Worship Me, I Can Make You Ri...

By XiaoMaoMao55

507K 95.8K 4K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 64 - Extra 1 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)

Chapter 67: Extra 4 (U+Z)- End

8.2K 1.1K 92
By XiaoMaoMao55

-Unicode-

အပိုင်း ၆၇: Extra 4: ချန်ကျင့်ရွှယ် x ရှောင်ဖော့လန်

အသစ်ပြန်လည်တည်ဆောက်ခြင်းနှင့် မက်ခါခေတ်သို့ ပြောင်းလဲမှုအသစ်ကူးပြောင်းလာတာနဲ့အတူ ကျွမ်းဖော့က စကြဝဠာထဲမှာ ကျွမ်းကျိုးပြီးရင် နာမည်အကြီးဆုံး "ဆရာကြီး" တစ်ဆူဖြစ်လာခဲ့တယ်။

ဈေးကွက်ထဲမှာ ပေါ်လာတဲ့ စိတ်သန္တာန်မက်ခါတွေတိုင်းက အကုန်လုံး ကျွမ်းဖော့လက်ရာတွေချည်းပဲ။ ဒါပေမဲ့ နာမည်ကြီးသတင်းမီဒီယာအတွက် အင်တာဗျူးတွေမှာဆိုရင် ကျွမ်းဖော့က အမြဲတမ်း ထည့်ပြောလေ့ရှိတယ်။ "ကျွန်တော့်ကို ချီးကျူးစရာမလိုပါဘူး။ ဒါတွေကို ဒီလိုမျိုး ဖန်တီးနိုင်အောင် သင်ကြားပေးခဲ့တဲ့ ဆရာ့ကြောင့်ပါပဲ"

ကြယ်စုကွန်ရက်တစ်ခုလုံးက ကျွမ်းဖော့ကို ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်တဲ့အတွက် ချီးကျူးတဲ့အပြင် စကားတစ်ခွန်းကိုလည်း ထည့်ပြောတတ်ကြတယ်။ ကျွမ်း-လောင်ရှီးက အရမ်းထူးချွန်တဲ့အတွက် သူသင်ကြားပေးတဲ့ စာသင်သားကလည်း ထူးချွန်တာလို့လေ။

ဒါပေမဲ့ ဝမ်ရှောင်းယွင်နဲ့ ချန်ကျင့်ရွှယ်ပဲ ကျွမ်းဖော့ပြောတာ အမှန်တွေဆိုတာ သိတယ်။

ဘာလို့လဲဆိုတော့ ကျွမ်းဖော့က ကျွမ်းကျိုးကို အရမ်းကပ်နေရတာ တကယ်ကို သဘောကျလွန်းတယ်လေ!

သူက တကယ်ကြီး သူကိုယ်တိုင်ကိုက စက်ရုပ်တစ်ရုပ်ဖြစ်ခဲ့တာလေ။ သူဘာမှမသိဘူးလို့ပြောဖို့က မဖြစ်နိုင်ဘူးဆိုပေမဲ့ နေ့တိုင်း ကျွမ်းကျိုးရှေ့မှာဆို ဟန်ဆောင်ပြီးနေရတာကို သဘောကျတယ်။ ဒီနေ့ "သခင်ရေ ကျွန်တော် ဒါဘယ်လိုလုပ်ရမလဲမသိဘူး" ဖြစ်မယ် - မနက်ဖြန်ကျရင် "သခင် ကျွန်တော် လုပ်ထားတာလေး မှန်ရဲ့လား" ဖြစ်သွားလိမ့်မယ်။

သူက ကျွမ်းကျိုးကို တစ်ညလုံး ကပ်နေပြီး အရမ်းကို ကပ်စေးကိတ်ဖြစ်နေတာမို့ ဝမ်ရှောင်းယွင်က ကျွမ်းကျိုးနဲ့ အတွင်းကျကျရင်းနှီးဖို့ အချိန်တောင်မရှိတော့ဘူး။

အဲဒီနောက်မှာ ဝမ်ရှောင်းယွင်က ကျွမ်းဖော့ကို မြို့တော်ဂြိုလ်ကို အတင်းအကျပ်ပြန်လွှတ်လိုက်တယ်။

အစက ဝမ်ရှောင်းယွင်က မြို့တော်ဂြိုလ်ကို ပြန်ရောက်သွားရင် ဒီကပ်စေးကိတ်မိစ္ဆာလေး ရှောင်ဖော့လန်က နည်းနည်းပါးပါး တည်ငြိမ်သွားမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ကျွမ်းကျိုးရဲ့ ကိုယ်ပိုင်သုံးဆက်သွယ်ရေးစက်က ၂၄ နာရီ ချိတ်ဆက်လို့ရနေတယ်လေ။

မြို့တော်ဂြိုလ်ကို ပြန်သွားတဲ့ ပထမရက်မှာ ကျွမ်းဖော့က သူ့သခင်ကို လွမ်းလို့ ဆက်သွယ်ရေးစက်ကို ၂၄ နာရီ ဆက်သွယ်ထားပါရော။

မြို့တော်ဂြိုလ်ကို ပြန်ရောက်သွားပြီး ဒုတိယရက်မှာတော့ ကျွမ်းဖော့က အထူးတလည်ကို သခင်ကို လွမ်းနေလို့ဆိုပြီး ဆက်သွယ်ရေးစက်ကို ၂၄ နာရီ ဆက်သွယ်ထားတယ်။

မြို့တော်ဂြိုလ်ကို ပြန်ရောက်သွားပြီး တတိယရက်...

ဝမ်ရှောင်းယွင်ဟာ ကျွမ်းကျိုးရဲ့ ကိုယ်ပိုင်ဆက်သွယ်ရေးစက်ကို ဆွဲယူပြီး ကျွမ်းဖော့ရဲ့နံပါတ်ကို ဘလက်လစ်ထဲသွင်းလိုက်တော့တယ်။

ကျွမ်းဖော့: "?"

မိစ္ဆာလေးဟာ သခင်ရဲ့ ဆက်သွယ်ရေးစက်ကို ဆက်သွယ်လို့မရလို့ ချန်ကျင့်ရွှယ်ရဲ့ ဆက်သွယ်ရေးစက်နဲ့ ခေါ်ဖို့လုပ်တယ်။

အဲဒီနောက်တော့ ချန်ကျင့်ရွှယ်ရဲ့ နံပါတ်လည်းပဲ ဘလက်လစ်စာရင်းဝင်သွားတော့တယ်။

ကျွမ်းဖော့က အလွန်အမင်းကို စိတ်မကျေမနပ်ဖြစ်သွားတယ်။ "ဖူးဖူးမှုတ်ခံထားရလို့ ဘဝင်လေဟပ်နေတဲ့သူက သိပ်ပြီးကြာကြာမခံတတ်ဘူး။ သခင်က သူ့ကို အရမ်းမြန်မြန် ကန်ထုတ်လိုက်လိမ့်မယ်"

ချန်ကျင့်ရွှယ်က ခေါင်းတွေကွဲထွက်မတတ် ကိုက်နေပြီးတော့ ပြောလိုက်တယ်။ "ဘိုးဘေးလေးရေ သူတို့နှစ်ယောက်သာ တကယ်ကြီး ကွဲသွားရင်တော့ အရင်ဆုံး ကံဆိုးမိုးမှောင်ကျမဲ့သူက ငါတို့ပဲ ဖြစ်လိမ့်မယ်"

ဘာလို့လဲဆိုတော့ ဝမ်ရှောင်းယွင်က သေချာပေါက် စိတ်အခြေအနေ ကောင်းမှာမဟုတ်လို့ပဲ။ သူ့ရဲ့ ဆိုးရွားတဲ့ စိတ်အခြေအနေအရဆို ဓားသွားအောက်မှာနေရမဲ့သူက သူတို့ပဲဖြစ်သွားမှာပဲ။

ကျွမ်းဖော့က သူ့ကို မယုံဘူး။ သခင် ဝမ်ရှောင်းယွင်ကို ကန်ထုတ်မဲ့နေ့ကို စောင့်နေခဲ့တယ်။

စောင့်ရင်းစောင့်ရင်းနဲ့ နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်လာတယ်။ သူတောင်မှ စကြဝဠာထဲမှာ လူသိများထင်ရှားကျော်ကြားတဲ့ မက်ခါဖန်တီးသူ ဆရာတစ်ဆူဖြစ်လာပြီ၊ သခင်ကတော့ ဝမ်ရှောင်းယွင်ကို ကန်မထုတ်သေးဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူတို့က လက်တောင်ထပ်သွားသေးတယ်။

ကျွမ်းဖော့က သတို့သားအရံလုပ်ခဲ့တယ်။

ချန်ကျင့်ရွှယ်ကလည်း သတို့သားအရံပဲ။

ကျွမ်းဖော့က တော်တော်လေး စိတ်ဓာတ်ကျသွားတယ်။

ဘာလို့လဲဆိုတော့ ချန်ကျင့်ရွှယ်က သူ့ထက် နည်းနည်းလေး အရပ်ရှည်နေတာကို သိလိုက်ရလို့ပဲ။ သူက သခင့်ရဲ့ အချောဆုံး သတို့သားအရံမဟုတ်ခဲ့ဘူး။

သူက ဒီမှာ တော်တော်လေး မကြည်မလင်ဖြစ်နေတယ်။ သူကောင်းကင်ဘုံစစ်ဆေးချက်ကို ကျော်ဖြတ်ပြီး လူသားအသွင်ဖြစ်လာတုန်းက သူ့သခင်ရဲ့ အသွင်အပြင်အတိုင်း ပြောင်းမလာသင့်ဘူး။ ဝမ်ရှောင်းယွင်ရဲ့ ရုပ်သွင်အတိုင်း ပြောင်းလာခဲ့ရမှာ။ ပြောရရင် ဝမ်ရှောင်းယွင်က ထွားပြီး အရပ်လည်းရှည်တယ်လေ။

အဲဒီလိုသာဆို သူက သခင်မှီခိုအားထားရတဲ့သူတစ်ယောက် ဖြစ်လာလိမ့်မယ်။

ချန်ကျင့်ရွှယ်က ရယ်ရမလား ငိုရမလားတောင် မသိတော့ဘူး။ "ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိလာတာ ဘယ်လောက်တောင်ရှိပြီလဲ၊ အခုမှ ငါက မင်းထက်အရပ်ရှည်တာကို သတိထားမိတာလား"

ကျွမ်းဖော့က လန့်သွားတယ်။ "ဆိုတော့ ကျွန်တော် ခင်ဗျားကို တစ်ခါမှ သေသေချာချာ မကြည့်ဖူးဘူးထင်တယ်"

ချန်ကျင့်ရွှယ်: "......."

ငါ့ရင်တည့်တည့်ကို ဓားနဲ့မစိုက်ပါနဲ့လား။

မင်္ဂလာဆောင်ကို အစကနေအဆုံးထိ တိုက်ရိုက်ထုတ်လွှင့်ခဲ့တယ်။ မင်္ဂလာဆောင်တဲ့နေ့မှာ အခမ်းအနားကို လာတက်ရောက်တဲ့ နာမည်ကြီးလူကြီးလူကောင်းတိုင်းဟာ ကြယ်အစုအဝေးကွန်ရက်ရဲ့ ရှာဖွေမှုအများဆုံးစာရင်းမှာ ပေါ်လာကြတယ်။

ကြယ်အစုအဝေးကွန်ရက်တစ်ခုလုံးမှာ ကျွမ်းကျိုးနဲ့ဝမ်ရှောင်းယွင်ရဲ့ မင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ tag တင်ကို ၂၀ ကျော်လောက်ရှိတယ်။

သတို့သားအရံနှစ်ယောက်ဖြစ်တဲ့ ကျွမ်းဖော့နဲ့ ချန်ကျင့်ရွှယ်တောင်မှပဲ ရှာဖွေမှုအများဆုံးစာရင်းရဲ့ အဆုံးသတ်နားမှာ ကပ်ပြီးပါလာသေးတယ်။

"မင်္ဂလာဆောင်မတိုင်ခင်က ငါခန့်မှန်းထားတာ၊ သတို့သားအရံတစ်ယောက်ကသာ ဆရာကြီး ကျွမ်းဖော့ဆိုရင် တခြားတစ်ယောက်က ဒုဗိုလ်ချုပ်ချန်ဖြစ်မယ်ပေါ့ နေပါဦးမဟုတ်သေးဘူး၊ သူက အခုဆို ဗိုလ်ချုပ်ကြီးတောင်ဖြစ်နေပြီ။"

"ကျွမ်းဖော့-လောင်ရှီးရှိတဲ့နေရာတိုင်းမှာ ချန်ကျင့်ရွှင်ရှိတယ်။ ဒါက ထင်တဲ့အတိုင်းပဲ ဟားဟားဟား"

"ဆရာကြီးကျွမ်းဖော့က စိတ်သန္တာန်မက်ခါ ဖန်တီးနေတဲ့ တစ်ဦးတည်းသောသူပဲ။ သူ့ဘေးကင်းမှုက အရေးအကြီးဆုံးပဲ။ ချန်ကျင့်ရွှယ်က သူ့လုံခြုံမှုအတွက် တာဝန်ရှိတဲ့သူပဲ။ သေချာပေါက် သူ့ကို "ကိုယ်တိုင်ကိုယ်ကျ" စောင့်ရှောက်ပေးရမှာပေါ့"

"အပေါ်က မှတ်ချက်ပေးတဲ့သူပြောတာ မှန်တယ်။ ကောင်းပြီ ကောင်းပြီလေ ဒုဗိုလ်ချုပ်ချန်က ဆရာကြီးကျွမ်းဖော့ကို ကာကွယ်ပေးရမယ်ဆိုတာက အတိတ်ကအကြောင်းအရာတွေဆိုတာရယ်၊ အဲဒီတာဝန်က တခြားတစ်ယောက်ကို လွှဲပေးလိုက်ပြီးပြီဆိုတာကို ငါတို့မသိဘူးလို့ပဲ ဟန်ဆောင်လိုက်ကြရအောင်"

"အဲဒီလိုမပြောနဲ့၊ ငါတို့ဗိုလ်ချုပ်ကြီးချန်က သူ့ကိုယ်သူ စံပြတစ်ယောက်အနေနဲ့ လုပ်ပေးနေတာ၊ ဒီလောက်ပါပဲ~"

ကျွမ်းဖော့ စကြဝဠာထဲမှာ ကျွမ်းကျိုးရဲ့ တပည့်အနေနဲ့ ပေါ်လာတဲ့အချိန် ရှေ့နှစ်တွေတုန်းက စိတ်သန္တာန်မက်ခါက စကြဝဠာတစ်ခုလုံးမှာ အလွန်အမင်း ပေါ်ပြူလာဖြစ်နေတယ်။ ကျွမ်းဖော့ဟာ ကျွမ်းကျိုးကိုယ်တိုင်ပြီးရင် ရှာဖွေမှုအခံရဆုံးသူ ဖြစ်လာခဲ့တယ်။

ကျွမ်းကျိုးဟာ အလွန် သိုသိုသိပ်သိပ်နေတတ်တဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ ကမ္ဘာဆီကို ထွက်သွားခဲ့တယ်။ သူက ကြယ်အစုအဝေးကွန်ရက်မှာ ပို့စ်တစ်ခုတောင် မတင်ခဲ့သလို ပေါ်တောင် ပေါ်မလာခဲ့ဘူး။

အဲဒီအချိန်မှာ ကျွမ်းကျိုးရဲ့ ပြင်ပကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ကျွမ်းဖော့က အလိုအလျောက် လူတိုင်း အရေးစိုက်ခံရတဲ့သူဖြစ်လာခဲ့တယ်။

နောက်ပိုင်းမှာ သူ စိတ်သန္တာန်မက်ခါ စပြီးလုပ်တဲ့အချိန်မှာ ဒီလိုမျိုးအာရုံစိုက်မှုမျိုးက သိသိသာသာကြီး တိုးလာခဲ့တယ်၊ သူဘယ်ကိုသွားသွား လူအုပ်ကြီးရဲ့ ပိတ်ဆို့ခြင်းကို ခံရတော့တယ်။ အကြောင်းရင်းကလည်း စိတ်သန္တာန်မက်ခါ ဘယ်လိုမျိုးလုပ်ရတယ်ဆိုတဲ့အကြောင်း မေးဖို့ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ကျွမ်းကျိုးအကြောင်း မေးဖို့ပဲ။

လူတွေတော်တော်များများမှာတော့ မတော်တဆမှုတွေ ဖြစ်ဖို့ ကံဖန်လာတယ်။ တီးဝမ် ဂုဏ်သတင်းကျဆင်းလာပြီးတဲ့နောက်မှာ ဘယ်ရွန်ပေါ်သွင့်ဟာလည်း ကံဆိုးမှုအပေါင်းမျိုးစုံနဲ့ စတင်ကြုံလာရတယ်။ အရင်ဆုံး သူ့ရဲ့စွမ်းအင်ကျောက်တုံးတွေကို ကိုယ်ကျိုးအတွက် တူးဖော်တဲ့သတင်း၊ အဲဒါကြောင့် စွမ်းအင်ဓာတ်ရောင်ခြည်စိမ့်ထွက်ပြီး စံချိန်စံနှုန်းတွေကို ကျော်လွန်သွားတာမို့ ဂြိုလ်ကို မဖြစ်မနေ စွန့်ပစ်ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတဲ့အကြောင်းဟာ လူကြားထဲကို ပျံ့နှံ့သွားတယ်။ အဲဒီနောက် သူကျူးလွန်ခဲ့တဲ့ တခြားတခြားသော ပြစ်မှုတွေအများကြီးရဲ့ သက်သေတွေဟာလည်း တူးဆွခံခဲ့ရတယ်။ ဘယ်ရွန်ပေါ်သွင့်ဟာ အကျဘက်ကို ဦးတည်လာခဲ့တယ်။

နောက်ဆုံးသော ချောက်ချဖို့ အားထုတ်ကြိုးပမ်းမှုအနေနဲ့ သူနဲ့အတူ ကျွမ်းဖော့ကိုပါ အတူခေါ်သွားဖို့ စီစဉ်ခဲ့ပြီး ပရိသတ်တွေစုဝေးနေတဲ့အထဲကို ထိုးဖောက်ဝင်ပြီး အရှုပ်အထွေးကြားမှာ ကျွမ်းဖော့ကို လုပ်ကြံချင်ခဲ့တယ်။

သူ့အစီအစဉ်က ကျရှုံးသွားပေမဲ့ လူတိုင်းရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့တယ်။ ကြယ်အစုအဝေးကွန်ရက်ဟာ ဆရာကြီးကျွမ်းဖော့ရဲ့ လုံခြုံရေးကို ပိုပြီးအလေးပေးဖို့ ပွက်ပွက်ညံအောင် တောင်းဆိုလာကြတယ်။ သူမရှိရင် စိတ်သန္တာန်မက်ခါတွေလည်း ရှိမှာမဟုတ်တော့ဘူး။ ဆရာကြီးကျွမ်းဖော့ကို ကာကွယ်ပေးဖို့ လူတွေပို့မှဖြစ်မယ်!

ချန်ကျင့်ရွှယ်က ဒီတစ်ချိန်လုံး ရှောင်ဖော့လန်ရဲ့နာနီဖြစ်ခဲ့တာကို ထည့်စဉ်းစားပြီး သူ့ကို ဂရုစိုက်ဖို့ အရေးကြီးတဲ့ တာဝန်ကို ဝမ်ရှောင်းယွင်က ချန်ကျင့်ရွှယ်ကို တာဝန်ပေးလိုက်တယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ချန်ကျင့်ရွှယ်က ကျွမ်းဖော့နောက်ကို တစ်ဖဝါးစာတောင်မကွာစေရဘဲ အနီးကပ်လိုက်ပြီး ကြီးကျယ်တဲ့ပွဲအခမ်းအနားမျိုးစုံမှာ လိုက်ပါခဲ့တယ်။ ကျွမ်းဖော့လာတဲ့နေရာတိုင်းမှာ ချန်ကျင့်ရွှယ်လည်း ပါတယ်။ လူတွေက ဒီအခြေအနေနဲ့ အသားကျနေခဲ့တာကြာပြီ။

နောက်ပိုင်း ဂြိုလ်သားအင်းဆက်တွေဟာ အင်းဆက်ဘုရင်မအသစ်ပေါ်လာတာနဲ့အတူ နောက်တစ်ဖန် ပြန်ရောက်လာတယ်။ အရှင်ဧကရာဇ်ကလဲ(ရ်)က ဝမ်ရှောင်းယွင်ကို ကမ္ဘာကနေ မခွာစေချင်ဘူး။ ဝမ်ရှောင်းယွင် ကမ္ဘာကနေခွာသွားတာနဲ့ ကမ္ဘာကို ခိုးယူသွားမှာကို စိုးရိမ်နေတယ်။ ဒီတစ်ခေါက် တိုက်ပွဲဝင်ဖို့ တာဝန်ဟာ ချန်ကျင့်ရွှယ်နဲ့ စုန့်ချင့်ယွီဆီကို ရောက်လာတယ်။

အင်းဆက်ဘုရင်မဟာ သိပ်မကြာခင်ကမှ မွေးဖွားလာတာဖြစ်တဲ့အတွက် အားနည်းသေးတယ်။ အင်ပါယာမှာလည်း စစ်ပွဲတွေမှာသုံးဖို့ လုံးဝသစ်လွင်တဲ့ စိတ်သန္တာန်မက်ခါတွေ ရှိနေပြီဖြစ်တယ်။ အခက်အခဲနည်းနည်းမှမရှိဘဲ လွယ်လွယ်ကူကူပဲ အနိုင်ရလိုက်တယ်။ ချန်ကျင့်ရွှယ်ဟာလည်း ဗိုလ်ချုပ်ငယ်ရာထူးကို ခုန်တက်သွားပြီး တတိယတပ်ဖွဲ့မှူးအဖြစ် ဝမ်ရှောင်းယွင်နေရာကို လက်လွှဲယူလိုက်တယ်။

သို့ပေမဲ့ တတိယတပ်ဖွဲ့မှူးအသစ်စက်စက်ဟာ မြို့တော်ဂြိုလ်ကို ပြန်ရောက်သွားတာနဲ့ တစ်ပြိုင်နက်တည်း ဟိုအရင်နှစ်တွေတုန်းကလိုပဲ တိတ်တိတ်လေး ကျွမ်းဖော့ရဲ့ဘေးကိုပြန်သွားပြီး သူ့ရဲ့ကိုယ်ရံတော်အဖြစ် တစ်ဖဝါးမှမခွာစေရဘဲ ကပ်နေတယ်။

ကြယ်အစုအဝေးကွန်ရက်က လူတွေက ဒီမှာ သူတို့တစ်ခုခုတော့ သိလိုက်ရတယ်လို့ ခံစားလိုက်ရတယ်။

ဝမ်ရှောင်းယွင်ကတောင်မှ ဒီသူ့ရဲ့ညီနောင်အတွက် အလွန်စိတ်ပူပန်သွားတယ်။ "စစ်တပ်က မင်းကို နယ်စပ်ကို ကာကွယ်ဖို့ ထောက်ခံပေးနေတာ၊ မင်းတကယ်ပဲ မသွားချင်ဘူးလား"

ဝမ်ရှောင်းယွင် တပ်မဟာဦးစီးချုပ်ဖြစ်လာပြီးတဲ့နောက်မှာ ကမ္ဘာကို သွားခဲ့တယ်။ အခု အရှင်ဧကရာဇ်ကလဲ(ရ်)က ကမ္ဘာကို သူ့လက်ထဲကို ထည့်ထားမှပဲ စိတ်သက်သာရာရတယ်၊ တခြားဘယ်သူမှ ဖြစ်လို့မရဘူး။ တတိယတပ်ဖွဲ့ကလည်း အလိုအလျောက်ပဲ တခြားတစ်ယောက်ကို စီမံခန့်ခွဲဖို့ ပေးလိုက်တာ။

အဲဒါကြောင့် ဝမ်ရှောင်းယွင်က ချန်ကျင့်ရွှယ်ကို ထောက်ခံပေးခဲ့တာ။ ချန်ကျင့်ရွှယ်မှာ အခုဆို စစ်ရေးစစ်ရာပိုင်းမှာ ပြစရာ အောင်မြင်မှုတွေရှိနေပြီလေ။ သူက တော်တော်လေးလည်း အလားအလာရှိတဲ့သူဖြစ်တယ်။ အဲဒါကြောင့် သူက တတိယတပ်ဖွဲ့က တပ်ဖွဲ့မှူးရာထူးကို လက်ခံလိုက်ပြီး ဗိုလ်ချုပ်ကြီးရာထူးကိုလည်း အဆင့်တိုးသွားခဲ့တာ။

သူသာ ဒီတစ်ခေါက် နယ်စပ်ကို စောင့်ကြပ်ပေးနိုင်မယ်ဆိုရင် ဩဇာအာဏာနဲ့ ဂုဏ်အဆင့်လည်း ပိုတောင်ပိုင်ဆိုင်နိုင်ပြီး စစ်သင်္ဘောဝီဗန်ကိုလည်း ထိန်းချုပ်နိုင်လိမ့်မယ်။ အနာဂတ်မှာ စစ်တပ်ထဲမှာ ပိုလို့တောင် ဩဇာအာဏာညောင်းလိမ့်ဦးမယ်။

သူ့အတွက် ဒါက အလွန်အရေးကြီးတဲ့ အခွင့်အရေးပဲ။

သို့ပေမဲ့ ချန်ကျင့်ရွှယ်ကတော့ အသံတိတ်နေခဲ့တယ်။

ဝမ်ရှောင်းယွင်က နောက်ဆုံးတော့ သတိထားမိသွားတယ်။ တစ်နှစ်လောက် စစ်တိုက်ပြီး ပြန်လာပြီးနောက်မှာ ချန်ကျင့်ရွှယ်ဟာ အရင်ကလောက် အာကျယ်အာကျယ်နဲ့ ထောင်လွှားတာမျိုး မရှိတော့ဘူး။ လူတစ်ယောက်လုံးဟာ အများကြီးပိုတည်ငြိမ်ပြီး ရင့်ကျက်လာတယ်။

ချန်ကျင့်ရွှယ်က အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ပြောလာတယ်။ "မေ့လိုက်တာပဲ ကောင်းလိမ့်မယ်"

ဝမ်ရှောင်းယွင်က မျက်ခုံးပင့်လိုက်တယ်။ "မေ့လိုက်မယ်?"

