"ခေါင်းဆောင်ရဲ့ညွှန်ကြားချက်အရ ဥယျာဉ်တစ်ဝက်ကို ငါးကန်ဆောက်ဖို့အတွက်တူးဖော်နေတာပါ"
စစ်သားကထိုသို့ပြောပြီးနောက် လင်ရှီးအပေါ်ကြည့်တဲ့အကြည့်တွေက တဖြည်းဖြည်းပြောင်းလဲလာ၏။ သူ့မှန်းဆချက်အရဆို သူ့ရှေ့ရှိချောမောသည့်ကောင်လေးက ရေသူလေးဖြစ်နိုင်ကြောင်းအတည်ပြုနိုင်လုနီးပါးပင်။
ထိုအချက်ကိုသတိထားမိလိုက်သော စစ်သားသည် သူ့အံ့ဩမှုကိုမဖုံးကွယ်နိုင်ပဲလင်ရှီးကိုစိုက်ကြည့်နေသည်။
ငါးကန်တကယ်ဆောက်နေတာကို သိလိုက်ရတော့ လင်ရှီးနှလုံးသားထဲမှာမပြုံးပဲမနေနိုင်။ သူထိုဖြစ်နိုင်ချေကိုတွေးခဲ့ပေမယ့် သူ့အတွေးတွေကအမှန်မဟုတ်လောက်ဘူးဟုပဲထင်ခဲ့တာ။ မမျှော်လင့်ပဲ ချင်ရှောင်းကတကယ်ကြီးသူ့အတွက် ငါးကန်ဆောက်ပေးတယ်။
ငါးကန်၏အရွယ်အစားက ပြင်ဆင်ပြီးရေအပြည့်ထည့်ထားသည့် ရေကူးကန်ကြီးနှင့်ပင်တူညီလေသည်။ ရေသူများအတွက်တော့ ထိုမျှလောက်အရွယ်အစားကြီးမားသည့် ငါးကန်သည် တန်ဖိုးကြီးအိမ်ကြီးတစ်လုံးနှင့်ညီမျှသည်။
ထိုအမျိုးသားအပေါ် လင်ရှီး၏မျက်နှာသာပေးမှုရာခိုင်နှုန်းက ငါးမှတ်ထပ်တိုးလာပြန်၏။ အေးမြသောလေပြေကတိုက်ခတ်လာသည်။ လင်ရှီးအဝတ်တွေကပါးပေမယ့် သူလုံးဝမအေးပေ။ သို့သော်သတိမထားမိခင်မှာပဲနှာချေလိုက်၏။
"မင်း၊ အိမ်ထဲဝင်ချင်လား၊ အပြင်မှာလေတိုက်နေလို့အေးတယ်"
စစ်သားကရေသူလေးအေးပြီးနှာချေနေတာကိုမြင်တော့ သူချက်ချင်းဂရုတစိုက်မေးလိုက်သည်။ လူတွေက အားနည်းတဲ့သူကိုဂရုစိုက်တတ်တာ သဘာဝပဲဖြစ်သည်။ အထူးသဖြင့်လှတဲ့သူတွေကိုပေါ့။
လင်ရှီးမူလက ဥယျာဉ်ထဲတွင်ဆက်နေချင်သော်လည်း ပတ်ပတ်လည်မှတိုက်ခတ်နေသော လေများကသူ့ကိုမသက်မသာဖြစ်စေသည်။
မနေ့ည သူဒီကိုရောက်တဲ့အချိန်တုန်းကတောင် ဒီလိုမခံစားခဲ့ရပေ။ မနေ့ညကအကြောင်းပြန်ပြောရလျှင် လင်ရှီးထိုအချိန်တုန်းက ယာဉ်ပျံပေါ်မှဆင်းလာသည့် ချင်ရှောင်းကိုပြန်လည်သတိရမိ၏။သူ့တစ်ကိုယ်လုံးကို ချင်ရှောင်းကပွေ့ချီထားပြီး မြေကြီးကို သူလုံးဝမထိလိုက်ရပေ။ ထိူလူရဲ့ခန္ဓာကိုယ်ကကျယ်ပြန့်ပြီး ထိုအချိန်ကသူ့ခန္ဓာကိုယ်နှင့် လင်ရှီးကိုလေတိုက်မခံရအောင် ကာထားခဲ့တာဖြစ်နိုင်သည်။ အဲ့တာကြောင့် လင်ရှီးဘာမှမခံစားခဲ့ရခြင်းပင်။
သူ့မျက်နှာကအနည်းငယ် တုံ့ဆိုင်းသွားသော်လည်း သူအပြင်မှာရပ်နေသေးသည်။ သို့သော်သူ့ခန္ဓာကိုယ်က ပို၍ပို၍မသက်မသာဖြစ်လာခဲ့သည်။ လင်ရှီးလှည့်ကာအိမ်ထဲပြန်ဝင်လိုက်၏။
သူအိမ်ထဲဝင်ပြီးတာနဲ့ ထပ်၍နှာချေပြန်သည်။ နှာချေပြီးသောအခါတွင် သူ့နှာခေါင်းကစတင်ယားယံလာ၏။ လင်ရှီးသူ့နှာခေါင်းကို နှစ်ကြိမ်ခန့်ပွတ်လိုက်ပြီးနောက် သူ့နှာခေါင်းတွအဖုလေးများပေါ်လာသည်။
အဖုလေးတွေကိုထိလိုက်တဲ့အခါတွင် ထိုအဖုလေးများက ယားယံပြီးနာကျင်၏။ လင်ရှီးသူ့နှာခေါင်းကို မတော်တဆပွတ်မိမှာစိုးရိမ်နေမိသော်လည်း ဆက်လက်ကုတ်ချင်နေသေးသည်။
သူ့အသားအရည်က နုနယ်လွန်းတယ်.....
လင်ရှီးသန့်စင်ခန်းဆီသို့လျှောက်သွားလိုက်ပြီး သူ့နှာခေါင်းတွင်ပေါက်နေသော ဝက်ခြံအဖုလေးများကိုကြည့်ရန် မှန်ရှေ့တွင်ရပ်လိုက်၏။ ရလဒ်ကတော့ သူ့နှာခေါင်းတင်မဟုတ်ပဲ မျက်နှာတစ်ခုလုံးနီရဲလာသည်ကို လင်ရှီးတွေ့လိုက်ရ၏။
ထိုအနီရောင်အဖုတွေက တဖြည်းဖြည်းများလာပြီး ထူထပ်လာသည်။ ကြောက်လန့်ခြင်းမရှိတတ်တဲ့ လင်ရှီးတောင်မှသူ့ခန္ဓာကိုယ်က အနီရောင်အဖုတွေကိုတွေ့ပြီး သူ့လက်များထုံကျင်လာ၏
ဒီလိုမတွေးတာပဲကောင်းပါတယ်။ ထိုအချိန်မှာပဲ လင်ရှီးသူ့လက်များ စတင်ယားယံလာတာက်ုခံစားမိလိုက်သည်။
လင်ရှီးခေါင်းကိုအလျှင်အမြန်ငုံ့ကြည့်လိုက်၏။ သူ့လက်အနောက်ဘက် အရေပြားကချောမွတ်ပြီးသန့်ရှင်းနေသည်။ လင်ရှီးလက်ဖဝါးများကို အပေါ်အောက်ပွတ်လိုက်ပြီး ထိုဒဏ်ကြောင့် သူ့မျက်ဆံများတဖြည်းဖြည်း ကျယ်လာခဲ့သည်။ သူ့လက်မောင်းတွင်လည်း အနီစက်များပေါ်ပေါက်လာ၏။
သူ့မျက်လုံးများကိုဖြည်းညှင်းစွာမော့၍မျက်စိတစ်မှိတ်အတွင်းအနီစက်နှင့်ဝက်ခြံများဖုံးလွှမ်းနေသောသူ့မျက်နှာကိုမှန်ထဲတွင်ကြည့်လိုက်သည်။ လင်ရှီးသူ့မျက်နှာတွင်ဘာတွေဖြစ်သွားလဲဆိုသည်ကိုမသိလိုက်ပေ။
ဒါကမနေ့ညတုန်းကလူတွေစားတဲ့အစားအစာကိုစားလိုက်မိတာနဲ့ပက်သတ်လောက်လား?
