ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့...

Galing kay Jiji_laura

465K 79.7K 2.6K

Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO... Higit pa

Description
အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။
အခန်း-၂ စာကြောင်းတွေကို မှတ်ရတာ ခက်လိုက်တာ။
အခန်း-၃ နုပျိုရနံ့သာဆေးလုံး။
အခန်း-၄ ဒီကျေးဇူးကို ငါပြန်ဆပ်မယ်။
အခန်း-၅ မင်းက လူကောင်းတစ်ယောက်ပဲ။
အခန်း-၆ လူရွေးပွဲ၏ ပထမဦးဆုံး အကဲဖြတ်ခြင်း။
အခန်း-၇ ငါ အရမ်းပျော်ပါတယ်။
အခန်း-၈ ဒါက ကြီးကြီးမားမား နားလည်မှုလွဲမှားတာပဲ။
အခန်း-၉ လရောင်အောက်၌ ယစ်မူးနေသော ကြာပွတ်ငယ်။
အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။
အခန်း-၁၁ ဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။
အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။
အခန်း-၁၃ ဘယ်သူက ပထမလဲ?
အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။
အခန်း-၁၅ ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၁၆ နောက်ထပ်ရှင်းပြစရာ မရှိပါ။
အခန်း-၁၇ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြောင်းရွှေ့ခြင်း။
အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။
အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။
အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။
အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။
အခန်း-၂၂ ကျောက်စိမ်းအိမ်တော်မှ နှစ်တစ်ဝက်။
အခန်း-၂၃ ကျောက်စိမ်းကြေးမုံရေကန်ပေါ်၌ ကစားခြင်း။
အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။
အခန်း-၂၅ ပုလဲစံအိမ်တော်သို့ မှားယွင်းစွာဝင်ရောက်ခြင်း။
အခန်း-၂၅.၂
အခန်း-၂၅.၃
အခန်း-၂၆ နိုးထခြင်းနှင့် နှစ်သစ်ကူးအကြို။
အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။
အခန်း-၂၈ ခံစားချက်များကို ထုတ်ပြောရန်မှာ ခက်ခဲလှသည်။
အခန်း-၂၉ ခေတ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ခြင်း။
အခန်း-၃၀ မြင့်မြတ်သော ဓားပညာရှိ ဂူသင်္ချိုင်း၏သတင်း။
အခန်း-၃၁ ကောပိသဲကန္တာရ၌ ပြန်လည်ဆုံဆည်းခြင်း။
အခန်း-၃၂ သူစိမ်းအဖြစ် တွေ့ဆုံခြင်း။
အခန်း-၃၃ မိုးမခရွက်ရေကန် သွေးစွန်းထင်းခြင်း။
အခန်း-၃၄ ရေကန်ဘေးမှ ကြယ်စင်ည။
အခန်း-၃၅ ကောလဟာလတွေကို ဘယ်သူတွေ ဖြန့်နေတာလဲ?
အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။
အခန်း-၃၇ မြေအောက်မြစ်ထဲသို့ ပြုတ်ကျခြင်း။
အခန်း-၃၈ အိပ်မက်ဆိုးနှင့် စူးစမ်းရှာဖွေခြင်း။
အခန်း-၃၉ မြွေတစ်အုပ်နှင့် ခန့်မှန်းချက်များ။
အခန်း-၄၀ ဓားပညာရှိ၏ ဂူပိတ်ကျင့်ရာနေရာ။
အခန်း-၄၁ ဂူကျောက်နံရံပေါ်မှ ဓားချက်များ။
အခန်း-၄၂ ရှုပ်ထွေးစေသော အမေးနှင့်အဖြေ။
အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။
Translator Note:
အခန်း-၄၄ ထပ်မံပြောင်းလဲခြင်း။
အခန်း-၄၅ ငါမင်းရဲ့အကျဉ်းသား ဖြစ်ချင်တယ်။
အခန်း-၄၆ မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။
အခန်း-၄၇ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။
အခန်း-၄၈ အရာအားလုံးကို စွန့်လွှတ်ဖို့အချိန်ရောက်ပြီ။
အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။
အခန်း-၅၀ နက်နဲသော အရှုပ်တော်ပုံ။
အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။
အခန်း-၅၂ စကားလုံးဖြင့် ဖော်ပြရန်မှာ ခက်ခဲလှသည်။
အခန်း-၅၃ ညအချိန် လေကဲ့သို့ ခိုးဝင်ခြင်း။
အခန်း-၅၄ ဝတ်စုံဖြူနှင့် လျှို့ဝှက်ဆန်းကြယ်သောလူ။
အခန်း-၅၅ 'ကြက်သွေးနီ‌ညှိုးနွမ်းခြင်း' အား ရှာဖွေခြင်း။
အခန်း-၅၆ ရေခဲဝိညာဉ်နှင့် သံသယ။
အခန်း-၅၇ မင်းနဲ့အတူရှိချင်တယ်။
အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။
အခန်း-၅၉ ရှုပ်ထွေးနေသော နှလုံးသား။
အခန်း-၆၀ နောက်ထပ် သံသယတစ်ခု။
အခန်း-၆၂ ခရီးသစ်တစ်ခု စတင်ခြင်း။
အခန်း-၆၃ အခြေအနေ ပြောင်းလဲခြင်း။
အခန်း-၆၄ အအေးမိခြင်းနှင့် ညဘက်တိုက်ခိုက်ခံရခြင်း။
အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။
အခန်း-၆၆ သူ့ကိုဘယ်လိုသတ်မှာလဲ?
အခန်း-၆၇ လန်ယန်း‌မြို့သို့ ရောက်ရှိခြင်း။
အခန်း-၆၈ မင်းလိုက်သွားစရာ မလိုဘူး။
အခန်း-၆၉ တူညီသော အတွေ့အကြုံဖြင့် ချည်နှောင်ထားခြင်း။
အခန်း-၇၀ အဖေ၊သားနှင့် ညီအစ်ကိုများကြား။
အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။
အခန်း-၇၂ ဝူလင်မဟာမိတ်ခေါင်းဆောင်၏ စီစဉ်မှု။
အခန်း-၇၃ ချုံးယန်ပွဲတော်၌ ပြန်လည်တွေ့ဆုံကြခြင်း။
အခန်း-၇၄ ဖုံးကွယ်ထားခြင်းနှင့် နာကျင်မှု။
အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။
အခန်း-၇၆ အိပ်မက်ဟောင်းများနှင့် ဝန်ခံချက်။
အခန်း-၇၇ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရခြင်း။
အခန်း-၇၈ ဘာလို့ သေရမှာကို မကြောက်တာလဲ?
အခန်း-၇၉ ဖုံးကွယ်ထားခံရသော အမာရွတ်များ။
အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။
အခန်း-၈၁ အချစ်စကားများနှင့် သံသယ။
အခန်း-၈၂ ဆုံးဖြတ်ချက်နှင့် ထင်ကြေးများ။
အခန်း-၈၃ ကူအဆိပ်ကို ဖယ်ရှားခြင်းနှင့် နောက်ဆက်တွဲမေးခွန်း။
အခန်း-၈၄ အိပ်မက်များနှင့် အမှန်တရား။
အခန်း-၈၅ ငါမင်းနဲ့ပဲ အတူရှိနေချင်တယ်။
အခန်း-၈၆ ကယ်တင်ရန်နည်းလမ်း။
အခန်း-၈၇ အိပ်မက်မြေနှင့် ဆောင်းရာသီလများ။
အခန်း-၈၈ ဆောင်းဦးလေပြေည။
အခန်း-၈၉ နှင်းလူသားနှင့် ကတိကဝတ်။
အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။
အခန်း-၉၁ မျှော်လင့်မထားသော သတင်း။
အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။
အခန်း-၉၃ အခွင့်အလမ်းအသစ်တစ်ခု ပေါ်ပေါက်လာခြင်း။
အခန်း-၉၄ ကျောက်စိမ်းဆွဲကြိုးနှင့် မီးတောက်ဖြူကူ။
အခန်း-၉၅ နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတစ်ခုနှင့် ကြုံတွေ့ခြင်း။
အခန်း-၉၆ ကျိုယန့်ရေကန်ဘေးမှ အတိတ်ဟောင်း။
အခန်း-၉၇ ညအချိန်စကားဝိုင်းနှင့် ချုံခိုတိုက်ခိုက်မှု။
အခန်း-၉၈ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၉၉ ပရမ်းပတာများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း။
အခန်း-၁၀၀ ဆုံဆည်းခြင်းနှင့် ခဏတာခွဲခွာခြင်း။
အခန်း-၁၀၁ ဝါးဥယျာဉ်ကျွန်းဆွယ်၌ စုဝေးခြင်း။
အခန်း-၁၀၂ အချစ်ကူ၏ လျှို့ဝှက်ချက်။
အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။
အခန်း-၁၀၄ ကျွန်းထိပ်မှ အသေအကြေတိုက်ပွဲ။
အခန်း-၁၀၅ လက်ချင်းချိတ်လို့ ရေခဲလွင်ပြင်ဆီ။
အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။
အခန်း-၁၀၇ အချစ်ကြောင့် ပေါက်ဖွားလာသော ထိတ်လန့်ကြောက်ရွံ့မှု။
အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။
အခန်း-၁၀၉ အဆုံးသတ်သို့‌ရောက်ရှိခြင်း။
အခန်း-၁၁၀ အဆုံးသတ်တိုက်ပွဲ။
အခန်း-၁၁၁ ခန့်မှန်းချက်များနှင့် နည်းလမ်းရှာဖွေခြင်း။
အခန်း-၁၁၂ နောက်ဆက်တွဲကိစ္စများ။
အခန်း-၁၁၃ နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခြင်း။
အခန်း-၁၁၄ ကျွင်းယိုတောင်ရှိ ခြံဝင်းငယ်။
အခန်း-၁၁၅ ပထမဆုံးအကြိမ် အတူတကွနှစ်သစ်ကူးခြင်း။
အခန်း-၁၁၆ ကျောက်စိမ်းအိမ်တော်သို့ ပြန်သွားခြင်း။
အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။
အခန်း-၁၁၈ ဖြေရှင်းချက်နှင့် ရွေးချယ်မှု။
အခန်း-၁၁၉ ထူးဆန်းသော ငှက်ဥ။
အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။
အချပ်ပို-၁
အချပ်ပို-၂
ကျေးဇူးတင်ကြောင်းနဲ့ နှုတ်ဆက်ကြောင်း။

အခန်း-၆၁ ငါ့နှလုံးသားနောက်ကို လိုက်ပါရစေ။

4K 689 13
Galing kay Jiji_laura

Unicode

အခန်း_၆၁ ငါ့နှလုံးသားနောက်ကို လိုက်ပါရစေ။

[တောက်ပသောလနှင့် ကြယ်လေးများဖြင့် ရေးဆွဲထားသော ကြည်လင်သည့် ဆောင်းဦးည.....]

