မြတ်နိုးရသူ ဗီလိန်၏ ချစ်ဇနီး...

By haymarnchitwai

160K 19.7K 1K

ဒီ Novel လေးက တော့ တော်တော်များများ ဖတ်ဖူးပြီးဖြစ်လောက်မှာပါ ထွေထွေထူးထူးတော့မပြောတော့ပါဘူး ကိုယ်က 112 to co... More

Note!!
( 112.1 )
( 113 )
( 114 )
( 115 )
( 116 )
( 117 )
( 118.1 )
( 118.2 )
( 119.1 )
( 119.2 )
( 120 )
( 121.1 )
( 121.2 )
( 122.1 )
( 122.2 )
( 123 )
( 124 )
( 125 )
( 126 )
( 127 )
( 128 )
( 129 )
( 130 )
( 131 )
( 132.1 )
( 132.2 )
( 133 )
( 134 )
( 135 )
( 136 )
( 137 )
( 138 )
( 139 )
( 140 )
( 141 )
( 142 )
( 143 ) Extra [လျန်ရှန့်]
( 144 ) Extra
( 145 ) Extra
( 146 ) Extra
( 147 ) Extra
( 148 ) Extra
Hello

( 112.2 )

4.1K 507 24
By haymarnchitwai

UNICODE

ကျောင်းရှီရွာ မတော်တဆမှုမှာထဲက ပီဒီ ချန်ဟာ လင်းဆွေ့ကျိုးအပေါ် အပြစ်ရှိတယ်လို့ အမြဲတမ်းခံစားခဲ့ရတာဖြစ်သည်။ဒီတစ်ခေါက်မှာတော့ သူက guest တွေရဲ့ လုံခြုံမှုကို အာမခံပါသည်။ရလဒ်အနေနဲ့ကတော့ မတော်တဆ တစ်စုံတစ်ခုဖြစ်ပွားခဲ့သော်လဲ ကျန်းထျန်က သူ့ကိုအပြစ်မတင်တဲ့အပြင် လင်းဆွေ့ကျိုးကပါ ဒီ show မှာပါဝင်ဖို့ဆုံးဖြတ်ခဲ့သေးသည်။

"ဒါကဒီနေ့အတွက်‌အကြမ်းဖျင်း အစီအစဉ်ပါ၊ကျေးဇူးပြုပြီး ဒါကိုတစ်ချက်လောက်ကြည့်ပေးပါဦး"

လင်းဆွေ့ကျိုး အစီအစဉ်စာရင်းကို ဖတ်လိုက်လေသည်။ပထမဆုံး အစားအစာတွေသွားဝယ်ရမည် ပြီးလျှင် guest တွေအချင်းချင်းတွေ့ဆုံရမည် ပြီးတော့ အတူတူနေ့လည်စာစားကြရမည်ဖြစ်သည်။နေ့လည်ပိုင်းသည်ကတော့ အချင်းချင်းအပြန်အလှန်အကျိုးပြုတဲ့အပိုင်းဖြစ်သည်။ဒီအပိုင်းရဲ့ အကြောင်းအရာကတော့ guest တွေသူတို့ဟာသူတို့ဆုံးဖြတ်ရမှာပဲဖြစ်သည်။

လင်းဆွေ့ကျိုး ခေါင်းညိတ်လိုက်ပြီး
"ငါသိပြီ"

သူကချင်းချင်းကို အောက်ချလိုက်ပြီး
"ပေါင်ပေ့ရဲ့ ကောကောတွေကို သွားနှိုးလိုက်ဦး။ပါးပါးတို့ အစားစာတွေဝယ်ဖို့အပြင်ထွက်ရမှာ"

"Yeah."

စောင့်နေရင်းနဲ့ပဲ ပီဒီ ချန် ဟာမစပ်စုဘဲမနေနိုင်တော့ဘဲ
"ဥက္ကဌလင်း ကျန်းထျန်ကိုရော နှိုးဖို့ မလိုဘူးလား"

လင်းဆွေ့ကျိုး ပြောလိုက်သည်။
"သူမနဲနဲလောက်ဖြစ်ဖြစ်ပိုအိပ်ပါစေ"

မနေ့ညက နှစ်ယောက်ကြား ကြည်နူးစရာညကိုတွေးရင်း လင်းဆွေ့ကျိုးဟာမပြုံးဘဲ မနေနိုင်တော့ပေ။

သူ့အပြုံးရဲ့အဓိပ္ပာယ်ဟာ သိသိသာသာကိုလေးနက်လွန်းနေပြီး လူတိုင်းဟာ ဒါကိုချက်ချင်းနားလည်နိုင်ကြလေသည်။

မကြာမီမှာပဲ ဂေါ်ဖီထုပ်လေးသုံးထုပ်က အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

အပြည့်အဝမနှိုးသေးတဲ့ လျန်ရှန့်ဟာ ဖျော့တော့သောမျက်လုံးလေးတွေနှင့်မေးလိုက်သည်။

"ပါး၊ သားတို့ဘယ်သွားကြမှာလဲ"

"ပါးပါးတို့ မားကတ်ကိုသွားပြီး အစားအစာတွေသွားဝယ်ရမယ်။သားကပစ္စည်းတွေသယ်ဖို့ ပါးပါးကိုကူညီရမယ်"

"အိုး"

ဂေါ်ဖီထုပ်လေးသုံးထုပ်က ကန့်ကွက်တာမရှိဘဲ လင်းဆွေ့ကျိုးနောက်ကနေလိုက်ပြီး ဈေးဝယ်ဖို့ ထွက်ခဲ့ကြသည်။

သူတို့ကောင်းကောင်းကြီးပျင်းလာခဲ့ကြတာပဲ။ဒါကသူတို့ရဲ့မနက်ပိုင်းမှာပထမဆုံးမားကတ်ကို သွားဖူးခြင်းဖြစ်သလို လင်းဆွေ့ကျိုးအတွက်လည်း ပထမဆုံးသွားဖူးခြင်းဖြစ်သည်။

ခြောက်နာရီထိုးနေပြီဆိုတော့ မားကတ်ထဲမှာလည်း မနက်ပိုင်းဈေးဝယ်ကြတဲ့သူတွေနဲ့ပြည့်နှက်နေလေသည်။ကင်မရာမန်းဟာ သူတို့ရဲ့ပုံရိပ်တွေကို ဖမ်းယူနိုင်ဖို့အတွက် သူ‌တို့အနောက်ကနေ နီးကပ်စွာ ကပ်လိုက်လာလေသည်။လင်းဆွေ့ကျိုးဟာ သူ၏သမီးအငယ်လေးပျောက်မှာစိုးတဲ့အတွက် သူမကိုသူ့၏လည်ပင်းနားမှာသယ်ထားလိုက်သည်။

ဆူညံပွက်လောရိုက်နေသော မားကတ်သည် အရပ်ရှည်ပြီး ချောမောသော လင်းဆွေ့ကျိုး နှင့် အနည်းငယ် ဝေးကွာနေပုံရသည်။သူသည်အသားဆိုင်သို့သွားခဲ့ကာလတ်ဆတ်သောအမဲသားတစ်ချို့ကိုဝယ်ခဲ့သည်။နောက်ဆုံးမှာ သူကပင်လယ်စာဆိုင်သို့သွားခဲ့ပြီး ချင်းချင်း၏အကြိုက်ဆုံးဖြစ်သည့် ပုစွန်နှင့်ဂဏန်း ကိုဝယ်ခဲ့သည်။ဒီလိုနေရာမျိုးကိုလာတာဟာ သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်သော်လည်း သူသည် အစားအသောက်ပစ္စည်းများကို ရွေးချယ်ဝယ်ယူရာတွင် အလွန်ကျွမ်းကျင်ပုံရသည်။

လျန်ရှန့်က ပစ္စည်းတွေကို သယ်ထားဖို့ တာဝန်ရှိတဲ့အတွက် နောက်မှလျှောက်လာခဲ့သည်။

"ချူယီ အခုဘယ်အချိန်ရှိပြီလဲ"

ချူယီက နာရီကို တစ်ချက်ကြည့်ပြီး

"အခု ခုနှစ်နာရီခွဲပြီ၊ပါး"

"စူပါမားကတ်ကနေ အိမ်ပြန်ကြစို့"

လျန်ရှန့် ၏ မျက်လုံး‌လေးများက တောက်ပလာကာ ရှေ့သို့ လျှောက်သွားပြီး ခေါင်းကိုမော့လိုက်ရင်း
"ပါးပါး၊ ဒါဆို သား မုန့်သွားဝယ်လို့ရမလား"

လင်းဆွေ့ကျိုး ချက်ချင်းထုတ်ပြောလိုက်သည်။
" နိုး "

သူ့လည်ပင်းပေါ်က ချင်းချင်းဟာလဲ လင်းဆွေ့ကျိုး၏ မျက်နှာကိုပုတ်ကာ ချိုသာစွာပြုံးလိုက်ရင်း
" ပေါင်ပေ့အတွက်ရော မုန့်ဝယ်လို့ရလား "

