The Villain Dressed As a Litt...

By Mimosa2002

90.1K 15.5K 447

Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46

Chapter 4

2.2K 444 9
By Mimosa2002

လင်ရှီး သူ့ရဲ့ချွန်ထွက်သောအစွယ်များဖွင့်၍ အရှိန်ဖြင့်ခုန်ထွက်လာခဲ့သည်။ ဒီတစ်ခါတော့ ခါတိုင်းကဲ့သို့သူလေထဲတွင် အလျင်စလိုမလုပ်တော့ပေ။ လင်ရှီးခုန်ဝင်လာသည့်အခါ ငါးကန်အပြင်ဘက်တွင်ရပ်နေသည့်စစ်ဝတ်စုံဖြင့်အမျိုးသားက မရှောင်ရုံသာမက အရှေ့သို့တစ်လှမ်းပင်တိုးလာခဲ့သည်။ ချင်ရှောင်း လင်ရှီး၏ပုခုံးကိုအားဖြင့်ဆုပ်ကိုင်ထားပြီး ရေသူလေးရဲ့အေးစက်ချွန်ထက်တဲ့အစွယ်တွေကသူ့အရှေ့မှာပင်။

သေးငယ်အားနည်းသည့်လည်ပင်းကို ချင်ရှောင်းချိုးချင်လျှင်ချိုးပစ်လိုက်၍ရသည်။ ဒါပေမယ့်ချင်ရှောင်းရေသူလေးရဲ့ပုခုံးကို ကိုင်လိုက်သည့်အခါ သူ့လက်ဖဝါးအောက်ရှိ နူးညံ့တဲ့အထိအတွေ့ကသူ့ကိုတုန်လှုပ်စေသည်။ မူလကတင်းကြပ်နေတဲ့အားတွေကအနည်းငယ်လျော့သွား၏။ အနောက်ကအစောင့်တွေသည် ရေသူလေးရုတ်တရက်တိုက်ခိုက်လာတာကို မြင်သည့်အခါ အစောင့်နှစ်ယောက်လုံးကသူတို့ရဲ့ပစ္စတိုများကိုထုတ်၍ချိန်လိုက်ကြသည်။ နောက်ခဏအတွင်းမှာ အရာရှိကရေသူလေးကို ဆုပ်ကိုင်ဟန့်တားလိုက်တာကိုမြင်လိုက်ရတာကြောင့် အစောင့်တွေကရပ်တန့်လိုက်‌ပေမယ့် သူတို့ရဲ့သေနတ်များကိုတော့ပြန်မသိမ်းပေ။

သဘာဝအတိုင်းပင်မတော်တဆဖြစ်ရပ်က ရှဲ့ဟုန်မင်ကိုဆွဲဆောင်သွားသည်။ သူခုနကပင် အနက်ရောင်ရေသူလေးကိုတွေ့ခဲ့သည်။ သို့ပေမယ့် ရေသူလေးကရေအောက်မှာမြုပ်နေပြီးသူ့မျက်နှာကိုတော့ရှင်းလင်းစွာမမြင်လိုက်ရပေ။ အခုချိန်မှာတော့ရေသူလေးက ရေမျက်နှာပြင်ပေါ်သို့တက်လာပြီး ချင်ရှောင်းဆီခုန်ဝင်သွားတာကြောင့် ရှဲ့ဟုန်မင်ရေသူလေးရဲ့မျက်နှာကိုမြင်လိုက်ရပေပြီ။

ရှဲ့ဟုန်မင်အံ့ဩသွား၏။ သူအနက်ရောင်ရေသူလေးရဲ့အနားသို့ ချဉ်းကပ်သွားပြီးနောက် အနက်ရောင်ရေသူလေးက သူဒီဆိုင်သို့မလာခင်အင်တာနက်မှာတွေ့ခဲ့သည့်အနီရောင်အမြီးနှင့်ရေသူလေးထက်ပို‌လှသည်ကို တွေ့ရှိလိုက်သည်။ ဒါပေမယ့်လူတွေကိုတိုက်ခိုက်ဖို့ကြိုးစားတာကြောင့် နည်းနည်းတော့ကြောက်စရာကောင်းတယ်။

ရှဲ့ဟုန်မင် သူ့ခေါင်းက်ုလှည့်ပြီးဆိုင်ရှင်ကိုကြည့်လိုက်၏။ မထူးမခြားနားတဲ့မျက်လုံးတွေပေမယ့် ဆိုင်ရှင်ကိုနဖူးမှ ချွေးအေးများထွက်အောင်ထိဖိအားပေးနေသည်။ လင်ရှီးသည်မကောင်းတဲ့သူများကိုတိုက်ခိုက်တတ်သော်လည်း ကံမကောင်းစွာနှင့်ဖက်ဒရယ်စစ်တပ်၏ အရာရှိတစ်ဦးအားတိုက်ခိုက်မိသွား၏။

သူဌေးရဲ့နှလုံးသားထဲမှငိုပြီးနေပြီ။ သူအလွန်နောင်တရသည်။ သူသိခဲ့ရင်သူဒီနေ့လင်ရှီးကိုရောင်းတဲ့နေရာမှာထားမယ့်အစား တစ်နေရာရာမှာသော့ပိတ်ထားခဲ့လိုက်မှာပေါ့။ သူဌေးချင်ရှောင်းဆီ အလန့်တကြားပြေးသွားလိုက်သည်။ သူရဲ့ဖြောင့်တန်းပြီးမတ်နေတဲ့ခါးကိုလည်းကွေးချလိုက်ရင်း

"တောင်းပန်ပါတယ်အရာရှိခင်မျာ၊ ဒီရေသူလေးကစိတ်အတက်အကျမြန်တဲ့ရောဂါကိုခံစားနေရပြီး မကြာသေးခင်ကဝယ်သူတွေကို စတိုက်ခိုက်နေတာ၊ အစကကျွန်တော်သူ့ကို ဒီညပြောင်းရွှေ့ဖို့စီစဉ်ထားပါတယ်၊ တောင်းပန်ပါတယ်ကျွန်တော့တာဝန်ပါ၊ ဆိုင်မှာတခြားရေသူလေးတွေရှိပါတယ်၊ သူတို့အကုန်လုံးကအပြုအမူကောင်းပြီးယဉ်ကျေးကြပါတယ်၊ ခင်များဟိုဟိုဒီဒီလျှောက်ကြည့် ကြည့်ပါလား၊ ဥပမာဒီဘေးနားကအညိုရောင်ရေသူလေးလိုအပြုံးချိုချိုလေးတွေရှိပါတယ်"

သူဌေးတောင်းပန်နေရင်း အခြားရေသူလေးတွေကိုချင်ရှောင်းအတွက်အကြံပြုဖို့ အကောင်းဆုံးသူကြိုးစားပြီး ဖြည့်စွက်ပြောဆိုနေ၏။

သို့သော်ငြားသူဘယ်လောက်ပဲပြောဆိုနေပါစေ ချင်ရှောင်းကသူ့အားအေးစက်စက်အကြည့်တစ်ချက်သာပေးလာ၏။ သူဌေးသူ့ပါးစပ်ကိုဖွင့်ပြီးဆက်ပြောချင်သော်လည်း ချင်ရှောင်းရဲ့အကြည့်အောက်မှာသူ့အသံကလည်ချောင်းထဲမှာပဲ‌ရပ်တန့်နေသည်။

ရေသူလေးကိုချင်ရှောင်းချုပ်ထားဆဲပင်။ ရေသူလေး၏အပေါ်ပိုင်းကိုယ်ခန္ဓာက အဝတ်ဗလာဖြစ်ပြီးအောက်ပိုင်းက အနက်ရောင်ငါးအမြီးနှင့်ဖြစ်သည်။ ရေသူလေးရဲ့အမြီးပဲဖြစ်ဖြစ်၊ ဆံပင်ပဲဖြစ်ဖြစ်၊ မျက်ဆံများကပါအနက်ရောင်ဖြစ်၏။အနက်ရောင်ရေသူကအတော်ရှားပါးသည်။ ချင်ရှောင်းမျက်လုံးများကျဉ်းလိုက်ကာ ဒီအရောင်နှင့်ရေသူကမရှိသင့်ဘူးဟုခံစားလိုက်ရသည်။

ရေသူလေးကချင်ရှောင်းရဲ့ ပုခုံးတွေကြားပိတ်မိနေပြီး အတန်ကြာရုန်းကန်နေသည်။ ချင်ရှောင်းအားအများကြီးစိုက်ထားပုံ‌မပေါ်ပေမယ့် ရေသူလေးက သူဘယ်လောက်ပင်ကြိုးစားကြိုးစား ချင်ရှောင်းလက်ထဲမှမလွတ်မြောက်‌နိုင်ပေ။

ဆန့်ကျင်ဘက်အနေနဲ့ လက်ဖဝါးအရွယ်နူးနူးညံ့ညံ့မျက်နှာလေးမှာအနီရောင်ဖျော့ဖျော့လေးသမ်းလာ၏။ ချင်ရှောင်းထိုသို့အနီဖျော့ဖျော့လေးသမ်းလာတာကိုစိုက်ကြည့်နေမိသည်။ ဘေးမှာချထားတဲ့လက်မှလက်ချောင်းတွေကအနည်းငယ်လှုပ်ရှားသွား၏။ ရေသူလေး၏မွေးရာပါကျက်သရေရှိသည့်အလှကြောင့် ရေသူလေးရဲ့ပါးကိုသူအမှန်တကယ်ပွတ်သပ်ချင်မိသည်။

အရာရှိနှင့်ရေသူလေးက နင်ငါ့ကိုကြည့်ရင်ငါလည်းနင့်ကိုကြည့်မယ်နှင့်တစ်ယောက်ကိုတစ်ယောက်စိုက်ကြည့်နေသည်။ တခြားငါးကန်မှရေသူများသည်လည်း ရေပေါ်သို့တက်လာပြီးသူတို့ရှိရာသို့ အာရုံစိုက်လာကြသည်။

ပုခုံးကိုဖက်ထားခံရတဲ့ ခံစားချက်ကမနှစ်မြို့ဖွယ်ပင်။ ဘာမှမပြောတဲ့အရာရှိရဲ့ကိုယ်ကထုတ်လွှင့်နေတဲ့စူးရှ‌နေသောအအေးဓာတ်တွေက လင်ရှီးရဲ့ခန္ဓာကိုယ်ထဲတိုက်ရိုက်တိုးဝင်သွားသည်။

"ခင်များ...လွှတ်ပေး" လင်ရှီးမျက်လုံးများပြူးကာ လည်ချောင်းထဲကအသံနှင့်ရက်စက်စွာပြောလိုက်၏။ အရာရှိကလင်ရှီး၏စကားကိုနားထောင်ပြီးနောက်အမှန်တကယ်ပင်လွှတ်ပေးလိုက်သည်။ သူ့ခန္ဓာကိုယ်လွတ်မြောက်သွားတာနှင့် လင်ရှီးရဲ့အမြီးကရေထဲမှမြောက်တက်လာပြီး အရာရှိအားရေနှင့်ပက်လိုက်သည်။ ထို့နောက်လင်ရှီးရေထဲသို့ပြန်ငုံ့‌ဆင်းသွား၏။ သို့သော်လင်ရှီးရေထဲပြန်ဆင်းသွားလျှင်တောင် ရေခဲစိုင်လိုအေးစက်ကြမ်းတမ်းတဲ့အကြည့်တွေက 'အရိပ်ကခန္ဓာကိုယ်နောက်လိုက်သလို' တောက်လျှောက်လိုက်ပါသွားသည်။