စုယန်၏ အမူအရာသည် သူ၏နေထိုင်ရာဖြစ်သော မျက်ဝန်းကျွန်းဆွယ်ရှိ အိမ်သို့ ပြန်ရောက်သည်အထိ မပျော်မရွှင် ဖြစ်နေခဲ့သည်။

သူက မေ့ရှစ်စန်းကို ခြံဝင်းအပြင်ဘက်မှာ စောင့်နေဖို့ ပြောခဲ့ပြီး လျန်ကျိုးအား သူ့အထုပ်အပိုးတွေကို ပြင်ဆင်ပေးရန်နှင့် ရေချိုးဖို့ ပြင်ပေးရန် အမိန့်ပေးလိုက်၏။

ကုဖေးတိသည် စုယန်အား တစ်ချက်ကြည့်ရုံနှင့် ဘာအကြောင်းကြောင့် မျက်မှောင်ကြုတ်ထားသည်ကို ခံမှန်းမိသည်။ သူက အစေခံများ မရှိသည့် အချိန်ကို အခွင့်ကောင်းယူကာ စုယန်အား ပြောလိုက်၏။

"ပန်းလက်ထောက်တွေအပေါ် မင်းရဲ့ဒေါသကို ပုံချထားလို့ မရဘူးလေ။ ဒီဂိုဏ်းကြီးတစ်ခုလုံးကို မိစ္ဆာဂိုဏ်းချုပ်က ချုပ်ကိုင်ထားတာပဲ မဟုတ်လား။ ပြီးတော့ မင်းရဲ့နောက်ခံ... မိစ္ဆာဂိုဏ်းချုပ်က မင်းရဲ့နောက်ကိုလိုက်ဖို့ တစ်စုံတစ်ယောက်ကို တာဝန်ပေးထားတာက အဓိပ္ပာယ်ရှိတာပဲလေ"

စုယန်က ခေါင်းညိတ်ပြသော်လည်း စိတ်ဓာတ်ကျနေပုံရသည်။

"ငါက ငါ့ကိုယ်ငါ မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်လေးဖြစ်ပြီး ဂိုဏ်းထဲမှာ အင်အားကြီးတယ်လို့ ယူဆထားတာ။ နောက်ဆုံးတော့လဲ စောင့်ကြည့်ခံနေရတုန်း ပါပဲလား"

ကုဖေးတိသည် စုယန်၏ပခုံးပေါ်၌ သူ့လက်ကိုတင်လိုက်ပြီး မထိန်းနိုင်ဘဲ ရယ်မောမိသည်။

"သူက မိစ္ဆာဂိုဏ်းကို အနှစ်နှစ်ဆယ်ကျော် အုပ်ချုပ်ခဲ့တဲ့ အကြီးအကဲလေ။ မင်းက သူနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ဒါ့အပြင်... ငါ့ပတ်ဝန်းကျင်က အစောင့်တွေကိုလဲ ငါ့အဖေကပဲ ခန့်ထားတာဆိုပေမယ့်.. သူတို့အားလုံးက ငါ့အပေါ် သစ္စာစောင့်သိနေတာပဲလေ"

ယင်းကမှန်သော်လည်း စုယန်က သက်ပြင်းသာ ချမိသည်။

"မင်း နားမလည်ပါဘူး.."

ဇာတ်ညွှန်းတွင် ကုဖေးတိနှင့် မိစ္ဆာဂိုဏ်း၏ သခင်ငယ်သည် မျိုးဆက်သစ်လူငယ်များကြားတွင် အထူးချွန်ဆုံးသောသူများအဖြစ် သတ်မှတ်ခံခဲ့ရသည်။ တစ်ယောက်က ဇာတ်လိုက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ နံပါတ်တစ်ဗီလိန်ဖြစ်ပါ၏။ မျိုးဆက်ဟောင်းများ၏ အရှင်သခင်များနှင့် ကျွမ်းကျင်သူများအတွက်မူ ၎င်းတို့သည် အခြေခံအားဖြင့် စကားဝိုင်းများနှင့် နောက်ခံများအဖြစ်သာပါရှိခြင်းဖြစ်သည်။ အထူးသဖြင့် မိစ္ဆာဂိုဏ်းချုပ်- သူက အစွမ်းထက်သည်မှန်သော်လည်း မိစ္ဆာဂိုဏ်းကို ချေမှုန်းသည့်အချိန်၌သာ screen time အနည်းငယ် ရရှိခဲ့ပြီး ချက်ချင်းပင် အသတ်ခံခဲ့ရခြင်းဖြစ်ပေသည်။

ဇာတ်ညွှန်းနှင့်ကွဲလွဲစွာပင်၊ အနှီသခင်ငယ်မှာမူ နေရာတိုင်းက လူတိုင်း၏ ထိန်းချုပ်ခြင်းကို ခံနေရပါ၏။

ဒီဇာတ်ညွှန်းက မူရင်းစာရေးဆရာတောင်မှ မမှတ်မိနိုင်တော့တဲ့ အတိုင်းအတာအထိ ပြုပြင်မွမ်းမံထားတာ ဖြစ်လောက်မလား?

"ငါ နားမလည်ပေမယ့်.." ကုဖေးတိက ခေါင်းလှည့်ပြီး စုယန်ရဲ့ မျက်လုံးတွေကို ကြည့်လိုက်သည်။

"မင်းလိုအပ်တာရှိရင် အချိန်မရွေး ငါ့ကို ပြောပြနိုင်ပါတယ်"

စုယန်က စိတ်ထဲမှာ တွေးမိ၏။

ငါမင်းကို ဒီကမ္ဘာကြီးက စိတ်ကူးယဉ်ဝတ္ထုဆိုတာက လွဲပြီး ဘာမဆို ပြောပြနိုင်တယ်... မင်းမသိတာ ပိုကောင်းပါတယ်လေ။

သူတို့နှစ်ဦးသည် အနောက်တောင်ဘက်သို့ ခရီးထွက်ရန် ၎င်းတို့၏အိတ်များ ထုပ်ပိုးခြင်းနှင့် ပြင်ဆင်ခြင်းဆိုင်ရာ ကိစ္စရပ်ကို အကျဉ်းချုံး ဆွေးနွေးခဲ့ကြသည်။ နောက်ကျနေပြီ ဖြစ်သောကြောင့် နှစ်ယောက်သား ရေမိုးချိုးကာ အနားယူရန်အတွက် သက်ဆိုင်ရာအခန်းများဆီသို့ပြန်သွားကြလေ၏။

မိစ္ဆာဂိုဏ်းရဲ့ တားမြစ်နယ်မြေအတွင်း ရှိနေစဉ် စုယန်သည် အချိန်ကို ခွဲခြားမသိနိုင်ဘဲ တရားထိုင်ခြင်း သို့မဟုတ် မကြာခဏ သတိလစ်သွားခြင်းဖြစ်ပြီး သူ၏ဇီဝနာရီတစ်ခုလုံးကို ရှုပ်ပွသွားစေသည်။ ထို့ကြောင့် ထိုညတွင် ကောင်းကောင်း အိပ်မပျော်နိုင်တော့ချေ။

ထူးဆန်းသည်မှာ သူအိပ်မပျော်သည့်ည၌ သူ့ဦးနှောက်က ပိုတက်ကြွလာပြီး အတွင်းထဲ၌ အတွေးများ ပျာယာခတ်နေသောကြောင့် သူ့ကို ပိုလို့တောင် မငြိမ်မသက်ဖြစ်စေခြင်းပင်။

မရေမတွက်နိုင်သော စိုးရိမ်ပူပန်မှုများနှင့် စိတ်ကူးယဉ်မှုများမှာ သူ့စိတ်ထဲ၌ ပျံ့နှံ့နေ၏။ တစ်ခါတစ်ရံတွင် ရင်းနှီးသော အချစ်ဒရမ်မာများအကြောင်း ဖြစ်ပြီး အခြားအချိန်များတွင်လည်း သွေးထွက်သံယိုနှင့် သေခြင်းဆိုင်ရာ သိုင်းပညာပြဇာတ်များအကြောင်းဖြစ်သည်။ နောက်တော့ ထန်းယွင်စံအိမ်သည် သူ့အား ကုဖေးတိအနားမှထွက်ခွာရန် ငွေသန်းပေါင်းများစွာပေးခဲ့သည်။ နောက်ဆုံးတွင် ကုဖေးတိသည် အိမ်ထောင်ပြုပြီး ကလေးမွေးရန် အတင်းအကြပ်ဖိအားပေးခံရပြီး သူနှင့် လျှို့ဝှက်အချစ်ရေးတစ်ခုကိုသာ ထိန်းသိမ်းထားနိုင်ခဲ့သည်။

စုယန်သည် ရှုပ်ထွေးနေသော ခေါင်းကို ဆွဲထူကာ အိပ်ယာပေါ်မှ ထလိုက်ပြီး အဝတ်အစားအချို့ကို ၀တ်ဆင်လိုက်သည်။ ပြီးနောက် သူ၏ ပါးလွှာသော ဓားကိုကိုင်ကာ ခြံဝင်းအလယ်သို့ ဦးတည်သွားပြီး သူ့စိတ်ကို တည်ငြိမ်စေရန် ထုံးစံအတိုင်း ဓားရေးလေ့ကျင့်မှုကို စတင်ခဲ့လေ၏။

ဓားရှည်နှင့် ကျော်လွှားကခုန်ကာ အကြိမ်အနည်းငယ် လေ့ကျင့်ပြီးနောက် ခြံဝင်းအတွင်း၌ ပွင့်နေသော ဂန္ဓမာပန်းများအားလုံးကို ခုတ်ထစ်ကာ သူ့ဓား၏အရှိန်အဝါကြောင့် နေရာတိုင်းသို့ ပြန့်ကျဲသွားစေခဲ့သည်။

ထိုအချိန် ခြံဝင်းအတွင်းရှိ ဘေးအခန်းမှ တံခါးဖွင့်သံ ခပ်တိုးတိုး ထွက်ပေါ်လာ၏။ ကုဖေးတိသည် ကောင်းကင်ပြာရောင် ၀တ်စုံကို ၀တ်ဆင်ထားပြီး လရောင်အောက်သို့ လျှောက်လှမ်းလာခဲ့သည်။

စုယန်က မဖိတ်ကြားထားသည့် ဧည့်သည်ကြောင့် အံ့ဩသွားကာ မေးလိုက်သည်။

"မင်းဘာလို့ မအိပ်သေးတာလဲ?"

ကုဖေးတိက စုယန်ကိုကြည့်ပြီး တိုးတိုးလေးပြောလာ၏။

"...ငါအိပ်လို့မရဘူး"

စုယန်က ချောင်းဟန့်လိုက်ပြီး ပြန်ပြောလိုက်သည်။

"အပြင်မှာ အေးတယ်။ အိပ်မပျော်ရင် ကုတင်ပေါ်မှာပဲ လှဲနေပေါ့.. ဘာလို့အပြင်ထွက်လာတာလဲ"

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကုဖေးတိက ကောင်းကင်ကို မော့ကြည့်ကာ ဆိုသည်။

"... လကို ရှုစားချင်လို့"

ထိုအဖြေကိုကြားတော့ စုယန် မနေနိုင်ဘဲ ရယ်လိုက်မိသည်။

"လကြည့်ဖို့လား?" သူက အပြုံးလေးနှင့် မေးလိုက်၏။

"သေရည်မပါဘဲ လက ဘယ်လိုလုပ်ကြည့်ကောင်းမှာလဲ? မင်းရဲ့ သေရည်ဘယ်မလဲ?"

