ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မ...

Door D_Yayy_Nine

344K 32.7K 1.4K

သုံးပွင့်ဆိုင်ဝတ္ထုထဲကို ကူးပြောင်းခံလိုက်ရပြီးနောက်..... နှိုင်းအမြုတေ - "စနိုက်ကြော်နဲ့ခြံခုန်နွားကို မှတ်လ... Meer

Intro
ဇာတ်ကောင်မိတ်ဆက်
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Characterရှင်းတမ်း
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Characters and their Birthdays
Chapter-28
Chapter-29
Chapter-30
Chapter-31
Special Episode
I want to apologize
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44 (Finale)
ကျေးဇူးတင်လွှာ
Extra: အဆိုးထဲက အဆိုးများ
Extra: Paing x Hlwar

Chapter-22

5.7K 671 25
Door D_Yayy_Nine

Unicode Version

မျက်စိရှေ့မှာ မြင်နေရသောမျက်နှာလေးကိုငေးရင်း စွမ်းစေတမာန် ရင်တမမဖြစ်နေရသည်။ လေထုထဲမှာတော့ မသဲမကွဲအနံ့လေးတချို့က ရစ်ဝဲလျက်။

သူ စိတ်ဆိုးသွားတာလား။

စွမ်းစေတမာန်ပူပန်နေမိသည်မှာ နှိုင်းအမြုတေက သူ့အား လိုချင်တာရှိ၍ အနားကိုမရိုးမသားချဥ်းကပ်လာသူဟု အထင်လွဲသွားမည်ကိုပင်။ ထိုကိစ္စအတွက်အဖြေမှာ မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်သည်။ ဟုတ်သလားဆိုပြန်တော့လည်း မဟုတ်။ အခြေအနေမှာ ဤသို့နှယ် ခွတီးခွကျ။

သူ ထပ်ရှင်းပြဖို့ ပါးစပ်ဟမိခိုက်မှာပင် နှိုင်းအမြုတေက သူမထင်ထားသောစကားကို ဆိုလာသည်။

"အဲ့ဒီတစ်ယောက်က ဘယ်သူလဲဟင်"

သူစိတ်ပူနေရသည့်ကိစ္စဟုတ်မနေသည့်အတွက် ခပ်တိတ်တိတ်သက်ပြင်းချမိသော်လည်း အစအနမရှိသည့်မေးခွန်းအတွက် ကြောင်အသွားရသည်ကတော့ အမှန်ပင်။

ထို့ကြောင့် နားမလည်နိုင်ဟန်မျက်ဝန်းတို့ဖြင့် တစ်ဖက်လူအား ပြန်ငေးမိလေတော့ သူ့တုံ့ပြန်ပုံကြောင့် မေးခွန်းကိုရှင်းလင်းပြလာလေသည်။

"အဲ့ဒီကယ်တင်ရှင်ဆိုတာလေ.."

"သြော်..သူလား။ သူ့နာမည်က လပ်ကီး"

မခန့်မှန်းထားနိုင်သည့်မေးခွန်းပေမို့ ကြားကြားချင်း စွမ်းစေတမာန်မင်သက်သွားရသည်။ နှာခေါင်းဝမှာရစ်ဝဲနေသောရနံ့လေးသည်ကား ခံစားချက်မျိုးစုံသောင်းပြောင်းရောထွေးလျက်ရှိနေဆဲပင်။ မတိုင်မီက သူ အဖြေမှန်ကိုမရွေးတတ်ခဲ့သောအရာဟာ ယခုမှသာ အနည်းငယ်ကွဲပြားသွားရတော့သည်။

လေထုထဲမှာရောနှောနေသော သရုပ်မှန်မသဲကွဲခဲ့သည့်ရနံ့များထဲတွင် သဝန်တိုသောရနံ့တို့ ပြည့်သိပ်နေသည်ကို စွမ်းစေတမာန်ဥာဏ်အလင်းပွင့်သွားပြီးနောက်မှသာ သတိပြုမိသည်။ ဟိုးယခင်ကတည်းက သူသည် မနှစ်မြို့သည့်ရနံ့နှင့် သဝန်တိုသည့်ရနံ့တို့ကို မသဲကွဲခဲ့ခြင်းဖြစ်ရာ အခြေအနေအချိန်အခါကိုလိုက်၍သာ သူခန့်မှန်းခဲ့ရသည်။

ယခုလည်း ထိုနည်းတူပင်။ အစပိုင်းက နှိုင်းအမြုတေထံမှ ထိုရနံ့လေး ထွက်လာစဥ်မှာ သူသည် အခြေအနေကိုလိုက်၍သုံးသပ်မိလိုက်ရာ မနှစ်မြို့ခြင်းကြောင့်ဖြစ်သောရနံ့ဟုသာ ထင်ခဲ့သည်။ ယခုမှာတော့ သူ့အတွေးတို့ ဂယောက်ဂယက်ဖြစ်ရပြီ။

ဟုတ်များဟုတ်နေမလား။ သူ.. သူ..

မရေမရာအတွေးများကြောင့် ခေါင်းရှုပ်နေသည့်ကြားက ဖုန်းထဲမှာရှိနေသည့် လပ်ကီး၏ဓာတ်ပုံကိုထုတ်ပြလိုက်ချိန်မှာ နှိုင်းအမြုတေ၏မျက်နှာထားက ရုတ်ချည်းပြောင်းလဲသွားပြီး ရှက်ဝဲဝဲရနံ့တို့က အုံလိုက်ကျင်းလိုက် လှိုက်တက်လာတော့သည်။

မတိုင်မီကအထိ ဇဝေဇဝါဖြစ်နေသေးသော စွမ်းစေတမာန်မှာသာ ပါးစပ်အဟောင်းသား။ သူသည် ငတုံးမဟုတ်။ ဤမျှရှင်းလင်းနေသောအခြေအနေနှင့် ရနံ့ပြောင်းလဲမှုများကိုကြည့်ရုံဖြင့် နှိုင်းအမြုတေစိတ်ထဲမှာ ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို တစ်စွန်းတစ်စခန့်မှန်းမိပြီဖြစ်၏။

"နှိုင်း ဘာဖြစ်လို့လဲ"

မေးခွန်းထုတ်လိုက်ဖို့ မလိုအပ်ပေမယ့် မမေးဘဲလည်းမနေနိုင်။

"ကျွန်တော်ထင်တာ.."

