ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 154K 7.7K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{20}

9.1K 1.3K 80
By Greentealay-


Unicode

ကျိချင်းကျိုးက ချူချန်ကိုကြည့်လိုက်တော့ ချူချန်ကလည်းပြန်ကြည့်လာသည်။သူ့အကြည့်တွေက အရမ်းကို ကြင်နာရိပ်သန်းနေလျက် …ကျိချင်းကျိုးသည် ထိုမျက်ဝန်းတွေကိုကြည့်ရင်းနဲ့ ချူချန် သူ့ကိုတောင်းဆိုစရာမလိုပါဘူးလို့ ခံစားလိုက်ရတယ်။အခုပဲ အဲ့လိုဖြစ်ပြီးသွားပြီလေ။သူ့ခွန်အားတွေတိုးပြီးသန်မာလာရင်တောင် ချူချန်ကိုလုံးဝမခုခံလိုပေ။သို့သော် ချူချန်ကတော့ သူ့ကိုတောင်းဆိုလာသည်။
ကျိချင်းကျိုးတစ်ယောက် ခေါင်းငုံ့ကာ သူ့နှလုံးသားကလည်း အဆက်မပြတ်ခုန်ပေါက်နေ၏။အရင်ကဆို ဘယ်သူနဲ့မှ ဒီလိုနီးနီးကပ်ကပ်ကြီးမနေဖူးပေ။သူစိတ်လျော့ဖို့လိုနေပြီ…တကယ်တော့ ချူချန်ရဲ့နူးညံ့မှုတွေထဲ နစ်မျောပြီး အသက်ရှူမှားသွားရုံပဲဟာ…

"နောက်တစ်ကြိမ်မှပေါ့"
သူတိုးဖွဖွလေးပြောလိုက်သည်။

သူ့လိုရှက်မနေတဲ့ချူချန်ကတော့ ခေါင်းညိမ့်ပြလာသည်။
"ဒါဆိုမှတ်ထားမယ်"

ကျိချင်းကျိုး သဘောတူပြီး မော့ကြည့်လိုက်တော့ ချူချန်ရဲ့မျက်ဝန်းလေးတွေကအစပြုံးနေပြီး သူ့ကိုကြည့်နေသည်အားတွေ့လိုက်ရတယ်။ချူချန်ပြုံးရင်အရမ်းအရမ်းကြည့်ကောင်းသည်။အများအားဖြင့် သူ့မျက်လုံးတွေက ထက်မြက်စူးရှပေမယ့် ပြုံးလိုက်ချိန်မှာတော့ ချက်ချင်းနူးညံ့သွားသည်။သူ့ကိုကြည့်ရင်းနဲ့ကျိချင်းကျိုးရဲ့နှလုံးခုန်သံတွေလည်း ဖြည်းဖြည်းချင်းတည်ငြိမ်လာခဲ့တယ်။

နောက်ဆုံး သူပြန်ပြီးတည်ငြိမ်လာတာကိုကြည့်နေသောချူချန်မှာ မစ,ဘဲမနေနိုင်တော့ပေ။သူနဲ့ကျိချင်းကျိုးတို့အတူရှိချိန်က ဒီလောက်အချိန်အပိုင်းခြားလေးသာဖြစ်သော်လည်း ကျိချင်းကျိုးက ဘယ်သူ့ကိုမှမချစ်ဖူးသလို ရင်းရင်းနှီးနှီးနေဖူးမှာလည်းမဟုတ်တာကို သူသိနိုင်ပါတယ်။ထို့ကြောင့်လည်း တစ်ခါတစ်လေ နည်းနည်းနီးနီးကပ်ကပ်နေတာတို့ ကလူ၏မြှု၏တို့ကြောင့် အလွန့်အလွန်ကြံ့ကြံ့ခိုင်အောင်ကြိုးပမ်းနေရတာဖြစ်သည်။

သူ့ရဲ့ရှက်ကြောက်စိတ်အပြင် အလွန်ရိုးသားသူလည်းဖြစ်သည်။သူသည်းမခံနိုင်ရင်တောင်မှ ခေါင်းမရှောင်ပေ။တစ်ခါတစ်ရံဆို တစ်ချို့အံ့ဩစရာလှုပ်ရှားမှုလေးတွေကိုတောင် သူက စတင်ပေးသည်။ဆေးခန်းမှာတုန်းက ကျိချင်းကျိုးကို နှစ်ကြိမ်အနမ်းပေးခဲ့တာကို ချူချန်အမြဲမှတ်မိနေခဲ့သည်။စစချင်းတော့ ကျိချင်းကျိုး အံ့ဩသွားသော်လည်း ဒေါသမထွက်ခဲ့သလို စိတ်အနှောင့်ယှက်လည်းမဖြစ်ခဲ့ပေ။ထိုအစား သူထပ်နမ်းချင်သေးရင်ရပါတယ်ဆိုပြီးတောင် ညင်ညင်သာသာလေးအကြံပြုလာခဲ့တယ်။သူစကားလေးကြောင့်ပဲ နောက်ပိုင်းတစ်ခြားတစ်ယောက်က သူ့ကိုအရင်နမ်းရင်တောင် ထိုသူဟာ ဆုံးရှုံးသွားသလိုခံစားရမှာဖြစ်သည်။

တကယ်တော့ ကျိချင်းကျိုးက အရည်ချင်းပြည့်မီတဲ့ချစ်သူတစ်ယောက်မဟုတ်ပေ။‌အခြေခံကျကျ ကားမောင်းတာလေးတောင်ခွင့်မပြုဘဲတစ်ဆင့်ချင်းသွားလိုသေးတယ်။သို့သော် တစ်ချိန်တည်းမှာပဲ သူက အရမ်းကောင်းတဲ့ချစ်သူလေးတစ်ယောက်ဖြစ်ပြန်တယ်။သူက ဒီကိစ္စမှာ အတွေ့ကြုံမရှိဖူးပဲအရမ်းဖြူစင်သန့်ရှင်းတယ်လေ။ကျိချင်းကျိုးနဲ့ တူတူအိပ်တာ၊ပွေ့ဖက်တာ၊ နမ်းတာတွေအကုန်လုံး သူနဲ့သာဆက်စပ်ပြီးအတွေ့အကြုံရှိလာတာလို့ တွေးမိတိုင်း ချူချန်အရမ်းကိုပျော်မိသည်။

သူတို့နှစ်ယောက်လုံးက ပထမဆုံးအကြိမ်တွက်အားမွေးနေကြခြင်းဖြစ်သည်။သူတို့နှစ်ယောက်လုံး တစ်ခြားသူတစ်ယောက်ရဲ့ချစ်သူဖြစ်ဖူးတဲ့ အတွေ့အကြုံလည်းမရှိပေ။ပထမဆုံးအကြိမ်ဖြစ်တဲ့ရှူးဂါးဒယ်ဒီကလည်း ရှူးဂါးဒယ်ဒီတစ်ယောက်ရဲ့လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးရဖို့ အလားအလာမရှိ။သို့သော်လည်း နေ့စဉ်ရက်ဆက်အတူတူရှိနေကြတဲ့သူတို့နှစ်ယောက်လုံးပေါ် ထိုဟာက အကျိုးသက်ရောက်မှုမရှိခဲ့။သူတို့နဲ့သာ သက်ဆိုင်တဲ့ ပေါင်းသင်းဆက်ဆံမှုပုံစံတိုင်းပဲ နေထိုင်ခဲ့ကြသည်။ဒီတစ်ကြိမ်၌ ကျိချင်းကျိုးနဲ့အတူ ဘဝရဲ့သာယာသောသံစဉ်လေးတွေ သီဆိုတီးမှုတ်ဖို့ တန်းသွားရလောက်အောင်အထိ ချူချန်းလည်း အရမ်းကြီးအလျင်လိုနေတာမဟုတ်ပေ။

ချူချန်  ကျိချင်းကျိုးအား အချိန်တိုင်းသိမ်းပိုက်ထားချင်သည်။ကျိချင်းကျိုးရဲ့ပထမဆုံးအကြိမ်တိုင်းရောပဲ။ လက်ကိုင်ခြင်းလိုမျိုးသေးငယ်တဲ့ အပြုအမူလေးတောင်မှ သူပဲ‌နေရာယူထားချင်တယ်။ဘယ်ဟာမှ လက်မလွှတ်နိုင်ပေ။ကျိချင်းကျိုးက စိတ်ပါလက်ပါရှိတာကိုလည်း သူလိုချင်တယ်။ ကျိချင်းကျိုးဘက်က ခေါင်းလေးညိမ့်ပြီး အရင်စ,ပေးလာတဲ့ တရင်းတနှီးအပြုမှုတိုင်းကလည်း  ချူချန် ဖိုင်လုပ်ပြီးသိမ်းထားချင်နေတဲ့ မှတ်ဉာဏ်လေးတစ်ခုဖြစ်လာတယ်။

ချူချန် မချစ်မိချင်ပေမယ့် ကျိချင်းကျိုးကိုတော့ ဆန္ဒအလျောက်အရမ်းအလိုလိုက်ပေးချင်သည်။‌ နောက်ဆုံးကျ ကျိချင်းကျိုးရဲ့အချစ်ရေးမှာလည်း မရင့်ကျက်ခဲ့တဲ့အချိန်တစ်ခုရှိဖူးပြီး အဲ့အချိန်လေးကလည်း ဘယ်တော့မှပြန်မရနိုင်မယ့် အတိတ်တစ်ခုဖြစ်သွားပြီလေ။ကျိချင်းကျိုးရဲ့အနာဂတ်ချစ်သူလေးကိုတော့ ချူချန်နည်းနည်းသနားမိပါရဲ့။ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။အရင်ရောက်တဲ့လူအရင်ယူပဲလေ။ချူချန်ကအရင်ရောက်တဲ့လူပဲဟာ။

ကျိချင်းကျိုးနဲ့ချူချန်တို့ ကားထဲမှာ အလာပသလာပပြောနေကြသည်။၆နာရီထိုးခါနီးမှာတော့ ရှောင်ချန်းက သူ ရိုက်ကူးရမည့်အလှည့်ရောက်ပြီဆိုတဲ့ မက်ဆေ့ တစ်စောင်ပေးပို့လာခဲ့တယ်။ကျိချင်းကျိုး ချူချန်အား ကားထဲမှာစောင့်မလားမေးကြည့်ရင်း သူ့ဘာသာသွားဖို့ပြင်လိုက်သည်။ချူချန်ကတော့ သူပြောတာဆိုတစ်စက်မှနားမထောင်ပေ။သူနဲ့အတူကားအပြင်ကိုလိုက်ထွက်လာသည်။

"ကိုယ့်ကို ရိုက်ကွင်းလိုက်လည်ဖို့ပြောတုန်းက မင်းရိုက်ကူးတာကို ကြည့်ပေးဖို့မပြောခဲ့ဘူးလား"

ချူချန်တစ်ယောက်ကတော့ ကျိချင်းကျိုးနားကိုကပ်ပြီး စဖြစ်အောင်လိုက်စသည်။

"ကိုယ်ကိုထပ်မဖြန့်ပြတော့ဘဲ မင်းရဲ့အမြီးလေးကို ဖွက်ထားချင်တယ်ပေါ့"

"ခင်ဗျားပဲဖြန့်နေလိုက်"

"ကိုယ့် idolကို ပြောပုံကလည်း..."

