Unicode
"ချစ်သူကောင်လေး?"
ချူချန်ကဆက်မေးလာသည်။
သူစိတ်ရှုပ်လာအောင်ဟန်ဆောင်ပြနေသောကြောင့် ထိုသူကမုန်းဖို့ကောင်းလိုက်တာလို့ ကျိချင်းကျိုးတွေးလိုက်သည်။
သူတို့နှစ်ယောက်ရဲ့ငွေရေးကြေးရေးဆက်ဆံရေးကို တစ်ကမ္ဘာလုံးဆီပြောချင်တာလား?
ဒီတိုင်းသာဆို ကျိုးချန်ဖုန်း အရက်အလွန်ကျွံသောက်ပြီးမူးသွားရင် ထုတ်ပြောမိမယ် ဒါကိုတစ်ခြားလူတွေလည်းကြားသွားကြမယ်လေ။
ဘယ်လိုပြောရမှာလဲ?
"ဟုတ်တယ် ချစ်သူကောင်လေး"
ကျိချင်းကျိုး အတည်ပြုပေးလိုက်သည်။
ကျိုးချန်ဖုန်းက မယုံကြည်နိုင်ခဲ့ပေ။သူက ကျိချင်းကျိုးကိုကြည့်ပြီးနောက် သူ့ကုမ္ပဏီရဲ့မင်းသားလေးကိုကြည့်လိုက်တယ်။သူ မယုံကြည်နိုင်ဘူး။
"ချစ်သူကောင်လေး?"
ချူချန် ပြုံးပြီး စကားပြောဖို့ပြင်လိုက်ပေမယ့် သူ့အင်္ကျီလက်ကို တစ်စုံတစ်ယောက်ဆွဲနေသဖြင့် လှည့်ကြည့်လိုက်ရာ ကျိုးချန်ဖုန်းကိုကြည့်နေသော ကျိချင်းကျိုးကိုမြင်လိုက်ရသည်။သူကခေါင်းအသေညိမ့်ပြနေပြီး လှည့်စားမှုသေးသေးလေး လုပ်နေတာနဲ့တောင်မတူပေ။
ချူချန် သူ့ကိုအတော်လေးစိတ်ဝင်စားသွားမိတယ်။သူ ကျိချင်းကျိုးနဲ့အိပ်ချင်ပေမယ့်လည်း သူ့အနာဂတ်တိုးတက်ရေးကို အကျိုးသက်ရောက်မှုရှိအောင်မရည်ရွယ်ပေ။"ငွေးကြေးထောက်ပံ့သူ"ဆိုတာကြီးလည်း ပြောလို့မကောင်း။
ကျိချင်းကျိုးကလည်း သူ့အနာဂတ်မှာအပုပ်ချလို့ရမယ့်သမိုင်းကြီးဖြစ်လာမယ့်ဆက်ဆံရေးကိုလိုချင်မှာမဟုတ်ဘူးလေ။သူနားလည်ပေးနိုင်၍လျစ်လျူရှူလိုက်တယ်။ချစ်သူကောင်းလေးဆိုတော့လည်း ချစ်သူကောင်လေးပေါ့။အဆုံးမှာအားလုံးပြီးသွားမှာပဲလေ။
ချူချန် ခေါင်းညိမ့်လိုက်ပြီး သတိပေးဖို့လည်းမမေ့ပေ။
"တစ်ခြားသူတွေကိုမပြောနဲ့။အထူးသဖြင့် ကျွန်တော့်အစ်ကိုကို မပြောနဲ့"
ကျိချန်ဖုန်းက သူ ကျိချင်းကျိုးကို ညစာစားဖို့လုံးလုံးမခေါ်သင့်ဘူးလို့ ခံစားလိုက်ရတယ်။အခုတော့ မင်းသားလေးရဲ့လျှို့ဝှက်ချက်အကြီးကြီး သိသွားပြီး သူ့သူဌေးကိုမပြောဖို့လည်းတောင်းဆိုခံရတယ်။ကျိချန်းဖုန်း နည်းနည်းလေးဖိအားများသလိုခံစားလိုက်ရတယ်။
ချိတ်နှစ်ခုကဘယ်တုန်းကချိတ်သွားတာလဲ?
ချူချန်ရဲ့မျက်လုံးက အပေါ်ထပ်ကထက်ပိုမြင့်နေတာမဟုတ်လား?
သူဘယ်လို ကျိချင်းကျိုးကို ကြည့်နိုင်ရတာလဲ!
သူ ခေါင်းနည်းနည်းကိုက်လာပြီ။ထွက်ပြေးဖို့အကြောင်းပြချက်တစ်ခုစဉ်းစားမိရန် သူ့ခေါင်းကိုအလောတကြီးသုံးနေရ လေသည်။သူသရုပ်ဆောင်နေတာအရမ်းထူးဆန်းလောက်ပေမယ့် ဓာတ်လှေကားအပြင်ကိုပြန်ထွက်ပြီး ဟန်များများနဲ့ဖုန်းကိုထုတ်ကြည့်လိုက်သည်။
ကြည့်ပြီးတာနဲ့ချက်ချင်းပဲ အံ့ဩသွားဟန်ဆောင်လိုက်သည်။
"ခွေးကောင်လေးတွေ!ငါမင်းတို့ကိုကြည့်မနေတာနဲ့ မတော်တဆဖြစ်တော့တာဘဲ!ချင်းကျိုး မင်းတို့အစ်ကိုကြီးနဲ့သူ့မိသားစုမှာ ကိစ္စတစ်ခုအမြန်ပေါ်လာလို့။ငါအရင်သွားလိုက်ဦးမယ်နော် မင်းကိုနောက်နေ့မှညစာဖိတ်ကျွေးတော့မယ်"
ကျိချင်းကျိုးတောင်ပြန်မပြောရသေးဘူး ။သူကထိုသို့ပြောရင်း မြန်မြန်ထွက်သွားတော့သည်။
ကျိချင်းကျိုးက သူဓာတ်လှေကားထဲမှကမန်းကတန်းထွက်သွားတာကိုကြည့်ပြီး ချူချန်ဘက်ကြည့်လိုက်သည်။
"ခင်ဗျားယုံလား"
"မင်းရောယုံလား"
ချူချန်က မေးလာသည်။
ကျိချင်းကျိုး ခေါင်းခါပြလိုက်တယ်။
ချူချန်က သူ့ကိုကြည့်ပြီးပြုံးပြသည်။
"ကိုယ်က အသက်ကြီးပေမယ့် ချစ်သူကောင်လေးရောကောင်မလေးရောမရှိဘူးလေ။မင်းအခု ပဲ ကိုယ့်ချစ်သူလို့ပြောလိုက်တော့ သူစဉ်းစားဖို့နေရာရှာရတော့မယ်"
ကျိချင်းကျိုးလည်းမတတ်နိုင်ပေ။
"ကျွန်တော်မှမကူညီနိုင်တာ"
သူရလာတဲ့ဇာတ်ညွှန်းကို ချူချန်ဆီပေးလိုက်ပြီး
"နောက်ပိုင်းရိုက်ရမှာလေ။ခင်ဗျားသိတဲ့လူရော ကျွန်တော်သိတဲ့လူရောက ခင်ဗျားနဲ့ကျွန်တော့်ရဲ့ငွေကြေးဆက်ဆံရေးကိုသိသွားပြီဆိုရင် နောက်ပိုင်းကျွန်တော်သေတော့မယ် ။အဲ့အချိန်ကျ ကျွန်တော့်တွက် အကျိုးမရှိဘူးလေ။ကျွန်တော်ပြောလိုက်ရင်တောင် ပိုပြီးအကျနာသွားမှာ"
သူအတော်လေးနုံတာပဲလို့ ချူချန်းတွေးလိုက်တယ်။
"အနုပညာလောကထဲက လူတွေဆီမှာငွေကြေးထောက်ပံ့သူတွေမှတစ်ပုံတစ်ခေါင်းကြီးဆိုတာ မင်းမသိဘူးလား?မင်းက ချစ်သူကောင်လေးလို့ပြောလိုက်တာနဲ့ပဲ သူတို့ကလည်းအတွေးမများဘဲ ချစ်သူကောင်လေးလို့တွေးမယ်လို့ မင်းထင်နေတာလား"
အနုပညာလောက,က ဘာနဲ့တူလည်းဆိုတာ ကျိချင်းကျိုးသေသေချာချာသိတာပေါ့။ချူချန်ရဲ့အနေထားကလည်း Westဖျော်ဖြေရေးကုမ္ပဏီရဲ့မင်းသားလေးလေ။သူ့အဖေက Westဖျော်ဖြေရေးကုမ္ပဏီရဲ့ဥက္ကဌ၊သူ့အစ်ကိုက Westဖျော်ဖြေရေးကုမ္ပဏီရဲ့ခေါင်းဆောင်။အခု သူက တော့ Westဖျော်ဖြေရေးကုမ္ပဏီလက်အောက်မှာလုပ်နေတဲ့ အနုပညာရှင်တစ်ယောက်။သူရဲ့ ချစ်သူကောင်လေးလို့ပြောလိုက်သေးရင်တောင် ဘယ်သူက ယုံမှာလဲ။