ချန်ကျင့်ရွှယ်က သက်ပြင်းချပြီး ပြောလိုက်တယ်။ "ဒီတစ်ခေါက် နယ်စပ်ကိုသွားတော့ ဂြိုလ်သားအင်းဆက်တွေက ပြီးခဲ့တဲ့အခေါက်ကထက် ပိုပြီးဉာဏ်များလားတယ်၊ နေရာတကာမှာ ပုန်းကွယ်ပြီး ရှောင်တိမ်းနေကြတယ်၊ အရမ်းကိုင်တွယ်ရခက်ခဲတယ်။ တကယ်လို့ အရင်လိုသာဆိုရင် သူတို့တွေကို တစ်ခါတည်းနဲ့ အပြတ်သုတ်သင်လိုက်နိုင်တဲ့အထိ အချိန်ဖြုန်းပြီး စောင့်နေဖို့ စိတ်ထက်သန်နေမှာပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ ကျွန်တော့်ခေါင်းက ပြန်လာချင်တဲ့အတွေးနဲ့ပဲ ပြည့်နှက်နေတယ်"

ဝမ်ရှောင်းယွင်: "ပြန်လာပြီး ဘာလုပ်ဖို့လဲ"

ချန်ကျင့်ရွှယ်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်တယ်။ "တကယ်လို့ ကျွန်တော်ပြောလိုက်ရင် ရည်မှန်းချက်မရှိတဲ့အတွက် မရယ်ရဘူးနော်။ မင်းနဲ့ ကျိုးကျိုး ကမ္ဘာမှာနေတုန်းက ငါက ရှောင်ဖော့လန်ရဲ့ ကိုယ်ရံတော်အဖြစ် ၅ နှစ်တိတိနေခဲ့တယ်။ ကျွန်တော် အခု အဲဒီဘိုးဘေးလေးရဲ့ အရာရာကို ဂရုစိုက်ပေးရတာနဲ့ အသားကျနေပြီ။ စစ်ထွက်သွားရတော့ အဲဒီဘိုးဘေးလေးက မုန့်ကို ဘယ်မှာထားမှန်းတောင် မသိဘူး၊ အဲဒီငတုံးလေးက... မကြာမကြာဆိုသလို သူ့ကိုယ်သူတောင် ဂရုမစိုက်နိုင်ဘူး၊ ကျွန်တော်...."

သူက ခဏတန့်သွားတယ်။ "....စိတ်မပူဘဲ မနေနိုင်ဘူး"

အဲဒါကြောင့် သူက စစ်ပွဲကို တတ်နိုင်သမျှမြန်မြန် အဆုံးသတ်ပြီး ဂြိုလ်သားဂြိုလ်ကို ပြန်လာချင်ခဲ့တယ်။ ဒီတစ်ခေါက် စစ်ပွဲကို တော်တော်လေး တစ်မူထူးခြားအောင် တိုက်ခိုက်ခဲ့ရတယ်။ ရှေ့တန်းမှာ သူက ဒီအတွက်နဲ့ စုန့်ချင့်ယွီနဲ့ စကားအခြေအတင်တွေ အများကြီး ဖြစ်ခဲ့ရတယ်။

ချန်ကျင့်ရွှယ်က ရိုးရိုးသားသားပဲ ပြောတယ်။ "ကျွန်တော် နေ့တိုင်း သူ့သရုပ်မှန်ကို ဖော်ထုတ်မိမှာကို စိုးရိမ်နေခဲ့ရတယ်။ အခု ကျွန်တော့်ကိုသာ နယ်စပ်ကို စောင့်ကြပ်ဖို့ ပြန်လွှတ်ခံရရင် ကျွန်တော် နေနိုင်လောက်မှာမဟုတ်ဘူး။ ရုတ်တရက်ကြီး ဘိုးဘေးလေးရဲ့ ကိုယ်ရံတော်အနေနဲ့ပဲ ပြန်သွားရင်ကောင်းမယ်လို့ ကျွန်တော် ခံစားလာရတယ်။ အခုဆို သူ့ရဲ့ဂုဏ်သတင်းကလည်း ပိုပိုပြီး ကြီးလာတယ်၊ သူ့ရဲ့ ဒေါသကလည်း ဆိုးရွားသေးတယ်။ တခြားသူတွေက သူ့ရဲ့သရုပ်မှန်ကို မသိတော့ သူက အကြောင်းပြချက်မရှိဘဲ ဒေါသထွက်နေတယ်လို့ ခံစားရလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်သိတယ်... သူက တကယ်တော့ ဘာကိုမှ သိုဝှက်မထားတတ်ဘဲ သူပြောချင်တာကို အကုန်ပြောတတ်တဲ့သူမျိုး"

နောက်ပြီး သူသာဒီမှာရှိရင် အဲဒီငတုံးလေးက သူ့သရုပ်အစစ်အမှန်ကို အလွန်လွယ်လွယ်ကူကူ ဖော်လိုက်မိမှာမဟုတ်ဘူး။

ဝမ်ရှောင်းယွင်က ပိုပြီး ပွင့်ပွင့်လင်းလင်း မေးလိုက်တယ်။ "မင်း သူ့ကို သဘောကျနေတာလား"

ချန်ကျင့်ရွှယ်က သူ့နှာခေါင်းကို ကသိကအောက်ဖြစ်စွာ တို့ထိနေတယ်။ "အင်း"

သူတောင် ဘယ်တုန်းကစပြီး ရှောင်ဖော့လန်ကို ကြိုက်သွားမှန်း သူမသိဘူး။

သူ လူအဖြစ်ပြောင်းသွားတဲ့နေ့က ချန်ကျင့်ရွှယ်ရှေ့မှာ ဘာအကာအကွယ်မှမပါဘဲ ကိုယ်တုံးလုံးလေး ရပ်နေခဲ့တဲ့ နေ့ကများလား၊

ဒါမှမဟုတ် ချန်ကျင့်ရွှယ်က သူ့ရဲ့မိစ္ဆာငယ်ကျွန်တစ်ယောက်မို့ သူ့ကို ရိုရိုကျိုးကျိုး ခစားရမယ်လို့ အခိုင်အမာ ပြတ်ပြတ်သားသား ပြောလိုက်ပြီး ချန်ကျင့်ရွှယ် တကယ်တမ်း အရမ်းပင်ပန်းနေတာကိုတွေ့တဲ့အခါ အလွန် ရှေးရိုးဆန်စွာ "ထားလိုက်တော့ ထားလိုက်ပါတော့၊ ဒီနေ့ ခင်ဗျား ကျွန်တော့်ကို ခစားစရာမလိုသေးဘူး။ သွားပြီး အနားယူလိုက်" ဆိုပြီး ပြောတဲ့အချိန်ကများလား။

သူက ရှောင်ဖော့လန်ကို သူ့တာဝန်မို့ ကာကွယ်နေတယ်လို့ ပြောရမဲ့အစား သူက လုံးဝကို လိုလိုလားလား လုပ်ပေးနေတာလို့ ပြောရမှာပဲ။

ရှောင်ဖော့လန် စက်ရုပ်တစ်ရုပ်အနေနဲ့ရှိတုန်းက ချန်ကျင့်ရွှယ်က ဖော့လန်-တာ့ရယ်ကို တစ်နေကုန် ခစားခဲ့ရတာ။ ချန်ကျင့်ရွှယ်က သူဘယ်လို ကာတွန်းမျိုး ကြည့်ရတာ နှစ်သက်တယ်၊ ဘယ်လို မြှောက်ပင့်စကားမျိုး အပြောခံရတာ ကြိုက်တယ်၊ ဘယ်လို ဂိမ်းကစားတတ်တယ်ဆိုတာ သိထားတယ်။

အခု သူ လူသားတစ်ယောက်အသွင် ပြောင်းသွားတော့ ချန်ကျင့်ရွှယ်က သူ့ကို တခြားသူလက်ထဲထည့်လိုက်ရမှာကို စိတ်မသက်မသာ ခံစားနေရတုန်းပဲ။

ဝမ်ရှောင်းယွင်က ဘာမှ ထပ်ပြီး မပြောတော့ဘူး။ သူက ချန်ကျင့်ရွှယ်ကို ထောက်ခံအားပေးတာကို ပြသတဲ့အနေနဲ့ ပခုံးကို ပုတ်လိုက်တယ်။

အဲဒီအချိန် ချန်ကျင့်ရွှယ်ရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက် မလုပ်တော့ဘဲ သူ့ဘေးမှာပဲ ကိုယ်ရံတော်အဖြစ် ပြန်လာရတဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကျွမ်းဖော့က လုံးဝ ထူးဆန်းတယ်လို့ မခံစားရဘူး။ မိစ္ဆာငယ်ကျွန်လေးကသာ သူ့ဘေးမှာ မနေရင် ဘယ်သူ့ဘေးမှာ နေရမှာလဲလေ။

ကျွမ်းကျိုးရဲ့ လက်ထပ်မင်္ဂလာပွဲပြီးသွားတော့ သခင်က နောက်ဆုံးတော့ ကမ္ဘာကနေပြန်လာပြီဆိုတော့ ကျွမ်းဖော့က သူ့ရဲ့နေ့ကောင်းနေ့မြတ်တွေတော့ ပြန်ရောက်လာပြီလို့ ထင်ထားတယ်။

ဒါပေမဲ့ ကျွမ်းဖော့က အဲဒါက သူခံစားရဖို့ နေ့တွေရဲ့အစဆိုတာ အလွန်လျင်လျင်မြန်မြန်ပဲ သိသွားတယ်။

ကျွမ်းကျိုးရဲ့ အမည်ခံ တပည့်တစ်ယောက်အနေနဲ့ နောက်ပြီး လူသိထင်ရှား တပည့်ခံထားရတဲ့အတွက် မိစ္ဆာငယ်လေးဖြစ်ပေမဲ့လည်း မဟာနတ်မင်းကြီးတွေက ကျွမ်းဖော့ကို အရမ်းဖြစ်သလို နေခွင့်မပြုထားဘူး။

ကျိုးကျိုး၊ ကွိုက်ကွိုက်လေးရဲ့ တပည့်က ထူးချွန်ထက်မြတ်နေရမယ်!

ကျွမ်းဖော့က ဝမ်ရှောင်းယွင်ကလွဲရင် မဟာနတ်မင်းကြီးတွေ နေ့တိုင်း လေ့ကျင့်ပေးတဲ့သူ နောက်တစ်ယောက်ဖြစ်လာတယ်။

ဝမ်ရှောင်းယွင်က တော်တော်လေး အဆင်ပြေတယ်။ သူက ခက်ခဲကြမ်းတမ်းမှုဒဏ်ကို သည်းခံနိုင်စွမ်းရှိတဲ့သူတစ်ယောက်ဖြစ်တယ်။ ကျွမ်းဖော့ကတော့ ကယ်လို့မရတော့ဘူး။ နေ့တိုင်း လေ့ကျင့်မှုအပြီးမှာ သူက အားအင်ကုန်ခန်းနေတယ်။

မိစ္ဆာငယ်ကျွန်လေးက အရမ်းအလိုက်သိလို့ပဲ တော်တော့တယ်။ အမိန့်အရ နှိပ်ပေးတယ်၊ အမိန့်အရ ခစားပေးတယ်။

"ဘယ်ဘက်ပခုံးကလည်း ညောင်းတယ်" ကျွမ်းကျိုးက ချန်ကျင့်ရွှယ်ကို နှိပ်တဲ့နေရာပြောင်းဖို့ ပြောတယ်၊ မျက်မှောင်ကြုတ်ရင်း ပြောတယ်။ "အဲဒီမှာ မူလီတစ်ခုများ ချောင်နေလို့လား"

ချန်ကျင့်ရွှယ်ကလည်း မျက်မှောင်ကြုတ်သွားတယ်။ "ကိုယ်က ဘယ်လိုလုပ်ပြီး မူလီချောင်နေတာကို နှိပ်ပေးလို့ရမှာလဲ"

ရှောင်ဖော့လန်က လူအဖြစ်ပြောင်းသွားပြီးသွားကတည်းက ဘယ်တော့မှ စက်ရုပ်အဖြစ် ပြန်မပြောင်းဘူး။ ကျိုးကျိုးရဲ့စကားအရဆိုရင် သူ့ရဲ့ပြောင်းလဲနိုင်တဲ့အစွမ်းကို မထိန်းချုပ်တတ်ဘူးတဲ့။ ရှောင်ဖော့လန်က ကျင့်ကြံအားထုတ်ရတာလည်း မကြိုက်တဲ့အတွက် ဘယ်တော့မှ ပြန်မပြောင်းဖူးဘူး။

ကျွမ်းဖော့က ခဏစဉ်းစားကြည့်ပြီး အလွန်လေးနက်စွာ ပြောတယ်။ "အရေပြားကို လွှာလိုက်ပြီး စမ်းကြည့်မလား"

ချန်ကျင့်ရွှယ်က ချက်ချင်း ကန့်ကွက်လိုက်တယ်။ "သေချာပေါက် မဖြစ်ဘူး"

ကျွမ်းဖော့က ချန်ကျင့်ရွှယ်ကို ကြည့်လိုက်တယ်။

ချန်ကျင့်ရွှယ်က အသံတိုးတိုးနဲ့ ပြောလိုက်တယ်။ "အဲဒီနေရာကို နှိပ်ပေးမယ်လေ၊ သက်သာလာလား ကြည့်ရအောင်"

ကျွမ်းဖော့က သခင်ကြီးတစ်ပါးလိုပဲ ပြန်လှဲချလိုက်တယ်။ "အင်း အင်း ပိုပြီး ပြင်းပြင်းလေး လုပ်ရမယ်"

သူ့ကို အလုပ်အကျွေးပြုနေတဲ့ မိစ္ဆာငယ်ကျွန်တစ်ယောက်ရှိတာ တော်တော်လေး ကောင်းတယ်။

ချန်ကျင့်ရွှယ်က ဘာမှမပြောဘူး။ ဒါပေမဲ့ သူ့အားကိုတော့ ပြင်းပြင်းသုံးပြီး နှိပ်နယ်ပေးနေတယ်။

စိတ်ထဲမှာတော့ တွေးနေတယ်: ဒီငတုံးလေး သူ့က ဒီလောက်အားကြီးတဲ့ မိစ္ဆာလို့ ထင်နေတယ်။ သတိလည်း တစ်ချက်မှ မရှိဘူး။ သူ့ကိုယ်သူ ပေါ်အောင်လုပ်မိမှာကိုလည်း စိတ်မပူဘူး။

နောက်ပြီး ချန်ကျင့်ရွှယ်က ထပ်တွေးနေတယ်: ငါသာ ဒီမှာမရှိရင် သူ့ကို နှိပ်ပေးဖို့ တခြားတစ်ယောက်ကိုများ ခေါ်နေမှာလား။

ချန်ကျင့်ရွှယ်က ဒီအကြောင်းတွေးလေတွေးလေ စိတ်ထဲမှာ မသက်မသာဖြစ်လာလေလေပဲ။

မဟာနတ်မင်းကြီးတွေက သင်ကြားမှုတွေ စတင်ပြီဆိုတာနဲ့ ထိန်းထိန်းသိမ်းသိမ်း မလုပ်တော့ဘူး။ ကျွမ်းဖော့က မှော်ပညာအကြောင်း သင်ရတာတင်မကဘူး၊ သီအိုရီကိုလည်း လေ့လာရသေးတယ်။ ကမ္ဘာဟောင်းရဲ့ရသစာပေတွေကနေ ဂန္တဝင်စာပေတွေအကုန်လုံးကို အလွတ်ကျက်မှတ်ရတယ်။ တစ်နေကုန်သွားပြီးရင် ကျွမ်းဖော့က အားအင်တွေ ကုန်ခန်းသွားပြီ။ ချန်ကျင့်ရွှယ်ရဲ့နှိပ်နယ်ပေးမှုအောက်မှာ ငိုက်မြည်းလာတယ်။

သူအိပ်ပျော်သွားတာကို ကြည့်နေရင်း ချန်ကျင့်ရွှယ်က လက်ကအားကို ဖြည်းဖြည်းချင်း လျှော့လိုက်ပြီး လုံးဝ ရပ်လိုက်တယ်။

ရှောင်ဖော့လန်ကို ပြန်ကြည့်လိုက်တော့ သူက အိပ်မောကျနေပြီ။

ချန်ကျင့်ရွှယ်က တိတ်တိတ်လေး လှုပ်ရှားတယ်။ ဘေးက စောင်ကို မလိုက်ပြီး ရှောင်ဖော့လန်ကို ခြုံပေးလိုက်ပြီး ထွက်လာခဲ့တယ်။

နောက်ရက်အနည်းငယ်ကြာတဲ့နောက်မှာ ကျွမ်းဖော့ရဲ့ ပမာမခန့်လုပ်မှုအောက်မှာ ချန်ကျင့်ရွှယ်ဟာ သူ မှော်အတတ်လေ့လာနေတဲ့အချိန် သူ့အတွက် သီအိုရီဗဟုသုတတွေ ကူးယူပေးဖို့ ဆွဲခေါ်လာခံရတယ်။

အံ့ဩစရာကောင်းစွာ မဟာနတ်မင်းကြီးတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ်တော့ မဖြစ်ဘူး။ မျက်စိမှိတ်ထားပေးပြီး ချန်ကျင့်ရွှယ် စာတွေကူးပြီး ကူညီပေးခွင့်ပြုထားတယ်။ ကျင့်ကြံအားထုတ်တာနဲ့ မှော်အတတ် သင်ကြားပေးတဲ့အခါမှာလည်း ချန်ကျင့်ရွှယ်မမြင်အောင် ဖုံးကွယ်ထားတာမျိုး မရှိဘူး။ ချန်ကျင့်ရွှယ် သီအိုရီတွေ ကူးယူပေးပြီး ဘေးကနေ အတန်းကို "အလကား" တက်နေတာကို မြင်တော့ သူတို့က ချန်ကျင့်ရွှယ်ကိုတောင် နည်းနည်းပါးပါး ထောက်ပြပေးလိုက်သေးတယ်။

တစ်လမရှိတရှိလေးမှာ ချန်ကျင့်ရွှယ်ရဲ့အသိပညာဟာ ကျွမ်းဖော့ကိုတောင် ကျော်လွန်သွားတဲ့အထိ ြဖစ်လာတယ်၊ အထူးသဖြင့် သီအိုရီပိုင်းမှာပေါ့။

မဟာနတ်မင်းကြီးတွေက စိတ်ထဲမှာ တော်တော်လေး စိတ်ဆိုးနေတယ်။ "ကြည့်စမ်းပါဦး! ကျိုးကျိုးရဲ့ တပည့်ဖြစ်ပြီး ဘာလို့ဒီလောက်တောင် ကျင့်ကြံအားထုတ်ရမှာကို ဝေလေလေ လုပ်နေရတာလဲ! လူသားတစ်ယောက် ကျော်သွားတာတောင် ခံရတယ်!"

ကျွမ်းဖော့က ခိုင်မာစွာ ပြတ်ပြတ်သားသား ပြောတယ်။ "ဒါပေမဲ့ ကျွန်တော့်ရဲ့ မိစ္ဆာအစေခံလေးက ဒါတွေအားလုံးကို သိထားတယ်ဆိုတော့ နောက်ပိုင်း ကျွန်တော် နားမလည်တာရှိရင် သူ့ကိုမေးလိုက်ရုံပဲပေါ့"

အစေခံတွေက သခင့်ရဲ့ဆန္ဒကို မျက်ကွယ်ပြု ဖီဆန်လို့မရဘူး။ ချန်ကျင့်ရွှယ်က သူ့ကိုမပြောပြမှာလည်း မဟုတ်ဘူးလေ။

မဟာနတ်မင်းကြီးတွေက တော်တော်လေးကို စိတ်ပျက်သွားတယ်။ ရှောင်ဖော့လန်ရဲ့ သီအိုရီတတ်ကျွမ်းမှုက တစ်မူထူးခြားနေတာ တော်သေးတာပဲ။

ဒါကလည်း သူ့မှာ မှတ်ဉာဏ်ကောင်းကောင်းရှိလို့ ဘယ်ဟုတ်မလဲ၊ သူက စက်ရုပ်တစ်ရုပ်ဖြစ်တာမို့ပဲ။ သူ့ဒေတာသိုလှောင်ရုံထဲကို အချက်အလက်တွေ ထည့်လိုက်တာနဲ့ ချက်ချင်း နားလည်နိုင်တယ်။

ဒီလိုအခါမျိုးဆို ချန်ကျင့်ရွှယ်က စကားလှလှနဲ့ ဖာထေးပြောပေးတယ်။ "မဟာနတ်မင်းကြီးအပေါင်းတို့ သူ့ကို စိတ်မဆိုးပါနဲ့၊ လေ့ကျင့်ချိန်လည်း ပြီးသွားပြီဆိုတော့ ကျွန်တော်တို့ နတ်မင်းကြီးတို့အတွက် အသစ်ဆောက်ထားတဲ့ နတ်ကွန်းကို သွားကြည့်ရအောင်လား"

ဒါကိုကြားတော့ မဟာနတ်မင်းကြီးက ချက်ချင်းဆိုသလို စိတ်ပျော်သွားပြီး ဝမ်ရှောင်းယွင်ကို ကြည့်တုန်းကလိုမျိုးပဲ စိတ်ကျေနပ်သွားတဲ့ အကြည့်မျိုးနဲ့ ချန်ကျင့်ရွှယ်ကို ကြည့်လိုက်တယ်။

ရှောင်ချန်က စကားအပြောအဆိုချိုသာတယ်လေ။ သူပြောသမျှက လူတွေကို စိတ်ပျော်ရွှင်စေတယ်။

ကျွမ်းဖော့ကလည်း ဒီလိုမျိုး စာသင်ကြားတဲ့အခင်းအကျင်းကို အလွန်စိတ်ကျေနပ်နေတယ်။ ဘာလို့လဲဆိုတော့ အခု သူ့ ကာတွန်းကားကြည့်ဖို့ အချိန်တောင်ပိုရသေးတယ်လေ။ ကြယ်တာရာခေတ်က ကာတွန်းတွေက တကယ်ကိုအရမ်းစိတ်ဝင်စားစရာကောင်းတယ်!