လင်ရှီးတစ်ကိုယ်လုံးမသက်မသာခံစားနေရသည်။ အရာရှီ၏ဟန့်တားတဲ့အကြည့်တွေအောက်မှာ သူနောက်တစ်ကြိမ်ရေပေါ်ပြန်တက်လာခဲ့ရ၏။ ငါးအမြီးကရေထဲတွင်ယိမ်းနွဲ့နေပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ ငါးကန်၏အလယ်မှာမတ်မတ်ရှိနေသည်။

အရာရှိကလင်ရှီးကိုစိုက်ကြည့်နေပြီး သူ့အကြည့်တွေကရေခဲလိုအေးစက်နေပေမယ့် လင်ရှီးကိုစိုက်ကြည့်ဖူးတဲ့ထိုလူတွေနှင့်မတူပေ။ သူကလင်ရှီးရဲ့တန်ဖိုးကို ကုန်ပစ္စည်းတွေကိုကြည့်နေသလိုဈေးမဖြတ်ခဲ့ပါ။

ရှဲ့ဟုန်မင်ချင်ရှောင်းဘေးမှာရပ်လိုက်သည်။ ချင်ရှောင်းဒီရေသူလေးကိုမကြိုက်ဘူးဆိုလျှင် ချင်ရှောင်းအနက်ရောင်ရေသူလေးကိုစိုက်ကြည့်ရုံနှင့်လုံလောက်တယ်ဆိုတာ သူသိသည်။

"ဒီတစ်ခုလား" ရှဲ့ဟုန်မင်မေးလိုက်၏။ ချင်ရှောင်းငါးကန်အောက်ကိုစိုက်ကြည့်နေပြီး ငါးကန်မှာရေးထားတဲ့ရေသူလေးရဲ့ဈေးက ဖက်ဒရယ်ဒေါ်လာရှစ်သောင်းဖြစ်သည်။

"အရာရှိခင်မျာ၊ ဒီရေသူလေးကလူတွေက်ုတိုက်ခိုက်တတ်တာကြောင့် ဝယ်ဖို့မသင့်ပါဘူး" ဆိုင်ရှင်က ဂရုတစိုက်နှင့်ကြားဖြတ်ပြောလိုက်သည်။ သူ အရာရှိကရေသူလေးကိုဝယ်သွားတာမလိုချင်ပါဘူးနော်။ တစ်နေ့အရာရှိကရေသူလေးရဲ့တိုက်ခိုက်တာကိုခံလိုက်ရရင် သူ့ဆိုင်ကိုဖွင့်ဖို့မလိုတော့တဲ့အပြင် သူပါတာဝန်ခံလိုက်ရလိမ့်မည်။ သူဌေးကရေသူလေးရဲ့ချို့ယွင်းချက်ကို တစ်ခါထပ်ပြီးဖော်ပြလိုက်သည်။ အရာရှိကလင်ရှီးကိုမဝယ်လိုက်ဖို့သူမျှော်လင့်နေသည်။

"သူ့ကိုပဲ" ဒီအချိန်မှာပဲ တစ်ချိန်လုံးဘယ်သူ့ကိုမှစကားမပြောတဲ့ချင်ရှောင်းကစကားထပြောလာ၏။ သူစကားပြောလာသောအခါတခြားသောရေသူတွေနှင့် လူများလန့်ဖြန့်သွားသည်။

"ဟုတ်ပြီ၊ မင်းကြိုက်တာကောင်းတယ်၊ သူဌေးငါးကန်အသေးလေးရှာပြီး ရေသူလေးကိုထည့်ပေးပါဦး" ရှဲ့ဟုန်မင်ချက်ချင်းပင်သူဌေးကိုညွှန်ကြားလိုက်၏။

ပုံမှန်အားဖြင့်ပစ္စည်းရောင်းထွက်သွားလျှင် ရောင်းရ၍သူဌေးကပျော်သင့်သည်။ ဒါပေမယ့် ရောင်းချလိုက်တဲ့ရေသူက တခြားသူမဟုတ်ပဲလင်ရှီးလေ။ ခုနကပဲလင်ရှီးက အရာရှိကိုဒဏ်ရာရစေလုနီးပါးလုပ်ထားသေးတယ်။ သူရင်ထဲကနေတကယ်ငိုချင်နေပါပြီနော်။

"အရာရှိရယ် ခင်များလည်းခုနကတွေ့တယ်မဟုတ်လား၊ သူကအရမ်းကြမ်းတမ်းတာ ကျွန်တော်သူ့နားမကပ်ရဲဘူး" သူဌေးကချင်ရှောင်းစိတ်ပြောင်းသွားဖို့အလိုရှိသည်။

"ကျုပ်ငါးကန်အသေးရှာပေးဖို့ပြောနေတယ်လေ ၊ ကျုပ်ကိုတတိယအကြိမ်ထပ်မပြောရစေနဲ့" ရှဲ့ဟုန်မင်၏နှုတ်ခမ်းထောင့်စွန်းများထပ်မံနက်ရှိုင်းစွာကော့တက်သွားပြီး သူဌေးကိုပြုံးပြလိုက်သည်။ သူ့အသံကအမိန့်ပေးနှင့်နေပြီးဖြစ်သည်။

သူဌေးတစ်ကိုယ်လုံးတုန်ယင်နေပြီး ခေါင်းကိုအထပ်ထပ်ငြိမ့်ကာ

"ဟုတ် ..ဟုတ် ချက်ချင်း..." သူတခြားစကားတွေမပြောရဲတော့ဘူး...

ငါးကန်ထဲကလင်ရှီးကတော့ ထိတ်လန့်နေ၏။ သူဒီညထွက်ပြေးဖို့ စီစဉ်ထားသည်လေ။ ရလာဒ်ကတော့ သူတစ်စုံတစ်ယောက်ရဲ့ဝယ်ယူခြင်းခံရဖို့ဘက်သို့လှည့်သွားလေပြီ။ ဒါ့အပြင်ယူနီဖောင်းဝတ်အရာရှိလည်းဖြစ်နေသည်။ အရာရှိရဲ့အိမ်ကလုံခြုံရေးစနစ်ကရေသူအရောင်းဆိုင်၏ လုံခြုံရေးစနစ်ထက်မြင့်မယ်ဆိုတာကိုချွင်းချက်မရှိသူယုံသည်။ ငါးဆိုင်မှာဆိုအစောင့်စက်ရုပ်တွေရဲ့လက်ထဲကထွက်ပြေးဖို့ ယုံကြည်ချက်ရှိ၏။

လင်ရှီးအဝယ်မခံရချင်ဘူး။ သူမျက်လုံးမှေးလိုက်ပြီးနောက်တစ်ခေါက်ထပ်ကြည့်လိုက်ကာ ရုတ်တရက်ပြုံးလိုက်၏။ သူ့အပြုံးကနွေဦးပန်းလေးတွေပွင့်‌နေသကဲ့သို့ပင်။ ဒီကမ္ဘာသို့ရောက်ပြီးနောက်လင်ရှီးပြုံးခဲသည်။ သူမတတ်နိုင်တာမဟုတ်ပဲမပြုံးချင်၍ဖြစ်သည်။ သူ့အပြုံးကဆိုင်ရှိ တခြားရေသူတွေထံမှသင်ယူခဲ့၍ သက်ရောက်မှုရှိသင့်သည်။ လင်ရှီးအပြုံးလေးနှင့်အရာရှိထံရေကူးသွားလိုက်၏။ အစောပိုင်းတုန်းကလိုခုန်ကိုက်တာနှင့်ဆန့်ကျင်စွာ လင်ရှီးခဏလေးအတွင်းနူးညံ့သိမ်မွေ့သွားသည်။ မျက်လုံးထောင့်မှာအနီရောင်ပြေပြေလေးရှိနေတာက သူ့ကိုထူးထူးခြားခြားဆွဲဆောင်မှုရှိစေသည်။

စာအုပ်ထဲကဗီလိန်တစ်ယောက်အနေဖြင့် လင်ရှီးဟန်ဆောင်ရာ၌အလွန်ကျွမ်းကျင်သည်။ သူအရာရှိအရှေ့သို့ကူးသွားပြီး သူ့မျက်ဝန်းများကတောင်းပန်မှုအပြည့်နှင့်ပင်။ သူ့ပုခုံးများကြုံ့သွားပြီးမျက်တောင်ခတ်လိုက်ကာ သူ့မျက်ဝန်းလေးများကစိုစွတ်လာ၏။

"ခုနက...တောင်းပန်ပါတယ်နော်"။ အစောပိုင်းတုန်းကအရာရှိကို သူမတိုက်ခိုက်ခဲ့သင့်သလိုတောင်းပန်လိုက်သည်။ သူဌေးနှင့်ငါးကန်၏တစ်ဖက်မှာရှိတဲ့အညိုရောင်ရေသူလေးတို့ တစ်ခါကတစ်ခါကရက်စက်ကြမ်းတမ်းခဲ့ဖူးတဲ့လင်ရှီးကိုမြင်တဲ့အခါ ရုတ်တရက်လေးစားတဲ့အမူအရာများပြလိုက်ကြသည်။(လင်ရှီးသရုပ်ဆောင်ကောင်းတာကိုလေးစားသွားတာနေမယ်🤣)

လင်ရှီးလုပ်လိုက်တဲ့အားနည်းတဲ့အမူအရာက ကြည့်ရတာနည်းနည်းရုတ်တရက်ဆန်နေတယ်။ သူဌေး လင်ရှီးကိုသတိအပြည့်နှင့်ကြည့်နေ၏။ လင်ရှီးပုံမှန်မဟုတ်တဲ့အပြုအမူတွေ လုပ်လာပါကသူတားလို့ရအောင်ပင်။ လင်ရှီးရဲ့ကြည်လင်နေတဲ့အနက်ရောင်မျက်လုံးများက သူ့ရှေ့ရှိအရပ်ရှည်ရှည်နှင့်လူကိုကြည့်နေသည်။ သူအရာရှိ၏မျက်နှာကိုအကြည့်အားလုံးစုစည်းကာကြည့်လိုက်သည်။

ရေသူလေးကသူ့ကိုစွဲလမ်းနေသည်ဟု ချင်ရှောင်းထင်သည်။ သူမသိတာကဘာကြောင့်ရေသူလေးကသူ့ကိုအလွန်အကျွံစိုက်ကြည့်နေတာလဲဆိုသည့်အကြောင်းအရင်းကိုပင်။

လင်ရှီးအလွန်မနာလိုဖြစ်နေသည်။ ဘာကြောင့်ကူးပြောင်းတုန်းကအခြားနေရာတွေထက် ရေသူဘဝကိုမှကူးပြောင်းလာတာလဲ။ အရာရှိတစ်ယောက်အဖြစ်ကူးပြောင်းလာရင်မကောင်းဘူးလား။

ကြည်လင်နေသည့်ရေများ လင်ရှီးမျက်နှာပေါ်မှနေ၍ တစ်စက်ချင်းချောချောမွေ့မွေ့စီးဆင်းသွားသည်။ လင်ရှီးမျက်လုံးအာက်မှာတစ်ခုခုရှိနေသလိုပဲ။ ကြည့်ရတာမျက်ရည်စီးကြောင်းနှင့် နည်းနည်း‌တူသလိုပဲနော်...

