ဗုဒ္ဓဟူးနေ့ညနေပိုင်း ကာယချိန်တွင်ဖြစ်သည်။
ဒီ semesterရဲ့ အချိန်ဇယားတွေက ပြောင်းကုန်တာကြောင့် Class 1ကနေ Class 5ထိ ကာယချိန်က တစ်ချိန်တည်း အတူတူလာကျတယ်။ တတိယနှစ်က စာဖိအားတွေ များတာကြောင့် ဆရာတွေကလည်း သူတို့ကို ဖိအားလျော့စေဖို့ အပန်းပြေ ပေါ့ပေါ့ပါးပါးအားကစားလေးတွေပဲ လုပ်ခိုင်းတယ်။ ဥပမာ ကြက်တောင်ရိုက်တာတို့ ကြိုးခုန်တာတို့။
သို့ပေမယ့် တစ်အုပ်စုသော alphaတွေသည်တော့ ဘတ်စကတ်ဘောကွင်းဆီကို ဝရုန်းသုန်းကားပြေးသွားကြတယ်။
"မြန်မြန်ပြေးဟ! တစ်နေရာပဲ ကျန်တော့တယ်!"
ကောကျစ်ရှုန်းက အော်တယ်။
သစ်ပင်အရိပ်အောက်မှာ ရပ်နေတဲ့ ဟန်မုန့်က :
"သွားမယ်"
ခုံရှည်ပေါ်မှာ ထိုင်နေတဲ့ကျန့်ယောင်က : "မပါတော့ဘူး"
"......"
ကောကျစ်ရှုန်းခမျာတော့ နောက်ဆုံး မျက်ရည်လည်ရွဲနဲ့ တခြားအတန်းသားတွေထဲပဲ ဝင်ဆော့ရတော့တယ်။
ဆောင်းရာသီမကုန်လွန်သေးတာမို့ နေရောင်ခြည်က မှုန်ပျပျလေးဖြစ်နေပြီး သိပ်လည်း မပူလှပေ။ ကစားကွင်းဘေးက သစ်ပင်ရိပ်အောက်မှာ လူတစ်စု ရပ်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် မျက်စပစ်လိုက် တိုးတိုးတိုးတိုးလုပ်လိုက်နဲ့ လုပ်နေကြတယ်။
ရင်းချယ်ကတော့ တစ်ယောက်တည်း အေးအေးဆေးဆေး စာအုပ်ဖတ်နေပြီး ထိုအရာကို လျစ်လျူရှုထားတယ်။
ရုတ်တရက်ဆိုသလိုပဲ သူ့စာအုပ်ပေါ်ကို အရိပ်တစ်ခုကျရောက်လာတယ်။
သူမော့ကြည့်လိုက်တော့ 'မိတ်ဆွေဟောင်း'တစ်ယောက်ကို တွေ့လိုက်ရတယ်။
"ဘာကိစ္စရှိလို့လဲ?"
ရုန့်ဝေက သူ့ဘေးမှာရှိနေတဲ့ကျန့်ယောင်ကို လှမ်းလှမ်းကြည့်ပြီး မဝံ့မရဲဖြစ်နေပြီးမှ သတ္တိတွေစုပြီးမေးလိုက်တယ်။
"ထန်ရှရှ ကျောင်းထုတ်ခံရတာ၊ အဲ့ဒါမင်းလုပ်လိုက်တာမလား?"
ထိုစကားတွေ ထွက်လာတယ်ဆိုရင်ပဲ ဘေးပတ်ဝန်းကျင်က အသံတွေအကုန် တိတ်ကျသွားတယ်။
အားလုံးက သူ့ဆီက အဖြေတစ်ခုကို မျှော်လင့်နေကြတယ်။
ရင်းချယ်ဘက်က ဘာမှမပြောရသေးခင်မှာပဲ နောက်ထပ်လူတစ်ယောက် ထပ်ရောက်လာပြန်တယ်။
"ရင်းချယ်....ထန်ရှရှကို နင်အမြင်မကြည်ဘူးဆိုတာ ငါသိပါတယ် ဒါပေမယ့် အဲ့လိုနဲ့ပဲ သူ့ကိုကျောင်းထုတ်ပစ်လိုက်လို့ မရဘူးလေ...."
ဆုချီက စိုးရိမ်စွာ သူမလက်တွေကို ဆုပ်ထားလျက်ရှိပြီး ကြောက်ရွံ့ကြောက်ရွံနဲ့ အခိုင်အမာပြောလာတယ်။
"ဒါ နင်သူများတွေကို အနိုင်ကျင့်တာပဲမလား?"
လူအုပ်ထဲကတစ်ယောက်က ခပ်တိုးတိုးလိုက်ပြောတယ်။
"ဟုတ်တယ်၊ လွန်လွန်းနေပြီ"
ထိုသည်ကိုကြားတော့ သစ်ပင်နားမှာ ရှိနေတဲ့ Class 1ကျောင်းသားတချို့ကလည်း အနားရောက်လာပြီး ပြန်ခံပြောကြတယ်။
"ဘာကိုကြည့်ပြီး ဒီလိုပြောတာလဲ? ချယ်ကောက သူ့ကိုကျောင်းထုတ်ခိုင်းလိုက်တယ်ဆိုတာ မင်းတို့မျက်စိနဲ့ မြင်လို့လား?"
"ဟုတ်ပါ့ ဦးနှောက်လေးလည်း နည်းနည်းသုံးဦးမှပေါ့၊ ချယ်ကောနဲ့ မတည့်တိုင်းသာ ကျောင်းထုတ်ခံရမယ်ဆို ရုန့်ဝေ နင်အရင်ဆုံးအထုတ်ခံရမှာပဲ မဟုတ်ဘူးလား? မနှစ်က အားကစားပွဲတုန်းက လုပ်ခဲ့တဲ့ကိစ္စကို မေ့သွားကြပြီလား?"
ထိုသည်က အဓိပ္ပါယ်ရှိတာမို့ ဘေးလူတွေရဲ့ လေသံကတိမ်ဝင်သွားကြတယ်။
ကျန့်ယောင်တစ်ယောက် ဘာမှဝင်မပြောတာကို ရင်းချယ် ရုတ်တရက် သတိထားမိတယ်။
သူ့မျက်နှာပေါ်မှာက အရယ်အပြုံး မရှိစွာ ရုန့်ဝေကို အေးစက်စွာ စိုက်ကြည့်နေတယ်။ အကြည့်ခံရတဲ့ သူက နောက်ကိုတစ်ချက်ဆုတ်သွားပြီး အရှိန်မှာလည်း ရုတ်ချည်းလျော့ကျသွားတယ်။
ဆုချီကတော့ ထိုအကြောင်းကို လက်မခံသေးကာ :
"သက်သေတော့ မရှိဘူး ဒါမယ့် ငါနင့်ကိုပဲ စဥ်းစားမိတာ....ရှရှက ငါ့ရဲ့အကောင်းဆုံးသူငယ်ချင်းပဲ၊ သူအထုတ်ခံရတာကို ငါဒီတိုင်းထိုင်ကြည့်မနေနိုင်ဘူး...."
