Ch.(10) The End

5.1K 572 11
                                    

Unicode

ရှားဟမ့်​​မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တော့ ပြုံးနေသည်။ သူ့နှလုံးသားထဲမှာတော့ သူကြုံဖူးသမျှထဲက အကောင်းဆုံးအရာဟာ သူချစ်ရသူနဲ့ တစ်သက်လုံး ဖြတ်သန်းနိုင်ခဲ့တာပါပဲ။

မျက်လုံးဖွင့်ပြီးမှသာ နံရံဗလာဖြင့် ဝန်းရံထားသော ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေမှန်း သိလိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ ပြွန်တွေအများကြီး ချိတ်ထားသည်။

သူနိုးလာချိန်တွင် “ကုတင်035က လူနာ နိုးပြီ” ဟု သူနာပြုတစ်ဦး အော်သံကြားလိုက်ရသည်။

ထိုအခိုက်အတန့်တွင် မှတ်ဉာဏ်များက ရှားဟမ့်၏စိတ်ထဲသို့ ဝင်လာသည်။

သူသည် မူလက စီနီယာအနုပညာကျောင်းသားတစ်ဦးဖြစ်သည်၊ သူ၏မွေးစားမိဘများက သူ့ကိုချစ်တယ်ဟု တစ်ခါမှ မပြောခဲ့သော်လည်း၊ ဤနှစ်များတစ်လျှောက်လုံး သူ့အပေါ် အပြစ်မလုပ်ခဲ့ကြပေ။

သူစီနီယာနှစ်တွင် ခရီးသွားနေစဉ်ကားမတော်တဆမှုဖြစ်ပြီး အချိန်ကြာမြင့်စွာ ကိုမာဝင်နေခဲ့သည်။

ရှားဟမ့်ကသူ့နားမှာယောက်ယက်ခတ်နေတဲ့ ဆရာဝန်နဲ့ သူနာပြုများကို ကြည့်လိုက်ကာ အနည်းငယ် စိတ်မလိုမကျဖြစ်သွားသည်။ ဟန်းလန်က...အိမ်မက်ထဲက လူသက်သက်တဲ့လား?

မထင်မှတ်ပဲ သူစိတ်မချမ်းသာစွာ မျက်လုံးမှိတ်ခါနီးတွင် ဝတ်စုံပြည့်နှင့်သားရေဖိနပ်ကို ဝတ်ထားသည့်လူနှစ်ယောက် လမ်းလျှောက်ဝင်လာခဲ့သည်။ သူတို့သည် ဆေးရုံဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ဦးကို တွန်းထုတ်လိုက်ပြီး သူ့ကုတင်ရှေ့မှာ ရပ်လိုက်သည်။

ဘီးတပ်ကုလားထိုင်ပေါ်ကလူက "ကလေးလေး၊ နောက်ဆုံးတော့နိုးလာပြီလား" လို့ပြောတာကို ရှားဟမ့်​ကြားလိုက်ရသည်။

ရှားဟမ့်သည် အိပ်မက်ထဲကဟန်းလန်နှင့် တစ်ထေရာတည်းတူသော ယောက်ျားတစ်ယောက်က ပြုံးပြနေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားမိသည်။

ရှားဟမ့်သည် စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ထိတ်လန့်စွာသာ ကြည့်နေလေသည်။

🎉 You've finished reading ကံအမြဲဆိုးတဲ့ အမြှောက်စာလေး [mm translation] {{Completed}} 🎉
ကံအမြဲဆိုးတဲ့ အမြှောက်စာလေး [mm translation] {{Completed}}Where stories live. Discover now