ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

By LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 More

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter(71.2)

3.5K 460 6
By LuciousKim

Zawgyi

အခ်ိန္အၾကာၾကီး TV စီးရီးေတြကိုလိုက္ၾကည့္ျပီးခ်ိန္မွာေတာ့ ရွန္ယန္းတစ္ေယာက္ မနက္ဖန္မွာရွန္းလုလူေရြးပြဲကို သြားရမယ့္အေၾကာင္းကို ျပန္လည္သတိရသြားခဲ့ရတယ္။ ဒါေၾကာင့္ ရွန္းလုနိုဗယ္ကိုျပန္လည္ေကာက္ကိုင္လိုက္ျပီး ခဏေလာက္ၾကာေအာင္ျပန္ဖတ္ေနလိုက္တယ္။ မနက္ဖန္အတြက္ပြဲစဥ္က ဘယ္လိုမ်ိဳးျဖစ္နိုင္မလဲဆိုတာကို သူမ,မသိဘူးေလ။ ရွန္းလုလူေရြးပြဲကိုျပဳလုပ္တဲ့ ရိႈးပြဲက ပံုမွန္လုပ္ရိုးလုပ္စဥ္အတိုင္းမွ မသြားတတ္ဘဲ။

တစ္ခ်ိန္တည္းမွာပဲ ရွန္းလုလူေရြးပြဲရဲ႕ ပရိုဂရမ္စီစဥ္သူအုပ္စုကလည္း မနက္ဖန္ဂိမ္းကိုဘယ္လိုလုပ္ရင္ေကာင္းမလဲဆိုတဲ့အေၾကာင္းကိုေဆြးေႏြးေနခဲ့တယ္။

"ငါတို႔ပရိုဂရမ္ရဲ႕ၾကည့္ရႈနႈန္းက ေဒါသတၾကီးမွတ္ခ်က္ေတြေၾကာင့္ ျမင့္တက္ေနတုန္းပဲ ဒါေပမယ့္ငါတို႔အဲဒါကို ပိုျပီးလုပ္ေလေလ စိတ္မေအးနိုင္ေလေလျဖစ္ရမွာေနာ္"

“ဒီေတာ့ မင္းက ပြဲစဥ္ပံုစံကိုေျပာင္းလဲခ်င္ေနတာလား"

"ဟုတ္တယ္ ကိုယ္လက္လႈပ္ရွားတာကလည္း ေဖ်ာ္ေျဖေရးပဲေလ ေနာက္ျပီး ဘယ္အရာကမွ အနုပညာရွင္ေတြ အလုပ္လုပ္ျပတာေလာက္ စိတ္ဝင္စားစရာေကာင္းမွာမဟုတ္ဘူး ဘာလို႔ငါေျပာတဲ့အတိုင္း မေျပာင္းလဲၾကည့္ရမွာလဲ "

"ဒါေပမယ့္ ဧည့္သည္ေတာ္ေတြက"

"ဒါကဧည့္ေတာ္ေတာ္ေတြရဲ႕အလုပ္မဟုတ္ဘူး လူေရြးပြဲေတြမွာ ဘယ္သူက ဧည့္သည္ေတြကို ထင္းခုတ္ျပမလားဆိုျပီး ေမးျပီးမွ လုပ္ခိုင္းတာ ျမင္ဖူးလို႔လဲ"

“ အဓိကက လံု႔လရိွရိွလႈပ္ရွားဖို႔ပဲ"

“.... "

လူတိုင္းရဲ႕ စိတ္ကူးစိတ္သန္းေတြက ကြဲျပားေနတာေၾကာင့္ ထပ္မံျပီးေဆြးေႏြးၾကျပန္တယ္။

ေနာက္ေန႔မနက္မွာေတာ့ က်ိဳးရိုက ရွန္ယန္းကိုလာေခၚျပီး ျပိဳင္ပြဲဆီသို႔ေခၚေဆာင္သြားခဲ့တယ္။ အခုခ်ိန္မွာေတာ့ ရွန္ယန္းကို ျပိဳင္ပြဲကေနအလြယ္တကူ ထုတ္လိုက္နိုင္တဲ့သူမ်ိဳးရိွမွာမဟုတ္ေတာ့ဘူးလို႔ က်ိဳးရိုေတြးေတာမိေနျပီ။ ဘာလို႔လဲဆိုေတာ့ လူအမ်ားစုရဲ႕နႈတ္ဖ်ားမွ က်ယ္ေလာင္စြာေအာ္ဟစ္အားေပးေနတဲ့သူက ရွန္ယန္းျဖစ္ေနခဲ့ျပီေလ။ လုယြင္ခ်န္းရဲ႕ပရိသတ္ေတြအားလံုးကလည္း ရွန္ယန္းကိုပဲ နြံပါတ္တစ္ဇာတ္လိုက္မင္းသမီးျဖစ္ေစခ်င္ၾကတာ။

က်ိဳးရိုကေတာ့ ပရိုဂရမ္အဖြဲ႕ကလည္း ၄င္းကိုထည့္သြင္းစဥ္းစားေပးလိမ့္မယ္လို႔ ယံုၾကည္တယ္။ ဘယ္လိုပဲဆိုဆို Fairy Road လူေရြးပြဲရဲ႕ ဇာတ္လိုက္မေနရာအတြက္ ေရြးခ်ယ္မႈေတြက ပရိသတ္အၾကိဳက္အေပၚမွာလည္း မူတည္တယ္ေလ။ ပရိသတ္ ၾကိဳက္နွစ္သက္လို႔လည္း သူတို႔ေတြထုတ္လႊင့္ခြင့္ရေနတာပဲကို။ ဒီေတာ့ သူတို႕ေတြ ပိုျပီးေထာက္ပံ့ေပးလိမ့္မယ္။

" ဘာေၾကာင့္လဲဆိုတာမသိေပမယ့္ ဒီတစ္ေခါက္ ရိႈးပြဲရဲ႕တည္ေနရာကေျပာင္းလဲသြားတယ္ ။  ျမိဳ႔ဆင္ေျခဖံုးဘက္မွာလုပ္မွာတဲ့"
က်ိဳးရို ရွန္ယန္းကိုထပ္မံရွင္းျပလိုက္တယ္။

ဘယ္လိုပဲျဖစ္ျဖစ္ျပိဳင္ပြဲဝင္ေတြအားလံုးရဲ႕ စတင္တဲ့အခ်ိန္က တူညီေနမွာျဖစ္တဲ့အတြက္ ရွန္ယန္းကေတာ့ အလ်င္လိုျခင္းမရိွေလဘူး။