ဒါပေမဲ့ ဒီနေ့ကတော့ တစ်ခုခုက ထူးခြားနေတယ်။

သင်တန်းချိန်ရောက်နေပေမဲ့ သူ့ရဲ့မိစ္ဆာအစေခံလေးက အခုထိ ရောက်မလာသေးဘူး။

သူ ချန်ကျင့်ရွှယ်ရဲ့ ကိုယ်ပိုင်ဆက်သွယ်ရေးစက်ကို ခေါ်လိုက်ပေမဲ့ ဘယ်သူမှ မကိုင်ဘူး။

ကျွမ်းဖော့က စိတ်မပျော်မရွှင်နဲ့ ဝမ်ရှောင်းယွင်ကို မေးကြည့်တယ်။ "ချန်ကျင့်ရွှယ်ဘယ်မှာလဲ၊ သူက ဒီနေ့ မကျင့်ကြံဘူးလား"

ဒါဆို သူ့အတွက် ဘယ်သူက မှော်ဂါထာတွေ ကူပြီး ကူးပေးမှာလဲ။

ဝမ်ရှောင်းယွင်က သူ့ကို ကြည့်ပြီးပြောတယ်။ "ဒီနေ့ သူခွင့်တစ်ရက်တောင်းထားတယ်"

ကျွမ်းဖော့: "ခွင့်တစ်ရက်လား၊ ဘာလုပ်ဖို့လဲ"

ဝမ်ရှောင်းယွင်: "တွေ့ဆုံပွဲလား တစ်ခုခုပဲ၊ မဒမ်ချန် အရင်ကပြောတာ ကြားဖူးတယ်"

ကျွမ်းဖော့က မျက်မှောင်ကြုတ်လိုက်တယ်။ "တွေ့ဆုံပွဲလား"

ဝမ်ရှောင်းယွင်က အသေးစိတ်ရှင်းပြလိုက်တယ်။ "မဒမ်ချန်က သူ့ကို လက်ထပ်စေချင်နေတာလေ၊ အဲဒါကြောင့် တွေ့ဆုံပွဲသွားတာ"

အဓိကအကြောင်းရင်းကတော့ ဝမ်ရှောင်းယွင်နဲ့ ကျွမ်းကျိုးရဲ့ မင်္ဂလာဆောင်က ပြီးခဲ့တဲ့ နှစ်လကမို့ပဲ။

ချန်ကျင့်ရွှယ်က သူနဲ့ အသက်တူတူပဲ။ ဝမ်ရှောင်းယွင်က လောလောလတ်လတ် မင်္ဂလာပွဲကျင်းပထားတယ်ဆိုပေမဲ့ သူက လွန်ခဲ့တဲ့ခုနစ်နှစ်ကတည်းက လက်ထပ်စာချုပ် ရထားပြီးသားပဲ။ မဒမ်ဝမ်က သေချာပေါက် စိုးရိမ်စရာမလိုဘူး။

ချန်ကျင့်ရွှယ်ကတော့ မတူဘူး။ သူ့သားရဲ့ လက်ထပ်ပြီးကာစ သူငယ်ချင်းတွေ တစ်ဦးကိုတစ်ဦး ချစ်ခင်ယုယပြီး ပျော်ရွှင်နေတဲ့ ဆက်ဆံရေးတည်ဆောက်နေကြပြီး သူ့သားအရင်းကြီးက တစ်ယောက်မှမရှိဘူးဆိုတာကို ကြည့်ပြီး မဒမ်ချန်က စတင်စိတ်ပူလာတယ်။

ကျွမ်းဖော့က ပြောတယ်။ "တွေ့ဆုံပွဲဆိုတာ ဘာလဲ ကျွန်တော်သိတယ်"

သူက လူဖြစ်တာ ခုနစ်နှစ်ရှိပြိလေ။ တွေ့ဆုံပွဲ (ချိန်းတွေ့) ရဲ့အဓိပ္ပာယ်ကို မသိဘဲ ဘယ်နေမှာလဲ။

သူဆိုလိုတာက "တွေ့ဆုံပြီးရင် လက်ထပ်ကြမယ်၊ သူ လက်ထပ်ပြီးသွားရင် ကျွန်တော့်ကို အလုပ်အကျွေးပြုလို့ရသေးလား"

သခင့်အဖြစ်တုန်းက သူလက်ထပ်ပြီးသွားတော့ သူ့ကို အလုပ်အကျွေးပြုဖို့ ဝမ်ရှောင်းယွင်ရှိတယ်။ အဲဒီနောက် သခင်က ကျွမ်းဖော့ကို မလိုအပ်တော့ဘူး။

တကယ်လို့ ချန်ကျင့်ရွှယ်သာ လက်ထပ်သွားရင် သူက သူ့မိန်းမကိုလည်း အလုပ်အကျွေးပြုရဦးမယ်။ အဲဒါဆို ချန်ကျင့်ရွှယ်က သူ့ကို ခစားမှာ မဟုတ်တော့ဘူး ဟုတ်တယ်မလား။

ဒီကိစ္စပြီးတော့ ကျင့်ကြံအားထုတ်တဲ့ တစ်နေ့လုံး ကျွမ်းဖော့ဟာ စိတ်နှစ်လို့ကို မရဘူး။ သူခေါ်ထားခဲ့တဲ့ မိစ္ဆာအစေခံလေးက တခြားတစ်ယောက်ကို ခစားတော့မယ်တဲ့။ သူ ဘယ်လို စဉ်းစားစဉ်းစား စိတ်မကောင်းဖြစ်ရတယ်။

လေ့ကျင့်ရေးပြီးသွားလို့ သူအိမ်ပြန်လာရင် နှိပ်ပေးမဲ့သူ တစ်ယောက်မှ ရှိတော့မှာ မဟုတ်ဘူး။

ကျွမ်းဖော့က ဆိုဖာပေါ်မှာ ထိုင်နေပြီး စိတ်တိုနေတယ်။

ချန်ကျင့်ရွှယ်က တကယ်လည်း ဒီနေ့ တွေ့ဆုံပွဲရှိခဲ့ပေမဲ့ မသွားခဲ့ဘူး။

မဒမ်ချန်က ဒေါသတွေထွက်ပြီး သူ့ကို တရစပ်ခေါ်ခဲ့တယ်၊ သူ့တစ်ဘဝလုံး ဒီအပေါ်မှာ ပုံအပ်ထားတဲ့အတိုင်းပဲ။ သူက ချန်ကျင့်ရွှယ်ကို အကြိမ်ပေါင်း တစ်ဒါဇင်မက ခေါ်နေခဲ့တယ်။

ချန်ကျင့်ရွှယ်က ကူကယ်ရာမဲ့ပြီး ဝမ်ရှောင်းယွင်ဆီမှာ ပေါက်ကွဲထုတ်နေတယ်။ "ကျွန်တော့်အမေဖုန်းဆက်ရင် စစ်တပ်ထဲမှာ ကျွန်တော်ကိုင်တွယ်ရမဲ့ အရေးကြီးကိစ္စတွေရှိနေလို့ တကယ်အချိန်မရှိဘူးလို့သာ ပြောပေးပါ"

ဝမ်ရှောင်းယွင်က အသိအမှတ်ပြုလိုက်တယ်။ ဖုန်းချလိုက်ပြီးတဲ့နောက်မှာ ချန်ကျင့်ရွှယ်က မက်ဆေ့တွေအားလုံးကို ဘလော့ပစ်လိုက်တယ်။

ဝမ်ရှောင်းယွင်က သူဘယ်မှာရှိလဲ သိတယ်လေ။ တကယ်လို့ တစ်ခုခုဖြစ်လို့ သူ့ကိုရှာလို့မရရင် လူတွေက ဝမ်ရှောင်းယွင်ဆီသွားရင် ဝမ်ရှောင်းယွင်က သူ့ဆီ တိုက်ရိုက် သတင်းစကား ပါးပေးလို့ရတယ်။

ထင်တဲ့အတိုင်း မဒမ်ချန်က ဝမ်ရှောင်းယါင်ကို စပြီး ခေါ်တော့တယ်။ ဝမ်ရှောင်းယွင်က ချန်ကျင့်ရွှယ်ပြောတဲ့အတိုင်း ဖြေလိုက်တယ်။ မဒမ်ချန် စစ်တပ်ထဲပြေးလာပြီး သူ့ကို လာရှာမှာကို ကာကွယ်ဖို့ ချန်ကျင့်ရွှယ်ဟာ တိုက်ခိုက်ရေးအတုအယောင်ကွင်းထဲ ဆင်းသွားပြီး မက်ခါစစ်ပွဲတွေ တစ်နေကုန် လေ့ကျင့်နေပြီး ညအချိန်မှ ထွက်လာခဲ့တယ်။

"ညနေစာ" စားရမဲ့အချိန်ကို အချိန်ဖြုန်းလိုက်ပြီးတော့ ချန်ကျင့်ရွှယ်ဟာ သက်တော့သက်သာဖြစ်သွားတဲ့ မျက်နှာပေးနဲ့ အိမ်ပြန်ဖို့ အသင့်ပြင်နေတယ်။ ဒါပေမဲ့ သူ့အိမ်အပြန်မှာ ဝမ်ရှောင်းယွင်နဲ့ တိုးတယ်။

ဝမ်ရှောင်းယွင်မှာ အရက်လည်း ပါလာတယ်။ "တစ်ခွက်လောက် သောက်ရအောင်"

ချန်ကျင့်ရွှယ်က ခေါင်းခါတယ်။ "မင်းတို့တွေ ကျင့်ကြံရေးလေ့ကျင့်ခန်းတွေ ပြီးသွားပြီလား၊ ဘိုးဘေးလေးရဲ့ကိုယ်က နုနယ်တယ်။ ငါပြန်ပြီး သူ့ကို နှိပ်ပေးရဦးမယ်"

ဝမ်ရှောင်းယွင်က သူ့ရှင်းပြစကားကို လက်မခံဘဲ သူ့ကို တစ်ခွက်ငှဲ့ပေးတယ်။ "မင်း အိမ်မပြန်ခင် အချိန်နည်းနည်း ယူလိုက်ဖို့ အကြံပေးချင်တယ်"

ချန်ကျင့်ရွှယ်က နားမလည်ဘူး။ "ဘာလို့လဲ"

ဝမ်ရှောင်းယွင်က ဖြေးဖြေးပြောတယ်။ "ငါ ရှောင်ဖော့လန်ကို မင်းဒီနေ့ တွေ့ဆုံပွဲသွားတယ်လို့ ပြောလိုက်တယ်၊ သူ့ကြည့်ရတာ တော်တော် စိတ်မကြည်မလင်ဖြစ်သွားတဲ့ပုံပဲ"

ခဏလောက် အံ့အားသင့်သွားပြီးနောက် ချန်ကျင့်ရွှယ်က နည်းနည်း အထိတ်တလန့်ဖြစ်သွားတယ်။ "လောင်ဝမ်ရေ! ငါ့ကို ချောက်မချနဲ့ဟ! ဘိုးဘေးလေး စိတ်ဆိုးရင် တကယ်ချော့ရတာ မလွယ်ဘူး"

ဒီကိုပြောရင်း သူ့အတွက်သူ ရှင်းပြဖို့ အိမ်ကို အလျင်စလို ပြန်ဖို့ ပြင်တော့တယ်။

ဝမ်းရှောင်းယွင်က ပြောတယ်။ "သူမင်းကို တကယ်ကြိုက်မကြိုက် မသိချင်ဘူးလား"

ချန်ကျင့်ရွှယ်က တန့်သွားတယ်။

ဝမ်ရှောင်းယွင်က ဆက်ပြောလာတယ်။ "မင်းက သူစိတ်ဆိုးမှာ ပူနေတာမလား။ အဲဒါကလည်း သူမင်းကို ဂရုစိုက်တယ်ဆိုတာကို အခြေခံပြီးပြောတာပဲ။ သူသာ ဂရုမစိုက်ရင် မင်း တွေ့ဆုံပွဲသွားသွား မသွားသွား ဂရုစိုက်နေမှာမဟုတ်ဘူး"

သူက ချန်ကျင့်ရွှယ်ရှေ့မှာ အရက်ခွက်တစ်ခွက်ကို မြှောက်လိုက်တယ်။ "တစ်ခါလောက် စမ်းမကြည့်ချင်ဘူးလား"

ရိုးရိုးသားသားပြောရရင် ချန်ကျင့်ရွှယ်က စမ်းမကြည့်ရဲဘူး။

သူက အမြဲတမ်း အတော်လေး ကြောက်တတ်တယ်။ အဲဒါကြောင့် အချိန်မှန်မှာ မှန်တဲ့စကားကို ပြောတဲ့နေရာမှာ တော်တော်လေး ကောင်းတယ်၊ ကိစ္စတွေကို ကျေလည်အောင် လုပ်တဲ့နေရာမှာ အရမ်းတော်တယ်။

အဲဒီတုန်းက သူရှောင်ဖော့လန် စိတ်ပျော်အောင် ချော့နိုင်ခဲ့တာလည်း ဒါကြောင့်ပဲ၊

သူက အရမ်းကြောက်လွန်းလို့ ဖွင့်မပြောဝင့်ဘူး၊ ရှောင်ဖော့လန်ကို ဒီနှစ်တွေအများကြီး သဘောကျလာပြီးနောက်တောင်မှ သူရှောင်ဖော့လန်ဘေးမှာ နေနိုင်သရွေ့ လုံလောက်ပြီလို့ပဲ ခံစားလာရတာ။

ဒါပေမဲ့ ဝမ်ရှောင်းယွင်ရဲ့ စကားတွေက သူ့နှလုံးသားထဲက အလွန့်အလွန်ကြီးမားတဲ့ ချောက်ကြီးထဲမှာ သက်ဆင်းသွားပြီး သူ့ကို ခုန်ဆင်းလိုက်ဖို့ ဆွဲဆောင်းနေတယ်။

သူက ဆွဲဆောင်ခံလိုက်ရတယ်။

သူတကယ် ရှောင်ဖော့လန်ကို အရမ်းသဘောကျတယ်၊ အရမ်းသဘောကျလွန်းလို့ စစ်ပွဲတုန်းကလည်း အာရုံစိုက်မရဘဲ သူ့ကို ဂရုစိုက်ဖို့ ပြန်လာရဖို့အတွက်ပဲ စဉ်းစားနေခဲ့တာ။

ချန်ကျင့်ရွှယ်က ခြောက်ကပ်နေတဲ့အသံနဲ့ ပြောတယ်။ "သူက ဘာမှမခံစားရရင်..ဘယ်လို..ဘယ်လိုလုပ်မလဲ..."

ဝမ်ရှောင်းယွင်: "မင်းမှာ အရှုံးမရှိပါဘူး၊ အရင်အတိုင်းပဲ ပြန်ဖြစ်သွားမှာပဲ မဟုတ်ဘူးလား"

ချန်ကျင့်ရွှယ်က တော်တော်လေး နားဝင်သွားတယ်။ သူက ပြန်ထိုင်ချလိုက်ပြီး ဝမ်ရှောင်းယွင်နဲ့ အတူတူ ထိုင်သောက်နေတော့တယ်။

စိတ်လှုပ်ရှားနေလို့လား၊ ကြောက်စိတ်ကြောင့်လား၊ အကြာကြီးနေအောင် အရပ်တစ်ခွက်မှ မသောက်တဲ့ သူက ခွက်အနည်းငယ် ဆက်တိုက်ချပစ်လိုက်တယ်။

ညနက် ၁၂ နာရီထိုးတော့မှ ဝမ်ရှောင်းယွင်က မတ်တပ်ရပ်လိုက်ပြီး "သွားဖို့ ပြန်ဖို့ အချိန်ကျပြီ"

ချန်ကျင့်ရွှယ်က အိမ်ကို မူးဝေစွာနဲ့ ပြန်သွားပြီ။ သူပြန်သွားတာနဲ့ ကျွမ်းဖော့ကို ဆိုဖာပေါ်မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။

ချန်ကျင့်ရွှယ်က အရင်ဆုံး ကျွမ်းဖော့ကို တစ်ချက် လှမ်းကြည့်လိုက်တယ်။ သူက ကာတွန်းကားလည်းကြည့်မနေဘူး၊ မုန့်လည်း စားမနေသလို ဂိမ်းလည်း မကစားဘူး။

ချန်ကျင့်ရွှယ်ပြန်လာတာနဲ့ ကျွမ်းဖော့က စိတ်မကျေနပ်တဲ့ အမူအရာအပြည့်နဲ့ မတ်တပ်ရပ်ပြီး ပြောတယ်။ "ခင်ဗျား ပြန်လာဖို့ သိသေးတယ်နော်!"

ချန်ကျင့်ရွှယ်က တစ်ခဏလောက် တွန့်ဆုတ်သွားပေမဲ့ အထဲကို လှမ်းဝင်လာခဲ့တယ်။ "ကိုယ့်ကို စောင့်နေတာလား"

ကျွမ်းဖော့က စိတ်မပျော်မရွှင်နဲ့ ပြောတယ်။ "တွေ့ဆုံပွဲက ဘာလို့ ဒီလောက်တောင် ကြာရတာလဲ"

ချန်ကျင့်ရွှယ်က တစ်ခုခုပြောချင်ပေမဲ့ သူ့လျှာဖျားထိပ်က စကားလုံးတွေကို ပြန်မျိုချလိုက်တယ်။ သူ့ရဲ့စစ်ကုတ်အင်္ကျီကို အသံတိတ် ချွတ်လိုက်ပြီး နံရံမှာ ချိတ်လိုက်တယ်။

သူစကားမပြောတာကို တွေ့တော့ အမြဲတမ်း အလိုလိုက်ခံခဲ့ရတဲ့ ကျွမ်းဖော့တစ်ယောက်ဟာ ချက်ချင်းဆိုသလို ကွဲပြားခြားနားချက်ကြီးကို ခံစားလိုက်ရတယ်။

နောက်ပြီး နည်းနည်းလည်း မတရားသဖြင့် ခံလိုက်ရသလို ခံစားလိုက်ရတယ်။

ဖြစ်သင့်တာပဲ၊ လက်ထပ်ပြီးသားယောက်ျားတွေက... အကုန်လုံး သူတို့မိန်းမတွေကိုပဲ အလုပ်အကျွေးပြုတော့မှာပဲလေ ဟုတ်တယ်မလား။

မိစ္ဆာအစေခံလေးကလည်း အတူတူပဲ၊ မိန်းမတစ်ယောက်နဲ့ဆို သူ့သခင်ကတောင် အရေးကြီးတော့မှာ မဟုတ်ဘူး။

ကျွမ်းဖော့က ချန်ကျင့်ရွှယ်ကို အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်။ သူ တခြားဘာမှ မပြောတာကို တွေ့တော့ ကျွမ်းဖော့ဟာ ရုတ်ခြည်း တစ်ဖက်ကို လှည့်သွားပြီး အပေါ်ထပ်ကို ပြေးတက်သွားတယ်။

သူစိတ်ဆိုးမာန်ဆိုး အပေါ်ထပ်ကို တက်သွားတာကို တွေ့လိုက်ရတော့ ချန်ကျင့်ရွှယ်က အမှန်ပြောရရင် စပြီး နောင်တရလာတယ်။

သူ့က ပိုပြီး အရက်မူးပြေသွားအောင် အရင်ဆုံး မျက်နှာသစ်လိုက်ရင်း ပိုလို့တောင် နောင်တရလာတော့တယ်။

ဘာကို အစမ်းလုပ်ကြည့်ရမှာလဲ၊ ရှောင်ဖော့လန် မပျော်တာကိုတွေ့ရတာ သူလည်း လုံးဝကို စိတ်မပါတော့ဘူး။

ချန်ကျင့်ရွှယ်က ချက်ချင်း လှည့်ပြီး အပေါ်ထပ်ကို လိုက်သွားတယ်။ "ရှောင်ဖော့လန် ကိုယ်ရှင်းပြပါ့မယ်၊ ကိုယ်က..."

သူက စကားတောင် ပြောလို့မပြီးသေးဘူး၊ ရှောင်ဖော့လန်ကို အိတ်အကြီးအသေးတွေ အများကြီးကို သယ်ပြီး အခန်းအပြင်ကို ထွက်လာတာ တွေ့လိုက်ရတယ်။

ချန်ကျင့်ရွှယ်က တောင့်တင်းသွားတယ်။ "မင်း ဘာလုပ်..."

ရှောင်ဖော့လန်က ပခုံးပေါ်မှာ အိတ်နှစ်အိတ်ကိုထမ်း၊ လက်ထဲမှာ အိတ်နှစ်အိတ်ဆွဲထားပြီး နောက်တစ်အိတ်ကိုတော့ လည်ပင်းမှာ ချိတ်ထားတယ်။ ရှုးရှုးရှဲရှဲနဲ့ သူက ချန်ကျင့်ရွှယ်ကို ခုန်ကျော်သွားပြီး အောက်ထပ်ကို ဆင်းသွားတယ်။

ဒါပေမဲ့ သူက တကယ် အိတ်တွေ အများကြီး သယ်ထားမိတယ်။ အောက်ထပ်ဆင်းသွားတဲ့အခါ အဲဒါတွေကို မထိန်းထားနိုင်တော့ဘူး။ ခြေထောက်တွေက ချောထွက်သွားပြီး ဖင်ထိုက်လျက်ကျသွားကာ လှေကားအောက်ကို လျောဆင်းသွားတယ်။ သူ့လက်ထဲက အိတ်တွေကလည်း တစ်ကွဲတစ်ပြားစီ လွင့်သွားတယ်။

"ရှောင်ဖော့လန်!" ချန်ကျင့်ရွှယ်က အလျင်စလို အောက်ဆင်းပြီး သူ့ကို ထူပေးဖို့ သွားတယ်။

ကျွမ်းဖော့က သူ့အကူအညီကို လက်မခံဘဲ ပြန့်ကျဲနေတဲ့ ကြမ်းပေါ်က "အိတ်" တွေကို ကောက်ယူဖို့ သွားတယ်။

ချန်ကျင့်ရွှယ်ဟာ ကြမ်းပေါ်က အိတ်တွေကို ကြည့်ပြီး သူ့နှလုံးသားဟာ ညှစ်ခံထားရသလို နာကျင်လာတယ်။

ချန်ကျင့်ရွှယ်ရဲ့ အကြည့်ကို သတိထားမိတဲ့အခါမှာ ကျွမ်းဖော့ရဲ့ အိတ်ကိုကောက်နေတဲ့ သူ့လှုပ်ရှားမှုဟာ နှေးသွားပြီး၊ တဖြည်းဖြည်း ပိုပိုနှေးသွားတယ်။ အဆုံးမှာတော့ ပစ္စည်းတွေကို အောက်ချလိုက်ပြီး ပြောတယ်။ "ကြည့်မနေနဲ့တော့! အဲဒါတွေအကုန်လုံး ခင်ဗျား ကျွန်တော့်ကို ပေးထားတာတွေ ဖြစ်တော့ရော ဘာအရေးလဲ၊ ကျွန်တော် ယူသွားလို့မရဘူးလား!"