သူမရဲ့အရပ်က ပုကာ ရုန့်ဝေနဲ့ယှဥ်လိုက်တဲ့အခါ သိသိသာသာကို သေးသေးလေးဖြစ်နေတယ်။ ဒါတောင် သူမက တစ်လှမ်းလေးမှ တွန့်ဆုတ်သွားခြင်းမရှိဘူး။
ရင်းချယ် နည်းနည်းတော့ အံ့သြမိသွားတယ်။
လောကကြီးမှာက အမြင်နဲ့တင် ယုံကြည်ဆုံးဖြတ်လို့မရဘူးဆိုတာ တကယ်မှန်တာပဲ။
သူတော်ကောင်းယောင်ဆောင်ထားတယ်လို့ ယူဆထားတဲ့လူတွေမှာလည်း ကြင်နာခင်တွယ်မှုဆိုတဲ့ တစ်ဘက်ရှိသေးတာပါပဲလား။
ခွဲခြားနိုင်ဖို့က တကယ်ခက်တယ်။
သူကိုယ်တိုင်တောင်မှ မျက်လုံးနဲ့မြင်နေရတာကို ရှုပ်ထွေးနေမိသေးတာပဲ၊ တခြားလူတွေ ကောလဟာလကနေတစ်ဆင့် သူ့ကို အထင်လွဲနေတာကို ဘယ်လိုလုပ်ပြီး အပြစ်တင်လို့ရပါတော့မလဲ?
ဆုချီက နှုတ်ခမ်းကို ကိုက်ပြီး
"နင်ငါ့ကို ဖြေရှင်းချက်တစ်ခုလောက် ပေးလို့ရမလား?"
ရင်းချယ်က တွေးကြည့်ပြီးနောက်
"သူမင်းကို ဘာမှမပြောပြဘူးလား?"
"ဟင့်အင်း၊ ငါဖုန်းဆက်တာလည်း မကိုင်ဘူး၊ အိမ်လိုက်သွားတော့လည်း ငါ့ကိုပေးမဝင်ဘူး၊ ဘာတွေဖြစ်ကုန်မှန်း ငါတကယ်ဘာမှမသိရဘူး...."
"သူမင်းကို မသိစေချင်မှတော့ မင်းလည်းမေးမနေနဲ့တော့၊ ထပ်မေးနေရင် မင်းပဲနာကျင်ရလိမ့်မယ်"
ဆုချီက တွန့်သွားတယ်။
"နင်ငါ့ကို ရိုက်မလို့လား?"
"ရုပ်ပိုင်းဆိုင်ရာနာကျင်တာကို ပြောချင်တာမဟုတ်ဘူး၊ အဲ့ဒါ....."
"ငါ့မှာအသံဖိုင်ရှိတယ်"
ရုတ်တရက် ကျန့်ယောင်က ဝင်ပြောလာတယ်။
"သူဘာလုပ်ခဲ့လဲမင်းတို့တွေ သိချင်တယ်ဆို ကျောင်းဆင်းတဲ့ချိန်ကျ သစ်ပင်တန်းဘက်မှာ ငါ့ကိုလာတွေ့လှည့်"
ရင်းချယ် သူ့ကို လှမ်းကြည့်လိုက်မိတယ်။ ကျန့်ယောင်က သူ့ကိုကြည့်ကာ ဆက်ပြောတယ်။
"မင်းသည်းခံနိုင်တာ သဘောထားကြီးတာ ကိုယ်သိတယ်၊ ဒါမယ့် ကိုယ်ကတော့ သဘောထားမကြီးနိုင်ဘူး၊ မင်းအထင်လွဲခံနေရတာ မလိုချင်ဘူး၊ ဒီလိုရန်ငြှိုးထားခံနေရတာတွေကို ဆက်ကြည့်မနေနိုင်ဘူး"
ရင်းချယ် : "မဟုတ်ဘူး၊ ငါပြောမလို့က မင်းနဲ့အတူလိုက်ခဲ့မယ်လို့ ပြောမလို့"
ကျန့်ယောင်က တခနကြက်သေသေသွားပြီးမှ ပြုံးလာတယ်။
"အဲ့လိုမှပေါ့"
ရုန့်ဝေကတော့ သူတို့ကို သင်္ကာမကင်းဖြစ်ကာ :
"မင်း အသံဖိုင်ရှိတာ သေချာလို့လား? ငါတို့ကိုလိမ်ခေါ်ပြီး ရိုက်မလို့တော့မဟုတ်ဘူးမလား? ကျောင်းထုတ်ခံရတဲ့ထဲက ချန်းဟောင်ဆိုတဲ့ တစ်ယောက်က မင်းတို့လုပ်လိုက်လို့ ဆေးရုံတောင်တင်လိုက်ရတယ်လို့ ငါကြားတယ်....."
ကျန့်ယောင် : "ဘယ်ကဟာတွေ ကြားလာတာလဲ? ငါသူ့ကို နည်းနည်းလေးပဲ ထိုးလိုက်တာပါ၊ ဆေးရုံမတက်ရပါဘူး"
"......."
"ငါလုပ်လိုက်တာ"
လူအုပ်က ရုတ်တရက် လမ်းဖယ်လာပြီး ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားတဲ့ ရင်းဇယ်က အလယ်နေရာကို လျှောက်ဝင်လာတယ်။
"မင်းတို့ပြန်သွားပြီးတဲ့နောက် ငါ ခြေထောက်နဲ့နည်းနည်း ထပ်ကျွေးခဲ့သေးတယ်၊ မတော်တဆနဲ့ အရိုးကို ကန်မိသွားတာ"
အားလုံး ကြောက်လန့်တကြားနဲ့ နောက်ဆုတ်သွားကြတယ်။
အဲ့ဒီအချိန်မှာပဲ တစ်ယောက်က နားမလည်သလို အသံထွက်လာတယ်။
"မဟုတ်ဘူးလေ....ရင်းဇယ်က သူ့အကိုကို မုန်းနေတာမဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး သူ့အကိုအစား ကူချပေးတာလဲ?"
"ဘာလို့ဆို သူကိုက အချခံထိုက်လို့ပေါ့"
ရင်းဇယ်က အေးစက်နေတဲ့ လေသံနဲ့ပြောတယ်။
"ငါ့ကောအပေါ် သူတို့နှစ်ယောက် ဘာလုပ်ခဲ့လဲဆိုတာ မင်းတို့တွေ ဘာမှမသိကြပါဘူး၊ ငါ့ကောကတော့ သူတို့ဂုဏ်သိက္ခာအတွက် ဘာဖြေရှင်းချက်မှ ထုတ်မထားတာကို၊ ဘယ်သူလူကောင်း ဘယ်သူက လူဆိုးလဲ အမှုဖွင့်ရင် မင်းတို့တွေသိရလိမ့်မယ်"
"အမှုဖွင့်တယ်?"
ဆုချီက ကြောက်လန့်သွားတယ်။
"ဘယ်လိုလုပ် ဒီလောက်ထိ ဖြစ်သွားရတာလဲ? အတန်းသားအချင်းချင်းကြားက ကတောက်ကဆလေးပဲ မဟုတ်ဘူးလား....."
"သာမန်ပြဿနာသေးသေးလေးနဲ့ ကျောင်းထုတ်ခံရမယ်လို့ မင်းက ထင်နေတာလား?"
