ညလယ်လောက်ရောက်တော့ ရင်းအိမ်တော်စီက ဖုန်းဆက်လာတယ်။
"ငါ့ကော ဘယ်မှာလဲ?!"
ဖုန်းကိုင်လိုက်တာနဲ့တစ်ပြိုင်နက် တစ်ဖက်က ရင်းဇယ်ရဲ့အော်သံက ဟိန်းထွက်လာတယ်။
"ဖုန်းလည်းဆက်လို့မရဘူး၊ ဆေးရုံကိုမေးကြည့်တော့လည်း မတွေ့ဘူးတဲ့၊ မင်းငါ့ကောကို ပြန်ပေးဆွဲသွားတာမလား!"
အသံက ကျယ်လွန်းတာကြောင့် ဘေးကလူကပါ မျက်မှောင်ကြုတ်လာတယ်။ ကျန့်ယောင် အိပ်ယာပေါ်က ထကာ အခန်းထဲက ထွက်လာခဲ့လိုက်တယ်။
"မင်းအကိုက ဘာမှမဖြစ်ဘူး အခုအိပ်နေတယ်၊ မင်းဘက်က စစ်ဆေးတဲ့ကိစ္စကရော ဘယ်လိုလဲ၊ အဲ့ကောင်ကို အပ်လိုက်ပြီလား?"
ရင်းဇယ်က စိတ်ရှုပ်စွာနဲ့ :
"အင်း အဲ့ကောင်ကိုက စိတ္တဇကောင်၊ စကားကြီးစကားကျယ်နဲ့ ရဲတွေကိုပါ သူ့အဖေနဲ့အတူတူ အကျဥ်းချပေးဖို့ပြောနေသေးတယ်၊ အဖေ့ကိုလည်း ပြောထားပြီးပြီ ဘာမှမဖြစ်တော့ရင်တော့ သူ့ကိုကျောင်းထုတ်ခံရအောင် လုပ်ပစ်လိုက်လို့ရတယ်၊ နောက်ဆို ထပ်မြင်နေစရာ မလိုတော့ဘူး"
ရှေ့နေရင်းကိုယ်တိုင်က ကိုင်တွယ်မှတော့ ဒီကိစ္စက ပြဿနာမရှိတော့ပေ။ ကျန့်ယောင်လည်း စိတ်အေးသွားရတယ်။
"အဖေ့ကို ငါ့အစား ကျေးဇူးတင်ကြောင်း ပြောပေးပါဦး"
"ဘယ်သူက မင်းအဖေလဲ? အဲ့ဒါ ငါ့အဖေကွ!"
ရင်းဇယ်တစ်ယောက် တစ်ဖန်ပေါက်ကွဲလာပြန်တယ်။
"ငါ့အဖေက ကောကိုဘယ်သွားလဲ မေးနေတာ၊ ငါမင်းအတွက် ဖုံးပြောပေးထားတယ်၊ သူ့ကို မနက်ဖြန် ပြန်ပို့ပေးလိုက်"
"ဘာတွေ အလျင်လိုနေတာလဲ? ဘာပဲဖြစ်ဖြစ် မင်းအကိုနဲ့ငါ့အကြောင်းကို ငါ့မိဘတွေလည်း သိပြီးသားဆိုတော့ ကောင်လေးအိမ်ကို ရက်နည်းနည်းလောက် လာနေလည်း ဘာမှမဖြစ်ပါဘူး"
"မရဘူး သူအိမ်ပြန်လာရမှာ"
"ဘာဖြစ်လို့?"
ရင်းဇယ်က တစ်ခန တုံ့ဆိုင်းနေပြီးမှ :
"ငါသူ့ကို မေးစရာရှိတယ်"
"အိုး...."
ကျန့်ယောင်က သံရှည်ဆွဲပြောလိုက်ပြီး
"ချန်းဟောင်ဆီက သိခဲ့တဲ့ဟာတွေ ပြောတာလား? မင်းကောကောကို တောင်းပန်ချင်တယ်ဆိုပါတော့?"
".....မင်း...အကုန်သိနေတာလား?"
"ငါက အစောကတည်းက သိတယ်"
"အဲ့ဒါကို မင်း ဘာကိစ္စ ငါ့မပြောတာလဲကွ??"
"ဘာကိစ္စ ပြောပြရမှာလဲ၊ ငါတို့က အဲ့လောက်ရင်းနှီးနေလို့လား?"
ကျန့်ယောင်က :
"ဒီရက်ပိုင်းတော့ မင်းအကို အိမ်ပြန်လာနိုင်ဦးမှာမဟုတ်ဘူး၊ မင်းတွေ့ချင်တယ်ဆိုရင်တော့ မင်းဘာမင်းပဲလာခဲ့လိုက်"
အဲ့နောက်တော့ ကျန့်ယောင်လည်း အိပ်ခန်းဆီပြန်လာကာ အိပ်ယာထဲ ဝင်လှဲလိုက်တယ်။ ဘေးမှာရှိတဲ့လူက အိပ်ချင်မူးတူးနဲ့ သူ့ရင်ခွင်ထဲကို တိုးဝင်လာလေတယ်။
omegaတွေ heatဖြစ်တဲ့အချိန်မှာ သူတို့က alphaအပေါ်ကို ပုံမှန်ထက် နှစ်ဆလောက် ပိုတွယ်ကပ်လာကြတယ်။
"ဘာသွားလုပ်တာလဲ....."
ရင်းချယ်က လေသံတိုးလေးနဲ့ မေးလာတယ်။
စောစောပိုင်းကတင် အဖျားလျော့သွားတာဖြစ်ပြီး ညနေပိုင်းကလည်း နှစ်ခါလောက် အဖျားတက်ထားတာကြောင့် အခုသူ့ခန္ဓာကိုယ်က အရမ်းပင်ပန်းနေသလို ဗိုက်ကလည်း နေရခက်နေတယ်။ အိပ်ပြီးခန ခနကြာတော့ ပြန်နိုးလာပြီး အိပ်လိုက်နိုးလိုက်ဖြစ်နေတယ်။
"တစ်ယောက်ယောက်နဲ့ ဖုန်းသွားပြောတာ"
ကျန့်ယောင်က ပြန်ဖြေတယ်။
ရင်းချယ်က မျက်လုံးတစ်ဝက်ဖွင့်ကာ သူ့ကိုခနစိုက်ကြည့်နေရင်းနဲ့မှ လှည့်ကာ ရင်ခွင်ထဲက ထွက်သွားတော့တယ်။
ကျန့်ယောင် သူ့ကျောနောက်ကို လှမ်းတို့လိုက်ပြီး :
"ဘာဖြစ်လို့လဲ?"
"သွား"
"သူများနဲ့ပဲ စကားသွားပြောနေ"
ရင်းချယ်က လှည့်ကြည့်လာပြီး မျက်ဝန်းတွေကျဥ်းမြောင်းကာ ထပ်ပြောတယ်။
"သွား"
omegaတွေ heatဖြစ်ချိန်မှာ သူတို့ရဲ့ ပိုင်ဆိုင်လိုစိတ်ကလည်း နှစ်ဆပြင်းပြလာလေတယ်။
နှီးနှောပြီးသွားလို့ အိပ်ယာလေး နွေးတာနဲ့တစ်ပြိုင်နက် သူများနဲ့ စကားသွားပြောနေတယ်တဲ့။
ခွင့်မလွှတ်နိုင်စရာ အမှုပဲ။
"သဝန်တိုတာလား?"