နောက်တော့ ကြမ်းပေါ်ကို ကြည့်လိုက်တယ်၊ ချန်ကျင့်ရွှယ်ဝယ်ပေးထားတဲ့ ဂိမ်းကစားတဲ့ ခလုတ်ခုံလေး၊

အဝတ်တွေအားလုံးက သူ ဝယ်ပေးထားတာ။

မုန့်တွေတောင်မှပဲ အကုန် သူဝယ်ပေးထားတာ။

ကျွမ်းဖော့ဟာ သူ့မှာ ယူသွားစရာ သူ့ဘာသူဝယ်ထားတဲ့ပစ္စည်း ဘာတစ်ခုမှ မရှိတာကို စိတ်ပျက်လက်ပျက် တွေ့လိုက်ရတယ်!

ဝါး ဒါက မိစ္ဆာတစ်ယောက်ရဲ့ ဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံးအချိန်ပဲ ဖြစ်ရမယ်။

သူက သူ့ရဲ့ကိုယ်ပိုင်မိစ္ဆာအစေခံရဲ့ စွန့်ပစ်တာကို ခံရတဲ့ မိစ္ဆာတစ်ကောင်ပဲ။

ချန်ကျင့်ရွယ်က တိတ်ဆိတ်စွာနဲ့ ကြမ်းပေါ်က ပြန့်ကျဲနေတဲ့ ပစ္စည်းတွေကို ကူပြီး သိမ်းပေးနေတယ်။ အဲဒါတွေကို သိမ်းပြီးနောက်မှာ နောက်ဆုံးတော့ ပြောလာတယ်။ "မင်းက ထွက်သွားချင်လို့လား"

ကျွမ်းဖော့က ဆိုတယ်။ "ဟုတ်တယ်၊ ခင်ဗျားရဲ့နေရာမှာ မနေချင်တော့ဘူး"

ချန်ကျင့်ရွှယ်ရဲ့ခေါင်းဟာ ဗလာကျင်းသွားတယ်၊ သေချာပေါက သူဒီည ဘာမှ မစမ်းကြည့်ခဲ့သင့်ဘူးလို့ ခံစားနေရတယ်။ အဲဒါဆိုရင် ဒီလိုမျှော်လင့်ချက်မျိုးကို ထားမိမှာမဟုတ်ဘူး။

အတိတ်က မျှော်လင့်ထားသလောက်ကို အခု သူဆုံးရှုံးလိုက်ရသလို ခံစားနေရတယ်။

သူက ခဏလောက် တိတ်ဆိတ်နေပြီးနောက်မှာ မေးလိုက်တယ်။ "ဘာလို့လဲ"

ကျွမ်းဖော့က မတရားခံရသလို ခံစားနေရပြီးပြီ။ သူဒီလိုမေးလိုက်တာကို ကြားတော့ ပိုလို့တောင် စိတ်ထဲမှာ ဆိုးရွားသွားတယ်။ "ခင်ဗျားတို့လူတွေက အကုန်လုံး အတူတူပဲ၊ ဝမ်ရှောင်းယွင်က သခင့်ကို လှည့်ဖျားပြီး ခေါ်သွားတယ်၊ သခင်က ကျွန်တော်ခစားတာကို မလိုအပ်တော့ဘူး။ အခု ခင်ဗျားကိုလည်း တခြားတစ်ယောက်က လှည့်ဖျားပြီးခေါ်သွားတော့မယ်၊ နောက်ဆို ကျွန်တော့်ကို ခစားတော့မှာ မဟုတ်ဘူး"

သူက ဘာလုပ်ဖို့နေရမှာလဲ၊ ချန်ကျင့်ရွှယ် တခြားတစ်ယောက်ကို လုပ်ကျွေးနေတာကို ကြည့်ဖို့လား။ ကျွမ်းဖော့က ဒီအကြောင်း စဉ်းစားမိလေလေ၊ ခံစားချက်က ဆိုးရွားလာလေလေပဲ။ ဘယ်လိုများ ဒီမိစ္ဆာအစေခံလေးက သူ့ကို စွန့်ပစ်ပြီး တခြားသူတစ်ယောက်ကို ရှာနိုင်ရတာလဲ။ သူဆို သခင်တစ်ယောက်တည်းကိုပဲ အသိအမှတ်ပြုပြီး အဲဒါ တစ်ဘဝစာအတွက်ပဲ၊ ဘာလို့ ချန်ကျင့်ရွှယ်ကရော တစ်ဘဝစာအတွက် မဖြစ်ရတာလဲ"

ချန်ကျင့်ရွှယ်က အစတုန်းက ကြီးကြီးမားမား ဆုံးရှုံးလိုက်ရသလို ခံစားမှုကြောင့် ရိုက်ခတ်ခံလိုက်ရတယ်။ မမျှော်လင့်ဘဲ ရှောင်ဖော့လန် ဒီလိုပြောတာကို ကြားလိုက်ရတော့ ခဏလောက် သူ့အတွေးတွေကို မစုစည်းနိုင်တော့ဘူး။ သူ့ရဲ့အရက်ကြောင့်ထွေနေတဲ့စိတ်ဟာ စပြီး မူးဝေလာတယ်။

"ကိုယ်က ဘယ်သူလှည့်ဖျားတာမှ ခံရတာမဟုတ်ဘူး" သူက ပြောတယ်။ "မင်းကိုယ့်ကို တွေ့ဆုံပွဲတွေ မသွားစေချင်ဘူးလား"

ကျွမ်းဖော့က ခေါင်းမာစွာနဲ့ ပြောတယ်။ "ခင်ဗျား ချိန်းတွေ့တာ မတွေ့တာ ဘယ်သူက ဂရုစိုက်နေလို့လဲ၊ ကျွန်တော်တစ်ယောက်တည်းကိုပဲ တစ်သက်လုံး အလုပ်အကျွေးပြုမဲ့ ပိုပြီးကောင်းတဲ့ မိစ္ဆာအစေခံတစ်ယောက် သွားရှာမယ်။ ကျွန်တော်..."

သူက စကားပြောလို့တောင် မပြီးသေးဘူး၊ ချန်ကျင့်ရွှယ်က သူ့လက်ထဲက ခရီးဆောင်အိတ်နဲ့ အိတ်တွေကို ဆွဲယူသွားတယ်။

သူ့ ခရီးဆောင်အိတ်တွေ ဆွဲယူသွားခံလိုက်ရတာကို တွေ့မှ ရှောင်ဖော့လန်ဟာ တိတ်တိတ်လေး သက်ပြင်းမောကြီးကို မှုတ်ထုတ်လိုက်တယ်။

သူ... သူကလည်း သိပ်ပြီး သွားချင်တာ မဟုတ်ပါဘူး....

အဲဒါကြောင့် သူက ပစ္စည်းတွေကို သိုလှောင်စနစ်ထဲကိုတောင် မထည့်ခဲ့ဘူး...

ဒါပေမဲ့ အပြင်မှာတော့ သူက ပိုပိုသာသာတောင် ပြောလိုက်သေးတယ်။ "ပစ္စည်းတွေ ကျွန်တော့်ကို ပြန်ပေး၊ ကျွန်တော့်ကို ပိတ်ထားပြီး သွားခွင့်မပေးရင်တောင် ကျွန်တော်ကတော့ နေမှာမဟုတ်ဘူး"

ချန်ကျင့်ရွှယ်က ဒီစကားတွေကို လျစ်လျူရှုထားလိုက်တယ်။ ကြည့်ရတာ အရက်က သူ့ကို သတ္တိတွေပေးတာလားမသိ၊ သူက ပါးစပ်ဟလိုက်ပြီး ပြောတယ်။ "ကိုယ် တွေ့ဆုံပွဲ မသွားခဲ့ဘူး။ ကိုယ့်အမေက ကိုယ့်ကို လက်ထပ်စေချင်နေတာ နှစ်တွေကြာနေပြီ၊ ဒါပေမဲ့ သူစီစဉ်ပေးတဲ့ ပွဲတွေတစ်ခုမှ ကိုယ်မသွားခဲ့ဘူး။ ဒီနေ့လည်း မသွားခဲ့ဘူး"

ကျွမ်းဖော့က တစ်စက္ကန့်လောက် ခဲသွားတယ်၊ နည်းနည်းလည်း အပြစ်ရှိသလို ခံစားလိုက်ရတယ်။ မသွားဘူးလား။

ဒါဆို...

သူက မေးချင်ခဲ့တယ်: ဘာလို့ ဒီလောက် နောက်ကျမှ ပြန်လာတာလဲ။

အဲဒီနောက် ချန်ကျင့်ရွှယ်ပြောတာကို ကြားလိုက်တယ်။ "ကိုယ့်အမေကို ပြောထားတယ်၊ ကိုယ်သဘောကျတဲ့သူရှိတယ်လို့။ အမေက ကိုယ်လက်မထပ်ချင်လို့ လိမ်ပြောနေတယ်လို့ပဲ ထင်နေတယ်။ ဒီတစ်ခေါက်တော့ ကိုယ်သူ့ကို မညာခဲ့ဘူး။ တကယ် ကိုယ်သဘောကျတဲ့သူရှိတယ်"

ကျွမ်းဖော့မျက်နှာက နောက်တစ်ဖန် တောင့်တင်းသွားတယ်။ သေချာပေါက် ချန်ကျင့်ရွှယ်က သူ့ကို စွန့်ပစ်ပြီး တခြားတစ်ယောက်ကို လုပ်ကျွေးတော့မှာပဲ။

သူက ခရီးဆောင်အိတ်ကို မပြီး သွားဖို့ ပြင်လိုက်တယ်။

ချန်ကျင့်ရွှယ်က ပြောတယ်။ "ကိုယ်မင်းကို သဘောကျတယ်"

ကျွမ်းဖော့: "...."

သူ့ရဲ့ မိစ္ဆာခေါင်းလေးက သိပ်ပြီး ကောင်းကောင်း အလုပ်မလုပ်တဲ့ပုံပဲ။

ချန်ကျင့်ရွှယ်က ပြောတယ်။ "ကိုယ်က မင်းကို တော်တော်ကြာအောင် သဘောကျလာတာကြောင့်ထင်တယ်၊ အဲဒီအကြောင်း ဘယ်လိုထုတ်ပြောရမလဲကို မသိဘူး။ တကယ်လို့...."

သူက စက္ကန့်အနည်းငယ် တန့်သွားပြီး အသက်ခပ်ပြင်းပြင်း ရှိုက်သွင်းလိုက်ပြီး အနည်းငယ် တုန်ယင်နေတဲ့ အသံနဲ့ ပြောတယ်။ "တကယ်လို့... ကိုယ့်ကို အရမ်းဆိုးရွားတယ်လို့ မထင်ရင် အခွင့်အရေးတစ်ခုလောက် ပေးပါလား"

ကျွမ်းဖော့ရဲ့ ခေါင်းက လုံးဝကို အလုပ်မလုပ်တော့ဘူး။

ချန်ကျင့်ရွှယ်က တွေးနေသလို ဆိုလိုတာအမှန်လား။

ချန်ကျင့်ရွှယ်က တွေ့ဆုံပွဲမသွားချင်တာ... သူနဲ့ တွဲချင်လို့လား....

"ပေးနိုင်လား" ချန်ကျင့်ရွှယ်အသံက ခြောက်ကပ်ပြီး အက်ကွဲနေတယ်။ "ရှောင်ဖော့လန်"

ကျွမ်းဖော့က ချန်ကျင့်ရွှယ်ရဲ့ မျက်လုံးထဲကို ကြည့်လိုက်တယ်။ ဒီမျက်လုံးတွေထဲမှာ ချောက်ချားမှုတွေနဲ့ ဂနာမငြိမ်မှုတွေ တွေ့နေရတယ်။ ဒါပေမဲ့လည်း သူတစ်ခါမှ သတိမထားမိတဲ့ ရှုပ်ထွေးတဲ့ စိတ်ခံစားချက်တစ်မျိုးနဲ့လည်း ပြည့်နေသေးတယ်။

ကျွမ်းဖော့က အလျင်စလို ခေါင်းငုံ့လိုက်ပြီး ချန်ကျင့်ရွှယ်ကို မျက်လုံးချင်းဆုံအောင် မကြည့်ရဲဘူး။ သူ့အသံကလည်း ခြောက်ပြီး အက်နေတယ်။ "ဘယ်လောက်.. ဘယ်လောက်တောင် ရဲတင်းလှတာလဲ။ ကိုယ့်သခင်၊ ကျွန်တော့်ကိုတောင် လိုချင်တပ်မက်နေတာ..."

ချန်ကျင့်ရွှယ်က ပြောတယ်။ "အင်း"

ကျွမ်းဖော့က သူ့ကိုယ်ထဲက စွမ်းအင်ကျောက်တုံးက မီးလောင်နေလားလို့တောင် ထင်မိတယ်။ မဟုတ်ရင် ဘာလို့ ဒီလောက်တောင် ပူလောင်နေရတာလဲ။

ချန်ကျင့်ရွှယ်က ထပ်မေးတယ်။ "အခွင့်အရေးပေးနိုင်မလား"

သူက အဖြေကို ရမှဖြစ်မယ်လို့ စိတ်ဆုံးဖြတ်ထားသလိုပဲ။

ကျွမ်ဖော့ဟာ သူ့ကိုယ်ပိုင်ဆက်သွယ်ရေးစက်ကို တိတ်တဆိတ်ထုတ်လိုက်ပြီး ရိုကျိုးစွာ ပြောတယ်။ "ကျွန်တော်... ကျွန်တော် မိစ္ဆာနဲ့ လူသားကြားက ဆက်ဆံရေးက စည်းကမ်းနဲ့ညီရဲ့လားဆိုတာ အရင် စစ်ဆေးကြည့်ရမယ်"

သခင်က ပြောဖူးတယ်၊ သူက မိစ္ဆာတွေကို လက်လွတ်စပယ် အသက်သွင်းပေးလို့မဖြစ်ဘူးတဲ့။

ဒါပေမဲ့ အခု သူလုပ်ခဲ့ပြီးပြီဖြစ်တာမို့ ကျွမ်းဖော့က စည်းကမ်းဆန့်ကျင်တဲ့ကိစ္စမျိုး မလုပ်အောင် သူသေချာ ဂရုစိုက်ဖို့ လိုတယ်။

ချန်ကျင့်ရွှယ်နှလုံးသားထဲက စိုးရိမ်ပူပန်မှုဟာ ပြေလျော့သွားတယ်။ စိုးရိမ်ပူပန်မှု၏ ရိုက်ခတ်မှုကြောင့် ချာချာလည်နေတဲ့ခေါင်းဟာလည်း ပျော်ရွှင်သွားပြီး ချန်ကျင့်ရွှယ်က သူ့စိတ်က အတွေးထက်တောင်မှ ပိုပြီးလျင်မြန်စွာ လှုပ်ရှားပြီး ရှောင်ဖော့လန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။

"စည်းကမ်းကို မဆန့်ကျင်ပါဘူး" သူက ပြောလိုက်တယ်။ "ကိုယ်တို့က ကောင်းချီးပေးမှုတွေပဲ ရမှာပါ"

ကျွမ်းဖော့: "....အိုး"

ကျွမ်းဖော့: ".... အဲဒါ အဲဒါဆိုရင်တော့ ခွင့်ပြုလိုက်မယ်လေ"

——

ပြီးပါပြီ

Akira: နောက်ဆုံးတော့ ကျိုးကျိုးလေးတို့ကို နှုတ်ဆက်ဖို့အချိန်ရောက်လာပါပြီ၊ မခွဲချင်သေးပေမဲ့ စောင့်နေကြမှာစိုးလို့ နောက်ဆုံးအပိုင်း ပြန်ပေးလိုက်ပါပြီ TT ဒီလို ချစ်စရာကောင်းတဲ့ အတွဲလေးတွေကို ချစ်ပေးကြတဲ့သူတွေ၊ ကိုယ့်ရဲ့ အပျော်တမ်းဘာသာပြန်လေးကို သည်းခံဖတ်ရှုပေးတဲ့သူတွေလည်း ကျးဇူးတင်ပါတယ်နော်~ ကိုယ့်ဘာသာပြန်ကြောင့် အနှောင့်အယှက်မဖြစ်ဘူး၊ ဒီလိုချစ်စရာလေးတွေ ဖတ်ချင်ပေမဲ့.. ဘာသာပြန်မရှိသေးတာဆိုရင် ပြောသွားလို့ရပါတယ်၊ Smut တွေအများကြီးပါတာတွေ ကိုယ်က ဖတ်ရတာကြိုက်ပေမဲ့ ချောမွေ့အောင် မပြန်တတ်ပါဘူး၊ ပွင့်ပွင့်လင်းလင်းပြောထားတာပါ။ ဒါပေမဲ့ စောင့်နိုင်မှ ပြောပါနော်၊ တစ်ပတ်တစ်ပိုင်းလောက်ပဲ update ပေးနိုင်လို့ပါ။ မဟုတ်ရင်တော့ GUEE ပဲ ဆက်ပြန်ပါ့မယ်.. အသစ်မကိုင်တော့ပါဘူး.

-Zawgyi-

အပိုင္း ၆၇: Extra 4: ခ်န္က်င့္ရႊယ္ x ေရွာင္ေဖာ့လန္

အသစ္ျပန္လည္တည္ေဆာက္ျခင္းႏွင့္ မက္ခါေခတ္သို႔ ေျပာင္းလဲမႈအသစ္ကူးေျပာင္းလာတာနဲ႔အတူ ကၽြမ္းေဖာ့က စၾကဝဠာထဲမွာ ကၽြမ္းက်ိဳးၿပီးရင္ နာမည္အႀကီးဆုံး "ဆရာႀကီး" တစ္ဆူျဖစ္လာခဲ့တယ္။

ေဈးကြက္ထဲမွာ ေပၚလာတဲ့ စိတ္သႏၲာန္မက္ခါေတြတိုင္းက အကုန္လုံး ကၽြမ္းေဖာ့လက္ရာေတြခ်ည္းပဲ။ ဒါေပမဲ့ နာမည္ႀကီးသတင္းမီဒီယာအတြက္ အင္တာဗ်ဴးေတြမွာဆိုရင္ ကၽြမ္းေဖာ့က အျမဲတမ္း ထည့္ေျပာေလ့ရွိတယ္။ "ကၽြန္ေတာ့္ကို ခ်ီးက်ဴးစရာမလိုပါဘူး။ ဒါေတြကို ဒီလိုမ်ိဳး ဖန္တီးနိုင္ေအာင္ သင္ၾကားေပးခဲ့တဲ့ ဆရာ့ေၾကာင့္ပါပဲ"

ၾကယ္စုကြန္ရက္တစ္ခုလုံးက ကၽြမ္းေဖာ့ကို ကိုယ့္ကိုယ္ကိုယ္ ႏွိမ့္ခ်တတ္တဲ့အတြက္ ခ်ီးက်ဴးတဲ့အျပင္ စကားတစ္ခြန္းကိုလည္း ထည့္ေျပာတတ္ၾကတယ္။ ကၽြမ္း-ေလာင္ရွီးက အရမ္းထူးခၽြန္တဲ့အတြက္ သူသင္ၾကားေပးတဲ့ စာသင္သားကလည္း ထူးခၽြန္တာလို႔ေလ။

ဒါေပမဲ့ ဝမ္ေရွာင္းယြင္နဲ႔ ခ်န္က်င့္ရႊယ္ပဲ ကၽြမ္းေဖာ့ေျပာတာ အမွန္ေတြဆိုတာ သိတယ္။

ဘာလို႔လဲဆိုေတာ့ ကၽြမ္းေဖာ့က ကၽြမ္းက်ိဳးကို အရမ္းကပ္ေနရတာ တကယ္ကို သေဘာက်လြန္းတယ္ေလ!

သူက တကယ္ႀကီး သူကိုယ္တိုင္ကိုက စက္႐ုပ္တစ္႐ုပ္ျဖစ္ခဲ့တာေလ။ သူဘာမွမသိဘူးလို႔ေျပာဖို႔က မျဖစ္နိုင္ဘူးဆိုေပမဲ့ ေန႔တိုင္း ကၽြမ္းက်ိဳးေရွ႕မွာဆို ဟန္ေဆာင္ၿပီးေနရတာကို သေဘာက်တယ္။ ဒီေန႔ "သခင္ေရ ကၽြန္ေတာ္ ဒါဘယ္လိုလုပ္ရမလဲမသိဘူး" ျဖစ္မယ္ - မနက္ျဖန္က်ရင္ "သခင္ ကၽြန္ေတာ္ လုပ္ထားတာေလး မွန္ရဲ့လား" ျဖစ္သြားလိမ့္မယ္။

သူက ကၽြမ္းက်ိဳးကို တစ္ညလုံး ကပ္ေနၿပီး အရမ္းကို ကပ္ေစးကိတ္ျဖစ္ေနတာမို႔ ဝမ္ေရွာင္းယြင္က ကၽြမ္းက်ိဳးနဲ႔ အတြင္းက်က်ရင္းႏွီးဖို႔ အခ်ိန္ေတာင္မရွိေတာ့ဘူး။

အဲဒီေနာက္မွာ ဝမ္ေရွာင္းယြင္က ကၽြမ္းေဖာ့ကို ၿမိဳ႕ေတာ္ၿဂိဳလ္ကို အတင္းအက်ပ္ျပန္လႊတ္လိုက္တယ္။

အစက ဝမ္ေရွာင္းယြင္က ၿမိဳ႕ေတာ္ၿဂိဳလ္ကို ျပန္ေရာက္သြားရင္ ဒီကပ္ေစးကိတ္မိစၧာေလး ေရွာင္ေဖာ့လန္က နည္းနည္းပါးပါး တည္ၿငိမ္သြားမယ္လို႔ ထင္ထားခဲ့တာ။ ဒါေပမဲ့ တကယ့္လက္ေတြ႕မွာ ကၽြမ္းက်ိဳးရဲ့ ကိုယ္ပိုင္သုံးဆက္သြယ္ေရးစက္က ၂၄ နာရီ ခ်ိတ္ဆက္လို႔ရေနတယ္ေလ။

ၿမိဳ႕ေတာ္ၿဂိဳလ္ကို ျပန္သြားတဲ့ ပထမရက္မွာ ကၽြမ္းေဖာ့က သူ႔သခင္ကို လြမ္းလို႔ ဆက္သြယ္ေရးစက္ကို ၂၄ နာရီ ဆက္သြယ္ထားပါေရာ။

ၿမိဳ႕ေတာ္ၿဂိဳလ္ကို ျပန္ေရာက္သြားၿပီး ဒုတိယရက္မွာေတာ့ ကၽြမ္းေဖာ့က အထူးတလည္ကို သခင္ကို လြမ္းေနလို႔ဆိုၿပီး ဆက္သြယ္ေရးစက္ကို ၂၄ နာရီ ဆက္သြယ္ထားတယ္။

ၿမိဳ႕ေတာ္ၿဂိဳလ္ကို ျပန္ေရာက္သြားၿပီး တတိယရက္...