သူတက္ကသိုလ်တက်တုန်းကသာ စိတ်ကူးယဉ်တာရော အင်နိုးစန့်နေသေးတာရောကြောင့် ဒီစကားတွေကိုမပြောနိုင်ခဲ့ပေ။သူတစ်ခြားနည်းလမ်းရှာဖို့မျှော်လင့်ခဲ့သော်လည်း ပိုကောင်းတယ်လို့ထင်တာကိုလုပ်ခဲ့တာဖြစ်သည်။
"ကျွန်တော်သိပါတယ်"
ကျိချင်းကျိုး သူ့ကိုကြည့်ပြီး
"ဒါဆို ကျွန်တော်ဘယ်လိုပြောရမှာလဲ"
သူ မဝံ့မရဲလေးမေးလိုက်တယ်။မျက်လွှာချပြီး သူ့ရှေမှာရပ်နေတဲ့ လူကို ချူချန်ကြည့်မိသည်။
ဆရာညွှန်ကြားတာစောင့်နေတဲ့ ကျောင်းသားအလိမ္မာလေးလိုပင်။သူရှက်အောင် ချူချန်လုပ်မနေတော့ပေ။
"အဲ့လိုမဟုတ်ပါဘူး။မင်းအခုပြောသလိုလဲပြောလို့ရပါတယ်။ဒီလိုဆက်ဆံရေးတစ်ခုတွက်နဲ့မင်းအမှားလုပ်မိပြီးအများကြီးပြောမိသွားမှာ စိုးရိမ်လို့ပါ"
"မပြောပါဘူး"
ကျိချင်းကျိုးခေါင်းခါလိုက်သည်။
"ကျွန်တော်တို့ဆက်ဆံရေးကို ကောင်းကောင်းသိပါတယ်။မစိုးရိမ်ပါနဲ့"
"ကောင်းတာပေါ့"
သူပြောလိုက်တာကို ချူချန်ဂရုမစိုက်တာမြင်တော့ ကျိချင်းကျိုးနေရထိုင်ရပိုကောင်းလာသည်။
သူမေးကြည့်လိုက်သည်။
"ခင်ဗျားစားပြီးသွားပြီလား"
"အင်း...ငါ့အစ်ကိုနဲ့စားလိုက်တာ"
"အော"
"မင်းမစားရသေးဘူးလား"
"ကျွန်တော်စားပြီးပါပြီ"
ကျိချင်းကျိုးပြောလိုက်သည်။
"ဒီနေ့လည်က ကျွန်တော်အမေကိုသွားကြည့်ပြီး အမေနဲ့စားလိုက်တာ"
"ဒါဆိုအိမ်ပြန်ကြတာပေါ့"
"အမ်း"
ကျိချင်းကျိုးနဲ့ချူချန်တို့ ဓာတ်လှေကားထဲကထွက်ပြီးတာနဲ့ မြေအောက်ကားပါကင်ဆီသွားလိုက်ကြသည်။
သို့သော် နှစ်ယောက်လုံးကားထဲဝင်ပြီးပြီးချင်းမှာဘဲ ကျိချင်းကျိုးရဲ့ ဖုန်းကမြည်လာခဲ့တယ်။
သူ့အမေကိုကြည့်ပေးနေတဲ့ရှောင်ချင်းဆီကဖြစ်၍ ကျိချင်းကျိုးဖုန်းကိုင်လိုက်လေသည်။သူမပြောတာတော့ ကျိမားမားက ညဘက်မှ ရုတ်တရက်ကြီးနေမကောင်းဖြစ်လာပြီး အော့အန်နေတယ်။နေ့တစ်ဝက်လုံးလည်းဝမ်းလျောနေတယ်ဆိုပြီးဖြစ်သည်။ကျိချင်းကျိုးလည်း စိတ်ပူလွန်ကာ အပြေးအလွှားသွားရတော့သည်။
ကျိချင်းကျိုး ဆေးရုံရောက်တော့ ဆယ့်တစ်နာရီထိုးနေပြီ။
သူ ရှောင်ချင်းကိုမေးလိုက်သည်။
"ဘာဖြစ်တာတဲ့လဲ"
ရှောင်ချင်းကပြန်ဖြေလေသည်။
"အဆင်ပြေသွားပါပြီ ဒေါက်တာကလည်း အခုပဲလာကြည့်ပေးသွားတာ။စစ်ဆေးပြီးတာနဲ့ အရမ်းကြီးမပြင်းထန်ပါဘူးလို့ပြောသွားတယ်။အခုတော့ ဆေးသောက်ပြီး အိပ်သွားပါပြီ"
"ဒါဆို ဘာလို့ အော့အန်ပြီးဝမ်းလျောတာတဲ့လည်း"
"ကြည့်ရတာ အအေးစာတွေစားမိလို့ဖြစ်မယ်။အခုတော့ ကောင်းသွားပါပြီ။ရှင့်ကိုဖုန်းခေါ်ရတာလည်း သူမ အများကြီးအန်နေလို့ပါ"
"ရပါတယ်"
ကျိချင်းကျိုးအမြန်ပြောလိုက်သည်။
မားမားကျိကလူနာခုတင်ပေါ်မှာအိပ်ပျော်နေသောကြောင့် ရှောင်ချင်ကိုပြောလိုက်သည်။
"မင်းဒီညအိမ်ပြန်တော့လေ။ငါစောင့်ကြည့်လိုက်ပါ့မယ်"
"ကျွန်မစောင့်လိုက်ပါ့မယ်"
"ရပါတယ်"
ကျိချင်းကျိုး တိုးညှင်းစွာပြောလိုက်သည်။
"မင်းအနားယူလိုက်ပါ။ငါလည်းရှိနေတာပဲလေ ငါပဲတစ်ညလုံးစောင့်လိုက်ပါ့မယ်"
"ဒါဆိုလည်းကောင်းပါပြီ"
ကျိချင်းကျိုးအတင်းကျပ်ပြောနေတာမြင်တော့ ရှောင်ချင်းက ဘာမှထပ်မပြောတော့ပေ။
ရှောင်ချန်းထွက်သွားတော့မှ သူ့ကိုလိုက်ပို့ပေးပြီးတည်းက သူ့ဘေးမှာတစ်ချိန်လုံးရှိနေတဲ့ချူချန်ကို ကျိချင်းကျိုးသတိရသွားတယ်။
"ခင်ဗျားလည်းပြန်သင့်နေပြီ။ကျွန်တော်ဒီညတော့ပြန်မလာတော့ဘူးနော်။ဆေးရုံမှာနေပြီး ကျွန်တော့်အမေကိုစောင့်ကြည့်ပေးရဦးမှာ"
"ကိုယ်လည်း မင်းနဲ့စောင့်ပေးမယ်"
ချူချန်ပြောလိုက်သည်။
"ဘာဖြစ်ဖြစ် လူနာဆောင်ခုတင်ကကြီးတော့ ကိုယ်တို့နှစ်ယောက်လုံးအိပ်လို့ရတာပဲလေ"
ချူချန်ရှိနေခြင်းကြောင့် ကျိမားမားရဲ့လူနာဆောင် က VIPခန်းဖြစ်သည်။ပစ္စည်းတွေအားလုံး ဟိုတယ်အပြင်ဆင်တွေပင်။ဝင်လာလိုက်တာနဲ့ ဧည့်ခန်းနှင့်ကျိမားမားရဲ့အိပ်ခန်းရှိသည်။အတွင်းဘက်မှာလူနာစောင့်ခုတင်ရှိပြီး အတော့်ကိုကျယ်သည်။
ကျိချင်းကျိုးက ချူချန်ကိုကြည့်လိုက်သည်။ချူချန်မျက်နှာက်ကတော့ အမူရာမရှိပေ။ကျိချင်းကျိုးရဲ့မျက်နှာအမူအရာကတော်တော်လေးဆိုနေတာမြင်တော့ သူ့ပုခုံးကိုပုတ်ပေးလိုက်မိသည်။
"အဆင်ပြေပါတယ်ကွာ။ရှောင်ချင်းအခုပဲပြောတယ်လေ။အစာအိမ်တောင့်ရုံပါပဲတဲ့။သိပ်မဆိုးလောက်ပါဘူး။မစိုးရိမ်နဲ့နော်။"
သူ့အမေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာမြင်တော့ ကျိချင်းကျိုးလည်းခေါင်းညိမ့်ပြလိုက်သည်။သူ ချူချန်ကိုမျက်လုံးပင့်ပြပြီး အခန်းထဲလျှောက်သွားလိုက်တယ်။
ဒီကအခန်းက အလွန်းကျယ်သည်။ရှောင်ချင်းကလည်း သေသေချာချာရှင်းထားသည်နဲ့တူတယ်။
သူအိပ်ရာပေါ်မှာထိုင်ရင်း ကိုယ့်ကိုကိုယ်ပဲ မဖြစ်စဖူး အပြစ်တင်မိသည်။
"မင်းဘာဖြစ်လို့လဲ"
ချူချန်ကပဟေဠိဖြစ်နေခဲ့တယ်။
"အားလုံးအဆင်ပြေသွားမှာပါကွာ။မင်းဘာလို့စိတ်ဓာတ်ကျနေသေးတာလဲ?"
