရှည်လို့ တစ်ဝက်ပြပြန်လို့ပြီးလိုက်တယ် ကျန်တဲ့တစ်ဝက် မနက်ဖြန်မှ တင်ပေးမယ်နော်💗

လျန်ရှန့်အိပ်တဲ့ကြယ်ငါးပုံစံ


ZAWGYI

အမ်ိဳးသမီး‌ဇာတ္ပို႔ေနရာေျပာင္းလဲသြားသည့္ သတင္းသည္ မၾကာခင္မွာပဲ ထြက္ရွိလာသည္။

မူလက အင္တာနက္ ဆယ္လီတစ္ေယာက္ျဖစ္သည့္ က်င္းေရွာင္႐ုံ၏ ဂုဏ္သတင္းႏွင့္ public comments ေတြသည္ အရမ္းမေကာင္းဘဲရွိေနၿပီး သူမအေၾကာင္းေျပာၾကသည့္ topic ေတြသည္ က်န္းထ်န္ကိုမယွဥ္ႏိုင္ေပ။ယခုေတာ့ သူမသည္ က်န္းထ်န္၏ေက်ာ္ၾကားမႈကို တမင္တကာအပုတ္ခ်သည္ဟုတစ္ျခားလူေတြထင္လာေအာင္ သတင္းေထာက္မ်ားေရွ႕တြင္ မ်က္ရည္ခ်ဴျပေနေလသည္။ေနာက္ဆုံးေတာ့ သူမအရင္ကလဲ ဒီလိုလုပ္ဖူးေလသည္။ ခ်န္က်င္းရဲ႕နည္းလမ္းကမွ က်င္းေရွာင္႐ုံထက္ ပိုတည္ၿငိမ္ေသးေပသည္။သူမက တိုက္႐ိုက္အျပစ္မတင္ခဲ့သလို Weibo ေပၚမွာလည္း ပိုစ့္မတင္ခဲ့ဘူး။သူမသည္ အျပစ္ကင္းဟန္ေဆာင္ကာ ေနာက္ကြယ္ကေန မီးေလာင္ရာေလပင့္ေနေလသည္။က်န္းထ်န္သည္ သူမ၏ေနာက္ခံအဆက္အသြယ္ကိုအသုံးျပဳၿပီး လုပ္ခ်င္ရလုပ္ေနေသာ စြမ္းေဆာင္ရည္ႏွင့္ပညာမရွိသည့္ ဇာတ္ၫႊန္းေရးဆရာအသစ္ေလးသာျဖစ္ေၾကာင္း မီဒီယာေတြကို ထုတ္ေဖာ္ေစသည္။

ဒီမွတ္ခ်က္က ေတာ္ေတာ္ကို သိသာပါသည္။

တစ္ရက္တည္းမွာပဲ၊ [က်န္းထ်န္က ႐ိုက္ကြင္းမွာ ခ်န္က်င္းကို မ်က္ႏွာပ်က္ေအာင္လုပ္ျခင္း] နဲ႔ပတ္သက္တဲ့ သတင္းေတြ ေနရာအႏွံ႔ ျပန႔္ႏွံ႔သြားၿပီး ႐ိုက္ကြင္းကို လာေရာက္လည္ပတ္သည့္ပါပါရာဇီ အေရအတြက္ဟာ ငါးဆတိုးလာပါေတာ့သည္။ထို႔အျပင္ က်န္းထ်န္၏ ေမာ္ဒန္ဒရာမာအသစ္သည္ ရွာေဖြမႈအမ်ားဆုံးကိုေရာက္သြားၿပီး ျဖတ္သြားျဖတ္လာ အင္တာနက္အသုံးျပဳသူမ်ား၊ anti-fan မ်ား သို႔မဟုတ္ သူမ၏ပရိသတ္အဖြဲ႕မ်ားပင္ျဖစ္ေစကာမူသူတို႔အားလုံးသည္ သူမ၏ပထမဆုံးဒရမ္မာကို အာ႐ုံစိုက္လာခဲ့ၾကသည္။ဟုတ္ပါတယ္ သူတို႔ထဲကေတာ္ေတာ္မ်ားမ်ာဟာ ပြဲေကာင္းတစ္ခုကို ၾကည့္ဖို႔လာၾကတာျဖစ္ၿပီး သူမဘယ္လိုဒုကၡေရာက္ေနတာလဲဆိုတာကိုၾကည့္ဖို႔ရည္႐ြယ္ခ်က္ေတြနဲ႔ လာၾကတာျဖစ္သည္။

ပုံမွန္အားျဖင့္ က်န္းထ်န္သည္ ဒီလူေတြသူတို႔ဆႏၵျပည့္ေအာင္ ခြင့္မျပဳေပးခ်င္တာေၾကာင့္ သူမျပင္းျပင္းထန္ထန္ အလုပ္ႀကိဳးစားဖို႔ ဆုံးျဖတ္လိုက္သည္။သတင္းေထာက္ေတြက သူမကိုေလွာင္ေျပာင္ဖို႔ႀကိဳးစားရင္ သူမက သေဘာထားႀကီးၿပီး ျဖဴစင္သည့္အၿပဳံးေလးႏွင့္သာတုံ႔ျပန္ေလသည္။

က်န္းထ်န္ႏွင့္ယွဥ္ရင္ ခ်ဴယီကမွပိုၿပီးအလုပ္ႀကိဳးစားေပေသးသည္။

က်န္းထ်န္သည္ ႏွစ္ပတ္ၾကာခရီးထြက္ခဲ့တာျဖစ္သည္။ပထမတစ္ပတ္ကေတာ့ အဆင္ေျပေနေသးေပသည္။သူ၏ ညီငယ္ ညီမငယ္ေလးမ်ားသည္ အလြန္နာခံၾကၿပီး Xiao Gao သည္ သူတို႔၏ေန႔စဥ္ဘဝမ်ားကို ဂ႐ုစိုက္ေလ့ရွိသည္။ဒါေၾကာင့္ သူတို႔ဒယ္ဒီဟာ ဒါနဲ႔ပတ္သတ္ၿပီး စိုးရိမ္စရာမလိုေပ။သို႔ေသာ္လည္း ဒုတိယအပတ္မွာေတာ့ သူတို႔မာမီ၏စည္းကမ္းေတြနဲ႔ကင္းကြာေနသည့္ ေဂၚဖီထုတ္ေလးႏွစ္ထုတ္သည္ သူတို႔၏ကာလာအစစ္အမွန္ကို ထုတ္ျပလာၾကသည္။

မနက္ေျခာက္နာရီဝန္းက်င္ေလာက္မွာ ခ်ဴယီ အိပ္ယာထၿပီးေရ‌ခ်ိဳးလိုက္သည္။ၿပီးေနာက္ သူ႔အိပ္ယာကိုသိမ္းလိုက္ၿပီး ေနာက္ဆုံးမွာစာၾကည့္လိုက္သည္။စာၾကည့္ၿပီးသည့္ေနာက္မွာ တစ္ဖက္ခန္းရွိ သူ႔ညီေလး၏အခန္းတံခါးကို သူသြားေခါက္ခဲ့သည္။

