Unicode
002၏အေးဆေးတည်ငြိမ်သော အသံကိုကြားလိုက်ရတော့ ရှားဟမ့်သည် သူ့အရက်နာကျရာမှ ခေါင်းပိုကိုက်လာသည်ဟု ခံစားလိုက်ရသည်။ ဒီတစ်ခါတော့ 007ဘယ်ရောက်သွားလဲလို့ သူ ရိုးရိုးရှင်းရှင်း မမေးခဲ့ပါဘူး။ အဲဒီအစား သူက “မင်းက ဘယ်လိုsystemမျိုးလဲ” ဟု တိုက်ရိုက်မေးလိုက်သည်။
002ကယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။ "ကျွန်တော်က system002ပါ။ ကျွန်တော့်တာဝန်က ကြင်နာတတ်တဲ့ဒုတိယဇာတ်လိုက်မင်းသားအတွက် missionတွေချပေးဖို့ပဲဖြစ်ပါတယ်။"
ရှားဟမ့်က ကြောင်အစွာမေးလိုက်သည်။ "ငါထပ်ပြီးရာထူးတိုးသွားပြန်ပြီလား?"
“ဟုတ်ပါတယ်၊ မင်းရဲ့role ပြောင်းလဲသွားတဲ့ အရှိန်ကြောင့် ကျွန်တော်တို့လည်း အရမ်းအံ့သြမိပါတယ်။ ပင်မsystemက မင်းအရင်ကတန်ပြန်တိုက်ခိုက်နေတယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့်သေချာပြန်လည် စစ်ဆေးကြည့်တော့ မင်းရဲ့အရင်လုပ်ဆောင်ချက်တွေထဲမှာ ချိုးဖောက်မှုတစ်စုံတစ်ရာမှ မတွေ့ခဲ့ပါဘူး။"
"ဒါဆိုဒီတစ်ခေါက် ငါ့missionက..." ရှားဟမ့်သည် ဤမယုံကြည်စိတ်မချရသောsystemအပေါ် ယုံကြည်မှုမရှိတော့ပေ။
systemတစ်ခုစီကို အစားထိုးလိုက်သည့် မြန်နှုန်းနဲ့တင် သံသယဖြစ်နေပြီဖြစ်ပြီး၊ တာဝန်ပြီးမြောက်မှုကို သူတို့ကဘယ်လို ဆုံးဖြတ်လဲဆိုတာလည်း ဖော်ပြထားခြင်းမရှိပေ။ ရှားဟမ့်သည် systemလုပ်ဆောင်မှုများသည် ဂိမ်းတစ်ခုသာလားဟု တွေးတောမိသည်။
သူ့အတွေးတွေကအပြင်ရောက်သွားသောအခါ 002ကအသံပေးလိုက်သည်။ "တခြားhostတွေရဲ့ မစ်ရှင်ပြီးသွားတဲ့အခါ အဆင့်ကိုပြရမလား။ မင်းရဲ့အခုအခြေအနေက ဘယ်လောက်တောင်ရှားပါးလဲဆိုတာ သိသွားလိမ့်မယ်။"
002သည် ရှားဟမ့်၏ တိတ်ဆိတ်မှုကို သဘောတူညီချက်တစ်ခုအဖြစ် ယူဆလိုက်သည်။ ရှားဟမ့်သည် system015၏ ရှုထောင့်မှ အခြားhostများ၏ ဗီဒီယိုများကို အမြန်ကြည့်ရှုခဲ့သည်။
ဤဗီဒီယိုများတွင်၊ မစ်ရှင်အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ဇာတ်လိုက်သည်မကြာမီတွင် အလုပ်အသစ်တစ်ခုလုပ်ဆောင်ရန် နောက်ကမ္ဘာသို့ စေလွှတ်ခံရမည့် hostများနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိပေ။
ထို့နောက် 014မှ ဗီဒီယိုများပါရှိသည်။ သူစီမံခန့်ခွဲသည့် host များအားလုံးတွင် hostသည် မည်မျှပင် ကြိုးစားလုပ်ကိုင်ကာမူ၊ ဇာတ်လိုက်သည် သူတို့၏ ခြေထောက်ပေါ်တက်ကာ ဘဝတွင်အခြားလမ်းဆုံများ ရှိမည်မဟုတ်ပေ။
နောက်ဆုံးတစ်ခုကတော့010ရဲ့ ဗီဒီယိုတွေပဲဖြစ်တယ်။ စီမံခန့်ခွဲသည့် hostအားလုံးတွင် တန်ပြန်တိုက်စစ်ကို မလိုလားကြတာမဟုတ်ဘဲ ဇာတ်လိုက်၏ အာရုံစိုက်မှုကိုပင် ရရှိနိုင်မည့် အခွင့်အလမ်း မရှိသလောက်ပင်ဖြစ်သည်။
002သည် တိတ်ဆိတ်နေသော ရှားဟမ့်ကိုကြည့်ကာ နောက်ဆုံးတွင်သုံးသပ်လိုက်သည်။ “ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးက ဇာတ်လိုက်တွေဘေးမှာ လှည့်ပတ်နေတာပါ။ မင်းကို ဇာတ်လိုက်ကဒီလောက်အတိုင်းအတာအထိ အသိအမှတ်ပြုတဲ့အချက်က တကယ့်ကို ရှားပါတယ်။”
"ဒါကို မင်းရဲ့ကိုယ်ပိုင်ဆွဲဆောင်မှုလို့ ငါတို့သတ်မှတ်ထားပေမယ့် မင်းရဲ့တည်ရှိမှုက ငါတို့ရဲ့systemကို အကြီးအကျယ်နှောင့်ယှက်သွားတာကို တွေ့မှာပါ။"
"အဲဒါဆို ဘာဆက်ဖြစ်မှာလဲ?"
"ဘာကိုလဲ?"
"မင်းရဲ့systemကို နှောင့်ယှက်ရင် ငါ့ကိုအပြစ်ပေးမှာမဟုတ်ဘူးလား"
“စောစောက ပြောခဲ့သလိုပဲ မင်းရဲ့လုပ်ရပ်တွေက စည်းကမ်းကို မချိုးဖောက်ဘူး။ ဒါကြောင့် ငါတို့မင်းကို အပြစ်ပေးလို့မရဘူး။" 002က ကူကယ်ရာမဲ့စွာပြောသည်။
"ဒါပေမယ့် ငါ့missionအသစ်အတွက် ဘာလုပ်ရမယ်ဆိုတာလည်း မပြောရသေးဘူးနော်"
“အခု မင်းမှာမင်းရဲ့ အပြုအမူကိုလွတ်လွတ်လပ်လပ် ထိန်းချုပ်ပိုင်ခွင့်ရှိသွားပြီ။ systemကမင်းကို သတ်မှတ်ပေးထားတဲ့အတိုင်း လုပ်ဆောင်ဖို့ မလိုအပ်တော့ပါဘူး။”
"ဒါဆို missionတွေကရော?"
"အရင်က ကျွန်တော်စီမံခန့်ခွဲခဲ့တဲ့ hostတွေအားလုံးက အထက်တန်းအဆင့်တွေဖြစ်ပြီး အမှတ်ပြတ်တောက်မှု မရှိပေမယ့် မင်းရဲ့အထူးအခြေအနေတွေကြောင့် အမှတ်2000 လျော်ကြေးပေးဖို့ ဆုံးဖြတ်ထားပါတယ်။ ကမ္ဘာကြီးရဲ့ အဓိကဇာတ်ကွက်ကိုမထိခိုက်သရွေ့ ဒီအမှတ်2000က မင်းအတွက်ပဲ”
"ကမ္ဘာ့အဓိကဇာတ်ကွက်အပေါ် ငါထိခိုက်အောင်လုပ်လား မလုပ်လား မင်းဘယ်လိုဆုံးဖြတ်မလဲ။"
"မင်းဟန်းလန်နဲ့ ချန်ခိုင်းမင်ကြားက ဆက်ဆံရေးကို အနှောင့်အယှက်မပေးသရွေ့ဒီကမ္ဘာကြီးရဲ့ အဓိကတိုးတက်မှုက ဒီလူနှစ်ဦးပေါင်းစပ်ပြီး ဖက်ရှင်စီးပွားရေးအင်ပါယာအသစ်ကို ဖန်တီးရမှာဖြစ်ပြီး၊ အနာဂတ်မျိုးဆက်သစ်တွေအပေါ်လည်း လေးနက်တဲ့အကျိုးသက်ရောက်မှုရှိစေမှာဖြစ်တယ်။"
“တကယ်လား..." ရှားဟမ့်၏နှုတ်ခမ်းထောင့် အနည်းငယ်တွန့်သွားပြီ သံသယဖြစ်နေသလို။ "အဲ့တော့ငါလုပ်ရမှာက သူတို့ကိုအချစ်ဇာတ်ကြောင်းပေါ်ရောက်အောင် ကူညီပေးရုံပဲပေါ့?"