ရေသူတွေလိုထိခိုက်ပျက်စီးလွယ်သည့်မျိုးစိတ်တွေကို ချင်ရှောင်းတစ်ခါမှမကြိုက်ခဲ့ဖူးဘူးဆိုတာ ဝန်ခံသည်။ ဒါပေမယ့်ဒီနေရာမှာတော့ အနက်ရောင်ရေသူလေးရဲ့ မျက်ရည်အပြည့်နှင့်မျက်လုံးတွေရယ် နူးညံ့တဲ့မျက်နှာလေးပေါ်ကမျက်ရည်စီးကြောင်းတွေရယ်က်ုသူမြင်လိုက်တဲ့အခါမှာတော့ သူ့နှလုံးသားထဲဝယ်လှိုင်းဂယက်များထသွား၏။ (ဆီလျော်အောင်ပြန်ထားပါသည်)။

ရးချင်ရှောင်း၏နှုတ်ခမ်းများရုတ်တရက်လှုပ်သွားပြီး ကြည့်ရတာစကားပြောချင်ပုံပေါ်သည်။ ဒါပေမယ့်သူ့အမူအရာက နောက်တစ်ခဏမှာပင်ပြောင်းလဲသွားသည်။ စောနကပဲနူးညံ့နေသည့်ရေသူလေးက နောက်တစ်စက္ကန့်မှာပင်ကြမ်းတမ်းသည့်အမူအရာသို့ပြောင်းလဲသွားသည်ကို မြင်လိုက်ရ၏။ ဒီတစ်ခါမှာတော့ရေသူလေးကချင်ရှောင်းထံအရင် အလွန်နီးကပ်အောင်လာပြီး နီးကပ်လာတာနဲ့ရေသူလေးက ချင်ရှောင်းပေါ်သို့ခုန်တက်လိုက်သည်။

ရေသူလေး၏ကြီးမားတဲ့အနက်ရောင်အမြီးကရေထဲမှာပဲရှိနေတုန်းပင်။ ဒါပေမယ့်သူက သူ့လက်မောင်းကိုဆန့်ထုတ်လိုက်ပြီး အကာအကွယ်မရှိသည့်အရာရှိ၏ လည်ပင်းကိုရစ်ပတ်လိုက်၏။ အစွယ်ချွန်တွေက အရာရှိ၏လည်မျိုကိုထိုးဖောက်တော့မည်ဖြစ်သည်။ အစောင့်တွေကသေနတ်ကိုမြှောက်ပြီးရေသူလေးကိုပစ်ရန်အသင့်ပြင်၍ချိန်ရွယ်ထားသည်။

ရေသူလေးဆီမှ "ဝူး"ဟုအသံထွက်သွားပြီးနောက်အခိုက်အတန့်မှာပင် သူ့ရဲ့အောက်မေးရိုးကိုချင်ရှောင်းကလက်ဖဝါးဖြင့်ဆုပ်ကိုင်ထားသည်။

ဒီအစွယ်တွေကသူ့လည်ပင်းထဲထိုးဖောက်သွားလျှင် စစ်တပ်ဆေးရုံကိုသူအပို့ခံရမည်ဆိုချင်ရှောင်းသိသည်။ တိုက်ပွဲအတွင်းသူတစ်ခါမှဒဏ်ရာမရဘူးပါချေ။ အကယ်၍ သူဒီနေ့ရေသူဆိုင်မှာအကိုက်ခံလိုက်ရလျှင် သူရထားတဲ့ရာထူးကသူ့ကိုအရှက်ရစေလိမ့်မည်။

ပထမအကြိမ်တုန်းက လင်ရှီးသည်သူဟာမနူးညံ့မသိမ်မွေ့ကြောင်းသိစေချင်ပြီး သူ့ကိုဝယ်သွားလျှင်လည်း ချစ်စရာ‌အိမ်မွေးလေးမဟုတ်ကြောင်းသိစေချင်သည်။ ဒုတိယအကြိမ်တွင် လင်ရှီးတကယ်ကိုထိုလူရဲ့လည်ပင်းအား သူ့ရဲ့သွေးစွန်းနေတဲ့ပါးစပ်ကိုဖွင့်၍ကိုက်ချင်သည်။ သူမမျှော်လင့်ထားတာကထိုလူရဲ့တုန့်ပြန်နိုင်စွမ်းကိုပင်။ သူ့သွားတွေက ထိုလူရဲ့လည်ပင်းကိုထိနေပေမယ့် ထိုယောက်ျား၏တားဆီးတာကိုခံလိုက်ရ၏။ လင်ရှီးအလွန်ဒေါသထွက်သွားသည်။ သူ့မျက်လုံးထဲမှာလဲဒေါသတွေနဲ့တောက်လောင်မှုအပြည့်ပင်။ သူ သူ့လက်ကိုမြှောက်ပြီးထိုလူ၏လက်ကောက်ဝတ်ကိုဖမ်းကိုင်လိုက်၏။ သူ့လက်ချောင်းများက‌ချွန်ထက်နေသည်။ လင်ရှီးထိုလူကို သူ့လက်နှစ်ဖက်ဖြင့် ဖမ်းထားလိုက်၏။

"မင်းကိုယ့်ကို ကိုက်ချင်နေတာလား" မေးခွန်းတစ်ခုနှင့်တူပေမယ့် အသံ‌နေအသံထားကတော့အေးစက်နေသည်။

အေးစက်နေတဲ့ချင်ရှောင်းရဲ့မျက်လုံးများက လှပကောင်းမွန်တဲ့ရေသူလေးရဲ့မျက်နှာကိုအနီးကပ်ကြည့်နေသည်။ ဒေါသထွက်နေသည့်ရေသူလေးရဲ့မျက်နှာက ခုနကတုန်းကအေးစက်နေသည့်မျက်နှာထက်တောက်ပနေသည်ကို သူမမျှော်လင့်ပဲတွေ့လိုက်ရ၏။ မကြာခင်ကလူတွေကိုအာရုံစိုက်စေတဲ့ အားနည်းသည့်အသွင်ဟန်ဆောင်တုန်းကထက်လည်းပို၍တောက်ပပေသည်။

"ခင်များ တခြားတစ်ကောင်ကိုဝယ်ဖို့ကျုပ်အကြံပေးချင်တယ်" လင်ရှီးအသံကဒေါသအပြည့်နှင့်ပင်။

"ငါးကန်ယူဖို့မလိုတော့ဘူး" ချင်ရှောင်းခေါင်းကိုလှည့်၍သူဌေးကိုပြောလိုက်သည်။

သူဌေးအပျော်လွန်သွား၏။ လင်ရှီးလိုတခြားသူတွေကိုတိုက်ခိုက်တတ်တဲ့သူကို ချင်ရှောင်းမဝယ်တော့ဟုသူတွေးနေသည်။ သို့သော်ချင်ရှောင်းရဲ့စကားတွေကသူ့ကို ထပ်မံ၍ရှောခ့်ရသွားစေသည်။

"သူ့ရဲ့အမြီးက သံကွင်းကိုဖြုတ်လိုက်" ချင်ရှောင်းရေသူလေးကအမြှီးမှာသံကွင်းလေးဝတ်ထားသည်ကိုသတိပြုမိ၏။ သူသံကွင်းရဲ့လုပ်ဆောင်မှုတွေကိုခန့်မှန်းမိပါတယ်။ သူဌေးခဏလောက်ကြောင်အသွားသည်။ သူကြားလိုက်တာမှားသွားမည်ကိုစိုးရိမ်ပြီးတအံ့တဩမေးလိုက်သည်။

"အရာရှိကြီး တကယ်ပဲသူ့ကိုဝယ်မှာလား"
ချင်ရှောင်း လင်ရှီးရဲ့မေးကိုလွှတ်လိုက်ပြီးသူ့လက်ကိုရေထဲသို့ထည့်ကာ လင်ရှီးကိုဖက်လိုက်၏။ လင်ရှီးရဲ့ခါးမှပွေ့လိုက်ပြီး ငါးတစ်ကိုယ်လုံးက်ုအပြင်သို့ဆွဲထုတ်လိုက်သည်။ ဖြစ်သွားတာကအရမ်းမြန်လွန်းလို့ ဘာလက္ခဏာမှမကျန်ခဲ့ပေ။ ရေထဲကနေချင်ရှောင်း၏ဆွဲထုတ်ခြင်းခံရပြီးတစ်ဖက်လူရဲ့လက်မောင်းကြားထဲပွေ့ဖက်ခံရပြီးနောက်လင်ရှီးခေါင်းမော့ပြီးအပေါ်ကလူ၏ခန့်ညားသည့်မျက်နှာကိုမော့ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက်သူလှုပ်ရှားလာပြီးအမှန်အကန်တွက်ချက်ပြီး‌နောက် ခေါင်းကိုလှည့်ကာ ထိုယောက်ျား၏ပုခုံးကို ပါးစပ်အပြည့်ဖြင့်ကိုက်ချလိုက်၏။

"မင်းကိုယ့်ကိုထပ်ကိုက်ရဲရင် ကိုယ်မင်းရဲ့သွားတွေကိုဆွဲနှုတ်ပစ်မယ်" ထိုသူကရက်စက်တဲ့ခြိမ်းခြောက်စကားများကို ထူးမခြားနားနဲ့လေသံဖြင့်ပြောလိုက်သည်။ ထိုလူနှင့်သူတစ်ယောက်ကိုတစ်ယောက်ကြည့်နေပြီး ထိုလူကသူ့ကိုဟာသပြောနေခြင်းမဟုတ်ကြောင်း လင်ရှီးသဘောပေါက်လိုက်သည်။

လင်ရှီးသူ့အစွယ်တွေကိုပြန်သိမ်းလိုက်၏။ သူကြောက်လို့မဟုတ်ပဲ သူ့အစွယ်တွေကိုဆွဲနှုတ်မခံချင်၍ဖြစ်သည်။ မျက်လုံးတွေကိုနှိမ့်ချလိုက်ရင်း လင်ရှီးသူ့ပါးစပ်ထောင့်စွန်းတွေကိုပိတ်လိုက်ကာ လူတွေကိုတိုက်ခိုက်ခြင်းမှရပ်တန့်လိုက်သည်။

ချင်ရှောင်းရေသူလေးကိုအလျားလိုက်ပွေ့ထား၏။ အနက်ရောင်အမြီးကရေထဲမှထွက်လာလူတိုင်းရဲ့မျက်လုံးရှေ့သို့လုံးဝပေါ်ထွက်လာသည်။ အနက်ရောင်အမြီးကပြိုးပြိုးပြက်ပြက်လက်နေပြီးရေသူလေး၏ခန္ဓာကိုယ်ကအေးစက်နေသည်။ ချင်ရှောင်းကသူ့ရဲ့စစ်တပ်ဝတ်စုံကိုရေတွေစိုမှာဂရုမစိုက်ချေ။ သူဆိုင်ရှင်ကိုခြိမ်းခြောက်သည့်အကြည့်တွေနှင့်ကြည့်လိုက်၏။

သူဌေးခြေရောလက်ပါတစ်သားတည်းဖြစ်လုနီးပါးလမ်းလျှောက်လာပြီး သော့ကိုသုံးကာလင်ရှီးရဲ့အမြီးမှသံကွင်းကိုဖြုတ်ပေးလိုက်သည်။

‌ငွေချေပြီးနောက်ချင်ရှောင်းကရေသူလေးကိုသယ်ကာ ဆိုင်ထဲမှထွက်လာ၏။ သူဌေးကဧည့်သည်တွေကိုဆိုင်အပြင်သို့လိုက်ပို့လိုက်ပြီး တံခါးမှာရပ်ကာ လူအနည်းငယ်လိုက်ပါလာသည့်အပြင်မှာရပ်ထားသောယာဉ်ပျံကိုကြည့်နေမိသည်။ ယာဉ်ပျံကစစ်တပ်ထုတ်ယာဉ်ပျံအမျိုးအစားပင်။ သာမန်လူတွေစီးနေသည့်ယာဉ်ပျံများထက်ပုံသဏ္ဌာန်ရော အရွယ်အစားပါပိုမိုခမ်းနားလှ၏။

