Unicode
အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။
[ဒါပေမယ့် အခု....ကိုယ်ဒီထက်ပိုလိုချင်တယ်]
ဓားခုတ်သံများက စုယန်၏နားထဲကို ကျူးကျော်ဝင်ရောက်လာပြီး ထိုခဏမှာပင် သူ့အား လုံးလုံးလျားလျား နိုးကြားသွားစေသည်။
ယခု သူဘယ်မှာရှိနေသည်ကို စဉ်းစားနေရန် အချိန်မရှိပေ။ သူ့ခါးမှ ပါးလွှာပျော့ပျောင်းသောဓားကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ကုဖေးတိ၏ပခုံးအား ဓားဖြင့်ထိုးစိုက်ထားသောလူ၏ ခန္ဓာကိုယ်ထဲကို ထိုးသွင်းလိုက်လေသည်။
စုယန် တိုက်ပွဲတွင်ပါဝင်လာသောကြောင့် အခန်းတွင်းရှိ တိုက်ပွဲအခြေအနေသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
စုယန်သည် အိမ်မက်၏ လွှမ်းမိုးမှုဒဏ်ကို ခံခဲ့ရတာ ဖြစ်နိုင်သည်။ သူ့စိတ်ထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး သူ့ကိုယ့်သူ မထိန်းနိုင်တော့ဘဲ ဓားချက်တိုင်းဟာ ယခင်ကထက် လုံးဝ ထိရောက်ကာ ရက်စက်ကြမ်းကြုတ်သည်။
သူတို့နှစ်ဦးစလုံးမှာ သန်မာအားကောင်းပြီး အပြန်ပြန်အလှန်လှန် ထောက်ပံ့မှုများ ပြုလုပ်ပြီးနောက် ရန်သူအရေအတွက်အများအပြားကို သုတ်သင်နိုင်ခဲ့ကာ ခဏအကြာတွင် အခန်းအတွင်း၌ လုံးဝ တိတ်ဆိတ်သွားတော့သည်။
ထိုအချိန်တွင် မေ့ရှစ်စန်းက တံခါးကို တွန်းဖွင့်ဝင်လာပြီး ဘောင်ကိုမှီကာ မောပန်းစွာဆိုသည်။
"နှစ်ယောက် လွတ်သွားပြီ..."
"ငါတို့မှာ လူအင်အား မရှိတော့ လိုက်ဖမ်းဖို့ အဆင်မပြေဘူး" ကုဖေးတိက ပြောသည်။
"ထားလိုက်တော့။ အခုလောလောဆယ် ဒီအလောင်းတွေအားလုံးကိုရှာစုပြီး ခြံထဲရွှေ့ရမယ်။ ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့ မီးအရင်ထွန်းလိုက်"
မေ့ရှစ်စန်းက အမိန့်ကိုလက်ခံကာ ထွက်သွားခဲ့သည်။ စုယန်နှင့်ကုဖေးတိသည် အခန်းတွင်းမှ လုပ်ကြံသူအလောင်းအားလုံးကို ခြံဝင်းထဲသို့ဆွဲထုတ်ရန် အတူတကွလုပ်ဆောင်ခဲ့သည်။
လယ်သမားမိသားစု၏အခန်းသည် တံခါးများနှင့် ပြတင်းပေါက်များကို လုံခြုံစွာပိတ်ထားလေသည်။ သူတို့သည် ပြဿနာတစ်စုံတစ်ရာကို ဝင်မဆွဲဆောင်ချင်သောကြောင့် အခန်းထဲတွင်သာ ပုန်းအောင်းနေခဲ့ကြလေ၏။
မီးတိုင်ထွန်းညှိပြီးသည့်အခါမှ စုယန်သည် ကုဖေးတိ ဒဏ်ရာရထားကြောင်းကို တွေ့ရှိသွားလေတော့သည်။
သူသည် အခြားအကြောင်းအရာများကို စိတ်မဝင်စားနေနိုင်တော့ဘဲ ကုဖေးတိ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။
"မင်းဒဏ်ရာရထားတာ ဘာလို့ ငါ့ကိုမပြောတာလဲ။ ဒီအလောင်းတွေကို မေ့ရှစ်စန်း ရှင်းလိမ့်မယ်။ လာ.. ငါမင်းကို ဆေးထည့်ပေးမယ်"
ညီတူညီမျှ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော မေ့ရှစ်စန်း : "......."
"ဒါက အပေါ်ယံဒဏ်ရာပါ။ ကြီးကြီးမားမား မရှိပါဘူး" ကုဖေးတိက စုယန်၏လက်ကို တွန်းဖယ်လိုက်ပြီး ဆိုသည်။
"ဒီလူတွေက မင်းကိုသတ်ဖို့လာတာ။ သူတို့ရဲ့ အထောက်အထားနဲ့ အချက်အလက်အရင်းအမြစ်တွေကို အရင်ရှာဖို့က ပိုအရေးကြီးတယ်"
စုယန်က မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် ပြောလေသည်။
"ဒါပေမယ့် မင်း...."
ကုဖေးတိက စုယန်ရဲ့နှုတ်ခမ်းတွေကို ဖျက်ကနဲ နမ်းကာ ပိတ်ဆို့လိုက်လေ၏။
"လိမ္မာပါနော်"
စုယန်၏ မကျေနပ်မှုများမှာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားရသည်။
ထိုနေရာတွင် လုပ်ကြံသူ စုစုပေါင်း ခြောက်ဦး သေဆုံးခဲ့သည်။
ထွက်ပြေးသွားသူ နှစ်ဦးအပါအဝင် စုစုပေါင်း ရှစ်ဦးမှာ စုယန်ကို လုပ်ကြံရန် လာခဲ့ခြင်းဖြစ်သည်။
လုပ်ကြံသူများ၏ သိုင်းပညာစွမ်းရည်မှာ ချို့တဲ့ခြင်းမရှိသော်လည်း သူတို့သည် ဂိုဏ်းမှ အထူးချွန်ဆုံးလူများမဟုတ်ကြောင်း သိသာထင်ရှားပြီး သူတို့၏အသက်ကို စတေးလိုသော စစ်သည်တော်များနှင့် သက်တော်စောင့်များအဆင့်သာ ဖြစ်နိုင်ဖွယ်ရှိသည်။
ကုဖေးတိ၏ အမှတ်ရမှုအပေါ် အခြေခံပါက အခန်းအတွင်း၌ သူနှင့် အပြန်အလှန် ထိုးနှက်ခဲ့သည့် ပြိုင်ဘက်လေးဦးသည် ကောင်းစွာ ညှိနှိုင်းဆောင်ရွက်ထားသည်ကို တွေ့ရှိခဲ့ရလေသည်။ ထို့ကြောင့် ၎င်းတို့၏ အဖွဲ့လိုက်လှုပ်ရှားမှု အတွေ့အကြုံမှာ မနည်းလှပေ။
ကံမကောင်းစွာဖြင့် သူတို့ဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်စုံများမှာ ရိုးရိုးရှင်းရှင်းသာဖြစ်ပြီး ပန်းထိုးပုံစံများ မပါရှိပေ။ ထို့အပြင် ထူးထူးခြားခြား အမှတ်အသားပြားများလည်း မရှိဘဲ သူတို့အသုံးပြုခဲ့သော ဓားများဟာလည်း သဲလွန်စနတ္ထိ အသစ်စက်စက် ဖြစ်လို့နေသည်။
ကုဖေးတိနှင့် မေ့ရှစ်စန်းတို့သည် အလောင်းများကို စေ့စေ့စပ်စပ် ရှာဖွေခဲ့သည်။ မေ့ရှစ်စန်းသည် ၎င်းတို့ကို အနံ့တချို့ပင်ခံခဲ့သော်လည်း အသုံးဝင်သော အချက်အလက်ကို မရရှိခဲ့ပါ။
မီးရောင်အောက်တွင် စုယန်သည် အလောင်းတစ်ခု၏နံဘေး၌ ထိုင်ချလိုက်ပြီး ထိုလူ၏ လက်ကြား၌ ကပ်ညှိနေသည့် အမွေးအတောင်လေးကို ကောက်ယူလိုက်သည်။
ငှက်မွေးသည် အနက်ရောင်ဖြစ်ပြီး အနက်ရောင် ဝတ်စုံကြားတွင် ဖုံးကွယ်နေသောကြောင့် လွယ်လင့်တကူ မတွေ့ရှိနိုင်ခြင်းဖြစ်သည်။
"ဒါက...တစ္ဆေဇီးကွက်?" ကုဖေးတိက ငှက်မွေးကိုယူကာ သေသေချာချာ စစ်ဆေးလိုက်သည်။
"အနက်ရောင်အမွေး၊ အရမ်းသေးပြီး ကြော့ရှင်းတယ်။ တစ္ဆေဇီးကွက်ကလွဲပြီး တခြားအရာ မတွေးမိဘူး"
စုယန်က ဆို၏။
"အဲ့လော့ကွေးရဲ့ ငှက်တွေက အလယ်ပိုင်းလွင်ပြင်မှာ ပျံသန်းနေတာလား?"