"သီအိုရီအရတော့ ဟုတ်ပါတယ်။" 002ကတည်ငြိမ်စွာ ပြောလိုက်သည်။
ရှားဟမ့်ကဘာမှဆက်မပြောတော့ဘဲ အိပ်ယာကခုန်ထလိုက်ကာ လိုက်ကာများဆွဲဖွင့်လိုက်သည်။ နေရောင်ခြည်က အခန်းထဲသို့ ပြတင်းပေါက်မှတစ်ဆင့်ဝင်ရောက်လာပြီး နွေးထွေးစေသည်။
002လည်းပြန်တိတ်ဆိတ်သွားသည်။ ရှားဟမ့်သည် ပြတင်းပေါက်မှန်ပေါ်က သူ့ပုံရိပ်ကိုကြည့်ကာ နူးညံ့စွာပြောလိုက်သည်။ "ငါ့အနာဂတ်ကိုငါပဲပိုင်တယ်၊ ကံကြမ္မာမဟုတ်ဘူး။"
ဟန်းလန်၏ဒီဇိုင်းကို ဆွေးနွေးပွဲမှာလျင်မြန်စွာ အတည်ပြုခဲ့ပြီး၊ ထို့နောက် ပြပွဲ၏အထူးဆုဖြစ်သည့်ရွှေဆုထက် တစ်ဆင့်ပိုမြင့်သောအထူးဆုကိုပင် အောင်နိုင်ခဲ့သည်။
ဒီသတင်းကိုကြားရပြီးနောက် ကုမ္ပဏီတစ်ခုလုံး တုန်လှုပ်ချောက်ချားသွားခဲ့သည်။ ဟန်းလန်သည် Hနိုင်ငံမှဖက်ရှင်ဆုကို ပထမဆုံးရရှိခဲ့သော Zနိုင်ငံ၏ ဒီဇိုင်နာဖြစ်သည်။
ချန်ခိုင်းမင်သည် အလွန်ပျော်ရွှင်ခဲ့ပြီး ကုမ္ပဏီတစ်ခုလုံး အပန်းဖြေရန်အတွက် ရေပူစမ်းများသို့သွားရန် အစီအစဉ်တစ်ခုဆွဲခဲ့သည်။ ဟုတ်တာပေါ့၊လူတိုင်းကလည်း ဒီအစီအစဉ်ကိုသဘောတူကြသည်။
ယခုတစ်ကြိမ်တွင် အဓိကပုဂ္ဂိုလ် ဟန်းလန်သည် သဘာဝအတိုင်း ရာထူးတိုးခံရပြီး လစာတိုးခံရသည်။ ဒါတွေကို သူဂရုမစိုက်ဘူးဆိုရင်တောင် ဒီဆုတွေက သူ့ရဲ့အောင်မြင်မှုနဲ့ ခွန်အားကို သက်သေပြဖို့ လုံလောက်ပါတယ်။
ရေပူစမ်းသို့သွားရာလမ်းတွင် ဟန်းလန်သည် ချန်ခိုင်းမင်၏ကားတွင်ထိုင်ရန်ဖိတ်ကြားမှုကို ငြင်းဆန်ခဲ့ပြီး ရှားဟမ့်နှင့် ဘတ်စ်ကားစီးရန်သာ ရွေးချယ်ခဲ့သည်။
ဟန်းလန်ဘတ်စ်ကားပေါ် ရောက်သည်နှင့် ဒီဇိုင်းဌာနမှ မိန်းကလေးများထံမှ အားပေးသံများ ကြားရသည်။ သူကဒီလောက် အံ့သြစရာကောင်းတာလား? ဟုတ်ပါတယ်! ဒီအောင်နိုင်မှုက ကုမ္ပဏီအတွက် အဓိကကျတဲ့ ပွဲဖြစ်ရုံသာမက နိုင်ငံအတွက်လည်း ဂုဏ်ယူစရာပါပဲ။
ဟန်းလန်သည် အပြုံးလေးဖြင့် သူ့ကျောပိုးအိတ်မှ နိုင်ငံခြားထုတ်သကြားလုံးများစွာကို ထုတ်ကာ ပေးလိုက်သည်။
ရှားဟမ့်သည် နေကဲ့သို့တောက်ပနေသော ဟန်းလန်ကိုကြည့်ကာ တကယ်ပင် ဂုဏ်ယူနေမိသည်။
ဟန်းလန်က ပြုံးပြီး ရှားဟမ့်၏ တောက်ပသော မျက်လုံးများမှ သူ၏ရောင်ပြန်ဟပ်မှုကို မြင်လိုက်ရသောအခါ သူအရမ်းကျေနပ်သွားသည်။
နှစ်ယောက်သား အပြန်အလှန် ပြုံးပြလိုက်ကြသည်။
ထို့နောက် ရှားဟမ့်သည် 002၏ အချက်ပြချက်ကိုကြားလိုက်ရသည်။ "ကျေးဇူးပြု၍ ကမ္ဘာ့စည်းမျဥ်းကို ဝင်မစွက်ဖက်ပါနဲ့၊ ကျေးဇူးပြု၍ ကမ္ဘာ့စည်းမျဉ်းကို မနှောင့်ယှက်ပါနဲ့။"
ရှားဟမ့်က စိတ်မချမ်းသာစွာဖြင့် ညီးညူလိုက်သည်။ "ကမ္ဘာ့ဇာတ်ကွက်ကို ငါကဘယ်နေရာက အနှောင့်အယှက်ပေးမိလို့တုန်း?"
002တိတ်ဆိတ်သွားသည်။
ရှားဟမ့်က လျစ်လျူရှုပြီး ဟန်းလန်နှင့် စကားပြောရန်သာ အာရုံစိုက်ခဲ့သည်။
နှစ်ယောက်သား ပျော်ရွှင်စွာ စကားစမြည်ပြောကြရာ ရှားဟမ့်သည် ဟန်းလန်၏အသိပညာနယ်ပယ်သည် အလွန်ကျယ်ပြန့်သည်ကိုတွေ့ရှိခဲ့ပြီး သူဘာမေးမေး ကောင်းမွန်စွာဖြေနိုင်ကြောင်း တွေ့ရှိခဲ့သည်။
ရှားဟမ့်သည် 002ကသူ့ကိုကူညီဖို့ ဒီမှာမရှိတော့ဘူးဆိုတာ သိပေမယ့် ဟန်းလန်နဲ့ချန်ခိုင်းမင်တို့ကြားက ဆက်ဆံရေးကို မဖျက်စီးဖို့ သူ့ကိုသူသေချာကြီးကြပ်နေသည်။
သို့သော် ရှားဟမ့်သည် သူ့ကိုယ်ပိုင်အတွေးများနှင့် ဟန်းလန်၏နူးညံ့သိမ်မွေ့မှုကို ရင်ဆိုင်လိုက်ရသည်။ တန်ပြန်တိုက်ခိုက်မှု ဗိုင်းရပ်စ်များကို ထုတ်ပေးသည့် hostတစ်ဦးဖြစ်ခြင်းမှာလည်းမဆိုးဟု ပထမဆုံးအကြိမ် သူခံစားခဲ့ရသည်။
002ကိုဂရုမစိုက်ရန် စိတ်ထဲတွင် တွေးထားသော်လည်း ဟန်းလန်နှင့်နီးနီးကပ်ကပ်နေလိုသည့်အခါတိုင်း 002သည် နှိုးစက်နာရီကဲ့သို့ တိကျသည်။
ရှားဟမ့်သည် ဟန်းလန်နှင့် ရင်းနှီးရန် စိတ်ကူးကိုပင် ခဏတာမျှသာ ဖယ်ထားလိုက်ရသည်။
လမ်းတစ်လျှောက် 6 နာရီကြာ လမ်းလျှောက်ခဲ့ကြပြီး ချန်ခိုင်းမင်ရွေးချယ်ခဲ့သော ရေပူစမ်းအိမ်သည် သစ်တောခြံဘေးတွင် ရှိကာ သဘာဝပတ်ဝန်းကျင်က အထူးကောင်းမွန်သည်။
လူအများစု၏အခန်းများသည် လူနှစ်ယောက်အတွက်ဖြစ်သော်လည်း ဟန်းလန်နှင့် ချန်မင်းခိုင်၏အိမ်ခန်းများသည် သီးသန့်အခန်းများဖြစ်သည်။
ပထမနေ့မှာ လူတော်တော်များများက ရေပူစမ်းကို သွားချင်ကြသည်။ ရှားဟမ့်သည် ချန်ခယ့်နှင့် အခန်းတစ်ခန်းထဲကျခဲ့သည်။ HRဌာနအကြီးအကဲက ခေါ်စကားပြောပြီးကတည်းက ချန်ခယ့်ကတော်တော်လေး ရိုးသားလာသည်။
ရှားဟမ့်သည် ချန်ခယ့်အပေါ် အမြင်ကောင်းမရှိပေမယ့်လည်း သွေးအေးတဲ့ ဆက်ဆံရေးမျိုးအထိဖြစ်မယ်လို့ မထင်ခဲ့ပေ။
ပထမရက်ပိုင်းလောက်တွင် လူတိုင်းဟာ ပျော်ရွင်နေကြသည်။ တောတောင်ပေါ်တွင် ရေပူစမ်းသို့ဦးတည်သော လမ်းငယ်လေးလည်း ရှိသေးသည်။ သို့သော် လာရောက်လည်ပတ်သူအားလုံး ဘေးကင်းစေရန်အတွက် ဤရေပူစမ်းသည် နံနက်10နာရီမှ မွန်းလွဲ2နာရီအထိသာ ဖွင့်လှစ်ခဲ့သည်။
ရှားဟမ့်နဲ့ ဟန်းလန်တို့ရဲ့ ဆက်ဆံရေးဟာ လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး။ ရှားဟမ့်သည်မကြာမီ ဟန်းလန်ဦးဆောင်မည့် Fအဖွဲ့တွင်နေရာရမည်ဟုပင် ကောလဟာလများထွက်ပေါ်နေသည်။ ဤFအဖွဲ့သည် အထူးအဆင့်မြင့် စိတ်ကြိုက်ဖောက်သည်များအတွက် သီးသန့်ဖြစ်ပြီး၊ ဒီဇိုင်နာများစွာသည် ဤအဖွဲ့တွင် ပါဝင်ရန် စိတ်ဝင်စားခဲ့ကြသည်။ နေရာတိုင်းကို လူတော်တော်များများက မျက်စိကျနေကြသည်။
ချန်ခယ့်ကလည်း ခြွင်းချက်မဟုတ်ပါ။ ရှားဟမ့်နှင့်ဟန်းလန်တွင် ဤမျှကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် ချန်ခယ့်သည် မတတ်နိုင်ဘဲနောက်တစ်ကြိမ် အကြံအစည်တစ်ခုရှိလာပြန်သည်။
ရက်အတော်ကြာအောင် ချန်ခယ့်သည် ရှားဟမ့်အပေါ် အလွန်ယဉ်ကျေးသည်။ ရှားဟမ့်က သူ့အတွင်းစိတ်က ဘယ်လိုလဲတော့ မသိပေမယ့် တစ်ဖက်လူက ယဉ်ကျေးသရွေ့တော့ သူလည်း အတူတူပါပဲ။
ပဉ္စမနေ့တွင် ချန်ခယ့် သည် နောက်ဆုံးတွင် သူ၏မြေခွေးအမြီးကို ထုတ်ပြလာသည်။ "ရှားဟမ့်၊ ငါ့ကိုဟန်းလန်ရဲ့အဖွဲ့ Fထဲဝင်လို့ရအောင် မပြောပေးချင်ဘူးလား?"
