ဗီလိန်ဥက္ကဋ္ဌရဲ့ ချစ်သူလေးအဖြ...
By Greentealay-
1M 154K 7.7K
Type Web Novel (CN) Genre Comedy Drama Romance Yaoi Author(s) Lin Ang Si 林盎司 Status in COO 167 chapters + 47... More
{2}
{3}
{4}
{5}
{6}
{7}
{8}
{9}
{10}
{11}
{12}
{13}
{14}
{15}
{16}
{17}
{18}
{19}
{20}
{21}
{22}
{23•1}
{23.2}
{23.3}
{ 24}
{25}
{26}
{27}
{28}
{29}
{ 30 }
{31}
{32}
{34}
{33}
{35}
အဆက်
{36}
{37}
{38}
{39}
{40}
{41}
{42}
{အဆက်}
{43}
{44}
{45}
{46}
{47}
{48}
{49}
{50}
{51}
{52}
{53}
{54}
{55}
{56}
{57}
{58}
{59}
{60}
{61}
{61.1}
{62}
{62.1}
{63}
{64}
{65}
{66}
{67}
{68}
{69}
{ 70}
{71}
{72}
{73}
{74}
{75}
{76}
{77}
{78}
{79}
{80}
[81]
{82}
{83}
{83-1}
{84}
{85}
{86}
{86-1}
{87}
{88}
{89}
{90}
{91}
{92}
{93}
{94}
{95}
{96}
{97}
{98}
{99}
{100}
{ 101}
{102}
{103}
{104}
{105}
{106}
{107}
{108}
{109}
{110}
{111}
{112}
{113}
{114}
{115}
{ 116}
{117}
{119}
{120}
{121}
{118}
{122}
{123}
{124}
{123-2}
{125}
{126}
{127}
{128}
{128-2}
{129}
{130}
{131}
{132}
[133]
{134}
{135}
{136}
{137-1}
{137-2}
{138}
💙
{138}
{139}
💙
{140}
{141}
{142}
{143}
{144}
{145}
အဆက်
{146}
[147]
{148}
💙
{149}
{150}
အဆက်
{151}
အဆက်
{152}
{153}
{154}
{155}
{156}
{157}
{158}
{159}
{160}
{1}
69.2K 2.5K 172
By Greentealay-
Unicode
What the f**k!
ကျိချင်းကျိုးသည် သူ့ခြေထောက်အောက်မှလူတွေကိုကြည့်ပြီး သေခြင်းအစွန်ဖက်ကိုရောက်နေတဲ့သူ့ဘယ်ခြေထောက်လေးအားပြန်ရုတ်လိုက်သည်။
သူက ဆောင်ထုတ်ပြတင်းပေါက်ပေါ်မှာကျူးကျူးကျော်ကျော်နဲ့ဆောင့်ကြောင့်ထိုင်နေပြီး အောက်ကိုငုံ့ကြည့်ကာ သူ့ရင်ဘက်ကိုပုတ်လိုက်မိတယ်။
ကံကောင်းလို့မပြုတ်ကျတာ...မဟုတ်ရင်တော့ မနက်ဖြန်မနက်ရောက်တာနဲ့ UDရဲ့ထိပ်စီးပိုင်းမှာဒီလိုပါလာလိမ့်မယ်
"အံ့ဩဖို့ကောင်းလိုက်တာ! လူငယ်လေးတစ်ယောက်က လူထုကြားထဲမှာဘဲအဆောက်အဦး‌ကနေခုန်ချသွားတယ်။
ကိုယ်ကျင့်တရားကိုဆုံးရှုံးရလို့လား ဒါမှမဟုတ် လူသဘောတရားတွေပျက်စီးကုန်လို့လား"
ကျိချင်းကျိုးတစ်ယောက် ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်မိသည်။သူတုံ့ပြန်တာမြန်ပေလို့ပေါ့။
နေဦး သူကဘာလို့ ဒီမှာရှိနေတာလဲ?
သူ အိမ်မှာအိပ်နေခဲ့တာမဟုတ်လား?
ဘာလို့ရုတ်တရက်ကြီးပြတင်းပေါက်မှာပေါ်လာပြီး အဆောက်အဦးကနေခုန်ချနေရတာလဲ?
အိပ်မက်မက်နေတာများလား?
ကျိချင်းကျိုးက သူ့လက်မောင်းသူဆွဲဆိတ်ပြီး ရှူးရှူးရှဲရှဲတွေဖြစ်ကုန်တယ်။နာတယ်ဟ....ဒါဆိုအိပ်မက်မဟုတ်ဘူးပဲ။ ဒါက......?
သူ့ခေါင်းကိုလှည့်ပြီး အခန်းပတ်ပတ်လည်ကိုကြည့်လိုက်သည်။ဟိုတယ်ခန်းထဲက ဆိုဖာပေါ်တွင် လက်ပိုက်ပြီးသူ့ကိုကြည့်နေတဲ့လူငယ်တစ်ယောက် ထိုင်နေတာကိုမြင်လိုက်ရတယ်။ထိုလူကအရမ်းချောတာပဲ။အသက်ကလည်းတော်တော်ငယ်တဲ့ပုံပဲ။သူကြည့်နေတာကိုမြင်တော့ ထိုလူက "ဟွန်း"ခနဲအသံပြုကာ လှောင်ပြုံးတစ်ခုဖြင့်ပြောလာခဲ့သည်။
"ခုန်ချလေ...မင်းခုန်ချလိုက်တာနဲ့ငါကမင်းကိုလေးစားပေးမှာပါ။စိတ်မပူနဲ့...မင်းချေးထားတဲ့အကြွေးတွေကိုလျော်ပေးရုံတင်မဟုတ်ဘူး မင်းအမေကိုပါ ကောင်းကောင်းဂရုစိုက်ပေးမှာ...ခုန်ချလိုက်"
ကျိချင်းကျိုး "???"
