The Villain Dressed As a Litt...

By Mimosa2002

89.9K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 5

2.3K 437 7
By Mimosa2002

   လင်ရှီးသည် လျစ်လျူရှုကာထွက်သွားသောသူ၏နောက်ကျောကိုကြည့်ကာသံသယစိတ်ဖြင့်မျက်တောင်ခတ်လိုက်ပြီး ထိုခဏ၌ ထိုသူသည်ထွက်ပြေးသွားသည်ဟုခံစားလိုက်ရသည်။
    ဝယ်သူ၏အ‌ခြေနေကိုသိပ်ဂရုမစိုက်တော့ပဲလင်ရှီးသည်သူ့အင်္ကျီကိုတင်းကြပ်စွာဆုပ်ကိုင်၍ သူ၏ကိုယ်လုံးတီးခန္ဓာကိုယ်အောက်ပိုင်းကိုဖုံးကွယ်လိုက်သည်။
    ငါးအမြီးသည်သူ့ခြေထောက်အဖြစ်ပြောင်းသွားသော်လည်း လင်ရှီးသည်ငါးကန်ထဲတွင်ရေသူလေးအဖြစ်တစ်လကျော်နေထိုင်ခဲ့ခြင်းဖြစ်သည်။လင်ရှီးသည်တစ်လကျော်ကြာအောင်ရေထဲတွင်နေထိုင်ခဲ့သည်ဖြစ်၍  ရေနှင့်အ‌ေတာ်လေးအသားကျနေပြီဟုဆိုနိုင်သည်။
    သူ့အမြီးကနေခြေထောက်တွေအဖြစ်ရုတ်တရက်ပြောင်းသွားသောကြောင့် အောက်ကခြေထောက်နှစ်ချောင်းကသူ့ကိုယ်ပိုင်မဟုတ်သလိုခံစားနေမိသည်။
    သူ့ခြေထောက်တွေကိုကွေးပြီးထိုင်ခုံပေါ်တင်လိုက်တဲ့အခါထိုင်ခုံကြီးနေပြီးသူ့ရဲ့ရေသူခန္ဓာကိုယ်လေးကအတော်လေးသေးနေသဖြင့်တစ်ကိုယ်လုံးထိုင်ခုံပေါ်တင်ထားသော်လည်းနေရာအနည်းငယ်ကျန်နေသေးသည်။
     ယာဉ်ပျံသည်မြင့်မားသောအရပ်၌လျင်မြန်စွာပျံသန်းနေလေသည်။
     လင်ရှီးသည်ငါးကန်ထဲ၌‌ေနစဥ်တနေကုန်လုပ်စရာမရှိပေ။ နောက်ဆုံးတော့သူငါးကန်ထဲမှထွက်လာခဲ့ပြီဖြစ်သည်။ တစ်နေရာမှအခြားနေရာသိုပြောင်းရွှေ့နေရခြင်းဖြစ်ရပ်သည်ရက်ပေါင်းများစွာပြင်ပလောကကိုမထိတွေခဲ့ရသောလင်ရှီးအတွက်တော့အနည်းငယ်စိတ်လှုပ်ရှားစေသည်။
      ပြူတင်းပေါက်အပြင်ဘက်‌တွင်တော့ဖြူဖြူပြာပြာတိမ်တိုက်များရှိကာကောင်းကင်သည်ကြည်လင်နေလေ၏။
       လင်ရှီးသည်ခေါင်းငဲ့ကာအဝေးသို့စူးစိုက်ကြည့်ရင်းစဉ်းစားနေမိသည်။သူကူးပြောင်းမလာခင်နေ့ရက်များတွင်စာအုပ်လောက၏အဆုံးစွန်ဆုံးသောဗီလိန်တစ်ယောက်ဖြစ်ခဲ့ပြီးဇာတ်လိုက်သည်သူ၏ရန်သူဖြစ်ခဲ့သည်။
       သူ့လက်များတွင်လူများစွာတို့၏သွေးများစွန်းထင်းနေခဲ့ပြီး ဤသည်မှာလည်းသူကထိုသူတွေက်ုသတ်ချင်ခဲ့၍မဟုတ်ပဲထိုသူတွေကသူ့လမ်းမှာလာပိတ်ဆို့ခဲ့ခြင်းကြောင့်သာ။ ထိုသူများ၏အသနားခံလိုခြင်းနှင့်စိတ်ပျက်မှုများရောထွေးနေသောမျက်နှာများကိုပြန်တွေးမိရင်း သူ၏နှုတ်ခမ်းထောင့်များကွေးတက်လာလေသည်။
        သူကလွတ်လပ်မှုကိုလိုလားတောင့်တသူဖြစ်ပြီးသူ့ဇာတ်ကောင်ကလည်းထိုကဲ့သို့သောပုံစံမျိုးဖြစ်သည်။သူ့အသိစိတ်နိုးထလာပြီးနောက်ပိုင်းတွင်လွတ်လပ်မှုကိုတောင်းတခြင်းသည်ပိုမိုပြင်းထန်လာခဲ့သည်။

   သူ့ရဲ့အရင်ဘဝ၌သူဟာကြိုးကိုင်ခြယ်လှယ်ခြင်းကိုခံခဲ့ရပြီး သူသေသွားပြီးနောက်မတူညီတဲ့ကမ္ဘာကြီးကိုရောက်ရှိလာပြီးရေသူတစ်ယောက်ဖြစ်လာခဲ့သည်။

  သူဖြတ်သန်းလာပြီးနောက်တိုက်ရိုက်ပင်ခက်ခဲမှုနှင့်ကြုံတွေ့လိုက်ရသည်။ ရေသူမဆိုင်တွင်ရောင်းချခံရသည်၊ ထွက်ပြေးဖို့ကြံစည်နေတုန်းအချိန်တွင်အလှည့်အပြောင်းနှင့်ကြုံလိုက်ရသည်၊ မမျှော်လင့်ထားတဲ့ဧည့်သည်ကပေါ်ပေါက်လာရပြီး သူ့အစီအစဉ်များကိုရိုက်ချိုးခဲ့သည်။

        လင်ရှီးမျက်လုံးထောင့်မှမြင်နေရတဲ့အရပ်မြင့်မြင့်နဲ့အေးစက်စက်အရာရှိကိုတစ်ချက်ကြည့်လိုက်သည်။ထိုလူသူ့ကိုလာမတားလျှင်ကောင်းလိမ့်မည်။ အကယ်၍သူ့လွတ်မြောက်မှုကိုလာတားပါက သူ့လက်ပေါ်သွေးနည်းနည်းစွန်းရုံလောက်ကိုစိတ်ထဲထားမှာမဟုတ်တော့ပေ။

       လောလောဆယ်တော့အချိန်အနည်းငယ်အတွင်းပြသနာပေါ်လာပြီး ထိုပြသနာကိုဖြေရှင်းဖို့စောင့်နေရသည်။

       လင်ရှီးသူ့မျက်လုံးများကို အောက်သို့ငုံ့၍လက်ဖဝါးများကိုစိုက်ကြည့်လိုက်သည်။ သူ့လက်ချောင်းများကို ကွေးလိုက်ပြီးနောက်အမြန်ပင်ပြန်လွှတ်လိုက်၏။ သူလိုချင်သည့်အရာကိုရဖို့ သူ့ကိုယ်ပိုင်ကြိုးစားမှုကိုသာ အားကိုးရလိမ့်မည်။

  ယာဉ်ပျံသည်တစ်နာရီခန့်ပျံသန်းပြီးနောက်သီးခြားဖြစ်နေသောအိမ်ကြီးတစ်အိမ်ရှေ့သို့ရောက်ရှိလာ၏။ အနောက်တိုင်းပုံစံဆောက်ထားသော အဆောက်အဦးကြီးသည် ကျယ်ပြန့်သောဧရိယာကို ဖုံးအုပ်ထားသည်။ ယာဉ်ပျံသည်လေထဲမှဆင်းသက်လာသောအခါ အနောက်တိုင်းပုံစံအဆောက်အဦး၏ နောက်တွင်ကြီးမားသောဥယျာဉ်တစ်ခုရှိနေသည်ကို လင်ရှီးသတိထားမိသည်။

  ဥယျာဉ်သည် စိမ်းလန်းသောသစ်ပင်များ၊ အနီရောင်ပန်းများနှင့်ပြည့်နေကာ တက်ကြွမှုများပြည့်နှက်နေသည်။ မြေပြင်သည်သန့်ရှင်းသပ်ရပ်နေပြီး လူနှင့်စက်ရုပ်များကိုတော့မတွေ့ရပေ။

