ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...

By Greentealay-

1M 153K 7.6K

Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More

{1}
{2}
{3}
{4}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}

{5}

14.1K 1.6K 24
By Greentealay-

                                  Unicode

ကျိချင်းကျိုး နောက်မနက်နိုးလာတော့ ချူချန်ရဲ့လက်တွေထဲမှာတင်းတင်းကျပ်ကျပ်‌အဖက်ခံထားရသည်။သူအခုလေးတင်နိုးလာသည်ဖြစ်၍ နည်းနည်းဇဝေဇဝါဖြစ်နေခဲ့သည်။သူမတုံ့ပြန်နိုင်ခင် ချူချန်ကိုအကြာကြီးကြည့်နေခဲ့မိတယ်။မနေ့က သူဝတ္ထုတစ်ပုဒ်ထဲကူးပြောင်းလာတာဖြစ်ပြီး စာအုပ်ထဲကဇာတ်ကောင်တစ်ယောက်ဖြစ်လာခဲ့သည်။သူ ဖန်ယောင်ရွှမ်းနဲ့ ရှင်းရှင်းလင်းလင်းလုပ်ခဲ့ပြီး ချူချန်နဲ့နေဖို့ရွေးချယ်ခဲ့တယ်။

ဒီသောက်ကူးပြောင်းခြင်းကြီးကိုအော်ဟစ်ဖို့နောက်ဆုံးတော့အချိန်ရှိလာခဲ့ပြီ။
ဘာလို့ သူကိုရွေးချယ်ခဲ့တာလဲ?

သူနဲ့မူလ"ကျိချင်းကျိုး"ကနာမည်တူနေတာကြောင့်လား?

ဒါ့ပြင် သောက်ရမ်းအားကိုးမရတဲ့ရွေးချယ်မှုကြီး!

တစ်ချိန်တည်းမှာပဲ သူအစောကြီးကူးပြောင်းလာမိတဲ့တွက်ဝမ်းသာမိပါတယ်။နောက်ကျပြီးသာကူးပြောင်းလာလို့ကတော့ မူလပိုင်ရှင်နဲ့ဖန်ယောင်ရွှမ်းတို့ တူတူနေပြီးလောက်ပြီဆိုရင်တော့ သူပြတင်းပေါက်ကနေလုံးဝခုန်ချမိလိမ့်မယ်။

ဖန်ယောင်ရွှမ်းနဲ့ရူးရူးသွပ်သွပ်ကားမောင်းတာထက်စာရင် သေရေးရှင်ရေးပေါ် စောစောတည်းက မျှော်လင့်ချက်မထားတာပိုကောင်းတယ်။ သူ စဉ်းစားဉာဏ်ကင်းမဲ့လိမ့်မည်မဟုတ်‌ပါ။ထိုသူနှင့်သာဆို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ရှုပ်ထွေးလာလိမ့်မယ်။

ကျိချင်းကျိုးသည် ကွာရှင်ထားတဲ့မိသားစုမှာကြီးပြင်းရပြီးကလေးဘဝတည်းကသူ့အမေနဲ့ဘဲနေရတယ်ဆိုရင်တောင် သူမိသားစုက အခြေအနေကောင်းကြသည်။ ဒါ့ပြင် သူကအမြဲတမ်း စိတ်ကောင်းထားသူတစ်ယောက်ဖြစ်ပြီး အကောင်းဘက်ခြမ်းကိုထိန်းသိမ်းနိုင်သည်။ကိစ္စတွေဆိုးဝါးရင်တောင်မှအကောင်မြင်ကြည့်ပေးနိုင်သည်။

အခုတော့ သူကူးပြောင်းလာခဲ့ပြီဖြစ်သည်။ပြန်သွားဖို့ကလည်းမဖြစ်နိုင်လောက်တော့ပေ။ကံကောင်းချင်တော့ သူအမေက သူမနောက်လိုက် ဦးလေးလီနဲ့ လွန်ခဲ့နှစ်နှစ်အစောပိုင်းလောက်ကမှလက်ထပ်ထားခဲ့သည်။သူ မရှိရင်တောင် တစ်စုံတစ်ယောက်က သူမနှင့်အတူရှိပေးပြီး သူမကိုစောင့်ရှောက်ပေးလိမ့်မည်။ဒါကလည်း နှစ်သိမ့်မှုပေးနိုင်တဲ့အရာတစ်ခုပါပဲလေ။

ထို့ပြင် လက်ရှိမှာ ဆိုးဝါးပြီးမှာယွင်းတဲ့အရာက သူ့ဘေးမှာ ရှိနေခဲ့သည်။

ကျိချင်းကျိုး ထိုအကြောင်းတွေးမိပြီး ချူချန်ကိုကြည့်လိုက်တယ်။ချူချန်က အိပ်ပျော်နေတုန်းပင်။သူ့မျက်လုံးတွေမှိတ်ထားတာတောင် အရမ်းကြည့်ကောင်းနေတုန်းပဲ။သူက ခန့်ညားပြီး အန္တာရာယ်ကင်းပုံပေါ်တယ်။

ကျိချင်းကျိုး သူ့ကိုကြည့်နေရင်း ဝတ္ထုထဲက ချူချန်ရဲ့ဇာတ်ကြောင်းကိုပဲတွေးမိသွားတယ်။သူ့မိသားစုနောက်ခံကကျော်ကြားသလို သူကငယ်ရွယ်ပြီးအလားလာလည်းရှိတယ် ပိုက်ဆံလည်းချမ်းသာတယ်။ချူချန်ကငယ်ရွယ်ပြီး ဝေ့လည်ကြောင်ပတ်လုပ်ရတာမကြိုက်ဘဲ စကားပြောရင်အရမ်းကိုတည့်တိုးဆန်သည်။သို့သော် တစ်ဆက်တည်းမှာပဲ သူကငယ်ရွယ်ပြီးတစ်ဖြောင်တည်းသမားဖြစ်၍ တစ်ခြားသူတွေသူ့ကိုဖိအားပေးရင်မကြိုက်ပေ။အချိန်အများစုမှာတော့ သူရဲ့အဆင့်တန်းတူပေါ်မှာသာ ဆက်ဆံပြောဆိုရန်ဆန္ဒရှိသည်။
ကျိချင်းကျိုးသည် မနေ့က ကူးပြောင်းပြီးနောက်ပိုင်း သူနဲ့ချူချန်ရဲ့ပြောဆိုမှုတွေကိုပြန်စဉ်းစားလိုက်ပြီး အချက်လက်တွေကိုအတည်ပြုလိုက်သည်။ချူချန်က အမှန်စင်စစ်အတော်လေး အလိုက်ထိုက်နေတတ်ပြီး တစ်လျောက်လုံး သူနှင့်အတူ စိတ်ပါလက်ပါနဲ့ကောင်းကောင်းစကားပြောပေးသည်။

ဒါပေမယ့် သူ အထူးလိုလားနေတဲ့အရာကို ကျိချင်းကျိုးခံစားမိနေတယ်!

ချူချန် အိပ်ရာထတာ ကျိချင်းကျိုးထက်နောက်ကျသည်။သူလက်မောင်းတွေထဲမှာရှိနေတဲ့လူကိုကြည့်ပြီး ခဏတော့မတုံ့ပြန်နိုင်ဖြစ်သွားတယ်။ကျိချင်းကျိုးက ပိုက်ဆံပြန်ဆပ်ဖို့ငြင်းတယ်။ထို့ကြောင့် သူနဲ့အတူနေဖို့ ခေါ်လာခဲ့တယ်။
သူ သူ့ကိုလွှတ်ပေးပြီးထထိုင်လိုက်သည်။
ကျိုချင်းကျိုး က သူနိုးသွားပြီး စိတ်မပျော်ဖြစ်သွားမှာကြောက်နေခဲ့သည်။ထို့ကြောင့် အတင်းကျပ်ကြီးထဖို့မကြိုးစားပေ။အခု ချူချန် နိုးလာပြီးလှုပ်လာတာမြင်မှသာ သူ့နောက်ကလိုက်ပြီး ထထိုင်ကာ သူ့ကိုမေးလိုက်သည်။

"ခင်ဗျားဘာစားချင်လဲ? ကျွန်တော်တို့နှစ်ယောက်လုံးတွက်မနက်စာလုပ်လိုက်မယ်လေ"

"မလုပ်နဲ့"
ချူချန်းပြောလိုက်သည်။

"အပြင်ထွက်စားမှာ....မင်းအိမ်ပြောင်းဖို့ ငါကူပေးရဦးမယ်လေ"

"အစောကြီးလား"

ချူချန် သူ့ကိုကြည့်လာတော့ ကျိချင်းကျိုးတစ်ယောက် အလွန်သတိရှိရှိနဲ့စကားပြောတာရပ်လိုက်သည်။

"နေ့တစ်နေ့တွက် အစီစဉ်တွေကို မနက်ခင်းမှာ ချမှတ်ရတယ်တဲ့။ညနေခင်းထက် မနက်‌ခင်းမှာရွှေ့တာပိုကောင်းတာပေါ့"

ချူချန်ပြုံးလိုက်ပြီး
"မင်းတော်တော်စကားပြောကောင်းတာဘဲ"