ရေသူလေးကအဝယ်ခံလိုက်ရပြီး ဆိုင်ပိုင်ရှင်ကအနာဂတ်မှာ ဘာပြသနာမှမဖြစ်စေရန်ဆုတောင်းရုံသာတတ်နိုင်သည်။ အဲ့ဒါကလွဲရင်သူဘာမှမလုပ်နိုင်ပေ။

ယာဉ်ပျံထဲမှာတော့ လင်ရှီးကိုထိုင်ခုံတစ်ခုပေါ်တွင်နေရာချထားသည်။ လူတွေအတွက်ကတော့ထိုင်ခုံမှာထိုင်ခြင်းသည် သက်တောင့်‌သက်သာရှိပေမယ့် ဒီအချိန်မှာတော့လင်ရှီးကလူမဟုတ်ပျဲရသူဖြစ်နေသည်။ သူ့ရဲ့ငါးအမြီးကကြမ်းပြင်ပေါ်တွင် ဒရွတ်ဆွဲနေပြီး ရုတ်တရက်ငါးကန်ထဲကထွက်လာခြင်းကသူ့ကိုမသက်မသာခံစားရစေသည်။

လင်ရှီး သူ့ဘေးကအရပ်ရှည်ရှည်နှင့်လူကိုအေးစက်စက်စိုက်ကြည့်လိုက်၏။ ဒီလူကတော့ပါးသောက်* လိုလွှမ်းမိုးနေတော့တာပဲ။ သူဌေးကဒီလူ့ကြောင့် ငါးကန်မပြင်ပေးလိုက်ရဘူး။ လင်ရှီးတောင်ဒီလူသူ့ကိုအပြစ်ပေးဖို့ တမင်လုပ်တာလို့ယုံချင်နေပါပြီ။

စိတ်သဘောထားကျဉ်းမြောင်းလိုက်တာ....။မျက်လုံးနှင့်သာလူသတ်နိုင်လျှင် လင်ရှီးသူ့ကိုရှစ်ပိုင်းလောက်ပိုင်းပြီးနေပြီ။ လင်ရှီးထိုင်ခုံပေါ်မှာပဲဆက်ထိုင်ရမလား အောက်ပဲဆင်းထိုင်ရမလားတွေးနေသည်။ ဘယ်လိုပဲဖြစ်ဖြစ်သူ့အမြီးကိုကွေးဖို့မလိုဘူးလေ။ လင်ရှီးရဲ့ခန္ဓာကိုယ်အောက်ပိုင်းရှိအနက်ရောင်အမြှီးကရုတ်တရက်ပြောင်းလဲလာသည်။ ခန္ဓာကိုယ်ရဲ့အသိစိတ်တစ်မျိုးက လင်ရှီးကိုအရေးကြီးတဲ့အရာတစ်ခုခုဖြစ်တော့မည်ဟုအသိပေးလာ၏။ လင်ရှီးထိုစိတ်သဘောထားကျဉ်းမြောင်းတဲ့သူကိုအော်ဟစ်လိုက်သည်။

"ငါ့ကိုအဝတ်တစ်ထည်ပေးစမ်း" ဘောင်းဘီဝတ်ဖို့ကသေချာသေချာပေါက်နောက်ကျသွားတာကြောင့် ပထမဆုံးသူ့ခန္ဓာကိုယ်ကိုဖုံးဖို့အတွက်အဝတ်အထည်အချို့ကိုယူရပေမည်။

ချင်ရှောင်းမျက်လုံမှိတ်ပြီးအနားယူနေတုန်း ခုနကဝယ်လာသည့်ရေသူလေးဆီမှ အဝတ်ပေးဖို့တောင်းဆိုသံကြားလိုက်ရ၏။ ချင်ရှောင်းသူ့ခေါင်းကိုလှည့်၍ကြည့်လိုက်သည်။ ဒီတစ်ခါတော့သူ့မျက်ဆံများပါရုတ်တရက်ကျုံ့သွား၏။ သူ့အမြင်အာရုံထဲအနက်ရောင်ရေသူအမြှီးကလျင်လျင်မြန်မြန်ပြောင်းလဲနေပြီး မျက်တောင်တစ်ချက်ခတ်အတွင်းမှာပင် လူသားခြေထောက်နှစ်ချောင်းအဖြစ်ပြောင်းလဲသွားသည်။

အဲ့ဒီအလွန်ဖြူဖွေးသွယ်လျနေတဲ့ခြေထောက်တွေက နှင်းတောင်ပေါ်က‌နှင်းချောင်းလေးတွေလိုပဲ။ ရေသူလေးရဲ့‌အသားအရည်ကဖြူဖွေးကြည်လင်နေပြီး သူ့ရဲ့ခြေဖမိုးအရေပြားအောက်ကအပြာရောင်သွေးကြောလေးတွေကိုတောင်မြင်ရလုမတတ်ပင်။ ကျုံ့နေတဲ့ခြေချောင်းလေးတွေအနောက်ကိုလိုက်ပြီး ချင်ရှောင်းအပေါ်သို့ကြည့်လိုက်သည်။ ငါးကန်ထဲမှာတုန်းကလည်းရေသူလေးမှာအဝတ်အစားမရှိခဲ့ချေ။ ချင်ရှောင်းဝယ်လာပြီးတဲ့နောက်တွင်လည်း သူနှင့်အတူသူ့(လင်ရှီး)ကို ယာဉ်ပျံပေါ်သို့ခေါ်လာခဲ့တာကြောင့်ရေသူလေးကအခု ကိုယ်လုံးတီးနှင့်ပင်။

ရေသူလေးကသူ့ကိုယ်သူ လူသားအဖြစ်ရုတ်တရက်ပြောင်းသွားခြင်းအပေါ်အံ့ဩနေပုံရပြီးသူ့တစ်ကိုယ်လုံးကကွေးညွှတ်နေသည်။ သူကထိုင်ခုံပေါ်တွင်ကျုံ့ကျုံ့လေးထိုင်နေပြီး သူ့ရဲ့အနက်ရောင်ဆံပင်တွေမှလွဲ၍တစ်ကိုယ်လုံးနှင်းများဖုံးနေသလိုပင်။ သူကလှပတဲ့နှင်းရုပ်လေးနှင့်တူ၏။

ယာဉ်ပျံထဲတွင်ချင်ရှောင်းသာမက လက်အောက်ငယ်သားစစ်သားနှစ်ယောက်လည်းရှိနေသည်။ ရေသူလေးရုတ်တရက်လူအဖြစ်ပြောင်းလဲသွားတာကို မျက်လုံးပေါင်းများစွာကလှည့်ကြည့်လာကြ၏။

အနက်ရောင်ထိုင်ခုံက လင်ရှီး၏ကိုယ်ကိုနည်းနည်းလောက်‌ဖုံးနေပေမယ့် သူ့ရဲ့နှငိးဖြူရောင်ခြေချောင်းတွေကပေါ်နေသေးသည်။ သူ့ကိုယ်သူဖုံးကွယ်ဖို့ကြိုးစားနေပေမယ့် အနည်းငယ်သာအောင်မြင်တဲ့ရေသူလေးကိုကြည့်ပြီး ချင်ရှောင်းရုတ်တရက်ခြေလှမ်းကြီးကြီးလှမ်းလိုက်ကာစစ်ဝတ်စုံအပေါ်ထပ်ကိုချွတ်၍ ရေသူလေးအားလွှမ်းခြုံပေးလိုက်သည်။

"မကြောက်နဲ့" ရေသူလေးကိုအမူအရာမရှိကြည့်လိုက်ပေမယ့် သူ့နှလုံးသားထဲကစကားကိုပြောထွက်မိသွားကြောင်းကိုတော့ ချင်ရှောင်းသိလိုက်သည်။

မရင်းနှီးတဲ့စိတ်ခံစားချက်တစ်ခုက ချင်ရှောင်းနှလုံးသားရဲ့အောက်ခြေမှပေါက်ဖွားလာ၏။ မသိသာပေမယ့် ရေသူလေးယူဆောင်လာပေးတဲ့အရာဆိုတာကိုချင်ရှောင်းသိသည်။ သူထူးမခြားနားတဲ့ပုံနဲ့လှည့်ထွက်သွားလိုက်ပြီး မူလကထိုင်ခဲ့တဲ့နေရာမှာပြန်ထိုင်လိုက်ကာ တစ်ကိုယ်လုံးကိုလင်ရှီးဘက်လှည့်လိုက်၏။ ။

#8.9.2022

*ပါးသောက်=အာဏာရှင်ဆန်တာကိုပြောတာပါ
ဥပမာ-ပါးသောက်စီအီးအိုဆိုရင် အာဏာရှင်ဆန်ပြီးပိုင်စိုးပိုင်နင်းလုပ်တတ်တဲ့စီအီးအိုကြီးတွေကိုခေါ်တာပါ

မနက်ဖြန်အပ်မဲ့ဟာကိုဒီနေ့အပ်ပေးလိုက်တာဆိုတော့စနေနေ့မှပြန်လာပါ့မယ်🙇

~~Zawgyi ~~

လင္ရွီး သူ႕ရဲ႕ခြၽန္ထြက္ေသာအစြယ္မ်ားဖြင့္၍ အရွိန္ျဖင့္ခုန္ထြက္လာခဲ့သည္။ ဒီတစ္ခါေတာ့ ခါတိုင္းကဲ့သို႔သူေလထဲတြင္ အလ်င္စလိုမလုပ္ေတာ့ေပ။ လင္ရွီးခုန္ဝင္လာသည့္အခါ ငါးကန္အျပင္ဘက္တြင္ရပ္ေနသည့္စစ္ဝတ္စုံျဖင့္အမ်ိဳးသားက မေရွာင္႐ုံသာမက အေရွ႕သို႔တစ္လွမ္းပင္တိုးလာခဲ့သည္။ ခ်င္ေရွာင္း လင္ရွီး၏ပုခုံးကိုအားျဖင့္ဆုပ္ကိုင္ထားၿပီး ေရသူေလးရဲ႕ေအးစက္ခြၽန္ထက္တဲ့အစြယ္ေတြကသူ႕အေရွ႕မွာပင္။

ေသးငယ္အားနည္းသည့္လည္ပင္းကို ခ်င္ေရွာင္းခ်ိဳးခ်င္လွ်င္ခ်ိဳးပစ္လိုက္၍ရသည္။ ဒါေပမယ့္ခ်င္ေရွာင္းေရသူေလးရဲ႕ပုခုံးကို ကိုင္လိုက္သည့္အခါ သူ႕လက္ဖဝါးေအာက္ရွိ ႏူးညံ့တဲ့အထိအေတြ႕ကသူ႕ကိုတုန္လႈပ္ေစသည္။ မူလကတင္းၾကပ္ေနတဲ့အားေတြကအနည္းငယ္ေလ်ာ့သြား၏။ အေနာက္ကအေစာင့္ေတြသည္ ေရသူေလး႐ုတ္တရက္တိုက္ခိုက္လာတာကို ျမင္သည့္အခါ အေစာင့္ႏွစ္ေယာက္လုံးကသူတို႔ရဲ႕ပစၥတိုမ်ားကိုထုတ္၍ခ်ိန္လိုက္ၾကသည္။ ေနာက္ခဏအတြင္းမွာ အရာရွိကေရသူေလးကို ဆုပ္ကိုင္ဟန႔္တားလိုက္တာကိုျမင္လိုက္ရတာေၾကာင့္ အေစာင့္ေတြကရပ္တန႔္လိုက္ေပမယ့္ သူတို႔ရဲ႕ေသနတ္မ်ားကိုေတာ့ျပန္မသိမ္းေပ။

