The Villain Dressed As a Litt...

Mimosa2002

90.1K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... Еще

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 7

2.1K 374 2
Mimosa2002

မအိပ်ခင်ချင်ရှောင်းခေါင်မိုးထပ်ကိုသွားချင်လာ၏။ ခေါင်မိုးထပ်တွင်မီးလင်းနေသည်။ ချင်ရှောင်းတံခါးဖွင့်ပြီးမကြာမီမှာပဲ ကြီးမားတဲ့ငါးကန်တစ်ခုက သူ့မြင်ကွင်းကိုသိမ်းပိုက်လိုက်၏။ အနက်ရောင်ရေသူလေးက ငါးကန်ထဲမှာတိတ်တဆိတ်မျောနေပြီး ကြည့်ရတာရေသူလေးအိပ်ပျော်နေပုံရသည်။

ထိုအချိန်မှပဲချင်ရှောင်း သူ့မိသားစုတွင်ရေသူလေးတစ်ကောင် တကယ်ရှိနေတာကို သေချာပေါက်ခံစားမိလိုက်၏။

ငါးကန်ဆီဖြည်းဖြည်းလေးချဥ်းကပ်သွားပြီး မသိ‌စိတ်ကအရှိန်ကိုနှေး‌စေသည်။ ထို့ကြောင့်ချင်ရှောင်းငါးကန်ရှေ့မှာရပ်လိုက်သောအခါ အိပ်ပျော်နေတဲ့ရေသူလေးကို မနှိုးမိလိုက်ပေ။ ရေထဲမှာတိတ်တိတ်ဆိတိဆိတ်လေးအိပ်ပျော်နေတဲ့ ရေသူလေးကငါးသေးသေးလေးတစ်ကောင် ရေထဲမျောနေသလိုပင်။

သူအစကချင်ရှောင်းမျက်နှာမူရာနှင့်ဘေးတိုက်ဖြစ်နေပေမယ့် အိမ်မက်မက်နေတာဖြစ်နိုင်ပြီး အိမ်မက်ထဲတွင်လှည့်သလို တဖြည်းဖြည်းလှည့်လာ၏။ ထို့ကြောင့်ဆောင်းရာသီနှင်းလို ဖြူဖွေးပြီးနူးညံ့သိမ်မွေ့သည့်မျက်နှာလေးက ချင်ရှောင်းအရှေ့သို့ ပေါ်ထွက်လာသည်။

သူ့လက်ဖဝါးနဲ့မဝေးတဲ့ရေသူလေးရဲ့ နူးညံ့တဲ့မျက်နှာလေးကိုကြည့်ပြီး ချင်ရှောင်းအသက်ရှူတာကိုနှေးလိုက်၏။ ရေသူလေးကိုနိုးသွားစေမိမှာကိုကြောက်သည်။ အဲ့ဒိမျက်နှာလေးက လူတစ်ယောက်၏လက်ဖဝါးလောက်‌တောင်မကြီးပေ။ အိပ်ပျော်နေတဲ့ရေသူလေးကိုကြည့်ရတာ အလွန်နူးညံ့ပြီးချစ်စရာကောင်း၏။ ဒါပေမဲ့ သူရေသူလေးကိုစတွေ့တုန်းက အစွယ်တွေနဲ့ခုန်ဝင်လာတဲ့မြင်ကွင်းကို ချင်ရှောင်းမမေ့ပါချေ။

အကယ်၍ရေသူလေးသာစစ်သားတစ်ယောက်ဖြစ်ပြီး ဒီလိုအစွယ်တွေထုတ်၍တိုက်ခိုက်လာရဲရင်
ချင်ရှောင်းတစ်ခါလောက်တော့ သူ့အဆင့်သူရှင်းရှင်းလင်းလင်းသိသွားအောင် သင်ပေးလိုက်မည်ကိုသံသယဖြစ်စရာမလိုပေ။

ဒါပေမဲ့ရေသူလေးကစစ်သားတစ်ယောက်မဟုတ်သလို သူ့ရဲ့စစ်သားတစ်ယောက်ကမှလည်း သူ့အားတိုက်ခိုက်ဖို့မလုပ်ရဲပေ။

ရေသူတွေကိုဝယ်တဲ့တခြားသူတွေက ရေသူတွေကိုသင်ကြားပြသတာမျိုး လုပ်ကောင်းလုပ်နိုင်ပေမယ့် ချင်ရှောင်းကတော့အဲ့လိုအတွေးမျိုးမရှိချေ။

ချင်ရှောင်းဖန်ငါးကန်ထဲပိတ်မိနေတဲ့‌ ရေသူလေးကိုမြင်စဉ်က ရေသူလေးကငါးကန်ကျဉ်းကျဉ်းလေးထဲတွင် ပိတ်မိမနေသင့်ပဲအပြာရောင်ပင်လယ်ပြင်ကျယ်မှာရှိသင့်သည်ဟု ရုတ်တရက်သူခံစားမိခဲ့သည်။

ဒါဆိုချင်ရှောင်းက ရေသူလေးကိုပြန်လွှတ်ပေးလိုက်မှာလား?

အဖြေကတော့ 'No' ပါပဲ။ ရေသူလေးကရေသူအရောင်းဆိုင်မှာပဲ ပိတ်မိနေခဲ့ပြီး အကယိ၍သူလွတ်သွားခဲ့ရင်တောင် ကိုယ့်ကိုယ်ကိုခုခံကာကွယ်နိုင်စွမ်းမရှိပါက နှစ်ရက်ကြာအောင်ပင်ရှင်သန်နိုင်မည်မ‌ဟုတ်ပေ။

ရေသူလေး၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အစွယ်တွေကသာချွန်ထက်ပုံပေါ်ပြီး လူတွေကိုသာတိုက်ခိုက်နိုင်သည်။ အခြားအစိတ်အပိုင်းများကတော့ အလွန်နူးညံ့ပြီးသေးသွယ်တဲ့ခန္ဓာကိုယ်လေးက နှင်းရုပ်လေးနဲ့ပင်တူသည်။

ချင်ရှောင်းငါးကန်မှာအချိန်ကြာကြာမနေပဲ မိနစ်အနည်းငယ်သာနေပြီးနောက် သူပြန်လှည့်၍လှေကားဆီသွားလိုက်၏။

လင်ရှီးအပေါက်ဝတွင်ပျောက်သွယ်သွားသည့် ချင်ရှောင်းကိုအေးစက်စက်လှမ်းကြည့်လိုက်၏။ သူအရမ်းအအိပ်ဆတ်သည်။ လူသားခန္ဓာကိုယ်နှင့်နှိုင်းယှဉ်ကြည့်လျှင် သူ့ရဲ့အိပ်စက်ခြင်းက ရေသူလေးဖြစ်လာပြီးနောက် အရမ်းဆတ်လာတယ်ဟု ပြော၍ရသည်။ သူ့အနားမှာနည်းနည်းလေးဆူညံရုံနဲ့တင် သူနိုးလာနိုင်၏။

ချင်ရှောင်းခေါင်မိုးထပ်သို့ တက်လာချိန်အခိုက်အတန့်မှာသူနိုးလာခြင်းဖြစ်သည်။ သူ့မျက်လုံးကိုမဖွင့်ရတဲ့အကြောင်းအရင်းက ညအချိန်အရမ်းနောက်ကျမှ ခေါင်မိုးထပ်ကိုတက်လာပြီး ချင်ရှောင်းဘာလုပ်ချင်တာလဲဆိုတာ သိချင်လို့ဖြစ်၏။

လင်ရှီးတွင်အဆိုးရွားဆုံး အကြံအစည်ရှိ၏။ အဲ့ဒီချင်ရှောင်းဆိုတာ ကြည့်တော့သာကောင်းကောင်းမွန်မွန်ဝတ်စားထားပုံရပေမယ့် တကယ်တော့လူယုတ်မာကြီး။ ဥပမာသူ့ကိုငါးကန်ထဲကထုတ်ပြီး တစ်ခုခုလုပ်ချင်နေတာမျိုးပေါ့။

ငြိမ်းချမ်းတဲ့ကာလမှာအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားတာက လင်ရှီးရဲ့ရှင်သန်ခြင်းအတွက် ပြဌာန်းထားသောဥပဒေဖြစ်သည်။

ငါးဆိုင်မှာချင်ရှောင်းအရင်တုန်းက ပြခဲ့တဲ့ကြင်နာမှုအတွက်ကြောင့်နဲ့တော့ ချင်ရှောင်းကလူကောင်းပါလို့သူချက်ချင်းကောက်ချက်ချမှာမဟုတ်ဘူး။

အဲ့ဒီလိုသာတွေးနိုင်သွားရင် လင်ရှီးကိုယ့်ရဲ့လုံခြုံရေးကို ကိုယ်တိုင်သစ္စာဖောက်သလို ဖြစ်သွားပေလိမ့်မည်။

သို့သော်ငြား ချင်ရှောင်းကဘာမှမလုပ်ပဲ ငါးကန်ရှေ့ရပ်၍ သူ့ကိုသာစိုက်ကြည့်နေခဲ့သည်။ ချင်ရှောင်းမျက်လုံးတွေကအလွန်စူးရှပြီး သူ့ခန္ဓာကိုယ်ထဲ ထိုးဖောက်သွားတော့မလိုပင်။ လင်ရှီးမျက်လုံးများမှိတ်နေရင်း ချင်ရှောင်းကသူအိပ်ပျော်ချင်ယောင်ဆောင်နေတာကို သိသွားမှာတကယ်စိုးရိမ်နေ၏။ ချင်ရှောင်း ဘာမှမဆိုပဲထွက်သွားခဲ့သည်။

တကယ်ထူးဆန်းတဲ့လူပဲ....
အဲ့တာကဒီအချိန်မှာ လင်ရှီး၏ချင်ရှောင်းအပေါ်အကဲဖြတ်ချက်ဖြစ်သည်။ လင်ရှီးအိပ်နေစဉ် ချင်ရှောင်းဘာမှမလုပ်ကတည်းက ချင်ရှောင်းအပေါ်သူ့ရဲ့နှစ်သက်မှုရာခိုင်နှုန်းတွင် အမှတ်နည်းနည်းထပ်ပေါင်းလိုက်၏။