ကျိချင်းကျိုး ပြုံးပြလိုက်သည်။

သူဘာတတ်နိုင်မှာလဲ?
အရမ်းကိုလည်း အကူညီမဲ့နေပါပြီ။

နှစ်ယောက်လုံး ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲဝင်ပြီး မနက်စာတူတူစားဖို့အောက်ထပ်ကိုဆင်းလာခဲ့ကြသည်။
ချူချန်က ကျိချင်းကျိုးအိမ်ဆီကားမောင်းသွားလိုက်သည်။
မူလပိုင်ရှင်ရဲ့အိမ်၌ ဘာမျှတန်းဖိုးမရှိတဲ့အရာနည်းနည်းသာရှိသည်။ထို့ကြောင့် ကျိချင်းကျိုးသည် အဝတ်စားတွေပဲယူပြီး မူလပိုင်ရှင်ရဲ့ပိုက်ဆံကို သိမ်းကာ ခရီးဆောင်အိတ်ထဲထည့်ပြီး ပစ္စည်းတွေထုပ်ပိုးလိုက်သည်။

ကျိချင်းကျိုးသည် အရင်အိမ်ငှားခတွေပါပေးချေပြီး အပြီးဖြတ်လိုက်ချင်သည်။အဆုံးသတ်လိုက်တော့  ဒီအိမ်မှာ အခုဘာမှလည်းမရှိတော့သလို ဘယ်သူမှလည်းမနေကြတော့ပေ။လတိုင်းတွက် သူ‌ပိုက်ဆံပေးရမှာလေ။ပိုက်ဆံကိုတော့ အလဟဿ အကုန်မခံနိုင်ပါဘူး။သို့သော် ချူချန်က သူ့ကို ရပ်တန့်စေပြီး

"ငါ မင်းတွက် ပိုက်ဆံပေး,ပေးမယ်။အရင် သိမ်းထားပေါ့"

သူဘာကိုဆိုလဲဆိုတာ ကျိချင်းကျိုးအတော်လေးနားမလည်ခဲ့ပေ။သူ သံသယအပြည့်ဖြင့်ကြည့်လိုက်တော့ ချူချန်က မတုန်မလှုပ်ပြောလာသည်။

"မင်းငါနဲ့တစ်သက်လုံးနေလို့မရဘူးလေ။ငါမင်းကိုပေးတာ...ဒီအိမ်ကိုသိမ်းထားလိုက်။မင်းထွက်သွားသင့်တဲ့အချိန်ကျ ဒီမှာလာနေပေါ့"

သူဒီလိုပြောလိမ့်မယ်လို့ ကျိချင်းကျိုးမမျှော်လင့်ထားခဲ့ပေ။ချူချန်စကားလုံးတွေရဲ့အဓိပ္ပါယ်က အလွန်ကိုရှင်းပါတယ်။သူတို့နှစ်ယောက်ကြားမှာ အနာဂတ်ဆိုတာဖြစ်မလာနိုင်ဘူး။ဆက်ဆံရေးကျန်ရှိနေတဲ့ဒီအခိုက်တန့်လေးကျော်သွားရင် ကျိချင်းကျိုးလည်းထွက်သွားပေးရလိမ့်မယ်။

သို့သော် သူကအတော်လေးစာနာတတ်တာပဲလို့ကျိချင်းကျိုးခံစားလိုက်ရတယ်။သူဘာသာထွက်သွားရမဲ့လမ်းကြောင်းကို မတွေးထားမိခဲ့သောကြောင့် သူသာထွက်သွားရရင် ညစ်ပတ်ရှုပ်ပွတဲ့နေရာတစ်ခုမှာနေရလောက်တယ်။သူ့မှာ သွားစရာနေရာလည်းမရှိပေ။

‌"ကျေးဇူးပါ"

သူပြောလိုက်တယ်။

"ရပါတယ်"
ချူချန်ပြောလိုက်သည်။

"ငါ့အိမ်ပြန်ကြစို့"

ကျိချင်းကျိုးခေါင်းညိမ့်ပြီး သူ့နောက်လိုက်သွားခဲ့သည်။
ချူချန်မှာ ဒီနေ့လုပ်စရာတွေရှိနေသေးတယ်။ထို့ကြောင့်သူ့ကိုအိမ်ပြန်ပို့ပြီးတာနဲ့ သူလိုချင်တဲ့ဘယ်ပစ္စည်းမဆို သူ့ကိုမေးစရာမလိုဘဲ ဝယ်လို့ရတယ်လို့ပြောပြီး ထွက်လာခဲ့သည်။

ကျိချင်းကျိုးဟန်လုပ်မနေတော့ပေ။ကုန်တိုက်သွားပြီး နေ့စဉ်လိုအပ်တာတွေကို သူ့ဘာသာသွားဝယ်လိုက်သည်။အိမ်ပြန်ရောက်ပြီးမှ ကျိချင်းကျိုး နာရီကြည့်မိတော့သည်။
ငါးနာရီထိုးခါနီးပြီ။သူ့ နို့ဆန်ပြုတ်တစ်အိုးကိုအချိန်မီချက်လိုက်ပြီး နေ့လည်စာဘူးထဲထည့်ကာ သူ့အမေ ပိုပြီးစားဝင်စေရန် ကုန်တိုက်ကဝယ်လာခဲ့တဲ့မုန်ညင်းသစ်ဥလေးထည့်လိုက်သည်။သူ ထုပ်ပိုးပြီးတာနဲ့ ထိုဟာယူပြီးထွက်လာခဲ့သည်။

ဘတ်စ်ကားဆီရောက်တော့ မူလပိုင်ရှင်ရဲ့အေးဂျင့်ကျိုးချန်ဖုန်း ဆီမှ WeChat စာတစ်စောင်ကျိချင်းကျိုးဆီရောက်လာခဲ့သည်။

မင်းအလုပ်များနေလား?

ကျိချင်းကျိုးပြန်ဖြေလိုက်သည်။
"ကျွန်တော့်အမေကိုကြည့်ဖို့ ဆေးရုံသွားနေတာ"

ကျိုးချန်ဖုန်း : ပြီးရင် ကုမ္ပဏီလာဦး ငါမင်းကိုပြောစရာရှိ             တယ်။

ကျိချင်းကျိုး : ကောင်းပါပြီ။

တကယ်တော့ သူ မူလပိုင်ရှင်ရဲ့အေးဂျင့်ပေါ်တွင် အမြင်ကောင်းရှိသည်။သူ့အမေရဲ့ရောဂါဆိုးလာချိန်မှာပဲ မူလပိုင်ရှင် ကျိုးချန်ဖုန်းနဲ့တွေ့တာဖြစ်သည်။ သူနဲ့လက်မှတ်ထိုးခဲ့ပြီး မူလပိုင်ရှင် အရေးတကြီးလိုအပ်နေတဲ့ပိုက်ဆံပမာဏအများကြီးကိုချေးပေးခဲ့သည်။

ခ...ခဏလေး!

ကျိချင်းကျိုး ရုတ်တရက်နားလည်သွားခဲ့ပြီ!

သူအခုပိုက်ဆံပြန်ဆပ်ရတော့မှာပေါ့!!

  ကျိချင်းကျိုး ပင်ပန်းသလိုပဲခံစားရတော့သည်။သူ မကူးပြောင်းခင်က ပိုက်ဆံနည်းနည်းရှိတော့ ဘဝကလည်းလွယ်ကူခဲ့တယ်။အခု သူကူးပြောင်းလာပြီဖြစ်ပေမယ့် အကြွေးပုံကြီးရှိနေခဲ့တယ်။ဒီကွာဟချက်ကအရမ်းကြီးလွန်းတယ်။
ကြက်စပ်ကြော်ကူးပြောင်းခြင်း!
သူအထင်သေးနေပြီနော်!

ကျိချင်းကျိုး ဆေးရုံဂိတ်ရောက်တော့ သူ့အမေတွက်
အငွေတထောင်းထောင်းထနေတဲ့ဘန်းကိတ်တွေဝယ်လာခဲ့ပြီးမှ ဆေးရုံထဲဝင်လာခဲ့သည်။ဓာတ်လှေကားထဲဝင်လိုက်ပြီး သူအမေနေတဲ့အထပ်ဆီသွားလိုက်သည်။

သူမကြည့်ရတာ ဒီနေ့ အခြေအနေကောင်းပုံပင်။ဘန်းကိတ်နွေးနွေးလေးစားသည့်အပြင် မုန်ညင်းသစ်ဥထည့်ထားသည့် နို့ဆန်ပြုတ်နှစ်ပန်းကန်သောက်ပြီး ဒီအတောတွင်းကျိချင်းကျိုးဘာတွေလုပ်နေလဲမေးလာ၏။
ကျိချင်းကျိုးက သာမန်ကာလျှံကာစကားနည်းနည်းသာပြောလိုက်တော့ သူမကမေးလာသည်။

"အကျိုးရောရှိရဲ့လား"

ကျိချင်းကျိုးရယ်လိုက်သည်။
"ပိုက်ဆံအများကြီးရတာ"