လ်န္ရွန္းမထေသးမွန္း သိတဲ့အတြက္ေၾကာင့္ ခ်ဴယီတံခါးကို တြန္းဖြင့္လိုက္သည္။

အခန္းထဲရွိကန႔္လန႔္ကာေတြကို တင္းတင္းက်ပ္က်ပ္ပိတ္ထားကာ အ႐ုပ္ေတြသည္ ၾကမ္းျပင္ေပၚတြင္ျပန႔္က်ဲေနၿပီး က်ိဳးပဲ့ေနသည့္အနီေရာင္႐ြံ႕ေစးေတြထြက္က်ေနသည့္ ေက်ာင္းလြယ္အိတ္သည္ အ‌ဝတ္အစားေတြေအာက္မွာေရာေႏွာေနသည္။ခ်ဴယီသည္ လ်န္ရွန႔္အိပ္ေပ်ာ္ေနသည္ကို တည္ၿငိမ္စြာၾကည့္ရင္းကုတင္ေဘးနားသို႔ ေလွ်ာက္လာခဲ့သည္။သူသည္ ၾကယ္ငါးပုံစံအတိုင္းအိပ္ေနၿပီး ေစာင္ကို ကုတင္တစ္ဖက္သို႔ ကန္ထုတ္ထားသည္။ပိုဆိုးတာက ဝက္ေပါက္ေလးသည္ ေစာင္ေပၚမွာ ေဆးျခယ္ထားေသးသည္။

သန႔္ရွင္းၿပီး ေစ့စပ္တင္းက်ပ္တာကို ႏွစ္သက္သည့္ virgo တစ္ေယာက္အေနႏွင့္ ငယ္႐ြယ္သည့္ ခ်ဴယီေလးဟာ ဒီျမင္ကြင္းေၾကာင့္ အသက္ရွဴက်ပ္ေတာ့မည္ဟု ခံစားလိုက္ရသည္။

သူတို႔မာမီ အိမ္မွာရွိတုန္းဆိုရင္ သူ႔ညီငယ္ညီမငယ္ေလးေတြသည္ အလြန္လိမၼာေရးျခားရွိၿပီး နာနာခံခံရွိၾကေလသည္။သူတို႔ဟာ ဒီလိုဖြတာမ်ိဳးမလုပ္ၾကသလို အရာဝတၳဳေတြအေပၚမွာ ေရးျခစ္တာမ်ိဳးကိုလဲ မလုပ္ၾကေပ။အခုေတာ့ရက္အနည္းငယ္ပဲရွိေသးသည္ သူတို႔၏ပုံစံအစစ္အမွန္ကို ျပသၿပီးေနၾကၿပီျဖစ္သည္။

ခ်ဴယီသည္ အသက္ျပင္းျပင္းရွဴလိုက္ၿပီး အခန္းထဲကို ဝင္လိုက္ေလသည္။သူသည္ ၾကမ္းျပင္ေပၚရွိအ႐ုပ္မ်ားကို ေကာက္ယူလိုက္ကာ အ႐ုပ္ေသတၱာထဲသို႔ထည့္လိုက္ၿပီး လိုက္ကာဖြင့္ရန္ ေလွ်ာက္သြားလိုက္သည္။

စူးရွေတာက္ပေသာ အလင္းေရာင္သည္ ျပတင္းေပါက္မွျဖတ္ဝင္လာၿပီး ကုတင္ေပၚတြင္ လဲေလ်ာင္းေနေသာ လ်န္ရွန႔္သည္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။သူသည္ တစ္ဖက္ကိုလွည့္လိုက္ၿပီး သူရဲ႕ဖင္လုံးလုံးေလးေတြႏွင့္ ခ်ဴယီကိုမ်က္ႏွာခ်င္းဆိုင္ေစလိုက္သည္။လ်န္ရွန႔္၏ညအိပ္ဝတ္စုံက ဝက္ဝံ႐ုပ္ေသးေသးေလးႏွင့္ သူ႔တင္ပါးေလးမွာ ကြက္ေနေသာ ေရကြက္ဧရိယာအႀကီးႀကီးကို ခ်ဴယီသတိျပဳမိလိုက္ေပသည္။

.......ဒီေရေတြက အိပ္ယာကိုပါစိုေစခဲ့သည္။

"လ်န္ရွန႔္၊ျမန္ျမန္ ထစမ္း!"

ခ်ဴယီသူ႔ပခုံးေလးကို လႈပ္ႏႈိးလိုက္သည္။

လ်န္ရွန႔္ ၏ မ်က္ေတာင္မ်ား တုန္လႈပ္သြားၿပီး မွိန္းခနဲ အိပ္ရာမွ ႏိုးလာသည္။သူ႔မ်က္လုံးေတြကိုတစ္ဝက္မွိတ္ၿပီး သူေနာက္ထပ္ျပန္အိပ္ခ်င္ေနျပန္သည္။

ခ်ဴယီ သူ႔ကိုအျမန္ဆြဲထူလိုက္ၿပီး "မင္း အိပ္ယာေတြကို စိုေစသြားၿပီ!"

အိပ္ယာေတြ စိုသြားတာ......

လ်န္ရွန႔္သည္ သူ႔မ်က္ႏွာေပၚက သြားရည္ေတြကိုမသုတ္ခင္ သူ႔မ်က္ေတာင္ေလးေတြကိုပုတ္ခတ္ပုတ္ခတ္လုပ္ရင္း သူ႔ေခါင္းကိုရမ္းလိုက္ၿပီး ညည္းညဴလိုက္သည္။

"ဘယ္သူက အိပ္ယာေတြကို စိုေစတာလဲ?"

ခ်ဴယီ အိပ္ယာေပၚက အကြက္ႀကီးကိုၫႊန္ျပလိုက္ရင္း အမူအရာမဲ့စြာေျပာလိုက္သည္။
"မင္း "

လ်န္ရွန႔္၏မ်က္‌လုံးေတြသည္ ေပါက္ထြက္လုနီးပါး ျပဴးက်ယ္သြားၿပီး ခ်ဴယီကိုၾကည့္လိုက္သည္၊ ၿပီးေတာ့ သူ႔အိပ္ယာေပၚကိုၾကည့္လိုက္ၿပီးေတာ့ သူ႔ခႏၶာကိုယ္ေပၚက ညအိပ္ဝတ္စုံေလးကို ၾကည့္လိုက္သည္ ၿပီးေတာ့.....

"......."

"..................."

"Ahhhhhhhhh--!!"

သူအိပ္ယာေတြကို စိုေစမိၿပီ။

သူ ဒိုက္ဘာဝတ္တာ ရပ္ဖို႔ လုံေလာက္တဲ့ အခ်ိန္ထဲက သူအိပ္ယာေပၚမွာ ဘယ္ေတာ့မွ ရွဴးေပါက္မခ်ဖူးဘူး။

လ်န္ရွန႔္၏ႏႈတ္ခမ္းေလးငိုက္က်သြားၿပီး သူ႔မ်က္လုံးေတြသည္ မ်က္ရည္ေတြႏွင့္ျပည့္ႏွက္သြားသည္။ေနာက္တစ္စကၠန႔္ေလာက္ေနေတာ့ သူက်ယ္ေလာင္စြာ ငိုခ်လိုက္ေတာ့သည္။

"ဝူး ဝူး ဝူး !"