ကားက ဆင္ေျခဖံုးရပ္ကြက္ကိုေရာက္ဖို႔ သံုးနာရီခန္႕ၾကာေအာင္ေမာင္းနွင္လိုက္ရတယ္။ ဒီတစ္ခါမွာေတာ့ ပရိတ္သတ္ေတြေစာင့္မေနတဲ့အတြက္ က်ိဳးရိုတစ္ေယာက္ ရွန္ယန္းကိုကားထဲကပဲ ေစာင့္ေနနိုင္ေလတယ္။ အထဲကိုေရာက္ေတာ့ တျခားလူေတြက သူမကိုေရွာင္ဖယ္ေနတာကို ရွန္ယန္းျမင္လိုက္ရတယ္။

တျခားျပိဳင္ပြဲဝင္ေတြက ေကာင္းမြန္ေပ်ာ္ရႊင္စြာ စကားေျပာေနခ်ိန္မွာ ရွန္ယန္းကေတာ့ ေဘးမွာရပ္ျပီး ရွန္းလုစာအုပ္ကိုဘဲ ဆက္ဖတ္ေနခဲ့တယ္။

ထိုအခ်ိန္မွာပဲ ရိႈးပြဲက စတင္ဖို႔အဆင္သင့္ျဖစ္သြားခဲ့ျပီ။

[ ရွန္ယန္းကဘာလို႔ သူတို႔အနားမွာသြားမေနတာလဲ]

[နင္က နင့္ကိုနင္ဇာတ္လိုက္မေနရာကို ရသြားျပီလို႔ထင္ေနတာလား အဲဒါေၾကာင့္ သူတို႔နဲ႔တစ္ေနရာထဲေတာင္မေနခ်င္ေတာ့ဘူးေပါ့?
သူမက ကံေကာင္းလြန္းလို႔သာ အခုေနရာကိုေရာက္ေနတယ္ဆိုတာကိုေတာင္ မေျပာရဲေတာ့ဘူး]

[အမွန္ပဲ ေအးစက္စက္အမူအယာလုပ္ျပျပီး တျခားျပိဳင္ပြဲဝင္ေတြကိုအထင္ေသးေနတာလား]

[နင္တို႔ ဘာေတြေျပာေနၾကတာလဲ ငါတို႔အားလံုးက ရွန္ယန္းကိုပဲ အဓိကဇာတ္ေဆာင္ေနရာကို ရေစခ်င္ေနၾကတာေလ]

[ဟုတ္တယ္ ဒီရိႈးပြဲမွာပါဝင္တဲ့ဘယ္ျပိဳင္ပြဲဝင္ကမ်ား ဇာတ္လိုက္မေနရာကို မလိုခ်င္လို႔လဲဟ]

[ နင္က ရွန္ယန္းကိုလာျပီးမုန္းတီးျပေနတာလား ? ရွန္ယန္းက ငါတို႔ရဲ႕နတ္ဘုရားၾကီးလုယြင္ခ်န္းနဲ႔ အလုပ္ေတာင္အတူတူတြဲလုပ္နိုင္တယ္ေလ အဲဒါဘာမွားလို႔လဲ?]

[ ရွန္ယန္းကိုပံ့ပို႔ေပးရမယ္ ရွန္ယန္းကေအးစက္စက္ပံုစံေလးနဲ႔ေတာင္မိုက္တယ္ တျခားျပိဳင္ပြဲဝင္ေတြကို အထင္ေသးလိုက္စမ္းပါ]

[ ရွန္ယန္း လုပ္ျပလိုက္စမ္းပါ ငါတို႔နတ္ဘုရားၾကီး လုယြင္ခ်န္းနဲ႔ လက္တြဲျပီးအလုပ္လုပ္လိုက္စမ္းပါ]

[ သူမက တျခားလူေတြနဲ႔ စကားမေျပာတာမဟုတ္ဘူး စာဖတ္ေနလို႔ပါ]

[ ဟားဟားဟားဟား စာဖတ္ေနတာတဲ့  သူမက တကၠသိုလ္ဝင္ခြင့္စာေမးပြဲေျဖဖို႔လုပ္ေနသလိုမ်ိဳး ရွန္းလုစာအုပ္အေပၚမွီခိုေနတာလား အဲဒီစာအုပ္ကို ေန႔တိုင္းဖတ္ေနတာ ျပိဳင္ပြဲဝင္တဲ့အခ်ိန္တိုင္း အဲဒီစာအုပ္ကိုပဲဖတ္ေနတာေနာ္ သူမက အဲဒီစာအုပ္ကို တကယ္ေရာဖတ္ေနတာလား ဟန္ေဆာင္ျပေနတာလား]

ရွန္ယန္းက ရိႈးပြဲထဲမွာေရာက္ေနတဲ့အတြက္ အင္တာနက္ေပၚမွာျဖစ္ေနတဲ့ကိစၥေတြကိုမသိေလဘူး။ ဒါေပမယ့္ က်ိဳးရိုကေတာ့ နာနီကားထဲမွာထိုင္ျပီး ထုတ္လႊင့္မႈကိုၾကည့္ေနခဲ့တယ္ေလ။ သူမ မ်က္ေမွာင္ကုတ္လိုက္ျပီး တိုက္ရိုက္ထုတ္လႊင့္ေနတဲ့တျခားျပိဳင္ပြဲဝင္ေတြဘက္က မွတ္ခ်က္ကိုသြားၾကည့္လိုက္တယ္။
ျပီးေနာက္ ရွန္ယန္းဘက္ကိုျပန္ဆြဲၾကည့္လိုက္ကာ ရွန္ယန္းကို ထိုမွတ္ခ်က္ေတြအေၾကာင္း လွမ္းေျပာျပလိုက္တယ္။

ရွန္ယန္း: " အဲဒါ လီရွင္းမဟုတ္ဘူး က်ြန္မကိုအထုတ္ခံရေစခ်င္တဲ့ ေနာက္တစ္ေယာက္ပဲျဖစ္လိမ့္မယ္"

ျပိဳင္ပြဲဝင္ေတြအမ်ားၾကီးရိွေပမယ့္ လူတိုင္းက သူမကိုေရွာင္ဖယ္ေနၾကတယ္။ ဒါက အင္တာနက္ေပၚမွာ သူမကိုခုလိုျပင္းထန္တဲ့မွတ္ခ်က္ေတြေပးေစဖို႔အတြက္ပဲ။ ျဖစ္နိုင္တာက တစ္စံုတစ္ေယာက္က တျခားျပိဳင္ပြဲဝင္ေတြကိုစုစည္းျပီး အင္တာနက္ေပၚမွာ ထိုမွတ္ခ်က္ေတြကိုအခ်ိန္ကိုက္ေပၚထြက္လာေစဖို႔ ျပင္ဆင္ထားခဲ့တာပဲ။

