The Villain Dressed As a Litt...
By Mimosa2002
90.1K 15.5K 447
Original Author -狩心( ShòuXīn) Status -Completed Total episodes -51+Extra5 Start Date -31.8.2022 End Date - U... More
Description
Chapter 1
Chapter 2
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16 (Thadingyut Surprise)
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
ဟီးဟီး
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
တောင်းပန်စာ
Chapter 36
Chapter 37.1
Chapter 37.2
Chapter 38.1
Chapter -38.2
Chapter 39
Chapter -40.1
Chapter -40.2
Chapter -41.1
Chapter -41.2
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter - 46
Chapter 3
2.2K 440 1
By Mimosa2002
  လင်ရှီးထူးဆန်းနေသည်ဟု ခံစားနေရသည်။ သူဘာမှမတတ်နိုင်ပေမယ့်ထူးဆန်းတယ်လို့ ခံစားနေရတုန်းပဲ။ လင်ရှီးပတ်ဝန်းကျင်ကကြောင်တက်တက်ဖြစ်နေသည့်ရေသူတွေ‌ကိုကြည့်ပြီး သူတို့ဘာတွေကိုအံ့ဩနေတာလဲဆိုတာသိဖို့ အချိန်ခဏယူလိုက်ရသည်။ ဒီကမ္ဘာကိုသူရောက်တာ တစ်လကျော်ပြီဖြစ်သည်။ ငါးကန်ထဲမှာမှန်မရှိ‌တာကြောင့် လင်ရှီးတစ်ခါတစ်ရံသူ့မျက်နှာကို ဖန်နံရံထဲမှာပဲတွေ့နိုင်သည်။ (မှန်မဟုတ်ပဲ ဖန်ထဲမှာဝါးဝါးလေးအရိပ်ထင်တာ)
မူလပိုင်ရှင်မျက်နှာက တကယ်အဆင်ပြေသည်ဆိုတာကို‌ငြင်းလို့မရပေ။ ဒါပေမယ့်သူ့မျက်နှာပဲဖြစ်သွားလို့လားမသိ လင်ရှီးခံစားလို့မရပေ။
   ဒါကြောင့်ဆိုင်မှာရှိနေတဲ့ရေသူလေးရဲ့အလှတရားသည် သူနဲ့မတူနိုင်ဟု လင်ရှီးယူဆလိုက်၏။  သူဖန်နံရံကိုပြုံး၍ကြည့်လိုက်သည်။ သူ့အထင်တော့ဘေးကန်ကအညိုရောင်ရေသူလေးလောက် ကြည့်မကောင်းဘူးထင်တာပဲ။ သူရုတ်တရက်တိတ်ဆိတ်သွားတဲ့ ရေသူတွေကိုလျစ်လျူရှုလိုက်သည်။ သူတို့ကနေ့တိုင်းဘာမှမလုပ်ပဲ ငါးကန်ထဲ၌သာနေပြီး သူတို့က်ိုဧည့်သည်တွေလာဝယ်ကြမှာကိုသာစောင့်ကြသည်။ အချိန်တစ်ချို့ကြာပြီးနောက် လင်ရှီးရေအောက်သို့ငုပ်လျှိုးသွားလိုက်၏။ လင်ရှီးမျက်လုံးများမှိတ်ထားကာ လှုပ်ယမ်းနေတဲ့သူ့အမြီးလေးလည်း ရပ်တန့်သွားသည်။ တခြားရေသူများ၏ မျက်လုံးထဲတွင်တော့လင်ရှီး ငြိမ်သက်သွားသည်ဟုတွေးနေပေလိမ့်မည်။ တကယ်တော့လင်ရှီးက သူထွက်ပြေးမည့်အစီအစဉ်ကိုတွေးနေခြင်းဖြစ်သည်။