  ယာဉ်ပျံသည်အဆောက်အဦးပေါ်မှာပျံသန်းလာပြီး စက္ကန့်အနည်းငယ်ကြာရပ်တန့်သွားပြီးနောက် အဆောက်အဦးရှေ့သို့ဖြေးညှင်းစွာ ဆင်းသက်လာခဲ့သည်။

   လင်ရှီးသူ့နှုတ်ခမ်းများကို လျှာနှင့်သပ်လိုက်ပြီး ပြတင်းပေါက်ဘေးရှိထိုင်ခုံ၏ ကျောသို့မှီလိုက်သည်။ အခုခဏရပ်နေချိန်၌ အပြင်ဘက်‌တွင်တစ်ခုခုပြောင်းလဲသွားသည်ကို သူသတိထားမိလိုက်သည်။
 
   ယာဉ်ပျံတံခါးပွင့်သွားပြီးနောက် အစောင့်စစ်သားနှစ်ယောက်က အရင်ဆင်းသွားသည်။ အရှေ့တွင်‌ရှိနေသောချင်ရှောင်းက လှည့်၍လင်ရှီးဆီသို့လျှောက်လာကာ သူ့ရဲ့လက်အောက်ငယ်သားရှဲ့ဟုန်မင်သည်ဘေးမှာရပ်နေ၏။ အစကနေစပြီးဆက်တိုက်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကသူကြိုတင်မမျှော်လင့်ထားသော အရာတွေချည်းပါပင်။

  မူလကချင်ရှောင်းကို ရေသူလေးတစ်ကောင်ပေးဖို့သူစီစဉ်ခဲ့သည်။ ချင်ရှောင်းကလက်ခံခဲ့ပြီး ရေသူလေး၏အစီအစဉ်ကိုလျစ်လျူရှုခဲ့သည်။ ကြည့်ရတာရေသူလေးက ချင်ရှောင်းအတွက်နည်းနည်းထူးခြားပုံရသည်။ (ရေသူလေးရဲ့အစီအစဉ် = အဝယ်မခံရအောင်တိုက်ခိုက်ခြင်း)

   ဒါကအံ့ဩစရာကောင်း၍ ချင်ရှောင်းကိုယ်ထဲတခြားတစ်ယောက် ဝင်နေလားဟုပင် ရှဲ့ဟုန်မင်ကိုထင်စေသည်။ မဟုတ်ရင်သူ(ချင်ရှောင်း) ဘယ်လိုလုပ်ချစ်စရာရေသူလေးကိုပွေ့ဖက်မှာလဲ။

  တနည်းဆိုရသော် စစ်သားများ၏ 'သွေးအေးစက်' ဟုသီးသန့်ခေါ်ဝေါ်သည့် ချင်ရှောင်းလိုလူတစ်ယောက်ပင် ရေသူလ၏ဆွဲဆောင်မှုကို သာမန်လူများကဲ့သို့ပင် ခုခံနိုင်စွမ်းမရှိပေ။

   ဒါပေမယ့် သူဝန်ခံရမှာတော့ ချင်ရှောင်းတွင်မျက်လုံးကောင်းများရှိပြီး သူရွေးချယ်လိုက်တာနဲ့တင် လှပတဲ့ရေသူလေးကိုရှာတွေ့နိုင်သည်။

  ရေသူလေးရဲ့မျက်နှာက ပူပန်မှုများနှင့်ပြည့်နေရင်တောင်မှ သူ့ကိုကြယ်အစုအဝေးnetworkပေါ်တင်လိုက်လျှင် ၎င်းသည်မရေတွက်နိုင်သော ပရိတ်သတ်များကိုဆွဲဆောင်နိုင်ပေလိမ့်မည်။ တော်ဝင်မိသားစုများနှင့် ယှဉ်လျှင်တောင်သူ့အသွင်အပြင်က နိမ့်ကျမည်မဟုတ်။

  ရေသူလေးရဲ့အမြှီးတွေ ပျောက်ကွယ်သွားပြီးနောက်နူးညံ့ဖြူစင်သည်ခြေထောက်လေးနှစ်ချောင်းအဖြစ်ပြောင်းလဲသွားခဲ့သည်။ ယာဉ်ပျံပေါ်မှဆင်းရန် အချိန်ကျပြီဖြစ်သည်။ ရှဲ့ဟုန်မင်ရေသူလေးပေါ်ရှိ စစ်ဂျာကင်အားစိတ်ဝင်တးားက့်လိုက်၏။
  
  ရှဲ့ဟုန်မင်၏မျက်လုံးများသည် မျက်စိမှိတ်ထားသောချင်ရှောင်း၏မျက်နှာပေါ်သို့ တိတ်တဆိတ်ရောက်ရှိသွားသည်။ ဤကဲ့သို့အပေါ်အင်္ကျီလေးသာဝတ်ထားသည့် ချစ်စရာကောင်းလှတဲ့အလှလေးကို ချင်ရှောင်းမထိဘူးဆိုတာ ရှဲ့ဟုန်မင်လုံးဝမယုံပေ။

  ချင်ရှောင်း လင်ရှီးအရှေ့တွင်ရပ်လိုက်၏။ လင်ရှီးသည်သေးငယ်ပြီး အလွန်လှပသိမ်မွေ့သည်။ ချင်ရှောင်းရဲ့အင်္ကျီသည် လင်ရှီး၏ခန္ဓာကိုယ်ကိုဖုံးအူပ်ထားပြီး ခြေထောက်နှစ်ချောင်းသာပေါ်လေသည်။ ချင်ရှောင်းသည် လင်ရှီး၏ခြေချောင်းလေးများကို တစ်ချက်သာကြည့်လိုက်ပြီး သူ့မျက်နှာသည်တည်ငြိမ်နေ၏။ သို့သော်သူ့နှလုံးသားတွင် လှိုင်းဂယက်ငယ်လေးများထလာသည်။

  ချင်ရှောင်းရေသူတွေကိုမြင်ဖူးသော်လည်း လူသားအဖြစ်ပြောင်းလဲတာကိုတော့ သူ့မျက်လုံးဖြင့်ကိုယ်တိုင်မမြင်ဖူးပေ။

  ရေသူလေးရဲခြေထောက်များသည် လူသားတို့နှင့်အတိအကျတူညီသော်လည်း ၎င်းတို့သည်လူသားများထက် များစွာပိုမိုနူးညံ့ပြီးသွယ်လျကျစ်လျစ်သည်။ ထိုခြေထောက်အစုံသည် လူသားတို့အား ဖုန်မှုန့်များနှင့်မညစ်ပေအောင် မြေပေါ်သို့မနင်းသင့်ဟူသောအတွေးများဝင်စေသည်။

  ထိုအတွေးတို့ဖြင့် ချင်ရှောင်းမျက်လုံးများရုတ်တရက် ကျုံ့သွားသည်။ သူ့လျှာဖျားဖြင့်သွားတွေကိုသပ်လိုက်၏။ ‌ရှဲ့ဟုန်မင်ကတော့သူ့ဘေးကိုစိုက်ကြည့်နေတုန်းပင်။ ချင်ရှောင်းယခင်ကထိုသို့မထင်မိခဲ့သော်လည်း ယနေ့တွင်သူ့လက်အောက်ငယ်သားလည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်သူသည် တစ်ခါတစ်ရံမှာအထူးသဖြင့်မျက်စိကန်းတတ်ကြောင်းရုတ်တရက်တွေ့လိုက်ရသည်။ (သူဘာလို့ဖဲ့လည်းတော့ကိုယ်လည်းသိပ်နားမလည်🤧)

  သူ(ရှဲ့ဟုန်မင်) ချင်ရှောင်းဘာဆက်လုပ်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရင်းအဲ့ဒီနေရာမှာပဲ ရပ်နေလိုက်သည်။

  လူသားအ‌ဖြစ်ပြောင်းသွားသောရေသူလေးသည် သူ့ရဲ့ကိုယ်ပေါ်ရှိဂျာကင်မှလွဲ၍ အတွင်းအပြင်တွင်မည်သည့်အဝတ်အစားမှမဝတ်ထားပေ။

  ချင်ရှောင်းရေသူလေးကိုတိုက်ရိုက် ပွေ့ချီလိုက်လျှင် ရေသူလေး၏ခန္ဓာကိုယ်ကိုသေချာပေါက်ထိမိသွားမည်ဖြစ်သည်။

  ငါးအမြှီးသာဆိုလျှင် အဲ့တာကအဆင်ပြေသည်။အခုအခြားအရာဆိုတော့...ချင်ရှောင်းမျက်လုံးများကျဉ်းမြောင်းလိုက်၏။ ချင်ရှောင်းမပြောနှင့် လင်ရှီးလည်းလက်ရှိအခြေအနေနှင့်ပက်သတ်ပြီး ထူးဆန်းသလိုခံစားရသည်။