ဒီရိႈးပြဲက တိုက္ရိုက္ထုတ္လႊင့္ေနခဲ့တာေလ။ ဒါေၾကာင့္ ရွန္ယန္ကိုပိုျပီးတိုက္ခိုက္လာမွကို ကိ်ဳးရိုစိတ္ပူတာေၾကာင့္ ရွန္ယန္းထံသို႔ဆက္သြယ္ကာ တျခားလူေတြနဲ႔ပူးေပါင္းဖို႔လွမ္းေျပာလိုက္တယ္ ။

က်န္းရံုေရာက္လာခ်ိန္မွာေတာ့ သူမက ရွန္ယန္အနားကိုသြားရပ္ျပီး ရွန္ယန္းနဲ႔အတူ ရွန္းလုစာအုပ္ကို အတူဖတ္ရႈေနလိုက္တယ္။

ရွန္ယန္းက က်ိဳးရိုရဲ႕စကားကိုနားမေထာင္ခဲ့ဘူးေလ။ တကယ္လို႔သူမသာ ဒီအခ်ိန္မွာတျခားလူေတြအနီးကိုသြားလိုက္မယ္ဆိုရင္လည္း တျခားျပိဳင္ပြဲဝင္ေတြကေတာ့ သူမကိုျပန္လည္အဖက္လုပ္စကားေျပာမွာ မဟုတ္ေလာက္ဘူး။ ဒီေတာ့ အင္တာနက္အသံုးျပဳသူေတြက သူမ,ရရိွထားတဲ့မွတ္ခ်က္ဆိုးေတြကိုဖယ္ရွားဖို႔အတြက္ ဟန္ေဆာင္ေနတယ္လို႔ထင္သြားလိမ့္မယ္။ ဒါဆို သူမကဘာလို႔ရွန္းလုကိုပဲ ဆက္မဖတ္ပဲေနရမွာလဲ။

က်န္းရံုကေတာ့ လမ္းမွာကတည္းက ထိုထုတ္လႊင့္မႈကိုၾကည့္ေနခဲ့တာေၾကာင့္ မွတ္ခ်က္ဆိုးေတြကိုလည္းျမင္လာခဲ့ျပီးျပီ။ ဒါေၾကာင့္ ရွန္ယန္းကို တီးတိုးေျပာလိုက္တယ္။

"အစ္မယန္ယန္ က်ြန္မတို႔ သူတို႕နဲ႔သြားေပါင္းလိုက္ၾကမလား"

ရွန္ယန္း ခဏေလာက္ေတြးေတာျပီး ျပန္ေျပာလိုက္တယ္။
"မင္းသြားခ်င္ရင္ သြားေလ"

က်န္းရံု: " ဟင့္အင္း က်ြန္မက အစ္မနဲ႔ပဲအတူေနမွာ"

သူမအေနနဲ႔ ရွန္ယန္းက သူမအေပၚေတာ္ေတာ္ေလးေကာင္းတယ္လို႔ ခံစားရတယ္ေလ။ ဒါေၾကာင့္ ဒီအခ်ိန္မွာ သူမအေနနဲ႔ ရွန္ယန္းကိုျပန္ေကာင္းေပးသင့္တယ္လို႔ေတြးေနခဲ့တယ္။

မိနစ္အနည္းငယ္ၾကာျပီးခ်ိန္မွာေတာ့ က်န္းရံုပါ အြန္လိုင္းေပၚမွာ ဆဲဆိုခံရေတာ့တယ္။

[ဟားဟားဟားဟား သူတို႕နွစ္ေယာက္က ရွန္းလုကိုဖတ္ခ်င္ေယာင္ေဆာင္ျပီး အလုပ္ၾကိဳးစားသလို ဟန္ေဆာင္ေနၾကတာပဲ]

[ က်န္းရံုက ရွန္ယန္းကို စိတ္ေက်နပ္ေအာင္လုပ္ေပးေနတာလား]

[ ဟီးဟီး ငါကေတာ့ ရွန္ယန္းလို နတ္သမီးပံုျပင္ထဲကလိုမ်ိဳးကံေကာင္းေနတဲ့မိန္းကေလးမ်ိဳးကို သေဘာမက်ဘူး ..ရွန္ယန္းက သူ႕ကိုယ္သူ စန္းတင္ေနတယ္လို႔ပဲထင္တယ္]

ဒီတစ္ခါမွေတာ့ က်ိဳးရိုေရာ ဝမ္ဖန္းပါ သူတို႕နွစ္ေယာက္ကို တျခားလူေတြနဲ႔အတူလိုက္ေလ်ာညီေထြေနဖို႔လွမ္းေျပာၾကေပမယ့္ သူတို႕ရဲ႕အနုပညာရွင္နွစ္ေယာက္ကေတာ့ နားမေထာင္ပဲ အလုပ္ၾကိဳးစားတဲ့ပံုစံအတိုင္းပဲရိွေနခဲ့ၾကတယ္။ ဒီေတာ့ မွတ္ခ်က္ေတြထဲမွာ ဟန္ေဆာင္ေနတယ္ဆိုတဲ့စကားေတြနဲ႔ျပည့္ေနခဲ့ျပီး သူတို႕ေတြဘာမွမကူညီနိုင္ေတာ့ဘူး။ ဒါေၾကာင့္ ေအးဂ်င့္နွစ္ေယာက္ကေတာ့ ဘာဆက္လုပ္ရမလဲဆိုတာကို ေဆြးေႏြးတိုင္ပင္ၾကေတာ့တယ္။

မၾကာခင္မွာပဲ ျပိဳင္ပြဲဝင္နဲ႔ဒိုင္လူၾကီးေတြစံုလင္ျပီျဖစ္တာေၾကာင့္ ျပိဳင္ပြဲကို တရားဝင္စတင္ဖြင့္လွစ္လိုက္ေတာ့တယ္။

Hostက မိုက္ခရိုဖုန္းကိုေကာက္ယူျပီး စတင္ေျပာလာတယ္။

"ရွန္ယန္းနဲ႔ လီရွင္းတို႔ရဲ႕ျပိဳင္ပြဲအေၾကာင္းကိုေတာ့ အားလံုးပဲသိရိွျပီးၾကမယ္လို႔ထင္ပါတယ္ လီရွင္းက ရွန္ယန္းကိုရံႈးနိမ့္သြားခဲ့တဲ့အတြက္ ျပိဳင္ပြဲကေန နႈတ္ထြက္သြားခဲ့ပါျပီ။ သူမ ဒီျပိဳင္ပြဲကေန နႈတ္ထြက္သြားခဲ့ရေပမယ့္လည္း အနုပညာေလာကထဲမွာေတာ့ ဆက္လက္ျပီးေအာင္ျမင္နိုင္ေစဖို႔ဆုေတာင္းေပးလိုက္ပါတယ္ ေအာင္ျမင္ခဲ့တဲ့ရွန္ယန္းအတြက္လည္း အနာဂတ္မွာ အလုပ္ပိုၾကိဳးစားျပီး ေအာင္ျမင္လာေစဖို႔ေမ်ွာ္လင့္မိပါပါတယ္"