   ဆိုင်သို့လာတဲ့ဝယ်သူကို တိုက်ခိုက်ဖို့အစွယ်ထုတ်ပြလိုက်တဲ့ အစောပိုင်းအဖြစ်အပျက်အရ ဆိုင်ရှင်ကသူ့ရဲ့စည်းကျော်မှုကို လုံးဝခွင့်လွှတ်ပေးမည်မဟုတ်မှန်း သူသိသည်။ လင်ရှီး၏ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်မှုသည်မြင့်မားသည်။ သူ့အစားတခြားရေသူလေးသာ သံကြိုးဖြင့်ချည်နှောင်ခံရပြီး ထိုကဲ့သို့ဖန်နံရံနှင့်အရိုက်ခံရပါက အလွန်ထိတ်လန့်သွားမည်ဖြစ်သည်။ ထိခိုက်မှုပင်ဖြစ်နိုင်သည်။
  လင်ရှီးသိသည်။ ဒီနေ့သို့မဟုတ်မနက်ဖြန် သူ့ကိုချုပ်ထားသည့် ဒီဆိုင်ကနေထွက်ပြေးမှရမည်ဆိုတာ။ ညာဘက်ရှိဖန်နံရံကိုအည်ုရောင်ရေသူလေးက အကြိမ်များစွာပုတ်နေသည်။ အညိုရောင်ရေသူလေးက သူ့ကိုစကားပြောချင်နေသည်ဆိုတာကိုသိသော်လည်း လင်ရှီးသူ့မျက်လုံးများကိုမှိတ်ထားပြီး ရေသူလေးကိုလျစ်လျူရှုလိုက်သည်။
    ဒီအချိန်အတောအတွင်းမှာသူ ရေသူလေးအတွက်ခံစားချက်အချို့ရှိတယ်ဆိုတာမငြင်းနိုင်ပေ။ ထွက်ပြေးမယ့်လမ်းသည်အန္တရာယ်အပြည့်နှင့်ဖြစ်သည်။ သူကရေသူလေးနှင့်ကွာခြားသည်။ ရေသူဖြစ်တယ်ဆိုတဲ့အချက်ကိုထည့်မတွက်လျှင်တောင် သူ့ရဲ့တခြားအချက်မှာ ခေတ်သစ်မြို့ပြစာအုပ်တစ်အုပ်ထဲမှဗီလိန်ဖြစ်သည်။ ဒါတွေကိုဘယ်လိုသိလဲဆိုလျှင် ဇာတ်လမ်းရဲ့အဆုံးမှာသူ့ဇာတ်ကွက်တွေပြီးဆုံးသွားတာကြောင့်ဟု ပြောလို့ရသည်။ လင်ရှီးရဲဖမ်းခံ‌ရပြီးထောင်ထဲတွင် တစ်သက်လုံးမနေရစေရန်လုပ်ဆောင်ခဲ့၏။ သူ့အိမ်မှာသေနတ်နှင့်ကိုယ့်ကိုယ်ကိုပစ်ကာသတ်သေလိုက်သည်။ သူသေပြီးနောက် အကြောင်းပြချက်မသိရပဲ လင်ရှီး၏အသိစိတ်များနိုးထလာပြီး သူနေခဲ့သည့်ကမ္ဘာဟာအစစ်မဟုတ်ပဲ တစ်စုံတစ်ယောက်ကရေးထားသည့်ဝတ္ထုတစ်ပုဒ်သာဖြစ်ကြောင်းရှာတွေ့ခဲ့၏။
  သူ့ဝိဉာဉ်က‌မီးခိုးရောင်လေဟာပြင်ထဲ အချိန်အတော်ကြာအောင်မျောလွင့်နေခဲ့သည်။ ဘယ်လောက်ကြာသွားလဲဆိုတာတောင်သူမသိခဲ့ပေ။ ရုတ်တရက်‌သူ့ခြေထောက်အောက်မှ ကြီးမားသည့်ဆွဲအားတစ်ခုပေါ်ပေါက်လာခဲ့သည်။ အချိန်ခဏ‌လောက် လောကကြီးချာချာလည်သွားပြီး လင်ရှီးနောက်တစ်ကြိမ်မျက်လုံးဖွင့်လိုက်သည့်အခါ နည်းပညာများမြင့်မားကာ အလွန်ဖွံ့ဖြိုးတိုးတက်နေသည့် ဒီကမ္ဘာကြီးဆီသို့ ရောက်ရှိလာခဲ့သည်။ ဤကမ္ဘာကြီးတွင် လင်ရှီးအရင်ကမမြင်ဖူးသည့် မျိုးစိတ်များစွာရှိနေပြီး လူသားများကမျိုးနွယ်စုအားလုံးရဲ့အထက်မှာရှိနေသည်ကတော့မပြောင်းလဲပေ။
  လူသားတစ်ခါဖြစ်ခဲ့ဖူးပြီး ဗီလိန်တစ်ယောက်အနေနဲ့လင်ရှီးဟာ လူတွေကရေသူများကိုရောင်းချခြင်း၊ ဝယ်ယူခြင်းအပေါ်ထင်မြင်ချက်များများစားစားမရှိပါချေ။ ရေသူများဘာပဲဖြစ်ဖြစ် လင်ရှီးကအခုအချိန်မှာရေသူဖြစ်နေပေမယ့် သူကလူသားတစ်ယောက်ဖြစ်တယ်ဆိုတာအရိုးထဲထိမှတ်ယူနေတုန်းဖြစ်သည်။
