Unicode
အခန်း-၆၆ သူ့ကိုဘယ်လိုသတ်မှာလဲ?
[သရုပ်ဆောင်တာက အရမ်းလက်တွေ့ဆန်မနေဘူးလား...?]
မြင်းရထားသည် မြို့၏တောင်ဘက်ဝင်ပေါက်မှ ကျယ်ဝန်းသော လမ်းမကြီးပေါ်သို့ ထွက်လာခဲ့သည်။
နောက်တစ်နေ့ နေဝင်ရီတရောအချိန်တွင်မူ အလယ်ပိုင်းလွင်ပြင်၏ သာယာဝပြောမှုကို တဖြည်းဖြည်း မြင်တွေ့လာရပြီဖြစ်သည်။
မေ့ရှစ်စန်းသည် ကုဖေးတိနှင့် စုယန်ကို တည်းခိုခန်းသို့ ပို့ဆောင်ပေးခဲ့ပြီး ရထားလုံးကို ရောင်းချရန် ထွက်သွားခဲ့သည်။ ပြီးနောက် မြင်းများနှင့်အတူ တည်းခိုခန်းသို့ပြန်လာကာ သူ့အတွက် တစ်ယောက်ခန်း တစ်ခန်း ထပ်ယူခဲ့လေသည်။
စုယန်၏ လက်ရှိအခြေအနေအရ အောက်ထပ်ဆင်းပြီး ညစာစားရန် အဆင်မပြေပေ။ ထို့ကြောင့် ကုဖေးတိသည် လှုပ်ရှားမှုတိုင်းကို အဆက်မပြတ် စောင့်ကြည့်မှတ်သားရန် မှာကြားထားခဲ့ပြီး သတင်းနှင့် ကောလဟာလများကို စုံစမ်းရန် အောက်ထပ်သို့ သူတစ်ယောက်တည်း ဆင်းသွားခဲ့လေ၏။
မိစ္ဆာဂိုဏ်း၏ သခင်ငယ်သည် ပန်းလက်ထောက်နှစ်ဦးနှင့်အတူ အလယ်ပိုင်းလွင်ပြင်၌ ပုန်းလျှိုး ကွယ်လျှိုး သွားလာနေသည်ဟူသော ကောလဟာလမှာ ပျံ့နှံ့နေဆဲဖြစ်သည်။ ထို့အပြင် အလယ်ပိုင်းလွင်ပြင် သိုင်းပညာရှင်များအကြား မိစ္ဆာဂိုဏ်း၏ သခင်ငယ်ကို ဖမ်းဆီးပြီး စံအိမ်သခင်လေးကု၏ တည်နေရာကို စစ်ဆေးမေးမြန်းမည်ဟူ၍ လှုံ့ဆော်ပေးမှုများလည်း ရှိလာ၏။
ကုဖေးတိ၏ ဆန့်ကျင်ဘက်တွင် ထိုင်နေသော မျက်နှာဝိုင်းဝိုင်းနှင့်လူငယ်လေးက နှာခေါင်းရှုံ့ကာ သူ့အား ပြောလာသည်။
"ဒီကောလဟာလတွေ ဘယ်ကလာမှန်း ကျွန်တော်လဲ မသိပါဘူးဗျာ။ သူ့တို့ဟာသူတို့ လျှောက်ထွင်ပြီး ပြောနေကြတာပဲ!"
သူက လေသံကိုလျှော့ပြီး လေးလေးနက်နက် ဆက်ပြော၏။
"စုယန်က လူငယ်သူရဲကောင်းကုကို မိစ္ဆာဂိုဏ်းထဲ ဖမ်းခေါ်သွားခဲ့တာ မဟုတ်လား။ လူငယ်သူရဲကောင်းကုက စုယန်ဆီမှာ လွယ်လွယ်နဲ့ အညံ့ခံလိမ့်မယ်လို့ ကျွန်တော်တော့မထင်ပါဘူး။ ဒါကြောင့် ဒီအချိန်မှာ သူက လူငယ်သူရဲကောင်းကုကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာကိုသာ စဉ်းစားနေရမှာ... အလယ်ပိုင်းလွင်ပြင်မှာ အားအားယားယား လျှောက်သွားနေဖို့ သူ့မှာအချိန်ရှိပါ့မလား?"
ကုဖေးတိ "......."
ကုဖေးတိ စကားပြန်မပြောနိုင်ခင် ဘေးနားက မုတ်ဆိတ်မွေးနှင့် သိုင်းပညာရှင်တစ်ယောက်က စားပွဲကိုရိုက်ကာ ဒေါသတကြီး ဝင်ပြောလာသည်။
"ဟေ့! ကောင်စုတ်လေး.. ဝူကျန်းမန်က ခက်ခက်ခဲခဲ ကြိုးစားရယူလာတဲ့ သတင်းကို မင်းက မေးခွန်း ထုတ်ရဲတယ်ပေါ့လေ။ မင်းက မိစ္ဆာဂိုဏ်းက စေလွှတ်ထားတဲ့ သူလျှိုတစ်ယောက်များဖြစ်နေသလားပဲ!"
ထိုစကားကိုကြားသောအခါ စားသောက်ခန်းထဲရှိ လူအားလုံးက မျက်နှာဝိုင်းဝိုင်းနှင့်လူငယ်ကို သံသယဝင်လာကြသည်။
လူငယ်လေး၏မျက်နှာသည် ချက်ချင်းပင် နီရဲလာကာ ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
"လူတွေကို စွပ်စွဲပြောဆိုဖို့ ခင်ဗျားမှာ ဘာအခွင့်ရှိလို့လဲ!"
ပတ်ဝန်းကျင်ရှိလူများကလည်း ဝင်ရောက်ပြောဆို လာကြလေသည်။
"ဒါဆို မင်းရဲ့သရုပ်မှန်အစစ်ကို သက်သေပြဖို့ အမှတ်အသားတစ်ခုခုရှိလား? မင်း ငါတို့ကို သက်သေပြနိုင်ရင် ငါတို့ မင်းကိုယုံပေးလိုက်မယ်!"
မျက်နှာဝိုင်းဝိုင်းနှင့် လူငယ်သိုင်းပညာရှင်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ဝတ်စုံအတွင်းမှ အမှတ်အသားပြားကို ထုတ်ယူကာ စားပွဲပေါ်သို့
ပစ်တင်လိုက်လေသည်။
"ကျုပ်က ချင်းလျန်ဂိုဏ်းရဲ့ ဘယ်ဘက်အထက်ခန်းမဆောင်ကပဲ။ မိစ္ဆာဂိုဏ်းရဲ့ ဘာသူလျှိုမှလဲ မဟုတ်ဘူး! အခု အားလုံးရှင်းပြီလား?" သူက လည်တိုင်ကိုမော့ကာ ပြတ်သားစွာ ဆက်ပြောသည်။
"ကျုပ်တို့ခန်းမဆောင်ရဲ့ အကြီးအကဲနဲ့ ဝူကျန်းမန် ရဲ့ဂိုဏ်းချုပ်ဖြစ်သူက အသိအကျွမ်းဟောင်းတွေပဲ။ ဒါကို သိုင်းပညာအသိုင်းအဝိုင်းက လူအားလုံးသိတယ်ဗျ"
ချင်းလျန်ဂိုဏ်းအကြောင်း ထုတ်ဖော်ပြောလိုက်သည်နှင့် တပြိုင်နက် အထင်အမြင်သေးခြင်းနှင့် ရှုတ်ချမှု အပြည့်ရှိသော လေသံများ ထွက်ပေါ်လာသည်။
"ချင်းလျန်ဂိုဏ်းဆိုတော့ မိစ္ဆာဂိုဏ်းနဲ့ ခင်မင်ရင်နှီးတယ်ဆိုတဲ့သဘောပဲ မဟုတ်ဘူးလား!?"
"ဟေ့ ခင်ဗျား အဲဒါကို မသိဘူးလား။ ချင်းလျန်ဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းက အချင်းချင်း သိပ်မဖော်ရွေကြပေမယ့် ချင်းလျန်ဂိုဏ်းက သူတို့ကိုယ်သူတို့ မိစ္ဆာဂိုဏ်းနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တယ်ဆိုပြီး ဂုဏ်ယူနေကြတာ။ ဒါကြောင့်လဲ ထန်းယွင်စံအိမ်နဲ့ ချန်ဖုန်း တောင်ပေါ်ရွာတို့လို အထက်ကိုမတက်နိုင်တာလေ။ ဟော့မိသားစုရဲ့ သမီးကြီးက ချန်ဖုန်းတောင်ပေါ်ရွာမှာ လက်ထပ်လိုက်တယ်ဆိုတဲ့သတင်းလဲကြားရော အဲဒီပါးနပ်တဲ့ဂိုဏ်းက ဟော့မိသားစုကို ပြေးကပ်တော့တာပဲ။ ဒါကြောင့် ဝူကျန်းမန်က ရွီသခင်ကြီးက ချင်းလျန်နဲ့သိတယ်ဆိုတာ အမှန်ပဲ။ ဒါပေမယ့် သူတို့ကြားက ဆက်ဆံရေးက ဘယ်လိုဆိုတာတော့ ပြောရခက်တယ်..."
"ဟုတ်တယ်.. တကယ်တော့ ချင်းလျန်ဂိုဏ်းက ဘယ်ဘက်မှာမှ မရပ်တည်ဘူး။ သူတို့က နောက်ကနေ အမြဲတန်းလန်းတန်းလန်းနဲ့ ခွေးမြီးသာသာပဲ။ သူတို့ကိုယ်သူတို့တော့ အရမ်းတွေအထင်ကြီးနေကြတာလေ"
"ခင်ဗျားတို့အားလုံး မကြားမိကြဘူးလား? ချင်းလျန် ဂိုဏ်းရဲ့ ဒုတိယသားက ထန်းယွင်စံအိမ်ရဲ့ အငယ်ဆုံး တပည့်မလေးကို ကြံနေတာတဲ့လေ။ သူက ဟော့မိသားစုရဲ့ နည်းလမ်းအတိုင်း သူတို့မိသားစုကို လက်ထပ်မဟာမိတ်ဖွဲ့ချင်နေပုံရတယ်။ သူ့တို့ အဆင့်အတန်းကိုမှ မထောက်ဗျာ။ ထန်းယွင်စံအိမ်က သူတို့ဂိုဏ်းကို ဘာကိစ္စ ထည့်သွင်းစဉ်းစားပေးမှာလဲနော်"
ကုဖေးတိက သူ့ရှေ့မှ မျက်နှာဝိုင်းဝိုင်းနှင့် ကောင်လေးကို အံ့အားသင့်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
"ချင်းလျန်ဂိုဏ်းက အရှေ့မြောက်ဘက်မှာ ရှိတာလေ။ မင်းက တောင်ဘက်မှာ ဘာလာလုပ်နေတာလဲ?"