ဝမ္ေရွာင္းယြင္ဟာ ကၽြမ္းက်ိဳးရဲ့ ကိုယ္ပိုင္ဆက္သြယ္ေရးစက္ကို ဆြဲယူၿပီး ကၽြမ္းေဖာ့ရဲ့နံပါတ္ကို ဘလက္လစ္ထဲသြင္းလိုက္ေတာ့တယ္။

ကၽြမ္းေဖာ့: "?"

မိစၧာေလးဟာ သခင္ရဲ့ ဆက္သြယ္ေရးစက္ကို ဆက္သြယ္လို႔မရလို႔ ခ်န္က်င့္ရႊယ္ရဲ့ ဆက္သြယ္ေရးစက္နဲ႔ ေခၚဖို႔လုပ္တယ္။

အဲဒီေနာက္ေတာ့ ခ်န္က်င့္ရႊယ္ရဲ့ နံပါတ္လည္းပဲ ဘလက္လစ္စာရင္းဝင္သြားေတာ့တယ္။

ကၽြမ္းေဖာ့က အလြန္အမင္းကို စိတ္မေက်မနပ္ျဖစ္သြားတယ္။ "ဖူးဖူးမႈတ္ခံထားရလို႔ ဘဝင္ေလဟပ္ေနတဲ့သူက သိပ္ၿပီးၾကာၾကာမခံတတ္ဘူး။ သခင္က သူ႔ကို အရမ္းျမန္ျမန္ ကန္ထုတ္လိုက္လိမ့္မယ္"

ခ်န္က်င့္ရႊယ္က ေခါင္းေတြကြဲထြက္မတတ္ ကိုက္ေနၿပီးေတာ့ ေျပာလိုက္တယ္။ "ဘိုးေဘးေလးေရ သူတို႔ႏွစ္ေယာက္သာ တကယ္ႀကီး ကြဲသြားရင္ေတာ့ အရင္ဆုံး ကံဆိုးမိုးေမွာင္က်မဲ့သူက ငါတို႔ပဲ ျဖစ္လိမ့္မယ္"

ဘာလို႔လဲဆိုေတာ့ ဝမ္ေရွာင္းယြင္က ေသခ်ာေပါက္ စိတ္အေျခအေန ေကာင္းမွာမဟုတ္လို႔ပဲ။ သူ႔ရဲ့ ဆိုးရြားတဲ့ စိတ္အေျခအေနအရဆို ဓားသြားေအာက္မွာေနရမဲ့သူက သူတို႔ပဲျဖစ္သြားမွာပဲ။

ကၽြမ္းေဖာ့က သူ႔ကို မယုံဘူး။ သခင္ ဝမ္ေရွာင္းယြင္ကို ကန္ထုတ္မဲ့ေန႔ကို ေစာင့္ေနခဲ့တယ္။

ေစာင့္ရင္းေစာင့္ရင္းနဲ႔ ႏွစ္ေတြ တစ္ႏွစ္ၿပီးတစ္ႏွစ္ ကုန္လြန္လာတယ္။ သူေတာင္မွ စၾကဝဠာထဲမွာ လူသိမ်ားထင္ရွားေက်ာ္ၾကားတဲ့ မက္ခါဖန္တီးသူ ဆရာတစ္ဆူျဖစ္လာၿပီ၊ သခင္ကေတာ့ ဝမ္ေရွာင္းယြင္ကို ကန္မထုတ္ေသးဘူး။ ဆန႔္က်င္ဘက္အေနနဲ႔ သူတို႔က လက္ေတာင္ထပ္သြားေသးတယ္။

ကၽြမ္းေဖာ့က သတို႔သားအရံလုပ္ခဲ့တယ္။

ခ်န္က်င့္ရႊယ္ကလည္း သတို႔သားအရံပဲ။

ကၽြမ္းေဖာ့က ေတာ္ေတာ္ေလး စိတ္ဓာတ္က်သြားတယ္။

ဘာလို႔လဲဆိုေတာ့ ခ်န္က်င့္ရႊယ္က သူ႔ထက္ နည္းနည္းေလး အရပ္ရွည္ေနတာကို သိလိုက္ရလို႔ပဲ။ သူက သခင့္ရဲ့ အေခ်ာဆုံး သတို႔သားအရံမဟုတ္ခဲ့ဘူး။

သူက ဒီမွာ ေတာ္ေတာ္ေလး မၾကည္မလင္ျဖစ္ေနတယ္။ သူေကာင္းကင္ဘုံစစ္ေဆးခ်က္ကို ေက်ာ္ျဖတ္ၿပီး လူသားအသြင္ျဖစ္လာတုန္းက သူ႔သခင္ရဲ့ အသြင္အျပင္အတိုင္း ေျပာင္းမလာသင့္ဘူး။ ဝမ္ေရွာင္းယြင္ရဲ့ ႐ုပ္သြင္အတိုင္း ေျပာင္းလာခဲ့ရမွာ။ ေျပာရရင္ ဝမ္ေရွာင္းယြင္က ထြားၿပီး အရပ္လည္းရွည္တယ္ေလ။

အဲဒီလိုသာဆို သူက သခင္မွီခိုအားထားရတဲ့သူတစ္ေယာက္ ျဖစ္လာလိမ့္မယ္။

ခ်န္က်င့္ရႊယ္က ရယ္ရမလား ငိုရမလားေတာင္ မသိေတာ့ဘူး။ "ငါတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ သိလာတာ ဘယ္ေလာက္ေတာင္ရွိၿပီလဲ၊ အခုမွ ငါက မင္းထက္အရပ္ရွည္တာကို သတိထားမိတာလား"

ကၽြမ္းေဖာ့က လန႔္သြားတယ္။ "ဆိုေတာ့ ကၽြန္ေတာ္ ခင္ဗ်ားကို တစ္ခါမွ ေသေသခ်ာခ်ာ မၾကည့္ဖူးဘူးထင္တယ္"

ခ်န္က်င့္ရႊယ္: "......."

ငါ့ရင္တည့္တည့္ကို ဓားနဲ႔မစိုက္ပါနဲ႔လား။

မဂၤလာေဆာင္ကို အစကေနအဆုံးထိ တိုက္ရိုက္ထုတ္လႊင့္ခဲ့တယ္။ မဂၤလာေဆာင္တဲ့ေန႔မွာ အခမ္းအနားကို လာတက္ေရာက္တဲ့ နာမည္ႀကီးလူႀကီးလူေကာင္းတိုင္းဟာ ၾကယ္အစုအေဝးကြန္ရက္ရဲ့ ရွာေဖြမႈအမ်ားဆုံးစာရင္းမွာ ေပၚလာၾကတယ္။

ၾကယ္အစုအေဝးကြန္ရက္တစ္ခုလုံးမွာ ကၽြမ္းက်ိဳးနဲ႔ဝမ္ေရွာင္းယြင္ရဲ့ မဂၤလာေဆာင္နဲ႔ပတ္သက္တဲ့ tag တင္ကို ၂၀ ေက်ာ္ေလာက္ရွိတယ္။

သတို႔သားအရံႏွစ္ေယာက္ျဖစ္တဲ့ ကၽြမ္းေဖာ့နဲ႔ ခ်န္က်င့္ရႊယ္ေတာင္မွပဲ ရွာေဖြမႈအမ်ားဆုံးစာရင္းရဲ့ အဆုံးသတ္နားမွာ ကပ္ၿပီးပါလာေသးတယ္။

"မဂၤလာေဆာင္မတိုင္ခင္က ငါခန႔္မွန္းထားတာ၊ သတို႔သားအရံတစ္ေယာက္ကသာ ဆရာႀကီး ကၽြမ္းေဖာ့ဆိုရင္ တျခားတစ္ေယာက္က ဒုဗိုလ္ခ်ဳပ္ခ်န္ျဖစ္မယ္ေပါ့ ေနပါဦးမဟုတ္ေသးဘူး၊ သူက အခုဆို ဗိုလ္ခ်ဳပ္ႀကီးေတာင္ျဖစ္ေနၿပီ။"

"ကၽြမ္းေဖာ့-ေလာင္ရွီးရွိတဲ့ေနရာတိုင္းမွာ ခ်န္က်င့္ရႊင္ရွိတယ္။ ဒါက ထင္တဲ့အတိုင္းပဲ ဟားဟားဟား"

"ဆရာႀကီးကၽြမ္းေဖာ့က စိတ္သႏၲာန္မက္ခါ ဖန္တီးေနတဲ့ တစ္ဦးတည္းေသာသူပဲ။ သူ႔ေဘးကင္းမႈက အေရးအႀကီးဆုံးပဲ။ ခ်န္က်င့္ရႊယ္က သူ႔လုံျခဳံမႈအတြက္ တာဝန္ရွိတဲ့သူပဲ။ ေသခ်ာေပါက္ သူ႔ကို "ကိုယ္တိုင္ကိုယ္က်" ေစာင့္ေရွာက္ေပးရမွာေပါ့"

"အေပၚက မွတ္ခ်က္ေပးတဲ့သူေျပာတာ မွန္တယ္။ ေကာင္းၿပီ ေကာင္းၿပီေလ ဒုဗိုလ္ခ်ဳပ္ခ်န္က ဆရာႀကီးကၽြမ္းေဖာ့ကို ကာကြယ္ေပးရမယ္ဆိုတာက အတိတ္ကအေၾကာင္းအရာေတြဆိုတာရယ္၊ အဲဒီတာဝန္က တျခားတစ္ေယာက္ကို လႊဲေပးလိုက္ၿပီးၿပီဆိုတာကို ငါတို႔မသိဘူးလို႔ပဲ ဟန္ေဆာင္လိုက္ၾကရေအာင္"

"အဲဒီလိုမေျပာနဲ႔၊ ငါတို႔ဗိုလ္ခ်ဳပ္ႀကီးခ်န္က သူ႔ကိုယ္သူ စံျပတစ္ေယာက္အေနနဲ႔ လုပ္ေပးေနတာ၊ ဒီေလာက္ပါပဲ~"

ကၽြမ္းေဖာ့ စၾကဝဠာထဲမွာ ကၽြမ္းက်ိဳးရဲ့ တပည့္အေနနဲ႔ ေပၚလာတဲ့အခ်ိန္ ေရွ႕ႏွစ္ေတြတုန္းက စိတ္သႏၲာန္မက္ခါက စၾကဝဠာတစ္ခုလုံးမွာ အလြန္အမင္း ေပၚျပဴလာျဖစ္ေနတယ္။ ကၽြမ္းေဖာ့ဟာ ကၽြမ္းက်ိဳးကိုယ္တိုင္ၿပီးရင္ ရွာေဖြမႈအခံရဆုံးသူ ျဖစ္လာခဲ့တယ္။

ကၽြမ္းက်ိဳးဟာ အလြန္ သိုသိုသိပ္သိပ္ေနတတ္တဲ့သူျဖစ္ၿပီး ေနာက္ပိုင္းမွာ ကမၻာဆီကို ထြက္သြားခဲ့တယ္။ သူက ၾကယ္အစုအေဝးကြန္ရက္မွာ ပို႔စ္တစ္ခုေတာင္ မတင္ခဲ့သလို ေပၚေတာင္ ေပၚမလာခဲ့ဘူး။

အဲဒီအခ်ိန္မွာ ကၽြမ္းက်ိဳးရဲ့ ျပင္ပကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ ကၽြမ္းေဖာ့က အလိုအေလ်ာက္ လူတိုင္း အေရးစိုက္ခံရတဲ့သူျဖစ္လာခဲ့တယ္။

ေနာက္ပိုင္းမွာ သူ စိတ္သႏၲာန္မက္ခါ စၿပီးလုပ္တဲ့အခ်ိန္မွာ ဒီလိုမ်ိဳးအာ႐ုံစိုက္မႈမ်ိဳးက သိသိသာသာႀကီး တိုးလာခဲ့တယ္၊ သူဘယ္ကိုသြားသြား လူအုပ္ႀကီးရဲ့ ပိတ္ဆို႔ျခင္းကို ခံရေတာ့တယ္။ အေၾကာင္းရင္းကလည္း စိတ္သႏၲာန္မက္ခါ ဘယ္လိုမ်ိဳးလုပ္ရတယ္ဆိုတဲ့အေၾကာင္း ေမးဖို႔ ျဖစ္ရင္ျဖစ္၊ မဟုတ္ရင္ ကၽြမ္းက်ိဳးအေၾကာင္း ေမးဖို႔ပဲ။

လူေတြေတာ္ေတာ္မ်ားမ်ားမွာေတာ့ မေတာ္တဆမႈေတြ ျဖစ္ဖို႔ ကံဖန္လာတယ္။ တီးဝမ္ ဂုဏ္သတင္းက်ဆင္းလာၿပီးတဲ့ေနာက္မွာ ဘယ္ရြန္ေပၚသြင့္ဟာလည္း ကံဆိုးမႈအေပါင္းမ်ိဳးစုံနဲ႔ စတင္ၾကဳံလာရတယ္။ အရင္ဆုံး သူ႔ရဲ့စြမ္းအင္ေက်ာက္တုံးေတြကို ကိုယ္က်ိဳးအတြက္ တူးေဖာ္တဲ့သတင္း၊ အဲဒါေၾကာင့္ စြမ္းအင္ဓာတ္ေရာင္ျခည္စိမ့္ထြက္ၿပီး စံခ်ိန္စံႏႈန္းေတြကို ေက်ာ္လြန္သြားတာမို႔ ၿဂိဳလ္ကို မျဖစ္မေန စြန႔္ပစ္ခဲ့ရတဲ့အထိ ျဖစ္ခဲ့ရတဲ့အေၾကာင္းဟာ လူၾကားထဲကို ပ်ံ႕ႏွံ့သြားတယ္။ အဲဒီေနာက္ သူက်ဴးလြန္ခဲ့တဲ့ တျခားတျခားေသာ ျပစ္မႈေတြအမ်ားႀကီးရဲ့ သက္ေသေတြဟာလည္း တူးဆြခံခဲ့ရတယ္။ ဘယ္ရြန္ေပၚသြင့္ဟာ အက်ဘက္ကို ဦးတည္လာခဲ့တယ္။

ေနာက္ဆုံးေသာ ေခ်ာက္ခ်ဖို႔ အားထုတ္ႀကိဳးပမ္းမႈအေနနဲ႔ သူနဲ႔အတူ ကၽြမ္းေဖာ့ကိုပါ အတူေခၚသြားဖို႔ စီစဥ္ခဲ့ၿပီး ပရိသတ္ေတြစုေဝးေနတဲ့အထဲကို ထိုးေဖာက္ဝင္ၿပီး အရႈပ္အေထြးၾကားမွာ ကၽြမ္းေဖာ့ကို လုပ္ႀကံခ်င္ခဲ့တယ္။

သူ႔အစီအစဥ္က က်ရႈံးသြားေပမဲ့ လူတိုင္းရဲ့အာ႐ုံကို ဖမ္းစားနိုင္ခဲ့တယ္။ ၾကယ္အစုအေဝးကြန္ရက္ဟာ ဆရာႀကီးကၽြမ္းေဖာ့ရဲ့ လုံျခဳံေရးကို ပိုၿပီးအေလးေပးဖို႔ ပြက္ပြက္ညံေအာင္ ေတာင္းဆိုလာၾကတယ္။ သူမရွိရင္ စိတ္သႏၲာန္မက္ခါေတြလည္း ရွိမွာမဟုတ္ေတာ့ဘူး။ ဆရာႀကီးကၽြမ္းေဖာ့ကို ကာကြယ္ေပးဖို႔ လူေတြပို႔မွျဖစ္မယ္!

ခ်န္က်င့္ရႊယ္က ဒီတစ္ခ်ိန္လုံး ေရွာင္ေဖာ့လန္ရဲ့နာနီျဖစ္ခဲ့တာကို ထည့္စဥ္းစားၿပီး သူ႔ကို ဂ႐ုစိုက္ဖို႔ အေရးႀကီးတဲ့ တာဝန္ကို ဝမ္ေရွာင္းယြင္က ခ်န္က်င့္ရႊယ္ကို တာဝန္ေပးလိုက္တယ္။

လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ခ်န္က်င့္ရႊယ္က ကၽြမ္းေဖာ့ေနာက္ကို တစ္ဖဝါးစာေတာင္မကြာေစရဘဲ အနီးကပ္လိုက္ၿပီး ႀကီးက်ယ္တဲ့ပြဲအခမ္းအနားမ်ိဳးစုံမွာ လိုက္ပါခဲ့တယ္။ ကၽြမ္းေဖာ့လာတဲ့ေနရာတိုင္းမွာ ခ်န္က်င့္ရႊယ္လည္း ပါတယ္။ လူေတြက ဒီအေျခအေနနဲ႔ အသားက်ေနခဲ့တာၾကာၿပီ။

ေနာက္ပိုင္း ၿဂိဳလ္သားအင္းဆက္ေတြဟာ အင္းဆက္ဘုရင္မအသစ္ေပၚလာတာနဲ႔အတူ ေနာက္တစ္ဖန္ ျပန္ေရာက္လာတယ္။ အရွင္ဧကရာဇ္ကလဲ(ရ္)က ဝမ္ေရွာင္းယြင္ကို ကမၻာကေန မခြာေစခ်င္ဘူး။ ဝမ္ေရွာင္းယြင္ ကမၻာကေနခြာသြားတာနဲ႔ ကမၻာကို ခိုးယူသြားမွာကို စိုးရိမ္ေနတယ္။ ဒီတစ္ေခါက္ တိုက္ပြဲဝင္ဖို႔ တာဝန္ဟာ ခ်န္က်င့္ရႊယ္နဲ႔ စုန႔္ခ်င့္ယြီဆီကို ေရာက္လာတယ္။

အင္းဆက္ဘုရင္မဟာ သိပ္မၾကာခင္ကမွ ေမြးဖြားလာတာျဖစ္တဲ့အတြက္ အားနည္းေသးတယ္။ အင္ပါယာမွာလည္း စစ္ပြဲေတြမွာသုံးဖို႔ လုံးဝသစ္လြင္တဲ့ စိတ္သႏၲာန္မက္ခါေတြ ရွိေနၿပီျဖစ္တယ္။ အခက္အခဲနည္းနည္းမွမရွိဘဲ လြယ္လြယ္ကူကူပဲ အနိုင္ရလိုက္တယ္။ ခ်န္က်င့္ရႊယ္ဟာလည္း ဗိုလ္ခ်ဳပ္ငယ္ရာထူးကို ခုန္တက္သြားၿပီး တတိယတပ္ဖြဲ႕မႉးအျဖစ္ ဝမ္ေရွာင္းယြင္ေနရာကို လက္လႊဲယူလိုက္တယ္။

သို႔ေပမဲ့ တတိယတပ္ဖြဲ႕မႉးအသစ္စက္စက္ဟာ ၿမိဳ႕ေတာ္ၿဂိဳလ္ကို ျပန္ေရာက္သြားတာနဲ႔ တစ္ၿပိဳင္နက္တည္း ဟိုအရင္ႏွစ္ေတြတုန္းကလိုပဲ တိတ္တိတ္ေလး ကၽြမ္းေဖာ့ရဲ့ေဘးကိုျပန္သြားၿပီး သူ႔ရဲ့ကိုယ္ရံေတာ္အျဖစ္ တစ္ဖဝါးမွမခြာေစရဘဲ ကပ္ေနတယ္။

ၾကယ္အစုအေဝးကြန္ရက္က လူေတြက ဒီမွာ သူတို႔တစ္ခုခုေတာ့ သိလိုက္ရတယ္လို႔ ခံစားလိုက္ရတယ္။

ဝမ္ေရွာင္းယြင္ကေတာင္မွ ဒီသူ႔ရဲ့ညီေနာင္အတြက္ အလြန္စိတ္ပူပန္သြားတယ္။ "စစ္တပ္က မင္းကို နယ္စပ္ကို ကာကြယ္ဖို႔ ေထာက္ခံေပးေနတာ၊ မင္းတကယ္ပဲ မသြားခ်င္ဘူးလား"

ဝမ္ေရွာင္းယြင္ တပ္မဟာဦးစီးခ်ဳပ္ျဖစ္လာၿပီးတဲ့ေနာက္မွာ ကမၻာကို သြားခဲ့တယ္။ အခု အရွင္ဧကရာဇ္ကလဲ(ရ္)က ကမၻာကို သူ႔လက္ထဲကို ထည့္ထားမွပဲ စိတ္သက္သာရာရတယ္၊ တျခားဘယ္သူမွ ျဖစ္လို႔မရဘူး။ တတိယတပ္ဖြဲ႕ကလည္း အလိုအေလ်ာက္ပဲ တျခားတစ္ေယာက္ကို စီမံခန႔္ခြဲဖို႔ ေပးလိုက္တာ။

အဲဒါေၾကာင့္ ဝမ္ေရွာင္းယြင္က ခ်န္က်င့္ရႊယ္ကို ေထာက္ခံေပးခဲ့တာ။ ခ်န္က်င့္ရႊယ္မွာ အခုဆို စစ္ေရးစစ္ရာပိုင္းမွာ ျပစရာ ေအာင္ျမင္မႈေတြရွိေနၿပီေလ။ သူက ေတာ္ေတာ္ေလးလည္း အလားအလာရွိတဲ့သူျဖစ္တယ္။ အဲဒါေၾကာင့္ သူက တတိယတပ္ဖြဲ႕က တပ္ဖြဲ႕မႉးရာထူးကို လက္ခံလိုက္ၿပီး ဗိုလ္ခ်ဳပ္ႀကီးရာထူးကိုလည္း အဆင့္တိုးသြားခဲ့တာ။

သူသာ ဒီတစ္ေခါက္ နယ္စပ္ကို ေစာင့္ၾကပ္ေပးနိုင္မယ္ဆိုရင္ ဩဇာအာဏာနဲ႔ ဂုဏ္အဆင့္လည္း ပိုေတာင္ပိုင္ဆိုင္နိုင္ၿပီး စစ္သေဘၤာဝီဗန္ကိုလည္း ထိန္းခ်ဳပ္နိုင္လိမ့္မယ္။ အနာဂတ္မွာ စစ္တပ္ထဲမွာ ပိုလို႔ေတာင္ ဩဇာအာဏာေညာင္းလိမ့္ဦးမယ္။

သူ႔အတြက္ ဒါက အလြန္အေရးႀကီးတဲ့ အခြင့္အေရးပဲ။

သို႔ေပမဲ့ ခ်န္က်င့္ရႊယ္ကေတာ့ အသံတိတ္ေနခဲ့တယ္။

ဝမ္ေရွာင္းယြင္က ေနာက္ဆုံးေတာ့ သတိထားမိသြားတယ္။ တစ္ႏွစ္ေလာက္ စစ္တိုက္ၿပီး ျပန္လာၿပီးေနာက္မွာ ခ်န္က်င့္ရႊယ္ဟာ အရင္ကေလာက္ အာက်ယ္အာက်ယ္နဲ႔ ေထာင္လႊားတာမ်ိဳး မရွိေတာ့ဘူး။ လူတစ္ေယာက္လုံးဟာ အမ်ားႀကီးပိုတည္ၿငိမ္ၿပီး ရင့္က်က္လာတယ္။

ခ်န္က်င့္ရႊယ္က အခ်ိန္အၾကာႀကီး တိတ္ဆိတ္ေနၿပီးမွ ေျပာလာတယ္။ "ေမ့လိုက္တာပဲ ေကာင္းလိမ့္မယ္"

ဝမ္ေရွာင္းယြင္က မ်က္ခုံးပင့္လိုက္တယ္။ "ေမ့လိုက္မယ္?"