နှစ်သက်မှုရာခိုင်နှုန်း ပွိုင့်တစ်ရာ။ အခုတော့ဆယ်ပွိုင့်တောင်မရှိသေးပေ။

ချင်ရှောင်းအပေါ်ထပ်ကိုပြန်တက်မလာတော့ကြောင်း ခန့်မှန်းပြီးတာနှင့်လင်ရှီးမျက်လုံးများကို တဖန်ပြန်မှိတ်လိုက်သည်။ အိမ်ရဲ့ပတ်ဝန်းကျင်တွင် သစ်တောစိမ်းများဝန်းရံနေပြီး အခြားအဆောက်အဦးများနှင့်လည်းဝေးသည်။ လင်ရှီးရေကန်ထဲလဲလျောင်းနေပြီး ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်နေ၏။

မကြာခင်မှာပဲလင်ရှီး အိပ်ပျော်သွားချေပြီ။ နောက်တစ်နေ့ထိအိပ်ပြီးနောက် လင်ရှီးကျယ်လောင်သည့်အသံကြောင့်နိုးလာ၏။

အဝင်တံခါးကတုန်ခါနေပုံရသည်။ လင်ရှီးမျက်လုံးဖွင့်လိုက်ပြီးနောက်ငါးကန်ထဲရှိ ရေများကပို၍တုန်ခါလာသည်။ ဟိန်းသံကဆက်ဖြစ်နေပြီး အလွန်ကျယ်လောင်၏။ ကြမ်းပြင်ကတောင်တစ်တောင်ခဲ့သို့တုန်ခါနေပြီး မကြာမီပြိုကျလုနီးပါးလှုပ်ယမ်းနေသည်။

'ဘာတွေဖြစ်နေတာလဲ?'
လင်ရှီးရေထဲမှတက်လာပြီးလှည့်ကြည့်လိုက်သည်။ သူ့ရဲ့ဖြူဖွေးသွယ်လျတဲ့ လက်လေးနှစ်ဖက်ကိုငါးကန်ဘောင်ပေါ်တွင်တင်ကာ အသံမြည်တဲ့နေရာကိုကြည့်ရန် သူ့လည်ပင်းကိုဆန့်လိုက်၏။

လင်ရှီး အိမ်ရဲ့ညာဘက်ကဥယျာဉ်တွင် ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့က ဥယျာဉ်ကိုတူးဖော်ရန် စက်ကိရိယာများကိုထိန်းချုပ်နေတာကိုမြင်လိုက်ရသည်။ ကျယ်ပြောသည့်ပန်းခြံကြီးကလည်း ဟိန်းသံနှင့်အတူတစ်ဝက်လောက်အလျင်အမြန်အတူးခံလိုက်ရ၏။ မြင့်မားတဲ့နည်းပညာနှင့်ဆောက်လုပ်ထားသော မြေတူးစက်ကြီးကတူးဖော်တာအလွန်မြန်သည်။ လင်ရှီးနိုးပြီးဆယ်စက္ကန်လောက်ပဲကြာသေးတယ် ပန်းခြံတစ်ဝက်လောက်ကအတူးခံရပြီးပြီ။

ပန်းခြံကကောင်းကောင်းရှိနေတာပဲကို ဘာလုပ်မလို့ချင်ရှောင်းက တစ်ယောက်ယောက်ကိုခေါ်ပြီးတူးခိုင်းရတာလဲ?။ ကိုယ်ပိုင်ငါးကန်အကြီးကြီးဆောက်ပေးဖို့အတွက်တော့မဟုတ်လောက်ဘူးမလား။ လင်ရှီးရုတ်တရက်အတွေးကြောင့် ကိုယ့်ကိုယ်ကိုပြန်ရယ်လိုက်၏။ ဘယ်လိုပဲကြည့်ကြည့် ချင်ရှောင်းကအဲ့လိုမျိုးတွေလုပ်တတ်တဲ့သူလို့မထင်ရဘူး။

လင်ရှီးရဲ့အမြင်အရတော့ချင်ရှောင်းအတွက်မွေးမြူခြင်းက ပန်းခြံထဲမှာရှိတဲ့ပန်းပင်တွေလိုပဲ ကိုယ့်ဟာကိုယ်ကြီးထွားပြီး‌နောက် ပျောက်ကွယ်သွားရမှာပင်။

ချင်ရှောင်းရဲ့လေးနက်ပြီးအေးစက်တဲ့မျက်နှာထားက လင်ရှီးထိုလူပြတဲ့ နူးညံ့တဲ့တစ်ဖက်ခြမ်းကို မြင်ယောင်ကြည့်၍မရပါချေ။

တွေးကြည့်ရုံနဲ့တင် လင်ရှီးတစ်ကိုယ်လုံးကြက်သီးထလာ၏။

တွင်းတူးနေတဲ့အောက်ကလူတွေကို လျစ်လျူရှုလိုက်ပြီး လင်ရှီးငါးကန်၏တစ်ဖက်ခြမ်းသို့ ပြန်ကူးသွားလိုက်သည်။

အခုကမနက်ခင်းလေ... နံနက်စာစားသင့်ပြီ။ လင်ရှီးကအလေ့အကျင့်ကောင်းရှိတဲ့လူတစ်ယောက်ပါနော်။ တစ်နေ့သုံးနပ်ပုံမှန်စားတယ်။

အချိန်ခဏလောက်စောင့်ပြီးနောက်ထိ သူ့ဆီဘယ်သူမှအစားအစာမယူလာပေးကြချေ။ လင်ရှီးမျက်တောင်ခတ်လိုက်၏။ သေချာပေါက်ချင်ရှေုင်းသူ့ကိုမေ့သွားပြီဟု ခန့်မှန်းမိလိုက်သည်။
တိုက်ရိုက်မကျစေ
ကံကောင်းထောက်မစွာနဲ့ ညကဝတ်ခဲ့တဲ့အဝတ်တွေကဘေးမှာရှိနေတုန်းပဲ။ ဘယ်သူမှသူ့ဆီအစားအသောက်တွေယူမလာပေးရင် သူ့ကိုယ်တိုင်ပဲအောက်ထပ်ဆင်းရတာပေါ့။ ငါးကန်အစွန်းကိုတက်လိုက်ပြီး လင်ရှီးသူ့အမြီးကိုအရင်ဆုံးကွေးကာ ခုန်ချလိုက်သည်။

သူ သူ့အမြီးကို ကြမ်းပြင်ပေါ်သို့တိုက်ရိုက်မကျစေချေ။ ငါးအမြှီးကအရေပြားကပျက်စီးလွယ်သည်။ လင်ရှီးအနက်ရောင်အမြီး‌ကို လူသားခြေထောက်အဖြစ်ပြောင်းလိုက်ပြီးမှ ကြမ်းပြင်ပေါ်သို့ကျသွား၏။

မနေ့ကတုန်းက သူ့ခြေထောက်နှစ်ချောင်းနဲ့အနည်းငယ်သာလမ်းလျှောက်နိုင်ပြီး အခုတော့သူကြမ်းပြင်ပေါ်မှာပို၍လျှောက်နိုင်လာပြီဖြစ်သည်။ လူတွေလောက်တော့ လမ်းလျှောက်နှုန်းမမြန်သေးပေ။

တဖြည်းဖြည်းလေ့ကျင့်ပါက လင်ရှီးလူသားတ်ယောက်လိုဖြစ်လာဖို့ သိပ်မကြာဘူးဟုယုံကြည်သည်။ မနေ့ညတုန်းကလိုပဲ သူအဝတ်အစားတွေဝတ်ပြီးခြေ‌ဗလာဖြင့် ဆင်းသွား၏။ သူ့ဆံပင်ကစိုနေပြီး ရေတွေကသူ့ရဲ့သွာ်လျလျလည်ပင်းကနေတဆင့် အင်္ကျီလည်ပင်းပေါက်ဆီသို့ တိုက်ရိုက်စီးဆင်းသွားသည်။ အင်္ကျီကစိုသွားကာ လင်ရှီးရဲ့အသားနှင့်ကပ်ပြီးအလွန်ပါးလျနေ၏။

လှေကားကနေတစ်လမ်းလုံးလျှောက်ပြီးနောက် လင်ရှီးအထပ််တစ်ထပ်သို့ရောက်သောအခါ သူ့ခြေထောက်များဆီကမသက်မသာခံစားလိုက်ရသည်။ အိမ်ကြီးထဲမှာတစ်ယောက်မှမရှိပေ။ တူးဖော်ရေးအဖွဲ့ကတော့ခြံထဲတွင်အလုပ်လုပ်နေ၏။

လင်ရှီးလှေကားအဝင်ဝတွင်ရပ်၍ ချောမွေ့နေသည့်လှေကားလက်ရန်းကို စိုက်ကြည့်လိုက်သည်။ သူတစ်ခုခကိုတွေးပြီးနောက် တစ်ခဏမှာပဲလက်ရန်းပေါ်သို့ခုန်တက်လိုက်၏။ ထို့နောက်ကျန်တဲ့အထပ်ကို လင်ရှီးလက်ရန်းကနေ လျှောဆင်းလိုက်သည်။

သူပထမထပ်ဧည့်ခန်းသို့ရောက်တဲ့အခါ စားပွဲကရှင်းလင်းနေပြီး မည်သည့်အစားအစာမှလည်းတင်မထားပေ။ လင်ရှီးမီးဖိုချောင်သို့သွားပြီး စူးစမ်းလိုက်၏။ မီးဖိုချောင်သုံးပစ္စည်းတွေက အစုံအလင်ရှိပေမယ့် အရေးအကြီးဆုံးအစားအသောက်တွေကလုံးဝရှိမနေဘူး...။

လင်ရှီး၏မျက်နှာသေးသေးလေးက မျှော်လင့်ချက်အပြည့်နဲ့ဖြစ်ပေမဲ့ မျက်စိတစ်မှိတ်အတွင်း စိတပျက်သွားပြီး မကျေမနပ်ဖြစ်သွားသည်။ မီးဖိုချောင်ထဲမှထွက်ကာ လင်ရှီးထောင့်စွန်းရဲ့တစ်ဖက်မှာရှိတဲ့ ငါးစာဆီသို့ဦးတည်လျှောက်သွားလိုက်သည်။