ယခု သူ႔ညီငယ္ေလး ရွက္ၿပီးငိုေနသည္ကိုျမင္လိုက္ရသည့္ ခ်ဴယီသည္ အကူအညီမဲ့မႈကိုခံစားေနရၿပီး သူ႔အၿပဳံးေတြကို ထိန္းမထားႏိုင္ေတာ့ေပ။မၾကာခင္မွာဘဲ သူ႔အၿပဳံးကို ရပ္လိုက္ၿပီး ေရွ႕သို႔ ေလွ်ာက္သြားကာ လ်န္ရွန္႔ကို ဖက္လိုက္သည္။

"လ်န္ရွန႔္ ဘာမွမျဖစ္ဘူး၊ မငိုနဲ႔ေတာ့"

"သူရဲေကာင္းေတြက သူတို႔အိပ္ယာကိုစိုေအာင္မလုပ္ဘူး။ သားက ဒီထက္ပိုၿပီး သူရဲေကာင္းမဟုတ္ေတာ့ဘူး! သားက ဆီးသူရဲေကာင္း၊ ဆီး....... ငွက္ဆိုး၊ ဝူး ဝူး......သားက ငွက္ဆိုးပဲ!"
လ်န္ရွန႔္သူ႔မ်က္ရည္ေတြကိုဘသုတ္လိုက္ၿပီး အရင္ကထက္ပိုက်ယ္ေလာင္စြာငိုေတာ့သည္။

ထိုအခ်ိန္မွာပဲ Xiao Gao သည္ တံခါးေခါက္ရန္ ေရာက္လာေပသည္။
"လ်န္ရွန႔္ သား ထၿပီလား?"

တံခါးကိုျဖတ္ၿပီး Xiao Gao ၏အသံသည္ အရမ္းမရွင္းလင္းေပ။

လ်န္ရွန႔္ငိုေနသည္ကို ခ်က္ခ်င္းရပ္လိုက္ၿပီး တိုး‌တိုးေလးမေျပာခင္မွာပဲ ခ်ဴယီကို သနားစဖြယ္မ်က္လုံးမ်ားျဖင့္ၾကည့္လိုက္သည္။

"ခ်ဴ ခ်ဴယီ ငါ အိပ္ယာေပၚရွဴးေပါက္ခ်တာကို Xiao Gao ကိုေျပာမျပဖူးမို႔လား"

Xiao Gao သာသိလွ်င္ အိမ္ေတာ္ထိန္းဖိုးဖိုးလည္းသိသြားေပလိမ့္မည္။အိမ္ေတာ္ထိန္းဖိုးဖိုး သိရင္ ႏိုင့္ႏိုင္းလည္းသိသြားေပမည္။ႏိုင့္ႏိုင္း သိရင္ ပါးပါးလည္းပဲ သိၿပိီး ၿပီးရင္ တစ္မိသားစုလုံးသိသြားေပလိမ့္မည္။

သူ ဒီထက္ပိုၿပီး အသက္မရွင္ခ်င္ေတာ့ဘူး!!

ခ်ဴယီက သူ႔မ်က္ႏွာေလးကိုထိလိုက္ရင္း
"ေကာင္းၿပီ၊ဒီအစ္ကိုႀကီးက ဘယ္သူ႔ကို‌မွ မေျပာဘူး"

လ်န္ရွန႔္က "ဒါဆို ေကာေကာ Xiao Gao ကို ထြက္သြားဖို႔ေျပာေပးႏိုင္မလား?"

ခ်ဴယီေခါင္းညိတ္လိုက္ရင္း သူ႔ေခါင္းကိုလွည့္လိုက္ၿပီး က်ယ္ေလာင္စြာေအာ္ေျပာလိုက္သည္။

"လ်န္ရွန႔္က အိပ္မက္ဆိုးမက္လို႔ သားသူ႔ကို ဂ႐ုစိုက္ေနတယ္။ အမ Xiao Gao သားတို႔အတြက္ မနက္စာသြားျပင္ေပးလို႔ရမလား?"

Xiao Gao ဘာမွျပန္မေျပာေပမဲ့ ေျခသံေတြကေတာ့ အလွမ္းေဝးသြားသည္။

လ်န္ရွန႔္စိတ္သက္သာရာရစြာ သက္ျပင္းခ်လိုက္သည္။

"မင္း မေန႔ညက soda ေတြ ခိုးေသာက္တာမို႔လား?"

လ်န္ရွန႔္ အနည္းငယ္ အျပစ္ရွိသည့္မ်က္လုံးမ်ား ျဖင့္ အေဝးကိုၾကည့္လိုက္ၿပီး ေနာက္ဆုံးမွာေခါင္းညိတ္လိုက္သည္။သူ ဂ႐ုတစိုက္ႏွင့္ လက္ႏွစ္ေခ်ာင္းေထာင္လိုက္ၿပိး
"ငါ စေတာ္ဘယ္ရီအရသာ ေရခဲမုန႔္ႏွစ္ခြက္လဲ စားလိုက္ေသးတယ္ ဟီးဟီး"

ခ်ဴယီ : "........."

သူ႔ရဲ႕ ႐ူးေနတဲ့ ညီေလးက ကယ္တင္လို႔မရေတာ့ဘူးပဲ။

"ေကာေကာ၊ ငါ့ေဘာင္းဘီကိုေလွ်ာ္ဖို႔ ကူညီေပးႏိုင္မလား?"

သူတစ္စုံတစ္ေယာက္အား အကူအညီေတာင္းခ်င္တိုင္း လ်န္ရွန႔္ ၏ မ်က္လုံးမ်ားသည္ သမင္မ်က္လုံး‌ေလးအျဖစ္ ေျပာင္းလဲသြားကာ ထူးထူးျခားျခား သနားစရာေကာင္းစြာေတာက္ပေနေပသည္။

သူသည္ ဝမ္းနည္းေနေသာ ေခြးေပါက္ေလးလိုမ်က္ႏွာမ်ိဳးျဖင့္ ဆက္ေျပာလိုက္သည္။
"ငါ ဒါကို ဘယ္လိုေလွ်ာ္ရမွန္းမသိဘူး"

ဒီအရႈပ္ထုပ္ေလးကိုၾကည့္လိုက္ရင္း ခ်ဴယီအကူအညီမဲ့စြာသက္ျပင္းခ်လိုက္ေလသည္။

"ေကာင္းၿပီ ေကာေကာက ဒါကိုေလွ်ာ္ဖို႔ကူညီေပးမယ္။ ဒါေပမဲ့ မင္းရဲ႕ကိုယ္ပိုင္ပစၥည္းေတြကို ေသခ်ာသိမ္းဦး။ေရာင္စုံခဲတံေတြကို ေလွ်ာက္မပစ္ရဘူးလို႔ မားမားမေျပာထားဘူးလား။မင္းကိုၾကည့္၊ ေစာင္ေပၚမွာေတာင္ ဆြဲထားလိုက္ေသးတယ္"

လ်န္ရွန႔္ သည္ သူမွားေၾကာင္းသိေသာေၾကာင့္ ျပန္မေျပာဝံ့ေပ။လိမၼာစြာႏွင့္ပဲ သူ႔ေခါင္းေလးကို ‌ေအာက္ငုံ႔ထားၿပီး
"ငါသိပါၿပီ ၊ ငါဒီလိုမ်ိဳးေနာက္မလုပ္ေတာ့ပါဘူး"

သူ႔ညီေလးသည္ သူ႔အမွားကိုသူဝန္ခံသည္ကိုျမင္ၿပီးေနာက္မွာ ခ်ဴယီႏႈတ္ခမ္းေလးသည္ၿပဳံးသြားၿပီး သူ႔အသံသည္လည္းပိုႏူးညံ့ လာေပသည္။

"ၿပီးရင္ မင္းအဝတ္ေတြကို အရင္သြားလဲလိုက္ဦး"

လ်န္ရွန႔္နာနာခံခံႏွင့္ သူ႔ညအိပ္အက်ႌကို ခြၽတ္လိုက္ေပမဲ့ သူ႔ေအာက္က အိပ္ယာခင္းကိုျမင္တဲ့အခါမွာ သူ႔အစ္ကိုကို ေနာက္တစ္‌ေခါက္ျပန္ေမးလိုက္သည္။

"ေကာေကာ၊ မင္းအိပ္ယာခင္းကို ဘယ္လိုေလွ်ာ္ရမလဲသိလား?"