ခ်န္က်င့္ရႊယ္က သက္ျပင္းခ်ၿပီး ေျပာလိုက္တယ္။ "ဒီတစ္ေခါက္ နယ္စပ္ကိုသြားေတာ့ ၿဂိဳလ္သားအင္းဆက္ေတြက ၿပီးခဲ့တဲ့အေခါက္ကထက္ ပိုၿပီးဉာဏ္မ်ားလားတယ္၊ ေနရာတကာမွာ ပုန္းကြယ္ၿပီး ေရွာင္တိမ္းေနၾကတယ္၊ အရမ္းကိုင္တြယ္ရခက္ခဲတယ္။ တကယ္လို႔ အရင္လိုသာဆိုရင္ သူတို႔ေတြကို တစ္ခါတည္းနဲ႔ အျပတ္သုတ္သင္လိုက္နိုင္တဲ့အထိ အခ်ိန္ျဖဳန္းၿပီး ေစာင့္ေနဖို႔ စိတ္ထက္သန္ေနမွာပဲ။ ဒါေပမဲ့ ဒီတစ္ေခါက္ေတာ့ ကၽြန္ေတာ့္ေခါင္းက ျပန္လာခ်င္တဲ့အေတြးနဲ႔ပဲ ျပည့္ႏွက္ေနတယ္"

ဝမ္ေရွာင္းယြင္: "ျပန္လာၿပီး ဘာလုပ္ဖို႔လဲ"

ခ်န္က်င့္ရႊယ္က ကူကယ္ရာမဲ့စြာ ျပဳံးလိုက္တယ္။ "တကယ္လို႔ ကၽြန္ေတာ္ေျပာလိုက္ရင္ ရည္မွန္းခ်က္မရွိတဲ့အတြက္ မရယ္ရဘူးေနာ္။ မင္းနဲ႔ က်ိဳးက်ိဳး ကမၻာမွာေနတုန္းက ငါက ေရွာင္ေဖာ့လန္ရဲ့ ကိုယ္ရံေတာ္အျဖစ္ ၅ ႏွစ္တိတိေနခဲ့တယ္။ ကၽြန္ေတာ္ အခု အဲဒီဘိုးေဘးေလးရဲ့ အရာရာကို ဂ႐ုစိုက္ေပးရတာနဲ႔ အသားက်ေနၿပီ။ စစ္ထြက္သြားရေတာ့ အဲဒီဘိုးေဘးေလးက မုန႔္ကို ဘယ္မွာထားမွန္းေတာင္ မသိဘူး၊ အဲဒီငတုံးေလးက... မၾကာမၾကာဆိုသလို သူ႔ကိုယ္သူေတာင္ ဂ႐ုမစိုက္နိုင္ဘူး၊ ကၽြန္ေတာ္...."

သူက ခဏတန႔္သြားတယ္။ "....စိတ္မပူဘဲ မေနနိုင္ဘူး"

အဲဒါေၾကာင့္ သူက စစ္ပြဲကို တတ္နိုင္သမၽွျမန္ျမန္ အဆုံးသတ္ၿပီး ၿဂိဳလ္သားၿဂိဳလ္ကို ျပန္လာခ်င္ခဲ့တယ္။ ဒီတစ္ေခါက္ စစ္ပြဲကို ေတာ္ေတာ္ေလး တစ္မူထူးျခားေအာင္ တိုက္ခိုက္ခဲ့ရတယ္။ ေရွ႕တန္းမွာ သူက ဒီအတြက္နဲ႔ စုန႔္ခ်င့္ယြီနဲ႔ စကားအေျခအတင္ေတြ အမ်ားႀကီး ျဖစ္ခဲ့ရတယ္။

ခ်န္က်င့္ရႊယ္က ရိုးရိုးသားသားပဲ ေျပာတယ္။ "ကၽြန္ေတာ္ ေန႔တိုင္း သူ႔သ႐ုပ္မွန္ကို ေဖာ္ထုတ္မိမွာကို စိုးရိမ္ေနခဲ့ရတယ္။ အခု ကၽြန္ေတာ့္ကိုသာ နယ္စပ္ကို ေစာင့္ၾကပ္ဖို႔ ျပန္လႊတ္ခံရရင္ ကၽြန္ေတာ္ ေနနိုင္ေလာက္မွာမဟုတ္ဘူး။ ႐ုတ္တရက္ႀကီး ဘိုးေဘးေလးရဲ့ ကိုယ္ရံေတာ္အေနနဲ႔ပဲ ျပန္သြားရင္ေကာင္းမယ္လို႔ ကၽြန္ေတာ္ ခံစားလာရတယ္။ အခုဆို သူ႔ရဲ့ဂုဏ္သတင္းကလည္း ပိုပိုၿပီး ႀကီးလာတယ္၊ သူ႔ရဲ့ ေဒါသကလည္း ဆိုးရြားေသးတယ္။ တျခားသူေတြက သူ႔ရဲ့သ႐ုပ္မွန္ကို မသိေတာ့ သူက အေၾကာင္းျပခ်က္မရွိဘဲ ေဒါသထြက္ေနတယ္လို႔ ခံစားရလိမ့္မယ္။ ဒါေပမဲ့ ကၽြန္ေတာ္သိတယ္... သူက တကယ္ေတာ့ ဘာကိုမွ သိုဝွက္မထားတတ္ဘဲ သူေျပာခ်င္တာကို အကုန္ေျပာတတ္တဲ့သူမ်ိဳး"

ေနာက္ၿပီး သူသာဒီမွာရွိရင္ အဲဒီငတုံးေလးက သူ႔သ႐ုပ္အစစ္အမွန္ကို အလြန္လြယ္လြယ္ကူကူ ေဖာ္လိုက္မိမွာမဟုတ္ဘူး။

ဝမ္ေရွာင္းယြင္က ပိုၿပီး ပြင့္ပြင့္လင္းလင္း ေမးလိုက္တယ္။ "မင္း သူ႔ကို သေဘာက်ေနတာလား"

ခ်န္က်င့္ရႊယ္က သူ႔ႏွာေခါင္းကို ကသိကေအာက္ျဖစ္စြာ တို႔ထိေနတယ္။ "အင္း"

သူေတာင္ ဘယ္တုန္းကစၿပီး ေရွာင္ေဖာ့လန္ကို ႀကိဳက္သြားမွန္း သူမသိဘူး။

သူ လူအျဖစ္ေျပာင္းသြားတဲ့ေန႔က ခ်န္က်င့္ရႊယ္ေရွ႕မွာ ဘာအကာအကြယ္မွမပါဘဲ ကိုယ္တုံးလုံးေလး ရပ္ေနခဲ့တဲ့ ေန႔ကမ်ားလား၊

ဒါမွမဟုတ္ ခ်န္က်င့္ရႊယ္က သူ႔ရဲ့မိစၧာငယ္ကၽြန္တစ္ေယာက္မို႔ သူ႔ကို ရိုရိုက်ိဳးက်ိဳး ခစားရမယ္လို႔ အခိုင္အမာ ျပတ္ျပတ္သားသား ေျပာလိုက္ၿပီး ခ်န္က်င့္ရႊယ္ တကယ္တမ္း အရမ္းပင္ပန္းေနတာကိုေတြ႕တဲ့အခါ အလြန္ ေရွးရိုးဆန္စြာ "ထားလိုက္ေတာ့ ထားလိုက္ပါေတာ့၊ ဒီေန႔ ခင္ဗ်ား ကၽြန္ေတာ့္ကို ခစားစရာမလိုေသးဘူး။ သြားၿပီး အနားယူလိုက္" ဆိုၿပီး ေျပာတဲ့အခ်ိန္ကမ်ားလား။

သူက ေရွာင္ေဖာ့လန္ကို သူ႔တာဝန္မို႔ ကာကြယ္ေနတယ္လို႔ ေျပာရမဲ့အစား သူက လုံးဝကို လိုလိုလားလား လုပ္ေပးေနတာလို႔ ေျပာရမွာပဲ။

ေရွာင္ေဖာ့လန္ စက္႐ုပ္တစ္႐ုပ္အေနနဲ႔ရွိတုန္းက ခ်န္က်င့္ရႊယ္က ေဖာ့လန္-တာ့ရယ္ကို တစ္ေနကုန္ ခစားခဲ့ရတာ။ ခ်န္က်င့္ရႊယ္က သူဘယ္လို ကာတြန္းမ်ိဳး ၾကည့္ရတာ ႏွစ္သက္တယ္၊ ဘယ္လို ေျမႇာက္ပင့္စကားမ်ိဳး အေျပာခံရတာ ႀကိဳက္တယ္၊ ဘယ္လို ဂိမ္းကစားတတ္တယ္ဆိုတာ သိထားတယ္။

အခု သူ လူသားတစ္ေယာက္အသြင္ ေျပာင္းသြားေတာ့ ခ်န္က်င့္ရႊယ္က သူ႔ကို တျခားသူလက္ထဲထည့္လိုက္ရမွာကို စိတ္မသက္မသာ ခံစားေနရတုန္းပဲ။

ဝမ္ေရွာင္းယြင္က ဘာမွ ထပ္ၿပီး မေျပာေတာ့ဘူး။ သူက ခ်န္က်င့္ရႊယ္ကို ေထာက္ခံအားေပးတာကို ျပသတဲ့အေနနဲ႔ ပခုံးကို ပုတ္လိုက္တယ္။

အဲဒီအခ်ိန္ ခ်န္က်င့္ရႊယ္ရဲ့ ဗိုလ္ခ်ဳပ္ႀကီးတစ္ေယာက္ မလုပ္ေတာ့ဘဲ သူ႔ေဘးမွာပဲ ကိုယ္ရံေတာ္အျဖစ္ ျပန္လာရတဲ့ ဆုံးျဖတ္ခ်က္နဲ႔ ပတ္သက္ၿပီး ကၽြမ္းေဖာ့က လုံးဝ ထူးဆန္းတယ္လို႔ မခံစားရဘူး။ မိစၧာငယ္ကၽြန္ေလးကသာ သူ႔ေဘးမွာ မေနရင္ ဘယ္သူ႔ေဘးမွာ ေနရမွာလဲေလ။

ကၽြမ္းက်ိဳးရဲ့ လက္ထပ္မဂၤလာပြဲၿပီးသြားေတာ့ သခင္က ေနာက္ဆုံးေတာ့ ကမၻာကေနျပန္လာၿပီဆိုေတာ့ ကၽြမ္းေဖာ့က သူ႔ရဲ့ေန႔ေကာင္းေန႔ျမတ္ေတြေတာ့ ျပန္ေရာက္လာၿပီလို႔ ထင္ထားတယ္။

ဒါေပမဲ့ ကၽြမ္းေဖာ့က အဲဒါက သူခံစားရဖို႔ ေန႔ေတြရဲ့အစဆိုတာ အလြန္လ်င္လ်င္ျမန္ျမန္ပဲ သိသြားတယ္။

ကၽြမ္းက်ိဳးရဲ့ အမည္ခံ တပည့္တစ္ေယာက္အေနနဲ႔ ေနာက္ၿပီး လူသိထင္ရွား တပည့္ခံထားရတဲ့အတြက္ မိစၧာငယ္ေလးျဖစ္ေပမဲ့လည္း မဟာနတ္မင္းႀကီးေတြက ကၽြမ္းေဖာ့ကို အရမ္းျဖစ္သလို ေနခြင့္မျပဳထားဘူး။

က်ိဳးက်ိဳး၊ ကြိဳက္ကြိဳက္ေလးရဲ့ တပည့္က ထူးခၽြန္ထက္ျမတ္ေနရမယ္!

ကၽြမ္းေဖာ့က ဝမ္ေရွာင္းယြင္ကလြဲရင္ မဟာနတ္မင္းႀကီးေတြ ေန႔တိုင္း ေလ့က်င့္ေပးတဲ့သူ ေနာက္တစ္ေယာက္ျဖစ္လာတယ္။

ဝမ္ေရွာင္းယြင္က ေတာ္ေတာ္ေလး အဆင္ေျပတယ္။ သူက ခက္ခဲၾကမ္းတမ္းမႈဒဏ္ကို သည္းခံနိုင္စြမ္းရွိတဲ့သူတစ္ေယာက္ျဖစ္တယ္။ ကၽြမ္းေဖာ့ကေတာ့ ကယ္လို႔မရေတာ့ဘူး။ ေန႔တိုင္း ေလ့က်င့္မႈအၿပီးမွာ သူက အားအင္ကုန္ခန္းေနတယ္။

မိစၧာငယ္ကၽြန္ေလးက အရမ္းအလိုက္သိလို႔ပဲ ေတာ္ေတာ့တယ္။ အမိန႔္အရ ႏွိပ္ေပးတယ္၊ အမိန႔္အရ ခစားေပးတယ္။

"ဘယ္ဘက္ပခုံးကလည္း ေညာင္းတယ္" ကၽြမ္းက်ိဳးက ခ်န္က်င့္ရႊယ္ကို ႏွိပ္တဲ့ေနရာေျပာင္းဖို႔ ေျပာတယ္၊ မ်က္ေမွာင္ၾကဳတ္ရင္း ေျပာတယ္။ "အဲဒီမွာ မူလီတစ္ခုမ်ား ေခ်ာင္ေနလို႔လား"

ခ်န္က်င့္ရႊယ္ကလည္း မ်က္ေမွာင္ၾကဳတ္သြားတယ္။ "ကိုယ္က ဘယ္လိုလုပ္ၿပီး မူလီေခ်ာင္ေနတာကို ႏွိပ္ေပးလို႔ရမွာလဲ"

ေရွာင္ေဖာ့လန္က လူအျဖစ္ေျပာင္းသြားၿပီးသြားကတည္းက ဘယ္ေတာ့မွ စက္႐ုပ္အျဖစ္ ျပန္မေျပာင္းဘူး။ က်ိဳးက်ိဳးရဲ့စကားအရဆိုရင္ သူ႔ရဲ့ေျပာင္းလဲနိုင္တဲ့အစြမ္းကို မထိန္းခ်ဳပ္တတ္ဘူးတဲ့။ ေရွာင္ေဖာ့လန္က က်င့္ႀကံအားထုတ္ရတာလည္း မႀကိဳက္တဲ့အတြက္ ဘယ္ေတာ့မွ ျပန္မေျပာင္းဖူးဘူး။

ကၽြမ္းေဖာ့က ခဏစဥ္းစားၾကည့္ၿပီး အလြန္ေလးနက္စြာ ေျပာတယ္။ "အေရျပားကို လႊာလိုက္ၿပီး စမ္းၾကည့္မလား"

ခ်န္က်င့္ရႊယ္က ခ်က္ခ်င္း ကန႔္ကြက္လိုက္တယ္။ "ေသခ်ာေပါက္ မျဖစ္ဘူး"

ကၽြမ္းေဖာ့က ခ်န္က်င့္ရႊယ္ကို ၾကည့္လိုက္တယ္။

ခ်န္က်င့္ရႊယ္က အသံတိုးတိုးနဲ႔ ေျပာလိုက္တယ္။ "အဲဒီေနရာကို ႏွိပ္ေပးမယ္ေလ၊ သက္သာလာလား ၾကည့္ရေအာင္"

ကၽြမ္းေဖာ့က သခင္ႀကီးတစ္ပါးလိုပဲ ျပန္လွဲခ်လိုက္တယ္။ "အင္း အင္း ပိုၿပီး ျပင္းျပင္းေလး လုပ္ရမယ္"

သူ႔ကို အလုပ္အေကၽြးျပဳေနတဲ့ မိစၧာငယ္ကၽြန္တစ္ေယာက္ရွိတာ ေတာ္ေတာ္ေလး ေကာင္းတယ္။

ခ်န္က်င့္ရႊယ္က ဘာမွမေျပာဘူး။ ဒါေပမဲ့ သူ႔အားကိုေတာ့ ျပင္းျပင္းသုံးၿပီး ႏွိပ္နယ္ေပးေနတယ္။

စိတ္ထဲမွာေတာ့ ေတြးေနတယ္: ဒီငတုံးေလး သူ႔က ဒီေလာက္အားႀကီးတဲ့ မိစၧာလို႔ ထင္ေနတယ္။ သတိလည္း တစ္ခ်က္မွ မရွိဘူး။ သူ႔ကိုယ္သူ ေပၚေအာင္လုပ္မိမွာကိုလည္း စိတ္မပူဘူး။

ေနာက္ၿပီး ခ်န္က်င့္ရႊယ္က ထပ္ေတြးေနတယ္: ငါသာ ဒီမွာမရွိရင္ သူ႔ကို ႏွိပ္ေပးဖို႔ တျခားတစ္ေယာက္ကိုမ်ား ေခၚေနမွာလား။

ခ်န္က်င့္ရႊယ္က ဒီအေၾကာင္းေတြးေလေတြးေလ စိတ္ထဲမွာ မသက္မသာျဖစ္လာေလေလပဲ။

မဟာနတ္မင္းႀကီးေတြက သင္ၾကားမႈေတြ စတင္ၿပီဆိုတာနဲ႔ ထိန္းထိန္းသိမ္းသိမ္း မလုပ္ေတာ့ဘူး။ ကၽြမ္းေဖာ့က ေမွာ္ပညာအေၾကာင္း သင္ရတာတင္မကဘူး၊ သီအိုရီကိုလည္း ေလ့လာရေသးတယ္။ ကမၻာေဟာင္းရဲ့ရသစာေပေတြကေန ဂႏၲဝင္စာေပေတြအကုန္လုံးကို အလြတ္က်က္မွတ္ရတယ္။ တစ္ေနကုန္သြားၿပီးရင္ ကၽြမ္းေဖာ့က အားအင္ေတြ ကုန္ခန္းသြားၿပီ။ ခ်န္က်င့္ရႊယ္ရဲ့ႏွိပ္နယ္ေပးမႈေအာက္မွာ ငိုက္ျမည္းလာတယ္။

သူအိပ္ေပ်ာ္သြားတာကို ၾကည့္ေနရင္း ခ်န္က်င့္ရႊယ္က လက္ကအားကို ျဖည္းျဖည္းခ်င္း ေလၽွာ့လိုက္ၿပီး လုံးဝ ရပ္လိုက္တယ္။

ေရွာင္ေဖာ့လန္ကို ျပန္ၾကည့္လိုက္ေတာ့ သူက အိပ္ေမာက်ေနၿပီ။

ခ်န္က်င့္ရႊယ္က တိတ္တိတ္ေလး လႈပ္ရွားတယ္။ ေဘးက ေစာင္ကို မလိုက္ၿပီး ေရွာင္ေဖာ့လန္ကို ျခဳံေပးလိုက္ၿပီး ထြက္လာခဲ့တယ္။

ေနာက္ရက္အနည္းငယ္ၾကာတဲ့ေနာက္မွာ ကၽြမ္းေဖာ့ရဲ့ ပမာမခန႔္လုပ္မႈေအာက္မွာ ခ်န္က်င့္ရႊယ္ဟာ သူ ေမွာ္အတတ္ေလ့လာေနတဲ့အခ်ိန္ သူ႔အတြက္ သီအိုရီဗဟုသုတေတြ ကူးယူေပးဖို႔ ဆြဲေခၚလာခံရတယ္။

အံ့ဩစရာေကာင္းစြာ မဟာနတ္မင္းႀကီးေတြက ဒီကိစၥနဲ႔ပတ္သက္ၿပီး မေက်မနပ္ေတာ့ မျဖစ္ဘူး။ မ်က္စိမွိတ္ထားေပးၿပီး ခ်န္က်င့္ရႊယ္ စာေတြကူးၿပီး ကူညီေပးခြင့္ျပဳထားတယ္။ က်င့္ႀကံအားထုတ္တာနဲ႔ ေမွာ္အတတ္ သင္ၾကားေပးတဲ့အခါမွာလည္း ခ်န္က်င့္ရႊယ္မျမင္ေအာင္ ဖုံးကြယ္ထားတာမ်ိဳး မရွိဘူး။ ခ်န္က်င့္ရႊယ္ သီအိုရီေတြ ကူးယူေပးၿပီး ေဘးကေန အတန္းကို "အလကား" တက္ေနတာကို ျမင္ေတာ့ သူတို႔က ခ်န္က်င့္ရႊယ္ကိုေတာင္ နည္းနည္းပါးပါး ေထာက္ျပေပးလိုက္ေသးတယ္။

တစ္လမရွိတရွိေလးမွာ ခ်န္က်င့္ရႊယ္ရဲ့အသိပညာဟာ ကၽြမ္းေဖာ့ကိုေတာင္ ေက်ာ္လြန္သြားတဲ့အထိ ျဖစ္လာတယ္၊ အထူးသျဖင့္ သီအိုရီပိုင္းမွာေပါ့။

မဟာနတ္မင္းႀကီးေတြက စိတ္ထဲမွာ ေတာ္ေတာ္ေလး စိတ္ဆိုးေနတယ္။ "ၾကည့္စမ္းပါဦး! က်ိဳးက်ိဳးရဲ့ တပည့္ျဖစ္ၿပီး ဘာလို႔ဒီေလာက္ေတာင္ က်င့္ႀကံအားထုတ္ရမွာကို ေဝေလေလ လုပ္ေနရတာလဲ! လူသားတစ္ေယာက္ ေက်ာ္သြားတာေတာင္ ခံရတယ္!"

ကၽြမ္းေဖာ့က ခိုင္မာစြာ ျပတ္ျပတ္သားသား ေျပာတယ္။ "ဒါေပမဲ့ ကၽြန္ေတာ့္ရဲ့ မိစၧာအေစခံေလးက ဒါေတြအားလုံးကို သိထားတယ္ဆိုေတာ့ ေနာက္ပိုင္း ကၽြန္ေတာ္ နားမလည္တာရွိရင္ သူ႔ကိုေမးလိုက္႐ုံပဲေပါ့"

အေစခံေတြက သခင့္ရဲ့ဆႏၵကို မ်က္ကြယ္ျပဳ ဖီဆန္လို႔မရဘူး။ ခ်န္က်င့္ရႊယ္က သူ႔ကိုမေျပာျပမွာလည္း မဟုတ္ဘူးေလ။

မဟာနတ္မင္းႀကီးေတြက ေတာ္ေတာ္ေလးကို စိတ္ပ်က္သြားတယ္။ ေရွာင္ေဖာ့လန္ရဲ့ သီအိုရီတတ္ကၽြမ္းမႈက တစ္မူထူးျခားေနတာ ေတာ္ေသးတာပဲ။

ဒါကလည္း သူ႔မွာ မွတ္ဉာဏ္ေကာင္းေကာင္းရွိလို႔ ဘယ္ဟုတ္မလဲ၊ သူက စက္႐ုပ္တစ္႐ုပ္ျဖစ္တာမို႔ပဲ။ သူ႔ေဒတာသိုေလွာင္႐ုံထဲကို အခ်က္အလက္ေတြ ထည့္လိုက္တာနဲ႔ ခ်က္ခ်င္း နားလည္နိုင္တယ္။

ဒီလိုအခါမ်ိဳးဆို ခ်န္က်င့္ရႊယ္က စကားလွလွနဲ႔ ဖာေထးေျပာေပးတယ္။ "မဟာနတ္မင္းႀကီးအေပါင္းတို႔ သူ႔ကို စိတ္မဆိုးပါနဲ႔၊ ေလ့က်င့္ခ်ိန္လည္း ၿပီးသြားၿပီဆိုေတာ့ ကၽြန္ေတာ္တို႔ နတ္မင္းႀကီးတို႔အတြက္ အသစ္ေဆာက္ထားတဲ့ နတ္ကြန္းကို သြားၾကည့္ရေအာင္လား"

ဒါကိုၾကားေတာ့ မဟာနတ္မင္းႀကီးက ခ်က္ခ်င္းဆိုသလို စိတ္ေပ်ာ္သြားၿပီး ဝမ္ေရွာင္းယြင္ကို ၾကည့္တုန္းကလိုမ်ိဳးပဲ စိတ္ေက်နပ္သြားတဲ့ အၾကည့္မ်ိဳးနဲ႔ ခ်န္က်င့္ရႊယ္ကို ၾကည့္လိုက္တယ္။

ေရွာင္ခ်န္က စကားအေျပာအဆိုခ်ိဳသာတယ္ေလ။ သူေျပာသမၽွက လူေတြကို စိတ္ေပ်ာ္ရႊင္ေစတယ္။

ကၽြမ္းေဖာ့ကလည္း ဒီလိုမ်ိဳး စာသင္ၾကားတဲ့အခင္းအက်င္းကို အလြန္စိတ္ေက်နပ္ေနတယ္။ ဘာလို႔လဲဆိုေတာ့ အခု သူ႔ ကာတြန္းကားၾကည့္ဖို႔ အခ်ိန္ေတာင္ပိုရေသးတယ္ေလ။ ၾကယ္တာရာေခတ္က ကာတြန္းေတြက တကယ္ကိုအရမ္းစိတ္ဝင္စားစရာေကာင္းတယ္!