လင်ရှီးငါးစာပါတဲ့အိတ်အရှေ့တွင် ဆောင့်ကြောင့်ကလေးထိုင်လိုက်၏။ အကယ်၍မနေ့ညကသာ ဒီကမ္ဘာပေါ်ကအစားအစာတွေကို မစားဖြစ်ခဲ့ရင်သူငါးစာကိုစားချင်စိတ် ရှိပေလိမ့်မည်။ ဒါပေမယ့်အရသာရှိတဲ့အစားစာတွေကို စားပြီးနောက်အခုတော့သူ ဒီငါးစာတွေကိုကြည့်ပြီး လွှင့်ပစ်ချင်နေမိပြီ။

ငါးစာထည့်ထားတဲ့အထုပ်ကိုယူလိုက်ကာ လင်ရှီးအိတ်ကိုဖွင့်၍ လက်တစ်ဆုပ်နှင့်အပြည့်ယူလိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။

နှစ်ချက်မျှဝါးပြီးနောက် လင်ရှီး၏မျက်နှာအရောင်ပြောင်းသွားကာ သန့်စင်ခန်းသို့ကမန်းကတမ်းအမြန်ပြေးလေ၏။ သန့်စင်ခန်းထဲ၌ လင်ရှီးစားထားသမျှငါးစာအားလုံး အန်ထုတ်ပစ်လိုက်သည်။

အနည်းငယ်မောပန်းသွားပြီး လင်ရှီးလက်ဆေးဘေစင်အရှေ့လျှောက်သွားကာ ရေအလုတ်အနည်းငယ်ငုံလိုက်ပြီး ပါးလုပ်ကျင်းကာသန့်စင်လိုက်၏။ သူ ‌သူ့အရှေ့ကမှန်ကိုကြည့်လိုက်သည်။

သူမှန်ထဲကရင်းနှီးနေတဲ့မျက်နှာကို မျက်မှောင်ကြုတ်၍ကြည့်လိုက်ပြီး မှန်ထဲကလူကလည်းသူ့ကို မျက်မှောင်ပြန်ကြုတ်ပြလေသည်။ သို့ပေမယ့်ဒီမျက်နှာက လင်ရှီးရဲ့မကူးပြောင်းလာခင်က ခန့်ညားချောမောတဲ့မျက်နှာနှင့်ကွာခြား၏။ ဒီမျက်နှာအတွက်သုံးနိုင်တဲ့နာမဝိသေသနက ကြံ့ခိုင်မှုမရှိနိုင်ဟုပဲဖြစ်သည်။

လက်ချောင်းများနှင့်ပါးပြင်ကိုပုတ်လိုက်ပြီး မမျှော်လင့်ပဲခံစားရတာမဆိုးပေ။ လူတွေကရေသူတွေကိုနှစ်သက်ကြပြီး ဈေးနှုန်းမြင့်လည်းပဲ အိမ်သို့ဝယ်ဖို့ဆန္ဒရှိကြသည့်စိတ်ကူးကို လင်ရှီးနားလည်နိုင်သွား၏။ သူတို့ကအလှမွေးငါးတွေလို ငါးကန်ထဲပဲနေရင်တောင် အဲ့တာကမျက်လုံးထဲတွင်ကျေနပ်စရာပင်။

ဒါ့အပြင်ရေသူများသည် အလှမွေးငါးတွေလောက်မရိုးရှင်းပေ။ အကယ်၍ငါးအမြှီးကနေလူအဖြစ်မပြောင်းနိုင်ဘူးဆိုလျှင် အလှမွေးငါးတွေလိုပင်။ ကံ‌မကောင်းစွာနဲ့ ငါးအမြီးကလူခြေထောက်ပြောင်းနိုင်ခဲ့မယ်ဆိုလျှင် လူတွေကရေသူတွေကိုဝယ်သွားပြီး အိမ်ပြန်သောအခါကြိုးပမ်းမှုအများစုက အိမ်မွေးpetလိုအပြင် အိပ်ယာထဲကကစားစရာကဲ့သို့ပါဖြစ်လာကြမည်ဖြစ်သည်။ အိမ်မွေးpetပဲဖြစ်ဖြစ် ကစားစရာပဲဖြစ်ဖြစ် လင်ရှီးတစ်ခုမှမဖြစ်ချင်ဘူး။

သန့်စင်ခန်းထဲမှထွက်ပြီးနောက် လင်ရှီးအိမ်တစ်ဝိုက်ပတ်ပတ်လည်ကြည့်လိုက်ပြီး တံခါးဆီတည့်တည့်သွားလိုက်၏။ ပထမကသူမျှော်လင့်ချက်အများကြီးမထားထားပေ။ သူတံခါးကိုမဖွင့်သင့်ဘူးလို့ ခံစားရပေမယ့်ဘယ်သူသိမှာလဲ သူတံခါးကိုကိုင်ပြီး ပေါ့ပေါ့ပါးပါးလှည့်လိုက်တာနဲ့ တံခါးကပွင့်သွားလိမ့်မယ်လို့။

တံခါးမှာအစောင့်တစ်ယောက်မှမရှိပေ။ လင်ရှီးနှုတ်ခမ်းထောင့်တွေတွန့်ချိုးသွား၏။ ဒီအချိန်မှာထွက်ပြေးရင် အရမ်းလွယ်ကူသွားမှာမဟုတ်ဘူးလား...။ ထိုကဲ့သို့တွေးလိုက်ပြီးနောက် သူ့ခေါင်းကိုခါကာပြုံးလိုက်သည်။

တံခါးကနေထွက်လိုက်ပြီးနောက် အပြင်ဘက်တံတိုင်းရှိသံဂိတ်တံခါးတွင်သော့ခတ်ထားသည်။ ဒီတံခါးက ဖွင့်ဖို့မလွယ်ဘူးဆိုတာကို လင်ရှီးသိအောင်သွားပြီးသင်ပေးဖို့မလိုပါချေ။

ဆောက်လုပ်ရေးအဖွဲ့က ဥယျာဉ်ထဲတွင်အလုပ်လုပ်နေကြပြီးလင်ရှီးထွက်သွားတာကိုတစ်ယောက်မှသတိမပြုမိလိုက်ပေ။ ဒါပေမယ့် လင်ရှီးပြန်လှည့်လာပြီး ဥယျာဉ်ဘက်ကိုလျှောက်လာတဲ့အခါတွင်မှ တဖက်တွင်အလုပ်ကိုကြီးကြပ်နေသည့် ဖက်ဒရယ်စစ်ဝတ်စုံနှင့် တပ်သားကမျက်လုံးထောင့်မှ သေးငယ်တဲ့ပုံရိပ်လွှာလေးကိုဖမ်းမိလိုက်၏။ ထိုစစ်သားကအခုမှဒီကိုလာတဲ့ အခြားတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ပထမတော့လင်ရှီးအကြောင်းကိုမသိပေ။ သူလှည့်ကြည့်လိုက်တော့ လင်ရှီး၏နှစ်သက်ဖွယ်ကောင်းတဲ့ မျက်နှာလေးကိုမြင်တဲ့အခါ ငတုံးတစ်ယောက်လိုစိုက်ကြည့်နေမိ၏။

သို့ပေမယ့်စက္ကန့်အနည်းငယ်ကုန်လွန်ပြီးနောက် ထိုစစ်သားကလင်ရှီးရဲ့အဝတ်အစားတွေချောင်နေတာကိုသတိထားမိပြီး သူတစ်ချက်ကြည့်ရုံနဲ့ လင်ရှီး၏ဆိုဒ်မဟုတ်တာကိုသိသွားသည်။ ဖွင့်ထားတဲ့တံခါးနဲ့ပေါင်းစပ်ကြည့်ပြီးနောက် ထိုစစ်သားက လင်ရှီး၏အထောက်အထားကိုတစ်ခဏအတွင်း ခန့်မှန်းနိုင်သွား၏။

ထိုစစ်သားကသူ့အမူအရာကိုပြန်ထိန်းလိုက်ပြီး ချက်ချင်းပင်လေးစားသည့်အမူအရာဖြစ်လာ၏။ သူ လင်ရှီးထံအလောတကြီးလျှောက်လာပြီး လင်ရှီး၏ အဝတ်အစားအပြင်ဘက်ရှိ ကျောက်စိမ်းလိုဖြူဖွေးတောက်ပနေသည့်အသားအရည် ပေါ်နေတာကိုတွေ့သွားသည်။ ကြည့်ရတာလေပြင်းတွေက အလှလေးကိုဖြတ်တိုက်သွားပုံရသည်။ စစ်သားကအရမ်းကြီးအနားမကပ်ရဲတော့ချေ။

တစ်ယောက်နှင့်တစ်ယောက်ခပ်ခွါခွါအနေအထားကနေတောင် လင်ရှီးရဲ့မျက်နှာလေးကိုရှင်းရှင်းလင်းလင်းမြင်နိုင်၏။ အပြစ်ကင်းစင်တဲ့မျက်နှာလေးက နူးညံ့သိမ်မွေ့တဲ့လက္ခဏာရပ်တွေနှင့်အတူ အနက်ရောင်ဖန်တုံးလိုမျက်လုံးလေးအစုံထဲတွင် တောက်လောင်နေသည့်မီးတောက်အစုအဝေးလေးရှိနေသလိုပင်။

ထိုမီးတောက်လေးကအလျင်အမြန် ထိုစစ်သားထံရောက်ရှိသွားပြီး တဖိန်းဖိန်းတရှိန်းရှိန်းနဲ့ခုန်နေသည့်နှလုံးသားကိုသာခံစားနိုင်တော့သည်။ သူတစ်ခါမှဒီလိုနတ်သားလေးကဲ့သို့ လှပသည့်သူကိုမတွေ့ဖူးပေ။

သူ့ပါးစပ်ကိုဖွင့်ပြီး လင်ရှီးကိုဘာလိုချင်လို့လဲဟုမေးလိုက်ချင်ပေမယ့် ရုတ်တရက်သူ့အသံမထွက်နိုင်တော့ပါချေ။ အဘယ့်ကြောင့်ဆိုသော် သူ့ရှေ့က‌နတ်သားလေး သူ့ကြောင့်ကြောက်လန့်သွားမှာကို စိုးရိမ်၍ဖြစ်သည်။