ဝမ်ဖန်းက သူ့ကိုကြည့်လာသည်။သူမသားက အခု သရုပ်ဆောင်တစ်ယောက်ဖြစ်နေပြီဆိုတာသူမသိတာပေါ့။ပြီးတော့ သရုပ်ဆောင်တွေက သာမန်လူတွေထက်အများကြီး အကျိုးမြတ်ရသည်။အနုပညာလောက,က တအားရှုပ်ထွေးတာလို့ တစ်ခြားသူတွေပြောကြတာ သူမ ကြားဖူးပေမယ့်လည်း သူမ ကူနိုင်တာမရှိတဲ့အတွက် သူမ ရဲ့နှလုံးသားထဲမှာပဲ ကိုယ့်ကိုကိုယ်အပြစ်ဖို့မိတယ်။သားရဲ့လက်လေးကို ကြင်ကြင်နာနာဆွဲယူလိုက်ပြီးပြောလိုက်သည်။

"သားအနားယူသင့်တယ်နော်။အရမ်းကြီး အပင်ပန်းမခံနဲ့"

ကျိချင်းကျိုးခေါင်းညိမ့်လိုက်သည်။

"မစိုးရိမ်ပါနဲ့"

ရိုးရိုးသားသားပြောရရင် အခုချိန်မှာ ဝမ်ဖန်းတွက် ချစ်ခြင်းမေတ္တာတွေ သူမှာ တကယ်ကြီးမရှိခဲ့ပေ။တကယ်တော့ သူက ဝမ်ဖန်းသားမှမဟုတ်တာ။ပြီးတော့ သူတို့ တွေ့တာလည်း ပထမဆုံးအကြိမ်ပဲရှိသေးတယ်လေ။သို့သော် ဝတ္ထုထဲမှာတော့ ဝမ်ဖန်းက မိခင်ကောင်းတစ်ယောက်ဖြစ်သည်။သူကိုယ်တိုင်လည်း သူ့အမေနဲ့အတူကြီးပြင်းလာတာလေ ။ဝမ်ဖန်းကိုကြည့်နေရင်း မတတ်နိုင်ဘဲ သူ့အမေကိုသတိရသွားမိသည်။သူ မူလပိုင်ရှင်ရဲ့ကိုယ် ကိုယူလိုက်ပြီးပြီ ။

နောက်ပိုင်း သူ ဝမ်ဖန်းကို သဘာဝကျကျပဲ သားသမီးဝတ္တရားကျေပွန်ပေးရမယ်။သူမအသက်ကောင်းကောင်းရှင်စေရမယ်။အနည်းဆုံး မူရင်းဝတ္ထုလို မဖြစ်စေရဘူး။ဖန်ယောင်ရွှမ်းနဲ့လော့ယွီတို့စကားတွေကြောင့် သူမက ကျိချင်းကျိုးကို ဆွဲချနေမိတယ်လို့ခံစားရပြီး တိတ်တိတ်လေးသတ်သေဖို့ရွေးချယ်သွားခဲ့တာဖြစ်သည်။
ဝမ်ဖန်းနဲ့ခဏလောက်စကားပြောလိုက်ပြီးနောက် ဝမ်ဖန်အိပ်ပျော်သွားသည်ကိုမြင်၍ ဆေးရုံမှပြန်ပြီး ကုမ္ပဏီဆီသွားရတော့သည်။

မူလပိုင်ရှင်သည် တရုတ်မှာရှိတဲ့ ဖျော်ဖြေရေးကုမ္ပဏီတွေထဲကအကောင်းဆုံးတစ်ခုဖြစ်တဲ့ ချူမိသားစုလက်အောက်ရှိ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုနဲ့လက်မှတ်ထိုးထားတာဖြစ်သည်။သူက နောက်ခံမရှိတဲ့ အဆင့်၁၈သရုပ်ဆောင်တစ်ယောက်သာ....အဆက်အသွယ်မရှိ၊ကျော်ကြားမှုမရှိ။
နဂိုတိုင်းသာဆို ဒီလိုကုမ္ပဏီတစ်ခုနဲ့ သူလက်မှတ်မထိုးနိုင်ဘူး။ဒါပေမယ့် သူ့မှာဇာတ်လိုက်ရောင်ဝါရှိ‌တယ်လေ။
အေးဂျင့်ကျိုးချန်ဖုန်းက သူ့ကိုတွေ့ပြီး အခွင့်ရေးတစ်ခုပေးခဲ့တာဖြစ်သည်။

ကျိချင်းကျိုးရောက်လာတဲ့အချိန် ကျိုးချန်ဖုန်းက ဖုန်း‌ပြော နေခဲ့တယ်။သူလာတာမြင်တော့ သူရှေ့ကို စားပွဲပေါ်က ဇာတ်ညွှန်းလှမ်းပစ်ပေးပြီးတည်တည်ငြိမ်ငြိမ်ပြောလာခဲ့သည်။

"ကြည့်လိုက်ဦး"

ကျိချင်းကျိုးဖွင့်ကြည့်လိုက်သည်။သူ စာရွက်နည်းနည်းပဲဖတ်ရသေးရတယ် ကျိုးချန်ဖုန်းရဲ့ ဖုန်းခေါ်ဆိုမှုကပြီးသွားလေသည်။

သူဖုန်းကိုချလိုက်ပြီးတာနဲ့ ကျိချင်းကျိုးကိုပြောလာသည်။

"မင်းအတွက် အခန်းအများကြီးမပါပေမယ့် ဇာတ်ကားတစ်ကားလုံးမှာလည်း ဇာတ်ကွက်အများကြီးမပါပါဘူး။ဒါပေမယ့် ဒီကားက ပြင်ဆင်ပြီးသွားပြီ။ဒီလကုန်လောက် စလိမ့်မယ်။မင်း ပိုက်ဆံရှာဖို့အသင့်တော်ဆုံးပဲ"

ကျိချင်းကျိုး နည်းနည်းအံ့ဩသွားမိတယ်။
ဒီလကုန်....ဒါဆိုဇာတ်ကားက မကြာခင်စ,ရိုက်တော့မှာပေါ့...

သူ ဇာတ်ကြောင်းကိုပြန်တွေးကြည့်လိုက်တယ်။ဒီစာပိုဒ် မူရင်းဝတ္ထုထဲမှာပါတာ အမှန်ပဲ။ဒါပေမယ့် အဲ့တုန်းက ဒီဇာတ်ညွှန်းကို ဖန်ယောင်ရွှမ်းဖတ်ကြည့်ပြီး ဇာတ်လမ်းဇာတ်ကွက် အရမ်းနိမ့်တယ်လို့တွေးခဲ့သည်။ဖန်ယောင်ရွှမ်းသည် ချူချန်ကြောင့် "ကျိချင်းကျိုး"နဲ့ West ဖျော်ဖြေရေးကုမ္ပဏီကြားက စာချုပ်ကိုဖျက်သိမ်းချင်သည်။
ထို့ကြောင့်သူက "ကျိချင်းကျိုး"ကို ဒီဇာတ်ကားမှာ သရုပ်ဆောင်ခွင့်မပြုဘဲ "ကျိချင်းကျိုး"နဲ့ ကျိုးချန်ဖုန်းတို့ကြားက စာချုပ်ဖျက်သိမ်းခြင်းသဘောတူညီချက်ပေါ်မှာဘဲ လက်မှတ်ထိုးခိုင်းခဲ့သည်။

သူက ကျိချင်းကျိုးကို လစာပေးကာ သူ့studioနဲ့လက်မှတ်ထိုးပြီး သူနဲ့အတူရုပ်ရှင်တွေမှာရိုက်ခွင့်ပြုခဲ့သည်။

သို့သော်"ကျိချင်းကျိုး"အရမ်းမြင့်မြင့်ပျံသန်းပြီးတာနဲ့ အထိန်းအကွပ်မရှိတော့မှာ သူကြောက်လာသည်။သူရဲ့လရောင်ဖြူလေးလော့ယွီနဲ့ဆုံတဲ့အချိန်မှာ သူကအရမ်းမြင့်မြင့်ပျံသန်းသွားခဲ့မှာကိုကြောက်လာခဲ့သည်။ထို့ကြောင့် သူ့ကို ဘယ်အဓိကခန်းမှာမှ မပါခိုင်းပဲ...ဇာတ်ပို့အနေနဲ့သာကစားခွင့်ပြုထားခဲ့သည်။

အဲ့တာကြောင့်လည်း နောက်ဆုံးကျိချင်းကျိုး အနားယူလိုက်ချိန်ထိ အဆင့်၁၈သရုပ်ဆောင်ပဲဖြစ်နေခဲ့တာပင်။

ဖန်ယောင်ရွှမ်းဟာ သူ့ကိုပျံသန်းခွင့်ပြုဖို့ရည်ရွယ်ချက်မရှိပေ။လှောင်ချိုင့်တစ်ခုထဲမှာ သော့ခတ်ထားခဲ့သည်။သို့သော် မူလပိုင်ရှင်က ဒါကိုအချိန်လွန်မှ ခံစားသိရပေမယ့် ထိုသူကို အကြိမ်ကြိမ် ခွင့်လွှတ်ပေးလိုက်တာက သူ ချစ်နေခဲ့လို့ပင်။

