Ch.(3)

3.7K 573 15
                                    

Unicode

အမှန်တရားက သူမျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေမယ်ဆိုတာ ဘယ်သူသိမှာလဲ။ တာဝန်ခံHRမန်နေဂျာက "ညာကနေဘယ်ကို စလိုက်ကြရအောင်" ဟုမျှတစွာ ပြောကြားခဲ့သည်။

ရှားဟမ့်သည် ထိတ်လန့်တုန်လှုပ်သွားတော့မည်။ ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ခွင့်ပေးတာမဟုတ်ဘူးလား? ကံအားလျော်စွာ၊ သူ့အလယ်မှာထိုင်ဖို့ ရွေးချယ်ခဲ့လို့ပဲ။ ထို့ကြောင့် သူသည်ဇာတ်လိုက်shouထက်အရင် စကားပြောရပေမည်။

ဟန်းလန်သည် စိတ်အားထက်သန်သော လူငယ်လေး တောင့်သွားသည်ကို ကြည့်ကာ ရယ်မောလိုက်သည်။ သူတို့ရဲ့ အတွေးတွေကို လွယ်လွယ်ကူကူ ထုတ်ဖော်ပြတတ်တဲ့ လူတစ်ယောက် ရှိရောရှိရဲ့လား၊ သူ့ကိုကြည့်ရတာ ပျော်စရာကောင်းလွန်းလှသည်။

ဒီဇိုင်းများအပေါ် ပထမဆုံး မှတ်ချက်ပေးရသူမှာ အကဲဖြတ်မှုတစ်ခုလုံးတွင် တတိယရသော လီတုန်းဖြစ်သည်။ သူကစာဂျပိုးပုံစံပေါက်ပြီး ဉာဏ်အရမ်းကောင်းပုံရသည်။

ဒါပေမယ့် သူ့ရဲ့အကဲဖြတ်ချက်က အရမ်းပြတ်သားသည်- “ကျွန်တော်ကတော့ ဒီသုံးခုထဲက ပထမဆုံးလက်ရာနှစ်ခုက အရမ်းလက်ရာမြောက်တယ်လို့ထင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ကုမ္ပဏီရဲ့ အနေအထားနဲ့ကျတော့ အရမ်းကြီးရှုတ်ရှပ်ခတ်နေလို့ မသင့်တော်ပါဘူး။ ကျွန်တော်ဖန်တီးထားတဲ့ နောက်ဆုံးလက်ရာရဲ့ ဒီဇိုင်းကတခြားနှစ်ခုလောက် မကောင်းပေမယ့်ဒီဇိုင်းပုံစံက ကျွန်တော်တို့ရဲ့ကုမ္ပဏီရဲ့ ထုတ်ကုန်ပရိသတ်တွေနဲ့ ကိုက်ညီတဲ့ ဒီဇိုင်းပုံစံပဲဖြစ်ပါတယ်။"

ရှားဟမ့်သည် လီတုန်း၏သူ၏လက်ရာဘယ်လောက်ကောင်းကြောင်း အဆုံးမရှိ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီး အလွန်ဒေါသထွက်နေပြီဖြစ်သည်။ မင်းငါ့lineတွေ လာခိုးနေတာ မဟုတ်ဘူးလား? ငါပြောမယ့်ဟာတွေ အကုန်ပြောသွားတယ်၊ အခုတော့ ဟန်းလန်က ငါ့ကိုဘယ်လို ဖြတ်ရိုက်ရတော့မှာလဲ!?

ကံကောင်းထောက်မစွာ၊ လူတိုင်းတွင် သူတို့ပြောနိုင်သည့်အချိန်ကန့်သတ်ချက်ရှိပြီး လီတုန်း၏ခွဲခြမ်းစိတ်ဖြာမှုမှာ ငါးမိနစ်ခန့်အကြာတွင် ရပ်တန့်သွားခဲ့သည်။  ထို့နောက် ရှားဟမ့်၏အလှည့်ဖြစ်သည်။

ကံအမြဲဆိုးတဲ့ အမြှောက်စာလေး [mm translation] {{Completed}}Nơi câu chuyện tồn tại. Hãy khám phá bây giờ