  သူ့အရှေ့ကလူကဝတ်ကောင်းစားလှနှင့်ကုတ်တစ်ထည်ကိုဝတ်ထားပြီး ဒီမြင်ကွင်းသာပြောင်းလဲလိုက်ပါကထိုလူသည် အရောင်းသမားတစ်ယောက်နှင့်တူသွားပေလိမ့်မည်။(လူကုန်သည်လိုလိုပြောချင်တာပါ)

   တနည်းအားဖြင့်လင်ရှီးသည် သူ့ခန္ဓာကိုယ်ကိုအမှန်တကယ်ရောင်းချနေရသော်လည်း ဤရောင်းချမှုနှင့်ခန္ဓာကိုယ်သည် ရှေးခေတ်ကပုံစံနှင့်မတူပေ။ (ပြောချင်တာကသူကရေသူလေးဖြစ်နေလို့ရောင်းခံရတယ်ပေါ့ကွာ ဟိုခေတ်ကလိုကျွန်ကုန်သည်တွေကတဆင့်လူရောင်းခံရတာလိုမဟုတ်ဘူးလို့ပြောချင်တာ)

  ကံ‌အားလျော်စွာလင်ရှီး၏ခြေထောက်များသည် ငါးအမြှီးအဖြစ်ပြန်လည်ပြောင်းလဲသွား၏။ ငအမြှီးကိုကုတ်အင်္ကျီကဲ့သို့ မည်းနက်နေသောအကြေးခွံများနှင့်ဖုံးအုပ်ထားသည်။ သူတို့ယာဉ်ပျံပေါ်ကဆင်းပြီးနောက် အိမ်ထဲသို့ဝင်ခဲ့သည်။ ဧည့်ခန်းထဲသို့ရောက်သောအခါ ချင်ရှောင်းသည်မရပ်ပဲ ရေသူလေးအားရေချိုးခန်းထဲသို့တိုက်ရိုက်ခေါ်သွား၏။

   ရေသူလေးကိုရေချိုးကန်ထဲထည့်ပြီးနောက် ကန်ထဲသို့ရေအေးများအမြန်‌ဖြည့်လိုက်သည်။ ယာဉ်ပျံပေါ်တွင်တစ်နာရီကျော်ကြာ ရေမထိပဲနေခဲ့ရပြီးနောက် ရေအေးများသူ့အပေါ်ကျလာသည်နှင့်လင်ရှီးသက်ပြင်းတစ်ချက်ချပြီးညည်းညူလိုက်သည်။

  ၎င်းသည်ဗီဇသက်သက်ဖြစ်ပြီး ထိုအသံလေးသည် တဖြည်းဖြည်းတိုးလာသည်။ ထိုနူးညံ့သောညည်းညူသံလေးကိုကြားသောအခါ ချင်ရှောင်းရဲ့လက်ချောင်းများထုံကျင်သွားခဲ့၏။

  ချင်ရှောင်းရေချိုးကန်၏ဘေးတွင်ရပ်နေသည်။ သူရေကန်ထဲကရေသူလေးကိုငုံ့ကြည့်နေကာ ရေများပြည့်လာပြီးနောက် ရေသူလေး၏ခန္ဓာကိုယ်တစ်ခုလုံးရေထဲသို့နစ်သွား၏။ ချင်ရှောင်းထုံကျင်နေသေးသော သူ့လက်ချောင်းများကိုကွေးလိုက်သည်။ သူ့ခန္ဓာကိုယ်ရေထဲရောက်သွားသည့်အခါ လင်ရှီးရေထဲပြန်ဆင်းရတာကို ပထမဆုံးအကြိမ် ပျော်ရွှင်မှုတစ်ခုလို့ခံစားလိုက်ရသည်။

  လင်ရှီးသူ့ဘေးနားကအရာရှိသည် ဘယ်အချိန်ကထွက်သွားမှန်းမသိလိုက်ပေ။ ရေချိုးကန်ထဲရေပြည့်လာသောအခါ လင်ရှီးရေပေါ်သို့‌ဖြည်းညှင်းစွာပြန်တက်လာခဲ့သည်။ ကျယ်ဝန်းသည့်ရေချိုးခန်းအတွင်း သူတစ်ယောက်တည်းသာကျန်ခဲ့လေသည်။ လင်ရှီး၏နှလုံးခုန်သံနှင့်အတူ အနက်ရောင်ငါးအမြှီးသည် ရေထဲမှရုတ်တရက်ကြွတက်လာပြီး ရေကိုရိုက်ခတ်လိုက်သည်။(ရေဆော့နေတာပါ)

  ရေချိုးကန်ကအရမ်းမကြီးသောကြောင့် လင်ရှီးရဲ့ငါးအမြှီးက ရေကိုပုတ်လိုက်သည့်အခါ ရေတွေကရေချိုးကန်ရဲ့အစွန်းကိုကျော်၍ နေရာအနှံ့ပြန့်ကျဲကုန်၏။ ဒီလိုရေတွေကိုရိုက်ရတာကပင်ပျော်စရာဟုသူထင်သည်။ လင်ရှီးရေသူဆိုင်မှာရှိစဉ်တစ်လကျော်ခန့်တွင် ဖျော်ဖြေရေးပစ္စည်းတစ်မျိုးတည်းသာရှိခဲ့သည်။

  ထို့ကြောင့်သူငါးအမြီးကိုအကြိမ်ပေါင်းများစွာဆက်တိုက်ရိုက်၍ ရေချိုးကန်အတွင်းရှိရေအများစုကိုအပြင်သို့လွင့်စင်စေသည်။ အလုံအလောက်ကစားပြီးနောက် လင်ရှီးရပ်လိုက်ပြီး ရေပိုက်ခေါင်းကိုဖွင့်ကာ ရေပြန်ဖြည့်လိုက်သည်။ ထို့နေုက်သူ့တစ်ကိုယ်လုံးကိုရေအောက်တွင်နှစ်မြှုပ်၍ အိပ်လိုက်၏။

  လူတစ်ယောက်သာဒီလိုလုပ်လျှင်မိနစ် အနည်းငယ်ကြာသည်အထိတောင့်ခံနိုင်မည်မဟုတ်ပေ။ ရေသူတစ်ကောင်အနေနဲ့လင်ရှီးအချိန်အကြာကြီးနေနိုင်ပေသည်။ လွတ်မြောက်ဖို့အတွက်တော့လင်ရှီးသူ့ကို သူတို့ယာဉ်ပျံပေါ်သို့ခေါ်လာစဉ်ကတည်းက နောက်သို့ရွှေ့ဆိုင်းခဲ့သည်။

  အနည်းဆုံးတော့ သူ၎င်းကိုအကောင်အထည်မဖော်မီ အိမ်တစ်ဝိုက်ရှိလုံခြုံရေးအကာအကွယ်များကို ရှာဖွေရန်လိုအပ်ပေသည်။

  သူ့ကိုဝယ်တဲ့သူရဲ့အဝတ်အစားတွေအရ ထိုလူသည်တိုင်းပြည်ရှိ အဆင့်မြင့်အရာရှိတစ်ဦးဖြစ်သည်။ သူကအရာရှိဆိုတော့အိမ်မှာအမြဲမနေဖြစ်လောက်ပေ။ ဒါကြောင့်လုံးဝအကျိုးမရှိဘူးဟုတော့မထင်ချေ။ (အဝယ်ခံလိုက်တာကိုပြောတာပါ)

  လင်ရှီး၏ခံနိုင်ရည်အားနှင့်ခွန်အားသည် အလွန်ပြင်းထန်သန်မာ၏။ အခက်အခဲနှင့်အတားအဆီးတွေသည် သူ့အတွက်တော့ သူရှေ့ဆက်သွားရာတွင်ကူ‌ညီပေးသည့် အနင်းခံကျောက်တုံးသာသာပင်။

  လင်ရှီးသည်ရေချိုးကန်အောက်ခြေတွင် ပူပေါင်းအနည်းငယ်မှုတ်ထုတ်လိုက်၏။ ရေချိုးခန်းသည်အသ့လုံသောကြောင့် အောက်ထပ်ရှိချင်ရှောင်းသည် ရေချိုးကန်ထဲတွင်ရေသူလေးဆော့နေသည်ကိုမကြားရပေ။