မျက်နှာဝိုင်းဝိုင်းနှင့်လူငယ်က သူ ကုဖေးတိထံမှ အသိအမှတ်ပြုခံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ကုဖေး၏မျက်လုံးများတွင် အထင်အမြင်သေးမှုများ ရှိမနေသည်ကိုမြင်သောအခါ သူက ချက်ချင်းပင် ပျော်ရွှင်လာကာ ဆိုလေ၏။
"အဖေက... အဲ.. အကြီးအကဲက ထန်းယွင်စံအိမ် အနီးမှာ ကျွန်တော့်ရဲ့အစ်ကို.. အာ.. ကျွန်တော်တို့ရဲ့ ဒုတိယသခင်လေးကို ရှာဖို့ အကူအညီတောင်း.. မဟုတ်ဘူး.. တာဝန်ပေးခဲ့တာ"
ကုဖေးတိက မျက်ခုံးပင့်လိုက်သည်။
ထိုပုံစံကိုမြင်သောအခါ မျက်နှာဝိုင်းဝိုင်းနှင့်လူငယ်က သူ့မျက်နှာဖုံးကျွတ်သွားသည်ကို သိလိုက်ပြီး အမှန်အတိုင်း ဝန်ခံလိုက်တော့၏။
"ကျွန်တော့်နာမည်က ဖန်ချီပါ။ ကျွန်တော့်အဖေက ဒုတိယအစ်ကိုကိုလိုက်ရှာပြီး ထန်းယွင်စံအိမ်က တပည့်မလေးနဲ့ အဆက်အသွယ်ရအောင် ကူညီခိုင်းခဲ့တာ"
ကုဖေးတိက မရယ်မောဘဲ မနေနိုင်ပေ။
ဖန်ချီအား မေးခွန်းထုတ်ဖူးသော မုတ်ဆိတ်မွေးနှင့် သိုင်းပညာရှင်က မျက်လုံးများမှေးကျဉ်းလျက် ကုဖေးတိကို အကဲခတ်လိုက်သည်။
"ဒီလူကလဲ သံသယဖြစ်စရာ ကောင်းတယ်နော်။ မင်းက ချင်းလျန်ဂိုဏ်းနဲ့ ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောပြီး ဟင်းပွဲတူနှစ်ပွဲတောင် မှာလိုက်သေးတယ်။ မင်းတို့ရဲ့အခန်းထဲမှာ ဘယ်သူတွေများ ပုန်းအောင်းနေပါလိမ့်နော်?"
ကုဖေးတိက ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
"ဒါက ခင်ဗျားတို့နဲ့ ဘာဆိုင်နေလို့လဲ?"
မုတ်ဆိတ်မွေးနှင့်လူက ဆက်ပြောလာသည်။
"မိစ္ဆာဂိုဏ်းက နတ်ဆိုးကျင့်ကြံသူက ငါတို့ အလယ်ပိုင်းလွင်ပြင်ကို ပန်းလက်ထောက်နှစ်ယောက် ခေါ်လာပြီး ပြဿနာလာရှာနေတယ်။ တကယ်လို့ မင်းတို့ရဲ့အခန်းထဲမှာ တစ်ယောက်ယောက် ပုန်းနေသေးတယ်ဆိုရင် ဒီကိစ္စကို သေချာစစ်ဆေးမှ ဖြစ်တော့မှာပေါ့။ သခင်ငယ်က ဒီမှာရှိမနေဘူးလို့ ဘယ်သူကသိနိုင်မှာလဲ?"
သူက ချက်ချင်းပင် အခြားသော သိုင်းပညာရှင်တို့ဘက်လှည့်ကာ တိုက်တွန်းနှိုးဆော်တော့လေ၏။
"ကျုပ်ပြောတာ ကျိုးကြောင်းဆီလျော်တယ်လို့ မထင်ကြဘူးလား။ ကျုပ်တို့အားလုံက တစ်ယောက်နဲ့ တစ်ယောက် မြင်သာတဲ့ ဘုံအခန်းကျယ်ကြီးတစ်ခုထဲမှာ အတူတူတည်းတာဆိုပေမယ့် သူတို့က အပေါ်ထပ်မှာ သီးသန့်အခန်းယူထားတာလေ။ တစ်ယောက်ယောက်ကို ဖွက်ထားမထားဆိုတာ ဘယ်သူသိနိုင်မှာလဲ? သေချာအောင် ကျုပ်တို့ သွားစစ်ဆေးကြည့်ရမယ်!"
ကုဖေးတိ မျက်လုံးများ မှေးကျဉ်းကာ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"မိစ္ဆာဂိုဏ်းက စုယန်သာ ဒီမှာတကယ်ရှိခဲ့မယ်ဆိုရင် ခင်ဗျားတို့ပြောသမျှကို အကုန် ကြားပြီးနေလောက်ရောပေါ့။ သူက ခင်ဗျားတို့ရဲ့အသက်ကို ချမ်းသာပေးထားလိမ့်မယ်လို့ ထင်နေတာလား?"
လူအများသည် ဤစကားကိုကြားသောအခါ အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။
သို့သော် မုတ်ဆိတ်မွေးနှင့်လူက ထပ်လှုံ့ဆော်လာလိမ့်မည်ဟု မည်သူထင်မည်နည်း။
"မိစ္ဆာဂိုဏ်းက နတ်ဆိုးကျင့်ကြံသူက ရည်ရွယ်ချက်တစ်ခုခုရှိလို့ သူ့ရဲ့အသွင်စစ်ကို ဖုံးကွယ်ပြီး အလယ်ပိုင်းလွင်ပြင်ကို လာခဲ့တာပဲ။ သူက သူ့ရဲ့တည်နေရာကို ထုတ်ဖော်ဖို့အဆင်မပြေသလို ပြဿနာဖန်တီးဖို့လဲ အဆင်ပြေမှာမဟုတ်ဘူး။ ဒီမှာ သိုင်းပညာရှင်တွေ ဒါဇင်နဲ့ချီပြီးရှိတယ်။ သူတို့က သုံးယောက်တည်းနဲ့ ငါတို့ကို ဘယ်လိုရင်ဆိုင်နိုင်မှာလဲ?"
သူ၏အကြံဥာဏ် အလုပ်မဖြစ်သည်ကို မြင်သောအခါ ကုဖေးတိက နှာခေါင်းရှုံ့ပြီး ပြောလိုက်လေသည်။
"ကျုပ်ရဲ့ဇနီးက အခန်းထဲမှာအနားယူနေတယ်။ ကျုပ်က ဘာလို့ ခင်ဗျားတို့ကို သူမကိုကြည့်ခွင့် ပေးရမှာလဲ?"
မုတ်ဆိတ်မွေးနှင့်လူက အံကြိတ်ကာ ပြန်ပြောလာသည်။
"ဒါက မင်းရဲ့စကားပဲရှိတာလေ။ မင်းရဲ့အခန်းထဲက လူက မိစ္ဆာဂိုဏ်းက စုယန် ဟုတ်၊မဟုတ် ငါတို့က ဘယ်လိုလုပ်သိနိုင်မှာလဲ?"
များမကြာမီတွင် ထိုလူသည် သိုင်းပညာရှင်အများစုကို သွေးထိုးလှုံ့ဆောင်နိုင်ခဲ့ပြီး ကုဖေးတိနှင့်ဖန်ချီတို့၏ အခန်းများကို စစ်ဆေးလိုကြောင်း ကျယ်လောင်စွာ ဟစ်အော်သံများ ညံလာတော့သည်။
ဖန်ချီသည် တစ်ယောက်တည်း လာခဲ့ခြင်းပြီး သူ့အခန်း စစ်ဆေးခံရမည်ကို စိုးရိမ်စရာ မရှိပေ။ သို့သော် ကုဖေးတိ၏ ပြတ်ပြတ်သားသား ငြင်းဆိုမှုကို မြင်လိုက်ရသောအခါ သူက ရေရွတ်လိုက်မိ၏။
"ညီအစ်ကို... ခင်ဗျားရဲ့အခန်းထဲမှာ တကယ်ပဲ လျှို့ဝှက်ချက်တစ်ခုခု ရှိနေတာများလား?"
ကုဖေးတိသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး
မတို့ထိရသေးသော အစားအစာကို ယူကာ အပေါ်ထပ်သို့ တက်တော့မည်အပြု ရုတ်တရက် လက်တစ်ဖက်က သူ့ကို ဖမ်းဆုပ်လာလေသည်။
မုတ်ဆိတ်မွေးနှင့် သိုင်းပညာရှင်က ပြုံးလျက် ပြောလေ၏။
"ညီငယ်လေး.. ဒါက ပိုလို့တောင် သံသယဖြစ်စရာ ကောင်းတယ်နော်။ မင်းယူသွားတဲ့ အစားအစာက တကယ်ပဲ ဇနီးအတွက်လား ဒါမှမဟုတ် နတ်ဆိုးတစ်ကောင်ကောင် အတွက်လားဆိုတာ သေချာလိုက်ကြည့်တာ ပိုကောင်းလိမ့်မယ်"
သူ၏ စိတ်ရှည်သည်းခံမှု ကန့်သတ်ချက်သို့ တွန်းပို့ခံရပြီးနောက် ကုဖေးတိသည် အတွင်းအားအပြည့် ထည့်သွင်းထားသော လက်ဖဝါးကို အသုံးပြုကာ ထိုလူအား နောက်သို့ တွန်းထုတ်လိုက်တော့သည်။ ပြီးနောက် သူက ဆို၏။
"ဟမ့်.. ဒီလို ရိုင်းစိုင်းတဲ့ တောင်းဆိုမှုမျိုးကို ကျုပ် တစ်ခါမှ မကြုံဖူးဘူး"
ထိုအချိန်တွင် အပေါ်ထပ်စင်္ကြံမှ တံခါးဖွင့်သံ
ထွက်ပေါ်လာပြီး 'ဒေါက်ဒေါက်' ဟူ၍ တံခါးကို
လက်ဖြင့် နှစ်ချက်ခေါက်သံကိုလည်း အားလုံး
ကြားလိုက်ကြရသည်။
လူတိုင်းသည် အပေါ်ထပ်သို့ မော့ကြည့်လိုက်ရာ ပါးစပ်နှင့် မျက်လုံးများ ပြူးကျယ်သွားကြပြီး အံ့ဩ မှင်သက်သွားကြလေတော့၏။
ကုဖေးတိသည် စင်္ကြံတိုင်ကို အားနွဲ့စွာမှီကာ မယိမ်းယိုင်ရုံတမယ် မတ်တပ်ရပ်နေသော စုယန်ကိုကြည့်ပြီး မရယ်မိအောင် မနည်းထိန်းနေရလေသည်။
ကံကောင်းထောက်မစွာ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းက အားကောင်းနေခဲ့သည်။ သူက အစားအသောက်ဗန်းကို ကိုင်ကာ အပေါ်ထပ်ကို ချက်ချင်း ပြေးတက်သွားလေ၏။
"ဇနီးလေး.. မင်းဘာလို့ ထွက်လာတာလဲ? အခန်းကို မြန်မြန်ပြန်ရအောင်"
ကုဖေးတိတစ်ယောက် ခက်ခဲသည့်အခြေအနေကလွတ်မြောက်သွားသည်ကိုမြင်သောအခါမှ စုယန်က ရှက်ရွံ့စွာ ခေါင်းညိတ်ပြလိုက်ပြီး ကုဖေးတိ၏ ရင်ခွင်တွင်မှီကာ အခန်းထဲသို့ ပြန်လိုက်သွားခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ အလွန်တိတ်ဆိတ်နေပြီး အပ်ကျသံကိုပင် ကြားနိုင်လေ၏။
နောက်ဆုံးတွင် ဖန်ချီက လေကလေးချွန်ကာ သက်ပြင်းတစ်ချက်ချလိုက်လေသည်။
"ကျုပ်ရဲ့အနာဂတ်ဇနီးသည်သာ ဒီလိုပုံစံမျိုးလေး ဆိုရင် ကျုပ်လဲ ဘယ်သူ့ကိုမှ မြင်စေချင်မှာ မဟုတ်ဘူး။ ဒီလိုအပေါစားတည်းခိုဆောင်မှာ သူမကိုခေါ်ထုတ်ဖို့ မပြောနဲ့။ ရွှေနဲ့ဆောက်ထားတဲ့အိမ်တောင် သူမနဲ့ ထိုက်တန်အုံးမှာမဟုတ်သေးဘူး"
အနီးနားရှိ အခြားသော သိုင်းပညာသည်များက ဤစကားကိုပြောသောသူမှာ ချင်းလျန်ဂိုဏ်းမှလူ ဖြစ်ကြောင်းကိုပင် ဂရုမစိုက်တော့ဘဲ ခေါင်းညိတ် သဘောတူကြလေသည်။ သူတို့သည် ယခုလေးတင် မြင်လိုက်ရသော အမျိုးသမီးငယ်မှာ မည်မျှ ကျက်သရေတင့်တယ်လှပကြောင်း ချီးမွမ်းပြောဆိုကာ သက်ပြင်းသာ ချမိကြတော့၏။
မုတ်ဆိတ်မွေးနှင့် သိုင်းပညာရှင်သည် ကုဖေးတိနှင့် စုယန်တို့ ဝင်သွားသော အခန်းတံခါးကို စိုက်ကြည့်ပြီးနောက် မျက်ခုံးပင့်ကာ စားပွဲတစ်လုံးတည်းရှိ လူနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။
"ဘာလို့ ထွက်လာတာလဲ?" ကုဖေးတိက အစားအသောက်ဗန်းကို စားပွဲပေါ်တင်ရင်း မေးလာသည်။
"မင်းကိုယ်မင်း တတ်နိုင်သမျှ မထုတ်ပြသင့်ဘူးလို့ ကိုယ်တို့ပြောထားတယ်မဟုတ်လား?"