သူကယုံၾကည္မႈအျပည့္ျဖင့္ေျပာလိုက္သည္။
"စိတ္မပူနဲ႔၊ဒါကို ငါဂ႐ုစိုက္လိုက္မယ္"

ခ်ဴယီဆီက စိတ္ခ်ဆိုသည့္စကားၾကားၿပီးေနာက္မွာ လ်န္ရွန႔္သည္ စိတ္သက္သာရာရသြားၿပီး သူ႔ကိုယ္သူ သန႔္ရွင္းေရးလုပ္လိုက္ေတာ့သည္။

ခ်ဴယီ သည္ အိပ္ယာခင္းႏွင့္ ညစ္ပတ္ေနေသာ အဝတ္အစားမ်ားကို ကိုင္ကာ ေရခ်ိဳးခန္းထဲသို႔ ဝင္သြားသည္။သူသည္ ပထမဆုံးသူ႔ညီေလး၏ ေဘာင္းဘီကို ေလွ်ာ္လိုက္ၿပီး ေနာက္ဆုံးမွာေတာ့ ၾကမ္းျပင္ေပၚ ရွိ အိပ္ယာခင္းမ်ားကို ၾကည့္ရင္း မ်က္ေမွာင္ၾကဳတ္မိသြားသည္။

႐ုတ္တရက္ပဲ ခ်ဴယီတြင္ အႀကံဉာဏ္တစ္ခုရလာေလသည္။

"အားဝူ၊ငါမင္းကို လိုအပ္တယ္"

အားဝူ သည္ ယခင္ကကဲ့သို႔ သူႏွင့္ သိပ္မဆက္သြယ္ေသာ္လည္း သူ(ခ်ဴယီ)သူ႔ကို လိုအပ္လာေသာအခါတြင္ေတာ့ ေသခ်ာေပါက္ လ်စ္လ်ဴရႈမည္မဟုတ္ေပ။

သူမွန္းဆထားသည့္အတိုင္းပင္ သူအႀကိမ္အနည္းငယ္ေအာ္ၿပီးေနာက္မွာ ေနာက္ဆုံးတြင္ေတာ့ အားဝူ သည္ ေအးစက္ေသာသေဘာထားျဖင့္ ေပၚလာသည္။

"ဘာလဲ?"

ခ်ဴယီ သူ႔ကိုယ္သူ မွန္ထဲ၌ ျပန္ၾကည့္လိုက္ရင္း
"မင္းက ငါ့ေကာေကာ ဟုတ္တယ္မွတ္လား?"

မွန္ထဲကလူက သူ႔အမူအရာကို ခ်က္ခ်င္းေျပာင္းလိုက္သည္။ "En"

ခ်ဴယီ : " မင္းငါ့ကို အရာရာတိုင္းကူညီေပးမယ္မွတ္လား?"

အားဝူ : "အမ္"

ခ်ဴယီ : " ‌မင္းငါ့ကို ကူၿပီး လ်န္ရွန႔္ရဲ႕ ရွဴးစိုေနတဲ့ အိပ္ယာခင္းေတြ ကူေလွ်ာ္ေပးႏိုင္မယ္မွတ္လား?"

အားဝူ : " အမ္......ဟမ္??"

ခ်ဴယီ သည္ အားဝူ ကို ျငင္းဆန္ဖို႔ အခြင့္အေရးလုံးဝမေပးဘဲ မဆိုင္းမတြ ခ်က္ခ်င္း အားဝူ ၏ ခႏၶာကိုယ္ကို ထိန္းခ်ဳပ္လိုက္သည္။နားမလည္ႏိုင္စြာႏွင့္ပဲ ခႏၶာကိုယ္ကိုျပန္လည္ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ အားဝူသည္ ပတ္ဝန္က်င္အေျခအေနကိုၾကည့္ၿပီး ေနာက္ဆုံးမွာေတာ့ သူ႔အၾကည့္သည္ေရစိုေနေသာၾကမ္းျပင္ေပၚ ရွိ အိပ္ယာခင္းေပၚတြင္က်ေရာက္သြားခဲ့သည္။

သူခဏေလာက္ေအးခဲသြားခဲ့သည္။

".....Damn!"

ပထမအႀကိမ္အျဖစ္ သူ႔ႏႈတ္မွ က်ိန္ဆဲေသာ စကားတစ္ခြန္း ထြက္လာသည္။

ခ်ဴယီ၊ဒီကေလးအရမ္းဆိုးသြားၿပီ။သူအရင္က ဒီလိုပုံစံမ်ိဳးမဟုတ္ပါဘူး။သူ႔မွာခ်ိဳၿမိန္စြာဂ႐ုစိုက္တတ္သည့္အရာေတြမရွိေတာ့ဘူး။

သို႔ေသာ္လည္း သူတိတ္ဆိတ္စြာခ်င့္ခ်ိန္ရင္း အားဝူသည္ သူ႔ကံၾကမၼာကိုသူ လက္ခံလိုက္ၿပီး အိပ္ယာခင္း‌ေတြကို စေလွ်ာ္လိုက္ေတာ့သည္။ထိုဟာေတြ‌ကို ေလွ်ာ္လွန္းၿပီးသည့္အခါမွာေတာ့ ေလထုဟာ ေနာက္တစ္ႀကိမ္တိတ္ဆိတ္သြားျပန္သည္။

ေလထဲတြင္လြင့္ေနသည့္ အိပ္ယာခင္းေတြကိုၾကည့္ၿပီး ခ်ဴယီခံစားခ်က္မ်ား အလြန္ေကာင္းလာေလသည္။သူသည္ သူ႔ေက်ာေပၚတြင္ ေက်ာ‌ပို႔းအိတ္ေသးေသးေလးကို လြယ္ရင္း သူ႔ကိုသူစိတ္ေက်နပ္စြာႏွင့္ ထြက္သြားေတာ့သည္။

သူ႔အေမသည္ ‌အေဝးတြင္ေရာက္ေနေသာေၾကာင့္ ခ်ဴယီသည္ သူ႔ညီငယ္၊ညီမ‌ငယ္ေလးမ်ားကိုအထူးစိုးရိမ္ေနသည္။ေန႔တိုင္းသူသည္ သူ႔မူလတန္းေက်ာင္းကို အဆင္ေျပေျပမသြားခင္ ကားေမာင္းသူကို သူငယ္တန္းေက်ာင္းကို အရင္ေမာင္းပို႔ခိုင္းၿပီး သူတို႔ေလးေတြေက်ာင္းထဲဝင္သြားသည္ကို‌ေစာင့္ၾကည့္ေလ့ရွိသည္။