သူနဲ့လုပ်စရာဘာမှမရှိတော့ဘူးလို့ ကျိချင်းကျိုးတွေးလိုက်တယ်။အဆုံးမှာတော့ အခုချိန်မှာ သူနဲ့ဖန်ယောင်ရွှမ်းကဘာမှမပတ်သတ်နေဘူး။

ကျိချင်းကျိုး ဇာတ်ညွှန်းယူလိုက်ပြီး ပြန်ပြောလိုက်သည်။

"အိုကေ"

တိုက်ဆိုင်လိုက်တာလို့ သူတွေးမိတယ်။မူလပိုင်ရှင်က အနုပညာရှင်တစ်ယောက်။သူကလည်း ဖျော်ဖြေရေးတက္ကသိုလ်မှာတက်ရောက်နေတဲ့ကျောင်းသာတစ်ယောက်ပဲ။သူနိုးလာပြီး ထူးထူးခြားခြားသာမကူးပြောင်းခဲ့ရင် သူ့ဆရာမထောက်ခံပေးတဲ့ဇာတ်ကားတွက် လူရွေးပွဲ သွားရလိမ့်မည်ဖြစ်သည်။အခု သူကူးပြောင်းလာသော်လည်း ရင်းနှီးတဲ့ သရုပ်လောကမှာရှိနေတုန်းပင်။

"ဒီလိုင်းတွေနော် ပြန်ရောက်တာနဲ့ဇာတ်ညွှန်းပြန်ဖတ်ထား"

ကျိုးချန်ဖုန်းက စီကရက်တစ်လိပ်ဆွဲထုတ်ပြီး ပါးစပ်မှာတေ့ထား၏။

"နားမလည်ရင် ငါ့ကိုမေး"
ကျိချင်းကျိုး ခေါင်းညိမ့်လိုက်သည်။

ကျိုချန်ဖုန်းသည် စီကရက်ကိုရှိုက်ပြီးတစ်ဖွာမှုတ်လိုက်သည်။
သူနဲ့တော်တော်လေးလှမ်းနေတာတောင်မှ ဆေးလိပ်နံ့ကို ကျိချင်းကျိုးမခံနိုင်ပေ။

"သွားကြစို့ ငါ မင်းကိုညစာလိုက်ကျွေးမယ်"

ကျိုးချန်ဖုန်းကပြောရင်း မတ်တပ်ရပ် လိုက်သည်။

"ကျွန်တော်စားပြီးသွားပြီ"

ကျိချင်းကျိုးပြောလိုက်တယ်။ဝမ်ဖန်းဆီ သူယူသွားတာ နို့ဆန်ပြုတ်တွေရော ဘန်းကိတ်နွေးနွေးလေးတွေရော အများကြီးဖြစ်သည်။
ဝမ်ဖန်းက အကုန်မစားနိုင်တော့ ကျန်တာသူပဲ စားလိုက်သည်။

"ဒါဆို ငါနဲ့လိုက်ခဲ့ဦး ။အရမ်းနောက်ကျနေပြီ။အခုထိငါမစားရသေးဘူး"

ကျိချင်းကျိုး ထိုဟာကိုကြားတော့ ထပ်မငြင်းတော့ပေ။
"ကောင်းပြီ"

ဓာတ်လှေကားစောင့်နေရင်း ကျိချင်းကျိုး သူနာရီကိုကြည့်လိုက်တော့ ကိုးနာရီခွဲခါနီးနေပြီ။ချူချန်အိမ်မှာ ညစာသွားစားလားမစားလား သူစိုးရိမ်လာခဲ့သည်။ဒါမှမဟုတ် ညဘက်သူအိမ်ရောက်လာရင် သူ့ကိုဖုန်းခေါ်မှာပေါ့။ရလဒ်အနေနဲ့ နေ့တစ်ဝက်လုံးဖြတ်ကျော်ခဲ့ပြီး ချူချန် သူ့ကို မဆက်သွယ်ခဲ့ပေ။ကြည့်ရတာ သူတို့အတူနေကြပေမယ့် ချူချန်က သူ့အကြောင်းအများကြီးဂရုမစိုက်ပုံပေါ်တယ်။
ဒါ ကောင်းတာပဲလေ ...

"တင်"

သူ့ရှေ့ရှိဓာတ်လှေကားတံခါးပွင့်သွားပြီး ကျိချင်းကျိုးနဲ့ ကျိုးချန်ဖုန်းတို့ အထဲဝင်လိုက်သည်။ရလဒ်ကတော့ သူတို့ဓာတ်လှေကား တံခါးပိတ်ခံနီးမှာပဲ ‌"ခဏနေဦး" ဆိုတဲ့အော်သံကိုကြားလိုက်ရသည်။

အသံကရင်းနှီးနေတယ်လို့ ကျိချင်းကျိုးခံစားမိသဖြင့် သူ့လက်ဆန့်ပြီး ဖွင့်တဲ့ခလုတ်ကိုဖိနှိပ်လိုက်သည်နှင့်မကြာမီမှာပင် လူတစ်ယောက်ပြေးဝင်လာ၏။

ကျိချင်းကျိုးသူ့ကိုကြည့်လိုက်တယ်။

လူဆိုးကောင်ကြောင်းပြောနေတုန်း သူက‌ရုတ်ခြည်းရောက်လာပြီ....အသက်ရှည်ဦးမယ်!

ချူချန်က သူ့ကိုကြည့်ပြီးပြုံးပြလာသည်။

"မင်းအိမ်မှာလို့ ကိုယ်ထင်ထားတာ"

"ကျွန်တော့်အေးဂျင့် ရှာနေလို့"

ကျိချင်းကျိုး မှန်ကန်စွာပြန်ဖြေလိုက်တယ်။

ချူချန်က သူတို့နှစ်ယောက်လုံးကိုကြည့်နေတဲ့ကျိုးချန်ဖုန်းဘက်လှည့်ကြည့်လိုက်သည်။

"တစ်ယောက်နဲ့တစ်ယောက်သိကြတာလား"

ချူချန်က စကားမပြောခဲ့ပေ။ကျိချင်းကျိူးကိုပဲကြည့်နေခဲ့တယ်။
ကျိချင်းကျိုး သူ့ကိုပြန်ကြည့်လိုက်တယ်။သူတုံ့ပြန်တာကိုစောင့်နေရင်း သူပြုံးသင့်လားမပြုံးသင့်ဘူးလာတောင်မသေချာတော့ဘူး။

"သူငယ်ချင်း....သူငယ်ချင်းတွေပေါ့"လို့ပဲ သူပြောနိုင်တော့တယ်။

"သူငယ်ချင်းတွေ?"

ချူချန်မေးလာခဲ့သည်။

"ဒါဆို......ချစ်သူကောင်လေး?"

++++++++++++++++++++

💚💚💚

အမလေး ချူချန်ကအပြောကြီးတယ်နော် 😂😂😂

++++++++++++++++++++++++++++++

                               Zawgyi

က်ိခ်င္းက်ိဳး ေနာက္မနက္ႏိုးလာေတာ့ ခ်ဴခ်န္ရဲ႕လက္ေတြထဲမွာတင္းတင္းက်ပ္က်ပ္‌အဖက္ခံထားရသည္။သူအခုေလးတင္ႏိုးလာသည္ျဖစ္၍ နည္းနည္းဇေဝဇဝါျဖစ္ေနခဲ့သည္။သူမတုံ႔ျပန္ႏိုင္ခင္ ခ်ဴခ်န္ကိုအၾကာႀကီးၾကည့္ေနခဲ့မိတယ္။မေန႔က သူဝတၳဳတစ္ပုဒ္ထဲကူးေျပာင္းလာတာျဖစ္ၿပီး စာအုပ္ထဲကဇာတ္ေကာင္တစ္ေယာက္ျဖစ္လာခဲ့သည္။သူ ဖန္ေယာင္႐ႊမ္းနဲ႔ ႐ွင္း႐ွင္းလင္းလင္းလုပ္ခဲ့ၿပီး ခ်ဴခ်န္းနဲ႔ေနဖို႔ေ႐ြးခ်ယ္ခဲ့တယ္။

ဒီေသာက္ကူးေျပာင္းျခင္းႀကီးကိုေအာ္ဟစ္ဖို႔ေနာက္ဆုံးေတာ့အခ်ိန္႐ွိလာခဲ့ၿပီ။
ဘာလို႔ သူကိုေ႐ြးခ်ယ္ခဲ့တာလဲ?

သူနဲ႔မူလ"က်ိခ်င္းက်ိဳး"ကနာမည္တူေနတာေၾကာင့္လား?

ဒါ့ျပင္ ေသာက္ရမ္းအားကိုးမရတဲ့ေ႐ြးခ်ယ္မႈႀကီး!

