Unicode
အခန်း-၆၉ တူညီသော အတွေ့အကြုံဖြင့် ချည်နှောင်ထားခြင်း။
[သူနဲ့ငါက စိတ်တူကိုယ်တူပါပဲ...]
ကုဖေးတိက ရုတ်တရက် အံ့ဩသွားပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ?"
ကုရော့ဟိုင်က ဆို၏။
"ဒီအတောအတွင်း သိုင်းပညာအသိုင်းအဝိုင်းက အဆက်မပြတ်ကို ကမောက်ကမတွေ ဖြစ်နေတယ်။ ထုန်းယွင်ဘုရားကျောင်းနဲ့ ဝူကျန်းမန်မှာလဲ အဲ့လော့ကွေးရဲ့ သူလျှိုတွေ ရှာတွေ့ခဲ့တယ်။ မင်းက ငယ်ပါသေးတယ်။ ဒီပြဿတွေမှာ ဝင်မပါချင်နဲ့၊ စံအိမ်မှာ အေးအေးဆေးဆေး နေပြီး သိုင်းပညာသာ လေ့ကျင့်စမ်းပါ။"
"ဒါပေမယ့် အဖေ.." ကုဖေးတိက စိုးရိမ်တကြီး ပြန်ပြောလေသည်။
"စုယန်က ကျွန်တော့်ကိုကယ်တင်ဖို့ သူ့ခန္ဓာကိုယ်ထဲကို အဆိပ်လွှဲယူခဲ့တာလေ။ ကျွန်တော် သူ့ကို မစွန့်ပစ်သင့်ဘူး။ ဒါက ကျိုးကြောင်းမဆီလျော်ဘူးလေ..."
ကုရော့ဟိုင်သည် သားဖြစ်သူ၏ စိုးရိမ်ပူပန်သောအမူအရာကို သတိပြုမိပြီးနောက် မေးလိုက်သည်။
"ဘာအကြောင်းပြချက်ကြောင့်လဲ?"
ကုဖေးတိက ပြန်ဖြေ၏။
".. အတန်းဖော်တွေကြားက ခင်မင်ရင်နှီးမှုက အကြောင်းပြချက်ပဲ"
"မင်းနဲ့ စုယန်က တစ်ကယ်... အတန်းဖော် ဆက်ဆံရေးကို တန်ဖိုးထားနေတာလား?"
ကုရော့ဟိုင်၏ လေသံမှာ ခက်ထန်သွားသော်လည်း ဝါကျ၏အဆုံးတွင် စိတ်ဓာတ်ကျသွားသကဲ့သို့ လေသံမှာ ပြန်လည်တိုးဖျော့သွားသည်။ ၎င်းမှာ ကုဖေးတိအား ရှုပ်ထွေးသွားစေ၏။
သူက လက်သီးကို တင်းတင်းဆုပ်ထားပြီး လက်ဖဝါးမှချွေးများကို အင်္ကျီဖြင့် ပွတ်သုတ်လိုက်သည်။ ပြီးနောက် တံတွေးမျိုချကာ ပြောလေ၏။
"ဟုတ်ပါတယ် ပြီးတော့... ဘေးချင်းယှဉ်တိုက်ခဲ့ကြတဲ့အထိ ရင်းနှီးတဲ့သူငယ်ချင်းတွေပါ။ ကျောက်စိမ်းအိမ်တော်က ကျောက်စိမ်းကြေးမုံရေကန်ကိစ္စရယ် မြေရိုင်းလွင်ပြင်တိုက်ပွဲတုန်းက သူကျွန်တော့်ကို ကယ်ခဲ့တဲ့ ကိစ္စရယ်... အဖေ အားလုံးကို ကြားဖူးပြီးသား ဖြစ်မှာပါ"
ကုဖေးတိသည် နောက်ဆုံးတွင် သတ္တိစုပြီး ကုရော့ဟိုင်၏ မျက်နှာကိုကြည့်ရန် ခေါင်းမော့လိုက်သည်။
"ဒါကြောင့် သူနဲ့ကျွန်တော်က ဘဝတစ်လျှောက်လုံး အချင်းချင်း ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းအဖြစ် သတ်မှတ်ထားတယ်!"
ကုရော့ဟိုင်သည် ကုဖေးတိ၏ မျက်လုံးများကို စိုက်ကြည့်နေ၏။ ခဏကြာတော့ သူက ပြောလာသည်။
"မင်းက သူ့ကို သိပ်တန်ဖိုးထားတာပဲ"
ကုဖေးတိ: "သူက ကျွန်တော့်အတွက် သူ့အသက်ကိုတောင် စွန့်ဖို့အထိတောင် လုပ်ခဲ့တာ... ဟုတ်တယ်.. ကျွန်တော် သူ့ကို သိပ်တန်ဖိုးထားတယ်"
ကုရော့ဟိုင်က ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်ပြီး ကုဖေးတိ၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
"မင်း အရွယ်ရောက်လာပြီ.." သူက ဆိုလေ၏။
"ငါက ဖခင်ကောင်းတစ်ယောက်မဟုတ်သလို ခင်ပွန်းကောင်းတစ်ယောက်လည်း မဟုတ်ဘူး။ မင်း ငယ်ငယ်လေးတုန်းက ငါက မင်းရော မင်းအမေရောကို လျစ်လျူရှုခဲ့တယ်"
သူ့အဖေ၏ စိတ်ပျက်အားငယ်မှုကို မြင်သောအခါ ကုဖေးတိက နှစ်သိမ့်ပေးလေသည်။
"ဒီလိုတော့ မပြောပါနဲ့။ အဖေက တင်းကြပ်ပေမဲ့ ကျွန်တော့်ကို နေ့တိုင်း သိုင်းပညာတွေ၊ လက်ရေးလှနည်းတွေ သင်ပေးခဲ့တယ်လေ။ ဒါကို ဂရုမစိုက်ခဲ့ဘူးလို့ ဘယ်ပြောလို့ရမလဲ?"
ကုရော့ဟိုင်က ပြုံးလိုက်ပြီးဆိုသည်။
"ဘာပဲဖြစ်ဖြစ် မင်းက ငယ်ငယ်လေးကတည်းက သားကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ဉာဏ်ရည်ထက်မြက်တယ်။ ယဉ်ကျေးသိမ်မွေ့ပြီး လုံ့လဝီရိယလည်း ရှိတယ်။ မင်းက အမြဲ ကိုယ့်ကိုကိုယ် စည်းကမ်းတင်းကြပ်တယ်။ အားလုံးကလည်း မင်းရဲ့အကြောင်းကို ငါ့ရှေ့မှာ ချီးမွမ်းပြောဆိုကြတယ်။ ငါ့ရဲ့ထန်းယွင်စံအိမ်ကို ဆက်ခံဖို့ လုံးဝအလားအလာရှိတယ်တဲ့လေ"
ကုဖေးတိသည် နေရာ၌ ရပ်နေပြီး ဘာမှပြန်မပြောပေ။
ပုခုံးပေါ်၌ ဆံပင်ဖြူများ ပြန့်ကျဲစပြုနေပြီဖြစ်သော အဖေဖြစ်သူကိုကြည့်ကာ သူ၏ လက်ချောင်းများအထိန်းအကွပ်မရှိ တုန်ယင်လာခဲ့သည်။
"စုယန်က မိစ္ဆာဂိုဏ်းက ဆိုပေမယ့် မင်းနဲ့ ကျောက်စိမ်းအိမ်တော်ကို တစ်ချိန်တည်း ဝင်ခဲ့ပြီး ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိလာမယ်ဆိုတာ ရှောင်လွဲလို့မရပါဘူးလေ"
ကုရော့ဟိုင်က ဆက်ပြောသည်။
"အဲဒီတုန်းက ငါလည်းပဲ မိစ္ဆာဂိုဏ်းချုပ်နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ ပြီးတော့ ငါတို့နှစ်ယောက်အတူ သိုင်းလောကတခွင်ကို ခြေဆန့်ခဲ့ကြတယ်"
သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကုဖေးတိကို တည့်တည့်ကြည့်ကာ ဆက်ပြောသည်။
"ဒါပေမယ့် တစ်ခါတစ်လေမှာ မင်းမျှော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတာမျိုးတွေရှိတယ်ဆိုတာ နားလည်ထားရမယ်။ အဖေတစ်ယောက်အနေနဲ့ ငါ့သားကိုတော့ ငါခံစားခဲ့ရတဲ့ နာကျင်မှုမျိုး မကြုံစေချင်ဘူး"
ကုဖေးတိက အံ့အားသင့်သွားလေသည်။
"....နာကျင်မှု?"
ကုရော့ဟိုင်က ပြုံးလိုက်ပြီး ဆိုလေ၏။
"အတိတ်က အဖြစ်အပျက်တွေကို ပြန်မပြောတာ အကောင်းဆုံးပါပဲလေ။ မိစ္ဆာဂိုဏ်းကလူတွေ လုံးဝ မရိုးသားကြဘူးဆိုတာကိုတော့ မင်းသိထားရမယ်။ သူတို့က တခြားသူတွေရဲ့ ခံစားချက်ကို လျစ်လျူရှုပြီး သူတို့ဆန္ဒအတိုင်း လုပ်ချင်ရာလုပ်တတ်ကြတယ်။ အခုအချိန်မှာ သူက မင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး မင်းအတွက် သူ့အသက်ကို စွန့်စားချင်စွန့်စားလိမ့်မယ်။ ဒါပေမယ့် အနာဂတ်မှာ မင်းကို တခြားသူအတွက်နဲ့ ထားမသွားဘူးလို့ မဆိုလိုဘူး"
"မင်း သူ့အပေါ် ခံစားချက်ရှိတာ မှန်ပေမယ့်လည်း မင်းကိုယ်မင်း ကာကွယ်ဖို့ မမေ့ပါနဲ့"
ထိုစကားတစ်ခွန်းက ကုဖေးတိအား လုံးဝ အံ့အားသင့်သွားစေခဲ့သည်။
ကုဖေးတိ၏မျက်နှာပေါ်၌ ထိတ်လန့်တုန်လှုပ်မှုများ အထင်းသားပေါ်နေလေသည်။ သူက ကုရော့ဟိုင်၏ အင်္ကျီလက်ကိုဆွဲကာ တုန်ယင်နေသောအသံဖြင့် ခေါ်လိုက်လေသည်။
"အဖေ?"