ဒီေန႔လည္း ခြၽင္းခ်က္မရွိပါဘူး။သူတို႔ သူငယ္တန္းေက်ာင္း၏ဝင္ေပါက္ကို ေရာက္သည့္အခါမွာ ေဂၚဖီထုပ္ေလးႏွစ္ထုပ္သည္ တစ္ေယာက္လက္တစ္ေယာက္ဆြဲၿပီး စိတ္အားထက္တန္စြာႏွင့္ ကားေပၚကခုန္‌ဆင္းသြားေတာ့သည္။
ခ်ဴယီ သူတို႔ႏွစ္ေယာက္ကို ဆုပ္ကိုင္လိုက္ၿပီး သူ႔ညီမငယ္၏ လည္စည္းႀကိဳးကို သပ္သပ္ရပ္ရပ္ ခ်ီေပးၿပီး သူ႔ညီငယ္ေလး၏ ရွဴးဖိနပ္အမဲ ေပၚက ဖုန္မႈန႔္ေတြကိုဖယ္ေပးရင္း ဂ႐ုတစိုက္ဒူးေထာက္ထိုင္လိုက္သည္။သူဒါေတြအားလုံးကို လုပ္ေပးေနရင္းႏွင့္ ေဂၚဖီထုပ္ေလးေတြကို ဆုံးမလိုက္သည္။

"လ်န္ရွန႔္ မင္း သူငယ္ခ်င္းေတြကို အႏိုင္မက်င့္ရဘူးေနာ္။ၿပီးေတာ့ ဆရာမေတြစကားကိုလည္းေသခ်ာနားေထာင္။မားမားက ‌အေဝးကို ခဏသြားေနေပမဲ့ မၾကာခင္ျပန္လာလိမ့္မယ္။မင္း ေကာင္းေကာင္းမျပဳမူမွန္းသိသြားခဲ့ရင္ သူမ စိတ္မေကာင္းျဖစ္မွာ ေသခ်ာတယ္။"

ၿပီးေနာက္ အေဝးကိုၾကည့္ေနသည့္ ခ်င္းခ်င္းကို သူၾကည့္ၿပီး
"ခ်င္းခ်င္းလည္း ေကာင္းေကာင္းေနရမယ္ေနာ္။အရင္ေန႔က ဆရာမက အိမ္ကိုဖုန္းဆက္ၿပီး တစ္ေရးတစ္ေမာ မအိပ္ခ်င္တဲ့အေၾကာင္းနဲ႔ ထမင္းစားဖို႔ ဂ်ီးမ်ားေနတယ္လို႔ ေျပာခဲ့တယ္။
ဒါကမေကာင္းဘူး။ ဒီလိုမ်ိဳး ဒီေန႔ ေနာက္ထပ္ ထပ္မလုပ္ရေတာ့ဘူးေနာ္။"

ခ်င္းခ်င္း၏အာ႐ုံေတြသည္ သူမရဲ႕ သူငယ္တန္းကသူငယ္ခ်င္းေတြအေပၚမွာပဲ က်ေရာက္ေနသည့္အတြက္ေၾကာင့္ သူမေလးဟာ ေပါ့ေပါ့တန္တန္ေခါင္းညိတ္ၿပီး သူမသူငယ္ခ်င္းေတြဆီကို ခ်က္ခ်င္းေျပးသြားေတာ့သည္။

ခ်ဴယီဒါကို‌ျမင္ေတာ့ မ်က္ေမွာင္ၾကဳတ္သြားၿပီး သူမေလးကို လွမ္းေအာ္ေျပာလိုက္သည္။
"အရမ္းမေျပးနဲ႔!"

ခ်င္းခ်င္း၏ေနာက္ေက်ာေလးဟာ အနည္းငယ္တုန္လႈပ္သြားၿပီး သူမေျခလွမ္းေတြကို ေလွ်ာ့ခ်လိုက္သည္။ဒါကိုျမင္ၿပီးေနာက္မွာ ခ်ဴယီေက်နပ္သြားေပမဲ့ သူမအစ္ကိုရဲ႕အၾကည့္ကလြတ္လြတ္ခ်င္းမွာပဲ ခ်င္းခ်င္းထပ္ေျပးျပန္သည္။

"သတိထား၊ခ်င္းခ်င္း‌ ေခ်ာ္လဲမယ္......"

စကားမဆုံးခင္မွာပဲ အရမ္းျမန္ျမန္ေျပးေနသည့္ ခ်င္းခ်င္းသည္ သူ႔မမ်က္ႏွာႏွင့္ လွဲက်သြားေလေတာ့သည္။ခ်ဴယီ၏ ႏွလုံးသားေလးဟာ သူ႔ရင္ဘက္ထဲက ထြက္လုနီးပါး ခုန္လႈပ္ေနၿပီး သူခ်က္ခ်င္းကို ေျပးဝင္သြားခ်င္ခဲ့သည္။

ကားေမာင္းသမားသည္ သူ႔ကိုခ်က္ခ်င္းတားလိုက္ၿပီး သူ႔နား နားေလးကို ကိုင္းၿပီးေျပာလိုက္သည္။
"သခင္ငယ္ေလး၊ ေနာက္က်ေနၿပီ"

"............."

သူအခ်ိန္ေတြအမ်ားႀကီး ျဖဳန္းလိုက္မိၿပီ။ သူအခုမသြားရင္ ေနာက္က်သြားလိမ့္မည္။

ခ်ဴယီသည္ ေကာ္လိုကပ္ေနေသာ ခ်င္းခ်င္းကိုၾကည့္လိုက္ရင္း သူ႔ေျခလွမ္းေတြကို ရပ္လိုက္တံ့သည္။သူမကို ဆရာမကူညီေပးေနသည္ကို ၾကည့္ၿပီး ေနာက္ဆုံးေတာ့ သူ႔စိတ္ေတြ ေျပေလ်ာ့သြားသည္။ၿပီးေနာက္ သူလ်န္ရွန႔္ကိုၾကည့္လိုက္ၿပီး
"လ်န္ရွန႔္၊မင္းမွာ မင္းညီမေလးကိုၾကည့္ရႈဖို႔ တာဝန္ရွိတယ္ နားလည္လား?"

လ်န္ရွန႔္ သူ႔ကိုဘာမွမေျဖဘဲ သူ႔လြယ္အိတ္ေလးကိုသာယူၿပီး ေက်ာင္းဝန္းထဲေျပးဝင္သြားေတာ့သည္။

"မေျပးနဲ႔"

ကားေမာင္းသမား : ".........."

သခင္ငယ္ေလးခ်ဴယီအတြက္ ကေလးထိန္းလုပ္ရတာ တစ္ကယ္ခက္ခဲတာပဲ။

ေက်ာင္းမွာ ရွည္လ်ားတဲ့တစ္ေန႔တာၿပီးသည့္ေနာက္မွာ ေဂၚဖီထုပ္ေလးေတြသည္ သူတို႔ဒယ္ဒီႏွင့္ အတူတူအခ်ိန္ကုန္ဆုံးဖို႔ အခ်ိန္က်ေရာက္‌လာေလသည္။

သူတို႔မာမီမရွိသည့္ အတြက္ေၾကာင့္ ေဂၚဖီထုပ္ေလးေတြဟာ သူတို႔ဒယ္ဒီကို တစ္ဦးခ်င္းဆီ လိုက္ကပ္ခဲ့ေပမဲ့လည္း ဒီေန႔မွာေတာ့.....သူတို႔ဒယ္ဒီဟာ အိမ္ျပန္မလာေသးပါဘူး။

နာရီလက္တံဟာတစ္ခ်က္ခ်က္ျမည္ေနၿပီး ၎ဟာ ကိုးနာရီကို ၫႊန္ျပေနခဲ့သည္။ႀကီးမားသည့္ ဧည့္ခန္းႀကီးဟာ လူသူကင္းမဲ့သလိုမ်ိဳးတိတ္ဆိတ္ေနခဲ့သည္။