အခုကဘာအခြေအနေကြီးလဲ??
အဲ့တာက ဘယ်သူလဲ?
"မင်းမလုပ်ရဲဘူးဆိုတာငါသိသားပဲ"
ထိုလူကနှာမှုတ်လိုက်ပြီး
"ဖန်ယောင်ရွှမ်းကို မင်း ဘယ်လိုအဆက်ဖြတ်နိုင်ပါ့မလဲ?"
ဖန်ယောင်ရွှမ်း....ဘာလို့ဒီနာမည်ကိုနည်းနည်းရင်းနှီးနေရတာလဲ....တစ်နေ‌ရာရာမှာကြားဖူးသလိုမျိုးဘဲ....
" ဆောင့်ဆောင့်ထိုင်ပြီးဘာလုပ်နေတာလဲ ဆင်းလာခဲ့"
ထိုလူကထပ်ပြောပြန်သည်။
"ငါက မင်းနဲ့ကစားချင်နေတုန်းပဲ....ငိုတယ်...ဒုက္ခပေးတယ် ပြီးတော့ မင်းဘာသာတွဲ‌လောင်းချိတ်တယ်...ကျိချင်းကျိုး...မင်းမပင်ပန်းပေမယ့် ငါပင်ပန်းနေပြီ"
ကျိချင်းကျိုးဆိုတဲ့နာမည်လည်းကြာရော ဖန်ယောင်ရွှမ်းဆိုတဲ့နာမည်ကိုပါ သူဘာလို့ရင်းနှီးသလိုခံစားနေရလဲ ချက်ချင်းနားလည်သွားတယ်။ကျိချင်းကျိုးနဲ့ဖန်ယောင်ရွှမ်း...သူဟိုတလောကပဲလွှတ်ပစ်လိုက်တဲ့ "Glorious day boat trip" ထဲက အတွဲမဟုတ်လား။
ဒါကလည်း gong နဲ့shouရဲ့နာမည်တွေပဲမဟုတ်ဘူးလား။
shouရဲ့နာမည်နဲ့သူ့နာမည်က ဆင်တူနေသောကြောင့် သူဆွံ့အသွားကာ စာသားတစ်ဝက်လောက်ထိဖတ်ကြည့်လိုက်မိသည်။ နောက်တော့ အဲ့တာကို လွှင့်ပစ် လိုက်တယ်‌လေ။။ဒါဆို လက်ရှိအခြေနေက....
သူက သူ့ကိုယ်သူ ညွှန်ပြကာ
"ကျွန်တော်က...ကျိချင်းကျိုးလား"
"ဘာလို့လဲ? ငါ့ကိုအကြွေးပေးရမှာထက်စာရင် ပြတင်းပေါက်ကခုန်ချပြီးအပြင်မှာသေချင်နေတာလည်း မင်းပဲမဟုတ်ဘူးလား"
ထို‌လူက လက်ဟန်ခြေဟန်လုပ်ပြကာ
"ကဲ ခုန်လိုက်တော့"
ကျိချင်းကျိုး :.........
ကျိချင်းကျိုးသည် ပြတင်းပေါက်ကနေ အောက်ကိုတည်တည်ငြိမ်ငြိမ်လေးဆင်း၍ သူ့ရှေ့ကလူဆီသွားကာ ဘေးမှာထိုင်ချလိုက်ပြီး သတိရှိရှိပြောလိုက်သည်။
"တကယ်ကို မွှေးကြိုင်နေတာဘဲ"
သူ့စိတ်ထဲမှာတော့ ဇာတ်ကြောင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန်ကောက်နှုတ်မိနေသည်။တကယ်လို့များ သူခန့်မှန်းတာသာမှန်ရင် သူ့ရှေ့မှာရှိတဲ့ ဒီပုဂ္ဂိုလ်က....
"ချူချန်"
သူက အစမ်းသဘောနဲ့ခေါ်ကြည့်လိုက်သည်။
တစ်ဖက်လူကသူ့ကိုကြည့်ပြီး နူးနူးညံ့ညံ့လေးပြန်ဖြေလာသည်။
ကျီချင်းကျိုးမှာ တဒင်္ဂလောက် ခေါင်ကိုက်သွားတယ်။
ကူးပြောင်းတာကကြောက်ဖို့မကောင်းဘူး...စာအုပ်ထဲကိုကူးပြောင်းတာက ကြောက်ဖို့အကောင်းဆုံး....
စာအုပ်ထဲကူးပြောင်းတာလည်းကြောက်ဖို့မကောင်းဘူး...
ခွေးသွေးအပြည့်မတရားနှိပ်စက်ညှင်းပန်နေတဲ့အမှိုက်ဝတ္ထုထဲ ကူးပြောင်းလာတာကမှ သောက်ရမ်းကြောက်ဖို့ကောင်းတာ!