လင်းဆွေ့ကျိုး၏အမူအရာဟာ အနည်းငယ် နူးညံပုံပေါ်လာပြီး
" မရဘူး "

ချင်းချင်း မျက်မှောင်ကြုတ်လိုက်ကာ သူ့ဆံပင်တွေကို မပျော်ရွှင်စွာနဲ့ဆွဲလိုက်သည်။
သူမ ငြီးတွားရင်းနဲ့
"ပါးပါးက ပေါင်ပေ့ကို အချစ်ဆုံးပဲမဟုတ်ဘူးလား"

" ပေါင်ပေ့ကိုအချစ်ဆုံးမဟုတ်ဘူး၊ ပါးပါးက
မားမားကိုအချစ်ဆုံးပဲ "

အချစ်မှာ ဒူးထောက်ကျဆုံးသွားတဲ့ သူ့ဒယ်ဒီရဲ့ ရုတ်တရက် ပိတ်ရိုက်တာခံလိုက်ရတဲ့ ချင်းချင်းဟာ ဒေါသတကြီးနဲ့ သူမလေး၏ပါးလေးတွေကိုဖောင်းလိုက်တာက ငါးပူဖောင်းလေးနှင့်ပင် တူလေသည်။

ရှစ်နာရီကျော်လောက်မှာ သူတို့ဟာ အစားအစာတွေဝယ်ပြီး အိမ်ပြန်ရောက်လာပြီဖြစ်သလို ကျန်းထျန်ဟာလဲ နိုးနေပြီဖြစ်သည်။သူမအကြာကြီးအိပ်လိုက်မိခြင်းဖြစ်သည်။သူမ၏မျက်လုံးတွေကိုဖြည်းညင်းစွာဖွင့်လိုက်ပြီး နေရောင်ကို ကြောင်ပြီး ကြည့်နေလေသည်။

" မားမား "
ချူယီ ခေါင်းညိတ်ကာ သူမ၏အခန်းတံခါးကိုတွန်းဖွင့်ပြီး ဝင်လာလေသည်။

ချူယီက အဖြူရောင် အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့၏မျက်နှာဖွေးဖွေးလေးနှင့် လိုက်ဖက်စွာ အလွန်ကို နူးညံ့ချောမောတဲ့ပုံပေါ်လေသည်။

သူမက သူမ၏မျက်လုံးတွေကိုပွတ်သတ်ရင်း
" ဘယ်အချိန်ရှိပြီလဲ "

ချူယီ ကုတင်ပေါ်တွင်လှဲရင်း လက်ထောက်ကာကျန်းထျန်ကိုကြည့်လိုက်ပြီး
" ရှစ်နာရီကျော်နေပြီ "

ရှစ်နာရီကျော်နေပြီ......

ကျန်းထျန်သည် နောက်ဆုံးမှာရိုက်ကူးရေးဝန်ထမ်းများ ယနေ့ရောက်လာမည်ဖြစ်ကြောင်း သတိရလိုက်သဖြင့် လန့်သွားခဲ့သည်။

သူမ စောင်ကိုဖယ်လိုက်ပြီး အဝတ်လဲခန်းထဲကို အလျန်စလို ဝင်သွားခဲ့သည်။ချူယီဟာ တံခါးကိုမှီပြီး သူ့၏ခြေချောင်းလေးတွေဟာ ကြမ်းပြင်ပေါ်မှာ တွန်လိမ်ပြီးလှုပ်ရှားလိုက်လေသည်။သူ့အောက်နှုတ်ခမ်းလေးကိုအသာဖိကိုက်လိုက်ရင်းဂရုတစိုက်ပြောလိုက်သည်။

"မားမား၊ သားကို အားဝူက စိတ်ဆိုးနေတာထင်တယ်"

ကျန်းထျန်ဟာ မကြားရတာ ကြာနေပြီဖြစ်တဲ့ နာမည်ကိုကြားလိုက်ရတဲ့အခါ သူမ၏လှုပ်ရှားမှုအလုံးစုံဟာ ခနလောက်ရပ်တန့်သွားခဲ့သည်။
" ဘာဖြစ်လို့လဲ? "

တစ်စုံတစ်ခုကိုဆုံးရှုံးလိုက်ရပုံပေါ် နေတဲ့ ချူယီဟာ သူ၏မျက်တောင်လေးတွေကိုအောက်ချပြီး အံကိုတင်းတင်းကြိတ်လိုက်ကာ
" သားမသိဘူး ၊ သူကသားကို အခု အချိန်တော်တော်များများမှာလျစ်လျူရှူထား‌တယ် "

ကျန်းထျန်ဟာအဝတ်အစားလဲပြီး ထွက်လာတဲ့အချိန်မှာ သူမသား၏နောက်ကျောသေးသေးလေးကိုတွေ့လိုက်ရသည်။သူမက သူ့အရှေ့ကိုလျှောက်လာကာ ချူယီ့ရဲ့ပုခုံးသေးသေးလေးတွေကိုကိုင်ရင်း နှစ်သိမ့်ရန် တိုးတိုးလေးပြောလိုက်သည်။
"ချူယီ၊ သား ဒီအကြောင်းကိုအများကြီးမတွေးနဲ့။တစ်ကယ်လို့ ဒါနဲ့ပတ်သတ်ပြီး သားစိတ်အလိုမကျသေးဘူးဆိုရင် သား အစ်ကို ရှူဝမ်ကို ပြောလို့ရတယ်"

ချူယီ အလျင်အမြန်ခေါင်းညိမ့်လိုက်ပေမဲ့ သူ့‌ကိုကြည့်ရတာစိတ်ပူနေပုံပေါ်နေတုန်းပဲ။

သူက ကျန်းထျန်နောက်ကနေ လိုက်ခဲ့ပေမဲ့ သူ့မျက်လုံးတွေကတော့စိုးရိမ်မှုတွေနဲ့ပြည့်နှက်နေရင်း
"မားမား၊ အားဝူ......အားဝူက ပျောက်ကွယ်သွားမှာလားဟင်?"

ပျောက်ကွယ်သွားမယ်.......

ကျန်းထျန် သူမ၏သွားကို ကိုက်လိုက်သည်။သူမစက္ကန့်ဝက်လောက်တုန့်ဆိုင်းပြီးတော့ ခေါင်းခါလိုက်ရင်း
"အားဝူက သားရဲ့အစ်ကိုကြီးလေ။ သူက သားဘေးမှာအမြဲတမ်းရှိသွားမှာ"

ချူယီ သူ့နှုတ်ခမ်းတွေကိုကိုက်လိုက်ရင်း
ခံစားချက်မဲ့စွာဖြင့်အခန်းထဲကနေ ထွက်သွားခဲ့သည်။

လူသွားစင်္ကြံဟာ လူသူကင်းပြီးတိတ်ဆိတ်နေသည်။သူ့၏သေးငယ်သော နောက်ကျောလေးနှင့် နံရံကိုမှီလိုက်သည်။ချူယီဟာသူ့၏အိတ်ကပ်ထဲကနေ မှတ်စုစာအုတ်အသေးလေးကိုထုတ်ပြီး စရေးလိုက်တော့သည်။
"အားဝူ၊ ငါမင်းကိုလွမ်းတယ်"

ဘာတုံပြန်ချက်မှမရှိလာဘူး။

သူ သက်ပြင်းချလိုက်ရင်း သူ့၏လက်ချောင်းလေးတွေနဲ့ အရင်ကတန်ဖိုးရှိတဲ့စာမျက်နှာတွေကို ဖြည်းညင်းစွာ လှန်ကြည့်လိုက်သည်။သူတို့ကခန္ဓာကိုယ်တစ်ခုထဲကိုအတူတူအသုံးပြုနေကြတဲ့အတွက် သူတို့ကြားထဲမှာ ဘာလျှို့ဝှက်ချက်မှမရှိဘူး။သူပျော်သည်ဖြစ်စေမပျော်သည်ဖြစ်စေ ချူယီက ပျော်ရွှင်စရာကောင်းတာတွေကိုသာ အားဝူနဲ့အတူမျှဝေခဲ့ကြပြီးတော့ အမြဲတမ်းလဲအားဝူဆီက ပြန်စာရရှိခဲ့သည်။ဒါပေမဲ့ ဒီရက်တွေမှာတော့ ....သူတစ်ယောက်ထဲ အထီးကျန်နေသည်။
သူဘေးမှာသူ့မိသားစုလဲရှိပြီး အိုးရန်အပြင်တခြားသူငယ်‌ချင်းတွေလဲရှိသော်လည်းညတွေမှာဆိုရင် သူအထီးကျန်တာကိုခံစားရမြဲဖြစ်သည်။ဒီခံစားချက်က အရမ်းဆိုးလွန်းသည်။

[ငါတစ်ခုခု မှားခဲ့တာရှိရင်၊ ငါတောင်းပန်ပါတယ်]

