Pay Attention To Me [Myanmar...

By chi__285

1M 183K 12.9K

Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter sta... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71 (part 1)
Chapter - 71(part 2)
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter- 90
Chapter - 91
Chapter - 92
Chapter - 93
Chapter - 94
Chapter- 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter- 100
Chapter - 101
Chapter - 102
About manhua
Chapter - 103
Chapter - 104
Chapter - 105
Chapter - 107
Chapter - 108
Chapter - 109
Chapter - 110
Chapter - 111
Chapter - 112
Chapter - 113
E xtra 1 : Graduation trip (1)
Extra 1 :Graduation trip (2)

Chapter - 106

8.8K 1.2K 88
By chi__285

ဒီနေရာမှာ ကြာကြာဆက်နေလို့မရတော့ပေ။

မပြန်ခင် ရင်းချယ်ကို ရင်းဇယ်က သူနဲ့အတူ အိမ်ပြန်လိုက်ခဲ့ဖို့ ဖျောင်းဖျသွားသေးတယ်။အပြင်ကနေ လှမ်းချောင်းကြည့်နေတဲ့ လူကို ရင်းချယ် တစ်ချက်လှည့်ကြည့်လိုက်ပြီး :
"မလိုက်တော့ဘူး၊ ဒီရက်ပိုင်း သူနဲ့.....ကိစ္စလေးရှိလို့၊ ပါးနဲ့မားကိုလည်း ပြောပေးထားပါဦး အိမ်ပြန်မလာသေးတဲ့အကြောင်း"

ရင်းဇယ်ရဲ့ မျက်ဝန်းတွေမှာ တစ်ခါပြန်ရဲလာတယ်။
"ကော ကောသူ့ဆီက အမှတ်အသားလုပ်ခံရပြီးသွားပြီမလား?"

"....ဘယ်လိုလုပ်သိတာလဲ?"

"ကောကိုယ်က သူ့အနံ့တွေချည်းပဲ၊ ပြင်းလွန်းလို့ ကောဆိုင်ထဲ စဝင်လာကတည်းက ငါရတယ်"
ရင်းဇယ်က အံကြိတ်ပြီး မကျေမချမ်း ပြောလာတယ်။
"မနေ့က သူကောကို ထိန်းချုပ်ဆေးသုံးဖို့ ခေါ်သွားတုန်းက ကောအားနည်းနေတာ အခွင့်ကောင်းယူပြီး သူအတင်းအဓမ္မ အမှတ်အသားလုပ်လိုက်တာမလား? သူ့ရဲ့ဝံပုလွေလို အကြံအစည်တွေကို ငါသိတာပေါ့၊ အဲ့ဒီမျိုးရိုးကျန့်ကောင်က သောက်လူမဆန်တဲ့ကောင်!"

"........"

ဒီလိုကိစ္စတွေ သူ့ညီရှေ့မှာပြောရတာ တကယ်ရှက်စရာမို့ သူကိုယ်တိုင်ကိုက လိုလိုလားလားလုပ်ခဲ့တဲ့အကြောင်း ရှင်းပြပြီးတဲ့နောက်တော့ ရင်းချယ် ခပ်သုတ်သုတ်ပဲ စကားစဖြတ်ခဲ့လိုက်တော့တယ်။

ပြောရရင် ဒီရန်ဘက်နှစ်ယောက် လမ်းမပေါ်မှာ သတ်ဖြတ်နေမယ့်အဖြစ်ကိုလည်း သူစိုးရိမ်ရသေးတယ်။

ဒီကနေ့ လေကသိပ်မထန်ပေသည့် အပူချိန်ကတော့ အရမ်းနိမ့်တယ်။ အပြင်မှာတစ်နာရီနီးပါးစောင့်နေခဲ့တာကြောင့် ကျန့်ယောင်ရဲ့ လက်တွေရော ခြေထောက်တွေပါ အေးစက်နေတယ်။ ရင်းချယ်ထွက်လာတာမြင်မြင်ချင်း သူက လက်တွေကို နွေးအောင်ပွတ်ပြီး ရင်းချယ်မျက်နှာလေးကို အုပ်ကိုင်လိုက်တယ်။
"မျက်လုံးတွေက ဘာလို့ရဲနေတာလဲ? အပေါက်ဆိုးတိတိက မင်းကို ငိုအောင်လုပ်လိုက်တာလား?"

"မငိုပါဘူး"

နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ နားလည်မှုလွဲခြင်းကို ဖြေရှင်းပြီးသွားတဲ့အခါမှာတော့ ရင်းဇယ်တင် မဟုတ်ပေ၊ သူကိုယ်တိုင်လည်းပါ ခံစားချက်တွေမတည်မငြိမ် ဖြစ်ရတယ်။

"မငိုတာလည်း ကောင်းတယ်၊ မဟုတ်ရင် သူက ပြန်ချင်မှာမဟုတ်ဘူး"
ကျန့်ယောင်က သူ့နဖူးကို စမ်းကြည့်ကာ :
"နေလို့ကောင်းရဲ့လား? အိမ်ပြန်ချင်လား ဒါမှမဟုတ် ခနလောက် လမ်းလျှောက်ကြမလား?"

ရင်းချယ်က ခနလောက် စဥ်းစားကြည့်ပြီး :
"ကမ်းခြေသွားမယ်"

ကျန့်ယောင်က ဘာမှမပြောပဲ ကားပေါ်အရင်တက်ကာ ပြောတယ်။
"တက်လေ"

နောက်တော့ လေအလျင်နဲ့ အရှေ့ကို မောင်းနှင်တော့တယ်။

ဒါဟာ ရင်းချယ်ရဲ့ တတိယအကြိမ် Dong Chengက ဒီပင်လယ်ကို လာခြင်းဖြစ်တယ်။

အရင်နှစ်ကြိမ်က နွေလလယ်ဖြစ်ပြီး ပင်လယ်ပြာရယ် ရွှေရောင်သဲပြင်နဲ့ ကျစ်ကျစ်တောက်ပူနေတဲ့ နေနေမင်းကြီးရယ်၊ ခရီးသွားအများပြားလည်း ရှိတယ်။ ဒီတစ်ကြိမ်မှာတော့ အေးခဲလှတဲ့ ဆောင်းရာသီဖြစ်ကာ ပင်လယ်ပြင်က မဲနယ်ရောင်၊ လေက တဟူးဟူးတိုက်လျက်ရှိပြီး ပါးပြင်တွေက စပ်တဖျင်းဖျင်း၊ ကမ်းခြေမှာ လူသူ တစ်ယောက်မှ မရှိပေ။

ကျန့်ယောင်က ကားကို လမ်းတစ်ဖက်မှာ ရပ်ထားခဲ့တယ်။ နောက် ရင်းချယ်လက်ကို ဆွဲယူကာ သူ့အိတ်ကပ်ထဲ ထည့်တယ်။ ဒါက သူအဖျားရှိမရှိ ချက်ချင်းသိရ‌ေအာင်လို့ဆိုပြီး ပြောတယ်။

အမှန်ကတော့ အသားယူချင်ရုံသက်သက်သာ။

ကမ်းခြေမှာ ဖိနပ်နဲ့ လျှောက်သွားရတဲ့ လက်ရှိနဲ့ အရင်နွေရာသီက ‌ခြေဗလာသွားခဲ့တုန်းကနဲ့က လုံးဝကို မတူကွဲပြားတဲ့ခံစားချက်ကို ပေးစွမ်းတယ်။

နှစ်တစ်ဝက်....မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးခဲ့ပါပေါ့လား။

"ကော"

"ဟမ်?"

မြူခိုးငွေ့ဖွေးဖွေးတွေကို ပါးစပ်အပြည့် မှုတ်ထုတ်လိုက်ပြီးနောက်မှာတော့ ရုတ်တရက် ရင်းချယ် အရမ်းသိချင်လာတယ်။
"မင်းပြောကြည့်၊ အတိတ်က အဲ့လိုကိစ္စတွေသာ တစ်ခုမှမဖြစ်ခဲ့ဘူးဆိုရင် ငါဘယ်လိုပုံစံဖြစ်နေလောက်မလဲဆိုတာ?"

ကျန့်ယောင်က ခနလောက် တွေးကြည့်ပြီးနောက် :
"နူးနူးညံ့ညံ့နဲ့ ချစ်စရာယုန်လေးတစ်ကောင် ဖြစ်နေလောက်တယ်"

အဲ့နောက် သူက ရယ်လာတယ်။
"အမှန်တော့ အခုလည်း အတူတူပါပဲ"

လက်မှုပညာတွေ စိတ်ဝင်စားတယ်၊ ကြယ်လေးတွေ ခေါက်ရတာ သဘောကျတယ်၊ အချိုလေးတွေ စားရတာကို နှစ်သက်တယ်......အရင်ကသာ ဘာကိစ္စတွေမှ မဖြစ်ခဲ့ဘူးဆိုရင် ရင်းချယ်ဟာ တခြားသော omegaတွေ အများစုလိုပဲ ဖြစ်နေလောက်တယ်၊ တက်တက်ကြွကြွနဲ့ ချစ်စရာကောင်းတယ်၊ နာခံပြီး သိတတ်တဲ့ပုံစံလေးပေါ့။

သူက တကယ်ကို ဂရုစိုက်ပေးတတ်တဲ့ အကိုကောင်းတစ်ယောက်ဖြစ်နေမှာ၊ သိမ်မွေ့နူးညံ့ပြီး သိနားလည်တဲ့ ချစ်သူကောင်းလေးပေါ့။

အခုလက်ရှိမှာလည်း သူက အဲ့ဒီဝိသေသလက္ခဏာတွေ ကွယ်ဝှက်ထားရုံလေးသာဖြစ်တယ်။ ယုန်ကလေးရဲ့သဘာဝကတော့ အမြဲတမ်းယုန်ကလေးပဲ ဖြစ်နေဦးမှာပါပဲ။

"နူးညံ့ပြီး......ချစ်ဖို့ကောင်းတာ?အဲ့ဒါက မင်းကြိုက်တတ်တဲ့ပုံစံ(ideal type)လား?"
ရင်းချယ်က မေးတယ်။

"ဒါပေါ့ အရင်က အဲ့လိုပုံစံကို အကြိုက်ဆုံးဖြစ်ခဲ့တာ"

"အဲ့ဒါဆို အခုလက်ရှိငါနဲ့ အဲ့လိုပုံစံငါနဲ့ ဘယ်ဟာကို ပိုကြိုက်လဲ?"

........နောက်ထပ် အသေသတ်တဲ့ မေးခွန်းပါပဲ 

သေချာဂရုတစိုက် အကဲဖြတ်ပြီးတဲ့နောက်မှာ ကျန့်ယောင် မယုတ်မလွန်လှဆုံး အဖြေကိုပေးလိုက်တယ်။
"အကုန်ကြိုက်တယ်၊ အခုကလည်း ကိုယ့်ရဲ့ ideal typeပဲ"

"ဝတ်ကျေတမ်းကျေပြောတာ"

"........"

"မနက်က အဲ့ဒီရည်းစားဟောင်းကလည်း ideal typeပဲလား?"

ကျန့်ယောင် နည်းနည်းတော့ အိလည်လည်ဖြစ်လာပြီ။
"အဲ့ဒါက အရင်က ideal type......."

"ဘယ်လောက်ကြာကြာ တွဲခဲ့တာလဲ?"

"တစ်ပတ်တည်းရယ်....."