"မင်းသူ့ကိုချစ်လား?" ကုရော့ဟိုင်က ခါးသီးစွာ ပြုံးပြီး မေးလိုက်သည်။
ကုဖေးတိသည် နှုတ်ခမ်းကိုက်ကာ တိတ်ဆိတ်နေပြီး ကုရော့ဟိုင်ကို တိုက်ရိုက်မကြည့်ဝံ့ဘဲ ရှောင်လွှဲနေသည်။ အချိန်အတန်ကြာပြီးနောက်မှ သူက ပြောလာ၏။
"သူနဲ့ ကျွန်တော်က ယောက်ျားလေးတွေပဲ... ဘယ်လိုလုပ်.. ကျွန်တော်က သူ့ကို ဘယ်လိုလုပ် ချစ်နိုင်မှာလဲ?"
ကုရော့ဟိုင်က သက်ပြင်းချလိုက်ပြီး ထိုအကြောင်းအရာကို ဆက်မပြောတော့ပေ။
"စိတ်ငြိမ်အောင် တရားထိုင်ဖို့ ပျံသန်းငှက်အိမ်တော်ကိုသွားလိုက်။ စုယန်ကို အနောက်တောင်ဘက် နှင်းတောင်ဆီ တိတ်တဆိတ် လိုက်ပို့နိုင်ဖို့ ငါ စီစဉ်ပေးလိုက်မယ်" သူက တည်ငြိမ်စွာ ဆက်ပြောသည်။
"လင်းယွင်က ပြန်ရောက်လာပြီး ပြဿနာ ဖန်တီးခဲ့တယ်လေ။ ဒါကြောင့် အခုတိမ်ဖမ်းအိမ်တော်မှာ ကိုယ့်အမှားကိုယ် ဆင်ခြင်ဖို့ အပြစ်ပေးခံထားရတယ်။ မင်းသူမနဲ့ စကားသွားပြောချင် ပြောလို့ရတယ်"
ကုဖေးတိက အနည်းငယ် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"အဖေက ရှောင်ရှစ်မေ့ကို ဘာအကြောင်းကြောင့် အပြစ်ပေးထားတာလဲ?"
"မင်းတကယ်မသိဘူးလား?"
"... ဖန်ရှီ့ကြောင့်လား?" ကုဖေးတိကဆိုသည်။
"သူက ချင်းလျန်ဂိုဏ်းကဆိုတော့ သူ့ကို ကျွန်တော်တို့ ထန်းယွင်နဲ့ ပေါင်းသင်းဖို့ မထိုက်တန်ဘူးလို့ အဖေကထင်တယ်။ ရှောင်ရှစ်မေ့ကို သူနဲ့ သဘောမတူဘူး။ ဟုတ်တယ်မလား?"
ကုရော့ဟိုင်က မေးလေ၏။
"ငါ့ရဲ့အတွေးအခေါ်တွေကို မင်းကဘယ်ချိန်ကတည်းက ဝင်စွက်ဖက်တတ်သွားတာလဲ?"
ကုဖေးတိက သူ့လက်သီးတွေကို တင်းတင်း
ဆုပ်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။
ကုရော့ဟိုင်က သက်ပြင်းချလိုက်ပြီး ဆိုလေ၏။
"သူမက မဆင်မခြင် ယောက်ျားတစ်ယောက်နဲ့ ခိုးရာလိုက်သွားလို့ ငါသူမကို အပြစ်ပေးတာ။ အပြင်လောကမှာရှိတဲ့ အန္တရာယ်တွေအပြင် ခိုးရာလိုက်တဲ့အခါ ယောက်ျားလေးတွေထက် မိန်းကလေးတွေက ပိုပြင်းထန်တဲ့ ဆဲဆိုကြိမ်းမောင်းမှုတွေ ခံရလိမ့်မယ်။ ချင်းလျန်ဂိုဏ်းဖြစ်ဖြစ် မိစ္ဆာဂိုဏ်းဖြစ်ဖြစ် ငါစိတ်ပူတာ သူတို့ရဲ့နောက်ခံမဟုတ်ဘူးဆိုတာ မင်းနားလည်ပြီလား?"
ကုဖေးတိက မျက်မှောင်ကြုတ်နေသေးသည်ကို
မြင်သောအခါ သူက ကူကယ်ရာမဲ့စွာ ဆက်ပြောသည်။
"ဘာပဲဖြစ်ဖြစ်ပါ.. မင်း အနာဂတ်မှာ အဖေတစ်ယောက် ဖြစ်လာတဲ့အခါ သဘာဝကျကျ
နားလည်သွားလိမ့်မယ်"
ကုဖေးတိက တစ်စုံတစ်ခုကို ပြောချင်ပါသလို ပါးစပ်ဖွင့်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောထွက်သွားပါချေ။
"ပြန်သွားပြီး အနားယူပါ" ကုရော့ဟိုင်က ဆိုလေသည်။
"ပဲနီကိတ်မုန့်နဲ့ ပင်လုံးကြိုင်သေရည်ကို ပြင်ခိုင်းထားတယ်။ အများကြီးတော့မစားနဲ့၊ ညစာအတွက် မြစ်ထဲက လတ်လတ်ဆတ်ဆတ် ဖမ်းထားတဲ့ ငါးတွေရှိတယ်"
"အဖေ" ကုဖေးတိက တိုးညှင်းသောလေသံဖြင့် ခေါ်လာသည်။
"နောက်တစ်ခုရှိသေးတယ်..."
"ပြောပါ"
"ကျွန်တော် မိစ္ဆာဂိုဏ်းမှာရှိတုန်းက မိစ္ဆာဂိုဏ်းရဲ့ခေါင်းဆောင်နဲ့တွေ့ခဲ့တယ်" ကုဖေးတိက စာကို ထုတ်ယူကာ ကုရော့ဟိုင်ဆီ ကမ်းပေးလိုက်သည်။
"ဒီစာကို အဖေ့ဆီပေးပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်"
ကုရော့ဟိုင်၏ အကြည့်သည် စာပေါ်ရှိ လက်ရေးပေါ်သို့ ကျဆင်းသွားပြီး စာရေးသူ၏ အမှတ်အသား နေရာသို့ ဖြည်းညှင်းစွာ ရွေ့လျားသွားသည်။
အချိန်အတော်ကြာသည်အထိ လှုပ်ရှားမှုမရှိခဲ့ပေ။
ကုဖေးတိသည် သံသယဖြင့် ကြည့်နေသော်လည်း သူ့အဖေ၏ မျက်နှာမှ သဲလွန်စ တစ်စုံတစ်ရာကိုပင် မတွေ့နိုင်ခဲ့ပါချေ။
ပြတင်းပေါက်မှ ကျီးကန်းတစ်ကောင်၏ အော်မြည်သံကို ကြားခါမှ ကုရော့ဟိုင်သည် အသိပြန်ဝင်လာပြီး ကုဖေးတိရဲ့လက်ထဲကစာကို ယူလိုက်လေတော့သည်။
"မင်းအရင်ပြန်သွားပါ" သူက ပြော၏။
ကုဖေးတိက ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ် အရိုအသေပြုကာ ကုရော့ဟိုင်၏ အခန်းမှ ဖြည်းညှင်းစွာ ထွက်သွားခဲ့လေသည်။
အခန်းထဲက မထွက်ခင် နောက်ကို တဖန်လှည့်ကြည့်လိုက်ရာ ပုခုံးကျယ်ကျယ်နှင့် ခန့်ညားထည်ဝါသည့် အသွင်က မလှုပ်မယှက် ရပ်နေသေးသည်ကို တွေ့လိုက်ရလေသည်။
....
စုယန်သည် ထိုညတွင် ကောင်းကောင်းအိပ်မပျော်ခဲ့ပေ။၊ သူ၏နှလုံးသားလေးမှာ တုန်လှုပ်နေပြီး ပတ်ဝန်းကျင်မှ ဆူညံသံမရှိဘဲနှင့်ပင် သူနိုးလာခဲ့၏။
ကောင်းကင်သည် တောက်ပနေပြီဖြစ်ပြီး သူ၏ ပင်ပန်းနွမ်းနယ်သော အမူအရာကို မဖုံးကွယ်ထားနိုင်ပေ။ သူက အိပ်ရာမှထလိုက်ပြီး ဆုံးရှုံးသွားသော အိပ်ချိန်များအတွက် နေ့လယ်မှ ပြန်အိပ်ရန် ဆုံးဖြတ်လိုက်သည်။
မေ့ရှစ်စန်းမှ မနက်စာ ယူလာသောအခါ ဖန်ရှီလည်း နောက်ဆုံးတွင် သတိပြန်လည်လာပြီဖြစ်သည်။
သူက စောင်ကို ပွေ့ဖက်ထားပြီး စုယန်ကို ရှုပ်ထွေးနေသော အမူအရာဖြင့် စိုက်ကြည့်နေ၏။ အချိန်အတော်ကြာပြီးနောက် အိပ်မက်မဟုတ်မှန်း သေချာသွားပြီး ကုတင်ပေါ်မှ ခုန်ဆင်းလာလေသည်။
"မင်းတကယ် အလယ်ပိုင်းလွင်ပြင်ကို ရောက်နေတာလား?" ဖန်ရှီက အံ့အားသင့်စွာပြောသည်။
စုယန် ဝတ်ဆင်ထားသည့် ထန်းယွင်စံအိမ်၏ ဝတ်စုံကို သတိထားမိသောအခါတွင် သူ့မျက်လုံးများ ပိုပြူးကျယ်သွားလေ၏။
"ကုဖေးတိက မင်းကို ထန်းယွင်စံအိမ်ကို ပြန်ခေါ်လာတာလား?"
