Ch.(2)

4K 624 4
                                    

Unicode

ရှားဟမ့်က ဒါကိုကြားတော့ အရမ်းပျော်သွားတယ်။ missionတစ်ဝက်ကို ပြီးမြောက်ရုံဖြင့် အမှတ်1000ရရှိမည်ဟု သူမမျှော်လင့်ထားပေ။

systemစတိုးရှိ ပစ္စည်းအများစုကို မတတ်နိုင်သေးသော်လည်း ရှားဟမ့်သည် ယခုအချိန်အထိ သူ၏တိုးတက်မှုအတွက် အလွန်ကျေနပ်နေပြီဖြစ်သည်။

ယခင်က အဖြူရောင်ဝတ်စုံသည် သူ့အားအမှတ်100ကုန်ကျခဲ့သောကြောင့် ရှားဟမ့်၏နှလုံးသားသည် အချိန်အတော်ကြာ နာကျင်နေခဲ့သည်။  ဒါပေမယ့် အခုအချိန်မှာတော့ သူ့လက်ကျန်ငွေနဲ့ အဲဒီဝတ်စုံတွေကို တစ်ဒါဇင်ကျော်လောက် ဝယ်နိုင်နေပြီလေ။ ဤအရာက သူ့ကို ဘယ်လိုမှ အားမတက်စေဘဲမနေပေ။

ရှားဟမ့်သည် သူ၏ယခင်စနစ် 015မှန်ကန်သည်ဟု ခံစားမိသည်။ အမြောက်စာဖြစ်သည်မှာ အကောင်းဆုံးဖြစ်သည်- ၎င်းတို့တွင် လွယ်ကူသောmissionများရှိပြီး အမှတ်များစွာလည်း ရသေးသည်။ ဇာတ်လိုက် ဇာတ်ရုပ်တွေထက် အများကြီး ပိုကောင်းပါတယ်။

အမှတ်အများကြီးရရှိခဲ့ပြီးနောက် သူနှင့်system014 နှစ်ယောက်စလုံးသည် missionသည်ချောမွေ့စွာတိုးတက်နေပြီဟု ယူဆခဲ့ကြသည်။  အင်တာဗျူးရလဒ်များကို ဖတ်ရှုပြီးနောက် သူတို့နှစ်ဦး ပျော်ရွှင်စွာ ထွက်ခွာသွားကြလေသည်။

ဒါပေမယ့် သူတို့မသိခဲ့တာက နောက်ကွယ်မှာ ဆွေးနွေးပွဲကြီး ဖြစ်နေတာကိုပါပဲ။

“ဒီနှစ်လူသစ်လေးတွေရဲ့ အရည်အချင်းက မဆိုးပါဘူး။  ငါတို့ကုမ္မဏီမှာ အတွေ့အကြုံရှိတဲ့ ဒီဇိုင်နာတွေက မရှားဘူး။ ငါတို့လိုအပ်တာက စိတ်ကူးသစ်နဲ့ ဆန်းသစ်တီထွင်ဉာဏ်တွေပဲ။ ဒီရှားဟမ့်ရဲ့ ဒီဇိုင်းတွေက အရမ်းကောင်းတယ်လို့ ငါတော့ထင်တယ်။” လူချောတစ်ယောက်သည် သူ့လက်ထဲက ဒီဇိုင်းမူကြမ်းကို စစ်ဆေးနေပြီး သူ့လက်အောက်ငယ်သားက စားပွဲဘေးမှာရပ်ကာ နားထောင်နေသည်။

"ဒါဆိုသူဌေးက ဟန်းလန်ကို ဘာလို့ အရင်ထည့်လိုက်တာလဲ။"

“ဘာလို့လဲဆို​တော့ လူငယ်​တွေအတွက်​က၊ တခါတစ်လေတော့ သူတို့ရဲ့ကမ္ဘာ​အသေး​လေးအပြင်မှာ အရည်အချင်း​ရှိတဲ့လူတွေ အများကြီးရှိသေးတယ်ဆိုတာ အတွေ့အကြုံ​ရယူဖို့တယ်။” လို့ ချောမောတဲ့​ယောက်ျား​က အေးအေးဆေး​ဆေး​ပြောလိုက်သည်။

ကံအမြဲဆိုးတဲ့ အမြှောက်စာလေး [mm translation] {{Completed}}Where stories live. Discover now