ကုဖေးတိက နှာခေါင်းရှုံ့ကာ ပြောသည်။
"အရင်က တစ္ဆေဇီးကွက်တွေကို အလယ်ပိုင်းလွင်ပြင်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးတာအမှန်ပဲ။ ဒါက နှင်းကွင်းပြင်မဟုတ်သလို သဲကန္တာရလည်း မဟုတ်တဲ့အတွက်ကြောင့် ဇီးကွက်ဖြူတွေက ထင်ရှားတယ်။ ဒါပေမယ့် ဇီးကွက်နက်ဆိုရင်တော့ သတိပြုမိဖို့ ခက်လိမ့်မယ်..မြေရိုင်းလွင်ပြင်ချောက်ကမ်းပါး စွန်းမှာတုန်းက ထုန်းယွင်ဘုရားကျောင်း၊ရွှမ်ကျီးဘုရားကျောင်းနဲ့ ဝူကျန်းမန်ဂိုဏ်းတွေထဲမှာ ပုန်းအောင်းနေတဲ့ အဲ့လော့ကွေးရဲ့သူလျှိုတွေကို မှတ်မိသေးလား။ ထုံးစံအတိုင်း သူတို့အချင်းချင်း သတင်းပေးပို့ဖို့ဆိုရင် လမ်းကြောင်း လိုအပ်တယ်"
"ဒါဆို ဒီလူတွေအားလုံးက အဲ့လော့ကွေးနဲ့ ပတ်သက်နေတာလို့ မင်းပြောချင်တာလား?" စုယန်က ဆက်ပြောသည်။
"ငါကတော့ အခုချိန်တခြားဘာသက်သေမှ ရှာလို့မရသေးဘူးလို့ထင်တယ်။ ဒါကြောင့် မင်းရဲ့ ဒဏ်ရာတွေကိုကြည့်ဖို့ အခန်းထဲပြန်ကြရအောင်ပါ"
ကုဖေးတိသည် စုယန်၏ အဆက်မပြတ်
တိုက်တွန်းမှုကြောင့် ဒဏ်ရာများကိုကုသရန်
အခန်းထဲပြန်ဝင်ခဲ့တော့သည်။
ကံကောင်းထောက်မစွာ သူတို့နှစ်ဦးလုံး ဒဏ်ရာပြင်းထန်စွာ မရခဲ့ကြပေ။ သွေးများကို ဆေးကြောသန့်စင်ပြီးနောက် ဒဏ်ရာများအား အတွင်းအားဖြင့် ကုစားလိုက်ရာ မကြာမီပင် အနည်းငယ်သက်သာသွားလေ၏။ ဒဏ်ရာများကို သန့်ရှင်းသော ချည်ထည်ဖြင့် စည်းပြီးနောက် လုပ်ကြံသတ်ဖြတ်သူများ၏ ရုပ်အလောင်းများကို အနီးနားရှိ တောအုပ်ထဲ၌ စွန့်ပစ်ခဲ့ကြလေသည်။
ကိစ္စအားလုံး ပြေလည်သွားသောအခါ ကောင်းကင်ပင် လင်းစပြုလာ၏။
တစ်ညတာလုံး ငြိမ်သက်နေခဲ့သော လယ်သမားက တံခါးဖွင့်ကာ တုန်လှုပ်ခြောက်ခြားစွာဖြင့် ချောင်းကြည့်လာသည်။ ကုဖေးတိက သူ့ကို လှည့်ကြည့်လာသည်ကို မြင်သောအခါ တံခါးကို ဝုန်းကနဲ ပိတ်ကာ အခန်းထဲပြန်ဝင်သွားတော့သည်။
ကုဖေးတိသည် သူတို့အား လျစ်လျူရှုထားကာ မြေပြင်ပေါ်ရှိ တစ်စုံတစ်ရာကို ဆက်လက်ရှာဖွေ နေခဲ့သည်။
"မင်းတစ်ခုခု ပျောက်သွားလို့လား? ငါကူရှာပေးမယ်လေ" စုယန်က ပြောလာ၏။
"ဘာမှမဟုတ်ဘူး။ တကယ်တော့ အဲ့ဟာက သိပ်တန်ဖိုးမရှိပါဘူး" ကုဖေးတိက ဆိုသည်။
"ဒါဆို မင်းဘာလို့ဒီလောက်အလေးအနက်ထားပုံ ပေါက်နေရတာလဲ။ အဲဒါကဈေးမကြီးရင်တောင် မင်းအတွက်တော့ အရမ်းအရေးကြီးနေလိမ့်မယ်"
စုယန်ရဲ့အကြည့်က ဓားဖြင့်ဖြတ်ရှခံထားရသည့် ကုဖေးတိ၏ လက်ကောက်ဝတ်ပေါ်သို့ ကျရောက်သွားသည်။
"လက်ကောက်ဝတ်က တစ်ခုလား? မင်းအမေက မင်းအတွက် ထားပေးခဲ့တာလေ"
ကုဖေးတိက ပြန်မဖြေဘဲ အခန်းတံခါးပတ္တာရဲ့ဘေးမှာ ကျနေသည့် စာရွက်တစ်ရွက်ကို အမြန်ကောက်ယူကာ ရတနာတစ်ခုလို လက်ထဲ ဆုပ်ကိုင်ထားလိုက်သည်။
စုယန်က ရှေ့တိုးလာက မေးလိုက်သည်။
"အဲဒါကဘာလဲ?"
ကုဖေးတိက ပြန်ဖြေ၏။
"... ဘာမှမဟုတ်ပါဘူး"
စုယန် "......."
ငါ့ဖင်ကြီးကို ဘာမှမဟုတ်!
နှစ်ယောက်သား အခန်းအတွင်းမှာ စေ့စေ့စပ်စပ် လိုက်ရှာခဲ့ကြသည်။ စုယန်၏ စူးရှသောမျက်လုံးများက စားပွဲဘေးရှိ စာရွက်တစ်ရွက်ကို ချက်ချင်း တွေ့ရှိသွားလေ၏။
စာရွက်ထောင့်စွန်းများသည် မီးလောင်ကျွမ်းထားပြီး စာရွက်ပေါ်ရှိစာများသည် ရေကြောင့် ပျက်စီးနေသော်လည်း သူထုတ်ဖော်နိုင်သည့် စာလုံးအချို့ ရှိနေပါသေးသည်။
"ဇာမဏီ၏ ကပ်ဆိုးမီးတောက်"
စုယန် ချက်ချင်းပင် ကျောက်စိမ်းအိမ်တော်မှာ ရှိစဉ်က အချိန်တစ်ခုကို သတိရသွားသည်။ သူသည် ကုဖေးတိအား ပြန်လည်ထူထောင်ရေးကျမ်းစာ၏ နောက်ဆုံးအတွဲတည်နေရာကို ညွှန်ပြချင်သော်လည်း ဇာတ်လိုက်၏ မျက်နှာသာပေးမှုကို ရယူရန် ဆန္ဒမရှိခဲ့ပေ။ ထို့ကြောင့် အရာအားလုံးကို ထည့်သွင်းစဉ်းစားကာ ဤကဲ့သို့ ဉာဏ်ပညာ မြင့်မားသော အကြံအစည်ကို အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ပေ၏။
..ဒါပေမယ့် ကုဖေးတိက ဘာလို့ လွယ်လွယ်နဲ့ သိသွားခဲ့တာလဲ?
စုယန်သည် အချိန်အတော်ကြာအောင် တွေးကြည့်ပြီးနောက် အံ့ဩသွားခဲ့သည်။
"မင်း..." သူက ကုဖေးတိကို ချီတုံချတုံကြည့်ကာ မေးလိုက်၏။
"ဒါတွေကိုမင်းသိမ်းထားခဲ့တာလား?"
ကုဖေးတိက စုယန်လက်ထဲရှိ စာရွက်ကို လုယူလိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။
"ဒါက နောက်ဆုံးတစ်ခုပဲ"
"မဟုတ်သေးပါဘူး" စုယန်ကမူ စိတ်ရှုပ်ထွေးနေ၏။
"မင်းဘာလို့ ဒါတွေကို သိမ်းထားတာလဲ?"
ကုဖေးတိ ပြုံးရုံသာပြုံးနေပြီး ပြန်မဖြေသည်ကို
မြင်သောအခါ စုယန်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ရှေ့တိုးလာခဲ့သည်။
"ကု..မဟုတ်သေးဘူး... ရှစ်တိ မင်းက အဲ့ကတည်းက ငါ့အပေါ်မှာ ခံစားချက်တွေ ရှိနေခဲ့တာလား?"
"မင်းလို ခေတ်နောက်ကျတဲ့ကလေးတစ်ယောက်က ဆယ်ကျော်သက်အချစ်တွေ စောစောစီးစီး ပေါက်ဖွားလာခဲ့လိမ့်လို့ ငါမမျှော်လင့်ထားဘူး!"
"ဟေ့.. မင်းငါ့ကို မဖုံးကွယ်နဲ့... အဲဒီတုန်းက မင်းငါ့ကို မုန်းနေခဲ့တာမဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး ပြောင်းလဲသွားခဲ့တာလဲ?"
"ရှစ်တိ.. ငါ့ရဲ့ချစ်လှစွာသော ရှစ်တိလေး.. ရှစ်ရှုံးအပေါ်ထားတဲ့ မင်းရဲ့ခံစားချက်ခရီးစဥ်အကြောင်းကို လာပြောပြပါအုံး"
ကုဖေးတိသည် စုယန်၏ အတောမသတ်နိုင်သော နှောင့်ယှက်မှုကို ခံနေရပြီး ပြန်ရှင်းပြရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။
"အဲဒီအချိန်တုန်းက ကိုယ်မင်းကို မချစ်ခဲ့ဘူး"
စုယန်က ကုဖေးတိလက်ထဲရှိ စာရွက်လေးကို မေးငေါ့ပြပြီး မေးသည်။
"ဒါဆို မင်းဘာလို့ သိမ်းထားတာလဲ?"
ကုဖေးတိ သူ့လက်ထဲရှိ စာရွက်များကို ငုံ့ကြည့်ရင်း နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလေ၏။
"အဲဒီတုန်းက မင်းက သိုင်းလောက,က ကောလဟာလတွေနဲ့ မတူဘူးလို့ ကိုယ်ခံစားခဲ့ရတယ်။ မင်းက တခါတရံမှာ... ကလေးဆန်ပြီး အပြစ်ကင်းစင်တယ် လေ။ မင်းက အပြင်ပိုင်းမှာတော့ မောက်မာတဲ့ အပြုအမူနဲ့ ကိုယ်တို့ကို ရှောင်ပြီး အလယ်ပိုင်းလွင်ပြင် သိုင်းလောက အသိုင်းအဝိုင်းနဲ့ မိတ်ဖွဲ့ဖို့ကို ငြင်းဆန်နေတယ်။ ဒါပေမယ့် အတွင်းစိတ်ထားက ကောင်းပြီး ကိုယ့်ကို 'အသိုက်အမြုံသို့ပြန်သွားခြင်း' ရဲ့ တည်နေရာကို ခိုးကြောင်ခိုးဝှက်ပြောပြခဲ့တယ်လေ။ အဲ့ဒါကြောင့် ကိုယ်မင်းနဲ့ သူငယ်ချင်း ဖြစ်ချင်ခဲ့တယ်၊ မင်းနဲ့ပိုပြီး ရင်းနှီးချင်ခဲ့တယ်"
စုယန်က မျက်ခုံးပင့်လိုက်၏။
"အိုး? ဒါပဲလား?"