သူက ကျိချင်းကျိုးရဲ့ခေါင်းလေးအားမော့စေပြီး သူ့ကိုကြည့်လာစေသည်။
"ကိုယ် ဆရာဝန်ခေါ်ပြီး ထပ်စမ်းသပ်ခိုင်းရမလား"
"မလိုပါဘူး"
ကျိချင်းကျိုးဆိုလိုက်သည်။
"ကျွန်တော့်အမေလည်းအိပ်နေပြီပဲဟာ....အရမ်းကြီး စိတ်အနှောင်ယှက်ဖြစ်စရာမလိုပါဘူး"
သူ့ဘေးနေရာလေးကိုပုတ်ပြပြီး ချူချန်ကိုထိုင်ခိုင်းလိုက်သည်။
ချူချန်က ထိုင်ချပြီးတာနဲ့သူပြောတာကို နားထောင်ပေး၏။
"ကျွန်တော်နေ့လည်ကအမေ့ကိုကြည့်ဖို့လာတော့ ထမင်းထည့်လာပေးခဲ့မိတာ။ကျွန်တော့်ဘာသာနို့ဆန်ပြုတ်ချက်ပြီးဈေးကဝယ်လာတဲ့မုန်ညှင်းဥတွေရောထည့်ထားတာ။ပြီးတော့ အောက်ထပ်က ဘန်းကိတ်တွေရောပဲ။အဲ့ဒါတွေက ဘာမှမဖြစ်ဘူးလို့ခင်ဗျားထင်လား?ပြောရရင် အရင်တုန်းကတော့ ဘာမှမဖြစ်ခဲ့ပဲ ဒီနေ့မှ ဘာလို့အန်ပြီးဝမ်းလျောရတာလဲ"
သူ နည်းနည်းလေးအတွေးလွန်နေပြီဆိုတာချူချန် သိလိုက်ပါပြီ။
"အစာအိမ်တောင့်တာပါလို့ ဆရာဝန်ကပြောတယ်လေကွာ။အစာအဆိပ်မိတာမှမဟုတ်တာ။ဘာလို့ မင်းတာဝန်ရှိတယ်လို့လိုက်တွေးနေသေးတာလဲ?"
"တိုက်ဆိုင်လိုက်တာလို့ တွေးကြည့်ရုံပါပဲ"
ချူချန်က စိုက်ကြည့်လာသည်။
"မင်းအတွေးများနေတာပါ။လိုချင်တာရှိရင်ကိုယ့်ကိုပြော။အခုတော့ မင်းလုံးဝအိပ်သင့်ပြီ။ မင်း မနက်အိပ်ရာနိုးရင် မင်းအမေလည်းအိပ်ရာနိုးပြီလေ။အဲ့ကျမှ မင်းတို့နှစ်ယောက် စကားကောင်းကောင်းပြောကြပေါ့"
ကျိချင်းကျိုး သူ့ကိုကြည့်လိုက်တော့ ချူချန်က မေးလာသည်။
"ဟုတ်ပြီလား"
"အင်း"
ကျိချင်းကျိုးခေါင်းညိမ့်ပြလိုက်သည်။
"ကဲ ဒါဆိုကိုယ်လက်သွားဆေးတော့"
သူက အခန်းထဲရှိရေချိုးခန်းဆီသို့ မေးငေါ့ပြလေသည်။
သူတကယ်ကြီးအတွေးလွန်တာဖြစ်ရမယ်လို့ ကျိချင်းကျိုးခံစားလိုက်ရသည်။ထို့ကြောင့် သူ ထရပ်ပြီး ချူချန်ပြောတဲ့အတိုင်း ရေချိုးပြီးစောစောအိပ်ရမယ်လို့ဆုံးဖြတ်လိုက်တယ်။
သူ ရေချိုးခန်းထဲဝင်ပြီး မြန်မြန် ရေချိုးလိုက်တော့သည်။သူအမြန်လာရတာဖြစ်၍ ဘာပစ္စည်းမှမယူခဲ့ရသောကြောင့်ပင်။ထို့ကြောင့်နဂိုအဝတ်စားတွေသာဝတ်ပြီး ထွက်လာခဲ့မိသည်။
ချူချန်လည်း ဒါကိုမြင်သည်။
ညအိပ်ဝတ်စုံမရှိတာကြောင့် အတွင်းခံဘောင်းဘီကလွဲပြီး သူအဝတ်တွေအကုန်ချွတ်ပလိုက်သည်။
ချူချန်သန့်သန့်ရှင်းရှင်းနေရတာကြိုက်လား ကျိချင်းကျိုးမသိပေ။ဒီအိပ်ရာက ရှောင်ချင်းအမြဲတမ်းအိပ်တဲ့ အိပ်ရာဖြစ်၍ သူ အိပ်ရာခင်းလဲဖို့ ဆုံးဖြတ်လိုက်သည်။
သူ အိပ်ရာခင်းလဲနေရင်း နောက်ကိုကြည့်လိုက်တော့ ရုတ်တရက်ကြီး သူ့နောက်မှာပေါ်လာတဲ့ "အတွင်းခံ မော်ဒယ်" မြင်လိုက်ရသည်။သူ တောင့်တောင့်ကြီးဖြစ်သွားပြီး
လက်ထဲက လှုပ်ရှားမှုတွေလည်းအကုန်ရပ်သွားကာ မြန်မြန်ခေါင်းပြန်လှည့်လိုက်မိသည်။
သူရှက်ရွံ့စွာဖြင့် စကားတွေခလုတ်တိုက်ကုန်သည်။
"ခင်ဗျား! ခင်ဗျားဘာလို့ ဒီတိုင်းကြီးထွက်လာရတာလဲ!"
ချူချန်က သူ့ကိုယ်သူအပေါ်ကြည့်လိုက်အောက်ကြည့်လိုက်လုပ်ပြီး ဘာပြဿနာမှမရှိပါဘူးခံစားမိကာအေးအေးဆေးဆေးမေးလိုက်တယ်။
"မင်းအရင်က ကိုယ်လုံးတီးမအိပ်ဖူးဘူးလာ?
ဘယ်ယောင်္ကျားလေးမှာဒါမရှိလို့လဲ?"