"မင်းထင်တာ.. သူက ကိုယ့်ရဲ့အရင်လူလို့ပေါ့"

ပြောပြဖို့တွန့်ဆုတ်နေသည့်စကားတို့ကို သူကိုယ်တိုင် ကွက်လပ်ဖြည့်ပေးလိုက်ရာ တစ်ဖက်ကောင်လေး၏မျက်နှာမှာ ရဲခနဲ..။

အစကတော့ သူဟာ သူထိန်ချန်မိထားသည့်အမှန်တရားများအတွက် နှိုင်းအမြုတေအား တောင်းပန်ဖို့ရည်ရွယ်ထားပါသော်လည်း အခြေအနေအရ လက်ရှိအနေအထားမှာ သူ့အပေါ်ထားသော နှိုင်းအမြုတေ၏သဘောထားကို ဆန်းစစ်ကြည့်ဖို့အကြောင်းဖန်လာလေသည်။

ယနေ့ညမတိုင်မီကအထိ သူသည် တစ်ဖက်သတ်အချစ်တွင်သာ မွေ့လျော်နေခဲ့မိပြီး နှိုင်းအမြုတေဘက်က သူနှင့်ထပ်တူကျသည့်ခံစားချက်မျိုးရှိနေလိမ့်မည်ဟု စိတ်ပင်မကူးရဲခဲ့ချေ။ စိတ်မကူးရဲရသည့်အကြောင်းအရင်းကလည်း ခိုင်လုံသည်။

သူဟာ ငယ်စဥ်ကတည်းက ကံကောင်းလှသည်မဟုတ်သော်လည်း အတန်အသင့်အဆင်ပြေသောဘဝဖြင့် ကြီးပြင်းလာရပြီးနောက် အသက်ဆယ့်ငါးနှစ်အရောက်မှာ ကံဆိုးမိုးမှောင်ကျခဲ့ရသည်။ ထိုအချိန်မှစ၍ သူကြုံတွေ့ရသမျှဟာ ကြမ်းတမ်းမှု၊မွန်းကြပ်မှုနှင့် ကူကယ်ရာမဲ့မှုများသာဖြစ်သည်။ ကံတစ်ခါဆိုးပြီးကတည်းက ဆက်တိုက်ဆိုသလို ကံဆိုးမှုကြီးများသာကြုံလာရသည့်အတွက် ပထမဆုံးလှုပ်ရှားဖူးသည့် ရင်ခုန်သံတို့အတွက် ကံကောင်းရဖို့လည်း သူမမျှော်လင့်ရဲပေ။

အကြောင်းမှာ သူသည် ကံဆိုးခြင်းသံသရာထဲ၌သာ ကူးခတ်နေရခြင်းကြောင့်ပင်။

သူ့အနေနှင့် သူချစ်ရသူအနားမှာ စီနီယာတစ်ယောက်ဟူသောအနေအထားနှင့် နေရရုံဖြင့်သာ ကျေနပ်ရောင့်ရဲနေခဲ့သည်သာ။ သို့သော် ယခုလိုမျှော်လင့်ချက်ရောင်ခြည်လေးကို မြင်လိုက်ရချိန်မှာလည်း ပြောမပြတတ်သည့်ခံစားချက်တို့က သူ့လည်ချောင်းထဲမှာ ဆို့နင့်လျက်..။

"နှိုင်း"

"စီနီယာ.."

ကြမ်းပြင်ထက်မှာ ဒူးထောက်ထားကြရင်း တစ်ယောက်ကိုတစ်ယောက် နင့်နင့်နဲနဲငေးမိကြသည်။ မျက်ဝန်းကိုယ်စီမှာတော့ ချစ်ရိပ်ချစ်ငွေ့တို့က ဖိတ်လျှံနေသည်သာ။

ဤတဒင်္ဂလေးအတွင်း ဖွင့်မပြောလည်း သဘောပေါက်နားလည်လိုက်ရသည့် ခံစားချက်ကိုယ်စီရယ်၊ နှလုံးသား၏ပြတင်းပေါက်ဟုဆိုထိုက်သည့် မျက်ဝန်းများထဲမှအကြင်နာတပွေ့တပိုက်ရယ်က တစ်ယောက်၏ခံစားချက်ကို တစ်ယောက်သိနိုင်ဖို့ လုံလောက်ခဲ့သည်။

စွမ်းစေတမာန်မှာ လှိုက်တက်လာသောခံစားချက်များကြောင့် ရင်ဝဟာတင်းကြပ်လာပြီး မျက်ရည်စတို့ကလည်း မျက်ခမ်းစပ်မှာဝေ့သီလျက်..။

နှိုင်းအမြုတေ၏ လေးနက်တည်ကြည်ပြီး အကြင်နာရိပ်သမ်းသောအကြည့်ကိုပြန်ငေးရင်း ထိုကောင်လေး၏လက်တစ်ဖက်ကိုဆွဲယူကာ သူ့ပါးပြင်ထက်မှာ ဖိကပ်ထားမိသည်။

မေတ္တာတို့ဖြင့်နွေးထွေးလေသော ဤလက်ဖဝါးလေးဟာ သူ ထာဝရမြဲချင်သည့် တွဲလက်ရယ်ပါလေ။

"ကိုယ့်မှာ မင်းကလွဲပြီး တခြားလူမရှိပါဘူး နှိုင်း..။ မင်းက ကိုယ့်ဘဝရဲ့တစ်ဦးတည်းသောဖြစ်တည်မှုလေးပါပဲ"

ပါးပြင်ထက်က လက်ဖဝါးလေးကို ဆွဲယူနမ်းရှိုက်ရင်း တမြတ်တနိုးဆိုမိသောစကားဟာ တိုင်တည်မိသောသစ္စာလည်း မည်ပါရဲ့။

ထိန်းချုပ်ထားခဲ့ရသောမျက်ရည်တို့သည်ကား ပါးပြင်ထက်မှာ ပေါက်ခနဲ ပေါက်ခနဲ..။ ဆက်ထိန်းချုပ်ထားဖို့လည်း မစွမ်းသာတော့။ စိတ်ကိုသာ လွှတ်ပေးထားလိုက်မိတော့သည်။

"ကျွန်တော်လဲ ထပ်တူပါပဲ.."

လက်ခုပ်ထဲကျလာသမျှမျက်ရည်များကို ဆီးကြိုကာသုတ်ဖယ်ပေးနေပါသော နှိုင်းအမြုတေဟာ နှုတ်ခမ်းထက်မှာလည်း အပြုံးခပ်ယဲ့ယဲ့..။

သူ့ဘဝမှာ သည်လိုလည်းကံကောင်းသေးသတဲ့လား။ ကံကောင်းလွန်းပါ၏။ ဘဝထဲရောက်လာသမျှထဲမှာ အဖိုးအတန်ဆုံးလေးကိုမှ ပိုင်ဆိုင်ရသတဲ့။ ကံကောင်းလွန်း၍ ယုံရခပ်ခက်ခက်ပင်။

စွမ်းစေတမာန်မှာ ထိုလက်ဖဝါးလေးကိုသာ အားမရစွာ အကြိမ်ကြိမ်အခါခါနမ်းရှိုက်နေမိတော့သည်။

"မငိုပါနဲ့လို့တော့ မတားတော့ပါဘူး စီနီယာ။ ဒါပေမဲ့ ငိုပြီးရင်တော့ ပြုံးပဲပြုံးနေရတော့မှာနော်"

ပြုံးစစဆိုလာသောစကားကြောင့် သူ့မှာ လိုက်မပြုံးဘဲမနေနိုင်။ သူ ဘာကြောင့် ယောကျ်ားတန်မဲ့ငိုနေမိသလဲဆိုသည်ကို ထိုကောင်လေး မသိဘဲမနေ။ ထို့ကြောင့်လည်း သူစိတ်ပြေအောင် ကြိုးစားနေခြင်းပင်။

"စီနီယာက ဘယ်လိုနေနေကြည့်ကောင်းတယ်ဆိုပေမဲ့ ငိုနေတာထက်စာရင် ဒီလိုပြုံးနေတာလေးကို ကျွန်တော်ပိုကြိုက်တာပေါ့နော်"

"မငိုတော့ပါဘူး"

"အခုအတွက်ပဲလား။ နောက်ရော"

"နောက်လည်း မငိုတော့ဘူး။ ပြီးတော့ ပြောဦးမယ်။ ကိုယ့်ကို အားအားယားယားထိုင်ငိုနေတဲ့လူများမှတ်နေလား။ အခုလည်း ပျော်လို့မျက်ရည်ကျမိရုံ.."