ကျန့်ယောင်က မတ်တပ်ထရပ်လိုက်တယ်။
"သူတို့ တကယ်မကောင်းတဲ့ကိစ္စတစ်ခုကို လုပ်ခဲ့တာ မင်းတို့ တွေးထားတာထက်ကို အများကြီးပိုဆိုးတယ်၊ ရာဇဝတ်မှုမြောက်တဲ့အထိပဲ၊ ချန်းဟောင်က တရားခံ ထန်ရှရှကတော့ ကြံရာပါပဲ၊ နစ်နာတဲ့လူက ငါ့ကောင်လေး ရှင်းပြီလား?"
တခြားကျောင်းသားတွေမှာ အံ့သြလန့်ဖြတ်ကုန်ကြတယ်။
"ရာ...ရာဇဝတ်မှု?"
"မယုံဘူးဆိုလည်း ညနေကျ သစ်ပင်တန်းဆီလာပြီး အသံဖိုင်နားထောင်ကြဖို့ ဖိတ်ခေါ်တယ်၊ ပြီးတော့ ရှိသေးတယ် အရင်က ဖိုရမ်မှာ ကောလဟာတွေဖြန့်ခဲ့တဲ့ အဖွဲ့ကလည်း ထန်ရှရှထောင်ထားတာ၊ ကျောင်းကိုတော့ တိုင်ထားပြီးပြီ နောက်ရက်အနည်းငယ်နေရင် သူတို့ဖျက်ချပစ်လိမ့်မယ်၊ နောက်ထပ်တခြား ကောလဟာလတွေကိုလည်း သူတို့တစ်ပါတည်းဖျက်ပစ်မယ်ထင်တယ်"
ကျန့်ယောင်အကြည့်က အားလုံးရဲ့မျက်နှာတွေပေါ် ဖြတ်သွားပြီး :
"မဟုတ်တမ်းတရာတွေ မပြောကြဖို့ပဲ ငါအကြံပေးလိုက်မယ်"
ဒီအရွယ်ကျောင်းသားတွေရဲ့ နေ့စဥ်အတင်းဖျင်းစကားဝိုင်းဆိုတာက ဘယ်သူနဲ့ဘယ်သူ ရန်ဖြစ်တယ်၊ ဘယ်သူ့ရည်းစား ပြတ်သွားတယ်၊ ဘယ်သူကတော့ ဘယ်အတန်းဖော်ကို အနိုင်ကျင့်တယ်ဆိုတာတွေထက် မပိုပေ။ သူတို့အသိထဲမှာ 'ရာဇဝတ်မှု'ဆိုတဲ့ စာလုံးလေးလုံးက ပထမဆုံးအကြိမ်ပေါ်လာတာကြောင့် နှလုံးတွေရပ်တန့်မလိုဖြစ်ပြီး ဘာကိုမှ ထပ်ပြီး ပေါက်တက်ကရ မငြင်းခုန်ရဲကြတော့ပေ။
ဆုချီနဲ့ ရုန့်ဝေသည်လည်း ထိတ်လန့်ပြီး အတော်ကြာသည်အထိ စကားမပြောနိုင်ဖြစ်သွားကြတယ်။ နောက်ဆုံးမှ ဘာမှထပ်မမေးတော့ဘဲ ကျောင်းဆင်းမှ အသံဖိုင်လာ နားထောင်မယ့်အကြောင်းသာ ပြောပြီး ထွက်သွားကြတယ်။
ဘေးလူတွေ တစ်ယောက်ပြီးတစ်ယောက် ကွဲပြားသွားပြီးမှပဲ class 1ကျောင်းသားတွေမှာ အနည်းငယ် စိတ်သက်သာရာရသွားကြတော့တယ်။
"နောက်ဆုံးတော့လည်း အပေါက်ပိတ်ပြီး ပြန်သွားကြတာပါပဲ"
"သက်သေထွက်လာမှ သူတို့ဘာပြောမလဲ ကြည့်ကြသေးတာပေါ့"
"သူတို့အတွက်ကျ လွယ်လွန်းတာ၊ အနည်းဆုံးတော့ တောင်းပန်သွားသင့်တယ်လေ!"
ရင်းချယ်က မျက်မှောင်ကြုတ်ကာ :
"ဟုတ်သားပဲ၊ အသံဖိုင်က ရဲလက်အိပ်လိုက်ပြီမဟုတ်ဘူးလား၊ ဘယ်ကရမှာလဲ?"
ကျန့်ယောင်က ရင်းဇယ်ရဲ့ပခုံးကို ဖက်လိုက်ပြီး :
"ဘယ်ကမှာလဲ ငါတို့ရဲ့အကောင်းဆုံးတိတိလေးဆီကပေါ့၊ ရဲကိုအကျိုးအကြောင်းပြောပြီး ကော်ပီကူးခိုင်းလိုက်တာလေ၊ ဒီလိုကိစ္စကျ ကိုယ်သွားလို့ သိပ်မသင့်တော်ဘူးမလား၊ အပ်ခဲ့တဲ့လူက သူဆိုတော့"
ရင်းဇယ်ရဲ့မျက်နှာမှာ တစ်ခုလုံး မှောင်မဲသွားတယ်။
"မင်းမေ သေချင်နေတာလား? လက်ကိုဖယ်စမ်း"
ကျန့်ယောင်က သူ့ပေါ်ကလက်ကို ဖယ်လိုက်ပြီး ရင်းချယ် ပခုံးပေါ် သိုင်းဖက်တယ်။
"ချီးလည်းချီးကျူးရသေးတယ်၊ ကြမ်းတမ်းလိုက်တာ၊ မင်းကောကောကမှ ချစ်စရာ"
ရင်းချယ် : "......"
ရင်းဇယ်က အင်္ကျီလက်တွေကို လိပ်တင်လိုက်ပြီး :
"အခု ငါမင်းကို တကယ်သတ်တော့မှာ----"
တစ်ဝက်တစ်ပြက်မှာပဲ သူဟာ ကျောင်းသားတစ်စုဆီကနေ အတားခံလိုက်ရတယ်။
ကောကျစ်ရှုန်း : "ဘာလဲ ဘာလုပ်တာလဲ? ငါတို့အတန်းဖော်ကို အနိုင်ကျင့်ချင်တာလား?"
ဟန်မုန့် : "မင်းဘာဖြစ်လို့ ရုတ်တရက်ကြီး ထပြီး ကောကောအပေါ် တအားတွေ ကောင်းပြနေတာလဲ? ဘာတွေကြံစည်နေတာလဲ?"
ရင်းဇယ်မှာ ဒေါသထွက်လွန်းလို့ ပေါက်ထွက်တော့မလိုပဲ။
"မင်းမေ...ငါကဘာကြံရမှာလဲ? ငါ့ကောငါ ကာကွယ်ပေးတာ ဘာထူးဆန်းလို့လဲ?"
ဟန်မုန့် : "အရင်က'ငါ့မှာမင်းလို အကိုမျိုးမရှိဘူး'လို့ တစ်နေကုန်ပြောနေခဲ့တာ ဘယ်သူပါလိမ့်"
ချန်ရင်းရင်း : "နေ့တိုင်းလိုလို ကောကောကို ရန်လုပ်နေတဲ့တစ်ယောက်လေ"
ကျန်းခဲ့ : "အရူးလိုမျိုး ပတ်ရမ်းနေတာလေ"
ရင်းဇယ် : "....."