စုယန်က ဆိုသည်။
"မဟုတ်ဘူး၊ သူတစ်ယောက်တည်း အိမ်ပြန်သွားပြီး ငါ့ကို ဒီမှာစောင့်နေဖို့ ပြောခဲ့တယ်။ ပြီးရင် ငါတို့ နှစ်ယောက် အနောက်တောင်ဘက်သို့ သွားရမယ်။ ဒါနဲ့.. မင်းနဲ့ဖူလင်းယွင်ကတော့ ကိုင်တွယ်ရလွယ်တဲ့ အခြေအနေ ဟုတ်မနေတဲ့ပုံပဲ"
ဖန်ရှီက ခါးသီးစွာ ပြုံးလိုက်ပြီး ဆိုသည်။
"ကိုင်တွယ်ဖို့က တကယ်မလွယ်ပါဘူး။ အခု ငါဘာလုပ်ရမှန်း မသိတော့ဘူး။ လင်းအာက ထန်းယွင်စံအိမ်ကို သတင်းပါးဖို့ ပြန်သွားခဲ့ပေမယ့် သူမရဲ့ အမှားတွေကို ဆင်ခြင်ရမယ်ဆိုပြီး ခေါင်းဆောင်ကုဆီမှာ အပြစ်ပေး ခံလိုက်ရတယ်လေ။ သူမ ရိုက်နှက် ခံနေရမလား ဆိုတာလည်း မသိနိုင်ဘူး။ ငါ ခေါင်းဆောင်ကုကို တွေ့ဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခံရတယ်လေ..."
"ခေါင်းဆောင်ကုက မင်းတို့ရဲ့ဆက်ဆံရေးကို သဘောမတူဘူးလား?" စုယန်က အနည်းငယ်
စိုးရိမ်သွားသည်။
"ဟုတ်တယ် သဘောမတူဘူး" ဖန်ရှီက စိတ်ပျက်လက်ပျက် ပြောလေ၏။
"ချင်းလျန်ဂိုဏ်းက ဂိုဏ်းသေးသေးလေး တစ်ခုပါပဲ။ နားကြားကောင်းအောင် ပြောရရင် ငါတို့ဂိုဏ်းက ဖြောင့်မတ်လမ်းစဉ်ရော မိစ္ဆာလမ်းစဉ်ရော လိုက်တဲ့ဂိုဏ်းပေါ့။ ကြားမကောင်းအောင်ပြောရရင်တော့ ဟက်.. သိုင်းလောက,က လူတွေက ငါတို့ကို အခွင့်အရေးသမားတွေကို ခေါ်ကြတယ်။ မင်း အရင်ကလဲကြားဖူးမှာပါ"
ထိုစကားကို ကြားသောအခါ ဖန်ချီက မကျေမနပ်ဖြစ်သွားပြီး ပြောလေသည်။
"အာကော.. မင်းရဲ့ရည်မှန်းချက်ကို ဒီလိုလွယ်လွယ်နဲ့ စွန့်လွှတ်လိုက်လို့မရဘူးလေ။ အခု
တာ့ကောကလည်း အဖေ့ကို ကူညီပေးနေပြီဆိုတော့ အရာအားလုံး အဆင်ပြေပြီး ငါတို့ဂိုဏ်းက ပိုတောက်ပလာမှာပါ"
ဖန်ရှီက လှောင်ပြောင်လေ၏။
"တာ့ကော? ဒီသိုင်းလောကမှာ နှစ်ဖက်စလုံး ရပ်တည်လို့ အကျိုးရှိတယ်ဆိုတာမျိုး မရှိဘူး။
ငါတို့ရဲ့ ချင်းလျန်ဂိုဏ်းက လူတိုင်းကြိုက်တဲ့ ရွှေထည်ပစ္စည်းတစ်ခုလို ဖြစ်လာနိုင်တယ်လို့ သူက ထင်နေတာပဲ..."
စုယန်သည် ချင်းလျန်ဂိုဏ်း၏ ကိစ္စဝိစ္စများကို နားထောင်ရန် စိတ်ကူးမရှိခဲ့ပေ။ အခုအချိန်မှာ သူ ကုဖေးတိကို ပိုလို့တောင် စိတ်ပူနေမိသည်။
ခေါင်းဆောင်ကုသည် ချင်းလျန်ဂိုဏ်းကိုပင် လက်ခံနိုင်စွမ်းမရှိပါက မိစ္ဆာဂိုဏ်း၏သခင်ငယ်ဖြစ်သော သူ့တွင် အခွင့်အရေး ပိုလို့တောင် မရှိပါတော့ချေ။ သို့ဆိုပါက သူနှင့်ကုဖေးတိမှာ ရေရှည်ပျော်ရွှင်မှုကို မည်သို့ရရှိနိုင်တော့မည်နည်း?
ဤခေတ်တွင် မဆိုထားနှင့်။ ခေတ်သစ်တွင်ပင် ဤအကြပ်အတည်း၊ ဤအခြေအနေမျိုးသည် လွန်စွာမှ ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သူသိသည်။ ရှေးခေတ်ယဉ်ကျေးမှုအရ မိသားစုမျိုးရိုးဆက်ခံရန်မှာ အလွန်အရေးကြီးသောကိစ္စရပ်ဖြစ်သည့်အလျောက် ကျား၊မ ခွဲခြားမှုမှာ ပြင်းထန်လေသည်။ မိစ္ဆာဂိုဏ်းချုပ်၏ လိုက်လျောညီထွေ
ပြုမှုသည် သူ့အား အလွန်ပေါ့လျော့သွားစေခဲ့ပြီး သူနှင့် ကုဖေးတိတို့နှစ်ဦးဟာ ယခုမှ တောင်တစ်တောင်၏ ခြေရင်း၌သာ ရှိသေးကြောင်းကို မေ့သွားခဲ့လေ၏။
ထို့အပြင် သူသည် ကုဖေးတိနှင့်အတူ ထန်းယွင်စံအိမ်ထဲသို့ဝင်ဖို့ကို ငြင်းဆန်ခဲ့ပြီး ဖိအားများအားလုံးကို ကုဖေးတိအပေါ်သို့သာ လုံးလုံး ပုံချခဲ့လေသည်။
"ဟေး.. စုယန်!" ဖန်ရှီက ရုတ်တရက် အော်လိုက်သည်။
စုယန်သည် အတွေးရထားမှ နိုးထလာပြီး သူ့ကိုယ်သူ ဖြေသိမ့်ရန် ကြိုးစားလိုက်၏။
ဟုတ်တယ်၊ ကုဖေးတိက ခေါင်းဆောင်ကုကို ဝန်ခံဖို့မဟုတ်ဘဲ စာပို့ဖို့ အိမ်ပြန်မှာ။ ဒါကြောင့် စိတ်ပူစရာ မလိုဘူး...
"ဒီစိတ်ပျက်စရာအကြောင်းတွေ ဆက်မပြောနဲ့တော့" သူက နှုတ်ခမ်းလေး ကွေးညွတ်ကာ ပြောလေသည်။
"အရင်ဆုံး မနက်စာစားရင်း မင်းမှာ ဘာအစီအစဉ်ရှိလဲ ဆွေးနွေးကြတာပေါ့"
ထမင်းစားပွဲတွင် ဝင်ထိုင်ကြပြီးနောက် ဖန်ရှီက ပြောလာသည်။
"ငါ့နေရာကို ငါပြန်သွားရမယ်။ ထန်းယွင်စံအိမ်ကို ခွင့်သွားတောင်းရမယ်။ ပြီးတော့ နေ့လယ်ပိုင်းမှာလဲ အလုပ်လုပ်ရအုံးမယ်"
စုယန်က အံ့သြသွားပြီး မေးလိုက်သည်။
"အလုပ်လုပ်ရမယ်?"
ဖန်ရှီက ဆိုလေ၏။
"မဟုတ်ရင် ဘာလုပ်ရမှာလဲ? ငါ လန်ယန်း ရောက်နေတာ ရက်နှစ်ဆယ်လောက်ရှိပြီ။ ငါယူလာခဲ့တဲ့ ခရီးစရိတ်တွေလဲ ကုန်နေတာကြာပေါ့။ ငါအလုပ်မလုပ်တော့ လမ်းမှာလျှောက်ပြီး တောင်းစားနေမှာလား?"
စုယန်သည် သူ့ကိုယ်သူ အသုံးစရိတ်နှင့် ပတ်သက်၍ ဘယ်တုန်းကမှ မပူပန်ခဲ့မိကြောင်း သိလိုက်ရပြီး မေ့ရှစ်စန်းကို ချက်ချင်းလှည့်ကြည့်လိုက်သည်။
မေ့ရှစ်စန်းက အလိုက်သိစွာ ပြောလာ၏။
"သခင်ငယ်လေး.. စိတ်မပူပါနဲ့။ ကျွန်တော်တို့မှာ ငွေလုံလုံလောက်လောက် ရှိပါသေးတယ်။ ဒီ့အပြင် အလယ်ပိုင်းလွင်ပြင်ရဲ့ဘဏ်မှာလည်း အပ်ငွေတွေရှိပြီး သင့်ရဲ့တရားဝင်တံဆိပ်နဲ့ အချိန်မရွေး ထုတ်ယူနိုင်ပါတယ်"
ဖန်ရှီက ပြုံးကာ စနောက်လာသည်။
"သခင်ငယ်.. မင်းက တကယ်ကို ချမ်းသာတာပဲနော်။ ငွေရေးကြေးရေးအတွက် ဘယ်တုန်းကမှ စိတ်ပူစရာမလိုဘူးထင်တယ်"
ဖန်ချီခမျာ အံ့သြမှင်သက်သွားလေ၏။
"အာ... သခင်ငယ်?"
ဖန်ရှီ : "ဟမ်.. ဘာလဲ? မင်းတို့ တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးလား? သူက မိစ္ဆာဂိုဏ်းရဲ့ သခင်ငယ်ဆိုတာကို မင်းမသိဘူးလား?"