  သူ့ရဲ့အတွေးတွေက အတိုင်းအတာတစ်ခုအထိ ယခင်ကဗီလိန်အတိုင်းဆက်ရှိနေသည်။ အတိတ်မှာသူဘာဖြစ်ခဲ့တယ်ဆိုတာ လင်ရှီးသိနေရင်တောင်အဲ့တာက သတ်မှတ်ထားတာဖြစ်သည်။ ဘယ်လောက်ပဲသတ်မှတ်ထားပါစေ သူ့ရဲ့စိတ်နှင့်ဝိဉာဉ်ကလွတ်လပ်နေဆဲပင်။
(သူအရင်ကဖြစ်ခဲ့တာတွေကကံကြမ္မာကသတ်မှတ်ထားတာလို့ဆိုလိုချင်တာ)
  သူအရင်ကဇာတ်ကွက်ရဲ့ထိန်းချုပ်မှုကိုခံရဖူးသည်။ ဒါပေမယ့်အခုတော့မဟုတ်တော့ဘူး။ ရေအောက်ထဲမြုပ်နေတဲ့လင်ရှီးက မျက်လုံးများကိုဆတ်ခနဲဖွင့်လိုက်သည်။ ညအမှောင်ထက်နက်တဲ့သူ့မျက်လုံးတွေထဲအလင်းတစ်ချက်ဖြတ်ပြေးသွားသည်။ သူ့ကံကြမ္မာကိုအစကနေအဆုံးထိ သူတစ်ယောက်ပဲထိန်းချုပ်မည်။ သူထွက်ပြေးဖို့အချိန်ရောက်ပြီ။ ဒီညပဲ...။
   ရေသူအရောင်းဆိုင်က နေ့ခင်းဘက်သာဖွင့်ပြီးညအခါ၌ပိတ်သည်။ ထို့နောက်ဆိုင်ပိုင်ရှင်က အိမ်သို့ပြန်လေ့ရှိသည်။ ပိုင်ရှင်ကဆိုင်မှာမနေပေ။ ဒီရက်တွေမှာလင်ရှီး အချက်အလက်တွေကိုစုဆောင်းနေခြင်းဖြစ်သည်။ တစ်ခါတစ်ရံသူဌေးကဆိုင်ထဲ၌ ဖုန်းပြောတတ်သည်။ စကားဝိုင်းတွင်လျှို့ဝှက်ချက်များမပါသရွေ့ သူဌေးကရေသူများကိုရှောင်မှာမဟုတ်ပေ။ သူဌေးဆိုင်မှာမနေသည့်အကြောင်းကို လင်ရှီးနားလည်ဖို့မခက်ပါချေ။ ညဘက်တွင်ရေသူများကိုစောင့်ရှောက်ဖို့ ဆိုင်ထဲ၌စက်ရုပ်နှစ်ရုပ်ရှိသည်။ စက်ရုပ်များတွင် အပြောင်းအလဲခလုတ်များ ရှိတာကိုလင်ရှီးဂရုတစိုက်ရှာဖွေခဲ့သည်။
  စောင့်ကြည့်ရေးစက်ရုပ်များလက်ထဲမှ ထွက်ပြေးခြင်းက လင်ရှီးလိုဗီလိန်ဟောင်းတစ်ယောက်အတွက် လွယ်ကူလှသည်။ အရေးကြီးဆုံးက သူ့ခြေချင်းဝတ်နားကရေသူတွေရဲ့လှုပ်ရှားမှုတွေကို ကန့်သတ်ထားသည့် အရာဖြစ်၏။ ခြေချင်းဝတ်ကကွင်းကို ဖယ်နိုင်လျှင်ထွက်ပြေးမယ့်အကြံက တစ်ဝက်လောက်အောင်မြင်နေပြီဖြစ်သည်။
  ရေသူအများစုက သူတို့တွေကလူတွေထက်နိမ့်ကျစွာမွေးလာပြီး သူတို့ရဲ့လူနေမှုပုံစံကနိမ့်ကျတယ်လို့ယူဆထားတာကြောင့် ရေသူတွေထွက်ပြေးတဲ့အဖြစ်အပျက်မျိုး ဆိုင်ကတစ်ခါမှမကြုံဖူးပေ။ ထိုအချက်ကြောင့် ဆိုင်တစ်ခုလုံး၏လုံခြုံရေးကို တင်းကြပ်ထားခြင်းမရှိချေ။ ရေသူများကိုထိန်းချုပ်ထားဖို့အတွက်ကတော့ အဲ့တာကရေသူများရဲ့အမြီးကသံကွင်းဖြစ်သည်။ အပြင်၌မှောင်လာပေပြီ။ ဒီနေ့ဆိုင်ကိုလာတဲ့ဧည့်သည်သိပ်မများပေ။ လာတဲ့သူမများလျှင်တောင် သူဌေးကပိုက်ဆံအတော်ရနေဆဲပါပဲ။ အနီရောင်ရေသူလေး၏ရောင်းဈေးတစ်ခုထဲနှင့်ပင် ပုံမှန်နေ့စဥ်ဝင်ငွေနှင့်ညီမျှသည်။ သူဌေးစိတ်ခံစား‌ချက်တွေကောင်းနေ၏။ ထို့ကြောင့်သူဆိုင်စောစောပိတ်၍ သူငယ်ချင်းတစ်ယောက်နှင့်သွားသောက်ဖို့စီစဉ်ထားသည်။