ကုဖေးတိက ပြုံးလိုက်သည်။
"အဲဒါက ဟိုတုန်းကပေါ့။ ဒါပေမယ့် အခုတော့... ကိုယ်ဒီထက်ပိုလိုချင်တယ်"
စုယန်သည် ချက်ချင်းပင် လေထုထဲမှ အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
ရုတ်ချည်းဆိုသလို ကုဖေးတိသည် သူ့အား နံရံသို့ တွန်းကပ်လိုက်ပါတော့၏။ ကုဖေးတိ ရှူထုတ်လိုက်သော လေများက စုယန်၏မျက်နှာကို ညင်သာစွာ ပွတ်သပ်နေသည်။
စုယန်သည် ဤကဲ့သို့သော အခြေအနေမျိုးကို ဆက်သည်းမခံနိုင်တော့ချေ။
သူက အံကြိတ်ပြီး ရှေ့သို့တိုးကာ ကုဖေးတိ၏ နှုတ်ခမ်းကို နမ်းလိုက်လေ၏။
"တော်လောက်ပြီ၊ ထွက်ဖို့အချိန်ရောက်ပြီ"
အနမ်းပေးပြီးနောက် သူက ကုဖေးတိကို တွန်းဖယ်လိုက်ပြီး ဆိုသည်။
"လုပ်ကြံသူနှစ်ယောက် လွတ်သွားတယ်ဆိုတော့ ငါတို့ ပိုပြီးသတိထားနေရမယ်။ ခရီးကို မနှောင့်နှေးစေတာ အကောင်းဆုံးပဲ"
ကုဖေးတိက လက်ပိုက်ကာ ဘေးတွင်ရပ်နေပြီး သူ့အား နူးညံ့စွာ ပြုံးပြသည်။
မျှော်လင့်ထားသည့်အတိုင်း ၎င်းတို့အဖွဲ့ မြစ်ကမ်းနားတစ်လျှောက် ခရီးထွက်ပြီး နောက်တစ်မြို့သို့ ရောက်သောအခါ မိစ္ဆာဂိုဏ်း၏သခင်ငယ် အလယ်ပိုင်းလွင်ပြင်သို့ ရောက်နေသည့် သတင်းက တောမီးလောင်သလို ပျံ့နှံ့သွားလေသည်။
ကံကောင်းထောက်မစွာ ကုဖေးတိအကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ မိစ္ဆာဂိုဏ်း၏ သခင်ငယ်သည် သူ၏ ပန်းလက်ထောက်နှစ်ယောက်နှင့်အတူ ခရီးထွက်လာပြီး ၎င်းတို့၏ ဦးတည်ရာမှာ ထန်းယွင်စံအိမ်ဖြစ်ကြောင်း ကောလဟာလများသာ ထွက်ပေါ်နေခဲ့သည်။ ၎င်းသည် စံအိမ်သခင်လေးကုနှင့် ပတ်သက်မှုရှိ၊မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
လက်ရှိအခြေအနေအရ ကုဖေးတိသည် စုယန်ကို တည်းခိုခန်းတစ်ခုသို့ တိုက်ရိုက်ခေါ်ဆောင်ရန် မဝံ့ရဲပေ။ ယင်းအစား မြို့ပြင်က စွန့်ပစ်ထားသော အိမ်တစ်လုံး၌သာ ခဏတာ အနားယူခဲ့ကြ၏။
"လောလောဆယ်တော့ ငါတို့က လမ်းမကြီးရဲ့ အပြက်ဘက်က ရွာတွေကို ပတ်သွားလို့ရသေးတယ်" ကုဖေးတိက စိုးရိမ်တကြီး ညည်းညူလိုက်သည်။
"ဒါပေမယ့် ထန်းယွင်စံအိမ်က လူထူထပ်တဲ့ လန်ယန်းမြို့မှာ ရှိတာဆိုတော့ အဲဒီရောက်ရင် ငါတို့ ဆက်ပြီး ဖုံးကွယ်မရတော့မှာ စိုးရတယ်။ ကောလဟာလတွေအရ ယောက်ျားသုံးယောက် အတူတူ ခရီးထွက်နေကြတာဆိုတော့ သတိထားမိဖို့ သိပ်မကြာလောက်ဖူး"
ဤသည်မှာ အမှန်ပင် ပြဿနာဖြစ်သည်။ သုံးယောက်သား အကြည့်ချင်းဖလှယ်ပြီးနောက် ခေါင်းကိုငုံ့ကာ တွေးတောဆင်ခြင်နေကြ၏။
စုယန်သည် တစ်ချိန်က ပရိတ်သတ်အချို့နှင့် လောင်းကစားရှုံးခဲ့ပြီး သူ့အား အမျိုးသမီးအဝတ်အစားများ ၀တ်ဆင်ကာ တိုက်ရိုက်ထုတ်လွှင့်ခိုင်းခဲ့သည်ကို ရုတ်တရက် ပြန်အမှတ်ရသွားခဲ့သည်။ ပြီးနောက် မိစ္ဆာဂိုဏ်းမှ မထွက်မီ မေ့ရှစ်စန်းက အမျိုးသမီးဝတ်စုံတစ်စုံ ပြင်ဆင်လာခဲ့သည်ကိုလည်း သတိရမိ၏။
ချက်ချင်းပင် သူ့မျက်လုံးများ တောက်ပလာပြီး ပြောလေသည်။
"ငါဘာလို့ မိန်းကလေးမဖြစ်နိုင်ရမှာလဲ!"
ကုဖေးတိ : "......."
မေ့ရှစ်စန်း : "......."
ကုဖေးတိသည် ရှုပ်ထွေးသောအမူအရာနှင့် ကြည့်နေပြီး စကားမပြောနိုင်တော့ပေ။
မေ့ရှစ်စန်းက မျက်မှောင်ကြုတ်ကာ ဆို၏။
"တကယ်လို့ တစ်ယောက်ယောက်က မိန်းမအသွင်ဆောင်ရမယ်ဆိုရင် ဒီလက်အောက်ငယ်သားပဲ
ဆောင်ပါ့မယ်"
စုယန်က မေ့ရှစ်စန်းရဲ့မျက်နှာကို ရွံရှာစွာ ကြည့်လိုက်ပြီး ပြတ်ပြတ်သားသား ဆိုလေသည်။
"မိန်းကလေးအသွင်ဆောင်ဖို့ ဒီနေရာမှာ ငါ့ထက် ပိုသင့်တော်တဲ့သူ မရှိဘူး!"
နုနယ်သိမ်မွေ့သော မျက်နှာသွင်ပြင်၊ သေးသွယ်သော ပါးရိုးများ၊ သိပ်မမြင်သာလှသော လည်စေ့လေးဖြင့် စုယန်သည် မိတ်ကပ်မပါဘဲနှင့်ပင် လူအများအား သူ၏လိင်ကို ရှုပ်ထွေးသွားစေနိုင်သည်။
မျက်နှာချေအနည်းငယ်လိမ်းပြီး မျက်ခုံးမွှေးညှပ်ကာ အဝတ်အစား ပြောင်းလဲလိုက်ရုံဖြင့် ဤခေတ်မှာ သူဟာ မိန်းမအသွင်ဆောင်ထားသည့် ယောက်ျားတစ်ယောက်ဖြစ်မှန်း မည်သူမှ မသိနိုင်ဟု သူယုံကြည်သည်။
ကုဖေးတိက မျက်မှောင်ကြုတ်ကာ နူးညံ့စွာ ပြောလေသည်။
"စုယန်... တကယ်တော့ မင်း ဒီလောက်ထိ အနစ်နာခံဖို့ မလိုပါဘူး"
စုယန် : "......."
မိန်းကလေးအသွင်ဆောင်တာက ဘာတွေများ နစ်နာစရာရှိနေလို့လဲ?!
"အဲ့လိုမှမဟုတ်ရင် ငါတို့ ဘာလုပ်သင့်လဲ?"
စုယန်သည် လက်ပိုက်လိုက်ပြီး မျက်ခုံးပင့်ကာ သူတို့နှစ်ယောက်ကို စိုက်ကြည့်နေသည်။
"ရှစ်စန်း.. မင်း ငါတို့နောက်ကို မလိုက်တော့ရင်ရော။ ငါတို့နှစ်ယောက်ထဲ အတူတူ ခရီးထွက်မယ်ဆိုရင် သိပ်သတိမထားမိလောက်တော့ဘူးမလား?"