ချူချန် သူ့ကျောလေးကိုပုတ်ပေးလိုက်ပြီး

"မင်းရဲ့ကြည့်ကောင်း‌ပြီးတောက်ပတဲ့‌တောင်ပံလေးတွေကို ကိုယ့်ကိုမြင်ခွင့်ပေးပါတော့"

ကျိချင်ကျိုးက သူ့ကိုပြန်ကြည့်လာပြီး ရိုက်ကူးရေးနေရာဆီလျောက်သွားတော့သည်။

ဒီအခန်းမှာ ဇာတ်ပို့မင်းသမီးက ကျွမ်းရှန်ယန်ကိုဝန်ခံသော်လည်း ကျွမ်းရှန်းယန်က ငြင်းနေခြင်းဖြစ်သည်။ဇာတ်ကွက်ကအရမ်းရိုးရှင်းတဲ့အပြင် ကျိချင်းကျိုးမှာလည်း ငြင်းဆန်ဖူးတဲ့မိန်းကလေးအများကြီးရှိတဲ့တွက် သရုပ်ဆောင်ဖို့မခက်ပေ။ချူချန်ကမူ ခပ်လှမ်းလှမ်းကကြည့်နေရင်း သရုပ်ဆောင်နေစဉ်ကျိချင်ကျိုးနဲ့ ပုံမှန်ဘဝကကျိချင်းကျိုးကအမှန်တကယ် အတော်လေးကွာခြားကြောင်းတွေ့လိုက်ရသည်။သူကပိုပြီးစိတ်လက်ပေါ့ပါးကာသက်သောင့်သက်သာဖြစ်နေသည်။

သူက အားကစားခန်း၏တံခါးကိုမှီပြီးခေါင်းငုံ့နေခြင်းဖြစ်ကာ သူမရဲ့ခံစားချက်တွေဖော်ပြဖို့ခက်ခက်ခဲခဲကြိုးပမ်းနေတဲ့ကောင်မလေးကိုစကားပြောနေခဲ့သည်။ကျွမ်းရှန်းယန်သည် ထိုခံစားချက်တွေအား မလိုအပ်သော်လည်း သူ့မျက်နှာက နူးနူးညံ့ညံ့ပြုံးနေသလို သူ့စကားတွေကလည်း ညင်သာနေခဲ့ပေမယ့် အပြုအမူတွေကတော့တိကျပြတ်သားနေခဲ့သည်။နောက်တော့ သူ့နောက်ကမိန်းကလေးကို တစ်ချက်မှမကြည့်ပဲတဖက်လှည့်ထွက်သွားတော့သည်။

ကျိချင်းကျိုး၏ရိုက်ကူးရေးအချိန်အများစုက အတူတူပင်။သူအချိန်ဇယားကိုကြည့်လိုက်တော့ ညဆယ့်နှစ်နာရီမှ တစ်ချိန်ထပ်ရှိသည်။ကျိချင်းကျိုးသည် ဒါရိုက်တာအား သူအပြင်ခဏထွက်ချင်လို့ ဆယ့်နှစ်နာရီမထိုးခင်ပြန်လာပါမယ်ဆိုပြီး တောင်းဆိုလိုက်သည်။ဒါရိုက်တာက သူ့ကိုစကားနည်းနည်းပြောပြီးတာနဲ့သွားခွင့်ပြုလာသည်။

ရှောင်ချန်းကိုတော့ သူ့နောက်လိုက်ခွင့်မပြုဘဲ ချူချန်ကားထဲမှာ ထားခဲ့လိုက်တယ်။

သူကားထဲဝင်လိုက်တာနဲ့ ချူချန်က အဓိပ္ပါယ်ပြည့်ဝတဲ့အကြည့်ကြီးနဲ့ကြည့်လာပြီး စိုက်ကြည့်နေရင်းနဲ့လည်း တစ်ခုခုတွေးနေပုံပင်။

ကျိချင်းကျိုး စိတ်ရှုပ်သွားရတယ်။

"ကျွန်တော်တစ်ခုခုပေနေလို့လား"

ချူချန်ကခေါင်းရမ်းပြလာသည်။

"ဒါဆိုဘာလို့ အဲ့လိုကြည့်နေတာလဲ""

"ရုတ်တရက်ကြီးတွေးမိလို့ပါ မင်းဇာတ်ကားထဲမှာနမ်းတဲ့အခန်းပါလားမပါဘူးလား"

သူဒီအကြောင်းတွေးနေမယ်လို့ ကျိချင်းကျိုးလည်းမထင်ထား‌သဖြင့် အကူညီမဲ့စွာပြောလိုက်သည်။

"အဲ့လိုတော့မပါဘူး"

"ဖက်တာတို့ လက်ကိုင်တာတို့ရော"

ဒီတစ်ခါတော့ ကျိချင်းကျိုးငြိမ်ကျသွားသည်။

ချူချန်က နှစ်ကြိမ်လောက် "ကျစ်" သပ်လိုက်ရင်း

"ကိုယ့်ကိုက ဂရုမစိုက်မိတာပါ"

"အရင်စတဲ့လူကကျွန်တော်မဟုတ်ဘူးလေ"

ကျိချင်းကျိုးက တိုးညှင်းစွာပြောလာသည်။

"ခေါင်းဆောင်မင်းသမီးက အရင်လာဖက်တာ…ကျွန်တော်က တောင့်တောင်ကြီးရပ်ပြီး လုံးဝပြန်မဖက်ဘူး တကယ်ပြောတာ"

"ပြန်ဖက်ချင်သေးတယ်ပေါ့"

"ဘယ်ကသာ မဖက်ချင်ပါဘူး"

ကျိချင်းကျိုးဟာ သူ့ကိုကြည့်ရင်း သတိရှိရှိပြောလိုက်ရသည်။

" ကျွန်တော်ပြန်ဖက်တဲ့သူက ခင်ဗျားတစ်ယောက်တည်းပဲ "

"လိမ္မာသေးတယ်ပေါ့"

ချူချန်က သူ့ထိုင်ခုံခါးပတ်ကိုဖြုတ်လိုက်ပြီး ကျိချင်းကျိုးရဲ့ထိုင်ခုံခါးပတ်ကိုလည်း လှမ်းဖြုတ်ပေးလာသည်။

"လာ… မင်းကိုယ်တိုင် ရှင်းပြဖို့ အခွင့်ရေးတစ်ခုပေးမယ်"

သူ ဒီလောက် စိတ်မြန်လက်မြန်ရှိမယ်လို့ ကျိချင်းကျိုး မမျှော်လင့်ထားခဲ့။ဒီလိုနဲ့ သူလည်း လက်ဆန့်ထုတ်ပြီးဖက်ပေးလိုက်ရသည်။

"အိုကေပြီလား"

"ဒီတစ်ခါတော့ရှိစေတော့။ပထမဆုံးအကြိမ်မို့ ရိုက်ခွင့်ပေးလိုက်မယ်။နောက်ဆို မင်းရဲ့ဇာတ်ညွှန်းတွေကို ဂရုတစိုက်နဲ့ကိုယ်စစ်ဆေးတော့မှာ"

ကျိချင်းကျိုးလည်း ဖက်ထားတာကို နည်းနည်းလေးလျော့ပြီး သူ့ကိုကြည့်လိုက်တယ်။

"ကျွန်တော်ကသရုပ်ဆောင်တစ်ယောက်ဆိုတာ ဒယ်ဒီသိပါတယ်"

"ယွီအန်းယီလည်း သရုပ်ဆောင်ပဲဟာ။သူကျတော့ နမ်းတဲ့အခန်းလုံးလုံးမပါဘူးလေ။သေ‌တဲ့အထိ ‌ဖက်ရုံပဲဖက်လိုက်တာ"

"ယွီအန်းယီကို ကြည့်လိုက်တာနဲ့ ချမ်းသာတဲ့မိသားစုက သခင်မကြီးလိုပဲလေ။သူမမှာက နောက်ခံကောင်းကောင်းရှိတယ်"

"ဘာဖြစ်တုန်း မင်းမှာလည်း မင်းဒယ်ဒီရှိတာပဲ"

ချူချန်ကတော့ ပြုံးပြုံးလေးနဲ့သူ့ခေါင်းကိုခပ်ဖွဖွပုတ်ပေးလာ၏။

"ဒါဆို မင်းမှာလည်း နောက်ခံကောင်းကောင်းရှိသွားပြီပေါ့ ‌ဒါလင်ရဲ့"

ထူးဆန်းသောနောက်ခံကြီးရသွားတဲ့ကျိချင်းကျိုး : .......