  သူဌေးကစက်ရုပ်ကိုသန့်ရှင်းရေးလုပ်ဖို့ အမိန့်ပေးလိုက်ပြီး တစ်ခုခုယူဖို့အနောက်သို့ဝင်သွားသည်။ ဝင်သွားပြီးခဏအကြာ၌ တံခါးဘဲလ်ကရုတ်တရက်မြည်သွားပြီး ဝယ်သူအသစ်ဆိုင်ထဲသို့ဝင်လာသည်။ အဲ့ဒီအချိန်မှာပဲ သူဌေးကဖုန်းကောလ်တစ်ခုကိုဖြေနေရပြီး တံခါးဘဲလ်အသံကိုမကြားလိုက်ပေ။ စီနီယာဖက်ဒရယ်ယူနီဖောင်းဝတ်စစ်သားတွေက ဆိုင်တံခါးကိုတွန်းပြီး လျှောက်ဝင်လာသည်။
  အရှေ့တွင်လူနှစ်ယောက်လမ်းလျှောက်လာနေ၏။ ဘယ်ဘက်ရှိဒုဗိုလ်လေးအဆောင်အယောင်နှင့်မျက်မှန်တပ်ထားသည့်အရာရှိကဆိုင်ထဲဝင်လာပြီး သူ့နှုတ်ခမ်းထောင့်တွင်
နက်ရှိုင်းသည့်အပြုံးသေးသေးလေးတစ်ခုရှိနေသည်။ သူ့ရဲ့ဘေးမှလူကတော့ချောမောပြတ်သားသည့်မျက်နှာကို ဝင်ရိုးစွန်းရှိရေခဲကဲ့သို့အေးစက်လှသောအမူအယာဖြင့်လွှမ်းခြုံထားသည့် အရာရှိတစ်ဦးဖြစ်သည်။သူ့ပုခုံးရှိအဆောင်အယောင်သည် ဒုဗိုလ်မှူးကြီးအဆင့်ဖြစ်သည်။
  သူ့ခြေထောက်အောက်ကနေရာမှာ အင်ပါယာရှိသာမန်ရေသူအရောင်းဆိုင်ဖြစ်သော်လည်း ငွေရောင်ဆံပင်နှင့်အရာရှိ၏တည်ငြိမ်တဲ့အမူအရာက တပ်မတော်ဌာနချုပ်‌တွင် အစည်းအဝေးတက်နေပုံနှင့်တူသည်။ အရာရှိများနောက်တွင် သေနတ်ကိုင်ဆောင်ထားသော စစ်သားနှစ်ယောက်လိုက်ပါလာသည်။
  စစ်သားများဆိုင်ထဲသို့ရောက်လာသောအခါတွင် သူတို့(စစ်သားတွေ)အနည်းငယ်အံ့ဩသွားသည်။ ဒါပေမယ့်သူတွေတွေက သူတို့ရဲ့စိတ်ခံစားမှုများကိုထိန်းချုပ်နိုင်စွမ်းရှိသူများဖြစ်သည်။ သူတို့သည်ယောက်ျား၊ မိန်းမတင်မကမည်သည့်အရာများနှင့်မှမနီးစပ်ခဲ့ပေ။ လူသားများသာမကတခြားသတ္တဝါများကိုလည်းနှစ်ခါပြန်မကြည့်တဲ့ ဒုဗိုလ်မှူးကြီးက ယနေ့ရေသူဆိုင်ကိုရောက်လာပြီး ရေသူဝယ်ဖို့စီစဉ်ထားတယ်တဲ့။ စစ်သားတွေကအလွန်အံ့ဩပြီးသိချင်နေပေမယ့် သူတို့အားလုံးတပ်မှူးတွေနောက်ကိုတိတ်တဆိတ်သာလိုက်သွားသည်။
   "ရှောင်းရှောင်းရာ မင်းဘာလို့တင်းမာနေတာလဲ၊ မလာခင်တုန်းကငါမင်းကိုမပြောထားဘူးလား၊ ဆိုင်ရောက်တဲ့အခါမင်းပြုံးရမယ်လို့၊ ကောင်းပြီ မင်းမပြုံးဘူးဆိုတာငါသိတယ်၊ မင်းမပြုံးလဲရတယ်၊ အနည်းဆုံးတော့အေးစက်မနေပါနဲ့၊ မင်းကရေသူလေးတွေကို ခြောက်လှန့်သွားမိလိမ့်မယ်ဆိုတာတော့သိထားရမယ်၊ မင်းကရေသူငယ်လေးတွေတုန်လှုပ်နေတာကို မြင်ချင်နေတာလား"  ဒုဗိုလ်လေးကသူ့ခေါင်းကိုလှည့်လိုက်ပြီး သူ့မျက်လုံးများကအပြုံးများနှင့်ပြည့်နေသည်။