ထိုအတွေးကိုလင်ရှီးမဖြစ်နိုင်ဟုခံစားလိုက်ရသည်။
အစားအသောက်တွေကပြသနာရှိခဲ့လျှင်မနေ့ညကတည်းကလက္ခဏာပြသင့်သည်။
ဒီနေ့ထိစောင့်မည်မဟုတ်ပေ။
လွန်ခဲ့သည့်ဆယ်မိနစ်လောက်ကအထိသူ့မျက်နှာသည်ပုံမှန်လိုပဲကောင်းမွန်ခဲ့သည်။ အပြင်ဘက်ရှိဥယျာဥ်ထဲတွင်သူနှာချေပြီးနောက်အနီကွက်များထွက်လာသည်။
နှာချေ?
လင်ရှီးမျက်မှောင်ကြုတ်လိုက်သည်။ နှာချေခြင်းမပြုခင်စက္ကန့်ပိုင်းအတွင်းကသူလေထဲတွင်ရနံ့တစ်မျိုးရရှိခဲ့သည်။ ထိုရနံ့များသည်ဥယျာဥ်အတွင်းရှိပန်းပွင့်အချို့မှထွက်ပေါ်လာခြင်းဖြစ်သည်။
အရာရာတိုင်းကိုဆက်စပ်ကြည့်ပြီးနောက်တွင်လင်ရှီးဖြစ်ပျက်နေသောအရာများကိုသဘောပေါက်သွားခဲ့ပြီးသူသည်ရောဂါတစ်ခုကိုမတော်တဆရသွားခဲ့သည်ဟုခံစားလိုက်ရသည်။ အခြေနေကိုကြည့်ရသလောက်တော့ပန်းဝတ်မှုံနှင့်ဓာတ်မတည့်ခြင်းဖြစ်နိုင်သည်။
ပန်းဝတ်မှုံနှင့်ဓာတ်မတည့်ခြင်းသည်ကြီးမားသောပြသနာမဟုတ်ပေ။
ဒါပေမယ့်ဒါကပြသနာကြီးကြီးမားမားမဟုတ်ပေမယ့်ယခုအချိန်တွင်တော့သူအရမ်းယားယံနေပြီးသူ့ခန္ဓာကိုယ်အားမကုတ်မိစေရန်အတွက်လင်ရှီးသူ့လက်များကိုထိန်းရန်ကြိုးစားနေရသည်။
လင်ရှီးရေပိုက်ခေါင်းကိုဖွင့်ကာပါးပြင်နှင့်သူ့လက်များကိုရေအေးအေးဖြင့်ဆေးကြောလိုက်သည်။
အနည်းငယ်သက်သာလာပြီးနောက်ခဏအကြာတွင်အရေပြား၏တစ်လက်မတိုင်းသည်မရေတွက်နိုင်သောအင်းဆက်များနှင့်ပုရွက်စိတ်များ၏ကိုက်ခဲခြင်းအားခံရသကဲ့သို့ဖြစ်လာသည်။
လင်ရှီးသည်သည်းမခံနိုင်သောဝေဒနာကိုခံစားလိုက်ရ၏။ လင်ရှီးရေချိုးခန်းထဲမှအပြေးအလွှားထွက်လာပြီးအမြန်လမ်းလျှောက်လာသည်။ လူခြေထောက်များပြောင်းလဲပြီးသိပ်မကြာခင်မှာပင်လမ်းလျှောက်ခြင်းဖြစ်၍ဟန်ချက်မထိန်းနိုင်ပဲဖြစ်ကာကြမ်းပြင်ပေါ်လဲကျသွားလေသည်။
ထိုသို့လဲကျမှုကြောင့်လင်ရှီး၏ဒူးနှင့်တံတောင်ဆစ်များအလွန်နာကျင်သွားရသည်။ သို့သော်ထိုနာကျင်မှုသည်တစ်ကိုယ်လုံးယားယံနေသည့်ဝေဒနာကိုမယှဥ◌်နိုင်ပေ။ လင်ရှီးအသက်ရှုကြပ်လာလာသောကြောင့်လဲကျနေရာမှထကာလက်နှစ်ဖက်ဖြင့်နံရံကိုထောက်ပြီးအိမ်ထဲမှထွက်လာခဲ့သည်။
အလုပ်ကြီးကြပ်နေသောစစ်သားကအိမ်ထဲမှထွက်လာသောလင်ရှီးကိုမျက်လုံးထောင့်မှလှမ်းမြင်လိုက်လေသည်။ စစ်သားကလင်ရှီးထံအမြန်ပြေးသွားလိုက်ပြီးလင်ရှီးခန္ဓာကိုယ်မှထူးဆန်းသောအနီရောင်အဖုများကိုမြင်လိုက်သောအခါထိတ်လန့်သွားလေသည်။
လင်ရှီး၏ခန္ဓာကိုယ်သည်ရှေ့သို့လဲကျသွားပြီးစစ်သားကလင်ရှီးကိုအလျင်အမြန်လှမ်းထိန်းလိုက်သည်။ သူ့လက်ထဲတွင်ရှိနေသောရေသူလေး၏ခန္ဓာကိုယ်သည်အလွန်နူးညံ့ပျော့ပြောင်းနေပြီးသတိမထားမိပါကရေသူလေးကိုထိခိုက်သွားမှာစိုးရိမ်သောကြောင့်အင်အားကိုအလွန်အကျွံအသုံးမပြုရဲပေ။
"ဘယ်လိုဖြစ်တာလဲ။ ဘာဖြစ်လို့အနီဖုတွေထနေရတာလဲ။" စစ်သားကထိတ်လန့်တကြားမေးလေသည်။
လင်ရှီး၏မျက်လုံးထဲတွင်မျက်ရည်များဝေ့ဝဲလာသည်။ သူ့မျက်လုံးများစိုစွတ်လာပြီးသူစကားပြောလိုက်သောအသံမှာသနားစဖွယ်ငိုကြွေးသံပေါက်နေသည်ကိုသူမသိလိုက်ပေ။
"ဓာတ်မတည့်တာနဲ့တူတယ်" လင်ရှီးမျက်တောင်ခတ်လိုက်သောအခါမျက်ရည်တစ်စက်ထွက်ကျလာပြီးသူ့မျက်နှာကအနည်းငယ်စိုစွတ်သွား၏။ လင်ရှီးအံ့အားသင့်သွားကာပါးပြင်ကိုလက်ဖြင့်သုတ်ကြည့်လိုက်မှသူငိုနေမှန်းသိလိုက်ရသည်။
သူဗီလိန်ဖြစ်ခဲ့တုန်းကနောက်ဆုံးအပိုင်းမှာလုံးဝကျဆုံးသွားပြီးရဲတွေကသူ့အခန်းအားဝိုင်းထားတဲ့အချိန်တုန်းကတောင် သူမျက်ရည်မကျခဲ့ပေ။
အခုတော့ဓာတ်မတည့်တာကြောင့်တစ်ကိုယ်လုံးယားယံပြီးတကယ်ငိုနေရသည်။
လင်ရှီးသူ့ကိုယ်ထိန်းထားသည့်စစ်သားကိုမော့ကြည့်လိုက်သောအခါစစ်သားကသူကိုအားနည်းနုနယ်သောသူတစ်ယောက်လိုစာနာသနားစိတ်ဖြင့်ကြည့်နေလေသည်။
လင်ရှီးနှလုံးသားထဲတွင်ဒေါသများနှင့်ပြည့်လာသည်။ သူဘယ်တုန်းကမှအားနည်းပြီးခိုကိုးရာမဲ့မဖြစ်ခဲ့သောကြောင့်သူတစ်ပါး၏စာနာမှုကိုမခံစားခဲ့ရပေ။
လင်ရှီးသည်စစ်သား၏လက်နှစ်ဖက်စီမှရုန်းထွက်ရန်ရုန်းကန်ခဲ့ရသောကြောင့်သူ့ခန္ဒာကိုယ်ကတုန်ခါနေပြီးမတ်တပ်ရပ်နိုင်ရန်မနည်းကြိုးစားလိုက်ရသည်။ သူနောက်ကိုဆုတ်လိုက်ပြီးစစ်သားနှင့်အကွာအဝေးတစ်ခုခြားလိုက်သည်။