နှိုင်းအမြုတေက ခပ်လွင်လွင်ရယ်သည်။ ထိုရယ်သံ​နောက် ကောက်ကောက်ပါအောင်လိုက်သွားပါသော စွမ်းစေတမာန်၏ရင်ခုန်သံတွေခမျာ တားမရဆီးမရ..။

"တကယ်လို့ နောက်များကျရင် ထပ်ပြီးမျက်ရည်ကျရမဲ့ကိစ္စပေါ်လာရင်ရော"

"အဲ့တော့ မင်းရှိတာပဲလေ။ မင်းရှိနေသရွေ့ ကိုယ် အားလုံးကိုကြိတ်မှိတ်သည်းခံနိုင်တယ်။ မင်းဆီကအနံ့ကြောင့်မဟုတ်ဘူးနော်။ ဒီတိုင်း မင်းဖြစ်နေလို့"

သူ့စကားကြောင့် နှိုင်းအမြုတေက ခပ်ရှက်ရှက်ပြုံးသည်။ ထို့နောက် ဘဝင်ကျသွားဟန်ဖြင့် သက်ပြင်းရှိုက်လိုက်ပြီးနောက် သူ့အား ကြမ်းပြင်ပေါ်မှဆွဲထူသည်။

"ကျွန်တော်တို့ ဘယ်အချိန်အထိဒူးထောက်နေမှာလဲ။ ထတော့.."

နှစ်ယောက်သား မတ်တပ်ရပ်လိုက်ကြပြီး နှိုင်းအမြုတေက ကုတင်စွန်းတစ်ဖက်မှာ သွားထိုင်သဖြင့် သူကလည်း နံဘေးမှာဝင်ထိုင်လိုက်သည်။

"ဒီတော့ ခုနကပြောနေတဲ့စကားကိုပြန်ဆက်ရအောင် စီနီယာ။ ကျွန်တော် ပြောစရာရှိတယ်"

"ကိုယ်တို့မိသားစုကိစ္စလား"

နှိုင်းအမြုတေက ဟုတ်မှန်ကြောင်း ခေါင်းတဆတ်ဆတိညိတ်ပြသည်။ သူကတော့ နားမလည်။ နှိုင်းအမြုတေမှာ သူတို့မိသားစုအကြောင်း ဘာများပြောစရာရှိနေပါသလဲ။

"ဘာများလဲ"

"စီနီယာ စီနီယာ့အဖေအကြောင်းတွေသိခဲ့ရပြီဆိုတော့ ပိုင်စိုးမိုးသူဆိုတဲ့လူကိုလဲ သိလောက်ရောပေါ့"

ထိုနာမည်ကို နှိုင်းအမြုတေဆီမှကြားလိုက်ရသည့်အတွက် သူ အံ့အားသင့်သွားရသည်။ သေချာပေါက်ပင်။ ထိုနာမည်ကို သူသိပြီးခဲ့ပြီ။ သူ့အဖေ ပြောပြတာတော့မဟုတ်။ သူ့အဖေ၏အရှုပ်အထွေးကြီးကို သိလိုက်ရပြီးနောက် ညတွင်းချင်း သူစုံစမ်းထားရသည်သာ။

သို့သော် ထိုလူ့ကို နှိုင်းအမြုတေက ဘယ်လိုသိနေပါလိမ့်။

"ဘယ်လိုဖြစ်လို့.. နှိုင်း.. မင်း သူ့ကိုသိနေတာလား။ ပြီးတော့ ကိုယ်တို့ရဲ့ပတ်သက်မှုကိုရော"

နှိုင်းအမြုတေက သူ့ကိုမငြင်းခုံလာပေ။ သက်ပြင်းငွေ့ငွေ့သာချရင်း စကားဆိုသည်။

"ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့နော်။ ကျွန်တော်လဲ မတော်တဆသိခဲ့ရတာပါ။ ဘယ်လိုသိလဲဆိုတာကိုတော့ အခုမမေးပါနဲ့ဦးလား။ အချိန်တန်ရင် ကျွန်တော်ပြောပြပါ့မယ်"

တောင်းတောင်းပန်ပန်ဖြင့်ဆိုလာတော့လည်း သူ ဘယ်နေနိုင်မှာတဲ့လဲ။ လက်ခံရတော့သည်။

သို့သော် သူ့စိတ်ထဲမှာ ခုနေမိသည့်အတွေးကလည်း ရှိနေပြန်သည်။

"မင်းပြောချင်တဲ့အချိန်မှပြောပါ။ ကိုယ် နားလည်ပေးပါ့မယ်။ ဒါပေမဲ့ ကိုယ် မေးချင်သေးတယ်။ မင်း သူ့ကို သနားများသနားမိနေလားဟင်"

ထိုလူ့အကြောင်းကို သူစုံစမ်းခဲ့စဥ်က သိခဲ့ရသည့်အချက်မှာ တချို့တချို့သောလူများက ထိုသကောင့်သားကိုသနားနေသတဲ့လေ။

တရားမဝင်သားဖြစ်သည့်အတွက် အဖေဖြစ်သူထံမှလျစ်လျူရှုခံထားရသည့်အပြင် ချို့တဲ့စွာနေရရှာသည်ဟုမြင်ကြပြီး အမွေဆက်ခံသူအဖြစ် အိမ်ကြီးအိမ်ကောင်းထဲမှာ စည်းစိမ်ခံစားနေရသော စွမ်းစေတမာန်နှင့်ယှဥ်ကြည့်သည့်အခါ သူ့ပုံစံမှာ ပို၍ပင်သနားဖို့ကောင်းနေသတဲ့။

ဘယ်သူက ဘယ်လိုတွေးတွေး သူဂရုမစိုက်ပါ။ သို့သော် နှိုင်းအမြုတေကလည်း ထိုသို့အတွေးမျိုးရှိနေမလားဟု သူမတွေးဘဲမနေနိုင်ချေ။

သူ့အတွေးကို နှိုင်းအမြုတေကလည်း နားလည်ဟန်ပင်။ ခေါင်းတတွင်တွင်ခါရမ်းပြလာပြီး အခိုင်အမာငြင်းချက်ထုတ်သည်။