ချူချန်က သူ့မျက်နှာကို အပေါက်ဖြစ်အောင် ထိုးဆိတ်နေရင်း
"မဟုတ်ရင် မင်းသမီးတွေနဲ့နီးနီးကပ်ကပ်နေရမယ့်အခွင့်ရေးကို လက်မလွှတ်ချင်လို့လား"

"ကျွန်တော် မိန်းကလေးတွေကိုမကြိုက်ပါဘူး"

ကျိချင်းကျိုးက တိုးတိုးလေးပြောပြီး ချူချန်ကိုကြည့်လိုက်တယ်။ထို့ပြင် ဒီလောက်အသေးဖွဲ့ကိစ္စလေးတွေကိုလည်းသူ အရေးမစိုက်ချင်ပေ။

"ပျော်ပျော်နေစမ်းပါဗျာ"
သူပြောလိုက်တယ်။

"ခင်ဗျားပြောတာနားထောင်ပါ့မယ်"

ချူချန်ကမူ "ခင်ဗျားပြောတာနားထောင်ပါ့မယ်" ဆိုတဲ့ စကားကိုကြားလိုက်တာနဲ့ တစ်ခုပဲတွေးလိုက်မိသည်။
ဒီတစ်ခါ ကျိချင်းကျိုးက အရမ်းချစ်ဖို့ကောင်းလွန်းနေတယ် ဟူ၍ပင်…
သူက ကျိချင်းကျိုးဆီ နီးနီးကပ်ကပ်တိုးကပ်လိုက်ပြီး ယစ်မူးဖွယ်ပြောလိုက်သည်။

"ထပ်နမ်းကြမယ်"

ကျိချင်းကျိုးတော့ နားမလည်တော့ပေ။

"ခုနကပဲ နမ်းထားတယ်မဟုတ်လား"

"အချစ်ကလည်းကွာ အခုကထပ်ပြီးထပ်ပြီးနမ်းကြမှာ"

ကျိချင်းကျိုးလည်း မတတ်နိုင်တော့။ ဒါနဲ့ရှိသမျှသတ္တိတွေစုပြီး သူ့မျက်နှာကို ထပ်နမ်းလိုက်ရသည်။ချူချန်ကတော့ အရမ်းကိုမှ ကျေနပ်ပီတိဖြစ်နေလေရဲ့။အနမ်းပြီးဆုံးလို့ ထိုင်ခုံပေါ်ထိုင်ချခါနီးလေးမှာပဲ ချူချန်က ခေါင်းလှည့်ပြီး နမ်းလာပြန်တယ်။

"ဆယ်ကျော်သက်အချစ်ရေးကို ခွင့်မပြုဘူး"

သူက ပြုံးရင်းဆိုလာသည်။

ဆယ်ကျော်သက်အချစ်?

သူ့ရှူဂါးဒယ်ဒီရဲ့မျက်လုံးထဲမှာ ကျိချင်းကျိုးဆိုတာ ကလေးပုစိပေါ့…သူ့အသက်အရွယ်နဲ့ဆို နောက်နှစ် ထောက်ခံချက်ရပြီး တရားဝင်လက်ထပ်လို့ရတယ် ဟုတ်ပြီလား?
သို့သော် ကျိချင်းကျိုးက ပြုံးရုံပြုံးပြီးသဘောတူလိုက်သည်။ဘာဖြစ်ဖြစ် အချိန်ကာလတစ်ခုထိ သူလည်း အချစ်မရှာနိုင်သေးတာကြောင့် သူ့ဒယ်ဒီပျော်သွားတာပဲကောင်းပါတယ်။

ချန်ကျိယွမ်ရဲ့ဦးနှောက်ထဲမှာရောဂါပိုးရှိနေတယ်လို့ ကျိုးချန်ဖုန်းထင်မိတယ်။ဘာလို့များ ကျိချင်းကျိုးကို တိုက်ခိုက်နေလဲ သူလုံးဝနားမလည်နိုင်တော့ဘူး။

{မင်းသိပါတယ် ရှောင်ကျိုး ငါတို့ အရင်ဆုံး ခေါင်းဆောင်မင်းသားကိုပဲအဓိကထားရမှာ အမှန်ပဲ ။ကျိချင်းကျိုးက အရံဇာတ်ကောင်လေးလေ။ခေါင်းဆောင်မင်းသားရိုက်ပြီးမှ သူရိုက်လို့ရမယ်။ဒါ သဘာဝပဲ။ဟုတ်ပြီလား}

{လက်ထောက်ဒါရိုက်တာကျန်း ကျွန်တော်တို့ ‌ဒီအသိုင်းဝိုင်းထဲမှာရှိတာ ပထမဆုံးနေ့မဟုတ်ဘူး။ဇာတ်ပို့အခန်းတွေနဲ့တစ်ခြားအခန်းတွေကျ ဆီလျော်ပေမယ့် ကျွန်တော်တို့တူတူမရိုက်နိုင်ရင် အတူတူလည်းတွဲမလုပ်သင့်ဘူး ဟုတ်ပြီလား}

{ဒါက ငါတို့ဆုံးဖြတ်ထားတာ}

{ဟုတ်ပြီလေ ခင်ဗျားတို့ဆုံးဖြတ်ထားတာ ကျိချင်းကျိုးက အလုပ်ကိုအစောဆုံးလာပြီးနောက်ဆုံးကျမှပြန်ရတာဖြစ်သင့်တယ်ပေါ့။သူတို့အားလုံးဇာတ်ပို့တွေပဲလေ။ဒီဇာတ်ကားရဲ့နံပါတ်လေးဇာတ်ပို့မင်းသားကျတော့ အရမ်းကို အစီစဉ်ကျနေတာပဲ}

{မင်းပဲပြောတော့။ နံပါတ်လေးဇာတ်ပို့မင်းသားကအခန်းနည်းနည်းပဲပါတာလေ။ဒါကြောင့်အဆင်ပြေပြီး ရိုက်ကူးရေးပေါ်အာရုံစိုက်နိုင်တာပေါ့}

{အခုအဆင်ပြေနေလို့လား?ကျိချင်းကျိုးကိုရော ဘယ်လိုစဉ်းစားထားကြတာလဲ}

{ရှောင်ကျိုး}

လက်ထောက်ဒါရိုက်တာက စီကရက်တစ်ဖွာရှိုက်လိုက်သည်။

{ငါသာဆို အဲ့အကြောင်းတွေကို ဂရုမစိုက်တော့ဘူး။မင်းပြောနေတဲ့မင်းရဲ့လူသစ်လေးကမမှားဖူးဘူးဆိုပေမယ့် အဲ့တာက ပြဿနာမှမဟုတ်တာ။ဒီရိုက်ကူးရေးအဖွဲ့က မင်းမိသားစုမဟုတ်ဘူး။မင်းသရုပ်ဆောင်ရဲ့ ခံစားချက်ကိုပဲ ငါအမြဲမစစ်ဆေးနိုင်ဘူး။ကောင်းပြီ ဒီလောက်ပဲပေါ့။ငါ့မှာလည်း လုပ်စရာရှိသေးလို့ ဖုန်းချပြီ}

လက်ထောက်ဒါရိုက်တာက ဖုန်းချပြီးတာနဲ့သရော်လိုက်သည်။

"ဘာများလဲလို့"

ကျိုးချန်ဖုန်းဟာ ဖုန်းကိုင်းထားရင်းနဲ့ သူ့နှလုံးသားထဲက မီးတောက်ကြီးကလည်း အကူညီမဲ့စွာလောင်ကျွမ်းနေခဲ့သည်။ဒီရပ်ဝန်းကြီးတစ်ခုလုံးကရှုပ်ထွေးလွန်းတယ်။သူတို့က ဘုန်းကြီးမျက်နှာရော ဗုဒ္ဓမျက်နှာရောမထောက်ကြဘူး။အရူးအုပ်စုက တကယ်ကြီး ဂရုမစိုက်ကြတာဖြစ်သည်။ဒီဇာတ်ကားထဲ ကျိချင်းကျိုးကို ဆွဲခေါ် မိတာအား ကျိုးချန်ဖုန်းနောင်တရမိတယ်။ထုတ်လုပ်ရေးအဖွဲ့သေးသေးလေးကတောင် အဓိပ္ပါယ်မရှိတာတွေလုပ်နေကြတယ်။သူတို့ကတော့ ခြေဗလာဖြစ်ခဲ့ကြ၍ ဖိနပ်စီးရမှာဝန်မလေးကြပေမယ့် လောလောဆယ်စိတ်ဝင်စားမှုတွက်ပဲလောဘကြီးနေကြပြီး တုံးလို့တုံးမှန်းမသိတဲ့ဟာတွေဖြစ်သည်။

သူ့မျက်ရိုးတွေကိုဖိနှိပ်လိုက်မိတယ်။ဒီဇာတ်ကားက ပိုက်ဆံမြန်မြန်ရပြီး ကာရိုက်တာကောင်းတာ တစ်ခုပဲ သူတွေးခဲ့တာ။ချန်ကျိယွမ်ဆိုတဲ့ကောင်က လူယုတ်မာတွေအများကြီး ဖန်းတီးပြီး ရိုက်ကွင်းကလည်း အဲ့သောက်ကျင့်မကောင်းတဲ့လူယုတ်မာကိုခွင့်ပြုလိမ့်မယ်လို့ သူမထင်ခဲ့မိဘူး။တွေးရင်းတွေရင်းနဲ့ဘဲ ကျိုးချန်ဖုန်းလည်း မြန်မြန်ပြန်ဖို့လေယာဉ်လက်မှတ်ဝယ်ရတော့၏။
-----

ကျိချင်းကျိုးနဲ့ချူချန်တို့နှစ်ယောက်သား စားသောက်ပြီးစီးတာနဲ့ ရုပ်ရှင်ရုံဆီချီတက်ကြ‌သည်။4Dရုပ်ရှင်ဖြစ်၍ ဇာတ်ကားရဲ့special effect ကြောင့်ထိုင်ခုံများက အကြမ်းပတမ်းလှုပ်ခါနေ၏။ကျိချင်းကျိုးမှာ အသေမိမိုက်နေတဲ့special effectတွေကိုတောင်အာရုံမစိုက်နိုင်တဲ့အထိ ထိုင်ခုံနဲ့ပဲတိုက်ခိုက်နေရလို့ အားအင်ကုန်ခမ်းလုနီးပါးပင်။

ရှပ်ရှင်လည်းပြီးရော ကျိချင်းကျိုး ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။
ဘယ်သောအခါမှ 4Dထပ်မကြည့်တော့ဘူး!
လုံးဝ ! လုံးဝ ! ထပ်မကြည့်တော့ဘူး!