ကျိချင်းကျိုးကမူ သူပြောနေတာကို မကြားဟန်ဆောာင်ပြီး စောင်ကိုဆွဲယူပြီး သူ့နောက်က လူကိုပြောလိုက်သည်။
"ခင်ဗျားအဝတ်တော့ ဝတ်ထားသင့်တာပေါ့"
ချူချန်တစ်ယောက် သူ့ကိုကြည့်ဖို့ငြင်းဆန်ပြီး ကျောပေးထားတဲ့သူကို ကြည့်လိုက်တယ်။ခဏကြာမှပဲ သူနားလည်သွားတော့တယ်။
"မင်းရှက်နေတာလား"
သူခန့်မှန်းတာမှန်နေတာပဲ။အရင်ညက သူရေချိုးခန်းထဲကထွက်လာတော့ သူညအိပ်ဝတ်စုံဝတ်ထားတယ်လေ။ပြီးတော့ နှစ်ယောက်လုံးကားမမောင်းဖြစ်တော့ အဝတ်စားလည်းမချွတ်လိုက်ရဘူး။ဒါကြောင့် ကျိချင်းကျိုး သူ့ကိုယ်လုံးတီးကိုတွေ့တာ ပထမဆုံးအကြိမ်ပဲပေါ့။
သူက အတော်လေးဖြူစင်တာပဲလို့ ချူချန်ထင်တယ်။
သူက ကျိချင်းကျိုးနားတိုးကပ်လိုက်ပြီး ပခုံးပေါ်လက်တင်ကာ နားရွက်နားလေးကိုကပ်ပြီး အသက်ပြင်းပြင်းရှူပြလိုက်သည်။ကျိချင်းကျိုးကမူ ချူချန်ပြောတာနားထောင်ရင်း အလိုလို တုန်ရီသွားမိသည်။
"ကိုယ့်ခန္ဓာကိုယ်အချိုးအစားကို ဘယ်လိုထင်လဲ...မင်း ပစ်မှားနေတာများလား"
သူ့စကားသံကိုကြားတော့ ကျိချင်းကျိုးစိတ်ထဲမှာ ချူချန်ရဲ့ ကိုယ်လုံးတီးပုံကြီးပြန်ပေါ်လာသည်။
သူနားရွက်လေးတွေနီရဲလာပြီး.......
အတော်လေးကြည့်ကောင်းပါတယ်လို့တိုးတိုးလေးပြောလိုက်မိသည်။ထို့နောက်မှ သူ့ကိုယ်သူပြန်ကြည့်မိပြီး
သူဘာတွေတွေးနေတာလဲ!
အခုချိန်က အဲ့အကြောင်းတွေးရမဲ့အချိန်မဟုတ်ဘူးနော်!
သူမှာ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းရှိနေရင်တောင်
အဲ့လိုပြမနေသင့်ဘူး!
မတော်တဆ သေနတ်ပြုတ်ကျသွားရင်ရော?
ချူချန်က သူ့နား နားကပ်ပြီး စကားထပ်ပြောလာပြန်သည်။
"ကိုယ်က အိပ်ရင် ကိုယ်လုံးတီးချွတ်အိပ်နေကျဆိုတာ မင်းသိလား။ဒီမှာ မင်းအတွက်တွေးပူနေတာသာမဟုတ်ရင် ကိုယ်အခုလည်း ဘာမှဝတ်မှာမဟုတ်ဘူး"
ကျိချင်းကျိုးသွေးတိုးနေပါပြီ။ဒီလိုစကားတွေကြားတာနဲ့တင် မျက်နှာတစ်ခုလုံးပူတက်လာသဖြင့် ထိုလူကိုလည်းမြန်မြန်တွန်းထုတ်ကာ ခေါင်းငုံ့ပြီး အိပ်ရာခင်းကို ဇစ်ဆွဲနေမိသည်။
ချူချန် သူ့နောက်မှာ အကြိုက်အော်ရယ်ပြီး ချစ်စရာကောင်လေးလို့ တွေးလိုက်မိတယ်။
သူစ,နေတာတော်သင့်ပြီ။ထို့ကြောင့် စ,နောက်နေတာကို ရပ်ပြီး ကျိချင်းကျိုး သူ့ရဲ့အိပ်ရာခင်းအစွပ်ကို ဇစ်ပိတ်နေသည်အား ကြည့်နေမိသည်။သူ သဘာဝကျကျပဲ စောင်ဟလိုက်ပြီးအိပ်ဖို့ပြင်လိုက်သည်။
"မင်ဘာလုပ်နေတာလဲ။မအိပ်တော့ဘူးလား"
ကျိချင်းကျိုးက သူ့ရဲ့အပေါ်ပိုင်းကိုယ်ဗလာကြီးကိုကြည့်ပြီးအတွေးတွေအဆုံးမသတ်နိုင်တော့ပေ။
သူ လျှို့ဝှက်စွာတွေးလိုက်မိတယ်။
ကျွန်တော် အဲ့မှာ ဘယ်လို အိပ်နိုင်မှာလဲလို့?
+++++++++++++++++++++++++
စာရေးသူမှာပြောစရာရှိပါတယ်:
ကျိချင်းကျိုး : ကျွန်တော် ဘယ်လိုအိပ်ရမှာလဲ!
ချူချန် : ကိုယ်နဲ့လာအိပ်ပေါ့ကွာ
ကျိချင်းကျိုး : နေ့တိုင်း သေနတ်ထိပ်ပိုင်း ဖြစ်ရပ်ကို စမ်းသပ်ဖို့ကြိုးစားနေရတယ်။
ချူချန် : နမ်းပါဦးကွာ....သေနတ်ရဲ့ဂုဏ်သတ္တိအကြံပြုချက်ကဒီမှာနော်...မင်းကျန်းမာရေးကို အထောက်အကူပြုလိမ့်မယ်တဲ့
ကျိချင်းကျိုး : .................
ဒီစာတိုလေးတွေ တရုတ်ကနေရှာလာတာ ဟီးဟီး😁😁
အင်္ဂလိပ်ဘာသာပြန်မှာ မပါပါဘူးနော်
ကိုယ့်အချစ်တွေ💚💚💚
ဒါနဲ့ ချူချန် ဖလစ်နေပါတယ်!!
စာချုပ်ဆက်ဆံရေးဆိုပြီး🤭🤭🤭
+++++++++++++++++++++++++++++
Zawgyi
"ခ်စ္သူေကာင္ေလး?"
ခ်ဴခ်န္ကဆက္ေမးလာသည္။
သူစိတ္႐ႈပ္လာေအာင္ဟန္ေဆာင္ျပေနေသာေၾကာင့္ ထိုသူကမုန္းဖို႔ေကာင္းလိုက္တာလို႔ က်ိခ်င္းက်ိဳးေတြးလိုက္သည္။
သူတို႔ႏွစ္ေယာက္ရဲ႕ေငြေရးေၾကးေရးဆက္ဆံေရးကို တစ္ကမ႓ာလုံးဆီေျပာခ်င္တာလား?
ဒီတိုင္းသာဆို က်ိဳးခ်န္ဖုန္း အရက္အလြန္ကြၽံေသာက္ၿပီးမူးသြားရင္ ထုတ္ေျပာမိမယ္ ဒါကိုတစ္ျခားလူေတြလည္းၾကားသြားၾကမယ္ေလ။
ဘယ္လိုေျပာရမွာလဲ?
"ဟုတ္တယ္ ခ်စ္သူေကာင္ေလး"
က်ိခ်င္းက်ိဳး အတည္ျပဳေပးလိုက္သည္။
က်ိဳးခ်န္ဖုန္းက မယုံၾကည္ႏိုင္ခဲ့ေပ။သူက က်ိခ်င္းက်ိဳးကိုၾကည့္ၿပီးေနာက္ သူ႕ကုမၸဏီရဲ႕မင္းသားေလးကိုၾကည့္လိုက္တယ္။သူ မယုံၾကည္ႏိုင္ဘူး။
"ခ်စ္သူေကာင္ေလး?"