ဖန်ချီ: "!!!"
ဖန်ရှီ: "မင်းက ငတုံးလား! သေချာမသိတဲ့ လူတစ်ယောက်ရဲ့ အခန်းထဲ ငါ့ကို တကယ်ခေါ်လာတယ်ပေါ့လေ?! သူကငါ့ကိုခုတ်ထစ်ပြီးမြစ်ထဲပစ်ချလိုက်ရင်ဘယ်လိုလုပ်မလဲ?"
ဖန်ချီက ဆိုလေသည်။
"ငါသူ့ကိုမသိဘူး၊ ဒါပေမယ့် သူ့ညီမကိုတော့ သိတယ်လေ!"
ဖန်ရှီက ကြောင်အသွားလေ၏။
"မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်မှာ ဘယ်တုန်းက ညီမရှိသွားတာလဲ?"
ဖန်ချီက စိတ်ရှုပ်သွားပြီး စုယန်ကို ချက်ချင်း လှည့်မေးလိုက်သည်။
"ဒါပေမယ့် အဲဒီနေ့က ကျွန်တော် ခင်ဗျားနဲ့တူတဲ့ မိန်းကလေးတစ်ယောက်ကို တကယ်တွေ့ခဲ့တာ..."
သူစကားပြောနေစဉ် သူ့အသံမှာ တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး ကြီးမားသည့်တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ သူ့ပါးစပ်မှာ ပိုကျယ်လာသည်။
ဖန်ရှီက အံ့အားသင့်သွားပြီး စုယန်အား သံသယဖြင့် စိုက်ကြည့်ကာ ပြောလာ၏။
"မင်း.. မင်း မိန်းကလေးတစ်ယောက်လို ရုပ်ဖျက်ထားတာလို့တော့... ငါ့ကိုမပြောနဲ့နော်.."
စုယန်က ဂရုစိုက်ခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ဟုတ်တယ်.. ငါ မိန်းကလေး အယောင်ဆောင်ခဲ့တာလေ"
ဖန်ရှီက စိတ်ဝင်တစားဖြင့် မျက်ခုံးပင့်လိုက်လေ၏။
ဖန်ချီကတော့ စိတ်လွတ်ချင်သလိုလို ဖြစ်နေလေသည်။
"ဘ.. ဘာ.. ဘာ! အဲဒီမိန်းကလေး... အဲဒီမိန်းကလေးက တကယ်ပဲ ခင်ဗျားလား?!"
စုယန်က ကမ္ဘာကြီးအပေါ် အမြင်မှန်တွေ ပြိုလဲသွားသော ဖန်ချီအား လျစ်လျူရှုလိုက်ပြီး ဖန်ရှီအား ပြောလေသည်။
"မင်းလိုအပ်ရင် ငါမင်းကို ပိုက်ဆံချေးပေးမယ်လေ"
ပြန်ဆပ်ဖို့ လို၊မလို ဆိုတာကိုတော့ သူထည့်မပြောခဲ့ပေ။
ဖန်ချီက ဆိုလေ၏။
"မလိုပါဘူး။ ငါ့အားငါကိုးပြီး ဒီမြို့မှာ အမြစ်တွယ်နေရင်း နေ့တိုင်း ထန်းယွင်စံအိမ်ကိုသွားပြီး လင်းအာနဲ့တွေ့ဖို့ ခွင့်တောင်းမယ်။ လင်းအာက ထန်းယွင်စံအိမ်မှာ ကြီးပြင်လာခဲ့တာ။ သူမအတွက် အစားအသောက် အဝတ်အစားဆိုတာ စိတ်ပူစရာ မရှိခဲ့ဘူး။ ငါနဲ့ အတူသာဆိုရင် သူမ တောင့်ခံနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါအခုကစပြီး ပိုကြိုးစားရမယ်"
စုယန်က သူ့လက်ကို မြှောက်ကာ ဖန်ရှီရဲ့ ပခုံးကို ပုတ်ပေးလိုက်၏။
"မင်းက အခုတော့ စကားလှလှလေးတွေ ပြောနေတာပဲ။ မနေ့ကကျ ဘာလို့ မူးရူးနေရတာလဲ? ငါက မင်း အချစ်ရေးမှာ ကျရှုံးသွားလို့ အမူးသမား ဖြစ်သွားပြီလို့တောင်ထင်တာ"
ဖန်ရှီက ပြုံးလိုက်သည်။
"မနေ့က ငါနည်းနည်းစိတ်မကောင်းဖြစ်နေပြီး လက်ထဲမှာ ပိုက်ဆံနည်းနည်းရှိတာနဲ့ တစ်ခွက်လောက် ပိုသောက်မိသွားတာပါ။ ပြီးတာနဲ့ မင်းနဲ့တန်းတိုးမယ်လို့ ဘယ်ထင်မလဲ?"
ထိုသို့ပြောပြီးနောက် သူက မေးစေ့ကို ပွတ်သပ်ကာ စုယန်အား အချိန်အတော်ကြာအောင် စိုက်ကြည့်နေလေသည်။
"မင်းက ဖေးတိကို ထန်းယွင်စံအိမ်ဆီ တကယ် ပြန်ခွင့်ပြုလိုက်တာပဲ။ မင်းစိတ်မပူဘူးလား? မင်းတို့နှစ်ယောက်ကြားက ဆက်ဆံရေးအကြောင်းကို ခေါင်းဆောင်ကု သိသွားရင် အခက်တွေ့လိမ့်မယ်နော်"
စုယန်က အံ့ဩသွားလေသည်။
"မင်းဘာလိုသိတာလဲ?"
ဖန်ရှီက သူ့အား မျက်စိမှိတ်ပြကာ ပြောလေ၏။
"ဘာပဲဖြစ်ဖြစ် ငါက အတွေ့အကြုံရှိတဲ့သူတစ်ယောက်ပါ။ မင်းတို့နှစ်ယောက် မြင်းဖြူအတူစီးခဲ့တဲ့အချိန်တုန်းက အရမ်းရင်းနှီးပုံပေါက်တာကို ငါသတိတော့ထားခဲ့မိတယ်။ ဒါပေမယ့် သေသေ ချာချာစဉ်းစားကြည့်ပြီးမှ လုံးဝ သဘောပေါက်သွားတော့တာပဲ"
ခေတ္တနားပြီးနောက် သူက တိုးတိုးလေး ဆက်ပြောလာခဲ့သည်။
"မင်းနဲ့သူက အကောင်းနဲ့အဆိုးဆိုတဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေကြတာနော်။
သူ့မှာ မင်းနဲ့တူညီတဲ့ ခံစားချက်မျိုးမရှိခဲ့ရင်... သခင်ငယ် ကမ္ဘာကြီးက မင်းဘက်မှာ ဘယ်တော့မှ ရပ်တည်မှာမဟုတ်ဘူး"
စုယန်က ပြုံးလျက် ပြန်ပြောလိုက်လေသည်။
"သူနဲ့ငါက စိတ်တူကိုယ်တူပါပဲ"
_15.9.22
စာရေးဆရာမှာ ပြောစရာရှိပါတယ်:
မင်းတို့ နှစ်ယောက်စလုံး တစ်လှေတည်းစီးနေမှတော့ ဘာလို့တခြားသူတွေကို ဖုံးကွယ်ထားရတာလဲ?
Thanks for reading ❣️
Zawgyi
အခန္း-၆၉ တူညီေသာ အေတြ႕အႀကဳံျဖင့္ ခ်ည္ေႏွာင္ထားျခင္း။
[သူနဲ႕ငါက စိတ္တူကိုယ္တူပါပဲ...]
ကုေဖးတိက ႐ုတ္တရက္ အံ့ဩသြားၿပီး ေမးလိုက္သည္။
"ဘာျဖစ္လို႔လဲ?"
ကုေရာ့ဟိုင္က ဆို၏။
"ဒီအေတာအတြင္း သိုင္းပညာအသိုင္းအဝိုင္းက အဆက္မျပတ္ကို ကေမာက္ကမေတြ ျဖစ္ေနတယ္။ ထုန္းယြင္ဘုရားေက်ာင္းနဲ႕ ဝူက်န္းမန္မွာလဲ အဲ့ေလာ့ေကြးရဲ႕ သူလွ်ိုေတြ ရွာေတြ႕ခဲ့တယ္။ မင္းက ငယ္ပါေသးတယ္။ ဒီျပႆေတြမွာ ဝင္မပါခ်င္နဲ႕၊ စံအိမ္မွာ ေအးေအးေဆးေဆး ေနၿပီး သိုင္းပညာသာ ေလ့က်င့္စမ္းပါ။"
"ဒါေပမယ့္ အေဖ.." ကုေဖးတိက စိုးရိမ္တႀကီး ျပန္ေျပာေလသည္။
"စုယန္က ကြၽန္ေတာ့္ကိုကယ္တင္ဖို႔ သူ႕ခႏၶာကိုယ္ထဲကို အဆိပ္လႊဲယူခဲ့တာေလ။ ကြၽန္ေတာ္ သူ႕ကို မစြန့္ပစ္သင့္ဘူး။ ဒါက က်ိဳးေၾကာင္းမဆီေလ်ာ္ဘူးေလ..."
ကုေရာ့ဟိုင္သည္ သားျဖစ္သူ၏ စိုးရိမ္ပူပန္ေသာအမူအရာကို သတိျပဳမိၿပီးေနာက္ ေမးလိုက္သည္။
"ဘာအေၾကာင္းျပခ်က္ေၾကာင့္လဲ?"
ကုေဖးတိက ျပန္ေျဖ၏။
".. အတန္းေဖာ္ေတြၾကားက ခင္မင္ရင္ႏွီးမႈက အေၾကာင္းျပခ်က္ပဲ"
"မင္းနဲ႕ စုယန္က တစ္ကယ္... အတန္းေဖာ္ ဆက္ဆံေရးကို တန္ဖိုးထားေနတာလား?"