"နံနက်စာရှိလား?" လင်ရှီးသူ့ကိုစွဲလမ်းနေတဲ့အကြည့်နဲ့ စိုက်ကြည့်နေသည့်စစ်သားကိုကြည့်လိုက်ပြီးနောက် အသံရောမျက်နှာပါချက်ချင်းအေးစက်သွားသည်။

စစ်သားကအရူးလိုပဲ တုံ့ပြန်မှုမရှိပေ။

"ကျွန်တော်ဗိုက်ဆာနေပြီ" လင်ရှီးထပ်‌ပြောလိုက်၏။

ထိုအခါမှပဲစစ်သားက လင်ရှီးပြောတာကိုရှင်းရှင်းလင်းလင်းကြားသွားပြီး
"မင်း‌ ဗိုက်ဆာနေတာလား"ဟု ပြန်မေးလာသည်။

"ဟုတ်တယ်၊ သူထွက်သွားတုန်းက ကျွန်တော့်ကိုမနက်စာစားဖို့မပေးပဲထွက်သွားတယ်" လင်ရှီးမကျေမနပ်ကြည့်လိုက်သည်။

"သူ? " စစ်သားကပထမတော့ဇဝေဇဝါဖြစ်သွားပြီး ချက်ချင်းလင်ရှီးပါးစပ်ကပြောတဲ့ သူ ဆိုတယကိုနားလည်သွား၏။

"ဒါဆို မင်းဘာစားချင်တာလဲ"

လင်ရှီးက ခေါင်းဆောင်ချင်ရှောင်းရဲ့ လူဆိုတာသိသာသည်။ အခုလင်ရှီးကသူဗိုက်ဆာတယ်လို့ ပြောလာတာကြောင့် စစ်သားကချက်ချင်းစိတ်အားထက်သန်စွာမေးလိုက်သည်။

"သာမန်လူတွေရဲ့မနက်စာပါပဲ" ငါးစာမဟုတ်သရွေ့ အဆင်ပြေသည်။ လင်ရှးသိ‌ပ်အများကြီးပြောစရာမရှိပေ။

သာမန်လူတွေရဲ့နံနက်စာ? ထိုစကားက်ိုကြားရပြီး သူ(စစ်သား)တစ်နေရာရာမျာထူးဆန်းတာကိုခံစားလိုက်ရ၏။ ဒါပေမယ့်ဘာလဲဆိုတာတော့ သူများများစားစားမမေးလိုက်ပါချေ။ စစ်သားကဦးတည်ဘက်ပြောင်းလဲလိုက်ပြီး လင်ရှီးအတွက်နံနက်စာသွားမှာလိုက်သည်။

အော်ဒါမှာပြီးနောက်စစ်သားက အရင်ဆုံးခေါင်းဆောင်ကိုအခြေအနေတင်ပြရမည်အားသတိရသွား၏။ သူကချင်ရှောင်းဆီတိုက်ရိုက်ဆက်သွယ်လို့မရ၍ ဆက်သွယ်လို့ရသည့် ချင်ရှောင်းဘေးကသက်တော်စောင့်ထံချက်ချင်းဆက်သွယ်လိုက်သည်။ နောက်ဆုံးတော့ ချင်ရှောင်း၏အထောက်အထားသည်ထိုနေရာတွင်ရှိနေပြီး သူ(ချင်ရှောင်း)သည်အဲ့ဒီစစ်ဌာနချုပ်၏ အရာရှိဖြစ်သည်။

သက်တော်စောင့်တွေထံသတင်းပို့ပြီး ခဏအကြာတွင်မှ ချင်ရှောင်းထံမှအကြောင်းပြန်ချက်ကို ရမည်ဖြစ်သည်။ သူကခွင့်ပြုချက်မရှိပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်လုပ်လိုက်မိတာကြောင့် ချွေးအေးများပျံနေ၏။

ထိုစစ်သားက လင်ရှီးကိုပြန်လှည့်ကြည့်လိုက်ပြီးရုတ်တရက်သူ(လင်ရှီး)ဖိနပ်မစီးထားတာကို သတိပြုမိလိုက်ကာ ချက်ချင်းလင်ရှီးက်ိုသတိပေးလိုက်သည်။

လင်ရှီးသူ့ခြေထောက်ကိုငုံ့ကြည့်လိုက်ပြီး
"ကျွန်တော်က ခင်များတို့လိုလူသားမဟုတ်ဘူး၊ ကျွန်တော်ဖိနပ်စီးရတာမကြိုက်ဘူး"

သူတို့လိုလူသားမဟုတ်ဘူး? မဖြစ်နိုင်တာ! အလှလေးကလူမဟုတ်ဘူး!!

စစ်သားကတအံ့တဩဖြစ်သွား၏။ သူအတော်ထိတ်လန့်သွားပြီး ခဏလောက်ဘာစကားမှမပြောနိုင်ပေ။

လင်ရှီးတူးဖော်ခံနေရသည့် ဥယျာဉ်အတွင်းဘက်ကို ဦးတည်ပြီးလျှောက်သွားလိုက်၏။ မူလကသန့်ရှင်းပြီးသပ်ရပ်နေတဲ့မြေပြင်က ကျောက်စရစ်ခဲတွေကျနေကာ အလွန်ညစ်ပတ်နေ၏။ လင်ရှီးခြေဗလာနှင့်ပင် ဆက်လျှောက်သွားလိုက်သည်။

စစ်သားကစက္ကန့်အနည်းငယ်လောက်ကြောင်နေပြီး အမြန်လိုက်သွားလိုက်၏။ အခုလေးတင်စစ်သားက လင်ရှီး၏အထောက်အထားကိုခန့်မှန်းမိလိုက်သည်။ လင်ရှီး၏ပုံမှန်ထက်နှေးတဲ့လမ်းလျှောက်နှုန်းရယ် ပန်းတွေထက်လှတဲ့မျက်နှာလေးရယ်ကြောင့် လင်ရှီးက‌ရေသူလေးဆိုတာခန့်မှန်းရလွယ်သွားသည်။

စစ်သားကလင်ရှီးကိုရပ်တန့်စေလိုက်ပြီး လင်ရှီးလမ်းဆက်လျှောက်တာကိုတားဆီးလိုက်၏။ လင်ရှီးသေချာပေါက်လျှောက်ကြည့်ချင်ရုံသာဖြစ်သည်။ ဘယ်လိုပြောရမလဲ သူငါးကန်တစ်ကန်ထဲမှာတစ်လကျော်လောက် ပိတ်မိနေခဲ့ပြီးအခုထွက်လာနိုင်ခဲ့ကာ လမ်းလဲလျှောက်နိုင်သေးတာကြောင့် လင်ရှီးလမ်းများများလျှောက်ချင်တယသာဖြစ်သည်။

"ကျေးဇူးပြုပြီးအရှေ့ကိုမသွားပါနဲ့၊ အရှေ့မှာအခုဆောက်လုပ်ရေးရှိနေပြီး သိပ်မလုံခြုံပါဘူး" စစ်သားကလင်ရှီးကိုတားဆီးလိုက်၏။

လင်ရှီးရပ်လိုက်ပြီး သူ့ရဲ့ဆီးနှင်းဖြူရောင်မျက်နှာလေးကိုစစ်သားဘက်လှည့်လိုက်သည်။ သူ့မျက်နှာကအေးစက်နေပေမယ့် စစ်သားကိုကျဆုံးအောင်လှည့်စားတတ်တဲ့‌ ဆွဲဆောင်မှုရှိတဲ့မျက်နှာလှလှလေးနဲ့ အလွန်နီးကပ်နေတာကြောင့်သူ(စစ်သား) အလွန်သတိထားပြီးဂရုတစိုက်နဲ့ပြောလိုက်၏။

" သူတို့ကဘာလုပ်နေတာလဲ? "လင်ရှီးသိချင်စိတ်နဲ့မေးလိုက်သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#14.9.2022

~~Zawgyi~~

မအိပ္ခင္ခ်င္ေရွာင္းေခါင္မိုးထပ္ကိုသြားခ်င္လာ၏။ ေခါင္မိုးထပ္တြင္မီးလင္းေနသည္။ ခ်င္ေရွာင္းတံခါးဖြင့္ၿပီးမၾကာမီမွာပဲ ႀကီးမားတဲ့ငါးကန္တစ္ခုက သူ႕ျမင္ကြင္းကိုသိမ္းပိုက္လိုက္၏။ အနက္ေရာင္ေရသူေလးက ငါးကန္ထဲမွာတိတ္တဆိတ္ေမ်ာေနၿပီး ၾကည့္ရတာေရသူေလးအိပ္ေပ်ာ္ေနပုံရသည္။

ထိုအခ်ိန္မွပဲခ်င္ေရွာင္း သူ႕မိသားစုတြင္ေရသူေလးတစ္ေကာင္ တကယ္ရွိေနတာကို ေသခ်ာေပါက္ခံစားမိလိုက္၏။

ငါးကန္ဆီျဖည္းျဖည္းေလးခ်ဥ္းကပ္သြားၿပီး မသိစိတ္ကအရွိန္ကိုႏွေးေစသည္။ ထို႔ေၾကာင့္ခ်င္ေရွာင္းငါးကန္ေရွ႕မွာရပ္လိုက္ေသာအခါ အိပ္ေပ်ာ္ေနတဲ့ေရသူေလးကို မႏွိုးမိလိုက္ေပ။ ေရထဲမွာတိတ္တိတ္ဆိတိဆိတ္ေလးအိပ္ေပ်ာ္ေနတဲ့ ေရသူေလးကငါးေသးေသးေလးတစ္ေကာင္ ေရထဲေမ်ာေနသလိုပင္။

သူအစကခ်င္ေရွာင္းမ်က္ႏွာမူရာႏွင့္ေဘးတိုက္ျဖစ္ေနေပမယ့္ အိမ္မက္မက္ေနတာျဖစ္နိုင္ၿပီး အိမ္မက္ထဲတြင္လွည့္သလို တျဖည္းျဖည္းလွည့္လာ၏။ ထို႔ေၾကာင့္ေဆာင္းရာသီႏွင္းလို ျဖဴေဖြးၿပီးႏူးညံ့သိမ္ေမြ႕သည့္မ်က္ႏွာေလးက ခ်င္ေရွာင္းအေရွ႕သို႔ ေပၚထြက္လာသည္။