Host က ရွန္ယန္းနဲ႔ လီရွင္းအေၾကာင္းကိုေျပာျပီးေနာက္ ဒီေန႕အတြက္အစီအစဥ္ကိုထပ္မံေၾကညာျပန္တယ္။

" မတိုင္ခင္အခ်ိန္တုန္းက က်ြန္ေတာ္တို႕ရဲ႕ျပိဳင္ပြဲစနစ္က ကိုယ္ၾကိဳက္တဲ့ပံုစံအတိုင္း သေဘာရိွသလိုယွဥ္ျပိဳင္နိုင္တာမ်ိဳးလုပ္ခဲ့ေပမယ့္ ဒီတစ္ေခါက္မွာေတာ့ က်ြန္ေတာ္တို႔ပရိုဂရမ္အဖြဲ႔က ဂိမ္းပံုစံကိုေျပာင္းလဲလိုက္ပါျပီ ျပိဳင္ပြဲဝင္ေတြက ထင္းခုတ္ျပီးေတာ့ ငါးကိုခ်က္ျပဳတ္ျပရမွာပါ"

လူတိုင္း:????

Host : " အဖြဲ႕နဲ႔လုပ္ခိုင္းဦးမွာပါ နွစ္ေယာက္တစ္ဖြဲ႕ အသင္းဖြဲ႕ရမွာျဖစ္ျပီး အုပ္စုထဲကတစ္ေယာက္ကို voteေတြနဲ႔ဆံုးျဖတ္သြားမွာျဖစ္လို႔ လြတ္လြတ္လပ္လပ္ ျပိဳင္နိုင္ပါတယ္"

လူတိုင္းက နွစ္ေယာက္တစ္တြဲအတူလုပ္ရမွာျဖစ္ျပီး ထိုနွစ္ေယာက္ထဲကတစ္ေယာက္က နႈတ္ထြက္သြားရမွာလား?

ပရိုဂရမ္အဖြဲ႕က က်ပန္းေရြးခ်ယ္တာျဖစ္ျပီး ဒီတစ္ၾကိမ္မွာေတာ့ ရွန္ယန္းနဲ႔က်ိဳးရိုတို႔က နွစ္ေယာက္တစ္ဖြဲ႕က်ခဲ့ေလတယ္။ သူတိုနွစ္ေယာက္ကေတာ့ ေပ်ာ္ရမလား ဝမ္းနည္းရမလားေတာင္မေတြးတတ္ေတာ့ဘူး။ သူတို႔နွစ္ေယာက္က တစ္သင္းထဲအတူေနရေပမယ့္လည္း နွစ္ေယာက္ထဲက တစ္ေယာက္ကေတာ့ နႈတ္ထြက္ရလိမ့္မယ္။

အြန္လိုင္းေပၚမွာ ရွန္ယန္းကို စန္းတင္ေနတယ္(နာမည္ၾကီးလာေအာင္ နည္းလမ္းအမ်ိဳးမ်ိဳးအသံုးခ်ျပီးလုပ္ေနတယ္)လို႔ေျပာဆိုေနၾကေပမယ့္ မ်ားစြာေသာလူေတြကေတာ့ ရွန္ယန္းကိုပံ့ပိုးေပးေနၾကတုန္းပဲ။

ရွန္ယန္းက က်န္းရံုကိုေျပာလိုက္တယ္။

"လုပ္ရမယ့္ဟာကို နင္ပဲေရြးခ်ယ္လိုက္ေလ"

က်န္းရံု: "အိုေခ ထင္းအရင္ခုတ္ၾကတာေပါ့"
သူမက မ်က္ေမွာက္ၾကဳတ္ျပီးထပ္ေျပာလာတယ္။

"တကယ္လို႔ က်ြန္မထြက္ရမယ္ဆိုရင္ အစ္မရဲ႕ေအးဂ်င့္ကို က်ြန္မအတြက္အရင္းအျမစ္ရွာေပးဖို႔ ေျပာေပးရမယ္ေနာ္"

ရွန္ယန္း တခစ္ခစ္ရယ္ေမာျပီးေျပာလိုက္တယ္။

"ငါနင့္ကို ေျပာေရးဆိုခြင့္ရိွသူအျဖစ္ခန္႕ေပးမွာေလ"

က်န္းရံု:....

"နင္ငါ့ကို အရင္းအျမစ္ေတြျပန္ရွာေပးစရာမလိုပါဘူး ညစာပဲေက်ြးရင္ရျပီ"

" ရွန္ယန္း ! က်ြန္မ ေထာက္ခံသူမလုပ္ေတာ့ဘူး"

" ငါ့ကိုေစာင့္ေနဦးေလ"

"အား အား အား အား!"

တျခားအုပ္စုေတြက အခ်င္းခ်င္းရင္းနီးက်ြမ္းဝင္တဲ့ပံုစံမ်ိဳးလုပ္ျပေနၾကတဲ့အခ်ိန္မွာပဲ ရွန္ယန္းနဲ႔ က်န္းရံုတို႔ကေတာ့ ထင္းခုတ္ဖို႔အဆင္သင့္ျဖစ္ေနၾကျပီ။

ဒီအခ်ိန္မွာ ထုတ္လႊင့္ျပသတဲ့ေနရာမွာ သံုးေနရာပိုင္းျခားထားျပီျဖစ္ျပီး ကင္မရာျမင္ကြင္းထဲမွာရိွေနခ်င္ရင္ ေကာင္းမြန္တဲ့အေနအထားရိွေနမွရလိမ့္မယ္။

ထိုကင္မရာျမင္ကြင္းသံုးခုမွာ တစ္ခုကထင္းခုတ္တဲ့ေနရာျဖစ္ျပီး ေနာက္ထပ္နွစ္ခုကေတာ့ ငါးရွာရမယ့္ေခ်ာင္းငယ္နဲ႔ ခ်က္ျပဳရမယ့္ေနရာတို႔ျဖစ္တယ္။

ရွန္ယန္း: " ငါးခ်က္ဖို႔ဆိုရင္ ငါတို႔ေတြ ထင္းဘယ္ေလာက္မ်ားမ်ားလိုေလာက္မလဲ"

က်န္းရံုလည္းပဲ ထိုေမးခြန္းကိုမသိေလဘူး။ ဒီေတာ့ သူတို႔နွစ္ေယာက္ ခဏေလာက္ေဆြးေႏြးလိုက္ၾကျပီး ထင္းတံုးၾကီးနွစ္တံုးကို ခြဲျခမ္းလိုက္ၾကျပီး ငါးရွာဖို႔အတြက္ထြက္သြားၾကေလတယ္။သူတို႔ငါးရွာေနခ်ိန္မွာ တျခားလူေတြကေတာ့ ထင္းပိုင္းဖို႔စတင္ရံုပဲရိွေသးတယ္။

ပရိသတ္ထုၾကီး :????