ခ်ဴခ်န္ ျပဳံးၿပီး စကားေျပာဖို႔ျပင္လိုက္ေပမယ့္ သူ႕အက်ႌလက္ကို တစ္စုံတစ္ေယာက္ဆြဲေနသျဖင့္ လွည့္ၾကည့္လိုက္ရာ က်ိဳးခ်န္ဖုန္းကိုၾကည့္ေနေသာ က်ိခ်င္းက်ိဳးကိုျမင္လိုက္ရသည္။သူကေခါင္းအေသညိမ့္ျပေနၿပီး လွည့္စားမႈေသးေသးေလး လုပ္ေနတာနဲ႔ေတာင္မတူေပ။
ခ်ဴခ်န္ သူ႕ကိုအေတာ္ေလးစိတ္ဝင္စားသြားမိတယ္။သူ က်ိခ်င္းက်ိဳးနဲ႔အိပ္ခ်င္ေပမယ့္လည္း သူ႕အနာဂတ္တိုးတက္ေရးကို အက်ိဳးသက္ေရာက္မႈ႐ွိေအာင္မရည္႐ြယ္ေပ။"ေငြးေၾကးေထာက္ပံ့သူ"ဆိုတာႀကီးလည္း ေျပာလို႔မေကာင္း။
က်ိခ်င္းက်ိဳးကလည္း သူ႕အနာဂတ္မွာအပုပ္ခ်လို႔ရမယ့္သမိုင္းႀကီးျဖစ္လာမယ့္ဆက္ဆံေရးကိုလိုခ်င္မွာမဟုတ္ဘူးေလ။သူနားလည္ေပးႏိုင္၍လ်စ္လ်ဴ႐ွဴလိုက္တယ္။ခ်စ္သူေကာင္းေလးဆိုေတာ့လည္း ခ်စ္သူေကာင္ေလးေပါ့။အဆုံးမွာအားလုံးၿပီးသြားမွာပဲေလ။
ခ်ဴခ်န္ ေခါင္းညိမ့္လိုက္ၿပီး သတိေပးဖို႔လည္းမေမ့ေပ။
"တစ္ျခားသူေတြကိုမေျပာနဲ႔။အထူးသျဖင့္ ကြၽန္ေတာ့္အစ္ကိုကို မေျပာနဲ႔"
က်ိခ်န္ဖုန္းက သူ က်ိခ်င္းက်ိဳးကို ညစာစားဖို႔လုံးလုံးမေခၚသင့္ဘူးလို႔ ခံစားလိုက္ရတယ္။အခုေတာ့ မင္းသားေလးရဲ႕လွ်ိဳ႕ဝွက္ခ်က္အႀကီးႀကီး သိသြားၿပီး သူ႕သူေဌးကိုမေျပာဖို႔လည္းေတာင္းဆိုခံရတယ္။က်ိခ်န္းဖုန္း နည္းနည္းေလးဖိအားမ်ားသလိုခံစားလိုက္ရတယ္။
ခ်ိတ္ႏွစ္ခုကဘယ္တုန္းကခ်ိတ္သြားတာလဲ?
ခ်ဴခ်န္ရဲ႕မ်က္လုံးက အေပၚထပ္ကထက္ပိုျမင့္ေနတာမဟုတ္လား?
သူဘယ္လို က်ိခ်င္းက်ိဳးကို ၾကည့္ႏိုင္ရတာလဲ!
သူ ေခါင္းနည္းနည္းကိုက္လာၿပီ။ထြက္ေျပးဖို႔အေၾကာင္းျပခ်က္တစ္ခုစဥ္းစားမိရန္ သူ႕ေခါင္းကိုအေလာတႀကီးသုံးေနရ ေလသည္။သူသ႐ုပ္ေဆာင္ေနတာအရမ္းထူးဆန္းေလာက္ေပမယ့္ ဓာတ္ေလွကားအျပင္ကိုျပန္ထြက္ၿပီး ဟန္မ်ားမ်ားနဲ႔ဖုန္းကိုထုတ္ၾကည့္လိုက္သည္။
ၾကည့္ၿပီးတာနဲ႔ခ်က္ခ်င္းပဲ အံ့ဩသြားဟန္ေဆာင္လိုက္သည္။
"ေခြးေကာင္ေလးေတြ!ငါမင္းတို႔ကိုၾကည့္မေနတာနဲ႔ မေတာ္တဆျဖစ္ေတာ့တာဘဲ!ခ်င္းက်ိဳး မင္းတို႔အစ္ကိုႀကီးနဲ႔သူ႕မိသားစုမွာ ကိစၥတစ္ခုအျမန္ေပၚလာလို႔။ငါအရင္သြားလိုက္ဦးမယ္ေနာ္ မင္းကိုေနာက္ေန႔မွညစာဖိတ္ေကြၽးေတာ့မယ္"
က်ိခ်င္းက်ိဳးေတာင္ျပန္မေျပာရေသးဘူး ။သူကထိုသို႔ေျပာရင္း ျမန္ျမန္ထြက္သြားေတာ့သည္။
က်ိခ်င္းက်ိဳးက သူဓာတ္ေလွကားထဲမွကမန္းကတန္းထြက္သြားတာကိုၾကည့္ၿပီး ခ်ဴခ်န္ဘက္ၾကည့္လိုက္သည္။
"ခင္ဗ်ားယုံလား"
"မင္းေရာယုံလား"
ခ်ဴခ်န္က ေမးလာသည္။
က်ိခ်င္းက်ိဳး ေခါင္းခါျပလိုက္တယ္။
ခ်ဴခ်န္က သူ႕ကိုၾကည့္ၿပီးျပဳံးျပသည္။
"ကိုယ္က အသက္ႀကီးေပမယ့္ ခ်စ္သူေကာင္ေလးေရာေကာင္မေလးေရာမ႐ွိဘူးေလ။မင္းအခု ပဲ ကိုယ့္ခ်စ္သူလို႔ေျပာလိုက္ေတာ့ သူစဥ္းစားဖို႔ေနရာ႐ွာရေတာ့မယ္"
က်ိခ်င္းက်ိဳးလည္းမတတ္ႏိုင္ေပ။
"ကြၽန္ေတာ္မွမကူညီႏိုင္တာ"
သူရလာတဲ့ဇာတ္ၫႊန္းကို ခ်ဴခ်န္ဆီေပးလိုက္ၿပီး
"ေနာက္ပိုင္း႐ိုက္ရမွာေလ။ခင္ဗ်ားသိတဲ့လူေရာ ကြၽန္ေတာ္သိတဲ့လူေရာက ခင္ဗ်ားနဲ႔ကြၽန္ေတာ့္ရဲ႕ေငြေၾကးဆက္ဆံေရးကိုသိသြားၿပီဆိုရင္ ေနာက္ပိုင္းကြၽန္ေတာ္ေသေတာ့မယ္ ။အဲ့အခ်ိန္က် ကြၽန္ေတာ့္တြက္ အက်ိဳးမ႐ွိဘူးေလ။ကြၽန္ေတာ္ေျပာလိုက္ရင္ေတာင္ ပိုၿပီးအက်နာသြားမွာ"
သူအေတာ္ေလးႏုံတာပဲလို႔ ခ်ဴခ်န္းေတြးလိုက္တယ္။
"အႏုပညာေလာကထဲက လူေတြဆီမွာေငြေၾကးေထာက္ပံ့သူေတြမွတစ္ပုံတစ္ေခါင္းႀကီးဆိုတာ မင္းမသိဘူးလား?မင္းက ခ်စ္သူေကာင္ေလးလို႔ေျပာလိုက္တာနဲ႔ပဲ သူတို႔ကလည္းအေတြးမမ်ားဘဲ ခ်စ္သူေကာင္ေလးလို႔ေတြးမယ္လို႔ မင္းထင္ေနတာလား"
အႏုပညာေလာက,က ဘာနဲ႔တူလည္းဆိုတာ က်ိခ်င္းက်ိဳးေသေသခ်ာခ်ာသိတာေပါ့။ခ်ဴခ်န္ရဲ႕အေနထားကလည္း Westေဖ်ာ္ေျဖေရးကုမၸဏီရဲ႕မင္းသားေလးေလ။သူ႕အေဖက Westေဖ်ာ္ေျဖေရးကုမၸဏီရဲ႕ဥကၠဌ၊သူ႕အစ္ကိုက Westေဖ်ာ္ေျဖေရးကုမၸဏီရဲ႕ေခါင္းေဆာင္။အခု သူက ေတာ့ Westေဖ်ာ္ေျဖေရးကုမၸဏီလက္ေအာက္မွာလုပ္ေနတဲ့ အႏုပညာ႐ွင္တစ္ေယာက္။သူရဲ႕ ခ်စ္သူေကာင္ေလးလို႔ေျပာလိုက္ေသးရင္ေတာင္ ဘယ္သူက ယုံမွာလဲ။