"တစ်ပတ်တည်း"
ရင်းချယ်က တိုးတိုးဆိုတယ်။
"သုံးမိနစ်တာလောက် အကြိုက်၊ အဲ့တုန်းကသာ အဲ့လိုပုံစံငါနဲ့ တွေ့ပြီး တွဲဖြစ်ခဲ့ရင်လည်း အဆုံးသတ်က ဒီလိုပဲဖြစ်လိမ့်မယ်ထင်တယ်"
(T/n : သုံးမိနစ်တာဆိုတာ ခနလေးကို ဥပမာပေးထားတာပါ)

"ကိုယ်ဝန်ခံတယ် ကိုယ်က သုံးမိနစ်တာလောက်ပဲ ဆိုတာ"
ကျန့်ယောင်က အိတ်ကပ်ထဲက သူ့ရဲ့လက်ကိုယူကာ လက်ချောင်းတွေကို ယှက်တွယ်လိုက်တယ်။
"ဒါပေမယ့် အဲ့ဒါက တခြားသူတွေအတွက်ပဲ၊ မင်းအတွက်ကတော့ တစ်ရက်ကို အကြိမ်၄၈၀ လောက် ဆူပွက်ပေးနိုင်တယ်"

ရင်းချယ်က ငြိမ်နေသေးပေမယ့် တစ်ခနကြာတော့ မနေနိုင်စွာ နှုတ်ခမ်းစွန်းလေးတွေကော့တက်လာတယ်။

အဖြောင့် alphaတွေလည်း တခါတခါကျ မထင်မှတ်ထားတဲ့ ရိုမန့်တစ်စကားတွေ ပြောတတ်တာပဲလား။

ပြန်လည်တွန်းလှန်လိုက်ဖို့က ခက်ခဲလွန်းပါတယ်။

...
ဆောင်းရာသီမို့ ကမ်းခြေက အေးစက်နေတယ်။ မိုးဖွဲဖွဲလေးတွေ ကျလာတာနဲ့ နှစ်ယောက်သား ဝေးဝေးထပ်မသွားတော့ပဲ ခြေရာတွေအတိုင်း ရပ်ထားခဲ့တဲ့ ကားဆီကိုပဲ ပြန်လာခဲ့လိုက်တော့တယ်။

ရင်းချယ် ပင်လယ်ပြင်ဘက် ပြန်ငဲ့ကြည့်လိုက်ချိန် အဝေးမှာ လှိုင်းလုံးတွေ ထန်လျက်ရှိပေမယ့် သူ ကြောက်တယ်လို့ မခံစားရတော့ပေ။

ပြန်တွေးကြည့်တော့ မိသားစုနဲ့အတူ လာတုန်းက နွေးထွေးမှုတွေ၊ ရယ်မောပျော်ရွှင်နေတဲ့ အတန်းဖော်တွေနဲ့ လက်ရှိသူ့ဘေးကလူဆီက ကြင်နာနွေးထွေးမှုတွေသာ သူ့စိတ်ထဲ ကျန်ရှိနေခဲ့တော့တယ်။

တကယ်ကို အရာအားလုံး ပြီးဆုံးခဲ့ပြီပဲ။

...
ဗီလာပြန်ရောက်မှပဲ မနက်ဖြန် တရုတ်နှစ်သစ်ကူးနေ့မှန်း သူသတိရတယ်။ ဒီနှစ်က နှစ်သစ်ကူးနေ့နဲ့ ချစ်သူများနေ့နဲ့လာတိုက်နေပြီး တရုတ်ရိုးရာနှင့် အနောက်တိုင်း ပေါင်းစည်းကာ လမ်းမပေါ်မှာ တွဲသွားတွဲလာနေတဲ့ အတွဲတွေကို တွေ့ရတယ်။

သူတို့နှစ်ယောက်ကတော့ အပြင်မထွက်ခဲ့ပါ၊ အိမ်မှာပဲ ဒိတ်လိုက်ကြတယ်၊ အဓိကကတော့ အိပ်ယာထဲမှာပေါ့။ တခါတခါလည်း ဧည့်ခန်းထဲရောက်သွားလိုက်၊ စာသင်ခန်းထဲရော ‌ရေချိုးခန်းထဲပါမကျန်ပေ။

နောက်ဆုံးအကြိမ် ရေချိုးခန်းထဲကနေ ကျန့်ယောင် ပွေ့ထုတ်လာတဲ့အချိန် ရင်းချယ်တစ်ကိုယ်လုံးမှာ ရစရာကိုမရှိတော့ပြီ။

ဒီအရွယ် alphaတွေ ဘယ်လောက်အစားတဏှာကြီးတယ်ဆိုတာ သူ မသိလို့ မဟုတ်သလို၊ စိတ်ပိုင်းဆိုင်ရာ သူ မပြင်ဆင်ထားမိတာမျိုးလည်း မဟုတ်ပေ။ သူ့အပေါ်မှာရှိနေတဲ့ ကျန့်ယောင်ရဲ့လိုလားမှုတွေကိုသာ သူလိုက်မမှီနိုင်တော့တာဖြစ်တယ်။

Heat ဖြစ်နေတဲ့အချိန်မှာတောင် ပြီးခဲ့တဲ့နှစ်ရက်မှာ ကျန့်ယောင်က အတော်လေး ရမ္မက်ကြီးတယ်လို့ သူ ခံစားမိသေးတယ်။

အပူချိန်တက်လာပြီဆိုတာနဲ့ နှစ်ယောက်သား အတူလုံးထွေးနေပြီး အပူချိန်ကျသွားချိန်ထိတောင် နှစ်ယောက်သား မခွဲခွါမိကြသေးဘူး။

...
"ချောကလက်စားချင်လား?"
ကျေနပ်နေတဲ့အသားစားအကောင်ကြီးကတော့ အချိုပွဲလေးနဲ့ ချော့လာလေရဲ့။

ရင်းချယ်မှာ ပင်ပန်းလွန်းလို့ ဘာမှမစားချင်‌အောင်ဖြစ်နေသော်ငြား ကျန့်ယောင်ရဲ့တက်ကြွနေသည့်ဟန်ကို မြင်၍ မငြင်းရက်ချေ။
"မင်းသဘောပဲ"

"ကိုယ်လုပ်ပေးမယ် မင်းလိုက်ကြည့်ပေး"
ကျန့်ယောင်က သူ့ကိုဆွဲထူဖို့ လက်ကိုဆန့်ထုတ်လာတယ်။

ရင်းချယ် ခြေထောက်ကို ရုတ်လိုက်ပြီး
"ဟင့်အင်း"

"ထပါ၊ နောက်ပြီး ဓာတ်ပုံရိုက်ပြီး Friend circleမှာ တင်လိုက်ဦး"

"တင်ပြီးဘာလုပ်မှာလဲ?"

"ဒီနေ့ညလိုမျိုးက social mediaမှာ ကြွားတာတွေနဲ့ပြည့်နေမှာလေ၊ အဲ့လိုပျော်ရွှင်မှုမျိုး မင်းကောင်လေးလည်း လိုချင်တယ်လို့"

"ဒီရက်ပိုင်း ဒီလောင်လုပ်ပြီးထားတာတောင် မင်းကပျော်လို့မဝသေးဘူးလား? အပိုတွေမလုပ်စမ်းပါနဲ့ "

ကျန့်ယောင်က သူ့ကိုယ်ပေါ် ထပ်ဖိချလာပြီး :
"မင်းမထဘူးဆို ကိုယ်လည်း ချောကလက် မလုပ်တော့ဘူး၊ တခြားတစ်ခုခုလုပ်ကြတာပေါ့ "

"......."

နောက်ဆုံးတော့လည်း သူ မီးဖိုထဲကိုသာ လိုက်ခဲ့လိုက်ပါတော့တယ်။

ရင်းချယ်က ဟင်းချက်စားပွဲပေါ်မှာ ထိုင်နေတယ်၊ သူက ခြေထောက်လေးတွေလှုပ်ရမ်းရင်း သူ့ကိုယ်သူ ဟင်းချက်ရာမှာထိပ်တန်းပါလို့ ကြွေးကြော်ထားတဲ့လူရဲ့ ဒုတိယအကြိမ် ကိုကိုးမှုန့်အိုး ထပ်တည်နေသည်ကို ကြည့်နေတယ်။

ရိုးရိုးလေးလုပ်ရမယ့်အဆင့်ကို အခုလိုပုံစံဖြစ်သွားအောင် လုပ်နိုင်တာတော့ တကယ့်ကို မှော်ပညာပါပဲ။

"ဒီတိုင်းပဲရိုက်လိုက်ပါတော့ ပြီးရင် ငါသွားအိပ်တော့မှာ"

ကျန့်ယောင်ကတော့ တတိယမြောက်အိုးကို အရေးတစိုက်မွှေနေရင်းနဲ့
"မရဘူး၊ နောက်တစ်ခေါက်ထပ်လုပ်မယ်၊ ဒီတစ်ခေါက်တော့ သေချာပေါက် အလုပ်ဖြစ်မှာပါ"

ရင်းချယ်ကတော့ ဖုန်းကိုယူပြီး တစ်ချက်ရိုက်လိုက်တယ်။
"လက်လျှော့လိုက်ပါတော့၊ မင်းရဲ့လက်ရာပိုင်းစွမ်းရည်ကို မသိတဲ့လူလည်း မရှိတာမဟုတ်ဘူး"

လက်ရေးပိုင်းမှာ ညံ့တယ်၊ ပန်းချီပိုင်းမှာ ဆိုးရွားတယ်၊ လက်မှုပညာပိုင်းမှာလည်း ဆိုးရွားပြီး ဟင်းချက်တဲ့အပိုင်းမှာပါ ညံ့ဖျင်းလွန်းလှတယ်။

ဒီလက်တစ်စုံက တကယ့်ကို ကျိန်စာတိုက်ခံထားရတာပဲနေမှာ။

ကျန့်ယောင်ကတော့ အလွန့်ကိုဇွဲကြီးတယ်။ တတိယမြောက် ချောကလက်အိုးကို စူးစူးစိုက်စိုက် စိုက်ကြည့်နေပြီး လက်လျှော့မယ့်ပုံမပေါ်ပေ။

ရင်းချယ်ကတော့ ပုံကို group chatထဲ ဒီတိုင်းပဲ လှမ်းပို့လိုက်တယ်။

မီးဖိုချောင်ရဲ့ ခပ်နွေးနွေးအလင်းရောင်အောက်မှာ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ အေပရွန်တစ်ထည်ဆင်မြန်းထားတဲ့ ကောင်လေးတစ်ယောက်က အိုးကိုငုံ့ကြည့်နေတယ်။ သူ့မျက်ဝန်းတွေက စူးစိုက်နေပြီး ချောမောတည်ကြည်နေကာ အရမ်းကိုနှစ်လိုဖွယ်ဖြစ်လေတယ်။

အနေအထားက နွေးထွေးပြီး ငြိမ်းချမ်းနေ‌တယ်။

သို့ပေမယ့် group chatထဲမှာတော့ လုံးဝကိုငြိမ်းချမ်းမနေတော့ပေ။

ဟန်မုန့်  : "?ချယ်ကော? အဲ့ဒါဘာလုပ်တာလဲ? လာရိုပြနေတာလား?? ချယ်ကော အခုလို ပျက်စီးသွားတာ အဲ့ဒီမျိုးရိုးကျန့်နဲ့ကောင်ကြောင့်!"

ကောကျစ်ရှုန်း : "ဒါ ချယ်ကောမဟုတ်ဘူးမလား? ချယ်ကောရဲ့ဖုန်းကို ကျန့်ယောင်ခိုးပြီး လုပ်ထားတာမလား?"

ချန်ရင်းရင်း : "ချီးပဲ လုပ်လာပြန်ပြီ၊ ကန်ထုတ်ခံရပြီးတာတောင် ပြန်လာပြီး လုပ်ရဲသေးတယ်?"

/ကန်ထုတ်ခံရတာလား?/

ရင်းချယ် group memberထဲဝင်ကြည့်လိုက်တော့ အမှန်ပင် တစ်ယောက်လျော့နေလေတယ်။

ကျန်းခဲ့ : "ဖာ့ခ်! ဒီမှာ ပုံပို့တဲ့တစ်ယောက်! ချယ်ကောလို့ ငါခေါ်မယ် မင်းပြန်ထူးရဲလား?"

ရင်းချယ်က အသံဖိုင်နဲ့သာ တန်းပို့ပေးလိုက်တယ်။
"ဘာလို့မထူးရဲရမှာလဲ?"

တစ်ဖက်ကကျန်းခဲ့မှာ သေးပင်ထွက်ကျမတတ်ဖြစ်သွားတယ်။
"သွေ့ပုချီ သွေ့ပုချီ၊ တကယ့်သခင်ကြီးဖြစ်နေတာကို အရိုအသေတန်မိပြီ!"

သူ့အသံကြားတော့ ဘေးက ကျန့်ယောင်က မေးလာတယ်။
"ဘယ်သူ့ကို အသံဖိုင်ပို့နေတာလဲ?"

"ကျန်းခဲ့"
ရင်းချယ်က စေတနာနဲ့ပြောလိုက်တယ်။
"Group ထဲက ကန်ထုတ်ခံရတယ်ဆို၊ ငါပြန်ထည့်ပေးရမလား?"