သူ့လက်မောင်းထဲတွင်အလေးချိန်ရုတ်တရက်မရှိတော့သောအခါစစ်သား၏အမူအရာမှာအံ့အားသင့်သွားလေသည်။ သူကြည့်လိုက်ေသာအခါရေသူလေး၏မျက်နှာတွင်ခေါင်းမာသည့်အမူအရာများပြည့်နေပြီးမျက်လုံးများတွင်လည်းဒေါသများရှိနေသည်။
"တောင်းပန်ပါတယ်။ ငါမင်းကိုထိခိုက်အောင်မလုပ်ပါဘူး" စစ်သားကရေသူလေးသူ့ကိုထိခိုက်အောင်လုပ်မည်ဟုအထင်လွဲကာကြောက်သွားမည်စိုး၍အမြန်ရှင်းပြလာသည်။
"ကျွန်တော့်ကိုဆရာဝန်ခေါ်ပေးပါ။ ကျွန်တော်...."လင်ရှီး၏အသံသည်ထိန်းမရအောင်တုန်လှုပ်သွား၏။ သို့သော်ပန်းဝတ်မှုံဓာတ်မတည့်မှုကြောင့်သူဘာမှဆက်မပြောနိုင်တော့ပေ။
"ကောင်းပြီ ကောင်းပြီ၊ ငါအခုဆရာဝန်ကိုဆက်သွယ်လိုက်မယ်။ အရင်ဆုံးအိမ်ထဲဝင်လိုက်မဟုတ်ရင်ခဏနေဒီထက်ပိုဆိုးလာလိမ့်မယ်။" စစ်သားသည်လင်ရှီးဆီသို့ခြေတစ်လှမ်းတိုးလိုက်သောအခါလင်ရှီးကချက်ချင်းနောက်ဆုတ်သွားသည်။
စစ်သားကရှေ့ဆက်မတိုးတော့ပဲသူ့မှာမိသားစုဆရာဝန်ထံဆက်သွယ်ဖို့အချက်လက်တွေမရှိသည့်အတွက်ချင်ရှောင်း၏သက်တော်စောင့်ထံတိုက်ရိုက်ဆက်သွယ်လိုက်သည်။
မကြာသေးမီကထိုစစ်သားသည်ဆက်သွယ်ခဲ့ပြီးနာရီဝက်အတွင်းထပ်မံဆက်သွယ်လာသည်။ ယခုအချိန်တွင်တော့ချင်ရှောင်းသည်စစ်တပ်အဆင့်မြင့်အစည်းဝေးပြီးသွားသောကြောင့်ရုံးသို့ပြန်လာချိန်ဖြစ်သည်။
သက်တော်စောင့်ဖုန်းပြောနေစဥ်ချင်ရှောင်းကဆရာဝန်ရှာနေကြောင်းကြားလိုက်ရသောအခါသူ့စိတ်ထဲမူမမှန်သလိုခံစားလိုက်ရပြီးသက်တော်စောင့်ထံမှဖုန်းလွှဲယူလိုက်လေသည်။
"ဘယ်သူဖျားနေတာလဲ" ချင်ရှောင်းရဲ့အေးစက်မာကြောသောအသံထွက်ပေါ်လာသည်။
"ဒု.....ဒုဗိုလ်မှူးကြီး " ချင်ရှောင်းအသံကြားသောအခါစစ်သားသည်ထိတ်လန့်တုန်လှုပ်သွား၏။
ဤနေရာမှအခြေအနေကိုသတင်းပို့ပြီးနောက်သူ့နောက်တွင်လင်ရှီးသည်အနီရောင်အဖုလေးများထ၍အခြေအနေသိပ်မကောင်းပုံပေါ်ကြောင်းတင်ပြလိုက်၏။
"ခဏနေရင် ဆရာဝန်လာလိမ့်မယ်၊ မင်းအရင်စောင့်ကြည့်ထားလိုက်" ချင်ရှောင်းက စကားအနည်းငယ် ဖုန်းချလိုက်သည်။
ဖုန်းကိုသက်တော်စောင့်ထံပေးလိုက်ပြီး မိသားစုဆရာဝန်ဆီသို့ ဆက်သွယ်ခိုင်းကာ မိသားစုဆရာဝန်အားဆေးသေတ္တာယူ၍ ချင်ရှောင်း၏နေအိမ်သို့ အမြန်သွားခိုင်းလိုက်သည်။
ရုံးခန်းထဲတွင်ချင်ရှောင်းက စားပွဲခုံနောက်တွင်ထိုင်နေ၏။ ဒီနေ့ကိစ္စများသိပ်မရှိပေမယ့် သူကိုင်တွယ်ရမည့်အရာများရှိသေးသည်။
သူအလုပ်လုပ်နေသော်လည်း သူ့စိတ်များက အိမ်ရှိရေသူလေးထံရောက်နေ၏။ လင်ရှီးသည်ပန်းဝတ်မှုံများနှင့်ဓာတ်မတည့်ကြောင်း သူမသိခဲ့ချေ။ အိမ်မွေးသတ္တဝါများကိုလည်း တစ်ခါမှ မမွေးမြူဖူးသောကြောင့် ရေသူများကဲ့သို့သော မျိုးစိတ်များနှင့်ထိတွေ့မှုသည်မရှိသလောက်ရှားသည်။
ချင်ရှောင်း၏ခံယူချက်ထဲတွင် ရေသူများသည် သေးသွယ်ပြီးနုနယ်သည်။ ဖိုင်ကိုဖွင့်ကြည့်လိုက်သော်လည်း ချင်ရှောင်း၏ နှလုံးသားထဲတွင်တည်ငြိမ်မှုရရန် အနည်းငယ်ခက်ခဲနေသည်။
ကောင်လေးက အရမ်းနေမကောင်းဖြစ်နေတာဆိုရင် သူပြန်ရောက်တဲ့အခါ ရေသူလေးရဲ့အလောင်းကိုပဲတွေ့ရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ....
ထိုသို့တွေးမိပြီးနောက်ချင်ရှောင်း၏မျက်လုံးတွေက ပိုပိုမှိုင်းလာသည်။ ချင်ရှောင်းမတ်တပ်ရပ်ပြီး စားပွဲမှထွက်လာခဲ့သည်။
"ပြန်မယ်" တိုတောင်းတဲ့စကားနှစ်လုံးထဲဆိုပေမယ့်အစောင့်တွေကအရာရှိဘာကိုဆိုလိုချင်တာလဲဆိုတာကိုသိသည်။
သက်တော်စောင့်များသည် ယခုဖုန်းခေါ်ဆိုသည့်အကြောင်းအရာက ဘာလဲဆိုတာကိုသဘာဝကျကျနားလည်သည်။ သို့သော်ထိုအရာကသူတို့ထင်ထားသည်ထက်သိသိသာသာကျော်လွန်နေ၏။ အရာရှိကရေသူလေးနဲ့ပက်သတ်ပြီး ဂရုမစိုက်ဘူးလို့ပဲ သူတို့ထင်ထားခဲ့တာ..။
ယဉ်ပျံသည်အပြင်ဘက်တွင် အမြဲရှိနေပြီး ချင်ရှောင်းကယာဉ်ပျံပေါ်သို့တက်ချိန်တွင်စကားတစ်ခွန်းမှမပြောခဲ့ပေ။
ချင်ရှောင်းတစ်ကိုယ်လုံးမှထွက်နေသော အသက်ရှူကြပ်စေတဲ့အထိ ပြင်းထန်သည့်အရှိန်အဝါများကသူ့နောက်တွင်ထိုင်နေသောအစောင့်များကိုမသိစိတ်က ထိုင်ခုံအနောက်ဘက်ဆီသို့ ရွှေ့သွားစေသည်။(ရှောင်ရှောင်းက အေးစက်မှုတွေထုတ်နေတော့ ဟိုအစောင့်လေးတွေရဲ့မသိစိတ်ကအလိုလိုနောက်ဆုတ်သွားတာပါ)
နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထိုအကြည့်ထဲတွင် ချင်ရှောင်းအိမ်ရှိရေသူလေးသည် အနာဂတ်တွင်အရေးပါသည့်နေရာ၌ရှိနေနိုင်သည်ဟူသော ခံစားချက်များပါနေပြီး နှစ်ယောက်လုံးမရေမရာခံစားလိုက်ရသည်။
မိသားစုဆရာဝန်ကဆယ်မိနစ်ခန့်ကြာသောအခါ အလျင်အမြန်ရောက်လာ၏။
လင်ရှီးသည် ဆိုဖာပေါ်တွင်လှဲနေ၏။ သူ အပေါ်ထပ်သို့တက်၍ သူ့ငါးကန်ထဲတွင်ဝင်နေချင်သော်လည်း သူ့ခြေထောက်နှင့်လက်များရှိအရေပြားများက အလွန်နာကျင်ယားယံနေသောကြောင့် ဧည့်ခန်းထဲကိုရောက်ဖို့တောင် လင်ရှီးအများကြီးကြိုးစားခဲ့ရသည်။
သူ့လက်သည်းများကိုလက်ဖဝါးထဲနစ်မြုပ်သည်အထိလက်ကိုဆုပ်ထားပြီး အံကြိတ်ကာမကုတ်မိစေရန်တင်းခံနေရသည်။
ဆရာဝန်မလာခင် သူစစ်သားနှင့်စကားအနည်းငယ်ပြောခဲ့သည်။ စစ်သားက vedio callဖွင့်ပြီး လင်ရှီး၏တစ်ကိုယ်လုံးကို စစ်ဆေးပေးရန်ဆရာဝန်အားတောင်းဆိုခဲ့သည်။
လင်ရှီးအရင်ကထိတွေ့ခဲ့တဲ့အရာတွေအကြောင်း သေသေချာချာစစ်ဆေးပြီးနောက် တခြားဘာမှမဖြစ်ဘူးဆိုလျှင် ဒါကပန်းဝတ်မှုံနဲ့ဓာတ်မတည့်မှုတစ်ခုသာဖြစ်သည်ဟု ဆရာဝန်ကအမြန်ကောက်ချက်ချပြီး ဓာတ်မတည့်ခြင်းအတွက်ဆေးများနှင့် အခြားဆေးဝါးများကိုယူဆောင်လာသည်။
ယာဉ်ပျံသည်အမြင့်တစ်နေရာ၌ ရပ်တန့်သွားပြီး လေထုထဲတွင်အမိုးတစ်ချို့ပွင့်သွားကာ အောက်သို့ဆင်းသက်လာ၏။ ယာဉ်ပျံတံခါးပေါက်ပွင့်သည်နှင့် ဆရာဝန်ကဆေးသေတ္တာကိုင်ကာ ပြေးလုနီးပါးလျှောက်လာသည်။
အရွယ်မရောက်သေးတဲ့ကောင်လေးပဲဖြစ်ပါစေဦး ဒီအိမ်မှာနေထိုင်သည်ဆိုကတည်းက ထိုကောင်လေးက သာမန်မဟုတ်ကြောင်းသက်သေပြရန်မလိုအပ်တော့ပေ။
စစ်သားကဦးဆောင်ပြီးဆရာဝန်နှင့်အတူ ဧည့်ခန်းထဲသို့ဝင်လာခဲ့သည်။ ဧည့်ခန်းထဲသို့ရောက်ပြီး ဆိုဖာကိုလှမ်းကြည့်ရုံနဲ့တင် ခပ်သေးသေးဆယ်ကျော်သက်အရွယ် ကောင်လေးတစ်ယောက် လဲလျောင်းနေသည်ကိုတွေ့လိုက်ရ၏။
ဆရာဝန်သည်ရှေ့သို့အမြန်သွားကာ ကောင်လေး၏အခြေအနေကိုစစ်ဆေးရန် ကောင်လေး၏လက်ကိုကိုင်၍ ပုံမှန်စစ်ဆေးမှုအချို့ပြုလုပ်ခဲ့သည်။(T/N - သွေးခုန်နှုန်းစမ်းတာဘာညာပါ)
ကောင်လေး၏လက်ရှိရောဂါလက္ခဏာများက ကြည့်ရသလောက်တော့ ဓာတ်မတည့်တာဖြစ်သည်။ ဆရာဝန်ကဆေးထိုးအပ်ယူ၍ လင်ရှီး၏လက်ကောက်ဝတ်တွင်ချိန်လိုက်၏။
အေးမြသည့်ဆေးရည်များကို လင်ရှီး၏သွေးကြောထဲသို့ ထိုးသွင်းခံရပြီးနောက် သူ့နှဖူးတွင်ချွေးပါးပါးလေးဆို့လာသည်။
ဆေး၏အကျိုးသက်ရောက်မှုက အရမ်းမြန်၏။ လင်ရှီး၏ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် မိနစ်အနည်းငယ်အတွင်း သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင်ယားယံမှုများ သက်သာလာသည်။
သို့သော်အနည်းငယ်ယားယံနေသေးတာကြောင့် လင်ရှီးကယားယံမှုကိုကုတ်ခြစ်ရန် လက်ကိုမြှောက်လိုက်သောအခါ ဆရာဝန်ကသူ့လက်ကောက်ဝတ်ကိုဖမ်းဆွဲထားသည်။
"မလုပ်နဲ့! ကုတ်လိုက်ရင်ဒဏ်ရာကို ပိုးဝင်ပြီးပိုဆိုးစေလိမ့်မယ်၊ သတိထားပေးပါ" ဆရာဝန်က သူ့ဘေးတွင်ရပ်နေသောစစ်သားကို လှမ်းပြောလိုက်ပြီး ရုန်းကန်နေသောလင်ရှီး၏လက်မောင်းကိုလာထိန်းခိုင်းလိုက်သည်။
ဓာတ်မတည့်မှုကိုခံစားနေရသော ကောင်လေးသည် ဆယ်ကျော်သက်အရွယ်လေးပဲရှိသေးပုံရသည်။ သူ့တွင်အလွန်သေးငယ်ပြီး လူနှင့်မတူသည့်သွယ်လျသော အရိုးများရှိသည်။
လင်ရှီးသည်ဆိုဖာပေါ်တွင်လှဲနေပြီး သူ့ခြေထောက်များကိုအမြီးဟု ထင်မြင်ယူဆကာကွေးညွှတ်ထားသည်။ ထို့အပြင် လင်ရှီးခန္ဓာကိုယ်ပေါ်ရှိအဝတ်များသည် ပွကာချောင်ကျနေပြီး သူ့ကြည့်ရတာအဝတ်တွေကို ပထမဆုံးအကြိမ်ဝတ်ဖူးပုံပေါ်သည်။
လင်ရှီးကရေသူလေးတစ်ကောင်ဖြစ်ကြောင်း မှန်းဆဖို့သိပ်မခက်ခဲပါချေ........။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#16.9.2022
မူရင်းနှင့်ကွဲလွဲနေပါကဘာသာပြန်သူမိမိ၏အမှားသာဖြစ်ပါသည်။
~~Zawgyi~~
"ေခါင္းေဆာင္ရဲ႕ၫႊန္ၾကားခ်က္အရ ဥယ်ာဥ္တစ္ဝက္ကို ငါးကန္ေဆာက္ဖို႔အတြက္တူးေဖာ္ေနတာပါ"
စစ္သားကထိုသို႔ေျပာၿပီးေနာက္ လင္ရွီးအေပၚၾကည့္တဲ့အၾကည့္ေတြက တျဖည္းျဖည္းေျပာင္းလဲလာ၏။ သူ႕မွန္းဆခ်က္အရဆို သူ႕ေရွ႕ရွိေခ်ာေမာသည့္ေကာင္ေလးက ေရသူေလးျဖစ္နိုင္ေၾကာင္းအတည္ျပဳနိုင္လုနီးပါးပင္။