တစ္ခ်ိန္တည္းမွာပဲ သူအေစာႀကီးကူးေျပာင္းလာမိတဲ့တြက္ဝမ္းသာမိပါတယ္။ေနာက္က်ၿပီးသာကူးေျပာင္းလာလို႔ကေတာ့ မူလပိုင္႐ွင္နဲ႔ဖန္ေယာင္႐ႊမ္းတို႔ တူတူေနၿပီးေလာက္ၿပီဆိုရင္ေတာ့ သူျပတင္းေပါက္ကေနလုံးဝခုန္ခ်မိလိမ့္မယ္။

ဖန္ေယာင္႐ႊမ္းနဲ႔႐ူး႐ူးသြပ္သြပ္ကားေမာင္းတာထက္စာရင္ ေသေရး႐ွင္ေရးေပၚ ေစာေစာတည္းက ေမွ်ာ္လင့္ခ်က္မထားတာပိုေကာင္းတယ္။ သူ စဥ္းစားဉာဏ္ကင္းမဲ့လိမ့္မည္မဟုတ္‌ပါ။ထိုသူႏွင့္သာဆို ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာေရာ ႐ႈပ္ေထြးလာလိမ့္မယ္။

က်ိခ်င္းက်ိဳးသည္ ကြာ႐ွင္ထားတဲ့မိသားစုမွာႀကီးျပင္းရၿပီးကေလးဘဝတည္းကသူ႕အေမနဲ႔ဘဲေနရတယ္ဆိုရင္ေတာင္ သူမိသားစုက အေျခအေနေကာင္းၾကသည္။ ဒါ့ျပင္ သူကအၿမဲတမ္း စိတ္ေကာင္းထားသူတစ္ေယာက္ျဖစ္ၿပီး အေကာင္းဘက္ျခမ္းကိုထိန္းသိမ္းႏိုင္သည္။ကိစၥေတြဆိုးဝါးရင္ေတာင္မွအေကာင္ျမင္ၾကည့္ေပးႏိုင္သည္။

အခုေတာ့ သူကူးေျပာင္းလာခဲ့ၿပီျဖစ္သည္။ျပန္သြားဖို႔ကလည္းမျဖစ္ႏိုင္ေလာက္ေတာ့ေပ။ကံေကာင္းခ်င္ေတာ့ သူအေမက သူမေနာက္လိုက္ ဦးေလးလီနဲ႔ လြန္ခဲ့ႏွစ္ႏွစ္အေစာပိုင္းေလာက္ကမွလက္ထပ္ထားခဲ့သည္။သူ မ႐ွိရင္ေတာင္ တစ္စုံတစ္ေယာက္က သူမႏွင့္အတူ႐ွိေပးၿပီး သူမကိုေစာင့္ေ႐ွာက္ေပးလိမ့္မည္။ဒါကလည္း ႏွစ္သိမ့္မႈေပးႏိုင္တဲ့အရာတစ္ခုပါပဲေလ။

ထို႔ျပင္ လက္႐ွိမွာ ဆိုးဝါးၿပီးမွာယြင္းတဲ့အရာက သူ႕ေဘးမွာ ႐ွိေနခဲ့သည္။

က်ိခ်င္းက်ိဳး ထိုအေၾကာင္းေတြးမိၿပီး ခ်ဴခ်န္ကိုၾကည့္လိုက္တယ္။ခ်ဴခ်န္က အိပ္ေပ်ာ္ေနတုန္းပင္။သူ႕မ်က္လုံးေတြမွိတ္ထားတာေတာင္ အရမ္းၾကည့္ေကာင္းေနတုန္းပဲ။သူက ခန္႔ညားၿပီး အႏၲာရာယ္ကင္းပုံေပၚတယ္။

က်ိခ်င္းက်ိဳး သူ႕ကိုၾကည့္ေနရင္း ဝတၳဳထဲက ခ်ဴခ်န္ရဲ႕ဇာတ္ေၾကာင္းကိုပဲေတြးမိသြားတယ္။သူ႕မိသားစုေနာက္ခံကေက်ာ္ၾကားသလို သူကငယ္႐ြယ္ၿပီးအလားလာလည္း႐ွိတယ္ ပိုက္ဆံလည္းခ်မ္းသာတယ္။ခ်ဴခ်န္ကငယ္႐ြယ္ၿပီး ေဝ့လည္ေၾကာင္ပတ္လုပ္ရတာမႀကိဳက္ဘဲ စကားေျပာရင္အရမ္းကိုတည့္တိုးဆန္သည္။သို႔ေသာ္ တစ္ဆက္တည္းမွာပဲ သူကငယ္႐ြယ္ၿပီးတစ္ေျဖာင္တည္းသမားျဖစ္၍ တစ္ျခားသူေတြသူ႕ကိုဖိအားေပးရင္မႀကိဳက္ေပ။အခ်ိန္အမ်ားစုမွာေတာ့ သူရဲ႕အဆင့္တန္းတူေပၚမွာသာ ဆက္ဆံေျပာဆိုရန္ဆႏၵ႐ွိသည္။
က်ိခ်င္းက်ိဳးသည္ မေန႔က ကူးေျပာင္းၿပီးေနာက္ပိုင္း သူနဲ႔ခ်ဴခ်န္ရဲ႕ေျပာဆိုမႈေတြကိုျပန္စဥ္းစားလိုက္ၿပီး အခ်က္လက္ေတြကိုအတည္ျပဳလိုက္သည္။ခ်ဴခ်န္က အမွန္စင္စစ္အေတာ္ေလး အလိုက္ထိုက္ေနတတ္ၿပီး တစ္ေလ်ာက္လုံး သူႏွင့္အတူ စိတ္ပါလက္ပါနဲ႔ေကာင္းေကာင္းစကားေျပာေပးသည္။

ဒါေပမယ့္ သူ အထူးလိုလားေနတဲ့အရာကို က်ိခ်င္းက်ိဳးခံစားမိေနတယ္!

ခ်ဴခ်န္ အိပ္ရာထတာ က်ိခ်င္းက်ိဳးထက္ေနာက္က်သည္။သူလက္ေမာင္းေတြထဲမွာ႐ွိေနတဲ့လူကိုၾကည့္ၿပီး ခဏေတာ့မတုံ႔ျပန္ႏိုင္ျဖစ္သြားတယ္။က်ိခ်င္းက်ိဳးက ပိုက္ဆံျပန္ဆပ္ဖို႔ျငင္းတယ္။ထို႔ေၾကာင့္ သူနဲ႔အတူေနဖို႔ ေခၚလာခဲ့တယ္။
သူ သူ႕ကိုလႊတ္ေပးၿပီးထထိုင္လိုက္သည္။
က်ိဳခ်င္းက်ိဳး က သူႏိုးသြားၿပီး စိတ္မေပ်ာ္ျဖစ္သြားမွာေၾကာက္ေနခဲ့သည္။ထို႔ေၾကာင့္ အတင္းက်ပ္ႀကီးထဖို႔မႀကိဳးစားေပ။အခု ခ်ဴခ်န္ ႏိုးလာၿပီးလႈပ္လာတာျမင္မွသာ သူ႕ေနာက္ကလိုက္ၿပီး ထထိုင္ကာ သူ႕ကိုေမးလိုက္သည္။

"ခင္ဗ်ားဘာစားခ်င္လဲ? ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးတြက္မနက္စာလုပ္လိုက္မယ္ေလ"

"မလုပ္နဲ႔"
ခ်ဴခ်န္းေျပာလိုက္သည္။

"အျပင္ထြက္စားမွာ....မင္းအိမ္ေျပာင္းဖို႔ ငါကူေပးရဦးမယ္ေလ"

"အေစာႀကီးလား"

ခ်ဴခ်န္ သူ႕ကိုၾကည့္လာေတာ့ က်ိခ်င္းက်ိဳးတစ္ေယာက္ အလြန္သတိ႐ွိ႐ွိနဲ႔စကားေျပာတာရပ္လိုက္သည္။

"ေန႔တစ္ေန႔တြက္ အစီစဥ္ေတြကို မနက္ခင္းမွာ ခ်မွတ္ရတယ္တဲ့။ညေနခင္းထက္ မနက္‌ခင္းမွာေ႐ႊ႕တာပိုေကာင္းတာေပါ့"

ခ်ဴခ်န္ျပဳံးလိုက္ၿပီး
"မင္းေတာ္ေတာ္စကားေျပာေကာင္းတာဘဲ"

က်ိခ်င္းက်ိဳး ျပဳံးျပလိုက္သည္။

သူဘာတတ္ႏိုင္မွာလဲ?
အရမ္းကိုလည္း အကူညီမဲ့ေနပါၿပီ။

ႏွစ္ေယာက္လုံး ကိုယ္လက္သန္႔စင္ဖို႔ ေရခ်ိဳးခန္းထဲဝင္ၿပီး မနက္စာတူတူစားဖို႔ေအာက္ထပ္ကိုဆင္းလာခဲ့ၾကသည္။
ခ်ဴခ်န္က က်ိခ်င္းက်ိဳးအိမ္ဆီကားေမာင္းသြားလိုက္သည္။
မူလပိုင္႐ွင္ရဲ႕အိမ္၌ ဘာမွ်တန္းဖိုးမ႐ွိတဲ့အရာနည္းနည္းသာ႐ွိသည္။ထို႔ေၾကာင့္ က်ိခ်င္းက်ိဳးသည္ အဝတ္စားေတြပဲယူၿပီး မူလပိုင္႐ွင္ရဲ႕ပိုက္ဆံကို သိမ္းကာ ခရီးေဆာင္အိတ္ထဲထည့္ၿပီး ပစၥည္းေတြထုပ္ပိုးလိုက္သည္။