စုယန်က နှုတ်ခမ်းတွန့်လိုက်ပြီး လေသံတိုးတိုးဖြင့် ဆိုသည်။
"ငါအခန်းထဲကနေ အကုန်ကြားနေရတယ်။ ငါသာ အပြင်ထွက်မလာရင် မင်းက သူတို့ရဲ့ရန်ဖြစ်တော့မှာလေ။ ဘာပဲဖြစ်ဖြစ် ငါက ရုပ်ဖျက်ထားတာပဲ။ သူတို့ကို အဝေးကနေ တစ်ချက်လောက် လှမ်းကြည့်ခွင့်ပေးလိုက်တာက အနီးကပ်ကြည့်ခွင့်ပေးတာထက်တော့ ပိုကောင်းတယ်မဟုတ်ဘူးလား"
ကုဖေးတိက ငြင်းဆန်နိုင်စွမ်းမရှိတော့ဘဲ စုယန်ရဲ့ နှာသီးလေးကို ခပ်ဖွဖွတို့ထိကာ ပြောလေသည်။
"ကောင်းပါပြီ.. အခု အရင်ဆုံးစားကြရအောင်"
စုယန် အံအားသင့်သွားလေ၏။
သူက သူ့နှာခေါင်းသူ အုပ်ကိုင်ကာ ဆိုလေသည်။
"မင်း... မင်းဘာလုပ်တာလဲ?"
ကုဖေးတိက စုယန်၏လက်ထဲကို တူတစ်ချောင်းထည့်လိုက်ပြီး ပြုံးလျက် ထပ်ပြောလေ၏။
"ထမင်းစားကြရအောင်လို့ ဇနီးလေးရဲ့"
စုယန်: "......."
ကုဖေးတိက ရိုက်ပုတ်ခံရဖို့ တောင်းဆိုနေတာလို့ သူဘာလို့ ခံစားနေရတာပါလိမ့်?
ကောင်းကင်ကြီးသည် မှောင်စပြုလာပြီဖြစ်၍ ထမင်းစားခန်းတွင် စုရုံးနေသော သိုင်းပညာရှင်များသည် အနားယူရန် နှစ်ယောက်သုံးယောက်တစ်တွဲ အခန်းထဲသို့ ပြန်ဝင်သွားကြသည်။ စားပွဲ၌ထိုင်ကာ စကားစမြည်ပြောပြီး ကြွားလုံးထုတ်ရန် သေရည်နှင့် ဟင်းပွဲများ မှာယူနေသူအနည်းငယ်သာ ကျန်ရှိလေသည်။
အစောပိုင်းက ကုဖေးတိ၏အခန်းကို စစ်ဆေးရန် လူတိုင်းကို လှုံ့ဆော်ဖို့ ကြိုးစားခဲ့သည့် မုတ်ဆိတ်မွေးနှင့် သိုင်းပညာရှင်လည်း ကျန်နေခဲ့သေးသည်။ သူက ကုဖေးတိနှင့် စုယန်တို့၏ အခန်းတံခါးကို ခဏခဏ စိုက်ကြည့်နေလေ၏။ နောက်ဆုံး ကောင်းကင်ကြီး လုံးဝမှောင်သွားပြီးနောက်တွင် ကုဖေးတိသည် အခန်းထဲမှ ထွက်လာလေသည်။ ကြည့်ရသည်မှာ အပေါ့အလေးသွားမည့်ပုံပေါ်၏။
မုတ်ဆိတ်မွှေးနှင့်လူသည် သူ၏အဖော်ကို မျက်စိမှိတ် အချက်ပြလိုက်ပြီး ကုဖေးတိနောက်သို့ လိုက်သွားစေခဲ့သည်။ သူကမူ တည်းခိုခန်း၏ ဒုတိယထပ်သို့ အမြန်တက်သွားခဲ့လေ၏။
ထိုအချိန်တွင် စုယန်သည် အလွန်စိတ်မွန်းကျပ်နေပြီ ဖြစ်သည်။
သူ၏ ရင်ဘတ်ကို အဝတ်ဖြင့် ထုပ်စည်းထားရပြီး ဆံပင်များကိုလည်း ဖဲကြိုးအပြည့်ဖြင့် အသေအချာ ချည်နှောင်ထားရ၏။ သေချာတာက သူ ဒီညတော့ အဝတ်အစားချွတ်ပြီး အိပ်နိုင်မည်မဟုတ်တော့ပါ။ လာမည့်ရက်အနည်းငယ်မှာလည်း သူ့ရဲ့ ပင်ပန်းနွမ်းနယ်မှုကို သက်သာရာရရှိဖို့ တရားထိုင်ခြင်းကိုပဲ အားကိုးနိုင်တော့ပေမည်။ သို့သော် သူသည် အမှန်တကယ်ပင် ပျင်းရိသူဖြစ်ပြီး အတွင်းအားကို ထိန်းကာ တရားထိုင်ရန်ထက် အိပ်စက်ခြင်းကို ပိုမိုနှစ်သက်သောကြောင့် ၎င်းမှာ အနည်းငယ် ဒုက္ခရောက်လှသည်။
စုယန်သည် တံခါးကိုတွန်းဖွင့်ကာ ကုဖေးတိအား တိုင်တန်းချင်ပါသော်လည်း သူ့အပေါ်တွင် ကြီးမားသောပုံရိပ်တစ်ခု အုပ်မိုးလာသည်ကို ရုတ်တရက်တွေ့လိုက်ရလေသည်။
"ဟဲဟဲ မိန်းမငယ်လေး..." မုတ်ဆိတ်မွေးနှင့်လူက ခက်ထန် ကြမ်းတမ်းသောအသံဖြင့် ပြောလာ၏။
"မင်းရဲ့ခင်ပွန်းက ဒီမှာမရှိဘူး၊ မင်းဘာလို့ ဒီလူကြီးနဲ့ လာမကစားရတာလဲ?"
စုယန်: "......."
ဟွန့်.. သူ ခင်ဗျားကို ဘယ်လိုသတ်မလဲဆိုတာ မြင်ချင်သေးတယ်!
စုယန်သည် ကြောက်ရွံ့ဟန်ဆောင်ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။ ပြီးနောက် သူ၏ရင်ဘတ်ကို လက်ဖြင့်ဖုံးကာလိုက်သည်။ သူသည် မုတ်ဆိတ်မွေးနှင့်လူအား မျက်နှာငယ်လေးဖြင့် ကြည့်နေပြီး ဖယောင်းတိုင်မီးမှိန်မှိန်အောက်တွင် သူ၏ပုံရိပ်မှာ ပို၍သိမ်မွေ့လာသည်။
မုတ်ဆိတ်မွေးနှင့်လူသည် သူ့အမူအရာကြောင့် သိသိသာသာ လှုံ့ဆော်ခံလိုက်ရပြီး စူးစူးရဲရဲ ကြည့်ကာ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ ပြီးနောက် စားပွဲနှင့် ကုလားထိုင်ကို ရှောင်ကွင်းကာ စုယန်ထံ အမြန် ချဉ်းကပ်လာတော့၏။
စုယန်သည် စကားတစ်ခွန်းမှ မပြောဘဲ ကုတင်ထောင့်သို့ ဆုတ်သွားကာ ကြောက်လန့်တကြားဖြင့် ခန္ဓာကိုယ်လေးကို ကျုံ့ထားလေ၏။ ပြီးနောက် အိတ်အတွင်းမှ ဓားမြှောင်ကို တိတ်တဆိတ် ဆွဲထုတ်လိုက်သည်။
"မင်းက ဆွံ့အနေတာလား? အိုး ဒါဆို သိပ်ပျော်စရာကောင်းမှာ မဟုတ်တော့ဘူးပဲ"
မုတ်ဆိတ်မွေးနှင့်လူက ပြုံးလျက် ဆက်ပြောလေသည်။
"ကျောက်စိမ်းဖြူမှာလည်း ချို့ယွင်းချက်ရှိသားပဲ။ မင်း ဒီလောက်ပျော့ညံ့တဲ့ ကြက်တစ်ကောင်နဲ့ လက်ထပ်ထားရတာ အံ့သြစရာ မဟုတ်တော့ပါဘူးလေ"
သူက စုယန်၏ မျက်နှာကိုကိုင်ရန် လက်ကို ဆန့်ထုတ်လာသည်။
ထိုအချိန်တွင် တံခါးဝမှ လူငယ်တစ်ယောက်၏ ပြင်းထန်စွာ အော်သံတစ်ခုထွက်ပေါ်လာ၏။
"ရပ်လိုက်စမ်း!" ဖန်ချီက ခုန်ဝင်လာကာ မုတ်ဆိတ်မွေးနှင့်လူကို တစ်ဖက်သို့ ကန်ထုတ်လိုက်သည်။
"ခင်ဗျားမှာ ရည်ရွယ်ချက်ကောင်းမရှိဘူးဆိုတာ ကျုပ်သိသားပဲ! ကျုပ်တိတ်တိတ်လေး စောင့်ကြည့်နေတာ အလကားမဟုတ်ဘူး။ ခင်ဗျားက ဒီမိန်းကလေးကို တစ်ခုခုလုပ်ဖို့ ကြံစည်နေတာ အမှန်ပဲ! ဒါနဲ့များ ခင်ဗျားကိုယ်ခင်ဗျား ဖြောင့်မတ်လမ်းစဉ်က သိုင်းပညာရှင်လို့ ကြွေးကြော်ရဲသေးတယ်နော်။ ခင်များရဲ့ယုတ်မာတဲ့အကြံအစည်တွေ အတွက် ခင်ဗျားရဲ့အသက်ကို ပေးဆပ်ရလိမ့်မယ်!"
တိုက်ခိုက်တော့မည့် စုယန်: "........"
ဒါကဘယ်သူတုန်း!?