သူ႕လက္ဖဝါးနဲ႕မေဝးတဲ့ေရသူေလးရဲ႕ ႏူးညံ့တဲ့မ်က္ႏွာေလးကိုၾကည့္ၿပီး ခ်င္ေရွာင္းအသက္ရႉတာကိုႏွေးလိုက္၏။ ေရသူေလးကိုနိုးသြားေစမိမွာကိုေၾကာက္သည္။ အဲ့ဒိမ်က္ႏွာေလးက လူတစ္ေယာက္၏လက္ဖဝါးေလာက္ေတာင္မႀကီးေပ။ အိပ္ေပ်ာ္ေနတဲ့ေရသူေလးကိုၾကည့္ရတာ အလြန္ႏူးညံ့ၿပီးခ်စ္စရာေကာင္း၏။ ဒါေပမဲ့ သူေရသူေလးကိုစေတြ႕တုန္းက အစြယ္ေတြနဲ႕ခုန္ဝင္လာတဲ့ျမင္ကြင္းကို ခ်င္ေရွာင္းမေမ့ပါေခ်။

အကယ္၍ေရသူေလးသာစစ္သားတစ္ေယာက္ျဖစ္ၿပီး ဒီလိုအစြယ္ေတြထုတ္၍တိုက္ခိုက္လာရဲရင္
ခ်င္ေရွာင္းတစ္ခါေလာက္ေတာ့ သူ႕အဆင့္သူရွင္းရွင္းလင္းလင္းသိသြားေအာင္ သင္ေပးလိုက္မည္ကိုသံသယျဖစ္စရာမလိုေပ။

ဒါေပမဲ့ေရသူေလးကစစ္သားတစ္ေယာက္မဟုတ္သလို သူ႕ရဲ႕စစ္သားတစ္ေယာက္ကမွလည္း သူ႕အားတိုက္ခိုက္ဖို႔မလုပ္ရဲေပ။

ေရသူေတြကိုဝယ္တဲ့တျခားသူေတြက ေရသူေတြကိုသင္ၾကားျပသတာမ်ိဳး လုပ္ေကာင္းလုပ္နိုင္ေပမယ့္ ခ်င္ေရွာင္းကေတာ့အဲ့လိုအေတြးမ်ိဳးမရွိေခ်။

ခ်င္ေရွာင္းဖန္ငါးကန္ထဲပိတ္မိေနတဲ့ ေရသူေလးကိုျမင္စဥ္က ေရသူေလးကငါးကန္က်ဥ္းက်ဥ္းေလးထဲတြင္ ပိတ္မိမေနသင့္ပဲအျပာေရာင္ပင္လယ္ျပင္က်ယ္မွာရွိသင့္သည္ဟု ႐ုတ္တရက္သူခံစားမိခဲ့သည္။

ဒါဆိုခ်င္ေရွာင္းက ေရသူေလးကိုျပန္လႊတ္ေပးလိုက္မွာလား?

အေျဖကေတာ့ 'No' ပါပဲ။ ေရသူေလးကေရသူအေရာင္းဆိုင္မွာပဲ ပိတ္မိေနခဲ့ၿပီး အကယိ၍သူလြတ္သြားခဲ့ရင္ေတာင္ ကိုယ့္ကိုယ္ကိုခုခံကာကြယ္နိုင္စြမ္းမရွိပါက ႏွစ္ရက္ၾကာေအာင္ပင္ရွင္သန္နိုင္မည္မဟုတ္ေပ။

ေရသူေလး၏ခႏၶာကိုယ္တစ္ခုလုံးမွာ အစြယ္ေတြကသာခြၽန္ထက္ပုံေပၚၿပီး လူေတြကိုသာတိုက္ခိုက္နိုင္သည္။ အျခားအစိတ္အပိုင္းမ်ားကေတာ့ အလြန္ႏူးညံ့ၿပီးေသးသြယ္တဲ့ခႏၶာကိုယ္ေလးက ႏွင္း႐ုပ္ေလးနဲ႕ပင္တူသည္။

ခ်င္ေရွာင္းငါးကန္မွာအခ်ိန္ၾကာၾကာမေနပဲ မိနစ္အနည္းငယ္သာေနၿပီးေနာက္ သူျပန္လွည့္၍ေလွကားဆီသြားလိုက္၏။

လင္ရွီးအေပါက္ဝတြင္ေပ်ာက္သြယ္သြားသည့္ ခ်င္ေရွာင္းကိုေအးစက္စက္လွမ္းၾကည့္လိုက္၏။ သူအရမ္းအအိပ္ဆတ္သည္။ လူသားခႏၶာကိုယ္ႏွင့္ႏွိုင္းယွဥ္ၾကည့္လွ်င္ သူ႕ရဲ႕အိပ္စက္ျခင္းက ေရသူေလးျဖစ္လာၿပီးေနာက္ အရမ္းဆတ္လာတယ္ဟု ေျပာ၍ရသည္။ သူ႕အနားမွာနည္းနည္းေလးဆူညံ႐ုံနဲ႕တင္ သူနိုးလာနိုင္၏။

ခ်င္ေရွာင္းေခါင္မိုးထပ္သို႔ တက္လာခ်ိန္အခိုက္အတန႔္မွာသူနိုးလာျခင္းျဖစ္သည္။ သူ႕မ်က္လုံးကိုမဖြင့္ရတဲ့အေၾကာင္းအရင္းက ညအခ်ိန္အရမ္းေနာက္က်မွ ေခါင္မိုးထပ္ကိုတက္လာၿပီး ခ်င္ေရွာင္းဘာလုပ္ခ်င္တာလဲဆိုတာ သိခ်င္လို႔ျဖစ္၏။

လင္ရွီးတြင္အဆိုး႐ြားဆုံး အႀကံအစည္ရွိ၏။ အဲ့ဒီခ်င္ေရွာင္းဆိုတာ ၾကည့္ေတာ့သာေကာင္းေကာင္းမြန္မြန္ဝတ္စားထားပုံရေပမယ့္ တကယ္ေတာ့လူယုတ္မာႀကီး။ ဥပမာသူ႕ကိုငါးကန္ထဲကထုတ္ၿပီး တစ္ခုခုလုပ္ခ်င္ေနတာမ်ိဳးေပါ့။

ၿငိမ္းခ်မ္းတဲ့ကာလမွာအႏၱရာယ္အတြက္ ႀကိဳတင္ျပင္ဆင္ထားတာက လင္ရွီးရဲ႕ရွင္သန္ျခင္းအတြက္ ျပဌာန္းထားေသာဥပေဒျဖစ္သည္။

ငါးဆိုင္မွာခ်င္ေရွာင္းအရင္တုန္းက ျပခဲ့တဲ့ၾကင္နာမႈအတြက္ေၾကာင့္နဲ႕ေတာ့ ခ်င္ေရွာင္းကလူေကာင္းပါလို႔သူခ်က္ခ်င္းေကာက္ခ်က္ခ်မွာမဟုတ္ဘူး။

အဲ့ဒီလိုသာေတြးနိုင္သြားရင္ လင္ရွီးကိုယ့္ရဲ႕လုံၿခဳံေရးကို ကိုယ္တိုင္သစၥာေဖာက္သလို ျဖစ္သြားေပလိမ့္မည္။

သို႔ေသာ္ျငား ခ်င္ေရွာင္းကဘာမွမလုပ္ပဲ ငါးကန္ေရွ႕ရပ္၍ သူ႕ကိုသာစိုက္ၾကည့္ေနခဲ့သည္။ ခ်င္ေရွာင္းမ်က္လုံးေတြကအလြန္စူးရွၿပီး သူ႕ခႏၶာကိုယ္ထဲ ထိုးေဖာက္သြားေတာ့မလိုပင္။ လင္ရွီးမ်က္လုံးမ်ားမွိတ္ေနရင္း ခ်င္ေရွာင္းကသူအိပ္ေပ်ာ္ခ်င္ေယာင္ေဆာင္ေနတာကို သိသြားမွာတကယ္စိုးရိမ္ေန၏။ ခ်င္ေရွာင္း ဘာမွမဆိုပဲထြက္သြားခဲ့သည္။

တကယ္ထူးဆန္းတဲ့လူပဲ....
အဲ့တာကဒီအခ်ိန္မွာ လင္ရွီး၏ခ်င္ေရွာင္းအေပၚအကဲျဖတ္ခ်က္ျဖစ္သည္။ လင္ရွီးအိပ္ေနစဥ္ ခ်င္ေရွာင္းဘာမွမလုပ္ကတည္းက ခ်င္ေရွာင္းအေပၚသူ႕ရဲ႕ႏွစ္သက္မႈရာခိုင္ႏႈန္းတြင္ အမွတ္နည္းနည္းထပ္ေပါင္းလိုက္၏။

ႏွစ္သက္မႈရာခိုင္ႏႈန္း ပြိုင့္တစ္ရာ။ အခုေတာ့ဆယ္ပြိုင့္ေတာင္မရွိေသးေပ။

ခ်င္ေရွာင္းအေပၚထပ္ကိုျပန္တက္မလာေတာ့ေၾကာင္း ခန႔္မွန္းၿပီးတာႏွင့္လင္ရွီးမ်က္လုံးမ်ားကို တဖန္ျပန္မွိတ္လိုက္သည္။ အိမ္ရဲ႕ပတ္ဝန္းက်င္တြင္ သစ္ေတာစိမ္းမ်ားဝန္းရံေနၿပီး အျခားအေဆာက္အဦးမ်ားႏွင့္လည္းေဝးသည္။ လင္ရွီးေရကန္ထဲလဲေလ်ာင္းေနၿပီး ပတ္ဝန္းက်င္ကလည္းတိတ္ဆိတ္ေန၏။

မၾကာခင္မွာပဲလင္ရွီး အိပ္ေပ်ာ္သြားေခ်ၿပီ။ ေနာက္တစ္ေန႕ထိအိပ္ၿပီးေနာက္ လင္ရွီးက်ယ္ေလာင္သည့္အသံေၾကာင့္နိုးလာ၏။