T/n __ ေျပာခဲ့တဲ့အတိုင္း လက္ရိွျပန္ေနတဲ့ E transက Raw ေလာက္ပဲျဖစ္ေနတဲ့အတြက္ တခ်ိဳ႔ေနရာေတြမွာ ျဖည့္ေရးထားတာမ်ိဳး ၊ ျဖစ္နိုင္မယ္ထင္တာကိုခန္႕မွန္းျပီးျပန္ထားတာမ်ိဳးေတြရိွပါတယ္

မနက္ဖန္အလုပ္မရႈပ္ဘူးဆိုရင္ ေနာက္တစ္ပိုင္းထပ္တင္ေပးပါ့မယ္ (not sure)

****

Unicode

အချိန်အကြာကြီး TV စီးရီးတွေကိုလိုက်ကြည့်ပြီးချိန်မှာတော့ ရှန်ယန်းတစ်ယောက် မနက်ဖန်မှာရှန်းလုလူရွေးပွဲကို သွားရမယ့်အကြောင်းကို ပြန်လည်သတိရသွားခဲ့ရတယ်။ ဒါကြောင့် ရှန်းလုနိုဗယ်ကိုပြန်လည်ကောက်ကိုင်လိုက်ပြီး ခဏလောက်ကြာအောင်ပြန်ဖတ်နေလိုက်တယ်။ မနက်ဖန်အတွက်ပွဲစဉ်က ဘယ်လိုမျိုးဖြစ်နိုင်မလဲဆိုတာကို သူမ,မသိဘူးလေ။ ရှန်းလုလူရွေးပွဲကိုပြုလုပ်တဲ့ ရှိုးပွဲက ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းမှ မသွားတတ်ဘဲ။

တစ်ချိန်တည်းမှာပဲ ရှန်းလုလူရွေးပွဲရဲ့ ပရိုဂရမ်စီစဉ်သူအုပ်စုကလည်း မနက်ဖန်ဂိမ်းကိုဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့အကြောင်းကိုဆွေးနွေးနေခဲ့တယ်။

"ငါတို့ပရိုဂရမ်ရဲ့ကြည့်ရှုနှုန်းက ဒေါသတကြီးမှတ်ချက်တွေကြောင့် မြင့်တက်နေတုန်းပဲ ဒါပေမယ့်ငါတို့အဲဒါကို ပိုပြီးလုပ်လေလေ စိတ်မအေးနိုင်လေလေဖြစ်ရမှာနော်"

“ဒီတော့ မင်းက ပွဲစဉ်ပုံစံကိုပြောင်းလဲချင်နေတာလား"

"ဟုတ်တယ် ကိုယ်လက်လှုပ်ရှားတာကလည်း ဖျော်ဖြေရေးပဲလေ နောက်ပြီး ဘယ်အရာကမှ အနုပညာရှင်တွေ အလုပ်လုပ်ပြတာလောက် စိတ်ဝင်စားစရာကောင်းမှာမဟုတ်ဘူး ဘာလို့ငါပြောတဲ့အတိုင်း မပြောင်းလဲကြည့်ရမှာလဲ "

"ဒါပေမယ့် ဧည့်သည်တော်တွေက"

"ဒါကဧည့်တော်တော်တွေရဲ့အလုပ်မဟုတ်ဘူး လူရွေးပွဲတွေမှာ ဘယ်သူက ဧည့်သည်တွေကို ထင်းခုတ်ပြမလားဆိုပြီး မေးပြီးမှ လုပ်ခိုင်းတာ မြင်ဖူးလို့လဲ"

“ အဓိကက လုံ့လရှိရှိလှုပ်ရှားဖို့ပဲ"

“.... "

လူတိုင်းရဲ့ စိတ်ကူးစိတ်သန်းတွေက ကွဲပြားနေတာကြောင့် ထပ်မံပြီးဆွေးနွေးကြပြန်တယ်။

နောက်နေ့မနက်မှာတော့ ကျိုးရိုက ရှန်ယန်းကိုလာခေါ်ပြီး ပြိုင်ပွဲဆီသို့ခေါ်ဆောင်သွားခဲ့တယ်။ အခုချိန်မှာတော့ ရှန်ယန်းကို ပြိုင်ပွဲကနေအလွယ်တကူ ထုတ်လိုက်နိုင်တဲ့သူမျိုးရှိမှာမဟုတ်တော့ဘူးလို့ ကျိုးရိုတွေးတောမိနေပြီ။ ဘာလို့လဲဆိုတော့ လူအများစုရဲ့နှုတ်ဖျားမှ ကျယ်လောင်စွာအော်ဟစ်အားပေးနေတဲ့သူက ရှန်ယန်းဖြစ်နေခဲ့ပြီလေ။ လုယွင်ချန်းရဲ့ပရိသတ်တွေအားလုံးကလည်း ရှန်ယန်းကိုပဲ နွံပါတ်တစ်ဇာတ်လိုက်မင်းသမီးဖြစ်စေချင်ကြတာ။

ကျိုးရိုကတော့ ပရိုဂရမ်အဖွဲ့ကလည်း ၎င်းကိုထည့်သွင်းစဉ်းစားပေးလိမ့်မယ်လို့ ယုံကြည်တယ်။ ဘယ်လိုပဲဆိုဆို Fairy Road လူရွေးပွဲရဲ့ ဇာတ်လိုက်မနေရာအတွက် ရွေးချယ်မှုတွေက ပရိသတ်အကြိုက်အပေါ်မှာလည်း မူတည်တယ်လေ။ ပရိသတ် ကြိုက်နှစ်သက်လို့လည်း သူတို့တွေထုတ်လွှင့်ခွင့်ရနေတာပဲကို။ ဒီတော့ သူတို့တွေ ပိုပြီးထောက်ပံ့ပေးလိမ့်မယ်။

" ဘာကြောင့်လဲဆိုတာမသိပေမယ့် ဒီတစ်ခေါက် ရှိုးပွဲရဲ့တည်နေရာကပြောင်းလဲသွားတယ် ။  မြို့ဆင်ခြေဖုံးဘက်မှာလုပ်မှာတဲ့"
ကျိုးရို ရှန်ယန်းကိုထပ်မံရှင်းပြလိုက်တယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပြိုင်ပွဲဝင်တွေအားလုံးရဲ့ စတင်တဲ့အချိန်က တူညီနေမှာဖြစ်တဲ့အတွက် ရှန်ယန်းကတော့ အလျင်လိုခြင်းမရှိလေဘူး။