"တော်ကြတော့ သူ့ကိုမပြောကြနဲ့တော့၊ ဘာပဲဖြစ်ဖြစ် ကူညီပေးထားတာပဲမလား"
ကျန့်ယောင်က ကြားထဲကနေ ကယ်တင်ရှင်ဝင်လုပ်လိုက်တယ်။
"တိတိ တော်တယ်၊ ဒီနေ့ည မင်းကောကောနဲ့ စကားပြောခွင့် ငါးမိနစ်ပေးမယ်"
"ငါ့ဟာငါ ငါ့ကောနဲ့စကားပြောတာ မင်းခွင့်ပြုချက်လိုစရာလား?"
"ဒါပေါ့၊ မယုံရင် မင်းကောကို မေးကြည့်"
ရင်းချယ်က သူ့ကို မျက်စောင်းထိုးကြည့်ကာ :
"ငါ့တိနဲ့ငါ စကားပြောတာ မင်းခွင့်ပြုချက်လိုလား?"
"...လိုတာပေါ့..လို့မပြောမိပါဘူး"
ရင်းဇယ်က အရမ်းကို ပျော်ရွှင်ဂုဏ်ယူသွားတယ်။ အဲ့ဒီညရောက်တော့ ရင်းချယ်ကို သူ့အခန်းဆီဆွဲခေါ်သွားပြီး အဆောင်မီးပိတ်ချိန်ရောက်တော့မှပဲ မခွဲချင်ခွဲချင်နဲ့ နှုတ်ဆက်စကားပြောတော့တယ်။
"ကော! ဝမ်အန်း!"
အခန်းအတူနေတဲ့ Class 3က ကျောင်းသားလေးမှာ တစ်လျှောက်လုံး ကြောင်အကျန်နေခဲ့လေရဲ့။
/ငါဘယ်သူလဲ? ငါဘာလဲ? ငါဘာတွေလုပ်နေတာလဲ? ဒါကဘယ်နေရာလဲ?/
....
ကိုယ့်အခန်းကို ပြန်ရောက်တော့ အခန်းတံခါးက လော့ချထားတာ ရင်းချယ်တွေ့လိုက်ရတယ်၊ သူတံခါးခေါက်လိုက်တယ်။
အတွင်းထဲက တုံ့ပြန်လာတယ်။
"ဘယ်သူလဲ?"
"ငါ"
"ငါက ဘယ်သူလဲ?"
ရင်းချယ် ရယ်လိုက်မိတယ်။
"မင်းကောင်လေး"
ကျန့်ယောင်က တံခါးကိုဖွင့်ပေးလာပေမယ့် အခန်းဝမှာပိတ်ရပ်ပြီး သူ့ကိုပေးမဝင်ပေ။
"ငါ့ကောင်လေးက ပြန်လာရမှန်းတော့ သိသေးသားပဲနော်?"
"အချိန် မေ့သွားလို့"
"အိုး တိတိနဲ့ကျ ပြောစရာစကားတွေ ဘယ်လောက်တောင် များနေလိုက်လဲနော်? ကိုယ်နဲ့ကျ အမြဲတမ်း နည်းလိုက်တဲ့စကား"
"မင်းစိတ်ကြိုက်လုပ်ခွင့်ပေးမယ်"
ကျန့်ယောင်က ခေါင်းငုံ့ကာ သူ့ကိုကြည့်နေပြီး မျက်ဝန်းတွေက နက်မှောင်လာတယ်။
"ထပ်ပြောစမ်း?"
ရင်းချယ်က သူ့ကို မကြောက်မရွံ့ ပြန်ကြည့်ကာ
"မင်းသဘော"
"ဆိုးလိုက်တာ...."
ကျန့်ယောင်က တစ်ချက်ရယ်ကာ
"စောင့်ကြည့်နေလိုက်"
ကိုယ်က ချက်ချင်းမြောက်တက်သွားတယ်။ သူ အပွေ့ချီခံလိုက်ရတယ်။
အဲ့ဒီနောက်တော့ အိပ်ယာပေါ် ပစ်တင်ခံလိုက်ရတယ်။
သေချာတာပေါ့ အသားစားဖြစ်နေတုန်းပင်။ ရင်းချယ်တွေးရင်းနဲ့ သူ့ကိုယ်ပေါ်ကလူ အင်္ကျီချွတ်လိုက်တာကို ကြည့်လိုက်တယ်။ လူငယ်လေးရဲ့ တောင့်တင်းတဲ့ကြွက်သားတွေ ပေါ်လာပြီး alpha phetromoneတွေနဲ့အတူ သူ့ကိုယ်ပေါ်ကို ဖိကပ်ကျလာတယ်။
"မင်းရဲ့လူက ဘယ်သူဆိုတာ ရှင်းရှင်းလင်းလင်းသိသွားစေရမယ်"
စကားတစ်ခွန်းကပင် သူ့ကိုမူးဝေမိန်းမောသွားစေတယ်။
သူ မနေနိုင်စွာ လက်တွေကို ဆန့်ထုတ်ကာ alphaရဲ့ ကျောပြင်ကျယ်ကို သိုင်းဖက်တွယ်ကပ်ပြီး ပူးကပ်ထားလိုက်တယ်။
"မသိဘူး၊ မင်းပြောပြ"
ဖေဖော်ဝါရီလရဲ့နောက်ဆုံးသော ညတစ်ညမှာ ပူနွေးနွေးလေထုတွေကြားကနေ ဆောင်းရာသီဟာ တိတ်တဆိတ်နှုတ်ဆက်ထွက်ခွာသွားတော့တယ်။
အရာအားလုံး ပြန်လည် ရှင်သန်နိုးထလာပြီ၊ အရာရာ တစ်ဖန် အသက်ဝင်လာခဲ့ပြီ...
_______
[Zawgyi]
ဗုဒၶဟူးေန႔ညေနပိုင္း ကာယခ်ိန္တြင္ျဖစ္သည္။
ဒီ semesterရဲ့ အခ်ိန္ဇယားေတြက ေျပာင္းကုန္တာေၾကာင့္ Class 1ကေန Class 5ထိ ကာယခ်ိန္က တစ္ခ်ိန္တည္း အတူတူလာက်တယ္။ တတိယႏွစ္က စာဖိအားေတြ မ်ားတာေၾကာင့္ ဆရာေတြကလည္း သူတို႔ကို ဖိအားေလ်ာ့ေစဖို႔ အပန္းေၿပ ေပါ့ေပါ့ပါးပါးအားကစားေလးေတြပဲ လုပ္ခိုင္းတယ္။ ဥပမာ ၾကက္ေတာင္ရိုက္တာတို႔ ႀကိဳးခုန္တာတို႔။
သို႔ေပမယ့္ တစ္အုပ္စုေသာ alphaေတြသည္ေတာ့ ဘတ္စကတ္ေဘာကြင္းဆီကို ဝ႐ုန္းသုန္းကားေျပးသြားၾကတယ္။
"ျမန္ျမန္ေျပးဟ! တစ္ေနရာပဲ က်န္ေတာ့တယ္!"