   ရှဲ့ဟုန်မင်သည်ဧည့်ခန်းထဲမှာစောင့်နေပြီး ချင်ရှောင်းဆင်းလာသည်ကိုမြင်တဲ့အခါ သူ့မျက်မှန်ကိုနှာတံပေါ်သို့တွန်းတင်လိုက်သည်။ သူတပ်ထားသည့်မျက်မှန်မှာရိုးရိုးမျက်မှန်ဖြစ်ပြီး ဆေးစစ်ချက်နှင့်လုပ်ထားတာမဟုတ်ပေ။(ပါဝါမပါဘူး) သူ့ကိုယ်ပိုင်စကားအရဆိုရသော် သူ့ရဲ့ထိုပုံစံက နူးညံ့သိမ်မွေ့ပြီးဖော်ရွေတဲ့လေထုကိုပေးနိုင်တယ်လို့ သူထင်တာကြောင့်ဖြစ်သည်။
 
    "မင်းအလှလေးကို အခုဘယ်မှာထား ထားတာလဲ၊ ရေချိုးကန်ထဲမှာနေမဟုတ်ဘူးမလား" ယခုက‌စစ်တပ်ထဲမှာမဟုတ်ပေ။ စစ်ယူ‌နီဖောင်းဝတ်ထားပေမယ့် အပြင်မှာတော့ရှဲ့ဟုန်မင်ရဲ့သဘောထားက အမြဲသူငယ်ချင်းရှုထောင့်ကနေဆက်ဆံသည်။

   ချင်ရှောင်း၏အေးစက်နေသော မျက်လုံးများသည်မပြောင်းလဲပေ။ လမ်းလျှောက်နေသောရေခဲတုံးသာဖြစ်နေဆဲဖြစ်သည်။

   "ချစ်စရာကောင်းလွန်းတဲ့အလှလေးကိုလေ...မင်းမှာတစ်စုံတစ်ယောက်ကိုရေချိုးကန်ထဲမှာထား ထားဖို့နှလုံးသားရှိတယ်ပေါ့၊ သူရေမကူးနိုင်ဘူး" ရှဲ့ဟုန်မင်အကူအညီမဲ့စွာခေါင်းယမ်းနေပြီး သူငယ်ချင်း၏အေးစက်နေတဲ့နှလုံးသားကို အသံထွက်၍အပြစ်တင်နေသည်။

   "မရင်းနှီးတဲ့နေရာကို ရောက်လာတဲ့အလှလေးကိုရေချိုးကန်သေးသေးလေးထဲမှာထားတယ်၊ သူငါတို့ကိုလူဆိုးတွေလို့ထင်မသွားနိုင်ဘူးလား! ကြောက်ပြီးနေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ၊ ငါ ငါးကန်မှာပြီးပို့လိုက်မယ်"

  ချင်ရှောင်းနှင့်ယှဉ်ပါက ရှဲ့ဟုန်မင်သည်ရေသူလေးအတွက်  ပိုမိုစိုးရိမ်ပူပန်ကြောင်း ပြသနေခဲ့သည်။ ချင်ရှောင်းအနည်းငယ်မျက်မှောင်ကျုံ့ကာ ရေသူအရောင်းဆိုင်ရှိ ဖန်ကန်များကိုသတိရသွားသည်။ ရေသူလေးသည်ဖန်ကန်ထဲတွင်ထောင်ကျနေသလိုမျိုး သော့ခတ်၍အချုပ်ခံထားခဲ့ရသည်။

  " ‌နောက်ထပ်ဆောက်လုပ်ရေအဖွဲ့ကို ဒီကိုလာဖို့လွှတ်လိုက်" ရှဲ့ဟုန်မင်ငါးကန်ပို့ပေးဖို့လက်အောက်ငယ်သားတွေကို ဆက်သွယ်သည့်အခါ ချင်ရှောင်းပြောလိုက်၏။

  ရှဲ့ဟုန်မင်အံ့အားသင့်သွားဟန်ဖြင့် "ဆောက်လုက်ရေးအဖွဲ့? "
 
   "အနောက်ဘက်ဥယျာဉ်တစ်ဝက်ကို ငါးကန်အဖြစ်ပြောင်းမယ်" ချင်ရှောင်း ကြမ်းပြင်မှမျက်နှာကျက်အထိရှည်သည့် ပြတင်းပေါက်ဆီသို့လျှောက်သွားလိုက်သည်။ ပြတင်းပေါက်အနားတွင်ရပ်ကာ အနောက်ဘက်ဥယျာဉ်ကိုကြည့်လိုက်၏။

   ရှဲ့ဟုန်မင် ချင်ရှောင်းကရေသူလေးကို ဂရုမစိုက်ဘူးဟုပဲထင်ခဲ့တာ။ သူလှည့်ကြည့်လ်ိုက်သည်။ ချင်ရှောင်းက ဥယျာဉ်ကိုတူးခိုင်းတယ်???
သူနောက်တစ်ကြိမ်အံ့ဩသွားခဲ့သည်။ သူထင်ယောင်ထင်မှားဖြစ်နေတယ်လို့ပဲထင်ခဲ့တာ။

   "မင်း သေချာရဲ့လား" ရှဲ့ဟုန်မင်အနောက်ဘက်ဥယျာဉ်ကို သဘောကျသည်။ သူဤနေရာသို့ရောက်တိုင်း အနောက်ဘက်ဥယျာဉ်တွင်ထိုင်လေ့ရှိသည်။ ချင်ရှောင်း၏အေးစက်နေသောမျက်လုံးများကို မြင်သောအခါရှဲ့ဟုန်မင်သည် ထိုမေးခွန်းကိုမမေးသင့်မှန်းသိလိုက်သည်။

  ရှဲ့ဟုန်မင်ကိစ္စရပ်နှစ်ခုလုံးကို သူ့တပ်သားများအားတာဝန်ပေးလိုက်၏။ သူ့နေရာကိုအခုရေသူလေးက သိမ်းသွားတော့ကျန်တဲ့အရာတွေပါအခြေခံအားဖြင့် ပျောက်ကွယ်သွားသည်။ (အနောက်ဥယျာဉ်ကိုရေသူလေးအတွက်ငါးကန်တူးလိုက်တော့ သူဘုံပျောက်သွားတာပါ)

   လုံးဝမမှောင်ခင် ရှဲ့ဟုန်မင်ယာဉ်ပျံဖြင့်ထွက်ခွါသွားသည်။ ဒါပေမယ့်မသွားခင်ရှဲ့ဟုန်မင် ချင်ရှောင်းကိုတစ်ခုခုပြောနေတုန်းပဲ။ အဲ့ဒါက ရေသူလေးကိုအစာကျွေးဖို့မမေ့နဲ့၊ ရေသူလေးကိုအစာမငတ်စေနဲ့....။


#12.9.2022
အရင်နေ့တွေကမအပ်ဖြစ်လိုဒီနေ့နှစ်ပိုင်းပါ။
MTLကနေတိုက်ရိုက်ဘာသာပြန်ရတာဖြစ်လို့ဆီလျော်အောင်ပြန်ထားပါသည်။ မူရင်းနှင့်အနည်းငယ်ကွဲလွဲပါကကိုယ်တို့အမှားသာဖြစ်ပါသည်။