"သခင်ငယ်လေး" မေ့ရှစ်စန်းက တရိုတသေ ငြင်းဆန်သည်။
"ဂိုဏ်းချုပ်က သခင်ငယ်လေးကို ကာကွယ်ဖို့ ဒီလက်အောက်ငယ်သားကို အမိန့်ပေးထားပါတယ်။ ဒီလက်အောက်ငယ်သားက အဖွဲ့ကို မစွန့်ခွာနိုင်ပါဘူး"
ကုဖေးတိက သဘောတူသည်။
"ရှစ်စန်းကို ကိုယ်တို့နဲ့လိုက်ခိုင်းတာ ပိုကောင်းလိမ့်မယ်။ မင်းရဲ့ အအေးမိရောဂါက ဘယ်ချိန် ထဖြစ်မလဲ မသိဘူး။ တစ်ခုခုဆို ရှစ်စန်းက ကိုယ်တို့အတွက် အကာအကွယ် အလွှာတစ်ခုအဖြစ် ရှိပေးနိုင်တာပေါ့"
ခဏတိတ်ဆိတ်သွားပြီးနောက် ကုဖေးတိက ဆက်ပြောသည်။
"မေ့ရှစ်စန်း.. မြင်းနှစ်ကောင်ကို မြို့ထဲခေါ်သွားပြီး ရထားလုံးပြင်လိုက်။ ပြီးတော့ အလှပစ္စည်းတွေနဲ့ အမျိုးသမီးဝတ်စုံအချို့ကိုလည်း ဝယ်လာခဲ့.... မိန်းကလေးအသွင်ဆောင်တဲ့စိတ်ကူးက စမ်းကြည့်ရကျိုးနပ်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ"
နောက်ဆုံးတွင် မေ့ရှစ်စန်းသည် ကုန်သည်တစ်ဦးအသွင်ဟန်ဆောင်ကာ မြို့ထဲသို့ တစ်ယောက်တည်းသွားခဲ့သည်။ ရထားလုံး၊ အလှကုန်၊ မှန်တစ်ချပ်နှင့် အမျိုးသမီးအဝတ်အစားတချို့ကို ဝယ်ယူခဲ့၏။ ထို့နောက် တည်းခိုခန်းတစ်ခုတွင် အခန်းတစ်ခုယူကာ တစ်ယောက်တည်း ဝင်သွားခဲ့သည်။
စုယန်နှင့် ကုဖေးတိတို့သည် မြို့ထဲသို့ မြင်းတကောင်စီးကာ ဝင်လာခဲ့ပြီး တည်းခိုရန် အခြားတည်းခိုခန်းတစ်ခုကို ရှာဖွေခဲ့သည်။
နောက်တစ်နေ့ နံနက်စောစောတွင် သူတို့သည် ယခင်သဘောတူထားသည့် နေရာ၌ဆုံကြပြီး မေ့ရှစ်စန်း၏ ရထားလုံးပေါ်သို့တက်ကာ အဝတ်အစားပြောင်းရန် ပြင်ဆင်ကြလေ၏။
ယခုအခါ ဆောင်းဦးပေါက်ပြီဖြစ်၍ အပူချိန်များ ကျဆင်းလာလေပြီ။ အနည်းငယ်ပူအိုက်သော တောင်ဘက်တွင်ပင် ခရီးသွားများသည် ၎င်းတို့၏ ဆောင်းဦးအဝတ်အစားများကို စတင်ဝတ်ဆင်နေကြပြီဖြစ်သည်။
မေ့ရှစ်စန်းသည် အမျိုးသမီးဝတ်စုံများဝယ်သောအခါ လည်ပင်းကိုဖုံးအုပ်ရန် သင့်လျော်သည့် ယုန်သားမွေးကောလံဖြင့် အလှဆင်ထားသည့် ဝတ်စုံကိုဝယ်ခဲ့သည်။ ထို့အပြင် မေ့ရှစ်စန်းသည် အရောင်တူ ယုန်သားမွေး ဆံညှပ်ကိုလည်း ဝယ်ယူခဲ့ပြီး ၎င်းက စုယန်၏ ဆံပင်ပုံစံကို ဖုံးကွယ်နိုင်ရုံသာမက ဝတ်စုံနှင့်လည်း အတော်လေး လိုက်ဖက်ပေသည်။ စုယန်က ၎င်းကို အလွန် စိတ်ကျေနပ်နေ၏။
ကုဖေးတိသည် စုယန်၏ ပခုံးထိရှည်သော ဆံပင်ကို ကျစ်ကာ ခေါင်းထိပ်တွင် အနက်ရောင်ဖဲကြိုးအချို့ကို တပ်ဆင်လိုက်သည်။ ဆံပင် အလှဆင်ပစ္စည်းအနည်းငယ်နှင့်လည်း ဖုံးကွယ်ထားသောကြောင့် ဆံပင်အရှည်ကို ခန့်မှန်းရန် မလွယ်တော့ပါချေ။
စုယန်သည် မှန်ကို မျက်နှာမူကာ မျက်နှာချေ အနည်းငယ်လိမ်းခြယ်လိုက်၏။ မျက်လုံးထောင့်မှ မှဲ့နီကိုဖုံးကွယ်ရန် မျက်လုံးထောင့်စွန်းကို အနီရောင်ခပ်ပါးပါး ခြယ်လိုက်ပြီး မျက်ခုံးမွေးကိုလည်း ပါးပါးလေး ညှပ်လိုက်သည်။ ၎င်းက သူ့ရဲ့မျက်နှာအသွင်အပြင်ကို ပို၍ ပျော့ပျောင်းနူးညံ့သွားစေ၏။ နောက်ဆုံးအနေနှင့် နှုတ်ခမ်းကို အနီရောင်ခြယ်သ လိုက်ရာ သူ၏မျက်နှာတစ်ခုလုံးကို ပို၍ တောက်ပသွားစေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူဟာ အလွန်လှပသော မိန်းကလေးတစ်ဦးဖြစ်ကြောင်း လူတိုင်း ပြောနိုင်ပေသည်။
စုယန်သည် ရင်ဘက်ကို အဝတ်တစ်ထည်ဖြင့် ရစ်ပတ်ထားသောကြောင့် ရင်ဘက်ပြားမှန်း သိပ်မသိသာတော့ချေ။ ပြီးနောက် သူ၏ခန္ဓာကိုယ်နှင့် လက်များကို ဝတ်စုံဖြင့် လုံလုံခြုံခြုံ ဖုံးအုပ်လိုက်သောကြောင့် လုံးဝ ပြီးပြည့်စုံသွားလေ၏။
စုယန်က ငြိမ်သက်စွာထိုင်နေကာ ကုဖေးတိအား မေးလိုက်သည်။
"ဘယ်လိုနေလဲ?"
"အရမ်း ညုတုတု ဖြစ်မနေပေမယ့် လှည့်စားဖို့ လုံလောက်ပါတယ်"
ကုဖေးတိရဲ့အကြည့်သည် စုယန်၏မျက်နှာတစ်ပြင်လုံးသို့ တခဏမျှလှည့်ပတ်သွားပြီးနောက် အံ့အားသင့်သောအမူအရာဖြင့် ဆိုလာသည်။
"မင်းက မိန်းကလေးတစ်ယောက်လို တကယ်ဝတ်လို့ရတာပဲ"
စုယန်က သူ့လက်ကို မြှောက်ကာ သူ့အရပ်ကို ကုဖေးတိနဲ့ နှိုင်းယှဉ်လိုက်သည်။ ပြီးနောက် သူက အနည်းငယ် စိတ်ဓာတ်ကျသွားကာ ဆို၏။
"ငါ့အရပ်က နည်းနည်းထွက်နေသေးတယ်။ ငါမတ်တပ်ရပ်လိုက်တာနဲ့ အဖြစ်မှန်ပေါ်သွားမှာပဲ"
ကုဖေးတိက ပြုံးလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အရပ်ရှည်တဲ့ မိန်းကလေးတွေလည်း ရှိတာပါပဲ"
ထိုသို့ပြောရင်း သူက ယုန်သားမွေးဆံညှပ်ကို ယူကာ စုယန်၏ ခေါင်းတွင် ပန်ဆင်ပေးလိုက်လေသည်။
စုယန်၏ မျက်နှာသွင်ပြင်သည် အလွန်သေးသွယ်ကာ သပ်ရပ်လှပပြီး ယုန်သားမွေးကော်လံဝတ်စုံနှင့် ဆံညှပ်ကို ဝတ်ဆင်ပြီးနောက် သူ၏ မျက်နှာတစ်ခုလုံးသည် နုနယ်သော သားမွေးများဖြင့် ဖုံးကွယ်သွားပြီး သူ့အား ပို၍ နူးညံ့သည့်အသွင်
ပေါက်စေသည်။
ကုဖေးတိသည် သူ့ရှေ့မှ စုယန်ကို စိုက်ကြည့်ရင်း ခဏတာ စိတ်ရှုပ်သွားရ၏။
"ဘာဖြစ်လို့လဲ? ငါအရမ်းလှနေလို့လား?" စုယန်က ကျီဆယ်လိုက်သည်။
"မင်းငါ့ကိုကြည့်နေတာ ရပ်တန့်လို့မရတော့ဘူးလား!"
ကုဖေးတိက သဘောကျစွာ ရယ်မောပြီးနောက် ပြောလေ၏။
"ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် စကားတစ်ခွန်းမှ မပြောဖို့ သတိရနော်!"
_1.9.22
စာရေးဆရာမှာ ပြောစရာရှိပါတယ်:
စုယန် : ဖေးဖေးရဲ့ နက်နဲတဲ့လျှို့ဝှက်ချက်ကို တဖြည်းဖြည်းချင်း ရှာဖွေတွေ့ရှိခဲ့တယ်။
T/N : အကြာကြီးစောင့်လိုက်ရပြီ Ó╭╮Ò
ဒါလေးကို Thursday နဲ့ Sunday တစ်ပတ်နှစ်ပိုင်း တင်ပေးပါမယ်။ တကယ် တကယ် အတည်ပြောတာ!
Thanks for reading ❣️
Zawgyi
အခန္း-၆၅ စကားတစ္ခြန္းမွ မဟရ။
[ဒါေပမယ့္ အခု....ကိုယ္ဒီထက္ပိုလိုခ်င္တယ္]
ဓားခုတ္သံမ်ားက စုယန္၏နားထဲကို က်ဴးေက်ာ္ဝင္ေရာက္လာၿပီး ထိုခဏမွာပင္ သူ႕အား လုံးလုံးလ်ားလ်ား နိုးၾကားသြားေစသည္။
ယခု သူဘယ္မွာရွိေနသည္ကို စဥ္းစားေနရန္ အခ်ိန္မရွိေပ။ သူ႕ခါးမွ ပါးလႊာေပ်ာ့ေပ်ာင္းေသာဓားကို ခ်က္ခ်င္း ဆြဲထုတ္လိုက္ၿပီး ကုေဖးတိ၏ပခုံးအား ဓားျဖင့္ထိုးစိုက္ထားေသာလူ၏ ခႏၶာကိုယ္ထဲကို ထိုးသြင္းလိုက္ေလသည္။
စုယန္ တိုက္ပြဲတြင္ပါဝင္လာေသာေၾကာင့္ အခန္းတြင္းရွိ တိုက္ပြဲအေျခအေနသည္ ႐ုတ္တရက္ ေျပာင္းလဲသြားခဲ့သည္။
စုယန္သည္ အိမ္မက္၏ လႊမ္းမိုးမႈဒဏ္ကို ခံခဲ့ရတာ ျဖစ္နိုင္သည္။ သူ႕စိတ္ထဲတြင္ ထိတ္လန႔္ေၾကာက္႐ြံ႕မႈမ်ား ျပည့္ႏွက္ေနၿပီး သူ႕ကိုယ့္သူ မထိန္းနိုင္ေတာ့ဘဲ ဓားခ်က္တိုင္းဟာ ယခင္ကထက္ လုံးဝ ထိေရာက္ကာ ရက္စက္ၾကမ္းၾကဳတ္သည္။
သူတို႔ႏွစ္ဦးစလုံးမွာ သန္မာအားေကာင္းၿပီး အျပန္ျပန္အလွန္လွန္ ေထာက္ပံ့မႈမ်ား ျပဳလုပ္ၿပီးေနာက္ ရန္သူအေရအတြက္အမ်ားအျပားကို သုတ္သင္နိုင္ခဲ့ကာ ခဏအၾကာတြင္ အခန္းအတြင္း၌ လုံးဝ တိတ္ဆိတ္သြားေတာ့သည္။
ထိုအခ်ိန္တြင္ ေမ့ရွစ္စန္းက တံခါးကို တြန္းဖြင့္ဝင္လာၿပီး ေဘာင္ကိုမွီကာ ေမာပန္းစြာဆိုသည္။
"ႏွစ္ေယာက္ လြတ္သြားၿပီ..."