သူတကၠသိုလ္တက္တုန္းကသာ စိတ္ကူးယဥ္တာေရာ အင္ႏိုးစန္႔ေနေသးတာေရာေၾကာင့္ ဒီစကားေတြကိုမေျပာႏိုင္ခဲ့ေပ။သူတစ္ျခားနည္းလမ္း႐ွာဖို႔ေမွ်ာ္လင့္ခဲ့ေသာ္လည္း ပိုေကာင္းတယ္လို႔ထင္တာကိုလုပ္ခဲ့တာျဖစ္သည္။
"ကြၽန္ေတာ္သိပါတယ္"
က်ိခ်င္းက်ိဳး သူ႕ကိုၾကည့္ၿပီး
"ဒါဆို ကြၽန္ေတာ္ဘယ္လိုေျပာရမွာလဲ"
သူ မဝံ့မရဲေလးေမးလိုက္တယ္။မ်က္လႊာခ်ၿပီး သူ႕ေ႐ွမွာရပ္ေနတဲ့ လူကို ခ်ဴခ်န္ၾကည့္မိသည္။
ဆရာၫႊန္ၾကားတာေစာင့္ေနတဲ့ ေက်ာင္းသားအလိမၼာေလးလိုပင္။သူ႐ွက္ေအာင္ ခ်ဴခ်န္လုပ္မေနေတာ့ေပ။
"အဲ့လိုမဟုတ္ပါဘူး။မင္းအခုေျပာသလိုလဲေျပာလို႔ရပါတယ္။ဒီလိုဆက္ဆံေရးတစ္ခုတြက္နဲ႔မင္းအမွားလုပ္မိၿပီးအမ်ားႀကီးေျပာမိသြားမွာ စိုးရိမ္လို႔ပါ"
"မေျပာပါဘူး"
က်ိခ်င္းက်ိဳးေခါင္းခါလိုက္သည္။
"ကြၽန္ေတာ္တို႔ဆက္ဆံေရးကို ေကာင္းေကာင္းသိပါတယ္။မစိုးရိမ္ပါနဲ႔"
"ေကာင္းတာေပါ့"
သူေျပာလိုက္တာကို ခ်ဴခ်န္ဂ႐ုမစိုက္တာျမင္ေတာ့ က်ိခ်င္းက်ိဳးေနရထိုင္ရပိုေကာင္းလာသည္။
သူေမးၾကည့္လိုက္သည္။
"ခင္ဗ်ားစားၿပီးသြားၿပီလား"
"အင္း...ငါ့အစ္ကိုနဲ႔စားလိုက္တာ"
"ေအာ"
"မင္းမစားရေသးဘူးလား"
"ကြၽန္ေတာ္စားၿပီးပါၿပီ"
က်ိခ်င္းက်ိဳးေျပာလိုက္သည္။
"ဒီေန႔လည္က ကြၽန္ေတာ္အေမကိုသြားၾကည့္ၿပီး အေမနဲ႔စားလိုက္တာ"
"ဒါဆိုအိမ္ျပန္ၾကတာေပါ့"
"အမ္း"
က်ိခ်င္းက်ိဳးနဲ႔ခ်ဴခ်န္တို႔ ဓာတ္ေလွကားထဲကထြက္ၿပီးတာနဲ႔ ေျမေအာက္ကားပါကင္ဆီသြားလိုက္ၾကသည္။
သို႔ေသာ္ ႏွစ္ေယာက္လုံးကားထဲဝင္ၿပီးၿပီးခ်င္းမွာဘဲ က်ိခ်င္းက်ိဳးရဲ႕ ဖုန္းကျမည္လာခဲ့တယ္။
သူ႕အေမကိုၾကည့္ေပးေနတဲ့ေ႐ွာင္ခ်င္းဆီကျဖစ္၍ က်ိခ်င္းက်ိဳးဖုန္းကိုင္လိုက္ေလသည္။သူမေျပာတာေတာ့ က်ိမားမားက ညဘက္မွ ႐ုတ္တရက္ႀကီးေနမေကာင္းျဖစ္လာၿပီး ေအာ့အန္ေနတယ္။ေန႔တစ္ဝက္လုံးလည္းဝမ္းေလ်ာေနတယ္ဆိုၿပီးျဖစ္သည္။က်ိခ်င္းက်ိဳးလည္း စိတ္ပူလြန္ကာ အေျပးအလႊားသြားရေတာ့သည္။
က်ိခ်င္းက်ိဳး ေဆး႐ုံေရာက္ေတာ့ ဆယ့္တစ္နာရီထိုးေနၿပီ။
သူ ေ႐ွာင္ခ်င္းကိုေမးလိုက္သည္။
"ဘာျဖစ္တာတဲ့လဲ"
ေ႐ွာင္ခ်င္းကျပန္ေျဖေလသည္။
"အဆင္ေျပသြားပါၿပီ ေဒါက္တာကလည္း အခုပဲလာၾကည့္ေပးသြားတာ။စစ္ေဆးၿပီးတာနဲ႔ အရမ္းႀကီးမျပင္းထန္ပါဘူးလို႔ေျပာသြားတယ္။အခုေတာ့ ေဆးေသာက္ၿပီး အိပ္သြားပါၿပီ"
"ဒါဆို ဘာလို႔ ေအာ့အန္ၿပီးဝမ္းေလ်ာတာတဲ့လည္း"
"ၾကည့္ရတာ အေအးစာေတြစားမိလို႔ျဖစ္မယ္။အခုေတာ့ ေကာင္းသြားပါၿပီ။႐ွင့္ကိုဖုန္းေခၚရတာလည္း သူမ အမ်ားႀကီးအန္ေနလို႔ပါ"
"ရပါတယ္"
က်ိခ်င္းက်ိဳးအျမန္ေျပာလိုက္သည္။
မားမားက်ိကလူနာခုတင္ေပၚမွာအိပ္ေပ်ာ္ေနေသာေၾကာင့္ ေ႐ွာင္ခ်င္ကိုေျပာလိုက္သည္။
"မင္းဒီညအိမ္ျပန္ေတာ့ေလ။ငါေစာင့္ၾကည့္လိုက္ပါ့မယ္"
"ကြၽန္မေစာင့္လိုက္ပါ့မယ္"
"ရပါတယ္"
က်ိခ်င္းက်ိဳး တိုးညႇင္းစြာေျပာလိုက္သည္။
"မင္းအနားယူလိုက္ပါ။ငါလည္း႐ွိေနတာပဲေလ ငါပဲတစ္ညလုံးေစာင့္လိုက္ပါ့မယ္"
"ဒါဆိုလည္းေကာင္းပါၿပီ"
က်ိခ်င္းက်ိဳးအတင္းက်ပ္ေျပာေနတာျမင္ေတာ့ ေ႐ွာင္ခ်င္းက ဘာမွထပ္မေျပာေတာ့ေပ။
ေ႐ွာင္ခ်န္းထြက္သြားေတာ့မွ သူ႕ကိုလိုက္ပို႔ေပးၿပီးတည္းက သူ႕ေဘးမွာတစ္ခ်ိန္လုံး႐ွိေနတဲ့ခ်ဴခ်န္ကို က်ိခ်င္းက်ိဳးသတိရသြားတယ္။
"ခင္ဗ်ားလည္းျပန္သင့္ေနၿပီ။ကြၽန္ေတာ္ဒီညေတာ့ျပန္မလာေတာ့ဘူးေနာ္။ေဆး႐ုံမွာေနၿပီး ကြၽန္ေတာ့္အေမကိုေစာင့္ၾကည့္ေပးရဦးမွာ"
"ကိုယ္လည္း မင္းနဲ႔ေစာင့္ေပးမယ္"
ခ်ဴခ်န္ေျပာလိုက္သည္။
"ဘာျဖစ္ျဖစ္ လူနာေဆာင္ခုတင္ကႀကီးေတာ့ ကိုယ္တို႔ႏွစ္ေယာက္လုံးအိပ္လို႔ရတာပဲေလ"
ခ်ဴခ်န္႐ွိေနျခင္းေၾကာင့္ က်ိမားမားရဲ႕လူနာေဆာင္ က VIPခန္းျဖစ္သည္။ပစၥည္းေတြအားလုံး ဟိုတယ္အျပင္ဆင္ေတြပင္။ဝင္လာလိုက္တာနဲ႔ ဧည့္ခန္းႏွင့္က်ိမားမားရဲ႕အိပ္ခန္း႐ွိသည္။အတြင္းဘက္မွာလူနာေစာင့္ခုတင္႐ွိၿပီး အေတာ္႕ကိုက်ယ္သည္။