ထိုအချိန်တွင် မေ့ရှစ်စန်းလည်း တံခါးဆီသို့ ပြေးလာနေပြီဖြစ်သည်။ စုယန်ကိုကူညီရန် အခန်းထဲ၌ တစ်စုံတစ်ဦး ရောက်နေသည်ကို မြင်လိုက်ရသောအခါ သူက သူ့အခန်းထဲသို့ ပြန်လှည့်သွားခဲ့၏။
မုတ်ဆိတ်မွေးနှင့်လူက ဖန်ချီအား အလွန်ဒေါသထွက်နေသည်မှာ ထင်ရှားသည်။
"ထပ်ပြီး မင်းပဲလား ကောင်စုတ်လေး! မင်းက ဒီလူကြီးရဲ့ အပျော်တွေကို ဖျက်ဆီးလိုက်တာပဲ။ ငါမင်းကို ဘယ်လို နှိပ်စက်..."
သူစကားမဆုံးသေးခင်မှာပင် ကုဖေးတိသည် သတိလစ်နေသော လူတစ်ယောက်ကို ထမ်းလျက် ပြတင်းပေါက်ကနေ အခန်းထဲသို့ ခုန်ကျော်ဝင်လာကာ မုတ်ဆိတ်မွေးနှင့်လူထံသို့ ပစ်ပေါက်လိုက်လေသည်။ သူ စိုက်ထုတ်လိုက်သည့် အင်အားမှာ မနည်းလှဘဲ နှစ်ယောက်သား နံရံကို တိုက်မိသွားရာ တည်းခိုခန်းတစ်ခုလုံး တုန်လှုပ်သွားဟန် ဆူဆူညံညံအသံများ ထွက်ပေါ်လာလေ၏။
မုတ်ဆိတ်မွေးနှင့်လူသည် ချက်ချင်းပင် ပါးစပ်မှ သွေးများ အန်ထွက်လာပြီး အချိန်အတော်ကြာသည်အထိ မြေပြင်ပေါ်က မထနိုင်သေးပေ။
ကုဖေးတိသည် မျက်လုံးများကို မှေးကျဉ်းကာ စကားမဆိုဘဲ ဖန်ချီအား စိုက်ကြည့်လိုက်သည်။
ဖန်ချီသည် ထောင့်တစ်နေရာတွင် ပြိုလဲနေသည့် ခန္ဓာကိုယ်နှစ်ခုကို စိုက်ကြည့်ပြီးနောက် ကတုန်ကယင်ဖြင့် ကုဖေးတိအား ကြည့်လာသည်။ ပြီးနောက် သူက တံတွေးမျိုချကာ တုန်ယင်နေသော အသံဖြင့် ပြောလေ၏။
"ကျွန်..ကျွန်..ကျွန်တော်က ကူညီဖို့ လာခဲ့တာပါ။ အခုပဲထွက်သွားပါတော့မယ်!"
စကားဆုံသည်နှင့် သူက ချက်ချင်းလှည့်ကာ
ထွက်သွားလေတော့သည်။
သို့သော် ကုဖေးတိက သူ့အား တားဆီးလိုက်လေ၏။
"ထွက်သွားဖို့ အလျင်မလိုပါနဲ့အုံး.. ဒီကိုလာပြီး ငါ့ကိုကူညီပေး"
ဖန်ချီက တုန်လှုပ်သွားလေသည်။
"...အာ?"
ကုဖေးတိက သူ့ကို ထပ်မပြောတော့ဘဲ အခန်း ထောင့်ရှိ မုတ်ဆိတ်မွေးနှင့်လူအား လက်ညှိုးထိုးပြကာ စုယန်ကို မေးလိုက်သည်။
"အဲဒီလူ မင်းကိုထိခဲ့သေးလား?"
စုယန်က မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ဖန်ချီအား တစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် စကားမဆိုဘဲ ခေါင်းယမ်းပြလိုက်၏။
ကုဖေးတိက ဟမ့်ကနဲ အသံပြုပြီး ပြောလာသည်။
"အစကတော့ ကိုယ်သူ့လက်ကို ဖြတ်ပစ်မလို့ပဲ။
မင်းကို မထိခဲ့ဘူးဆိုတော့ သူ့ခန္ဓာကိုယ်ကို အကောင်းတိုင်းချန်ထားပေးလိုက်ပါမယ်လေ"
စုယန်: "......."
ကုကလေးရေ.. မင်းရဲ့ သရုပ်ဆောင်မှုတွေက အရမ်းကို လက်တွေ့ဆန်လွန်းမနေဘူးလားကွာ?
ကုဖေးတိက သူ့ဓားရှည်ကို ဆွဲထုတ်ကာ မုတ်ဆိတ်မွေးနှင့်လူဆီသို့ လျှောက်သွားသည်။
မုတ်ဆိတ်မွေးနှင့်လူသည် အချိန်အတော်ကြာ ချောင်းဆိုးနေပြီး သူ့အပေါ် ပိနေသော အဖော်ဖြစ်သူကို တွန်းဖယ်ကာ ကြောက်လန့်တကြား ပြောလာသည်။
"မင်း..မင်း ငါ့ကို သတ်လို့မရဘူး! ငါက ထုန်းယွင် ဘုရားကျောင်းကပဲ။ မင်း ငါ့ကိုသတ်ရင် ထုန်းယွင် ဘုရားကျောင်းက မင်းကို ခွင့်လွတ်မှာမဟုတ်ဘူး!"
စုယန်က မျက်ခုံးပင့်ကာ တွေးလိုက်မိသည်။
'ငါတို့က မင်းကို ဝန်ခံခိုင်းတာတောင် မဟုတ်ဘူး၊ မင်းက ဘာကိစ္စ ကြေညာနေရတာလဲ'
ကုဖေးတိက တုန်လှုပ်မသွားပေ။ သူက ထိုလူ၏ရင်ဘတ်ကို ဓားဖြင့်ချိန်ရွယ်ထားရင်း ပြုံးကာ ပြောလိုက်၏။
"အိုး! စိတ်မကောင်းစရာပဲ။ ကျုပ်က ထုန်းယွင် ဘုရားကျောင်းနဲ့ ဆက်ဆံရေး အတော်ကောင်းတာ။ ထုန်းယွင်ဘုရားကျောင်းမှာ ခင်ဗျားလို လူတစ်ယောက်ရှိတယ်ဆိုတာကို ဘာလို့ မမှတ်မိရတာလဲ?
မုတ်ဆိတ်မွေးနှင့်လူက ဆိုသည်။
"... ငါက ဘုရားကျောင်းမှာရှိတာ ရှားလို့ပါ.."
ကုဖေးတိက ဓားကို ရှေ့သို့ ထပ်တိုးလိုက်ကာ မာန်မဲလိုက်လေ၏။
"အမှန်အတိုင်းပြောစမ်း!"
မုတ်ဆိတ်မွေးနှင့်လူသည် နာကျင်မှုကြောင့် မသိစိတ်က ထုတ်ပြောလိုက်လေသည်။
"မလုပ်နဲ့၊ မလုပ်နဲ့၊ ငါ့ကိုမသတ်နဲ့! ငါက... တကယ်တော့... ငါက ဝူကျန်းမန်ရဲ့ သူလျှိုပါ။ သေချာပါတယ် မင်း ဝူကျန်းမန်ကို ရန်မစချင်ဘူးမဟုတ်လား။ မင်းငါ့ကိုမယုံရင် ငါ့မှာ ဝူကျန်းမန်ရဲ့ သင်္ကေတရှိတယ်.. ကြည့်.. ဒီမှာကြည့်!"
သူက အမှတ်အသားပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ကုဖေးတိကြည့်ရန် လွှဲပေးလိုက်သည်။
ကုဖေးတိ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး မုတ်ဆိတ်မွေးနှင့်လူ၏ မျက်လုံးများရှေ့တွင် အရိုးပုလွေတစ်ခုကို ထုတ်ပြလိုက်လေ၏။
"ခင်ဗျားက ဝူကျန်းမန်ကဆိုရင် ဘာလို့.. ခင်ဗျားရဲ့အဖော်မှာ အဲ့လော့ကွေးရဲ့ အရိုးပုလွေရှိနေရတာလဲ?
_4.9.22
စာရေးဆရာမှာ ပြောစရာရှိပါတယ်။
စုယန်: သူလျှိုကိုဖမ်းဖို့အတွက် ငါ့ရဲ့မိန်းကလေးအသွင်ကို အားကိုးခဲ့ရတယ် (စားပွဲအားလှန်ပစ်)
Thanks for reading ❣️
Zawgyi
အခန္း-၆၆ သူ႕ကိုဘယ္လိုသတ္မွာလဲ?
[သ႐ုပ္ေဆာင္တာက အရမ္းလက္ေတြ႕ဆန္မေနဘူးလား...?]
ျမင္းရထားသည္ ၿမိဳ႕၏ေတာင္ဘက္ဝင္ေပါက္မွ က်ယ္ဝန္းေသာ လမ္းမႀကီးေပၚသို႔ ထြက္လာခဲ့သည္။
ေနာက္တစ္ေန႕ ေနဝင္ရီတေရာအခ်ိန္တြင္မူ အလယ္ပိုင္းလြင္ျပင္၏ သာယာဝေျပာမႈကို တျဖည္းျဖည္း ျမင္ေတြ႕လာရၿပီျဖစ္သည္။
ေမ့ရွစ္စန္းသည္ ကုေဖးတိႏွင့္ စုယန္ကို တည္းခိုခန္းသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ရထားလုံးကို ေရာင္းခ်ရန္ ထြက္သြားခဲ့သည္။ ၿပီးေနာက္ ျမင္းမ်ားႏွင့္အတူ တည္းခိုခန္းသို႔ျပန္လာကာ သူ႕အတြက္ တစ္ေယာက္ခန္း တစ္ခန္း ထပ္ယူခဲ့ေလသည္။
စုယန္၏ လက္ရွိအေျခအေနအရ ေအာက္ထပ္ဆင္းၿပီး ညစာစားရန္ အဆင္မေျပေပ။ ထို႔ေၾကာင့္ ကုေဖးတိသည္ လႈပ္ရွားမႈတိုင္းကို အဆက္မျပတ္ ေစာင့္ၾကည့္မွတ္သားရန္ မွာၾကားထားခဲ့ၿပီး သတင္းႏွင့္ ေကာလဟာလမ်ားကို စုံစမ္းရန္ ေအာက္ထပ္သို႔ သူတစ္ေယာက္တည္း ဆင္းသြားခဲ့ေလ၏။
မိစာၦဂိုဏ္း၏ သခင္ငယ္သည္ ပန္းလက္ေထာက္ႏွစ္ဦးႏွင့္အတူ အလယ္ပိုင္းလြင္ျပင္၌ ပုန္းလွ်ိုး ကြယ္လွ်ိုး သြားလာေနသည္ဟူေသာ ေကာလဟာလမွာ ပ်ံ့ႏွံ႕ေနဆဲျဖစ္သည္။ ထို႔အျပင္ အလယ္ပိုင္းလြင္ျပင္ သိုင္းပညာရွင္မ်ားအၾကား မိစာၦဂိုဏ္း၏ သခင္ငယ္ကို ဖမ္းဆီးၿပီး စံအိမ္သခင္ေလးကု၏ တည္ေနရာကို စစ္ေဆးေမးျမန္းမည္ဟူ၍ လႈံ႕ေဆာ္ေပးမႈမ်ားလည္း ရွိလာ၏။
ကုေဖးတိ၏ ဆန႔္က်င္ဘက္တြင္ ထိုင္ေနေသာ မ်က္ႏွာဝိုင္းဝိုင္းႏွင့္လူငယ္ေလးက ႏွာေခါင္းရႈံ႕ကာ သူ႕အား ေျပာလာသည္။
"ဒီေကာလဟာလေတြ ဘယ္ကလာမွန္း ကြၽန္ေတာ္လဲ မသိပါဘူးဗ်ာ။ သူ႕တို႔ဟာသူတို႔ ေလွ်ာက္ထြင္ၿပီး ေျပာေနၾကတာပဲ!"