ဒါတောင် ကျန့်ယောင်က ရယ်ရဲနေသေးတယ်။
"ဘယ်လိုတောင် ချစ်ဖို့ကောင်းနေရတာလဲကွာ"
ရင်းချယ် သူ့ကို ခြေထောက်နဲ့လှမ်းကန်လိုက်တယ်။ ခြေထောက်က အားတော့မပါပေ။ သို့ပေမယ့် ခြေထောက်လေးဟာ ကျန့်ယောင်ဆီမှာ အဖမ်းခံလိုက်ပြီး သူအတော်ကြာ အနိုင်ကျင့်ခံလိုက်ရလေတယ်။
....
နောက်တစ်နေ့ရောက်တော့ ရင်းဇယ်က Dong Chengက ကော်ဖီဆိုင်တစ်ဆိုင်မှာ တွေ့ဖို့ချိန်းတယ်။
ကျန့်ယောင်က သူ့ကို ကိုယ်ပိုင်ကားနဲ့လိုက်ပို့ပြီး ကားကို ကော်ဖီဆိုင်ရဲ့အပြင်မှာ ရပ်လိုက်တယ်။
"မင်းက မဝင်တော့ဘူးလား?"
ရင်းချယ်ကမေးတယ်။
"အင်း၊ မင်းတို့နှစ်ယောက် အေးဆေးပြောကြ"
ကျန့်ယောင်က ရင်းချယ်ရဲ့ မာဖလာကို ပြင်ပေးရင်းနဲ့
"ဒါမယ့် ကတိပေး မင်းညီ ဘယ်လောက်ငိုယိုပြီး တောင်းပန်တောင်းပန် မင်းရင်ထဲမှာ ကိုယ်ကပဲ အမြဲတမ်း နံပါတ်တစ်ဖြစ်နေမှာလို့၊ ကြားလား?"
".....သူနဲ့ကို သဝန်တိုနေတာလား?"
"မင်းလည်း မနေ့ညက သဝန်တိုနေတာပဲမလား"
"အဲ့ဒါ မင်းအရင်စတာလေ"
"ဘာပဲဖြစ်ဖြစ် အဲ့အပေါက်ဆိုးတိတိကိုတော့ ပထမနေရာ လုံးဝမပေးနိုင်ဘူး"
ကျန့်ယောင်က ခပ်တည်တည်နဲ့ ခြိမ်းခြောက်ပြောတယ်။
"မင်းရဲ့ heatက မပြီးသေးဘူးဆိုတာ မမေ့နဲ့နော်၊ မင်းကောင်လေးတစ်ယောက်ပဲ မင်းကို ပျော်အောင် လုပ်ပေးနိုင်မှာ"
"....."
ရင်းဇယ်မှာ ကော်ဖီခွက်ကလေးကို ချလိုက်ချိန် မျက်လုံးထောင့်ကနေ အပြင်က လူနှစ်ယောက် ရန်ဖြစ်နေတဲ့ အရိပ်ကိုဖမ်းမိလိုက်တာမို့ လှည့်ကြည့်လိုက်တယ်။
ခုလေးတင် အကန်ခံလိုက်ရတဲ့ ကျန့်ယောင်က သူ့ဘက်ကို လက်ခလယ်တစ်ချောင်း ထောင်ပြလာလေရဲ့။
ရင်းဇယ် : "......"
သူ့ရဲ့ကောင်စုတ်လေး ဆိုင်ထဲဝင်သွားတာကို ကြည့်ပြီး ကျန့်ယောင် ကားကိုမှီလိုက်တယ်။ နောက် အထဲကလူတွေရဲ့လှုပ်ရှားမှုတစ်ခုချင်းစီကို မှန်ထဲကနေ စောင့်ကြည့်နေလိုက်တယ်။
ရင်းဇယ် ".....ကော သူ့ကိုဝေးဝေးသွားခိုင်းလိုက်လို့မရဘူးလား?"
ရင်းချယ် "....လေလို့သာ သဘောထားလိူက်"
လေဖြစ်နေရတဲ့ ကျန့်ယောင်မှာတော့ လေအေးတွေကို ရှူရှိုက်ရင်း ပျင်းရိစွာ group chatထဲမှာ ရောက်တက်ရာရာတွေ လျှောက်ပြောနေလေတယ်။ သို့ပေမယ့် အမှန်တော့ စိတ်က group chatထဲမှာ ရှိမနေ။
ကောင်စုတ်လေးက မနက်ကလည်း အဖျားမရှိဘူး၊ နေ့လည်လောက်တော့ ဖြစ်မယ်ထင်ရတယ်၊ ဒါနဲ့ heatက ဘယ်နှစ်ရက်ဖြစ်တာပါလိမ့်? သုံးရက်လား? နည်းလိုက်တာ....
"ဒါ....ကျန့်ယောင်..မလား?"
ရုတ်တရက် တစ်စုံတစ်ယောက်က မေးလာတယ်။
ကျန့်ယောင်လှည့်ပြီး သူ့ရှေ့က မိန်းကလေးကို အကဲခတ်လိုက်တယ်။
"ဟုတ်တယ် ဘယ်သူလဲမသိဘူး?"
ကောင်မလေးက ရှက်သလိုလေးပြောလာတယ်။
"ငါက Eighth Highကလေ၊ နင်တို့အခန်းကပ်ရပ်က၊ အရင်က ငါတို့....တွဲဖူးတယ်လေ"
ကျန့်ယောင် အနည်းငယ် ပုံဖော်လို့ရသွားတယ်။
"အာ....ကျောင်းချန်?"
အထက်တန်းပထမနှစ်တုန်းက သူ တစ်ပတ်တွဲခဲ့ဖူးတဲ့ omega ။
"ငါ့နာမည်ကို မှတ်မိသေးတာပဲ"
ကျောင်းချန်က ပျော်သွားတယ်။
"နင် တစ်ယောက်တည်းလား? ငါလည်း တစ်ယောက်တည်းဖြစ်နေတာ၊ အတူသွားကြမလား? နင်ကျောင်းပြောင်းလိုက်ကတည်းက ဆိုတော့ မတွေ့တာကြာပြီ"
ကျန့်ယောင်က လက်ခါပြကာ :
"မဟုတ်ဘူး၊ ငါက လူစောင့်နေတာ၊ သူက....."
ပြန်ကြည့်လိုက်တော့ ဆိုင်ထဲမှာ ခွက်ကို ကုပ်နေတဲ့ ရင်းဇယ်တစ်ယောက်တည်းသာ ရှိနေတယ်၊ ဟိုက သူ့ကိုကြည့်ပြီး လက်ခလယ်တောင် ပြန်ထောင်ပြလိုက်သေးတယ်။
"......."
ဟိုကောင်စုတ်ကလေးကရော?
"ငါက ဒီမှာ"
အသံက အနောက်ကနေထွက်လာတယ်။
ကျန့်ယောင်လှည့်ကြည့်လိုက်တော့ ရင်းချယ်က သူ့ဆီလျှောက်လာနေပြီး ကျောင်းချန်ကို ပြောလေတယ်။
"သူက ငါ့ကိုစောင့်နေတာ၊ ဘာကိစ္စလဲ?"