ကုဖေးတိက စုယန်ရဲ့မျက်လုံးတွေကို စိုက်ကြည့်ပြီး ပြောလိုက်သည်။

"...ငါ့ရဲ့အရှေ့က"

စုယန် "....."

ကယ်..ကယ်ပါအုံး!!

(T/N: ငါ့ရဲ့အရှေ့က လကို ရှုစားချင်လို့။ ကောင်းကင်က လ,မဟုတ်ဘဲ စုယန်ကို ရည်ညွှန်းခြင်းဖြစ်။ မြန်မာလိုဆိုတော့ ရှေ့နောက် ပြောင်းပြန်တွေဖြစ်ကုန်တာ)

စုယန် သူ့မျက်နှာနှင့် နားရွက်များ ပူလောင်လာသည်ကိုသာ ခံစားမိသည်။ ကံကောင်းစွာပဲ ညက အလွန်မှောင်နေသောကြောင့် သူ၏ရှက်ရွံ့မှုက သိပ်မမြင်သာခဲ့ပေ။

သူသည် မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်၏ ကိုယ်‌ရည်ကိုယ်‌သွေးကို အတင်းအကျပ် ထုတ်ဖော်ပြီး ပြိုလဲလုမတတ် ဖြစ်သွားသည့် သူ၏ ဇာတ်ကောင်ကို အဖတ်ဆယ်ရန် မေးစေ့ကို ပင့်မြှောက်ကာ မထီမဲ့မြင် ကြွေးကြော်လိုက်သည်။

"အိုး.. မင်းက ဒီအလှကို ရှုစားချင်တာလား? ဒီသခင်ငယ်က မင်းနဲ့ဘာမှမသက်ဆိုင်ဘူး!"

ကုဖေးတိက ဖြည်းညှင်းစွာ အသက်ရှူသွင်းလိုက်ပြီး ဆိုသည်။

"ဘာပဲဖြစ်ဖြစ် ငါတစ်ယောက်တည်းလည်း ပျော်ပျော်ကြီး သောက်နိုင်ပါတယ်"

စုယန်သည် နှလုံးခုန်လှုပ်သွားပြီး မသိစိတ်က နှုတ်ခမ်းများကို သပ်ကာ တံတွေးမျိုချလိုက်သည်။

"အိုး.. ဒါဆိုလဲ မင်းဟာမင်း သွားသောက်တော့။ ငါပြန်ဝင်တော့မယ်"

ထိုသို့ပြောပြီးသည်နှင့် စုယန် လှည့်ထွက်သွားတော့သည်။

ကုဖေးတိက သူ့ဝတ်ရုံလက်ကို လှမ်းဆွဲထားပြီး ပြုံးလျက် ဆိုလေ၏။

"မင်းလဲ အိပ်မပျော်ဘူးဆိုရင် ဘာလို့ အစေခံတွေကို သေရည်ဆက်သခိုင်းဖို့ အမိန့်မပေးတာလဲ? ဒါဆို ငါတို့အတူ လကို ရှုစားနိုင်လိမ့်မယ်"

တစ်ဖက်လူက တောင်းဆိုလာသည့်အတွက် စုယန်သည် သဘာဝအတိုင်း သူ့ဖိတ်ခေါ်မှုကို ငြင်းပယ်ပစ်ဖို့ မလုပ်နိုင်တော့ပေ။

"ကောင်းပြီ"

သူက သေရည်နဲ့ အဆာပြေအစာအချို့ ပြင်ပေးရန် ညဆိုင်းကျသည့်အစောင့်ကို အမိန့်ပေးလိုက်သည်။ ခြံဝင်းငယ်လေး၏ အကွေ့အကောက်ရှိသော စင်္ကြံအဆုံးသို့ အစားအသောက်များ ယူဆောင်လာခဲ့ပြီး အအေးဒဏ်ကို ဖယ်ရှားရန် အနီးနား၌ မီးလဲ ဖိုထားလေ၏။

နှစ်ခွက်လောက်သောက်ပြီးသည်နှင့် စုယန်သည် ကုဖေးတိအား ဘေးတိုက် တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"*ဟိုင်အချိန်ဆိုတာနဲ့ မင်းက အိပ်နေကျမလား? ဘာလို့ အခုမှ အိပ်မပျော်ရတာလဲ?"

(*ည ၉ နာရီနှင့် ၁၁ နာရီကြား)

ကုဖေးတိက ပြုံးလိုက်ပြီး စုယန်အား မော့ကြည့်လာ၏။

"ငါအိပ်ရာဝင်တိုင်း အဲဒါကို တွေးမိပြီး ခေါင်းတွေ ချာချာလည်နေတယ်"

စုယန် ကြောင်အသွားသည်။ "..ဟမ်?"

သူ့ရဲ့ဗလာကျင်းနေတဲ့အမူအရာကိုမြင်တော့ ကုဖေးတိက ကူကယ်ရာမဲ့ ရယ်မောလိုက်ပြီး ပြန်မေးသည်။

"မင်းကရော ဘာလို့အိပ်မပျော်တာလဲ?"

"အာ.. ဒီအတိုင်းအိပ်မပျော်တာ" စုယန်က ကြယ်များပြည့်နေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ "ငါ့အတွေးတွေ အတော်လေးရှုပ်ပွနေတယ်"

"မင်းရဲ့အတွေးတွေက ရှုပ်ပွနေတာနဲ့ ပန်းတွေကို ဖျက်ဆီးဖို့ ခြံထဲကို ထွက်လာတာပေါ့လေ" ကုဖေးတိက ပြုံးလျက် မေးလာ၏။

စုယန်ရဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး ကုဖေးတိကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"မင်းက ငါ့ကို တစ်ချိန်လုံး ချောင်းနေတာလား!"

ကုဖေးတိက သေရည်တစ်ကြိုက်မော့လိုက်ပြီး ချိုမြိန်သည့်အရသာကို ခံစားလိုက်သည်။

"ညနက်သန်းခေါင်ကြီး ဓားသိုင်းလေ့ကျင့်နေတာ မင်းလေ.. ငါက မင်းရဲ့ဆူညံသံကြောင့် နိုးလာတာ ရှင်းပါတယ်"

စုယန်က မျက်လုံးကို မှေးကျဉ်းလိုက်ပြီး သေရည်ကို ဒေါသတကြီး မော့သောက်လိုက်သည်။

"ဟိုးအရင် ညနက်သန်းခေါင်တွေမှာ ငါ ဓားရေးလေ့ကျင့်တုန်းက မင်းနိုးလာတာ မတွေ့ဖူးပါဘူး"

ကုဖေးတိ ပြုံးပြီး သူ့လက်ထဲက သေရည်ခွက်ကို ငုံ့ကြည့်နေသည်။ အချိန်အတော်ကြာပြီးနောက် သူက နူးညံ့စွာ ပြောလာပါ၏။

"ကျောက်စိမ်းအိမ်တော်က အချိန်တွေကို လွမ်းလိုက်တာ"

စုယန်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။

"ဟုတ်တယ်.. ကျောက်စိမ်းအိမ်တော်က နေ့ရက်တွေက ပိုရိုးရှင်းပါတယ်လေ။ အဲဒီအချိန်တုန်းက ငါ တိလင်းရှစ်ကျဲနဲ့ မော့ရှစ်ရှုံးတို့လို ထွက်မသွားဖို့ စိတ်ကူးခဲ့ဖူးတယ်။ နောင်နှစ်အနည်းငယ်လောက်ဆို ရှစ်တိတွေ ရှစ်မေ့တွေကို ကောင်းကောင်း ပြန်သင်ပေးနိုင်နေပြီ။ ဒီလောက်ဆိုးတဲ့ ဘဝတော့ ဖြစ်လာမှာမဟုတ်ဘူး..."

ထိုသို့ပြောပြီးနောက် စုယန်သည် ၎င်းက အကြံကောင်းတစ်ခုဖြစ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။

သူက ကုဖေးတိအား စိတ်လှုပ်ရှားစွာကြည့်ကာ ပြောလိုက်လေ၏။

"ကူအဆိပ်ကို ဖယ်ရှားပြီးရင် ငါတို့ဘာလို့ ကျောက်စိမ်းအိမ်တော်ကို မပြန်ရမှာလဲ? ဒါဆို သိုင်းလောက,က ပြဿနာတွေကို စိတ်ပူစရာမလိုတော့ဘဲ အဲဒီမှာ တစ်သက်လုံး အေးအေးဆေးဆေး နေနိုင်ပြီလေ"

မျှော်လင့်ချက်များနှင့်တောက်ပနေသော စုယန်၏ မျက်လုံးများရှေ့တွင် ကုဖေးတိ ခဏတာ ငြိမ်သက်သွားခဲ့သည်။

သူက သေရည်ခွက်ကိုချကာ ပုလင်းထဲမှ ထပ်ဖြည့်ထည့်လိုက်သည်။ ပြီးနောက် အညစ်အကြေး ကင်းစင်ကြည်လင်သော သေရည်ကို တွေတွေကြီး စိုက်ကြည့်နေပြီး ဖြည်းညှင်းစွာ မော့သောက်လိုက်ပါ၏။

"ငါက ထန်းယွင်စံအိမ်ရဲ့ သခင်လေးပဲ" သူက စုယန်၏ အကြည့်များကိုရှောင်ကာ ပြောလိုက်သည်။
"ငါ့ရဲ့တာဝန်တွေကို ရှောင်လွှဲလို့ မရဘူး"

စုယန်က မျက်မှောင်ကြုတ်ကာ ကုဖေးတိကို စိုက်ကြည့်နေသည်။ ပြီးနောက် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး ဆိုလေသည်။

"တာဝန်ရှိတယ်?"

ကုဖေးတိက စုယန်ကိုကြည့်ပြီး ပြန်ပြောလာသည်။

"ဟုတ်တယ်.. နောက်ပြီး မင်းလဲ..."

"မင်းက ထန်းယွင်စံအိမ်ရဲ့ သခင်လေး.. စံအိမ်ကို အမွေဆက်ခံဖို့က မင်းတာဝန်" စုယန်က ကုဖေးတိစကားကို နှောင့်ယှက်လိုက်ပြီး မျက်လုံးကို မှေးကျဉ်းထားလျက် ဆက်ပြောသည်။ သူ၏စကားလုံးများမှာ နှလုံးသားထံ ပျံသန်းလာသော မြားတစ်စင်းကဲ့သို့ မြန်ဆန်လာပေ၏။

"မင်းက ခေါင်းဆောင်ကုရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိသားစုမျိုးရိုးကို ဆက်ခံဖို့ကလည်း မင်းတာဝန်?"