  သူ့စကားတွေကအထက်လူကြီးအတွက်တွေးပေးနေတယ်လို့ထင်ရပေမယ့် အနီးကပ်ကြည့်လျှင်သူ့မျက်လုံးအောက်ခြေမှ မြေခွေးကဲ့သို့ကောက်ကျစ်မှုတစ်ချို့ကိုတွေ့ရလိမ့်မည်*။ ရှဲ့ဟုန်မင်ဒီမြင်ကွင်းကို သူ့နှလုံးသားထဲထိတကယ်ပဲမြင်ချင်မိသည်။ သူ့ရဲ့အထက်လူကြီးတဖြစ်လည်း အတန်းဖော်ဖြစ်ခဲ့သည့်ချင်ရှောင်းမှာ ချစ်စရာရေသူလေးတစ်အုပ်နှင့်မျက်နှာချင်းဆိုင်နေပြီး ရေသူလေးတွေပြေးပုန်းကြသည့်မြင်ကွင်းကို တကယ်မြင်ချင်သည်။
  ဒီကိုလာဖို့ချင်ရှောင်းအစပျိုးတာမဟုတ်ပေ။ သူရှဲ့ဟုန်မင်ကိုအလောင်းအစားရှုံးသွားသောကြောင့်ဖြစ်သည်။ ရှဲ့ဟုန်မင်က‌ ရေသူတစ်ကောင်ဝယ်ပြီးချင်ရှောင်းကို မွေးမြူရမည်ဟုတောင်းဆိုခဲ့သည်။ သူငယ်ချင်းလဲဖြစ် အထက်လူကြီးလဲဖြစ်သည့်ချင်ရှောင်းမှာ ရှဲ့ဟုန်မင်သူ(ချင်ရှောင်း)နှင့်စသိကတည်းက သူ့ပတ်ဝန်းကျင်မှာသူ(ရှဲ့ဟုန်မင်)တို့ကလွဲလျှင် ချစ်ရသူမပြောနှင့်အိမ်မွေးတိရစ္ဆာန်တောင်မရှိပေ။
  ရှဲ့ဟုန်မင်သူ့သူငယ်ချင်း၏အနာဂတ်ကို အလွန်ပူပန်နေရ၏။ သူ့သူငယ်ချင်းဟာ သူ့ရဲ့အဖိုးတန်အချိန်တွေကို အချစ်မှာဖြုန်းတီးတတ်သူမ‌ဟုတ်ကြောင်းလဲသူသိသည်။ ချင်ရှောင်းကခံစားချက်တစ်ခုမွေးမြူမယ်ဆိုတာလုဲးဝမဖြစ်နိုင်တဲ့အရာပင်။ သဘောတူညီချက်လုပ်ပြီးနောက်ရှဲ့ဟုန်မင်ရေသူတစ်ကောင်၏တည်ရှိမှုကိုတွေးမိလိုက်သည်။ ပိုက်ဆံနည်းနည်းသုံးပြီးအဲ့တာကို အိမ်ကိုဝယ်လိုက်မယ်။ ငါးကန်လေးပေးပြီးနေ့တိုင်းအစာကျွေးမယ် ပြီးရင်ရေသူလေးကသူ့ရဲ့ပိုင်ရှင်ကို ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့စိတ်ကျေနပ်စေမယ်။
  ပြီးတော့ရေသူတွေကလူသားတွေရဲ့ဘာသာစကားကိုပြောနိုင်သည်။ ရေသူလေးတွေကိုအိမ်မှာမွေးမြူတာက ယနေ့ခေတ်လူတွေရဲ့‌ ပျော်ရွှင်ခြင်းနည်းလမ်းတစ်မျိုးဟုပြောလို့ရသည်။ ရေသူလေးတွေက ချစ်စရာကောင်းပြီးနှစ်သက်ဖွယ်ပင်။ ပြီးတော့သူတို့လေးတွေက သဘာဝအတိုင်းလှပြီး လူသားတွေရဲ့သာမန်ဘဝကိုပျော်ရွှင်မှုတွေအများကြီးသယ်ဆောင်လာပေးသည်။
  ချင်ရှောင်းအတွက်ရေသူဝယ်ပေးခြင်းနဲ့ပတ်သက်ပြီး ရှဲ့ဟုန်မင်စဉ်းတောင်စဉ်းစားပြီးပြီဖြစ်သည်။ အကယ်၍ချင်ရှောင်းမှာရေသူလေးကို အစာကျွေးဖို့အချိန်မရှိလျှင် တစ်ယောက်ယောက်ကိုလွှတ်လိုက်ပြီး ရေသူလေးကိုဂရုစိုက်ခိုင်းမည်။ ချင်ရှောင်းလုပ်ဖို့လိုအပ်တာက ရေသူလေးကသယ်‌ဆောင်လာတဲ့ ပျော်ရွှင်မှုတွေကိုခံစားဖို့ပင်။
  ဤဆိုင်ကရှဲ့ဟုန်မင်အင်တာနက်မှာရှာတွေ့ထားတဲ့ ဝန်ဆောင်မှုနှင့်ဂုဏ်သတင်းအကောင်းဆုံးဆိုင်ပင်ဖြစ်သည်။ ဒီဆိုင်မှာရှိတဲ့ အရည်သွေးကောင်းသည့်ရေသူလေးတွေရဲ့ပုံများကိုအင်တာနက်ပေါ်တွင်တင်ထားသည်။ ရှဲ့ဟုန်မင် မီးတောက်နီရောင်အမြီးရှိသည့်ရေသူလေးကိုဝယ်ယူဖို့ တွေးထားပြီးဖြစ်သည်။ ရေသူလေးကဆွဲဆောင်မှုရှိပြီးလှပသည်။ တဟုန်းဟုန်းတောက်လောင်နေတဲ့မီးလိုပဲ။ သူ့ရဲ့အတွေးအရဆို အနီရောင်ရေသူလေးကသာချင်ရှောင်းနှင့်အသင့်တော်ဆုံးဖြစ်ပင်။