သူက ေလသံကိုေလွ်ာ့ၿပီး ေလးေလးနက္နက္ ဆက္ေျပာ၏။
"စုယန္က လူငယ္သူရဲေကာင္းကုကို မိစာၦဂိုဏ္းထဲ ဖမ္းေခၚသြားခဲ့တာ မဟုတ္လား။ လူငယ္သူရဲေကာင္းကုက စုယန္ဆီမွာ လြယ္လြယ္နဲ႕ အညံ့ခံလိမ့္မယ္လို႔ ကြၽန္ေတာ္ေတာ့မထင္ပါဘူး။ ဒါေၾကာင့္ ဒီအခ်ိန္မွာ သူက လူငယ္သူရဲေကာင္းကုကို ဘယ္လို ကိုင္တြယ္ရမလဲဆိုတာကိုသာ စဥ္းစားေနရမွာ... အလယ္ပိုင္းလြင္ျပင္မွာ အားအားယားယား ေလွ်ာက္သြားေနဖို႔ သူ႕မွာအခ်ိန္ရွိပါ့မလား?"
ကုေဖးတိ "......."
ကုေဖးတိ စကားျပန္မေျပာနိုင္ခင္ ေဘးနားက မုတ္ဆိတ္ေမြးႏွင့္ သိုင္းပညာရွင္တစ္ေယာက္က စားပြဲကိုရိုက္ကာ ေဒါသတႀကီး ဝင္ေျပာလာသည္။
"ေဟ့! ေကာင္စုတ္ေလး.. ဝူက်န္းမန္က ခက္ခက္ခဲခဲ ႀကိဳးစားရယူလာတဲ့ သတင္းကို မင္းက ေမးခြန္း ထုတ္ရဲတယ္ေပါ့ေလ။ မင္းက မိစာၦဂိုဏ္းက ေစလႊတ္ထားတဲ့ သူလွ်ိုတစ္ေယာက္မ်ားျဖစ္ေနသလားပဲ!"
ထိုစကားကိုၾကားေသာအခါ စားေသာက္ခန္းထဲရွိ လူအားလုံးက မ်က္ႏွာဝိုင္းဝိုင္းႏွင့္လူငယ္ကို သံသယဝင္လာၾကသည္။
လူငယ္ေလး၏မ်က္ႏွာသည္ ခ်က္ခ်င္းပင္ နီရဲလာကာ ေဒါသတႀကီး ေအာ္ဟစ္လိုက္ေလ၏။
"လူေတြကို စြပ္စြဲေျပာဆိုဖို႔ ခင္ဗ်ားမွာ ဘာအခြင့္ရွိလို႔လဲ!"
ပတ္ဝန္းက်င္ရွိလူမ်ားကလည္း ဝင္ေရာက္ေျပာဆို လာၾကေလသည္။
"ဒါဆို မင္းရဲ႕သ႐ုပ္မွန္အစစ္ကို သက္ေသျပဖို႔ အမွတ္အသားတစ္ခုခုရွိလား? မင္း ငါတို႔ကို သက္ေသျပနိုင္ရင္ ငါတို႔ မင္းကိုယုံေပးလိုက္မယ္!"
မ်က္ႏွာဝိုင္းဝိုင္းႏွင့္ လူငယ္သိုင္းပညာရွင္သည္ ေခတၱမွ် တုံ႕ဆိုင္းသြားၿပီးေနာက္ ဝတ္စုံအတြင္းမွ အမွတ္အသားျပားကို ထုတ္ယူကာ စားပြဲေပၚသို႔
ပစ္တင္လိုက္ေလသည္။
"က်ဳပ္က ခ်င္းလ်န္ဂိုဏ္းရဲ႕ ဘယ္ဘက္အထက္ခန္းမေဆာင္ကပဲ။ မိစာၦဂိုဏ္းရဲ႕ ဘာသူလွ်ိုမွလဲ မဟုတ္ဘူး! အခု အားလုံးရွင္းၿပီလား?" သူက လည္တိုင္ကိုေမာ့ကာ ျပတ္သားစြာ ဆက္ေျပာသည္။
"က်ဳပ္တို႔ခန္းမေဆာင္ရဲ႕ အႀကီးအကဲနဲ႕ ဝူက်န္းမန္ ရဲ႕ဂိုဏ္းခ်ဳပ္ျဖစ္သူက အသိအကြၽမ္းေဟာင္းေတြပဲ။ ဒါကို သိုင္းပညာအသိုင္းအဝိုင္းက လူအားလုံးသိတယ္ဗ်"
ခ်င္းလ်န္ဂိုဏ္းအေၾကာင္း ထုတ္ေဖာ္ေျပာလိုက္သည္ႏွင့္ တၿပိဳင္နက္ အထင္အျမင္ေသးျခင္းႏွင့္ ရႈတ္ခ်မႈ အျပည့္ရွိေသာ ေလသံမ်ား ထြက္ေပၚလာသည္။
"ခ်င္းလ်န္ဂိုဏ္းဆိုေတာ့ မိစာၦဂိုဏ္းနဲ႕ ခင္မင္ရင္ႏွီးတယ္ဆိုတဲ့သေဘာပဲ မဟုတ္ဘူးလား!?"
"ေဟ့ ခင္ဗ်ား အဲဒါကို မသိဘူးလား။ ခ်င္းလ်န္ဂိုဏ္းနဲ႕ မိစာၦဂိုဏ္းက အခ်င္းခ်င္း သိပ္မေဖာ္ေ႐ြၾကေပမယ့္ ခ်င္းလ်န္ဂိုဏ္းက သူတို႔ကိုယ္သူတို႔ မိစာၦဂိုဏ္းနဲ႕ ပူးေပါင္းေဆာင္႐ြက္နိုင္တယ္ဆိုၿပီး ဂုဏ္ယူေနၾကတာ။ ဒါေၾကာင့္လဲ ထန္းယြင္စံအိမ္နဲ႕ ခ်န္ဖုန္း ေတာင္ေပၚ႐ြာတို႔လို အထက္ကိုမတက္နိုင္တာေလ။ ေဟာ့မိသားစုရဲ႕ သမီးႀကီးက ခ်န္ဖုန္းေတာင္ေပၚ႐ြာမွာ လက္ထပ္လိုက္တယ္ဆိုတဲ့သတင္းလဲၾကားေရာ အဲဒီပါးနပ္တဲ့ဂိုဏ္းက ေဟာ့မိသားစုကို ေျပးကပ္ေတာ့တာပဲ။ ဒါေၾကာင့္ ဝူက်န္းမန္က ႐ြီသခင္ႀကီးက ခ်င္းလ်န္နဲ႕သိတယ္ဆိုတာ အမွန္ပဲ။ ဒါေပမယ့္ သူတို႔ၾကားက ဆက္ဆံေရးက ဘယ္လိုဆိုတာေတာ့ ေျပာရခက္တယ္..."
"ဟုတ္တယ္.. တကယ္ေတာ့ ခ်င္းလ်န္ဂိုဏ္းက ဘယ္ဘက္မွာမွ မရပ္တည္ဘူး။ သူတို႔က ေနာက္ကေန အၿမဲတန္းလန္းတန္းလန္းနဲ႕ ေခြးၿမီးသာသာပဲ။ သူတို႔ကိုယ္သူတို႔ေတာ့ အရမ္းေတြအထင္ႀကီးေနၾကတာေလ"
"ခင္ဗ်ားတို႔အားလုံး မၾကားမိၾကဘူးလား? ခ်င္းလ်န္ ဂိုဏ္းရဲ႕ ဒုတိယသားက ထန္းယြင္စံအိမ္ရဲ႕ အငယ္ဆုံး တပည့္မေလးကို ႀကံေနတာတဲ့ေလ။ သူက ေဟာ့မိသားစုရဲ႕ နည္းလမ္းအတိုင္း သူတို႔မိသားစုကို လက္ထပ္မဟာမိတ္ဖြဲ႕ခ်င္ေနပုံရတယ္။ သူ႕တို႔ အဆင့္အတန္းကိုမွ မေထာက္ဗ်ာ။ ထန္းယြင္စံအိမ္က သူတို႔ဂိုဏ္းကို ဘာကိစၥ ထည့္သြင္းစဥ္းစားေပးမွာလဲေနာ္"
ကုေဖးတိက သူ႕ေရွ႕မွ မ်က္ႏွာဝိုင္းဝိုင္းႏွင့္ ေကာင္ေလးကို အံ့အားသင့္စြာ စိုက္ၾကည့္ရင္း ေျပာလိုက္သည္။
"ခ်င္းလ်န္ဂိုဏ္းက အေရွ႕ေျမာက္ဘက္မွာ ရွိတာေလ။ မင္းက ေတာင္ဘက္မွာ ဘာလာလုပ္ေနတာလဲ?"
မ်က္ႏွာဝိုင္းဝိုင္းႏွင့္လူငယ္က သူ ကုေဖးတိထံမွ အသိအမွတ္ျပဳခံရလိမ့္မည္ဟု မေမွ်ာ္လင့္ထားေပ။ ကုေဖး၏မ်က္လုံးမ်ားတြင္ အထင္အျမင္ေသးမႈမ်ား ရွိမေနသည္ကိုျမင္ေသာအခါ သူက ခ်က္ခ်င္းပင္ ေပ်ာ္႐ႊင္လာကာ ဆိုေလ၏။
"အေဖက... အဲ.. အႀကီးအကဲက ထန္းယြင္စံအိမ္ အနီးမွာ ကြၽန္ေတာ့္ရဲ႕အစ္ကို.. အာ.. ကြၽန္ေတာ္တို႔ရဲ႕ ဒုတိယသခင္ေလးကို ရွာဖို႔ အကူအညီေတာင္း.. မဟုတ္ဘူး.. တာဝန္ေပးခဲ့တာ"
ကုေဖးတိက မ်က္ခုံးပင့္လိုက္သည္။
ထိုပုံစံကိုျမင္ေသာအခါ မ်က္ႏွာဝိုင္းဝိုင္းႏွင့္လူငယ္က သူ႕မ်က္ႏွာဖုံးကြၽတ္သြားသည္ကို သိလိုက္ၿပီး အမွန္အတိုင္း ဝန္ခံလိုက္ေတာ့၏။
"ကြၽန္ေတာ့္နာမည္က ဖန္ခ်ီပါ။ ကြၽန္ေတာ့္အေဖက ဒုတိယအစ္ကိုကိုလိုက္ရွာၿပီး ထန္းယြင္စံအိမ္က တပည့္မေလးနဲ႕ အဆက္အသြယ္ရေအာင္ ကူညီခိုင္းခဲ့တာ"
ကုေဖးတိက မရယ္ေမာဘဲ မေနနိုင္ေပ။
ဖန္ခ်ီအား ေမးခြန္းထုတ္ဖူးေသာ မုတ္ဆိတ္ေမြးႏွင့္ သိုင္းပညာရွင္က မ်က္လုံးမ်ားေမွးက်ဥ္းလ်က္ ကုေဖးတိကို အကဲခတ္လိုက္သည္။
"ဒီလူကလဲ သံသယျဖစ္စရာ ေကာင္းတယ္ေနာ္။ မင္းက ခ်င္းလ်န္ဂိုဏ္းနဲ႕ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စကားစျမည္ေျပာၿပီး ဟင္းပြဲတူႏွစ္ပြဲေတာင္ မွာလိုက္ေသးတယ္။ မင္းတို႔ရဲ႕အခန္းထဲမွာ ဘယ္သူေတြမ်ား ပုန္းေအာင္းေနပါလိမ့္ေနာ္?"