"အင်း"

ဒါနဲ့ရင်းချယ်လည်း ဖုန်းဆီ ပြန်ငုံံကြည့်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ ဟန်မုန့်ဘက်က screenshotတချို့ပို့ထားတာ တွေ့တာနဲ့ သူဝင်ကြည့်လိုက်တယ်။

တစ်ဖက်က ကျန့်ယောင်ကမူ မီးကိုလျှော့လိုက်ပြီး မေးလာတယ်။
"ထည့်ပြီးသွားပြီလား?"

"အွန်း ထည့်ပြီးပြီ"

"ရသွားပြီလား? ဘယ်လိုဖြစ်လို့ ဖုန်းကနိုတီမဝင်တာလဲမသိဘူး"

"blacklistထဲထည့်ရင် နိုတီမဝင်ဘူး"

"အာ လက်စသတ်တော့ blacklist.....ဟမ်?"
ကျန့်ယောင် ခေါင်းလှည့်ကြည့်လိုက်တော့ ရေခဲတုံးတမျှအေးစက်နေတဲ့ မျက်နှာနဲ့ သူ့ကောင်စုတ်လေးကို တွေ့လိုက်ရတယ်။ သူ့လက်ထဲက ဖုန်းမှန်သားပြင်ပေါ်မှာက လွန်ခဲ့တဲ့နှစ်ရက်လောက်က ဆုတောင်းဗီဒီရိုအကြောင်းပြောထားတဲ့ chatမှတ်တမ်းပုံတွေ။

"အဲ့ခေါင်းကို အိုးထဲပြန်နှစ်ထားလိုက်"

ဒီကနေ့ တအားကို သတ္တိတွေကောင်းနေတဲ့ ကျန့်ယောင်ကတော့ ချက်ချငိးပဲ သူ့နားရောက်လာပြီး လက်နှစ်ဖက်ကို စားပွဲပေါ်ထောက်ကာ :
"ကိုယ့်ကို(block)ပြန်ဖြေပေး"

ရင်းချယ်အကြည့်က သူ့ရဲ့အဝတ်မပါတဲ့ ကိုယ်အပေါ်ပိုင်းကို ကျသွားတယ်။

လွန်ခဲ့တဲ့နှစ်နာရီလောက်က ချွေးစိုနေခဲ့ရာက အခုတော့ သပ်ရပ်လန်းဆန်းနေတယ်။

"မဖြေဘူး"

"လုပ်ပါကွာ၊ ကိုယ် အချစ်ဆီက ထပ်ပြီး blockမခံချင်တော့ဘူး"
ကျန့်ယောင်က ရယ်ကျဲကျဲနဲ့ :
"မနှစ်က မင်း အဆက်အသွယ်မှန်သမျှ ဖြတ်လိုက်တဲ့နေ့တွေကတည်းက ကိုယ်တော်တော်လေး ခံစားရပြီးသွားပါပြီ"

ဒါတမင်သက်သက် သနားအောင် ဟန်ဆောင်ပြနေတာလားဆိုတာပဲ ရင်းချယ်သံသယဝင်မိတယ်။

ဒါပေမယ့် အလုပ်ဖြစ်နေသေးတယ်ဆိုတာတော့ ရင်းချယ် ဝန်ခံရလိမ့်မယ်။

"blockမထားဘူး"
ရင်းချယ် ဖုန်းကိုအောက်ချထားလိုက်တယ်။
"မင်းကို သတိပေးရုံတင်"

ကျန့်ယောင်က သူ့ကိုကြည့်ပြီး တသိမ့်သိမ့် ရယ်နေတယ်၊ သူ့ပုံစံက လုံးဝကို ဖြူစင်ပြီး နွေးထွေးနေလေရဲ့။

တကယ်ကို နားမလည်နိုင်ဖြစ်မိတယ်၊ ဒီလူတစ်ယောက်တည်းပဲဖြစ်ပြီး အိပ်ယာပေါ်မှာဆို ဘယ်လောက်တောင်များ ကြမ်းတမ်းလိုက်လဲဆိုတာ။

"ဘာရယ်တာလဲ?"

"နမ်းချင်လို့"

"မရဘူး"
ရင်းချယ်က စားပွဲပေါ်က ခုန်ဆင်းကာ :
"ဓာတ်ပုံရိုက်ပြီးပြီဆို ငါသွားအိပ်တော့မှာ"

ကျန့်ယောင်က သူ့ကို ခါးကနေကိုင်ကာ ပြန်ဆွဲယူလိုက်ပြီး ခုနကထိုင်နေတဲ့နေရာမှာ နေရာတကျပြန်တင်ထားတယ်။
"ဒီနေ့ ချစ်သူများနေ့"

"အဲ့တော့?"

"မင်းအတွက် ကိုယ်ချောကလက်လုပ်ပေးတယ်၊ မင်းက ကိုယ့်ကို အနမ်းလေးတော့ ပြန်ပေးလေ၊ အများကြီးမဟုတ်ဘူး"

"ကိုယ့်ဟာကိုလုပ်တာလေ၊ ကိုယ့်ဟာကိုစားပေါ့"
ရင်းချယ်က စားပွဲပေါ်က နောက်တစ်ခါခုန်ဆင်းပြီး မီးဖိုခန်းထဲကနေ အမြန်လစ်ထွက်သွားတော့တယ်။ နောက်တော့ အိပ်ခန်းထဲဝင်ပြီး တံခါးပိတ်သွားတယ်။

/တစ်ရက်နှစ်ဆယ့်လေးနာရီမှာ တစ်ဝက်လောက်ကနမ်းနေပြီးတော့များ ချီးကို အနမ်းလေးပေးပါလား/

/ငြီးလည်းမငြီးငွေ့နိုင်ဘူး/

....

ဒီတစ်ခါမှာတော့ သူ တစ်နာရီကျော်ကျော်လောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတယ်။ အထူးသဖြင့် တစ်ယောက်သော alphaကောင်လည်း လာမနှောင့်ယှက်တဲ့အတွက် နိုးလာတဲ့အချိန်ကျ အားတွေပြန်ပြည့်လာသလို ခံစားရတယ်။

ရင်းချယ် မျက်လုံးကို ပွတ်ပြီးဖုန်းယူကြည့်လိုက်တော့ အချိန်က ကိုးနာရီရှိနေပြီ။

Group chatထဲမှာ စာအိတ်နီလေးတွေ ရောက်နေပြီး တော်ရုံတန်ရုံ စကားသိပ်မပြောဖူးကြတဲ့ ကျောင်းသားတွေကပါ ဝင်ပြောလာကြတယ်။

ဒီအချိန်ကတော့ တစ်နှစ်လုံးရဲ့ အစည်ကားဆုံး အချိန်ကာလပဲဆိုပါတော့။

နေ့လည်က အိမ်ကိုဖုန်းဆက်တုန်းကတောင် သူ့အဖေက မပြောစဖူး ပြောလာသေးတယ်။
"နှစ်သစ်ကူးကို ဘာလို့ အိမ်ပြန်မလာတာလဲ? ရည်းစားရသွားတာနဲ့ပဲ အဖေနဲ့အမေကို မလိုတော့ဘူးပေါ့?"

"မနက်ဖြန်ပြန်လာမှာပါ"

ဖြစ်နိုင်တာတော့ ပြန်လာချင်မှလည်း ပြန်လာနိုင်လောက်မယ်။ သူ့ရဲ့heatက အတော်ကြာအောင်ထိ ရက်တွေရွှေ့ပြီး ဖိနှိပ်ထားခဲ့တာဆိုတော့ အခုချိန်မှာ ပြင်းထန်တယ်။ သုံးရက်နဲ့တင်ပြီးသွားသင့်ပေမယ့်လည်း အခုတော့ ဒီနေ့တင်ကို သုံးရက်မြောက်နေပြီ၊ heatက ပထမရက်တုန်းကလိုပဲ အပြင်းအထန် တက်နေတုန်းပဲ။ အိမ်ပြန်လိုက်ကာမှ heatပြန်ဖြစ်နေရင်.....တကယ် မျက်နှာပူစရာတွေ ဖြစ်လိမ့်မယ်။

Group chatထဲက စာအိတ်နီရတဲ့ ကျောင်းသားတွေကတော့ "ကျေးဇူးပါ ပါပါး"တွေ လုပ်နေကြတယ်၊ ရုတ်တရက် တစ်ယောက်ယောက်က ဖြတ်ပြောလာတယ်။ "ယောင်ကောရဲ့ Friend Circleထဲကို ကြည့်လိုက်ကြ၊ သူတအားကို ကလူ၏သို့မြူ၏သို့နိုင်တာပဲ"

သွားကြည့်ပြီးတဲ့ တချို့လူတွေက ပြန်လာပြောကြတယ်။
"ချီး ငါ သူ့ကို *ဘဝင်ကြောင်လို့သာ ပြောလိုက်ချင်တာပဲ၊ ဒါမယ့် ချောတာတော့ သောက်ရမ်းချောတယ်ဟ"
(T/n : သူ့ကိုယ်သူအထင်ကြီးနေတာကို ပြောချင်တာပါ၊ တခြားစကားလုံးတွေးမရတော့လို့ )

"@ရင်းချယ်၊ ချယ်ကော၊ ချယ်ကောလူကို သွားထိန်းပါဦး!"

ရင်းချယ် အနည်းငယ် မျက်မှောင်ကြုတ်မိသွားတယ်။  

Friend circleထဲဝင်ပြီး သွားကြည့်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ ဆယ်မိနစ်လောက်က ကျန့်ယောင် ပို့စ်တစ်ခုတင်ထားတာ တွေ့လိုက်ရတယ်။

"ချောကလက် တစ်ခုကို အနမ်းတစ်ခါ၊ ဘယ်လိုလဲ?"

ပုံထဲက ကောင်လေးမှာ အရမ်းကို ဆွဲဆောင်မှုရှိနေတယ်၊ ဝတ်ဆင်ထားတဲ့ တီရှပ်အနက်ရောင် လျော့ရဲရဲကို ပခုံးထိလိပ်တင်ထားပြီး လှပတဲ့ လက်မောင်းကြွက်သားတွေကို ဖော်ပြထားတယ်။ သူက ခပ်ညစ်ညစ်အပြုံးတစ်ခုနဲ့ ယုန်ပုံစံချောကလက်အဖြူလေးတစ်ခုကို ကိုက်ထားတယ်။

ကလူတာမှ တကယ့်ကို ကလူတာ။

ချောတာလည်း တကယ့်ကို ချောတာ။

ပုံအောက်မှာက ဘုံသူငယ်ချင်းတော်တော်များများဆီက ကောမန့်တွေကို တွေ့ရတယ်။

ပိုင်ယွိဝေ : "wow အရမ်းချော"

ရင်းဇယ် : "? ? ? ချီး ရွံလိုက်တာ၊ ပြန်ဖျက်လိုက်စမ်းပါကွာ!"

မြင်နေရတာက ကောမန့်အခု ၂၀ ၃၀လောက်ရှိနေပြီး မမြင်ရတာတွေ နောက်ထပ်အများကြီး ရှိဦးမယ်ဆိုတာ သူထင်လိုက်တယ်။

တစ်ပတ်ကို တစ်ယောက်ဆိုတော့.....ဖုန်းထဲမှာ exတွေ ဘယ်လောက်တောင်ပေါကြွယ်ဝနေမယ်မသိဘူး။

ရင်းချယ် ချက်ချင်း ထလာပြီး အောက်ထပ်ဆီဆင်းလာခဲ့လိုက်တယ်။

မီးဖိုချောင်ဆီရောက်တော့ မှန်တံခါးက ပိတ်ထားတာတွေ့လိုက်ရတယ်။ သူ့ကောင်လေးဖြစ်သူကတော့ လောလောဆယ် video callတစ်ခု ပြောလျက်ရှိနေတယ်။ အသံကတော့ မကြားရပေ။ လက်ထဲမှာချောကလက်တစ်တုံးရှိနေပြီး ဘယ်သူ့ကိုပြနေတယ်မသိပေ။

*ချပ်*ဆို မီးဖိုခန်းတံခါးကို ရင်းချယ်ဆွဲဖွင့်လိုက်တယ်။

ကျန့်ယောင်ရဲ့မျက်နှာမှာ ထိတ်လန့်သည့် အရိပ်ယောင် တချို့ ဖြတ်ပြေးသွားပြီး ဖုန်းထဲကလူကို ကပျာကယာပြောတယ်။
"ဒါဆို ဖုန်းချလိုက်ပြီနော်"

သို့ပေမယ့် တစ်ဖက်ကလူက အေးစက်စွာပြန်မေးလာတယ်။
"ဘေးမှာဘယ်သူရှိနေတာလဲ?"