ေကာက်စ္ရွုန္းက ေအာ္တယ္။
သစ္ပင္အရိပ္ေအာက္မွာ ရပ္ေနတဲ့ ဟန္မုန႔္က :
"သြားမယ္"
ခုံရွည္ေပၚမွာ ထိုင္ေနတဲ့က်န႔္ေယာင္က : "မပါေတာ့ဘူး"
"......"
ေကာက်စ္ရွုန္းခမ်ာေတာ့ ေနာက္ဆုံး မ်က္ရည္လည္ရြဲနဲ႔ တျခားအတန္းသားေတြထဲပဲ ဝင္ေဆာ့ရေတာ့တယ္။
ေဆာင္းရာသီမကုန္လြန္ေသးတာမို႔ ေနေရာင္ျခည္က မွုန္ပ်ပ်ေလးျဖစ္ေနၿပီး သိပ္လည္း မပူလွေပ။ ကစားကြင္းေဘးက သစ္ပင္ရိပ္ေအာက္မွာ လူတစ္စု ရပ္ေနၾကၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ မ်က္စပစ္လိုက္ တိုးတိုးတိုးတိုးလုပ္လိုက္နဲ႔ လုပ္ေနၾကတယ္။
ရင္းခ်ယ္ကေတာ့ တစ္ေယာက္တည္း ေအးေအးေဆးေဆး စာအုပ္ဖတ္ေနၿပီး ထိုအရာကို လ်စ္လ်ဴရွုထားတယ္။
႐ုတ္တရက္ဆိုသလိုပဲ သူ႔စာအုပ္ေပၚကို အရိပ္တစ္ခုက်ေရာက္လာတယ္။
သူေမာ့ၾကည့္လိုက္ေတာ့ 'မိတ္ေဆြေဟာင္း'တစ္ေယာက္ကို ေတြ႕လိုက္ရတယ္။
"ဘာကိစၥရွိလို႔လဲ?"
႐ုန႔္ေဝက သူ႔ေဘးမွာရွိေနတဲ့က်န႔္ေယာင္ကို လွမ္းလွမ္းၾကည့္ၿပီး မဝံ့မရဲျဖစ္ေနၿပီးမွ သတၱိေတြစုၿပီးေမးလိုက္တယ္။
"ထန္ရွရွ ေက်ာင္းထုတ္ခံရတာ၊ အဲ့ဒါမင္းလုပ္လိုက္တာမလား?"
ထိုစကားေတြ ထြက္လာတယ္ဆိုရင္ပဲ ေဘးပတ္ဝန္းက်င္က အသံေတြအကုန္ တိတ္က်သြားတယ္။
အားလုံးက သူ႔ဆီက အေျဖတစ္ခုကို ေမၽွာ္လင့္ေနၾကတယ္။
ရင္းခ်ယ္ဘက္က ဘာမွမေျပာရေသးခင္မွာပဲ ေနာက္ထပ္လူတစ္ေယာက္ ထပ္ေရာက္လာျပန္တယ္။
"ရင္းခ်ယ္....ထန္ရွရွကို နင္အျမင္မၾကည္ဘူးဆိုတာ ငါသိပါတယ္ ဒါေပမယ့္ အဲ့လိုနဲ႔ပဲ သူ႔ကိုေက်ာင္းထုတ္ပစ္လိုက္လို႔ မရဘူးေလ...."
ဆုခ်ီက စိုးရိမ္စြာ သူမလက္ေတြကို ဆုပ္ထားလ်က္ရွိၿပီး ေၾကာက္ရြံ႕ေၾကာက္ရြံနဲ႔ အခိုင္အမာေျပာလာတယ္။
"ဒါ နင္သူမ်ားေတြကို အနိုင္က်င့္တာပဲမလား?"
လူအုပ္ထဲကတစ္ေယာက္က ခပ္တိုးတိုးလိုက္ေျပာတယ္။
"ဟုတ္တယ္၊ လြန္လြန္းေနၿပီ"
ထိုသည္ကိုၾကားေတာ့ သစ္ပင္နားမွာ ရွိေနတဲ့ Class 1ေက်ာင္းသားတခ်ိဳ႕ကလည္း အနားေရာက္လာၿပီး ျပန္ခံေျပာၾကတယ္။
"ဘာကိုၾကည့္ၿပီး ဒီလိုေျပာတာလဲ? ခ်ယ္ေကာက သူ႔ကိုေက်ာင္းထုတ္ခိုင္းလိုက္တယ္ဆိုတာ မင္းတို႔မ်က္စိနဲ႔ ျမင္လို႔လား?"
"ဟုတ္ပါ့ ဦးေႏွာက္ေလးလည္း နည္းနည္းသုံးဦးမွေပါ့၊ ခ်ယ္ေကာနဲ႔ မတည့္တိုင္းသာ ေက်ာင္းထုတ္ခံရမယ္ဆို ႐ုန႔္ေဝ နင္အရင္ဆုံးအထုတ္ခံရမွာပဲ မဟုတ္ဘူးလား? မႏွစ္က အားကစားပြဲတုန္းက လုပ္ခဲ့တဲ့ကိစၥကို ေမ့သြားၾကၿပီလား?"
ထိုသည္က အဓိပၸါယ္ရွိတာမို႔ ေဘးလူေတြရဲ့ ေလသံကတိမ္ဝင္သြားၾကတယ္။
က်န႔္ေယာင္တစ္ေယာက္ ဘာမွဝင္မေျပာတာကို ရင္းခ်ယ္ ႐ုတ္တရက္ သတိထားမိတယ္။
သူ႔မ်က္ႏွာေပၚမွာက အရယ္အျပဳံး မရွိစြာ ႐ုန႔္ေဝကို ေအးစက္စြာ စိုက္ၾကည့္ေနတယ္။ အၾကည့္ခံရတဲ့ သူက ေနာက္ကိုတစ္ခ်က္ဆုတ္သြားၿပီး အရွိန္မွာလည္း ႐ုတ္ခ်ည္းေလ်ာ့က်သြားတယ္။
ဆုခ်ီကေတာ့ ထိုအေၾကာင္းကို လက္မခံေသးကာ :
"သက္ေသေတာ့ မရွိဘူး ဒါမယ့္ ငါနင့္ကိုပဲ စဥ္းစားမိတာ....ရွရွက ငါ့ရဲ့အေကာင္းဆုံးသူငယ္ခ်င္းပဲ၊ သူအထုတ္ခံရတာကို ငါဒီတိုင္းထိုင္ၾကည့္မေနနိုင္ဘူး...."