ကုေဖးတိက ထိုစကားကိုၾကားေသာအခါ မ်က္ေမွာင္ၾကဳတ္လိုက္သည္။
"ဒါက ခင္ဗ်ားတို႔နဲ႕ ဘာဆိုင္ေနလို႔လဲ?"
မုတ္ဆိတ္ေမြးႏွင့္လူက ဆက္ေျပာလာသည္။
"မိစာၦဂိုဏ္းက နတ္ဆိုးက်င့္ႀကံသူက ငါတို႔ အလယ္ပိုင္းလြင္ျပင္ကို ပန္းလက္ေထာက္ႏွစ္ေယာက္ ေခၚလာၿပီး ျပႆနာလာရွာေနတယ္။ တကယ္လို႔ မင္းတို႔ရဲ႕အခန္းထဲမွာ တစ္ေယာက္ေယာက္ ပုန္းေနေသးတယ္ဆိုရင္ ဒီကိစၥကို ေသခ်ာစစ္ေဆးမွ ျဖစ္ေတာ့မွာေပါ့။ သခင္ငယ္က ဒီမွာရွိမေနဘူးလို႔ ဘယ္သူကသိနိုင္မွာလဲ?"
သူက ခ်က္ခ်င္းပင္ အျခားေသာ သိုင္းပညာရွင္တို႔ဘက္လွည့္ကာ တိုက္တြန္းႏွိုးေဆာ္ေတာ့ေလ၏။
"က်ဳပ္ေျပာတာ က်ိဳးေၾကာင္းဆီေလ်ာ္တယ္လို႔ မထင္ၾကဘူးလား။ က်ဳပ္တို႔အားလုံက တစ္ေယာက္နဲ႕ တစ္ေယာက္ ျမင္သာတဲ့ ဘုံအခန္းက်ယ္ႀကီးတစ္ခုထဲမွာ အတူတူတည္းတာဆိုေပမယ့္ သူတို႔က အေပၚထပ္မွာ သီးသန႔္အခန္းယူထားတာေလ။ တစ္ေယာက္ေယာက္ကို ဖြက္ထားမထားဆိုတာ ဘယ္သူသိနိုင္မွာလဲ? ေသခ်ာေအာင္ က်ဳပ္တို႔ သြားစစ္ေဆးၾကည့္ရမယ္!"
ကုေဖးတိ မ်က္လုံးမ်ား ေမွးက်ဥ္းကာ ပတ္ဝန္းက်င္ကို တစ္ခ်က္ေဝ့ၾကည့္လိုက္သည္။
"မိစာၦဂိုဏ္းက စုယန္သာ ဒီမွာတကယ္ရွိခဲ့မယ္ဆိုရင္ ခင္ဗ်ားတို႔ေျပာသမွ်ကို အကုန္ ၾကားၿပီးေနေလာက္ေရာေပါ့။ သူက ခင္ဗ်ားတို႔ရဲ႕အသက္ကို ခ်မ္းသာေပးထားလိမ့္မယ္လို႔ ထင္ေနတာလား?"
လူအမ်ားသည္ ဤစကားကိုၾကားေသာအခါ အဓိပၸာယ္ရွိသည္ဟု ခံစားလိုက္ရၿပီး တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကေလသည္။
သို႔ေသာ္ မုတ္ဆိတ္ေမြးႏွင့္လူက ထပ္လႈံ႕ေဆာ္လာလိမ့္မည္ဟု မည္သူထင္မည္နည္း။
"မိစာၦဂိုဏ္းက နတ္ဆိုးက်င့္ႀကံသူက ရည္႐ြယ္ခ်က္တစ္ခုခုရွိလို႔ သူ႕ရဲ႕အသြင္စစ္ကို ဖုံးကြယ္ၿပီး အလယ္ပိုင္းလြင္ျပင္ကို လာခဲ့တာပဲ။ သူက သူ႕ရဲ႕တည္ေနရာကို ထုတ္ေဖာ္ဖို႔အဆင္မေျပသလို ျပႆနာဖန္တီးဖို႔လဲ အဆင္ေျပမွာမဟုတ္ဘူး။ ဒီမွာ သိုင္းပညာရွင္ေတြ ဒါဇင္နဲ႕ခ်ီၿပီးရွိတယ္။ သူတို႔က သုံးေယာက္တည္းနဲ႕ ငါတို႔ကို ဘယ္လိုရင္ဆိုင္နိုင္မွာလဲ?"
သူ၏အႀကံဥာဏ္ အလုပ္မျဖစ္သည္ကို ျမင္ေသာအခါ ကုေဖးတိက ႏွာေခါင္းရႈံ႕ၿပီး ေျပာလိုက္ေလသည္။
"က်ဳပ္ရဲ႕ဇနီးက အခန္းထဲမွာအနားယူေနတယ္။ က်ဳပ္က ဘာလို႔ ခင္ဗ်ားတို႔ကို သူမကိုၾကည့္ခြင့္ ေပးရမွာလဲ?"
မုတ္ဆိတ္ေမြးႏွင့္လူက အံႀကိတ္ကာ ျပန္ေျပာလာသည္။
"ဒါက မင္းရဲ႕စကားပဲရွိတာေလ။ မင္းရဲ႕အခန္းထဲက လူက မိစာၦဂိုဏ္းက စုယန္ ဟုတ္၊မဟုတ္ ငါတို႔က ဘယ္လိုလုပ္သိနိုင္မွာလဲ?"
မ်ားမၾကာမီတြင္ ထိုလူသည္ သိုင္းပညာရွင္အမ်ားစုကို ေသြးထိုးလႈံ႕ေဆာင္နိုင္ခဲ့ၿပီး ကုေဖးတိႏွင့္ဖန္ခ်ီတို႔၏ အခန္းမ်ားကို စစ္ေဆးလိုေၾကာင္း က်ယ္ေလာင္စြာ ဟစ္ေအာ္သံမ်ား ညံလာေတာ့သည္။
ဖန္ခ်ီသည္ တစ္ေယာက္တည္း လာခဲ့ျခင္းၿပီး သူ႕အခန္း စစ္ေဆးခံရမည္ကို စိုးရိမ္စရာ မရွိေပ။ သို႔ေသာ္ ကုေဖးတိ၏ ျပတ္ျပတ္သားသား ျငင္းဆိုမႈကို ျမင္လိုက္ရေသာအခါ သူက ေရ႐ြတ္လိုက္မိ၏။
"ညီအစ္ကို... ခင္ဗ်ားရဲ႕အခန္းထဲမွာ တကယ္ပဲ လွ်ို႔ဝွက္ခ်က္တစ္ခုခု ရွိေနတာမ်ားလား?"
ကုေဖးတိသည္ ေအးစက္စြာ ႏွာမႈတ္လိုက္ၿပီး
မတို႔ထိရေသးေသာ အစားအစာကို ယူကာ အေပၚထပ္သို႔ တက္ေတာ့မည္အျပဳ ႐ုတ္တရက္ လက္တစ္ဖက္က သူ႕ကို ဖမ္းဆုပ္လာေလသည္။
မုတ္ဆိတ္ေမြးႏွင့္ သိုင္းပညာရွင္က ၿပဳံးလ်က္ ေျပာေလ၏။
"ညီငယ္ေလး.. ဒါက ပိုလို႔ေတာင္ သံသယျဖစ္စရာ ေကာင္းတယ္ေနာ္။ မင္းယူသြားတဲ့ အစားအစာက တကယ္ပဲ ဇနီးအတြက္လား ဒါမွမဟုတ္ နတ္ဆိုးတစ္ေကာင္ေကာင္ အတြက္လားဆိုတာ ေသခ်ာလိုက္ၾကည့္တာ ပိုေကာင္းလိမ့္မယ္"
သူ၏ စိတ္ရွည္သည္းခံမႈ ကန႔္သတ္ခ်က္သို႔ တြန္းပို႔ခံရၿပီးေနာက္ ကုေဖးတိသည္ အတြင္းအားအျပည့္ ထည့္သြင္းထားေသာ လက္ဖဝါးကို အသုံးျပဳကာ ထိုလူအား ေနာက္သို႔ တြန္းထုတ္လိုက္ေတာ့သည္။ ၿပီးေနာက္ သူက ဆို၏။
"ဟမ့္.. ဒီလို ရိုင္းစိုင္းတဲ့ ေတာင္းဆိုမႈမ်ိဳးကို က်ဳပ္ တစ္ခါမွ မႀကဳံဖူးဘူး"
ထိုအခ်ိန္တြင္ အေပၚထပ္စၾကၤံမွ တံခါးဖြင့္သံ
ထြက္ေပၚလာၿပီး 'ေဒါက္ေဒါက္' ဟူ၍ တံခါးကို
လက္ျဖင့္ ႏွစ္ခ်က္ေခါက္သံကိုလည္း အားလုံး
ၾကားလိုက္ၾကရသည္။
လူတိုင္းသည္ အေပၚထပ္သို႔ ေမာ့ၾကည့္လိုက္ရာ ပါးစပ္ႏွင့္ မ်က္လုံးမ်ား ျပဴးက်ယ္သြားၾကၿပီး အံ့ဩ မွင္သက္သြားၾကေလေတာ့၏။
ကုေဖးတိသည္ စၾကၤံတိုင္ကို အားႏြဲ႕စြာမွီကာ မယိမ္းယိုင္႐ုံတမယ္ မတ္တပ္ရပ္ေနေသာ စုယန္ကိုၾကည့္ၿပီး မရယ္မိေအာင္ မနည္းထိန္းေနရေလသည္။
ကံေကာင္းေထာက္မစြာ သူ႕ကိုယ္သူ ထိန္းခ်ဳပ္နိုင္စြမ္းက အားေကာင္းေနခဲ့သည္။ သူက အစားအေသာက္ဗန္းကို ကိုင္ကာ အေပၚထပ္ကို ခ်က္ခ်င္း ေျပးတက္သြားေလ၏။
"ဇနီးေလး.. မင္းဘာလို႔ ထြက္လာတာလဲ? အခန္းကို ျမန္ျမန္ျပန္ရေအာင္"
ကုေဖးတိတစ္ေယာက္ ခက္ခဲသည့္အေျခအေနကလြတ္ေျမာက္သြားသည္ကိုျမင္ေသာအခါမွ စုယန္က ရွက္႐ြံ႕စြာ ေခါင္းညိတ္ျပလိုက္ၿပီး ကုေဖးတိ၏ ရင္ခြင္တြင္မွီကာ အခန္းထဲသို႔ ျပန္လိုက္သြားခဲ့သည္။
ပတ္ဝန္းက်င္တစ္ခုလုံးမွာ အလြန္တိတ္ဆိတ္ေနၿပီး အပ္က်သံကိုပင္ ၾကားနိုင္ေလ၏။
ေနာက္ဆုံးတြင္ ဖန္ခ်ီက ေလကေလးခြၽန္ကာ သက္ျပင္းတစ္ခ်က္ခ်လိဳက္ေလသည္။
"က်ဳပ္ရဲ႕အနာဂတ္ဇနီးသည္သာ ဒီလိုပုံစံမ်ိဳးေလး ဆိုရင္ က်ဳပ္လဲ ဘယ္သူ႕ကိုမွ ျမင္ေစခ်င္မွာ မဟုတ္ဘူး။ ဒီလိုအေပါစားတည္းခိုေဆာင္မွာ သူမကိုေခၚထုတ္ဖို႔ မေျပာနဲ႕။ ေ႐ႊနဲ႕ေဆာက္ထားတဲ့အိမ္ေတာင္ သူမနဲ႕ ထိုက္တန္အုံးမွာမဟုတ္ေသးဘူး"
အနီးနားရွိ အျခားေသာ သိုင္းပညာသည္မ်ားက ဤစကားကိုေျပာေသာသူမွာ ခ်င္းလ်န္ဂိုဏ္းမွလူ ျဖစ္ေၾကာင္းကိုပင္ ဂ႐ုမစိုက္ေတာ့ဘဲ ေခါင္းညိတ္ သေဘာတူၾကေလသည္။ သူတို႔သည္ ယခုေလးတင္ ျမင္လိုက္ရေသာ အမ်ိဳးသမီးငယ္မွာ မည္မွ် က်က္သေရတင့္တယ္လွပေၾကာင္း ခ်ီးမြမ္းေျပာဆိုကာ သက္ျပင္းသာ ခ်မိၾကေတာ့၏။
မုတ္ဆိတ္ေမြးႏွင့္ သိုင္းပညာရွင္သည္ ကုေဖးတိႏွင့္ စုယန္တို႔ ဝင္သြားေသာ အခန္းတံခါးကို စိုက္ၾကည့္ၿပီးေနာက္ မ်က္ခုံးပင့္ကာ စားပြဲတစ္လုံးတည္းရွိ လူႏွင့္ အၾကည့္ခ်င္းဖလွယ္လိုက္သည္။
"ဘာလို႔ ထြက္လာတာလဲ?" ကုေဖးတိက အစားအေသာက္ဗန္းကို စားပြဲေပၚတင္ရင္း ေမးလာသည္။
"မင္းကိုယ္မင္း တတ္နိုင္သမွ် မထုတ္ျပသင့္ဘူးလို႔ ကိုယ္တို႔ေျပာထားတယ္မဟုတ္လား?"