ကားက ဆင်ခြေဖုံးရပ်ကွက်ကိုရောက်ဖို့ သုံးနာရီခန့်ကြာအောင်မောင်းနှင်လိုက်ရတယ်။ ဒီတစ်ခါမှာတော့ ပရိတ်သတ်တွေစောင့်မနေတဲ့အတွက် ကျိုးရိုတစ်ယောက် ရှန်ယန်းကိုကားထဲကပဲ စောင့်နေနိုင်လေတယ်။ အထဲကိုရောက်တော့ တခြားလူတွေက သူမကိုရှောင်ဖယ်နေတာကို ရှန်ယန်းမြင်လိုက်ရတယ်။

တခြားပြိုင်ပွဲဝင်တွေက ကောင်းမွန်ပျော်ရွှင်စွာ စကားပြောနေချိန်မှာ ရှန်ယန်းကတော့ ဘေးမှာရပ်ပြီး ရှန်းလုစာအုပ်ကိုဘဲ ဆက်ဖတ်နေခဲ့တယ်။

ထိုအချိန်မှာပဲ ရှိုးပွဲက စတင်ဖို့အဆင်သင့်ဖြစ်သွားခဲ့ပြီ။

[ ရှန်ယန်းကဘာလို့ သူတို့အနားမှာသွားမနေတာလဲ]

[နင်က နင့်ကိုနင်ဇာတ်လိုက်မနေရာကို ရသွားပြီလို့ထင်နေတာလား အဲဒါကြောင့် သူတို့နဲ့တစ်နေရာထဲတောင်မနေချင်တော့ဘူးပေါ့?
သူမက ကံကောင်းလွန်းလို့သာ အခုနေရာကိုရောက်နေတယ်ဆိုတာကိုတောင် မပြောရဲတော့ဘူး]

[အမှန်ပဲ အေးစက်စက်အမူအယာလုပ်ပြပြီး တခြားပြိုင်ပွဲဝင်တွေကိုအထင်သေးနေတာလား]

[နင်တို့ ဘာတွေပြောနေကြတာလဲ ငါတို့အားလုံးက ရှန်ယန်းကိုပဲ အဓိကဇာတ်ဆောင်နေရာကို ရစေချင်နေကြတာလေ]

[ဟုတ်တယ် ဒီရှိုးပွဲမှာပါဝင်တဲ့ဘယ်ပြိုင်ပွဲဝင်ကများ ဇာတ်လိုက်မနေရာကို မလိုချင်လို့လဲဟ]

[ နင်က ရှန်ယန်းကိုလာပြီးမုန်းတီးပြနေတာလား ? ရှန်ယန်းက ငါတို့ရဲ့နတ်ဘုရားကြီးလုယွင်ချန်းနဲ့ အလုပ်တောင်အတူတူတွဲလုပ်နိုင်တယ်လေ အဲဒါဘာမှားလို့လဲ?]

[ ရှန်ယန်းကိုပံ့ပို့ပေးရမယ် ရှန်ယန်းကအေးစက်စက်ပုံစံလေးနဲ့တောင်မိုက်တယ် တခြားပြိုင်ပွဲဝင်တွေကို အထင်သေးလိုက်စမ်းပါ]

[ ရှန်ယန်း လုပ်ပြလိုက်စမ်းပါ ငါတို့နတ်ဘုရားကြီး လုယွင်ချန်းနဲ့ လက်တွဲပြီးအလုပ်လုပ်လိုက်စမ်းပါ]

[ သူမက တခြားလူတွေနဲ့ စကားမပြောတာမဟုတ်ဘူး စာဖတ်နေလို့ပါ]

[ ဟားဟားဟားဟား စာဖတ်နေတာတဲ့  သူမက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့လုပ်နေသလိုမျိုး ရှန်းလုစာအုပ်အပေါ်မှီခိုနေတာလား အဲဒီစာအုပ်ကို နေ့တိုင်းဖတ်နေတာ ပြိုင်ပွဲဝင်တဲ့အချိန်တိုင်း အဲဒီစာအုပ်ကိုပဲဖတ်နေတာနော် သူမက အဲဒီစာအုပ်ကို တကယ်ရောဖတ်နေတာလား ဟန်ဆောင်ပြနေတာလား]

ရှန်ယန်းက ရှိုးပွဲထဲမှာရောက်နေတဲ့အတွက် အင်တာနက်ပေါ်မှာဖြစ်နေတဲ့ကိစ္စတွေကိုမသိလေဘူး။ ဒါပေမယ့် ကျိုးရိုကတော့ နာနီကားထဲမှာထိုင်ပြီး ထုတ်လွှင့်မှုကိုကြည့်နေခဲ့တယ်လေ။ သူမ မျက်မှောင်ကုတ်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်နေတဲ့တခြားပြိုင်ပွဲဝင်တွေဘက်က မှတ်ချက်ကိုသွားကြည့်လိုက်တယ်။
ပြီးနောက် ရှန်ယန်းဘက်ကိုပြန်ဆွဲကြည့်လိုက်ကာ ရှန်ယန်းကို ထိုမှတ်ချက်တွေအကြောင်း လှမ်းပြောပြလိုက်တယ်။

ရှန်ယန်း: " အဲဒါ လီရှင်းမဟုတ်ဘူး ကျွန်မကိုအထုတ်ခံရစေချင်တဲ့ နောက်တစ်ယောက်ပဲဖြစ်လိမ့်မယ်"

ပြိုင်ပွဲဝင်တွေအများကြီးရှိပေမယ့် လူတိုင်းက သူမကိုရှောင်ဖယ်နေကြတယ်။ ဒါက အင်တာနက်ပေါ်မှာ သူမကိုခုလိုပြင်းထန်တဲ့မှတ်ချက်တွေပေးစေဖို့အတွက်ပဲ။ ဖြစ်နိုင်တာက တစ်စုံတစ်ယောက်က တခြားပြိုင်ပွဲဝင်တွေကိုစုစည်းပြီး အင်တာနက်ပေါ်မှာ ထိုမှတ်ချက်တွေကိုအချိန်ကိုက်ပေါ်ထွက်လာစေဖို့ ပြင်ဆင်ထားခဲ့တာပဲ။

ဒီရှိုးပွဲက တိုက်ရိုက်ထုတ်လွှင့်နေခဲ့တာလေ။ ဒါကြောင့် ရှန်ယန်ကိုပိုပြီးတိုက်ခိုက်လာမှကို ကျိုးရိုစိတ်ပူတာကြောင့် ရှန်ယန်းထံသို့ဆက်သွယ်ကာ တခြားလူတွေနဲ့ပူးပေါင်းဖို့လှမ်းပြောလိုက်တယ် ။