  ဒါပေမယ့်အရေးကြီးတာကချင်ရှောင်းကြိုက်မကြိုက်ပဲဖြစ်သည်။ ဒါကြောင့်သူအွန်လိုင်းကနေချက်ချင်း အော်ဒါမတင်ခဲ့ပေ။ လူတွေဆိုင်ထဲဝင်လာသည့်အခါစက်ရုပ်ကနှုတ်ဆက်ဖို့လာခဲ့သည်။ ယခုအချိန်တွင်ဆိုင်ပိုင်ရှင်က အဝေးသို့ရောက်နေပုံပေါ်သော်လည်းထိုလေးယောက်ကရပ်တန့်မသွားခဲ့ချေ။ ဆိုင်ထဲသို့ဝင်လာပြီးနောက်သူတို့ကအထဲသို့ဆက်ဝင်သွားသည်။ အတွင်းတံခါးကိုဆွဲဖွင့်ပြီး သန့်ရှင်းတဲ့ရေတွေနဲ့ဖြည့်ထားသည့်ငါးကန်အမြောက်အများက ရှဲ့ဟုန်မင်ရဲ့အာရုံကိုချက်ချင်းဆွဲဆောင်သွားသည်။
   ငါးကန်တိုင်းမှာရေသူတစ်ကောင်စီရှိ၏။ ရေသူများ၏အမြီးများသည်အရောင်စုံပြီးလှပ၏။ ကြည့်ရတာဘုရားသခင်သည် ရေသူမျိုးစိတ်တွေကိုအလွန်သဘောကျပုံရသည်။ သူတို့ကိုလူတွေထက်ပိုလှပသည့်မျက်နှာလေးများပေးသနားထားသည်။
  ဆိုင်ကအလွန်တိတ်ဆိတ်နေပြီး ရေသူများကလည်းအနားယူနေကြ၏။ ရေသူတွေတစ်ယောက်ပြီးတစ်ယောက် ငါးကန်ထဲမှာမျောနေပြီး လှပတဲ့အမြီးတွေကယိမ်းနွဲ့နေကာ သေးငယ်တဲ့စက်ဝိုင်းပုံရေလှိုင်းလေးများက်ိုဖြစ်ပေါ်လာစေသည်။ ရှဲ့ဟုန်မင်ရေသူတွေကိုမြင်တဲ့အခါ ချက်ချင်းပင်သူ့ကိုယ်သူအတွက်ဝယ်ချင်သွား၏။ သူခေါင်းကိုလှည့်ပြီးချင်ရှောင်းကိုကြည့်လိုက်သည်။ သူထင်ယောင်ထင်မှားဖြစ်နေခြင်းမဟုတ်ပေ။ ဆိုင်ထဲဝင်လာပြီးနောက် ချင်ရှောင်းရဲ့မျက်နှာက ယာဉ်ပျံထဲမှာရှိနေတုန်းကထက် ပို၍အေးစက်နေသည်။ ရှဲ့ဟုန်မင်နှလုံးသားထဲမှသက်ပြင်းချလိုက်သည်။ ချင်ရှောင်းရဲ့ဒီလိုပုံစံမျိုးနဲ့ ဘယ်ရေသူကများသူနဲ့လိုက်ချင်မှာလဲ။
   "သဘောတူညီမှုအရဆို တကယ်လို့မင်းကြိုက်တာမတွေ့ရင် ငါမင်းအတွက်ကြုံရာတစ်ကောင်ဝယ်ပေးမှာနော်"
ဒီတစ်ခုကိုမရွေးနိုင်ခဲ့လျှင် နောက်တစ်ခုပြောင်းရင်ကောင်းလိမ့်မယ်လို့ ရှဲ့ဟုန်မင်မထင်ပေ။ သူ သူ့သူငယ်ချင်း၏စရိုက်ကိုသိသည်။ ရေသူမွေးမြူခြင်းက ချင်ရှောင်းအတွက်ဒုက္ခတစ်မျိုးပဲဖြစ်သည်။
   ဆိုင်ပိတ်တော့မည်ဟုပြင်လိုက်ပေမယ့် နောက်ထပ်ဝယ်သူရောက်လာခဲ့သည်။ တစ်ယောက်တောင်မဟုတ်ဘူး လေးယောက်တောင်။ ထိုလူလေးယောက်က ယူနီဖောင်းဝတ်ထားပြီးခေါင်းဆောင်နှစ်ယောက်၏အင်္ကျီတွင်ဆင်ယင်ထားသောအဆောင်အယောင်များက နောက်ကနှစ်ယောက်နှင့်မတူပေ။ တစ်ယောက်၏မျက်နှာတွင်အပြုံးနုနုလေများရှိနေပြီး နောက်တစ်ယောက်ကတော့......