~~Zawgyi ~~

လင္ရွီးသည္ လ်စ္လ်ဴရႈကာထြက္သြားေသာသူ၏ေနာက္ေက်ာကိုၾကည့္ကာသံသယစိတ္ျဖင့္မ်က္ေတာင္ခတ္လိုက္ၿပီး ထိုခဏ၌ ထိုသူသည္ထြက္ေျပးသြားသည္ဟုခံစားလိုက္ရသည္။
  ဝယ္သူ၏အေျခေနကိုသိပ္ဂ႐ုမစိုက္ေတာ့ပဲလင္ရွီးသည္သူ႕အကၤ်ီကိုတင္းၾကပ္စြာဆုပ္ကိုင္၍ သူ၏ကိုယ္လုံးတီးခႏၶာကိုယ္ေအာက္ပိုင္းကိုဖုံးကြယ္လိုက္သည္။
  ငါးအၿမီးသည္သူ႕ေျခေထာက္အျဖစ္ေျပာင္းသြားေသာ္လည္း လင္ရွီးသည္ငါးကန္ထဲတြင္ေရသူေလးအျဖစ္တစ္လေက်ာ္ေနထိုင္ခဲ့ျခင္းျဖစ္သည္။လင္ရွီးသည္တစ္လေက်ာ္ၾကာေအာင္ေရထဲတြင္ေနထိုင္ခဲ့သည္ျဖစ္၍ ေရႏွင့္အေတာ်လေးအသားကျနေပြီဟုဆိုနိုင်သည်။
  သူ႕အၿမီးကေနေျခေထာက္ေတြအျဖစ္႐ုတ္တရက္ေျပာင္းသြားေသာေၾကာင့္ ေအာက္ကေျခေထာက္ႏွစ္ေခ်ာင္းကသူ႕ကိုယ္ပိုင္မဟုတ္သလိုခံစားေနမိသည္။
  သူ႕ေျခေထာက္ေတြကိုေကြးၿပီးထိုင္ခုံေပၚတင္လိုက္တဲ့အခါထိုင္ခုံႀကီးေနၿပီးသူ႕ရဲ႕ေရသူခႏၶာကိုယ္ေလးကအေတာ္ေလးေသးေနသျဖင့္တစ္ကိုယ္လုံးထိုင္ခုံေပၚတင္ထားေသာ္လည္းေနရာအနည္းငယ္က်န္ေနေသးသည္။
  ယာဥ္ပ်ံသည္ျမင့္မားေသာအရပ္၌လ်င္ျမန္စြာပ်ံသန္းေနေလသည္။
  လင္ရွီးသည္ငါးကန္ထဲ၌ေနစဥ်တနေကုန်လုပ်စရာမရှိပေ။ ေနာက္ဆုံးေတာ့သူငါးကန္ထဲမွထြက္လာခဲ့ၿပီျဖစ္သည္။ တစ္ေနရာမွအျခားေနရာသိုေျပာင္းေ႐ႊ႕ေနရျခင္းျဖစ္ရပ္သည္ရက္ေပါင္းမ်ားစြာျပင္ပေလာကကိုမထိေတြခဲ့ရေသာလင္ရွီးအတြက္ေတာ့အနည္းငယ္စိတ္လႈပ္ရွားေစသည္။
   ျပဴတင္းေပါက္အျပင္ဘက္တြင္ေတာ့ျဖဴျဖဴျပာျပာတိမ္တိုက္မ်ားရွိကာေကာင္းကင္သည္ၾကည္လင္ေနေလ၏။
   လင္ရွီးသည္ေခါင္းငဲ့ကာအေဝးသို႔စူးစိုက္ၾကည့္ရင္းစဥ္းစားေနမိသည္။သူကူးေျပာင္းမလာခင္ေန႕ရက္မ်ားတြင္စာအုပ္ေလာက၏အဆုံးစြန္ဆုံးေသာဗီလိန္တစ္ေယာက္ျဖစ္ခဲ့ၿပီးဇာတ္လိုက္သည္သူ၏ရန္သူျဖစ္ခဲ့သည္။
   သူ႕လက္မ်ားတြင္လူမ်ားစြာတို႔၏ေသြးမ်ားစြန္းထင္းေနခဲ့ၿပီး ဤသည်မှာလည်းသူကထိုသူတွေက်ုသတ်ချင်ခဲ့၍မဟုတ်ပဲထိုသူတွေကသူ့လမ်းမှာလာပိတ်ဆို့ခဲ့ခြင်းကြောင့်သာ။ ထိုသူမ်ား၏အသနားခံလိုျခင္းႏွင့္စိတ္ပ်က္မႈမ်ားေရာေထြးေနေသာမ်က္ႏွာမ်ားကိုျပန္ေတြးမိရင္း သူ၏ႏႈတ္ခမ္းေထာင့္မ်ားေကြးတက္လာေလသည္။
    သူကလြတ္လပ္မႈကိုလိုလားေတာင့္တသူျဖစ္ၿပီးသူ႕ဇာတ္ေကာင္ကလည္းထိုကဲ့သို႔ေသာပုံစံမ်ိဳးျဖစ္သည္။သူ႕အသိစိတ္နိုးထလာၿပီးေနာက္ပိုင္းတြင္လြတ္လပ္မႈကိုေတာင္းတျခင္းသည္ပိုမိုျပင္းထန္လာခဲ့သည္။

သူ႕ရဲ႕အရင္ဘဝ၌သူဟာႀကိဳးကိုင္ျခယ္လွယ္ျခင္းကိုခံခဲ့ရၿပီး သူေသသြားၿပီးေနာက္မတူညီတဲ့ကမၻာႀကီးကိုေရာက္ရွိလာၿပီးေရသူတစ္ေယာက္ျဖစ္လာခဲ့သည္။

သူျဖတ္သန္းလာၿပီးေနာက္တိုက္ရိုက္ပင္ခက္ခဲမႈႏွင့္ႀကဳံေတြ႕လိုက္ရသည္။ ေရသူမဆိုင္တြင္ေရာင္းခ်ခံရသည္၊ ထြက္ေျပးဖို႔ႀကံစည္ေနတုန္းအခ်ိန္တြင္အလွည့္အေျပာင္းႏွင့္ႀကဳံလိုက္ရသည္၊ မေမွ်ာ္လင့္ထားတဲ့ဧည့္သည္ကေပၚေပါက္လာရၿပီး သူ႕အစီအစဥ္မ်ားကိုရိုက္ခ်ိဳးခဲ့သည္။

    လင္ရွီးမ်က္လုံးေထာင့္မွျမင္ေနရတဲ့အရပ္ျမင့္ျမင့္နဲ႕ေအးစက္စက္အရာရွိကိုတစ္ခ်က္ၾကည့္လိုက္သည္။ထိုလူသူ႕ကိုလာမတားလွ်င္ေကာင္းလိမ့္မည္။ အကယ္၍သူ႕လြတ္ေျမာက္မႈကိုလာတားပါက သူ႕လက္ေပၚေသြးနည္းနည္းစြန္း႐ုံေလာက္ကိုစိတ္ထဲထားမွာမဟုတ္ေတာ့ေပ။

   ေလာေလာဆယ္ေတာ့အခ်ိန္အနည္းငယ္အတြင္းျပသနာေပၚလာၿပီး ထိုျပသနာကိုေျဖရွင္းဖို႔ေစာင့္ေနရသည္။

   လင္ရွီးသူ႕မ်က္လုံးမ်ားကို ေအာက္သို႔ငုံ႕၍လက္ဖဝါးမ်ားကိုစိုက္ၾကည့္လိုက္သည္။ သူ႕လက္ေခ်ာင္းမ်ားကို ေကြးလိုက္ၿပီးေနာက္အျမန္ပင္ျပန္လႊတ္လိုက္၏။ သူလိုခ်င္သည့္အရာကိုရဖို႔ သူ႕ကိုယ္ပိုင္ႀကိဳးစားမႈကိုသာ အားကိုးရလိမ့္မည္။

ယာဥ္ပ်ံသည္တစ္နာရီခန႔္ပ်ံသန္းၿပီးေနာက္သီးျခားျဖစ္ေနေသာအိမ္ႀကီးတစ္အိမ္ေရွ႕သို႔ေရာက္ရွိလာ၏။ အေနာက္တိုင္းပုံစံေဆာက္ထားေသာ အေဆာက္အဦးႀကီးသည္ က်ယ္ျပန႔္ေသာဧရိယာကို ဖုံးအုပ္ထားသည္။ ယာဥ္ပ်ံသည္ေလထဲမွဆင္းသက္လာေသာအခါ အေနာက္တိုင္းပုံစံအေဆာက္အဦး၏ ေနာက္တြင္ႀကီးမားေသာဥယ်ာဥ္တစ္ခုရွိေနသည္ကို လင္ရွီးသတိထားမိသည္။

ဥယ်ာဥ္သည္ စိမ္းလန္းေသာသစ္ပင္မ်ား၊ အနီေရာင္ပန္းမ်ားႏွင့္ျပည့္ေနကာ တက္ႂကြမႈမ်ားျပည့္ႏွက္ေနသည္။ ေျမျပင္သည္သန႔္ရွင္းသပ္ရပ္ေနၿပီး လူႏွင့္စက္႐ုပ္မ်ားကိုေတာ့မေတြ႕ရေပ။

ယာဥ္ပ်ံသည္အေဆာက္အဦးေပၚမွာပ်ံသန္းလာၿပီး စကၠန႔္အနည္းငယ္ၾကာရပ္တန႔္သြားၿပီးေနာက္ အေဆာက္အဦးေရွ႕သို႔ေျဖးညွင္းစြာ ဆင္းသက္လာခဲ့သည္။

လင္ရွီးသူ႕ႏႈတ္ခမ္းမ်ားကို လွ်ာႏွင့္သပ္လိုက္ၿပီး ျပတင္းေပါက္ေဘးရွိထိုင္ခုံ၏ ေက်ာသို႔မွီလိုက္သည္။ အခုခဏရပ္ေနခ်ိန္၌ အျပင္ဘက္တြင္တစ္ခုခုေျပာင္းလဲသြားသည္ကို သူသတိထားမိလိုက္သည္။