နားထောင်နေတဲ့ချူချန်ကတော့ ရယ်နေတာဆိုတာ ရပ်ကိုမရပ်တော့ဘူး။

"4Dကြည့်တာမကျေနပ်ဘူးဆိုဘယ်နေရာမှာထိုင်ချင်လဲ?အတွဲခုံမှာလား"

"ရိုးရိုး3Dပဲမကြည့်တတ်ဘူးလား။ ခင်ဗျား…"
ကျိချင်းကျိုး မေးလိုက်သည်။

"ရိုးရိုး3Dဆိုမှတော့ ရိုးလို့ပေါ့…မင်းidolရဲ့မြင့်မြတ်တဲ့အဆင့်အတန်းနဲ့မသင့်တော်ဘူး"

ကျိချင်းကျိုး : ".......မာနကြီးလွန်းတဲ့ကိုကို!"

ချူချန်က အိတ်ကပ်ထဲလက်ထည့်ပြီး

"ဘယ်တတ်နိုင်ပါ့မလဲ။မင်းကိုကိုမာနကြီးတာ ကလေးဘဝတည်းကလေ။ဘာလို့လဲ…fanမလုပ်ချင်တော့ဘူးလား"

ကျိချင်းကျိုးကအမြန်ခေါင်းခါလိုက်သည်။
"မဟုတ်ပါဘူး"

"ဒါဆိုကောင်းတာပေါ့ မဟုတ်ရင် မင်းကိုယ်မင်း မသတ်သေခင် ကိုယ့်ဆုံးရှုံးမှုတွေပြန်ရမယ့်နည်းလမ်းရှာတော့မို့"

"ကျွန်တော်က ပိုက်ဆံတွက်နဲ့ လုံးဝမသတ်သေပါဘူး"
ကျိချင်းကျိုးလည်း ကိုယ့်ဘာသာထုချေလွှာတင်နေရတယ်။

"ဘာဖြစ်ဖြစ် အခု မင်းမှာပိုက်ဆံရှိလာပြီလေ…မင်းဘဝကလည်း…"

ချူချန်က အဓိပ္ပါယ်ရှိရှိပြောလာသည်။

"မင်းဘာသာ ထိခိုက်အောင်လုပ်လားမလုပ်လားက အခြေနေအရပေါ့"

ကျိချင်းကျိုးက သူ့လက်ကိုလှမ်းဆွဲလိုက်ပြီး ပြုံးပြုံးလေးပြောလိုက်သည်။

"တကယ်ကို ထိခိုက်အောင်မလုပ်ပါဘူး။ခင်ဗျားကို supportပေးတဲ့clubရဲ့ဥက္ကဌပဲဟာ။ခင်ဗျားကိုပဲအားပေးနေမှာ"

ချူချန်က သူ့ကိုပွေ့ဖတ်ကာ
"သွားကြစို့ ခဏလောက်အနားယူကြရအောင်။မင်းလည်း 12မထိုးခင် ပြန်သွားရမှာမလား"

"ဘယ်မှာအနားယူမှာလဲ"

"ကိုယ် ဟိုတယ်တစ်ခုမှာ အခန်းယူထားတယ်။ကိုယ့်နေရာဆီသွားကြစို့"

ကျိချင်းကျိုးက ချူချန်အခန်းထဲမှာ ခဏလောက် နေလိုက်သည်။11ထိုးခါနီးမှာတော့ ချူချန်က သူ့ကိုပြန်လိုက်ပို့ပေးသည်။
အရမ်းနောက်ကျနေပြီဖြစ်၍ ကျိချင်းကျိုးက သူ့ကိုပြန်လိုက်မပို့ခိုင်းချင်သော်လည်း ချူချန်ကမူ မရမကပြောနေသည်။ထို့ကြောင့် သူလည်းရွေးချယ်စရာမရှိဘဲလိုက်ပို့ခိုင်းရတော့သည်။

"ပြန်ပြီး စောစောအနားယူလိုက်ပါ"
ကျိချင်းကျိုး အကြံပြုလိုက်သည်။

"မင်းလည်းစောစောနားသင့်တာကို ။အချိန်ဇယားကဘာလဲကွာ။ညဘက်ကြီးလည်း ရိုက်ကူးရေးရှိသေး မနက်‌အစောကြီးလည်းလာရသေးနဲ့။ကိုယ်ပြောချင်တာက အခုချိန် မင်းကအရမ်းငယ်နေသေးပေမယ့်။နောက်နှစ်နှစ်ကျရင်ရော မင်းခန္ဓာကိုယ်က လိုက်နိုင်တော့မှာမဟုတ်ဘူး"

"ဒါဆို ခင်ဗျားရော ငယ်ငယ်လေးနဲ့ဘာလို့အလုပ်တွေအများကြီးလုပ်ရတာလဲ"
ကျိချင်းကျိုးလည်း ပြောလိုက်သည်။

"မင်းရဲ့ရိုက်ကူးရေးအချိန်ဇယားကိုယ့်ကိုပေး။ကိုယ့်ကြည့်ကြည့်ဦးမယ်"

ကျိချင်းကျိုးလည်း ဖုန်းအယ်ဘမ်ထဲမှာရှာဖွေလိုက်ပြီး WeChatကနေပို့လိုက်သည်။
"ဒါကဒီရက်ပိုင်းတွင်းဟာတွေ ကျွန်တော့်တွက်အဆင်ပြေလားကြည့်ကြည့်"

ချူချန်လည်း ဖွင့်ပြီးကြည့်လိုက်တော့ ပိုပြီးကြည့်လေလေ နားမလည်နိုင်လာလေပင်။

"ဒါတွေအကုန်လုံးက ညဘက်ကြီးရိုက်ရမှာတွေလေ။ဘာလို့ ရိုက်ကူးရေးက ဟိုတစ်စဒီတစ်စဖြစ်နေတာလဲ"

သူက ကျိချင်းကျိုးကိုမေးလိုက်သည်။

"ဇာတ်ကွက်မတူလို့လား"

---------------------

ချူချန်ကိုဟားချင်ပါတယ်🙋

အံမယ်သူက ကျိုးကျိုးရဲ့ပထမဆုံးတွေပိုင်ဆိုင်ရလို့ ဘဝင်မြင့်ပြီး အနာဂတ်ချစ်သူကိုပါလှမ်းသနားတာ😪

ဒါလင်(🤭)တို့ရောဘယ်လိုထင်လဲ
🎵ဒါဟာ အချစ်တဲ့လား🎵(အဲ့လယ်)😂😂😂

ကျိုးကျိုးရဲ့အနာဂတ်ချစ်သူက ကိုယ်ဆို အစ်ကိုချူချန်ဘာလုပ်မလဲ သိချင်ပါရဲ့😄😄😄

ကျိချင်းကျိုးကလည်း 哥哥(ge ge) လို့ခေါ်တာပါ🤭🤭

နောက်ပိုင်းတရုတ်စာလုံးရေ ၆၀၀၀ပါချစ်တို့ ခွဲတင်ချင်လည်းတင်မယ်လို့ပြောမို့ပါ💙

ကိုယ်နေမကောင်းဘူးပြောတာကို ဆုတောင်းပေး vote ပေးကြလို့ ဒီတစ်ပိုင်းကို စစ်နိုင်သလောက်စစ်ပြီးတင်ပေးလိုက်တာပါ အမှားပါရင်ခွင့်လွှတ်ကြပါဦး (ပြန်ပြီးသားရှိရင်မတင်ရမနေနိုင်လို့ပါ😂)

နောက်တစ်ပိုင်းကတော့ တနင်္လာနေ့မှာပါ🤗 ဒီတစ်ခါတကယ်ပြောတော😂😂😂
----------------

Zawgyi



က်ိခ်င္းက်ိဳးက ခ်ဴခ်န္ကိုၾကည့္လိုက္ေတာ့ ခ်ဴခ်န္ကလည္းျပန္ၾကည့္လာသည္။သူ႕အၾကည့္ေတြက အရမ္းကို ၾကင္နာရိပ္သန္းေနလ်က္ …က်ိခ်င္းက်ိဳးသည္ ထိုမ်က္ဝန္းေတြကိုၾကည့္ရင္းနဲ႔ ခ်ဴခ်န္ သူ႕ကိုေတာင္းဆိုစရာမလိုပါဘူးလို႔ ခံစားလိုက္ရတယ္။အခုပဲ အဲ့လိုျဖစ္ၿပီးသြားၿပီေလ။သူ႕ခြန္အားေတြတိုးၿပီးသန္မာလာရင္ေတာင္ ခ်ဴခ်န္ကိုလုံးဝမခုခံလိုေပ။သို႔ေသာ္ ခ်ဴခ်န္ကေတာ့ သူ႕ကိုေတာင္းဆိုလာသည္။
က်ိခ်င္းက်ိဳးတစ္ေယာက္ ေခါင္းငုံ႔ကာ သူ႕ႏွလုံးသားကလည္း အဆက္မျပတ္ခုန္ေပါက္ေန၏။အရင္ကဆို ဘယ္သူနဲ႔မွ ဒီလိုနီးနီးကပ္ကပ္ႀကီးမေနဖူးေပ။သူစိတ္ေလ်ာ့ဖို႔လိုေနၿပီ…တကယ္ေတာ့ ခ်ဴခ်န္ရဲ႕ႏူးညံ့မႈေတြထဲ နစ္ေမ်ာၿပီး အသက္႐ွဴမွားသြား႐ုံပဲဟာ…

"ေနာက္တစ္ႀကိမ္မွေပါ့"
သူတိုးဖြဖြေလးေျပာလိုက္သည္။

သူ႕လို႐ွက္မေနတဲ့ခ်ဴခ်န္ကေတာ့ ေခါင္းညိမ့္ျပလာသည္။
"ဒါဆိုမွတ္ထားမယ္"