ဒါကိုကြားပြီးနောက် ရှားဟမ့်အံ့ဩသွားသည်။ ဒီအတွက် ချန်ခယ့်ကသူ့ကို တောင်းဆိုလိမ့်မယ်လို့ မမျှော်လင့်ထားပေ။ သူကသမာရိုးကျကျ ပြန်ဖြေလိုက်သည်။- "ချန်ကော၊ ကျွန်တော်မကူညီချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်မှာပြောပိုင်ခွင့်မရှိဘူးဗျ။ ဟန်းလန် သူ့အဖွဲ့ထဲဘယ်သူ့ထည့်ချင်လဲ ဆိုတာကတော့ သူ့အပေါ်မှာပဲမူတည်တယ်၊ ကျွန်တော်ဝင်စွပ်ဖက်လို့ မရဘူး။"
ချန်ခယ့်က ရှားဟမ့်ရဲ့တုံးအတဲ့ပုံကို ကြည့်ပြီးသူ့နှလုံးသားထဲမှာ ဒေါသတွေ တောက်လောင်လာသည်။ ဟန်းလန်နဲ့မင်းရဲ့ဆက်ဆံရေးက ဘယ်လောက်ကောင်းတယ်ဆိုတာ မသိတဲ့သူရှိတာကျ။ ဟန်းလန်ကမင်းကို ချစ်သူတစ်ယောက်လိုတောင် အလိုလိုက်တဲ့ဟာ ငါ့အတွက် ပြောပေးဖို့ ခက်ခဲတာမို့လား?
ချန်ခယ့်ကစိတ်ထဲက ပြုံးလိုက်သည်။ "သိပ်နှိမ့်ချမနေပါနဲ့၊ မင်း နဲ့ဟန်းလန် ဆက်ဆံရေးကောင်းတယ်ဆိုတာ ဘယ်သူကမသိတာရှိလို့လဲ။ ငါ့အတွက် စကားလေးတစ်ခွန်းလောက်ပြောပေးစမ်းပါ၊ ဒါကြီးကြီးမားမားကြီးမှ မဟုတ်တာ။"
ရှားဟမ့်၏ နှလုံးသားသည် အေးစက်သွားကာ ဒဲ့ပြောလိုက်သည်။ “မင်းအဖွဲ့Fထဲ အရမ်းဝင်ချင်ရင်လည်း ဟန်းလန်ကိုတိုက်ရိုက်သွားပြောလို့ရတယ်။ ကျွန်တော်တကယ် မကူညီပေးနိုင်ဘူး။"
ချန်ခယ့်သည် ရှားဟမ့်ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။ ရှားဟမ့်ကလည်း အေးအေးဆေးဆေး ပြန်ကြည့်ပြလိုက်သည်။ "ကောင်းပြီ၊ ဒါဆိုလည်း၊ ငါချန်ခယ့် မှားတာဖြစ်ရမယ်။"
ဒီအဖြစ်အပျက်ကစလို့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက ပိုဆိုးလာသည်။
နောက်နေ့ နေ့လည်မှာ အတူတူစားဖို့စီစဉ်ထားတဲ့ ဟန်းလန်က ပေါ်မလာပေ။ ရှားဟမ့်က သူဘယ်ရောက်နေလဲ မသိလို့လူတော်တော်များများကို လိုက်မေးတဲ့အခါ သူတို့ကလည်းမသိဘူးလို့ ပြောကြသည်။
ထိုအချိန်တွင် ချန်ခယ့်က ချန်ခိုင်းမင်နှင့်ဟန်းလန်တို့ တောင်ပေါ်ရှိ ရေပူစမ်းဆီသို့ လမ်းလျှောက်သွားသည်ကို သူမြင်ခဲ့ရသည်ဟု ဆိုသည်။
ရှားဟမ့်သည်လည်း ဟန်းလန်ကိုချက်ချင်းရှာရန် ထွက်လာသည်။
ခဏအကြာတွင် ဟန်းလန်နှင့် ချန်ခိုင်းမင်သည် အပေါ်ထပ်မှ ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်သည် အဖွဲ့F၏ အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးအကြောင်း ဆွေးနွေးနေကြတာဖြစ်တယ်။ ထို့နောက်ဟန်းလန်သည် စားသောက်ဆိုင်တွင် ရှားဟမ့်ကို ရှာမတွေ့ခဲ့သည့်အတွက် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
ဒီအချိန်မှာ အပြင်မှာလည်း မိုးက သည်းထန်စွာရွာနေသည်။ ရှားဟမ့်ကသူ့အခန်းထဲကို ပြန်ရောက်နေပြီလို့သာ ဟန်းလန်ကတွေးလိုက်သည်။ ဒါပေမယ့် သူလိုက်ရှာကြည့်တော့ အခန်းထဲမှာတစ်ယောက်မှ မတွေ့ပေ။
ဟန်းလန်ထိတ်လန့်သွားသည်။ ရှားဟမ့်ကသူ့ကိုရှာဖို့ တောင်ပေါ်တက်သွားပြီဆိုတာကို သူမသိခင်မှာ လူပေါင်းများစွာကို မေးခဲ့ရသည်။
ဟန်းလန်ကြားသောအခါ စိုးရွံ့သွားကာ မိုးကာအင်္ကျီကိုကိုင်ပြီး ပြေးထွက်လာခဲ့သည်။
တောင်ကိုသွားမယ့်လမ်းက လမ်းတစ်ဝက်လောက်မှာ ပိတ်နေတာတွေ့လိုက်ရတယ်။ ရေပူစမ်းသည်လည်း အစောပိုင်းထဲက မိုးသက်မုန်တိုင်းသတိပေးချက် ရရှိထားပြီးဖြစ်သောကြောင့် တောင်ပေါ်ရှိ ရေပူစမ်းတွင်းကို ယနေ့တွင် ကြိုတင်ပိတ်ထားသည်။
ရေပူစမ်းအပြင်ဘက်ရှိ ဟန်းလန်သည် အလွန်စိုးရိမ်နေခဲ့သည်။ တောင်ပေါ်ရှိ ရေပူစမ်းများတွင် ပိတ်မိနေသော ရှားဟမ့်သည် မိုးရေကိုခိုအောင်းနိုင်သည့် တစ်ခုတည်းသော ထီးအောက်တွင် ထိုင်ကာ ရေစိုခြင်းကို ရှောင်ရှားရန် ပြင်းပြင်းထန်ထန် ကြိုးစားနေရသည်။
အပြင်ထွက်လာတော့ အင်္ကျီပါးပါးလေးပဲ ဝတ်ထားမိသည်။ ဤအချိန်တွင် သူသည် အေးစက်သော ဆောင်းဦးမိုးကြောင့် တစ်ဝက်တစ်ပျက် စိုစွတ်နေပြီဖြစ်သည်။ သူသည် အအေးဒဏ်ကြောင့် တုန်ရီနေပြီးအေးစက်နေသော ကုလားထိုင်ပေါ်တွင် လှဲနေသည်။
သူက 002ကိုဝမ်းသာအားရနဲ့ လှမ်းပြောလိုက်သည်။ "02 ငါ အခု ကိုယ့်ကိုယ်ကို နှိပ်စက်နေတယ်လို့ မင်းထင်လား"
002ကသူ့ကိုပြန်မဖြေပေ။
002ကသူ့ကို လျစ်လျူရှုတာကို မြင်တော့ ရှားဟမ့်ကသူ့မျက်လုံးတွေကို မှိတ်လိုက်သည်။ ဇဝေဇဝါဖြစ်နေသာ ရှားဟမ့်သည်တစ်ချိန်က ဤကဲ့သို့ဖြစ်ခဲ့ဖူးသည်ကို သတိရသွားသည်။ လောကကြီးမှာ သူ့ကိုကြိုက်တဲ့သူမရှိသလို မုန်းတဲ့သူလည်း မရှိပေ။
ရှားဟမ့်ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ ဒါသူ့အရင်ဘဝက မှတ်ဉာဏ်လား? အထီးကျန်တဲ့ခံစားချက်၊ ဝမ်းနည်းခြင်းနဲ့ အားငယ်ခြင်း။
ဒီအချိန်တွင် ရှားဟမ့်သည် မိုးမုန်တိုင်းကို လျစ်လျူရှုလိုက်သည်။ သူကထိုင်ခုံကနေထပြီး 002ကိုပြောလိုက်သည်။ "ငါမှတ်မိသွားပြီ။ ငါမှတ်မိသွားပြီ!"