"ငါတို႔မွာ လူအင္အား မရွိေတာ့ လိုက္ဖမ္းဖို႔ အဆင္မေျပဘူး" ကုေဖးတိက ေျပာသည္။
"ထားလိုက္ေတာ့။ အခုေလာေလာဆယ္ ဒီအေလာင္းေတြအားလုံးကိုရွာစုၿပီး ၿခံထဲေ႐ႊ႕ရမယ္။ ရွင္းရွင္းလင္းလင္း ျမင္နိုင္ဖို႔ မီးအရင္ထြန္းလိုက္"
ေမ့ရွစ္စန္းက အမိန႔္ကိုလက္ခံကာ ထြက္သြားခဲ့သည္။ စုယန္ႏွင့္ကုေဖးတိသည္ အခန္းတြင္းမွ လုပ္ႀကံသူအေလာင္းအားလုံးကို ၿခံဝင္းထဲသို႔ဆြဲထုတ္ရန္ အတူတကြလုပ္ေဆာင္ခဲ့သည္။
လယ္သမားမိသားစု၏အခန္းသည္ တံခါးမ်ားႏွင့္ ျပတင္းေပါက္မ်ားကို လုံၿခဳံစြာပိတ္ထားေလသည္။ သူတို႔သည္ ျပႆနာတစ္စုံတစ္ရာကို ဝင္မဆြဲေဆာင္ခ်င္ေသာေၾကာင့္ အခန္းထဲတြင္သာ ပုန္းေအာင္းေနခဲ့ၾကေလ၏။
မီးတိုင္ထြန္းညွိၿပီးသည့္အခါမွ စုယန္သည္ ကုေဖးတိ ဒဏ္ရာရထားေၾကာင္းကို ေတြ႕ရွိသြားေလေတာ့သည္။
သူသည္ အျခားအေၾကာင္းအရာမ်ားကို စိတ္မဝင္စားေနနိုင္ေတာ့ဘဲ ကုေဖးတိ၏ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္ကာ ေမးလိုက္သည္။
"မင္းဒဏ္ရာရထားတာ ဘာလို႔ ငါ့ကိုမေျပာတာလဲ။ ဒီအေလာင္းေတြကို ေမ့ရွစ္စန္း ရွင္းလိမ့္မယ္။ လာ.. ငါမင္းကို ေဆးထည့္ေပးမယ္"
ညီတူညီမွ် ဒဏ္ရာမ်ားျဖင့္ ဖုံးလႊမ္းေနေသာ ေမ့ရွစ္စန္း : "......."
"ဒါက အေပၚယံဒဏ္ရာပါ။ ႀကီးႀကီးမားမား မရွိပါဘူး" ကုေဖးတိက စုယန္၏လက္ကို တြန္းဖယ္လိုက္ၿပီး ဆိုသည္။
"ဒီလူေတြက မင္းကိုသတ္ဖို႔လာတာ။ သူတို႔ရဲ႕ အေထာက္အထားနဲ႕ အခ်က္အလက္အရင္းအျမစ္ေတြကို အရင္ရွာဖို႔က ပိုအေရးႀကီးတယ္"
စုယန္က မေက်မနပ္ျဖစ္ေနေသာ မ်က္ႏွာထားျဖင့္ ေျပာေလသည္။
"ဒါေပမယ့္ မင္း...."
ကုေဖးတိက စုယန္ရဲ႕ႏႈတ္ခမ္းေတြကို ဖ်က္ကနဲ နမ္းကာ ပိတ္ဆို႔လိုက္ေလ၏။
"လိမၼာပါေနာ္"
စုယန္၏ မေက်နပ္မႈမ်ားမွာ ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္ကြယ္သြားရသည္။
ထိုေနရာတြင္ လုပ္ႀကံသူ စုစုေပါင္း ေျခာက္ဦး ေသဆုံးခဲ့သည္။
ထြက္ေျပးသြားသူ ႏွစ္ဦးအပါအဝင္ စုစုေပါင္း ရွစ္ဦးမွာ စုယန္ကို လုပ္ႀကံရန္ လာခဲ့ျခင္းျဖစ္သည္။
လုပ္ႀကံသူမ်ား၏ သိုင္းပညာစြမ္းရည္မွာ ခ်ိဳ႕တဲ့ျခင္းမရွိေသာ္လည္း သူတို႔သည္ ဂိုဏ္းမွ အထူးခြၽန္ဆုံးလူမ်ားမဟုတ္ေၾကာင္း သိသာထင္ရွားၿပီး သူတို႔၏အသက္ကို စေတးလိုေသာ စစ္သည္ေတာ္မ်ားႏွင့္ သက္ေတာ္ေစာင့္မ်ားအဆင့္သာ ျဖစ္နိုင္ဖြယ္ရွိသည္။
ကုေဖးတိ၏ အမွတ္ရမႈအေပၚ အေျခခံပါက အခန္းအတြင္း၌ သူႏွင့္ အျပန္အလွန္ ထိုးႏွက္ခဲ့သည့္ ၿပိဳင္ဘက္ေလးဦးသည္ ေကာင္းစြာ ညွိႏွိုင္းေဆာင္႐ြက္ထားသည္ကို ေတြ႕ရွိခဲ့ရေလသည္။ ထို႔ေၾကာင့္ ၎တို႔၏ အဖြဲ႕လိုက္လႈပ္ရွားမႈ အေတြ႕အႀကဳံမွာ မနည္းလွေပ။
ကံမေကာင္းစြာျဖင့္ သူတို႔ဝတ္ဆင္ထားသည့္ အနက္ေရာင္ဝတ္စုံမ်ားမွာ ရိုးရိုးရွင္းရွင္းသာျဖစ္ၿပီး ပန္းထိုးပုံစံမ်ား မပါရွိေပ။ ထို႔အျပင္ ထူးထူးျခားျခား အမွတ္အသားျပားမ်ားလည္း မရွိဘဲ သူတို႔အသုံးျပဳခဲ့ေသာ ဓားမ်ားဟာလည္း သဲလြန္စနတၳိ အသစ္စက္စက္ ျဖစ္လို႔ေနသည္။
ကုေဖးတိႏွင့္ ေမ့ရွစ္စန္းတို႔သည္ အေလာင္းမ်ားကို ေစ့ေစ့စပ္စပ္ ရွာေဖြခဲ့သည္။ ေမ့ရွစ္စန္းသည္ ၎တို႔ကို အနံ႕တခ်ိဳ႕ပင္ခံခဲ့ေသာ္လည္း အသုံးဝင္ေသာ အခ်က္အလက္ကို မရရွိခဲ့ပါ။
မီးေရာင္ေအာက္တြင္ စုယန္သည္ အေလာင္းတစ္ခု၏နံေဘး၌ ထိုင္ခ်လိဳက္ၿပီး ထိုလူ၏ လက္ၾကား၌ ကပ္ညွိေနသည့္ အေမြးအေတာင္ေလးကို ေကာက္ယူလိုက္သည္။
ငွက္ေမြးသည္ အနက္ေရာင္ျဖစ္ၿပီး အနက္ေရာင္ ဝတ္စုံၾကားတြင္ ဖုံးကြယ္ေနေသာေၾကာင့္ လြယ္လင့္တကူ မေတြ႕ရွိနိုင္ျခင္းျဖစ္သည္။
"ဒါက...တေစၦဇီးကြက္?" ကုေဖးတိက ငွက္ေမြးကိုယူကာ ေသေသခ်ာခ်ာ စစ္ေဆးလိုက္သည္။
"အနက္ေရာင္အေမြး၊ အရမ္းေသးၿပီး ေၾကာ့ရွင္းတယ္။ တေစၦဇီးကြက္ကလြဲၿပီး တျခားအရာ မေတြးမိဘူး"
စုယန္က ဆို၏။
"အဲ့ေလာ့ေကြးရဲ႕ ငွက္ေတြက အလယ္ပိုင္းလြင္ျပင္မွာ ပ်ံသန္းေနတာလား?"