က်ိခ်င္းက်ိဳး သေဘာတူၿပီး ေမာ့ၾကည့္လိုက္ေတာ့ ခ်ဴခ်န္ရဲ႕မ်က္ဝန္းေလးေတြကအစျပဳံးေနၿပီး သူ႕ကိုၾကည့္ေနသည္အားေတြ႕လိုက္ရတယ္။ခ်ဴခ်န္ျပဳံးရင္အရမ္းအရမ္းၾကည့္ေကာင္းသည္။အမ်ားအားျဖင့္ သူ႕မ်က္လုံးေတြက ထက္ျမက္စူး႐ွေပမယ့္ ျပဳံးလိုက္ခ်ိန္မွာေတာ့ ခ်က္ခ်င္းႏူးညံ့သြားသည္။သူ႕ကိုၾကည့္ရင္းနဲ႔က်ိခ်င္းက်ိဳးရဲ႕ႏွလုံးခုန္သံေတြလည္း ျဖည္းျဖည္းခ်င္းတည္ၿငိမ္လာခဲ့တယ္။

ေနာက္ဆုံး သူျပန္ၿပီးတည္ၿငိမ္လာတာကိုၾကည့္ေနေသာခ်ဴခ်န္မွာ မစ,ဘဲမေနႏိုင္ေတာ့ေပ။သူနဲ႔က်ိခ်င္းက်ိဳးတို႔အတူ႐ွိခ်ိန္က ဒီေလာက္အခ်ိန္အပိုင္းျခားေလးသာျဖစ္ေသာ္လည္း က်ိခ်င္းက်ိဳးက ဘယ္သူ႕ကိုမွမခ်စ္ဖူးသလို ရင္းရင္းႏွီးႏွီးေနဖူးမွာလည္းမဟုတ္တာကို သူသိႏိုင္ပါတယ္။ထို႔ေၾကာင့္လည္း တစ္ခါတစ္ေလ နည္းနည္းနီးနီးကပ္ကပ္ေနတာတို႔ ကလူ၏ျမႇဳ၏တို႔ေၾကာင့္ အလြန္႔အလြန္ၾကံ့ၾကံ့ခိုင္ေအာင္ႀကိဳးပမ္းေနရတာျဖစ္သည္။

သူ႕ရဲ႕႐ွက္ေၾကာက္စိတ္အျပင္ အလြန္႐ိုးသားသူလည္းျဖစ္သည္။သူသည္းမခံႏိုင္ရင္ေတာင္မွ ေခါင္းမေ႐ွာင္ေပ။တစ္ခါတစ္ရံဆို တစ္ခ်ိဳ႕အံ့ဩစရာလႈပ္႐ွားမႈေလးေတြကိုေတာင္ သူက စတင္ေပးသည္။ေဆးခန္းမွာတုန္းက က်ိခ်င္းက်ိဳးကို ႏွစ္ႀကိမ္အနမ္းေပးခဲ့တာကို ခ်ဴခ်န္အၿမဲမွတ္မိေနခဲ့သည္။စစခ်င္းေတာ့ က်ိခ်င္းက်ိဳး အံ့ဩသြားေသာ္လည္း ေဒါသမထြက္ခဲ့သလို စိတ္အေႏွာင့္ယွက္လည္းမျဖစ္ခဲ့ေပ။ထိုအစား သူထပ္နမ္းခ်င္ေသးရင္ရပါတယ္ဆိုၿပီးေတာင္ ညင္ညင္သာသာေလးအၾကံျပဳလာခဲ့တယ္။သူစကားေလးေၾကာင့္ပဲ ေနာက္ပိုင္းတစ္ျခားတစ္ေယာက္က သူ႕ကိုအရင္နမ္းရင္ေတာင္ ထိုသူဟာ ဆုံး႐ႈံးသြားသလိုခံစားရမွာျဖစ္သည္။

တကယ္ေတာ့ က်ိခ်င္းက်ိဳးက အရည္ခ်င္းျပည့္မီတဲ့ခ်စ္သူတစ္ေယာက္မဟုတ္ေပ။‌အေျခခံက်က် ကားေမာင္းတာေလးေတာင္ခြင့္မျပဳဘဲတစ္ဆင့္ခ်င္းသြားလိုေသးတယ္။သို႔ေသာ္ တစ္ခ်ိန္တည္းမွာပဲ သူက အရမ္းေကာင္းတဲ့ခ်စ္သူေလးတစ္ေယာက္ျဖစ္ျပန္တယ္။သူက ဒီကိစၥမွာ အေတြ႕ၾကဳံမ႐ွိဖူးပဲအရမ္းျဖဴစင္သန္႔႐ွင္းတယ္ေလ။က်ိခ်င္းက်ိဳးနဲ႔ တူတူအိပ္တာ၊ေပြ႕ဖက္တာ၊ နမ္းတာေတြအကုန္လုံး သူနဲ႔သာဆက္စပ္ၿပီးအေတြ႕အၾကဳံ႐ွိလာတာလို႔ ေတြးမိတိုင္း ခ်ဴခ်န္အရမ္းကိုေပ်ာ္မိသည္။

သူတို႔ႏွစ္ေယာက္လုံးက ပထမဆုံးအႀကိမ္တြက္အားေမြးေနၾကျခင္းျဖစ္သည္။သူတို႔ႏွစ္ေယာက္လုံး တစ္ျခားသူတစ္ေယာက္ရဲ႕ခ်စ္သူျဖစ္ဖူးတဲ့ အေတြ႕အၾကဳံလည္းမ႐ွိေပ။ပထမဆုံးအႀကိမ္ျဖစ္တဲ့႐ွဴးဂါးဒယ္ဒီကလည္း ႐ွဴးဂါးဒယ္ဒီတစ္ေယာက္ရဲ႕လုပ္ပိုင္ခြင့္ေတြကို က်င့္သုံးရဖို႔ အလားအလာမ႐ွိ။သို႔ေသာ္လည္း ေန႔စဥ္ရက္ဆက္အတူတူ႐ွိေနၾကတဲ့သူတို႔ႏွစ္ေယာက္လုံးေပၚ ထိုဟာက အက်ိဳးသက္ေရာက္မႈမ႐ွိခဲ့။သူတို႔နဲ႔သာ သက္ဆိုင္တဲ့ ေပါင္းသင္းဆက္ဆံမႈပုံစံတိုင္းပဲ ေနထိုင္ခဲ့ၾကသည္။ဒီတစ္ႀကိမ္၌ က်ိခ်င္းက်ိဳးနဲ႔အတူ ဘဝရဲ႕သာယာေသာသံစဥ္ေလးေတြ သီဆိုတီးမႈတ္ဖို႔ တန္းသြားရေလာက္ေအာင္အထိ ခ်ဴခ်န္းလည္း အရမ္းႀကီးအလ်င္လိုေနတာမဟုတ္ေပ။

ခ်ဴခ်န္  က်ိခ်င္းက်ိဳးအား အခ်ိန္တိုင္းသိမ္းပိုက္ထားခ်င္သည္။က်ိခ်င္းက်ိဳးရဲ႕ပထမဆုံးအႀကိမ္တိုင္းေရာပဲ။ လက္ကိုင္ျခင္းလိုမ်ိဳးေသးငယ္တဲ့ အျပဳအမူေလးေတာင္မွ သူပဲ‌ေနရာယူထားခ်င္တယ္။ဘယ္ဟာမွ လက္မလႊတ္ႏိုင္ေပ။က်ိခ်င္းက်ိဳးက စိတ္ပါလက္ပါ႐ွိတာကိုလည္း သူလိုခ်င္တယ္။ က်ိခ်င္းက်ိဳးဘက္က ေခါင္းေလးညိမ့္ၿပီး အရင္စ,ေပးလာတဲ့ တရင္းတႏွီးအျပဳမႈတိုင္းကလည္း  ခ်ဴခ်န္ ဖိုင္လုပ္ၿပီးသိမ္းထားခ်င္ေနတဲ့ မွတ္ဉာဏ္ေလးတစ္ခုျဖစ္လာတယ္။

ခ်ဴခ်န္ မခ်စ္မိခ်င္ေပမယ့္ က်ိခ်င္းက်ိဳးကိုေတာ့ ဆႏၵအေလ်ာက္အရမ္းအလိုလိုက္ေပးခ်င္သည္။‌ ေနာက္ဆုံးက် က်ိခ်င္းက်ိဳးရဲ႕အခ်စ္ေရးမွာလည္း မရင့္က်က္ခဲ့တဲ့အခ်ိန္တစ္ခု႐ွိဖူးၿပီး အဲ့အခ်ိန္ေလးကလည္း ဘယ္ေတာ့မွျပန္မရႏိုင္မယ့္ အတိတ္တစ္ခုျဖစ္သြားၿပီေလ။က်ိခ်င္းက်ိဳးရဲ႕အနာဂတ္ခ်စ္သူေလးကိုေတာ့ ခ်ဴခ်န္နည္းနည္းသနားမိပါရဲ႕။ဒါေပမယ့္ ဘယ္တတ္ႏိုင္ပါ့မလဲ။အရင္ေရာက္တဲ့လူအရင္ယူပဲေလ။ခ်ဴခ်န္ကအရင္ေရာက္တဲ့လူပဲဟာ။

က်ိခ်င္းက်ိဳးနဲ႔ခ်ဴခ်န္တို႔ ကားထဲမွာ အလာပသလာပေျပာေနၾကသည္။၆နာရီထိုးခါနီးမွာေတာ့ ေ႐ွာင္ခ်န္းက သူ ႐ိုက္ကူးရမည့္အလွည့္ေရာက္ၿပီဆိုတဲ့ မက္ေဆ့ တစ္ေစာင္ေပးပို႔လာခဲ့တယ္။က်ိခ်င္းက်ိဳး ခ်ဴခ်န္အား ကားထဲမွာေစာင့္မလားေမးၾကည့္ရင္း သူ႕ဘာသာသြားဖို႔ျပင္လိုက္သည္။ခ်ဴခ်န္ကေတာ့ သူေျပာတာဆိုတစ္စက္မွနားမေထာင္ေပ။သူနဲ႔အတူကားအျပင္ကိုလိုက္ထြက္လာသည္။

"ကိုယ့္ကို ႐ိုက္ကြင္းလိုက္လည္ဖို႔ေျပာတုန္းက မင္း႐ိုက္ကူးတာကို ၾကည့္ေပးဖို႔မေျပာခဲ့ဘူးလား"

ခ်ဴခ်န္တစ္ေယာက္ကေတာ့ က်ိခ်င္းက်ိဳးနားကိုကပ္ၿပီး စျဖစ္ေအာင္လိုက္စသည္။

"ကိုယ္ကိုထပ္မျဖန္႔ျပေတာ့ဘဲ မင္းရဲ႕အၿမီးေလးကို ဖြက္ထားခ်င္တယ္ေပါ့"

"ခင္ဗ်ားပဲျဖန္႔ေနလိုက္"

"ကိုယ့္ idolကို ေျပာပုံကလည္း..."