ရင်းချယ်လည်း ဖုန်းကိုဆွဲယူပြီး မှန်သားပြင်ထဲ သူ့မျက်နှာပါပါအောင် အတင်းတိုးဝင်လိုက်တယ်။
"ငါကသူ့ရဲ့......"

တစ်ဖက်လူရဲ့ မျက်ခုံးတွေ မြင့်တက်သွားတယ်။ ထိုသူ့ရဲ့စူးရှလှပတဲ့ မျက်ဝန်းတွေဟာ ရီဝေရီဝေဖြစ်လို့နေတယ်။
"သူ့ရဲ့ဘာလဲ? ဟေ့ ကောင်လေး......သူ့ကို တစ်နေရာမှာ မြင်ဖူးနေသလိုပဲ?"

ရင်းချယ် တိတ်တဆိတ်ပဲ တံတွေးကိုမြိုချလိုက်ပြီး မျက်လွှာကို အောက်ချလိုက်တယ်။ တစ်ဖန်ပြန်မော့လာချိန် မျက်ဝန်းတွေထဲမှာ ကြင်လင်နေသည်ကို တွေ့ရတယ်။
"မင်္ဂလာပါ၊ ကျွန်တော်က ကျန့်‌ယောင်ရဲ့လက်တွဲဖော်ပါ"

ကျန့်ယောင်က သူ့ကို အံ့သြဘနန်းလှည့်ကြည့်လာတယ်။

အလောတကြီးနဲ့ ဖုန်းကိုဆွဲလုသွားတဲ့ ကောင်စုတ်ကလေးဟာ အခုတော့ မခုတ်တတ်တဲ့ကြောင်လေးအလား တအားကို ယဥ်ကျေးလိမ္မာလျက်ရှိတယ်။
"ဒီရက်ပိုင်း လူကြီးမင်းရဲ့အိမ်မှာနေနေခဲ့ပါတယ်၊ အနှောင့်ယှက်ဖြစ်စေမိလို့ တောင်းပန်ပါတယ်"

......မျက်နှာအပြောင်းအလဲကတော့ တကယ်ကို အံ့သြစရာပါပဲ

"လက်တွဲဖော်.....ဟိုအသစ်ကလေးလား? "
တစ်ဖက်က ရယ်ရင်းမောရင်းပြောလာတယ်။
"ထူးဆန်းလိုက်တာ.....ဒီတစ်ခေါက်ကျ တစ်ပတ်ကျော်သွားပြီပဲ ကော ချောလားဆိုတာ ကူကြည့်ပေးစမ်းပါ? ဘယ်လိုဖြစ်လို့ နှစ်ထပ်တွေပဲ မြင်နေရတာလဲ....."

"ရှောင်ယဲ့ မင်းသောက်တာများနေပြီ"

တစ်ဖက်က အသံတစ်သံထပ်ထွက်လာတယ်၊ တကယ့်ကို နူးနူးညံ့ညံ့လေး။ နောက်တော့ ချက်ချင်းဆိုသလိုပဲ screenက နေရာအနည်းငယ်ရွေ့သွားပြီး ဘေးက လူတစ်ယောက်ပေါ်လာတယ်။

ရင်းချယ်မှာ တခန မှင်သက်သွားပြီးနောက် သူအသံကိုနှိမ့်ပြီး ပြောလိုက်တယ်။
"မင်းအဖေက...ဒီလောက်တောင်ချောတာလား"

ကျန့်ယောင်ကမူ မျက်မှောင်ကြုတ်တယ်။
"မင်းက ကိုယ့်ရှေ့မှာလာပြီး တခြားယောက်ျားချောကြောင်း ပြောနေတယ်ပေါ့လေ?"

"......."

screenထဲက alphaမှာ မျက်ဝန်းက အစိမ်းရောင်နည်းနည်းရောပြီး သွေးနှောဖြစ်ကြောင်းသိသာလှသည်။ မျက်ခုံးနက်နက်နှင့် နှစ်လိုဖွယ်အပြုံးကိုဆောင်ထားပြီး တစ်ချက်ကြည့်တာနှင့် စိတ်ထားကောင်းကြောင်း သိသာလှသည်။

"မင်္ဂလာပါ၊ ကလေးတွေ အိမ်မှာစိတ်အေး‌လက်အေးနေ၊ ဒီတစ်ခေါက်တော့ မင်းကို ဧည့်မခံပေးနိုင်လို့ စိတ်မကောင်းပါဘူး၊ သေချာပေါက် နောက်တစ်ခေါက် ထပ်လာခဲ့ဦးပေါ့ကွာ"
ရိုးရိုးရှင်းရှင်းနှုတ်ဆက်ပြီးသွားတဲ့အချိန်မှာ ထိုလူက ခေါင်းကိုငုံ့ပြီး ချော့မြူသလိုပြောတယ်။
"ချောတယ်၊ ကိုယ်တို့ပြန်ရောက်မှ ထပ်ပြီး သေချာကြည့်ကြတာပေါ့၊ အခုတော့ သွားနားကြရအောင် နော်?"

သူတို့နှစ်ယောက် အတူထိုင်နေမှန်း ရင်းချယ်အခုမှ သတိထားမိတယ်၊ တစ်ယောက်က တစ်ယောက်ပေါင်ပေါ်တက်ထိုင်ထားတာပင်။

ကံမကောင်းစွာနဲ့ ထို alpha ရဲ့အကြံပြုချက်လေးက အသုံးမဝင်ခဲ့ပေ။ ထို့အစား ရင်ခွင်ထဲကလူက ဆိုလာတယ်။
"ဘာကိုနားမှာလဲ၊ ခုမှခုနစ်နာရီပဲရှိသေးတာ.....ရှောင်ရို့ကိုမင်းအမေဆီ ပို့ခဲ့ရတာလွယ်တယ်များမှတ်နေလား၊ ငါက မင်းနဲ့....."

အသံက တိုးသထက်တိုးလာတယ်။ သူက သူ့ရဲ့လည်တိုင်ကိုဖက်ပြီး နားနားကပ်ကာ တိုးတိုးတိုးတိုးပြောတယ်။ ဘာပြောတာလဲတော့ ရင်းချယ် မကြားရတော့ပေ။

Screenပေါ်က alphaရဲ့မျက်နှာဟာ ချက်ချင်းဆိုသလို ရဲတက်သွားပြီး ရင်ခွင်ထဲက လူရဲ့ပါးစပ်ကို အုပ်ကာ အလောတကြီးပြောလာတယ်။
"ဖုန်းချလိုက်တော့မယ်နော်၊ သူငယ်ချင်းကို သေချာဧည့်ခံလိုက်ဦး၊ ပြန်လာမှထပ်ပြောကြမယ်"

ပြောပြီးနောက် တကယ်ကြီး ချသွားတယ်။

ကျန့်ယောင်ရဲ့ တုံးအဖြူစင်တဲ့ ပုံစံက ဘယ်သူ့ဆီက အမွေရလဲဆိုတာ ရင်းချယ် နောက်ဆုံးတော့ သိလိုက်ပြီ။

ကျန့်ယောင်က ခုမှ စိတ်သက်သာရာရသွားသလို သက်ပြင်းချတယ်။
"ကိုယ်ကိုက နမော်နမဲ့နိုင်တာ၊ Friend circleမှာ ပါးကို ဘလော့ဖို့ရာမေ့သွားတယ်၊ တော်သေးတာပေါ့ မူးနေလို့ ဘာမှထပ်မေးမသွားဘူး"

ထိုစကားကို ကြားရတော့ ရင်းချယ်တစ်ခုခုလွဲနေသလို ခံစားမိတယ်။
"ဘာလို့လဲ၊ မင်းပါးကို ငါ့အကြောင်း ပေးမသိစေချင်လို့လား?"

"မဟုတ်ဘူး၊ သူဘယ်လောက်ရက်စက်လဲ မင်းမသိပါဘူး၊ ငယ်ကတည်းက ကိုယ်လုပ်သမျှတွေကို လိုက်ဖျက်ဆီးတာ"
ကျန့်ယောင်က တစ်ဖက်လှည့်သွားပြီး မိုခွက်ထဲက ကျန်တဲ့ချောကလက်တွေကို ထုတ်နေတယ်။
"ကိုယ်မူကြိုတုန်းက ချစ်သူများနေ့ရောက်တော့ ဒယ်ဒီက ကိုယ့်ကို ချောကလက်ကူလုပ်ပေးတယ်၊ ဒါ‌မယ့် ပါးက ရှာလကာရည်တစ်ပုလင်းလုံး အဲ့ထဲကို လောင်းထည့်ပစ်လိုက်တယ်လေ၊ နောက်နေ့ ကိုယ်လည်း ကျောင်းယူသွားပြီး omega ၈ ယောက်ကို အဲ့ဒါပေးလိုက်ရော သူတို့........"

ရင်းချယ်က သူ့နားတိုးလာပြီး မျက်ခုံးတွေပင့်ပြကာ
"ဆက်ပြောလေ"

/......သောက်စကားများချင်ဦးဟ/

"ဘာမှမဟုတ်တော့ဘူးရယ်.....မူကြိုလေ၊ အပျော်စလိုက်တာပါ"

"၈ယောက်၊ အံ့သြစရာပါပဲ"

"မဟုတ်ဘူး ကိုယ်ရှင်းပြတာနားထောင်....."

"ငါအိပ်ပြီ"

"ခုလေးတင်ပဲ ထလာတာမဟုတ်ဘူးလား? အယ် နေ‌..နေဦး အနည်းဆုံးတော့ ကိုယ်လုပ်ထားတဲ့ချောကလက်လေး စားသွားဦးလေ...."

"ချီးကိုပဲစား၊ ထွက်သွား"

"......."

_______

The author has something to say : ချောက‌ကလက်ပေးတဲ့အပိုင်းကတော့ Valentine's Day extraထဲကပါ ဟဟ

_____

T/n : တချို့အတွေးလေးတွေကို အစောင်းလေးပြောင်းမရတော့ မျဉ်းစောင်း/လေးခံရေးထားပါတယ်

______

[zawgyi]

ဒီေနရာမွာ ၾကာၾကာဆက္ေနလို႔မရေတာ့ေပ။

မျပန္ခင္ ရင္းခ်ယ္ကို ရင္းဇယ္က သူနဲ႔အတူ အိမ္ျပန္လိုက္ခဲ့ဖို႔ ေဖ်ာင္းဖ်သြားေသးတယ္။အျပင္ကေန လွမ္းေခ်ာင္းၾကည့္ေနတဲ့ လူကို ရင္းခ်ယ္ တစ္ခ်က္လွည့္ၾကည့္လိုက္ၿပီး :
"မလိုက္ေတာ့ဘူး၊ ဒီရက္ပိုင္း သူနဲ႔.....ကိစၥေလးရွိလို႔၊ ပါးနဲ႔မားကိုလည္း ေျပာေပးထားပါဦး အိမ္ျပန္မလာေသးတဲ့အေၾကာင္း"

ရင္းဇယ္ရဲ့ မ်က္ဝန္းေတြမွာ တစ္ခါျပန္ရဲလာတယ္။
"ေကာ ေကာသူ႔ဆီက အမွတ္အသားလုပ္ခံရၿပီးသြားၿပီမလား?"

"....ဘယ္လိုလုပ္သိတာလဲ?"

"ေကာကိုယ္က သူ႔အနံ႔ေတြခ်ည္းပဲ၊ ျပင္းလြန္းလို႔ ေကာဆိုင္ထဲ စဝင္လာကတည္းက ငါရတယ္"
ရင္းဇယ္က အံႀကိတ္ၿပီး မေက်မခ်မ္း ေျပာလာတယ္။
"မေန႔က သူေကာကို ထိန္းခ်ဳပ္ေဆးသုံးဖို႔ ေခၚသြားတုန္းက ေကာအားနည္းေနတာ အခြင့္ေကာင္းယူၿပီး သူအတင္းအဓမၼ အမွတ္အသားလုပ္လိုက္တာမလား? သူ႔ရဲ့ဝံပုေလြလို အႀကံအစည္ေတြကို ငါသိတာေပါ့၊ အဲ့ဒီမ်ိဳးရိုးက်န႔္ေကာင္က ေသာက္လူမဆန္တဲ့ေကာင္!"

"........"