002ကပျင်းရိစွာ ပြန်ဖြေလာသာ်။ “hostအတွက် ဂုဏ်ယူပါတယ်။ အိမ်ပြန်ဖို့ ခြေတစ်လှမ်း ပိုနီးလာပြီပဲ။"
မိုးရေထဲမှာ ရပ်နေရင်း ရှားဟမ့်ကမိုးစက်လေးတွေကို သူ့ကိုယ်ပေါ်ကျဆင်းစေခဲ့သည်။ သူသည် မူလက မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့သည့် မိဘမဲ့တစ်ဦးဖြစ်ပြီး သူ၏ရုပ်ရည်ချောမောမှုကြောင့် ကလေးမရှိသောလင်မယားမှ မွေးစားခဲ့ကြောင်း သတိရသွားသည်။
ရလဒ်အနေနဲ့ မိသားစုမှာ ကလေးမွေးပြီး မကြာခင်မှာပဲ ရှားဟမ့်ဟာ တခြားသူတွေလက်ထဲမှာ ဒီလိုပုံစံနဲ့ ကြီးပြင်းလာခဲ့တယ်။
နောက်ပိုင်းမှာတော့…
ရှားဟမ့်ခေါင်းကိုက်လာတယ်။ သူထပ်မမှတ်မိနိုင်တော့ဘူး။
ဤအရာများကို တွေးတောရင်း ခေါင်းမူးလာကာ နွေးထွေးသော ရင်ခွင်ထဲသို့ ကျရောက်သွားသည်။
“တောင်းပန်ပါတယ်…ကိုယ်မင်းကို ထပ်မဆုံးရှုံးစေရတော့ဘူး။” လို့ တုန်လှုပ်ခြောက်ခြားစွာ ပြောသံကို ကြားလိုက်ရသည်။
ဟန်းလန်၏လက်နှစ်ဖက်ထဲကို ဆုပ်ကိုင်ခံရသော ရှားဟမ့်သည် ရုတ်တရက် ရယ်ချင်လာသည်။ ဒီဘဝဟာ အခိုးခံလိုက်ရတဲ့ အခိုက်အတန့်လေးတစ်ခုလိုပါပဲ –သူ့မှာ သူ့ကိုချစ်တဲ့သူ၊ သူ့ကို လုယတဲ့သူ၊ သူ့ကိုအလိုလိုက်သူ၊ သူ့ကိုစိတ်ရင်းနဲ့ ဂရုစိုက်တဲ့သူရှိသည်။
ရှားဟမ့်က သူ့လက်ကိုဆန့်ပြီး ဟန်းလန်ကို ပွေ့ဖက်လိုက်သည်။ “အနာဂတ်မှာ မင်းငါ့ကို မဆုံးရှုံးစေနဲ့။”
ဟန်းလန်ကသူ့ကို ပိုတင်းတင်းကျပ်ကျပ် ဖက်ထားကာ တိုးတိုးပြောလိုက်သည်။ "ဒီဘဝမှာ ဟန်းလန်သည် ရှားဟမ့်ကိုဘယ်တော့မှ အဆုံးရှုံးမခံတော့ဘူးလို့ ကတိပြုပါတယ်။"
မိုးခြိမ်းသံက ကောင်းကင်မှာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ကားထဲမှာ ထိုင်နေတဲ့ ချန်ခိုင်းမင်ကလည်း သူတို့နှစ်ယောက်ကို အော်လိုက်သည်။ “မြန်မြန်လာ! မိုးကြိုးပစ်တော့မယ်!"
ရှားဟမ့်မျက်နှာကို မော့လိုက်သည်။ မိုးကြောင့် သူ့ဆံပင်တွေ စိုစွတ်နေပြီး မက်မွန်ပွင့်မျက်လုံးတွေက ပိုစွဲမက်ဖွယ်ကောင်းနေသည်။ ဤအခိုက်အတန့်တွင် သူသည် ပြန်လည်မွေးဖွားလာသည့် နတ်သမီးလေးတစ်ပါးနှင့်တူလှသည်။ သူကဟန်းလန်ကို တီးတိုးပြောလိုက်သည်။ “ကျွန်တော့်မိုးကောင်းကင်ရဲ့ဒုက္ခဆင်းရဲကို ဖြတ်ကျော်ရတော့မှာပဲ။"
ဟန်းလန်သည် ရှားဟမ့်၏ စွဲမက်ဖွယ်ကောင်းသော မျက်နှာကိုကြည့်ကာ ခေါင်းကိုငုံ့ကာနမ်းလိုက်သည်။ ကောင်းကင်ယံ၌ ကြီးမားသော လျှပ်စီးကြောင်းကြီး ထွက်ပေါ်လာသည်။ ခဏအကြာ နမ်းပြီးနောက် ဟန်းလန်က ရယ်လိုက်သည်။ “မင်းအနားမှာ ကိုယ်ရှိနေမယ်။ ကိုယ်တို့အတူတူ ကျော်ဖြတ်ကျတာပေါ့။"
ကျယ်လောင်သော မိုးခြိမ်းသံတစ်ခု ကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် ရှားဟမ့်သည် စက်သံကို ယောင်ဝါးဝါးကြားလိုက်ရသည်။ "system01ဝန်ဆောင်မှုပေးဖို့ အသင့်ပါပဲ။ ဂုဏ်ယူပါတယ်၊ သင်ဘဝအောင်နိုင်သူsystemကို ဖွင့်လိုက်နိုင်ပါပြီ။"
..................
Zawgyi
002၏ေအးေဆးတည္ၿငိမ္ေသာ အသံကိုၾကားလိုက္ရေတာ့ ရွားဟမ့္သည္ သူ႕အရက္နာက်ရာမွ ေခါင္းပိုကိုက္လာသည္ဟု ခံစားလိုက္ရသည္။ ဒီတစ္ခါေတာ့ 007ဘယ္ေရာက္သြားလဲလို႔ သူ ရိုးရိုးရွင္းရွင္း မေမးခဲ့ပါဘူး။ အဲဒီအစား သူက “မင္းက ဘယ္လိုsystemမ်ိဳးလဲ” ဟု တိုက္ရိုက္ေမးလိုက္သည္။
002ကယဥ္ေက်းစြာ ျပန္ေျဖလိုက္သည္။ "ကြၽန္ေတာ္က system002ပါ။ ကြၽန္ေတာ့္တာဝန္က ၾကင္နာတတ္တဲ့ဒုတိယဇာတ္လိုက္မင္းသားအတြက္ missionေတြခ်ေပးဖို႔ပဲျဖစ္ပါတယ္။"
ရွားဟမ့္က ေၾကာင္အစြာေမးလိုက္သည္။ "ငါထပ္ၿပီးရာထူးတိုးသြားျပန္ၿပီလား?"