ဒါေပမဲ့ ဒီေန႔ကေတာ့ တစ္ခုခုက ထူးျခားေနတယ္။

သင္တန္းခ်ိန္ေရာက္ေနေပမဲ့ သူ႔ရဲ့မိစၧာအေစခံေလးက အခုထိ ေရာက္မလာေသးဘူး။

သူ ခ်န္က်င့္ရႊယ္ရဲ့ ကိုယ္ပိုင္ဆက္သြယ္ေရးစက္ကို ေခၚလိုက္ေပမဲ့ ဘယ္သူမွ မကိုင္ဘူး။

ကၽြမ္းေဖာ့က စိတ္မေပ်ာ္မရႊင္နဲ႔ ဝမ္ေရွာင္းယြင္ကို ေမးၾကည့္တယ္။ "ခ်န္က်င့္ရႊယ္ဘယ္မွာလဲ၊ သူက ဒီေန႔ မက်င့္ႀကံဘူးလား"

ဒါဆို သူ႔အတြက္ ဘယ္သူက ေမွာ္ဂါထာေတြ ကူၿပီး ကူးေပးမွာလဲ။

ဝမ္ေရွာင္းယြင္က သူ႔ကို ၾကည့္ၿပီးေျပာတယ္။ "ဒီေန႔ သူခြင့္တစ္ရက္ေတာင္းထားတယ္"

ကၽြမ္းေဖာ့: "ခြင့္တစ္ရက္လား၊ ဘာလုပ္ဖို႔လဲ"

ဝမ္ေရွာင္းယြင္: "ေတြ႕ဆုံပြဲလား တစ္ခုခုပဲ၊ မဒမ္ခ်န္ အရင္ကေျပာတာ ၾကားဖူးတယ္"

ကၽြမ္းေဖာ့က မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ "ေတြ႕ဆုံပြဲလား"

ဝမ္ေရွာင္းယြင္က အေသးစိတ္ရွင္းျပလိုက္တယ္။ "မဒမ္ခ်န္က သူ႔ကို လက္ထပ္ေစခ်င္ေနတာေလ၊ အဲဒါေၾကာင့္ ေတြ႕ဆုံပြဲသြားတာ"

အဓိကအေၾကာင္းရင္းကေတာ့ ဝမ္ေရွာင္းယြင္နဲ႔ ကၽြမ္းက်ိဳးရဲ့ မဂၤလာေဆာင္က ၿပီးခဲ့တဲ့ ႏွစ္လကမို႔ပဲ။

ခ်န္က်င့္ရႊယ္က သူနဲ႔ အသက္တူတူပဲ။ ဝမ္ေရွာင္းယြင္က ေလာေလာလတ္လတ္ မဂၤလာပြဲက်င္းပထားတယ္ဆိုေပမဲ့ သူက လြန္ခဲ့တဲ့ခုနစ္ႏွစ္ကတည္းက လက္ထပ္စာခ်ဳပ္ ရထားၿပီးသားပဲ။ မဒမ္ဝမ္က ေသခ်ာေပါက္ စိုးရိမ္စရာမလိုဘူး။

ခ်န္က်င့္ရႊယ္ကေတာ့ မတူဘူး။ သူ႔သားရဲ့ လက္ထပ္ၿပီးကာစ သူငယ္ခ်င္းေတြ တစ္ဦးကိုတစ္ဦး ခ်စ္ခင္ယုယၿပီး ေပ်ာ္ရႊင္ေနတဲ့ ဆက္ဆံေရးတည္ေဆာက္ေနၾကၿပီး သူ႔သားအရင္းႀကီးက တစ္ေယာက္မွမရွိဘူးဆိုတာကို ၾကည့္ၿပီး မဒမ္ခ်န္က စတင္စိတ္ပူလာတယ္။

ကၽြမ္းေဖာ့က ေျပာတယ္။ "ေတြ႕ဆုံပြဲဆိုတာ ဘာလဲ ကၽြန္ေတာ္သိတယ္"

သူက လူျဖစ္တာ ခုနစ္ႏွစ္ရွိၿပိေလ။ ေတြ႕ဆုံပြဲ (ခ်ိန္းေတြ႕) ရဲ့အဓိပၸာယ္ကို မသိဘဲ ဘယ္ေနမွာလဲ။

သူဆိုလိုတာက "ေတြ႕ဆုံၿပီးရင္ လက္ထပ္ၾကမယ္၊ သူ လက္ထပ္ၿပီးသြားရင္ ကၽြန္ေတာ့္ကို အလုပ္အေကၽြးျပဳလို႔ရေသးလား"

သခင့္အျဖစ္တုန္းက သူလက္ထပ္ၿပီးသြားေတာ့ သူ႔ကို အလုပ္အေကၽြးျပဳဖို႔ ဝမ္ေရွာင္းယြင္ရွိတယ္။ အဲဒီေနာက္ သခင္က ကၽြမ္းေဖာ့ကို မလိုအပ္ေတာ့ဘူး။

တကယ္လို႔ ခ်န္က်င့္ရႊယ္သာ လက္ထပ္သြားရင္ သူက သူ႔မိန္းမကိုလည္း အလုပ္အေကၽြးျပဳရဦးမယ္။ အဲဒါဆို ခ်န္က်င့္ရႊယ္က သူ႔ကို ခစားမွာ မဟုတ္ေတာ့ဘူး ဟုတ္တယ္မလား။

ဒီကိစၥၿပီးေတာ့ က်င့္ႀကံအားထုတ္တဲ့ တစ္ေန႔လုံး ကၽြမ္းေဖာ့ဟာ စိတ္ႏွစ္လို႔ကို မရဘူး။ သူေခၚထားခဲ့တဲ့ မိစၧာအေစခံေလးက တျခားတစ္ေယာက္ကို ခစားေတာ့မယ္တဲ့။ သူ ဘယ္လို စဥ္းစားစဥ္းစား စိတ္မေကာင္းျဖစ္ရတယ္။

ေလ့က်င့္ေရးၿပီးသြားလို႔ သူအိမ္ျပန္လာရင္ ႏွိပ္ေပးမဲ့သူ တစ္ေယာက္မွ ရွိေတာ့မွာ မဟုတ္ဘူး။

ကၽြမ္းေဖာ့က ဆိုဖာေပၚမွာ ထိုင္ေနၿပီး စိတ္တိုေနတယ္။

ခ်န္က်င့္ရႊယ္က တကယ္လည္း ဒီေန႔ ေတြ႕ဆုံပြဲရွိခဲ့ေပမဲ့ မသြားခဲ့ဘူး။

မဒမ္ခ်န္က ေဒါသေတြထြက္ၿပီး သူ႔ကို တရစပ္ေခၚခဲ့တယ္၊ သူ႔တစ္ဘဝလုံး ဒီအေပၚမွာ ပုံအပ္ထားတဲ့အတိုင္းပဲ။ သူက ခ်န္က်င့္ရႊယ္ကို အႀကိမ္ေပါင္း တစ္ဒါဇင္မက ေခၚေနခဲ့တယ္။

ခ်န္က်င့္ရႊယ္က ကူကယ္ရာမဲ့ၿပီး ဝမ္ေရွာင္းယြင္ဆီမွာ ေပါက္ကြဲထုတ္ေနတယ္။ "ကၽြန္ေတာ့္အေမဖုန္းဆက္ရင္ စစ္တပ္ထဲမွာ ကၽြန္ေတာ္ကိုင္တြယ္ရမဲ့ အေရးႀကီးကိစၥေတြရွိေနလို႔ တကယ္အခ်ိန္မရွိဘူးလို႔သာ ေျပာေပးပါ"

ဝမ္ေရွာင္းယြင္က အသိအမွတ္ျပဳလိုက္တယ္။ ဖုန္းခ်လိုက္ၿပီးတဲ့ေနာက္မွာ ခ်န္က်င့္ရႊယ္က မက္ေဆ့ေတြအားလုံးကို ဘေလာ့ပစ္လိုက္တယ္။

ဝမ္ေရွာင္းယြင္က သူဘယ္မွာရွိလဲ သိတယ္ေလ။ တကယ္လို႔ တစ္ခုခုျဖစ္လို႔ သူ႔ကိုရွာလို႔မရရင္ လူေတြက ဝမ္ေရွာင္းယြင္ဆီသြားရင္ ဝမ္ေရွာင္းယြင္က သူ႔ဆီ တိုက္ရိုက္ သတင္းစကား ပါးေပးလို႔ရတယ္။

ထင္တဲ့အတိုင္း မဒမ္ခ်န္က ဝမ္ေရွာင္းယါင္ကို စၿပီး ေခၚေတာ့တယ္။ ဝမ္ေရွာင္းယြင္က ခ်န္က်င့္ရႊယ္ေျပာတဲ့အတိုင္း ေျဖလိုက္တယ္။ မဒမ္ခ်န္ စစ္တပ္ထဲေျပးလာၿပီး သူ႔ကို လာရွာမွာကို ကာကြယ္ဖို႔ ခ်န္က်င့္ရႊယ္ဟာ တိုက္ခိုက္ေရးအတုအေယာင္ကြင္းထဲ ဆင္းသြားၿပီး မက္ခါစစ္ပြဲေတြ တစ္ေနကုန္ ေလ့က်င့္ေနၿပီး ညအခ်ိန္မွ ထြက္လာခဲ့တယ္။

"ညေနစာ" စားရမဲ့အခ်ိန္ကို အခ်ိန္ျဖဳန္းလိုက္ၿပီးေတာ့ ခ်န္က်င့္ရႊယ္ဟာ သက္ေတာ့သက္သာျဖစ္သြားတဲ့ မ်က္ႏွာေပးနဲ႔ အိမ္ျပန္ဖို႔ အသင့္ျပင္ေနတယ္။ ဒါေပမဲ့ သူ႔အိမ္အျပန္မွာ ဝမ္ေရွာင္းယြင္နဲ႔ တိုးတယ္။

ဝမ္ေရွာင္းယြင္မွာ အရက္လည္း ပါလာတယ္။ "တစ္ခြက္ေလာက္ ေသာက္ရေအာင္"

ခ်န္က်င့္ရႊယ္က ေခါင္းခါတယ္။ "မင္းတို႔ေတြ က်င့္ႀကံေရးေလ့က်င့္ခန္းေတြ ၿပီးသြားၿပီလား၊ ဘိုးေဘးေလးရဲ့ကိုယ္က ႏုနယ္တယ္။ ငါျပန္ၿပီး သူ႔ကို ႏွိပ္ေပးရဦးမယ္"

ဝမ္ေရွာင္းယြင္က သူ႔ရွင္းျပစကားကို လက္မခံဘဲ သူ႔ကို တစ္ခြက္ငွဲ႕ေပးတယ္။ "မင္း အိမ္မျပန္ခင္ အခ်ိန္နည္းနည္း ယူလိုက္ဖို႔ အႀကံေပးခ်င္တယ္"

ခ်န္က်င့္ရႊယ္က နားမလည္ဘူး။ "ဘာလို႔လဲ"

ဝမ္ေရွာင္းယြင္က ေျဖးေျဖးေျပာတယ္။ "ငါ ေရွာင္ေဖာ့လန္ကို မင္းဒီေန႔ ေတြ႕ဆုံပြဲသြားတယ္လို႔ ေျပာလိုက္တယ္၊ သူ႔ၾကည့္ရတာ ေတာ္ေတာ္ စိတ္မၾကည္မလင္ျဖစ္သြားတဲ့ပုံပဲ"

ခဏေလာက္ အံ့အားသင့္သြားၿပီးေနာက္ ခ်န္က်င့္ရႊယ္က နည္းနည္း အထိတ္တလန႔္ျဖစ္သြားတယ္။ "ေလာင္ဝမ္ေရ! ငါ့ကို ေခ်ာက္မခ်နဲ႔ဟ! ဘိုးေဘးေလး စိတ္ဆိုးရင္ တကယ္ေခ်ာ့ရတာ မလြယ္ဘူး"

ဒီကိုေျပာရင္း သူ႔အတြက္သူ ရွင္းျပဖို႔ အိမ္ကို အလ်င္စလို ျပန္ဖို႔ ျပင္ေတာ့တယ္။

ဝမ္းေရွာင္းယြင္က ေျပာတယ္။ "သူမင္းကို တကယ္ႀကိဳက္မႀကိဳက္ မသိခ်င္ဘူးလား"

ခ်န္က်င့္ရႊယ္က တန႔္သြားတယ္။

ဝမ္ေရွာင္းယြင္က ဆက္ေျပာလာတယ္။ "မင္းက သူစိတ္ဆိုးမွာ ပူေနတာမလား။ အဲဒါကလည္း သူမင္းကို ဂ႐ုစိုက္တယ္ဆိုတာကို အေျခခံၿပီးေျပာတာပဲ။ သူသာ ဂ႐ုမစိုက္ရင္ မင္း ေတြ႕ဆုံပြဲသြားသြား မသြားသြား ဂ႐ုစိုက္ေနမွာမဟုတ္ဘူး"

သူက ခ်န္က်င့္ရႊယ္ေရွ႕မွာ အရက္ခြက္တစ္ခြက္ကို ေျမႇာက္လိုက္တယ္။ "တစ္ခါေလာက္ စမ္းမၾကည့္ခ်င္ဘူးလား"

ရိုးရိုးသားသားေျပာရရင္ ခ်န္က်င့္ရႊယ္က စမ္းမၾကည့္ရဲဘူး။

သူက အျမဲတမ္း အေတာ္ေလး ေၾကာက္တတ္တယ္။ အဲဒါေၾကာင့္ အခ်ိန္မွန္မွာ မွန္တဲ့စကားကို ေျပာတဲ့ေနရာမွာ ေတာ္ေတာ္ေလး ေကာင္းတယ္၊ ကိစၥေတြကို ေက်လည္ေအာင္ လုပ္တဲ့ေနရာမွာ အရမ္းေတာ္တယ္။

အဲဒီတုန္းက သူေရွာင္ေဖာ့လန္ စိတ္ေပ်ာ္ေအာင္ ေခ်ာ့နိုင္ခဲ့တာလည္း ဒါေၾကာင့္ပဲ၊

သူက အရမ္းေၾကာက္လြန္းလို႔ ဖြင့္မေျပာဝင့္ဘူး၊ ေရွာင္ေဖာ့လန္ကို ဒီႏွစ္ေတြအမ်ားႀကီး သေဘာက်လာၿပီးေနာက္ေတာင္မွ သူေရွာင္ေဖာ့လန္ေဘးမွာ ေနနိုင္သေရြ႕ လုံေလာက္ၿပီလို႔ပဲ ခံစားလာရတာ။

ဒါေပမဲ့ ဝမ္ေရွာင္းယြင္ရဲ့ စကားေတြက သူ႔ႏွလုံးသားထဲက အလြန႔္အလြန္ႀကီးမားတဲ့ ေခ်ာက္ႀကီးထဲမွာ သက္ဆင္းသြားၿပီး သူ႔ကို ခုန္ဆင္းလိုက္ဖို႔ ဆြဲေဆာင္းေနတယ္။

သူက ဆြဲေဆာင္ခံလိုက္ရတယ္။

သူတကယ္ ေရွာင္ေဖာ့လန္ကို အရမ္းသေဘာက်တယ္၊ အရမ္းသေဘာက်လြန္းလို႔ စစ္ပြဲတုန္းကလည္း အာ႐ုံစိုက္မရဘဲ သူ႔ကို ဂ႐ုစိုက္ဖို႔ ျပန္လာရဖို႔အတြက္ပဲ စဥ္းစားေနခဲ့တာ။

ခ်န္က်င့္ရႊယ္က ေျခာက္ကပ္ေနတဲ့အသံနဲ႔ ေျပာတယ္။ "သူက ဘာမွမခံစားရရင္..ဘယ္လို..ဘယ္လိုလုပ္မလဲ..."

ဝမ္ေရွာင္းယြင္: "မင္းမွာ အရႈံးမရွိပါဘူး၊ အရင္အတိုင္းပဲ ျပန္ျဖစ္သြားမွာပဲ မဟုတ္ဘူးလား"

ခ်န္က်င့္ရႊယ္က ေတာ္ေတာ္ေလး နားဝင္သြားတယ္။ သူက ျပန္ထိုင္ခ်လိုက္ၿပီး ဝမ္ေရွာင္းယြင္နဲ႔ အတူတူ ထိုင္ေသာက္ေနေတာ့တယ္။

စိတ္လႈပ္ရွားေနလို႔လား၊ ေၾကာက္စိတ္ေၾကာင့္လား၊ အၾကာႀကီးေနေအာင္ အရပ္တစ္ခြက္မွ မေသာက္တဲ့ သူက ခြက္အနည္းငယ္ ဆက္တိုက္ခ်ပစ္လိုက္တယ္။

ညနက္ ၁၂ နာရီထိုးေတာ့မွ ဝမ္ေရွာင္းယြင္က မတ္တပ္ရပ္လိုက္ၿပီး "သြားဖို႔ ျပန္ဖို႔ အခ်ိန္က်ၿပီ"

ခ်န္က်င့္ရႊယ္က အိမ္ကို မူးေဝစြာနဲ႔ ျပန္သြားၿပီ။ သူျပန္သြားတာနဲ႔ ကၽြမ္းေဖာ့ကို ဆိုဖာေပၚမွာ ထိုင္ေနတာကို ေတြ႕လိုက္ရတယ္။

ခ်န္က်င့္ရႊယ္က အရင္ဆုံး ကၽြမ္းေဖာ့ကို တစ္ခ်က္ လွမ္းၾကည့္လိုက္တယ္။ သူက ကာတြန္းကားလည္းၾကည့္မေနဘူး၊ မုန႔္လည္း စားမေနသလို ဂိမ္းလည္း မကစားဘူး။

ခ်န္က်င့္ရႊယ္ျပန္လာတာနဲ႔ ကၽြမ္းေဖာ့က စိတ္မေက်နပ္တဲ့ အမူအရာအျပည့္နဲ႔ မတ္တပ္ရပ္ၿပီး ေျပာတယ္။ "ခင္ဗ်ား ျပန္လာဖို႔ သိေသးတယ္ေနာ္!"

ခ်န္က်င့္ရႊယ္က တစ္ခဏေလာက္ တြန႔္ဆုတ္သြားေပမဲ့ အထဲကို လွမ္းဝင္လာခဲ့တယ္။ "ကိုယ့္ကို ေစာင့္ေနတာလား"

ကၽြမ္းေဖာ့က စိတ္မေပ်ာ္မရႊင္နဲ႔ ေျပာတယ္။ "ေတြ႕ဆုံပြဲက ဘာလို႔ ဒီေလာက္ေတာင္ ၾကာရတာလဲ"

ခ်န္က်င့္ရႊယ္က တစ္ခုခုေျပာခ်င္ေပမဲ့ သူ႔လၽွာဖ်ားထိပ္က စကားလုံးေတြကို ျပန္မ်ိဳခ်လိုက္တယ္။ သူ႔ရဲ့စစ္ကုတ္အကၤ်ီကို အသံတိတ္ ခၽြတ္လိုက္ၿပီး နံရံမွာ ခ်ိတ္လိုက္တယ္။

သူစကားမေျပာတာကို ေတြ႕ေတာ့ အျမဲတမ္း အလိုလိုက္ခံခဲ့ရတဲ့ ကၽြမ္းေဖာ့တစ္ေယာက္ဟာ ခ်က္ခ်င္းဆိုသလို ကြဲျပားျခားနားခ်က္ႀကီးကို ခံစားလိုက္ရတယ္။

ေနာက္ၿပီး နည္းနည္းလည္း မတရားသျဖင့္ ခံလိုက္ရသလို ခံစားလိုက္ရတယ္။

ျဖစ္သင့္တာပဲ၊ လက္ထပ္ၿပီးသားေယာက္်ားေတြက... အကုန္လုံး သူတို႔မိန္းမေတြကိုပဲ အလုပ္အေကၽြးျပဳေတာ့မွာပဲေလ ဟုတ္တယ္မလား။

မိစၧာအေစခံေလးကလည္း အတူတူပဲ၊ မိန္းမတစ္ေယာက္နဲ႔ဆို သူ႔သခင္ကေတာင္ အေရးႀကီးေတာ့မွာ မဟုတ္ဘူး။

ကၽြမ္းေဖာ့က ခ်န္က်င့္ရႊယ္ကို အေတာ္ၾကာေအာင္ စိုက္ၾကည့္ေနခဲ့တယ္။ သူ တျခားဘာမွ မေျပာတာကို ေတြ႕ေတာ့ ကၽြမ္းေဖာ့ဟာ ႐ုတ္ျခည္း တစ္ဖက္ကို လွည့္သြားၿပီး အေပၚထပ္ကို ေျပးတက္သြားတယ္။

သူစိတ္ဆိုးမာန္ဆိုး အေပၚထပ္ကို တက္သြားတာကို ေတြ႕လိုက္ရေတာ့ ခ်န္က်င့္ရႊယ္က အမွန္ေျပာရရင္ စၿပီး ေနာင္တရလာတယ္။

သူ႔က ပိုၿပီး အရက္မူးေျပသြားေအာင္ အရင္ဆုံး မ်က္ႏွာသစ္လိုက္ရင္း ပိုလို႔ေတာင္ ေနာင္တရလာေတာ့တယ္။

ဘာကို အစမ္းလုပ္ၾကည့္ရမွာလဲ၊ ေရွာင္ေဖာ့လန္ မေပ်ာ္တာကိုေတြ႕ရတာ သူလည္း လုံးဝကို စိတ္မပါေတာ့ဘူး။

ခ်န္က်င့္ရႊယ္က ခ်က္ခ်င္း လွည့္ၿပီး အေပၚထပ္ကို လိုက္သြားတယ္။ "ေရွာင္ေဖာ့လန္ ကိုယ္ရွင္းျပပါ့မယ္၊ ကိုယ္က..."

သူက စကားေတာင္ ေျပာလို႔မၿပီးေသးဘူး၊ ေရွာင္ေဖာ့လန္ကို အိတ္အႀကီးအေသးေတြ အမ်ားႀကီးကို သယ္ၿပီး အခန္းအျပင္ကို ထြက္လာတာ ေတြ႕လိုက္ရတယ္။

ခ်န္က်င့္ရႊယ္က ေတာင့္တင္းသြားတယ္။ "မင္း ဘာလုပ္..."