ကျောင်းချန်ကမူ ဘုမသိဘမသိနဲ့ :
"ဟဲလို ဒီက ကျန့်ယောင်ရဲ့ အတန်းဖော်ထင်တယ်၊ ငါက သူ့ရဲ့......အရင်က ကောင်မလေးပါ၊ စိတ်မရှိဘူးဆိုရင် အတူတူလျှောက်လည်ကြရအောင်လေ"
"ရှိတယ်"
ရင်းချယ်ရဲ့လေသံက အနည်းငယ်အေးစက်နေတယ်။
"ငါက သူ့ရဲ့လက်ရှိကောင်လေး"
ကျောက်ချန်မျက်နှာက ချက်ချင်းရဲတွတ်သွားပြီး ရှက်သွားတယ်။
"အာ အဲ့လိုလား ဆောရီးနော်၊ အဲ့လိုဆိုလည်း နင်တို့ကို မနှောင်ယှက်တော့ပါဘူး၊ ဆောရီး တမင်သက်သက်ရည်ရွယ်လိုက်တာ မဟုတ်ပါဘူး"
"ရတယ် ကိစ္စမရှိဘူး"
သူမ ထွက်သွားတာနဲ့ ရင်းချယ်လည်း ဘေးကလူကို လှည့်ကြည့်လိုက်တယ်။
ကျန့်ယောင်က ကားကိုမှီထားပြီး ခြေတံရှည်တွေက မြေပြင်ကို ထောက်ကန်ထားတယ်။ အနက်ရောင်အဝတ်အစားနဲ့ သန့်ပြန့်ချောမောနေကာ နှုတ်ခမ်းဖျားတွေက ကွေးတက်လာတယ်။
"ထပ်ပြီး သဝန်တိုနေပြန်ပြီလား?"
ရင်းချယ်က သူ့ကို ကော်လံကနေ ဆွဲကိုင်လိုက်ပြီး :
"အမှန်တိုင်းပြော"
ကျန့်ယောင်က ရင်းချယ်ရဲ့နှာဖျားလေးကို တို့ကာ :
"လူတစ်ယောက်လုံး မင်းအပိုင်ပဲကို၊ ဘာတွေစိုးရိမ်နေတာလဲ"
ရင်းချယ်က ကော်လံကို လွှတ်လိုက်ကာ သူ့ကိုသတိပေးသလို တစ်ချက်စိုက်ကြည့်ပြီး ကော်ဖီဆိုင်ထဲ ပြန်ဝင်သွားတယ်။
ယုန်ကလေးတွေ Heatဖြစ်ရင် တကယ် လူကပ်တာပဲ။ ကျန့်ယောင် ကိုယ့်ဘာကိုယ် တစ်ယောက်တည်း တွေးမိတယ် နေ့တိုင်းသာ heatဖြစ်နေရင် ကောင်းမှာပဲလို့။
နေ့တိုင်းနေ့တိုင်း သူ့ကိုယ်က သူ့(ကျန့်ယောင်)ရနံ့တွေပဲ ထွက်နေမယ်၊ မနက်ခင်းအိပ်ယာထလာတိုင်း သူ့ကိုပဲ ဖက်တွယ်ပြီး လွှတ်ပေးဖို့ ငြင်းဆန်နေမယ်၊ ညရောက်တိုင်းလည်း သူလုပ်ချင်တာတွေ လုပ်ခွင့်ပေးမယ်။
အရေးအကြီးဆုံးကတော့ သူ့အပေါ် ပိုင်ဆိုင်လိုစိတ်ပဲ၊ သူ့ကြည့်ရတာ တစ်လောကလုံးကို ဒီ alphaဟာ သူ့အပိုင်ပါဆိုပြီး အော်ပြောချင်နေသလိုမျိုး။
ချစ်ဖို့ကောင်းချက်ကတော့ကွာ
ကျန့်ယောင်မှာ စိတ်ကူးယဥ်ကမ္ဘာထဲ နစ်မြုပ်လျက် တစ်ဖန် ခေါင်းကိုငုံ့ကာ ဖုန်းကိုပျော်ပျော်ကြီး သုံးနေတော့တယ်။ ခုနနဲ့စာရင် groupထဲမှာ စကားပြောနေတဲ့ လူတွေ ပိုနည်းသွားတယ်၊ အိမ်စာတွေ ကျူရှင်တွေနဲ့ အလုပ်ရှုပ်နေတာဖြစ်မယ်လို့ သူခန့်မှန်းလိုက်တယ်။
အဲ့ဒါကြောင့် သူစပြောလိုက်တယ်။
"တစ်ယောက်ယောက်ရှိလား?"
ပထမဆုံးပေါ်လာတဲ့ သူက ကျန်းခဲ့ : "ယောင်ကော?"
ကျန့်ယောင် : "တခြားလူတွေရော? အနည်းဆုံး ဆယ်ယောက်လောက်"
ကျန်းခဲ့ : "ဘာလုပ်မလို့လဲ အုပ်စုလိုက် ချကြမလို့လား? အခုလိုချိန်ကျ ငါ့ကို သတိရပြီပေ့ါ"
ချန်ရင်းရင်း : "လူတွေကို နင့်လိုများမှတ်နေ၊ ကျန့်ယောင် လူတွေခေါ်ပြီး ဘာလုပ်မလို့လဲ?"
ကောကျစ်ရှုန်း : "ရှာနေစရာများလိုသေးလို့လား? ဖိုရမ်ကိုသွားပြီး ပို့စ်ဘားမှာ ကျောင်းနတ်ဘုရားက မြန်မြန်လာခဲ့ပါဆိုပြီး သွားကြေညာလိုက်၊ ရာတောင်ချီသွားဦးမယ်"
ကျန်းခဲ့ : "မင်းတို့တွေ ဝင်မရှည်နဲ့၊ ယောင်ကောပြောတာသာ အရင်နားထောင်ကြ၊ လူတွေအများကြီးလိုတာဆိုတော့ ကြီးကြီးမားမား ပွဲတစ်ခုခုပဲဖြစ်ရမယ်"
Class 1က ကျန်တဲ့ကျောင်းသားတွေမှာလည်း ထိုသို့ပဲ တွေးမိကြတယ်။ ကျန့်ယောင်ကိုယ်တိုင်တောင်မှ လူတွေကို အကူညီလှည့်တောင်းရတဲ့ အခြေနေဆိုတော့ တကယ်ကို ခက်ခဲပြီး အရေးကြီးတဲ့ ကိစ္စပဲဖြစ်ရမယ်။
ဒါ့ကြောင့် အားလုံး အလုပ်ရှုပ်နေတဲ့ လူပဲဖြစ်ဖြစ် မရှုပ်တဲ့လူပဲဖြစ်ဖြစ်၊ အိမ်စာလုပ်နေတဲ့လူတွေမှာလည်း အိမ်စာတွေဘေးပစ်ခဲ့ပြီး group chatကိုသာ အစဥ်တစိုက် စောင့်ကြည့်နေကြတယ်။
"ဒီလိုကွာ"
ဆိုတဲ့ မက်ဆေ့လေးတစ်ခုတက်လာတယ်။
"အားလုံးကို ပြောပြချင်လို့၊ အရင်က ငါ့ထိုင်ခုံဖော်နဲ့ ငါနဲ့ ရန်ဖြစ်ကြတယ်ဆိုတာ ဟန်ဆောင်ထားတာ အမှန်တော့ ငါတို့က အရမ်းချစ်ကြတာ"
"......"