ကုေဖးတိက ႏွာေခါင္းရႈံ႕ကာ ေျပာသည္။
"အရင္က တေစၦဇီးကြက္ေတြကို အလယ္ပိုင္းလြင္ျပင္မွာ တစ္ခါမွ မေတြ႕ခဲ့ဖူးတာအမွန္ပဲ။ ဒါက ႏွင္းကြင္းျပင္မဟုတ္သလို သဲကႏၲာရလည္း မဟုတ္တဲ့အတြက္ေၾကာင့္ ဇီးကြက္ျဖဴေတြက ထင္ရွားတယ္။ ဒါေပမယ့္ ဇီးကြက္နက္ဆိုရင္ေတာ့ သတိျပဳမိဖို႔ ခက္လိမ့္မယ္..ေျမရိုင္းလြင္ျပင္ေခ်ာက္ကမ္းပါး စြန္းမွာတုန္းက ထုန္းယြင္ဘုရားေက်ာင္း၊႐ႊမ္က်ီးဘုရားေက်ာင္းနဲ႕ ဝူက်န္းမန္ဂိုဏ္းေတြထဲမွာ ပုန္းေအာင္းေနတဲ့ အဲ့ေလာ့ေကြးရဲ႕သူလွ်ိုေတြကို မွတ္မိေသးလား။ ထုံးစံအတိုင္း သူတို႔အခ်င္းခ်င္း သတင္းေပးပို႔ဖို႔ဆိုရင္ လမ္းေၾကာင္း လိုအပ္တယ္"
"ဒါဆို ဒီလူေတြအားလုံးက အဲ့ေလာ့ေကြးနဲ႕ ပတ္သက္ေနတာလို႔ မင္းေျပာခ်င္တာလား?" စုယန္က ဆက္ေျပာသည္။
"ငါကေတာ့ အခုခ်ိန္တျခားဘာသက္ေသမွ ရွာလို႔မရေသးဘူးလို႔ထင္တယ္။ ဒါေၾကာင့္ မင္းရဲ႕ ဒဏ္ရာေတြကိုၾကည့္ဖို႔ အခန္းထဲျပန္ၾကရေအာင္ပါ"
ကုေဖးတိသည္ စုယန္၏ အဆက္မျပတ္
တိုက္တြန္းမႈေၾကာင့္ ဒဏ္ရာမ်ားကိုကုသရန္
အခန္းထဲျပန္ဝင္ခဲ့ေတာ့သည္။
ကံေကာင္းေထာက္မစြာ သူတို႔ႏွစ္ဦးလုံး ဒဏ္ရာျပင္းထန္စြာ မရခဲ့ၾကေပ။ ေသြးမ်ားကို ေဆးေၾကာသန႔္စင္ၿပီးေနာက္ ဒဏ္ရာမ်ားအား အတြင္းအားျဖင့္ ကုစားလိုက္ရာ မၾကာမီပင္ အနည္းငယ္သက္သာသြားေလ၏။ ဒဏ္ရာမ်ားကို သန႔္ရွင္းေသာ ခ်ည္ထည္ျဖင့္ စည္းၿပီးေနာက္ လုပ္ႀကံသတ္ျဖတ္သူမ်ား၏ ႐ုပ္အေလာင္းမ်ားကို အနီးနားရွိ ေတာအုပ္ထဲ၌ စြန႔္ပစ္ခဲ့ၾကေလသည္။
ကိစၥအားလုံး ေျပလည္သြားေသာအခါ ေကာင္းကင္ပင္ လင္းစျပဳလာ၏။
တစ္ညတာလုံး ၿငိမ္သက္ေနခဲ့ေသာ လယ္သမားက တံခါးဖြင့္ကာ တုန္လႈပ္ေျခာက္ျခားစြာျဖင့္ ေခ်ာင္းၾကည့္လာသည္။ ကုေဖးတိက သူ႕ကို လွည့္ၾကည့္လာသည္ကို ျမင္ေသာအခါ တံခါးကို ဝုန္းကနဲ ပိတ္ကာ အခန္းထဲျပန္ဝင္သြားေတာ့သည္။
ကုေဖးတိသည္ သူတို႔အား လ်စ္လ်ဴရႈထားကာ ေျမျပင္ေပၚရွိ တစ္စုံတစ္ရာကို ဆက္လက္ရွာေဖြ ေနခဲ့သည္။
"မင္းတစ္ခုခု ေပ်ာက္သြားလို႔လား? ငါကူရွာေပးမယ္ေလ" စုယန္က ေျပာလာ၏။
"ဘာမွမဟုတ္ဘူး။ တကယ္ေတာ့ အဲ့ဟာက သိပ္တန္ဖိုးမရွိပါဘူး" ကုေဖးတိက ဆိုသည္။
"ဒါဆို မင္းဘာလို႔ဒီေလာက္အေလးအနက္ထားပုံ ေပါက္ေနရတာလဲ။ အဲဒါကေဈးမႀကီးရင္ေတာင္ မင္းအတြက္ေတာ့ အရမ္းအေရးႀကီးေနလိမ့္မယ္"
စုယန္ရဲ႕အၾကည့္က ဓားျဖင့္ျဖတ္ရွခံထားရသည့္ ကုေဖးတိ၏ လက္ေကာက္ဝတ္ေပၚသို႔ က်ေရာက္သြားသည္။
"လက္ေကာက္ဝတ္က တစ္ခုလား? မင္းအေမက မင္းအတြက္ ထားေပးခဲ့တာေလ"
ကုေဖးတိက ျပန္မေျဖဘဲ အခန္းတံခါးပတၱာရဲ႕ေဘးမွာ က်ေနသည့္ စာ႐ြက္တစ္႐ြက္ကို အျမန္ေကာက္ယူကာ ရတနာတစ္ခုလို လက္ထဲ ဆုပ္ကိုင္ထားလိုက္သည္။
စုယန္က ေရွ႕တိုးလာက ေမးလိုက္သည္။
"အဲဒါကဘာလဲ?"
ကုေဖးတိက ျပန္ေျဖ၏။
"... ဘာမွမဟုတ္ပါဘူး"
စုယန္ "......."
ငါ့ဖင္ႀကီးကို ဘာမွမဟုတ္!
ႏွစ္ေယာက္သား အခန္းအတြင္းမွာ ေစ့ေစ့စပ္စပ္ လိုက္ရွာခဲ့ၾကသည္။ စုယန္၏ စူးရွေသာမ်က္လုံးမ်ားက စားပြဲေဘးရွိ စာ႐ြက္တစ္႐ြက္ကို ခ်က္ခ်င္း ေတြ႕ရွိသြားေလ၏။
စာ႐ြက္ေထာင့္စြန္းမ်ားသည္ မီးေလာင္ကြၽမ္းထားၿပီး စာ႐ြက္ေပၚရွိစာမ်ားသည္ ေရေၾကာင့္ ပ်က္စီးေနေသာ္လည္း သူထုတ္ေဖာ္နိုင္သည့္ စာလုံးအခ်ိဳ႕ ရွိေနပါေသးသည္။
"ဇာမဏီ၏ ကပ္ဆိုးမီးေတာက္"
စုယန္ ခ်က္ခ်င္းပင္ ေက်ာက္စိမ္းအိမ္ေတာ္မွာ ရွိစဥ္က အခ်ိန္တစ္ခုကို သတိရသြားသည္။ သူသည္ ကုေဖးတိအား ျပန္လည္ထူေထာင္ေရးက်မ္းစာ၏ ေနာက္ဆုံးအတြဲတည္ေနရာကို ၫႊန္ျပခ်င္ေသာ္လည္း ဇာတ္လိုက္၏ မ်က္ႏွာသာေပးမႈကို ရယူရန္ ဆႏၵမရွိခဲ့ေပ။ ထို႔ေၾကာင့္ အရာအားလုံးကို ထည့္သြင္းစဥ္းစားကာ ဤကဲ့သို႔ ဉာဏ္ပညာ ျမင့္မားေသာ အႀကံအစည္ကို အေကာင္အထည္ ေဖာ္ခဲ့ျခင္း ျဖစ္ေပ၏။
..ဒါေပမယ့္ ကုေဖးတိက ဘာလို႔ လြယ္လြယ္နဲ႕ သိသြားခဲ့တာလဲ?
စုယန္သည္ အခ်ိန္အေတာ္ၾကာေအာင္ ေတြးၾကည့္ၿပီးေနာက္ အံ့ဩသြားခဲ့သည္။
"မင္း..." သူက ကုေဖးတိကို ခ်ီတုံခ်တဳံၾကည့္ကာ ေမးလိုက္၏။
"ဒါေတြကိုမင္းသိမ္းထားခဲ့တာလား?"
ကုေဖးတိက စုယန္လက္ထဲရွိ စာ႐ြက္ကို လုယူလိုက္ၿပီး ေနာက္ဆုံးတြင္ သက္ျပင္းတစ္ခ်က္ခ်ရင္း ေျပာလိုက္သည္။
"ဒါက ေနာက္ဆုံးတစ္ခုပဲ"
"မဟုတ္ေသးပါဘူး" စုယန္ကမူ စိတ္ရႈပ္ေထြးေန၏။
"မင္းဘာလို႔ ဒါေတြကို သိမ္းထားတာလဲ?"
ကုေဖးတိ ၿပဳံး႐ုံသာၿပဳံးေနၿပီး ျပန္မေျဖသည္ကို
ျမင္ေသာအခါ စုယန္က မ်က္လုံးမ်ားကို ေမွးက်ဥ္းလိုက္ၿပီး ေရွ႕တိုးလာခဲ့သည္။
"ကု..မဟုတ္ေသးဘူး... ရွစ္တိ မင္းက အဲ့ကတည္းက ငါ့အေပၚမွာ ခံစားခ်က္ေတြ ရွိေနခဲ့တာလား?"
"မင္းလို ေခတ္ေနာက္က်တဲ့ကေလးတစ္ေယာက္က ဆယ္ေက်ာ္သက္အခ်စ္ေတြ ေစာေစာစီးစီး ေပါက္ဖြားလာခဲ့လိမ့္လို႔ ငါမေမွ်ာ္လင့္ထားဘူး!"
"ေဟ့.. မင္းငါ့ကို မဖုံးကြယ္နဲ႕... အဲဒီတုန္းက မင္းငါ့ကို မုန္းေနခဲ့တာမဟုတ္ဘူးလား? ဘယ္လိုလုပ္ၿပီး ေျပာင္းလဲသြားခဲ့တာလဲ?"
"ရွစ္တိ.. ငါ့ရဲ႕ခ်စ္လွစြာေသာ ရွစ္တိေလး.. ရွစ္ရႈံးအေပၚထားတဲ့ မင္းရဲ႕ခံစားခ်က္ခရီးစဥ္အေၾကာင္းကို လာေျပာျပပါအုံး"
ကုေဖးတိသည္ စုယန္၏ အေတာမသတ္နိုင္ေသာ ေႏွာင့္ယွက္မႈကို ခံေနရၿပီး ျပန္ရွင္းျပ႐ုံမွလြဲ၍ ေ႐ြးခ်ယ္စရာမရွိေတာ့ေပ။
"အဲဒီအခ်ိန္တုန္းက ကိုယ္မင္းကို မခ်စ္ခဲ့ဘူး"
စုယန္က ကုေဖးတိလက္ထဲရွိ စာ႐ြက္ေလးကို ေမးေငါ့ျပၿပီး ေမးသည္။
"ဒါဆို မင္းဘာလို႔ သိမ္းထားတာလဲ?"
ကုေဖးတိ သူ႕လက္ထဲရွိ စာ႐ြက္မ်ားကို ငုံ႕ၾကည့္ရင္း ႏႈတ္ခမ္းေထာင့္မ်ား တြန႔္ေကြးသြားေလ၏။
"အဲဒီတုန္းက မင္းက သိုင္းေလာက,က ေကာလဟာလေတြနဲ႕ မတူဘူးလို႔ ကိုယ္ခံစားခဲ့ရတယ္။ မင္းက တခါတရံမွာ... ကေလးဆန္ၿပီး အျပစ္ကင္းစင္တယ္ ေလ။ မင္းက အျပင္ပိုင္းမွာေတာ့ ေမာက္မာတဲ့ အျပဳအမူနဲ႕ ကိုယ္တို႔ကို ေရွာင္ၿပီး အလယ္ပိုင္းလြင္ျပင္ သိုင္းေလာက အသိုင္းအဝိုင္းနဲ႕ မိတ္ဖြဲ႕ဖို႔ကို ျငင္းဆန္ေနတယ္။ ဒါေပမယ့္ အတြင္းစိတ္ထားက ေကာင္းၿပီး ကိုယ့္ကို 'အသိုက္အၿမဳံသို႔ျပန္သြားျခင္း' ရဲ႕ တည္ေနရာကို ခိုးေၾကာင္ခိုးဝွက္ေျပာျပခဲ့တယ္ေလ။ အဲ့ဒါေၾကာင့္ ကိုယ္မင္းနဲ႕ သူငယ္ခ်င္း ျဖစ္ခ်င္ခဲ့တယ္၊ မင္းနဲ႕ပိုၿပီး ရင္းႏွီးခ်င္ခဲ့တယ္"
စုယန္က မ်က္ခုံးပင့္လိုက္၏။
"အိုး? ဒါပဲလား?"