"သူက အဲ့လိုသနားခံရဖို့မတန်ဘူး။ သူ.. သူ အခု ဘာတွေလုပ်နေလဲသိလား။ သူ စီနီယာ့ကိုအန္တရာယ်ပေးဖို့ကြိုးစားနေတာဗျ"

နှိုင်းအမြုတေက စိုးရိမ်တကြီးပြောပြလာသော်လည်း သူကတော့ မတုန်လှုပ်မိ။ သူ့ကိုအန္တရာယ်ပေးလိုသူများကို တွေ့ခဲ့ဖူးသည်မှာ မနည်းမနောပင်။ သိပ်တော့လည်းမဆန်း။ ယခုအချိန်မှာ သူဂရုစိုက်တာက တစ်ခုတည်းသာ။

"ဒီလိုဆိုရင် သူက ကိုယ့်ကိုအန္တရာယ်မပေးဘဲ သူ့ဘဝနဲ့သူနေတယ်ဆိုရင်ရော.. မင်း သူ့ကိုသနားမှာလား"

တဇွတ်ထိုးမေးခွန်းထုတ်နေသောသူ့ကြောင့် နှိုင်းအမြု​တေက အနည်းငယ်စိတ်ရှုပ်သွားဟန်ပင်။ တစ်ခဏမျှငြိမ်သက်နေပြီးနောက် သက်ပြင်းခပ်ဖွဖွချရင်း ပြောလာသည်။

"စီနီယာ ဘာတွေတွေးနေတာလဲ"

"ကိုယ်မေးတာသာဖြေပေးပါ နှိုင်းရယ်"

အတင်းခေါင်းမာနေသောသူ့ကြောင့် နှိုင်းအမြုတေက နောက်တစ်ခါသက်ပြင်းချပြန်သည်။

"ကျွန်တော်မသိဘူး။ ဒါတွေအကုန်လုံး အခြေအနေအပေါ်မူတည်တာချည်းပဲ။ ကျွန်တော် တကယ်မပြောတတ်ဘူး"

အားမလိုအားမရစိတ်တို့က သူ့ရင်ထဲ နင့်ခနဲ။ နှိုင်းအမြုတေကိုလည်း သူ ဖိအားမပေးချင်သဖြင့် ရင်ထဲမှာသာ ကြိတ်မှိတ်ခံစားရသည်။

"ဒါပေမဲ့ ကျွန်တော် သေချာပေါက်ပြောနိုင်တာတစ်ခုတော့ရှိတယ်။ သနားရုံနဲ့ အချစ်ဖြစ်မလာပါဘူး စီနီယာ။ အမှားနဲ့အမှန်ယှဥ်လာရင် သေချာပေါက်အမှန်ကိုရွေးမှာဆိုပေမဲ့ စီနီယာပြောသလို အမှန်နှစ်ခုယှဥ်တဲ့အခါကျရင်တော့ ကျွန်တော်က ကျွန်တော်ချစ်တဲ့လူဘက်မှာပဲ ရပ်မှာပေါ့"

သူလိုချင်သောအဖြေမဟုတ်သော်ငြား ထိုအဖြေထက် သူ့ကိုပိုပျော်ရွှင်စေသောစကားမျိုးကို နှိုင်းအမြုတေဆိုလာသည်။ ကြည်နူးပီတိစိတ်တို့က သူ့ရင်ထဲ အပြည့်အသိပ်။

"ကျွန်တော်ချစ်တာ ဘယ်သူလဲလို့တော့ ကပ်သီးကပ်သတ်ထပ်မမေးတော့ဘူးမလား"

ရွဲ့စောင်းစောင်းဆိုလာသောစကားကြောင့် စွမ်းစေတမာန် ဟက်ဟက်ပက်ပက်အော်ရယ်မိသည်။ သူ့အဖို့ အဖြေကရှင်းနေပြီဆိုသော်ငြား နည်းနည်းလောက်တော့ ကလေးဆန်လိုက်ချင်သေးသည်။

"မေးမယ်ဆိုရင်ရော"

"သြော်.. ကဲ မေးမှတော့ ဖြေပြီပေါ့ဗျာ။ ချစ်တယ် ချစ်တယ် အများကြီးချစ်တယ်"

နှစ်ယောက်သား ကလေးကလားစနောက်ပြီး အူမြူးနေသဖြင့် ပြီးခဲ့သည့်တစ်ညလုံးလုံး စိတ်ဒုက္ခရောက်ခဲ့သော မိသားစုအရှုပ်အထွေး​အကြောင်း စွမ်းစေတမာန်မှာ လုံးဝသတိမရတော့ပေ။

နှိုင်းအမြုတေအား ရင်ခွင်ထဲမှာထည့်၍ ပွေ့ဖက်ထားပြီး တစ်လောကလုံးမှာ အပျော်ရွှင်ဆုံးလူသားတစ်ယောက်နှယ် ပြုံးရယ်နေမိသောသူဟာ တစ်ဖက်လူပေးအပ်သော ချစ်ခြင်းမေတ္တာကြောင့် ရင်မှာတသိမ့်သိမ့်။

"နှိုင်း.."

"ဟင်"

သူ့ရင်ခွင်ထဲမှာမှီတွယ်နေရင်း သူ့အားမော့ကြည့်လာသောကောင်ကလေး၏ ကော့တက်နေသော မျက်တောင်ခပ်စိတ်စိတ်ဟာ သူ့နှလုံးသားကို ထွန့်ထွန့်လူးအောင် ကလိထိုးနေသည့်နှယ်။

"ကိုယ် မင်းကိုနမ်းချင်တယ်"

ငြိုငြင်သွားမည်စိုး၍ စိတ်လိုက်မာန်ပါမလုပ်ဘဲ တောင်းဆိုမိခြင်းအတွက် ကောင်ငယ်လေးက နီရဲနေသောမျက်နှာဖြင့် ခပ်တည်တည်ဆိုလာ၏။

"ဆန္ဒကိုသိက္ခာနဲ့ထိန်းချုပ်နေရတာ ပင်ပန်းပါတယ်ဗျာ။ ကျွန်တော် စီနီယာ့ကို မပင်ပန်းစေချင်ဘူး"

သိသာထင်ရှားသောအရိပ်အမြွက်ဆိုပေမယ့် ဝေ့လည်ကြောင်ပတ်နိုင်သော အဖြေအတွက် သူ သဘောကျစွာပြုံးလိုက်မိသည်။ သူ့ကောင်လေးဟာ ဤသို့နှယ် တတ်လည်းတတ်နိုင်ပါ၏။


**************

A/N: ဒီနေရာမှာပြောပြချင်တာက နှိုင်းအမြုတေနဲ့စွမ်းစေတမာန်တို့နှစ်ယောက်ရဲ့ အချစ်အပေါ်ရှုမြင်ပုံချင်း မတူတာကိုပါပဲ။