ကုဖေးတိ အံ့အားသင့်သွားပြီး အထိတ်တလန့် မတ်တတ်ရပ်လိုက်သည်။

"စုယန်"

"ဒါဆို မင်း တားမြစ်နယ်မြေထဲမှာပြောခဲ့တဲ့ စကားတွေက ဘာလဲ?" စုယန်က လေသံမာမာ အော်ဟစ်ရင်း ချိုမြိန်သည့်သေရည်ရနံ့ကို သယ်ဆောင်လာသည်။

"အိုး.. မင်းက တစ်ဖက်မှာ ငါ့ကို ချစ်တယ်ပြောပြီး အခြားတစ်ဖက်မှာ အိမ်ပြန်ပြီးအိမ်ထောင်ပြု၊ ကလေးယူဖို့ စိတ်ကူးနေသေးတာပေါ့လေ?"

ကုဖေးတိ အလွန်မှင်သက်သွားပါ၏။

"မဟုတ်ဘူး!"

"မင်းက ဒီလမ်းကို လျှောက်ချင်ပေမယ့် မင်းရဲ့ မျိုးရိုးပြတ်ဖို့ကိုလည်း မပြင်ဆင်ထားဘူးမဟုတ်လား?" စုယန်က ဆက်လက်အော်ဟစ်နေခဲ့သည်။

"မကောင်းတဲ့ကောင်!"

ကုဖေးတိက ခါးသီးစွာ ပြုံးလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

"စုယန်... မင်းမူးနေပြီ"

စုယန်က ကုဖေးတိရဲ့နှာခေါင်းကို လက်ညိုးထိုးလိုက်ပြီး ဆိုလာသည်။

"မင်းက ဒီပြဿနာကို ရှောင်ချင်နေတာပဲ"

ကုဖေးတိက အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေပြီး နောက်ဆုံး သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

"ငါဝန်ခံပါတယ်။ ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ ငါကောင်းကောင်းမတွေးခဲ့ဘူး.... ဒါပေမယ့် ငါအကောင်းဆုံးကြိုးစားပါ့မယ်"

စုယန်က လက်ပိုက်လိုက်ပြီး တိုင်ကိုမှီကာ ကုဖေးတိအား မျက်ခုံးပင့်ကြည့်လိုက်သည်။

ကုဖေးတိက နှုတ်ခမ်းကို ကိုက်လိုက်ပြီး တိုးလျသော အသံဖြင့် ဆိုလာ၏။

"စုယန်.. မင်းငါ့ကို ဒီလိုမျိုးတွေ မေးနေတာက ... မင်းတစ်သက်လုံး ငါနဲ့ အတူတူနေချင်နေတာကြောင့်လို့ ယူဆလို့ရမလား?"

ထိုသို့ပြောရင်း သူ၏မျက်လုံးများမှာ လရောင်ဖြင့် ရောင်ပြန်ဟပ်နေလေသည်။ ၎င်းတို့ထဲတွင် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော ကြယ်များ၏ ဂလက်ဆီတစ်ခုရှိနေပုံရလေ၏။

စုယန်က နှုတ်ခမ်းကို ပွတ်သပ်ပြီး ခဏတာ ခေါင်းငုံ့စဉ်းစားနေခဲ့သည်။

"ဒီကမ္ဘာကြီးကို ငါမယုံဘူး... အလယ်ပိုင်းလွင်ပြင်က ယောက်ျားနှစ်ယောက် အတူတူရှိတာကို လက်ခံနိုင်မယ်လို့ ငါမယုံဘူး။ မင်းမကြောက်ဘူးလား?"

"မင်းဖြစ်နေသ၍၊ ငါမင်းနဲ့အတူ ရှိနေသ၍..."
ကုဖေးတိက အလေးအနက် ပြောလာပါ၏။

"...ငါ ဘာကိုမှမကြောက်ဘူး"

ထိုလူငယ်‌လေး၏ ခေါင်းမာပြီး ကြောက်ရွံ့ခြင်းကင်းမဲ့‌သောအကြည့်ကို မြင်သောအခါ စုယန် မပြုံးဘဲမ‌နေနိုင်ပေ။

"မင်း ဒီနေ့ 'အချစ်စကားဘုရင်' ရဲ့ ထိန်းချုပ်မှုကို ခံထားရတာလား?" သူက တခစ်ခစ်ရယ်ရင်း မေးလိုက်သည်။

"ဘာကြီး?" ကုဖေးတိက နားမလည်ပေ။

စုယန်က ပြုံးရုံသာပြုံးလိုက်ပြီး ပြန်မဖြေပါချေ။
သူက သေရည်တစ်ခွက် ငှဲ့လိုက်ပြီး ဖြည်းဖြည်းချင်း သောက်လိုက်သည်။

ထို့နောက် သေရည်ခွက်ကိုချပြီး ကုဖေးတိ၏ မျက်လုံးများကို တည့်တည့်ကြည့်ကာ ပြောလေ၏။

"ဘဝသက်တမ်းတစ်ခုက ရှည်ကြာလွန်းပါတယ်လေ။ အခုလောလောဆယ် ဘာကိုမှ အတိအကျ မပြောနိုင်သေးဘူး။ ဒါ​ပေမယ့်​ ငါမင်းနဲ့အတူ ဘဝတစ်စိတ်တစ်ပိုင်းလောက်ပဲဖြစ်ဖြစ် အတူရှိနေနိုင်တယ်"

ကုဖေးတိက ရှေ့သို့ အနည်းငယ် ငုံ့ကိုင်းကာ လေးနက်စွာ မေးလိုက်သည်။

"တကယ်လား?"

စုယန်က ပြန်မဖြေပေ။

သူက ကုဖေးတိ၏ ပါးပြင်ပေါ်တွင် တွဲလောင်းကျနေသော ဆံပင်များကို ပွတ်သပ်လိုက်သည်။ ပြီးနောက် သူ၏လက်ချောင်းများကို ပါးပြင်တလျှောက် လျှောချသွားရင်း ကုဖေးတိ၏ မေးစေ့ကို ညင်သာစွာ ထိကိုင်လိုက်လေ၏။ ပြီးသည်နှင့် ရှေ့သို့စောင်းကာ ဖြည်းညှင်းစွာ ချဉ်းကပ်လာလိုက်သည်။

သူတို့၏ အသက်ရှုသံများမှာ ရောထွေးနေပြီး ‌မွှေးကြိုင်ချိုမြိန်သော သေရည်နံ့က ထူးဆန်းပြီး ဆွဲဆောင်မှုရှိသော အပူလှိုင်းကို သယ်ဆောင်ပေးသည်။ ဤမရေရာသော ဖြစ်စဉ်ကို ဆက်လက်လုပ်ဆောင်ရန် သူတို့၏နားထဲတွင် တီးတိုးပြောနေသည့် နတ်ဆိုးတစ်ကောင် ရှိနေပုံရလေ၏။

အသက်ရှုသံများမှာ မြန်သည်ထက်မြန်လာပြီး စုယန်၏ မျက်ဝန်းများမှာ အနည်းငယ် ပိတ်ဆို့ထားလေသည်။ သူက နှုတ်ခမ်းများကို အနည်းငယ်ဟကာ ကုဖေးတိ၏နှုတ်ခမ်းများကို ညင်သာစွာထိတွေ့လိုက်ပါ၏။

ထိုအထိအတွေ့လေးနှင့်ပင် သူသည် ရေထဲမှာ နစ်နေသော ပုစဉ်းတစ်ကောင်ကဲ့သို့ ဆွဲငင်ခြင်း ခံလိုက်ရသည်။

ကုဖေးတိသည် ရုတ်တရက် စုယန်၏ ပုခုံးကိုဖိကာ စင်္ကြံတိုင်နှင့် တွန်းကပ်လိုက်ပြီး အနမ်းကို ပိုမိုနက်ရှိုင်းစေသည်။

စုယန်သည် မရှောင်လွှဲနိုင်ဘဲ ကုဖေးတိ၏လျှာအား သူ့အာခံတွင်းထဲသို့ ဝင်ရောက်ခွင့်ပြုလိုက်ပြီး အသက်ရှူကျပ်သည်အထိ နမ်းရှိုက်ခဲ့ကြလေ၏။

အောက်စီဂျင်မရှိခြင်းနှင့် ခေါင်းများမူးဝေသွားသည်အထိ အနမ်းသည် အချိန်အတန်ကြာအောင် တည်မြဲနေခဲ့သည်။

နှုတ်ခမ်းများ တဖြည်းဖြည်း ကွဲကွာပြီးသောအခါ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြလေ၏။

ကုဖေးတိက သူ့ထိုင်ခုံကို ပြန်သွားပြီး မတော်တဆ တိုက်မိကာ မှောက်ကျသွားသည့် သေရည်ပုလင်းကို မြှောက်ကြည့်လိုက်သည်။

"ရှက်စရာပဲ.. ဒီလောက်ကောင်းတဲ့သေရည်ကို"

စုယန်သည် စားပွဲတင်ဗန်းပေါ်ရှိ သေရည်ပုလင်းကို စိုက်ကြည့်ရင်း လေထဲ၌ ပျံ့နှံ့နေသည့် မွှေးကြိုင်သော ပင်လုံကြိုင်ပန်းရနံ့နှင့် ဆန်အရက်ရနံ့ကို ရှူရှိုက်လိုက်သည်။ ရုတ်တရက် သူက မျက်မှောင်ကြုတ်ပြီး ပြောလာ၏။

"မဟုတ်သေးပါဘူး..ဟိုးတစ်ခေါက်တုန်းကလဲ ငါတို့အတူ ညစာစားပြီး ဒီလိုသေရည်မျိုးသောက်ခဲ့သေးတယ်နော်?"

ကုဖေးတိ၏လှုပ်ရှားမှုများ ခေတ္တရပ်တန့်သွားသော်လည်း သေရည်ပုလင်းကို စားပွဲပေါ်၌ တည်တည်ငြိမ်ငြိမ်တင်လိုက်ပြီး နူးညံ့သောအသံဖြင့် ပြန်ဖြေသည်။

"ဟုတ်တယ်လေ"

စုယန်က ရှေ့ကိုတိုးလာပြီး သူ၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်ထားရင်း မျက်လုံးများ မှေးကျဉ်းကာ မေးလိုက်သည်။

"မင်း အဲဒီနေ့က သုံးခွက်ပဲသောက်ပြီး သေအောင်မူးနေတာ အိပ်ရာကတောင် မထနိုင်ဘူးလေ.. ဒီနေ့ရော မင်း ဘယ်လောက်သောက်ခဲ့လဲ?"

ကုဖေးတိသည် နောက်ဆုံးတွင် သူ၏ရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။

သူက နှုတ်ခမ်းတွေကို သပ်လိုက်ပြီး ဆို၏။

"စုယန် ငါ... "

"မင်း အဲဒီနေ့က မူးချင်ယောင်ဆောင်နေခဲ့တာမလား?!" စုယန်က လက်ကိုဆန့်ထုတ်ပြီး ကုဖေးတိ၏ နဖူးကို အကြိမ်အနည်းငယ် ရိုက်ပုတ်လိုက်သည်။

ကုဖေးတိက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြုံးရွှင်လျက် ဆိုပါ၏။

"ငါ ဟန်ဆောင်နေတာမဟုတ်ဘူး။ အခုလဲ ငါတကယ်မူးနေပြီ။ ဒီည မင်းနဲ့ ထပ်အိပ်ဖို့ ဖြစ်နိုင်ပါ့မလား?"