ကျန်းရုံရောက်လာချိန်မှာတော့ သူမက ရှန်ယန်အနားကိုသွားရပ်ပြီး ရှန်ယန်းနဲ့အတူ ရှန်းလုစာအုပ်ကို အတူဖတ်ရှုနေလိုက်တယ်။

ရှန်ယန်းက ကျိုးရိုရဲ့စကားကိုနားမထောင်ခဲ့ဘူးလေ။ တကယ်လို့သူမသာ ဒီအချိန်မှာတခြားလူတွေအနီးကိုသွားလိုက်မယ်ဆိုရင်လည်း တခြားပြိုင်ပွဲဝင်တွေကတော့ သူမကိုပြန်လည်အဖက်လုပ်စကားပြောမှာ မဟုတ်လောက်ဘူး။ ဒီတော့ အင်တာနက်အသုံးပြုသူတွေက သူမ,ရရှိထားတဲ့မှတ်ချက်ဆိုးတွေကိုဖယ်ရှားဖို့အတွက် ဟန်ဆောင်နေတယ်လို့ထင်သွားလိမ့်မယ်။ ဒါဆို သူမကဘာလို့ရှန်းလုကိုပဲ ဆက်မဖတ်ပဲနေရမှာလဲ။

ကျန်းရုံကတော့ လမ်းမှာကတည်းက ထိုထုတ်လွှင့်မှုကိုကြည့်နေခဲ့တာကြောင့် မှတ်ချက်ဆိုးတွေကိုလည်းမြင်လာခဲ့ပြီးပြီ။ ဒါကြောင့် ရှန်ယန်းကို တီးတိုးပြောလိုက်တယ်။

"အစ်မယန်ယန် ကျွန်မတို့ သူတို့နဲ့သွားပေါင်းလိုက်ကြမလား"

ရှန်ယန်း ခဏလောက်တွေးတောပြီး ပြန်ပြောလိုက်တယ်။
"မင်းသွားချင်ရင် သွားလေ"

ကျန်းရုံ: " ဟင့်အင်း ကျွန်မက အစ်မနဲ့ပဲအတူနေမှာ"

သူမအနေနဲ့ ရှန်ယန်းက သူမအပေါ်တော်တော်လေးကောင်းတယ်လို့ ခံစားရတယ်လေ။ ဒါကြောင့် ဒီအချိန်မှာ သူမအနေနဲ့ ရှန်ယန်းကိုပြန်ကောင်းပေးသင့်တယ်လို့တွေးနေခဲ့တယ်။

မိနစ်အနည်းငယ်ကြာပြီးချိန်မှာတော့ ကျန်းရုံပါ အွန်လိုင်းပေါ်မှာ ဆဲဆိုခံရတော့တယ်။

[ဟားဟားဟားဟား သူတို့နှစ်ယောက်က ရှန်းလုကိုဖတ်ချင်ယောင်ဆောင်ပြီး အလုပ်ကြိုးစားသလို ဟန်ဆောင်နေကြတာပဲ]

[ ကျန်းရုံက ရှန်ယန်းကို စိတ်ကျေနပ်အောင်လုပ်ပေးနေတာလား]

[ ဟီးဟီး ငါကတော့ ရှန်ယန်းလို နတ်သမီးပုံပြင်ထဲကလိုမျိုးကံကောင်းနေတဲ့မိန်းကလေးမျိုးကို သဘောမကျဘူး ..ရှန်ယန်းက သူ့ကိုယ်သူ စန်းတင်နေတယ်လို့ပဲထင်တယ်]

ဒီတစ်ခါမှတော့ ကျိုးရိုရော ဝမ်ဖန်းပါ သူတို့နှစ်ယောက်ကို တခြားလူတွေနဲ့အတူလိုက်လျောညီထွေနေဖို့လှမ်းပြောကြပေမယ့် သူတို့ရဲ့အနုပညာရှင်နှစ်ယောက်ကတော့ နားမထောင်ပဲ အလုပ်ကြိုးစားတဲ့ပုံစံအတိုင်းပဲရှိနေခဲ့ကြတယ်။ ဒီတော့ မှတ်ချက်တွေထဲမှာ ဟန်ဆောင်နေတယ်ဆိုတဲ့စကားတွေနဲ့ပြည့်နေခဲ့ပြီး သူတို့တွေဘာမှမကူညီနိုင်တော့ဘူး။ ဒါကြောင့် အေးဂျင့်နှစ်ယောက်ကတော့ ဘာဆက်လုပ်ရမလဲဆိုတာကို ဆွေးနွေးတိုင်ပင်ကြတော့တယ်။

မကြာခင်မှာပဲ ပြိုင်ပွဲဝင်နဲ့ဒိုင်လူကြီးတွေစုံလင်ပြီဖြစ်တာကြောင့် ပြိုင်ပွဲကို တရားဝင်စတင်ဖွင့်လှစ်လိုက်တော့တယ်။

Hostက မိုက်ခရိုဖုန်းကိုကောက်ယူပြီး စတင်ပြောလာတယ်။

"ရှန်ယန်းနဲ့ လီရှင်းတို့ရဲ့ပြိုင်ပွဲအကြောင်းကိုတော့ အားလုံးပဲသိရှိပြီးကြမယ်လို့ထင်ပါတယ် လီရှင်းက ရှန်ယန်းကိုရှုံးနိမ့်သွားခဲ့တဲ့အတွက် ပြိုင်ပွဲကနေ နှုတ်ထွက်သွားခဲ့ပါပြီ။ သူမ ဒီပြိုင်ပွဲကနေ နှုတ်ထွက်သွားခဲ့ရပေမယ့်လည်း အနုပညာလောကထဲမှာတော့ ဆက်လက်ပြီးအောင်မြင်နိုင်စေဖို့ဆုတောင်းပေးလိုက်ပါတယ် အောင်မြင်ခဲ့တဲ့ရှန်ယန်းအတွက်လည်း အနာဂတ်မှာ အလုပ်ပိုကြိုးစားပြီး အောင်မြင်လာစေဖို့မျှော်လင့်မိပါပါတယ်"

Host က ရှန်ယန်းနဲ့ လီရှင်းအကြောင်းကိုပြောပြီးနောက် ဒီနေ့အတွက်အစီအစဉ်ကိုထပ်မံကြေညာပြန်တယ်။

" မတိုင်ခင်အချိန်တုန်းက ကျွန်တော်တို့ရဲ့ပြိုင်ပွဲစနစ်က ကိုယ်ကြိုက်တဲ့ပုံစံအတိုင်း သဘောရှိသလိုယှဉ်ပြိုင်နိုင်တာမျိုးလုပ်ခဲ့ပေမယ့် ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ပရိုဂရမ်အဖွဲ့က ဂိမ်းပုံစံကိုပြောင်းလဲလိုက်ပါပြီ ပြိုင်ပွဲဝင်တွေက ထင်းခုတ်ပြီးတော့ ငါးကိုချက်ပြုတ်ပြရမှာပါ"

လူတိုင်း:????