သတိထားမိတဲ့လူလဲရှိမှာပါ။ နှိုင်းအမြုတေရဲ့အမြင်ဘက်ကရေးတဲ့အခါ နှိုင်းအမြုတေက အချစ်ကိုတဖွဖွခံစားပြီး သည်းသည်းလှုပ်ဖြစ်မနေဘူး။ ဒါက သူ စွမ်းစေတမာန်ကို သိပ်မချစ်ဘူးလို့မဆိုလိုဘူးနော်။

စွမ်းစေတမာန်ကျတော့ အရင်ကတည်းက ဆက်တိုက်ကံဆိုးလာပြီး လိုသလိုမဖြစ်တဲ့ဘဝမှာ ရှင်သန်နေရတုန်း သူအရမ်းမြတ်နိုးမိတဲ့နှိုင်းအမြုတေပေါ်လာတဲ့အခါ အရင်ကဆုံးရှုံးထားဖူးတဲ့အရာတွေလို မဖြစ်ချင်ဘူး။ ဒါကြောင့် သူ နှိုင်းအမြုတေကို သူ သည်းသည်းလှုပ်ချစ်တယ်။ သဝန်တိုတယ်။ ပိုင်ဆိုင်လိုစိတ်ကြီးတယ်။

နှိုင်းအမြုတေကတော့ နဂိုကတည်းက ကိုယ့်အားကိုယ်ကိုးတတ်ဖို့သင်ခဲ့ရတဲ့ကလေးဆိုတော့ လူတစ်ယောက်ကိုကပ်တွယ်တဲ့ကိစ္စမျိုးတွေမလုပ်တတ်ဘူး။ သူ့လူကို သူ လွတ်လွတ်လပ်လပ်ပေးနေမယ်။ ပြင်ပလောကကြီးနဲ့ လွတ်လပ်စွာဆက်ဆံခိုင်းမယ်။ သူ့လူက အချိန်တန်ရင် အိမ်ပြန်လာမယ်ဆိုတာကို သူယုံနေလို့လေ။

ဘာနဲ့တူလဲဆိုရင် စွမ်းစေတမာန်ရဲ့အချစ်က လှိုင်းကြမ်းလေကြမ်းတွေနဲ့ အရှိန်အဟုန်ပြင်းလွန်းတဲ့သမုဒ္ဒရာကြီးဆိုရင် နှိုင်းအမြုတေရဲ့အချစ်က တသိမ့်သိမ့်နဲ့ အဆက်မပြတ်စီးဆင်းနေတဲ့စမ်းချောင်းရေလေးလိုပဲ။ ဘယ်အချိန်လှည့်ကြည့်ကြည့် တခြားဘယ်အရာနဲ့မှမတူအောင် အေးမြနေတတ်တာမျိုးပေါ့...

•••••••••


ZawGyi Version

မ်က္စိေ႐ွ႕မွာ ျမင္ေနရေသာမ်က္ႏွာေလးကိုေငးရင္း စြမ္းေစတမာန္ ရင္တမမျဖစ္ေနရသည္။ ေလထုထဲမွာေတာ့ မသဲမကြဲအနံ႔ေလးတခ်ိဳ႕က ရစ္ဝဲလ်က္။

သူ စိတ္ဆိုးသြားတာလား။

စြမ္းေစတမာန္ပူပန္ေနမိသည္မွာ ႏိႈင္းအျမဳေတက သူ႕အား လိုခ်င္တာ႐ွိ၍ အနားကိုမ႐ိုးမသားခ်ဥ္းကပ္လာသူဟု အထင္လြဲသြားမည္ကိုပင္။ ထိုကိစၥအတြက္အေျဖမွာ မဟုတ္ဘူးလားဆိုေတာ့လည္း ဟုတ္သည္။ ဟုတ္သလားဆိုျပန္ေတာ့လည္း မဟုတ္။ အေျခအေနမွာ ဤသို႔ႏွယ္ ခြတီးခြက်။

သူ ထပ္႐ွင္းျပဖို႔ ပါးစပ္ဟမိခိုက္မွာပင္ ႏိႈင္းအျမဳေတက သူမထင္ထားေသာစကားကို ဆိုလာသည္။

"အဲ့ဒီတစ္ေယာက္က ဘယ္သူလဲဟင္"

သူစိတ္ပူေနရသည့္ကိစၥဟုတ္မေနသည့္အတြက္ ခပ္တိတ္တိတ္သက္ျပင္းခ်မိေသာ္လည္း အစအနမ႐ွိသည့္ေမးခြန္းအတြက္ ေၾကာင္အသြားရသည္ကေတာ့ အမွန္ပင္။

ထို႔ေၾကာင့္ နားမလည္ႏိုင္ဟန္မ်က္ဝန္းတို႔ျဖင့္ တစ္ဖက္လူအား ျပန္ေငးမိေလေတာ့ သူ႕တုံ႔ျပန္ပုံေၾကာင့္ ေမးခြန္းကို႐ွင္းလင္းျပလာေလသည္။

"အဲ့ဒီကယ္တင္႐ွင္ဆိုတာေလ.."

"ေၾသာ္..သူလား။ သူ႕နာမည္က လပ္ကီး"

မခန္႔မွန္းထားႏိုင္သည့္ေမးခြန္းေပမို႔ ၾကားၾကားခ်င္း စြမ္းေစတမာန္မင္သက္သြားရသည္။ ႏွာေခါင္းဝမွာရစ္ဝဲေနေသာရနံ႔ေလးသည္ကား ခံစားခ်က္မ်ိဳးစုံေသာင္းေျပာင္းေရာေထြးလ်က္႐ွိေနဆဲပင္။ မတိုင္မီက သူ အေျဖမွန္ကိုမေ႐ြးတတ္ခဲ့ေသာအရာဟာ ယခုမွသာ အနည္းငယ္ကြဲျပားသြားရေတာ့သည္။

ေလထုထဲမွာေရာေႏွာေနေသာ သ႐ုပ္မွန္မသဲကြဲခဲ့သည့္ရနံ႔မ်ားထဲတြင္ သဝန္တိုေသာရနံ႔တို႔ ျပည့္သိပ္ေနသည္ကို စြမ္းေစတမာန္ဥာဏ္အလင္းပြင့္သြားၿပီးေနာက္မွသာ သတိျပဳမိသည္။ ဟိုးယခင္ကတည္းက သူသည္ မႏွစ္ၿမိဳ႕သည့္ရနံ႔ႏွင့္ သဝန္တိုသည့္ရနံ႔တို႔ကို မသဲကြဲခဲ့ျခင္းျဖစ္ရာ အေျခအေနအခ်ိန္အခါကိုလိုက္၍သာ သူခန္႔မွန္းခဲ့ရသည္။

ယခုလည္း ထိုနည္းတူပင္။ အစပိုင္းက ႏိႈင္းအျမဳေတထံမွ ထိုရနံ႔ေလး ထြက္လာစဥ္မွာ သူသည္ အေျခအေနကိုလိုက္၍သုံးသပ္မိလိုက္ရာ မႏွစ္ၿမိဳ႕ျခင္းေၾကာင့္ျဖစ္ေသာရနံ႔ဟုသာ ထင္ခဲ့သည္။ ယခုမွာေတာ့ သူ႕အေတြးတို႔ ဂေယာက္ဂယက္ျဖစ္ရၿပီ။

ဟုတ္မ်ားဟုတ္ေနမလား။ သူ.. သူ..