ခ်ဴခ်န္ သူ႕ေက်ာေလးကိုပုတ္ေပးလိုက္ၿပီး

"မင္းရဲ႕ၾကည့္ေကာင္း‌ၿပီးေတာက္ပတဲ့‌ေတာင္ပံေလးေတြကို ကိုယ့္ကိုျမင္ခြင့္ေပးပါေတာ့"

က်ိခ်င္က်ိဳးက သူ႕ကိုျပန္ၾကည့္လာၿပီး ႐ိုက္ကူးေရးေနရာဆီေလ်ာက္သြားေတာ့သည္။

ဒီအခန္းမွာ ဇာတ္ပို႔မင္းသမီးက ကြၽမ္း႐ွန္ယန္ကိုဝန္ခံေသာ္လည္း ကြၽမ္း႐ွန္းယန္က ျငင္းေနျခင္းျဖစ္သည္။ဇာတ္ကြက္ကအရမ္း႐ိုး႐ွင္းတဲ့အျပင္ က်ိခ်င္းက်ိဳးမွာလည္း ျငင္းဆန္ဖူးတဲ့မိန္းကေလးအမ်ားႀကီး႐ွိတဲ့တြက္ သ႐ုပ္ေဆာင္ဖို႔မခက္ေပ။ခ်ဴခ်န္ကမူ ခပ္လွမ္းလွမ္းကၾကည့္ေနရင္း သ႐ုပ္ေဆာင္ေနစဥ္က်ိခ်င္က်ိဳးနဲ႔ ပုံမွန္ဘဝကက်ိခ်င္းက်ိဳးကအမွန္တကယ္ အေတာ္ေလးကြာျခားေၾကာင္းေတြ႕လိုက္ရသည္။သူကပိုၿပီးစိတ္လက္ေပါ့ပါးကာသက္ေသာင့္သက္သာျဖစ္ေနသည္။

သူက အားကစားခန္း၏တံခါးကိုမွီၿပီးေခါင္းငုံ႔ေနျခင္းျဖစ္ကာ သူမရဲ႕ခံစားခ်က္ေတြေဖာ္ျပဖို႔ခက္ခက္ခဲခဲႀကိဳးပမ္းေနတဲ့ေကာင္မေလးကိုစကားေျပာေနခဲ့သည္။ကြၽမ္း႐ွန္းယန္သည္ ထိုခံစားခ်က္ေတြအား မလိုအပ္ေသာ္လည္း သူ႕မ်က္ႏွာက ႏူးႏူးညံ့ညံ့ျပဳံးေနသလို သူ႕စကားေတြကလည္း ညင္သာေနခဲ့ေပမယ့္ အျပဳအမူေတြကေတာ့တိက်ျပတ္သားေနခဲ့သည္။ေနာက္ေတာ့ သူ႕ေနာက္ကမိန္းကေလးကို တစ္ခ်က္မွမၾကည့္ပဲတဖက္လွည့္ထြက္သြားေတာ့သည္။

က်ိခ်င္းက်ိဳး၏႐ိုက္ကူးေရးအခ်ိန္အမ်ားစုက အတူတူပင္။သူအခ်ိန္ဇယားကိုၾကည့္လိုက္ေတာ့ ညဆယ့္ႏွစ္နာရီမွ တစ္ခ်ိန္ထပ္႐ွိသည္။က်ိခ်င္းက်ိဳးသည္ ဒါ႐ိုက္တာအား သူအျပင္ခဏထြက္ခ်င္လို႔ ဆယ့္ႏွစ္နာရီမထိုးခင္ျပန္လာပါမယ္ဆိုၿပီး ေတာင္းဆိုလိုက္သည္။ဒါ႐ိုက္တာက သူ႕ကိုစကားနည္းနည္းေျပာၿပီးတာနဲ႔သြားခြင့္ျပဳလာသည္။

ေ႐ွာင္ခ်န္းကိုေတာ့ သူ႕ေနာက္လိုက္ခြင့္မျပဳဘဲ ခ်ဴခ်န္ကားထဲမွာ ထားခဲ့လိုက္တယ္။

သူကားထဲဝင္လိုက္တာနဲ႔ ခ်ဴခ်န္က အဓိပၸါယ္ျပည့္ဝတဲ့အၾကည့္ႀကီးနဲ႔ၾကည့္လာၿပီး စိုက္ၾကည့္ေနရင္းနဲ႔လည္း တစ္ခုခုေတြးေနပုံပင္။

က်ိခ်င္းက်ိဳး စိတ္႐ႈပ္သြားရတယ္။

"ကြၽန္ေတာ္တစ္ခုခုေပေနလို႔လား"

ခ်ဴခ်န္ကေခါင္းရမ္းျပလာသည္။

"ဒါဆိုဘာလို႔ အဲ့လိုၾကည့္ေနတာလဲ""

"႐ုတ္တရက္ႀကီးေတြးမိလို႔ပါ မင္းဇာတ္ကားထဲမွာနမ္းတဲ့အခန္းပါလားမပါဘူးလား"

သူဒီအေၾကာင္းေတြးေနမယ္လို႔ က်ိခ်င္းက်ိဳးလည္းမထင္ထား‌သျဖင့္ အကူညီမဲ့စြာေျပာလိုက္သည္။

"အဲ့လိုေတာ့မပါဘူး"

"ဖက္တာတို႔ လက္ကိုင္တာတို႔ေရာ"

ဒီတစ္ခါေတာ့ က်ိခ်င္းက်ိဳးၿငိမ္က်သြားသည္။

ခ်ဴခ်န္က ႏွစ္ႀကိမ္ေလာက္ "က်စ္" သပ္လိုက္ရင္း

"ကိုယ့္ကိုက ဂ႐ုမစိုက္မိတာပါ"

"အရင္စတဲ့လူကကြၽန္ေတာ္မဟုတ္ဘူးေလ"

က်ိခ်င္းက်ိဳးက တိုးညႇင္းစြာေျပာလာသည္။

"ေခါင္းေဆာင္မင္းသမီးက အရင္လာဖက္တာ…ကြၽန္ေတာ္က ေတာင့္ေတာင္ႀကီးရပ္ၿပီး လုံးဝျပန္မဖက္ဘူး တကယ္ေျပာတာ"

"ျပန္ဖက္ခ်င္ေသးတယ္ေပါ့"

"ဘယ္ကသာ မဖက္ခ်င္ပါဘူး"

က်ိခ်င္းက်ိဳးဟာ သူ႕ကိုၾကည့္ရင္း သတိ႐ွိ႐ွိေျပာလိုက္ရသည္။

" ကြၽန္ေတာ္ျပန္ဖက္တဲ့သူက ခင္ဗ်ားတစ္ေယာက္တည္းပဲ "

"လိမၼာေသးတယ္ေပါ့"

ခ်ဴခ်န္က သူ႕ထိုင္ခုံခါးပတ္ကိုျဖဳတ္လိုက္ၿပီး က်ိခ်င္းက်ိဳးရဲ႕ထိုင္ခုံခါးပတ္ကိုလည္း လွမ္းျဖဳတ္ေပးလာသည္။

"လာ… မင္းကိုယ္တိုင္ ႐ွင္းျပဖို႔ အခြင့္ေရးတစ္ခုေပးမယ္"

သူ ဒီေလာက္ စိတ္ျမန္လက္ျမန္႐ွိမယ္လို႔ က်ိခ်င္းက်ိဳး မေမွ်ာ္လင့္ထားခဲ့။ဒီလိုနဲ႔ သူလည္း လက္ဆန္႔ထုတ္ၿပီးဖက္ေပးလိုက္ရသည္။

"အိုေကၿပီလား"

"ဒီတစ္ခါေတာ့႐ွိေစေတာ့။ပထမဆုံးအႀကိမ္မို႔ ႐ိုက္ခြင့္ေပးလိုက္မယ္။ေနာက္ဆို မင္းရဲ႕ဇာတ္ၫႊန္းေတြကို ဂ႐ုတစိုက္နဲ႔ကိုယ္စစ္ေဆးေတာ့မွာ"

က်ိခ်င္းက်ိဳးလည္း ဖက္ထားတာကို နည္းနည္းေလးေလ်ာ့ၿပီး သူ႕ကိုၾကည့္လိုက္တယ္။

"ကြၽန္ေတာ္ကသ႐ုပ္ေဆာင္တစ္ေယာက္ဆိုတာ ဒယ္ဒီသိပါတယ္"

"ယြီအန္းယီလည္း သ႐ုပ္ေဆာင္ပဲဟာ။သူက်ေတာ့ နမ္းတဲ့အခန္းလုံးလုံးမပါဘူးေလ။ေသ‌တဲ့အထိ ‌ဖက္႐ုံပဲဖက္လိုက္တာ"

"ယြီအန္းယီကို ၾကည့္လိုက္တာနဲ႔ ခ်မ္းသာတဲ့မိသားစုက သခင္မႀကီးလိုပဲေလ။သူမမွာက ေနာက္ခံေကာင္းေကာင္း႐ွိတယ္"

"ဘာျဖစ္တုန္း မင္းမွာလည္း မင္းဒယ္ဒီ႐ွိတာပဲ"

ခ်ဴခ်န္ကေတာ့ ျပဳံးျပဳံးေလးနဲ႔သူ႕ေခါင္းကိုခပ္ဖြဖြပုတ္ေပးလာ၏။

"ဒါဆို မင္းမွာလည္း ေနာက္ခံေကာင္းေကာင္း႐ွိသြားၿပီေပါ့ ‌ဒါလင္ရဲ႕"

ထူးဆန္းေသာေနာက္ခံႀကီးရသြားတဲ့က်ိခ်င္းက်ိဳး : .......