ဘာတုံပြန်ချက်မှ ရှိမလာသေးဘူး။

ဗလာဖြစ်နေဆဲ စာမျက်နှာကိုကြည့်ရင်း ချူယိီ သူ၏နှုတ်ခမ်းကိုအတင်းဖိကိုက်လိုက်သည်။သူအသက်ကိုပြင်းပြင်းရှူလိုက်ကာ မှတ်စုစာအုပ်ကိုပိတ်ပြီး သူ့အိတ်ထဲကိုပြန်ထည့်လိုက်လေသည်။

"ကောကော ၊ မားမားက အဆင်သင့်ဖြစ်ပြီလား"

ချူယီ နှာတစ်ချက်ရှုံ့လိုက်ရင်း သူ့မျက်ရည်တွေကိုသိမ်းကာ သူ့ရဲ့ညီငယ်လေးကို ပြုံးကြည့်လိုက်ရင်း
"မားမားက အဆင်သင့်ဖြစ်တော့မယ်၊ အရင်ဆင်းနှင့်ရအောင်"

" အိုး "

သူတို့သူငယ်ချင်းတွေလာနေပြီဆိုတာ သိတဲ့အခါမှာ ချင်းချင်းနဲ့ လျန်ရှန့်ဟာ ဒီဆုံစည်းမှုအတွက် အရမ်းပဲ စိတ်လှုပ်ရှားနေကြသည်။သူတို့ကသူတို့ရဲ့အကြိုက်ဆုံးအရုပ်တွေကို ကြိုထုတ်ထားပြီး ဧည့်ခန်းရဲ့ထောင့်နားမှာသပ်သပ်ရပ်ရပ် စီထားကြသည်။အရုပ်တွေဘေးမှာတော့ မျိုးစုံတဲ့မုန့်ထုတ်တွေကိုလဲထားထားကြ‌လေသည်။လျန်ရှန့်ဟာဆိုသူ့၏အဖိုးတန်ဂိမ်းစက်ကိုတောင် ထုတ်လိုက်သေးသည်။

ခနလောက်ကြာတဲ့အချိန်မှာ ကျန်းထျန်လှေကားကနေဆင်းလာသည်။

သူမက လွန်လွန်ကျူးကျူးဝတ်စားထားခြင်းမရှိဘဲ ရိုးရိုးရှင်းရှင်းပေါ့ပေါ့ပါးပါးဝတ်စုံကိုသာဝတ်ဆင်ထားပြီး မိတ်ကပ်အနည်းငယ်လိမ်းထားကာ သူမ၏ဆံပင်ရှည်တွေကို အရိုးရှင်းဆုံး စည်းနှောင်ထားသည်။သူမပြုံးလိုက်တဲ့အချိန်မှာ အလွန်သန့်စင်ပြီးတောက်ပကာ ကမ္ဘာကြီးအကြောင်းဘာမှမသိသေးသောတက္ကသိုလ်ကျောင်းသူလေးကဲ့သို့ စွမ်းအင်နဲ့ နုပျိုမှုတွေအပြည့်ရှိနေလေသည်။

" ဂွတ်မောနင်း၊ ပီဒီ ချန် "

ကျောင်းရှီရွာ မတော်တဆမှုအပြီးမှာ ပီဒီ ချန် ဟာ ကျန်းထျန်အပေါ် အထင်ကြီးစရာတွေသာကျန်ခဲ့လေသည်။ သူမဆင်းလာတာကိုသူမြင်တဲ့အခါမှာ သူကသူမကို ရင်းရင်းနှီးနှီးနှုတ်ဆက်လိုက်သည်။

ကျန်းထျန် ဘေးဘက်ကိုဝေ့ကြည့်လိုက်သော်လည်း လင်းဆွေ့ကျိုးကို မတွေ့ရပေ။သူမသူမသားငယ်ဘက်ကိုလှည့်ရင်း မေးလိုက်သည်။
"ပါးပါး ဘယ်မှာလဲ?"

လျန်ရှန့် သူ့အရုပ်တွေကိုစီရင်းအလုပ်များနေလေသည်။သူ့မှာ သူမကိုပြန်ဖြေရန်အချိန်မရှိတဲ့အတွက် ထမင်းစားခန်းကို ပေါ့ပေါ့တန်တန်ညွှန်ပြလိုက်ရင်း
" ထမင်းစားခန်းထဲမှာ မားမားအတွက်မနက်စာလုပ်နေတယ်"

ကျန်းထျန် ထိန့်လန့်သွားရင်း
" သားတို့က စားပြီးပြီလား?"

လျန်ရှန့်က ကျန်းထျန်ကို မထီမဲ့မြင်ပုံစံဖြင့် စိုက်ကြည့်လိုက်ရင်း
"အခုဘယ်အချိန်ရှိပြီလဲဆိုတာ မားမားမသိဘူးလား?လူကြီးတစ်ယောက်တဲ့၊ နောက်ကျမှလဲ
ထသေးတယ်။ သား မားမားကိုဘယ်လိုလုပ်ရမလဲဆိုတာတစ်ကယ်မသိတော့ဘူး"

"........"

"................"

သူမ၏ဒုတိယသားက သူမကိုနှိမ့်ချမဲ့နေ့ရောက်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားဘူး။

ကျန်းထျန် အနည်းငယ်စိုးရွံ့စွာနဲ့ သူမနှာခေါင်းလေးကိုထိရင်း ထမင်းစားခန်းထဲသို့လျှောက်လာလိုက်သည်။လင်းဆွေ့ကျိုးပြင်ဆင်ထားသော မနက်စာဟာ ရိုရှင်းပြီးအာဟာရပြည့်ဝလေသည်။
မီးဖိုချောင်ထဲမှာ အေပရွန်ကိုဝတ်ပြီး ကျွမ်းကျင်စွာအလုပ်လုပ်နေသောသူ့၏ပုံရိပ်က ကျန်းထျန်ကိုအနည်းငယ်လောက်စိတ်မကောင်းဖြစ်စေသည်။သူမက ကလေးတွေကို စာသင်နှစ်တစ်ခုစာ ဂရုစိုက်ပြီးပြီဖြစ်သည်။ထိုစာသင်နှစ်တစ်ခုလုံးမှာ ကလေးတွေအတွက် မနက်စာ ၊ညစာ အကုန်ပြင်ပေးခဲ့သော်လည်း အရသာကတော့ လင်းဆွေ့ကျိုးလောက်မကောင်းပေ။ထိုအတွေးက သူမကိုစိတ်ဆိုးစေသည်။

"ရှဟိုင်ရွန်နဲ့ တစ်ခြားလူတွေက ဆယ်နာရီဝန်းကျင်လောက်ရောက်မယ်။မင်းစားပြီးရင်တော့ ကိုယ့်ကိုသန့်ရှင်းရေးလုပ်ဖို့ ကူညီပေးဦး"

ထိုလူက နူးညံ့တဲ့အမူအရာနဲ့ပြောပြီး သူ့ပုံစံကတော်တော်လေးခံစားချက်ကောင်းနေပုံရသည်။

သူနဲ့ရှဟိုင်ရွန်၏ အင်တာနက်ပေါ်က အရှုပ်တော်ပုံကိုတွေးမိပြီး ကျန်းထျန်ဟာမကျီစယ်ဘဲမနေနိုင်တော့ဘဲ

"ရှဟိုင်ရွန်ကို တွေ့ရတော့မှာမို့ ရှင်အရမ်းပျော်နေပုံရတယ်"

လင်းဆွေ့ကျိုး သူမကိုမျက်စောင်းထိုးရင်း
"အဓိပ္ပာယ်မရှိဘူး"

သူမအသံတိတ်သွားတာနဲ့ အစားအသောက်ပြင်ဆင်နေရင်း သူ့ရဲ့သီချင်းညည်းသံတိုးတိုးကိုသာသူမကြားရလေသည်။

ကျန်းထျန်၏နှလုံးသားလေးဟာပြုတ်ကျသွားသလိုခံစားလိုက်ရသည်။သူမအစကဟာသလုပ်နေတာပါ။ဒါပေမဲ့ ဒီလူက တစ်ကယ်ကြီးပျော်နေတာပဲ!!