ကုေရာ့ဟိုင္၏ ေလသံမွာ ခက္ထန္သြားေသာ္လည္း ဝါက်၏အဆုံးတြင္ စိတ္ဓာတ္က်သြားသကဲ့သို႔ ေလသံမွာ ျပန္လည္တိုးေဖ်ာ့သြားသည္။ ၎မွာ ကုေဖးတိအား ရႈပ္ေထြးသြားေစ၏။
သူက လက္သီးကို တင္းတင္းဆုပ္ထားၿပီး လက္ဖဝါးမွေခြၽးမ်ားကို အကၤ်ီျဖင့္ ပြတ္သုတ္လိုက္သည္။ ၿပီးေနာက္ တံေတြးမ်ိဳခ်ကာ ေျပာေလ၏။
"ဟုတ္ပါတယ္ ၿပီးေတာ့... ေဘးခ်င္းယွဥ္တိုက္ခဲ့ၾကတဲ့အထိ ရင္းႏွီးတဲ့သူငယ္ခ်င္းေတြပါ။ ေက်ာက္စိမ္းအိမ္ေတာ္က ေက်ာက္စိမ္းေၾကးမုံေရကန္ကိစၥရယ္ ေျမရိုင္းလြင္ျပင္တိုက္ပြဲတုန္းက သူကြၽန္ေတာ့္ကို ကယ္ခဲ့တဲ့ ကိစၥရယ္... အေဖ အားလုံးကို ၾကားဖူးၿပီးသား ျဖစ္မွာပါ"
ကုေဖးတိသည္ ေနာက္ဆုံးတြင္ သတၱိစုၿပီး ကုေရာ့ဟိုင္၏ မ်က္ႏွာကိုၾကည့္ရန္ ေခါင္းေမာ့လိုက္သည္။
"ဒါေၾကာင့္ သူနဲ႕ကြၽန္ေတာ္က ဘဝတစ္ေလွ်ာက္လုံး အခ်င္းခ်င္း ယုံၾကည္စိတ္ခ်ရတဲ့ သူငယ္ခ်င္းအျဖစ္ သတ္မွတ္ထားတယ္!"
ကုေရာ့ဟိုင္သည္ ကုေဖးတိ၏ မ်က္လုံးမ်ားကို စိုက္ၾကည့္ေန၏။ ခဏၾကာေတာ့ သူက ေျပာလာသည္။
"မင္းက သူ႕ကို သိပ္တန္ဖိုးထားတာပဲ"
ကုေဖးတိ: "သူက ကြၽန္ေတာ့္အတြက္ သူ႕အသက္ကိုေတာင္ စြန႔္ဖို႔အထိေတာင္ လုပ္ခဲ့တာ... ဟုတ္တယ္.. ကြၽန္ေတာ္ သူ႕ကို သိပ္တန္ဖိုးထားတယ္"
ကုေရာ့ဟိုင္က ျဖည္းညွင္းစြာ အသက္ရႉသြင္းလိုက္ၿပီး ကုေဖးတိ၏ ပုခုံးကို ပုတ္ေပးလိုက္သည္။
"မင္း အ႐ြယ္ေရာက္လာၿပီ.." သူက ဆိုေလ၏။
"ငါက ဖခင္ေကာင္းတစ္ေယာက္မဟုတ္သလို ခင္ပြန္းေကာင္းတစ္ေယာက္လည္း မဟုတ္ဘူး။ မင္း ငယ္ငယ္ေလးတုန္းက ငါက မင္းေရာ မင္းအေမေရာကို လ်စ္လ်ဴရႈခဲ့တယ္"
သူ႕အေဖ၏ စိတ္ပ်က္အားငယ္မႈကို ျမင္ေသာအခါ ကုေဖးတိက ႏွစ္သိမ့္ေပးေလသည္။
"ဒီလိုေတာ့ မေျပာပါနဲ႕။ အေဖက တင္းၾကပ္ေပမဲ့ ကြၽန္ေတာ့္ကို ေန႕တိုင္း သိုင္းပညာေတြ၊ လက္ေရးလွနည္းေတြ သင္ေပးခဲ့တယ္ေလ။ ဒါကို ဂ႐ုမစိုက္ခဲ့ဘူးလို႔ ဘယ္ေျပာလို႔ရမလဲ?"
ကုေရာ့ဟိုင္က ၿပဳံးလိုက္ၿပီးဆိုသည္။
"ဘာပဲျဖစ္ျဖစ္ မင္းက ငယ္ငယ္ေလးကတည္းက သားေကာင္းတစ္ေယာက္ျဖစ္ခဲ့ၿပီး ဉာဏ္ရည္ထက္ျမက္တယ္။ ယဥ္ေက်းသိမ္ေမြ႕ၿပီး လုံ႕လဝီရိယလည္း ရွိတယ္။ မင္းက အၿမဲ ကိုယ့္ကိုကိုယ္ စည္းကမ္းတင္းၾကပ္တယ္။ အားလုံးကလည္း မင္းရဲ႕အေၾကာင္းကို ငါ့ေရွ႕မွာ ခ်ီးမြမ္းေျပာဆိုၾကတယ္။ ငါ့ရဲ႕ထန္းယြင္စံအိမ္ကို ဆက္ခံဖို႔ လုံးဝအလားအလာရွိတယ္တဲ့ေလ"
ကုေဖးတိသည္ ေနရာ၌ ရပ္ေနၿပီး ဘာမွျပန္မေျပာေပ။
ပုခုံးေပၚ၌ ဆံပင္ျဖဴမ်ား ျပန႔္က်ဲစျပဳေနၿပီျဖစ္ေသာ အေဖျဖစ္သူကိုၾကည့္ကာ သူ၏ လက္ေခ်ာင္းမ်ားအထိန္းအကြပ္မရွိ တုန္ယင္လာခဲ့သည္။
"စုယန္က မိစာၦဂိုဏ္းက ဆိုေပမယ့္ မင္းနဲ႕ ေက်ာက္စိမ္းအိမ္ေတာ္ကို တစ္ခ်ိန္တည္း ဝင္ခဲ့ၿပီး ခင္မင္ရင္းႏွီးတဲ့ ဆက္ဆံေရးေတြ ရွိလာမယ္ဆိုတာ ေရွာင္လြဲလို႔မရပါဘူးေလ"
ကုေရာ့ဟိုင္က ဆက္ေျပာသည္။
"အဲဒီတုန္းက ငါလည္းပဲ မိစာၦဂိုဏ္းခ်ဳပ္နဲ႕ သူငယ္ခ်င္းေတြ ျဖစ္ခဲ့ၾကတယ္။ ၿပီးေတာ့ ငါတို႔ႏွစ္ေယာက္အတူ သိုင္းေလာကတခြင္ကို ေျခဆန႔္ခဲ့ၾကတယ္"
သူက သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး ကုေဖးတိကို တည့္တည့္ၾကည့္ကာ ဆက္ေျပာသည္။
"ဒါေပမယ့္ တစ္ခါတစ္ေလမွာ မင္းေမွ်ာ္လင့္ထားတဲ့အတိုင္း ျဖစ္မလာတာမ်ိဳးေတြရွိတယ္ဆိုတာ နားလည္ထားရမယ္။ အေဖတစ္ေယာက္အေနနဲ႕ ငါ့သားကိုေတာ့ ငါခံစားခဲ့ရတဲ့ နာက်င္မႈမ်ိဳး မႀကဳံေစခ်င္ဘူး"
ကုေဖးတိက အံ့အားသင့္သြားေလသည္။
"....နာက်င္မႈ?"
ကုေရာ့ဟိုင္က ၿပဳံးလိုက္ၿပီး ဆိုေလ၏။
"အတိတ္က အျဖစ္အပ်က္ေတြကို ျပန္မေျပာတာ အေကာင္းဆုံးပါပဲေလ။ မိစာၦဂိုဏ္းကလူေတြ လုံးဝ မရိုးသားၾကဘူးဆိုတာကိုေတာ့ မင္းသိထားရမယ္။ သူတို႔က တျခားသူေတြရဲ႕ ခံစားခ်က္ကို လ်စ္လ်ဴရႈၿပီး သူတို႔ဆႏၵအတိုင္း လုပ္ခ်င္ရာလုပ္တတ္ၾကတယ္။ အခုအခ်ိန္မွာ သူက မင္းကို ေကာင္းေကာင္းမြန္မြန္ ဆက္ဆံၿပီး မင္းအတြက္ သူ႕အသက္ကို စြန႔္စားခ်င္စြန့္စားလိမ့္မယ္။ ဒါေပမယ့္ အနာဂတ္မွာ မင္းကို တျခားသူအတြက္နဲ႕ ထားမသြားဘူးလို႔ မဆိုလိုဘူး"
"မင္း သူ႕အေပၚ ခံစားခ်က္ရွိတာ မွန္ေပမယ့္လည္း မင္းကိုယ္မင္း ကာကြယ္ဖို႔ မေမ့ပါနဲ႕"
ထိုစကားတစ္ခြန္းက ကုေဖးတိအား လုံးဝ အံ့အားသင့္သြားေစခဲ့သည္။
ကုေဖးတိ၏မ်က္ႏွာေပၚ၌ ထိတ္လန႔္တုန္လႈပ္မႈမ်ား အထင္းသားေပၚေနေလသည္။ သူက ကုေရာ့ဟိုင္၏ အကၤ်ီလက္ကိုဆြဲကာ တုန္ယင္ေနေသာအသံျဖင့္ ေခၚလိုက္ေလသည္။
"အေဖ?"