ထိုစကားကိုကြားလိုက်သောအခါတွင် စုယန်သည် သူ၏တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များ ထောင်ထသွားသည်ကို ခံစားလိုက်ရသည်။

သူက ကုဖေးတိ၏လက်ကို နှစ်နှစ်ခါခါ ယမ်းထုတ်ပစ်လိုက်ပြီး ပြောလေ၏။

"ငါလဲနည်းနည်းမူးနေပြီ... သွားအိပ်တော့မယ်။မနက်ဖြန်အတွက် ခရီးဆောင်အိတ်တွေလည်း
ထုပ်ပိုးဖို့ကျန်သေးတယ်။ ကောင်းသောညပါ... အိပ်မက်လှလှလေးတွေ မက်ပါစေနော်! "

ပြီးနောက် အခန်းထဲသို့ တချိုးတည်း လှည့်ပြေးကာ တံခါးကို နောက်ပြန်ဆွဲပိတ်လိုက်ပါတော့၏။

ကုဖေးတိက ထရပ်လိုက်ပြီး စုယန်ရဲ့ တံခါးဝဆီ လျှောက်သွားရာ ပိတ်ထားသည့် တံခါးနောက်မှ အဝတ်ချွတ်သံများကို ကြားလိုက်ရသည်။ သူက နူးညံ့စွာ ရယ်မောလိုက်လေ၏။

"စုယန်.."

"ငါ့ရဲ့အချစ်ကို ကျေကျေနပ်နပ်လက်ခံပေးလို့ ငါအရမ်းပျော်တယ်"

ဆောင်းဦးညကောင်းကင်သည် ကြည်လင်နေပြီး လသည် တောက်ပနေသော်လည်း ကြယ်များက ကျဲသွားသည်။

ညခင်းလေနုအေးက ပန်းရနံ့တွေ သင်းပျံ့လို့ နှလုံးသားကို ကြည်နူးစေပြီး စိတ်ကို လန်းဆန်းစေပါ၏။

_5.8.22

T/N: အတွဲ ၂ ပြီးပါပြီ ><

Thanks for reading ❣️

Zawgyi

အခန္း_၆၁ ငါ့ႏွလုံးသားေနာက္ကို လိုက္ပါရေစ။

[ေတာက္ပေသာလႏွင့္ ၾကယ္ေလးမ်ားျဖင့္ ေရးဆြဲထားေသာ ၾကည္လင္သည့္ ေဆာင္းဦးည.....]

စုယန္၏ အမူအရာသည္ သူ၏ေနထိုင္ရာျဖစ္ေသာ မ်က္ဝန္းကြၽန္းဆြယ္ရွိ အိမ္သို႔ ျပန္ေရာက္သည္အထိ မေပ်ာ္မ႐ႊင္ ျဖစ္ေနခဲ့သည္။

သူက ေမ့ရွစ္စန္းကို ၿခံဝင္းအျပင္ဘက္မွာ ေစာင့္ေနဖို႔ ေျပာခဲ့ၿပီး လ်န္က်ိဳးအား သူ႕အထုပ္အပိုးေတြကို ျပင္ဆင္ေပးရန္ႏွင့္ ေရခ်ိဳးဖို႔ ျပင္ေပးရန္ အမိန႔္ေပးလိုက္၏။

ကုေဖးတိသည္ စုယန္အား တစ္ခ်က္ၾကည့္႐ုံႏွင့္ ဘာအေၾကာင္းေၾကာင့္ မ်က္ေမွာင္ၾကဳတ္ထားသည္ကို ခံမွန္းမိသည္။ သူက အေစခံမ်ား မရွိသည့္ အခ်ိန္ကို အခြင့္ေကာင္းယူကာ စုယန္အား ေျပာလိုက္၏။

"ပန္းလက္ေထာက္ေတြအေပၚ မင္းရဲ႕ေဒါသကို ပုံခ်ထားလို႔ မရဘူးေလ။ ဒီဂိုဏ္းႀကီးတစ္ခုလုံးကို မိစာၦဂိုဏ္းခ်ဳပ္က ခ်ဳပ္ကိုင္ထားတာပဲ မဟုတ္လား။ ၿပီးေတာ့ မင္းရဲ႕ေနာက္ခံ... မိစာၦဂိုဏ္းခ်ဳပ္က မင္းရဲ႕ေနာက္ကိုလိုက္ဖို႔ တစ္စုံတစ္ေယာက္ကို တာဝန္ေပးထားတာက အဓိပၸာယ္ရွိတာပဲေလ"

စုယန္က ေခါင္းညိတ္ျပေသာ္လည္း စိတ္ဓာတ္က်ေနပုံရသည္။

"ငါက ငါ့ကိုယ္ငါ မိစာၦဂိုဏ္းရဲ႕သခင္ငယ္ေလးျဖစ္ၿပီး ဂိုဏ္းထဲမွာ အင္အားႀကီးတယ္လို႔ ယူဆထားတာ။ ေနာက္ဆုံးေတာ့လဲ ေစာင့္ၾကည့္ခံေနရတုန္း ပါပဲလား"

ကုေဖးတိသည္ စုယန္၏ပခုံးေပၚ၌ သူ႕လက္ကိုတင္လိုက္ၿပီး မထိန္းနိုင္ဘဲ ရယ္ေမာမိသည္။

"သူက မိစာၦဂိုဏ္းကို အႏွစ္ႏွစ္ဆယ္ေက်ာ္ အုပ္ခ်ဳပ္ခဲ့တဲ့ အႀကီးအကဲေလ။ မင္းက သူနဲ႕ ဘယ္လိုလုပ္ ယွဥ္နိုင္မွာလဲ။ ဒါ့အျပင္... ငါ့ပတ္ဝန္းက်င္က အေစာင့္ေတြကိုလဲ ငါ့အေဖကပဲ ခန႔္ထားတာဆိုေပမယ့္.. သူတို႔အားလုံးက ငါ့အေပၚ သစၥာေစာင့္သိေနတာပဲေလ"

ယင္းကမွန္ေသာ္လည္း စုယန္က သက္ျပင္းသာ ခ်မိသည္။

"မင္း နားမလည္ပါဘူး.."

ဇာတ္ၫႊန္းတြင္ ကုေဖးတိႏွင့္ မိစာၦဂိုဏ္း၏ သခင္ငယ္သည္ မ်ိဳးဆက္သစ္လူငယ္မ်ားၾကားတြင္ အထူးခြၽန္ဆုံးေသာသူမ်ားအျဖစ္ သတ္မွတ္ခံခဲ့ရသည္။ တစ္ေယာက္က ဇာတ္လိုက္ျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ နံပါတ္တစ္ဗီလိန္ျဖစ္ပါ၏။ မ်ိဳးဆက္ေဟာင္းမ်ား၏ အရွင္သခင္မ်ားႏွင့္ ကြၽမ္းက်င္သူမ်ားအတြက္မူ ၎တို႔သည္ အေျခခံအားျဖင့္ စကားဝိုင္းမ်ားႏွင့္ ေနာက္ခံမ်ားအျဖစ္သာပါရွိျခင္းျဖစ္သည္။ အထူးသျဖင့္ မိစာၦဂိုဏ္းခ်ဳပ္- သူက အစြမ္းထက္သည္မွန္ေသာ္လည္း မိစာၦဂိုဏ္းကို ေခ်မႈန္းသည့္အခ်ိန္၌သာ screen time အနည္းငယ္ ရရွိခဲ့ၿပီး ခ်က္ခ်င္းပင္ အသတ္ခံခဲ့ရျခင္းျဖစ္ေပသည္။

ဇာတ္ၫႊန္းႏွင့္ကြဲလြဲစြာပင္၊ အႏွီသခင္ငယ္မွာမူ ေနရာတိုင္းက လူတိုင္း၏ ထိန္းခ်ဳပ္ျခင္းကို ခံေနရပါ၏။

ဒီဇာတ္ၫႊန္းက မူရင္းစာေရးဆရာေတာင္မွ မမွတ္မိနိုင္ေတာ့တဲ့ အတိုင္းအတာအထိ ျပဳျပင္မြမ္းမံထားတာ ျဖစ္ေလာက္မလား?

"ငါ နားမလည္ေပမယ့္.." ကုေဖးတိက ေခါင္းလွည့္ၿပီး စုယန္ရဲ႕ မ်က္လုံးေတြကို ၾကည့္လိုက္သည္။

"မင္းလိုအပ္တာရွိရင္ အခ်ိန္မေ႐ြး ငါ့ကို ေျပာျပနိုင္ပါတယ္"

စုယန္က စိတ္ထဲမွာ ေတြးမိ၏။

ငါမင္းကို ဒီကမာၻႀကီးက စိတ္ကူးယဥ္ဝတၳဳဆိုတာက လြဲၿပီး ဘာမဆို ေျပာျပနိုင္တယ္... မင္းမသိတာ ပိုေကာင္းပါတယ္ေလ။

သူတို႔ႏွစ္ဦးသည္ အေနာက္ေတာင္ဘက္သို႔ ခရီးထြက္ရန္ ၎တို႔၏အိတ္မ်ား ထုပ္ပိုးျခင္းႏွင့္ ျပင္ဆင္ျခင္းဆိုင္ရာ ကိစၥရပ္ကို အက်ဥ္းခ်ဳံး ေဆြးေႏြးခဲ့ၾကသည္။ ေနာက္က်ေနၿပီ ျဖစ္ေသာေၾကာင့္ ႏွစ္ေယာက္သား ေရမိုးခ်ိဳးကာ အနားယူရန္အတြက္ သက္ဆိုင္ရာအခန္းမ်ားဆီသို႔ျပန္သြားၾကေလ၏။

မိစာၦဂိုဏ္းရဲ႕ တားျမစ္နယ္ေျမအတြင္း ရွိေနစဥ္ စုယန္သည္ အခ်ိန္ကို ခြဲျခားမသိနိုင္ဘဲ တရားထိုင္ျခင္း သို႔မဟုတ္ မၾကာခဏ သတိလစ္သြားျခင္းျဖစ္ၿပီး သူ၏ဇီဝနာရီတစ္ခုလုံးကို ရႈပ္ပြသြားေစသည္။ ထို႔ေၾကာင့္ ထိုညတြင္ ေကာင္းေကာင္း အိပ္မေပ်ာ္နိုင္ေတာ့ေခ်။

ထူးဆန္းသည္မွာ သူအိပ္မေပ်ာ္သည့္ည၌ သူ႕ဦးေႏွာက္က ပိုတက္ႂကြလာၿပီး အတြင္းထဲ၌ အေတြးမ်ား ပ်ာယာခတ္ေနေသာေၾကာင့္ သူ႕ကို ပိုလို႔ေတာင္ မၿငိမ္မသက္ျဖစ္ေစျခင္းပင္။