ကုေဖးတိက ၿပဳံးလိုက္သည္။
"အဲဒါက ဟိုတုန္းကေပါ့။ ဒါေပမယ့္ အခုေတာ့... ကိုယ္ဒီထက္ပိုလိုခ်င္တယ္"
စုယန္သည္ ခ်က္ခ်င္းပင္ ေလထုထဲမွ အႏၲရာယ္အေငြ႕အသက္တစ္ခုကို ခံစားလိုက္ရသည္။
႐ုတ္ခ်ည္းဆိုသလို ကုေဖးတိသည္ သူ႕အား နံရံသို႔ တြန္းကပ္လိုက္ပါေတာ့၏။ ကုေဖးတိ ရႉထုတ္လိုက္ေသာ ေလမ်ားက စုယန္၏မ်က္ႏွာကို ညင္သာစြာ ပြတ္သပ္ေနသည္။
စုယန္သည္ ဤကဲ့သို႔ေသာ အေျခအေနမ်ိဳးကို ဆက္သည္းမခံနိုင္ေတာ့ေခ်။
သူက အံႀကိတ္ၿပီး ေရွ႕သို႔တိုးကာ ကုေဖးတိ၏ ႏႈတ္ခမ္းကို နမ္းလိုက္ေလ၏။
"ေတာ္ေလာက္ၿပီ၊ ထြက္ဖို႔အခ်ိန္ေရာက္ၿပီ"
အနမ္းေပးၿပီးေနာက္ သူက ကုေဖးတိကို တြန္းဖယ္လိုက္ၿပီး ဆိုသည္။
"လုပ္ႀကံသူႏွစ္ေယာက္ လြတ္သြားတယ္ဆိုေတာ့ ငါတို႔ ပိုၿပီးသတိထားေနရမယ္။ ခရီးကို မေႏွာင့္ေႏွးေစတာ အေကာင္းဆုံးပဲ"
ကုေဖးတိက လက္ပိုက္ကာ ေဘးတြင္ရပ္ေနၿပီး သူ႕အား ႏူးညံ့စြာ ၿပဳံးျပသည္။
ေမွ်ာ္လင့္ထားသည့္အတိုင္း ၎တို႔အဖြဲ႕ ျမစ္ကမ္းနားတစ္ေလွ်ာက္ ခရီးထြက္ၿပီး ေနာက္တစ္ၿမိဳ႕သို႔ ေရာက္ေသာအခါ မိစာၦဂိုဏ္း၏သခင္ငယ္ အလယ္ပိုင္းလြင္ျပင္သို႔ ေရာက္ေနသည့္ သတင္းက ေတာမီးေလာင္သလို ပ်ံ့ႏွံ႕သြားေလသည္။
ကံေကာင္းေထာက္မစြာ ကုေဖးတိအေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေသးေပ။ မိစာၦဂိုဏ္း၏ သခင္ငယ္သည္ သူ၏ ပန္းလက္ေထာက္ႏွစ္ေယာက္ႏွင့္အတူ ခရီးထြက္လာၿပီး ၎တို႔၏ ဦးတည္ရာမွာ ထန္းယြင္စံအိမ္ျဖစ္ေၾကာင္း ေကာလဟာလမ်ားသာ ထြက္ေပၚေနခဲ့သည္။ ၎သည္ စံအိမ္သခင္ေလးကုႏွင့္ ပတ္သက္မႈရွိ၊မရွိ ရွင္းရွင္းလင္းလင္း မသိရေသးေပ။
လက္ရွိအေျခအေနအရ ကုေဖးတိသည္ စုယန္ကို တည္းခိုခန္းတစ္ခုသို႔ တိုက္ရိုက္ေခၚေဆာင္ရန္ မဝံ့ရဲေပ။ ယင္းအစား ၿမိဳ႕ျပင္က စြန႔္ပစ္ထားေသာ အိမ္တစ္လုံး၌သာ ခဏတာ အနားယူခဲ့ၾက၏။
"ေလာေလာဆယ္ေတာ့ ငါတို႔က လမ္းမႀကီးရဲ႕ အျပက္ဘက္က ႐ြာေတြကို ပတ္သြားလို႔ရေသးတယ္" ကုေဖးတိက စိုးရိမ္တႀကီး ညည္းၫူလိုက္သည္။
"ဒါေပမယ့္ ထန္းယြင္စံအိမ္က လူထူထပ္တဲ့ လန္ယန္းၿမိဳ႕မွာ ရွိတာဆိုေတာ့ အဲဒီေရာက္ရင္ ငါတို႔ ဆက္ၿပီး ဖုံးကြယ္မရေတာ့မွာ စိုးရတယ္။ ေကာလဟာလေတြအရ ေယာက္်ားသုံးေယာက္ အတူတူ ခရီးထြက္ေနၾကတာဆိုေတာ့ သတိထားမိဖို႔ သိပ္မၾကာေလာက္ဖူး"
ဤသည္မွာ အမွန္ပင္ ျပႆနာျဖစ္သည္။ သုံးေယာက္သား အၾကည့္ခ်င္းဖလွယ္ၿပီးေနာက္ ေခါင္းကိုငုံ႕ကာ ေတြးေတာဆင္ျခင္ေနၾက၏။
စုယန္သည္ တစ္ခ်ိန္က ပရိတ္သတ္အခ်ိဳ႕ႏွင့္ ေလာင္းကစားရႈံးခဲ့ၿပီး သူ႕အား အမ်ိဳးသမီးအဝတ္အစားမ်ား ၀တ္ဆင္ကာ တိုက္ရိုက္ထုတ္လႊင့္ခိုင္းခဲ့သည္ကို ႐ုတ္တရက္ ျပန္အမွတ္ရသြားခဲ့သည္။ ၿပီးေနာက္ မိစာၦဂိုဏ္းမွ မထြက္မီ ေမ့ရွစ္စန္းက အမ်ိဳးသမီးဝတ္စုံတစ္စုံ ျပင္ဆင္လာခဲ့သည္ကိုလည္း သတိရမိ၏။
ခ်က္ခ်င္းပင္ သူ႕မ်က္လုံးမ်ား ေတာက္ပလာၿပီး ေျပာေလသည္။
"ငါဘာလို႔ မိန္းကေလးမျဖစ္နိုင္ရမွာလဲ!"
ကုေဖးတိ : "......."
ေမ့ရွစ္စန္း : "......."
ကုေဖးတိသည္ ရႈပ္ေထြးေသာအမူအရာႏွင့္ ၾကည့္ေနၿပီး စကားမေျပာနိုင္ေတာ့ေပ။
ေမ့ရွစ္စန္းက မ်က္ေမွာင္ၾကဳတ္ကာ ဆို၏။
"တကယ္လို႔ တစ္ေယာက္ေယာက္က မိန္းမအသြင္ေဆာင္ရမယ္ဆိုရင္ ဒီလက္ေအာက္ငယ္သားပဲ
ေဆာင္ပါ့မယ္"
စုယန္က ေမ့ရွစ္စန္းရဲ႕မ်က္ႏွာကို ႐ြံရွာစြာ ၾကည့္လိုက္ၿပီး ျပတ္ျပတ္သားသား ဆိုေလသည္။
"မိန္းကေလးအသြင္ေဆာင္ဖို႔ ဒီေနရာမွာ ငါ့ထက္ ပိုသင့္ေတာ္တဲ့သူ မရွိဘူး!"
ႏုနယ္သိမ္ေမြ႕ေသာ မ်က္ႏွာသြင္ျပင္၊ ေသးသြယ္ေသာ ပါးရိုးမ်ား၊ သိပ္မျမင္သာလွေသာ လည္ေစ့ေလးျဖင့္ စုယန္သည္ မိတ္ကပ္မပါဘဲႏွင့္ပင္ လူအမ်ားအား သူ၏လိင္ကို ရႈပ္ေထြးသြားေစနိုင္သည္။
မ်က္ႏွာေခ်အနည္းငယ္လိမ္းၿပီး မ်က္ခုံးေမႊးညွပ္ကာ အဝတ္အစား ေျပာင္းလဲလိုက္႐ုံျဖင့္ ဤေခတ္မွာ သူဟာ မိန္းမအသြင္ေဆာင္ထားသည့္ ေယာက္်ားတစ္ေယာက္ျဖစ္မွန္း မည္သူမွ မသိနိုင္ဟု သူယုံၾကည္သည္။
ကုေဖးတိက မ်က္ေမွာင္ၾကဳတ္ကာ ႏူးညံ့စြာ ေျပာေလသည္။
"စုယန္... တကယ္ေတာ့ မင္း ဒီေလာက္ထိ အနစ္နာခံဖို႔ မလိုပါဘူး"
စုယန္ : "......."
မိန္းကေလးအသြင္ေဆာင္တာက ဘာေတြမ်ား နစ္နာစရာရွိေနလို႔လဲ?!
"အဲ့လိုမွမဟုတ္ရင္ ငါတို႔ ဘာလုပ္သင့္လဲ?"
စုယန္သည္ လက္ပိုက္လိုက္ၿပီး မ်က္ခုံးပင့္ကာ သူတို႔ႏွစ္ေယာက္ကို စိုက္ၾကည့္ေနသည္။
"ရွစ္စန္း.. မင္း ငါတို႔ေနာက္ကို မလိုက္ေတာ့ရင္ေရာ။ ငါတို႔ႏွစ္ေယာက္ထဲ အတူတူ ခရီးထြက္မယ္ဆိုရင္ သိပ္သတိမထားမိေလာက္ေတာ့ဘူးမလား?"