လင်းဆွေ့ကျိုးသည် တစ်ကယ်ကြီးကိုပျော်နေတာဖြစ်သည်။ဒါပေမဲ့ ရှဟိုင်ရွန်ကြောင့်တော့ မဟုတ်ဘူး။

သူ အကုန်အစီအစဥ်‌ဆွဲပြီးပြီဖြစ်သည်။သူက လင်းဆွေ့ကျိုးဟာ မီးဖိုချောင်ထဲမှာ ဆရာတစ်ဆူလိုဖြစ်ပြီး ချစ်စရာကောင်းရုံသာမက အိပ်ယာပေါ်မှာပါ ချစ်ဖို့ကောင်းတဲ့စွမ်းရည်ရှိကြောင်း ထျန်ထျန့်ဖန်တွေသိအောင် ဒီရှိုးကနေတစ်ဆင့်ပြသမှာဖြစ်သည်။သူ့လိုမျိုး ချိုမြိန်ပြီး ဂရုစိုက်တတ်တဲ့ ယောင်္ကျားမျိုးနှင့်သာ ထျန်ထျန်ကထိုက်တန်ပြီး တစ်ချိန်ထဲမှာ ထိုရိုင်းစိုင်းတဲ့သူတွေရဲ့နှလုံးသားကိုလဲ တစ်ခါထဲချိုးဖျက်နိုင်မှာဖြစ်လေသည်။

ကိုးနာရီ ဝန်းကျင်လောက်မှာ နာမည်ကြီးဗင်ကားများဟာ ဖြေးညင်းစွာရောက်ရှိလာလေသည်။ကျန်းထျန်နှင့်လင်းဆွေ့ကျိုးတို့ဟာ ထလိုက်ပြီး guest တွေကို ကြိုဆိုဖို့ တံခါးနားကို သွားလိုက်ကြသည်။

ကားထဲကထွက်လာတဲ့ ပထဆုံး guest ကတော့ ထန်ချင်းတို့မိသားစုပဲ ဖြစ်သည်။သူကလှပတဲ့မိန်းမတစ်ယောက်ကို လက်ဆွဲထားပြီး နွေးထွေးစွာပြုံးနေလေသည်။သူမအသက်ကိုခန့်မှန်းဖို့ကခက်လွန်းသည်။သူမကပိန်ပါးတဲ့ပုံစံရှိပြီး ဆံပင်ကိုအတိုညှပ်ထားတဲ့အတွက်ကြောင့် သူမပုံစံကတက်ကြွတဲ့ပုံစံပေါ်နေသည်။သူမ၏မျက်လုံးတွေကတော့ ထန်လင်းနဲ့ တူနေတဲ့အတွက်ကြောင့် သူမက သူ့(ထန်လင်း)အမေဖြစ်နိုင်လေသည်။

နောက်တစ်ယောက်ကတော့ ချန်ဇီဖန်းဖြစ်သည်။ကားထဲကနေ သူထွက်လာပြီးချင်းမှာပဲ အိပ်နေတဲ့ ချန်ပေါင်ပေါင်ကို သူမ၏လက်မောင်းတွေနဲ့ပွေ့ထားသော ချန်ဇီဖန်း၏ ဇနီးက ထွက်လာလေသည်။

ကားနှစ်စီးဘေးချင်းကပ်ရပ်လိုက်တာနဲ့တစ်ပြိုင်နက် အပြာရောင်ပြိုင်ကားတစ်စီးသည် ခြံဝင်းထဲသို့ မောင်းဝင်လာပြီး လှပသောအမိုးကို လှန်လိုက်ပြီးနောက် လင်းဆွေ့ကျိုး ၏ရှေ့တွင် မှန်မှန်ရပ်သွားသည်။{T.N -ဒီနေရာမှာ a beautiful tail flick ကို ကားမှာကျဘယ်လိုသုံးတာလဲမသိလို့ တိုက်ရိုက်ပဲ ဘာသာပြန်ထားလိုက်တယ်} ထို့နောက် ကားထဲကနေ အဖြူရောင် ရှပ်အင်္ကျီဝတ်ထားတဲ့လူတစ်ယောက်ထွက်လာခဲ့လေသည်။

ကားထဲကလူထွက်လာတာမြင်တာနဲ့ပဲ လင်းဆွေ့ကျိုးဟာသူ၏ခြေထောက်ကိုမြှောက်ပြီး သူ့ကို(ကားထဲကလူ) အညာအတာမဲ့စွာနဲ့ကန်လိုက်ပြီး
"မင်း သေချင်နေတာလား?"

ရှဟိုင်ရွန်က မရှောင်ဘဲနဲ့ သူရဲ့(လင်းဆွေ့ကျိုး)ကန်ချက်ကို ကျေကျေနပ်နပ်နဲ့လက်ခံလိုက်သည်။ရှလုလေး ကားထဲကနေထွက်လာပြီးနောက်မှာ သူက နူးညံ့တဲ့အပြုံးလေးနဲ့မေးလိုက်သည်။
"မင်းကိုဘာထိခိုက်သွားလို့လဲ?"

လင်းဆွေ့ကျိုးဟာစိတ်ဆိုးလာပြီး သူ့ကိုနောက်ထပ်တစ်ကြိမ်ပြန်ကန်ချင်လာသည်။

ထိုယောင်္ကျားနှစ်ယောက် ကလေးတွေလို ရန်ဖြစ်နေကြတာကိုကြည့်ရင်း ကျန်းထျန်နှင့် တစ်ခြားလူတွေဟာ တိတ်ဆိတ်သွားကြသည်။

သူတို့ကို(လင်း&ရှ ကာပယ်) လေးနက်တဲ့ CEO တွေလို့ ထင်ခဲ့ပေမဲ့ အခုတော့.....

"လာစမ်းပါ!! ရပ်လိုက်တော့ ကျိုးအာ ငါတို့ကို လူတွေကြည့်နေတယ်"
ရှဟိုင်ရွန်က လင်းဆွေ့ကျိုးရဲ့ တိုက်ခိုက်မှုကိုရှောင်တိမ်းလိုက်ရင်း ကင်မရာရှိကြောင်းအရိပ်အမြွက်ပြောကြားလိုက်သည်။

လင်းဆွေ့ကျိုး သူ၏ထုံးစံအတိုင်း တင်းမာသောအကြည့်ကို ပြန်မ‌‌ပြောင်းမီ အော်ပြောလိုက်သည်။

"အားလုံးပဲ အထဲဝင်ကြပါ"

ကျန်းထျန် အားလုံးကို ဝေ့ကြည့်လိုက်ရင်း
"လီချန်ဖုန်းက မလာဘူးလား?"

ထိုနာမည်ကိုကြားလိုက်တဲ့အခါ လင်းဆွေ့ကျိုးခြေလှမ်းတွေကိုရပ်တန့်လိုက်ပြီး သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။

ပီဒီ ချန် ကပြန်ဖြေလိုက်သည်။
"လီချန်ဖုန်း နဲ့ ရှောင်းမူက မကြာခင်ရောက်လာမှာပါ"

သူ့စကားဆုံးဆုံးချင်းမှာပဲ မီးခိုးရောင် ဆီဒင်ကားက ဖြည်းညှင်းစွာဝင်ရောက်လာသည်။ကားရပ်ပြီးတာနှင့်ပဲ လီချန်ဖုန်း နဲ့ ရှောင်းမူထွက်လာကြသည်။

လူငယ်လေးဟာ ရှိုးပွဲကို လာသကဲ့သို့ သပ်ရပ်ချောမောစွာဝတ်ဆင်ထားသည်။လူငယ်လေးဟာ သူ့၏နေကာမျက်မှန်ကိုချွတ်ပြီး ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်တယ်ဆိုရင်ပဲ လင်းဆွေ့ကျိုး၏ အကြည့်တွေနဲ့ ဆုံမိသွားသည်။

လေထုဟာ တခဏအတွင်း အနည်းငယ်တုန်လှုပ်သွားသည်။

ZAWGYI

ေက်ာင္းရွီ႐ြာ မေတာ္တဆမႈမွာထဲက ပီဒီ ခ်န္ဟာ လင္းေဆြ႕က်ိဳးအေပၚ အျပစ္ရွိတယ္လို႔ အၿမဲတမ္းခံစားခဲ့ရတာျဖစ္သည္။ဒီတစ္ေခါက္မွာေတာ့ သူက guest ေတြရဲ႕ လုံၿခဳံမႈကို အာမခံပါသည္။ရလဒ္အေနနဲ႔ကေတာ့ မေတာ္တဆ တစ္စုံတစ္ခုျဖစ္ပြားခဲ့ေသာ္လဲ က်န္းထ်န္က သူ႔ကိုအျပစ္မတင္တဲ့အျပင္ လင္းေဆြ႕က်ိဳးကပါ ဒီ show မွာပါဝင္ဖို႔ဆုံးျဖတ္ခဲ့ေသးသည္။

"ဒါကဒီေန႔အတြက္‌အၾကမ္းဖ်င္း အစီအစဥ္ပါ၊ေက်းဇူးျပဳၿပီး ဒါကိုတစ္ခ်က္ေလာက္ၾကည့္ေပးပါဦး"

လင္းေဆြ႕က်ိဳး အစီအစဥ္စာရင္းကို ဖတ္လိုက္ေလသည္။ပထမဆုံး အစားအစာေတြသြားဝယ္ရမည္ ၿပီးလွ်င္ guest ေတြအခ်င္းခ်င္းေတြ႕ဆုံရမည္ ၿပီးေတာ့ အတူတူေန႔လည္စာစားၾကရမည္ျဖစ္သည္။ေန႔လည္ပိုင္းသည္ကေတာ့ အခ်င္းခ်င္းအျပန္အလွန္အက်ိဳးျပဳတဲ့အပိုင္းျဖစ္သည္။ဒီအပိုင္းရဲ႕ အေၾကာင္းအရာကေတာ့ guest ေတြသူတို႔ဟာသူတို႔ဆုံးျဖတ္ရမွာပဲျဖစ္သည္။

လင္းေဆြ႕က်ိဳး ေခါင္းညိတ္လိုက္ၿပီး
"ငါသိၿပီ"

သူကခ်င္းခ်င္းကို ေအာက္ခ်လိုက္ၿပီး
"ေပါင္ေပ့ရဲ႕ ေကာေကာေတြကို သြားႏႈိးလိုက္ဦး။ပါးပါးတို႔ အစားစာေတြဝယ္ဖို႔အျပင္ထြက္ရမွာ"

"Yeah."