ဒီလိုကိစၥေတြ သူ႔ညီေရွ႕မွာေျပာရတာ တကယ္ရွက္စရာမို႔ သူကိုယ္တိုင္ကိုက လိုလိုလားလားလုပ္ခဲ့တဲ့အေၾကာင္း ရွင္းျပၿပီးတဲ့ေနာက္ေတာ့ ရင္းခ်ယ္ ခပ္သုတ္သုတ္ပဲ စကားစျဖတ္ခဲ့လိုက္ေတာ့တယ္။

ေျပာရရင္ ဒီရန္ဘက္ႏွစ္ေယာက္ လမ္းမေပၚမွာ သတ္ျဖတ္ေနမယ့္အျဖစ္ကိုလည္း သူစိုးရိမ္ရေသးတယ္။

ဒီကေန႔ ေလကသိပ္မထန္ေပသည့္ အပူခ်ိန္ကေတာ့ အရမ္းနိမ့္တယ္။ အျပင္မွာတစ္နာရီနီးပါးေစာင့္ေနခဲ့တာေၾကာင့္ က်န႔္ေယာင္ရဲ့ လက္ေတြေရာ ေျခေထာက္ေတြပါ ေအးစက္ေနတယ္။ ရင္းခ်ယ္ထြက္လာတာျမင္ျမင္ခ်င္း သူက လက္ေတြကို ေႏြးေအာင္ပြတ္ၿပီး ရင္းခ်ယ္မ်က္ႏွာေလးကို အုပ္ကိုင္လိုက္တယ္။
"မ်က္လုံးေတြက ဘာလို႔ရဲေနတာလဲ? အေပါက္ဆိုးတိတိက မင္းကို ငိုေအာင္လုပ္လိုက္တာလား?"

"မငိုပါဘူး"

ႏွစ္ေပါင္းမ်ားစြာ တည္ရွိလာခဲ့တဲ့ နားလည္မွုလြဲျခင္းကို ေျဖရွင္းၿပီးသြားတဲ့အခါမွာေတာ့ ရင္းဇယ္တင္ မဟုတ္ေပ၊ သူကိုယ္တိုင္လည္းပါ ခံစားခ်က္ေတြမတည္မၿငိမ္ ျဖစ္ရတယ္။

"မငိုတာလည္း ေကာင္းတယ္၊ မဟုတ္ရင္ သူက ျပန္ခ်င္မွာမဟုတ္ဘူး"
က်န႔္ေယာင္က သူ႔နဖူးကို စမ္းၾကည့္ကာ :
"ေနလို႔ေကာင္းရဲ့လား? အိမ္ျပန္ခ်င္လား ဒါမွမဟုတ္ ခနေလာက္ လမ္းေလၽွာက္ၾကမလား?"

ရင္းခ်ယ္က ခနေလာက္ စဥ္းစားၾကည့္ၿပီး :
"ကမ္းေျခသြားမယ္"

က်န႔္ေယာင္က ဘာမွမေျပာပဲ ကားေပၚအရင္တက္ကာ ေျပာတယ္။
"တက္ေလ"

ေနာက္ေတာ့ ေလအလ်င္နဲ႔ အေရွ႕ကို ေမာင္းႏွင္ေတာ့တယ္။

ဒါဟာ ရင္းခ်ယ္ရဲ့ တတိယအႀကိမ္ Dong Chengက ဒီပင္လယ္ကို လာျခင္းျဖစ္တယ္။

အရင္ႏွစ္ႀကိမ္က ေႏြလလယ္ျဖစ္ၿပီး ပင္လယ္ျပာရယ္ ေရႊေရာင္သဲျပင္နဲ႔ က်စ္က်စ္ေတာက္ပူေနတဲ့ ေနေနမင္းႀကီးရယ္၊ ခရီးသြားအမ်ားျပားလည္း ရွိတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ေအးခဲလွတဲ့ ေဆာင္းရာသီျဖစ္ကာ ပင္လယ္ျပင္က မဲနယ္ေရာင္၊ ေလက တဟူးဟူးတိုက္လ်က္ရွိၿပီး ပါးျပင္ေတြက စပ္တဖ်င္းဖ်င္း၊ ကမ္းေျခမွာ လူသူ တစ္ေယာက္မွ မရွိေပ။

က်န႔္ေယာင္က ကားကို လမ္းတစ္ဖက္မွာ ရပ္ထားခဲ့တယ္။ ေနာက္ ရင္းခ်ယ္လက္ကို ဆြဲယူကာ သူ႔အိတ္ကပ္ထဲ ထည့္တယ္။ ဒါက သူအဖ်ားရွိမရွိ ခ်က္ခ်င္းသိရ‌ေအာင္လို႔ဆိုၿပီး ေျပာတယ္။

အမွန္ကေတာ့ အသားယူခ်င္႐ုံသက္သက္သာ။

ကမ္းေျခမွာ ဖိနပ္နဲ႔ ေလၽွာက္သြားရတဲ့ လက္ရွိနဲ႔ အရင္ေႏြရာသီက ‌ေျခဗလာသြားခဲ့တုန္းကနဲ႔က လုံးဝကို မတူကြဲျပားတဲ့ခံစားခ်က္ကို ေပးစြမ္းတယ္။

ႏွစ္တစ္ဝက္....မ်က္စိတစ္မွိတ္အတြင္းမွာပဲ ကုန္ဆုံးခဲ့ပါေပါ့လား။

"ေကာ"

"ဟမ္?"

ျမဴခိုးေငြ႕ေဖြးေဖြးေတြကို ပါးစပ္အျပည့္ မွုတ္ထုတ္လိုက္ၿပီးေနာက္မွာေတာ့ ႐ုတ္တရက္ ရင္းခ်ယ္ အရမ္းသိခ်င္လာတယ္။
"မင္းေျပာၾကည့္၊ အတိတ္က အဲ့လိုကိစၥေတြသာ တစ္ခုမွမျဖစ္ခဲ့ဘူးဆိုရင္ ငါဘယ္လိုပုံစံျဖစ္ေနေလာက္မလဲဆိုတာ?"

က်န႔္ေယာင္က ခနေလာက္ ေတြးၾကည့္ၿပီးေနာက္ :
"ႏူးႏူးညံ့ညံ့နဲ႔ ခ်စ္စရာယုန္ေလးတစ္ေကာင္ ျဖစ္ေနေလာက္တယ္"

အဲ့ေနာက္ သူက ရယ္လာတယ္။
"အမွန္ေတာ့ အခုလည္း အတူတူပါပဲ"

လက္မွုပညာေတြ စိတ္ဝင္စားတယ္၊ ၾကယ္ေလးေတြ ေခါက္ရတာ သေဘာက်တယ္၊ အခ်ိဳေလးေတြ စားရတာကို ႏွစ္သက္တယ္......အရင္ကသာ ဘာကိစၥေတြမွ မျဖစ္ခဲ့ဘူးဆိုရင္ ရင္းခ်ယ္ဟာ တျခားေသာ omegaေတြ အမ်ားစုလိုပဲ ျဖစ္ေနေလာက္တယ္၊ တက္တက္ႂကြႂကြနဲ႔ ခ်စ္စရာေကာင္းတယ္၊ နာခံၿပီး သိတတ္တဲ့ပုံစံေလးေပါ့။

သူက တကယ္ကို ဂ႐ုစိုက္ေပးတတ္တဲ့ အကိုေကာင္းတစ္ေယာက္ျဖစ္ေနမွာ၊ သိမ္ေမြ႕ႏူးညံ့ၿပီး သိနားလည္တဲ့ ခ်စ္သူေကာင္းေလးေပါ့။

အခုလက္ရွိမွာလည္း သူက အဲ့ဒီဝိေသသလကၡဏာေတြ ကြယ္ဝွက္ထား႐ုံေလးသာျဖစ္တယ္။ ယုန္ကေလးရဲ့သဘာဝကေတာ့ အျမဲတမ္းယုန္ကေလးပဲ ျဖစ္ေနဦးမွာပါပဲ။

"ႏူးညံ့ၿပီး......ခ်စ္ဖို႔ေကာင္းတာ?အဲ့ဒါက မင္းႀကိဳက္တတ္တဲ့ပုံစံ(ideal type)လား?"
ရင္းခ်ယ္က ေမးတယ္။

"ဒါေပါ့ အရင္က အဲ့လိုပုံစံကို အႀကိဳက္ဆုံးျဖစ္ခဲ့တာ"

"အဲ့ဒါဆို အခုလက္ရွိငါနဲ႔ အဲ့လိုပုံစံငါနဲ႔ ဘယ္ဟာကို ပိုႀကိဳက္လဲ?"

........ေနာက္ထပ္ အေသသတ္တဲ့ ေမးခြန္းပါပဲ 

ေသခ်ာဂ႐ုတစိုက္ အကဲျဖတ္ၿပီးတဲ့ေနာက္မွာ က်န႔္ေယာင္ မယုတ္မလြန္လွဆုံး အေျဖကိုေပးလိုက္တယ္။
"အကုန္ႀကိဳက္တယ္၊ အခုကလည္း ကိုယ့္ရဲ့ ideal typeပဲ"

"ဝတ္ေက်တမ္းေက်ေျပာတာ"

"........"

"မနက္က အဲ့ဒီရည္းစားေဟာင္းကလည္း ideal typeပဲလား?"

က်န႔္ေယာင္ နည္းနည္းေတာ့ အိလည္လည္ျဖစ္လာၿပီ။
"အဲ့ဒါက အရင္က ideal type......."

"ဘယ္ေလာက္ၾကာၾကာ တြဲခဲ့တာလဲ?"

"တစ္ပတ္တည္းရယ္....."

"တစ္ပတ္တည္း"
ရင္းခ်ယ္က တိုးတိုးဆိုတယ္။
"သုံးမိနစ္တာေလာက္ အႀကိဳက္၊ အဲ့တုန္းကသာ အဲ့လိုပုံစံငါနဲ႔ ေတြ႕ၿပီး တြဲျဖစ္ခဲ့ရင္လည္း အဆုံးသတ္က ဒီလိုပဲျဖစ္လိမ့္မယ္ထင္တယ္"
(T/n : သုံးမိနစ္တာဆိုတာ ခနေလးကို ဥပမာေပးထားတာပါ)

"ကိုယ္ဝန္ခံတယ္ ကိုယ္က သုံးမိနစ္တာေလာက္ပဲ ဆိုတာ"
က်န႔္ေယာင္က အိတ္ကပ္ထဲက သူ႔ရဲ့လက္ကိုယူကာ လက္ေခ်ာင္းေတြကို ယွက္တြယ္လိုက္တယ္။
"ဒါေပမယ့္ အဲ့ဒါက တျခားသူေတြအတြက္ပဲ၊ မင္းအတြက္ကေတာ့ တစ္ရက္ကို အႀကိမ္၄၈၀ ေလာက္ ဆူပြက္ေပးနိုင္တယ္"

ရင္းခ်ယ္က ၿငိမ္ေနေသးေပမယ့္ တစ္ခနၾကာေတာ့ မေနနိုင္စြာ ႏွုတ္ခမ္းစြန္းေလးေတြေကာ့တက္လာတယ္။

အေျဖာင့္ alphaေတြလည္း တခါတခါက် မထင္မွတ္ထားတဲ့ ရိုမန႔္တစ္စကားေတြ ေျပာတတ္တာပဲလား။

ျပန္လည္တြန္းလွန္လိုက္ဖို႔က ခက္ခဲလြန္းပါတယ္။

...
ေဆာင္းရာသီမို႔ ကမ္းေျခက ေအးစက္ေနတယ္။ မိုးဖြဲဖြဲေလးေတြ က်လာတာနဲ႔ ႏွစ္ေယာက္သား ေဝးေဝးထပ္မသြားေတာ့ပဲ ေျခရာေတြအတိုင္း ရပ္ထားခဲ့တဲ့ ကားဆီကိုပဲ ျပန္လာခဲ့လိုက္ေတာ့တယ္။

ရင္းခ်ယ္ ပင္လယ္ျပင္ဘက္ ျပန္ငဲ့ၾကည့္လိုက္ခ်ိန္ အေဝးမွာ လွိုင္းလုံးေတြ ထန္လ်က္ရွိေပမယ့္ သူ ေၾကာက္တယ္လို႔ မခံစားရေတာ့ေပ။