က်ိခ်င္းက်ိဳးက ခ်ဴခ်န္ကိုၾကည့္လိုက္သည္။ခ်ဴခ်န္မ်က္ႏွာက္ကေတာ့ အမူရာမ႐ွိေပ။က်ိခ်င္းက်ိဳးရဲ႕မ်က္ႏွာအမူအရာကေတာ္ေတာ္ေလးဆိုေနတာျမင္ေတာ့ သူ႕ပုခုံးကိုပုတ္ေပးလိုက္မိသည္။
"အဆင္ေျပပါတယ္ကြာ။ေ႐ွာင္ခ်င္းအခုပဲေျပာတယ္ေလ။အစာအိမ္ေတာင့္႐ုံပါပဲတဲ့။သိပ္မဆိုးေလာက္ပါဘူး။မစိုးရိမ္နဲ႔ေနာ္။"
သူ႕အေမက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနတာျမင္ေတာ့ က်ိခ်င္းက်ိဳးလည္းေခါင္းညိမ့္ျပလိုက္သည္။သူ ခ်ဴခ်န္ကိုမ်က္လုံးပင့္ျပၿပီး အခန္းထဲေလွ်ာက္သြားလိုက္တယ္။
ဒီကအခန္းက အလြန္းက်ယ္သည္။ေ႐ွာင္ခ်င္းကလည္း ေသေသခ်ာခ်ာ႐ွင္းထားသည္နဲ႔တူတယ္။
သူအိပ္ရာေပၚမွာထိုင္ရင္း ကိုယ့္ကိုကိုယ္ပဲ မျဖစ္စဖူး အျပစ္တင္မိသည္။
"မင္းဘာျဖစ္လို႔လဲ"
ခ်ဴခ်န္ကပေဟဠိျဖစ္ေနခဲ့တယ္။
"အားလုံးအဆင္ေျပသြားမွာပါကြာ။မင္းဘာလို႔စိတ္ဓာတ္က်ေနေသးတာလဲ?"
သူက က်ိခ်င္းက်ိဳးရဲ႕ေခါင္းေလးအားေမာ့ေစၿပီး သူ႕ကိုၾကည့္လာေစသည္။
"ကိုယ္ ဆရာဝန္ေခၚၿပီး ထပ္စမ္းသပ္ခိုင္းရမလား"
"မလိုပါဘူး"
က်ိခ်င္းက်ိဳးဆိုလိုက္သည္။
"ကြၽန္ေတာ့္အေမလည္းအိပ္ေနၿပီပဲဟာ....အရမ္းႀကီး စိတ္အေႏွာင္ယွက္ျဖစ္စရာမလိုပါဘူး"
သူ႕ေဘးေနရာေလးကိုပုတ္ျပၿပီး ခ်ဴခ်န္ကိုထိုင္ခိုင္းလိုက္သည္။
ခ်ဴခ်န္က ထိုင္ခ်ၿပီးတာနဲ႔သူေျပာတာကို နားေထာင္ေပး၏။
"ကြၽန္ေတာ္ေန႔လည္ကအေမ့ကိုၾကည့္ဖို႔လာေတာ့ ထမင္းထည့္လာေပးခဲ့မိတာ။ကြၽန္ေတာ့္ဘာသာႏို႔ဆန္ျပဳတ္ခ်က္ၿပီးေဈးကဝယ္လာတဲ့မုန္ညႇင္းဥေတြေရာထည့္ထားတာ။ၿပီးေတာ့ ေအာက္ထပ္က ဘန္းကိတ္ေတြေရာပဲ။အဲ့ဒါေတြက ဘာမွမျဖစ္ဘူးလို႔ခင္ဗ်ားထင္လား?ေျပာရရင္ အရင္တုန္းကေတာ့ ဘာမွမျဖစ္ခဲ့ပဲ ဒီေန႔မွ ဘာလို႔အန္ၿပီးဝမ္းေလ်ာရတာလဲ"
သူ နည္းနည္းေလးအေတြးလြန္ေနၿပီဆိုတာခ်ဴခ်န္ သိလိုက္ပါၿပီ။
"အစာအိမ္ေတာင့္တာပါလို႔ ဆရာဝန္ကေျပာတယ္ေလကြာ။အစာအဆိပ္မိတာမွမဟုတ္တာ။ဘာလို႔ မင္းတာဝန္႐ွိတယ္လို႔လိုက္ေတြးေနေသးတာလဲ?"
"တိုက္ဆိုင္လိုက္တာလို႔ ေတြးၾကည့္႐ုံပါပဲ"
ခ်ဴခ်န္က စိုက္ၾကည့္လာသည္။
"မင္းအေတြးမ်ားေနတာပါ။လိုခ်င္တာ႐ွိရင္ကိုယ့္ကိုေျပာ။အခုေတာ့ မင္းလုံးဝအိပ္သင့္ၿပီ။ မင္း မနက္အိပ္ရာႏိုးရင္ မင္းအေမလည္းအိပ္ရာႏိုးၿပီေလ။အဲ့က်မွ မင္းတို႔ႏွစ္ေယာက္ စကားေကာင္းေကာင္းေျပာၾကေပါ့"
က်ိခ်င္းက်ိဳး သူ႕ကိုၾကည့္လိုက္ေတာ့ ခ်ဴခ်န္က ေမးလာသည္။
"ဟုတ္ၿပီလား"
"အင္း"
က်ိခ်င္းက်ိဳးေခါင္းညိမ့္ျပလိုက္သည္။
"ကဲ ဒါဆိုကိုယ္လက္သြားေဆးေတာ့"
သူက အခန္းထဲ႐ွိေရခ်ိဳးခန္းဆီသို႔ ေမးေငါ့ျပေလသည္။
သူတကယ္ႀကီးအေတြးလြန္တာျဖစ္ရမယ္လို႔ က်ိခ်င္းက်ိဳးခံစားလိုက္ရသည္။ထို႔ေၾကာင့္ သူ ထရပ္ၿပီး ခ်ဴခ်န္ေျပာတဲ့အတိုင္း ေရခ်ိဳးၿပီးေစာေစာအိပ္ရမယ္လို႔ဆုံးျဖတ္လိုက္တယ္။
သူ ေရခ်ိဳးခန္းထဲဝင္ၿပီး ျမန္ျမန္ ေရခ်ိဳးလိုက္ေတာ့သည္။သူအျမန္လာရတာျဖစ္၍ ဘာပစၥည္းမွမယူခဲ့ရေသာေၾကာင့္ပင္။ထို႔ေၾကာင့္နဂိုအဝတ္စားေတြသာဝတ္ၿပီး ထြက္လာခဲ့မိသည္။
ခ်ဴခ်န္လည္း ဒါကိုျမင္သည္။
ညအိပ္ဝတ္စုံမ႐ွိတာေၾကာင့္ အတြင္းခံေဘာင္းဘီကလြဲၿပီး သူအဝတ္ေတြအကုန္ခြၽတ္ပလိုက္သည္။
ခ်ဴခ်န္သန္႔သန္႔႐ွင္း႐ွင္းေနရတာႀကိဳက္လား က်ိခ်င္းက်ိဳးမသိေပ။ဒီအိပ္ရာက ေ႐ွာင္ခ်င္းအၿမဲတမ္းအိပ္တဲ့ အိပ္ရာျဖစ္၍ သူ အိပ္ရာခင္းလဲဖို႔ ဆုံးျဖတ္လိုက္သည္။
သူ အိပ္ရာခင္းလဲေနရင္း ေနာက္ကိုၾကည့္လိုက္ေတာ့ ႐ုတ္တရက္ႀကီး သူ႕ေနာက္မွာေပၚလာတဲ့ "အတြင္းခံ ေမာ္ဒယ္" ျမင္လိုက္ရသည္။သူ ေတာင့္ေတာင့္ႀကီးျဖစ္သြားၿပီး
လက္ထဲက လႈပ္႐ွားမႈေတြလည္းအကုန္ရပ္သြားကာ ျမန္ျမန္ေခါင္းျပန္လွည့္လိုက္မိသည္။
သူ႐ွက္႐ြံ႕စြာျဖင့္ စကားေတြခလုတ္တိုက္ကုန္သည္။
"ခင္ဗ်ား! ခင္ဗ်ားဘာလို႔ ဒီတိုင္းႀကီးထြက္လာရတာလဲ!"