ၾကမ္းျပင္ေပၚမွာျပန႔္ႀကဲေနသည့္ အ႐ုပ္ေတြကိုၾကည့္‌ၿပီးေနာက္ ျပတင္းေပါက္အျပင္ဘက္က ေမွာင္မိုက္ေနသည့္ညကိုၾကည့္ရင္း ခ်င္းခ်င္း၏ ခံစားခ်က္မ်ားသည္ ေအာက္ဆုံးထိက်သြားေလသည္။သူမေျခေထာက္ေလးမ်ားကို ေလထဲသို႔ေျမႇာက္လိုက္ရင္း ခ်ဴယီကိုေမွ်ာ္လင့္ခ်က္ေတြျပည့္ေနသည့္မ်က္လုံးေလးမ်ားႏွင့္ၾကည့္လိုက္သည္။
"ေကာေကာ၊ပါးပါးက ဘာလို႔အခုထိ အိမ္ျပန္မလာေသးရတာလဲ?"

ခ်ဴယီ သူမ၏ႏူးညံ့သည့္ဆံပင္ေလးေတြကိုထိလိုက္ရင္း ရွင္းျပလိုက္သည္။
"ပါးပါး ဒီေန႔ အေရးႀကီးတဲ့ စာခ်ဳပ္တစ္ခု ညႇိႏႈိင္းရမယ္လို႔ Xiao Gao က်ဲက်ဲ က ခ်င္းခ်င္းကို ေျပာခဲ့တယ္ မဟုတ္လား၊ ဒါေၾကာင့္ ပါးပါးဒီေန႔ အိမ္ျပန္ေနာက္က်လိမ့္မယ္"

လ်န္ရွန႔္သည္ သူ႔မ်က္ခြံမ်ားကို ပင့္တင္ကာ ေစာင္ေပၚတြင္ လွဲအိပ္လိုက္ရင္း
"ဒါေပမဲ့ အခုက အရမ္းေနာက္က်ေနၿပီေလ"

ကိုးနာရီေက်ာ္က သူတို႔အတြက္ေတာ့ အရမ္းေနာက္က်ေနၿပီျဖစ္သည္။

ေနာက္တစ္ႀကိမ္တိတ္ဆိတ္သြားျပန္သည္။

ခ်ဴယီ၏ ထူထဲၿပီး လွပေသာ မ်က္ေတာင္ေလးမ်ားသည္ ေအာက္သို႔က်သြားသည္။သူလည္းပဲသူ႔ႏွလုံးသားထဲတြင္ တစ္စုံတစ္ခုေပ်ာက္ဆုံးေနသည္ဟု သူခံစားေနရသည္။

ေဂၚဖီထုပ္ေလးေတြဟာ သူတို႔မိဘေတြကိုကပ္ခြၽဲၿပီးအတူတူေနေလ့ရွိသည္။အတိတ္တုန္းကေတာ့ သူတို႔ဒယ္ဒီအလုပ္မ်ားေနခဲ့လွ်င္ေတာင္ သူတို႔မာမီရွိေနေသာေၾကာင့္အထီးက်န္သည္ဟု သူတို႔မခံစားခဲ့ရဘူး။ဒါေပမဲ့ အခုေတာ့......မားမားက အေဝးေရာက္ေနၿပီး ပါးပါးကျပန္မလာခဲ့ဘူး။

လ်န္ရွန႔္ သူ႔ႏႈတ္ခမ္းေလးကို ကိုက္လိုက္ၿပီး ႐ုတ္တရက္ေျပာလိုက္သည္။
"ငါတို႔ ဟိုးအရင္ကလို ျပန္ျဖစ္ေတာ့မွာလား?"

ခ်ဴယီ အံ့အားသင့္သြားၿပီး သူ႔‌ေခါင္းေလးကို ေမာ့လိုက္သည္။

ဟိုးအရင္က?

ဟုတ္တယ္၊ဟိုးအရင္ကလို။

သူတို႔သည္ ေန႔တိုင္း ဟိုးအရင္ကလိုပဲ အခ်ိန္ျဖဳန္းေနရသည္။နာရီကိုၾကည့္ၿပီး ၊ညကိုၾကည့္ကာ တစ္ေယာက္ကို တစ္ေယာက္ အားကိုးၿပီး အခ်ိန္ေတြကို ျဖဳန္းေနၾကရသည္။အရင္ကဆိုလွ်င္သူတို႔မိဘေတြႏွင့္ အတူမရွိၾကရင္ေတာင္ သူတို႔ အထီးမက်န္ဘဲ သူတို႔ေန႔ရက္ေတြကိုျဖတ္သန္းသည္မွာ အခက္အခဲမေတြ႕ၾကဘူး။

ခ်င္းခ်င္း၏မ်က္လုံးေလးေတြဟာ ခ်က္ခ်င္းနီရီလာၿပီး "ေပါင္ေပ့၊ မားမားကိုလြမ္းတယ္"

လ်န္ရွန႔္၏ မ်က္လုံးေလးမ်ားဟာလဲ နီရဲလာၿပီး
"ေကာေကာလည္းပဲ မားမားကိုလြမ္းတယ္"

ႏွစ္ေယာက္လုံး၏ အၾကည့္ေတြဟာ ခ်ဴယီေပၚကိုက်ေရာက္လာၿပီး
"ေကာေကာကေရာ၊မားမားကို မလြမ္းဘူးလား?"

ဟုတ္တာေပါ့၊ခ်ဴယီလည္းပဲ သူမကိုလြမ္းေနတယ္ ဒါေပမဲ့ သူဒါကို ဝန္ခံလိုက္မယ္‌ဆိုရင္ သူ႔ညီငယ္၊ညီမ‌ငယ္ေလးေတြဟာ ပိုၿပီးဝမ္းနည္းလာေပလိမ့္မည္။

"မားမားက မၾကာခင္ျပန္လာလိမ့္မယ္။ ပါးပါးလည္းပဲ မၾကာခင္ျပန္လာလိမ့္မယ္။လ်န္ရွန႔္ နဲ႔ ခ်င္းခ်င္း မင္းတို႔အရင္ အိပ္ယာဝင္သင့္ၿပီ။မင္းတို႔ႏိုးလာတဲ့အခါက်ရင္ မင္းတို႔ သူတို႔ႏွစ္ေယာက္လုံးကို‌ေတြ႕ႏိုင္လိမ့္မယ္"

အမွန္တစ္ကယ္ပင္ ေဂၚဖီထုတ္ေလးႏွစ္ထုပ္ဟာ အလြန္အိပ္ခ်င္ေနၾကၿပီျဖစ္သည္။ သူတို႔ေခါင္းညိတ္ၿပီးတာႏွင့္ပဲ တစ္ေယာက္လက္တစ္ေယာက္ကိုင္ၿပီး အေပၚထပ္ကို တက္သြားၾကေတာ့သည္။