ေစာင့္ေနရင္းနဲ႔ပဲ ပီဒီ ခ်န္ ဟာမစပ္စုဘဲမေနႏိုင္ေတာ့ဘဲ
"ဥကၠဌလင္း က်န္းထ်န္ကိုေရာ ႏႈိးဖို႔ မလိုဘူးလား"

လင္းေဆြ႕က်ိဳး ေျပာလိုက္သည္။
"သူမနဲနဲေလာက္ျဖစ္ျဖစ္ပိုအိပ္ပါေစ"

မေန႔ညက ႏွစ္ေယာက္ၾကား ၾကည္ႏူးစရာညကိုေတြးရင္း လင္းေဆြ႕က်ိဳးဟာမၿပဳံးဘဲ မေနႏိုင္ေတာ့ေပ။

သူ႔အၿပဳံးရဲ႕အဓိပၸာယ္ဟာ သိသိသာသာကိုေလးနက္လြန္းေနၿပီး လူတိုင္းဟာ ဒါကိုခ်က္ခ်င္းနားလည္ႏိုင္ၾကေလသည္။

မၾကာမီမွာပဲ ေဂၚဖီထုပ္ေလးသုံးထုပ္က အဆင္သင့္ျဖစ္ေနၾကၿပီျဖစ္သည္။

အျပည့္အဝမႏႈိးေသးတဲ့ လ်န္ရွန႔္ဟာ ေဖ်ာ့ေတာ့ေသာမ်က္လုံးေလးေတြႏွင့္ေမးလိုက္သည္။

"ပါး၊ သားတို႔ဘယ္သြားၾကမွာလဲ"

"ပါးပါးတို႔ မားကတ္ကိုသြားၿပီး အစားအစာေတြသြားဝယ္ရမယ္။သားကပစၥည္းေတြသယ္ဖို႔ ပါးပါးကိုကူညီရမယ္"

"အိုး"

ေဂၚဖီထုပ္ေလးသုံးထုပ္က ကန႔္ကြက္တာမရွိဘဲ လင္းေဆြ႕က်ိဳးေနာက္ကေနလိုက္ၿပီး ေဈးဝယ္ဖို႔ ထြက္ခဲ့ၾကသည္။

သူတို႔ေကာင္းေကာင္းႀကီးပ်င္းလာခဲ့ၾကတာပဲ။ဒါကသူတို႔ရဲ႕မနက္ပိုင္းမွာပထမဆုံးမားကတ္ကို သြားဖူးျခင္းျဖစ္သလို လင္းေဆြ႕က်ိဳးအတြက္လည္း ပထမဆုံးသြားဖူးျခင္းျဖစ္သည္။

ေျခာက္နာရီထိုးေနၿပီဆိုေတာ့ မားကတ္ထဲမွာလည္း မနက္ပိုင္းေဈးဝယ္ၾကတဲ့သူေတြနဲ႔ျပည့္ႏွက္ေနေလသည္။ကင္မရာမန္းဟာ သူတို႔ရဲ႕ပုံရိပ္ေတြကို ဖမ္းယူႏိုင္ဖို႔အတြက္ သူ‌တို႔အေနာက္ကေန နီးကပ္စြာ ကပ္လိုက္လာေလသည္။လင္းေဆြ႕က်ိဳးဟာ သူ၏သမီးအငယ္ေလးေပ်ာက္မွာစိုးတဲ့အတြက္ သူမကိုသူ႔၏လည္ပင္းနားမွာသယ္ထားလိုက္သည္။

ဆူညံပြက္ေလာ႐ိုက္ေနေသာ မားကတ္သည္ အရပ္ရွည္ၿပီး ေခ်ာေမာေသာ လင္းေဆြ႕က်ိဳး ႏွင့္ အနည္းငယ္ ေဝးကြာေနပုံရသည္။သူသည္အသားဆိုင္သို႔သြားခဲ့ကာလတ္ဆတ္ေသာအမဲသားတစ္ခ်ိဳ႕ကိုဝယ္ခဲ့သည္။ေနာက္ဆုံးမွာ သူကပင္လယ္စာဆိုင္သို႔သြားခဲ့ၿပီး ခ်င္းခ်င္း၏အႀကိဳက္ဆုံးျဖစ္သည့္ ပုစြန္ႏွင့္ဂဏန္း ကိုဝယ္ခဲ့သည္။ဒီလိုေနရာမ်ိဳးကိုလာတာဟာ သူ႔အတြက္ ပထမဆုံးအႀကိမ္ျဖစ္ေသာ္လည္း သူသည္ အစားအေသာက္ပစၥည္းမ်ားကို ေ႐ြးခ်ယ္ဝယ္ယူရာတြင္ အလြန္ကြၽမ္းက်င္ပုံရသည္။

လ်န္ရွန႔္က ပစၥည္းေတြကို သယ္ထားဖို႔ တာဝန္ရွိတဲ့အတြက္ ေနာက္မွေလွ်ာက္လာခဲ့သည္။

"ခ်ဴယီ အခုဘယ္အခ်ိန္ရွိၿပီလဲ"

ခ်ဴယီက နာရီကို တစ္ခ်က္ၾကည့္ၿပီး

"အခု ခုႏွစ္နာရီခြဲၿပီ၊ပါး"

"စူပါမားကတ္ကေန အိမ္ျပန္ၾကစို႔"

လ်န္ရွန႔္ ၏ မ်က္လုံး‌ေလးမ်ားက ေတာက္ပလာကာ ေရွ႕သို႔ ေလွ်ာက္သြားၿပီး ေခါင္းကိုေမာ့လိုက္ရင္း
"ပါးပါး၊ ဒါဆို သား မုန႔္သြားဝယ္လို႔ရမလား"

လင္းေဆြ႕က်ိဳး ခ်က္ခ်င္းထုတ္ေျပာလိုက္သည္။
" ႏိုး "

သူ႔လည္ပင္းေပၚက ခ်င္းခ်င္းဟာလဲ လင္းေဆြ႕က်ိဳး၏ မ်က္ႏွာကိုပုတ္ကာ ခ်ိဳသာစြာၿပဳံးလိုက္ရင္း
" ေပါင္ေပ့အတြက္ေရာ မုန႔္ဝယ္လို႔ရလား "

လင္းေဆြ႕က်ိဳး၏အမူအရာဟာ အနည္းငယ္ ႏူးညံပုံေပၚလာၿပီး
" မရဘူး "

ခ်င္းခ်င္း မ်က္ေမွာင္ၾကဳတ္လိုက္ကာ သူ႔ဆံပင္ေတြကို မေပ်ာ္႐ႊင္စြာနဲ႔ဆြဲလိုက္သည္။
သူမ ၿငီးတြားရင္းနဲ႔
"ပါးပါးက ေပါင္ေပ့ကို အခ်စ္ဆုံးပဲမဟုတ္ဘူးလား"

" ေပါင္ေပ့ကိုအခ်စ္ဆုံးမဟုတ္ဘူး၊ ပါးပါးက
မားမားကိုအခ်စ္ဆုံးပဲ "

အခ်စ္မွာ ဒူးေထာက္က်ဆုံးသြားတဲ့ သူ႔ဒယ္ဒီရဲ႕ ႐ုတ္တရက္ ပိတ္႐ိုက္တာခံလိုက္ရတဲ့ ခ်င္းခ်င္းဟာ ေဒါသတႀကီးနဲ႔ သူမေလး၏ပါးေလးေတြကိုေဖာင္းလိုက္တာက ငါးပူေဖာင္းေလးႏွင့္ပင္ တူေလသည္။

ရွစ္နာရီေက်ာ္ေလာက္မွာ သူတို႔ဟာ အစားအစာေတြဝယ္ၿပီး အိမ္ျပန္ေရာက္လာၿပီျဖစ္သလို က်န္းထ်န္ဟာလဲ ႏိုးေနၿပီျဖစ္သည္။သူမအၾကာႀကီးအိပ္လိုက္မိျခင္းျဖစ္သည္။သူမ၏မ်က္လုံးေတြကိုျဖည္းညင္းစြာဖြင့္လိုက္ၿပီး ေနေရာင္ကို ေၾကာင္ၿပီး ၾကည့္ေနေလသည္။

" မားမား "
ခ်ဴယီ ေခါင္းညိတ္ကာ သူမ၏အခန္းတံခါးကိုတြန္းဖြင့္ၿပီး ဝင္လာေလသည္။

ခ်ဴယီက အျဖဴေရာင္ အားကစားဝတ္စုံကို ဝတ္ဆင္ထားၿပီး သူ႔၏မ်က္ႏွာေဖြးေဖြးေလးႏွင့္ လိုက္ဖက္စြာ အလြန္ကို ႏူးညံ့ေခ်ာေမာတဲ့ပုံေပၚေလသည္။

သူမက သူမ၏မ်က္လုံးေတြကိုပြတ္သတ္ရင္း
" ဘယ္အခ်ိန္ရွိၿပီလဲ "

ခ်ဴယီ ကုတင္ေပၚတြင္လွဲရင္း လက္ေထာက္ကာက်န္းထ်န္ကိုၾကည့္လိုက္ၿပီး
" ရွစ္နာရီေက်ာ္ေနၿပီ "

ရွစ္နာရီေက်ာ္ေနၿပီ......