က်ိခ်င္းက်ိဳးသည္ အရင္အိမ္ငွားခေတြပါေပးေခ်ၿပီး အၿပီးျဖတ္လိုက္ခ်င္သည္။အဆုံးသတ္လိုက္ေတာ့  ဒီအိမ္မွာ အခုဘာမွလည္းမ႐ွိေတာ့သလို ဘယ္သူမွလည္းမေနၾကေတာ့ေပ။လတိုင္းတြက္ သူ‌ပိုက္ဆံေပးရမွာေလ။ပိုက္ဆံကိုေတာ့ အလဟႆ အကုန္မခံႏိုင္ပါဘူး။သို႔ေသာ္ ခ်ဴခ်န္က သူ႕ကို ရပ္တန္႔ေစၿပီး

"ငါ မင္းတြက္ ပိုက္ဆံေပး,ေပးမယ္။အရင္ သိမ္းထားေပါ့"

သူဘာကိုဆိုလဲဆိုတာ က်ိခ်င္းက်ိဳးအေတာ္ေလးနားမလည္ခဲ့ေပ။သူ သံသယအျပည့္ျဖင့္ၾကည့္လိုက္ေတာ့ ခ်ဴခ်န္က မတုန္မလႈပ္ေျပာလာသည္။

"မင္းငါနဲ႔တစ္သက္လုံးေနလို႔မရဘူးေလ။ငါမင္းကိုေပးတာ...ဒီအိမ္ကိုသိမ္းထားလိုက္။မင္းထြက္သြားသင့္တဲ့အခ်ိန္က် ဒီမွာလာေနေပါ့"

သူဒီလိုေျပာလိမ့္မယ္လို႔ က်ိခ်င္းက်ိဳးမေမွ်ာ္လင့္ထားခဲ့ေပ။ခ်ဴခ်န္စကားလုံးေတြရဲ႕အဓိပၸါယ္က အလြန္ကို႐ွင္းပါတယ္။သူတို႔ႏွစ္ေယာက္ၾကားမွာ အနာဂတ္ဆိုတာျဖစ္မလာႏိုင္ဘူး။ဆက္ဆံေရးက်န္႐ွိေနတဲ့ဒီအခိုက္တန္႔ေလးေက်ာ္သြားရင္ က်ိခ်င္းက်ိဳးလည္းထြက္သြားေပးရလိမ့္မယ္။

သို႔ေသာ္ သူကအေတာ္ေလးစာနာတတ္တာပဲလို႔က်ိခ်င္းက်ိဳးခံစားလိုက္ရတယ္။သူဘာသာထြက္သြားရမဲ့လမ္းေၾကာင္းကို မေတြးထားမိခဲ့ေသာေၾကာင့္ သူသာထြက္သြားရရင္ ညစ္ပတ္႐ႈပ္ပြတဲ့ေနရာတစ္ခုမွာေနရေလာက္တယ္။သူ႕မွာ သြားစရာေနရာလည္းမ႐ွိေပ။

‌"ေက်းဇူးပါ"

သူေျပာလိုက္တယ္။

"ရပါတယ္"
ခ်ဴခ်န္ေျပာလိုက္သည္။

"ငါ့အိမ္ျပန္ၾကစို႔"

က်ိခ်င္းက်ိဳးေခါင္းညိမ့္ၿပီး သူ႕ေနာက္လိုက္သြားခဲ့သည္။
ခ်ဴခ်န္မွာ ဒီေန႔လုပ္စရာေတြ႐ွိေနေသးတယ္။ထို႔ေၾကာင့္သူ႕ကိုအိမ္ျပန္ပို႔ၿပီးတာနဲ႔ သူလိုခ်င္တဲ့ဘယ္ပစၥည္းမဆို သူ႕ကိုေမးစရာမလိုဘဲ ဝယ္လို႔ရတယ္လို႔ေျပာၿပီး ထြက္လာခဲ့သည္။

က်ိခ်င္းက်ိဳးဟန္လုပ္မေနေတာ့ေပ။ကုန္တိုက္သြားၿပီး ေန႔စဥ္လိုအပ္တာေတြကို သူ႕ဘာသာသြားဝယ္လိုက္သည္။အိမ္ျပန္ေရာက္ၿပီးမွ က်ိခ်င္းက်ိဳး နာရီၾကည့္မိေတာ့သည္။
ငါးနာရီထိုးခါနီးၿပီ။သူ႕ ႏို႔ဆန္ျပဳတ္တစ္အိုးကိုအခ်ိန္မီခ်က္လိုက္ၿပီး ေန႔လည္စာဘူးထဲထည့္ကာ သူ႕အေမ ပိုၿပီးစားဝင္ေစရန္ ကုန္တိုက္ကဝယ္လာခဲ့တဲ့မုန္ညင္းသစ္ဥေလးထည့္လိုက္သည္။သူ ထုပ္ပိုးၿပီးတာနဲ႔ ထိုဟာယူၿပီးထြက္လာခဲ့သည္။

ဘတ္စ္ကားဆီေရာက္ေတာ့ မူလပိုင္႐ွင္ရဲ႕ေအးဂ်င့္က်ိဳးခ်န္ဖုန္း ဆီမွ WeChat စာတစ္ေစာင္က်ိခ်င္းက်ိဳးဆီေရာက္လာခဲ့သည္။

မင္းအလုပ္မ်ားေနလား?

က်ိခ်င္းက်ိဳးျပန္ေျဖလိုက္သည္။
"ကြၽန္ေတာ့္အေမကိုၾကည့္ဖို႔ ေဆး႐ုံသြားေနတာ"

က်ိဳးခ်န္ဖုန္း : ၿပီးရင္ ကုမၸဏီလာဦး ငါမင္းကိုေျပာစရာ႐ွိ             တယ္။

က်ိခ်င္းက်ိဳး : ေကာင္းပါၿပီ။

တကယ္ေတာ့ သူ မူလပိုင္႐ွင္ရဲ႕ေအးဂ်င့္ေပၚတြင္ အျမင္ေကာင္း႐ွိသည္။သူ႕အေမရဲ႕ေရာဂါဆိုးလာခ်ိန္မွာပဲ မူလပိုင္႐ွင္ က်ိဳးခ်န္ဖုန္းနဲ႔ေတြ႕တာျဖစ္သည္။ သူနဲ႔လက္မွတ္ထိုးခဲ့ၿပီး မူလပိုင္႐ွင္ အေရးတႀကီးလိုအပ္ေနတဲ့ပိုက္ဆံပမာဏအမ်ားႀကီးကိုေခ်းေပးခဲ့သည္။

ခ...ခဏေလး!

က်ိခ်င္းက်ိဳး ႐ုတ္တရက္နားလည္သြားခဲ့ၿပီ!

သူအခုပိုက္ဆံျပန္ဆပ္ရေတာ့မွာေပါ့!!

  က်ိခ်င္းက်ိဳး ပင္ပန္းသလိုပဲခံစားရေတာ့သည္။သူ မကူးေျပာင္းခင္က ပိုက္ဆံနည္းနည္း႐ွိေတာ့ ဘဝကလည္းလြယ္ကူခဲ့တယ္။အခု သူကူးေျပာင္းလာၿပီျဖစ္ေပမယ့္ အေႂကြးပုံႀကီး႐ွိေနခဲ့တယ္။ဒီကြာဟခ်က္ကအရမ္းႀကီးလြန္းတယ္။
ၾကက္စပ္ေၾကာ္ကူးေျပာင္းျခင္း!
သူအထင္ေသးေနၿပီေနာ္!

က်ိခ်င္းက်ိဳး ေဆး႐ုံဂိတ္ေရာက္ေတာ့ သူ႕အေမတြက္
အေငြတေထာင္းေထာင္းထေနတဲ့ဘန္းကိတ္ေတြဝယ္လာခဲ့ၿပီးမွ ေဆး႐ုံထဲဝင္လာခဲ့သည္။ဓာတ္ေလွကားထဲဝင္လိုက္ၿပီး သူအေမေနတဲ့အထပ္ဆီသြားလိုက္သည္။

သူမၾကည့္ရတာ ဒီေန႔ အေျခအေနေကာင္းပုံပင္။ဘန္းကိတ္ေႏြးေႏြးေလးစားသည့္အျပင္ မုန္ညင္းသစ္ဥထည့္ထားသည့္ ႏို႔ဆန္ျပဳတ္ႏွစ္ပန္းကန္ေသာက္ၿပီး ဒီအေတာတြင္းက်ိခ်င္းက်ိဳးဘာေတြလုပ္ေနလဲေမးလာ၏။
က်ိခ်င္းက်ိဳးက သာမန္ကာလွ်ံကာစကားနည္းနည္းသာေျပာလိုက္ေတာ့ သူမကေမးလာသည္။

"အက်ိဳးေရာ႐ွိရဲ႕လား"

က်ိခ်င္းက်ိဳးရယ္လိုက္သည္။
"ပိုက္ဆံအမ်ားႀကီးရတာ"