အဝင္တံခါးကတုန္ခါေနပုံရသည္။ လင္ရွီးမ်က္လုံးဖြင့္လိုက္ၿပီးေနာက္ငါးကန္ထဲရွိ ေရမ်ားကပို၍တုန္ခါလာသည္။ ဟိန္းသံကဆက္ျဖစ္ေနၿပီး အလြန္က်ယ္ေလာင္၏။ ၾကမ္းျပင္ကေတာင္တစ္ေတာင္ခဲ့သို႔တုန္ခါေနၿပီး မၾကာမီၿပိဳက်လဳနီးပါးလႈပ္ယမ္းေနသည္။

'ဘာေတြျဖစ္ေနတာလဲ?'
လင္ရွီးေရထဲမွတက္လာၿပီးလွည့္ၾကည့္လိုက္သည္။ သူ႕ရဲ႕ျဖဴေဖြးသြယ္လ်တဲ့ လက္ေလးႏွစ္ဖက္ကိုငါးကန္ေဘာင္ေပၚတြင္တင္ကာ အသံျမည္တဲ့ေနရာကိုၾကည့္ရန္ သူ႕လည္ပင္းကိုဆန႔္လိုက္၏။

လင္ရွီး အိမ္ရဲ႕ညာဘက္ကဥယ်ာဥ္တြင္ ေဆာက္လုပ္ေရးအဖြဲ႕တစ္ဖြဲ႕က ဥယ်ာဥ္ကိုတူးေဖာ္ရန္ စက္ကိရိယာမ်ားကိုထိန္းခ်ဳပ္ေနတာကိုျမင္လိုက္ရသည္။ က်ယ္ေျပာသည့္ပန္းၿခံႀကီးကလည္း ဟိန္းသံႏွင့္အတူတစ္ဝက္ေလာက္အလ်င္အျမန္အတူးခံလိုက္ရ၏။ ျမင့္မားတဲ့နည္းပညာႏွင့္ေဆာက္လုပ္ထားေသာ ေျမတူးစက္ႀကီးကတူးေဖာ္တာအလြန္ျမန္သည္။ လင္ရွီးနိုးၿပီးဆယ္စကၠန္ေလာက္ပဲၾကာေသးတယ္ ပန္းၿခံတစ္ဝက္ေလာက္ကအတူးခံရၿပီးၿပီ။

ပန္းၿခံကေကာင္းေကာင္းရွိေနတာပဲကို ဘာလုပ္မလို႔ခ်င္ေရွာင္းက တစ္ေယာက္ေယာက္ကိုေခၚၿပီးတူးခိုင္းရတာလဲ?။ ကိုယ္ပိုင္ငါးကန္အႀကီးႀကီးေဆာက္ေပးဖို႔အတြက္ေတာ့မဟုတ္ေလာက္ဘူးမလား။ လင္ရွီး႐ုတ္တရက္အေတြးေၾကာင့္ ကိုယ့္ကိုယ္ကိုျပန္ရယ္လိုက္၏။ ဘယ္လိုပဲၾကည့္ၾကည့္ ခ်င္ေရွာင္းကအဲ့လိုမ်ိဳးေတြလုပ္တတ္တဲ့သူလို႔မထင္ရဘူး။

လင္ရွီးရဲ႕အျမင္အရေတာ့ခ်င္ေရွာင္းအတြက္ေမြးျမဴျခင္းက ပန္းၿခံထဲမွာရွိတဲ့ပန္းပင္ေတြလိုပဲ ကိုယ့္ဟာကိုယ္ႀကီးထြားၿပီးေနာက္ ေပ်ာက္ကြယ္သြားရမွာပင္။

ခ်င္ေရွာင္းရဲ႕ေလးနက္ၿပီးေအးစက္တဲ့မ်က္ႏွာထားက လင္ရွီးထိုလူျပတဲ့ ႏူးညံ့တဲ့တစ္ဖက္ျခမ္းကို ျမင္ေယာင္ၾကည့္၍မရပါေခ်။

ေတြးၾကည့္႐ုံနဲ႕တင္ လင္ရွီးတစ္ကိုယ္လုံးၾကက္သီးထလာ၏။

တြင္းတူးေနတဲ့ေအာက္ကလူေတြကို လ်စ္လ်ဴရႈလိုက္ၿပီး လင္ရွီးငါးကန္၏တစ္ဖက္ျခမ္းသို႔ ျပန္ကူးသြားလိုက္သည္။

အခုကမနက္ခင္းေလ... နံနက္စာစားသင့္ၿပီ။ လင္ရွီးကအေလ့အက်င့္ေကာင္းရွိတဲ့လူတစ္ေယာက္ပါေနာ္။ တစ္ေန႕သုံးနပ္ပုံမွန္စားတယ္။

အခ်ိန္ခဏေလာက္ေစာင့္ၿပီးေနာက္ထိ သူ႕ဆီဘယ္သူမွအစားအစာမယူလာေပးၾကေခ်။ လင္ရွီးမ်က္ေတာင္ခတ္လိုက္၏။ ေသခ်ာေပါက္ခ်င္ေရႈင္းသူ႕ကိုေမ့သြားၿပီဟု ခန႔္မွန္းမိလိုက္သည္။
တိုက္ရိုက္မက်ေစ
ကံေကာင္းေထာက္မစြာနဲ႕ ညကဝတ္ခဲ့တဲ့အဝတ္ေတြကေဘးမွာရွိေနတုန္းပဲ။ ဘယ္သူမွသူ႕ဆီအစားအေသာက္ေတြယူမလာေပးရင္ သူ႕ကိုယ္တိုင္ပဲေအာက္ထပ္ဆင္းရတာေပါ့။ ငါးကန္အစြန္းကိုတက္လိုက္ၿပီး လင္ရွီးသူ႕အၿမီးကိုအရင္ဆုံးေကြးကာ ခုန္ခ်လိဳက္သည္။

သူ သူ႕အၿမီးကို ၾကမ္းျပင္ေပၚသို႔တိုက္ရိုက္မက်ေစေခ်။ ငါးအျမႇီးကအေရျပားကပ်က္စီးလြယ္သည္။ လင္ရွီးအနက္ေရာင္အၿမီးကို လူသားေျခေထာက္အျဖစ္ေျပာင္းလိုက္ၿပီးမွ ၾကမ္းျပင္ေပၚသို႔က်သြား၏။

မေန႕ကတုန္းက သူ႕ေျခေထာက္ႏွစ္ေခ်ာင္းနဲ႕အနည္းငယ္သာလမ္းေလွ်ာက္နိုင္ၿပီး အခုေတာ့သူၾကမ္းျပင္ေပၚမွာပို၍ေလွ်ာက္နိုင္လာၿပီျဖစ္သည္။ လူေတြေလာက္ေတာ့ လမ္းေလွ်ာက္ႏႈန္းမျမန္ေသးေပ။

တျဖည္းျဖည္းေလ့က်င့္ပါက လင္ရွီးလူသားတ္ေယာက္လိုျဖစ္လာဖို႔ သိပ္မၾကာဘူးဟုယုံၾကည္သည္။ မေန႕ညတုန္းကလိုပဲ သူအဝတ္အစားေတြဝတ္ၿပီးေျခဗလာျဖင့္ ဆင္းသြား၏။ သူ႕ဆံပင္ကစိုေနၿပီး ေရေတြကသူ႕ရဲ႕သြာ္လ်လ်လည္ပင္းကေနတဆင့္ အကၤ်ီလည္ပင္းေပါက္ဆီသို႔ တိုက္ရိုက္စီးဆင္းသြားသည္။ အကၤ်ီကစိုသြားကာ လင္ရွီးရဲ႕အသားႏွင့္ကပ္ၿပီးအလြန္ပါးလ်ေန၏။

ေလွကားကေနတစ္လမ္းလုံးေလွ်ာက္ၿပီးေနာက္ လင္ရွီးအထပ္္တစ္ထပ္သို႔ေရာက္ေသာအခါ သူ႕ေျခေထာက္မ်ားဆီကမသက္မသာခံစားလိုက္ရသည္။ အိမ္ႀကီးထဲမွာတစ္ေယာက္မွမရွိေပ။ တူးေဖာ္ေရးအဖြဲ႕ကေတာ့ၿခံထဲတြင္အလုပ္လုပ္ေန၏။

လင္ရွီးေလွကားအဝင္ဝတြင္ရပ္၍ ေခ်ာေမြ႕ေနသည့္ေလွကားလက္ရန္းကို စိုက္ၾကည့္လိုက္သည္။ သူတစ္ခုခကိုေတြးၿပီးေနာက္ တစ္ခဏမွာပဲလက္ရန္းေပၚသို႔ခုန္တက္လိုက္၏။ ထို႔ေနာက္က်န္တဲ့အထပ္ကို လင္ရွီးလက္ရန္းကေန ေလွ်ာဆင္းလိုက္သည္။

သူပထမထပ္ဧည့္ခန္းသို႔ေရာက္တဲ့အခါ စားပြဲကရွင္းလင္းေနၿပီး မည္သည့္အစားအစာမွလည္းတင္မထားေပ။ လင္ရွီးမီးဖိုေခ်ာင္သို႔သြားၿပီး စူးစမ္းလိုက္၏။ မီးဖိုေခ်ာင္သုံးပစၥည္းေတြက အစုံအလင္ရွိေပမယ့္ အေရးအႀကီးဆုံးအစားအေသာက္ေတြကလုံးဝရွိမေနဘူး...။

လင္ရွီး၏မ်က္ႏွာေသးေသးေလးက ေမွ်ာ္လင့္ခ်က္အျပည့္နဲ႕ျဖစ္ေပမဲ့ မ်က္စိတစ္မွိတ္အတြင္း စိတပ်က္သြားၿပီး မေက်မနပ္ျဖစ္သြားသည္။ မီးဖိုေခ်ာင္ထဲမွထြက္ကာ လင္ရွီးေထာင့္စြန္းရဲ႕တစ္ဖက္မွာရွိတဲ့ ငါးစာဆီသို႔ဦးတည္ေလွ်ာက္သြားလိုက္သည္။