"မင္းသူ႕ကိုခ်စ္လား?" ကုေရာ့ဟိုင္က ခါးသီးစြာ ၿပဳံးၿပီး ေမးလိုက္သည္။
ကုေဖးတိသည္ ႏႈတ္ခမ္းကိုက္ကာ တိတ္ဆိတ္ေနၿပီး ကုေရာ့ဟိုင္ကို တိုက္ရိုက္မၾကည့္ဝံ့ဘဲ ေရွာင္လႊဲေနသည္။ အခ်ိန္အတန္ၾကာၿပီးေနာက္မွ သူက ေျပာလာ၏။
"သူနဲ႕ ကြၽန္ေတာ္က ေယာက္်ားေလးေတြပဲ... ဘယ္လိုလုပ္.. ကြၽန္ေတာ္က သူ႕ကို ဘယ္လိုလုပ္ ခ်စ္နိုင္မွာလဲ?"
ကုေရာ့ဟိုင္က သက္ျပင္းခ်လိဳက္ၿပီး ထိုအေၾကာင္းအရာကို ဆက္မေျပာေတာ့ေပ။
"စိတ္ၿငိမ္ေအာင္ တရားထိုင္ဖို႔ ပ်ံသန္းငွက္အိမ္ေတာ္ကိုသြားလိုက္။ စုယန္ကို အေနာက္ေတာင္ဘက္ ႏွင္းေတာင္ဆီ တိတ္တဆိတ္ လိုက္ပို႔နိုင္ဖို႔ ငါ စီစဥ္ေပးလိုက္မယ္" သူက တည္ၿငိမ္စြာ ဆက္ေျပာသည္။
"လင္းယြင္က ျပန္ေရာက္လာၿပီး ျပႆနာ ဖန္တီးခဲ့တယ္ေလ။ ဒါေၾကာင့္ အခုတိမ္ဖမ္းအိမ္ေတာ္မွာ ကိုယ့္အမွားကိုယ္ ဆင္ျခင္ဖို႔ အျပစ္ေပးခံထားရတယ္။ မင္းသူမနဲ႕ စကားသြားေျပာခ်င္ ေျပာလို႔ရတယ္"
ကုေဖးတိက အနည္းငယ္ မ်က္ေမွာင္ၾကဳတ္ၿပီး ေမးလိုက္သည္။
"အေဖက ေရွာင္ရွစ္ေမ့ကို ဘာအေၾကာင္းေၾကာင့္ အျပစ္ေပးထားတာလဲ?"
"မင္းတကယ္မသိဘူးလား?"
"... ဖန္ရွီ့ေၾကာင့္လား?" ကုေဖးတိကဆိုသည္။
"သူက ခ်င္းလ်န္ဂိုဏ္းကဆိုေတာ့ သူ႕ကို ကြၽန္ေတာ္တို႔ ထန္းယြင္နဲ႕ ေပါင္းသင္းဖို႔ မထိုက္တန္ဘူးလို႔ အေဖကထင္တယ္။ ေရွာင္ရွစ္ေမ့ကို သူနဲ႕ သေဘာမတူဘူး။ ဟုတ္တယ္မလား?"
ကုေရာ့ဟိုင္က ေမးေလ၏။
"ငါ့ရဲ႕အေတြးအေခၚေတြကို မင္းကဘယ္ခ်ိန္ကတည္းက ဝင္စြက္ဖက္တတ္သြားတာလဲ?"
ကုေဖးတိက သူ႕လက္သီးေတြကို တင္းတင္း
ဆုပ္လိုက္ၿပီး စိတ္ကို တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္သည္။
ကုေရာ့ဟိုင္က သက္ျပင္းခ်လိဳက္ၿပီး ဆိုေလ၏။
"သူမက မဆင္မျခင္ ေယာက္်ားတစ္ေယာက္နဲ႕ ခိုးရာလိုက္သြားလို႔ ငါသူမကို အျပစ္ေပးတာ။ အျပင္ေလာကမွာရွိတဲ့ အႏၲရာယ္ေတြအျပင္ ခိုးရာလိုက္တဲ့အခါ ေယာက္်ားေလးေတြထက္ မိန္းကေလးေတြက ပိုျပင္းထန္တဲ့ ဆဲဆိုႀကိမ္းေမာင္းမႈေတြ ခံရလိမ့္မယ္။ ခ်င္းလ်န္ဂိုဏ္းျဖစ္ျဖစ္ မိစာၦဂိုဏ္းျဖစ္ျဖစ္ ငါစိတ္ပူတာ သူတို႔ရဲ႕ေနာက္ခံမဟုတ္ဘူးဆိုတာ မင္းနားလည္ၿပီလား?"
ကုေဖးတိက မ်က္ေမွာင္ၾကဳတ္ေနေသးသည္ကို
ျမင္ေသာအခါ သူက ကူကယ္ရာမဲ့စြာ ဆက္ေျပာသည္။
"ဘာပဲျဖစ္ျဖစ္ပါ.. မင္း အနာဂတ္မွာ အေဖတစ္ေယာက္ ျဖစ္လာတဲ့အခါ သဘာဝက်က်
နားလည္သြားလိမ့္မယ္"
ကုေဖးတိက တစ္စုံတစ္ခုကို ေျပာခ်င္ပါသလို ပါးစပ္ဖြင့္ဟလိုက္ေသာ္လည္း ေနာက္ဆုံးတြင္ ဘာမွမေျပာထြက္သြားပါေခ်။
"ျပန္သြားၿပီး အနားယူပါ" ကုေရာ့ဟိုင္က ဆိုေလသည္။
"ပဲနီကိတ္မုန႔္နဲ႕ ပင္လုံးႀကိဳင္ေသရည္ကို ျပင္ခိုင္းထားတယ္။ အမ်ားႀကီးေတာ့မစားနဲ႕၊ ညစာအတြက္ ျမစ္ထဲက လတ္လတ္ဆတ္ဆတ္ ဖမ္းထားတဲ့ ငါးေတြရွိတယ္"
"အေဖ" ကုေဖးတိက တိုးညွင္းေသာေလသံျဖင့္ ေခၚလာသည္။
"ေနာက္တစ္ခုရွိေသးတယ္..."
"ေျပာပါ"
"ကြၽန္ေတာ္ မိစာၦဂိုဏ္းမွာရွိတုန္းက မိစာၦဂိုဏ္းရဲ႕ေခါင္းေဆာင္နဲ႕ေတြ႕ခဲ့တယ္" ကုေဖးတိက စာကို ထုတ္ယူကာ ကုေရာ့ဟိုင္ဆီ ကမ္းေပးလိုက္သည္။
"ဒီစာကို အေဖ့ဆီေပးေပးဖို႔ သူက ေတာင္းဆိုခဲ့ပါတယ္"
ကုေရာ့ဟိုင္၏ အၾကည့္သည္ စာေပၚရွိ လက္ေရးေပၚသို႔ က်ဆင္းသြားၿပီး စာေရးသူ၏ အမွတ္အသား ေနရာသို႔ ျဖည္းညွင္းစြာ ေ႐ြ႕လ်ားသြားသည္။
အခ်ိန္အေတာ္ၾကာသည္အထိ လႈပ္ရွားမႈမရွိခဲ့ေပ။
ကုေဖးတိသည္ သံသယျဖင့္ ၾကည့္ေနေသာ္လည္း သူ႕အေဖ၏ မ်က္ႏွာမွ သဲလြန္စ တစ္စုံတစ္ရာကိုပင္ မေတြ႕နိုင္ခဲ့ပါေခ်။
ျပတင္းေပါက္မွ က်ီးကန္းတစ္ေကာင္၏ ေအာ္ျမည္သံကို ၾကားခါမွ ကုေရာ့ဟိုင္သည္ အသိျပန္ဝင္လာၿပီး ကုေဖးတိရဲ႕လက္ထဲကစာကို ယူလိုက္ေလေတာ့သည္။
"မင္းအရင္ျပန္သြားပါ" သူက ေျပာ၏။
ကုေဖးတိက ေခါင္းညိတ္လိုက္ၿပီး လက္သီးဆုပ္ အရိုအေသျပဳကာ ကုေရာ့ဟိုင္၏ အခန္းမွ ျဖည္းညွင္းစြာ ထြက္သြားခဲ့ေလသည္။
အခန္းထဲက မထြက္ခင္ ေနာက္ကို တဖန္လွည့္ၾကည့္လိုက္ရာ ပုခုံးက်ယ္က်ယ္ႏွင့္ ခန႔္ညားထည္ဝါသည့္ အသြင္က မလႈပ္မယွက္ ရပ္ေနေသးသည္ကို ေတြ႕လိုက္ရေလသည္။
....
စုယန္သည္ ထိုညတြင္ ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့ေပ။၊ သူ၏ႏွလုံးသားေလးမွာ တုန္လႈပ္ေနၿပီး ပတ္ဝန္းက်င္မွ ဆူညံသံမရွိဘဲႏွင့္ပင္ သူနိုးလာခဲ့၏။
ေကာင္းကင္သည္ ေတာက္ပေနၿပီျဖစ္ၿပီး သူ၏ ပင္ပန္းႏြမ္းနယ္ေသာ အမူအရာကို မဖုံးကြယ္ထားနိုင္ေပ။ သူက အိပ္ရာမွထလိုက္ၿပီး ဆုံးရႈံးသြားေသာ အိပ္ခ်ိန္မ်ားအတြက္ ေန႕လယ္မွ ျပန္အိပ္ရန္ ဆုံးျဖတ္လိုက္သည္။
ေမ့ရွစ္စန္းမွ မနက္စာ ယူလာေသာအခါ ဖန္ရွီလည္း ေနာက္ဆုံးတြင္ သတိျပန္လည္လာၿပီျဖစ္သည္။
သူက ေစာင္ကို ေပြ႕ဖက္ထားၿပီး စုယန္ကို ရႈပ္ေထြးေနေသာ အမူအရာျဖင့္ စိုက္ၾကည့္ေန၏။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ အိပ္မက္မဟုတ္မွန္း ေသခ်ာသြားၿပီး ကုတင္ေပၚမွ ခုန္ဆင္းလာေလသည္။
"မင္းတကယ္ အလယ္ပိုင္းလြင္ျပင္ကို ေရာက္ေနတာလား?" ဖန္ရွီက အံ့အားသင့္စြာေျပာသည္။
စုယန္ ဝတ္ဆင္ထားသည့္ ထန္းယြင္စံအိမ္၏ ဝတ္စုံကို သတိထားမိေသာအခါတြင္ သူ႕မ်က္လုံးမ်ား ပိုျပဴးက်ယ္သြားေလ၏။
"ကုေဖးတိက မင္းကို ထန္းယြင္စံအိမ္ကို ျပန္ေခၚလာတာလား?"