  ရေသူလေးတွေချင်ရှောင်း၏ အေးစက်နေတဲ့မျက်နှာကိုမြင်ပြီး ချက်ချင်းပင်ထိုအအေးဓာတ်တို့ကြောင့်တုန်လှုပ်သွားကြသည်။ တစ်ချိန်ထဲမှာပဲဇီဝဗီဇက ရေသူများအားသူတွေရဲ့ခေါင်းတွေကိုရေထဲသို့ငုံ့စေလိုက်သည်။ ငါးကန်ထဲကရေသူများရဲ့အမြီးတွေက လျင်လျင်မြန်မြန်လှုပ်ခတ်သွားပြီး ရေပေါ်မှာမျောနေတဲ့ရေသူတွေကလည်းသူတို့ရဲ့ခေါင်းတွေကိုလှည့်ကာရောက်အောက်ထဲ၌ဖွက်ထားလိုက်ကြသည်။ ရေသူများကချင်ရှောင်းရဲ့ဖိအားကိုခံစားလိုက်ရပြီး အဲ့ဒီလူလေးယောက်ဆီမှ သွေးနံ့ကိုရလိုက်၏။ ဒီလူတွေရဲ့လက်မှာသွေးတွေစွန်းနေတယ်။ အကျိုးကျေးဇူးတွေသာရှာပြီး အန္တရာယ်ကိုရှောင်ရှားစေတဲ့သဘာဝက ရေသူတွေကိုချင်ရှောင်းရဲ့မြင်ကွင်းကနေရှောင်ရှားဖို့ပထမဆုံး ပုန်းအောင်းစေသည်။
  "ဒီလိုဖြစ်မယ်ဆိုတာငါသိသားပဲ။" စစ်မြေပြင်မှာရန်သူတွေဝိုင်းနေလျှင်တောင် ရှဲ့ဟုန်မင်ဒီလောက်စိတ်ပျက်မိမှာမဟုတ်ပေ။
  "ငါရွေးလိုက်တာပိုကောင်းမယ်လို့ထင်တယ်"
ချင်ရှောင်းရွေးချယ်မှာကိုစောင့်ဆိုင်းနေတဲ့‌ရှဲ့ဟုန်မင်က ချင်ရှောင်းအခုချက်ချင်းဆိုင်ကထွက်သွားချင်နေတယ်ဆိုတာကိုယုံကြည်သည်။ ရှဲ့ဟုန်မင်အရှေ့ကိုလျှောက်သွားလိုက်သည်။
  ရေသူတွေအကုန်လုံးက ပုန်းအောင်းနေကြပြီး သူတို့ထွက်ပေါ်လာတာကိုမြင်ရဖို့တောင်မလွယ်ချေ။ သို့ပေမယ့် ငါးအမြီးတွေရဲ့အရောင်ကခွဲခြားရန်လွယ်ကူစေသည်။ ရှဲ့ဟုန်မင်ပတ်ပတ်လည်ကိုလိုက်ရှာလိုက်သော်လည်း အနီရောင်အမြီးကိုမတွေ့ပါချေ။ ထိုအချိန်တွင်သူငါးကန်အောက်ခြေမှာရှိနေတဲ့ အနက်ရောင်အမြီးနှင့်ရေသူလေးကိုတွေ့လိုက်ရ၏။ ရေသူလေးကမျက်လုံးမှိတ်နေပြီး အိပ်ပျော်နေပုံရသည်။ ရေကအသံလုံတာကြောင့် အနက်ရောင်အမြီးနှင့်ရေသူလေးက အပြင်ကအခြေအနေကိုသတိမထားမိပေ။ အနက်ရောင်ကိုရှဲ့ဟုန်မင်သိပ်မကြိုက်။ သူချင်ရှောင်းကိုနားလည်ထားသလောက်တော့ ချင်ရှောင်းလည်းကြိုက်မည်ဟုမထင်ပေ။ ထို့ကြောင့်သူနှစ်စက္ကန့်လောက်စိုက်ကြည့်ပြီး ပြန်လှည့်ထွက်သွားလိုက်သည်။
  ထိုအချိန်မှာပဲ သူဌေးကတံခါးမှထွက်လာသည်။ သူထွက်လာသည့်အခါ ဖက်ဒရယ်စစ်တပ်ဝတ်စုံဝတ်ထားသည့်လူလေးယောက် ရုတ်တရက်ဆိုင်ထဲမှာပေါ်လာတာကိုမြင်လိုက်ရ၏။ အထူးသဖြင့် သိသိသာသာအရာရှိဝတ်စုံဖြင့် လူနှစ်ယောက်ကိုမြင်တဲ့အခါ သူဌေးသည်ခဏလောက်ရှော့ခ်ရ‌သွားသော်လည်းချက်ချင်းပင်‌ အပြုံးများကိုဖောဖောသီသီပေး၍ကြိုဆိုလိုက်သည်။
  "မလာခင်က အင်တာနက်မှာ ခင်များဆိုင်ကအနီရောင်ရေသူလေးကိုတွေ့လိုက်တယ်၊ အခုဘာလို့ဒီမှာမရှိတော့တာလဲ"ရှဲ့ဟုန်မင် လမ်းလျှောက်ရင်းမေးလိုက်သည်။
  "သူ့ကိုဒီမနက်ကတင် ဝယ်သွားတာ" ရှဲ့ဟုန်မင်ပြုံးနေပေမယ့် သူ့တစ်ကိုယ်လုံးကလူတွေကိုဖိအားပေးမှုတွေနှင့်ပြည့်နေပြီး သူဌေးကတောင်းပန်တဲ့အပြုံးလေးနှင့်ပြောလာသည်။
  "ဘယ်လိုတောင်မြန်တာလဲ၊ ကျွန်တော်ကဒီဆိုင်မှာ‌ရှိနေတယ် ထင်ခဲ့တာ...."