ေရွာင္ေဖာ့လန္က ပခုံးေပၚမွာ အိတ္ႏွစ္အိတ္ကိုထမ္း၊ လက္ထဲမွာ အိတ္ႏွစ္အိတ္ဆြဲထားၿပီး ေနာက္တစ္အိတ္ကိုေတာ့ လည္ပင္းမွာ ခ်ိတ္ထားတယ္။ ရႈးရႈးရွဲရွဲနဲ႔ သူက ခ်န္က်င့္ရႊယ္ကို ခုန္ေက်ာ္သြားၿပီး ေအာက္ထပ္ကို ဆင္းသြားတယ္။

ဒါေပမဲ့ သူက တကယ္ အိတ္ေတြ အမ်ားႀကီး သယ္ထားမိတယ္။ ေအာက္ထပ္ဆင္းသြားတဲ့အခါ အဲဒါေတြကို မထိန္းထားနိုင္ေတာ့ဘူး။ ေျခေထာက္ေတြက ေခ်ာထြက္သြားၿပီး ဖင္ထိုက္လ်က္က်သြားကာ ေလွကားေအာက္ကို ေလ်ာဆင္းသြားတယ္။ သူ႔လက္ထဲက အိတ္ေတြကလည္း တစ္ကြဲတစ္ျပားစီ လြင့္သြားတယ္။

"ေရွာင္ေဖာ့လန္!" ခ်န္က်င့္ရႊယ္က အလ်င္စလို ေအာက္ဆင္းၿပီး သူ႔ကို ထူေပးဖို႔ သြားတယ္။

ကၽြမ္းေဖာ့က သူ႔အကူအညီကို လက္မခံဘဲ ျပန႔္က်ဲေနတဲ့ ၾကမ္းေပၚက "အိတ္" ေတြကို ေကာက္ယူဖို႔ သြားတယ္။

ခ်န္က်င့္ရႊယ္ဟာ ၾကမ္းေပၚက အိတ္ေတြကို ၾကည့္ၿပီး သူ႔ႏွလုံးသားဟာ ညႇစ္ခံထားရသလို နာက်င္လာတယ္။

ခ်န္က်င့္ရႊယ္ရဲ့ အၾကည့္ကို သတိထားမိတဲ့အခါမွာ ကၽြမ္းေဖာ့ရဲ့ အိတ္ကိုေကာက္ေနတဲ့ သူ႔လႈပ္ရွားမႈဟာ ေႏွးသြားၿပီး၊ တျဖည္းျဖည္း ပိုပိုေႏွးသြားတယ္။ အဆုံးမွာေတာ့ ပစၥည္းေတြကို ေအာက္ခ်လိုက္ၿပီး ေျပာတယ္။ "ၾကည့္မေနနဲ႔ေတာ့! အဲဒါေတြအကုန္လုံး ခင္ဗ်ား ကၽြန္ေတာ့္ကို ေပးထားတာေတြ ျဖစ္ေတာ့ေရာ ဘာအေရးလဲ၊ ကၽြန္ေတာ္ ယူသြားလို႔မရဘူးလား!"

ေနာက္ေတာ့ ၾကမ္းေပၚကို ၾကည့္လိုက္တယ္၊ ခ်န္က်င့္ရႊယ္ဝယ္ေပးထားတဲ့ ဂိမ္းကစားတဲ့ ခလုတ္ခုံေလး၊

အဝတ္ေတြအားလုံးက သူ ဝယ္ေပးထားတာ။

မုန႔္ေတြေတာင္မွပဲ အကုန္ သူဝယ္ေပးထားတာ။

ကၽြမ္းေဖာ့ဟာ သူ႔မွာ ယူသြားစရာ သူ႔ဘာသူဝယ္ထားတဲ့ပစၥည္း ဘာတစ္ခုမွ မရွိတာကို စိတ္ပ်က္လက္ပ်က္ ေတြ႕လိုက္ရတယ္!

ဝါး ဒါက မိစၧာတစ္ေယာက္ရဲ့ ဘဝမွာ ဝမ္းနည္းစရာအေကာင္းဆုံးအခ်ိန္ပဲ ျဖစ္ရမယ္။

သူက သူ႔ရဲ့ကိုယ္ပိုင္မိစၧာအေစခံရဲ့ စြန႔္ပစ္တာကို ခံရတဲ့ မိစၧာတစ္ေကာင္ပဲ။

ခ်န္က်င့္ရြယ္က တိတ္ဆိတ္စြာနဲ႔ ၾကမ္းေပၚက ျပန႔္က်ဲေနတဲ့ ပစၥည္းေတြကို ကူၿပီး သိမ္းေပးေနတယ္။ အဲဒါေတြကို သိမ္းၿပီးေနာက္မွာ ေနာက္ဆုံးေတာ့ ေျပာလာတယ္။ "မင္းက ထြက္သြားခ်င္လို႔လား"

ကၽြမ္းေဖာ့က ဆိုတယ္။ "ဟုတ္တယ္၊ ခင္ဗ်ားရဲ့ေနရာမွာ မေနခ်င္ေတာ့ဘူး"

ခ်န္က်င့္ရႊယ္ရဲ့ေခါင္းဟာ ဗလာက်င္းသြားတယ္၊ ေသခ်ာေပါက သူဒီည ဘာမွ မစမ္းၾကည့္ခဲ့သင့္ဘူးလို႔ ခံစားေနရတယ္။ အဲဒါဆိုရင္ ဒီလိုေမၽွာ္လင့္ခ်က္မ်ိဳးကို ထားမိမွာမဟုတ္ဘူး။

အတိတ္က ေမၽွာ္လင့္ထားသေလာက္ကို အခု သူဆုံးရႈံးလိုက္ရသလို ခံစားေနရတယ္။

သူက ခဏေလာက္ တိတ္ဆိတ္ေနၿပီးေနာက္မွာ ေမးလိုက္တယ္။ "ဘာလို႔လဲ"

ကၽြမ္းေဖာ့က မတရားခံရသလို ခံစားေနရၿပီးၿပီ။ သူဒီလိုေမးလိုက္တာကို ၾကားေတာ့ ပိုလို႔ေတာင္ စိတ္ထဲမွာ ဆိုးရြားသြားတယ္။ "ခင္ဗ်ားတို႔လူေတြက အကုန္လုံး အတူတူပဲ၊ ဝမ္ေရွာင္းယြင္က သခင့္ကို လွည့္ဖ်ားၿပီး ေခၚသြားတယ္၊ သခင္က ကၽြန္ေတာ္ခစားတာကို မလိုအပ္ေတာ့ဘူး။ အခု ခင္ဗ်ားကိုလည္း တျခားတစ္ေယာက္က လွည့္ဖ်ားၿပီးေခၚသြားေတာ့မယ္၊ ေနာက္ဆို ကၽြန္ေတာ့္ကို ခစားေတာ့မွာ မဟုတ္ဘူး"

သူက ဘာလုပ္ဖို႔ေနရမွာလဲ၊ ခ်န္က်င့္ရႊယ္ တျခားတစ္ေယာက္ကို လုပ္ေကၽြးေနတာကို ၾကည့္ဖို႔လား။ ကၽြမ္းေဖာ့က ဒီအေၾကာင္း စဥ္းစားမိေလေလ၊ ခံစားခ်က္က ဆိုးရြားလာေလေလပဲ။ ဘယ္လိုမ်ား ဒီမိစၧာအေစခံေလးက သူ႔ကို စြန႔္ပစ္ၿပီး တျခားသူတစ္ေယာက္ကို ရွာနိုင္ရတာလဲ။ သူဆို သခင္တစ္ေယာက္တည္းကိုပဲ အသိအမွတ္ျပဳၿပီး အဲဒါ တစ္ဘဝစာအတြက္ပဲ၊ ဘာလို႔ ခ်န္က်င့္ရႊယ္ကေရာ တစ္ဘဝစာအတြက္ မျဖစ္ရတာလဲ"

ခ်န္က်င့္ရႊယ္က အစတုန္းက ႀကီးႀကီးမားမား ဆုံးရႈံးလိုက္ရသလို ခံစားမႈေၾကာင့္ ရိုက္ခတ္ခံလိုက္ရတယ္။ မေမၽွာ္လင့္ဘဲ ေရွာင္ေဖာ့လန္ ဒီလိုေျပာတာကို ၾကားလိုက္ရေတာ့ ခဏေလာက္ သူ႔အေတြးေတြကို မစုစည္းနိုင္ေတာ့ဘူး။ သူ႔ရဲ့အရက္ေၾကာင့္ေထြေနတဲ့စိတ္ဟာ စၿပီး မူးေဝလာတယ္။

"ကိုယ္က ဘယ္သူလွည့္ဖ်ားတာမွ ခံရတာမဟုတ္ဘူး" သူက ေျပာတယ္။ "မင္းကိုယ့္ကို ေတြ႕ဆုံပြဲေတြ မသြားေစခ်င္ဘူးလား"

ကၽြမ္းေဖာ့က ေခါင္းမာစြာနဲ႔ ေျပာတယ္။ "ခင္ဗ်ား ခ်ိန္းေတြ႕တာ မေတြ႕တာ ဘယ္သူက ဂ႐ုစိုက္ေနလို႔လဲ၊ ကၽြန္ေတာ္တစ္ေယာက္တည္းကိုပဲ တစ္သက္လုံး အလုပ္အေကၽြးျပဳမဲ့ ပိုၿပီးေကာင္းတဲ့ မိစၧာအေစခံတစ္ေယာက္ သြားရွာမယ္။ ကၽြန္ေတာ္..."

သူက စကားေျပာလို႔ေတာင္ မၿပီးေသးဘူး၊ ခ်န္က်င့္ရႊယ္က သူ႔လက္ထဲက ခရီးေဆာင္အိတ္နဲ႔ အိတ္ေတြကို ဆြဲယူသြားတယ္။

သူ႔ ခရီးေဆာင္အိတ္ေတြ ဆြဲယူသြားခံလိုက္ရတာကို ေတြ႕မွ ေရွာင္ေဖာ့လန္ဟာ တိတ္တိတ္ေလး သက္ျပင္းေမာႀကီးကို မႈတ္ထုတ္လိုက္တယ္။

သူ... သူကလည္း သိပ္ၿပီး သြားခ်င္တာ မဟုတ္ပါဘူး....

အဲဒါေၾကာင့္ သူက ပစၥည္းေတြကို သိုေလွာင္စနစ္ထဲကိုေတာင္ မထည့္ခဲ့ဘူး...

ဒါေပမဲ့ အျပင္မွာေတာ့ သူက ပိုပိုသာသာေတာင္ ေျပာလိုက္ေသးတယ္။ "ပစၥည္းေတြ ကၽြန္ေတာ့္ကို ျပန္ေပး၊ ကၽြန္ေတာ့္ကို ပိတ္ထားၿပီး သြားခြင့္မေပးရင္ေတာင္ ကၽြန္ေတာ္ကေတာ့ ေနမွာမဟုတ္ဘူး"

ခ်န္က်င့္ရႊယ္က ဒီစကားေတြကို လ်စ္လ်ဴရႈထားလိုက္တယ္။ ၾကည့္ရတာ အရက္က သူ႔ကို သတၱိေတြေပးတာလားမသိ၊ သူက ပါးစပ္ဟလိုက္ၿပီး ေျပာတယ္။ "ကိုယ္ ေတြ႕ဆုံပြဲ မသြားခဲ့ဘူး။ ကိုယ့္အေမက ကိုယ့္ကို လက္ထပ္ေစခ်င္ေနတာ ႏွစ္ေတြၾကာေနၿပီ၊ ဒါေပမဲ့ သူစီစဥ္ေပးတဲ့ ပြဲေတြတစ္ခုမွ ကိုယ္မသြားခဲ့ဘူး။ ဒီေန႔လည္း မသြားခဲ့ဘူး"

ကၽြမ္းေဖာ့က တစ္စကၠန႔္ေလာက္ ခဲသြားတယ္၊ နည္းနည္းလည္း အျပစ္ရွိသလို ခံစားလိုက္ရတယ္။ မသြားဘူးလား။

ဒါဆို...

သူက ေမးခ်င္ခဲ့တယ္: ဘာလို႔ ဒီေလာက္ ေနာက္က်မွ ျပန္လာတာလဲ။

အဲဒီေနာက္ ခ်န္က်င့္ရႊယ္ေျပာတာကို ၾကားလိုက္တယ္။ "ကိုယ့္အေမကို ေျပာထားတယ္၊ ကိုယ္သေဘာက်တဲ့သူရွိတယ္လို႔။ အေမက ကိုယ္လက္မထပ္ခ်င္လို႔ လိမ္ေျပာေနတယ္လို႔ပဲ ထင္ေနတယ္။ ဒီတစ္ေခါက္ေတာ့ ကိုယ္သူ႔ကို မညာခဲ့ဘူး။ တကယ္ ကိုယ္သေဘာက်တဲ့သူရွိတယ္"

ကၽြမ္းေဖာ့မ်က္ႏွာက ေနာက္တစ္ဖန္ ေတာင့္တင္းသြားတယ္။ ေသခ်ာေပါက္ ခ်န္က်င့္ရႊယ္က သူ႔ကို စြန႔္ပစ္ၿပီး တျခားတစ္ေယာက္ကို လုပ္ေကၽြးေတာ့မွာပဲ။

သူက ခရီးေဆာင္အိတ္ကို မၿပီး သြားဖို႔ ျပင္လိုက္တယ္။

ခ်န္က်င့္ရႊယ္က ေျပာတယ္။ "ကိုယ္မင္းကို သေဘာက်တယ္"

ကၽြမ္းေဖာ့: "...."

သူ႔ရဲ့ မိစၧာေခါင္းေလးက သိပ္ၿပီး ေကာင္းေကာင္း အလုပ္မလုပ္တဲ့ပုံပဲ။

ခ်န္က်င့္ရႊယ္က ေျပာတယ္။ "ကိုယ္က မင္းကို ေတာ္ေတာ္ၾကာေအာင္ သေဘာက်လာတာေၾကာင့္ထင္တယ္၊ အဲဒီအေၾကာင္း ဘယ္လိုထုတ္ေျပာရမလဲကို မသိဘူး။ တကယ္လို႔...."

သူက စကၠန႔္အနည္းငယ္ တန႔္သြားၿပီး အသက္ခပ္ျပင္းျပင္း ရွိုက္သြင္းလိုက္ၿပီး အနည္းငယ္ တုန္ယင္ေနတဲ့ အသံနဲ႔ ေျပာတယ္။ "တကယ္လို႔... ကိုယ့္ကို အရမ္းဆိုးရြားတယ္လို႔ မထင္ရင္ အခြင့္အေရးတစ္ခုေလာက္ ေပးပါလား"

ကၽြမ္းေဖာ့ရဲ့ ေခါင္းက လုံးဝကို အလုပ္မလုပ္ေတာ့ဘူး။

ခ်န္က်င့္ရႊယ္က ေတြးေနသလို ဆိုလိုတာအမွန္လား။

ခ်န္က်င့္ရႊယ္က ေတြ႕ဆုံပြဲမသြားခ်င္တာ... သူနဲ႔ တြဲခ်င္လို႔လား....

"ေပးနိုင္လား" ခ်န္က်င့္ရႊယ္အသံက ေျခာက္ကပ္ၿပီး အက္ကြဲေနတယ္။ "ေရွာင္ေဖာ့လန္"

ကၽြမ္းေဖာ့က ခ်န္က်င့္ရႊယ္ရဲ့ မ်က္လုံးထဲကို ၾကည့္လိုက္တယ္။ ဒီမ်က္လုံးေတြထဲမွာ ေခ်ာက္ခ်ားမႈေတြနဲ႔ ဂနာမၿငိမ္မႈေတြ ေတြ႕ေနရတယ္။ ဒါေပမဲ့လည္း သူတစ္ခါမွ သတိမထားမိတဲ့ ရႈပ္ေထြးတဲ့ စိတ္ခံစားခ်က္တစ္မ်ိဳးနဲ႔လည္း ျပည့္ေနေသးတယ္။

ကၽြမ္းေဖာ့က အလ်င္စလို ေခါင္းငုံ႔လိုက္ၿပီး ခ်န္က်င့္ရႊယ္ကို မ်က္လုံးခ်င္းဆုံေအာင္ မၾကည့္ရဲဘူး။ သူ႔အသံကလည္း ေျခာက္ၿပီး အက္ေနတယ္။ "ဘယ္ေလာက္.. ဘယ္ေလာက္ေတာင္ ရဲတင္းလွတာလဲ။ ကိုယ့္သခင္၊ ကၽြန္ေတာ့္ကိုေတာင္ လိုခ်င္တပ္မက္ေနတာ..."

ခ်န္က်င့္ရႊယ္က ေျပာတယ္။ "အင္း"

ကၽြမ္းေဖာ့က သူ႔ကိုယ္ထဲက စြမ္းအင္ေက်ာက္တုံးက မီးေလာင္ေနလားလို႔ေတာင္ ထင္မိတယ္။ မဟုတ္ရင္ ဘာလို႔ ဒီေလာက္ေတာင္ ပူေလာင္ေနရတာလဲ။

ခ်န္က်င့္ရႊယ္က ထပ္ေမးတယ္။ "အခြင့္အေရးေပးနိုင္မလား"

သူက အေျဖကို ရမွျဖစ္မယ္လို႔ စိတ္ဆုံးျဖတ္ထားသလိုပဲ။

ကၽြမ္ေဖာ့ဟာ သူ႔ကိုယ္ပိုင္ဆက္သြယ္ေရးစက္ကို တိတ္တဆိတ္ထုတ္လိုက္ၿပီး ရိုက်ိဳးစြာ ေျပာတယ္။ "ကၽြန္ေတာ္... ကၽြန္ေတာ္ မိစၧာနဲ႔ လူသားၾကားက ဆက္ဆံေရးက စည္းကမ္းနဲ႔ညီရဲ့လားဆိုတာ အရင္ စစ္ေဆးၾကည့္ရမယ္"

သခင္က ေျပာဖူးတယ္၊ သူက မိစၧာေတြကို လက္လြတ္စပယ္ အသက္သြင္းေပးလို႔မျဖစ္ဘူးတဲ့။

ဒါေပမဲ့ အခု သူလုပ္ခဲ့ၿပီးၿပီျဖစ္တာမို႔ ကၽြမ္းေဖာ့က စည္းကမ္းဆန႔္က်င္တဲ့ကိစၥမ်ိဳး မလုပ္ေအာင္ သူေသခ်ာ ဂ႐ုစိုက္ဖို႔ လိုတယ္။

ခ်န္က်င့္ရႊယ္ႏွလုံးသားထဲက စိုးရိမ္ပူပန္မႈဟာ ေျပေလ်ာ့သြားတယ္။ စိုးရိမ္ပူပန္မႈ၏ ရိုက္ခတ္မႈေၾကာင့္ ခ်ာခ်ာလည္ေနတဲ့ေခါင္းဟာလည္း ေပ်ာ္ရႊင္သြားၿပီး ခ်န္က်င့္ရႊယ္က သူ႔စိတ္က အေတြးထက္ေတာင္မွ ပိုၿပီးလ်င္ျမန္စြာ လႈပ္ရွားၿပီး ေရွာင္ေဖာ့လန္ကို သူ႔ရင္ခြင္ထဲ ဆြဲသြင္းလိုက္တယ္။

"စည္းကမ္းကို မဆန႔္က်င္ပါဘူး" သူက ေျပာလိုက္တယ္။ "ကိုယ္တို႔က ေကာင္းခ်ီးေပးမႈေတြပဲ ရမွာပါ"

ကၽြမ္းေဖာ့: "....အိုး"

ကၽြမ္းေဖာ့: ".... အဲဒါ အဲဒါဆိုရင္ေတာ့ ခြင့္ျပဳလိုက္မယ္ေလ"

——

ၿပီးပါၿပီ

Akira: ေနာက္ဆုံးေတာ့ က်ိဳးက်ိဳးေလးတို႔ကို ႏႈတ္ဆက္ဖို႔အခ်ိန္ေရာက္လာပါၿပီ၊ မခြဲခ်င္ေသးေပမဲ့ ေစာင့္ေနၾကမွာစိုးလို႔ ေနာက္ဆုံးအပိုင္း ျပန္ေပးလိုက္ပါၿပီ TT ဒီလို ခ်စ္စရာေကာင္းတဲ့ အတြဲေလးေတြကို ခ်စ္ေပးၾကတဲ့သူေတြ၊ ကိုယ့္ရဲ့ အေပ်ာ္တမ္းဘာသာျပန္ေလးကို သည္းခံဖတ္ရႈေပးတဲ့သူေတြလည္း က်းဇူးတင္ပါတယ္ေနာ္~ ကိုယ့္ဘာသာျပန္ေၾကာင့္ အေႏွာင့္အယွက္မျဖစ္ဘူး၊ ဒီလိုခ်စ္စရာေလးေတြ ဖတ္ခ်င္ေပမဲ့.. ဘာသာျပန္မရွိေသးတာဆိုရင္ ေျပာသြားလို႔ရပါတယ္၊ Smut ေတြအမ်ားႀကီးပါတာေတြ ကိုယ္က ဖတ္ရတာႀကိဳက္ေပမဲ့ ေခ်ာေမြ႕ေအာင္ မျပန္တတ္ပါဘူး၊ ပြင့္ပြင့္လင္းလင္းေျပာထားတာပါ။ ဒါေပမဲ့ ေစာင့္နိုင္မွ ေျပာပါေနာ္၊ တစ္ပတ္တစ္ပိုင္းေလာက္ပဲ update ေပးနိုင္လို႔ပါ။ မဟုတ္ရင္ေတာ့ GUEE ပဲ ဆက္ျပန္ပါ့မယ္.. အသစ္မကိုင္ေတာ့ပါဘူး. 

Continue Reading

You'll Also Like

130K 27.5K 25
Author(s) 爱莲斋 E- translator Lia Status in COO 11 chapters + 1 Extra (Completed) Unicode+ Zawgyi ဒါေလးကေပါ့ေပါ့ပါးပါးေလးနဲ႕ အခြီေလးေတြပါျပီး ခ်စ္ဖို႕...
71.4K 15.1K 42
ပါရမီရွင္အျဖစ္ေမြးဖြားလာသူ လင္႐ႊမ္းဇီသည္ သူ႔အတိတ္ဘဝမွာ ကမာၻၾကီးကို မလႊမ္းမိုးခဲ့ေသာ္လည္း ယန္ထ်န္းဟန္အေပၚ သစၥာေဖာက္ခဲ့သည္။ သူနဲ႔ အရင္းနွီးဆံုး သူငယ္ခ်...
10.1K 679 9
//𝘽𝙤𝙩𝙝 𝙐𝙣𝙞𝙘𝙤𝙙𝙚 𝙖𝙣𝙙 𝙕𝙖𝙬𝙜𝙮𝙞 𝘾𝙤𝙙𝙚 𝙖𝙧𝙚 𝙖𝙫𝙖𝙞𝙡𝙖𝙗𝙡𝙚// Update schedule ^ Per chapter Per week Myanmar Translation Of pape...
48.4K 5.7K 20
Ruan Yan အလုပ်အသစ်မှာ CEO ကို အရပ်ရှည် ချမ်းသာပြီးခန့်ညားမယ်လို့မျှော်လင့်ထားတယ်။ အရေးကြီးတာ 'Mary Sue' ဖြစ်ဖို့ပေါ့။ ဒါပေမယ့် ဇာတ်လမ်းက သူမျှော်လင့...