မေရမရာအေတြးမ်ားေၾကာင့္ ေခါင္း႐ႈပ္ေနသည့္ၾကားက ဖုန္းထဲမွာ႐ွိေနသည့္ လပ္ကီး၏ဓာတ္ပုံကိုထုတ္ျပလိုက္ခ်ိန္မွာ ႏိႈင္းအျမဳေတ၏မ်က္ႏွာထားက ႐ုတ္ခ်ည္းေျပာင္းလဲသြားၿပီး ႐ွက္ဝဲဝဲရနံ႔တို႔က အုံလိုက္က်င္းလိုက္ လိႈက္တက္လာေတာ့သည္။

မတိုင္မီကအထိ ဇေဝဇဝါျဖစ္ေနေသးေသာ စြမ္းေစတမာန္မွာသာ ပါးစပ္အေဟာင္းသား။ သူသည္ ငတုံးမဟုတ္။ ဤမွ်႐ွင္းလင္းေနေသာအေျခအေနႏွင့္ ရနံ႔ေျပာင္းလဲမႈမ်ားကိုၾကည့္႐ုံျဖင့္ ႏိႈင္းအျမဳေတစိတ္ထဲမွာ ဘာေတြျဖစ္ပ်က္ေနသလဲဆိုသည္ကို တစ္စြန္းတစ္စခန္႔မွန္းမိၿပီျဖစ္၏။

"ႏိႈင္း ဘာျဖစ္လို႔လဲ"

ေမးခြန္းထုတ္လိုက္ဖို႔ မလိုအပ္ေပမယ့္ မေမးဘဲလည္းမေနႏိုင္။

"ကြၽန္ေတာ္ထင္တာ.."

"မင္းထင္တာ.. သူက ကိုယ့္ရဲ႕အရင္လူလို႔ေပါ့"

ေျပာျပဖို႔တြန္႔ဆုတ္ေနသည့္စကားတို႔ကို သူကိုယ္တိုင္ ကြက္လပ္ျဖည့္ေပးလိုက္ရာ တစ္ဖက္ေကာင္ေလး၏မ်က္ႏွာမွာ ရဲခနဲ..။

အစကေတာ့ သူဟာ သူထိန္ခ်န္မိထားသည့္အမွန္တရားမ်ားအတြက္ ႏိႈင္းအျမဳေတအား ေတာင္းပန္ဖို႔ရည္႐ြယ္ထားပါေသာ္လည္း အေျခအေနအရ လက္႐ွိအေနအထားမွာ သူ႕အေပၚထားေသာ ႏိႈင္းအျမဳေတ၏သေဘာထားကို ဆန္းစစ္ၾကည့္ဖို႔အေၾကာင္းဖန္လာေလသည္။

ယေန႔ညမတိုင္မီကအထိ သူသည္ တစ္ဖက္သတ္အခ်စ္တြင္သာ ေမြ႕ေလ်ာ္ေနခဲ့မိၿပီး ႏိႈင္းအျမဳေတဘက္က သူႏွင့္ထပ္တူက်သည့္ခံစားခ်က္မ်ိဳး႐ွိေနလိမ့္မည္ဟု စိတ္ပင္မကူးရဲခဲ့ေခ်။ စိတ္မကူးရဲရသည့္အေၾကာင္းအရင္းကလည္း ခိုင္လုံသည္။

သူဟာ ငယ္စဥ္ကတည္းက ကံေကာင္းလွသည္မဟုတ္ေသာ္လည္း အတန္အသင့္အဆင္ေျပေသာဘဝျဖင့္ ႀကီးျပင္းလာရၿပီးေနာက္ အသက္ဆယ့္ငါးႏွစ္အေရာက္မွာ ကံဆိုးမိုးေမွာင္က်ခဲ့ရသည္။ ထိုအခ်ိန္မွစ၍ သူၾကဳံေတြ႕ရသမွ်ဟာ ၾကမ္းတမ္းမႈ၊မြန္းၾကပ္မႈႏွင့္ ကူကယ္ရာမဲ့မႈမ်ားသာျဖစ္သည္။ ကံတစ္ခါဆိုးၿပီးကတည္းက ဆက္တိုက္ဆိုသလို ကံဆိုးမႈႀကီးမ်ားသာၾကဳံလာရသည့္အတြက္ ပထမဆုံးလႈပ္႐ွားဖူးသည့္ ရင္ခုန္သံတို႔အတြက္ ကံေကာင္းရဖို႔လည္း သူမေမွ်ာ္လင့္ရဲေပ။

အေၾကာင္းမွာ သူသည္ ကံဆိုးျခင္းသံသရာထဲ၌သာ ကူးခတ္ေနရျခင္းေၾကာင့္ပင္။

သူ႕အေနႏွင့္ သူခ်စ္ရသူအနားမွာ စီနီယာတစ္ေယာက္ဟူေသာအေနအထားႏွင့္ ေနရ႐ုံျဖင့္သာ ေက်နပ္ေရာင့္ရဲေနခဲ့သည္သာ။ သို႔ေသာ္ ယခုလိုေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေလးကို ျမင္လိုက္ရခ်ိန္မွာလည္း ေျပာမျပတတ္သည့္ခံစားခ်က္တို႔က သူ႕လည္ေခ်ာင္းထဲမွာ ဆို႔နင့္လ်က္..။

"ႏိႈင္း"

"စီနီယာ.."

ၾကမ္းျပင္ထက္မွာ ဒူးေထာက္ထားၾကရင္း တစ္ေယာက္ကိုတစ္ေယာက္ နင့္နင့္နဲနဲေငးမိၾကသည္။ မ်က္ဝန္းကိုယ္စီမွာေတာ့ ခ်စ္ရိပ္ခ်စ္ေငြ႕တို႔က ဖိတ္လွ်ံေနသည္သာ။

ဤတဒဂၤေလးအတြင္း ဖြင့္မေျပာလည္း သေဘာေပါက္နားလည္လိုက္ရသည့္ ခံစားခ်က္ကိုယ္စီရယ္၊ ႏွလုံးသား၏ျပတင္းေပါက္ဟုဆိုထိုက္သည့္ မ်က္ဝန္းမ်ားထဲမွအၾကင္နာတေပြ႕တပိုက္ရယ္က တစ္ေယာက္၏ခံစားခ်က္ကို တစ္ေယာက္သိႏိုင္ဖို႔ လုံေလာက္ခဲ့သည္။

စြမ္းေစတမာန္မွာ လိႈက္တက္လာေသာခံစားခ်က္မ်ားေၾကာင့္ ရင္ဝဟာတင္းၾကပ္လာၿပီး မ်က္ရည္စတို႔ကလည္း မ်က္ခမ္းစပ္မွာေဝ့သီလ်က္..။