စုယန္က ႏႈတ္ခမ္းတြန႔္လိုက္ၿပီး ေလသံတိုးတိုးျဖင့္ ဆိုသည္။
"ငါအခန္းထဲကေန အကုန္ၾကားေနရတယ္။ ငါသာ အျပင္ထြက္မလာရင္ မင္းက သူတို႔ရဲ႕ရန္ျဖစ္ေတာ့မွာေလ။ ဘာပဲျဖစ္ျဖစ္ ငါက ႐ုပ္ဖ်က္ထားတာပဲ။ သူတို႔ကို အေဝးကေန တစ္ခ်က္ေလာက္ လွမ္းၾကည့္ခြင့္ေပးလိုက္တာက အနီးကပ္ၾကည့္ခြင့္ေပးတာထက္ေတာ့ ပိုေကာင္းတယ္မဟုတ္ဘူးလား"
ကုေဖးတိက ျငင္းဆန္နိုင္စြမ္းမရွိေတာ့ဘဲ စုယန္ရဲ႕ ႏွာသီးေလးကို ခပ္ဖြဖြတို႔ထိကာ ေျပာေလသည္။
"ေကာင္းပါၿပီ.. အခု အရင္ဆုံးစားၾကရေအာင္"
စုယန္ အံအားသင့္သြားေလ၏။
သူက သူ႕ႏွာေခါင္းသူ အုပ္ကိုင္ကာ ဆိုေလသည္။
"မင္း... မင္းဘာလုပ္တာလဲ?"
ကုေဖးတိက စုယန္၏လက္ထဲကို တူတစ္ေခ်ာင္းထည့္လိုက္ၿပီး ၿပဳံးလ်က္ ထပ္ေျပာေလ၏။
"ထမင္းစားၾကရေအာင္လို႔ ဇနီးေလးရဲ႕"
စုယန္: "......."
ကုေဖးတိက ရိုက္ပုတ္ခံရဖို႔ ေတာင္းဆိုေနတာလို႔ သူဘာလို႔ ခံစားေနရတာပါလိမ့္?
ေကာင္းကင္ႀကီးသည္ ေမွာင္စျပဳလာၿပီျဖစ္၍ ထမင္းစားခန္းတြင္ စု႐ုံးေနေသာ သိုင္းပညာရွင္မ်ားသည္ အနားယူရန္ ႏွစ္ေယာက္သုံးေယာက္တစ္တြဲ အခန္းထဲသို႔ ျပန္ဝင္သြားၾကသည္။ စားပြဲ၌ထိုင္ကာ စကားစျမည္ေျပာၿပီး ႂကြားလုံးထုတ္ရန္ ေသရည္ႏွင့္ ဟင္းပြဲမ်ား မွာယူေနသူအနည္းငယ္သာ က်န္ရွိေလသည္။
အေစာပိုင္းက ကုေဖးတိ၏အခန္းကို စစ္ေဆးရန္ လူတိုင္းကို လႈံ႕ေဆာ္ဖို႔ ႀကိဳးစားခဲ့သည့္ မုတ္ဆိတ္ေမြးႏွင့္ သိုင္းပညာရွင္လည္း က်န္ေနခဲ့ေသးသည္။ သူက ကုေဖးတိႏွင့္ စုယန္တို႔၏ အခန္းတံခါးကို ခဏခဏ စိုက္ၾကည့္ေနေလ၏။ ေနာက္ဆုံး ေကာင္းကင္ႀကီး လုံးဝေမွာင္သြားၿပီးေနာက္တြင္ ကုေဖးတိသည္ အခန္းထဲမွ ထြက္လာေလသည္။ ၾကည့္ရသည္မွာ အေပါ့အေလးသြားမည့္ပုံေပၚ၏။
မုတ္ဆိတ္ေမႊးႏွင့္လူသည္ သူ၏အေဖာ္ကို မ်က္စိမွိတ္ အခ်က္ျပလိုက္ၿပီး ကုေဖးတိေနာက္သို႔ လိုက္သြားေစခဲ့သည္။ သူကမူ တည္းခိုခန္း၏ ဒုတိယထပ္သို႔ အျမန္တက္သြားခဲ့ေလ၏။
ထိုအခ်ိန္တြင္ စုယန္သည္ အလြန္စိတ္မြန္းက်ပ္ေနၿပီ ျဖစ္သည္။
သူ၏ ရင္ဘတ္ကို အဝတ္ျဖင့္ ထုပ္စည္းထားရၿပီး ဆံပင္မ်ားကိုလည္း ဖဲႀကိဳးအျပည့္ျဖင့္ အေသအခ်ာ ခ်ည္ေႏွာင္ထားရ၏။ ေသခ်ာတာက သူ ဒီညေတာ့ အဝတ္အစားခြၽတ္ၿပီး အိပ္နိုင္မည္မဟုတ္ေတာ့ပါ။ လာမည့္ရက္အနည္းငယ္မွာလည္း သူ႕ရဲ႕ ပင္ပန္းႏြမ္းနယ္မႈကို သက္သာရာရရွိဖို႔ တရားထိုင္ျခင္းကိုပဲ အားကိုးနိုင္ေတာ့ေပမည္။ သို႔ေသာ္ သူသည္ အမွန္တကယ္ပင္ ပ်င္းရိသူျဖစ္ၿပီး အတြင္းအားကို ထိန္းကာ တရားထိုင္ရန္ထက္ အိပ္စက္ျခင္းကို ပိုမိုႏွစ္သက္ေသာေၾကာင့္ ၎မွာ အနည္းငယ္ ဒုကၡေရာက္လွသည္။
စုယန္သည္ တံခါးကိုတြန္းဖြင့္ကာ ကုေဖးတိအား တိုင္တန္းခ်င္ပါေသာ္လည္း သူ႕အေပၚတြင္ ႀကီးမားေသာပုံရိပ္တစ္ခု အုပ္မိုးလာသည္ကို ႐ုတ္တရက္ေတြ႕လိုက္ရေလသည္။
"ဟဲဟဲ မိန္းမငယ္ေလး..." မုတ္ဆိတ္ေမြးႏွင့္လူက ခက္ထန္ ၾကမ္းတမ္းေသာအသံျဖင့္ ေျပာလာ၏။
"မင္းရဲ႕ခင္ပြန္းက ဒီမွာမရွိဘူး၊ မင္းဘာလို႔ ဒီလူႀကီးနဲ႕ လာမကစားရတာလဲ?"
စုယန္: "......."
ဟြန႔္.. သူ ခင္ဗ်ားကို ဘယ္လိုသတ္မလဲဆိုတာ ျမင္ခ်င္ေသးတယ္!
စုယန္သည္ ေၾကာက္႐ြံ႕ဟန္ေဆာင္ကာ ေနာက္သို႔ ေျခတစ္လွမ္းဆုတ္လိုက္၏။ ၿပီးေနာက္ သူ၏ရင္ဘတ္ကို လက္ျဖင့္ဖုံးကာလိုက္သည္။ သူသည္ မုတ္ဆိတ္ေမြးႏွင့္လူအား မ်က္ႏွာငယ္ေလးျဖင့္ ၾကည့္ေနၿပီး ဖေယာင္းတိုင္မီးမွိန္မွိန္ေအာက္တြင္ သူ၏ပုံရိပ္မွာ ပို၍သိမ္ေမြ႕လာသည္။
မုတ္ဆိတ္ေမြးႏွင့္လူသည္ သူ႕အမူအရာေၾကာင့္ သိသိသာသာ လႈံ႕ေဆာ္ခံလိုက္ရၿပီး စူးစူးရဲရဲ ၾကည့္ကာ ႏႈတ္ခမ္းကို လွ်ာျဖင့္သပ္လိုက္သည္။ ၿပီးေနာက္ စားပြဲႏွင့္ ကုလားထိုင္ကို ေရွာင္ကြင္းကာ စုယန္ထံ အျမန္ ခ်ဥ္းကပ္လာေတာ့၏။
စုယန္သည္ စကားတစ္ခြန္းမွ မေျပာဘဲ ကုတင္ေထာင့္သို႔ ဆုတ္သြားကာ ေၾကာက္လန႔္တၾကားျဖင့္ ခႏၶာကိုယ္ေလးကို က်ဳံ႕ထားေလ၏။ ၿပီးေနာက္ အိတ္အတြင္းမွ ဓားျမႇောင္ကို တိတ္တဆိတ္ ဆြဲထုတ္လိုက္သည္။
"မင္းက ဆြံ႕အေနတာလား? အိုး ဒါဆို သိပ္ေပ်ာ္စရာေကာင္းမွာ မဟုတ္ေတာ့ဘူးပဲ"
မုတ္ဆိတ္ေမြးႏွင့္လူက ၿပဳံးလ်က္ ဆက္ေျပာေလသည္။
"ေက်ာက္စိမ္းျဖဴမွာလည္း ခ်ိဳ႕ယြင္းခ်က္ရွိသားပဲ။ မင္း ဒီေလာက္ေပ်ာ့ညံ့တဲ့ ၾကက္တစ္ေကာင္နဲ႕ လက္ထပ္ထားရတာ အံ့ၾသစရာ မဟုတ္ေတာ့ပါဘူးေလ"
သူက စုယန္၏ မ်က္ႏွာကိုကိုင္ရန္ လက္ကို ဆန႔္ထုတ္လာသည္။
ထိုအခ်ိန္တြင္ တံခါးဝမွ လူငယ္တစ္ေယာက္၏ ျပင္းထန္စြာ ေအာ္သံတစ္ခုထြက္ေပၚလာ၏။
"ရပ္လိုက္စမ္း!" ဖန္ခ်ီက ခုန္ဝင္လာကာ မုတ္ဆိတ္ေမြးႏွင့္လူကို တစ္ဖက္သို႔ ကန္ထုတ္လိုက္သည္။
"ခင္ဗ်ားမွာ ရည္႐ြယ္ခ်က္ေကာင္းမရွိဘူးဆိုတာ က်ဳပ္သိသားပဲ! က်ဳပ္တိတ္တိတ္ေလး ေစာင့္ၾကည့္ေနတာ အလကားမဟုတ္ဘူး။ ခင္ဗ်ားက ဒီမိန္းကေလးကို တစ္ခုခုလုပ္ဖို႔ ႀကံစည္ေနတာ အမွန္ပဲ! ဒါနဲ႕မ်ား ခင္ဗ်ားကိုယ္ခင္ဗ်ား ေျဖာင့္မတ္လမ္းစဥ္က သိုင္းပညာရွင္လို႔ ေႂကြးေၾကာ္ရဲေသးတယ္ေနာ္။ ခင္မ်ားရဲ႕ယုတ္မာတဲ့အႀကံအစည္ေတြ အတြက္ ခင္ဗ်ားရဲ႕အသက္ကို ေပးဆပ္ရလိမ့္မယ္!"