မေရမတြက္နိုင္ေသာ စိုးရိမ္ပူပန္မႈမ်ားႏွင့္ စိတ္ကူးယဥ္မႈမ်ားမွာ သူ႕စိတ္ထဲ၌ ပ်ံ့ႏွံ႕ေန၏။ တစ္ခါတစ္ရံတြင္ ရင္းႏွီးေသာ အခ်စ္ဒရမ္မာမ်ားအေၾကာင္း ျဖစ္ၿပီး အျခားအခ်ိန္မ်ားတြင္လည္း ေသြးထြက္သံယိုႏွင့္ ေသျခင္းဆိုင္ရာ သိုင္းပညာျပဇာတ္မ်ားအေၾကာင္းျဖစ္သည္။ ေနာက္ေတာ့ ထန္းယြင္စံအိမ္သည္ သူ႕အား ကုေဖးတိအနားမွထြက္ခြာရန္ ေငြသန္းေပါင္းမ်ားစြာေပးခဲ့သည္။ ေနာက္ဆုံးတြင္ ကုေဖးတိသည္ အိမ္ေထာင္ျပဳၿပီး ကေလးေမြးရန္ အတင္းအၾကပ္ဖိအားေပးခံရၿပီး သူႏွင့္ လွ်ို႔ဝွက္အခ်စ္ေရးတစ္ခုကိုသာ ထိန္းသိမ္းထားနိုင္ခဲ့သည္။

စုယန္သည္ ရႈပ္ေထြးေနေသာ ေခါင္းကို ဆြဲထူကာ အိပ္ယာေပၚမွ ထလိုက္ၿပီး အဝတ္အစားအခ်ိဳ႕ကို ၀တ္ဆင္လိုက္သည္။ ၿပီးေနာက္ သူ၏ ပါးလႊာေသာ ဓားကိုကိုင္ကာ ၿခံဝင္းအလယ္သို႔ ဦးတည္သြားၿပီး သူ႕စိတ္ကို တည္ၿငိမ္ေစရန္ ထုံးစံအတိုင္း ဓားေရးေလ့က်င့္မႈကို စတင္ခဲ့ေလ၏။

ဓားရွည္ႏွင့္ ေက်ာ္လႊားကခုန္ကာ အႀကိမ္အနည္းငယ္ ေလ့က်င့္ၿပီးေနာက္ ၿခံဝင္းအတြင္း၌ ပြင့္ေနေသာ ဂႏၶမာပန္းမ်ားအားလုံးကို ခုတ္ထစ္ကာ သူ႕ဓား၏အရွိန္အဝါေၾကာင့္ ေနရာတိုင္းသို႔ ျပန႔္က်ဲသြားေစခဲ့သည္။

ထိုအခ်ိန္ ၿခံဝင္းအတြင္းရွိ ေဘးအခန္းမွ တံခါးဖြင့္သံ ခပ္တိုးတိုး ထြက္ေပၚလာ၏။ ကုေဖးတိသည္ ေကာင္းကင္ျပာေရာင္ ၀တ္စုံကို ၀တ္ဆင္ထားၿပီး လေရာင္ေအာက္သို႔ ေလွ်ာက္လွမ္းလာခဲ့သည္။

စုယန္က မဖိတ္ၾကားထားသည့္ ဧည့္သည္ေၾကာင့္ အံ့ဩသြားကာ ေမးလိုက္သည္။

"မင္းဘာလို႔ မအိပ္ေသးတာလဲ?"

ကုေဖးတိက စုယန္ကိုၾကည့္ၿပီး တိုးတိုးေလးေျပာလာ၏။

"...ငါအိပ္လို႔မရဘူး"

စုယန္က ေခ်ာင္းဟန႔္လိုက္ၿပီး ျပန္ေျပာလိုက္သည္။

"အျပင္မွာ ေအးတယ္။ အိပ္မေပ်ာ္ရင္ ကုတင္ေပၚမွာပဲ လွဲေနေပါ့.. ဘာလို႔အျပင္ထြက္လာတာလဲ"

ခဏမွ် တိတ္ဆိတ္သြားၿပီးေနာက္ ကုေဖးတိက ေကာင္းကင္ကို ေမာ့ၾကည့္ကာ ဆိုသည္။

"... လကို ရႈစားခ်င္လို႔"

ထိုအေျဖကိုၾကားေတာ့ စုယန္ မေနနိုင္ဘဲ ရယ္လိုက္မိသည္။

"လၾကည့္ဖို႔လား?" သူက အၿပဳံးေလးႏွင့္ ေမးလိုက္၏။

"ေသရည္မပါဘဲ လက ဘယ္လိုလုပ္ၾကည့္ေကာင္းမွာလဲ? မင္းရဲ႕ ေသရည္ဘယ္မလဲ?"

ကုေဖးတိက စုယန္ရဲ႕မ်က္လုံးေတြကို စိုက္ၾကည့္ၿပီး ေျပာလိုက္သည္။

"...ငါ့ရဲ႕အေရွ႕က"

စုယန္ "....."

ကယ္..ကယ္ပါအုံး!!

(T/N: ငါ့ရဲ႕အေရွ႕က လကို ရႈစားခ်င္လို႔။ ေကာင္းကင္က လ,မဟုတ္ဘဲ စုယန္ကို ရည္ၫႊန္းျခင္းျဖစ္။ ျမန္မာလိုဆိုေတာ့ ေရွ႕ေနာက္ ေျပာင္းျပန္ေတြျဖစ္ကုန္တာ)

စုယန္ သူ႕မ်က္ႏွာႏွင့္ နား႐ြက္မ်ား ပူေလာင္လာသည္ကိုသာ ခံစားမိသည္။ ကံေကာင္းစြာပဲ ညက အလြန္ေမွာင္ေနေသာေၾကာင့္ သူ၏ရွက္႐ြံ႕မႈက သိပ္မျမင္သာခဲ့ေပ။

သူသည္ မိစာၦဂိုဏ္းရဲ႕သခင္ငယ္၏ ကိုယ္‌ရည္ကိုယ္‌ေသြးကို အတင္းအက်ပ္ ထုတ္ေဖာ္ၿပီး ၿပိဳလဲလုမတတ္ ျဖစ္သြားသည့္ သူ၏ ဇာတ္ေကာင္ကို အဖတ္ဆယ္ရန္ ေမးေစ့ကို ပင့္ျမႇောက္ကာ မထီမဲ့ျမင္ ေႂကြးေၾကာ္လိုက္သည္။

"အိုး.. မင္းက ဒီအလွကို ရႈစားခ်င္တာလား? ဒီသခင္ငယ္က မင္းနဲ႕ဘာမွမသက္ဆိုင္ဘူး!"

ကုေဖးတိက ျဖည္းညွင္းစြာ အသက္ရႉသြင္းလိုက္ၿပီး ဆိုသည္။

"ဘာပဲျဖစ္ျဖစ္ ငါတစ္ေယာက္တည္းလည္း ေပ်ာ္ေပ်ာ္ႀကီး ေသာက္နိုင္ပါတယ္"

စုယန္သည္ ႏွလုံးခုန္လႈပ္သြားၿပီး မသိစိတ္က ႏႈတ္ခမ္းမ်ားကို သပ္ကာ တံေတြးမ်ိဳခ်လိဳက္သည္။

"အိုး.. ဒါဆိုလဲ မင္းဟာမင္း သြားေသာက္ေတာ့။ ငါျပန္ဝင္ေတာ့မယ္"

ထိုသို႔ေျပာၿပီးသည္ႏွင့္ စုယန္ လွည့္ထြက္သြားေတာ့သည္။

ကုေဖးတိက သူ႕ဝတ္႐ုံလက္ကို လွမ္းဆြဲထားၿပီး ၿပဳံးလ်က္ ဆိုေလ၏။

"မင္းလဲ အိပ္မေပ်ာ္ဘူးဆိုရင္ ဘာလို႔ အေစခံေတြကို ေသရည္ဆက္သခိုင္းဖို႔ အမိန႔္မေပးတာလဲ? ဒါဆို ငါတို႔အတူ လကို ရႈစားနိုင္လိမ့္မယ္"

တစ္ဖက္လူက ေတာင္းဆိုလာသည့္အတြက္ စုယန္သည္ သဘာဝအတိုင္း သူ႕ဖိတ္ေခၚမႈကို ျငင္းပယ္ပစ္ဖို႔ မလုပ္နိုင္ေတာ့ေပ။

"ေကာင္းၿပီ"

သူက ေသရည္နဲ႕ အဆာေျပအစာအခ်ိဳ႕ ျပင္ေပးရန္ ညဆိုင္းက်သည့္အေစာင့္ကို အမိန႔္ေပးလိုက္သည္။ ၿခံဝင္းငယ္ေလး၏ အေကြ႕အေကာက္ရွိေသာ စၾကၤံအဆုံးသို႔ အစားအေသာက္မ်ား ယူေဆာင္လာခဲ့ၿပီး အေအးဒဏ္ကို ဖယ္ရွားရန္ အနီးနား၌ မီးလဲ ဖိုထားေလ၏။

ႏွစ္ခြက္ေလာက္ေသာက္ၿပီးသည္ႏွင့္ စုယန္သည္ ကုေဖးတိအား ေဘးတိုက္ တစ္ခ်က္ၾကည့္ၿပီး ေျပာလိုက္သည္။

"*ဟိုင္အခ်ိန္ဆိုတာနဲ႕ မင္းက အိပ္ေနက်မလား? ဘာလို႔ အခုမွ အိပ္မေပ်ာ္ရတာလဲ?"

(*ည ၉ နာရီႏွင့္ ၁၁ နာရီၾကား)

ကုေဖးတိက ၿပဳံးလိုက္ၿပီး စုယန္အား ေမာ့ၾကည့္လာ၏။

"ငါအိပ္ရာဝင္တိုင္း အဲဒါကို ေတြးမိၿပီး ေခါင္းေတြ ခ်ာခ်ာလည္ေနတယ္"

စုယန္ ေၾကာင္အသြားသည္။ "..ဟမ္?"

သူ႕ရဲ႕ဗလာက်င္းေနတဲ့အမူအရာကိုျမင္ေတာ့ ကုေဖးတိက ကူကယ္ရာမဲ့ ရယ္ေမာလိုက္ၿပီး ျပန္ေမးသည္။

"မင္းကေရာ ဘာလို႔အိပ္မေပ်ာ္တာလဲ?"

"အာ.. ဒီအတိုင္းအိပ္မေပ်ာ္တာ" စုယန္က ၾကယ္မ်ားျပည့္ေနေသာ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္လိုက္သည္။ "ငါ့အေတြးေတြ အေတာ္ေလးရႈပ္ပြေနတယ္"

"မင္းရဲ႕အေတြးေတြက ရႈပ္ပြေနတာနဲ႕ ပန္းေတြကို ဖ်က္ဆီးဖို႔ ၿခံထဲကို ထြက္လာတာေပါ့ေလ" ကုေဖးတိက ၿပဳံးလ်က္ ေမးလာ၏။

စုယန္ရဲ႕မ်က္လုံးေတြ ျပဴးက်ယ္သြားၿပီး ကုေဖးတိကို ေဒါသတႀကီး စိုက္ၾကည့္လိုက္သည္။

"မင္းက ငါ့ကို တစ္ခ်ိန္လုံး ေခ်ာင္းေနတာလား!"