ႏိႈင္းအျမဳေတ၏ ေလးနက္တည္ၾကည္ၿပီး အၾကင္နာရိပ္သမ္းေသာအၾကည့္ကိုျပန္ေငးရင္း ထိုေကာင္ေလး၏လက္တစ္ဖက္ကိုဆြဲယူကာ သူ႕ပါးျပင္ထက္မွာ ဖိကပ္ထားမိသည္။

ေမတၱာတို႔ျဖင့္ေႏြးေထြးေလေသာ ဤလက္ဖဝါးေလးဟာ သူ ထာဝရၿမဲခ်င္သည့္ တြဲလက္ရယ္ပါေလ။

"ကိုယ့္မွာ မင္းကလြဲၿပီး တျခားလူမ႐ွိပါဘူး ႏိႈင္း..။ မင္းက ကိုယ့္ဘဝရဲ႕တစ္ဦးတည္းေသာျဖစ္တည္မႈေလးပါပဲ"

ပါးျပင္ထက္က လက္ဖဝါးေလးကို ဆြဲယူနမ္း႐ိႈက္ရင္း တျမတ္တႏိုးဆိုမိေသာစကားဟာ တိုင္တည္မိေသာသစၥာလည္း မည္ပါရဲ႕။

ထိန္းခ်ဳပ္ထားခဲ့ရေသာမ်က္ရည္တို႔သည္ကား ပါးျပင္ထက္မွာ ေပါက္ခနဲ ေပါက္ခနဲ..။ ဆက္ထိန္းခ်ဳပ္ထားဖို႔လည္း မစြမ္းသာေတာ့။ စိတ္ကိုသာ လႊတ္ေပးထားလိုက္မိေတာ့သည္။

"ကြၽန္ေတာ္လဲ ထပ္တူပါပဲ.."

လက္ခုပ္ထဲက်လာသမွ်မ်က္ရည္မ်ားကို ဆီးႀကိဳကာသုတ္ဖယ္ေပးေနပါေသာ ႏိႈင္းအျမဳေတဟာ ႏႈတ္ခမ္းထက္မွာလည္း အျပဳံးခပ္ယဲ့ယဲ့..။

သူ႕ဘဝမွာ သည္လိုလည္းကံေကာင္းေသးသတဲ့လား။ ကံေကာင္းလြန္းပါ၏။ ဘဝထဲေရာက္လာသမွ်ထဲမွာ အဖိုးအတန္ဆုံးေလးကိုမွ ပိုင္ဆိုင္ရသတဲ့။ ကံေကာင္းလြန္း၍ ယုံရခပ္ခက္ခက္ပင္။

စြမ္းေစတမာန္မွာ ထိုလက္ဖဝါးေလးကိုသာ အားမရစြာ အႀကိမ္ႀကိမ္အခါခါနမ္း႐ိႈက္ေနမိေတာ့သည္။

"မငိုပါနဲ႔လို႔ေတာ့ မတားေတာ့ပါဘူး စီနီယာ။ ဒါေပမဲ့ ငိုၿပီးရင္ေတာ့ ျပဳံးပဲျပဳံးေနရေတာ့မွာေနာ္"

ျပဳံးစစဆိုလာေသာစကားေၾကာင့္ သူ႕မွာ လိုက္မျပဳံးဘဲမေနႏိုင္။ သူ ဘာေၾကာင့္ ေယာက်္ားတန္မဲ့ငိုေနမိသလဲဆိုသည္ကို ထိုေကာင္ေလး မသိဘဲမေန။ ထို႔ေၾကာင့္လည္း သူစိတ္ေျပေအာင္ ႀကိဳးစားေနျခင္းပင္။

"စီနီယာက ဘယ္လိုေနေနၾကည့္ေကာင္းတယ္ဆိုေပမဲ့ ငိုေနတာထက္စာရင္ ဒီလိုျပဳံးေနတာေလးကို ကြၽန္ေတာ္ပိုႀကိဳက္တာေပါ့ေနာ္"

"မငိုေတာ့ပါဘူး"

"အခုအတြက္ပဲလား။ ေနာက္ေရာ"

"ေနာက္လည္း မငိုေတာ့ဘူး။ ၿပီးေတာ့ ေျပာဦးမယ္။ ကိုယ့္ကို အားအားယားယားထိုင္ငိုေနတဲ့လူမ်ားမွတ္ေနလား။ အခုလည္း ေပ်ာ္လို႔မ်က္ရည္က်မိ႐ုံ.."

ႏိႈင္းအျမဳေတက ခပ္လြင္လြင္ရယ္သည္။ ထိုရယ္သံ​ေနာက္ ေကာက္ေကာက္ပါေအာင္လိုက္သြားပါေသာ စြမ္းေစတမာန္၏ရင္ခုန္သံေတြခမ်ာ တားမရဆီးမရ..။

"တကယ္လို႔ ေနာက္မ်ားက်ရင္ ထပ္ၿပီးမ်က္ရည္က်ရမဲ့ကိစၥေပၚလာရင္ေရာ"

"အဲ့ေတာ့ မင္း႐ွိတာပဲေလ။ မင္း႐ွိေနသေ႐ြ႕ ကိုယ္ အားလုံးကိုႀကိတ္မွိတ္သည္းခံႏိုင္တယ္။ မင္းဆီကအနံ႔ေၾကာင့္မဟုတ္ဘူးေနာ္။ ဒီတိုင္း မင္းျဖစ္ေနလို႔"

သူ႕စကားေၾကာင့္ ႏိႈင္းအျမဳေတက ခပ္႐ွက္႐ွက္ျပဳံးသည္။ ထို႔ေနာက္ ဘဝင္က်သြားဟန္ျဖင့္ သက္ျပင္း႐ိႈက္လိုက္ၿပီးေနာက္ သူ႕အား ၾကမ္းျပင္ေပၚမွဆြဲထူသည္။

"ကြၽန္ေတာ္တို႔ ဘယ္အခ်ိန္အထိဒူးေထာက္ေနမွာလဲ။ ထေတာ့.."