"ဒါပေါ့ နောက်နောင်လည်း အမြဲတမ်းချစ်သွားကြဦးမှာ"
"နောက်လအနည်းငယ်လောက်နေပြီးရင် ဘွဲ့ယူကြရတော့မှာဆိုတော့ မင်းတို့တွေကို နောင်အနာဂတ်မှာကျင်းပမယ့် ချယ်ချယ်နဲ့ငါ့ရဲ့ မင်္ဂလာပွဲအတွက် ဆုတောင်းဗီဒီရိုလေးတွေရိုက်ထားပေးဖို့အတွက်ကို ငါက စိတ်ရင်းအမှန်နဲ့ ဖိတ်ခေါ်တာ"
"........"
"တအားကြီး ရှည်စရာ မလိုဘူး၊ တစ်ယောက်ကို နှစ်စက္ကန့်လောက်ဆိုရပြီ၊ ရှည်လွန်းရင် ပြီးမှာမဟုတ်တော့ဘူး၊ ငါတို့ကို ဆုတောင်းပေးမယ့် လူတွေက အများကြီးဆိုတော့လေ၊ စိတ်တော့မရှိပါနဲ့"
"......"
ကျန့်ယောင်အနေနဲ့ ထပ်ပြီး ဆုတောင်းစကားအတွက် အကြံဉာဏ်တွေ ထပ်ပေးချင်ပေမယ့် မက်ဆေ့က ထပ်ပို့လို့မရတော့တာ တွေ့လိုက်ရတယ်။
စနစ် အချက်ပြ : သင်ဟာ group chatကနေ ပယ်ထုတ်ခံလိုက်ရပါတယ်
"?"
ဘာလို့အထုတ်ခံလိုက်ရတဲ့အကြောင်း ချန်ရင်းရင်းကို မေးမြန်းဖို့ ကြိုးစားရင်း ကျရှုံးပြီးတဲ့နောက်တော့ ထိုရက်စက်ယုတ်မာတဲ့ကောင်တွေအဖွဲ့ကို ကျန့်ယောင် လက်လျှော့လိုက်တော့တယ်။
ဘာပဲဖြစ်ဖြစ်လေ သူတို့ကို ဆုတောင်းပေးမယ့်လူတွေမှ ပေါလို့
ဖုန်းကိုအဝေးထားလိုက်ပြီး ကော်ဖီဆိုင်ဆီ အကြည့်ပြန်ပို့လိုက်တယ်။ ထိုအကြည့်တစ်ချက်မှာပဲ သူ့မျက်လုံးတွေ အေးခဲသွားတော့တယ်။
ဆိုင်ထဲမှာ ရင်းဇယ်က တစ်ရှူးတစ်ရွက်ဆွဲနှုတ်ကာ မျက်လုံးမှာဖိကပ်ပြီး နှာခေါင်းကိုရှုပ်လိုက်တယ်။
"ကော တောင်းပန်ပါတယ်.....ငါတစ်ချိန်လုံးထင်နေခဲ့တာ တစ်ချိန်လုံး......"
ရင်းချယ်က ဆိုဖာပေါ်မှာထိုင်လျက် သူ့ပခုံးကို ပုတ်ပေးနေတယ်။
"ကိစ္စမရှိဘူး၊ မင်းဆီကနေ ကောကိုယ်တိုင် တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့တာ၊ ကောမှားတာပါ"
"ကော ငါ့ကို နှစ်သိမ့်ပြောပေးမနေပါနဲ့၊ ငါကိုက တုံးတာ၊ အဲ့လိုကိစ္စမျိုးကို မင်းဘယ်လိုလုပ်ပြီး လုပ်နိုင်မှာဆိုတာလည်း သိရဲ့သားနဲ့၊ ငါကိုက ဦးနှောက်မရှိတာ၊ ငါ......"
ရင်းဇယ်က သူ့ခံစားချက်တွေကို မထိန်းချုပ်နိုင်တော့ပဲ အရှေ့ကလူကို လှမ်းဖက်လိုက်တော့တယ်။
"ကော ငါ့အမှားပါ၊ အခုကစပြီး သေချာပေါက် ကောစကားကိုပဲ နားထောင်တော့မယ်၊ ကောကို သေချာပေါက် ကာကွယ်ပေးမယ်"
"အင်းပါ၊ မင်းခုလိုပြောတော့ ကောတကယ်ဝမ်းသာပါတယ်"
"ငါက ပြောရုံတင်ပြောတာမဟုတ်ဘူး လက်တွေ့လည်း လုပ်မှာ၊ ကော ငါ့ကိုယုံ ဒီနေ့ကစပြီး ငါ--"
"ဒုန်း!"
ဆိုင်ကမှန်နံရံမှာ တုန်ခါသွားတယ်။
ရင်းဇယ်မှာ ဘာဖြစ်မှန်းမသိ လှည့်ကြည့်လိုက်တော့ မှန်ရဲ့အပြင်ဘက်မှာ ကပ်နေတဲ့ လူတစ်ယောက်၊ ကြောက်မက်ဖွယ် အပြုံးကြီးနဲ့ သူ့ကို ရက်ရက်စက်စက် စိုက်ကြည့်နေပြီး ပါးစပ်လှုပ်ကာပြောလာတယ်။
"လက် ကို လွှတ် လိုက်"
ရင်းဇယ် : "....."
ရင်းချယ် : "......"
ဖြတ်သွားတဲ့ စျေးဝယ်တွေကတော့ အထဲက ကောင်လေးနှစ်ယောက်ရယ် အပြင်က ကောင်လေးရယ်ကို အထူးတဆန်းကြည့်သွားကြတယ်။
"ကောကို တစ်ခုပြောစရာရှိတယ်"
ရင်းဇယ်က မျက်ရည်တွေကို သုတ်ရင်း
"ကောနဲ့ငါက ပြန်ပြေလည်သွားပြီဆိုပေမယ့် ကောကောင်လေးနဲ့ငါကတော့ ဒီဘဝတော့ တစ်သက်လုံး ရန်သူတွေပဲ ဖြစ်နေတော့မှာ"
"....အင်း နားလည်ပါတယ်"
.......
[Zawgyi]
ညလယ္ေလာက္ေရာက္ေတာ့ ရင္းအိမ္ေတာ္စီက ဖုန္းဆက္လာတယ္။
"ငါ့ေကာ ဘယ္မွာလဲ?!"
ဖုန္းကိုင္လိုက္တာနဲ႔တစ္ၿပိဳင္နက္ တစ္ဖက္က ရင္းဇယ္ရဲ့ေအာ္သံက ဟိန္းထြက္လာတယ္။
"ဖုန္းလည္းဆက္လို႔မရဘူး၊ ေဆး႐ုံကိုေမးၾကည့္ေတာ့လည္း မေတြ႕ဘူးတဲ့၊ မင္းငါ့ေကာကို ျပန္ေပးဆြဲသြားတာမလား!"
အသံက က်ယ္လြန္းတာေၾကာင့္ ေဘးကလူကပါ မ်က္ေမွာင္ၾကဳတ္လာတယ္။ က်န႔္ေယာင္ အိပ္ယာေပၚက ထကာ အခန္းထဲက ထြက္လာခဲ့လိုက္တယ္။
"မင္းအကိုက ဘာမွမျဖစ္ဘူး အခုအိပ္ေနတယ္၊ မင္းဘက္က စစ္ေဆးတဲ့ကိစၥကေရာ ဘယ္လိုလဲ၊ အဲ့ေကာင္ကို အပ္လိုက္ၿပီလား?"