အဟုတ်ပဲ...အတော်လေး လေးနက်ပုံပေါ်နေတဲ့ "Glorious day boat trip" ဆိုတဲ့ခေါင်းစဉ်ဘဲကြည့်မနေကြနဲ့...အမှိုက်စတွေနဲ့မတရားနှိပ်စက်မှုကလွဲပြီးဘာမှမရှိဘူး။
မူရင်းစာအုပ်ထဲရှိ နာမည်ရောအသက်ရောတူတဲ့"ကျိချင်းကျိုး"က အဆင့်၁၈ရှိတဲ့ကြယ်ပွင့်လေးတစ်ပွင့် ။သူ့အမေကတော့ ရောဂါသည်ဖြစ်သည်။စာအုပ်ထဲကဇာတ်လိုက်တစ်ယောက်အနေနဲ့ ကူညီဖို့တွက် အထက်တန်းစားပုဂ္ဂိုလ်တစ်ယောက်သဘာဝကျကျရှိရတယ်လေ။အဲ့ဒိအထက်တန်းစားပုဂ္ဂိုလ်က ချူချန်ပင်။
ချူချန်က ချမ်းသာတဲ့မိသားစုမှ ဆင်းသက်လာတာဖြစ်သည်။သူဟာ စီးပွားရေးအကျိုးဆောင်ကုမ္ပဏီ၏ သူဌေးရဲ့အငယ်ဆုံးသားဖြစ်ပြီး New Culture Communication အဖွဲ့အစည်းရဲ့ ဥက္ကဌတစ်ယောက်ဖြစ်သည်။
သူသည် ဖျော်ဖြေရေးလောကထဲရှိ အလှလေးတွေအများကြီးကိုမြင်ဖူးထားတဲ့ အင်မတန်ထင်ပေါ်လွန်းတဲ့လူချောတစ်ယောက်ပင်။"ကျိချင်းကျိုး"ကို မြင်တော့ သူ ထိုသူနှင့်အိပ်ချင်လာတယ်။
တရားဝင်gongမဟုတ်တဲ့လူရဲ့ ဖိတ်ကြားချက်ကိုလွယ်လွယ်သဘောတူနိုင်သော "ကျိချင်းကျိုး" သည် ဇာတ်လိုက်ဖြစ်နေ၍ သဘာဝကျကျဘဲငြင်းဆန်တော့သည်။
သို့သော် အစောပိုင်းအခန်းတွေရဲ့ဘော့စ်သေးသေးလေးအနေနဲ့ ချူချန် က ဇာတ်ကြောင်းကိုအထောက်အကူပြုရန်ဗီလိန်တစ်ယောက်ရဲ့တာဝန်တွေကို တိတိကျကျလုပ်ဆောင်သည်။မခြိမ်းခြောက်သလို သွေးဆောင်တာလည်းမလုပ် ဇာတ်လိုက်ကို ဦးညွှတ်အောင် တွန်းအားလည်းမပေးပေ။ဒါနဲ့ သူလည်း "ကျိချင်းကျိုး" ကို ယဉ်ကျေးသောအမူအရာနဲ့ဆွေးနွေးပြီး နေ့တိုင်းအချိန်မှန်စာတစ်စောင်ပို့သည်။
"ဒီနေ့ ငါမင်းနဲ့အိပ်လို့ရလား? ဒါမှမဟုတ်ရင် ငါမနက်ဖြန်ထပ်မေးရလိမ့်မယ်"
နောက်ဆုံးတော့ သူအမေကခွဲစိတ်ဖို့လိုအပ်ပြီး ပိုက်ဆံ အရေးတကြီးလိုအပ်လာချိန် ချူချန်က သူ့ကိုအပေးအယူတစ်ခုကမ်းလှမ်းလာတယ်။ကျိချင်းကျိုးသည် ပိုက်ဆံကြောင့်အပေးအယူကိုသဘောတူလိုက်သည်။
နှစ်ယောက်သားဟာ အချိန်တစ်နှစ်တာကာလထိ သဘောတူညီချက်တစ်ခုထားခဲ့ကြတယ်။တစ်နှစ်အတွင်း "ကျိချင်းကျိုး" ကချူချန်နောက်ကို စိတ်ပါလက်ပါလိုက်ရမယ်။တစ်ခြားသူတွေကိုမကြိုက်ရဘူး။ဒါ့ပြင် တစ်ခြားသူတွေနဲ့လည်းမတွဲရဘူး။အပြန်လှန်အနေနဲ့ "ကျိချင်းကျိုး" မှတ်ထားတဲ့သူ့‌အမေရဲ့ဆေးစရိတ်တွေကိုအကူအညီပေးခြင်းနဲ့ သူ့ကို အရင်းအမြစ်နဲ့ပိုက်ဆံပေးခြင်းတွေတွက်
ချူချန်က တာဝန်ယူပေးရတယ်။
ချူချန်သည် အလွန်သဘောထားကြီးကြီးနဲ့ ထိုနေ့ပဲငွေပမာဏအကုန်လုံး "ကျိချင်းကျိုး" ကို ထုတ်ပေးလိုက်သည်။သူက သူ့အမေကို VIPအခန်းတစ်ခုထဲပြောင်းခဲ့ပြီး ကျော်ကြားတဲ့ဆရာဝန်တွေကိုဆက်သွယ်ခဲ့၍ သူ့အမေအသက်ကိုကယ်တင်ရာမှာအောင်မြင်ခဲ့တယ်။
သူကပိုက်ဆံပေးပြီး ပစ္စည်းကောင်းတွေကို စစ်ဆေးချင်ခဲ့သည်။သို့သော် "ကျိချင်းကျိုး" က အလွန်ဟိန်ဟန်ကြီးသည်။
ငွေကြေးဆက်ဆံရေးမျိုးကို သူဘယ်လိုလက်ခံနိုင်မှာလဲ?