ခ်ဴခ်န္က သူ႕မ်က္ႏွာကို အေပါက္ျဖစ္ေအာင္ ထိုးဆိတ္ေနရင္း
"မဟုတ္ရင္ မင္းသမီးေတြနဲ႔နီးနီးကပ္ကပ္ေနရမယ့္အခြင့္ေရးကို လက္မလႊတ္ခ်င္လို႔လား"

"ကြၽန္ေတာ္ မိန္းကေလးေတြကိုမႀကိဳက္ပါဘူး"

က်ိခ်င္းက်ိဳးက တိုးတိုးေလးေျပာၿပီး ခ်ဴခ်န္ကိုၾကည့္လိုက္တယ္။ထို႔ျပင္ ဒီေလာက္အေသးဖြဲ႕ကိစၥေလးေတြကိုလည္းသူ အေရးမစိုက္ခ်င္ေပ။

"ေပ်ာ္ေပ်ာ္ေနစမ္းပါဗ်ာ"
သူေျပာလိုက္တယ္။

"ခင္ဗ်ားေျပာတာနားေထာင္ပါ့မယ္"

ခ်ဴခ်န္ကမူ "ခင္ဗ်ားေျပာတာနားေထာင္ပါ့မယ္" ဆိုတဲ့ စကားကိုၾကားလိုက္တာနဲ႔ တစ္ခုပဲေတြးလိုက္မိသည္။
ဒီတစ္ခါ က်ိခ်င္းက်ိဳးက အရမ္းခ်စ္ဖို႔ေကာင္းလြန္းေနတယ္ ဟူ၍ပင္…
သူက က်ိခ်င္းက်ိဳးဆီ နီးနီးကပ္ကပ္တိုးကပ္လိုက္ၿပီး ယစ္မူးဖြယ္ေျပာလိုက္သည္။

"ထပ္နမ္းၾကမယ္"

က်ိခ်င္းက်ိဳးေတာ့ နားမလည္ေတာ့ေပ။

"ခုနကပဲ နမ္းထားတယ္မဟုတ္လား"

"အခ်စ္ကလည္းကြာ အခုကထပ္ၿပီးထပ္ၿပီးနမ္းၾကမွာ"

က်ိခ်င္းက်ိဳးလည္း မတတ္ႏိုင္ေတာ့။ ဒါနဲ႔႐ွိသမွ်သတၱိေတြစုၿပီး သူ႕မ်က္ႏွာကို ထပ္နမ္းလိုက္ရသည္။ခ်ဴခ်န္ကေတာ့ အရမ္းကိုမွ ေက်နပ္ပီတိျဖစ္ေနေလရဲ႕။အနမ္းၿပီးဆုံးလို႔ ထိုင္ခုံေပၚထိုင္ခ်ခါနီးေလးမွာပဲ ခ်ဴခ်န္က ေခါင္းလွည့္ၿပီး နမ္းလာျပန္တယ္။

"ဆယ္ေက်ာ္သက္အခ်စ္ေရးကို ခြင့္မျပဳဘူး"

သူက ျပဳံးရင္းဆိုလာသည္။

ဆယ္ေက်ာ္သက္အခ်စ္?

သူ႕႐ွဴဂါးဒယ္ဒီရဲ႕မ်က္လုံးထဲမွာ က်ိခ်င္းက်ိဳးဆိုတာ ကေလးပုစိေပါ့…သူ႕အသက္အ႐ြယ္နဲ႔ဆို ေနာက္ႏွစ္ ေထာက္ခံခ်က္ရၿပီး တရားဝင္လက္ထပ္လို႔ရတယ္ ဟုတ္ၿပီလား?
သို႔ေသာ္ က်ိခ်င္းက်ိဳးက ျပဳံး႐ုံျပဳံးၿပီးသေဘာတူလိုက္သည္။ဘာျဖစ္ျဖစ္ အခ်ိန္ကာလတစ္ခုထိ သူလည္း အခ်စ္မ႐ွာႏိုင္ေသးတာေၾကာင့္ သူ႕ဒယ္ဒီေပ်ာ္သြားတာပဲေကာင္းပါတယ္။

ခ်န္က်ိယြမ္ရဲ႕ဦးေႏွာက္ထဲမွာေရာဂါပိုး႐ွိေနတယ္လို႔ က်ိဳးခ်န္ဖုန္းထင္မိတယ္။ဘာလို႔မ်ား က်ိခ်င္းက်ိဳးကို တိုက္ခိုက္ေနလဲ သူလုံးဝနားမလည္ႏိုင္ေတာ့ဘူး။

{မင္းသိပါတယ္ ေ႐ွာင္က်ိဳး ငါတို႔ အရင္ဆုံး ေခါင္းေဆာင္မင္းသားကိုပဲအဓိကထားရမွာ အမွန္ပဲ ။က်ိခ်င္းက်ိဳးက အရံဇာတ္ေကာင္ေလးေလ။ေခါင္းေဆာင္မင္းသား႐ိုက္ၿပီးမွ သူ႐ိုက္လို႔ရမယ္။ဒါ သဘာဝပဲ။ဟုတ္ၿပီလား}

{လက္ေထာက္ဒါ႐ိုက္တာက်န္း ကြၽန္ေတာ္တို႔ ‌ဒီအသိုင္းဝိုင္းထဲမွာ႐ွိတာ ပထမဆုံးေန႔မဟုတ္ဘူး။ဇာတ္ပို႔အခန္းေတြနဲ႔တစ္ျခားအခန္းေတြက် ဆီေလ်ာ္ေပမယ့္ ကြၽန္ေတာ္တို႔တူတူမ႐ိုက္ႏိုင္ရင္ အတူတူလည္းတြဲမလုပ္သင့္ဘူး ဟုတ္ၿပီလား}

{ဒါက ငါတို႔ဆုံးျဖတ္ထားတာ}

{ဟုတ္ၿပီေလ ခင္ဗ်ားတို႔ဆုံးျဖတ္ထားတာ က်ိခ်င္းက်ိဳးက အလုပ္ကိုအေစာဆုံးလာၿပီးေနာက္ဆုံးက်မွျပန္ရတာျဖစ္သင့္တယ္ေပါ့။သူတို႔အားလုံးဇာတ္ပို႔ေတြပဲေလ။ဒီဇာတ္ကားရဲ႕နံပါတ္ေလးဇာတ္ပို႔မင္းသားက်ေတာ့ အရမ္းကို အစီစဥ္က်ေနတာပဲ}

{မင္းပဲေျပာေတာ့။ နံပါတ္ေလးဇာတ္ပို႔မင္းသားကအခန္းနည္းနည္းပဲပါတာေလ။ဒါေၾကာင့္အဆင္ေျပၿပီး ႐ိုက္ကူးေရးေပၚအာ႐ုံစိုက္ႏိုင္တာေပါ့}

{အခုအဆင္ေျပေနလို႔လား?က်ိခ်င္းက်ိဳးကိုေရာ ဘယ္လိုစဥ္းစားထားၾကတာလဲ}

{ေ႐ွာင္က်ိဳး}

လက္ေထာက္ဒါ႐ိုက္တာက စီကရက္တစ္ဖြာ႐ိႈက္လိုက္သည္။

{ငါသာဆို အဲ့အေၾကာင္းေတြကို ဂ႐ုမစိုက္ေတာ့ဘူး။မင္းေျပာေနတဲ့မင္းရဲ႕လူသစ္ေလးကမမွားဖူးဘူးဆိုေပမယ့္ အဲ့တာက ျပႆနာမွမဟုတ္တာ။ဒီ႐ိုက္ကူးေရးအဖြဲ႕က မင္းမိသားစုမဟုတ္ဘူး။မင္းသ႐ုပ္ေဆာင္ရဲ႕ ခံစားခ်က္ကိုပဲ ငါအၿမဲမစစ္ေဆးႏိုင္ဘူး။ေကာင္းၿပီ ဒီေလာက္ပဲေပါ့။ငါ့မွာလည္း လုပ္စရာ႐ွိေသးလို႔ ဖုန္းခ်ၿပီ}

လက္ေထာက္ဒါ႐ိုက္တာက ဖုန္းခ်ၿပီးတာနဲ႔သေရာ္လိုက္သည္။

"ဘာမ်ားလဲလို႔"

က်ိဳးခ်န္ဖုန္းဟာ ဖုန္းကိုင္းထားရင္းနဲ႔ သူ႕ႏွလုံးသားထဲက မီးေတာက္ႀကီးကလည္း အကူညီမဲ့စြာေလာင္ကြၽမ္းေနခဲ့သည္။ဒီရပ္ဝန္းႀကီးတစ္ခုလုံးက႐ႈပ္ေထြးလြန္းတယ္။သူတို႔က ဘုန္းႀကီးမ်က္ႏွာေရာ ဗုဒၶမ်က္ႏွာေရာမေထာက္ၾကဘူး။အ႐ူးအုပ္စုက တကယ္ႀကီး ဂ႐ုမစိုက္ၾကတာျဖစ္သည္။ဒီဇာတ္ကားထဲ က်ိခ်င္းက်ိဳးကို ဆြဲေခၚ မိတာအား က်ိဳးခ်န္ဖုန္းေနာင္တရမိတယ္။ထုတ္လုပ္ေရးအဖြဲ႕ေသးေသးေလးကေတာင္ အဓိပၸါယ္မ႐ွိတာေတြလုပ္ေနၾကတယ္။သူတို႔ကေတာ့ ေျခဗလာျဖစ္ခဲ့ၾက၍ ဖိနပ္စီးရမွာဝန္မေလးၾကေပမယ့္ ေလာေလာဆယ္စိတ္ဝင္စားမႈတြက္ပဲေလာဘႀကီးေနၾကၿပီး တုံးလို႔တုံးမွန္းမသိတဲ့ဟာေတြျဖစ္သည္။

သူ႕မ်က္႐ိုးေတြကိုဖိႏွိပ္လိုက္မိတယ္။ဒီဇာတ္ကားက ပိုက္ဆံျမန္ျမန္ရၿပီး ကာ႐ိုက္တာေကာင္းတာ တစ္ခုပဲ သူေတြးခဲ့တာ။ခ်န္က်ိယြမ္ဆိုတဲ့ေကာင္က လူယုတ္မာေတြအမ်ားႀကီး ဖန္းတီးၿပီး ႐ိုက္ကြင္းကလည္း အဲ့ေသာက္က်င့္မေကာင္းတဲ့လူယုတ္မာကိုခြင့္ျပဳလိမ့္မယ္လို႔ သူမထင္ခဲ့မိဘူး။ေတြးရင္းေတြရင္းနဲ႔ဘဲ က်ိဳးခ်န္ဖုန္းလည္း ျမန္ျမန္ျပန္ဖို႔ေလယာဥ္လက္မွတ္ဝယ္ရေတာ့၏။
-----