ရင္းဇယ္က စိတ္ရွုပ္စြာနဲ႔ :
"အင္း အဲ့ေကာင္ကိုက စိတၱဇေကာင္၊ စကားႀကီးစကားက်ယ္နဲ႔ ရဲေတြကိုပါ သူ႔အေဖနဲ႔အတူတူ အက်ဥ္းခ်ေပးဖို႔ေျပာေနေသးတယ္၊ အေဖ့ကိုလည္း ေျပာထားၿပီးၿပီ ဘာမွမျဖစ္ေတာ့ရင္ေတာ့ သူ႔ကိုေက်ာင္းထုတ္ခံရေအာင္ လုပ္ပစ္လိုက္လို႔ရတယ္၊ ေနာက္ဆို ထပ္ျမင္ေနစရာ မလိုေတာ့ဘူး"
ေရွ႕ေနရင္းကိုယ္တိုင္က ကိုင္တြယ္မွေတာ့ ဒီကိစၥက ျပႆနာမရွိေတာ့ေပ။ က်န႔္ေယာင္လည္း စိတ္ေအးသြားရတယ္။
"အေဖ့ကို ငါ့အစား ေက်းဇူးတင္ေၾကာင္း ေျပာေပးပါဦး"
"ဘယ္သူက မင္းအေဖလဲ? အဲ့ဒါ ငါ့အေဖကြ!"
ရင္းဇယ္တစ္ေယာက္ တစ္ဖန္ေပါက္ကြဲလာျပန္တယ္။
"ငါ့အေဖက ေကာကိုဘယ္သြားလဲ ေမးေနတာ၊ ငါမင္းအတြက္ ဖုံးေျပာေပးထားတယ္၊ သူ႔ကို မနက္ျဖန္ ျပန္ပို႔ေပးလိုက္"
"ဘာေတြ အလ်င္လိုေနတာလဲ? ဘာပဲျဖစ္ျဖစ္ မင္းအကိုနဲ႔ငါ့အေၾကာင္းကို ငါ့မိဘေတြလည္း သိၿပီးသားဆိုေတာ့ ေကာင္ေလးအိမ္ကို ရက္နည္းနည္းေလာက္ လာေနလည္း ဘာမွမျဖစ္ပါဘူး"
"မရဘူး သူအိမ္ျပန္လာရမွာ"
"ဘာျဖစ္လို႔?"
ရင္းဇယ္က တစ္ခန တုံ႔ဆိုင္းေနၿပီးမွ :
"ငါသူ႔ကို ေမးစရာရွိတယ္"
"အိုး...."
က်န႔္ေယာင္က သံရွည္ဆြဲေျပာလိုက္ၿပီး
"ခ်န္းေဟာင္ဆီက သိခဲ့တဲ့ဟာေတြ ေျပာတာလား? မင္းေကာေကာကို ေတာင္းပန္ခ်င္တယ္ဆိုပါေတာ့?"
".....မင္း...အကုန္သိေနတာလား?"
"ငါက အေစာကတည္းက သိတယ္"
"အဲ့ဒါကို မင္း ဘာကိစၥ ငါ့မေျပာတာလဲကြ??"
"ဘာကိစၥ ေျပာျပရမွာလဲ၊ ငါတို႔က အဲ့ေလာက္ရင္းႏွီးေနလို႔လား?"
က်န႔္ေယာင္က :
"ဒီရက္ပိုင္းေတာ့ မင္းအကို အိမ္ျပန္လာနိုင္ဦးမွာမဟုတ္ဘူး၊ မင္းေတြ႕ခ်င္တယ္ဆိုရင္ေတာ့ မင္းဘာမင္းပဲလာခဲ့လိုက္"
အဲ့ေနာက္ေတာ့ က်န့္ေယာင္လည္း အိပ္ခန္းဆီျပန္လာကာ အိပ္ယာထဲ ဝင္လွဲလိုက္တယ္။ ေဘးမွာရွိတဲ့လူက အိပ္ခ်င္မူးတူးနဲ႔ သူ႔ရင္ခြင္ထဲကို တိုးဝင္လာေလတယ္။
omegaေတြ heatျဖစ္တဲ့အခ်ိန္မွာ သူတို႔က alphaအေပၚကို ပုံမွန္ထက္ ႏွစ္ဆေလာက္ ပိုတြယ္ကပ္လာၾကတယ္။
"ဘာသြားလုပ္တာလဲ....."
ရင္းခ်ယ္က ေလသံတိုးေလးနဲ႔ ေမးလာတယ္။
ေစာေစာပိုင္းကတင္ အဖ်ားေလ်ာ့သြားတာျဖစ္ၿပီး ညေနပိုင္းကလည္း ႏွစ္ခါေလာက္ အဖ်ားတက္ထားတာေၾကာင့္ အခုသူ႔ခႏၶာကိုယ္က အရမ္းပင္ပန္းေနသလို ဗိုက္ကလည္း ေနရခက္ေနတယ္။ အိပ္ၿပီးခန ခနၾကာေတာ့ ျပန္နိုးလာၿပီး အိပ္လိုက္နိုးလိုက္ျဖစ္ေနတယ္။
"တစ္ေယာက္ေယာက္နဲ႔ ဖုန္းသြားေျပာတာ"
က်န႔္ေယာင္က ျပန္ေျဖတယ္။
ရင္းခ်ယ္က မ်က္လုံးတစ္ဝက္ဖြင့္ကာ သူ႔ကိုခနစိုက္ၾကည့္ေနရင္းနဲ႔မွ လွည့္ကာ ရင္ခြင္ထဲက ထြက္သြားေတာ့တယ္။
က်န႔္ေယာင္ သူ႔ေက်ာေနာက္ကို လွမ္းတို႔လိုက္ၿပီး :
"ဘာျဖစ္လို႔လဲ?"
"သြား"
"သူမ်ားနဲ႔ပဲ စကားသြားေျပာေန"
ရင္းခ်ယ္က လွည့္ၾကည့္လာၿပီး မ်က္ဝန္းေတြက်ဥ္းေျမာင္းကာ ထပ္ေျပာတယ္။
"သြား"
omegaေတြ heatျဖစ္ခ်ိန္မွာ သူတို႔ရဲ့ ပိုင္ဆိုင္လိုစိတ္ကလည္း ႏွစ္ဆျပင္းျပလာေလတယ္။
ႏွီးေႏွာၿပီးသြားလို႔ အိပ္ယာေလး ေႏြးတာနဲ႔တစ္ၿပိဳင္နက္ သူမ်ားနဲ႔ စကားသြားေျပာေနတယ္တဲ့။
ခြင့္မလႊတ္နိုင္စရာ အမွုပဲ။
"သဝန္တိုတာလား?"
ဒါေတာင္ က်န႔္ေယာင္က ရယ္ရဲေနေသးတယ္။
"ဘယ္လိုေတာင္ ခ်စ္ဖို႔ေကာင္းေနရတာလဲကြာ"
ရင္းခ်ယ္ သူ႔ကို ေျခေထာက္နဲ႔လွမ္းကန္လိုက္တယ္။ ေျခေထာက္က အားေတာ့မပါေပ။ သို႔ေပမယ့္ ေျခေထာက္ေလးဟာ က်န႔္ေယာင္ဆီမွာ အဖမ္းခံလိုက္ၿပီး သူအေတာ္ၾကာ အနိုင္က်င့္ခံလိုက္ရေလတယ္။
....