သူ X city သွားဖို့လိုတယ်ဆိုပြီးချူချန်ကိုလိမ်ကာ အနုပညာလောကထဲဝင်ခဲ့သည်။ ချူချန်က အလွန်အလုပ်များတဲ့လူပင်။‌ ခေတ္တခဏ‌လောက် စီးပွားရေးခရီးတစ်ခုသွားဖို့လိုအပ်လာသည်။သူက ကသိကအောက်မဖြစ်ခဲ့။သူတို့တွက် အားတဲ့ချိန်ကိုစောင့်ဖို့ သူအစီစဉ်ဆွဲထားခဲ့သည်။ချူချန် မတွေးခဲ့တာက.....သူထွက်သွားပြီးတာနဲ့ "ကျိချင်းကျိုး" ကိုသဘောကျနေခဲ့တဲ့ ဖန်ယောင်ရွှမ်းက သူရဲ့တောက်ပတဲ့ပွဲဦးထွက်ကိုလုပ်ပေးခဲ့ပြီး တမင်သက်သက်ရောမတော်တဆရော သူ့ကို စပြီးကျီစားတော့သည်။သူတို့က ခေက်တုံ့ခေါက်ပြန်သွားနေခဲ့ကြသဖြင့် တစ်ယောက်နဲ့တစ်ယောက်သဘောကျလာတော့သည်။
"ကျိချင်းကျိုး" က ချူချန်ရဲ့တည်ရှိမှုကိုဖုံးကွယ်ထားခဲ့ပြီး ဖန်ယောင်ရွှမ်းက "ကျိချင်းကျိုး" အား အစားထိုးဖြင့်သုံးနေတဲ့သူ့ရည်ရွယ်ချက်ကိုဖုန်းကွယ်ထားခဲ့သည်။သူတို့အဆင်ပြေနေကြတုန်းတော့ လက်တွဲပြီးအလုပ်လုပ်နေကြသည်။
အတိမ်းစောင်းမခံတဲ့ကာလမှာ သူ့အမေက ခွဲခန်းထပ်ဝင်ခဲ့ရပြီး ဒုတိယကြိမ်အရေးကြီးခွဲစိတ်ဖို့လိုအပ်လာခဲ့သည်။ "ကျိချင်းကျိုး" သည် ချူချန် သူ့ကိုပေးတဲ့ပိုက်ဆံအားမထိချင်ခဲ့သော်လည်း သူက ချူချန်ကိုဖုန်းခေါ်ပြီး ပြောပြလိုက်သည်။ ချူချန်က သဘာဝကျကျဘဲ သူ့ကို မစိုးရိမ်ဖို့‌ မေးမြန်းလာခဲ့ပြီး သူဖြေရှင်းလိုက်မယ်လို့ပြောလာခဲ့သည်။
"ကျိချင်းကျိုး" ပေါ်စိတ်ဖိအားတွေအရမ်းကြီးလာမှာကို သူစိုးရိမ်နေခဲ့တယ်။ထို့ကြောင့်အလုပ်တွေအဆုံးသတ်ပြီး ညလုံးပေါက် လေယာဉ်စီးလာခဲ့ရပြီး "ကျိချင်းကျိုး" နှင့်အတူရှိပေးချင်ခဲ့တယ်။သို့သော် လုံးဝမထင်ထားသည်မှာ သူဆေးရုံကိုရောက်တာနဲ့အံကိုက်ပဲ သူသနားခဲ့တဲ့ ထိုလူက ဖန်ယောင်ရွှမ်းရဲ့လက်မောင်းတွေထဲ ကိုင်းညွှတ်သွားတာကိုမြင်လိုက်ရတယ်။
ချူချန် မှတ်ထားလိုက်တာလား? ဘယ်ဟုတ်မလဲ...သူ့ခေါင်းကိုအစိမ်းရောင် မပြောင်းခွင့်ပြုရန် သူလျှောက်သွားပြီး "ကျိချင်းကျိုး" ကိုဆွဲထုတ်လိုက်သည်။
ဖန်ယောင်ရွှမ်းသည် အစားထိုးလေးကို နှစ်သိမ့်ပေးနေတုန်း လူတစ်ယောက်က သူ့ကို ရုတ်တရက် ဆွဲထုတ်သွားသည်ကိုမြင်လိုက်တာနဲ့ ချက်ချင်းထအော်လိုက်ပြီး နှစ်ယောက်စတင်ရန်ဖြစ်တော့သည်။
ဖန်ယောင်ရွှမ်းက ဒေါသတကြီးထုတ်ပြောလာသည်။
" "ကျိချင်းကျိုး" နဲ့မင်းရဲ့ဆက်ဆံရေးကဘာလဲ?ငါ့ကိုအခုပြော"
ချူချန်က စိတ်တိုနေခဲ့တယ်။
"ငါက သူ့ရဲ့..."
"ကျွန်တော်တို့ကြားဘာမှမရှိပါဘူး"
"ကျိချင်းကျိုး" သည် သူနဲ့ ချူချန်ရဲ့သဘောတူညီချက်ကိုဖန်ယောင်ရွှမ်းအားပေးမသိချင်ခဲ့ ထို့ကြောင့် သူက အမြန်စကားဖြတ်ပြောလိုက်သည်။
ချူချန်က ရှော့ခ်ရသွားတယ်
"မင်းဘာပြောတာလဲ?ငါတို့ကြားဘာမှမရှိဘူးပေါ့...မင်းမှာ ပြောရဲတဲ့သတ္တိတွေရှိနေတာဘဲ"
"ခင်းဗျားသာ ကျွန်တော့်ကိုတွန်းအားပေးတာ ကျွန်တော့်လိုချင်ခဲ့တာမဟုတ်ဘူး....ခင်ဗျားကိုတွန်းအားပေးလို့ ကျွန်တော့်မှာ နည်းလမ်းတွေမရှိတော့လို့သာ"
"ကျိချင်းကျိုး" ကအော်ပြောလိုက်သည်။
သူက အလွန်နစ်နာသလိုခံစားနေရပြီး မျှော်လင့်ချက်ကင်းမဲ့နေခဲ့တယ်။
ချူချန်က သူ့ကို ကူညီပေးတဲ့လက်တစ်စုံကမ်းခဲ့ပေမယ့် သူမလိုချင်ခဲ့ဘူး။
သူက ချူချန်ကိုမကြိုက်ဘူး။
ဖန်ယောင်ရွှမ်းသည် ငိုယိုနေသော "ကျိချင်းကျိုး"ကို ကြည့်၍ အလွန်စိတ်ပင်ပန်းသလိုခံစားလိုက်ရတယ်။သူက ချူချန်အား စပြီးပြန်တိုက်ခိုက်တော့သည်။တစ်ယောက်ကိုတစ်ယောက်လက်သီးတွေပစ်သွင်းနေ၍ နောက်ဆုံးတော့ ဆေးရုံက သူနာပြုတွေခွဲထုတ်လိုက်ရသည်။
ချူချန်တစ်ယောက် သူ့ရှေ့ရှိခွေးကောင်ကို ကြည့်လိုက်ပေမယ့် ဆက်ပြီးရန်မဖြစ်ခဲ့ပေ။သူကစကားလေးနှစ်လုံးပဲပစ်သွင်းလိုက်တယ် ။
"အကြွေးပြန်ပေး!"