လင္ရွီးငါးစာပါတဲ့အိတ္အေရွ႕တြင္ ေဆာင့္ေၾကာင့္ကေလးထိုင္လိုက္၏။ အကယ္၍မေန႕ညကသာ ဒီကမၻာေပၚကအစားအစာေတြကို မစားျဖစ္ခဲ့ရင္သူငါးစာကိုစားခ်င္စိတ္ ရွိေပလိမ့္မည္။ ဒါေပမယ့္အရသာရွိတဲ့အစားစာေတြကို စားၿပီးေနာက္အခုေတာ့သူ ဒီငါးစာေတြကိုၾကည့္ၿပီး လႊင့္ပစ္ခ်င္ေနမိၿပီ။

ငါးစာထည့္ထားတဲ့အထုပ္ကိုယူလိုက္ကာ လင္ရွီးအိတ္ကိုဖြင့္၍ လက္တစ္ဆုပ္ႏွင့္အျပည့္ယူလိုက္ၿပီး ပါးစပ္ထဲထည့္လိုက္သည္။

ႏွစ္ခ်က္မွ်ဝါးၿပီးေနာက္ လင္ရွီး၏မ်က္ႏွာအေရာင္ေျပာင္းသြားကာ သန႔္စင္ခန္းသို႔ကမန္းကတမ္းအျမန္ေျပးေလ၏။ သန႔္စင္ခန္းထဲ၌ လင္ရွီးစားထားသမွ်ငါးစာအားလုံး အန္ထုတ္ပစ္လိုက္သည္။

အနည္းငယ္ေမာပန္းသြားၿပီး လင္ရွီးလက္ေဆးေဘစင္အေရွ႕ေလွ်ာက္သြားကာ ေရအလုတ္အနည္းငယ္ငုံလိုက္ၿပီး ပါးလုပ္က်င္းကာသန႔္စင္လိုက္၏။ သူ သူ႕အေရွ႕ကမွန္ကိုၾကည့္လိုက္သည္။

သူမွန္ထဲကရင္းႏွီးေနတဲ့မ်က္ႏွာကို မ်က္ေမွာင္ၾကဳတ္၍ၾကည့္လိုက္ၿပီး မွန္ထဲကလူကလည္းသူ႕ကို မ်က္ေမွာင္ျပန္ၾကဳတ္ျပေလသည္။ သို႔ေပမယ့္ဒီမ်က္ႏွာက လင္ရွီးရဲ႕မကူးေျပာင္းလာခင္က ခန႔္ညားေခ်ာေမာတဲ့မ်က္ႏွာႏွင့္ကြာျခား၏။ ဒီမ်က္ႏွာအတြက္သုံးနိုင္တဲ့နာမဝိေသသနက ႀကံ့ခိုင္မႈမရွိနိုင္ဟုပဲျဖစ္သည္။

လက္ေခ်ာင္းမ်ားႏွင့္ပါးျပင္ကိုပုတ္လိုက္ၿပီး မေမွ်ာ္လင့္ပဲခံစားရတာမဆိုးေပ။ လူေတြကေရသူေတြကိုႏွစ္သက္ၾကၿပီး ေဈးႏႈန္းျမင့္လည္းပဲ အိမ္သို႔ဝယ္ဖို႔ဆႏၵရွိၾကသည့္စိတ္ကူးကို လင္ရွီးနားလည္နိုင္သြား၏။ သူတို႔ကအလွေမြးငါးေတြလို ငါးကန္ထဲပဲေနရင္ေတာင္ အဲ့တာကမ်က္လုံးထဲတြင္ေက်နပ္စရာပင္။

ဒါ့အျပင္ေရသူမ်ားသည္ အလွေမြးငါးေတြေလာက္မရိုးရွင္းေပ။ အကယ္၍ငါးအျမႇီးကေနလူအျဖစ္မေျပာင္းနိုင္ဘူးဆိုလွ်င္ အလွေမြးငါးေတြလိုပင္။ ကံမေကာင္းစြာနဲ႕ ငါးအၿမီးကလူေျခေထာက္ေျပာင္းနိုင္ခဲ့မယ္ဆိုလွ်င္ လူေတြကေရသူေတြကိုဝယ္သြားၿပီး အိမ္ျပန္ေသာအခါႀကိဳးပမ္းမႈအမ်ားစုက အိမ္ေမြးpetလိုအျပင္ အိပ္ယာထဲကကစားစရာကဲ့သို႔ပါျဖစ္လာၾကမည္ျဖစ္သည္။ အိမ္ေမြးpetပဲျဖစ္ျဖစ္ ကစားစရာပဲျဖစ္ျဖစ္ လင္ရွီးတစ္ခုမွမျဖစ္ခ်င္ဘူး။

သန႔္စင္ခန္းထဲမွထြက္ၿပီးေနာက္ လင္ရွီးအိမ္တစ္ဝိုက္ပတ္ပတ္လည္ၾကည့္လိုက္ၿပီး တံခါးဆီတည့္တည့္သြားလိုက္၏။ ပထမကသူေမွ်ာ္လင့္ခ်က္အမ်ားႀကီးမထားထားေပ။ သူတံခါးကိုမဖြင့္သင့္ဘူးလို႔ ခံစားရေပမယ့္ဘယ္သူသိမွာလဲ သူတံခါးကိုကိုင္ၿပီး ေပါ့ေပါ့ပါးပါးလွည့္လိုက္တာနဲ႕ တံခါးကပြင့္သြားလိမ့္မယ္လို႔။

တံခါးမွာအေစာင့္တစ္ေယာက္မွမရွိေပ။ လင္ရွီးႏႈတ္ခမ္းေထာင့္ေတြတြန႔္ခ်ိဳးသြား၏။ ဒီအခ်ိန္မွာထြက္ေျပးရင္ အရမ္းလြယ္ကူသြားမွာမဟုတ္ဘူးလား...။ ထိုကဲ့သို႔ေတြးလိုက္ၿပီးေနာက္ သူ႕ေခါင္းကိုခါကာၿပဳံးလိုက္သည္။

တံခါးကေနထြက္လိုက္ၿပီးေနာက္ အျပင္ဘက္တံတိုင္းရွိသံဂိတ္တံခါးတြင္ေသာ့ခတ္ထားသည္။ ဒီတံခါးက ဖြင့္ဖို႔မလြယ္ဘူးဆိုတာကို လင္ရွီးသိေအာင္သြားၿပီးသင္ေပးဖို႔မလိုပါေခ်။

ေဆာက္လုပ္ေရးအဖြဲ႕က ဥယ်ာဥ္ထဲတြင္အလုပ္လုပ္ေနၾကၿပီးလင္ရွီးထြက္သြားတာကိုတစ္ေယာက္မွသတိမျပဳမိလိုက္ေပ။ ဒါေပမယ့္ လင္ရွီးျပန္လွည့္လာၿပီး ဥယ်ာဥ္ဘက္ကိုေလွ်ာက္လာတဲ့အခါတြင္မွ တဖက္တြင္အလုပ္ကိုႀကီးၾကပ္ေနသည့္ ဖက္ဒရယ္စစ္ဝတ္စုံႏွင့္ တပ္သားကမ်က္လုံးေထာင့္မွ ေသးငယ္တဲ့ပုံရိပ္လႊာေလးကိုဖမ္းမိလိုက္၏။ ထိုစစ္သားကအခုမွဒီကိုလာတဲ့ အျခားတစ္ေယာက္ျဖစ္သည္။ ထို႔ေၾကာင့္ ပထမေတာ့လင္ရွီးအေၾကာင္းကိုမသိေပ။ သူလွည့္ၾကည့္လိုက္ေတာ့ လင္ရွီး၏ႏွစ္သက္ဖြယ္ေကာင္းတဲ့ မ်က္ႏွာေလးကိုျမင္တဲ့အခါ ငတုံးတစ္ေယာက္လိုစိုက္ၾကည့္ေနမိ၏။

သို႔ေပမယ့္စကၠန႔္အနည္းငယ္ကုန္လြန္ၿပီးေနာက္ ထိုစစ္သားကလင္ရွီးရဲ႕အဝတ္အစားေတြေခ်ာင္ေနတာကိုသတိထားမိၿပီး သူတစ္ခ်က္ၾကည့္႐ုံနဲ႕ လင္ရွီး၏ဆိုဒ္မဟုတ္တာကိုသိသြားသည္။ ဖြင့္ထားတဲ့တံခါးနဲ႕ေပါင္းစပ္ၾကည့္ၿပီးေနာက္ ထိုစစ္သားက လင္ရွီး၏အေထာက္အထားကိုတစ္ခဏအတြင္း ခန႔္မွန္းနိုင္သြား၏။

ထိုစစ္သားကသူ႕အမူအရာကိုျပန္ထိန္းလိုက္ၿပီး ခ်က္ခ်င္းပင္ေလးစားသည့္အမူအရာျဖစ္လာ၏။ သူ လင္ရွီးထံအေလာတႀကီးေလွ်ာက္လာၿပီး လင္ရွီး၏ အဝတ္အစားအျပင္ဘက္ရွိ ေက်ာက္စိမ္းလိုျဖဴေဖြးေတာက္ပေနသည့္အသားအရည္ ေပၚေနတာကိုေတြ႕သြားသည္။ ၾကည့္ရတာေလျပင္းေတြက အလွေလးကိုျဖတ္တိုက္သြားပုံရသည္။ စစ္သားကအရမ္းႀကီးအနားမကပ္ရဲေတာ့ေခ်။

တစ္ေယာက္ႏွင့္တစ္ေယာက္ခပ္ခြါခြါအေနအထားကေနေတာင္ လင္ရွီးရဲ႕မ်က္ႏွာေလးကိုရွင္းရွင္းလင္းလင္းျမင္နိုင္၏။ အျပစ္ကင္းစင္တဲ့မ်က္ႏွာေလးက ႏူးညံ့သိမ္ေမြ႕တဲ့လကၡဏာရပ္ေတြႏွင့္အတူ အနက္ေရာင္ဖန္တုံးလိုမ်က္လုံးေလးအစုံထဲတြင္ ေတာက္ေလာင္ေနသည့္မီးေတာက္အစုအေဝးေလးရွိေနသလိုပင္။