“ဟုတ္ပါတယ္၊ မင္းရဲ႕role ေျပာင္းလဲသြားတဲ့ အရွိန္ေၾကာင့္ ကြၽန္ေတာ္တို႔လည္း အရမ္းအံ့ၾသမိပါတယ္။ ပင္မsystemက မင္းအရင္ကတန္ျပန္တိုက္ခိုက္ေနတယ္လို႔ ထင္ခဲ့တာ။ ဒါေပမယ့္ေသခ်ာျပန္လည္ စစ္ေဆးၾကည့္ေတာ့ မင္းရဲ႕အရင္လုပ္ေဆာင္ခ်က္ေတြထဲမွာ ခ်ိဳးေဖာက္မႈတစ္စုံတစ္ရာမွ မေတြ႕ခဲ့ပါဘူး။"
"ဒါဆိုဒီတစ္ေခါက္ ငါ့missionက..." ရွားဟမ့္သည္ ဤမယုံၾကည္စိတ္မခ်ရေသာsystemအေပၚ ယုံၾကည္မႈမရွိေတာ့ေပ။
systemတစ္ခုစီကို အစားထိုးလိုက္သည့္ ျမန္ႏႈန္းနဲ႕တင္ သံသယျဖစ္ေနၿပီျဖစ္ၿပီး၊ တာဝန္ၿပီးေျမာက္မႈကို သူတို႔ကဘယ္လို ဆုံးျဖတ္လဲဆိုတာလည္း ေဖာ္ျပထားျခင္းမရွိေပ။ ရွားဟမ့္သည္ systemလုပ္ေဆာင္မႈမ်ားသည္ ဂိမ္းတစ္ခုသာလားဟု ေတြးေတာမိသည္။
သူ႕အေတြးေတြကအျပင္ေရာက္သြားေသာအခါ 002ကအသံေပးလိုက္သည္။ "တျခားhostေတြရဲ႕ မစ္ရွင္ၿပီးသြားတဲ့အခါ အဆင့္ကိုျပရမလား။ မင္းရဲ႕အခုအေျခအေနက ဘယ္ေလာက္ေတာင္ရွားပါးလဲဆိုတာ သိသြားလိမ့္မယ္။"
002သည္ ရွားဟမ့္၏ တိတ္ဆိတ္မႈကို သေဘာတူညီခ်က္တစ္ခုအျဖစ္ ယူဆလိုက္သည္။ ရွားဟမ့္သည္ system015၏ ရႈေထာင့္မွ အျခားhostမ်ား၏ ဗီဒီယိုမ်ားကို အျမန္ၾကည့္ရႈခဲ့သည္။
ဤဗီဒီယိုမ်ားတြင္၊ မစ္ရွင္ေအာင္ျမင္သည္ျဖစ္ေစ မေအာင္ျမင္သည္ျဖစ္ေစ ဇာတ္လိုက္သည္မၾကာမီတြင္ အလုပ္အသစ္တစ္ခုလုပ္ေဆာင္ရန္ ေနာက္ကမၻာသို႔ ေစလႊတ္ခံရမည့္ hostမ်ားႏွင့္ ရင္းႏွီးကြၽမ္းဝင္ျခင္းမရွိေပ။
ထို႔ေနာက္ 014မွ ဗီဒီယိုမ်ားပါရွိသည္။ သူစီမံခန႔္ခြဲသည့္ host မ်ားအားလုံးတြင္ hostသည္ မည္မွ်ပင္ ႀကိဳးစားလုပ္ကိုင္ကာမူ၊ ဇာတ္လိုက္သည္ သူတို႔၏ ေျခေထာက္ေပၚတက္ကာ ဘဝတြင္အျခားလမ္းဆုံမ်ား ရွိမည္မဟုတ္ေပ။
ေနာက္ဆုံးတစ္ခုကေတာ့010ရဲ႕ ဗီဒီယိုေတြပဲျဖစ္တယ္။ စီမံခန႔္ခြဲသည့္ hostအားလုံးတြင္ တန္ျပန္တိုက္စစ္ကို မလိုလားၾကတာမဟုတ္ဘဲ ဇာတ္လိုက္၏ အာ႐ုံစိုက္မႈကိုပင္ ရရွိနိုင္မည့္ အခြင့္အလမ္း မရွိသေလာက္ပင္ျဖစ္သည္။
002သည္ တိတ္ဆိတ္ေနေသာ ရွားဟမ့္ကိုၾကည့္ကာ ေနာက္ဆုံးတြင္သုံးသပ္လိုက္သည္။ “ကြၽန္ေတာ္တို႔ရဲ႕ ကမၻာႀကီးက ဇာတ္လိုက္ေတြေဘးမွာ လွည့္ပတ္ေနတာပါ။ မင္းကို ဇာတ္လိုက္ကဒီေလာက္အတိုင္းအတာအထိ အသိအမွတ္ျပဳတဲ့အခ်က္က တကယ့္ကို ရွားပါတယ္။”
"ဒါကို မင္းရဲ႕ကိုယ္ပိုင္ဆြဲေဆာင္မႈလို႔ ငါတို႔သတ္မွတ္ထားေပမယ့္ မင္းရဲ႕တည္ရွိမႈက ငါတို႔ရဲ႕systemကို အႀကီးအက်ယ္ႏွောင့္ယွက္သြားတာကို ေတြ႕မွာပါ။"
"အဲဒါဆို ဘာဆက္ျဖစ္မွာလဲ?"
"ဘာကိုလဲ?"
"မင္းရဲ႕systemကို ႏွောင့္ယွက္ရင္ ငါ့ကိုအျပစ္ေပးမွာမဟုတ္ဘူးလား"
“ေစာေစာက ေျပာခဲ့သလိုပဲ မင္းရဲ႕လုပ္ရပ္ေတြက စည္းကမ္းကို မခ်ိဳးေဖာက္ဘူး။ ဒါေၾကာင့္ ငါတို႔မင္းကို အျပစ္ေပးလို႔မရဘူး။" 002က ကူကယ္ရာမဲ့စြာေျပာသည္။
"ဒါေပမယ့္ ငါ့missionအသစ္အတြက္ ဘာလုပ္ရမယ္ဆိုတာလည္း မေျပာရေသးဘူးေနာ္"
“အခု မင္းမွာမင္းရဲ႕ အျပဳအမူကိုလြတ္လြတ္လပ္လပ္ ထိန္းခ်ဳပ္ပိုင္ခြင့္ရွိသြားၿပီ။ systemကမင္းကို သတ္မွတ္ေပးထားတဲ့အတိုင္း လုပ္ေဆာင္ဖို႔ မလိုအပ္ေတာ့ပါဘူး။”
"ဒါဆို missionေတြကေရာ?"
"အရင္က ကြၽန္ေတာ္စီမံခန႔္ခြဲခဲ့တဲ့ hostေတြအားလုံးက အထက္တန္းအဆင့္ေတြျဖစ္ၿပီး အမွတ္ျပတ္ေတာက္မႈ မရွိေပမယ့္ မင္းရဲ႕အထူးအေျခအေနေတြေၾကာင့္ အမွတ္2000 ေလ်ာ္ေၾကးေပးဖို႔ ဆုံးျဖတ္ထားပါတယ္။ ကမၻာႀကီးရဲ႕ အဓိကဇာတ္ကြက္ကိုမထိခိုက္သေ႐ြ႕ ဒီအမွတ္2000က မင္းအတြက္ပဲ”
"ကမၻာ့အဓိကဇာတ္ကြက္အေပၚ ငါထိခိုက္ေအာင္လုပ္လား မလုပ္လား မင္းဘယ္လိုဆုံးျဖတ္မလဲ။"
"မင္းဟန္းလန္နဲ႕ ခ်န္ခိုင္းမင္ၾကားက ဆက္ဆံေရးကို အႏွောင့္အယွက္မေပးသေ႐ြ႕ဒီကမၻာႀကီးရဲ႕ အဓိကတိုးတက္မႈက ဒီလူႏွစ္ဦးေပါင္းစပ္ၿပီး ဖက္ရွင္စီးပြားေရးအင္ပါယာအသစ္ကို ဖန္တီးရမွာျဖစ္ၿပီး၊ အနာဂတ္မ်ိဳးဆက္သစ္ေတြအေပၚလည္း ေလးနက္တဲ့အက်ိဳးသက္ေရာက္မႈရွိေစမွာျဖစ္တယ္။"
“တကယ္လား..." ရွားဟမ့္၏ႏႈတ္ခမ္းေထာင့္ အနည္းငယ္တြန့္သြားၿပီ သံသယျဖစ္ေနသလို။ "အဲ့ေတာ့ငါလုပ္ရမွာက သူတို႔ကိုအခ်စ္ဇာတ္ေၾကာင္းေပၚေရာက္ေအာင္ ကူညီေပး႐ုံပဲေပါ့?"