ကုေဖးတိက ေသရည္တစ္ႀကိဳက္ေမာ့လိုက္ၿပီး ခ်ိဳၿမိန္သည့္အရသာကို ခံစားလိုက္သည္။

"ညနက္သန္းေခါင္ႀကီး ဓားသိုင္းေလ့က်င့္ေနတာ မင္းေလ.. ငါက မင္းရဲ႕ဆူညံသံေၾကာင့္ နိုးလာတာ ရွင္းပါတယ္"

စုယန္က မ်က္လုံးကို ေမွးက်ဥ္းလိုက္ၿပီး ေသရည္ကို ေဒါသတႀကီး ေမာ့ေသာက္လိုက္သည္။

"ဟိုးအရင္ ညနက္သန္းေခါင္ေတြမွာ ငါ ဓားေရးေလ့က်င့္တုန္းက မင္းနိုးလာတာ မေတြ႕ဖူးပါဘူး"

ကုေဖးတိ ၿပဳံးၿပီး သူ႕လက္ထဲက ေသရည္ခြက္ကို ငုံ႕ၾကည့္ေနသည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူက ႏူးညံ့စြာ ေျပာလာပါ၏။

"ေက်ာက္စိမ္းအိမ္ေတာ္က အခ်ိန္ေတြကို လြမ္းလိုက္တာ"

စုယန္က ေခါင္းညိတ္ၿပီး သေဘာတူလိုက္သည္။

"ဟုတ္တယ္.. ေက်ာက္စိမ္းအိမ္ေတာ္က ေန႕ရက္ေတြက ပိုရိုးရွင္းပါတယ္ေလ။ အဲဒီအခ်ိန္တုန္းက ငါ တိလင္းရွစ္က်ဲနဲ႕ ေမာ့ရွစ္ရႈံးတို႔လို ထြက္မသြားဖို႔ စိတ္ကူးခဲ့ဖူးတယ္။ ေနာင္ႏွစ္အနည္းငယ္ေလာက္ဆို ရွစ္တိေတြ ရွစ္ေမ့ေတြကို ေကာင္းေကာင္း ျပန္သင္ေပးနိုင္ေနၿပီ။ ဒီေလာက္ဆိုးတဲ့ ဘဝေတာ့ ျဖစ္လာမွာမဟုတ္ဘူး..."

ထိုသို႔ေျပာၿပီးေနာက္ စုယန္သည္ ၎က အႀကံေကာင္းတစ္ခုျဖစ္ေၾကာင္း ႐ုတ္တရက္ ခံစားလိုက္ရသည္။

သူက ကုေဖးတိအား စိတ္လႈပ္ရွားစြာၾကည့္ကာ ေျပာလိုက္ေလ၏။

"ကူအဆိပ္ကို ဖယ္ရွားၿပီးရင္ ငါတို႔ဘာလို႔ ေက်ာက္စိမ္းအိမ္ေတာ္ကို မျပန္ရမွာလဲ? ဒါဆို သိုင္းေလာက,က ျပႆနာေတြကို စိတ္ပူစရာမလိုေတာ့ဘဲ အဲဒီမွာ တစ္သက္လုံး ေအးေအးေဆးေဆး ေနနိုင္ၿပီေလ"

ေမွ်ာ္လင့္ခ်က္မ်ားႏွင့္ေတာက္ပေနေသာ စုယန္၏ မ်က္လုံးမ်ားေရွ႕တြင္ ကုေဖးတိ ခဏတာ ၿငိမ္သက္သြားခဲ့သည္။

သူက ေသရည္ခြက္ကိုခ်ကာ ပုလင္းထဲမွ ထပ္ျဖည့္ထည့္လိုက္သည္။ ၿပီးေနာက္ အညစ္အေၾကး ကင္းစင္ၾကည္လင္ေသာ ေသရည္ကို ေတြေတြႀကီး စိုက္ၾကည့္ေနၿပီး ျဖည္းညွင္းစြာ ေမာ့ေသာက္လိုက္ပါ၏။

"ငါက ထန္းယြင္စံအိမ္ရဲ႕ သခင္ေလးပဲ" သူက စုယန္၏ အၾကည့္မ်ားကိုေရွာင္ကာ ေျပာလိုက္သည္။
"ငါ့ရဲ႕တာဝန္ေတြကို ေရွာင္လႊဲလို႔ မရဘူး"

စုယန္က မ်က္ေမွာင္ၾကဳတ္ကာ ကုေဖးတိကို စိုက္ၾကည့္ေနသည္။ ၿပီးေနာက္ ေပါ့ေပါ့ပါးပါး ရယ္ေမာလိုက္ၿပီး ဆိုေလသည္။

"တာဝန္ရွိတယ္?"

ကုေဖးတိက စုယန္ကိုၾကည့္ၿပီး ျပန္ေျပာလာသည္။

"ဟုတ္တယ္.. ေနာက္ၿပီး မင္းလဲ..."

"မင္းက ထန္းယြင္စံအိမ္ရဲ႕ သခင္ေလး.. စံအိမ္ကို အေမြဆက္ခံဖို႔က မင္းတာဝန္" စုယန္က ကုေဖးတိစကားကို ေႏွာင့္ယွက္လိုက္ၿပီး မ်က္လုံးကို ေမွးက်ဥ္းထားလ်က္ ဆက္ေျပာသည္။ သူ၏စကားလုံးမ်ားမွာ ႏွလုံးသားထံ ပ်ံသန္းလာေသာ ျမားတစ္စင္းကဲ့သို႔ ျမန္ဆန္လာေပ၏။

"မင္းက ေခါင္းေဆာင္ကုရဲ႕ တစ္ဦးတည္းေသာသားျဖစ္ၿပီး မိသားစုမ်ိဳးရိုးကို ဆက္ခံဖို႔ကလည္း မင္းတာဝန္?"

ကုေဖးတိ အံ့အားသင့္သြားၿပီး အထိတ္တလန႔္ မတ္တတ္ရပ္လိုက္သည္။

"စုယန္"

"ဒါဆို မင္း တားျမစ္နယ္ေျမထဲမွာေျပာခဲ့တဲ့ စကားေတြက ဘာလဲ?" စုယန္က ေလသံမာမာ ေအာ္ဟစ္ရင္း ခ်ိဳၿမိန္သည့္ေသရည္ရနံ႕ကို သယ္ေဆာင္လာသည္။

"အိုး.. မင္းက တစ္ဖက္မွာ ငါ့ကို ခ်စ္တယ္ေျပာၿပီး အျခားတစ္ဖက္မွာ အိမ္ျပန္ၿပီးအိမ္ေထာင္ျပဳ၊ ကေလးယူဖို႔ စိတ္ကူးေနေသးတာေပါ့ေလ?"

ကုေဖးတိ အလြန္မွင္သက္သြားပါ၏။

"မဟုတ္ဘူး!"

"မင္းက ဒီလမ္းကို ေလွ်ာက္ခ်င္ေပမယ့္ မင္းရဲ႕ မ်ိဳးရိုးျပတ္ဖို႔ကိုလည္း မျပင္ဆင္ထားဘူးမဟုတ္လား?" စုယန္က ဆက္လက္ေအာ္ဟစ္ေနခဲ့သည္။

"မေကာင္းတဲ့ေကာင္!"

ကုေဖးတိက ခါးသီးစြာ ၿပဳံးလိုက္ၿပီး သူ႕ကိုယ္သူ တည္ၿငိမ္ေအာင္ ႀကိဳးစားလိုက္သည္။

"စုယန္... မင္းမူးေနၿပီ"

စုယန္က ကုေဖးတိရဲ႕ႏွာေခါင္းကို လက္ညိုးထိုးလိုက္ၿပီး ဆိုလာသည္။

"မင္းက ဒီျပႆနာကို ေရွာင္ခ်င္ေနတာပဲ"

ကုေဖးတိက အခ်ိန္အေတာ္ၾကာေအာင္ ႏႈတ္ဆိတ္ေနၿပီး ေနာက္ဆုံး သက္ျပင္းတစ္ခ်က္ခ်ကာ ေျပာလိုက္သည္။

"ငါဝန္ခံပါတယ္။ ဒါကို ဘယ္လိုေျဖရွင္းရမလဲဆိုတာ ငါေကာင္းေကာင္းမေတြးခဲ့ဘူး.... ဒါေပမယ့္ ငါအေကာင္းဆုံးႀကိဳးစားပါ့မယ္"

စုယန္က လက္ပိုက္လိုက္ၿပီး တိုင္ကိုမွီကာ ကုေဖးတိအား မ်က္ခုံးပင့္ၾကည့္လိုက္သည္။

ကုေဖးတိက ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး တိုးလ်ေသာ အသံျဖင့္ ဆိုလာ၏။

"စုယန္.. မင္းငါ့ကို ဒီလိုမ်ိဳးေတြ ေမးေနတာက ... မင္းတစ္သက္လုံး ငါနဲ႕ အတူတူေနခ်င္ေနတာေၾကာင့္လို႔ ယူဆလို႔ရမလား?"

ထိုသို႔ေျပာရင္း သူ၏မ်က္လုံးမ်ားမွာ လေရာင္ျဖင့္ ေရာင္ျပန္ဟပ္ေနေလသည္။ ၎တို႔ထဲတြင္ မွိတ္တုတ္မွိတ္တုတ္ လင္းလက္ေနေသာ ၾကယ္မ်ား၏ ဂလက္ဆီတစ္ခုရွိေနပုံရေလ၏။

စုယန္က ႏႈတ္ခမ္းကို ပြတ္သပ္ၿပီး ခဏတာ ေခါင္းငုံ႕စဥ္းစားေနခဲ့သည္။

"ဒီကမာၻႀကီးကို ငါမယုံဘူး... အလယ္ပိုင္းလြင္ျပင္က ေယာက္်ားႏွစ္ေယာက္ အတူတူရွိတာကို လက္ခံနိုင္မယ္လို႔ ငါမယုံဘူး။ မင္းမေၾကာက္ဘူးလား?"