တိုက္ခိုက္ေတာ့မည့္ စုယန္: "........"
ဒါကဘယ္သူတုန္း!?
ထိုအခ်ိန္တြင္ ေမ့ရွစ္စန္းလည္း တံခါးဆီသို႔ ေျပးလာေနၿပီျဖစ္သည္။ စုယန္ကိုကူညီရန္ အခန္းထဲ၌ တစ္စုံတစ္ဦး ေရာက္ေနသည္ကို ျမင္လိုက္ရေသာအခါ သူက သူ႕အခန္းထဲသို႔ ျပန္လွည့္သြားခဲ့၏။
မုတ္ဆိတ္ေမြးႏွင့္လူက ဖန္ခ်ီအား အလြန္ေဒါသထြက္ေနသည္မွာ ထင္ရွားသည္။
"ထပ္ၿပီး မင္းပဲလား ေကာင္စုတ္ေလး! မင္းက ဒီလူႀကီးရဲ႕ အေပ်ာ္ေတြကို ဖ်က္ဆီးလိုက္တာပဲ။ ငါမင္းကို ဘယ္လို ႏွိပ္စက္..."
သူစကားမဆုံးေသးခင္မွာပင္ ကုေဖးတိသည္ သတိလစ္ေနေသာ လူတစ္ေယာက္ကို ထမ္းလ်က္ ျပတင္းေပါက္ကေန အခန္းထဲသို႔ ခုန္ေက်ာ္ဝင္လာကာ မုတ္ဆိတ္ေမြးႏွင့္လူထံသို႔ ပစ္ေပါက္လိုက္ေလသည္။ သူ စိုက္ထုတ္လိုက္သည့္ အင္အားမွာ မနည္းလွဘဲ ႏွစ္ေယာက္သား နံရံကို တိုက္မိသြားရာ တည္းခိုခန္းတစ္ခုလုံး တုန္လႈပ္သြားဟန္ ဆူဆူညံညံအသံမ်ား ထြက္ေပၚလာေလ၏။
မုတ္ဆိတ္ေမြးႏွင့္လူသည္ ခ်က္ခ်င္းပင္ ပါးစပ္မွ ေသြးမ်ား အန္ထြက္လာၿပီး အခ်ိန္အေတာ္ၾကာသည္အထိ ေျမျပင္ေပၚက မထနိုင္ေသးေပ။
ကုေဖးတိသည္ မ်က္လုံးမ်ားကို ေမွးက်ဥ္းကာ စကားမဆိုဘဲ ဖန္ခ်ီအား စိုက္ၾကည့္လိုက္သည္။
ဖန္ခ်ီသည္ ေထာင့္တစ္ေနရာတြင္ ၿပိဳလဲေနသည့္ ခႏၶာကိုယ္ႏွစ္ခုကို စိုက္ၾကည့္ၿပီးေနာက္ ကတုန္ကယင္ျဖင့္ ကုေဖးတိအား ၾကည့္လာသည္။ ၿပီးေနာက္ သူက တံေတြးမ်ိဳခ်ကာ တုန္ယင္ေနေသာ အသံျဖင့္ ေျပာေလ၏။
"ကြၽန္..ကြၽန္..ကြၽန္ေတာ္က ကူညီဖို႔ လာခဲ့တာပါ။ အခုပဲထြက္သြားပါေတာ့မယ္!"
စကားဆုံသည္ႏွင့္ သူက ခ်က္ခ်င္းလွည့္ကာ
ထြက္သြားေလေတာ့သည္။
သို႔ေသာ္ ကုေဖးတိက သူ႕အား တားဆီးလိုက္ေလ၏။
"ထြက္သြားဖို႔ အလ်င္မလိုပါနဲ႕အုံး.. ဒီကိုလာၿပီး ငါ့ကိုကူညီေပး"
ဖန္ခ်ီက တုန္လႈပ္သြားေလသည္။
"...အာ?"
ကုေဖးတိက သူ႕ကို ထပ္မေျပာေတာ့ဘဲ အခန္း ေထာင့္ရွိ မုတ္ဆိတ္ေမြးႏွင့္လူအား လက္ညွိုးထိုးျပကာ စုယန္ကို ေမးလိုက္သည္။
"အဲဒီလူ မင္းကိုထိခဲ့ေသးလား?"
စုယန္က မ်က္ေတာင္တဖ်ပ္ဖ်ပ္ခတ္လိုက္ၿပီး ဖန္ခ်ီအား တစ္ခ်က္ၾကည့္လိုက္သည္။ ၿပီးေနာက္ စကားမဆိုဘဲ ေခါင္းယမ္းျပလိုက္၏။
ကုေဖးတိက ဟမ့္ကနဲ အသံျပဳၿပီး ေျပာလာသည္။
"အစကေတာ့ ကိုယ္သူ႕လက္ကို ျဖတ္ပစ္မလို႔ပဲ။
မင္းကို မထိခဲ့ဘူးဆိုေတာ့ သူ႕ခႏၶာကိုယ္ကို အေကာင္းတိုင္းခ်န္ထားေပးလိုက္ပါမယ္ေလ"
စုယန္: "......."
ကုကေလးေရ.. မင္းရဲ႕ သ႐ုပ္ေဆာင္မႈေတြက အရမ္းကို လက္ေတြ႕ဆန္လြန္းမေနဘူးလားကြာ?
ကုေဖးတိက သူ႕ဓားရွည္ကို ဆြဲထုတ္ကာ မုတ္ဆိတ္ေမြးႏွင့္လူဆီသို႔ ေလွ်ာက္သြားသည္။
မုတ္ဆိတ္ေမြးႏွင့္လူသည္ အခ်ိန္အေတာ္ၾကာ ေခ်ာင္းဆိုးေနၿပီး သူ႕အေပၚ ပိေနေသာ အေဖာ္ျဖစ္သူကို တြန္းဖယ္ကာ ေၾကာက္လန႔္တၾကား ေျပာလာသည္။
"မင္း..မင္း ငါ့ကို သတ္လို႔မရဘူး! ငါက ထုန္းယြင္ ဘုရားေက်ာင္းကပဲ။ မင္း ငါ့ကိုသတ္ရင္ ထုန္းယြင္ ဘုရားေက်ာင္းက မင္းကို ခြင့္လြတ္မွာမဟုတ္ဘူး!"
စုယန္က မ်က္ခုံးပင့္ကာ ေတြးလိုက္မိသည္။
'ငါတို႔က မင္းကို ဝန္ခံခိုင္းတာေတာင္ မဟုတ္ဘူး၊ မင္းက ဘာကိစၥ ေၾကညာေနရတာလဲ'
ကုေဖးတိက တုန္လႈပ္မသြားေပ။ သူက ထိုလူ၏ရင္ဘတ္ကို ဓားျဖင့္ခ်ိန္႐ြယ္ထားရင္း ၿပဳံးကာ ေျပာလိုက္၏။
"အိုး! စိတ္မေကာင္းစရာပဲ။ က်ဳပ္က ထုန္းယြင္ ဘုရားေက်ာင္းနဲ႕ ဆက္ဆံေရး အေတာ္ေကာင္းတာ။ ထုန္းယြင္ဘုရားေက်ာင္းမွာ ခင္ဗ်ားလို လူတစ္ေယာက္ရွိတယ္ဆိုတာကို ဘာလို႔ မမွတ္မိရတာလဲ?
မုတ္ဆိတ္ေမြးႏွင့္လူက ဆိုသည္။
"... ငါက ဘုရားေက်ာင္းမွာရွိတာ ရွားလို႔ပါ.."
ကုေဖးတိက ဓားကို ေရွ႕သို႔ ထပ္တိုးလိုက္ကာ မာန္မဲလိုက္ေလ၏။
"အမွန္အတိုင္းေျပာစမ္း!"
မုတ္ဆိတ္ေမြးႏွင့္လူသည္ နာက်င္မႈေၾကာင့္ မသိစိတ္က ထုတ္ေျပာလိုက္ေလသည္။
"မလုပ္နဲ႕၊ မလုပ္နဲ႕၊ ငါ့ကိုမသတ္နဲ႕! ငါက... တကယ္ေတာ့... ငါက ဝူက်န္းမန္ရဲ႕ သူလွ်ိုပါ။ ေသခ်ာပါတယ္ မင္း ဝူက်န္းမန္ကို ရန္မစခ်င္ဘူးမဟုတ္လား။ မင္းငါ့ကိုမယုံရင္ ငါ့မွာ ဝူက်န္းမန္ရဲ႕ သေကၤတရွိတယ္.. ၾကည့္.. ဒီမွာၾကည့္!"
သူက အမွတ္အသားျပားတစ္ခုကို ထုတ္ယူလိုက္ၿပီး ကုေဖးတိၾကည့္ရန္ လႊဲေပးလိုက္သည္။
ကုေဖးတိ၏ ႏႈတ္ခမ္းေထာင့္မ်ား တြန႔္ေကြးသြားၿပီး မုတ္ဆိတ္ေမြးႏွင့္လူ၏ မ်က္လုံးမ်ားေရွ႕တြင္ အရိုးပုေလြတစ္ခုကို ထုတ္ျပလိုက္ေလ၏။
"ခင္ဗ်ားက ဝူက်န္းမန္ကဆိုရင္ ဘာလို႔.. ခင္ဗ်ားရဲ႕အေဖာ္မွာ အဲ့ေလာ့ေကြးရဲ႕ အရိုးပုေလြရွိေနရတာလဲ?
_4.9.22
စာေရးဆရာမွာ ေျပာစရာရွိပါတယ္။
စုယန္: သူလွ်ိုကိုဖမ္းဖို႔အတြက္ ငါ့ရဲ႕မိန္းကေလးအသြင္ကို အားကိုးခဲ့ရတယ္ (စားပြဲအားလွန္ပစ္)
Thanks for reading ❣️