ယာဥ္ပ်ံတံခါးပြင့္သြားၿပီးေနာက္ အေစာင့္စစ္သားႏွစ္ေယာက္က အရင္ဆင္းသြားသည္။ အေရွ႕တြင္ရွိေနေသာခ်င္ေရွာင္းက လွည့္၍လင္ရွီးဆီသို႔ေလွ်ာက္လာကာ သူ႕ရဲ႕လက္ေအာက္ငယ္သားရွဲ႕ဟုန္မင္သည္ေဘးမွာရပ္ေန၏။ အစကေနစၿပီးဆက္တိုက္ျဖစ္ပ်က္ခဲ့ေသာ အျဖစ္အပ်က္မ်ားကသူႀကိဳတင္မေမွ်ာ္လင့္ထားေသာ အရာေတြခ်ည္းပါပင္။

မူလကခ်င္ေရွာင္းကို ေရသူေလးတစ္ေကာင္ေပးဖို႔သူစီစဥ္ခဲ့သည္။ ခ်င္ေရွာင္းကလက္ခံခဲ့ၿပီး ေရသူေလး၏အစီအစဥ္ကိုလ်စ္လ်ဴရႈခဲ့သည္။ ၾကည့္ရတာေရသူေလးက ခ်င္ေရွာင္းအတြက္နည္းနည္းထူးျခားပုံရသည္။ (ေရသူေလးရဲ႕အစီအစဥ္ = အဝယ္မခံရေအာင္တိုက္ခိုက္ျခင္း)

ဒါကအံ့ဩစရာေကာင္း၍ ခ်င္ေရွာင္းကိုယ္ထဲတျခားတစ္ေယာက္ ဝင္ေနလားဟုပင္ ရွဲ႕ဟုန္မင္ကိုထင္ေစသည္။ မဟုတ္ရင္သူ(ခ်င္ေရွာင္း) ဘယ္လိုလုပ္ခ်စ္စရာေရသူေလးကိုေပြ႕ဖက္မွာလဲ။

တနည္းဆိုရေသာ္ စစ္သားမ်ား၏ 'ေသြးေအးစက္' ဟုသီးသန႔္ေခၚေဝၚသည့္ ခ်င္ေရွာင္းလိုလူတစ္ေယာက္ပင္ ေရသူလ၏ဆြဲေဆာင္မႈကို သာမန္လူမ်ားကဲ့သို႔ပင္ ခုခံနိုင္စြမ္းမရွိေပ။

ဒါေပမယ့္ သူဝန္ခံရမွာေတာ့ ခ်င္ေရွာင္းတြင္မ်က္လုံးေကာင္းမ်ားရွိၿပီး သူေ႐ြးခ်ယ္လိုက္တာနဲ႕တင္ လွပတဲ့ေရသူေလးကိုရွာေတြ႕နိုင္သည္။

ေရသူေလးရဲ႕မ်က္ႏွာက ပူပန္မႈမ်ားႏွင့္ျပည့္ေနရင္ေတာင္မွ သူ႕ကိုၾကယ္အစုအေဝးnetworkေပၚတင္လိုက္လွ်င္ ၎သည္မေရတြက္နိုင္ေသာ ပရိတ္သတ္မ်ားကိုဆြဲေဆာင္နိုင္ေပလိမ့္မည္။ ေတာ္ဝင္မိသားစုမ်ားႏွင့္ ယွဥ္လွ်င္ေတာင္သူ႕အသြင္အျပင္က နိမ့္က်မည္မဟုတ္။

ေရသူေလးရဲ႕အျမႇီးေတြ ေပ်ာက္ကြယ္သြားၿပီးေနာက္ႏူးညံ့ျဖဴစင္သည္ေျခေထာက္ေလးႏွစ္ေခ်ာင္းအျဖစ္ေျပာင္းလဲသြားခဲ့သည္။ ယာဥ္ပ်ံေပၚမွဆင္းရန္ အခ်ိန္က်ၿပီျဖစ္သည္။ ရွဲ႕ဟုန္မင္ေရသူေလးေပၚရွိ စစ္ဂ်ာကင္အားစိတ္ဝင္တးားက့္လိုက္၏။

ရွဲ႕ဟုန္မင္၏မ်က္လုံးမ်ားသည္ မ်က္စိမွိတ္ထားေသာခ်င္ေရွာင္း၏မ်က္ႏွာေပၚသို႔ တိတ္တဆိတ္ေရာက္ရွိသြားသည္။ ဤကဲ့သို႔အေပၚအကၤ်ီေလးသာဝတ္ထားသည့္ ခ်စ္စရာေကာင္းလွတဲ့အလွေလးကို ခ်င္ေရွာင္းမထိဘူးဆိုတာ ရွဲ႕ဟုန္မင္လုံးဝမယုံေပ။

ခ်င္ေရွာင္း လင္ရွီးအေရွ႕တြင္ရပ္လိုက္၏။ လင္ရွီးသည္ေသးငယ္ၿပီး အလြန္လွပသိမ္ေမြ႕သည္။ ခ်င္ေရွာင္းရဲ႕အကၤ်ီသည္ လင္ရွီး၏ခႏၶာကိုယ္ကိုဖုံးအူပ္ထားၿပီး ေျခေထာက္ႏွစ္ေခ်ာင္းသာေပၚေလသည္။ ခ်င္ေရွာင္းသည္ လင္ရွီး၏ေျခေခ်ာင္းေလးမ်ားကို တစ္ခ်က္သာၾကည့္လိုက္ၿပီး သူ႕မ်က္ႏွာသည္တည္ၿငိမ္ေန၏။ သို႔ေသာ္သူ႕ႏွလုံးသားတြင္ လွိုင္းဂယက္ငယ္ေလးမ်ားထလာသည္။

ခ်င္ေရွာင္းေရသူေတြကိုျမင္ဖူးေသာ္လည္း လူသားအျဖစ္ေျပာင္းလဲတာကိုေတာ့ သူ႕မ်က္လုံးျဖင့္ကိုယ္တိုင္မျမင္ဖူးေပ။

ေရသူေလးရဲေျခေထာက္မ်ားသည္ လူသားတို႔ႏွင့္အတိအက်တဴညီေသာ္လည္း ၎တို႔သည္လူသားမ်ားထက္ မ်ားစြာပိုမိုႏူးညံ့ၿပီးသြယ္လ်က်စ္လ်စ္သည္။ ထိုေျခေထာက္အစုံသည္ လူသားတို႔အား ဖုန္မႈန႔္မ်ားႏွင့္မညစ္ေပေအာင္ ေျမေပၚသို႔မနင္းသင့္ဟူေသာအေတြးမ်ားဝင္ေစသည္။

ထိုအေတြးတို႔ျဖင့္ ခ်င္ေရွာင္းမ်က္လုံးမ်ား႐ုတ္တရက္ က်ဳံ႕သြားသည္။ သူ႕လွ်ာဖ်ားျဖင့္သြားေတြကိုသပ္လိုက္၏။ ရွဲ႕ဟုန္မင္ကေတာ့သူ႕ေဘးကိုစိုက္ၾကည့္ေနတုန္းပင္။ ခ်င္ေရွာင္းယခင္ကထိုသို႔မထင္မိခဲ့ေသာ္လည္း ယေန႕တြင္သူ႕လက္ေအာက္ငယ္သားလည္းျဖစ္၊ သူငယ္ခ်င္းလည္းျဖစ္သူသည္ တစ္ခါတစ္ရံမွာအထူးသျဖင့္မ်က္စိကန္းတတ္ေၾကာင္း႐ုတ္တရက္ေတြ႕လိုက္ရသည္။ (သူဘာလို႔ဖဲ့လည္းေတာ့ကိုယ္လည္းသိပ္နားမလည္)

သူ(ရွဲ႕ဟုန္မင္) ခ်င္ေရွာင္းဘာဆက္လုပ္မလဲဆိုတာ စိတ္ဝင္တစားၾကည့္ရင္းအဲ့ဒီေနရာမွာပဲ ရပ္ေနလိုက္သည္။

လူသားအျဖစ္ေျပာင္းသြားေသာေရသူေလးသည္ သူ႕ရဲ႕ကိုယ္ေပၚရွိဂ်ာကင္မွလြဲ၍ အတြင္းအျပင္တြင္မည္သည့္အဝတ္အစားမွမဝတ္ထားေပ။

ခ်င္ေရွာင္းေရသူေလးကိုတိုက္ရိုက္ ေပြ႕ခ်ီလိုက္လွ်င္ ေရသူေလး၏ခႏၶာကိုယ္ကိုေသခ်ာေပါက္ထိမိသြားမည္ျဖစ္သည္။

ငါးအျမႇီးသာဆိုလွ်င္ အဲ့တာကအဆင္ေျပသည္။အခုအျခားအရာဆိုေတာ့...ခ်င္ေရွာင္းမ်က္လုံးမ်ားက်ဥ္းေျမာင္းလိုက္၏။ ခ်င္ေရွာင္းမေျပာႏွင့္ လင္ရွီးလည္းလက္ရွိအေျခအေနႏွင့္ပက္သတ္ၿပီး ထူးဆန္းသလိုခံစားရသည္။