က်န္းထ်န္သည္ ေနာက္ဆုံးမွာ႐ိုက္ကူးေရးဝန္ထမ္းမ်ား ယေန႔ေရာက္လာမည္ျဖစ္ေၾကာင္း သတိရလိုက္သျဖင့္ လန႔္သြားခဲ့သည္။

သူမ ေစာင္ကိုဖယ္လိုက္ၿပီး အဝတ္လဲခန္းထဲကို အလ်န္စလို ဝင္သြားခဲ့သည္။ခ်ဴယီဟာ တံခါးကိုမွီၿပီး သူ႔၏ေျခေခ်ာင္းေလးေတြဟာ ၾကမ္းျပင္ေပၚမွာ တြန္လိမ္ၿပီးလႈပ္ရွားလိုက္ေလသည္။သူ႔ေအာက္ႏႈတ္ခမ္းေလးကိုအသာဖိကိုက္လိုက္ရင္းဂ႐ုတစိုက္ေျပာလိုက္သည္။

"မားမား၊ သားကို အားဝူက စိတ္ဆိုးေနတာထင္တယ္"

က်န္းထ်န္ဟာ မၾကားရတာ ၾကာေနၿပီျဖစ္တဲ့ နာမည္ကိုၾကားလိုက္ရတဲ့အခါ သူမ၏လႈပ္ရွားမႈအလုံးစုံဟာ ခနေလာက္ရပ္တန႔္သြားခဲ့သည္။
" ဘာျဖစ္လို႔လဲ? "

တစ္စုံတစ္ခုကိုဆုံးရႈံးလိုက္ရပုံေပၚ ေနတဲ့ ခ်ဴယီဟာ သူ၏မ်က္ေတာင္ေလးေတြကိုေအာက္ခ်ၿပီး အံကိုတင္းတင္းႀကိတ္လိုက္ကာ
" သားမသိဘူး ၊ သူကသားကို အခု အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာလ်စ္လ်ဴရွဴထား‌တယ္ "

က်န္းထ်န္ဟာအဝတ္အစားလဲၿပီး ထြက္လာတဲ့အခ်ိန္မွာ သူမသား၏ေနာက္ေက်ာေသးေသးေလးကိုေတြ႕လိုက္ရသည္။သူမက သူ႔အေရွ႕ကိုေလွ်ာက္လာကာ ခ်ဴယီ့ရဲ႕ပုခုံးေသးေသးေလးေတြကိုကိုင္ရင္း ႏွစ္သိမ့္ရန္ တိုးတိုးေလးေျပာလိုက္သည္။
"ခ်ဴယီ၊ သား ဒီအေၾကာင္းကိုအမ်ားႀကီးမေတြးနဲ႔။တစ္ကယ္လို႔ ဒါနဲ႔ပတ္သတ္ၿပီး သားစိတ္အလိုမက်ေသးဘူးဆိုရင္ သား အစ္ကို ရွဴဝမ္ကို ေျပာလို႔ရတယ္"

ခ်ဴယီ အလ်င္အျမန္ေခါင္းညိမ့္လိုက္ေပမဲ့ သူ႔‌ကိုၾကည့္ရတာစိတ္ပူေနပုံေပၚေနတုန္းပဲ။

သူက က်န္းထ်န္ေနာက္ကေန လိုက္ခဲ့ေပမဲ့ သူ႔မ်က္လုံးေတြကေတာ့စိုးရိမ္မႈေတြနဲ႔ျပည့္ႏွက္ေနရင္း
"မားမား၊ အားဝူ......အားဝူက ေပ်ာက္ကြယ္သြားမွာလားဟင္?"

ေပ်ာက္ကြယ္သြားမယ္.......

က်န္းထ်န္ သူမ၏သြားကို ကိုက္လိုက္သည္။သူမစကၠန႔္ဝက္ေလာက္တုန႔္ဆိုင္းၿပီးေတာ့ ေခါင္းခါလိုက္ရင္း
"အားဝူက သားရဲ႕အစ္ကိုႀကီးေလ။ သူက သားေဘးမွာအၿမဲတမ္းရွိသြားမွာ"

ခ်ဴယီ သူ႔ႏႈတ္ခမ္းေတြကိုကိုက္လိုက္ရင္း
ခံစားခ်က္မဲ့စြာျဖင့္အခန္းထဲကေန ထြက္သြားခဲ့သည္။

လူသြားစႀကႍဟာ လူသူကင္းၿပီးတိတ္ဆိတ္ေနသည္။သူ႔၏ေသးငယ္ေသာ ေနာက္ေက်ာေလးႏွင့္ နံရံကိုမွီလိုက္သည္။ခ်ဴယီဟာသူ႔၏အိတ္ကပ္ထဲကေန မွတ္စုစာအုတ္အေသးေလးကိုထုတ္ၿပီး စေရးလိုက္ေတာ့သည္။
"အားဝူ၊ ငါမင္းကိုလြမ္းတယ္"

ဘာတုံျပန္ခ်က္မွမရွိလာဘူး။

သူ သက္ျပင္းခ်လိုက္ရင္း သူ႔၏လက္ေခ်ာင္းေလးေတြနဲ႔ အရင္ကတန္ဖိုးရွိတဲ့စာမ်က္ႏွာေတြကို ျဖည္းညင္းစြာ လွန္ၾကည့္လိုက္သည္။သူတို႔ကခႏၶာကိုယ္တစ္ခုထဲကိုအတူတူအသုံးျပဳေနၾကတဲ့အတြက္ သူတို႔ၾကားထဲမွာ ဘာလွ်ိဳ႕ဝွက္ခ်က္မွမရွိဘူး။သူေပ်ာ္သည္ျဖစ္ေစမေပ်ာ္သည္ျဖစ္ေစ ခ်ဴယီက ေပ်ာ္႐ႊင္စရာေကာင္းတာေတြကိုသာ အားဝူနဲ႔အတူမွ်ေဝခဲ့ၾကၿပီးေတာ့ အၿမဲတမ္းလဲအားဝူဆီက ျပန္စာရရွိခဲ့သည္။ဒါေပမဲ့ ဒီရက္ေတြမွာေတာ့ ....သူတစ္ေယာက္ထဲ အထီးက်န္ေနသည္။
သူေဘးမွာသူ႔မိသားစုလဲရွိၿပီး အိုးရန္အျပင္တျခားသူငယ္‌ခ်င္းေတြလဲရွိေသာ္လည္းညေတြမွာဆိုရင္ သူအထီးက်န္တာကိုခံစားရၿမဲျဖစ္သည္။ဒီခံစားခ်က္က အရမ္းဆိုးလြန္းသည္။

[ငါတစ္ခုခု မွားခဲ့တာရွိရင္၊ ငါေတာင္းပန္ပါတယ္]

ဘာတုံျပန္ခ်က္မွ ရွိမလာေသးဘူး။

ဗလာျဖစ္ေနဆဲ စာမ်က္ႏွာကိုၾကည့္ရင္း ခ်ဴယိီ သူ၏ႏႈတ္ခမ္းကိုအတင္းဖိကိုက္လိုက္သည္။သူအသက္ကိုျပင္းျပင္းရွဴလိုက္ကာ မွတ္စုစာအုပ္ကိုပိတ္ၿပီး သူ႔အိတ္ထဲကိုျပန္ထည့္လိုက္ေလသည္။

"ေကာေကာ ၊ မားမားက အဆင္သင့္ျဖစ္ၿပီလား"

ခ်ဴယီ ႏွာတစ္ခ်က္ရႈံ႕လိုက္ရင္း သူ႔မ်က္ရည္ေတြကိုသိမ္းကာ သူ႔ရဲ႕ညီငယ္ေလးကို ၿပဳံးၾကည့္လိုက္ရင္း
"မားမားက အဆင္သင့္ျဖစ္ေတာ့မယ္၊ အရင္ဆင္းႏွင့္ရေအာင္"