"သီအိုရီအရေတာ့ ဟုတ္ပါတယ္။" 002ကတည္ၿငိမ္စြာ ေျပာလိုက္သည္။
ရွားဟမ့္ကဘာမွဆက္မေျပာေတာ့ဘဲ အိပ္ယာကခုန္ထလိုက္ကာ လိုက္ကာမ်ားဆြဲဖြင့္လိုက္သည္။ ေနေရာင္ျခည္က အခန္းထဲသို႔ ျပတင္းေပါက္မွတစ္ဆင့္ဝင္ေရာက္လာၿပီး ႏြေးေထြးေစသည္။
002လည္းျပန္တိတ္ဆိတ္သြားသည္။ ရွားဟမ့္သည္ ျပတင္းေပါက္မွန္ေပၚက သူ႕ပုံရိပ္ကိုၾကည့္ကာ ႏူးညံ့စြာေျပာလိုက္သည္။ "ငါ့အနာဂတ္ကိုငါပဲပိုင္တယ္၊ ကံၾကမၼာမဟုတ္ဘူး။"
ဟန္းလန္၏ဒီဇိုင္းကို ေဆြးႏြေးပြဲမွာလ်င္ျမန္စြာ အတည္ျပဳခဲ့ၿပီး၊ ထို႔ေနာက္ ျပပြဲ၏အထူးဆုျဖစ္သည့္ေ႐ႊဆုထက္ တစ္ဆင့္ပိုျမင့္ေသာအထူးဆုကိုပင္ ေအာင္နိုင္ခဲ့သည္။
ဒီသတင္းကိုၾကားရၿပီးေနာက္ ကုမၸဏီတစ္ခုလုံး တုန္လႈပ္ေခ်ာက္ခ်ားသြားခဲ့သည္။ ဟန္းလန္သည္ Hနိုင္ငံမွဖက္ရွင္ဆုကို ပထမဆုံးရရွိခဲ့ေသာ Zနိုင္ငံ၏ ဒီဇိုင္နာျဖစ္သည္။
ခ်န္ခိုင္းမင္သည္ အလြန္ေပ်ာ္႐ႊင္ခဲ့ၿပီး ကုမၸဏီတစ္ခုလုံး အပန္းေျဖရန္အတြက္ ေရပူစမ္းမ်ားသို႔သြားရန္ အစီအစဥ္တစ္ခုဆြဲခဲ့သည္။ ဟုတ္တာေပါ့၊လူတိုင္းကလည္း ဒီအစီအစဥ္ကိုသေဘာတူၾကသည္။
ယခုတစ္ႀကိမ္တြင္ အဓိကပုဂၢိုလ္ ဟန္းလန္သည္ သဘာဝအတိုင္း ရာထူးတိုးခံရၿပီး လစာတိုးခံရသည္။ ဒါေတြကို သူဂ႐ုမစိုက္ဘူးဆိုရင္ေတာင္ ဒီဆုေတြက သူ႕ရဲ႕ေအာင္ျမင္မႈနဲ႕ ခြန္အားကို သက္ေသျပဖို႔ လုံေလာက္ပါတယ္။
ေရပူစမ္းသို႔သြားရာလမ္းတြင္ ဟန္းလန္သည္ ခ်န္ခိုင္းမင္၏ကားတြင္ထိုင္ရန္ဖိတ္ၾကားမႈကို ျငင္းဆန္ခဲ့ၿပီး ရွားဟမ့္ႏွင့္ ဘတ္စ္ကားစီးရန္သာ ေ႐ြးခ်ယ္ခဲ့သည္။
ဟန္းလန္ဘတ္စ္ကားေပၚ ေရာက္သည္ႏွင့္ ဒီဇိုင္းဌာနမွ မိန္းကေလးမ်ားထံမွ အားေပးသံမ်ား ၾကားရသည္။ သူကဒီေလာက္ အံ့ၾသစရာေကာင္းတာလား? ဟုတ္ပါတယ္! ဒီေအာင္နိုင္မႈက ကုမၸဏီအတြက္ အဓိကက်တဲ့ ပြဲျဖစ္႐ုံသာမက နိုင္ငံအတြက္လည္း ဂုဏ္ယူစရာပါပဲ။
ဟန္းလန္သည္ အၿပဳံးေလးျဖင့္ သူ႕ေက်ာပိုးအိတ္မွ နိုင္ငံျခားထုတ္သၾကားလုံးမ်ားစြာကို ထုတ္ကာ ေပးလိုက္သည္။
ရွားဟမ့္သည္ ေနကဲ့သို႔ေတာက္ပေနေသာ ဟန္းလန္ကိုၾကည့္ကာ တကယ္ပင္ ဂုဏ္ယူေနမိသည္။
ဟန္းလန္က ၿပဳံးၿပီး ရွားဟမ့္၏ ေတာက္ပေသာ မ်က္လုံးမ်ားမွ သူ၏ေရာင္ျပန္ဟပ္မႈကို ျမင္လိုက္ရေသာအခါ သူအရမ္းေက်နပ္သြားသည္။
ႏွစ္ေယာက္သား အျပန္အလွန္ ၿပဳံးျပလိုက္ၾကသည္။
ထို႔ေနာက္ ရွားဟမ့္သည္ 002၏ အခ်က္ျပခ်က္ကိုၾကားလိုက္ရသည္။ "ေက်းဇူးျပဳ၍ ကမၻာ့စည္းမ်ဥ္းကို ဝင္မစြက္ဖက္ပါနဲ႕၊ ေက်းဇူးျပဳ၍ ကမၻာ့စည္းမ်ဥ္းကို မႏွောင့္ယွက္ပါနဲ႕။"
ရွားဟမ့္က စိတ္မခ်မ္းသာစြာျဖင့္ ညီးၫူလိုက္သည္။ "ကမၻာ့ဇာတ္ကြက္ကို ငါကဘယ္ေနရာက အႏွောင့္အယွက္ေပးမိလို႔တုန္း?"
002တိတ္ဆိတ္သြားသည္။
ရွားဟမ့္က လ်စ္လ်ဴရႈၿပီး ဟန္းလန္ႏွင့္ စကားေျပာရန္သာ အာ႐ုံစိုက္ခဲ့သည္။
ႏွစ္ေယာက္သား ေပ်ာ္႐ႊင္စြာ စကားစျမည္ေျပာၾကရာ ရွားဟမ့္သည္ ဟန္းလန္၏အသိပညာနယ္ပယ္သည္ အလြန္က်ယ္ျပန႔္သည္ကိုေတြ႕ရွိခဲ့ၿပီး သူဘာေမးေမး ေကာင္းမြန္စြာေျဖနိုင္ေၾကာင္း ေတြ႕ရွိခဲ့သည္။
ရွားဟမ့္သည္ 002ကသူ႕ကိုကူညီဖို႔ ဒီမွာမရွိေတာ့ဘူးဆိုတာ သိေပမယ့္ ဟန္းလန္နဲ႕ခ်န္ခိုင္းမင္တို႔ၾကားက ဆက္ဆံေရးကို မဖ်က္စီးဖို႔ သူ႕ကိုသူေသခ်ာႀကီးၾကပ္ေနသည္။
သို႔ေသာ္ ရွားဟမ့္သည္ သူ႕ကိုယ္ပိုင္အေတြးမ်ားႏွင့္ ဟန္းလန္၏ႏူးညံ့သိမ္ေမြ႕မႈကို ရင္ဆိုင္လိုက္ရသည္။ တန္ျပန္တိုက္ခိုက္မႈ ဗိုင္းရပ္စ္မ်ားကို ထုတ္ေပးသည့္ hostတစ္ဦးျဖစ္ျခင္းမွာလည္းမဆိုးဟု ပထမဆုံးအႀကိမ္ သူခံစားခဲ့ရသည္။
002ကိုဂ႐ုမစိုက္ရန္ စိတ္ထဲတြင္ ေတြးထားေသာ္လည္း ဟန္းလန္ႏွင့္နီးနီးကပ္ကပ္ေနလိုသည့္အခါတိုင္း 002သည္ ႏွိုးစက္နာရီကဲ့သို႔ တိက်သည္။
ရွားဟမ့္သည္ ဟန္းလန္ႏွင့္ ရင္းႏွီးရန္ စိတ္ကူးကိုပင္ ခဏတာမွ်သာ ဖယ္ထားလိုက္ရသည္။
လမ္းတစ္ေလွ်ာက္ 6 နာရီၾကာ လမ္းေလွ်ာက္ခဲ့ၾကၿပီး ခ်န္ခိုင္းမင္ေ႐ြးခ်ယ္ခဲ့ေသာ ေရပူစမ္းအိမ္သည္ သစ္ေတာၿခံေဘးတြင္ ရွိကာ သဘာဝပတ္ဝန္းက်င္က အထူးေကာင္းမြန္သည္။
လူအမ်ားစု၏အခန္းမ်ားသည္ လူႏွစ္ေယာက္အတြက္ျဖစ္ေသာ္လည္း ဟန္းလန္ႏွင့္ ခ်န္မင္းခိုင္၏အိမ္ခန္းမ်ားသည္ သီးသန့္အခန္းမ်ားျဖစ္သည္။
ပထမေန႕မွာ လူေတာ္ေတာ္မ်ားမ်ားက ေရပူစမ္းကို သြားခ်င္ၾကသည္။ ရွားဟမ့္သည္ ခ်န္ခယ့္ႏွင့္ အခန္းတစ္ခန္းထဲက်ခဲ့သည္။ HRဌာနအႀကီးအကဲက ေခၚစကားေျပာၿပီးကတည္းက ခ်န္ခယ့္ကေတာ္ေတာ္ေလး ရိုးသားလာသည္။
ရွားဟမ့္သည္ ခ်န္ခယ့္အေပၚ အျမင္ေကာင္းမရွိေပမယ့္လည္း ေသြးေအးတဲ့ ဆက္ဆံေရးမ်ိဳးအထိျဖစ္မယ္လို႔ မထင္ခဲ့ေပ။
ပထမရက္ပိုင္းေလာက္တြင္ လူတိုင္းဟာ ေပ်ာ္႐ြင္ေနၾကသည္။ ေတာေတာင္ေပၚတြင္ ေရပူစမ္းသို႔ဦးတည္ေသာ လမ္းငယ္ေလးလည္း ရွိေသးသည္။ သို႔ေသာ္ လာေရာက္လည္ပတ္သူအားလုံး ေဘးကင္းေစရန္အတြက္ ဤေရပူစမ္းသည္ နံနက္10နာရီမွ မြန္းလြဲ2နာရီအထိသာ ဖြင့္လွစ္ခဲ့သည္။
ရွားဟမ့္နဲ႕ ဟန္းလန္တို႔ရဲ႕ ဆက္ဆံေရးဟာ လွ်ို႔ဝွက္ခ်က္ေတာ့ မဟုတ္ပါဘူး။ ရွားဟမ့္သည္မၾကာမီ ဟန္းလန္ဦးေဆာင္မည့္ Fအဖြဲ႕တြင္ေနရာရမည္ဟုပင္ ေကာလဟာလမ်ားထြက္ေပၚေနသည္။ ဤFအဖြဲ႕သည္ အထူးအဆင့္ျမင့္ စိတ္ႀကိဳက္ေဖာက္သည္မ်ားအတြက္ သီးသန႔္ျဖစ္ၿပီး၊ ဒီဇိုင္နာမ်ားစြာသည္ ဤအဖြဲ႕တြင္ ပါဝင္ရန္ စိတ္ဝင္စားခဲ့ၾကသည္။ ေနရာတိုင္းကို လူေတာ္ေတာ္မ်ားမ်ားက မ်က္စိက်ေနၾကသည္။
ခ်န္ခယ့္ကလည္း ႁခြင္းခ်က္မဟုတ္ပါ။ ရွားဟမ့္ႏွင့္ဟန္းလန္တြင္ ဤမွ်ေကာင္းမြန္ေသာ ဆက္ဆံေရးရွိေသာေၾကာင့္ ခ်န္ခယ့္သည္ မတတ္နိုင္ဘဲေနာက္တစ္ႀကိမ္ အႀကံအစည္တစ္ခုရွိလာျပန္သည္။
ရက္အေတာ္ၾကာေအာင္ ခ်န္ခယ့္သည္ ရွားဟမ့္အေပၚ အလြန္ယဥ္ေက်းသည္။ ရွားဟမ့္က သူ႕အတြင္းစိတ္က ဘယ္လိုလဲေတာ့ မသိေပမယ့္ တစ္ဖက္လူက ယဥ္ေက်းသေ႐ြ႕ေတာ့ သူလည္း အတူတူပါပဲ။
ပၪၥမေန႕တြင္ ခ်န္ခယ့္ သည္ ေနာက္ဆုံးတြင္ သူ၏ေျမေခြးအၿမီးကို ထုတ္ျပလာသည္။ "ရွားဟမ့္၊ ငါ့ကိုဟန္းလန္ရဲ႕အဖြဲ႕ Fထဲဝင္လို႔ရေအာင္ မေျပာေပးခ်င္ဘူးလား?"