ျပန္ေတြးၾကည့္ေတာ့ မိသားစုနဲ႔အတူ လာတုန္းက ေႏြးေထြးမွုေတြ၊ ရယ္ေမာေပ်ာ္ရႊင္ေနတဲ့ အတန္းေဖာ္ေတြနဲ႔ လက္ရွိသူ႔ေဘးကလူဆီက ၾကင္နာေႏြးေထြးမွုေတြသာ သူ႔စိတ္ထဲ က်န္ရွိေနခဲ့ေတာ့တယ္။

တကယ္ကို အရာအားလုံး ၿပီးဆုံးခဲ့ၿပီပဲ။

...
ဗီလာျပန္ေရာက္မွပဲ မနက္ျဖန္ တ႐ုတ္ႏွစ္သစ္ကူးေန႔မွန္း သူသတိရတယ္။ ဒီႏွစ္က ႏွစ္သစ္ကူးေန႔နဲ႔ ခ်စ္သူမ်ားေန႔နဲ႔လာတိုက္ေနၿပီး တ႐ုတ္ရိုးရာႏွင့္ အေနာက္တိုင္း ေပါင္းစည္းကာ လမ္းမေပၚမွာ တြဲသြားတြဲလာေနတဲ့ အတြဲေတြကို ေတြ႕ရတယ္။

သူတို႔ႏွစ္ေယာက္ကေတာ့ အျပင္မထြက္ခဲ့ပါ၊ အိမ္မွာပဲ ဒိတ္လိုက္ၾကတယ္၊ အဓိကကေတာ့ အိပ္ယာထဲမွာေပါ့။ တခါတခါလည္း ဧည့္ခန္းထဲေရာက္သြားလိုက္၊ စာသင္ခန္းထဲေရာ ‌ေရခ်ိဳးခန္းထဲပါမက်န္ေပ။

ေနာက္ဆုံးအႀကိမ္ ေရခ်ိဳးခန္းထဲကေန က်န႔္ေယာင္ ေပြ႕ထုတ္လာတဲ့အခ်ိန္ ရင္းခ်ယ္တစ္ကိုယ္လုံးမွာ ရစရာကိုမရွိေတာ့ၿပီ။

ဒီအရြယ္ alphaေတြ ဘယ္ေလာက္အစားတဏွာႀကီးတယ္ဆိုတာ သူ မသိလို႔ မဟုတ္သလို၊ စိတ္ပိုင္းဆိုင္ရာ သူ မျပင္ဆင္ထားမိတာမ်ိဳးလည္း မဟုတ္ေပ။ သူ႔အေပၚမွာရွိေနတဲ့ က်န႔္ေယာင္ရဲ့လိုလားမွုေတြကိုသာ သူလိုက္မမွီနိုင္ေတာ့တာျဖစ္တယ္။

Heat ျဖစ္ေနတဲ့အခ်ိန္မွာေတာင္ ၿပီးခဲ့တဲ့ႏွစ္ရက္မွာ က်န့္ေယာင္က အေတာ္ေလး ရမၼက္ႀကီးတယ္လို႔ သူ ခံစားမိေသးတယ္။

အပူခ်ိန္တက္လာၿပီဆိုတာနဲ႔ ႏွစ္ေယာက္သား အတူလုံးေထြးေနၿပီး အပူခ်ိန္က်သြားခ်ိန္ထိေတာင္ ႏွစ္ေယာက္သား မခြဲခြါမိၾကေသးဘူး။

...
"ေခ်ာကလက္စားခ်င္လား?"
ေက်နပ္ေနတဲ့အသားစားအေကာင္ႀကီးကေတာ့ အခ်ိဳပြဲေလးနဲ႔ ေခ်ာ့လာေလရဲ့။

ရင္းခ်ယ္မွာ ပင္ပန္းလြန္းလို႔ ဘာမွမစားခ်င္‌ေအာင္ျဖစ္ေနေသာ္ျငား က်န႔္ေယာင္ရဲ့တက္ႂကြေနသည့္ဟန္ကို ျမင္၍ မျငင္းရက္ေခ်။
"မင္းသေဘာပဲ"

"ကိုယ္လုပ္ေပးမယ္ မင္းလိုက္ၾကည့္ေပး"
က်န႔္ေယာင္က သူ႔ကိုဆြဲထူဖို႔ လက္ကိုဆန႔္ထုတ္လာတယ္။

ရင္းခ်ယ္ ေျခေထာက္ကို ႐ုတ္လိုက္ၿပီး
"ဟင့္အင္း"

"ထပါ၊ ေနာက္ၿပီး ဓာတ္ပုံရိုက္ၿပီး Friend circleမွာ တင္လိုက္ဦး"

"တင္ၿပီးဘာလုပ္မွာလဲ?"

"ဒီေန႔ညလိုမ်ိဳးက social mediaမွာ ႂကြားတာေတြနဲ႔ျပည့္ေနမွာေလ၊ အဲ့လိုေပ်ာ္ရႊင္မွုမ်ိဳး မင္းေကာင္ေလးလည္း လိုခ်င္တယ္လို႔"

"ဒီရက္ပိုင္း ဒီေလာင္လုပ္ၿပီးထားတာေတာင္ မင္းကေပ်ာ္လို႔မဝေသးဘူးလား? အပိုေတြမလုပ္စမ္းပါနဲ႔ "

က်န႔္ေယာင္က သူ႔ကိုယ္ေပၚ ထပ္ဖိခ်လာၿပီး :
"မင္းမထဘူးဆို ကိုယ္လည္း ေခ်ာကလက္ မလုပ္ေတာ့ဘူး၊ တျခားတစ္ခုခုလုပ္ၾကတာေပါ့ "

"......."

ေနာက္ဆုံးေတာ့လည္း သူ မီးဖိုထဲကိုသာ လိုက္ခဲ့လိုက္ပါေတာ့တယ္။

ရင္းခ်ယ္က ဟင္းခ်က္စားပြဲေပၚမွာ ထိုင္ေနတယ္၊ သူက ေျခေထာက္ေလးေတြလွုပ္ရမ္းရင္း သူ႔ကိုယ္သူ ဟင္းခ်က္ရာမွာထိပ္တန္းပါလို႔ ေႂကြးေၾကာ္ထားတဲ့လူရဲ့ ဒုတိယအႀကိမ္ ကိုကိုးမွုန႔္အိုး ထပ္တည္ေနသည္ကို ၾကည့္ေနတယ္။

ရိုးရိုးေလးလုပ္ရမယ့္အဆင့္ကို အခုလိုပုံစံျဖစ္သြားေအာင္ လုပ္နိုင္တာေတာ့ တကယ့္ကို ေမွာ္ပညာပါပဲ။

"ဒီတိုင္းပဲရိုက္လိုက္ပါေတာ့ ၿပီးရင္ ငါသြားအိပ္ေတာ့မွာ"

က်န႔္ေယာင္ကေတာ့ တတိယေျမာက္အိုးကို အေရးတစိုက္ေမႊေနရင္းနဲ႔
"မရဘူး၊ ေနာက္တစ္ေခါက္ထပ္လုပ္မယ္၊ ဒီတစ္ေခါက္ေတာ့ ေသခ်ာေပါက္ အလုပ္ျဖစ္မွာပါ"

ရင္းခ်ယ္ကေတာ့ ဖုန္းကိုယူၿပီး တစ္ခ်က္ရိုက္လိုက္တယ္။
"လက္ေလၽွာ့လိုက္ပါေတာ့၊ မင္းရဲ့လက္ရာပိုင္းစြမ္းရည္ကို မသိတဲ့လူလည္း မရွိတာမဟုတ္ဘူး"

လက္ေရးပိုင္းမွာ ညံ့တယ္၊ ပန္းခ်ီပိုင္းမွာ ဆိုးရြားတယ္၊ လက္မွုပညာပိုင္းမွာလည္း ဆိုးရြားၿပီး ဟင္းခ်က္တဲ့အပိုင္းမွာပါ ညံ့ဖ်င္းလြန္းလွတယ္။

ဒီလက္တစ္စုံက တကယ့္ကို က်ိန္စာတိုက္ခံထားရတာပဲေနမွာ။

က်န႔္ေယာင္ကေတာ့ အလြန႔္ကိုဇြဲႀကီးတယ္။ တတိယေျမာက္ ေခ်ာကလက္အိုးကို စူးစူးစိုက္စိုက္ စိုက္ၾကည့္ေနၿပီး လက္ေလၽွာ့မယ့္ပုံမေပၚေပ။

ရင္းခ်ယ္ကေတာ့ ပုံကို group chatထဲ ဒီတိုင္းပဲ လွမ္းပို႔လိုက္တယ္။

မီးဖိုေခ်ာင္ရဲ့ ခပ္ေႏြးေႏြးအလင္းေရာင္ေအာက္မွာ ေတာင့္ေတာင့္ေျဖာင့္ေျဖာင့္နဲ႔ ေအပရြန္တစ္ထည္ဆင္ျမန္းထားတဲ့ ေကာင္ေလးတစ္ေယာက္က အိုးကိုငုံ႔ၾကည့္ေနတယ္။ သူ႔မ်က္ဝန္းေတြက စူးစိုက္ေနၿပီး ေခ်ာေမာတည္ၾကည္ေနကာ အရမ္းကိုႏွစ္လိုဖြယ္ျဖစ္ေလတယ္။

အေနအထားက ေႏြးေထြးၿပီး ၿငိမ္းခ်မ္းေန‌တယ္။

သို႔ေပမယ့္ group chatထဲမွာေတာ့ လုံးဝကိုၿငိမ္းခ်မ္းမေနေတာ့ေပ။

ဟန္မုန႔္  : "?ခ်ယ္ေကာ? အဲ့ဒါဘာလုပ္တာလဲ? လာရိုျပေနတာလား?? ခ်ယ္ေကာ အခုလို ပ်က္စီးသြားတာ အဲ့ဒီမ်ိဳးရိုးက်န့္နဲ႔ေကာင္ေၾကာင့္!"

ေကာက်စ္ရွုန္း : "ဒါ ခ်ယ္ေကာမဟုတ္ဘူးမလား? ခ်ယ္ေကာရဲ့ဖုန္းကို က်န႔္ေယာင္ခိုးၿပီး လုပ္ထားတာမလား?"

ခ်န္ရင္းရင္း : "ခ်ီးပဲ လုပ္လာျပန္ၿပီ၊ ကန္ထုတ္ခံရၿပီးတာေတာင္ ျပန္လာၿပီး လုပ္ရဲေသးတယ္?"

/ကန္ထုတ္ခံရတာလား?/

ရင္းခ်ယ္ group memberထဲဝင္ၾကည့္လိုက္ေတာ့ အမွန္ပင္ တစ္ေယာက္ေလ်ာ့ေနေလတယ္။

က်န္းခဲ့ : "ဖာ့ခ္! ဒီမွာ ပုံပို႔တဲ့တစ္ေယာက္! ခ်ယ္ေကာလို႔ ငါေခၚမယ္ မင္းျပန္ထူးရဲလား?"

ရင္းခ်ယ္က အသံဖိုင္နဲ႔သာ တန္းပို႔ေပးလိုက္တယ္။
"ဘာလို႔မထူးရဲရမွာလဲ?"

တစ္ဖက္ကက်န္းခဲ့မွာ ေသးပင္ထြက္က်မတတ္ျဖစ္သြားတယ္။
"ေသြ႕ပုခ်ီ ေသြ႕ပုခ်ီ၊ တကယ့္သခင္ႀကီးျဖစ္ေနတာကို အရိုအေသတန္မိၿပီ!"

သူ႔အသံၾကားေတာ့ ေဘးက က်န႔္ေယာင္က ေမးလာတယ္။
"ဘယ္သူ႔ကို အသံဖိုင္ပို႔ေနတာလဲ?"

"က်န္းခဲ့"
ရင္းခ်ယ္က ေစတနာနဲ႔ေျပာလိုက္တယ္။
"Group ထဲက ကန္ထုတ္ခံရတယ္ဆို၊ ငါျပန္ထည့္ေပးရမလား?"

"အင္း"

ဒါနဲ႔ရင္းခ်ယ္လည္း ဖုန္းဆီ ျပန္ငုံံၾကည့္လိုက္တယ္။ အဲ့ဒီအခ်ိန္မွာပဲ ဟန္မုန႔္ဘက္က screenshotတခ်ိဳ႕ပို႔ထားတာ ေတြ႕တာနဲ႔ သူဝင္ၾကည့္လိုက္တယ္။

တစ္ဖက္က က်န႔္ေယာင္ကမူ မီးကိုေလၽွာ့လိုက္ၿပီး ေမးလာတယ္။
"ထည့္ၿပီးသြားၿပီလား?"