သူမရဲ့အရပ္က ပုကာ ႐ုန႔္ေဝနဲ႔ယွဥ္လိုက္တဲ့အခါ သိသိသာသာကို ေသးေသးေလးျဖစ္ေနတယ္။ ဒါေတာင္ သူမက တစ္လွမ္းေလးမွ တြန႔္ဆုတ္သြားျခင္းမရွိဘူး။
ရင္းခ်ယ္ နည္းနည္းေတာ့ အံ့ၾသမိသြားတယ္။
ေလာကႀကီးမွာက အျမင္နဲ႔တင္ ယုံၾကည္ဆုံးျဖတ္လို႔မရဘူးဆိုတာ တကယ္မွန္တာပဲ။
သူေတာ္ေကာင္းေယာင္ေဆာင္ထားတယ္လို႔ ယူဆထားတဲ့လူေတြမွာလည္း ၾကင္နာခင္တြယ္မွုဆိုတဲ့ တစ္ဘက္ရွိေသးတာပါပဲလား။
ခြဲျခားနိုင္ဖို႔က တကယ္ခက္တယ္။
သူကိုယ္တိုင္ေတာင္မွ မ်က္လုံးနဲ႔ျမင္ေနရတာကို ရွုပ္ေထြးေနမိေသးတာပဲ၊ တျခားလူေတြ ေကာလဟာလကေနတစ္ဆင့္ သူ႔ကို အထင္လြဲေနတာကို ဘယ္လိုလုပ္ၿပီး အျပစ္တင္လို႔ရပါေတာ့မလဲ?
ဆုခ်ီက ႏွုတ္ခမ္းကို ကိုက္ၿပီး
"နင္ငါ့ကို ေျဖရွင္းခ်က္တစ္ခုေလာက္ ေပးလို႔ရမလား?"
ရင္းခ်ယ္က ေတြးၾကည့္ၿပီးေနာက္
"သူမင္းကို ဘာမွမေျပာျပဘူးလား?"
"ဟင့္အင္း၊ ငါဖုန္းဆက္တာလည္း မကိုင္ဘူး၊ အိမ္လိုက္သြားေတာ့လည္း ငါ့ကိုေပးမဝင္ဘူး၊ ဘာေတြျဖစ္ကုန္မွန္း ငါတကယ္ဘာမွမသိရဘူး...."
"သူမင္းကို မသိေစခ်င္မွေတာ့ မင္းလည္းေမးမေနနဲ႔ေတာ့၊ ထပ္ေမးေနရင္ မင္းပဲနာက်င္ရလိမ့္မယ္"
ဆုခ်ီက တြန႔္သြားတယ္။
"နင္ငါ့ကို ရိုက္မလို႔လား?"
"႐ုပ္ပိုင္းဆိုင္ရာနာက်င္တာကို ေျပာခ်င္တာမဟုတ္ဘူး၊ အဲ့ဒါ....."
"ငါ့မွာအသံဖိုင္ရွိတယ္"
႐ုတ္တရက္ က်န႔္ေယာင္က ဝင္ေျပာလာတယ္။
"သူဘာလုပ္ခဲ့လဲမင္းတို႔ေတြ သိခ်င္တယ္ဆို ေက်ာင္းဆင္းတဲ့ခ်ိန္က် သစ္ပင္တန္းဘက္မွာ ငါ့ကိုလာေတြ႕လွည့္"
ရင္းခ်ယ္ သူ႔ကို လွမ္းၾကည့္လိုက္မိတယ္။ က်န႔္ေယာင္က သူ႔ကိုၾကည့္ကာ ဆက္ေျပာတယ္။
"မင္းသည္းခံနိုင္တာ သေဘာထားႀကီးတာ ကိုယ္သိတယ္၊ ဒါမယ့္ ကိုယ္ကေတာ့ သေဘာထားမႀကီးနိုင္ဘူး၊ မင္းအထင္လြဲခံေနရတာ မလိုခ်င္ဘူး၊ ဒီလိုရန္ျငႇိုးထားခံေနရတာေတြကို ဆက္ၾကည့္မေနနိုင္ဘူး"
ရင္းခ်ယ္ : "မဟုတ္ဘူး၊ ငါေျပာမလို႔က မင္းနဲ႔အတူလိုက္ခဲ့မယ္လို႔ ေျပာမလို႔"
က်န႔္ေယာင္က တခနၾကက္ေသေသသြားၿပီးမွ ျပဳံးလာတယ္။
"အဲ့လိုမွေပါ့"
႐ုန႔္ေဝကေတာ့ သူတို႔ကို သကၤာမကင္းျဖစ္ကာ :
"မင္း အသံဖိုင္ရွိတာ ေသခ်ာလို႔လား? ငါတို႔ကိုလိမ္ေခၚၿပီး ရိုက္မလို႔ေတာ့မဟုတ္ဘူးမလား? ေက်ာင္းထုတ္ခံရတဲ့ထဲက ခ်န္းေဟာင္ဆိုတဲ့ တစ္ေယာက္က မင္းတို႔လုပ္လိုက္လို႔ ေဆး႐ုံေတာင္တင္လိုက္ရတယ္လို႔ ငါၾကားတယ္....."
က်န႔္ေယာင္ : "ဘယ္ကဟာေတြ ၾကားလာတာလဲ? ငါသူ႔ကို နည္းနည္းေလးပဲ ထိုးလိုက္တာပါ၊ ေဆး႐ုံမတက္ရပါဘူး"
"......."
"ငါလုပ္လိုက္တာ"
လူအုပ္က ႐ုတ္တရက္ လမ္းဖယ္လာၿပီး ေဘာင္းဘီအိတ္ကပ္ထဲ လက္ထည့္ထားတဲ့ ရင္းဇယ္က အလယ္ေနရာကို ေလၽွာက္ဝင္လာတယ္။
"မင္းတို႔ျပန္သြားၿပီးတဲ့ေနာက္ ငါ ေျခေထာက္နဲ႔နည္းနည္း ထပ္ေကၽြးခဲ့ေသးတယ္၊ မေတာ္တဆနဲ႔ အရိုးကို ကန္မိသြားတာ"
အားလုံး ေၾကာက္လန႔္တၾကားနဲ႔ ေနာက္ဆုတ္သြားၾကတယ္။
အဲ့ဒီအခ်ိန္မွာပဲ တစ္ေယာက္က နားမလည္သလို အသံထြက္လာတယ္။
"မဟုတ္ဘူးေလ....ရင္းဇယ္က သူ႔အကိုကို မုန္းေနတာမဟုတ္ဘူးလား? ဘယ္လိုလုပ္ၿပီး သူ႔အကိုအစား ကူခ်ေပးတာလဲ?"
"ဘာလို႔ဆို သူကိုက အခ်ခံထိုက္လို႔ေပါ့"
ရင္းဇယ္က ေအးစက္ေနတဲ့ ေလသံနဲ႔ေျပာတယ္။
"ငါ့ေကာအေပၚ သူတို႔ႏွစ္ေယာက္ ဘာလုပ္ခဲ့လဲဆိုတာ မင္းတို႔ေတြ ဘာမွမသိၾကပါဘူး၊ ငါ့ေကာကေတာ့ သူတို႔ဂုဏ္သိကၡာအတြက္ ဘာေျဖရွင္းခ်က္မွ ထုတ္မထားတာကို၊ ဘယ္သူလူေကာင္း ဘယ္သူက လူဆိုးလဲ အမွုဖြင့္ရင္ မင္းတို႔ေတြသိရလိမ့္မယ္"
"အမွုဖြင့္တယ္?"
ဆုခ်ီက ေၾကာက္လန႔္သြားတယ္။
"ဘယ္လိုလုပ္ ဒီေလာက္ထိ ျဖစ္သြားရတာလဲ? အတန္းသားအခ်င္းခ်င္းၾကားက ကေတာက္ကဆေလးပဲ မဟုတ္ဘူးလား....."