ထို့ကြောင့်လည်း ဟိုတယ်ခန်းထဲမှာ ချူချန်နဲ့ "ကျိချင်းကျိုး"တို့ နှစ်ယောက်ကြား ဒီနေ့ရဲ့နောက်ဆုံးပိတ်ပွဲစဉ် ဖြစ်နေခဲ့တာပင်။ ချူချန်က "ကျိချင်းကျိုး"ကိုသူပေးထားတဲ့လက်ဆောင်တွေနဲ့ အရင်ကသူ့အမေတွက်သုံးထားတဲ့ပိုက်ဆံတွေကို ငွေစာရင်းလုပ်လိုက်သည်။
သူပြောတဲ့ ပထမစာကြောင်းက
"ဒါတွေပြန်ပေးပြီးတာနဲ့ အနာဂတ်မှာ မင်းမျက်နှာကို ဘယ်တော့မှ ငါ့လာမပြနဲ့"
ဒါပေမယ့် "ကျိချင်းကျိုး" မှာပြန်ပေးစရာပိုက်ဆံမှမရှိတာ။သူမှာ ချူချန်ပေးထားတဲ့ပိုက်ဆံဘဲရှိတယ်။ဒါ့ပြင် အကယ်၍ ချူချန်သာ သူ့အမေရဲ့ ဆေးစရိတ်တွေထောက်ပံ့တာရပ်လိုက်တယ်ဆို သူ့အမေရဲ့ရောဂါနဲ့ သူဘာလုပ်နိုင်မှာလဲ? "ကျိချင်းကျိုး" သည် ပိုက်ဆံပြန်ဆပ်ဖို့ဆန္ဒမရှိဘဲ နှစ်အချို့စောင့်ပေးဖို့ တောင်းဆိုလိုက်သည်။ ချူချန်က စောင့်ဖို့အလိုမရှိခဲ့။ "ကျိချင်းကျိုး" တစ်ယောက် သူ့ကိုနားလည်ပေးဖို့ မေတ္တာရပ်ခံလိုက်တယ်။ဘာကြောင့်သူ့ကိုနားလည်ပေးရမှာလဲလို့ ချူးချန်ကပြန်မေးလာခဲ့သည်။
သူတို့အကြာကြီးရန်ဖြစ်ခဲ့ကြပေမယ့် အရှုံးပေးဖို့ဆန္ဒမရှိကြပေ ။ ချူချန်က ဆိုလိုက်သည်။
ပိုက်ဆံပေးမလား....ငါနဲ့အိပ်မလား
"ကျိချင်းကျိုး"ကမူ တစ်ခုမှမလုပ်ချင်ပေ။ထို့ကြောင့် သူရဲ့ နောက်ဆုံးကဒ်ထုတ်သုံးရန် ပြတင်းပေါက်ပေါ်တက်လိုက်သည်။
သူကခြေထောက်တစ်ဖက်ဆန့်ထုတ်လိုက်ပြီး အော်လိုက်သည်
"ခင်ဗျားထပ်ပြီးတွန်းအားပေးရင် ကျွန်တော်ခုန်ချလိုက်မှာ"
သူခုန်ချမယ်လို့ ချူချန်တော့မယုံပေ။သူ့အမေကအပြင်းအထန်ဖျားပြီး အိပ်ရာထဲလဲနေတုန်း....ဖန်ယောင်ရွှမ်းနဲ့လည်း အခုထိ ဘာမှမဘာရသေးဘူး။သူက ဒီ‌လောက် လွယ်လွယ်လေးနဲ့ ဘယ်လိုသတ်သေနိုင်မှာလဲ။
အစတုန်းက ချူချန်လက်ပိုက်ပြီးပြောခဲ့တဲ့
"ခုန်လေ...မင်းခုန်ချလိုက်တာနဲ့ ငါမင်းရဲ့ဂုဏ်သိက္ခာကိုလေးစားပေးမှာပါ...စိတ်မပူနဲ့....မင်းချေးထားတဲ့အကြွေးတွေကိုလျော်ပေးရုံတင်မဟုတ်ဘူး မင်းအမေကိုပါ ကောင်းကောင်းဂရုစိုက်ပေးမှာ...ခုန်ချလိုက်" ဆိုတာ
သည်အခန်းဖြစ်သည်။
မူရင်းစာအုပ်ထဲမှာ "ကျိချင်းကျိုး"သည် ထင်ကြတဲ့အတိုင်းပဲ ပြတင်းပေါက်ပေါ်ကခုန်မချခဲ့။သူ့ကိုယ်သူအရူးလုပ်နေရုံသာ...သူကမသေချင်ခဲ့ပေ။ဒါပေမယ့် သူအမြင့်ကြောက်တာကိုတော့ မေ့နေခဲ့မိတယ်။သူအောက်ကိုငုံ့ကြည့်လိုက်ချိန် မူးဝေသွားခဲ့ပြီးအောက်တည့်တည့်ကို ပြုတ်ကျသွားခဲ့တယ်။‌သို့‌သော်ဖန်ယောင်ရွှမ်းက ထိုနေရာမှာရှိနေခဲ့ပြီး သူရဲကောင်းဆန်ဆန်ကယ်တင်ခဲ့၍ သူမသေခဲ့ပေ။
ကျိချင်းကျိုး ဒီစာပိုဒ်ကိုဖတ်နေတုန်းက အတော်လေးနားမလည်ခဲ့ဘူး။အရွယ်ရောက်နေတဲ့လူတစ်ယောက်က ကမ္ဘာမြေဆွဲအားနဲ့ငါးလွှာပေါ်ကပြုတ်ကျပြီး ဖန်ယောင်ရွှမ်းလက်မောင်းထဲ ရောက်သွားတယ်...