သဘာဝအတိုင္းပင္မေတာ္တဆျဖစ္ရပ္က ရွဲ႕ဟုန္မင္ကိုဆြဲေဆာင္သြားသည္။ သူခုနကပင္ အနက္ေရာင္ေရသူေလးကိုေတြ႕ခဲ့သည္။ သို႔ေပမယ့္ ေရသူေလးကေရေအာက္မွာျမဳပ္ေနၿပီးသူ႕မ်က္ႏွာကိုေတာ့ရွင္းလင္းစြာမျမင္လိုက္ရေပ။ အခုခ်ိန္မွာေတာ့ေရသူေလးက ေရမ်က္ႏွာျပင္ေပၚသို႔တက္လာၿပီး ခ်င္ေရွာင္းဆီခုန္ဝင္သြားတာေၾကာင့္ ရွဲ႕ဟုန္မင္ေရသူေလးရဲ႕မ်က္ႏွာကိုျမင္လိုက္ရေပၿပီ။

ရွဲ႕ဟုန္မင္အံ့ဩသြား၏။ သူအနက္ေရာင္ေရသူေလးရဲ႕အနားသို႔ ခ်ဥ္းကပ္သြားၿပီးေနာက္ အနက္ေရာင္ေရသူေလးက သူဒီဆိုင္သို႔မလာခင္အင္တာနက္မွာေတြ႕ခဲ့သည့္အနီေရာင္အၿမီးႏွင့္ေရသူေလးထက္ပိုလွသည္ကို ေတြ႕ရွိလိုက္သည္။ ဒါေပမယ့္လူေတြကိုတိုက္ခိုက္ဖို႔ႀကိဳးစားတာေၾကာင့္ နည္းနည္းေတာ့ေၾကာက္စရာေကာင္းတယ္။

ရွဲ႕ဟုန္မင္ သူ့ခေါင်းက်ုလှည့်ပြီးဆိုင်ရှင်ကိုကြည့်လိုက်၏။ မထူးမျခားနားတဲ့မ်က္လုံးေတြေပမယ့္ ဆိုင္ရွင္ကိုနဖူးမွ ေခြၽးေအးမ်ားထြက္ေအာင္ထိဖိအားေပးေနသည္။ လင္ရွီးသည္မေကာင္းတဲ့သူမ်ားကိုတိုက္ခိုက္တတ္ေသာ္လည္း ကံမေကာင္းစြာႏွင့္ဖက္ဒရယ္စစ္တပ္၏ အရာရွိတစ္ဦးအားတိုက္ခိုက္မိသြား၏။

သူေဌးရဲ႕ႏွလုံးသားထဲမွငိုၿပီးေနၿပီ။ သူအလြန္ေနာင္တရသည္။ သူသိခဲ့ရင္သူဒီေန႕လင္ရွီးကိုေရာင္းတဲ့ေနရာမွာထားမယ့္အစား တစ္ေနရာရာမွာေသာ့ပိတ္ထားခဲ့လိုက္မွာေပါ့။ သူေဌးခ်င္ေရွာင္းဆီ အလန႔္တၾကားေျပးသြားလိုက္သည္။ သူရဲ႕ေျဖာင့္တန္းၿပီးမတ္ေနတဲ့ခါးကိုလည္းေကြးခ်လိဳက္ရင္း

"ေတာင္းပန္ပါတယ္အရာရွိခင္မ်ာ၊ ဒီေရသူေလးကစိတ္အတက္အက်ျမန္တဲ့ေရာဂါကိုခံစားေနရၿပီး မၾကာေသးခင္ကဝယ္သူေတြကို စတိုက္ခိုက္ေနတာ၊ အစကကြၽန္ေတာ္သူ႕ကို ဒီညေျပာင္းေ႐ႊ႕ဖို႔စီစဥ္ထားပါတယ္၊ ေတာင္းပန္ပါတယ္ကြၽန္ေတာ့တာဝန္ပါ၊ ဆိုင္မွာတျခားေရသူေလးေတြရွိပါတယ္၊ သူတို႔အကုန္လုံးကအျပဳအမူေကာင္းၿပီးယဥ္ေက်းၾကပါတယ္၊ ခင္မ်ားဟိုဟိုဒီဒီေလွ်ာက္ၾကည့္ ၾကည့္ပါလား၊ ဥပမာဒီေဘးနားကအညိုေရာင္ေရသူေလးလိုအၿပဳံးခ်ိဳခ်ိဳေလးေတြရွိပါတယ္"

သူေဌးေတာင္းပန္ေနရင္း အျခားေရသူေလးေတြကိုခ်င္ေရွာင္းအတြက္အႀကံျပဳဖို႔ အေကာင္းဆုံးသူႀကိဳးစားၿပီး ျဖည့္စြက္ေျပာဆိုေန၏။

သို႔ေသာ္ျငားသူဘယ္ေလာက္ပဲေျပာဆိုေနပါေစ ခ်င္ေရွာင္းကသူ႕အားေအးစက္စက္အၾကည့္တစ္ခ်က္သာေပးလာ၏။ သူေဌးသူ႕ပါးစပ္ကိုဖြင့္ၿပီးဆက္ေျပာခ်င္ေသာ္လည္း ခ်င္ေရွာင္းရဲ႕အၾကည့္ေအာက္မွာသူ႕အသံကလည္ေခ်ာင္းထဲမွာပဲရပ္တန႔္ေနသည္။

ေရသူေလးကိုခ်င္ေရွာင္းခ်ဳပ္ထားဆဲပင္။ ေရသူေလး၏အေပၚပိုင္းကိုယ္ခႏၶာက အဝတ္ဗလာျဖစ္ၿပီးေအာက္ပိုင္းက အနက္ေရာင္ငါးအၿမီးႏွင့္ျဖစ္သည္။ ေရသူေလးရဲ႕အၿမီးပဲျဖစ္ျဖစ္၊ ဆံပင္ပဲျဖစ္ျဖစ္၊ မ်က္ဆံမ်ားကပါအနက္ေရာင္ျဖစ္၏။အနက္ေရာင္ေရသူကအေတာ္ရွားပါးသည္။ ခ်င္ေရွာင္းမ်က္လုံးမ်ားက်ဥ္းလိုက္ကာ ဒီအေရာင္ႏွင့္ေရသူကမရွိသင့္ဘူးဟုခံစားလိုက္ရသည္။

ေရသူေလးကခ်င္ေရွာင္းရဲ႕ ပုခုံးေတြၾကားပိတ္မိေနၿပီး အတန္ၾကာ႐ုန္းကန္ေနသည္။ ခ်င္ေရွာင္းအားအမ်ားႀကီးစိုက္ထားပုံမေပၚေပမယ့္ ေရသူေလးက သူဘယ္ေလာက္ပင္ႀကိဳးစားႀကိဳးစား ခ်င္ေရွာင္းလက္ထဲမွမလြတ္ေျမာက္နိုင္ေပ။

ဆန႔္က်င္ဘက္အေနနဲ႕ လက္ဖဝါးအ႐ြယ္ႏူးႏူးညံ့ညံ့မ်က္ႏွာေလးမွာအနီေရာင္ေဖ်ာ့ေဖ်ာ့ေလးသမ္းလာ၏။ ခ်င္ေရွာင္းထိုသို႔အနီေဖ်ာ့ေဖ်ာ့ေလးသမ္းလာတာကိုစိုက္ၾကည့္ေနမိသည္။ ေဘးမွာခ်ထားတဲ့လက္မွလက္ေခ်ာင္းေတြကအနည္းငယ္လႈပ္ရွားသြား၏။ ေရသူေလး၏ေမြးရာပါက်က္သေရရွိသည့္အလွေၾကာင့္ ေရသူေလးရဲ႕ပါးကိုသူအမွန္တကယ္ပြတ္သပ္ခ်င္မိသည္။

အရာရွိႏွင့္ေရသူေလးက နင္ငါ့ကိုၾကည့္ရင္ငါလည္းနင့္ကိုၾကည့္မယ္ႏွင့္တစ္ေယာက္ကိုတစ္ေယာက္စိုက္ၾကည့္ေနသည္။ တျခားငါးကန္မွေရသူမ်ားသည္လည္း ေရေပၚသို႔တက္လာၿပီးသူတို႔ရွိရာသို႔ အာ႐ုံစိုက္လာၾကသည္။

ပုခုံးကိုဖက္ထားခံရတဲ့ ခံစားခ်က္ကမႏွစ္ၿမိဳ႕ဖြယ္ပင္။ ဘာမွမေျပာတဲ့အရာရွိရဲ႕ကိုယ္ကထုတ္လႊင့္ေနတဲ့စူးရွေနေသာအေအးဓာတ္ေတြက လင္ရွီးရဲ႕ခႏၶာကိုယ္ထဲတိုက္ရိုက္တိုးဝင္သြားသည္။

"ခင္မ်ား...လႊတ္ေပး" လင္ရွီးမ်က္လုံးမ်ားျပဴးကာ လည္ေခ်ာင္းထဲကအသံႏွင့္ရက္စက္စြာေျပာလိုက္၏။ အရာရွိကလင္ရွီး၏စကားကိုနားေထာင္ၿပီးေနာက္အမွန္တကယ္ပင္လႊတ္ေပးလိုက္သည္။ သူ႕ခႏၶာကိုယ္လြတ္ေျမာက္သြားတာႏွင့္ လင္ရွီးရဲ႕အၿမီးကေရထဲမွေျမာက္တက္လာၿပီး အရာရွိအားေရႏွင့္ပက္လိုက္သည္။ ထို႔ေနာက္လင္ရွီးေရထဲသို႔ျပန္ငုံ႕ဆင္းသြား၏။ သို႔ေသာ္လင္ရွီးေရထဲျပန္ဆင္းသြားလွ်င္ေတာင္ ေရခဲစိုင္လိုေအးစက္ၾကမ္းတမ္းတဲ့အၾကည့္ေတြက 'အရိပ္ကခႏၶာကိုယ္ေနာက္လိုက္သလို' ေတာက္ေလွ်ာက္လိုက္ပါသြားသည္။

လင္ရွီးတစ္ကိုယ္လုံးမသက္မသာခံစားေနရသည္။ အရာရွီ၏ဟန့္တားတဲ့အၾကည့္ေတြေအာက္မွာ သူေနာက္တစ္ႀကိမ္ေရေပၚျပန္တက္လာခဲ့ရ၏။ ငါးအၿမီးကေရထဲတြင္ယိမ္းႏြဲ႕ေနၿပီး သူ႕ခႏၶာကိုယ္အေပၚပိုင္းကေတာ့ ငါးကန္၏အလယ္မွာမတ္မတ္ရွိေနသည္။

အရာရွိကလင္ရွီးကိုစိုက္ၾကည့္ေနၿပီး သူ႕အၾကည့္ေတြကေရခဲလိုေအးစက္ေနေပမယ့္ လင္ရွီးကိုစိုက္ၾကည့္ဖူးတဲ့ထိုလူေတြႏွင့္မတူေပ။ သူကလင္ရွီးရဲ႕တန္ဖိုးကို ကုန္ပစၥည္းေတြကိုၾကည့္ေနသလိုေဈးမျဖတ္ခဲ့ပါ။

ရွဲ႕ဟုန္မင္ခ်င္ေရွာင္းေဘးမွာရပ္လိုက္သည္။ ခ်င္ေရွာင္းဒီေရသူေလးကိုမႀကိဳက္ဘူးဆိုလွ်င္ ခ်င္ေရွာင္းအနက္ေရာင္ေရသူေလးကိုစိုက္ၾကည့္႐ုံႏွင့္လုံေလာက္တယ္ဆိုတာ သူသိသည္။