ဒါကိုၾကားၿပီးေနာက္ ရွားဟမ့္အံ့ဩသြားသည္။ ဒီအတြက္ ခ်န္ခယ့္ကသူ႕ကို ေတာင္းဆိုလိမ့္မယ္လို႔ မေမွ်ာ္လင့္ထားေပ။ သူကသမာရိုးက်က် ျပန္ေျဖလိုက္သည္။- "ခ်န္ေကာ၊ ကြၽန္ေတာ္မကူညီခ်င္တာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္မွာေျပာပိုင္ခြင့္မရွိဘူးဗ်။ ဟန္းလန္ သူ႕အဖြဲ႕ထဲဘယ္သူ႕ထည့္ခ်င္လဲ ဆိုတာကေတာ့ သူ႕အေပၚမွာပဲမူတည္တယ္၊ ကြၽန္ေတာ္ဝင္စြပ္ဖက္လို႔ မရဘူး။"
ခ်န္ခယ့္က ရွားဟမ့္ရဲ႕တုံးအတဲ့ပုံကို ၾကည့္ၿပီးသူ႕ႏွလုံးသားထဲမွာ ေဒါသေတြ ေတာက္ေလာင္လာသည္။ ဟန္းလန္နဲ႕မင္းရဲ႕ဆက္ဆံေရးက ဘယ္ေလာက္ေကာင္းတယ္ဆိုတာ မသိတဲ့သူရွိတာက်။ ဟန္းလန္ကမင္းကို ခ်စ္သူတစ္ေယာက္လိုေတာင္ အလိုလိုက္တဲ့ဟာ ငါ့အတြက္ ေျပာေပးဖို႔ ခက္ခဲတာမို႔လား?
ခ်န္ခယ့္ကစိတ္ထဲက ၿပဳံးလိုက္သည္။ "သိပ္ႏွိမ့္ခ်မေနပါနဲ႕၊ မင္း နဲ႕ဟန္းလန္ ဆက္ဆံေရးေကာင္းတယ္ဆိုတာ ဘယ္သူကမသိတာရွိလို႔လဲ။ ငါ့အတြက္ စကားေလးတစ္ခြန္းေလာက္ေျပာေပးစမ္းပါ၊ ဒါႀကီးႀကီးမားမားႀကီးမွ မဟုတ္တာ။"
ရွားဟမ့္၏ ႏွလုံးသားသည္ ေအးစက္သြားကာ ဒဲ့ေျပာလိုက္သည္။ “မင္းအဖြဲ႕Fထဲ အရမ္းဝင္ခ်င္ရင္လည္း ဟန္းလန္ကိုတိုက္ရိုက္သြားေျပာလို႔ရတယ္။ ကြၽန္ေတာ္တကယ္ မကူညီေပးနိုင္ဘူး။"
ခ်န္ခယ့္သည္ ရွားဟမ့္ကို စူးစူးရဲရဲစိုက္ၾကည့္ေနသည္။ ရွားဟမ့္ကလည္း ေအးေအးေဆးေဆး ျပန္ၾကည့္ျပလိုက္သည္။ "ေကာင္းၿပီ၊ ဒါဆိုလည္း၊ ငါခ်န္ခယ့္ မွားတာျဖစ္ရမယ္။"
ဒီအျဖစ္အပ်က္ကစလို႔ သူတို႔ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ပိုဆိုးလာသည္။
ေနာက္ေန႕ ေန႕လည္မွာ အတူတူစားဖို႔စီစဥ္ထားတဲ့ ဟန္းလန္က ေပၚမလာေပ။ ရွားဟမ့္က သူဘယ္ေရာက္ေနလဲ မသိလို႔လူေတာ္ေတာ္မ်ားမ်ားကို လိုက္ေမးတဲ့အခါ သူတို႔ကလည္းမသိဘူးလို႔ ေျပာၾကသည္။
ထိုအခ်ိန္တြင္ ခ်န္ခယ့္က ခ်န္ခိုင္းမင္ႏွင့္ဟန္းလန္တို႔ ေတာင္ေပၚရွိ ေရပူစမ္းဆီသို႔ လမ္းေလွ်ာက္သြားသည္ကို သူျမင္ခဲ့ရသည္ဟု ဆိုသည္။
ရွားဟမ့္သည္လည္း ဟန္းလန္ကိုခ်က္ခ်င္းရွာရန္ ထြက္လာသည္။
ခဏအၾကာတြင္ ဟန္းလန္ႏွင့္ ခ်န္ခိုင္းမင္သည္ အေပၚထပ္မွ ထြက္လာခဲ့သည္။ သူတို႔ႏွစ္ေယာက္သည္ အဖြဲ႕F၏ အနာဂတ္ဖြံ႕ၿဖိဳး တိုးတက္ေရးအေၾကာင္း ေဆြးႏြေးေနၾကတာျဖစ္တယ္။ ထို႔ေနာက္ဟန္းလန္သည္ စားေသာက္ဆိုင္တြင္ ရွားဟမ့္ကို ရွာမေတြ႕ခဲ့သည့္အတြက္ အနည္းငယ္ စိတ္ရႈပ္ေထြးသြားခဲ့သည္။
ဒီအခ်ိန္မွာ အျပင္မွာလည္း မိုးက သည္းထန္စြာ႐ြာေနသည္။ ရွားဟမ့္ကသူ႕အခန္းထဲကို ျပန္ေရာက္ေနၿပီလို႔သာ ဟန္းလန္ကေတြးလိုက္သည္။ ဒါေပမယ့္ သူလိုက္ရွာၾကည့္ေတာ့ အခန္းထဲမွာတစ္ေယာက္မွ မေတြ႕ေပ။
ဟန္းလန္ထိတ္လန႔္သြားသည္။ ရွားဟမ့္ကသူ႕ကိုရွာဖို႔ ေတာင္ေပၚတက္သြားၿပီဆိုတာကို သူမသိခင္မွာ လူေပါင္းမ်ားစြာကို ေမးခဲ့ရသည္။
ဟန္းလန္ၾကားေသာအခါ စိုး႐ြံ႕သြားကာ မိုးကာအကၤ်ီကိုကိုင္ၿပီး ေျပးထြက္လာခဲ့သည္။
ေတာင္ကိုသြားမယ့္လမ္းက လမ္းတစ္ဝက္ေလာက္မွာ ပိတ္ေနတာေတြ႕လိုက္ရတယ္။ ေရပူစမ္းသည္လည္း အေစာပိုင္းထဲက မိုးသက္မုန္တိုင္းသတိေပးခ်က္ ရရွိထားၿပီးျဖစ္ေသာေၾကာင့္ ေတာင္ေပၚရွိ ေရပူစမ္းတြင္းကို ယေန႕တြင္ ႀကိဳတင္ပိတ္ထားသည္။
ေရပူစမ္းအျပင္ဘက္ရွိ ဟန္းလန္သည္ အလြန္စိုးရိမ္ေနခဲ့သည္။ ေတာင္ေပၚရွိ ေရပူစမ္းမ်ားတြင္ ပိတ္မိေနေသာ ရွားဟမ့္သည္ မိုးေရကိုခိုေအာင္းနိုင္သည့္ တစ္ခုတည္းေသာ ထီးေအာက္တြင္ ထိုင္ကာ ေရစိုျခင္းကို ေရွာင္ရွားရန္ ျပင္းျပင္းထန္ထန္ ႀကိဳးစားေနရသည္။
အျပင္ထြက္လာေတာ့ အကၤ်ီပါးပါးေလးပဲ ဝတ္ထားမိသည္။ ဤအခ်ိန္တြင္ သူသည္ ေအးစက္ေသာ ေဆာင္းဦးမိုးေၾကာင့္ တစ္ဝက္တစ္ပ်က္ စိုစြတ္ေနၿပီျဖစ္သည္။ သူသည္ အေအးဒဏ္ေၾကာင့္ တုန္ရီေနၿပီးေအးစက္ေနေသာ ကုလားထိုင္ေပၚတြင္ လွဲေနသည္။