Host : " အဖွဲ့နဲ့လုပ်ခိုင်းဦးမှာပါ နှစ်ယောက်တစ်ဖွဲ့ အသင်းဖွဲ့ရမှာဖြစ်ပြီး အုပ်စုထဲကတစ်ယောက်ကို voteတွေနဲ့ဆုံးဖြတ်သွားမှာဖြစ်လို့ လွတ်လွတ်လပ်လပ် ပြိုင်နိုင်ပါတယ်"

လူတိုင်းက နှစ်ယောက်တစ်တွဲအတူလုပ်ရမှာဖြစ်ပြီး ထိုနှစ်ယောက်ထဲကတစ်ယောက်က နှုတ်ထွက်သွားရမှာလား?

ပရိုဂရမ်အဖွဲ့က ကျပန်းရွေးချယ်တာဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ရှန်ယန်းနဲ့ကျိုးရိုတို့က နှစ်ယောက်တစ်ဖွဲ့ကျခဲ့လေတယ်။ သူတိုနှစ်ယောက်ကတော့ ပျော်ရမလား ဝမ်းနည်းရမလားတောင်မတွေးတတ်တော့ဘူး။ သူတို့နှစ်ယောက်က တစ်သင်းထဲအတူနေရပေမယ့်လည်း နှစ်ယောက်ထဲက တစ်ယောက်ကတော့ နှုတ်ထွက်ရလိမ့်မယ်။

အွန်လိုင်းပေါ်မှာ ရှန်ယန်းကို စန်းတင်နေတယ်(နာမည်ကြီးလာအောင် နည်းလမ်းအမျိုးမျိုးအသုံးချပြီးလုပ်နေတယ်)လို့ပြောဆိုနေကြပေမယ့် များစွာသောလူတွေကတော့ ရှန်ယန်းကိုပံ့ပိုးပေးနေကြတုန်းပဲ။

ရှန်ယန်းက ကျန်းရုံကိုပြောလိုက်တယ်။

"လုပ်ရမယ့်ဟာကို နင်ပဲရွေးချယ်လိုက်လေ"

ကျန်းရုံ: "အိုခေ ထင်းအရင်ခုတ်ကြတာပေါ့"
သူမက မျက်မှောက်ကြုတ်ပြီးထပ်ပြောလာတယ်။

"တကယ်လို့ ကျွန်မထွက်ရမယ်ဆိုရင် အစ်မရဲ့အေးဂျင့်ကို ကျွန်မအတွက်အရင်းအမြစ်ရှာပေးဖို့ ပြောပေးရမယ်နော်"

ရှန်ယန်း တခစ်ခစ်ရယ်မောပြီးပြောလိုက်တယ်။

"ငါနင့်ကို ပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်ပေးမှာလေ"

ကျန်းရုံ:....

"နင်ငါ့ကို အရင်းအမြစ်တွေပြန်ရှာပေးစရာမလိုပါဘူး ညစာပဲကျွေးရင်ရပြီ"

" ရှန်ယန်း ! ကျွန်မ ထောက်ခံသူမလုပ်တော့ဘူး"

" ငါ့ကိုစောင့်နေဦးလေ"

"အား အား အား အား!"

တခြားအုပ်စုတွေက အချင်းချင်းရင်းနီးကျွမ်းဝင်တဲ့ပုံစံမျိုးလုပ်ပြနေကြတဲ့အချိန်မှာပဲ ရှန်ယန်းနဲ့ ကျန်းရုံတို့ကတော့ ထင်းခုတ်ဖို့အဆင်သင့်ဖြစ်နေကြပြီ။

ဒီအချိန်မှာ ထုတ်လွှင့်ပြသတဲ့နေရာမှာ သုံးနေရာပိုင်းခြားထားပြီဖြစ်ပြီး ကင်မရာမြင်ကွင်းထဲမှာရှိနေချင်ရင် ကောင်းမွန်တဲ့အနေအထားရှိနေမှရလိမ့်မယ်။

ထိုကင်မရာမြင်ကွင်းသုံးခုမှာ တစ်ခုကထင်းခုတ်တဲ့နေရာဖြစ်ပြီး နောက်ထပ်နှစ်ခုကတော့ ငါးရှာရမယ့်ချောင်းငယ်နဲ့ ချက်ပြုရမယ့်နေရာတို့ဖြစ်တယ်။

ရှန်ယန်း: " ငါးချက်ဖို့ဆိုရင် ငါတို့တွေ ထင်းဘယ်လောက်များများလိုလောက်မလဲ"

ကျန်းရုံလည်းပဲ ထိုမေးခွန်းကိုမသိလေဘူး။ ဒီတော့ သူတို့နှစ်ယောက် ခဏလောက်ဆွေးနွေးလိုက်ကြပြီး ထင်းတုံးကြီးနှစ်တုံးကို ခွဲခြမ်းလိုက်ကြပြီး ငါးရှာဖို့အတွက်ထွက်သွားကြလေတယ်။သူတို့ငါးရှာနေချိန်မှာ တခြားလူတွေကတော့ ထင်းပိုင်းဖို့စတင်ရုံပဲရှိသေးတယ်။

ပရိသတ်ထုကြီး :????

T/n __ ပြောခဲ့တဲ့အတိုင်း လက်ရှိပြန်နေတဲ့ E transက Raw လောက်ပဲဖြစ်နေတဲ့အတွက် တချို့နေရာတွေမှာ ဖြည့်ရေးထားတာမျိုး ၊ ဖြစ်နိုင်မယ်ထင်တာကိုခန့်မှန်းပြီးပြန်ထားတာမျိုးတွေရှိပါတယ်

မနက်ဖန်အလုပ်မရှုပ်ဘူးဆိုရင် နောက်တစ်ပိုင်းထပ်တင်ပေးပါ့မယ် (not sure)

****

Continue Reading

You'll Also Like

132K 18.2K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
686 63 8
Original Name: Princess Wei Yang/Concubine's daughter is Poisonous Original Author : Qin Jian Genre : Drama, Mature, Josei, Romance This is not my ow...
552K 64.4K 184
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
14.3K 1.2K 12
Title - 万蛊谣 (Ballad of Ten Thousand Gu) Author - 叶笑 (Ye Xiao) English translator - Catharcity Original publisher - 飞魔幻 magazine Audio drama link - ht...