ယခုဆိုလွ်င္ က်ယ္ဝန္းေသာ ဧည့္ခန္းႀကီး၌ ခ်ဴယီတစ္ေယာက္သာ က်န္ခဲ့ေလသည္။

လူတစ္ေယာက္ တစ္ေယာက္တည္းရွိေနသည့္အခါ ေရာက္တတ္ရာရာေတြးဖို႔လြယ္ကူလြန္းသည္။

ေကာင္ငယ္ေလးသည္ ဆိုဖာေပၚတြင္ထိုင္ေနရင္း သူ႔ဒူးေခါင္းတစ္ဝိုက္ကို သူ႔လက္ေတြႏွင့္ ေပြ႕ဖက္ထားၿပီး သူ၏လွပေသာမ်က္လုံးေတြသည္ သန႔္ရွင္းေသာၾကမ္းျပင္ကို စိုက္ၾကည့္ေနသည္။
နံရံေပၚရွိ ခမ္းနားထည္ဝါၿပီး တန္ဖိုးႀကီးေသာ ပုံမ်ားကို ၾကည့္ရႈၿပီးေနာက္မွာ သူ႔မ်က္လုံးေတြသည္ ေနာက္ဆုံးမွာေတာ့ သူ႔ေရွ႕မွာရွိသည့္ဖုန္းေပၚတြင္ ရပ္တန႔္သြားသည္။

သူဖုန္းကိုေကာက္ယူလိုက္ၿပီး နံပါတ္မ်ားကို ႐ိုက္ႏွိပ္လိုက္ေပမဲ့ အဆုံးမွာ သူဖုန္းမေခၚခဲ့ေပ။

ခ်ဴယီ သူ႔ကိုယ္သူေျပာလိုက္သည္။သူသည္ အခုရင့္က်က္တဲ့ေယာက်ၤားေလးတစ္ေယာက္ျဖစ္ေနၿပီျဖစ္တာေၾကာင့္ သူ႔မိဘေတြအေပၚအၿမဲတမ္း မမွီခိုသင့္ေတာ့ဘူး။

သူ႔ကိုယ္သူ တိတ္ဆိတ္စြာအားေပးၿပီးေနာက္မွာ ခ်ဴယီ ဆိုဖာေပၚတြင္စိတ္သက္သာရာ ရသြားၿပီး မသိလိုက္ဘဲ အိပ္ေပ်ာ္သြားေတာ့သည္။

ဘယ္ႏွနာရီ ၾကာမွန္းမသိလိုက္သည့္အခ်ိန္မွာ ႐ုတ္တရပ္ အျပင္ဘက္ကေနလာသည့္ ေျခသံေတြႏွင့္ ဆူညံသံေတြကိုၾကားလိုက္ရသည္။
ေနာက္တစ္စကၠန႔္မွာပဲ တစ္စုံတစ္ခုဟာ ခ်ဴယီေပၚကို ေလးလံစြာက်လာပုံေပၚသည္။သူခ်က္ခ်င္းႏႈိးလာၿပီး မ်က္လုံးမ်ားကို မွိန္းကာ ပြတ္လိုက္သည္။

အလင္းေရာင္ကိုျဖတ္ၿပီး သူျမင္လိုက္ရတာေတာ့
သူ႔ဒယ္ဒီအိုႀကီးသည္ ဆိုဖာေပၚတြင္လွဲေလ်ာင္းေနကာ သူ႔အက်ႌေတြကတြန႔္ေနၿပီး သူ႔ဆံပင္က အရက္နံ႔ျပင္းျပင္းျဖင့္ ရႈပ္ပြေနသည္။ သူ မူးေနတာျဖစ္မည္။

"ထ်န္။မိန္းမေရ....."
လင္းေဆြ႕က်ိဳး သူ႔လက္မ်ားကို အမွတ္တမဲ့ ေဝွ႔ယမ္းလိုက္ၿပီး သူ႔ေဘးနားရွိ ျပာခြက္ႏွင့္ ခ်ိတ္မိကာ "မိန္းမ....."

ဘုန္း!

သူသည္ ျပာခြက္ကို ေသခ်ာမကိုင္ထား‌ေသာဆၾကာင့္ ေနာက္ဆုံးမွာသူ႔မ်က္ႏွာေပၚသို႔ ျပဳတ္က်သြားသည္။

ခ်ဴယီေနာက္ဆုတ္လိုက္ၿပီး သူ႔မ်က္လုံးေတြကို ကာထားလိုက္မိသည္။သူမၾကည့္ရဲဘူး၊ ၾကည့္ရတာ ေတာ္ေတာ္နာမယ့္ပုံဘဲ။

ဒယ္ဒီအိုႀကီး တိတ္ဆိတ္သြားသည္။

ခ်ဴယီ အနည္းငယ္စိုးရိမ္မိေသာေၾကာင့္ ေရွ႕သို႔ သတိထားၿပီး ငုံ႔ၾကည့္လိုက္သည္။သူဂ႐ုတစိုက္ႏွင့္ ျပာခြက္ကို ေကာက္ယူလိုက္သည္။အဘယ့္ေၾကာင့္ဆိုေသာ္ သူ႔ဒယ္ဒီ၏မ်က္ႏွာမွာ နီရဲေနေသာေၾကာင့္ မည္သည့္ေနရာကို ထိခိုက္မိသည္ကို မျမင္ႏိုင္ေပ။

"ဒယ္ဒီ......." ခ်ဴယီ သူ႔ကို ညင္သာစြာ တြန္းလိုက္သည္။

"ငါက မင္းရဲ႕ဒယ္ဒီမဟုတ္ဘူး" လင္းေဆြ႕က်ိဳး တိုးတိုးေလးေျပာလိုက္ၿပီး
"ငါကိုအဲ့လိုမ်ိဳး လက္လႊတ္စပယ္ မေခၚစမ္းနဲ႔။ငါ...ငါကအခုထိ အေကာင္ေပါက္ေလးပဲရွိေသးတာ ငါ့မွာသားမရွိဘူး"

"........"

"................."

သူ႔ဒယ္ဒီသည္ ကူညီလို႔မရေအာင္ကို ႐ူးေနၿပီျဖစ္သည္။

ခ်ဴယီ မူးေနေသာ လင္းေဆြ႕က်ိဳးကို ၾကည့္လိုက္ေပမဲ့ သူ႔ရင္ထဲတြင္အလြန္ဝမ္းနည္းေနသည္။သူ႔ညီငယ္ ညီမငယ္မ်ားႏွင့္ယွဥ္လွ်င္ပင္ သူ႔ဒယ္ဒီသည္အဆုံးရိမ္ရဆုံးလူျဖစ္သည္။

ဟုတ္တယ္၊မိသားစုထဲမွာ အႀကီးဆုံးသားျဖစ္ရတာ တစ္ကယ္မလြယ္ဘူးပဲ။

ခ်ဴယီ သူ႔ဒယ္ဒီ၏အိတ္ကပ္ထဲမွဖုန္းကိုထုတ္ယူလိုက္ၿပီး သူ႔မာမီပုံကို wallpaper ထားထားသည္ကို ျမင္လိုက္ရသည္။ေႏြးေထြးေသာေနေရာင္ျခည္ေအာက္တြင္ ေနပူဆာလႈံေနေသာအမ်ိဳးသမီးေလး၏ ႏူးညံ့လွပေသာအမူအရာသည္ ပန္းခ်ီကားတစ္ခ်ပ္ႏွင့္ပင္တူေလသည္။

ခ်ဴယီ သူ႔ေခါင္း‌ေလးကို ငုံ႔လိုက္ၿပီး သူ႔ဒယ္ဒီရဲ႕ ဖုန္းနဲ႔ စာတိုေလးတစ္ခု ပို႔လိုက္သည္။

[ကိုယ္မင္းကိုလြမ္းတယ္💁~]

ခဏေလာက္အၾကာမွာပဲ က်န္းထ်န္စာျပန္ပို႔ခဲ့သည္။
[မင္း ဒယ္ဒီရဲ႕ ဖုန္းကိုယူမေဆာ့နဲ႔]

ဟမ္?