ဝမ္ဖန္းက သူ႕ကိုၾကည့္လာသည္။သူမသားက အခု သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ေနၿပီဆိုတာသူမသိတာေပါ့။ၿပီးေတာ့ သ႐ုပ္ေဆာင္ေတြက သာမန္လူေတြထက္အမ်ားႀကီး အက်ိဳးျမတ္ရသည္။အႏုပညာေလာက,က တအား႐ႈပ္ေထြးတာလို႔ တစ္ျခားသူေတြေျပာၾကတာ သူမ ၾကားဖူးေပမယ့္လည္း သူမ ကူႏိုင္တာမ႐ွိတဲ့အတြက္ သူမ ရဲ႕ႏွလုံးသားထဲမွာပဲ ကိုယ့္ကိုကိုယ္အျပစ္ဖို႔မိတယ္။သားရဲ႕လက္ေလးကို ၾကင္ၾကင္နာနာဆြဲယူလိုက္ၿပီးေျပာလိုက္သည္။

"သားအနားယူသင့္တယ္ေနာ္။အရမ္းႀကီး အပင္ပန္းမခံနဲ႔"

က်ိခ်င္းက်ိဳးေခါင္းညိမ့္လိုက္သည္။

"မစိုးရိမ္ပါနဲ႔"

႐ိုး႐ိုးသားသားေျပာရရင္ အခုခ်ိန္မွာ ဝမ္ဖန္းတြက္ ခ်စ္ျခင္းေမတၱာေတြ သူမွာ တကယ္ႀကီးမ႐ွိခဲ့ေပ။တကယ္ေတာ့ သူက ဝမ္ဖန္းသားမွမဟုတ္တာ။ၿပီးေတာ့ သူတို႔ ေတြ႕တာလည္း ပထမဆုံးအႀကိမ္ပဲ႐ွိေသးတယ္ေလ။သို႔ေသာ္ ဝတၳဳထဲမွာေတာ့ ဝမ္ဖန္းက မိခင္ေကာင္းတစ္ေယာက္ျဖစ္သည္။သူကိုယ္တိုင္လည္း သူ႕အေမနဲ႔အတူႀကီးျပင္းလာတာေလ ။ဝမ္ဖန္းကိုၾကည့္ေနရင္း မတတ္ႏိုင္ဘဲ သူ႕အေမကိုသတိရသြားမိသည္။သူ မူလပိုင္႐ွင္ရဲ႕ကိုယ္ ကိုယူလိုက္ၿပီးၿပီ ။

ေနာက္ပိုင္း သူ ဝမ္ဖန္းကို သဘာဝက်က်ပဲ သားသမီးဝတၱရားေက်ပြန္ေပးရမယ္။သူမအသက္ေကာင္းေကာင္း႐ွင္ေစရမယ္။အနည္းဆုံး မူရင္းဝတၳဳလို မျဖစ္ေစရဘူး။ဖန္ေယာင္႐ႊမ္းနဲ႔ေလာ့ယြီတို႔စကားေတြေၾကာင့္ သူမက က်ိခ်င္းက်ိဳးကို ဆြဲခ်ေနမိတယ္လို႔ခံစားရၿပီး တိတ္တိတ္ေလးသတ္ေသဖို႔ေ႐ြးခ်ယ္သြားခဲ့တာျဖစ္သည္။
ဝမ္ဖန္းနဲ႔ခဏေလာက္စကားေျပာလိုက္ၿပီးေနာက္ ဝမ္ဖန္အိပ္ေပ်ာ္သြားသည္ကိုျမင္၍ ေဆး႐ုံမွျပန္ၿပီး ကုမၸဏီဆီသြားရေတာ့သည္။

မူလပိုင္႐ွင္သည္ တ႐ုတ္မွာ႐ွိတဲ့ ေဖ်ာ္ေျဖေရးကုမၸဏီေတြထဲကအေကာင္းဆုံးတစ္ခုျဖစ္တဲ့ ခ်ဴမိသားစုလက္ေအာက္႐ွိ ေဖ်ာ္ေျဖေရးကုမၸဏီတစ္ခုနဲ႔လက္မွတ္ထိုးထားတာျဖစ္သည္။သူက ေနာက္ခံမ႐ွိတဲ့ အဆင့္၁၈သ႐ုပ္ေဆာင္တစ္ေယာက္သာ....အဆက္အသြယ္မ႐ွိ၊ေက်ာ္ၾကားမႈမ႐ွိ။
နဂိုတိုင္းသာဆို ဒီလိုကုမၸဏီတစ္ခုနဲ႔ သူလက္မွတ္မထိုးႏိုင္ဘူး။ဒါေပမယ့္ သူ႕မွာဇာတ္လိုက္ေရာင္ဝါ႐ွိ‌တယ္ေလ။
ေအးဂ်င့္က်ိဳးခ်န္ဖုန္းက သူ႕ကိုေတြ႕ၿပီး အခြင့္ေရးတစ္ခုေပးခဲ့တာျဖစ္သည္။

က်ိခ်င္းက်ိဳးေရာက္လာတဲ့အခ်ိန္ က်ိဳးခ်န္ဖုန္းက ဖုန္း‌ေျပာ ေနခဲ့တယ္။သူလာတာျမင္ေတာ့ သူေ႐ွ႕ကို စားပြဲေပၚက ဇာတ္ၫႊန္းလွမ္းပစ္ေပးၿပီးတည္တည္ၿငိမ္ၿငိမ္ေျပာလာခဲ့သည္။

"ၾကည့္လိုက္ဦး"

က်ိခ်င္းက်ိဳးဖြင့္ၾကည့္လိုက္သည္။သူ စာ႐ြက္နည္းနည္းပဲဖတ္ရေသးရတယ္ က်ိဳးခ်န္ဖုန္းရဲ႕ ဖုန္းေခၚဆိုမႈကၿပီးသြားေလသည္။

သူဖုန္းကိုခ်လိုက္ၿပီးတာနဲ႔ က်ိခ်င္းက်ိဳးကိုေျပာလာသည္။

"မင္းအတြက္ အခန္းအမ်ားႀကီးမပါေပမယ့္ ဇာတ္ကားတစ္ကားလုံးမွာလည္း ဇာတ္ကြက္အမ်ားႀကီးမပါပါဘူး။ဒါေပမယ့္ ဒီကားက ျပင္ဆင္ၿပီးသြားၿပီ။ဒီလကုန္ေလာက္ စလိမ့္မယ္။မင္း ပိုက္ဆံ႐ွာဖို႔အသင့္ေတာ္ဆုံးပဲ"

က်ိခ်င္းက်ိဳး နည္းနည္းအံ့ဩသြားမိတယ္။
ဒီလကုန္....ဒါဆိုဇာတ္ကားက မၾကာခင္စ,႐ိုက္ေတာ့မွာေပါ့...

သူ ဇာတ္ေၾကာင္းကိုျပန္ေတြးၾကည့္လိုက္တယ္။ဒီစာပိုဒ္ မူရင္းဝတၳဳထဲမွာပါတာ အမွန္ပဲ။ဒါေပမယ့္ အဲ့တုန္းက ဒီဇာတ္ၫႊန္းကို ဖန္ေယာင္႐ႊမ္းဖတ္ၾကည့္ၿပီး ဇာတ္လမ္းဇာတ္ကြက္ အရမ္းနိမ့္တယ္လို႔ေတြးခဲ့သည္။ဖန္ေယာင္႐ႊမ္းသည္ ခ်ဴခ်န္ေၾကာင့္ "က်ိခ်င္းက်ိဳး"နဲ႔ West ေဖ်ာ္ေျဖေရးကုမၸဏီၾကားက စာခ်ဳပ္ကိုဖ်က္သိမ္းခ်င္သည္။
ထို႔ေၾကာင့္သူက "က်ိခ်င္းက်ိဳး"ကို ဒီဇာတ္ကားမွာ သ႐ုပ္ေဆာင္ခြင့္မျပဳဘဲ "က်ိခ်င္းက်ိဳး"နဲ႔ က်ိဳးခ်န္ဖုန္းတို႔ၾကားက စာခ်ဳပ္ဖ်က္သိမ္းျခင္းသေဘာတူညီခ်က္ေပၚမွာဘဲ လက္မွတ္ထိုးခိုင္းခဲ့သည္။

သူက က်ိခ်င္းက်ိဳးကို လစာေပးကာ သူ႕studioနဲ႔လက္မွတ္ထိုးၿပီး သူနဲ႔အတူ႐ုပ္႐ွင္ေတြမွာ႐ိုက္ခြင့္ျပဳခဲ့သည္။

သို႔ေသာ္"က်ိခ်င္းက်ိဳး"အရမ္းျမင့္ျမင့္ပ်ံသန္းၿပီးတာနဲ႔ အထိန္းအကြပ္မ႐ွိေတာ့မွာ သူေၾကာက္လာသည္။သူရဲ႕လေရာင္ျဖဴေလးေလာ့ယြီနဲ႔ဆုံတဲ့အခ်ိန္မွာ သူကအရမ္းျမင့္ျမင့္ပ်ံသန္းသြားခဲ့မွာကိုေၾကာက္လာခဲ့သည္။ထို႔ေၾကာင့္ သူ႕ကို ဘယ္အဓိကခန္းမွာမွ မပါခိုင္းပဲ...ဇာတ္ပို႔အေနနဲ႔သာကစားခြင့္ျပဳထားခဲ့သည္။