ထိုအခ်က္ကိုသတိထားမိလိုက္ေသာ စစ္သားသည္ သူ႕အံ့ဩမႈကိုမဖုံးကြယ္နိုင္ပဲလင္ရွီးကိုစိုက္ၾကည့္ေနသည္။
ငါးကန္တကယ္ေဆာက္ေနတာကို သိလိုက္ရေတာ့ လင္ရွီးႏွလုံးသားထဲမွာမၿပဳံးပဲမေနနိုင္။ သူထိုျဖစ္နိုင္ေခ်ကိဳေတြးခဲ့ေပမယ့္ သူ႕အေတြးေတြကအမွန္မဟုတ္ေလာက္ဘူးဟုပဲထင္ခဲ့တာ။ မေမွ်ာ္လင့္ပဲ ခ်င္ေရွာင္းကတကယ္ႀကီးသူ႕အတြက္ ငါးကန္ေဆာက္ေပးတယ္။
ငါးကန္၏အ႐ြယ္အစားက ျပင္ဆင္ၿပီးေရအျပည့္ထည့္ထားသည့္ ေရကူးကန္ႀကီးႏွင့္ပင္တူညီေလသည္။ ေရသူမ်ားအတြက္ေတာ့ ထိုမွ်ေလာက္အ႐ြယ္အစားႀကီးမားသည့္ ငါးကန္သည္ တန္ဖိုးႀကီးအိမ္ႀကီးတစ္လုံးႏွင့္ညီမွ်သည္။
ထိုအမ်ိဳးသားအေပၚ လင္ရွီး၏မ်က္ႏွာသာေပးမႈရာခိုင္ႏႈန္းက ငါးမွတ္ထပ္တိုးလာျပန္၏။ ေအးျမေသာေလေျပကတိုက္ခတ္လာသည္။ လင္ရွီးအဝတ္ေတြကပါးေပမယ့္ သူလုံးဝမေအးေပ။ သို႔ေသာ္သတိမထားမိခင္မွာပဲႏွာေခ်လိဳက္၏။
"မင္း၊ အိမ္ထဲဝင္ခ်င္လား၊ အျပင္မွာေလတိုက္ေနလို႔ေအးတယ္"
စစ္သားကေရသူေလးေအးၿပီးႏွာေခ်ေနတာကိုျမင္ေတာ့ သူခ်က္ခ်င္းဂ႐ုတစိုက္ေမးလိုက္သည္။ လူေတြက အားနည္းတဲ့သူကိုဂ႐ုစိုက္တတ္တာ သဘာဝပဲျဖစ္သည္။ အထူးသျဖင့္လွတဲ့သူေတြကိုေပါ့။
လင္ရွီးမူလက ဥယ်ာဥ္ထဲတြင္ဆက္ေနခ်င္ေသာ္လည္း ပတ္ပတ္လည္မွတိုက္ခတ္ေနေသာ ေလမ်ားကသူ႕ကိုမသက္မသာျဖစ္ေစသည္။
မေန႕ည သူဒီကိုေရာက္တဲ့အခ်ိန္တုန္းကေတာင္ ဒီလိုမခံစားခဲ့ရေပ။ မေန႕ညကအေၾကာင္းျပန္ေျပာရလွ်င္ လင္ရွီးထိုအခ်ိန္တုန္းက ယာဥ္ပ်ံေပၚမွဆင္းလာသည့္ ခ်င္ေရွာင္းကိုျပန္လည္သတိရမိ၏။သူ႕တစ္ကိုယ္လုံးကို ခ်င္ေရွာင္းကေပြ႕ခ်ီထားၿပီး ေျမႀကီးကို သူလုံးဝမထိလိုက္ရေပ။ ထိူလူရဲ႕ခႏၶာကိုယ္ကက်ယ္ျပန႔္ၿပီး ထိုအခ်ိန္ကသူ႕ခႏၶာကိုယ္ႏွင့္ လင္ရွီးကိုေလတိုက္မခံရေအာင္ ကာထားခဲ့တာျဖစ္နိုင္သည္။ အဲ့တာေၾကာင့္ လင္ရွီးဘာမွမခံစားခဲ့ရျခင္းပင္။
သူ႕မ်က္ႏွာကအနည္းငယ္ တုံ႕ဆိုင္းသြားေသာ္လည္း သူအျပင္မွာရပ္ေနေသးသည္။ သို႔ေသာ္သူ႕ခႏၶာကိုယ္က ပို၍ပို၍မသက္မသာျဖစ္လာခဲ့သည္။ လင္ရွီးလွည့္ကာအိမ္ထဲျပန္ဝင္လိုက္၏။
သူအိမ္ထဲဝင္ၿပီးတာနဲ႕ ထပ္၍ႏွာေခ်ျပန္သည္။ ႏွာေခ်ၿပီးေသာအခါတြင္ သူ႕ႏွာေခါင္းကစတင္ယားယံလာ၏။ လင္ရွီးသူ႕ႏွာေခါင္းကို ႏွစ္ႀကိမ္ခန႔္ပြတ္လိုက္ၿပီးေနာက္ သူ႕ႏွာေခါင္းတြအဖုေလးမ်ားေပၚလာသည္။
အဖုေလးေတြကိုထိလိုက္တဲ့အခါတြင္ ထိုအဖုေလးမ်ားက ယားယံၿပီးနာက်င္၏။ လင္ရွီးသူ႕ႏွာေခါင္းကို မေတာ္တဆပြတ္မိမွာစိုးရိမ္ေနမိေသာ္လည္း ဆက္လက္ကုတ္ခ်င္ေနေသးသည္။
သူ႕အသားအရည္က ႏုနယ္လြန္းတယ္.....
လင္ရွီးသန႔္စင္ခန္းဆီသို႔ေလွ်ာက္သြားလိုက္ၿပီး သူ႕ႏွာေခါင္းတြင္ေပါက္ေနေသာ ဝက္ၿခံအဖုေလးမ်ားကိုၾကည့္ရန္ မွန္ေရွ႕တြင္ရပ္လိုက္၏။ ရလဒ္ကေတာ့ သူ႕ႏွာေခါင္းတင္မဟုတ္ပဲ မ်က္ႏွာတစ္ခုလုံးနီရဲလာသည္ကို လင္ရွီးေတြ႕လိုက္ရ၏။
ထိုအနီေရာင္အဖုေတြက တျဖည္းျဖည္းမ်ားလာၿပီး ထူထပ္လာသည္။ ေၾကာက္လန႔္ျခင္းမရွိတတ္တဲ့ လင္ရွီးေတာင္မွသူ႕ခႏၶာကိုယ္က အနီေရာင္အဖုေတြကိုေတြ႕ၿပီး သူ႕လက္မ်ားထုံက်င္လာ၏
ဒီလိုမေတြးတာပဲေကာင္းပါတယ္။ ထိုအခ်ိန္မွာပဲ လင္ရွီးသူ႕လက္မ်ား စတင်ယားယံလာတာက်ုခံစားမိလိုက်သည်။
လင္ရွီးေခါင္းကိုအလွ်င္အျမန္ငုံ႕ၾကည့္လိုက္၏။ သူ႕လက္အေနာက္ဘက္ အေရျပားကေခ်ာမြတ္ၿပီးသန႔္ရွင္းေနသည္။ လင္ရွီးလက္ဖဝါးမ်ားကို အေပၚေအာက္ပြတ္လိုက္ၿပီး ထိုဒဏ္ေၾကာင့္ သူ႕မ်က္ဆံမ်ားတျဖည္းျဖည္း က်ယ္လာခဲ့သည္။ သူ႕လက္ေမာင္းတြင္လည္း အနီစက္မ်ားေပၚေပါက္လာ၏။
သူ႕မ်က္လုံးမ်ားကိုျဖည္းညွင္းစြာေမာ့၍မ်က္စိတစ္မွိတ္အတြင္းအနီစက္ႏွင့္ဝက္ၿခံမ်ားဖုံးလႊမ္းေနေသာသူ႕မ်က္ႏွာကိုမွန္ထဲတြင္ၾကည့္လိုက္သည္။ လင္ရွီးသူ႕မ်က္ႏွာတြင္ဘာေတြျဖစ္သြားလဲဆိုသည္ကိုမသိလိုက္ေပ။
ဒါကမေန႕ညတုန္းကလူေတြစားတဲ့အစားအစာကိုစားလိုက္မိတာနဲ႕ပက္သတ္ေလာက္လား?
ထိုအေတြးကိုလင္ရွီးမျဖစ္နိုင္ဟုခံစားလိုက္ရသည္။
အစားအေသာက္ေတြကျပသနာရွိခဲ့လွ်င္မေန႕ညကတည္းကလကၡဏာျပသင့္သည္။
ဒီေန႕ထိေစာင့္မည္မဟုတ္ေပ။
လြန္ခဲ့သည့္ဆယ္မိနစ္ေလာက္ကအထိသူ႕မ်က္ႏွာသည္ပုံမွန္လိုပဲေကာင္းမြန္ခဲ့သည္။ အျပင္ဘက္ရွိဥယ်ာဥ္ထဲတြင္သူႏွာေခ်ၿပီးေနာက္အနီကြက္မ်ားထြက္လာသည္။
ႏွာေခ်?