သူ႔မာမီက အမွန္‌တရားကိုေျပာႏိုင္တာကိုသိၿပီး ခ်ဴယီအံ့ဩသြားသည္။

ဒါေပါ့ က်န္းထ်န္ေျပာႏိုင္တယ္ေလ။သူမရဲ႕ ေဆြ႕ေလးက အျပင္ပိုင္းမွာ ေအးစက္တဲ့ပုံေပၚေပမဲ့ အတြင္းမွာေတာ့ နက္နဲၿပီး စိတ္အားထက္သန္ေလသည္။သူက စာေၾကာင္းအဆုံးမွာ လႈိင္းတြန႔္သေကၤတကို သုံးဖို႔ေနေနသာသာ '💁' ဒါကိုလဲဘယ္ေတာ့မွ သုံးမွာမဟုတ္ဘူး။ဒါနဲ႔ပတ္သတ္ၿပီးရွင္းျပႏိုင္တဲ့ တစ္ခုတည္းေသာအခ်က္က သူ႔ဖုန္းကို ကေလးေတြ ေနာက္တစ္ႀကိမ္ ယူေဆာ့တာ ျဖစ္ရမည္။

ညနက္သည့္အထိ အလုပ္လုပ္ေနတုန္းျဖစ္သည့္ က်န္းထ်န္က စာျပန္ပို႔လိုက္သည္။
[သားဒယ္ဒီကို ဂ႐ုစိုက္လိုက္ဦး၊သူ႔ကိုအမ်ားႀကီးမေသာက္ေစနဲ႔]

.......သူ႔ကို အမ်ားႀကီးမေသာက္ေစနဲ႔။

ခ်ဴယီသည္ သူ႔အနားရွိ အမူးလြန္ၿပီး လုံးဝမထႏိုင္ေတာ့သည့္ သူ႔ဒယ္ဒီအိုႀကီးကို ၾကည့္ၿပီး တိတ္ဆိတ္သြားမိသည္။

တီဗီစီးရီး၏ သုံးပုံႏွစ္ပုံခန႔္ကို ႐ိုက္ကူးခဲ့ၿပီးျဖစ္ၿပီးယေန႔တြင္ သူတို႔သည္ ညျမင္ကြင္းတစ္ခုကို ႐ိုက္ကူးလ်က္ရွိသည္။ႏွစ္ဖက္စလုံးရွိ အလင္းေရာင္သည္ ပူေႏြးေသာအပူခ်ိန္ကို ထုတ္လႊတ္ေနေပမဲ့ ည၏ေအးစက္မႈကို မေခ်ဖ်က္ႏိုင္ေသးေပ။

သူမသည္ မိတ္ကပ္လိမ္းထားျခင္းမရွိဘဲ ရွဴတင္ထိုင္ခုံ‌တြင္ထိုင္ေနၿပီး သူမဆံပင္မ်ားသည္ရႈပ္ပြေနသည္။သူမခႏၶာကိုယ္ကို အနည္းငယ္‌ေဟာင္းေနေသာ ကုတ္အက်ႌျဖင့္ ထုပ္ပိုးထားၿပီးသူမ‌ေခါင္းေလးကိုအနည္းငယ္ငုံ႔ကာ သူမ၏ေပါင္ေပၚရွိ ဇာတ္ၫႊန္းစာအုပ္သည္ အမွတ္အသားမ်ားျဖင့္ ျပည့္ႏွက္ေနသည္။သူမမွတ္သား‌ထားေသာမွတ္စုမ်ားသည္ သ႐ုပ္ေဆာင္မ်ားထက္ပို၍ အေသးစိတ္က်ေပသည္။

က်န္းထ်န္သည္ အလုပ္ကို အေလးအနက္ထားၿပီး မည္သည့္အလုပ္ကိုမဆို ႏွစ္သက္သူတစ္ဦးျဖစ္သည္။သ႐ုပ္ေဆာင္ပဲျဖစ္ျဖစ္၊ ဇာတ္ၫႊန္းေရးဆရာပဲျဖစ္ျဖစ္၊ သူမလုပ္သေ႐ြ႕ေတာ့ သူမဟာ 100% ႀကိဳးစားေနမွာပါ။

ယခုေတာ့ ရႈတင္မရွိေတာ့ပါဘူး။သ႐ုပ္ေဆာင္ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ စကားစျမည္ေျပာရင္း ႏွစ္ေယာက္တြဲ ထိုင္ေနၾကသည္။ဇာတ္လမ္းႀကီးၾကပ္သူအျဖစ္ျဖစ္ေစ သ႐ုပ္ေဆာင္အျဖစ္ျဖစ္ေစ က်န္းထ်န္၏ခံ့ညားေသာပုံစံကို သူတို႔မ်က္ျမင္ကိုယ္ေတြ႕ေတြ႕ၿပီးကတည္းက သူမကို သူတို႔မခ်ည္းကပ္ရဲၾကေတာ့ဘူး။ေနာက္ဆုံးမွာေတာ့ သူမရဲ႕ဒီအခ်က္အလက္ေတြေၾကာင့္ပဲ သူတို႔သူမကိုေစာ္ကားဖို႔မတတ္ႏိုင္ၾကေတာ့ဘူး။

"ေရွာင္လွ်ိဳ႕ကဒါကိုမျပင္ႏိုင္ရင္၊ဟိုဘက္အခန္းက ဝန္ထမ္းေတြဆီကသြားငွားလိုက္!"

"ေရွာင္လွ်ိဳ႕ သြားငွားၿပီ!"

"သူ႔ကိုျမန္ျမန္လုပ္ဖို႔ေျပာလိုက္!"
ဒါ႐ိုက္တာက သူ႔ေဘာင္းဘီအိတ္ကပ္ထဲက စီးကရက္တစ္လိပ္ကို ယူလိုက္ၿပီး မီးျခစ္ကို လိုက္ရွာရင္း မေက်မနပ္နဲ႔ ေရ႐ြတ္လိုက္သည္။

T.N ဒီအပိုင္းက ေတာ္ေတာ္ေလးရွည္လို႔ တစ္ဝက္ပဲျပန္လို႔ၿပီးလိုက္တယ္ က်န္တဲ့တစ္ဝက္ မနက္ျဖန္မွ တင္ေပးမယ္ေနာ္💗

လ်န္ရွန႔္အိပ္တဲ့ၾကယ္ငါးပုံစံေလး

Continue Reading

You'll Also Like

835K 71.5K 195
📌Complete 📌 ( ၁၅ ရက်နေ့ စာပြင်ဖို့ Un မှာပါ အခုမှစမှာဆို မဖတ်ပါနဲ့ဦးနော် တန်းလန်းကြီးဖြစ်နေမှာစိုးလို့ပါ တစ်ခါတည်း Ongoing ပြန်လိုက်ပေးရင် ကျေးဇူးတ...
1.2M 63.1K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
25.5K 1.9K 23
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
1.4K 73 4
Title name : ငါ​လေးက အာဏာရှင်ကြီးရဲ့ အရုပ်​လေးဖြစ်လာခဲ့တယ် [ uni x zawgyi ] Web name : I'm A Doll, But The Tyrant Is Obsessed With Me Author(s) :...