ေနာက္တစ္ေန႔ေရာက္ေတာ့ ရင္းဇယ္က Dong Chengက ေကာ္ဖီဆိုင္တစ္ဆိုင္မွာ ေတြ႕ဖို႔ခ်ိန္းတယ္။
က်န႔္ေယာင္က သူ႔ကို ကိုယ္ပိုင္ကားနဲ႔လိုက္ပို႔ၿပီး ကားကို ေကာ္ဖီဆိုင္ရဲ့အျပင္မွာ ရပ္လိုက္တယ္။
"မင္းက မဝင္ေတာ့ဘူးလား?"
ရင္းခ်ယ္ကေမးတယ္။
"အင္း၊ မင္းတို႔ႏွစ္ေယာက္ ေအးေဆးေျပာၾက"
က်န႔္ေယာင္က ရင္းခ်ယ္ရဲ့ မာဖလာကို ျပင္ေပးရင္းနဲ႔
"ဒါမယ့္ ကတိေပး မင္းညီ ဘယ္ေလာက္ငိုယိုၿပီး ေတာင္းပန္ေတာင္းပန္ မင္းရင္ထဲမွာ ကိုယ္ကပဲ အျမဲတမ္း နံပါတ္တစ္ျဖစ္ေနမွာလို႔၊ ၾကားလား?"
".....သူနဲ႔ကို သဝန္တိုေနတာလား?"
"မင္းလည္း မေန႔ညက သဝန္တိုေနတာပဲမလား"
"အဲ့ဒါ မင္းအရင္စတာေလ"
"ဘာပဲျဖစ္ျဖစ္ အဲ့အေပါက္ဆိုးတိတိကိုေတာ့ ပထမေနရာ လုံးဝမေပးနိုင္ဘူး"
က်န႔္ေယာင္က ခပ္တည္တည္နဲ႔ ၿခိမ္းေျခာက္ေျပာတယ္။
"မင္းရဲ့ heatက မၿပီးေသးဘူးဆိုတာ မေမ့နဲ႔ေနာ္၊ မင္းေကာင္ေလးတစ္ေယာက္ပဲ မင္းကို ေပ်ာ္ေအာင္ လုပ္ေပးနိုင္မွာ"
"....."
ရင္းဇယ္မွာ ေကာ္ဖီခြက္ကေလးကို ခ်လိုက္ခ်ိန္ မ်က္လုံးေထာင့္ကေန အျပင္က လူႏွစ္ေယာက္ ရန္ျဖစ္ေနတဲ့ အရိပ္ကိုဖမ္းမိလိုက္တာမို႔ လွည့္ၾကည့္လိုက္တယ္။
ခုေလးတင္ အကန္ခံလိုက္ရတဲ့ က်န႔္ေယာင္က သူ႔ဘက္ကို လက္ခလယ္တစ္ေခ်ာင္း ေထာင္ျပလာေလရဲ့။
ရင္းဇယ္ : "......"
သူ႔ရဲ့ေကာင္စုတ္ေလး ဆိုင္ထဲဝင္သြားတာကို ၾကည့္ၿပီး က်န႔္ေယာင္ ကားကိုမွီလိုက္တယ္။ ေနာက္ အထဲကလူေတြရဲ့လွုပ္ရွားမွုတစ္ခုခ်င္းစီကို မွန္ထဲကေန ေစာင့္ၾကည့္ေနလိုက္တယ္။
ရင္းဇယ္ ".....ေကာ သူ႔ကိုေဝးေဝးသြားခိုင္းလိုက္လို႔မရဘူးလား?"
ရင္းခ်ယ္ "....ေလလို႔သာ သေဘာထားလိူက္"
ေလျဖစ္ေနရတဲ့ က်န႔္ေယာင္မွာေတာ့ ေလေအးေတြကို ရွူရွိုက္ရင္း ပ်င္းရိစြာ group chatထဲမွာ ေရာက္တက္ရာရာေတြ ေလၽွာက္ေျပာေနေလတယ္။ သို႔ေပမယ့္ အမွန္ေတာ့ စိတ္က group chatထဲမွာ ရွိမေန။
ေကာင္စုတ္ေလးက မနက္ကလည္း အဖ်ားမရွိဘူး၊ ေန႔လည္ေလာက္ေတာ့ ျဖစ္မယ္ထင္ရတယ္၊ ဒါနဲ႔ heatက ဘယ္ႏွစ္ရက္ျဖစ္တာပါလိမ့္? သုံးရက္လား? နည္းလိုက္တာ....
"ဒါ....က်န႔္ေယာင္..မလား?"
႐ုတ္တရက္ တစ္စုံတစ္ေယာက္က ေမးလာတယ္။
က်န႔္ေယာင္လွည့္ၿပီး သူ႔ေရွ႕က မိန္းကေလးကို အကဲခတ္လိုက္တယ္။
"ဟုတ္တယ္ ဘယ္သူလဲမသိဘူး?"
ေကာင္မေလးက ရွက္သလိုေလးေျပာလာတယ္။
"ငါက Eighth Highကေလ၊ နင္တို႔အခန္းကပ္ရပ္က၊ အရင္က ငါတို႔....တြဲဖူးတယ္ေလ"
က်န႔္ေယာင္ အနည္းငယ္ ပုံေဖာ္လို႔ရသြားတယ္။
"အာ....ေက်ာင္းခ်န္?"
အထက္တန္းပထမႏွစ္တုန္းက သူ တစ္ပတ္တြဲခဲ့ဖူးတဲ့ omega ။
"ငါ့နာမည္ကို မွတ္မိေသးတာပဲ"
ေက်ာင္းခ်န္က ေပ်ာ္သြားတယ္။
"နင္ တစ္ေယာက္တည္းလား? ငါလည္း တစ္ေယာက္တည္းျဖစ္ေနတာ၊ အတူသြားၾကမလား? နင္ေက်ာင္းေျပာင္းလိုက္ကတည္းက ဆိုေတာ့ မေတြ႕တာၾကာၿပီ"
က်န႔္ေယာင္က လက္ခါျပကာ :
"မဟုတ္ဘူး၊ ငါက လူေစာင့္ေနတာ၊ သူက....."
ျပန္ၾကည့္လိုက္ေတာ့ ဆိုင္ထဲမွာ ခြက္ကို ကုပ္ေနတဲ့ ရင္းဇယ္တစ္ေယာက္တည္းသာ ရွိေနတယ္၊ ဟိုက သူ႔ကိုၾကည့္ၿပီး လက္ခလယ္ေတာင္ ျပန္ေထာင္ျပလိုက္ေသးတယ္။
"......."
ဟိုေကာင္စုတ္ကေလးကေရာ?
"ငါက ဒီမွာ"
အသံက အေနာက္ကေနထြက္လာတယ္။
က်န႔္ေယာင္လွည့္ၾကည့္လိုက္ေတာ့ ရင္းခ်ယ္က သူ႔ဆီေလၽွာက္လာေနၿပီး ေက်ာင္းခ်န္ကို ေျပာေလတယ္။
"သူက ငါ့ကိုေစာင့္ေနတာ၊ ဘာကိစၥလဲ?"