ထိုမီးေတာက္ေလးကအလ်င္အျမန္ ထိုစစ္သားထံေရာက္ရွိသြားၿပီး တဖိန္းဖိန္းတရွိန္းရွိန္းနဲ႕ခုန္ေနသည့္ႏွလုံးသားကိုသာခံစားနိုင္ေတာ့သည္။ သူတစ္ခါမွဒီလိုနတ္သားေလးကဲ့သို႔ လွပသည့္သူကိုမေတြ႕ဖူးေပ။

သူ႕ပါးစပ္ကိုဖြင့္ၿပီး လင္ရွီးကိုဘာလိုခ်င္လို႔လဲဟုေမးလိုက္ခ်င္ေပမယ့္ ႐ုတ္တရက္သူ႕အသံမထြက္နိုင္ေတာ့ပါေခ်။ အဘယ့္ေၾကာင့္ဆိုေသာ္ သူ႕ေရွ႕ကနတ္သားေလး သူ႕ေၾကာင့္ေၾကာက္လန႔္သြားမွာကို စိုးရိမ္၍ျဖစ္သည္။

"နံနက္စာရွိလား?" လင္ရွီးသူ႕ကိုစြဲလမ္းေနတဲ့အၾကည့္နဲ႕ စိုက္ၾကည့္ေနသည့္စစ္သားကိုၾကည့္လိုက္ၿပီးေနာက္ အသံေရာမ်က္ႏွာပါခ်က္ခ်င္းေအးစက္သြားသည္။

စစ္သားကအ႐ူးလိုပဲ တုံ႕ျပန္မႈမရွိေပ။

"ကြၽန္ေတာ္ဗိုက္ဆာေနၿပီ" လင္ရွီးထပ္ေျပာလိုက္၏။

ထိုအခါမွပဲစစ္သားက လင္ရွီးေျပာတာကိုရွင္းရွင္းလင္းလင္းၾကားသြားၿပီး
"မင္း ဗိုက္ဆာေနတာလား"ဟု ျပန္ေမးလာသည္။

"ဟုတ္တယ္၊ သူထြက္သြားတုန္းက ကြၽန္ေတာ့္ကိုမနက္စာစားဖို႔မေပးပဲထြက္သြားတယ္" လင္ရွီးမေက်မနပ္ၾကည့္လိုက္သည္။

"သူ? " စစ္သားကပထမေတာ့ဇေဝဇဝါျဖစ္သြားၿပီး ခ်က္ခ်င္းလင္ရွီးပါးစပ္ကေျပာတဲ့ သူ ဆိုတယကိုနားလည္သြား၏။

"ဒါဆို မင္းဘာစားခ်င္တာလဲ"

လင္ရွီးက ေခါင္းေဆာင္ခ်င္ေရွာင္းရဲ႕ လူဆိုတာသိသာသည္။ အခုလင္ရွီးကသူဗိုက္ဆာတယ္လို႔ ေျပာလာတာေၾကာင့္ စစ္သားကခ်က္ခ်င္းစိတ္အားထက္သန္စြာေမးလိုက္သည္။

"သာမန္လူေတြရဲ႕မနက္စာပါပဲ" ငါးစာမဟုတ္သေ႐ြ႕ အဆင္ေျပသည္။ လင္ရွးသိပ္အမ်ားႀကီးေျပာစရာမရွိေပ။

သာမန္လူေတြရဲ႕နံနက္စာ? ထိုစကားက်ိုကြားရပြီး သူ(စစ္သား)တစ္ေနရာရာမ်ာထူးဆန္းတာကိုခံစားလိုက္ရ၏။ ဒါေပမယ့္ဘာလဲဆိုတာေတာ့ သူမ်ားမ်ားစားစားမေမးလိုက္ပါေခ်။ စစ္သားကဦးတည္ဘက္ေျပာင္းလဲလိုက္ၿပီး လင္ရွီးအတြက္နံနက္စာသြားမွာလိုက္သည္။

ေအာ္ဒါမွာၿပီးေနာက္စစ္သားက အရင္ဆုံးေခါင္းေဆာင္ကိုအေျခအေနတင္ျပရမည္အားသတိရသြား၏။ သူကခ်င္ေရွာင္းဆီတိုက္ရိုက္ဆက္သြယ္လို႔မရ၍ ဆက္သြယ္လို႔ရသည့္ ခ်င္ေရွာင္းေဘးကသက္ေတာ္ေစာင့္ထံခ်က္ခ်င္းဆက္သြယ္လိုက္သည္။ ေနာက္ဆုံးေတာ့ ခ်င္ေရွာင္း၏အေထာက္အထားသည္ထိုေနရာတြင္ရွိေနၿပီး သူ(ခ်င္ေရွာင္း)သည္အဲ့ဒီစစ္ဌာနခ်ဳပ္၏ အရာရွိျဖစ္သည္။

သက္ေတာ္ေစာင့္ေတြထံသတင္းပို႔ၿပီး ခဏအၾကာတြင္မွ ခ်င္ေရွာင္းထံမွအေၾကာင္းျပန္ခ်က္ကို ရမည္ျဖစ္သည္။ သူကခြင့္ျပဳခ်က္မရွိပဲ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ျဖင့္လုပ္လိုက္မိတာေၾကာင့္ ေခြၽးေအးမ်ားပ်ံေန၏။

ထိုစစ္သားက လင္ရွီးကိုျပန္လွည့္ၾကည့္လိုက္ၿပီး႐ုတ္တရက္သူ(လင္ရွီး)ဖိနပ္မစီးထားတာကို သတိျပဳမိလိုက္ကာ ချက်ချင်းလင်ရှီးက်ိုသတိပေးလိုက်သည်။

လင္ရွီးသူ႕ေျခေထာက္ကိုငုံ႕ၾကည့္လိုက္ၿပီး
"ကြၽန္ေတာ္က ခင္မ်ားတို႔လိုလူသားမဟုတ္ဘူး၊ ကြၽန္ေတာ္ဖိနပ္စီးရတာမႀကိဳက္ဘူး"

သူတို႔လိုလူသားမဟုတ္ဘူး? မျဖစ္နိုင္တာ! အလွေလးကလူမဟုတ္ဘူး!!

စစ္သားကတအံ့တဩျဖစ္သြား၏။ သူအေတာ္ထိတ္လန႔္သြားၿပီး ခဏေလာက္ဘာစကားမွမေျပာနိုင္ေပ။

လင္ရွီးတူးေဖာ္ခံေနရသည့္ ဥယ်ာဥ္အတြင္းဘက္ကို ဦးတည္ၿပီးေလွ်ာက္သြားလိုက္၏။ မူလကသန႔္ရွင္းၿပီးသပ္ရပ္ေနတဲ့ေျမျပင္က ေက်ာက္စရစ္ခဲေတြက်ေနကာ အလြန္ညစ္ပတ္ေန၏။ လင္ရွီးေျခဗလာႏွင့္ပင္ ဆက္ေလွ်ာက္သြားလိုက္သည္။

စစ္သားကစကၠန႔္အနည္းငယ္ေလာက္ေၾကာင္ေနၿပီး အျမန္လိုက္သြားလိုက္၏။ အခုေလးတင္စစ္သားက လင္ရွီး၏အေထာက္အထားကိုခန႔္မွန္းမိလိုက္သည္။ လင္ရွီး၏ပုံမွန္ထက္ႏွေးတဲ့လမ္းေလွ်ာက္ႏႈန္းရယ္ ပန္းေတြထက္လွတဲ့မ်က္ႏွာေလးရယ္ေၾကာင့္ လင္ရွီးကေရသူေလးဆိုတာခန႔္မွန္းရလြယ္သြားသည္။

စစ္သားကလင္ရွီးကိုရပ္တန႔္ေစလိုက္ၿပီး လင္ရွီးလမ္းဆက္ေလွ်ာက္တာကိုတားဆီးလိုက္၏။ လင္ရွီးေသခ်ာေပါက္ေလွ်ာက္ၾကည့္ခ်င္႐ုံသာျဖစ္သည္။ ဘယ္လိုေျပာရမလဲ သူငါးကန္တစ္ကန္ထဲမွာတစ္လေက်ာ္ေလာက္ ပိတ္မိေနခဲ့ၿပီးအခုထြက္လာနိုင္ခဲ့ကာ လမ္းလဲေလွ်ာက္နိုင္ေသးတာေၾကာင့္ လင္ရွီးလမ္းမ်ားမ်ားေလွ်ာက္ခ်င္တယသာျဖစ္သည္။

"ေက်းဇူးျပဳၿပီးအေရွ႕ကိုမသြားပါနဲ႕၊ အေရွ႕မွာအခုေဆာက္လုပ္ေရးရွိေနၿပီး သိပ္မလုံၿခဳံပါဘူး" စစ္သားကလင္ရွီးကိုတားဆီးလိုက္၏။

လင္ရွီးရပ္လိုက္ၿပီး သူ႕ရဲ႕ဆီးႏွင္းျဖဴေရာင္မ်က္ႏွာေလးကိုစစ္သားဘက္လွည့္လိုက္သည္။ သူ႕မ်က္ႏွာကေအးစက္ေနေပမယ့္ စစ္သားကိုက်ဆဳံးေအာင္လွည့္စားတတ္တဲ့ ဆြဲေဆာင္မႈရွိတဲ့မ်က္ႏွာလွလွေလးနဲ႕ အလြန္နီးကပ္ေနတာေၾကာင့္သူ(စစ္သား) အလြန္သတိထားၿပီးဂ႐ုတစိုက္နဲ႕ေျပာလိုက္၏။

" သူတို႔ကဘာလုပ္ေနတာလဲ? "လင္ရွီးသိခ်င္စိတ္နဲ႕ေမးလိုက္သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

#14.9.2022

Продолжить чтение

Вам также понравится

430K 10.4K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
You Are My Happiness Juliiajune

Любовные романы

512K 38.5K 50
ဇိုင်းမြတ်မဟာမောင်❤️ထိန်ယံလင်း - ဇိုင်းမြတ်မဟာမောင်...မင်းနာမည်ကလည်း ရှည်လျားထွေပြားလိုက်တာ။ - အင်း ရှည်တယ်ထင်ရင် မောင်လို့တစ်လုံးထဲခေါ်။တစ်ခြားဘယ်သူ...
567K 73.2K 102
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引
291K 7.2K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်