လင္ရွီးမ်က္ေမွာင္ၾကဳတ္လိုက္သည္။ ႏွာေခ်ျခင္းမျပဳခင္စကၠန႔္ပိုင္းအတြင္းကသူေလထဲတြင္ရနံ႕တစ္မ်ိဳးရရွိခဲ့သည္။ ထိုရနံ႕မ်ားသည္ဥယ်ာဥ္အတြင္းရွိပန္းပြင့္အခ်ိဳ႕မွထြက္ေပၚလာျခင္းျဖစ္သည္။
အရာရာတိုင္းကိုဆက္စပ္ၾကည့္ၿပီးေနာက္တြင္လင္ရွီးျဖစ္ပ်က္ေနေသာအရာမ်ားကိုသေဘာေပါက္သြားခဲ့ၿပီးသူသည္ေရာဂါတစ္ခုကိုမေတာ္တဆရသြားခဲ့သည္ဟုခံစားလိုက္ရသည္။ အေျခေနကိုၾကည့္ရသေလာက္ေတာ့ပန္းဝတ္မႈံႏွင့္ဓာတ္မတည့္ျခင္းျဖစ္နိုင္သည္။
ပန္းဝတ္မႈံႏွင့္ဓာတ္မတည့္ျခင္းသည္ႀကီးမားေသာျပသနာမဟုတ္ေပ။
ဒါေပမယ့္ဒါကျပသနာႀကီးႀကီးမားမားမဟုတ္ေပမယ့္ယခုအခ်ိန္တြင္ေတာ့သူအရမ္းယားယံေနၿပီးသူ႕ခႏၶာကိုယ္အားမကုတ္မိေစရန္အတြက္လင္ရွီးသူ႕လက္မ်ားကိုထိန္းရန္ႀကိဳးစားေနရသည္။
လင္ရွီးေရပိုက္ေခါင္းကိုဖြင့္ကာပါးျပင္ႏွင့္သူ႕လက္မ်ားကိုေရေအးေအးျဖင့္ေဆးေၾကာလိုက္သည္။
အနည္းငယ္သက္သာလာၿပီးေနာက္ခဏအၾကာတြင္အေရျပား၏တစ္လက္မတိုင္းသည္မေရတြက္နိုင္ေသာအင္းဆက္မ်ားႏွင့္ပု႐ြက္စိတ္မ်ား၏ကိုက္ခဲျခင္းအားခံရသကဲ့သို႔ျဖစ္လာသည္။
လင္ရွီးသည္သည္းမခံနိုင္ေသာေဝဒနာကိုခံစားလိုက္ရ၏။ လင္ရွီးေရခ်ိဳးခန္းထဲမွအေျပးအလႊားထြက္လာၿပီးအျမန္လမ္းေလွ်ာက္လာသည္။ လူေျခေထာက္မ်ားေျပာင္းလဲၿပီးသိပ္မၾကာခင္မွာပင္လမ္းေလွ်ာက္ျခင္းျဖစ္၍ဟန္ခ်က္မထိန္းနိုင္ပဲျဖစ္ကာၾကမ္းျပင္ေပၚလဲက်သြားေလသည္။
ထိုသို႔လဲက်မႈေၾကာင့္လင္ရွီး၏ဒူးႏွင့္တံေတာင္ဆစ္မ်ားအလြန္နာက်င္သြားရသည္။ သို႔ေသာ္ထိုနာက်င္မႈသည္တစ္ကိုယ္လုံးယားယံေနသည့္ေဝဒနာကိုမယွဥ္နိုင္ေပ။ လင္ရွီးအသက္ရႈၾကပ္လာလာေသာေၾကာင့္လဲက်ေနရာမွထကာလက္ႏွစ္ဖက္ျဖင့္နံရံကိုေထာက္ၿပီးအိမ္ထဲမွထြက္လာခဲ့သည္။
အလုပ္ႀကီးၾကပ္ေနေသာစစ္သားကအိမ္ထဲမွထြက္လာေသာလင္ရွီးကိုမ်က္လုံးေထာင့္မွလွမ္းျမင္လိုက္ေလသည္။ စစ္သားကလင္ရွီးထံအျမန္ေျပးသြားလိုက္ၿပီးလင္ရွီးခႏၶာကိုယ္မွထူးဆန္းေသာအနီေရာင္အဖုမ်ားကိုျမင္လိုက္ေသာအခါထိတ္လန႔္သြားေလသည္။
လင္ရွီး၏ခႏၶာကိုယ္သည္ေရွ႕သို႔လဲက်သြားၿပီးစစ္သားကလင္ရွီးကိုအလ်င္အျမန္လွမ္းထိန္းလိုက္သည္။ သူ႕လက္ထဲတြင္ရွိေနေသာေရသူေလး၏ခႏၶာကိုယ္သည္အလြန္ႏူးညံ့ေပ်ာ့ေျပာင္းေနၿပီးသတိမထားမိပါကေရသူေလးကိုထိခိုက္သြားမွာစိုးရိမ္ေသာေၾကာင့္အင္အားကိုအလြန္အကြၽံအသုံးမျပဳရဲေပ။
"ဘယ္လိုျဖစ္တာလဲ။ ဘာျဖစ္လို႔အနီဖုေတြထေနရတာလဲ။" စစ္သားကထိတ္လန႔္တၾကားေမးေလသည္။
လင္ရွီး၏မ်က္လုံးထဲတြင္မ်က္ရည္မ်ားေဝ့ဝဲလာသည္။ သူ႕မ်က္လုံးမ်ားစိုစြတ္လာၿပီးသူစကားေျပာလိုက္ေသာအသံမွာသနားစဖြယ္ငိုေႂကြးသံေပါက္ေနသည္ကိုသူမသိလိုက္ေပ။
"ဓာတ္မတည့္တာနဲ႕တူတယ္" လင္ရွီးမ်က္ေတာင္ခတ္လိုက္ေသာအခါမ်က္ရည္တစ္စက္ထြက္က်လာၿပီးသူ႕မ်က္ႏွာကအနည္းငယ္စိုစြတ္သြား၏။ လင္ရွီးအံ့အားသင့္သြားကာပါးျပင္ကိုလက္ျဖင့္သုတ္ၾကည့္လိုက္မွသူငိုေနမွန္းသိလိုက္ရသည္။
သူဗီလိန္ျဖစ္ခဲ့တုန္းကေနာက္ဆုံးအပိုင္းမွာလုံးဝက်ဆဳံးသြားၿပီးရဲေတြကသူ႕အခန္းအားဝိုင္းထားတဲ့အခ်ိန္တုန္းကေတာင္ သူမ်က္ရည္မက်ခဲ့ေပ။
အခုေတာ့ဓာတ္မတည့္တာေၾကာင့္တစ္ကိုယ္လုံးယားယံၿပီးတကယ္ငိုေနရသည္။
လင္ရွီးသူ႕ကိုယ္ထိန္းထားသည့္စစ္သားကိုေမာ့ၾကည့္လိုက္ေသာအခါစစ္သားကသူကိုအားနည္းႏုနယ္ေသာသူတစ္ေယာက္လိုစာနာသနားစိတ္ျဖင့္ၾကည့္ေနေလသည္။