ေက်ာင္းခ်န္ကမူ ဘုမသိဘမသိနဲ႔ :
"ဟဲလို ဒီက က်န႔္ေယာင္ရဲ့ အတန္းေဖာ္ထင္တယ္၊ ငါက သူ႔ရဲ့......အရင္က ေကာင္မေလးပါ၊ စိတ္မရွိဘူးဆိုရင္ အတူတူေလၽွာက္လည္ၾကရေအာင္ေလ"
"ရွိတယ္"
ရင္းခ်ယ္ရဲ့ေလသံက အနည္းငယ္ေအးစက္ေနတယ္။
"ငါက သူ႔ရဲ့လက္ရွိေကာင္ေလး"
ေက်ာက္ခ်န္မ်က္ႏွာက ခ်က္ခ်င္းရဲတြတ္သြားၿပီး ရွက္သြားတယ္။
"အာ အဲ့လိုလား ေဆာရီးေနာ္၊ အဲ့လိုဆိုလည္း နင္တို႔ကို မေႏွာင္ယွက္ေတာ့ပါဘူး၊ ေဆာရီး တမင္သက္သက္ရည္ရြယ္လိုက္တာ မဟုတ္ပါဘူး"
"ရတယ္ ကိစၥမရွိဘူး"
သူမ ထြက္သြားတာနဲ႔ ရင္းခ်ယ္လည္း ေဘးကလူကို လွည့္ၾကည့္လိုက္တယ္။
က်န႔္ေယာင္က ကားကိုမွီထားၿပီး ေျခတံရွည္ေတြက ေျမျပင္ကို ေထာက္ကန္ထားတယ္။ အနက္ေရာင္အဝတ္အစားနဲ႔ သန႔္ျပန႔္ေခ်ာေမာေနကာ ႏွုတ္ခမ္းဖ်ားေတြက ေကြးတက္လာတယ္။
"ထပ္ၿပီး သဝန္တိုေနျပန္ၿပီလား?"
ရင္းခ်ယ္က သူ႔ကို ေကာ္လံကေန ဆြဲကိုင္လိုက္ၿပီး :
"အမွန္တိုင္းေျပာ"
က်န႔္ေယာင္က ရင္းခ်ယ္ရဲ့ႏွာဖ်ားေလးကို တို႔ကာ :
"လူတစ္ေယာက္လုံး မင္းအပိုင္ပဲကို၊ ဘာေတြစိုးရိမ္ေနတာလဲ"
ရင္းခ်ယ္က ေကာ္လံကို လႊတ္လိုက္ကာ သူ႔ကိုသတိေပးသလို တစ္ခ်က္စိုက္ၾကည့္ၿပီး ေကာ္ဖီဆိုင္ထဲ ျပန္ဝင္သြားတယ္။
ယုန္ကေလးေတြ Heatျဖစ္ရင္ တကယ္ လူကပ္တာပဲ။ က်န႔္ေယာင္ ကိုယ့္ဘာကိုယ္ တစ္ေယာက္တည္း ေတြးမိတယ္ ေန႔တိုင္းသာ heatျဖစ္ေနရင္ ေကာင္းမွာပဲလို႔။
ေန႔တိုင္းေန႔တိုင္း သူ႔ကိုယ္က သူ႔(က်န႔္ေယာင္)ရနံ႔ေတြပဲ ထြက္ေနမယ္၊ မနက္ခင္းအိပ္ယာထလာတိုင္း သူ႔ကိုပဲ ဖက္တြယ္ၿပီး လႊတ္ေပးဖို႔ ျငင္းဆန္ေနမယ္၊ ညေရာက္တိုင္းလည္း သူလုပ္ခ်င္တာေတြ လုပ္ခြင့္ေပးမယ္။
အေရးအႀကီးဆုံးကေတာ့ သူ႔အေပၚ ပိုင္ဆိုင္လိုစိတ္ပဲ၊ သူ႔ၾကည့္ရတာ တစ္ေလာကလုံးကို ဒီ alphaဟာ သူ႔အပိုင္ပါဆိုၿပီး ေအာ္ေျပာခ်င္ေနသလိုမ်ိဳး။
ခ်စ္ဖို႔ေကာင္းခ်က္ကေတာ့ကြာ
က်န႔္ေယာင္မွာ စိတ္ကူးယဥ္ကမၻာထဲ နစ္ျမဳပ္လ်က္ တစ္ဖန္ ေခါင္းကိုငုံ႔ကာ ဖုန္းကိုေပ်ာ္ေပ်ာ္ႀကီး သုံးေနေတာ့တယ္။ ခုနနဲ႔စာရင္ groupထဲမွာ စကားေျပာေနတဲ့ လူေတြ ပိုနည္းသြားတယ္၊ အိမ္စာေတြ က်ဴရွင္ေတြနဲ႔ အလုပ္ရွုပ္ေနတာျဖစ္မယ္လို႔ သူခန႔္မွန္းလိုက္တယ္။
အဲ့ဒါေၾကာင့္ သူစေျပာလိုက္တယ္။
"တစ္ေယာက္ေယာက္ရွိလား?"
ပထမဆုံးေပၚလာတဲ့ သူက က်န္းခဲ့ : "ေယာင္ေကာ?"
က်န႔္ေယာင္ : "တျခားလူေတြေရာ? အနည္းဆုံး ဆယ္ေယာက္ေလာက္"
က်န္းခဲ့ : "ဘာလုပ္မလို႔လဲ အုပ္စုလိုက္ ခ်ၾကမလို႔လား? အခုလိုခ်ိန္က် ငါ့ကို သတိရၿပီေပ့ါ"
ခ်န္ရင္းရင္း : "လူေတြကို နင့္လိုမ်ားမွတ္ေန၊ က်န႔္ေယာင္ လူေတြေခၚၿပီး ဘာလုပ္မလို႔လဲ?"
ေကာက်စ္ရွုန္း : "ရွာေနစရာမ်ားလိုေသးလို႔လား? ဖိုရမ္ကိုသြားၿပီး ပို႔စ္ဘားမွာ ေက်ာင္းနတ္ဘုရားက ျမန္ျမန္လာခဲ့ပါဆိုၿပီး သြားေၾကညာလိုက္၊ ရာေတာင္ခ်ီသြားဦးမယ္"
က်န္းခဲ့ : "မင္းတို႔ေတြ ဝင္မရွည္နဲ႔၊ ေယာင္ေကာေျပာတာသာ အရင္နားေထာင္ၾက၊ လူေတြအမ်ားႀကီးလိုတာဆိုေတာ့ ႀကီးႀကီးမားမား ပြဲတစ္ခုခုပဲျဖစ္ရမယ္"
Class 1က က်န္တဲ့ေက်ာင္းသားေတြမွာလည္း ထိုသို႔ပဲ ေတြးမိၾကတယ္။ က်န႔္ေယာင္ကိုယ္တိုင္ေတာင္မွ လူေတြကို အကူညီလွည့္ေတာင္းရတဲ့ အေျခေနဆိုေတာ့ တကယ္ကို ခက္ခဲၿပီး အေရးႀကီးတဲ့ ကိစၥပဲျဖစ္ရမယ္။
ဒါ့ေၾကာင့္ အားလုံး အလုပ္ရွုပ္ေနတဲ့ လူပဲျဖစ္ျဖစ္ မရွုပ္တဲ့လူပဲျဖစ္ျဖစ္၊ အိမ္စာလုပ္ေနတဲ့လူေတြမွာလည္း အိမ္စာေတြေဘးပစ္ခဲ့ၿပီး group chatကိုသာ အစဥ္တစိုက္ ေစာင့္ၾကည့္ေနၾကတယ္။
"ဒီလိုကြာ"
ဆိုတဲ့ မက္ေဆ့ေလးတစ္ခုတက္လာတယ္။
"အားလုံးကို ေျပာျပခ်င္လို႔၊ အရင္က ငါ့ထိုင္ခုံေဖာ္နဲ႔ ငါနဲ႔ ရန္ျဖစ္ၾကတယ္ဆိုတာ ဟန္ေဆာင္ထားတာ အမွန္ေတာ့ ငါတို႔က အရမ္းခ်စ္ၾကတာ"
"......"