"သာမန္ျပႆနာေသးေသးေလးနဲ႔ ေက်ာင္းထုတ္ခံရမယ္လို႔ မင္းက ထင္ေနတာလား?"
က်န႔္ေယာင္က မတ္တပ္ထရပ္လိုက္တယ္။
"သူတို႔ တကယ္မေကာင္းတဲ့ကိစၥတစ္ခုကို လုပ္ခဲ့တာ မင္းတို႔ ေတြးထားတာထက္ကို အမ်ားႀကီးပိုဆိုးတယ္၊ ရာဇဝတ္မွုေျမာက္တဲ့အထိပဲ၊ ခ်န္းေဟာင္က တရားခံ ထန္ရွရွကေတာ့ ႀကံရာပါပဲ၊ နစ္နာတဲ့လူက ငါ့ေကာင္ေလး ရွင္းၿပီလား?"
တျခားေက်ာင္းသားေတြမွာ အံ့ၾသလန႔္ျဖတ္ကုန္ၾကတယ္။
"ရာ...ရာဇဝတ္မွု?"
"မယုံဘူးဆိုလည္း ညေနက် သစ္ပင္တန္းဆီလာၿပီး အသံဖိုင္နားေထာင္ၾကဖို႔ ဖိတ္ေခၚတယ္၊ ၿပီးေတာ့ ရွိေသးတယ္ အရင္က ဖိုရမ္မွာ ေကာလဟာေတြျဖန႔္ခဲ့တဲ့ အဖြဲ႕ကလည္း ထန္ရွရွေထာင္ထားတာ၊ ေက်ာင္းကိုေတာ့ တိုင္ထားၿပီးၿပီ ေနာက္ရက္အနည္းငယ္ေနရင္ သူတို႔ဖ်က္ခ်ပစ္လိမ့္မယ္၊ ေနာက္ထပ္တျခား ေကာလဟာလေတြကိုလည္း သူတို႔တစ္ပါတည္းဖ်က္ပစ္မယ္ထင္တယ္"
က်န႔္ေယာင္အၾကည့္က အားလုံးရဲ့မ်က္ႏွာေတြေပၚ ျဖတ္သြားၿပီး :
"မဟုတ္တမ္းတရာေတြ မေျပာၾကဖို႔ပဲ ငါအႀကံေပးလိုက္မယ္"
ဒီအရြယ္ေက်ာင္းသားေတြရဲ့ ေန႔စဥ္အတင္းဖ်င္းစကားဝိုင္းဆိုတာက ဘယ္သူနဲ႔ဘယ္သူ ရန္ျဖစ္တယ္၊ ဘယ္သူ႔ရည္းစား ျပတ္သြားတယ္၊ ဘယ္သူကေတာ့ ဘယ္အတန္းေဖာ္ကို အနိုင္က်င့္တယ္ဆိုတာေတြထက္ မပိုေပ။ သူတို႔အသိထဲမွာ 'ရာဇဝတ္မွု'ဆိုတဲ့ စာလုံးေလးလုံးက ပထမဆုံးအႀကိမ္ေပၚလာတာေၾကာင့္ ႏွလုံးေတြရပ္တန႔္မလိုျဖစ္ၿပီး ဘာကိုမွ ထပ္ၿပီး ေပါက္တက္ကရ မျငင္းခုန္ရဲၾကေတာ့ေပ။
ဆုခ်ီနဲ႔ ႐ုန႔္ေဝသည္လည္း ထိတ္လန႔္ၿပီး အေတာ္ၾကာသည္အထိ စကားမေျပာနိုင္ျဖစ္သြားၾကတယ္။ ေနာက္ဆုံးမွ ဘာမွထပ္မေမးေတာ့ဘဲ ေက်ာင္းဆင္းမွ အသံဖိုင္လာ နားေထာင္မယ့္အေၾကာင္းသာ ေျပာၿပီး ထြက္သြားၾကတယ္။
ေဘးလူေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ကြဲျပားသြားၿပီးမွပဲ class 1ေက်ာင္းသားေတြမွာ အနည္းငယ္ စိတ္သက္သာရာရသြားၾကေတာ့တယ္။
"ေနာက္ဆုံးေတာ့လည္း အေပါက္ပိတ္ၿပီး ျပန္သြားၾကတာပါပဲ"
"သက္ေသထြက္လာမွ သူတို႔ဘာေျပာမလဲ ၾကည့္ၾကေသးတာေပါ့"
"သူတို႔အတြက္က် လြယ္လြန္းတာ၊ အနည္းဆုံးေတာ့ ေတာင္းပန္သြားသင့္တယ္ေလ!"
ရင္းခ်ယ္က မ်က္ေမွာင္ၾကဳတ္ကာ :
"ဟုတ္သားပဲ၊ အသံဖိုင္က ရဲလက္အိပ္လိုက္ၿပီမဟုတ္ဘူးလား၊ ဘယ္ကရမွာလဲ?"
က်န႔္ေယာင္က ရင္းဇယ္ရဲ့ပခုံးကို ဖက္လိုက္ၿပီး :
"ဘယ္ကမွာလဲ ငါတို႔ရဲ့အေကာင္းဆုံးတိတိေလးဆီကေပါ့၊ ရဲကိုအက်ိဳးအေၾကာင္းေျပာၿပီး ေကာ္ပီကူးခိုင္းလိုက္တာေလ၊ ဒီလိုကိစၥက် ကိုယ္သြားလို႔ သိပ္မသင့္ေတာ္ဘူးမလား၊ အပ္ခဲ့တဲ့လူက သူဆိုေတာ့"
ရင္းဇယ္ရဲ့မ်က္ႏွာမွာ တစ္ခုလုံး ေမွာင္မဲသြားတယ္။
"မင္းေမ ေသခ်င္ေနတာလား? လက္ကိုဖယ္စမ္း"
က်န႔္ေယာင္က သူ႔ေပၚကလက္ကို ဖယ္လိုက္ၿပီး ရင္းခ်ယ္ ပခုံးေပၚ သိုင္းဖက္တယ္။
"ခ်ီးလည္းခ်ီးက်ဴးရေသးတယ္၊ ၾကမ္းတမ္းလိုက္တာ၊ မင္းေကာေကာကမွ ခ်စ္စရာ"
ရင္းခ်ယ္ : "......"
ရင္းဇယ္က အကၤ်ီလက္ေတြကို လိပ္တင္လိုက္ၿပီး :
"အခု ငါမင္းကို တကယ္သတ္ေတာ့မွာ----"
တစ္ဝက္တစ္ျပက္မွာပဲ သူဟာ ေက်ာင္းသားတစ္စုဆီကေန အတားခံလိုက္ရတယ္။
ေကာက်စ္ရွုန္း : "ဘာလဲ ဘာလုပ္တာလဲ? ငါတို႔အတန္းေဖာ္ကို အနိုင္က်င့္ခ်င္တာလား?"
ဟန္မုန႔္ : "မင္းဘာျဖစ္လို႔ ႐ုတ္တရက္ႀကီး ထၿပီး ေကာေကာအေပၚ တအားေတြ ေကာင္းျပေနတာလဲ? ဘာေတြႀကံစည္ေနတာလဲ?"