လင္ရွီးႏွလုံးသားထဲတြင္ေဒါသမ်ားႏွင့္ျပည့္လာသည္။ သူဘယ္တုန္းကမွအားနည္းၿပီးခိုကိုးရာမဲ့မျဖစ္ခဲ့ေသာေၾကာင့္သူတစ္ပါး၏စာနာမႈကိုမခံစားခဲ့ရေပ။
လင္ရွီးသည္စစ္သား၏လက္ႏွစ္ဖက္စီမွ႐ုန္းထြက္ရန္႐ုန္းကန္ခဲ့ရေသာေၾကာင့္သူ႕ခႏၵာကိုယ္ကတုန္ခါေနၿပီးမတ္တပ္ရပ္နိုင္ရန္မနည္းႀကိဳးစားလိုက္ရသည္။ သူေနာက္ကိုဆုတ္လိုက္ၿပီးစစ္သားႏွင့္အကြာအေဝးတစ္ခုျခားလိုက္သည္။
သူ႕လက္ေမာင္းထဲတြင္အေလးခ်ိန္႐ုတ္တရက္မရွိေတာ့ေသာအခါစစ္သား၏အမူအရာမွာအံ့အားသင့္သြားေလသည္။ သူၾကည့္လိုက္ေသာအခါရေသူလေး၏မျက်နှာတွင်ခေါင်းမာသည့်အမူအရာများပြည့်နေပြီးမျက်လုံးများတွင်လည်းဒေါသများရှိနေသည်။
"ေတာင္းပန္ပါတယ္။ ငါမင္းကိုထိခိုက္ေအာင္မလုပ္ပါဘူး" စစ္သားကေရသူေလးသူ႕ကိုထိခိုက္ေအာင္လုပ္မည္ဟုအထင္လြဲကာေၾကာက္သြားမည္စိုး၍အျမန္ရွင္းျပလာသည္။
"ကြၽန္ေတာ့္ကိုဆရာဝန္ေခၚေပးပါ။ ကြၽန္ေတာ္...."လင္ရွီး၏အသံသည္ထိန္းမရေအာင္တုန္လႈပ္သြား၏။ သို႔ေသာ္ပန္းဝတ္မႈံဓာတ္မတည့္မႈေၾကာင့္သူဘာမွဆက္မေျပာနိုင္ေတာ့ေပ။
"ေကာင္းၿပီ ေကာင္းၿပီ၊ ငါအခုဆရာဝန္ကိုဆက္သြယ္လိုက္မယ္။ အရင္ဆုံးအိမ္ထဲဝင္လိုက္မဟုတ္ရင္ခဏေနဒီထက္ပိုဆိုးလာလိမ့္မယ္။" စစ္သားသည္လင္ရွီးဆီသို႔ေျခတစ္လွမ္းတိုးလိုက္ေသာအခါလင္ရွီးကခ်က္ခ်င္းေနာက္ဆုတ္သြားသည္။
စစ္သားကေရွ႕ဆက္မတိုးေတာ့ပဲသူ႕မွာမိသားစုဆရာဝန္ထံဆက္သြယ္ဖို႔အခ်က္လက္ေတြမရွိသည့္အတြက္ခ်င္ေရွာင္း၏သက္ေတာ္ေစာင့္ထံတိုက္ရိုက္ဆက္သြယ္လိုက္သည္။
မၾကာေသးမီကထိုစစ္သားသည္ဆက္သြယ္ခဲ့ၿပီးနာရီဝက္အတြင္းထပ္မံဆက္သြယ္လာသည္။ ယခုအခ်ိန္တြင္ေတာ့ခ်င္ေရွာင္းသည္စစ္တပ္အဆင့္ျမင့္အစည္းေဝးၿပီးသြားေသာေၾကာင့္႐ုံးသို႔ျပန္လာခ်ိန္ျဖစ္သည္။
သက္ေတာ္ေစာင့္ဖုန္းေျပာေနစဥ္ခ်င္ေရွာင္းကဆရာဝန္ရွာေနေၾကာင္းၾကားလိုက္ရေသာအခါသူ႕စိတ္ထဲမူမမွန္သလိုခံစားလိုက္ရၿပီးသက္ေတာ္ေစာင့္ထံမွဖုန္းလႊဲယူလိုက္ေလသည္။
"ဘယ္သူဖ်ားေနတာလဲ" ခ်င္ေရွာင္းရဲ႕ေအးစက္မာေၾကာေသာအသံထြက္ေပၚလာသည္။
"ဒု.....ဒုဗိုလ္မႉးႀကီး " ခ်င္ေရွာင္းအသံၾကားေသာအခါစစ္သားသည္ထိတ္လန႔္တုန္လႈပ္သြား၏။
ဤေနရာမွအေျခအေနကိုသတင္းပို႔ၿပီးေနာက္သူ႕ေနာက္တြင္လင္ရွီးသည္အနီေရာင္အဖုေလးမ်ားထ၍အေျခအေနသိပ္မေကာင္းပုံေပၚေၾကာင္းတင္ျပလိုက္၏။
"ခဏေနရင္ ဆရာဝန္လာလိမ့္မယ္၊ မင္းအရင္ေစာင့္ၾကည့္ထားလိုက္" ခ်င္ေရွာင္းက စကားအနည္းငယ္ ဖုန္းခ်လိဳက္သည္။
ဖုန္းကိုသက္ေတာ္ေစာင့္ထံေပးလိုက္ၿပီး မိသားစုဆရာဝန္ဆီသို႔ ဆက္သြယ္ခိုင္းကာ မိသားစုဆရာဝန္အားေဆးေသတၱာယူ၍ ခ်င္ေရွာင္း၏ေနအိမ္သို႔ အျမန္သြားခိုင္းလိုက္သည္။
႐ုံးခန္းထဲတြင္ခ်င္ေရွာင္းက စားပြဲခုံေနာက္တြင္ထိုင္ေန၏။ ဒီေန႕ကိစၥမ်ားသိပ္မရွိေပမယ့္ သူကိုင္တြယ္ရမည့္အရာမ်ားရွိေသးသည္။
သူအလုပ္လုပ္ေနေသာ္လည္း သူ႕စိတ္မ်ားက အိမ္ရွိေရသူေလးထံေရာက္ေန၏။ လင္ရွီးသည္ပန္းဝတ္မႈံမ်ားႏွင့္ဓာတ္မတည့္ေၾကာင္း သူမသိခဲ့ေခ်။ အိမ္ေမြးသတၱဝါမ်ားကိုလည္း တစ္ခါမွ မေမြးျမဴဖူးေသာေၾကာင့္ ေရသူမ်ားကဲ့သို႔ေသာ မ်ိဳးစိတ္မ်ားႏွင့္ထိေတြ႕မႈသည္မရွိသေလာက္ရွားသည္။
ခ်င္ေရွာင္း၏ခံယူခ်က္ထဲတြင္ ေရသူမ်ားသည္ ေသးသြယ္ၿပီးႏုနယ္သည္။ ဖိုင္ကိုဖြင့္ၾကည့္လိုက္ေသာ္လည္း ခ်င္ေရွာင္း၏ ႏွလုံးသားထဲတြင္တည္ၿငိမ္မႈရရန္ အနည္းငယ္ခက္ခဲေနသည္။
ေကာင္ေလးက အရမ္းေနမေကာင္းျဖစ္ေနတာဆိုရင္ သူျပန္ေရာက္တဲ့အခါ ေရသူေလးရဲ႕အေလာင္းကိုပဲေတြ႕ရမယ္ဆိုရင္ ဘယ္လိုလုပ္မလဲ....