"အြန္း ထည့္ၿပီးၿပီ"

"ရသြားၿပီလား? ဘယ္လိုျဖစ္လို႔ ဖုန္းကနိုတီမဝင္တာလဲမသိဘူး"

"blacklistထဲထည့္ရင္ နိုတီမဝင္ဘူး"

"အာ လက္စသတ္ေတာ့ blacklist.....ဟမ္?"
က်န႔္ေယာင္ ေခါင္းလွည့္ၾကည့္လိုက္ေတာ့ ေရခဲတုံးတမၽွေအးစက္ေနတဲ့ မ်က္ႏွာနဲ႔ သူ႔ေကာင္စုတ္ေလးကို ေတြ႕လိုက္ရတယ္။ သူ႔လက္ထဲက ဖုန္းမွန္သားျပင္ေပၚမွာက လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္က ဆုေတာင္းဗီဒီရိုအေၾကာင္းေျပာထားတဲ့ chatမွတ္တမ္းပုံေတြ။

"အဲ့ေခါင္းကို အိုးထဲျပန္ႏွစ္ထားလိုက္"

ဒီကေန႔ တအားကို သတၱိေတြေကာင္းေနတဲ့ က်န႔္ေယာင္ကေတာ့ ခ်က္ခ်ငိးပဲ သူ႔နားေရာက္လာၿပီး လက္ႏွစ္ဖက္ကို စားပြဲေပၚေထာက္ကာ :
"ကိုယ့္ကို(block)ျပန္ေျဖေပး"

ရင္းခ်ယ္အၾကည့္က သူ႔ရဲ့အဝတ္မပါတဲ့ ကိုယ္အေပၚပိုင္းကို က်သြားတယ္။

လြန္ခဲ့တဲ့ႏွစ္နာရီေလာက္က ေခၽြးစိုေနခဲ့ရာက အခုေတာ့ သပ္ရပ္လန္းဆန္းေနတယ္။

"မေျဖဘူး"

"လုပ္ပါကြာ၊ ကိုယ္ အခ်စ္ဆီက ထပ္ၿပီး blockမခံခ်င္ေတာ့ဘူး"
က်န႔္ေယာင္က ရယ္က်ဲက်ဲနဲ႔ :
"မႏွစ္က မင္း အဆက္အသြယ္မွန္သမၽွ ျဖတ္လိုက္တဲ့ေန႔ေတြကတည္းက ကိုယ္ေတာ္ေတာ္ေလး ခံစားရၿပီးသြားပါၿပီ"

ဒါတမင္သက္သက္ သနားေအာင္ ဟန္ေဆာင္ျပေနတာလားဆိုတာပဲ ရင္းခ်ယ္သံသယဝင္မိတယ္။

ဒါေပမယ့္ အလုပ္ျဖစ္ေနေသးတယ္ဆိုတာေတာ့ ရင္းခ်ယ္ ဝန္ခံရလိမ့္မယ္။

"blockမထားဘူး"
ရင္းခ်ယ္ ဖုန္းကိုေအာက္ခ်ထားလိုက္တယ္။
"မင္းကို သတိေပး႐ုံတင္"

က်န႔္ေယာင္က သူ႔ကိုၾကည့္ၿပီး တသိမ့္သိမ့္ ရယ္ေနတယ္၊ သူ႔ပုံစံက လုံးဝကို ျဖဴစင္ၿပီး ေႏြးေထြးေနေလရဲ့။

တကယ္ကို နားမလည္နိုင္ျဖစ္မိတယ္၊ ဒီလူတစ္ေယာက္တည္းပဲျဖစ္ၿပီး အိပ္ယာေပၚမွာဆို ဘယ္ေလာက္ေတာင္မ်ား ၾကမ္းတမ္းလိုက္လဲဆိုတာ။

"ဘာရယ္တာလဲ?"

"နမ္းခ်င္လို႔"

"မရဘူး"
ရင္းခ်ယ္က စားပြဲေပၚက ခုန္ဆင္းကာ :
"ဓာတ္ပုံရိုက္ၿပီးၿပီဆို ငါသြားအိပ္ေတာ့မွာ"

က်န႔္ေယာင္က သူ႔ကို ခါးကေနကိုင္ကာ ျပန္ဆြဲယူလိုက္ၿပီး ခုနကထိုင္ေနတဲ့ေနရာမွာ ေနရာတက်ျပန္တင္ထားတယ္။
"ဒီေန႔ ခ်စ္သူမ်ားေန႔"

"အဲ့ေတာ့?"

"မင္းအတြက္ ကိုယ္ေခ်ာကလက္လုပ္ေပးတယ္၊ မင္းက ကိုယ့္ကို အနမ္းေလးေတာ့ ျပန္ေပးေလ၊ အမ်ားႀကီးမဟုတ္ဘူး"

"ကိုယ့္ဟာကိုလုပ္တာေလ၊ ကိုယ့္ဟာကိုစားေပါ့"
ရင္းခ်ယ္က စားပြဲေပၚက ေနာက္တစ္ခါခုန္ဆင္းၿပီး မီးဖိုခန္းထဲကေန အျမန္လစ္ထြက္သြားေတာ့တယ္။ ေနာက္ေတာ့ အိပ္ခန္းထဲဝင္ၿပီး တံခါးပိတ္သြားတယ္။

/တစ္ရက္ႏွစ္ဆယ့္ေလးနာရီမွာ တစ္ဝက္ေလာက္ကနမ္းေနၿပီးေတာ့မ်ား ခ်ီးကို အနမ္းေလးေပးပါလား/

/ၿငီးလည္းမၿငီးေငြ႕နိုင္ဘူး/

....

ဒီတစ္ခါမွာေတာ့ သူ တစ္နာရီေက်ာ္ေက်ာ္ေလာက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားတယ္။ အထူးသျဖင့္ တစ္ေယာက္ေသာ alphaေကာင္လည္း လာမေႏွာင့္ယွက္တဲ့အတြက္ နိုးလာတဲ့အခ်ိန္က် အားေတြျပန္ျပည့္လာသလို ခံစားရတယ္။

ရင္းခ်ယ္ မ်က္လုံးကို ပြတ္ၿပီးဖုန္းယူၾကည့္လိုက္ေတာ့ အခ်ိန္က ကိုးနာရီရွိေနၿပီ။

Group chatထဲမွာ စာအိတ္နီေလးေတြ ေရာက္ေနၿပီး ေတာ္႐ုံတန္႐ုံ စကားသိပ္မေျပာဖူးၾကတဲ့ ေက်ာင္းသားေတြကပါ ဝင္ေျပာလာၾကတယ္။

ဒီအခ်ိန္ကေတာ့ တစ္ႏွစ္လုံးရဲ့ အစည္ကားဆုံး အခ်ိန္ကာလပဲဆိုပါေတာ့။

ေန႔လည္က အိမ္ကိုဖုန္းဆက္တုန္းကေတာင္ သူ႔အေဖက မေျပာစဖူး ေျပာလာေသးတယ္။
"ႏွစ္သစ္ကူးကို ဘာလို႔ အိမ္ျပန္မလာတာလဲ? ရည္းစားရသြားတာနဲ႔ပဲ အေဖနဲ႔အေမကို မလိုေတာ့ဘူးေပါ့?"

"မနက္ျဖန္ျပန္လာမွာပါ"

ျဖစ္နိုင္တာေတာ့ ျပန္လာခ်င္မွလည္း ျပန္လာနိုင္ေလာက္မယ္။ သူ႔ရဲ့heatက အေတာ္ၾကာေအာင္ထိ ရက္ေတြေရႊ႕ၿပီး ဖိႏွိပ္ထားခဲ့တာဆိုေတာ့ အခုခ်ိန္မွာ ျပင္းထန္တယ္။ သုံးရက္နဲ႔တင္ၿပီးသြားသင့္ေပမယ့္လည္း အခုေတာ့ ဒီေန႔တင္ကို သုံးရက္ေျမာက္ေနၿပီ၊ heatက ပထမရက္တုန္းကလိုပဲ အျပင္းအထန္ တက္ေနတုန္းပဲ။ အိမ္ျပန္လိုက္ကာမွ heatျပန္ျဖစ္ေနရင္.....တကယ္ မ်က္ႏွာပူစရာေတြ ျဖစ္လိမ့္မယ္။

Group chatထဲက စာအိတ္နီရတဲ့ ေက်ာင္းသားေတြကေတာ့ "ေက်းဇူးပါ ပါပါး"ေတြ လုပ္ေနၾကတယ္၊ ႐ုတ္တရက္ တစ္ေယာက္ေယာက္က ျဖတ္ေျပာလာတယ္။ "ေယာင္ေကာရဲ့ Friend Circleထဲကို ၾကည့္လိုက္ၾက၊ သူတအားကို ကလူ၏သို႔ျမဴ၏သို႔နိုင္တာပဲ"

သြားၾကည့္ၿပီးတဲ့ တခ်ိဳ႕လူေတြက ျပန္လာေျပာၾကတယ္။
"ခ်ီး ငါ သူ႔ကို *ဘဝင္ေၾကာင္လို႔သာ ေျပာလိုက္ခ်င္တာပဲ၊ ဒါမယ့္ ေခ်ာတာေတာ့ ေသာက္ရမ္းေခ်ာတယ္ဟ"
(T/n : သူ႔ကိုယ္သူအထင္ႀကီးေနတာကို ေျပာခ်င္တာပါ၊ တျခားစကားလုံးေတြးမရေတာ့လို႔ )

"@ရင္းခ်ယ္၊ ခ်ယ္ေကာ၊ ခ်ယ္ေကာလူကို သြားထိန္းပါဦး!"

ရင္းခ်ယ္ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္မိသြားတယ္။  

Friend circleထဲဝင္ၿပီး သြားၾကည့္ၾကည့္လိုက္ေတာ့ လြန္ခဲ့တဲ့ ဆယ္မိနစ္ေလာက္က က်န႔္ေယာင္ ပို႔စ္တစ္ခုတင္ထားတာ ေတြ႕လိုက္ရတယ္။

"ေခ်ာကလက္ တစ္ခုကို အနမ္းတစ္ခါ၊ ဘယ္လိုလဲ?"

ပုံထဲက ေကာင္ေလးမွာ အရမ္းကို ဆြဲေဆာင္မွုရွိေနတယ္၊ ဝတ္ဆင္ထားတဲ့ တီရွပ္အနက္ေရာင္ ေလ်ာ့ရဲရဲကို ပခုံးထိလိပ္တင္ထားၿပီး လွပတဲ့ လက္ေမာင္းႂကြက္သားေတြကို ေဖာ္ျပထားတယ္။ သူက ခပ္ညစ္ညစ္အျပဳံးတစ္ခုနဲ႔ ယုန္ပုံစံေခ်ာကလက္အျဖဴေလးတစ္ခုကို ကိုက္ထားတယ္။

ကလူတာမွ တကယ့္ကို ကလူတာ။

ေခ်ာတာလည္း တကယ့္ကို ေခ်ာတာ။

ပုံေအာက္မွာက ဘုံသူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားဆီက ေကာမန႔္ေတြကို ေတြ႕ရတယ္။

ပိုင္ယြိေဝ : "wow အရမ္းေခ်ာ"

ရင္းဇယ္ : "? ? ? ခ်ီး ရြံလိုက္တာ၊ ျပန္ဖ်က္လိုက္စမ္းပါကြာ!"

ျမင္ေနရတာက ေကာမန႔္အခု ၂၀ ၃၀ေလာက္ရွိေနၿပီး မျမင္ရတာေတြ ေနာက္ထပ္အမ်ားႀကီး ရွိဦးမယ္ဆိုတာ သူထင္လိုက္တယ္။

တစ္ပတ္ကို တစ္ေယာက္ဆိုေတာ့.....ဖုန္းထဲမွာ exေတြ ဘယ္ေလာက္ေတာင္ေပါႂကြယ္ဝေနမယ္မသိဘူး။

ရင္းခ်ယ္ ခ်က္ခ်င္း ထလာၿပီး ေအာက္ထပ္ဆီဆင္းလာခဲ့လိုက္တယ္။

မီးဖိုေခ်ာင္ဆီေရာက္ေတာ့ မွန္တံခါးက ပိတ္ထားတာေတြ႕လိုက္ရတယ္။ သူ႔ေကာင္ေလးျဖစ္သူကေတာ့ ေလာေလာဆယ္ video callတစ္ခု ေျပာလ်က္ရွိေနတယ္။ အသံကေတာ့ မၾကားရေပ။ လက္ထဲမွာေခ်ာကလက္တစ္တုံးရွိေနၿပီး ဘယ္သူ႔ကိုျပေနတယ္မသိေပ။

*ခ်ပ္*ဆို မီးဖိုခန္းတံခါးကို ရင္းခ်ယ္ဆြဲဖြင့္လိုက္တယ္။

က်န႔္ေယာင္ရဲ့မ်က္ႏွာမွာ ထိတ္လန႔္သည့္ အရိပ္ေယာင္ တခ်ိဳ႕ ျဖတ္ေျပးသြားၿပီး ဖုန္းထဲကလူကို ကပ်ာကယာေျပာတယ္။
"ဒါဆို ဖုန္းခ်လိုက္ၿပီေနာ္"

သို႔ေပမယ့္ တစ္ဖက္ကလူက ေအးစက္စြာျပန္ေမးလာတယ္။
"ေဘးမွာဘယ္သူရွိေနတာလဲ?"