" အိုး "

သူတို႔သူငယ္ခ်င္းေတြလာေနၿပီဆိုတာ သိတဲ့အခါမွာ ခ်င္းခ်င္းနဲ႔ လ်န္ရွန႔္ဟာ ဒီဆုံစည္းမႈအတြက္ အရမ္းပဲ စိတ္လႈပ္ရွားေနၾကသည္။သူတို႔ကသူတို႔ရဲ႕အႀကိဳက္ဆုံးအ႐ုပ္ေတြကို ႀကိဳထုတ္ထားၿပီး ဧည့္ခန္းရဲ႕ေထာင့္နားမွာသပ္သပ္ရပ္ရပ္ စီထားၾကသည္။အ႐ုပ္ေတြေဘးမွာေတာ့ မ်ိဳးစုံတဲ့မုန႔္ထုတ္ေတြကိုလဲထားထားၾက‌ေလသည္။လ်န္ရွန႔္ဟာဆိုသူ႔၏အဖိုးတန္ဂိမ္းစက္ကိုေတာင္ ထုတ္လိုက္ေသးသည္။

ခနေလာက္ၾကာတဲ့အခ်ိန္မွာ က်န္းထ်န္ေလွကားကေနဆင္းလာသည္။

သူမက လြန္လြန္က်ဴးက်ဴးဝတ္စားထားျခင္းမရွိဘဲ ႐ိုး႐ိုးရွင္းရွင္းေပါ့ေပါ့ပါးပါးဝတ္စုံကိုသာဝတ္ဆင္ထားၿပီး မိတ္ကပ္အနည္းငယ္လိမ္းထားကာ သူမ၏ဆံပင္ရွည္ေတြကို အ႐ိုးရွင္းဆုံး စည္းေႏွာင္ထားသည္။သူမၿပဳံးလိုက္တဲ့အခ်ိန္မွာ အလြန္သန႔္စင္ၿပီးေတာက္ပကာ ကမာၻႀကီးအေၾကာင္းဘာမွမသိေသးေသာတကၠသိုလ္ေက်ာင္းသူေလးကဲ့သို႔ စြမ္းအင္နဲ႔ ႏုပ်ိဳမႈေတြအျပည့္ရွိေနေလသည္။

" ဂြတ္ေမာနင္း၊ ပီဒီ ခ်န္ "

ေက်ာင္းရွီ႐ြာ မေတာ္တဆမႈအၿပီးမွာ ပီဒီ ခ်န္ ဟာ က်န္းထ်န္အေပၚ အထင္ႀကီးစရာေတြသာက်န္ခဲ့ေလသည္။ သူမဆင္းလာတာကိုသူျမင္တဲ့အခါမွာ သူကသူမကို ရင္းရင္းႏွီးႏွီးႏႈတ္ဆက္လိုက္သည္။

က်န္းထ်န္ ေဘးဘက္ကိုေဝ့ၾကည့္လိုက္ေသာ္လည္း လင္းေဆြ႕က်ိဳးကို မေတြ႕ရေပ။သူမသူမသားငယ္ဘက္ကိုလွည့္ရင္း ေမးလိုက္သည္။
"ပါးပါး ဘယ္မွာလဲ?"

လ်န္ရွန႔္ သူ႔အ႐ုပ္ေတြကိုစီရင္းအလုပ္မ်ားေနေလသည္။သူ႔မွာ သူမကိုျပန္ေျဖရန္အခ်ိန္မရွိတဲ့အတြက္ ထမင္းစားခန္းကို ေပါ့ေပါ့တန္တန္ၫႊန္ျပလိုက္ရင္း
" ထမင္းစားခန္းထဲမွာ မားမားအတြက္မနက္စာလုပ္ေနတယ္"

က်န္းထ်န္ ထိန႔္လန႔္သြားရင္း
" သားတို႔က စားၿပီးၿပီလား?"

လ်န္ရွန႔္က က်န္းထ်န္ကို မထီမဲ့ျမင္ပုံစံျဖင့္ စိုက္ၾကည့္လိုက္ရင္း
"အခုဘယ္အခ်ိန္ရွိၿပီလဲဆိုတာ မားမားမသိဘူးလား?လူႀကီးတစ္ေယာက္တဲ့၊ ေနာက္က်မွလဲ
ထေသးတယ္။ သား မားမားကိုဘယ္လိုလုပ္ရမလဲဆိုတာတစ္ကယ္မသိေတာ့ဘူး"

"........"

"................"

သူမ၏ဒုတိယသားက သူမကိုႏွိမ့္ခ်မဲ့ေန႔ေရာက္လာလိမ့္မယ္လို႔ သူမ မေမွ်ာ္လင့္ထားဘူး။

က်န္းထ်န္ အနည္းငယ္စိုး႐ြံ႕စြာနဲ႔ သူမႏွာေခါင္းေလးကိုထိရင္း ထမင္းစားခန္းထဲသို႔ေလွ်ာက္လာလိုက္သည္။လင္းေဆြ႕က်ိဳးျပင္ဆင္ထားေသာ မနက္စာဟာ ႐ိုရွင္းၿပီးအာဟာရျပည့္ဝေလသည္။
မီးဖိုေခ်ာင္ထဲမွာ ေအပ႐ြန္ကိုဝတ္ၿပီး ကြၽမ္းက်င္စြာအလုပ္လုပ္ေနေသာသူ႔၏ပုံရိပ္က က်န္းထ်န္ကိုအနည္းငယ္ေလာက္စိတ္မေကာင္းျဖစ္ေစသည္။သူမက ကေလးေတြကို စာသင္ႏွစ္တစ္ခုစာ ဂ႐ုစိုက္ၿပီးၿပီျဖစ္သည္။ထိုစာသင္ႏွစ္တစ္ခုလုံးမွာ ကေလးေတြအတြက္ မနက္စာ ၊ညစာ အကုန္ျပင္ေပးခဲ့ေသာ္လည္း အရသာကေတာ့ လင္းေဆြ႕က်ိဳးေလာက္မေကာင္းေပ။ထိုအေတြးက သူမကိုစိတ္ဆိုးေစသည္။

"ရွဟိုင္႐ြန္နဲ႔ တစ္ျခားလူေတြက ဆယ္နာရီဝန္းက်င္ေလာက္ေရာက္မယ္။မင္းစားၿပီးရင္ေတာ့ ကိုယ့္ကိုသန႔္ရွင္းေရးလုပ္ဖို႔ ကူညီေပးဦး"

ထိုလူက ႏူးညံ့တဲ့အမူအရာနဲ႔ေျပာၿပီး သူ႔ပုံစံကေတာ္ေတာ္ေလးခံစားခ်က္ေကာင္းေနပုံရသည္။

သူနဲ႔ရွဟိုင္႐ြန္၏ အင္တာနက္ေပၚက အရႈပ္ေတာ္ပုံကိုေတြးမိၿပီး က်န္းထ်န္ဟာမက်ီစယ္ဘဲမေနႏိုင္ေတာ့ဘဲ

"ရွဟိုင္႐ြန္ကို ေတြ႕ရေတာ့မွာမို႔ ရွင္အရမ္းေပ်ာ္ေနပုံရတယ္"

လင္းေဆြ႕က်ိဳး သူမကိုမ်က္ေစာင္းထိုးရင္း
"အဓိပၸာယ္မရွိဘူး"

သူမအသံတိတ္သြားတာနဲ႔ အစားအေသာက္ျပင္ဆင္ေနရင္း သူ႔ရဲ႕သီခ်င္းညည္းသံတိုးတိုးကိုသာသူမၾကားရေလသည္။

က်န္းထ်န္၏ႏွလုံးသားေလးဟာျပဳတ္က်သြားသလိုခံစားလိုက္ရသည္။သူမအစကဟာသလုပ္ေနတာပါ။ဒါေပမဲ့ ဒီလူက တစ္ကယ္ႀကီးေပ်ာ္ေနတာပဲ!!