ရှဲ့ဟုန်မင်ဝမ်းနည်းစွာသက်ပြင်းချလိုက်သည်။
တံခါးမှာရပ်နေတဲ့ချင်ရှောင်းက ပုံမှန်မဟုတ်တာ တစ်ခုခုကိုမြင်လိုက်ပုံပေါ်သည်။ ရုတ်တရက်သူ့ခြေထောက်တွေကိုမလိုက်ပြီး ရှဲ့ဟုန်မင်ကိုကျော်ကာ ဆိုင်ထဲကငါးကန်တစ်ကန်ရှေ့လျှောက်သွားလိုက်သည်။ ငါးကန်ထဲတွင်အနက်ရောင်အမြီးကရေထဲမှထွက်လာပြီး ရေပွက်များထသွားကာ ရေစက်လေးများဖြာကျလာသည်။ ရေထဲမှာမြုပ်နေသည့်ရေသူလေးလဲထွက်ပေါ်လာသည်။ လင်ရှီးမျက်လုံးမှိတ်ပြီး ညဘက်ထွက်ပြေးဖို့အကောင်အထည်ဖော်မဲ့ အဆင့်တွေကိုစဉ်းစားနေတာကြောင့် အပြင်မှာဘာတွေဖြစ်နေလဲဆိုတာကိုသတိမထားမိပေ။
   လင်ရှီးထွက်လာတာနဲ့သူ့အပေါ်ကျရောက်နေသည့် အေးစက်စက်အကြည့်ကိုသတိထားမိလိုက်၏။ ခန္ဓာကိုယ်၏တုံ့ပြန်မှုအရ လင်ရှီးထို့အကြည့်လာရာလမ်းအတိုင်းကြည့်မိလိုက်သည်။ အဲ့တာကိုမြင်လိုက်တဲ့အခါမှာတော့ သူ့ရဲ့ငါးတစ်ကိုယ်လုံးတုန်ယင်သွားသည်။ ၎င်းကအလွန်ဖိနှိပ်နိုင်သောအကြည့်ဖြစ်ပြီး ဆီးနှင်းတွေကထိုယောက်ျား၏ မီးခိုးရောင်မျက်ဆံတွေထဲအေးခဲနေသည်။ (#အကြည့်တွေကအရမ်းအေးစက်နေတယ်လို့ပြောတာပါ)
    လင်ရှီးရဲ့နှလုံးသားတစ်ခုလုံးတင်းကြပ်နေသည်။ ထိုယောက်ျား၏မျက်လုံးများကသန်မာပြီးထိုးဖောက်နိုင်စွမ်းရှိကာ သူ့ရဲ့ခန္ဓာကိုယ်ထဲထိုးဖောက်ဝင်ရောက်ပြီး သူ့စိတ်ဝိဉာဉ်ထဲသို့စိမ့်ဝင်သွားတော့မတတ်ခံစားလိုက်ရသည်။
  ထိုလူရဲ့မျက်လုံးများထဲမှာသူကသေပြီးအသက်မရှိတော့သလိုပင်။ ဖိအားတစ်ခုကလင်ရှီးခန္ဓာကိုယ်ကိုရစ်ပတ်ထားသည်။ သူဌေးပစ်လိုက်သည့်သံကြိုးထက်ပင် ထင်းကျပ်တာကြောင့်မကြုံစဖူးအန္တရာယ်ကို သူခံစားမိသည်။ အသိထက်ခန္ဓာကိုယ်ကအရင်လှုပ်ရှားသွားပြီး လင်ရှီးရဲ့ရေအောက်ကငါးမြီးက ကြမ်းတမ်းစွာရိုက်ခတ်ကာ သူ့ရဲ့အစွယ်တွေကိုဖွင့်၍ထိုလူဆီခုန်ဝင်လိုက်၏။ ။
#7.9.2022
 *ရှဲ့ဟုန်မင်ကမကောင်းတဲ့သူမဟုတ်ပါဘူးနော်
သူ့သူငယ်ချင်းအထီးကျန်နေမှာကြောက်လို့ကြိုးစားပေးနေတာပါ။။
~~Zawgyi~~