စုယန္က ဆိုသည္။
"မဟုတ္ဘူး၊ သူတစ္ေယာက္တည္း အိမ္ျပန္သြားၿပီး ငါ့ကို ဒီမွာေစာင့္ေနဖို႔ ေျပာခဲ့တယ္။ ၿပီးရင္ ငါတို႔ ႏွစ္ေယာက္ အေနာက္ေတာင္ဘက္သို႔ သြားရမယ္။ ဒါနဲ႕.. မင္းနဲ႕ဖူလင္းယြင္ကေတာ့ ကိုင္တြယ္ရလြယ္တဲ့ အေျခအေန ဟုတ္မေနတဲ့ပုံပဲ"
ဖန္ရွီက ခါးသီးစြာ ၿပဳံးလိုက္ၿပီး ဆိုသည္။
"ကိုင္တြယ္ဖို႔က တကယ္မလြယ္ပါဘူး။ အခု ငါဘာလုပ္ရမွန္း မသိေတာ့ဘူး။ လင္းအာက ထန္းယြင္စံအိမ္ကို သတင္းပါးဖို႔ ျပန္သြားခဲ့ေပမယ့္ သူမရဲ႕ အမွားေတြကို ဆင္ျခင္ရမယ္ဆိုၿပီး ေခါင္းေဆာင္ကုဆီမွာ အျပစ္ေပး ခံလိုက္ရတယ္ေလ။ သူမ ရိုက္ႏွက္ ခံေနရမလား ဆိုတာလည္း မသိနိုင္ဘူး။ ငါ ေခါင္းေဆာင္ကုကို ေတြ႕ဖို႔ အႀကိမ္ႀကိမ္ ေတာင္းဆိုခဲ့ေပမယ့္ ျငင္းပယ္ခံရတယ္ေလ..."
"ေခါင္းေဆာင္ကုက မင္းတို႔ရဲ႕ဆက္ဆံေရးကို သေဘာမတူဘူးလား?" စုယန္က အနည္းငယ္
စိုးရိမ္သြားသည္။
"ဟုတ္တယ္ သေဘာမတူဘူး" ဖန္ရွီက စိတ္ပ်က္လက္ပ်က္ ေျပာေလ၏။
"ခ်င္းလ်န္ဂိုဏ္းက ဂိုဏ္းေသးေသးေလး တစ္ခုပါပဲ။ နားၾကားေကာင္းေအာင္ ေျပာရရင္ ငါတို႔ဂိုဏ္းက ေျဖာင့္မတ္လမ္းစဥ္ေရာ မိစာၦလမ္းစဥ္ေရာ လိုက္တဲ့ဂိုဏ္းေပါ့။ ၾကားမေကာင္းေအာင္ေျပာရရင္ေတာ့ ဟက္.. သိုင္းေလာက,က လူေတြက ငါတို႔ကို အခြင့္အေရးသမားေတြကို ေခၚၾကတယ္။ မင္း အရင္ကလဲၾကားဖူးမွာပါ"
ထိုစကားကို ၾကားေသာအခါ ဖန္ခ်ီက မေက်မနပ္ျဖစ္သြားၿပီး ေျပာေလသည္။
"အာေကာ.. မင္းရဲ႕ရည္မွန္းခ်က္ကို ဒီလိုလြယ္လြယ္နဲ႕ စြန႔္လႊတ္လိုက္လို႔မရဘူးေလ။ အခု
တာ့ေကာကလည္း အေဖ့ကို ကူညီေပးေနၿပီဆိုေတာ့ အရာအားလုံး အဆင္ေျပၿပီး ငါတို႔ဂိုဏ္းက ပိုေတာက္ပလာမွာပါ"
ဖန္ရွီက ေလွာင္ေျပာင္ေလ၏။
"တာ့ေကာ? ဒီသိုင္းေလာကမွာ ႏွစ္ဖက္စလုံး ရပ္တည္လို႔ အက်ိဳးရွိတယ္ဆိုတာမ်ိဳး မရွိဘူး။
ငါတို႔ရဲ႕ ခ်င္းလ်န္ဂိုဏ္းက လူတိုင္းႀကိဳက္တဲ့ ေ႐ႊထည္ပစၥည္းတစ္ခုလို ျဖစ္လာနိုင္တယ္လို႔ သူက ထင္ေနတာပဲ..."
စုယန္သည္ ခ်င္းလ်န္ဂိုဏ္း၏ ကိစၥဝိစၥမ်ားကို နားေထာင္ရန္ စိတ္ကူးမရွိခဲ့ေပ။ အခုအခ်ိန္မွာ သူ ကုေဖးတိကို ပိုလို႔ေတာင္ စိတ္ပူေနမိသည္။
ေခါင္းေဆာင္ကုသည္ ခ်င္းလ်န္ဂိုဏ္းကိုပင္ လက္ခံနိုင္စြမ္းမရွိပါက မိစာၦဂိုဏ္း၏သခင္ငယ္ျဖစ္ေသာ သူ႕တြင္ အခြင့္အေရး ပိုလို႔ေတာင္ မရွိပါေတာ့ေခ်။ သို႔ဆိုပါက သူႏွင့္ကုေဖးတိမွာ ေရရွည္ေပ်ာ္႐ႊင္မႈကို မည္သို႔ရရွိနိုင္ေတာ့မည္နည္း?
ဤေခတ္တြင္ မဆိုထားႏွင့္။ ေခတ္သစ္တြင္ပင္ ဤအၾကပ္အတည္း၊ ဤအေျခအေနမ်ိဳးသည္ လြန္စြာမွ ခက္ခဲလိမ့္မည္ျဖစ္ေၾကာင္း သူသိသည္။ ေရွးေခတ္ယဥ္ေက်းမႈအရ မိသားစုမ်ိဳးရိုးဆက္ခံရန္မွာ အလြန္အေရးႀကီးေသာကိစၥရပ္ျဖစ္သည့္အေလ်ာက္ က်ား၊မ ခြဲျခားမႈမွာ ျပင္းထန္ေလသည္။ မိစာၦဂိုဏ္းခ်ဳပ္၏ လိုက္ေလ်ာညီေထြ
ျပဳမႈသည္ သူ႕အား အလြန္ေပါ့ေလ်ာ့သြားေစခဲ့ၿပီး သူႏွင့္ ကုေဖးတိတို႔ႏွစ္ဦးဟာ ယခုမွ ေတာင္တစ္ေတာင္၏ ေျခရင္း၌သာ ရွိေသးေၾကာင္းကို ေမ့သြားခဲ့ေလ၏။
ထို႔အျပင္ သူသည္ ကုေဖးတိႏွင့္အတူ ထန္းယြင္စံအိမ္ထဲသို႔ဝင္ဖို႔ကို ျငင္းဆန္ခဲ့ၿပီး ဖိအားမ်ားအားလုံးကို ကုေဖးတိအေပၚသို႔သာ လုံးလုံး ပုံခ်ခဲ့ေလသည္။
"ေဟး.. စုယန္!" ဖန္ရွီက ႐ုတ္တရက္ ေအာ္လိုက္သည္။
စုယန္သည္ အေတြးရထားမွ နိုးထလာၿပီး သူ႕ကိုယ္သူ ေျဖသိမ့္ရန္ ႀကိဳးစားလိုက္၏။
ဟုတ္တယ္၊ ကုေဖးတိက ေခါင္းေဆာင္ကုကို ဝန္ခံဖို႔မဟုတ္ဘဲ စာပို႔ဖို႔ အိမ္ျပန္မွာ။ ဒါေၾကာင့္ စိတ္ပူစရာ မလိုဘူး...
"ဒီစိတ္ပ်က္စရာအေၾကာင္းေတြ ဆက္မေျပာနဲ႕ေတာ့" သူက ႏႈတ္ခမ္းေလး ေကြးၫြတ္ကာ ေျပာေလသည္။
"အရင္ဆုံး မနက္စာစားရင္း မင္းမွာ ဘာအစီအစဥ္ရွိလဲ ေဆြးေႏြးၾကတာေပါ့"
ထမင္းစားပြဲတြင္ ဝင္ထိုင္ၾကၿပီးေနာက္ ဖန္ရွီက ေျပာလာသည္။
"ငါ့ေနရာကို ငါျပန္သြားရမယ္။ ထန္းယြင္စံအိမ္ကို ခြင့္သြားေတာင္းရမယ္။ ၿပီးေတာ့ ေန႕လယ္ပိုင္းမွာလဲ အလုပ္လုပ္ရအုံးမယ္"
စုယန္က အံ့ၾသသြားၿပီး ေမးလိုက္သည္။
"အလုပ္လုပ္ရမယ္?"
ဖန္ရွီက ဆိုေလ၏။
"မဟုတ္ရင္ ဘာလုပ္ရမွာလဲ? ငါ လန္ယန္း ေရာက္ေနတာ ရက္ႏွစ္ဆယ္ေလာက္ရွိၿပီ။ ငါယူလာခဲ့တဲ့ ခရီးစရိတ္ေတြလဲ ကုန္ေနတာၾကာေပါ့။ ငါအလုပ္မလုပ္ေတာ့ လမ္းမွာေလွ်ာက္ၿပီး ေတာင္းစားေနမွာလား?"