"သခင္ငယ္ေလး" ေမ့ရွစ္စန္းက တရိုတေသ ျငင္းဆန္သည္။
"ဂိုဏ္းခ်ဳပ္က သခင္ငယ္ေလးကို ကာကြယ္ဖို႔ ဒီလက္ေအာက္ငယ္သားကို အမိန႔္ေပးထားပါတယ္။ ဒီလက္ေအာက္ငယ္သားက အဖြဲ႕ကို မစြန႔္ခြာနိုင္ပါဘူး"
ကုေဖးတိက သေဘာတူသည္။
"ရွစ္စန္းကို ကိုယ္တို႔နဲ႕လိုက္ခိုင္းတာ ပိုေကာင္းလိမ့္မယ္။ မင္းရဲ႕ အေအးမိေရာဂါက ဘယ္ခ်ိန္ ထျဖစ္မလဲ မသိဘူး။ တစ္ခုခုဆို ရွစ္စန္းက ကိုယ္တို႔အတြက္ အကာအကြယ္ အလႊာတစ္ခုအျဖစ္ ရွိေပးနိုင္တာေပါ့"
ခဏတိတ္ဆိတ္သြားၿပီးေနာက္ ကုေဖးတိက ဆက္ေျပာသည္။
"ေမ့ရွစ္စန္း.. ျမင္းႏွစ္ေကာင္ကို ၿမိဳ႕ထဲေခၚသြားၿပီး ရထားလုံးျပင္လိုက္။ ၿပီးေတာ့ အလွပစၥည္းေတြနဲ႕ အမ်ိဳးသမီးဝတ္စုံအခ်ိဳ႕ကိုလည္း ဝယ္လာခဲ့.... မိန္းကေလးအသြင္ေဆာင္တဲ့စိတ္ကူးက စမ္းၾကည့္ရက်ိဳးနပ္လိမ့္မယ္လို႔ ေမွ်ာ္လင့္ရတာပဲ"
ေနာက္ဆုံးတြင္ ေမ့ရွစ္စန္းသည္ ကုန္သည္တစ္ဦးအသြင္ဟန္ေဆာင္ကာ ၿမိဳ႕ထဲသို႔ တစ္ေယာက္တည္းသြားခဲ့သည္။ ရထားလုံး၊ အလွကုန္၊ မွန္တစ္ခ်ပ္ႏွင့္ အမ်ိဳးသမီးအဝတ္အစားတခ်ိဳ႕ကို ဝယ္ယူခဲ့၏။ ထို႔ေနာက္ တည္းခိုခန္းတစ္ခုတြင္ အခန္းတစ္ခုယူကာ တစ္ေယာက္တည္း ဝင္သြားခဲ့သည္။
စုယန္ႏွင့္ ကုေဖးတိတို႔သည္ ၿမိဳ႕ထဲသို႔ ျမင္းတေကာင္စီးကာ ဝင္လာခဲ့ၿပီး တည္းခိုရန္ အျခားတည္းခိုခန္းတစ္ခုကို ရွာေဖြခဲ့သည္။
ေနာက္တစ္ေန႕ နံနက္ေစာေစာတြင္ သူတို႔သည္ ယခင္သေဘာတူထားသည့္ ေနရာ၌ဆုံၾကၿပီး ေမ့ရွစ္စန္း၏ ရထားလုံးေပၚသို႔တက္ကာ အဝတ္အစားေျပာင္းရန္ ျပင္ဆင္ၾကေလ၏။
ယခုအခါ ေဆာင္းဦးေပါက္ၿပီျဖစ္၍ အပူခ်ိန္မ်ား က်ဆင္းလာေလၿပီ။ အနည္းငယ္ပူအိုက္ေသာ ေတာင္ဘက္တြင္ပင္ ခရီးသြားမ်ားသည္ ၎တို႔၏ ေဆာင္းဦးအဝတ္အစားမ်ားကို စတင္ဝတ္ဆင္ေနၾကၿပီျဖစ္သည္။
ေမ့ရွစ္စန္းသည္ အမ်ိဳးသမီးဝတ္စုံမ်ားဝယ္ေသာအခါ လည္ပင္းကိုဖုံးအုပ္ရန္ သင့္ေလ်ာ္သည့္ ယုန္သားေမြးေကာလံျဖင့္ အလွဆင္ထားသည့္ ဝတ္စုံကိုဝယ္ခဲ့သည္။ ထို႔အျပင္ ေမ့ရွစ္စန္းသည္ အေရာင္တူ ယုန္သားေမြး ဆံညွပ္ကိုလည္း ဝယ္ယူခဲ့ၿပီး ၎က စုယန္၏ ဆံပင္ပုံစံကို ဖုံးကြယ္နိုင္႐ုံသာမက ဝတ္စုံႏွင့္လည္း အေတာ္ေလး လိုက္ဖက္ေပသည္။ စုယန္က ၎ကို အလြန္ စိတ္ေက်နပ္ေန၏။
ကုေဖးတိသည္ စုယန္၏ ပခုံးထိရွည္ေသာ ဆံပင္ကို က်စ္ကာ ေခါင္းထိပ္တြင္ အနက္ေရာင္ဖဲႀကိဳးအခ်ိဳ႕ကို တပ္ဆင္လိုက္သည္။ ဆံပင္ အလွဆင္ပစၥည္းအနည္းငယ္ႏွင့္လည္း ဖုံးကြယ္ထားေသာေၾကာင့္ ဆံပင္အရွည္ကို ခန႔္မွန္းရန္ မလြယ္ေတာ့ပါေခ်။
စုယန္သည္ မွန္ကို မ်က္ႏွာမူကာ မ်က္ႏွာေခ် အနည္းငယ္လိမ္းျခယ္လိုက္၏။ မ်က္လုံးေထာင့္မွ မွဲ႕နီကိုဖုံးကြယ္ရန္ မ်က္လုံးေထာင့္စြန္းကို အနီေရာင္ခပ္ပါးပါး ျခယ္လိုက္ၿပီး မ်က္ခုံးေမြးကိုလည္း ပါးပါးေလး ညွပ္လိုက္သည္။ ၎က သူ႕ရဲ႕မ်က္ႏွာအသြင္အျပင္ကို ပို၍ ေပ်ာ့ေပ်ာင္းႏူးညံ့သြားေစ၏။ ေနာက္ဆုံးအေနႏွင့္ ႏႈတ္ခမ္းကို အနီေရာင္ျခယ္သ လိုက္ရာ သူ၏မ်က္ႏွာတစ္ခုလုံးကို ပို၍ ေတာက္ပသြားေစသည္။ တစ္ခ်က္ၾကည့္လိုက္႐ုံႏွင့္ သူဟာ အလြန္လွပေသာ မိန္းကေလးတစ္ဦးျဖစ္ေၾကာင္း လူတိုင္း ေျပာနိုင္ေပသည္။
စုယန္သည္ ရင္ဘက္ကို အဝတ္တစ္ထည္ျဖင့္ ရစ္ပတ္ထားေသာေၾကာင့္ ရင္ဘက္ျပားမွန္း သိပ္မသိသာေတာ့ေခ်။ ၿပီးေနာက္ သူ၏ခႏၶာကိုယ္ႏွင့္ လက္မ်ားကို ဝတ္စုံျဖင့္ လုံလုံၿခဳံၿခဳံ ဖုံးအုပ္လိုက္ေသာေၾကာင့္ လုံးဝ ၿပီးျပည့္စုံသြားေလ၏။
စုယန္က ၿငိမ္သက္စြာထိုင္ေနကာ ကုေဖးတိအား ေမးလိုက္သည္။
"ဘယ္လိုေနလဲ?"
"အရမ္း ၫုတုတု ျဖစ္မေနေပမယ့္ လွည့္စားဖို႔ လုံေလာက္ပါတယ္"
ကုေဖးတိရဲ႕အၾကည့္သည္ စုယန္၏မ်က္ႏွာတစ္ျပင္လုံးသို႔ တခဏမွ်လွည့္ပတ္သြားၿပီးေနာက္ အံ့အားသင့္ေသာအမူအရာျဖင့္ ဆိုလာသည္။
"မင္းက မိန္းကေလးတစ္ေယာက္လို တကယ္ဝတ္လို႔ရတာပဲ"
စုယန္က သူ႕လက္ကို ျမႇောက္ကာ သူ႕အရပ္ကို ကုေဖးတိနဲ႕ ႏွိုင္းယွဥ္လိုက္သည္။ ၿပီးေနာက္ သူက အနည္းငယ္ စိတ္ဓာတ္က်သြားကာ ဆို၏။
"ငါ့အရပ္က နည္းနည္းထြက္ေနေသးတယ္။ ငါမတ္တပ္ရပ္လိုက္တာနဲ႕ အျဖစ္မွန္ေပၚသြားမွာပဲ"
ကုေဖးတိက ၿပဳံးလိုက္သည္။
"ဘာပဲျဖစ္ျဖစ္ အရပ္ရွည္တဲ့ မိန္းကေလးေတြလည္း ရွိတာပါပဲ"
ထိုသို႔ေျပာရင္း သူက ယုန္သားေမြးဆံညွပ္ကို ယူကာ စုယန္၏ ေခါင္းတြင္ ပန္ဆင္ေပးလိုက္ေလသည္။
စုယန္၏ မ်က္ႏွာသြင္ျပင္သည္ အလြန္ေသးသြယ္ကာ သပ္ရပ္လွပၿပီး ယုန္သားေမြးေကာ္လံဝတ္စုံႏွင့္ ဆံညွပ္ကို ဝတ္ဆင္ၿပီးေနာက္ သူ၏ မ်က္ႏွာတစ္ခုလုံးသည္ ႏုနယ္ေသာ သားေမြးမ်ားျဖင့္ ဖုံးကြယ္သြားၿပီး သူ႕အား ပို၍ ႏူးညံ့သည့္အသြင္
ေပါက္ေစသည္။
ကုေဖးတိသည္ သူ႕ေရွ႕မွ စုယန္ကို စိုက္ၾကည့္ရင္း ခဏတာ စိတ္ရႈပ္သြားရ၏။
"ဘာျဖစ္လို႔လဲ? ငါအရမ္းလွေနလို႔လား?" စုယန္က က်ီဆယ္လိုက္သည္။
"မင္းငါ့ကိုၾကည့္ေနတာ ရပ္တန့္လို႔မရေတာ့ဘူးလား!"
ကုေဖးတိက သေဘာက်စြာ ရယ္ေမာၿပီးေနာက္ ေျပာေလ၏။
"ဘယ္လိုအေျခအေနမ်ိဳးမွာျဖစ္ျဖစ္ စကားတစ္ခြန္းမွ မေျပာဖို႔ သတိရေနာ္!"
_1.9.22
စာေရးဆရာမွာ ေျပာစရာရွိပါတယ္:
စုယန္ : ေဖးေဖးရဲ႕ နက္နဲတဲ့လွ်ို႔ဝွက္ခ်က္ကို တျဖည္းျဖည္းခ်င္း ရွာေဖြေတြ႕ရွိခဲ့တယ္။
T/N : အၾကာႀကီးေစာင့္လိုက္ရၿပီ Ó╭╮Ò
ဒါေလးကို Thursday နဲ႕ Sunday တစ္ပတ္ႏွစ္ပိုင္း တင္ေပးပါမယ္။ တကယ္ တကယ္ အတည္ေျပာတာ!
Thanks for reading ❣️