ဖန်ယောင်ရွှမ်းဟာ တကယ်စင်စစ်ဘာမှမသိပေမယ့် သူ့ကိုတော့ ခိုင်မြဲစွာဖမ်းပေးခဲ့သည်။ကြောက်ဖို့ကောင်းလိုက်တာ!သံလက်မောင်းနဲ့ astro boyကြီး!
စာအုပ်ထဲမှာဘယ်လိုပဲရေးခဲ့ရေးခဲ့သူကတော့အဲ့လိုပဲမြင်တယ်။
ဖန်ယောင်ရွှမ်းသည် သူ့ရဲ့အစားထိုးလေး အဆောက်အဦးကနေခုန်ချတာမြင်တော့ တုန်လှုပ်သွားခဲ့တယ်။
သူကိုဘာကြောင့်များမပြောခဲ့ရတာလဲဆိုပြီးမေးလာတယ်။အပေါ်ထပ်ပြတင်းပေါက်ကနေချူချန်ခေါင်းထွက်လာတာကို မြင်လိုက်တာနဲ့ဒေါသတကြီးအပေါ်တက်ကာ ချူချန်နဲ့စကားများကြသည်။သူသဘောကျတဲ့လူချေးထားတဲ့ပိုက်ဆံတွေကိုလည်း သူပဲပြန်ဆပ်ပေးမယ်ဆိုပြီးပြောလိုက်သည်။"ကျိချင်းကျိုး"ကလိုလိုလားလားခုန်ကူးသွားတယ်။ဒီထိဘဲ ချူချန်ရဲ့အစဦးဆုံးဗီလိန်တာဝန်တွေပြည့်စုံသွား၍ စာထဲကဖြတ်ထုတ်လိုက်ပြီး မြင်းစီးသူရဲကောင်းဖန်က မင်းသားလေးကျိ ကို ကယ်တင်ပေးခဲ့တယ်။
မှတ်ဉာဏ်တွေအဆုံးသတ်၌ ကျိုချင်းကျိုးသည် သူ့ရှေ့မှလူကိုကြည့်လိုက်ပြီး အရင်ကကျန်ခဲ့တဲ့အရေးကြီးပြဿနာတွေကိုတွေးမိသွားတယ်။သူ ပိုက်ဆံပြန်ဆပ်ချင်ပေမယ့် ချူချန် မူလ "ကျိချင်းကျိုး" ကိုပေးထားတဲ့ ပိုက်ဆံပဲပြန်ဆပ်နိုင်တယ်။ချူချန် ပေးထားတဲ့ သူ့အမေဆေးစရိတ်တွေတော့ မတတ်နိုင်သေးပေ။ဒါ့ပြင် ပိုက်ဆံအကုန်လုံးချူချန် ကိုပြန်ပေးခဲ့တာဘဲ။
ကျိချင်းကျိုးအမေက ဘာဖြစ်သွားတာပါ့လိမ့်?
သူမတကယ်ကြီး ဆေးရုံးခန်းထဲမှာလဲပြီးသေသွားခဲ့တာလား?
ကျိုချင်းကျိုးစဉ်းစားကြည့်လိုက်တော့ မူရင်းစာအုပ်ထဲကသူ့အမေရဲ့အဆုံးသတ်ကို သတိရသွားတယ်။ဖန်ယောင်ရွှမ်းနဲ့လရောင်ဖြူလေးကြောင့် သူမက လုံးဝအသတ်ခံရလုနီးပါးပဲ။သူမသေသွားတော့ "ကျိချင်းကျိုး"နဲ့ဖန်ယောင်ရွှမ်းတို့ကြားပြင်းပြင်းထန်ထန်ရန်ဖြစ်ခဲ့ကြပြီး လမ်းခွဲခဲ့ကြတယ်။
ဖန်ယောင်ရွှမ်း က "ကျိချင်းကျိုး"ကိုရိုက်နှက်ကာ "ကျိချင်းကျိုး"ထွက်သွားတာကိုတားပြီး လရောင်ဖြူလေးကိုကာကွယ်ဖို့တွက် သူ့အခန်းထဲထည့်ပိတ်ထားခဲ့သည်။နောက်ပိုင်းတော့ သူက "ကျိချင်းကျိုး"ကို ဒူးထောက်တောင်းပန်ကာ သူမှားခဲ့တာပါဆိုပြီး ငိုယိုအော်ဟစ်ရင်း သူ့ကိုခွင့်လွှတ်ပေးဖို့အနူးညွှတ်တောင်းပန်တော့သည်။
"ကျိချင်းကျိုး"က သနားသွားခဲ့၍.......
မျှော်လင့်မထားစွာနဲ့! ဘယ်လိုနည်းနဲ့များ! တကယ်ကြီး! ဒီ! ယောင်! ရွှမ်းကို! သူက! ခွင့်လွှတ်ခဲ့တယ်!! သူက!