သူ႕အေရွ႕ကလူကဝတ္ေကာင္းစားလွႏွင့္ကုတ္တစ္ထည္ကိုဝတ္ထားၿပီး ဒီျမင္ကြင္းသာေျပာင္းလဲလိုက္ပါကထိုလူသည္ အေရာင္းသမားတစ္ေယာက္ႏွင့္တူသြားေပလိမ့္မည္။(လူကုန္သည္လိုလိုေျပာခ်င္တာပါ)

တနည္းအားျဖင့္လင္ရွီးသည္ သူ႕ခႏၶာကိုယ္ကိုအမွန္တကယ္ေရာင္းခ်ေနရေသာ္လည္း ဤေရာင္းခ်မႈႏွင့္ခႏၶာကိုယ္သည္ ေရွးေခတ္ကပုံစံႏွင့္မတူေပ။ (ေျပာခ်င္တာကသူကေရသူေလးျဖစ္ေနလို႔ေရာင္းခံရတယ္ေပါ့ကြာ ဟိုေခတ္ကလိုကြၽန္ကုန္သည္ေတြကတဆင့္လူေရာင္းခံရတာလိုမဟုတ္ဘူးလို႔ေျပာခ်င္တာ)

ကံအားေလ်ာ္စြာလင္ရွီး၏ေျခေထာက္မ်ားသည္ ငါးအျမႇီးအျဖစ္ျပန္လည္ေျပာင္းလဲသြား၏။ ငအျမႇီးကိုကုတ္အကၤ်ီကဲ့သို႔ မည္းနက္ေနေသာအေၾကးခြံမ်ားႏွင့္ဖုံးအုပ္ထားသည္။ သူတို႔ယာဥ္ပ်ံေပၚကဆင္းၿပီးေနာက္ အိမ္ထဲသို႔ဝင္ခဲ့သည္။ ဧည့္ခန္းထဲသို႔ေရာက္ေသာအခါ ခ်င္ေရွာင္းသည္မရပ္ပဲ ေရသူေလးအားေရခ်ိဳးခန္းထဲသို႔တိုက္ရိုက္ေခၚသြား၏။

ေရသူေလးကိုေရခ်ိဳးကန္ထဲထည့္ၿပီးေနာက္ ကန္ထဲသို႔ေရေအးမ်ားအျမန္ျဖည့္လိုက္သည္။ ယာဥ္ပ်ံေပၚတြင္တစ္နာရီေက်ာ္ၾကာ ေရမထိပဲေနခဲ့ရၿပီးေနာက္ ေရေအးမ်ားသူ႕အေပၚက်လာသည္ႏွင့္လင္ရွီးသက္ျပင္းတစ္ခ်က္ခ်ၿပီးညည္းၫူလိုက္သည္။

၎သည္ဗီဇသက္သက္ျဖစ္ၿပီး ထိုအသံေလးသည္ တျဖည္းျဖည္းတိုးလာသည္။ ထိုႏူးညံ့ေသာညည္းၫူသံေလးကိုၾကားေသာအခါ ခ်င္ေရွာင္းရဲ႕လက္ေခ်ာင္းမ်ားထုံက်င္သြားခဲ့၏။

ခ်င္ေရွာင္းေရခ်ိဳးကန္၏ေဘးတြင္ရပ္ေနသည္။ သူေရကန္ထဲကေရသူေလးကိုငုံ႕ၾကည့္ေနကာ ေရမ်ားျပည့္လာၿပီးေနာက္ ေရသူေလး၏ခႏၶာကိုယ္တစ္ခုလုံးေရထဲသို႔နစ္သြား၏။ ခ်င္ေရွာင္းထုံက်င္ေနေသးေသာ သူ႕လက္ေခ်ာင္းမ်ားကိုေကြးလိုက္သည္။ သူ႕ခႏၶာကိုယ္ေရထဲေရာက္သြားသည့္အခါ လင္ရွီးေရထဲျပန္ဆင္းရတာကို ပထမဆုံးအႀကိမ္ ေပ်ာ္႐ႊင္မႈတစ္ခုလို႔ခံစားလိုက္ရသည္။

လင္ရွီးသူ႕ေဘးနားကအရာရွိသည္ ဘယ္အခ်ိန္ကထြက္သြားမွန္းမသိလိုက္ေပ။ ေရခ်ိဳးကန္ထဲေရျပည့္လာေသာအခါ လင္ရွီးေရေပၚသို႔ျဖည္းညွင္းစြာျပန္တက္လာခဲ့သည္။ က်ယ္ဝန္းသည့္ေရခ်ိဳးခန္းအတြင္း သူတစ္ေယာက္တည္းသာက်န္ခဲ့ေလသည္။ လင္ရွီး၏ႏွလုံးခုန္သံႏွင့္အတူ အနက္ေရာင္ငါးအျမႇီးသည္ ေရထဲမွ႐ုတ္တရက္ႂကြတက္လာၿပီး ေရကိုရိုက္ခတ္လိုက္သည္။(ေရေဆာ့ေနတာပါ)

ေရခ်ိဳးကန္ကအရမ္းမႀကီးေသာေၾကာင့္ လင္ရွီးရဲ႕ငါးအျမႇီးက ေရကိုပုတ္လိုက္သည့္အခါ ေရေတြကေရခ်ိဳးကန္ရဲ႕အစြန္းကိုေက်ာ္၍ ေနရာအႏွံ႕ျပန႔္က်ဲကုန္၏။ ဒီလိုေရေတြကိုရိုက္ရတာကပင္ေပ်ာ္စရာဟုသူထင္သည္။ လင္ရွီးေရသူဆိုင္မွာရွိစဥ္တစ္လေက်ာ္ခန႔္တြင္ ေဖ်ာ္ေျဖေရးပစၥည္းတစ္မ်ိဳးတည္းသာရွိခဲ့သည္။

ထို႔ေၾကာင့္သူငါးအၿမီးကိုအႀကိမ္ေပါင္းမ်ားစြာဆက္တိုက္ရိုက္၍ ေရခ်ိဳးကန္အတြင္းရွိေရအမ်ားစုကိုအျပင္သို႔လြင့္စင္ေစသည္။ အလုံအေလာက္ကစားၿပီးေနာက္ လင္ရွီးရပ္လိုက္ၿပီး ေရပိုက္ေခါင္းကိုဖြင့္ကာ ေရျပန္ျဖည့္လိုက္သည္။ ထို႔ေနုက္သူ႕တစ္ကိုယ္လုံးကိုေရေအာက္တြင္ႏွစ္ျမႇုပ္၍ အိပ္လိုက္၏။

လူတစ္ေယာက္သာဒီလိုလုပ္လွ်င္မိနစ္ အနည္းငယ္ၾကာသည္အထိေတာင့္ခံနိုင္မည္မဟုတ္ေပ။ ေရသူတစ္ေကာင္အေနနဲ႕လင္ရွီးအခ်ိန္အၾကာႀကီးေနနိုင္ေပသည္။ လြတ္ေျမာက္ဖို႔အတြက္ေတာ့လင္ရွီးသူ႕ကို သူတို႔ယာဥ္ပ်ံေပၚသို႔ေခၚလာစဥ္ကတည္းက ေနာက္သို႔ေ႐ႊ႕ဆိုင္းခဲ့သည္။

အနည္းဆုံးေတာ့ သူ၎ကိုအေကာင္အထည္မေဖာ္မီ အိမ္တစ္ဝိုက္ရွိလုံၿခဳံေရးအကာအကြယ္မ်ားကို ရွာေဖြရန္လိုအပ္ေပသည္။

သူ႕ကိုဝယ္တဲ့သူရဲ႕အဝတ္အစားေတြအရ ထိုလူသည္တိုင္းျပည္ရွိ အဆင့္ျမင့္အရာရွိတစ္ဦးျဖစ္သည္။ သူကအရာရွိဆိုေတာ့အိမ္မွာအၿမဲမေနျဖစ္ေလာက္ေပ။ ဒါေၾကာင့္လုံးဝအက်ိဳးမရွိဘူးဟုေတာ့မထင္ေခ်။ (အဝယ္ခံလိုက္တာကိုေျပာတာပါ)

လင္ရွီး၏ခံနိုင္ရည္အားႏွင့္ခြန္အားသည္ အလြန္ျပင္းထန္သန္မာ၏။ အခက္အခဲႏွင့္အတားအဆီးေတြသည္ သူ႕အတြက္ေတာ့ သူေရွ႕ဆက္သြားရာတြင္ကူညီေပးသည့္ အနင္းခံေက်ာက္တုံးသာသာပင္။

