Ch.(8)

3K 532 6
                                    

Unicode

002၏အေးဆေးတည်ငြိမ်သော အသံကိုကြားလိုက်ရတော့ ရှားဟမ့်သည် သူ့အရက်နာကျရာမှ ခေါင်းပိုကိုက်လာသည်ဟု ခံစားလိုက်ရသည်။ ဒီတစ်ခါတော့ 007ဘယ်ရောက်သွားလဲလို့ သူ ရိုးရိုးရှင်းရှင်း မမေးခဲ့ပါဘူး။  အဲဒီအစား သူက “မင်းက ဘယ်လိုsystemမျိုးလဲ” ဟု တိုက်ရိုက်မေးလိုက်သည်။

002ကယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။ "ကျွန်တော်က system002ပါ။ ကျွန်တော့်တာဝန်က ကြင်နာတတ်တဲ့ဒုတိယဇာတ်လိုက်မင်းသားအတွက် missionတွေချပေးဖို့ပဲဖြစ်ပါတယ်။"

ရှားဟမ့်က ကြောင်အစွာမေးလိုက်သည်။ "ငါထပ်ပြီးရာထူးတိုးသွားပြန်ပြီလား?"

“ဟုတ်ပါတယ်၊ မင်းရဲ့role ပြောင်းလဲသွားတဲ့ အရှိန်ကြောင့် ကျွန်တော်တို့လည်း အရမ်းအံ့သြမိပါတယ်။ ပင်မsystemက မင်းအရင်ကတန်ပြန်တိုက်ခိုက်နေတယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့်သေချာပြန်လည် စစ်ဆေးကြည့်တော့ မင်းရဲ့အရင်လုပ်ဆောင်ချက်တွေထဲမှာ ချိုးဖောက်မှုတစ်စုံတစ်ရာမှ မတွေ့ခဲ့ပါဘူး။"

"ဒါဆိုဒီတစ်ခေါက် ငါ့missionက..." ရှားဟမ့်သည် ဤမယုံကြည်စိတ်မချရသောsystemအပေါ် ယုံကြည်မှုမရှိတော့ပေ။

systemတစ်ခုစီကို အစားထိုးလိုက်သည့် မြန်နှုန်းနဲ့တင် သံသယဖြစ်နေပြီဖြစ်ပြီး၊ တာဝန်ပြီးမြောက်မှုကို သူတို့ကဘယ်လို ဆုံးဖြတ်လဲဆိုတာလည်း ဖော်ပြထားခြင်းမရှိပေ။ ရှားဟမ့်သည် systemလုပ်ဆောင်မှုများသည် ဂိမ်းတစ်ခုသာလားဟု တွေးတောမိသည်။

သူ့အတွေးတွေကအပြင်ရောက်သွားသောအခါ 002ကအသံပေးလိုက်သည်။ "တခြားhostတွေရဲ့ မစ်ရှင်ပြီးသွားတဲ့အခါ အဆင့်ကိုပြရမလား။ မင်းရဲ့အခုအခြေအနေက ဘယ်လောက်တောင်ရှားပါးလဲဆိုတာ သိသွားလိမ့်မယ်။"

002သည် ရှားဟမ့်၏ တိတ်ဆိတ်မှုကို သဘောတူညီချက်တစ်ခုအဖြစ် ယူဆလိုက်သည်။ ရှားဟမ့်သည် system015၏ ရှုထောင့်မှ အခြားhostများ၏ ဗီဒီယိုများကို အမြန်ကြည့်ရှုခဲ့သည်။

ဤဗီဒီယိုများတွင်၊ မစ်ရှင်အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ဇာတ်လိုက်သည်မကြာမီတွင် အလုပ်အသစ်တစ်ခုလုပ်ဆောင်ရန် နောက်ကမ္ဘာသို့ စေလွှတ်ခံရမည့် hostများနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိပေ။

ကံအမြဲဆိုးတဲ့ အမြှောက်စာလေး [mm translation] {{Completed}}Where stories live. Discover now