ဖတ်နေတုန်းကဆို ကျိချင်းကျိုးတစ်ယောက် အရမ်းကိုဒေါသထွက်လွန်းလို့ ဖုန်းတောင်လွှင့်ပစ်လုနီးပါပဲ။သူက ကွာရှင်းထားတဲ့မိသားစုမှာကြီးပြင်းခဲ့ရပြီး ကလေးရွယ်တည်းက တစ်လျှောက်လုံး သူ့အမေနဲ့ဘဲနေလာခဲ့တာဖြစ်သည်။ဒီလိုဇာတ်အိမ်အမျိုးအစားကိုမြင်တော့ ပါးစပ်အပြည့်သွေးအန်လုနီးပါးပင်။ "ကျိချင်းကျိုး"က ချူချန်ပိုက်ဆံကိုယူ ဖန်ယောင်ရွှမ်းနဲ့ကလူ၏မြူ၏လုပ်ပြီး ပိုက်ဆံပြန်ပေးဖို့ဆန္ဒမရှိနေသေးတုန်းကသာ သူ ဒီဝတ္ထုကို စောစောလေးလွှင့်ပစ်ခဲ့ရင် သူ့နာမည်သုံးတာနဲ့ဒီဝေဒနာတွေကို ခံစားရမှာမဟုတ်ဘူး။
အခုတော့ကပြောင်းကပြန်တွေဖြစ်ကုန်ပြီ။ ပိုက်ဆံပြန်‌ပေးရမဲ့သပွတ်အူအခြေအနေကြီးနဲ့သူကိုချန်ထားခဲ့ပြီး မူလပိုင်ရှင်လည်းသေသွားပြီ။ကျိုချင်းကျိုးသည် သူ့နာထင်နှစ်ဖက်အားပွတ်လိုက်ပြီး တုံ့ပြန်ဖို့ အကြောင်းကို ကြိုးစားပြီးစဉ်းစားလိုက်တယ်။
သူမှာ ချူချန် ကိုပြန်ပေးဖို့ပိုက်ဆံမရှိတော့ တစ်ခြားလူတွေဆီကချေးဖို့ပဲရွေးရတော့မယ်။ "ကျိချင်းကျိုး"ကတော့ သူသိတဲ့လူတွေအကုန် ချေးကြည့်ပြီးပြီ။ဒီလောက်များတဲ့ပိုက်ဆံပမာဏကြီးကို သူ့ဘာသာ ဘယ်လိုတတ်နိုင်မှာလဲ?
ပိုက်ဆံရှိတဲ့တစ်ယောက်သောသူကလည်း ဖန်ယောင်ရွှမ်းဖြစ်နေတယ်။ ဖန်ယောင်ရွှမ်း ကစက်ဆုပ်ဖို့ကောင်းတဲ့သူပဲလေ။တစ်လုံးတည်းပြောပြီးအတိုးချုံးမိတ်ဆက်ရရင်တော့
ချစ်ခဲ့လို့လား?ဘဲ။
မိခင်မရှိတဲ့သားတစ်ယောက်ကို အနုပညာနယ်ပယ်ထဲကထုတ်ပယ်ခဲ့ပြီး သူပုံတွေကလည်း နေရာတိုင်း ပျံ့နှံ့သွားခဲ့သည်။ဒီအချက်ကြောင့်ဘဲ ကျိချင်းကျိုး ငြင်းပယ်လိုက်တယ်။သူ အဲ့လိုဆန်ကုန်မြေလေးတွေနဲ့မပတ်သတ်ချင်ဘူး။
"ခင်ဗျားအခုဘဲပြောတယ်လေ၊ ကျွန်တော့်မှာပိုက်ဆံမရှိရင် ဘာထပ်လုပ်နိုင်တယ်?"
ချူချန် က တခစ်ခစ်ရယ်ကာ
"အရင်ကမင်းကိုပေးထားတဲ့ငါ့ပိုက်ဆံတွေပြန်ပေးဆိုတာလား....ဒါမှမဟုတ် မင်းဆန္ဒရှိလား...ဖန်ယောင်ရွှမ်းကို လက်လွှတ်ဖို့ ဆန္ဒရှိလား ဆိုတာလား"
ကျိချင်းကျိုးက ပြုံးပြီး ပြောလိုက်သည်။
"ကျွန်တော် ဒီတစ်ခုရွေးမယ်"
" ဖန်ယောင်ရွှမ်းကိုလက်လွှတ်ဖို့ ကျွန်တော်အထူးအထူးကို ဆန္ဒရှိပါတယ်"
ချူချန်သည်ကား လှောင်ပြုံးတစ်ခုနဲ့သူ့ကိုကြည့်လာပြီး
"ငါ မင်းကိုယုံမယ်ထင်လား"
"ခင်ဗျား ကျွန်တော့်ကို နားမလည်ဘူးလို့ ကျွန်တော်ထင်တယ်။တကယ်တော့ သူ့ကို ကျွန်တော့်အိုင်ဒေါလ်အဖြစ်ဘဲသတ်မှတ်ထားတာ။ခင်ဗျားသိတယ်မလား...သူကအရမ်းနာမည်ကြီးတယ်လေ အဲ့တော့ ကျွန်တော်တို့လို့ သရုပ်ဆောင်ပေါက်စလေးတွေက သူ့ကို ကြည့်ရုံဘဲကြည့်နေနိုင်တာပေါ့"
"ငါကန်းနေလို့လား" ချူချန်ကမေးလာတယ်။
"တကယ်ပြောတာ...ကျွန်တော့်ကိုယုံကြည်လိုက်"
" ယုံရမယ်...မင်း ငါ့ကို အလိုအလျောက်ငွေထုတ်စက်လို...မြက်ခင်းစိမ်းကြီးလို....တရုတ်ငွေစုဘဏ်လို့ သတ်မှတ်ထားတာကိုယုံပေးရမှာလား"
"ခင်ဗျားက ဟာသဉာဏ်ရှိတာဘဲ"
ကျိချင်းကျိုးသည် သူတို့ကြားက ကို့ရိုးကားယားလေထုကိုဖြေလျော့ဖို့ကြိုးစားရင်း နှစ်ကြိမ်လောက်ရယ်လိုက်သည်။
သို့သော် ချူချန်ကမူ သူနဲ့ စကားမပြောချင်ခဲ့...