က်ိခ်င္းက်ိဳးနဲ႔ခ်ဴခ်န္တို႔ႏွစ္ေယာက္သား စားေသာက္ၿပီးစီးတာနဲ႔ ႐ုပ္႐ွင္႐ုံဆီခ်ီတက္ၾက‌သည္။4D႐ုပ္႐ွင္ျဖစ္၍ ဇာတ္ကားရဲ႕special effect ေၾကာင့္ထိုင္ခုံမ်ားက အၾကမ္းပတမ္းလႈပ္ခါေန၏။က်ိခ်င္းက်ိဳးမွာ အေသမိမိုက္ေနတဲ့special effectေတြကိုေတာင္အာ႐ုံမစိုက္ႏိုင္တဲ့အထိ ထိုင္ခုံနဲ႔ပဲတိုက္ခိုက္ေနရလို႔ အားအင္ကုန္ခမ္းလုနီးပါးပင္။

႐ွပ္႐ွင္လည္းၿပီးေရာ က်ိခ်င္းက်ိဳး ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္တယ္။
ဘယ္ေသာအခါမွ 4Dထပ္မၾကည့္ေတာ့ဘူး!
လုံးဝ ! လုံးဝ ! ထပ္မၾကည့္ေတာ့ဘူး!

နားေထာင္ေနတဲ့ခ်ဴခ်န္ကေတာ့ ရယ္ေနတာဆိုတာ ရပ္ကိုမရပ္ေတာ့ဘူး။

"4Dၾကည့္တာမေက်နပ္ဘူးဆိုဘယ္ေနရာမွာထိုင္ခ်င္လဲ?အတြဲခုံမွာလား"

"႐ိုး႐ိုး3Dပဲမၾကည့္တတ္ဘူးလား။ ခင္ဗ်ား…"
က်ိခ်င္းက်ိဳး ေမးလိုက္သည္။

"႐ိုး႐ိုး3Dဆိုမွေတာ့ ႐ိုးလို႔ေပါ့…မင္းidolရဲ႕ျမင့္ျမတ္တဲ့အဆင့္အတန္းနဲ႔မသင့္ေတာ္ဘူး"

က်ိခ်င္းက်ိဳး : ".......မာနႀကီးလြန္းတဲ့ကိုကို!"

ခ်ဴခ်န္က အိတ္ကပ္ထဲလက္ထည့္ၿပီး

"ဘယ္တတ္ႏိုင္ပါ့မလဲ။မင္းကိုကိုမာနႀကီးတာ ကေလးဘဝတည္းကေလ။ဘာလို႔လဲ…fanမလုပ္ခ်င္ေတာ့ဘူးလား"

က်ိခ်င္းက်ိဳးကအျမန္ေခါင္းခါလိုက္သည္။
"မဟုတ္ပါဘူး"

"ဒါဆိုေကာင္းတာေပါ့ မဟုတ္ရင္ မင္းကိုယ္မင္း မသတ္ေသခင္ ကိုယ့္ဆုံး႐ႈံးမႈေတြျပန္ရမယ့္နည္းလမ္း႐ွာေတာ့မို႔"

"ကြၽန္ေတာ္က ပိုက္ဆံတြက္နဲ႔ လုံးဝမသတ္ေသပါဘူး"
က်ိခ်င္းက်ိဳးလည္း ကိုယ့္ဘာသာထုေခ်လႊာတင္ေနရတယ္။

"ဘာျဖစ္ျဖစ္ အခု မင္းမွာပိုက္ဆံ႐ွိလာၿပီေလ…မင္းဘဝကလည္း…"

ခ်ဴခ်န္က အဓိပၸါယ္႐ွိ႐ွိေျပာလာသည္။

"မင္းဘာသာ ထိခိုက္ေအာင္လုပ္လားမလုပ္လားက အေျခေနအရေပါ့"

က်ိခ်င္းက်ိဳးက သူ႕လက္ကိုလွမ္းဆြဲလိုက္ၿပီး ျပဳံးျပဳံးေလးေျပာလိုက္သည္။

"တကယ္ကို ထိခိုက္ေအာင္မလုပ္ပါဘူး။ခင္ဗ်ားကို supportေပးတဲ့clubရဲ႕ဥကၠဌပဲဟာ။ခင္ဗ်ားကိုပဲအားေပးေနမွာ"

ခ်ဴခ်န္က သူ႕ကိုေပြ႕ဖတ္ကာ
"သြားၾကစို႔ ခဏေလာက္အနားယူၾကရေအာင္။မင္းလည္း 12မထိုးခင္ ျပန္သြားရမွာမလား"

"ဘယ္မွာအနားယူမွာလဲ"

"ကိုယ္ ဟိုတယ္တစ္ခုမွာ အခန္းယူထားတယ္။ကိုယ့္ေနရာဆီသြားၾကစို႔"

က်ိခ်င္းက်ိဳးက ခ်ဴခ်န္အခန္းထဲမွာ ခဏေလာက္ ေနလိုက္သည္။11ထိုးခါနီးမွာေတာ့ ခ်ဴခ်န္က သူ႕ကိုျပန္လိုက္ပို႔ေပးသည္။
အရမ္းေနာက္က်ေနၿပီျဖစ္၍ က်ိခ်င္းက်ိဳးက သူ႕ကိုျပန္လိုက္မပို႔ခိုင္းခ်င္ေသာ္လည္း ခ်ဴခ်န္ကမူ မရမကေျပာေနသည္။ထို႔ေၾကာင့္ သူလည္းေ႐ြးခ်ယ္စရာမ႐ွိဘဲလိုက္ပို႔ခိုင္းရေတာ့သည္။

"ျပန္ၿပီး ေစာေစာအနားယူလိုက္ပါ"
က်ိခ်င္းက်ိဳး အၾကံျပဳလိုက္သည္။

"မင္းလည္းေစာေစာနားသင့္တာကို ။အခ်ိန္ဇယားကဘာလဲကြာ။ညဘက္ႀကီးလည္း ႐ိုက္ကူးေရး႐ွိေသး မနက္‌အေစာႀကီးလည္းလာရေသးနဲ႔။ကိုယ္ေျပာခ်င္တာက အခုခ်ိန္ မင္းကအရမ္းငယ္ေနေသးေပမယ့္။ေနာက္ႏွစ္ႏွစ္က်ရင္ေရာ မင္းခႏၶာကိုယ္က လိုက္ႏိုင္ေတာ့မွာမဟုတ္ဘူး"

"ဒါဆို ခင္ဗ်ားေရာ ငယ္ငယ္ေလးနဲ႔ဘာလို႔အလုပ္ေတြအမ်ားႀကီးလုပ္ရတာလဲ"
က်ိခ်င္းက်ိဳးလည္း ေျပာလိုက္သည္။

"မင္းရဲ႕႐ိုက္ကူးေရးအခ်ိန္ဇယားကိုယ့္ကိုေပး။ကိုယ့္ၾကည့္ၾကည့္ဦးမယ္"

က်ိခ်င္းက်ိဳးလည္း ဖုန္းအယ္ဘမ္ထဲမွာ႐ွာေဖြလိုက္ၿပီး WeChatကေနပို႔လိုက္သည္။
"ဒါကဒီရက္ပိုင္းတြင္းဟာေတြ ကြၽန္ေတာ့္တြက္အဆင္ေျပလားၾကည့္ၾကည့္"

ခ်ဴခ်န္လည္း ဖြင့္ၿပီးၾကည့္လိုက္ေတာ့ ပိုၿပီးၾကည့္ေလေလ နားမလည္ႏိုင္လာေလပင္။

"ဒါေတြအကုန္လုံးက ညဘက္ႀကီး႐ိုက္ရမွာေတြေလ။ဘာလို႔ ႐ိုက္ကူးေရးက ဟိုတစ္စဒီတစ္စျဖစ္ေနတာလဲ"

သူက က်ိခ်င္းက်ိဳးကိုေမးလိုက္သည္။

"ဇာတ္ကြက္မတူလို႔လား"

---------------------

ခ်ဴခ်န္ကိုဟားခ်င္ပါတယ္🙋

အံမယ္သူက က်ိဳးက်ိဳးရဲ႕ပထမဆုံးေတြပိုင္ဆိုင္ရလို႔ ဘဝင္ျမင့္ၿပီး အနာဂတ္ခ်စ္သူကိုပါလွမ္းသနားတာ😪

ဒါလင္(🤭)တို႔ေရာဘယ္လိုထင္လဲ
🎵ဒါဟာ အခ်စ္တဲ့လား🎵(အဲ့လယ္)😂😂😂

က်ိဳးက်ိဳးရဲ႕အနာဂတ္ခ်စ္သူက ကိုယ္ဆို အစ္ကိုခ်ဴခ်န္ဘာလုပ္မလဲ သိခ်င္ပါရဲ႕😄😄😄

က်ိခ်င္းက်ိဳးကလည္း 哥哥(ge ge) လို႔ေခၚတာပါ🤭🤭

ေနာက္ပိုင္းတ႐ုတ္စာလုံးေရ ၆၀၀၀ပါခ်စ္တို႔ ခြဲတင္ခ်င္လည္းတင္မယ္လို႔ေျပာမို႔ပါ💙

ကိုယ္ေနမေကာင္းဘူးေျပာတာကို ဆုေတာင္းေပး vote ေပးၾကလို႔ ဒီတစ္ပိုင္းကို စစ္ႏိုင္သေလာက္စစ္ၿပီးတင္ေပးလိုက္တာပါ အမွားပါရင္ခြင့္လႊတ္ၾကပါဦး

ေနာက္တစ္ပိုင္းကေတာ့ တနလၤာေန႔မွာပါ🤗 ဒီတစ္ခါတကယ္ေျပာေတာ😂😂😂
----------------

Continue Reading

You'll Also Like

243K 6.5K 66
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1M 86.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.3M 137K 70
Love has no race!
164K 16.9K 67
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)