လင္ရွီးသည္ေရခ်ိဳးကန္ေအာက္ေျခတြင္ ပူေပါင္းအနည္းငယ္မႈတ္ထုတ္လိုက္၏။ ေရခ်ိဳးခန္းသည္အသ့လုံေသာေၾကာင့္ ေအာက္ထပ္ရွိခ်င္ေရွာင္းသည္ ေရခ်ိဳးကန္ထဲတြင္ေရသူေလးေဆာ့ေနသည္ကိုမၾကားရေပ။

ရွဲ႕ဟုန္မင္သည္ဧည့္ခန္းထဲမွာေစာင့္ေနၿပီး ခ်င္ေရွာင္းဆင္းလာသည္ကိုျမင္တဲ့အခါ သူ႕မ်က္မွန္ကိုႏွာတံေပၚသို႔တြန္းတင္လိုက္သည္။ သူတပ္ထားသည့္မ်က္မွန္မွာရိုးရိုးမ်က္မွန္ျဖစ္ၿပီး ေဆးစစ္ခ်က္ႏွင့္လုပ္ထားတာမဟုတ္ေပ။(ပါဝါမပါဘူး) သူ႕ကိုယ္ပိုင္စကားအရဆိုရေသာ္ သူ႕ရဲ႕ထိုပုံစံက ႏူးညံ့သိမ္ေမြ႕ၿပီးေဖာ္ေ႐ြတဲ့ေလထုကိုေပးနိုင္တယ္လို႔ သူထင္တာေၾကာင့္ျဖစ္သည္။

  "မင္းအလွေလးကို အခုဘယ္မွာထား ထားတာလဲ၊ ေရခ်ိဳးကန္ထဲမွာေနမဟုတ္ဘူးမလား" ယခုကစစ္တပ္ထဲမွာမဟုတ္ေပ။ စစ္ယူနီေဖာင္းဝတ္ထားေပမယ့္ အျပင္မွာေတာ့ရွဲ႕ဟုန္မင္ရဲ႕သေဘာထားက အၿမဲသူငယ္ခ်င္းရႈေထာင့္ကေနဆက္ဆံသည္။

ခ်င္ေရွာင္း၏ေအးစက္ေနေသာ မ်က္လုံးမ်ားသည္မေျပာင္းလဲေပ။ လမ္းေလွ်ာက္ေနေသာေရခဲတုံးသာျဖစ္ေနဆဲျဖစ္သည္။

"ခ်စ္စရာေကာင္းလြန္းတဲ့အလွေလးကိုေလ...မင္းမွာတစ္စုံတစ္ေယာက္ကိုေရခ်ိဳးကန္ထဲမွာထား ထားဖို႔ႏွလုံးသားရွိတယ္ေပါ့၊ သူေရမကူးနိုင္ဘူး" ရွဲ႕ဟုန္မင္အကူအညီမဲ့စြာေခါင္းယမ္းေနၿပီး သူငယ္ခ်င္း၏ေအးစက္ေနတဲ့ႏွလုံးသားကို အသံထြက္၍အျပစ္တင္ေနသည္။

"မရင္းႏွီးတဲ့ေနရာကို ေရာက္လာတဲ့အလွေလးကိုေရခ်ိဳးကန္ေသးေသးေလးထဲမွာထားတယ္၊ သူငါတို႔ကိုလူဆိုးေတြလို႔ထင္မသြားနိုင္ဘူးလား! ေၾကာက္ၿပီးေနမေကာင္းျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ၊ ငါ ငါးကန္မွာၿပီးပို႔လိုက္မယ္"

ခ်င္ေရွာင္းႏွင့္ယွဥ္ပါက ရွဲ႕ဟုန္မင္သည္ေရသူေလးအတြက္ ပိုမိုစိုးရိမ္ပူပန္ေၾကာင္း ျပသေနခဲ့သည္။ ခ်င္ေရွာင္းအနည္းငယ္မ်က္ေမွာင္က်ဳံ႕ကာ ေရသူအေရာင္းဆိုင္ရွိ ဖန္ကန္မ်ားကိုသတိရသြားသည္။ ေရသူေလးသည္ဖန္ကန္ထဲတြင္ေထာင္က်ေနသလိုမ်ိဳး ေသာ့ခတ္၍အခ်ဳပ္ခံထားခဲ့ရသည္။

" ေနာက္ထပ္ေဆာက္လုပ္ေရအဖြဲ႕ကို ဒီကိုလာဖို႔လႊတ္လိုက္" ရွဲ႕ဟုန္မင္ငါးကန္ပို႔ေပးဖို႔လက္ေအာက္ငယ္သားေတြကို ဆက္သြယ္သည့္အခါ ခ်င္ေရွာင္းေျပာလိုက္၏။

ရွဲ႕ဟုန္မင္အံ့အားသင့္သြားဟန္ျဖင့္ "ေဆာက္လုက္ေရးအဖြဲ႕? "

"အေနာက္ဘက္ဥယ်ာဥ္တစ္ဝက္ကို ငါးကန္အျဖစ္ေျပာင္းမယ္" ခ်င္ေရွာင္း ၾကမ္းျပင္မွမ်က္ႏွာက်က္အထိရွည္သည့္ ျပတင္းေပါက္ဆီသို႔ေလွ်ာက္သြားလိုက္သည္။ ျပတင္းေပါက္အနားတြင္ရပ္ကာ အေနာက္ဘက္ဥယ်ာဥ္ကိုၾကည့္လိုက္၏။

ရွဲ႕ဟုန္မင္ ခ်င္ေရွာင္းကေရသူေလးကို ဂ႐ုမစိုက္ဘူးဟုပဲထင္ခဲ့တာ။ သူလှည့်ကြည့်လ်ိုက်သည်။ ခ်င္ေရွာင္းက ဥယ်ာဥ္ကိုတူးခိုင္းတယ္???
သူေနာက္တစ္ႀကိမ္အံ့ဩသြားခဲ့သည္။ သူထင္ေယာင္ထင္မွားျဖစ္ေနတယ္လို႔ပဲထင္ခဲ့တာ။

"မင္း ေသခ်ာရဲ႕လား" ရွဲ႕ဟုန္မင္အေနာက္ဘက္ဥယ်ာဥ္ကို သေဘာက်သည္။ သူဤေနရာသို႔ေရာက္တိုင္း အေနာက္ဘက္ဥယ်ာဥ္တြင္ထိုင္ေလ့ရွိသည္။ ခ်င္ေရွာင္း၏ေအးစက္ေနေသာမ်က္လုံးမ်ားကို ျမင္ေသာအခါရွဲ႕ဟုန္မင္သည္ ထိုေမးခြန္းကိုမေမးသင့္မွန္းသိလိုက္သည္။

ရွဲ႕ဟုန္မင္ကိစၥရပ္ႏွစ္ခုလုံးကို သူ႕တပ္သားမ်ားအားတာဝန္ေပးလိုက္၏။ သူ႕ေနရာကိုအခုေရသူေလးက သိမ္းသြားေတာ့က်န္တဲ့အရာေတြပါအေျခခံအားျဖင့္ ေပ်ာက္ကြယ္သြားသည္။ (အေနာက္ဥယ်ာဥ္ကိုေရသူေလးအတြက္ငါးကန္တူးလိုက္ေတာ့ သူဘုံေပ်ာက္သြားတာပါ)

လုံးဝမေမွာင္ခင္ ရွဲ႕ဟုန္မင္ယာဥ္ပ်ံျဖင့္ထြက္ခြါသြားသည္။ ဒါေပမယ့္မသြားခင္ရွဲ႕ဟုန္မင္ ခ်င္ေရွာင္းကိုတစ္ခုခုေျပာေနတုန္းပဲ။ အဲ့ဒါက ေရသူေလးကိုအစာေကြၽးဖို႔မေမ့နဲ႕၊ ေရသူေလးကိုအစာမငတ္ေစနဲ႕....။

#12.9.2022
အရင္ေန႕ေတြကမအပ္ျဖစ္လိုဒီေန႕ႏွစ္ပိုင္းပါ။
MTLကေနတိုက္ရိုက္ဘာသာျပန္ရတာျဖစ္လို႔ဆီေလ်ာ္ေအာင္ျပန္ထားပါသည္။ မူရင္းႏွင့္အနည္းငယ္ကြဲလြဲပါကကိုယ္တို႔အမွားသာျဖစ္ပါသည္။

Continue Reading

You'll Also Like

283K 6.9K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
4.6M 524K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
1.6M 68.3K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
235K 12.6K 79
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...