အဲ့တာေၾကာင့္လည္း ေနာက္ဆုံးက်ိခ်င္းက်ိဳး အနားယူလိုက္ခ်ိန္ထိ အဆင့္၁၈သ႐ုပ္ေဆာင္ပဲျဖစ္ေနခဲ့တာပင္။

ဖန္ေယာင္႐ႊမ္းဟာ သူ႕ကိုပ်ံသန္းခြင့္ျပဳဖို႔ရည္႐ြယ္ခ်က္မ႐ွိေပ။ေလွာင္ခ်ိဳင့္တစ္ခုထဲမွာ ေသာ့ခတ္ထားခဲ့သည္။သို႔ေသာ္ မူလပိုင္႐ွင္က ဒါကိုအခ်ိန္လြန္မွ ခံစားသိရေပမယ့္ ထိုသူကို အႀကိမ္ႀကိမ္ ခြင့္လႊတ္ေပးလိုက္တာက သူ ခ်စ္ေနခဲ့လို႔ပင္။

သူနဲ႔လုပ္စရာဘာမွမ႐ွိေတာ့ဘူးလို႔ က်ိခ်င္းက်ိဳးေတြးလိုက္တယ္။အဆုံးမွာေတာ့ အခုခ်ိန္မွာ သူနဲ႔ဖန္ေယာင္႐ႊမ္းကဘာမွမပတ္သတ္ေနဘူး။

က်ိခ်င္းက်ိဳး ဇာတ္ၫႊန္းယူလိုက္ၿပီး ျပန္ေျပာလိုက္သည္။

"အိုေက"

တိုက္ဆိုင္လိုက္တာလို႔ သူေတြးမိတယ္။မူလပိုင္႐ွင္က အႏုပညာ႐ွင္တစ္ေယာက္။သူကလည္း ေဖ်ာ္ေျဖေရးတကၠသိုလ္မွာတက္ေရာက္ေနတဲ့ေက်ာင္းသာတစ္ေယာက္ပဲ။သူႏိုးလာၿပီး ထူးထူးျခားျခားသာမကူးေျပာင္းခဲ့ရင္ သူ႕ဆရာမေထာက္ခံေပးတဲ့ဇာတ္ကားတြက္ လူေ႐ြးပြဲ သြားရလိမ့္မည္ျဖစ္သည္။အခု သူကူးေျပာင္းလာေသာ္လည္း ရင္းႏွီးတဲ့ သ႐ုပ္ေလာကမွာ႐ွိေနတုန္းပင္။

"ဒီလိုင္းေတြေနာ္ ျပန္ေရာက္တာနဲ႔ဇာတ္ၫႊန္းျပန္ဖတ္ထား"

က်ိဳးခ်န္ဖုန္းက စီကရက္တစ္လိပ္ဆြဲထုတ္ၿပီး ပါးစပ္မွာေတ့ထား၏။

"နားမလည္ရင္ ငါ့ကိုေမး"
က်ိခ်င္းက်ိဳး ေခါင္းညိမ့္လိုက္သည္။

က်ိဳခ်န္ဖုန္းသည္ စီကရက္ကို႐ိႈက္ၿပီးတစ္ဖြာမႈတ္လိုက္သည္။
သူနဲ႔ေတာ္ေတာ္ေလးလွမ္းေနတာေတာင္မွ ေဆးလိပ္နံ႔ကို က်ိခ်င္းက်ိဳးမခံႏိုင္ေပ။

"သြားၾကစို႔ ငါ မင္းကိုညစာလိုက္ေကြၽးမယ္"

က်ိဳးခ်န္ဖုန္းကေျပာရင္း မတ္တပ္ရပ္ လိုက္သည္။

"ကြၽန္ေတာ္စားၿပီးသြားၿပီ"

က်ိခ်င္းက်ိဳးေျပာလိုက္တယ္။ဝမ္ဖန္းဆီ သူယူသြားတာ ႏို႔ဆန္ျပဳတ္ေတြေရာ ဘန္းကိတ္ေႏြးေႏြးေလးေတြေရာ အမ်ားႀကီးျဖစ္သည္။
ဝမ္ဖန္းက အကုန္မစားႏိုင္ေတာ့ က်န္တာသူပဲ စားလိုက္သည္။

"ဒါဆို ငါနဲ႔လိုက္ခဲ့ဦး ။အရမ္းေနာက္က်ေနၿပီ။အခုထိငါမစားရေသးဘူး"

က်ိခ်င္းက်ိဳး ထိုဟာကိုၾကားေတာ့ ထပ္မျငင္းေတာ့ေပ။
"ေကာင္းၿပီ"

ဓာတ္ေလွကားေစာင့္ေနရင္း က်ိခ်င္းက်ိဳး သူနာရီကိုၾကည့္လိုက္ေတာ့ ကိုးနာရီခြဲခါနီးေနၿပီ။ခ်ဴခ်န္အိမ္မွာ ညစာသြားစားလားမစားလား သူစိုးရိမ္လာခဲ့သည္။ဒါမွမဟုတ္ ညဘက္သူအိမ္ေရာက္လာရင္ သူ႕ကိုဖုန္းေခၚမွာေပါ့။ရလဒ္အေနနဲ႔ ေန႔တစ္ဝက္လုံးျဖတ္ေက်ာ္ခဲ့ၿပီး ခ်ဴခ်န္ သူ႕ကို မဆက္သြယ္ခဲ့ေပ။ၾကည့္ရတာ သူတို႔အတူေနၾကေပမယ့္ ခ်ဴခ်န္က သူ႕အေၾကာင္းအမ်ားႀကီးဂ႐ုမစိုက္ပုံေပၚတယ္။
ဒါ ေကာင္းတာပဲေလ ...

"တင္"

သူ႕ေ႐ွ႕႐ွိဓာတ္ေလွကားတံခါးပြင့္သြားၿပီး က်ိခ်င္းက်ိဳးနဲ႔ က်ိဳးခ်န္ဖုန္းတို႔ အထဲဝင္လိုက္သည္။ရလဒ္ကေတာ့ သူတို႔ဓာတ္ေလွကား တံခါးပိတ္ခံနီးမွာပဲ ‌"ခဏေနဦး" ဆိုတဲ့ေအာ္သံကိုၾကားလိုက္ရသည္။

အသံကရင္းႏွီးေနတယ္လို႔ က်ိခ်င္းက်ိဳးခံစားမိသျဖင့္ သူ႕လက္ဆန္႔ၿပီး ဖြင့္တဲ့ခလုတ္ကိုဖိႏွိပ္လိုက္သည္ႏွင့္မၾကာမီမွာပင္ လူတစ္ေယာက္ေျပးဝင္လာ၏။

က်ိခ်င္းက်ိဳးသူ႕ကိုၾကည့္လိုက္တယ္။

လူဆိုးေကာင္ေၾကာင္းေျပာေနတုန္း သူက‌႐ုတ္ျခည္းေရာက္လာၿပီ....အသက္႐ွည္ဦးမယ္!

ခ်ဴခ်န္က သူ႕ကိုၾကည့္ၿပီးျပဳံးျပလာသည္။

"မင္းအိမ္မွာလို႔ ကိုယ္ထင္ထားတာ"

"ကြၽန္ေတာ့္ေအးဂ်င့္ ႐ွာေနလို႔"

က်ိခ်င္းက်ိဳး မွန္ကန္စြာျပန္ေျဖလိုက္တယ္။

ခ်ဴခ်န္က သူတို႔ႏွစ္ေယာက္လုံးကိုၾကည့္ေနတဲ့က်ိဳးခ်န္ဖုန္းဘက္လွည့္ၾကည့္လိုက္သည္။

"တစ္ေယာက္နဲ႔တစ္ေယာက္သိၾကတာလား"

ခ်ဴခ်န္က စကားမေျပာခဲ့ေပ။က်ိခ်င္းက်ိဴးကိုပဲၾကည့္ေနခဲ့တယ္။
က်ိခ်င္းက်ိဳး သူ႕ကိုျပန္ၾကည့္လိုက္တယ္။သူတုံ႔ျပန္တာကိုေစာင့္ေနရင္း သူျပဳံးသင့္လားမျပဳံးသင့္ဘူးလာေတာင္မေသခ်ာေတာ့ဘူး။

"သူငယ္ခ်င္း....သူငယ္ခ်င္းေတြေပါ့"လို႔ပဲ သူေျပာႏိုင္ေတာ့တယ္။

"သူငယ္ခ်င္းေတြ?"

ခ်ဴခ်န္ေမးလာခဲ့သည္။

"ဒါဆို......ခ်စ္သူေကာင္ေလး?"

++++++++++++++++++++

💚💚💚

အမေလး ခ်ဴခ်န္ကအေျပာႀကီးတယ္ေနာ္ 😂😂😂

++++++++++++++++++++++++++++++





Continue Reading

You'll Also Like

1.1M 8.6K 11
Myanmar × BL Uni/Zaw Warning..... Start Date:29.9.2023 End Date:20.11.2023 Photo Crd
6.6M 433K 94
Hanary Victor + Loon Tar Nay San
178K 30.6K 84
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
394K 9.9K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...