"ဒီတစ္ခုလား" ရွဲ႕ဟုန္မင္ေမးလိုက္၏။ ခ်င္ေရွာင္းငါးကန္ေအာက္ကိုစိုက္ၾကည့္ေနၿပီး ငါးကန္မွာေရးထားတဲ့ေရသူေလးရဲ႕ေဈးက ဖက္ဒရယ္ေဒၚလာရွစ္ေသာင္းျဖစ္သည္။

"အရာရွိခင္မ်ာ၊ ဒီရေသူလေးကလူတွေက်ုတိုက်ခိုက်တတ်တာကြောင့် ဝယ္ဖို႔မသင့္ပါဘူး" ဆိုင္ရွင္က ဂ႐ုတစိုက္ႏွင့္ၾကားျဖတ္ေျပာလိုက္သည္။ သူ အရာရွိကေရသူေလးကိုဝယ္သြားတာမလိုခ်င္ပါဘူးေနာ္။ တစ္ေန႕အရာရွိကေရသူေလးရဲ႕တိုက္ခိုက္တာကိုခံလိုက္ရရင္ သူ႕ဆိုင္ကိုဖြင့္ဖို႔မလိုေတာ့တဲ့အျပင္ သူပါတာဝန္ခံလိုက္ရလိမ့္မည္။ သူေဌးကေရသူေလးရဲ႕ခ်ိဳ႕ယြင္းခ်က္ကို တစ္ခါထပ္ၿပီးေဖာ္ျပလိုက္သည္။ အရာရွိကလင္ရွီးကိုမဝယ္လိုက္ဖို႔သူေမွ်ာ္လင့္ေနသည္။

"သူ႕ကိုပဲ" ဒီအခ်ိန္မွာပဲ တစ္ခ်ိန္လုံးဘယ္သူ႕ကိုမွစကားမေျပာတဲ့ခ်င္ေရွာင္းကစကားထေျပာလာ၏။ သူစကားေျပာလာေသာအခါတျခားေသာေရသူေတြႏွင့္ လူမ်ားလန႔္ျဖန႔္သြားသည္။

"ဟုတ္ၿပီ၊ မင္းႀကိဳက္တာေကာင္းတယ္၊ သူေဌးငါးကန္အေသးေလးရွာၿပီး ေရသူေလးကိုထည့္ေပးပါဦး" ရွဲ႕ဟုန္မင္ခ်က္ခ်င္းပင္သူေဌးကိုၫႊန္ၾကားလိုက္၏။

ပုံမွန္အားျဖင့္ပစၥည္းေရာင္းထြက္သြားလွ်င္ ေရာင္းရ၍သူေဌးကေပ်ာ္သင့္သည္။ ဒါေပမယ့္ ေရာင္းခ်လိဳက္တဲ့ေရသူက တျခားသူမဟုတ္ပဲလင္ရွီးေလ။ ခုနကပဲလင္ရွီးက အရာရွိကိုဒဏ္ရာရေစလုနီးပါးလုပ္ထားေသးတယ္။ သူရင္ထဲကေနတကယ္ငိုခ်င္ေနပါၿပီေနာ္။

"အရာရွိရယ္ ခင္မ်ားလည္းခုနကေတြ႕တယ္မဟုတ္လား၊ သူကအရမ္းၾကမ္းတမ္းတာ ကြၽန္ေတာ္သူ႕နားမကပ္ရဲဘူး" သူေဌးကခ်င္ေရွာင္းစိတ္ေျပာင္းသြားဖို႔အလိုရွိသည္။

"က်ဳပ္ငါးကန္အေသးရွာေပးဖို႔ေျပာေနတယ္ေလ ၊ က်ဳပ္ကိုတတိယအႀကိမ္ထပ္မေျပာရေစနဲ႕" ရွဲ႕ဟုန္မင္၏ႏႈတ္ခမ္းေထာင့္စြန္းမ်ားထပ္မံနက္ရွိုင္းစြာေကာ့တက္သြားၿပီး သူေဌးကိုၿပဳံးျပလိုက္သည္။ သူ႕အသံကအမိန႔္ေပးႏွင့္ေနၿပီးျဖစ္သည္။

သူေဌးတစ္ကိုယ္လုံးတုန္ယင္ေနၿပီး ေခါင္းကိုအထပ္ထပ္ၿငိမ့္ကာ

"ဟုတ္ ..ဟုတ္ ခ်က္ခ်င္း..." သူတျခားစကားေတြမေျပာရဲေတာ့ဘူး...

ငါးကန္ထဲကလင္ရွီးကေတာ့ ထိတ္လန႔္ေန၏။ သူဒီညထြက္ေျပးဖို႔ စီစဥ္ထားသည္ေလ။ ရလာဒ္ကေတာ့ သူတစ္စုံတစ္ေယာက္ရဲ႕ဝယ္ယူျခင္းခံရဖို႔ဘက္သို႔လွည့္သြားေလၿပီ။ ဒါ့အျပင္ယူနီေဖာင္းဝတ္အရာရွိလည္းျဖစ္ေနသည္။ အရာရွိရဲ႕အိမ္ကလုံၿခဳံေရးစနစ္ကေရသူအေရာင္းဆိုင္၏ လုံၿခဳံေရးစနစ္ထက္ျမင့္မယ္ဆိုတာကိုခြၽင္းခ်က္မရွိသူယုံသည္။ ငါးဆိုင္မွာဆိုအေစာင့္စက္႐ုပ္ေတြရဲ႕လက္ထဲကထြက္ေျပးဖို႔ ယုံၾကည္ခ်က္ရွိ၏။

လင္ရွီးအဝယ္မခံရခ်င္ဘူး။ သူမ်က္လုံးေမွးလိုက္ၿပီးေနာက္တစ္ေခါက္ထပ္ၾကည့္လိုက္ကာ ႐ုတ္တရက္ၿပဳံးလိုက္၏။ သူ႕အၿပဳံးကႏြေဦးပန္းေလးေတြပြင့္ေနသကဲ့သို႔ပင္။ ဒီကမၻာသို႔ေရာက္ၿပီးေနာက္လင္ရွီးၿပဳံးခဲသည္။ သူမတတ္နိုင္တာမဟုတ္ပဲမၿပဳံးခ်င္၍ျဖစ္သည္။ သူ႕အၿပဳံးကဆိုင္ရွိ တျခားေရသူေတြထံမွသင္ယူခဲ့၍ သက္ေရာက္မႈရွိသင့္သည္။ လင္ရွီးအၿပဳံးေလးႏွင့္အရာရွိထံေရကူးသြားလိုက္၏။ အေစာပိုင္းတုန္းကလိုခုန္ကိုက္တာႏွင့္ဆန႔္က်င္စြာ လင္ရွီးခဏေလးအတြင္းႏူးညံ့သိမ္ေမြ႕သြားသည္။ မ်က္လုံးေထာင့္မွာအနီေရာင္ေျပေျပေလးရွိေနတာက သူ႕ကိုထူးထူးျခားျခားဆြဲေဆာင္မႈရွိေစသည္။

စာအုပ္ထဲကဗီလိန္တစ္ေယာက္အေနျဖင့္ လင္ရွီးဟန္ေဆာင္ရာ၌အလြန္ကြၽမ္းက်င္သည္။ သူအရာရွိအေရွ႕သို႔ကူးသြားၿပီး သူ႕မ်က္ဝန္းမ်ားကေတာင္းပန္မႈအျပည့္ႏွင့္ပင္။ သူ႕ပုခုံးမ်ားႀကဳံ႕သြားၿပီးမ်က္ေတာင္ခတ္လိုက္ကာ သူ႕မ်က္ဝန္းေလးမ်ားကစိုစြတ္လာ၏။

"ခုနက...ေတာင္းပန္ပါတယ္ေနာ္"။ အေစာပိုင္းတုန္းကအရာရွိကို သူမတိုက္ခိုက္ခဲ့သင့္သလိုေတာင္းပန္လိုက္သည္။ သူေဌးႏွင့္ငါးကန္၏တစ္ဖက္မွာရွိတဲ့အညိုေရာင္ေရသူေလးတို႔ တစ္ခါကတစ္ခါကရက္စက္ၾကမ္းတမ္းခဲ့ဖူးတဲ့လင္ရွီးကိုျမင္တဲ့အခါ ႐ုတ္တရက္ေလးစားတဲ့အမူအရာမ်ားျပလိုက္ၾကသည္။(လင္ရွီးသ႐ုပ္ေဆာင္ေကာင္းတာကိုေလးစားသြားတာေနမယ္)

လင္ရွီးလုပ္လိုက္တဲ့အားနည္းတဲ့အမူအရာက ၾကည့္ရတာနည္းနည္း႐ုတ္တရက္ဆန္ေနတယ္။ သူေဌး လင္ရွီးကိုသတိအျပည့္ႏွင့္ၾကည့္ေန၏။ လင္ရွီးပုံမွန္မဟုတ္တဲ့အျပဳအမူေတြ လုပ္လာပါကသူတားလို႔ရေအာင္ပင္။ လင္ရွီးရဲ႕ၾကည္လင္ေနတဲ့အနက္ေရာင္မ်က္လုံးမ်ားက သူ႕ေရွ႕ရွိအရပ္ရွည္ရွည္ႏွင့္လူကိုၾကည့္ေနသည္။ သူအရာရွိ၏မ်က္ႏွာကိုအၾကည့္အားလုံးစုစည္းကာၾကည့္လိုက္သည္။

ေရသူေလးကသူ႕ကိုစြဲလမ္းေနသည္ဟု ခ်င္ေရွာင္းထင္သည္။ သူမသိတာကဘာေၾကာင့္ေရသူေလးကသူ႕ကိုအလြန္အကြၽံစိုက္ၾကည့္ေနတာလဲဆိုသည့္အေၾကာင္းအရင္းကိုပင္။

လင္ရွီးအလြန္မနာလိုျဖစ္ေနသည္။ ဘာေၾကာင့္ကူးေျပာင္းတုန္းကအျခားေနရာေတြထက္ ေရသူဘဝကိုမွကူးေျပာင္းလာတာလဲ။ အရာရွိတစ္ေယာက္အျဖစ္ကူးေျပာင္းလာရင္မေကာင္းဘူးလား။

ၾကည္လင္ေနသည့္ေရမ်ား လင္ရွီးမ်က္ႏွာေပၚမွေန၍ တစ္စက္ခ်င္းေခ်ာေခ်ာေမြ႕ေမြ႕စီးဆင္းသြားသည္။ လင္ရွီးမ်က္လုံးအာက္မွာတစ္ခုခုရွိေနသလိုပဲ။ ၾကည့္ရတာမ်က္ရည္စီးေၾကာင္းႏွင့္ နည္းနည္းတူသလိုပဲေနာ္...