ထိုသို႔ေတြးမိၿပီးေနာက္ခ်င္ေရွာင္း၏မ်က္လုံးေတြက ပိုပိုမွိုင္းလာသည္။ ခ်င္ေရွာင္းမတ္တပ္ရပ္ၿပီး စားပြဲမွထြက္လာခဲ့သည္။
"ျပန္မယ္" တိုေတာင္းတဲ့စကားႏွစ္လုံးထဲဆိုေပမယ့္အေစာင့္ေတြကအရာရွိဘာကိုဆိုလိုခ်င္တာလဲဆိုတာကိုသိသည္။
သက္ေတာ္ေစာင့္မ်ားသည္ ယခုဖုန္းေခၚဆိုသည့္အေၾကာင္းအရာက ဘာလဲဆိုတာကိုသဘာဝက်က်နားလည္သည္။ သို႔ေသာ္ထိုအရာကသူတို႔ထင္ထားသည္ထက္သိသိသာသာေက်ာ္လြန္ေန၏။ အရာရွိကေရသူေလးနဲ႕ပက္သတ္ၿပီး ဂ႐ုမစိုက္ဘူးလို႔ပဲ သူတို႔ထင္ထားခဲ့တာ..။
ယဥ္ပ်ံသည္အျပင္ဘက္တြင္ အၿမဲရွိေနၿပီး ခ်င္ေရွာင္းကယာဥ္ပ်ံေပၚသို႔တက္ခ်ိန္တြင္စကားတစ္ခြန္းမွမေျပာခဲ့ေပ။
ခ်င္ေရွာင္းတစ္ကိုယ္လုံးမွထြက္ေနေသာ အသက္ရႉၾကပ္ေစတဲ့အထိ ျပင္းထန္သည့္အရွိန္အဝါမ်ားကသူ႕ေနာက္တြင္ထိုင္ေနေသာအေစာင့္မ်ားကိုမသိစိတ္က ထိုင္ခုံအေနာက္ဘက္ဆီသို႔ ေ႐ႊ႕သြားေစသည္။(ေရွာင္ေရွာင္းက ေအးစက္မႈေတြထုတ္ေနေတာ့ ဟိုအေစာင့္ေလးေတြရဲ႕မသိစိတ္ကအလိုလိုေနာက္ဆုတ္သြားတာပါ)
ႏွစ္ေယာက္သားတစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ၾကသည္။ ထိုအၾကည့္ထဲတြင္ ခ်င္ေရွာင္းအိမ္ရွိေရသူေလးသည္ အနာဂတ္တြင္အေရးပါသည့္ေနရာ၌ရွိေနနိုင္သည္ဟူေသာ ခံစားခ်က္မ်ားပါေနၿပီး ႏွစ္ေယာက္လုံးမေရမရာခံစားလိုက္ရသည္။
မိသားစုဆရာဝန္ကဆယ္မိနစ္ခန႔္ၾကာေသာအခါ အလ်င္အျမန္ေရာက္လာ၏။
လင္ရွီးသည္ ဆိုဖာေပၚတြင္လွဲေန၏။ သူ အေပၚထပ္သို႔တက္၍ သူ႕ငါးကန္ထဲတြင္ဝင္ေနခ်င္ေသာ္လည္း သူ႕ေျခေထာက္ႏွင့္လက္မ်ားရွိအေရျပားမ်ားက အလြန္နာက်င္ယားယံေနေသာေၾကာင့္ ဧည့္ခန္းထဲကိုေရာက္ဖို႔ေတာင္ လင္ရွီးအမ်ားႀကီးႀကိဳးစားခဲ့ရသည္။
သူ႕လက္သည္းမ်ားကိုလက္ဖဝါးထဲနစ္ျမဳပ္သည္အထိလက္ကိုဆုပ္ထားၿပီး အံႀကိတ္ကာမကုတ္မိေစရန္တင္းခံေနရသည္။
ဆရာဝန္မလာခင္ သူစစ္သားႏွင့္စကားအနည္းငယ္ေျပာခဲ့သည္။ စစ္သားက vedio callဖြင့္ၿပီး လင္ရွီး၏တစ္ကိုယ္လုံးကို စစ္ေဆးေပးရန္ဆရာဝန္အားေတာင္းဆိုခဲ့သည္။
လင္ရွီးအရင္ကထိေတြ႕ခဲ့တဲ့အရာေတြအေၾကာင္း ေသေသခ်ာခ်ာစစ္ေဆးၿပီးေနာက္ တျခားဘာမွမျဖစ္ဘူးဆိုလွ်င္ ဒါကပန္းဝတ္မႈံနဲ႕ဓာတ္မတည့္မႈတစ္ခုသာျဖစ္သည္ဟု ဆရာဝန္ကအျမန္ေကာက္ခ်က္ခ်ၿပီး ဓာတ္မတည့္ျခင္းအတြက္ေဆးမ်ားႏွင့္ အျခားေဆးဝါးမ်ားကိုယူေဆာင္လာသည္။
ယာဥ္ပ်ံသည္အျမင့္တစ္ေနရာ၌ ရပ္တန႔္သြားၿပီး ေလထုထဲတြင္အမိုးတစ္ခ်ိဳ႕ပြင့္သြားကာ ေအာက္သို႔ဆင္းသက္လာ၏။ ယာဥ္ပ်ံတံခါးေပါက္ပြင့္သည္ႏွင့္ ဆရာဝန္ကေဆးေသတၱာကိုင္ကာ ေျပးလုနီးပါးေလွ်ာက္လာသည္။
အ႐ြယ္မေရာက္ေသးတဲ့ေကာင္ေလးပဲျဖစ္ပါေစဦး ဒီအိမ္မွာေနထိုင္သည္ဆိုကတည္းက ထိုေကာင္ေလးက သာမန္မဟုတ္ေၾကာင္းသက္ေသျပရန္မလိုအပ္ေတာ့ေပ။
စစ္သားကဦးေဆာင္ၿပီးဆရာဝန္ႏွင့္အတူ ဧည့္ခန္းထဲသို႔ဝင္လာခဲ့သည္။ ဧည့္ခန္းထဲသို႔ေရာက္ၿပီး ဆိုဖာကိုလွမ္းၾကည့္႐ုံနဲ႕တင္ ခပ္ေသးေသးဆယ္ေက်ာ္သက္အ႐ြယ္ ေကာင္ေလးတစ္ေယာက္ လဲေလ်ာင္းေနသည္ကိုေတြ႕လိုက္ရ၏။
ဆရာဝန္သည္ေရွ႕သို႔အျမန္သြားကာ ေကာင္ေလး၏အေျခအေနကိုစစ္ေဆးရန္ ေကာင္ေလး၏လက္ကိုကိုင္၍ ပုံမွန္စစ္ေဆးမႈအခ်ိဳ႕ျပဳလုပ္ခဲ့သည္။(T/N - ေသြးခုန္ႏႈန္းစမ္းတာဘာညာပါ)
ေကာင္ေလး၏လက္ရွိေရာဂါလကၡဏာမ်ားက ၾကည့္ရသေလာက္ေတာ့ ဓာတ္မတည့္တာျဖစ္သည္။ ဆရာဝန္ကေဆးထိုးအပ္ယူ၍ လင္ရွီး၏လက္ေကာက္ဝတ္တြင္ခ်ိန္လိုက္၏။
ေအးျမသည့္ေဆးရည္မ်ားကို လင္ရွီး၏ေသြးေၾကာထဲသို႔ ထိုးသြင္းခံရၿပီးေနာက္ သူ႕ႏွဖူးတြင္ေခြၽးပါးပါးေလးဆို႔လာသည္။
ေဆး၏အက်ိဳးသက္ေရာက္မႈက အရမ္းျမန္၏။ လင္ရွီး၏ခႏၶာကိုယ္ထဲ ဝင္ေရာက္လာသည္ႏွင့္တစ္ၿပိဳင္နက္ မိနစ္အနည္းငယ္အတြင္း သူ႕ခႏၶာကိုယ္တစ္ဝိုက္တြင္ယားယံမႈမ်ား သက္သာလာသည္။
သို႔ေသာ္အနည္းငယ္ယားယံေနေသးတာေၾကာင့္ လင္ရွီးကယားယံမႈကိုကုတ္ျခစ္ရန္ လက္ကိုျမႇောက္လိုက္ေသာအခါ ဆရာဝန္ကသူ႕လက္ေကာက္ဝတ္ကိုဖမ္းဆြဲထားသည္။
"မလုပ္နဲ႕! ကုတ္လိုက္ရင္ဒဏ္ရာကို ပိုးဝင္ၿပီးပိုဆိုးေစလိမ့္မယ္၊ သတိထားေပးပါ" ဆရာဝန္က သူ႕ေဘးတြင္ရပ္ေနေသာစစ္သားကို လွမ္းေျပာလိုက္ၿပီး ႐ုန္းကန္ေနေသာလင္ရွီး၏လက္ေမာင္းကိုလာထိန္းခိုင္းလိုက္သည္။
ဓာတ္မတည့္မႈကိုခံစားေနရေသာ ေကာင္ေလးသည္ ဆယ္ေက်ာ္သက္အ႐ြယ္ေလးပဲရွိေသးပုံရသည္။ သူ႕တြင္အလြန္ေသးငယ္ၿပီး လူႏွင့္မတူသည့္သြယ္လ်ေသာ အရိုးမ်ားရွိသည္။
လင္ရွီးသည္ဆိုဖာေပၚတြင္လွဲေနၿပီး သူ႕ေျခေထာက္မ်ားကိုအၿမီးဟု ထင္ျမင္ယူဆကာေကြးၫႊတ္ထားသည္။ ထို႔အျပင္ လင္ရွီးခႏၶာကိုယ္ေပၚရွိအဝတ္မ်ားသည္ ပြကာေခ်ာင္က်ေနၿပီး သူ႕ၾကည့္ရတာအဝတ္ေတြကို ပထမဆုံးအႀကိမ္ဝတ္ဖူးပုံေပၚသည္။
လင္ရွီးကေရသူေလးတစ္ေကာင္ျဖစ္ေၾကာင္း မွန္းဆဖို႔သိပ္မခက္ခဲပါေခ်........။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#16.9.2022
မူရင္းႏွင့္ကြဲလြဲေနပါကဘာသာျပန္သူမိမိ၏အမွားသာျဖစ္ပါသည္။