ရင္းခ်ယ္လည္း ဖုန္းကိုဆြဲယူၿပီး မွန္သားျပင္ထဲ သူ႔မ်က္ႏွာပါပါေအာင္ အတင္းတိုးဝင္လိုက္တယ္။
"ငါကသူ႔ရဲ့......"

တစ္ဖက္လူရဲ့ မ်က္ခုံးေတြ ျမင့္တက္သြားတယ္။ ထိုသူ႔ရဲ့စူးရွလွပတဲ့ မ်က္ဝန္းေတြဟာ ရီေဝရီေဝျဖစ္လို႔ေနတယ္။
"သူ႔ရဲ့ဘာလဲ? ေဟ့ ေကာင္ေလး......သူ႔ကို တစ္ေနရာမွာ ျမင္ဖူးေနသလိုပဲ?"

ရင္းခ်ယ္ တိတ္တဆိတ္ပဲ တံေတြးကိုၿမိဳခ်လိုက္ၿပီး မ်က္လႊာကို ေအာက္ခ်လိုက္တယ္။ တစ္ဖန္ျပန္ေမာ့လာခ်ိန္ မ်က္ဝန္းေတြထဲမွာ ၾကင္လင္ေနသည္ကို ေတြ႕ရတယ္။
"မဂၤလာပါ၊ ကၽြန္ေတာ္က က်န႔္‌ေယာင္ရဲ့လက္တြဲေဖာ္ပါ"

က်န႔္ေယာင္က သူ႔ကို အံ့ၾသဘနန္းလွည့္ၾကည့္လာတယ္။

အေလာတႀကီးနဲ႔ ဖုန္းကိုဆြဲလုသြားတဲ့ ေကာင္စုတ္ကေလးဟာ အခုေတာ့ မခုတ္တတ္တဲ့ေၾကာင္ေလးအလား တအားကို ယဥ္ေက်းလိမၼာလ်က္ရွိတယ္။
"ဒီရက္ပိုင္း လူႀကီးမင္းရဲ့အိမ္မွာေနေနခဲ့ပါတယ္၊ အေႏွာင့္ယွက္ျဖစ္ေစမိလို႔ ေတာင္းပန္ပါတယ္"

......မ်က္ႏွာအေျပာင္းအလဲကေတာ့ တကယ္ကို အံ့ၾသစရာပါပဲ

"လက္တြဲေဖာ္.....ဟိုအသစ္ကေလးလား? "
တစ္ဖက္က ရယ္ရင္းေမာရင္းေျပာလာတယ္။
"ထူးဆန္းလိုက္တာ.....ဒီတစ္ေခါက္က် တစ္ပတ္ေက်ာ္သြားၿပီပဲ ေကာ ေခ်ာလားဆိုတာ ကူၾကည့္ေပးစမ္းပါ? ဘယ္လိုျဖစ္လို႔ ႏွစ္ထပ္ေတြပဲ ျမင္ေနရတာလဲ....."

"ေရွာင္ယဲ့ မင္းေသာက္တာမ်ားေနၿပီ"

တစ္ဖက္က အသံတစ္သံထပ္ထြက္လာတယ္၊ တကယ့္ကို ႏူးႏူးညံ့ညံ့ေလး။ ေနာက္ေတာ့ ခ်က္ခ်င္းဆိုသလိုပဲ screenက ေနရာအနည္းငယ္ေရြ႕သြားၿပီး ေဘးက လူတစ္ေယာက္ေပၚလာတယ္။

ရင္းခ်ယ္မွာ တခန မွင္သက္သြားၿပီးေနာက္ သူအသံကိုႏွိမ့္ၿပီး ေျပာလိုက္တယ္။
"မင္းအေဖက...ဒီေလာက္ေတာင္ေခ်ာတာလား"

က်န႔္ေယာင္ကမူ မ်က္ေမွာင္ၾကဳတ္တယ္။
"မင္းက ကိုယ့္ေရွ႕မွာလာၿပီး တျခားေယာက္်ားေခ်ာေၾကာင္း ေျပာေနတယ္ေပါ့ေလ?"

"......."

screenထဲက alphaမွာ မ်က္ဝန္းက အစိမ္းေရာင္နည္းနည္းေရာၿပီး ေသြးေႏွာျဖစ္ေၾကာင္းသိသာလွသည္။ မ်က္ခုံးနက္နက္ႏွင့္ ႏွစ္လိုဖြယ္အျပဳံးကိုေဆာင္ထားၿပီး တစ္ခ်က္ၾကည့္တာႏွင့္ စိတ္ထားေကာင္းေၾကာင္း သိသာလွသည္။

"မဂၤလာပါ၊ ကေလးေတြ အိမ္မွာစိတ္ေအး‌လက္ေအးေန၊ ဒီတစ္ေခါက္ေတာ့ မင္းကို ဧည့္မခံေပးနိုင္လို႔ စိတ္မေကာင္းပါဘူး၊ ေသခ်ာေပါက္ ေနာက္တစ္ေခါက္ ထပ္လာခဲ့ဦးေပါ့ကြာ"
ရိုးရိုးရွင္းရွင္းႏွုတ္ဆက္ၿပီးသြားတဲ့အခ်ိန္မွာ ထိုလူက ေခါင္းကိုငုံ႔ၿပီး ေခ်ာ့ျမဴသလိုေျပာတယ္။
"ေခ်ာတယ္၊ ကိုယ္တို႔ျပန္ေရာက္မွ ထပ္ၿပီး ေသခ်ာၾကည့္ၾကတာေပါ့၊ အခုေတာ့ သြားနားၾကရေအာင္ ေနာ္?"

သူတို႔ႏွစ္ေယာက္ အတူထိုင္ေနမွန္း ရင္းခ်ယ္အခုမွ သတိထားမိတယ္၊ တစ္ေယာက္က တစ္ေယာက္ေပါင္ေပၚတက္ထိုင္ထားတာပင္။

ကံမေကာင္းစြာနဲ႔ ထို alpha ရဲ့အႀကံျပဳခ်က္ေလးက အသုံးမဝင္ခဲ့ေပ။ ထို႔အစား ရင္ခြင္ထဲကလူက ဆိုလာတယ္။
"ဘာကိုနားမွာလဲ၊ ခုမွခုနစ္နာရီပဲရွိေသးတာ.....ေရွာင္ရို႔ကိုမင္းအေမဆီ ပို႔ခဲ့ရတာလြယ္တယ္မ်ားမွတ္ေနလား၊ ငါက မင္းနဲ႔....."

အသံက တိုးသထက္တိုးလာတယ္။ သူက သူ႔ရဲ့လည္တိုင္ကိုဖက္ၿပီး နားနားကပ္ကာ တိုးတိုးတိုးတိုးေျပာတယ္။ ဘာေျပာတာလဲေတာ့ ရင္းခ်ယ္ မၾကားရေတာ့ေပ။

Screenေပၚက alphaရဲ့မ်က္ႏွာဟာ ခ်က္ခ်င္းဆိုသလို ရဲတက္သြားၿပီး ရင္ခြင္ထဲက လူရဲ့ပါးစပ္ကို အုပ္ကာ အေလာတႀကီးေျပာလာတယ္။
"ဖုန္းခ်လိုက္ေတာ့မယ္ေနာ္၊ သူငယ္ခ်င္းကို ေသခ်ာဧည့္ခံလိုက္ဦး၊ ျပန္လာမွထပ္ေျပာၾကမယ္"

ေျပာၿပီးေနာက္ တကယ္ႀကီး ခ်သြားတယ္။

က်န႔္ေယာင္ရဲ့ တုံးအျဖဴစင္တဲ့ ပုံစံက ဘယ္သူ႔ဆီက အေမြရလဲဆိုတာ ရင္းခ်ယ္ ေနာက္ဆုံးေတာ့ သိလိုက္ၿပီ။

က်န႔္ေယာင္က ခုမွ စိတ္သက္သာရာရသြားသလို သက္ျပင္းခ်တယ္။
"ကိုယ္ကိုက နေမာ္နမဲ့နိုင္တာ၊ Friend circleမွာ ပါးကို ဘေလာ့ဖို႔ရာေမ့သြားတယ္၊ ေတာ္ေသးတာေပါ့ မူးေနလို႔ ဘာမွထပ္ေမးမသြားဘူး"

ထိုစကားကို ၾကားရေတာ့ ရင္းခ်ယ္တစ္ခုခုလြဲေနသလို ခံစားမိတယ္။
"ဘာလို႔လဲ၊ မင္းပါးကို ငါ့အေၾကာင္း ေပးမသိေစခ်င္လို႔လား?"

"မဟုတ္ဘူး၊ သူဘယ္ေလာက္ရက္စက္လဲ မင္းမသိပါဘူး၊ ငယ္ကတည္းက ကိုယ္လုပ္သမၽွေတြကို လိုက္ဖ်က္ဆီးတာ"
က်န႔္ေယာင္က တစ္ဖက္လွည့္သြားၿပီး မိုခြက္ထဲက က်န္တဲ့ေခ်ာကလက္ေတြကို ထုတ္ေနတယ္။
"ကိုယ္မူႀကိဳတုန္းက ခ်စ္သူမ်ားေန႔ေရာက္ေတာ့ ဒယ္ဒီက ကိုယ့္ကို ေခ်ာကလက္ကူလုပ္ေပးတယ္၊ ဒါ‌မယ့္ ပါးက ရွာလကာရည္တစ္ပုလင္းလုံး အဲ့ထဲကို ေလာင္းထည့္ပစ္လိုက္တယ္ေလ၊ ေနာက္ေန႔ ကိုယ္လည္း ေက်ာင္းယူသြားၿပီး omega ၈ ေယာက္ကို အဲ့ဒါေပးလိုက္ေရာ သူတို႔........"

ရင္းခ်ယ္က သူ႔နားတိုးလာၿပီး မ်က္ခုံးေတြပင့္ျပကာ
"ဆက္ေျပာေလ"

/......ေသာက္စကားမ်ားခ်င္ဦးဟ/

"ဘာမွမဟုတ္ေတာ့ဘူးရယ္.....မူႀကိဳေလ၊ အေပ်ာ္စလိုက္တာပါ"

"၈ေယာက္၊ အံ့ၾသစရာပါပဲ"

"မဟုတ္ဘူး ကိုယ္ရွင္းျပတာနားေထာင္....."

"ငါအိပ္ၿပီ"

"ခုေလးတင္ပဲ ထလာတာမဟုတ္ဘူးလား? အယ္ ေန‌..ေနဦး အနည္းဆုံးေတာ့ ကိုယ္လုပ္ထားတဲ့ေခ်ာကလက္ေလး စားသြားဦးေလ...."

"ခ်ီးကိုပဲစား၊ ထြက္သြား"

"......."

_______

The author has something to say : ေခ်ာက‌ကလက္ေပးတဲ့အပိုင္းကေတာ့ Valentine's Day extraထဲကပါ ဟဟ

_____

T/n : တခ်ိဳ႕အေတြးေလးေတြကို အေစာင္းေလးေျပာင္းမရေတာ့ မ်ဥ္းေစာင္း/ေလးခံေရးထားပါတယ္

______

Continue Reading

You'll Also Like

512K 34.4K 31
story description>>>>> start-5/10/2021 end-1/1/2022
148K 13.9K 162
យូរៗប្រែជាស្រឡាញ់បាត់មុខមិនបាន JJM 22/wed/12/2021
247K 14.8K 40
My priority /property/privacy