စုယန္သည္ သူ႕ကိုယ္သူ အသုံးစရိတ္ႏွင့္ ပတ္သက္၍ ဘယ္တုန္းကမွ မပူပန္ခဲ့မိေၾကာင္း သိလိုက္ရၿပီး ေမ့ရွစ္စန္းကို ခ်က္ခ်င္းလွည့္ၾကည့္လိုက္သည္။
ေမ့ရွစ္စန္းက အလိုက္သိစြာ ေျပာလာ၏။
"သခင္ငယ္ေလး.. စိတ္မပူပါနဲ႕။ ကြၽန္ေတာ္တို႔မွာ ေငြလုံလုံေလာက္ေလာက္ ရွိပါေသးတယ္။ ဒီ့အျပင္ အလယ္ပိုင္းလြင္ျပင္ရဲ႕ဘဏ္မွာလည္း အပ္ေငြေတြရွိၿပီး သင့္ရဲ႕တရားဝင္တံဆိပ္နဲ႕ အခ်ိန္မေ႐ြး ထုတ္ယူနိုင္ပါတယ္"
ဖန္ရွီက ၿပဳံးကာ စေနာက္လာသည္။
"သခင္ငယ္.. မင္းက တကယ္ကို ခ်မ္းသာတာပဲေနာ္။ ေငြေရးေၾကးေရးအတြက္ ဘယ္တုန္းကမွ စိတ္ပူစရာမလိုဘူးထင္တယ္"
ဖန္ခ်ီခမ်ာ အံ့ၾသမွင္သက္သြားေလ၏။
"အာ... သခင္ငယ္?"
ဖန္ရွီ : "ဟမ္.. ဘာလဲ? မင္းတို႔ တစ္ေယာက္နဲ႕တစ္ေယာက္ မသိၾကဘူးလား? သူက မိစာၦဂိုဏ္းရဲ႕ သခင္ငယ္ဆိုတာကို မင္းမသိဘူးလား?"
ဖန္ခ်ီ: "!!!"
ဖန္ရွီ: "မင္းက ငတုံးလား! ေသခ်ာမသိတဲ့ လူတစ္ေယာက္ရဲ႕ အခန္းထဲ ငါ့ကို တကယ္ေခၚလာတယ္ေပါ့ေလ?! သူကငါ့ကိုခုတ္ထစ္ၿပီးျမစ္ထဲပစ္ခ်လိဳက္ရင္ဘယ္လိုလုပ္မလဲ?"
ဖန္ခ်ီက ဆိုေလသည္။
"ငါသူ႕ကိုမသိဘူး၊ ဒါေပမယ့္ သူ႕ညီမကိုေတာ့ သိတယ္ေလ!"
ဖန္ရွီက ေၾကာင္အသြားေလ၏။
"မိစာၦဂိုဏ္းရဲ႕သခင္ငယ္မွာ ဘယ္တုန္းက ညီမရွိသြားတာလဲ?"
ဖန္ခ်ီက စိတ္ရႈပ္သြားၿပီး စုယန္ကို ခ်က္ခ်င္း လွည့္ေမးလိုက္သည္။
"ဒါေပမယ့္ အဲဒီေန႕က ကြၽန္ေတာ္ ခင္ဗ်ားနဲ႕တူတဲ့ မိန္းကေလးတစ္ေယာက္ကို တကယ္ေတြ႕ခဲ့တာ..."
သူစကားေျပာေနစဥ္ သူ႕အသံမွာ တျဖည္းျဖည္း နိမ့္ဆင္းသြားၿပီး ႀကီးမားသည့္တစ္စုံတစ္ခုကို ရွာေဖြေတြ႕ရွိသြားသကဲ့သို႔ သူ႕ပါးစပ္မွာ ပိုက်ယ္လာသည္။
ဖန္ရွီက အံ့အားသင့္သြားၿပီး စုယန္အား သံသယျဖင့္ စိုက္ၾကည့္ကာ ေျပာလာ၏။
"မင္း.. မင္း မိန္းကေလးတစ္ေယာက္လို ႐ုပ္ဖ်က္ထားတာလို႔ေတာ့... ငါ့ကိုမေျပာနဲ႕ေနာ္.."
စုယန္က ဂ႐ုစိုက္ျခင္းမရွိဘဲ ပြင့္ပြင့္လင္းလင္း ေျပာလိုက္သည္။
"ဟုတ္တယ္.. ငါ မိန္းကေလး အေယာင္ေဆာင္ခဲ့တာေလ"
ဖန္ရွီက စိတ္ဝင္တစားျဖင့္ မ်က္ခုံးပင့္လိုက္ေလ၏။
ဖန္ခ်ီကေတာ့ စိတ္လြတ္ခ်င္သလိုလို ျဖစ္ေနေလသည္။
"ဘ.. ဘာ.. ဘာ! အဲဒီမိန္းကေလး... အဲဒီမိန္းကေလးက တကယ္ပဲ ခင္ဗ်ားလား?!"
စုယန္က ကမာၻႀကီးအေပၚ အျမင္မွန္ေတြ ၿပိဳလဲသြားေသာ ဖန္ခ်ီအား လ်စ္လ်ဴရႈလိုက္ၿပီး ဖန္ရွီအား ေျပာေလသည္။
"မင္းလိုအပ္ရင္ ငါမင္းကို ပိုက္ဆံေခ်းေပးမယ္ေလ"
ျပန္ဆပ္ဖို႔ လို၊မလို ဆိုတာကိုေတာ့ သူထည့္မေျပာခဲ့ေပ။
ဖန္ခ်ီက ဆိုေလ၏။
"မလိုပါဘူး။ ငါ့အားငါကိုးၿပီး ဒီၿမိဳ႕မွာ အျမစ္တြယ္ေနရင္း ေန႕တိုင္း ထန္းယြင္စံအိမ္ကိုသြားၿပီး လင္းအာနဲ႕ေတြ႕ဖို႔ ခြင့္ေတာင္းမယ္။ လင္းအာက ထန္းယြင္စံအိမ္မွာ ႀကီးျပင္လာခဲ့တာ။ သူမအတြက္ အစားအေသာက္ အဝတ္အစားဆိုတာ စိတ္ပူစရာ မရွိခဲ့ဘူး။ ငါနဲ႕ အတူသာဆိုရင္ သူမ ေတာင့္ခံနိုင္မွာ မဟုတ္ဘူး။ ဒါေၾကာင့္ ငါအခုကစၿပီး ပိုႀကိဳးစားရမယ္"
စုယန္က သူ႕လက္ကို ျမႇောက္ကာ ဖန္ရွီရဲ႕ ပခုံးကို ပုတ္ေပးလိုက္၏။
"မင္းက အခုေတာ့ စကားလွလွေလးေတြ ေျပာေနတာပဲ။ မေန႕ကက် ဘာလို႔ မူး႐ူးေနရတာလဲ? ငါက မင္း အခ်စ္ေရးမွာ က်ရႈံးသြားလို႔ အမူးသမား ျဖစ္သြားၿပီလို႔ေတာင္ထင္တာ"
ဖန္ရွီက ၿပဳံးလိုက္သည္။
"မေန႕က ငါနည္းနည္းစိတ္မေကာင္းျဖစ္ေနၿပီး လက္ထဲမွာ ပိုက္ဆံနည္းနည္းရွိတာနဲ႕ တစ္ခြက္ေလာက္ ပိုေသာက္မိသြားတာပါ။ ၿပီးတာနဲ႕ မင္းနဲ႕တန္းတိုးမယ္လို႔ ဘယ္ထင္မလဲ?"
ထိုသို႔ေျပာၿပီးေနာက္ သူက ေမးေစ့ကို ပြတ္သပ္ကာ စုယန္အား အခ်ိန္အေတာ္ၾကာေအာင္ စိုက္ၾကည့္ေနေလသည္။
"မင္းက ေဖးတိကို ထန္းယြင္စံအိမ္ဆီ တကယ္ ျပန္ခြင့္ျပဳလိုက္တာပဲ။ မင္းစိတ္မပူဘူးလား? မင္းတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးအေၾကာင္းကို ေခါင္းေဆာင္ကု သိသြားရင္ အခက္ေတြ႕လိမ့္မယ္ေနာ္"
စုယန္က အံ့ဩသြားေလသည္။
"မင္းဘာလိုသိတာလဲ?"
ဖန္ရွီက သူ႕အား မ်က္စိမွိတ္ျပကာ ေျပာေလ၏။
"ဘာပဲျဖစ္ျဖစ္ ငါက အေတြ႕အႀကဳံရွိတဲ့သူတစ္ေယာက္ပါ။ မင္းတို႔ႏွစ္ေယာက္ ျမင္းျဖဴအတူစီးခဲ့တဲ့အခ်ိန္တုန္းက အရမ္းရင္းႏွီးပုံေပါက္တာကို ငါသတိေတာ့ထားခဲ့မိတယ္။ ဒါေပမယ့္ ေသေသ ခ်ာခ်ာစဥ္းစားၾကည့္ၿပီးမွ လုံးဝ သေဘာေပါက္သြားေတာ့တာပဲ"
ေခတၱနားၿပီးေနာက္ သူက တိုးတိုးေလး ဆက္ေျပာလာခဲ့သည္။
"မင္းနဲ႕သူက အေကာင္းနဲ႕အဆိုးဆိုတဲ့ ဆန႔္က်င္ဘက္မွာ ရပ္တည္ေနၾကတာေနာ္။
သူ႕မွာ မင္းနဲ႕တူညီတဲ့ ခံစားခ်က္မ်ိဳးမရွိခဲ့ရင္... သခင္ငယ္ ကမာၻႀကီးက မင္းဘက္မွာ ဘယ္ေတာ့မွ ရပ္တည္မွာမဟုတ္ဘူး"
စုယန္က ၿပဳံးလ်က္ ျပန္ေျပာလိုက္ေလသည္။
"သူနဲ႕ငါက စိတ္တူကိုယ္တူပါပဲ"
_15.9.22
စာေရးဆရာမွာ ေျပာစရာရွိပါတယ္:
မင္းတို႔ ႏွစ္ေယာက္စလုံး တစ္ေလွတည္းစီးေနမွေတာ့ ဘာလို႔တျခားသူေတြကို ဖုံးကြယ္ထားရတာလဲ?
Thanks for reading ❣️