လင္းေဆြ႕က်ိဳးသည္ တစ္ကယ္ႀကီးကိုေပ်ာ္ေနတာျဖစ္သည္။ဒါေပမဲ့ ရွဟိုင္႐ြန္ေၾကာင့္ေတာ့ မဟုတ္ဘူး။

သူ အကုန္အစီအစဥ္‌ဆြဲၿပီးၿပီျဖစ္သည္။သူက လင္းေဆြ႕က်ိဳးဟာ မီးဖိုေခ်ာင္ထဲမွာ ဆရာတစ္ဆူလိုျဖစ္ၿပီး ခ်စ္စရာေကာင္း႐ုံသာမက အိပ္ယာေပၚမွာပါ ခ်စ္ဖို႔ေကာင္းတဲ့စြမ္းရည္ရွိေၾကာင္း ထ်န္ထ်န႔္ဖန္ေတြသိေအာင္ ဒီရႈိးကေနတစ္ဆင့္ျပသမွာျဖစ္သည္။သူ႔လိုမ်ိဳး ခ်ိဳၿမိန္ၿပီး ဂ႐ုစိုက္တတ္တဲ့ ေယာက်ၤားမ်ိဳးႏွင့္သာ ထ်န္ထ်န္ကထိုက္တန္ၿပီး တစ္ခ်ိန္ထဲမွာ ထို႐ိုင္းစိုင္းတဲ့သူေတြရဲ႕ႏွလုံးသားကိုလဲ တစ္ခါထဲခ်ိဳးဖ်က္ႏိုင္မွာျဖစ္ေလသည္။

ကိုးနာရီ ဝန္းက်င္ေလာက္မွာ နာမည္ႀကီးဗင္ကားမ်ားဟာ ေျဖးညင္းစြာေရာက္ရွိလာေလသည္။က်န္းထ်န္ႏွင့္လင္းေဆြ႕က်ိဳးတို႔ဟာ ထလိုက္ၿပီး guest ေတြကို ႀကိဳဆိုဖို႔ တံခါးနားကို သြားလိုက္ၾကသည္။

ကားထဲကထြက္လာတဲ့ ပထဆုံး guest ကေတာ့ ထန္ခ်င္းတို႔မိသားစုပဲ ျဖစ္သည္။သူကလွပတဲ့မိန္းမတစ္ေယာက္ကို လက္ဆြဲထားၿပီး ေႏြးေထြးစြာၿပဳံးေနေလသည္။သူမအသက္ကိုခန႔္မွန္းဖို႔ကခက္လြန္းသည္။သူမကပိန္ပါးတဲ့ပုံစံရွိၿပီး ဆံပင္ကိုအတိုညႇပ္ထားတဲ့အတြက္ေၾကာင့္ သူမပုံစံကတက္ႂကြတဲ့ပုံစံေပၚေနသည္။သူမ၏မ်က္လုံးေတြကေတာ့ ထန္လင္းနဲ႔ တူေနတဲ့အတြက္ေၾကာင့္ သူမက သူ႔(ထန္လင္း)အေမျဖစ္ႏိုင္ေလသည္။

ေနာက္တစ္ေယာက္ကေတာ့ ခ်န္ဇီဖန္းျဖစ္သည္။ကားထဲကေန သူထြက္လာၿပီးခ်င္းမွာပဲ အိပ္ေနတဲ့ ခ်န္ေပါင္ေပါင္ကို သူမ၏လက္ေမာင္းေတြနဲ႔ေပြ႕ထားေသာ ခ်န္ဇီဖန္း၏ ဇနီးက ထြက္လာေလသည္။

ကားႏွစ္စီးေဘးခ်င္းကပ္ရပ္လိုက္တာနဲ႔တစ္ၿပိဳင္နက္ အျပာေရာင္ၿပိဳင္ကားတစ္စီးသည္ ၿခံဝင္းထဲသို႔ ေမာင္းဝင္လာၿပီး လွပေသာအမိုးကို လွန္လိုက္ၿပီးေနာက္ လင္းေဆြ႕က်ိဳး ၏ေရွ႕တြင္ မွန္မွန္ရပ္သြားသည္။{T.N -ဒီေနရာမွာ a beautiful tail flick ကို ကားမွာက်ဘယ္လိုသုံးတာလဲမသိလို႔ တိုက္႐ိုက္ပဲ ဘာသာျပန္ထားလိုက္တယ္} ထို႔ေနာက္ ကားထဲကေန အျဖဴေရာင္ ရွပ္အက်ႌဝတ္ထားတဲ့လူတစ္ေယာက္ထြက္လာခဲ့ေလသည္။

ကားထဲကလူထြက္လာတာျမင္တာနဲ႔ပဲ လင္းေဆြ႕က်ိဳးဟာသူ၏ေျခေထာက္ကိုေျမႇာက္ၿပီး သူ႔ကို(ကားထဲကလူ) အညာအတာမဲ့စြာနဲ႔ကန္လိုက္ၿပီး
"မင္း ေသခ်င္ေနတာလား?"

ရွဟိုင္႐ြန္က မေရွာင္ဘဲနဲ႔ သူရဲ႕(လင္းေဆြ႕က်ိဳး)ကန္ခ်က္ကို ေက်ေက်နပ္နပ္နဲ႔လက္ခံလိုက္သည္။ရွလုေလး ကားထဲကေနထြက္လာၿပီးေနာက္မွာ သူက ႏူးညံ့တဲ့အၿပဳံးေလးနဲ႔ေမးလိုက္သည္။
"မင္းကိုဘာထိခိုက္သြားလို႔လဲ?"

လင္းေဆြ႕က်ိဳးဟာစိတ္ဆိုးလာၿပီး သူ႔ကိုေနာက္ထပ္တစ္ႀကိမ္ျပန္ကန္ခ်င္လာသည္။

ထိုေယာက်ၤားႏွစ္ေယာက္ ကေလးေတြလို ရန္ျဖစ္ေနၾကတာကိုၾကည့္ရင္း က်န္းထ်န္ႏွင့္ တစ္ျခားလူေတြဟာ တိတ္ဆိတ္သြားၾကသည္။

သူတို႔ကို(လင္း&ရွ ကာပယ္) ေလးနက္တဲ့ CEO ေတြလို႔ ထင္ခဲ့ေပမဲ့ အခုေတာ့.....

"လာစမ္းပါ!! ရပ္လိုက္ေတာ့ က်ိဳးအာ ငါတို႔ကို လူေတြၾကည့္ေနတယ္"
ရွဟိုင္႐ြန္က လင္းေဆြ႕က်ိဳးရဲ႕ တိုက္ခိုက္မႈကိုေရွာင္တိမ္းလိုက္ရင္း ကင္မရာရွိေၾကာင္းအရိပ္အႁမြက္ေျပာၾကားလိုက္သည္။

လင္းေဆြ႕က်ိဳး သူ၏ထုံးစံအတိုင္း တင္းမာေသာအၾကည့္ကို ျပန္မ‌‌ေျပာင္းမီ ေအာ္ေျပာလိုက္သည္။

"အားလုံးပဲ အထဲဝင္ၾကပါ"

က်န္းထ်န္ အားလုံးကို ေဝ့ၾကည့္လိုက္ရင္း
"လီခ်န္ဖုန္းက မလာဘူးလား?"

ထိုနာမည္ကိုၾကားလိုက္တဲ့အခါ လင္းေဆြ႕က်ိဳးေျခလွမ္းေတြကိုရပ္တန႔္လိုက္ၿပီး သူ႔မ်က္လုံးေတြကို က်ဥ္းေျမာင္းလိုက္သည္။

ပီဒီ ခ်န္ ကျပန္ေျဖလိုက္သည္။
"လီခ်န္ဖုန္း နဲ႔ ေရွာင္းမူက မၾကာခင္ေရာက္လာမွာပါ"

သူ႔စကားဆုံးဆုံးခ်င္းမွာပဲ မီးခိုးေရာင္ ဆီဒင္ကားက ျဖည္းညႇင္းစြာဝင္ေရာက္လာသည္။ကားရပ္ၿပီးတာႏွင့္ပဲ လီခ်န္ဖုန္း နဲ႔ ေရွာင္းမူထြက္လာၾကသည္။

လူငယ္ေလးဟာ ရႈိးပြဲကို လာသကဲ့သို႔ သပ္ရပ္ေခ်ာေမာစြာဝတ္ဆင္ထားသည္။လူငယ္ေလးဟာ သူ႔၏ေနကာမ်က္မွန္ကိုခြၽတ္ၿပီး ပတ္ဝန္းက်င္ကိုေဝ့ၾကည့္လိုက္တယ္ဆိုရင္ပဲ လင္းေဆြ႕က်ိဳး၏ အၾကည့္ေတြနဲ႔ ဆုံမိသြားသည္။

ေလထုဟာ တခဏအတြင္း အနည္းငယ္တုန္လႈပ္သြားသည္။

Continue Reading

You'll Also Like

2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
797K 66.1K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...
143K 10.1K 20
မိဘမဲ့တစ်ကောင်ကြွက်ဖြစ်တဲ့ဝမ်ရှီးတစ်ယောက် တစ်ကိုယ်ထဲခရီးသွားရင်း ထူးဆန်းတဲ့ရေကန်ထဲပြုတ်ကျသွားပြီး အမှောင်လောကထဲရောက်သွားတဲ့အခါ Systemကပေးတဲ့ရွေးခြယ်မ...
71.4K 5.1K 17
Hidden love ရဲ့ မူရင်းဝတ္ထု Secretly secretly unable to hide it ရဲ့ extra 5 ပိုင်းပါ။ ပထမဘာသာပြန်သူ eaindranaing1 profile မှာ အပိုင်း ၁မှ ၈၅ ထိရှိပြီ...