ေရသူေတြလိုထိခိုက္ပ်က္စီးလြယ္သည့္မ်ိဳးစိတ္ေတြကို ခ်င္ေရွာင္းတစ္ခါမွမႀကိဳက္ခဲ့ဖူးဘူးဆိုတာ ဝန္ခံသည္။ ဒါေပမယ့္ဒီေနရာမွာေတာ့ အနက္ေရာင္ေရသူေလးရဲ႕ မ်က္ရည္အျပည့္ႏွင့္မ်က္လုံးေတြရယ္ နူးညံ့တဲ့မျက်နှာလေးပေါ်ကမျက်ရည်စီးကြောင်းတွေရယ်က်ုသူမြင်လိုက်တဲ့အခါမှာတော့ သူ႕ႏွလုံးသားထဲဝယ္လွိုင္းဂယက္မ်ားထသြား၏။ (ဆီေလ်ာ္ေအာင္ျပန္ထားပါသည္)။

ရးခ်င္ေရွာင္း၏ႏႈတ္ခမ္းမ်ား႐ုတ္တရက္လႈပ္သြားၿပီး ၾကည့္ရတာစကားေျပာခ်င္ပုံေပၚသည္။ ဒါေပမယ့္သူ႕အမူအရာက ေနာက္တစ္ခဏမွာပင္ေျပာင္းလဲသြားသည္။ ေစာနကပဲႏူးညံ့ေနသည့္ေရသူေလးက ေနာက္တစ္စကၠန႔္မွာပင္ၾကမ္းတမ္းသည့္အမူအရာသို႔ေျပာင္းလဲသြားသည္ကို ျမင္လိုက္ရ၏။ ဒီတစ္ခါမွာေတာ့ေရသူေလးကခ်င္ေရွာင္းထံအရင္ အလြန္နီးကပ္ေအာင္လာၿပီး နီးကပ္လာတာနဲ႕ေရသူေလးက ခ်င္ေရွာင္းေပၚသို႔ခုန္တက္လိုက္သည္။

ေရသူေလး၏ႀကီးမားတဲ့အနက္ေရာင္အၿမီးကေရထဲမွာပဲရွိေနတုန္းပင္။ ဒါေပမယ့္သူက သူ႕လက္ေမာင္းကိုဆန႔္ထုတ္လိုက္ၿပီး အကာအကြယ္မရွိသည့္အရာရွိ၏ လည္ပင္းကိုရစ္ပတ္လိုက္၏။ အစြယ္ခြၽန္ေတြက အရာရွိ၏လည္မ်ိဳကိုထိုးေဖာက္ေတာ့မည္ျဖစ္သည္။ အေစာင့္ေတြကေသနတ္ကိုျမႇောက္ၿပီးေရသူေလးကိုပစ္ရန္အသင့္ျပင္၍ခ်ိန္႐ြယ္ထားသည္။

ေရသူေလးဆီမွ "ဝူး"ဟုအသံထြက္သြားၿပီးေနာက္အခိုက္အတန႔္မွာပင္ သူ႕ရဲ႕ေအာက္ေမးရိုးကိုခ်င္ေရွာင္းကလက္ဖဝါးျဖင့္ဆုပ္ကိုင္ထားသည္။

ဒီအစြယ္ေတြကသူ႕လည္ပင္းထဲထိုးေဖာက္သြားလွ်င္ စစ္တပ္ေဆး႐ုံကိုသူအပို႔ခံရမည္ဆိုခ်င္ေရွာင္းသိသည္။ တိုက္ပြဲအတြင္းသူတစ္ခါမွဒဏ္ရာမရဘူးပါေခ်။ အကယ္၍ သူဒီေန႕ေရသူဆိုင္မွာအကိုက္ခံလိုက္ရလွ်င္ သူရထားတဲ့ရာထူးကသူ႕ကိုအရွက္ရေစလိမ့္မည္။

ပထမအႀကိမ္တုန္းက လင္ရွီးသည္သူဟာမႏူးညံ့မသိမ္ေမြ႕ေၾကာင္းသိေစခ်င္ၿပီး သူ႕ကိုဝယ္သြားလွ်င္လည္း ခ်စ္စရာအိမ္ေမြးေလးမဟုတ္ေၾကာင္းသိေစခ်င္သည္။ ဒုတိယအႀကိမ္တြင္ လင္ရွီးတကယ္ကိုထိုလူရဲ႕လည္ပင္းအား သူ႕ရဲ႕ေသြးစြန္းေနတဲ့ပါးစပ္ကိုဖြင့္၍ကိုက္ခ်င္သည္။ သူမေမွ်ာ္လင့္ထားတာကထိုလူရဲ႕တုန႔္ျပန္နိုင္စြမ္းကိုပင္။ သူ႕သြားေတြက ထိုလူရဲ႕လည္ပင္းကိုထိေနေပမယ့္ ထိုေယာက္်ား၏တားဆီးတာကိုခံလိုက္ရ၏။ လင္ရွီးအလြန္ေဒါသထြက္သြားသည္။ သူ႕မ်က္လုံးထဲမွာလဲေဒါသေတြနဲ႕ေတာက္ေလာင္မႈအျပည့္ပင္။ သူ သူ႕လက္ကိုျမႇောက္ၿပီးထိုလူ၏လက္ေကာက္ဝတ္ကိုဖမ္းကိုင္လိုက္၏။ သူ႕လက္ေခ်ာင္းမ်ားကခြၽန္ထက္ေနသည္။ လင္ရွီးထိုလူကို သူ႕လက္ႏွစ္ဖက္ျဖင့္ ဖမ္းထားလိုက္၏။

"မင္းကိုယ့္ကို ကိုက္ခ်င္ေနတာလား" ေမးခြန္းတစ္ခုႏွင့္တူေပမယ့္ အသံေနအသံထားကေတာ့ေအးစက္ေနသည္။

ေအးစက္ေနတဲ့ခ်င္ေရွာင္းရဲ႕မ်က္လုံးမ်ားက လွပေကာင္းမြန္တဲ့ေရသူေလးရဲ႕မ်က္ႏွာကိုအနီးကပ္ၾကည့္ေနသည္။ ေဒါသထြက္ေနသည့္ေရသူေလးရဲ႕မ်က္ႏွာက ခုနကတုန္းကေအးစက္ေနသည့္မ်က္ႏွာထက္ေတာက္ပေနသည္ကို သူမေမွ်ာ္လင့္ပဲေတြ႕လိုက္ရ၏။ မၾကာခင္ကလူေတြကိုအာ႐ုံစိုက္ေစတဲ့ အားနည္းသည့္အသြင္ဟန္ေဆာင္တုန္းကထက္လည္းပို၍ေတာက္ပေပသည္။

"ခင္မ်ား တျခားတစ္ေကာင္ကိုဝယ္ဖို႔က်ဳပ္အႀကံေပးခ်င္တယ္" လင္ရွီးအသံကေဒါသအျပည့္ႏွင့္ပင္။

"ငါးကန္ယူဖို႔မလိုေတာ့ဘူး" ခ်င္ေရွာင္းေခါင္းကိုလွည့္၍သူေဌးကိုေျပာလိုက္သည္။

သူေဌးအေပ်ာ္လြန္သြား၏။ လင္ရွီးလိုတျခားသူေတြကိုတိုက္ခိုက္တတ္တဲ့သူကို ခ်င္ေရွာင္းမဝယ္ေတာ့ဟုသူေတြးေနသည္။ သို႔ေသာ္ခ်င္ေရွာင္းရဲ႕စကားေတြကသူ႕ကို ထပ္မံ၍ေရွာခ့္ရသြားေစသည္။

"သူ႕ရဲ႕အၿမီးက သံကြင္းကိုျဖဳတ္လိုက္" ခ်င္ေရွာင္းေရသူေလးကအျမႇီးမွာသံကြင္းေလးဝတ္ထားသည္ကိုသတိျပဳမိ၏။ သူသံကြင္းရဲ႕လုပ္ေဆာင္မႈေတြကိုခန႔္မွန္းမိပါတယ္။ သူေဌးခဏေလာက္ေၾကာင္အသြားသည္။ သူၾကားလိုက္တာမွားသြားမည္ကိုစိုးရိမ္ၿပီးတအံ့တဩေမးလိုက္သည္။

"အရာရွိႀကီး တကယ္ပဲသူ႕ကိုဝယ္မွာလား"
ခ်င္ေရွာင္း လင္ရွီးရဲ႕ေမးကိုလႊတ္လိုက္ၿပီးသူ႕လက္ကိုေရထဲသို႔ထည့္ကာ လင္ရွီးကိုဖက္လိုက္၏။ လင္ရွီးရဲ႕ခါးမွေပြ႕လိုက္ၿပီး ငါးတစ်ကိုယ်လုံးက်ုအပြင်သို့ဆွဲထုတ်လိုက်သည်။ ျဖစ္သြားတာကအရမ္းျမန္လြန္းလို႔ ဘာလကၡဏာမွမက်န္ခဲ့ေပ။ ေရထဲကေနခ်င္ေရွာင္း၏ဆြဲထုတ္ျခင္းခံရၿပီးတစ္ဖက္လူရဲ႕လက္ေမာင္းၾကားထဲေပြ႕ဖက္ခံရၿပီးေနာက္လင္ရွီးေခါင္းေမာ့ၿပီးအေပၚကလူ၏ခန႔္ညားသည့္မ်က္ႏွာကိုေမာ့ၾကည့္လိုက္သည္။ စကၠန႔္အနည္းငယ္ၾကာၿပီးေနာက္သူလႈပ္ရွားလာၿပီးအမွန္အကန္တြက္ခ်က္ၿပီးေနာက္ ေခါင္းကိုလွည့္ကာ ထိုေယာက္်ား၏ပုခုံးကို ပါးစပ္အျပည့္ျဖင့္ကိုက္ခ်လိဳက္၏။

"မင္းကိုယ့္ကိုထပ္ကိုက္ရဲရင္ ကိုယ္မင္းရဲ႕သြားေတြကိုဆြဲႏႈတ္ပစ္မယ္" ထိုသူကရက္စက္တဲ့ၿခိမ္းေျခာက္စကားမ်ားကို ထူးမျခားနားနဲ႕ေလသံျဖင့္ေျပာလိုက္သည္။ ထိုလူႏွင့္သူတစ္ေယာက္ကိုတစ္ေယာက္ၾကည့္ေနၿပီး ထိုလူကသူ႕ကိုဟာသေျပာေနျခင္းမဟုတ္ေၾကာင္း လင္ရွီးသေဘာေပါက္လိုက္သည္။

လင္ရွီးသူ႕အစြယ္ေတြကိုျပန္သိမ္းလိုက္၏။ သူေၾကာက္လို႔မဟုတ္ပဲ သူ႕အစြယ္ေတြကိုဆြဲႏႈတ္မခံခ်င္၍ျဖစ္သည္။ မ်က္လုံးေတြကိုႏွိမ့္ခ်လိဳက္ရင္း လင္ရွီးသူ႕ပါးစပ္ေထာင့္စြန္းေတြကိုပိတ္လိုက္ကာ လူေတြကိုတိုက္ခိုက္ျခင္းမွရပ္တန႔္လိုက္သည္။

ခ်င္ေရွာင္းေရသူေလးကိုအလ်ားလိုက္ေပြ႕ထား၏။ အနက္ေရာင္အၿမီးကေရထဲမွထြက္လာလူတိုင္းရဲ႕မ်က္လုံးေရွ႕သို႔လုံးဝေပၚထြက္လာသည္။ အနက္ေရာင္အၿမီးကၿပိဳးၿပိဳးျပက္ျပက္လက္ေနၿပီးေရသူေလး၏ခႏၶာကိုယ္ကေအးစက္ေနသည္။ ခ်င္ေရွာင္းကသူ႕ရဲ႕စစ္တပ္ဝတ္စုံကိုေရေတြစိုမွာဂ႐ုမစိုက္ေခ်။ သူဆိုင္ရွင္ကိုၿခိမ္းေျခာက္သည့္အၾကည့္ေတြႏွင့္ၾကည့္လိုက္၏။

သူေဌးေျခေရာလက္ပါတစ္သားတည္းျဖစ္လုနီးပါးလမ္းေလွ်ာက္လာၿပီး ေသာ့ကိုသုံးကာလင္ရွီးရဲ႕အၿမီးမွသံကြင္းကိုျဖဳတ္ေပးလိုက္သည္။