"ဒါေပါ့ ေနာက္ေနာင္လည္း အျမဲတမ္းခ်စ္သြားၾကဦးမွာ"
"ေနာက္လအနည္းငယ္ေလာက္ေနၿပီးရင္ ဘြဲ႕ယူၾကရေတာ့မွာဆိုေတာ့ မင္းတို႔ေတြကို ေနာင္အနာဂတ္မွာက်င္းပမယ့္ ခ်ယ္ခ်ယ္နဲ႔ငါ့ရဲ့ မဂၤလာပြဲအတြက္ ဆုေတာင္းဗီဒီရိုေလးေတြရိုက္ထားေပးဖို႔အတြက္ကို ငါက စိတ္ရင္းအမွန္နဲ႔ ဖိတ္ေခၚတာ"
"........"
"တအားႀကီး ရွည္စရာ မလိုဘူး၊ တစ္ေယာက္ကို ႏွစ္စကၠန႔္ေလာက္ဆိုရၿပီ၊ ရွည္လြန္းရင္ ၿပီးမွာမဟုတ္ေတာ့ဘူး၊ ငါတို႔ကို ဆုေတာင္းေပးမယ့္ လူေတြက အမ်ားႀကီးဆိုေတာ့ေလ၊ စိတ္ေတာ့မရွိပါနဲ႔"
"......"
က်န႔္ေယာင္အေနနဲ႔ ထပ္ၿပီး ဆုေတာင္းစကားအတြက္ အႀကံဉာဏ္ေတြ ထပ္ေပးခ်င္ေပမယ့္ မက္ေဆ့က ထပ္ပို႔လို႔မရေတာ့တာ ေတြ႕လိုက္ရတယ္။
စနစ္ အခ်က္ၿပ : သင္ဟာ group chatကေန ပယ္ထုတ္ခံလိုက္ရပါတယ္
"?"
ဘာလို႔အထုတ္ခံလိုက္ရတဲ့အေၾကာင္း ခ်န္ရင္းရင္းကို ေမးျမန္းဖို႔ ႀကိဳးစားရင္း က်ရွုံးၿပီးတဲ့ေနာက္ေတာ့ ထိုရက္စက္ယုတ္မာတဲ့ေကာင္ေတြအဖြဲ႕ကို က်န႔္ေယာင္ လက္ေလၽွာ့လိုက္ေတာ့တယ္။
ဘာပဲျဖစ္ျဖစ္ေလ သူတို႔ကို ဆုေတာင္းေပးမယ့္လူေတြမွ ေပါလို႔
ဖုန္းကိုအေဝးထားလိုက္ၿပီး ေကာ္ဖီဆိုင္ဆီ အၾကည့္ျပန္ပို႔လိုက္တယ္။ ထိုအၾကည့္တစ္ခ်က္မွာပဲ သူ႔မ်က္လုံးေတြ ေအးခဲသြားေတာ့တယ္။
ဆိုင္ထဲမွာ ရင္းဇယ္က တစ္ရွူးတစ္ရြက္ဆြဲႏွုတ္ကာ မ်က္လုံးမွာဖိကပ္ၿပီး ႏွာေခါင္းကိုရွုပ္လိုက္တယ္။
"ေကာ ေတာင္းပန္ပါတယ္.....ငါတစ္ခ်ိန္လုံးထင္ေနခဲ့တာ တစ္ခ်ိန္လုံး......"
ရင္းခ်ယ္က ဆိုဖာေပၚမွာထိုင္လ်က္ သူ႔ပခုံးကို ပုတ္ေပးေနတယ္။
"ကိစၥမရွိဘူး၊ မင္းဆီကေန ေကာကိုယ္တိုင္ တစ္ခ်ိန္လုံး ဖုံးကြယ္ထားခဲ့တာ၊ ေကာမွားတာပါ"
"ေကာ ငါ့ကို ႏွစ္သိမ့္ေျပာေပးမေနပါနဲ႔၊ ငါကိုက တုံးတာ၊ အဲ့လိုကိစၥမ်ိဳးကို မင္းဘယ္လိုလုပ္ၿပီး လုပ္နိုင္မွာဆိုတာလည္း သိရဲ့သားနဲ႔၊ ငါကိုက ဦးေႏွာက္မရွိတာ၊ ငါ......"
ရင္းဇယ္က သူ႔ခံစားခ်က္ေတြကို မထိန္းခ်ဳပ္နိုင္ေတာ့ပဲ အေရွ႕ကလူကို လွမ္းဖက္လိုက္ေတာ့တယ္။
"ေကာ ငါ့အမွားပါ၊ အခုကစၿပီး ေသခ်ာေပါက္ ေကာစကားကိုပဲ နားေထာင္ေတာ့မယ္၊ ေကာကို ေသခ်ာေပါက္ ကာကြယ္ေပးမယ္"
"အင္းပါ၊ မင္းခုလိုေျပာေတာ့ ေကာတကယ္ဝမ္းသာပါတယ္"
"ငါက ေျပာ႐ုံတင္ေျပာတာမဟုတ္ဘူး လက္ေတြ႕လည္း လုပ္မွာ၊ ေကာ ငါ့ကိုယုံ ဒီေန႔ကစၿပီး ငါ--"
"ဒုန္း!"
ဆိုင္ကမွန္နံရံမွာ တုန္ခါသြားတယ္။
ရင္းဇယ္မွာ ဘာျဖစ္မွန္းမသိ လွည့္ၾကည့္လိုက္ေတာ့ မွန္ရဲ့အျပင္ဘက္မွာ ကပ္ေနတဲ့ လူတစ္ေယာက္၊ ေၾကာက္မက္ဖြယ္ အျပဳံးႀကီးနဲ႔ သူ႔ကို ရက္ရက္စက္စက္ စိုက္ၾကည့္ေနၿပီး ပါးစပ္လွုပ္ကာေျပာလာတယ္။
"လက္ ကို လႊတ္ လိုက္"
ရင္းဇယ္ : "....."
ရင္းခ်ယ္ : "......"
ျဖတ္သြားတဲ့ ေစ်းဝယ္ေတြကေတာ့ အထဲက ေကာင္ေလးႏွစ္ေယာက္ရယ္ အျပင္က ေကာင္ေလးရယ္ကို အထူးတဆန္းၾကည့္သြားၾကတယ္။
"ေကာကို တစ္ခုေျပာစရာရွိတယ္"
ရင္းဇယ္က မ်က္ရည္ေတြကို သုတ္ရင္း
"ေကာနဲ႔ငါက ျပန္ေျပလည္သြားၿပီဆိုေပမယ့္ ေကာေကာင္ေလးနဲ႔ငါကေတာ့ ဒီဘဝေတာ့ တစ္သက္လုံး ရန္သူေတြပဲ ျဖစ္ေနေတာ့မွာ"
"....အင္း နားလည္ပါတယ္"
.......