ခ်ဴခ်န္က သူ႕ကိုယ္သူအေပၚၾကည့္လိုက္ေအာက္ၾကည့္လိုက္လုပ္ၿပီး ဘာျပႆနာမွမ႐ွိပါဘူးခံစားမိကာေအးေအးေဆးေဆးေမးလိုက္တယ္။
"မင္းအရင္က ကိုယ္လုံးတီးမအိပ္ဖူးဘူးလာ?
ဘယ္ေယာက်ၤားေလးမွာဒါမ႐ွိလို႔လဲ?"
က်ိခ်င္းက်ိဳးကမူ သူေျပာေနတာကို မၾကားဟန္ေဆာာင္ၿပီး ေစာင္ကိုဆြဲယူၿပီး သူ႕ေနာက္က လူကိုေျပာလိုက္သည္။
"ခင္ဗ်ားအဝတ္ေတာ့ ဝတ္ထားသင့္တာေပါ့"
ခ်ဴခ်န္တစ္ေယာက္ သူ႕ကိုၾကည့္ဖို႔ျငင္းဆန္ၿပီး ေက်ာေပးထားတဲ့သူကို ၾကည့္လိုက္တယ္။ခဏၾကာမွပဲ သူနားလည္သြားေတာ့တယ္။
"မင္း႐ွက္ေနတာလား"
သူခန္႔မွန္းတာမွန္ေနတာပဲ။အရင္ညက သူေရခ်ိဳးခန္းထဲကထြက္လာေတာ့ သူညအိပ္ဝတ္စုံဝတ္ထားတယ္ေလ။ၿပီးေတာ့ ႏွစ္ေယာက္လုံးကားမေမာင္းျဖစ္ေတာ့ အဝတ္စားလည္းမခြၽတ္လိုက္ရဘူး။ဒါေၾကာင့္ က်ိခ်င္းက်ိဳး သူ႕ကိုယ္လုံးတီးကိုေတြ႕တာ ပထမဆုံးအႀကိမ္ပဲေပါ့။
သူက အေတာ္ေလးျဖဴစင္တာပဲလို႔ ခ်ဴခ်န္ထင္တယ္။
သူက က်ိခ်င္းက်ိဳးနားတိုးကပ္လိုက္ၿပီး ပခုံးေပၚလက္တင္ကာ နား႐ြက္နားေလးကိုကပ္ၿပီး အသက္ျပင္းျပင္း႐ွဴျပလိုက္သည္။က်ိခ်င္းက်ိဳးကမူ ခ်ဴခ်န္ေျပာတာနားေထာင္ရင္း အလိုလို တုန္ရီသြားမိသည္။
"ကိုယ့္ခႏၶာကိုယ္အခ်ိဳးအစားကို ဘယ္လိုထင္လဲ...မင္း ပစ္မွားေနတာမ်ားလား"
သူ႕စကားသံကိုၾကားေတာ့ က်ိခ်င္းက်ိဳးစိတ္ထဲမွာ ခ်ဴခ်န္ရဲ႕ ကိုယ္လုံးတီးပုံႀကီးျပန္ေပၚလာသည္။
သူနား႐ြက္ေလးေတြနီရဲလာၿပီး.......
အေတာ္ေလးၾကည့္ေကာင္းပါတယ္လို႔တိုးတိုးေလးေျပာလိုက္မိသည္။ထို႔ေနာက္မွ သူ႕ကိုယ္သူျပန္ၾကည့္မိၿပီး
သူဘာေတြေတြးေနတာလဲ!
အခုခ်ိန္က အဲ့အေၾကာင္းေတြးရမဲ့အခ်ိန္မဟုတ္ဘူးေနာ္!
သူမွာ ခႏၶာကိုယ္ေတာင့္ေတာင့္တင္းတင္း႐ွိေနရင္ေတာင္
အဲ့လိုျပမေနသင့္ဘူး!
မေတာ္တဆ ေသနတ္ျပဳတ္က်သြားရင္ေရာ?
ခ်ဴခ်န္က သူ႕နား နားကပ္ၿပီး စကားထပ္ေျပာလာျပန္သည္။
"ကိုယ္က အိပ္ရင္ ကိုယ္လုံးတီးခြၽတ္အိပ္ေနက်ဆိုတာ မင္းသိလား။ဒီမွာ မင္းအတြက္ေတြးပူေနတာသာမဟုတ္ရင္ ကိုယ္အခုလည္း ဘာမွဝတ္မွာမဟုတ္ဘူး"
က်ိခ်င္းက်ိဳးေသြးတိုးေနပါၿပီ။ဒီလိုစကားေတြၾကားတာနဲ႔တင္ မ်က္ႏွာတစ္ခုလုံးပူတက္လာသျဖင့္ ထိုလူကိုလည္းျမန္ျမန္တြန္းထုတ္ကာ ေခါင္းငုံ႔ၿပီး အိပ္ရာခင္းကို ဇစ္ဆြဲေနမိသည္။
ခ်ဴခ်န္ သူ႕ေနာက္မွာ အႀကိဳက္ေအာ္ရယ္ၿပီး ခ်စ္စရာေကာင္ေလးလို႔ ေတြးလိုက္မိတယ္။
သူစ,ေနတာေတာ္သင့္ၿပီ။ထို႔ေၾကာင့္ စ,ေနာက္ေနတာကို ရပ္ၿပီး က်ိခ်င္းက်ိဳး သူ႕ရဲ႕အိပ္ရာခင္းအစြပ္ကို ဇစ္ပိတ္ေနသည္အား ၾကည့္ေနမိသည္။သူ သဘာဝက်က်ပဲ ေစာင္ဟလိုက္ၿပီးအိပ္ဖို႔ျပင္လိုက္သည္။
"မင္ဘာလုပ္ေနတာလဲ။မအိပ္ေတာ့ဘူးလား"
က်ိခ်င္းက်ိဳးက သူ႕ရဲ႕အေပၚပိုင္းကိုယ္ဗလာႀကီးကိုၾကည့္ၿပီးအေတြးေတြအဆုံးမသတ္ႏိုင္ေတာ့ေပ။
သူ လွ်ိဳ႕ဝွက္စြာေတြးလိုက္မိတယ္။
ကြၽန္ေတာ္ အဲ့မွာ ဘယ္လို အိပ္ႏိုင္မွာလဲလို႔?
+++++++++++++++++++++++++
စာေရးသူမွာေျပာစရာ႐ွိပါတယ္:
က်ိခ်င္းက်ိဳး : ကြၽန္ေတာ္ ဘယ္လိုအိပ္ရမွာလဲ!
ခ်ဴခ်န္ : ကိုယ္နဲ႔လာအိပ္ေပါ့ကြာ
က်ိခ်င္းက်ိဳး : ေန႔တိုင္း ေသနတ္ထိပ္ပိုင္း ျဖစ္ရပ္ကို စမ္းသပ္ဖို႔ႀကိဳးစားေနရတယ္။
ခ်ဴခ်န္ : နမ္းပါဦးကြာ....ေသနတ္ရဲ႕ဂုဏ္သတၱိအၾကံျပဳခ်က္ကဒီမွာေနာ္...မင္းက်န္းမာေရးကို အေထာက္အကူျပဳလိမ့္မယ္တဲ့
က်ိခ်င္းက်ိဳး : .................
ဒီစာတိုေလးေတြ တ႐ုတ္ကေန႐ွာလာတာ ဟီးဟီး😁😁
အဂၤလိပ္ဘာသာျပန္မွာ မပါပါဘူးေနာ္
ကိုယ့္အခ်စ္ေတြ💚💚💚
+++++++++++++++++++++++++++++