ေငြေခ်ၿပီးေနာက္ခ်င္ေရွာင္းကေရသူေလးကိုသယ္ကာ ဆိုင္ထဲမွထြက္လာ၏။ သူေဌးကဧည့္သည္ေတြကိုဆိုင္အျပင္သို႔လိုက္ပို႔လိုက္ၿပီး တံခါးမွာရပ္ကာ လူအနည္းငယ္လိုက္ပါလာသည့္အျပင္မွာရပ္ထားေသာယာဥ္ပ်ံကိုၾကည့္ေနမိသည္။ ယာဥ္ပ်ံကစစ္တပ္ထုတ္ယာဥ္ပ်ံအမ်ိဳးအစားပင္။ သာမန္လူေတြစီးေနသည့္ယာဥ္ပ်ံမ်ားထက္ပုံသဏၭာန္ေရာ အ႐ြယ္အစားပါပိုမိုခမ္းနားလွ၏။

ေရသူေလးကအဝယ္ခံလိုက္ရၿပီး ဆိုင္ပိုင္ရွင္ကအနာဂတ္မွာ ဘာျပသနာမွမျဖစ္ေစရန္ဆုေတာင္း႐ုံသာတတ္နိုင္သည္။ အဲ့ဒါကလြဲရင္သူဘာမွမလုပ္နိုင္ေပ။

ယာဥ္ပ်ံထဲမွာေတာ့ လင္ရွီးကိုထိုင္ခုံတစ္ခုေပၚတြင္ေနရာခ်ထားသည္။ လူေတြအတြက္ကေတာ့ထိုင္ခုံမွာထိုင္ျခင္းသည္ သက္ေတာင့္သက္သာရွိေပမယ့္ ဒီအခ်ိန္မွာေတာ့လင္ရွီးကလူမဟုတ္ပ်ဲရသူျဖစ္ေနသည္။ သူ႕ရဲ႕ငါးအၿမီးကၾကမ္းျပင္ေပၚတြင္ ဒ႐ြတ္ဆြဲေနၿပီး ႐ုတ္တရက္ငါးကန္ထဲကထြက္လာျခင္းကသူ႕ကိုမသက္မသာခံစားရေစသည္။

လင္ရွီး သူ႕ေဘးကအရပ္ရွည္ရွည္ႏွင့္လူကိုေအးစက္စက္စိုက္ၾကည့္လိုက္၏။ ဒီလူကေတာ့ပါးေသာက္* လိုလႊမ္းမိုးေနေတာ့တာပဲ။ သူေဌးကဒီလူ႕ေၾကာင့္ ငါးကန္မျပင္ေပးလိုက္ရဘူး။ လင္ရွီးေတာင္ဒီလူသူ႕ကိုအျပစ္ေပးဖို႔ တမင္လုပ္တာလို႔ယုံခ်င္ေနပါၿပီ။

စိတ္သေဘာထားက်ဥ္းေျမာင္းလိုက္တာ....။မ်က္လုံးႏွင့္သာလူသတ္နိုင္လွ်င္ လင္ရွီးသူ႕ကိုရွစ္ပိုင္းေလာက္ပိုင္းၿပီးေနၿပီ။ လင္ရွီးထိုင္ခုံေပၚမွာပဲဆက္ထိုင္ရမလား ေအာက္ပဲဆင္းထိုင္ရမလားေတြးေနသည္။ ဘယ္လိုပဲျဖစ္ျဖစ္သူ႕အၿမီးကိုေကြးဖို႔မလိုဘူးေလ။ လင္ရွီးရဲ႕ခႏၶာကိုယ္ေအာက္ပိုင္းရွိအနက္ေရာင္အျမႇီးက႐ုတ္တရက္ေျပာင္းလဲလာသည္။ ခႏၶာကိုယ္ရဲ႕အသိစိတ္တစ္မ်ိဳးက လင္ရွီးကိုအေရးႀကီးတဲ့အရာတစ္ခုခုျဖစ္ေတာ့မည္ဟုအသိေပးလာ၏။ လင္ရွီးထိုစိတ္သေဘာထားက်ဥ္းေျမာင္းတဲ့သူကိုေအာ္ဟစ္လိုက္သည္။

"ငါ့ကိုအဝတ္တစ္ထည္ေပးစမ္း" ေဘာင္းဘီဝတ္ဖို႔ကေသခ်ာေသခ်ာေပါက္ေနာက္က်သြားတာေၾကာင့္ ပထမဆုံးသူ႕ခႏၶာကိုယ္ကိုဖုံးဖို႔အတြက္အဝတ္အထည္အခ်ိဳ႕ကိုယူရေပမည္။

ခ်င္ေရွာင္းမ်က္လုံမွိတ္ၿပီးအနားယူေနတုန္း ခုနကဝယ္လာသည့္ေရသူေလးဆီမွ အဝတ္ေပးဖို႔ေတာင္းဆိုသံၾကားလိုက္ရ၏။ ခ်င္ေရွာင္းသူ႕ေခါင္းကိုလွည့္၍ၾကည့္လိုက္သည္။ ဒီတစ္ခါေတာ့သူ႕မ်က္ဆံမ်ားပါ႐ုတ္တရက္က်ဳံ႕သြား၏။ သူ႕အျမင္အာ႐ုံထဲအနက္ေရာင္ေရသူအျမႇီးကလ်င္လ်င္ျမန္ျမန္ေျပာင္းလဲေနၿပီး မ်က္ေတာင္တစ္ခ်က္ခတ္အတြင္းမွာပင္ လူသားေျခေထာက္ႏွစ္ေခ်ာင္းအျဖစ္ေျပာင္းလဲသြားသည္။

အဲ့ဒီအလြန္ျဖဴေဖြးသြယ္လ်ေနတဲ့ေျခေထာက္ေတြက ႏွင္းေတာင္ေပၚကႏွင္းေခ်ာင္းေလးေတြလိုပဲ။ ေရသူေလးရဲ႕အသားအရည္ကျဖဴေဖြးၾကည္လင္ေနၿပီး သူ႕ရဲ႕ေျခဖမိုးအေရျပားေအာက္ကအျပာေရာင္ေသြးေၾကာေလးေတြကိုေတာင္ျမင္ရလုမတတ္ပင္။ က်ဳံ႕ေနတဲ့ေျခေခ်ာင္းေလးေတြအေနာက္ကိုလိုက္ၿပီး ခ်င္ေရွာင္းအေပၚသို႔ၾကည့္လိုက္သည္။ ငါးကန္ထဲမွာတုန္းကလည္းေရသူေလးမွာအဝတ္အစားမရွိခဲ့ေခ်။ ခ်င္ေရွာင္းဝယ္လာၿပီးတဲ့ေနာက္တြင္လည္း သူႏွင့္အတူသူ႕(လင္ရွီး)ကို ယာဥ္ပ်ံေပၚသို႔ေခၚလာခဲ့တာေၾကာင့္ေရသူေလးကအခု ကိုယ္လုံးတီးႏွင့္ပင္။

ေရသူေလးကသူ႕ကိုယ္သူ လူသားအျဖစ္႐ုတ္တရက္ေျပာင္းသြားျခင္းအေပၚအံ့ဩေနပုံရၿပီးသူ႕တစ္ကိုယ္လုံးကေကြးၫႊတ္ေနသည္။ သူကထိုင္ခုံေပၚတြင္က်ဳံ႕က်ဳံ႕ေလးထိုင္ေနၿပီး သူ႕ရဲ႕အနက္ေရာင္ဆံပင္ေတြမွလြဲ၍တစ္ကိုယ္လုံးႏွင္းမ်ားဖုံးေနသလိုပင္။ သူကလွပတဲ့ႏွင္း႐ုပ္ေလးႏွင့္တူ၏။

ယာဥ္ပ်ံထဲတြင္ခ်င္ေရွာင္းသာမက လက္ေအာက္ငယ္သားစစ္သားႏွစ္ေယာက္လည္းရွိေနသည္။ ေရသူေလး႐ုတ္တရက္လူအျဖစ္ေျပာင္းလဲသြားတာကို မ်က္လုံးေပါင္းမ်ားစြာကလွည့္ၾကည့္လာၾက၏။

အနက္ေရာင္ထိုင္ခုံက လင္ရွီး၏ကိုယ္ကိုနည္းနည္းေလာက္ဖုံးေနေပမယ့္ သူ႕ရဲ႕ႏွငိးျဖဴေရာင္ေျခေခ်ာင္းေတြကေပၚေနေသးသည္။ သူ႕ကိုယ္သူဖုံးကြယ္ဖို႔ႀကိဳးစားေနေပမယ့္ အနည္းငယ္သာေအာင္ျမင္တဲ့ေရသူေလးကိုၾကည့္ၿပီး ခ်င္ေရွာင္း႐ုတ္တရက္ေျခလွမ္းႀကီးႀကီးလွမ္းလိုက္ကာစစ္ဝတ္စုံအေပၚထပ္ကိုခြၽတ္၍ ေရသူေလးအားလႊမ္းၿခဳံေပးလိုက္သည္။

"မေၾကာက္နဲ႕" ေရသူေလးကိုအမူအရာမရွိၾကည့္လိုက္ေပမယ့္ သူ႕ႏွလုံးသားထဲကစကားကိုေျပာထြက္မိသြားေၾကာင္းကိုေတာ့ ခ်င္ေရွာင္းသိလိုက္သည္။

မရင္းႏွီးတဲ့စိတ္ခံစားခ်က္တစ္ခုက ခ်င္ေရွာင္းႏွလုံးသားရဲ႕ေအာက္ေျခမွေပါက္ဖြားလာ၏။ မသိသာေပမယ့္ ေရသူေလးယူေဆာင္လာေပးတဲ့အရာဆိုတာကိုခ်င္ေရွာင္းသိသည္။ သူထူးမျခားနားတဲ့ပုံနဲ႕လွည့္ထြက္သြားလိုက္ၿပီး မူလကထိုင္ခဲ့တဲ့ေနရာမွာျပန္ထိုင္လိုက္ကာ တစ္ကိုယ္လုံးကိုလင္ရွီးဘက္လွည့္လိုက္၏။ ။


#8.9.2022

*ပါးေသာက္=အာဏာရွင္ဆန္တာကိုေျပာတာပါ
ဥပမာ-ပါးေသာက္စီအီးအိုဆိုရင္ အာဏာရွင္ဆန္ၿပီးပိုင္စိုးပိုင္နင္းလုပ္တတ္တဲ့စီအီးအိုႀကီးေတြကိုေခၚတာပါ

မနက္ျဖန္အပ္မဲ့ဟာကိုဒီေန႕အပ္ေပးလိုက္တာဆိုေတာ့စေနေန႕မွျပန္လာပါ့မယ္🙇

Continue Reading

You'll Also Like

1.2M 78.2K 47
အသက်တမျှချစ်ပါသော်လည်း ထုတ်ဖော်မပြတတ် ရင် ကိုယ်ချစ်တဲ့အချစ်က ချစ်ရသူကို နာကျင်မှုတွေသာ ပေးသလိုဖြစ်နေတတ်သည်။ အသက္တမ်ွခ်စ္ပါေသာ္လည္း ထုတ္ေဖာ္မျပတတ္ ရ...
2.5M 177K 66
ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိဳးက်ခဲ့တဲ့ခ်စ္ျခင္းတစ္ခုရဲ႕ အဆံုးသတ္က ဘယ...
288K 12.3K 39
"မင်း ကိုယ့်အခြေအနေကိုယ် သိရက်သားနဲ့ ဘာကိစ္စ ဒီအခြေအနေထိ ရောက်အောင်နေရတာလဲ" . "ဟမ်... ဖြေစမ်း ငွေလွာ " . "အဲ့စောက်ပါးစပ်က ဘာလို့ပိတ်နေတာလဲ ဘာလဲ ကလေ...
295K 7.3K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်