ရင္းဇယ္မွာ ေဒါသထြက္လြန္းလို႔ ေပါက္ထြက္ေတာ့မလိုပဲ။
"မင္းေမ...ငါကဘာႀကံရမွာလဲ? ငါ့ေကာငါ ကာကြယ္ေပးတာ ဘာထူးဆန္းလို႔လဲ?"
ဟန္မုန႔္ : "အရင္က'ငါ့မွာမင္းလို အကိုမ်ိဳးမရွိဘူး'လို႔ တစ္ေနကုန္ေျပာေနခဲ့တာ ဘယ္သူပါလိမ့္"
ခ်န္ရင္းရင္း : "ေန႔တိုင္းလိုလို ေကာေကာကို ရန္လုပ္ေနတဲ့တစ္ေယာက္ေလ"
က်န္းခဲ့ : "အ႐ူးလိုမ်ိဳး ပတ္ရမ္းေနတာေလ"
ရင္းဇယ္ : "....."
"ေတာ္ၾကေတာ့ သူ႔ကိုမေျပာၾကနဲ႔ေတာ့၊ ဘာပဲျဖစ္ျဖစ္ ကူညီေပးထားတာပဲမလား"
က်န႔္ေယာင္က ၾကားထဲကေန ကယ္တင္ရွင္ဝင္လုပ္လိုက္တယ္။
"တိတိ ေတာ္တယ္၊ ဒီေန႔ည မင္းေကာေကာနဲ႔ စကားေျပာခြင့္ ငါးမိနစ္ေပးမယ္"
"ငါ့ဟာငါ ငါ့ေကာနဲ႔စကားေျပာတာ မင္းခြင့္ျပဳခ်က္လိုစရာလား?"
"ဒါေပါ့၊ မယုံရင္ မင္းေကာကို ေမးၾကည့္"
ရင္းခ်ယ္က သူ႔ကို မ်က္ေစာင္းထိုးၾကည့္ကာ :
"ငါ့တိနဲ႔ငါ စကားေျပာတာ မင္းခြင့္ျပဳခ်က္လိုလား?"
"...လိုတာေပါ့..လို႔မေျပာမိပါဘူး"
ရင္းဇယ္က အရမ္းကို ေပ်ာ္ရႊင္ဂုဏ္ယူသြားတယ္။ အဲ့ဒီညေရာက္ေတာ့ ရင္းခ်ယ္ကို သူ႔အခန္းဆီဆြဲေခၚသြားၿပီး အေဆာင္မီးပိတ္ခ်ိန္ေရာက္ေတာ့မွပဲ မခြဲခ်င္ခြဲခ်င္နဲ႔ ႏွုတ္ဆက္စကားေျပာေတာ့တယ္။
"ေကာ! ဝမ္အန္း!"
အခန္းအတူေနတဲ့ Class 3က ေက်ာင္းသားေလးမွာ တစ္ေလၽွာက္လုံး ေၾကာင္အက်န္ေနခဲ့ေလရဲ့။
/ငါဘယ္သူလဲ? ငါဘာလဲ? ငါဘာေတြလုပ္ေနတာလဲ? ဒါကဘယ္ေနရာလဲ?/
....
ကိုယ့္အခန္းကို ျပန္ေရာက္ေတာ့ အခန္းတံခါးက ေလာ့ခ်ထားတာ ရင္းခ်ယ္ေတြ႕လိုက္ရတယ္၊ သူတံခါးေခါက္လိုက္တယ္။
အတြင္းထဲက တုံ႔ျပန္လာတယ္။
"ဘယ္သူလဲ?"
"ငါ"
"ငါက ဘယ္သူလဲ?"
ရင္းခ်ယ္ ရယ္လိုက္မိတယ္။
"မင္းေကာင္ေလး"
က်န႔္ေယာင္က တံခါးကိုဖြင့္ေပးလာေပမယ့္ အခန္းဝမွာပိတ္ရပ္ၿပီး သူ႔ကိုေပးမဝင္ေပ။
"ငါ့ေကာင္ေလးက ျပန္လာရမွန္းေတာ့ သိေသးသားပဲေနာ္?"
"အခ်ိန္ ေမ့သြားလို႔"
"အိုး တိတိနဲ႔က် ေျပာစရာစကားေတြ ဘယ္ေလာက္ေတာင္ မ်ားေနလိုက္လဲေနာ္? ကိုယ္နဲ႔က် အျမဲတမ္း နည္းလိုက္တဲ့စကား"
"မင္းစိတ္ႀကိဳက္လုပ္ခြင့္ေပးမယ္"
က်န႔္ေယာင္က ေခါင္းငုံ႔ကာ သူ႔ကိုၾကည့္ေနၿပီး မ်က္ဝန္းေတြက နက္ေမွာင္လာတယ္။
"ထပ္ေျပာစမ္း?"
ရင္းခ်ယ္က သူ႔ကို မေၾကာက္မရြံ႕ ျပန္ၾကည့္ကာ
"မင္းသေဘာ"
"ဆိုးလိုက္တာ...."
က်န႔္ေယာင္က တစ္ခ်က္ရယ္ကာ
"ေစာင့္ၾကည့္ေနလိုက္"
ကိုယ္က ခ်က္ခ်င္းေျမာက္တက္သြားတယ္။ သူ အေပြ႕ခ်ီခံလိုက္ရတယ္။
အဲ့ဒီေနာက္ေတာ့ အိပ္ယာေပၚ ပစ္တင္ခံလိုက္ရတယ္။
ေသခ်ာတာေပါ့ အသားစားျဖစ္ေနတုန္းပင္။ ရင္းခ်ယ္ေတြးရင္းနဲ႔ သူ႔ကိုယ္ေပၚကလူ အကၤ်ီခၽြတ္လိုက္တာကို ၾကည့္လိုက္တယ္။ လူငယ္ေလးရဲ့ ေတာင့္တင္းတဲ့ႂကြက္သားေတြ ေပၚလာၿပီး alpha phetromoneေတြနဲ႔အတူ သူ႔ကိုယ္ေပၚကို ဖိကပ္က်လာတယ္။
"မင္းရဲ့လူက ဘယ္သူဆိုတာ ရွင္းရွင္းလင္းလင္းသိသြားေစရမယ္"
စကားတစ္ခြန္းကပင္ သူ႔ကိုမူးေဝမိန္းေမာသြားေစတယ္။
သူ မေနနိုင္စြာ လက္ေတြကို ဆန႔္ထုတ္ကာ alphaရဲ့ ေက်ာျပင္က်ယ္ကို သိုင္းဖက္တြယ္ကပ္ၿပီး ပူးကပ္ထားလိုက္တယ္။
"မသိဘူး၊ မင္းေျပာျပ"
ေဖေဖာ္ဝါရီလရဲ့ေနာက္ဆုံးေသာ ညတစ္ညမွာ ပူေႏြးေႏြးေလထုေတြၾကားကေန ေဆာင္းရာသီဟာ တိတ္တဆိတ္ႏွုတ္ဆက္ထြက္ခြာသြားေတာ့တယ္။
အရာအားလုံး ျပန္လည္ ရွင္သန္နိုးထလာၿပီ၊ အရာရာ တစ္ဖန္ အသက္ဝင္လာခဲ့ၿပီ...
_______