"မင္းျဖစ္ေနသ၍၊ ငါမင္းနဲ႕အတူ ရွိေနသ၍..."
ကုေဖးတိက အေလးအနက္ ေျပာလာပါ၏။

"...ငါ ဘာကိုမွမေၾကာက္ဘူး"

ထိုလူငယ္‌ေလး၏ ေခါင္းမာၿပီး ေၾကာက္႐ြံ႕ျခင္းကင္းမဲ့‌ေသာအၾကည့္ကို ျမင္ေသာအခါ စုယန္ မၿပဳံးဘဲမ‌ေနနိုင္ေပ။

"မင္း ဒီေန႕ 'အခ်စ္စကားဘုရင္' ရဲ႕ ထိန္းခ်ဳပ္မႈကို ခံထားရတာလား?" သူက တခစ္ခစ္ရယ္ရင္း ေမးလိုက္သည္။

"ဘာႀကီး?" ကုေဖးတိက နားမလည္ေပ။

စုယန္က ၿပဳံး႐ုံသာၿပဳံးလိုက္ၿပီး ျပန္မေျဖပါေခ်။
သူက ေသရည္တစ္ခြက္ ငွဲ႕လိုက္ၿပီး ျဖည္းျဖည္းခ်င္း ေသာက္လိုက္သည္။

ထို႔ေနာက္ ေသရည္ခြက္ကိုခ်ၿပီး ကုေဖးတိ၏ မ်က္လုံးမ်ားကို တည့္တည့္ၾကည့္ကာ ေျပာေလ၏။

"ဘဝသက္တမ္းတစ္ခုက ရွည္ၾကာလြန္းပါတယ္ေလ။ အခုေလာေလာဆယ္ ဘာကိုမွ အတိအက် မေျပာနိုင္ေသးဘူး။ ဒါ​ေပမယ့္​ ငါမင္းနဲ႕အတူ ဘဝတစ္စိတ္တစ္ပိုင္းေလာက္ပဲျဖစ္ျဖစ္ အတူရွိေနနိုင္တယ္"

ကုေဖးတိက ေရွ႕သို႔ အနည္းငယ္ ငုံ႕ကိုင္းကာ ေလးနက္စြာ ေမးလိုက္သည္။

"တကယ္လား?"

စုယန္က ျပန္မေျဖေပ။

သူက ကုေဖးတိ၏ ပါးျပင္ေပၚတြင္ တြဲေလာင္းက်ေနေသာ ဆံပင္မ်ားကို ပြတ္သပ္လိုက္သည္။ ၿပီးေနာက္ သူ၏လက္ေခ်ာင္းမ်ားကို ပါးျပင္တေလွ်ာက္ ေလွ်ာခ်သြားရင္း ကုေဖးတိ၏ ေမးေစ့ကို ညင္သာစြာ ထိကိုင္လိုက္ေလ၏။ ၿပီးသည္ႏွင့္ ေရွ႕သို႔ေစာင္းကာ ျဖည္းညွင္းစြာ ခ်ဥ္းကပ္လာလိုက္သည္။

သူတို႔၏ အသက္ရႈသံမ်ားမွာ ေရာေထြးေနၿပီး ‌ေမႊးႀကိဳင္ခ်ိဳၿမိန္ေသာ ေသရည္နံ႕က ထူးဆန္းၿပီး ဆြဲေဆာင္မႈရွိေသာ အပူလွိုင္းကို သယ္ေဆာင္ေပးသည္။ ဤမေရရာေသာ ျဖစ္စဥ္ကို ဆက္လက္လုပ္ေဆာင္ရန္ သူတို႔၏နားထဲတြင္ တီးတိုးေျပာေနသည့္ နတ္ဆိုးတစ္ေကာင္ ရွိေနပုံရေလ၏။

အသက္ရႈသံမ်ားမွာ ျမန္သည္ထက္ျမန္လာၿပီး စုယန္၏ မ်က္ဝန္းမ်ားမွာ အနည္းငယ္ ပိတ္ဆို႔ထားေလသည္။ သူက ႏႈတ္ခမ္းမ်ားကို အနည္းငယ္ဟကာ ကုေဖးတိ၏ႏႈတ္ခမ္းမ်ားကို ညင္သာစြာထိေတြ႕လိုက္ပါ၏။

ထိုအထိအေတြ႕ေလးႏွင့္ပင္ သူသည္ ေရထဲမွာ နစ္ေနေသာ ပုစဥ္းတစ္ေကာင္ကဲ့သို႔ ဆြဲငင္ျခင္း ခံလိုက္ရသည္။

ကုေဖးတိသည္ ႐ုတ္တရက္ စုယန္၏ ပုခုံးကိုဖိကာ စၾကၤံတိုင္ႏွင့္ တြန္းကပ္လိုက္ၿပီး အနမ္းကို ပိုမိုနက္ရွိုင္းေစသည္။

စုယန္သည္ မေရွာင္လႊဲနိုင္ဘဲ ကုေဖးတိ၏လွ်ာအား သူ႕အာခံတြင္းထဲသို႔ ဝင္ေရာက္ခြင့္ျပဳလိုက္ၿပီး အသက္ရႉက်ပ္သည္အထိ နမ္းရွိုက္ခဲ့ၾကေလ၏။

ေအာက္စီဂ်င္မရွိျခင္းႏွင့္ ေခါင္းမ်ားမူးေဝသြားသည္အထိ အနမ္းသည္ အခ်ိန္အတန္ၾကာေအာင္ တည္ၿမဲေနခဲ့သည္။

ႏႈတ္ခမ္းမ်ား တျဖည္းျဖည္း ကြဲကြာၿပီးေသာအခါ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္ၿပီး ၿပဳံးလိုက္ၾကေလ၏။

ကုေဖးတိက သူ႕ထိုင္ခုံကို ျပန္သြားၿပီး မေတာ္တဆ တိုက္မိကာ ေမွာက္က်သြားသည့္ ေသရည္ပုလင္းကို ျမႇောက္ၾကည့္လိုက္သည္။

"ရွက္စရာပဲ.. ဒီေလာက္ေကာင္းတဲ့ေသရည္ကို"

စုယန္သည္ စားပြဲတင္ဗန္းေပၚရွိ ေသရည္ပုလင္းကို စိုက္ၾကည့္ရင္း ေလထဲ၌ ပ်ံ့ႏွံ႕ေနသည့္ ေမႊးႀကိဳင္ေသာ ပင္လုံႀကိဳင္ပန္းရနံ႕ႏွင့္ ဆန္အရက္ရနံ႕ကို ရႉရွိုက္လိုက္သည္။ ႐ုတ္တရက္ သူက မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာလာ၏။

"မဟုတ္ေသးပါဘူး..ဟိုးတစ္ေခါက္တုန္းကလဲ ငါတို႔အတူ ညစာစားၿပီး ဒီလိုေသရည္မ်ိဳးေသာက္ခဲ့ေသးတယ္ေနာ္?"

ကုေဖးတိ၏လႈပ္ရွားမႈမ်ား ေခတၱရပ္တန႔္သြားေသာ္လည္း ေသရည္ပုလင္းကို စားပြဲေပၚ၌ တည္တည္ၿငိမ္ၿငိမ္တင္လိုက္ၿပီး ႏူးညံ့ေသာအသံျဖင့္ ျပန္ေျဖသည္။

"ဟုတ္တယ္ေလ"

စုယန္က ေရွ႕ကိုတိုးလာၿပီး သူ၏ လက္ေကာက္ဝတ္ကို ဖမ္းကိုင္ထားရင္း မ်က္လုံးမ်ား ေမွးက်ဥ္းကာ ေမးလိုက္သည္။

"မင္း အဲဒီေန႕က သုံးခြက္ပဲေသာက္ၿပီး ေသေအာင္မူးေနတာ အိပ္ရာကေတာင္ မထနိုင္ဘူးေလ.. ဒီေန႕ေရာ မင္း ဘယ္ေလာက္ေသာက္ခဲ့လဲ?"

ကုေဖးတိသည္ ေနာက္ဆုံးတြင္ သူ၏ရယ္ေမာျခင္းကို မထိန္းနိုင္ေတာ့ေပ။

သူက ႏႈတ္ခမ္းေတြကို သပ္လိုက္ၿပီး ဆို၏။

"စုယန္ ငါ... "

"မင္း အဲဒီေန႕က မူးခ်င္ေယာင္ေဆာင္ေနခဲ့တာမလား?!" စုယန္က လက္ကိုဆန႔္ထုတ္ၿပီး ကုေဖးတိ၏ နဖူးကို အႀကိမ္အနည္းငယ္ ရိုက္ပုတ္လိုက္သည္။

ကုေဖးတိက သူ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး ၿပဳံး႐ႊင္လ်က္ ဆိုပါ၏။

"ငါ ဟန္ေဆာင္ေနတာမဟုတ္ဘူး။ အခုလဲ ငါတကယ္မူးေနၿပီ။ ဒီည မင္းနဲ႕ ထပ္အိပ္ဖို႔ ျဖစ္နိုင္ပါ့မလား?"

ထိုစကားကိုၾကားလိုက္ေသာအခါတြင္ စုယန္သည္ သူ၏တစ္ကိုယ္လုံးရွိ အေမႊးအမွ်င္မ်ား ေထာင္ထသြားသည္ကို ခံစားလိုက္ရသည္။

သူက ကုေဖးတိ၏လက္ကို ႏွစ္ႏွစ္ခါခါ ယမ္းထုတ္ပစ္လိုက္ၿပီး ေျပာေလ၏။

"ငါလဲနည္းနည္းမူးေနၿပီ... သြားအိပ္ေတာ့မယ္။မနက္ျဖန္အတြက္ ခရီးေဆာင္အိတ္ေတြလည္း
ထုပ္ပိုးဖို႔က်န္ေသးတယ္။ ေကာင္းေသာညပါ... အိပ္မက္လွလွေလးေတြ မက္ပါေစေနာ္! "

ၿပီးေနာက္ အခန္းထဲသို႔ တခ်ိဳးတည္း လွည့္ေျပးကာ တံခါးကို ေနာက္ျပန္ဆြဲပိတ္လိုက္ပါေတာ့၏။

ကုေဖးတိက ထရပ္လိုက္ၿပီး စုယန္ရဲ႕ တံခါးဝဆီ ေလွ်ာက္သြားရာ ပိတ္ထားသည့္ တံခါးေနာက္မွ အဝတ္ခြၽတ္သံမ်ားကို ၾကားလိုက္ရသည္။ သူက ႏူးညံ့စြာ ရယ္ေမာလိုက္ေလ၏။

"စုယန္.."

"ငါ့ရဲ႕အခ်စ္ကို ေက်ေက်နပ္နပ္လက္ခံေပးလို႔ ငါအရမ္းေပ်ာ္တယ္"

ေဆာင္းဦးညေကာင္းကင္သည္ ၾကည္လင္ေနၿပီး လသည္ ေတာက္ပေနေသာ္လည္း ၾကယ္မ်ားက က်ဲသြားသည္။

ညခင္းေလႏုေအးက ပန္းရနံ႕ေတြ သင္းပ်ံ့လို႔ ႏွလုံးသားကို ၾကည္ႏူးေစၿပီး စိတ္ကို လန္းဆန္းေစပါ၏။

_5.8.22

T/N: အတြဲ ၂ ၿပီးပါၿပီ ><

Thanks for reading ❣️















Ipagpatuloy ang Pagbabasa

Magugustuhan mo rin

35.1K 4.8K 44
Author- 淮上 (Huai shang) Title- 剑名不奈何 (Jiàn míng bù nàihé, The sword named no way out) Total chapter- 95 Chapters (Completed) MC- Gong Wei ML- Xu Shu...
16.2K 2.1K 6
Original author-象八亿 English translator-8oni I got the permission from the English translator. I don't own any part of this story.This is just fun t...
91.7K 8.2K 65
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
52.2K 5.8K 86
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...