သူက 002ကိုဝမ္းသာအားရနဲ႕ လွမ္းေျပာလိုက္သည္။ "02 ငါ အခု ကိုယ့္ကိုယ္ကို ႏွိပ္စက္ေနတယ္လို႔ မင္းထင္လား"
002ကသူ႕ကိုျပန္မေျဖေပ။
002ကသူ႕ကို လ်စ္လ်ဴရႈတာကို ျမင္ေတာ့ ရွားဟမ့္ကသူ႕မ်က္လုံးေတြကို မွိတ္လိုက္သည္။ ဇေဝဇဝါျဖစ္ေနသာ ရွားဟမ့္သည္တစ္ခ်ိန္က ဤကဲ့သို႔ျဖစ္ခဲ့ဖူးသည္ကို သတိရသြားသည္။ ေလာကႀကီးမွာ သူ႕ကိုႀကိဳက္တဲ့သူမရွိသလို မုန္းတဲ့သူလည္း မရွိေပ။
ရွားဟမ့္႐ုတ္တရက္ မ်က္လုံးဖြင့္လိုက္သည္။ ဒါသူ႕အရင္ဘဝက မွတ္ဉာဏ္လား? အထီးက်န္တဲ့ခံစားခ်က္၊ ဝမ္းနည္းျခင္းနဲ႕ အားငယ္ျခင္း။
ဒီအခ်ိန္တြင္ ရွားဟမ့္သည္ မိုးမုန္တိုင္းကို လ်စ္လ်ဴရႈလိုက္သည္။ သူကထိုင္ခုံကေနထၿပီး 002ကိုေျပာလိုက္သည္။ "ငါမွတ္မိသြားၿပီ။ ငါမွတ္မိသြားၿပီ!"
002ကပ်င္းရိစြာ ျပန္ေျဖလာသာ္။ “hostအတြက္ ဂုဏ္ယူပါတယ္။ အိမ္ျပန္ဖို႔ ေျခတစ္လွမ္း ပိုနီးလာၿပီပဲ။"
မိုးေရထဲမွာ ရပ္ေနရင္း ရွားဟမ့္ကမိုးစက္ေလးေတြကို သူ႕ကိုယ္ေပၚက်ဆင္းေစခဲ့သည္။ သူသည္ မူလက မိဘမဲ့ေဂဟာတြင္ ႀကီးျပင္းခဲ့သည့္ မိဘမဲ့တစ္ဦးျဖစ္ၿပီး သူ၏႐ုပ္ရည္ေခ်ာေမာမႈေၾကာင့္ ကေလးမရွိေသာလင္မယားမွ ေမြးစားခဲ့ေၾကာင္း သတိရသြားသည္။
ရလဒ္အေနနဲ႕ မိသားစုမွာ ကေလးေမြးၿပီး မၾကာခင္မွာပဲ ရွားဟမ့္ဟာ တျခားသူေတြလက္ထဲမွာ ဒီလိုပုံစံနဲ႕ ႀကီးျပင္းလာခဲ့တယ္။
ေနာက္ပိုင္းမွာေတာ့…
ရွားဟမ့္ေခါင္းကိုက္လာတယ္။ သူထပ္မမွတ္မိနိုင္ေတာ့ဘူး။
ဤအရာမ်ားကို ေတြးေတာရင္း ေခါင္းမူးလာကာ ႏြေးေထြးေသာ ရင္ခြင္ထဲသို႔ က်ေရာက္သြားသည္။
“ေတာင္းပန္ပါတယ္…ကိုယ္မင္းကို ထပ္မဆုံးရႈံးေစရေတာ့ဘူး။” လို႔ တုန္လႈပ္ေျခာက္ျခားစြာ ေျပာသံကို ၾကားလိုက္ရသည္။
ဟန္းလန္၏လက္ႏွစ္ဖက္ထဲကို ဆုပ္ကိုင္ခံရေသာ ရွားဟမ့္သည္ ႐ုတ္တရက္ ရယ္ခ်င္လာသည္။ ဒီဘဝဟာ အခိုးခံလိုက္ရတဲ့ အခိုက္အတန႔္ေလးတစ္ခုလိုပါပဲ –သူ႕မွာ သူ႕ကိုခ်စ္တဲ့သူ၊ သူ႕ကို လုယတဲ့သူ၊ သူ႕ကိုအလိုလိုက္သူ၊ သူ႕ကိုစိတ္ရင္းနဲ႕ ဂ႐ုစိုက္တဲ့သူရွိသည္။
ရွားဟမ့္က သူ႕လက္ကိုဆန႔္ၿပီး ဟန္းလန္ကို ေပြ႕ဖက္လိုက္သည္။ “အနာဂတ္မွာ မင္းငါ့ကို မဆုံးရႈံးေစနဲ႕။”
ဟန္းလန္ကသူ႕ကို ပိုတင္းတင္းက်ပ္က်ပ္ ဖက္ထားကာ တိုးတိုးေျပာလိုက္သည္။ "ဒီဘဝမွာ ဟန္းလန္သည္ ရွားဟမ့္ကိုဘယ္ေတာ့မွ အဆုံးရႈံးမခံေတာ့ဘူးလို႔ ကတိျပဳပါတယ္။"
မိုးၿခိမ္းသံက ေကာင္းကင္မွာ က်ယ္ေလာင္စြာ ထြက္ေပၚလာသည္။ ကားထဲမွာ ထိုင္ေနတဲ့ ခ်န္ခိုင္းမင္ကလည္း သူတို႔ႏွစ္ေယာက္ကို ေအာ္လိုက္သည္။ “ျမန္ျမန္လာ! မိုးႀကိဳးပစ္ေတာ့မယ္!"
ရွားဟမ့္မ်က္ႏွာကို ေမာ့လိုက္သည္။ မိုးေၾကာင့္ သူ႕ဆံပင္ေတြ စိုစြတ္ေနၿပီး မက္မြန္ပြင့္မ်က္လုံးေတြက ပိုစြဲမက္ဖြယ္ေကာင္းေနသည္။ ဤအခိုက္အတန႔္တြင္ သူသည္ ျပန္လည္ေမြးဖြားလာသည့္ နတ္သမီးေလးတစ္ပါးႏွင့္တူလွသည္။ သူကဟန္းလန္ကို တီးတိုးေျပာလိုက္သည္။ “ကြၽန္ေတာ့္မိုးေကာင္းကင္ရဲ႕ဒုကၡဆင္းရဲကို ျဖတ္ေက်ာ္ရေတာ့မွာပဲ။"
ဟန္းလန္သည္ ရွားဟမ့္၏ စြဲမက္ဖြယ္ေကာင္းေသာ မ်က္ႏွာကိုၾကည့္ကာ ေခါင္းကိုငုံ႕ကာနမ္းလိုက္သည္။ ေကာင္းကင္ယံ၌ ႀကီးမားေသာ လွ်ပ္စီးေၾကာင္းႀကီး ထြက္ေပၚလာသည္။ ခဏအၾကာ နမ္းၿပီးေနာက္ ဟန္းလန္က ရယ္လိုက္သည္။ “မင္းအနားမွာ ကိုယ္ရွိေနမယ္။ ကိုယ္တို႔အတူတူ ေက်ာ္ျဖတ္က်တာေပါ့။"
က်ယ္ေလာင္ေသာ မိုးၿခိမ္းသံတစ္ခု ေကာင္းကင္ယံတြင္ က်ယ္ေလာင္စြာ ထြက္ေပၚလာၿပီးေနာက္ ရွားဟမ့္သည္ စက္သံကို ေယာင္ဝါးဝါးၾကားလိုက္ရသည္။ "system01ဝန္ေဆာင္မႈေပးဖို႔ အသင့္ပါပဲ။ ဂုဏ္ယူပါတယ္၊ သင္ဘဝေအာင္နိုင္သူsystemကို ဖြင့္လိုက္နိုင္ပါၿပီ။"
.......................