"ဆိုတော့ မင်းက အကြွေးပြန်မဆပ်ချင်ဘူးပေါ့"
"အရေးကြီးဆုံးက ကျွန်တော့်မှာပိုက်ဆံမရှိတာဘဲ"
သူပြောလိုက်သည်။
" ပြတင်းပေါက်ဘောင်ပေါ် မှာပဲ ကိုယ်ဘာသာအပြင်းအထန်ပြန်လည်စမ်းစစ်ကြည့်မှ ကျွန်တော်မှားနေတာပါလားဆိုပြီး သိလိုက်ရပေမယ့်...ကျွန်တော်အာမခံနိုင်ပါတယ်...အခုပဲ ဖန်ယောင်ရွှမ်းကိုကျောခိုင်းပြီး အနာဂတ်မှာလည်း လုံးဝစကားမပြောတော့ဘူး"
ချူချန်က လုပ်ပြုံးပြုံးလာပြီး သူရဲ့အဓိပ္ပါယ်မရှိတဲ့စကားတွေကို လုံးဝမယုံကြည်ခဲ့ပေ။ဒါလည်း ကိစ္စတော့မရှိပါဘူး။သူကြိုက်တာက မျက်နှာနဲ့အိပ်ချင်တာဘဲလေ။ကျိချင်းကျိုးနာခံနေသမျှကာလပတ်လုံး သူ့မျက်နှာကို ချက်ချင်းမရိုက်သေးဘူး။ငွေရေးကြေးရေးလုပ်ငန်းမှာ တစ်ယောက်မျက်နှာတစ်ယောက်ပေးတာနဲ့တင်လုံလောက်ပြီ။တစ်ယောက်ကိုတစ်ယောက်ချစ်ဖို့လား ဘယ်သူကဂရုစိုက်မှာလဲ။
သူ မတ်တပ်ထရပ်လိုက်ပြီး
"ဒါဆို အိမ်သွားပြီး မင်းတာဝန်တွေပြီးစီးအောင်လုပ်ကြတာပေါ့"
"ဘာ"
"မလုပ်ချင်ဘူးလား"
ချူချန်က သူ့ကိုပြန်ကြည့်လာတယ်။
"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး"
ကျိချင်းကျိုးတစ်ယောက် အလျင်အမြန်ခေါင်းခါလိုက်သည်။အရမ်းမြန်တယ်ဆိုပြီး တွေးလိုက်မိလို့ပါ။အနည်းဆုံး သူ့စိတ်သူပြင်ဆင်ဖို့ အချိန်နည်းနည်းလိုတာပေါ့....
သို့သော် ကျိချင်းကျိုး သူနဲ့အိပ်မယ်လို့တော့ ချူချန်မယုံပေ။ဒီအချိန်မှာကျိချင်းကျိုး ဘာတွေလှည့်စားမလဲ သူသိချင်ရုံသာဖြစ်သည်။သူကတစ်ဖက်လှည့်ကာထွက်သွားတော့သည်။ သူ့နောက်ကို ကျိချင်းကျိုးမြန်မြန်လိုက်လာတော့ ဘာလုပ်မလဲဆိုပြီး သူ့နှလုံးသားထဲမှာသိချင်လာတယ်။
သူ လမ်းတစ်လျှောက်လုံး ဓာတ်လှေကားထိ ချူချန်နောက်မှလိုက်ခဲ့သည်။ချူချန်ကိုစကားပြောရန်ပြင်လိုက်ချိန်မှာပဲ ဓာတ်လှေကားတံခါးပွင့်လာတာကိုမြင်လိုက်ရတယ်။ဓာတ်လှေကားအပြင်ဘက်တွင်တော့ အထင်ကြီးလောက်စရာ ဖန်ယောင်ရွှမ်းကြီးဖြစ်နေခဲ့တယ်။
ကျိချင်းကျိုး : ! !! !! ငိုး!
သူမှာ ကူးပြောင်းပြီးချက်ချင်းကို စစ်တလင်းထဲဝင်လိုက်ရတယ်။ ဒီလိုဆက်ဆံတာတော့ သည်းမခံနိုင်ဘူး!
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<
29.8.22💚💚💚
Yayyyy! modernလည်းပြန်ချင် ကျဲကျဲLin Ang Siရဲ့ novelတွေလည်းကြိုက်တော့ ဒါလေးပြန်လိုက်ပါပြီ❤️
မှားတာရှိလည်းဝေဖန်လို့ရပါတယ်!!!
ကျစ်ကျွင်းတိုလည်း တင်ပေးမှာပါရှင့်
ကျိချင်းကျိုး ကမှ ကိုယ်တို့ပေါင်ပေ့ပါ။
"ကျိချင်းကျိုး" ဒါက စာအုပ်ထဲက လူပါ။
Zawgyi
What the f**k!
ကျိချင်းကျိုးသည် သူ့ခြေထောက်အောက်မှလူတွေကိုကြည့်ပြီး သေခြင်းအစွန်ဖက်ကိုရောက်နေတဲ့သူ့ဘယ်ခြေထောက်လေးကိုပြန်ရုတ်လိုက်သည်။
ကျိချင်းကျိုး "???"
အခုကဘာအခြေအနေကြီးလဲ??
အဲ့တာက ဘယ်သူလဲ?
"ကဲ ခုန်လိုက်တော့"
ကျိချင်းကျိုး :.........
"ချူချန်"
"ငါက သူ့ရဲ့..."
"အကြွေးပြန်ပေး!"
သည်အခန်းဖြစ်သည်။
ချစ်ခဲ့လို့လား?ဘဲ။
သူပြောလိုက်သည်။
"ဘာ"
"မလုပ်ချင်ဘူးလား"
ကျိချင်းကျိုး : ! !! !! ငိုး!
<<<<<<<<<<<<<<<<<<<<<<<<<<<<<<<
29.8.22💚💚💚
Continue Reading
You'll Also Like
1.4M 59.4K 70
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
253K 9.1K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
256K 6.8K 70
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."