ႏွစ္ေယာက္သား မတ္တပ္ရပ္လိုက္ၾကၿပီး ႏိႈင္းအျမဳေတက ကုတင္စြန္းတစ္ဖက္မွာ သြားထိုင္သျဖင့္ သူကလည္း နံေဘးမွာဝင္ထိုင္လိုက္သည္။

"ဒီေတာ့ ခုနကေျပာေနတဲ့စကားကိုျပန္ဆက္ရေအာင္ စီနီယာ။ ကြၽန္ေတာ္ ေျပာစရာ႐ွိတယ္"

"ကိုယ္တို႔မိသားစုကိစၥလား"

ႏိႈင္းအျမဳေတက ဟုတ္မွန္ေၾကာင္း ေခါင္းတဆတ္ဆတိညိတ္ျပသည္။ သူကေတာ့ နားမလည္။ ႏိႈင္းအျမဳေတမွာ သူတို႔မိသားစုအေၾကာင္း ဘာမ်ားေျပာစရာ႐ွိေနပါသလဲ။

"ဘာမ်ားလဲ"

"စီနီယာ စီနီယာ့အေဖအေၾကာင္းေတြသိခဲ့ရၿပီဆိုေတာ့ ပိုင္စိုးမိုးသူဆိုတဲ့လူကိုလဲ သိေလာက္ေရာေပါ့"

ထိုနာမည္ကို ႏိႈင္းအျမဳေတဆီမွၾကားလိုက္ရသည့္အတြက္ သူ အံ့အားသင့္သြားရသည္။ ေသခ်ာေပါက္ပင္။ ထိုနာမည္ကို သူသိၿပီးခဲ့ၿပီ။ သူ႕အေဖ ေျပာျပတာေတာ့မဟုတ္။ သူ႕အေဖ၏အ႐ႈပ္အေထြးႀကီးကို သိလိုက္ရၿပီးေနာက္ ညတြင္းခ်င္း သူစုံစမ္းထားရသည္သာ။

သို႔ေသာ္ ထိုလူ႕ကို ႏိႈင္းအျမဳေတက ဘယ္လိုသိေနပါလိမ့္။

"ဘယ္လိုျဖစ္လို႔.. ႏိႈင္း.. မင္း သူ႕ကိုသိေနတာလား။ ၿပီးေတာ့ ကိုယ္တို႔ရဲ႕ပတ္သက္မႈကိုေရာ"

ႏိႈင္းအျမဳေတက သူ႕ကိုမျငင္းခုံလာေပ။ သက္ျပင္းေငြ႕ေငြ႕သာခ်ရင္း စကားဆိုသည္။

"ကြၽန္ေတာ္႕ကိုစိတ္မဆိုးပါနဲ႔ေနာ္။ ကြၽန္ေတာ္လဲ မေတာ္တဆသိခဲ့ရတာပါ။ ဘယ္လိုသိလဲဆိုတာကိုေတာ့ အခုမေမးပါနဲ႔ဦးလား။ အခ်ိန္တန္ရင္ ကြၽန္ေတာ္ေျပာျပပါ့မယ္"

ေတာင္းေတာင္းပန္ပန္ျဖင့္ဆိုလာေတာ့လည္း သူ ဘယ္ေနႏိုင္မွာတဲ့လဲ။ လက္ခံရေတာ့သည္။

သို႔ေသာ္ သူ႕စိတ္ထဲမွာ ခုေနမိသည့္အေတြးကလည္း ႐ွိေနျပန္သည္။

"မင္းေျပာခ်င္တဲ့အခ်ိန္မွေျပာပါ။ ကိုယ္ နားလည္ေပးပါ့မယ္။ ဒါေပမဲ့ ကိုယ္ ေမးခ်င္ေသးတယ္။ မင္း သူ႕ကို သနားမ်ားသနားမိေနလားဟင္"

ထိုလူ႕အေၾကာင္းကို သူစုံစမ္းခဲ့စဥ္က သိခဲ့ရသည့္အခ်က္မွာ တခ်ိဳ႕တခ်ိဳ႕ေသာလူမ်ားက ထိုသေကာင့္သားကိုသနားေနသတဲ့ေလ။

တရားမဝင္သားျဖစ္သည့္အတြက္ အေဖျဖစ္သူထံမွလ်စ္လ်ဴ႐ႈခံထားရသည့္အျပင္ ခ်ိဳ႕တဲ့စြာေနရ႐ွာသည္ဟုျမင္ၾကၿပီး အေမြဆက္ခံသူအျဖစ္ အိမ္ႀကီးအိမ္ေကာင္းထဲမွာ စည္းစိမ္ခံစားေနရေသာ စြမ္းေစတမာန္ႏွင့္ယွဥ္ၾကည့္သည့္အခါ သူ႕ပုံစံမွာ ပို၍ပင္သနားဖို႔ေကာင္းေနသတဲ့။

ဘယ္သူက ဘယ္လိုေတြးေတြး သူဂ႐ုမစိုက္ပါ။ သို႔ေသာ္ ႏိႈင္းအျမဳေတကလည္း ထိုသို႔အေတြးမ်ိဳး႐ွိေနမလားဟု သူမေတြးဘဲမေနႏိုင္ေခ်။

သူ႕အေတြးကို ႏိႈင္းအျမဳေတကလည္း နားလည္ဟန္ပင္။ ေခါင္းတတြင္တြင္ခါရမ္းျပလာၿပီး အခိုင္အမာျငင္းခ်က္ထုတ္သည္။

"သူက အဲ့လိုသနားခံရဖို႔မတန္ဘူး။ သူ.. သူ အခု ဘာေတြလုပ္ေနလဲသိလား။ သူ စီနီယာ့ကိုအႏၲရာယ္ေပးဖို႔ႀကိဳးစားေနတာဗ်"

ႏိႈင္းအျမဳေတက စိုးရိမ္တႀကီးေျပာျပလာေသာ္လည္း သူကေတာ့ မတုန္လႈပ္မိ။ သူ႕ကိုအႏၲရာယ္ေပးလိုသူမ်ားကို ေတြ႕ခဲ့ဖူးသည္မွာ မနည္းမေနာပင္။ သိပ္ေတာ့လည္းမဆန္း။ ယခုအခ်ိန္မွာ သူဂ႐ုစိုက္တာက တစ္ခုတည္းသာ။

"ဒီလိုဆိုရင္ သူက ကိုယ့္ကိုအႏၲရာယ္မေပးဘဲ သူ႕ဘဝနဲ႔သူေနတယ္ဆိုရင္ေရာ.. မင္း သူ႕ကိုသနားမွာလား"

တဇြတ္ထိုးေမးခြန္းထုတ္ေနေသာသူ႕ေၾကာင့္ ႏိႈင္းအျမဳ​ေတက အနည္းငယ္စိတ္႐ႈပ္သြားဟန္ပင္။ တစ္ခဏမွ်ၿငိမ္သက္ေနၿပီးေနာက္ သက္ျပင္းခပ္ဖြဖြခ်ရင္း ေျပာလာသည္။

"စီနီယာ ဘာေတြေတြးေနတာလဲ"

"ကိုယ္ေမးတာသာေျဖေပးပါ ႏိႈင္းရယ္"

အတင္းေခါင္းမာေနေသာသူ႕ေၾကာင့္ ႏိႈင္းအျမဳေတက ေနာက္တစ္ခါသက္ျပင္းခ်ျပန္သည္။

"ကြၽန္ေတာ္မသိဘူး။ ဒါေတြအကုန္လုံး အေျခအေနအေပၚမူတည္တာခ်ည္းပဲ။ ကြၽန္ေတာ္ တကယ္မေျပာတတ္ဘူး"

အားမလိုအားမရစိတ္တို႔က သူ႕ရင္ထဲ နင့္ခနဲ။ ႏိႈင္းအျမဳေတကိုလည္း သူ ဖိအားမေပးခ်င္သျဖင့္ ရင္ထဲမွာသာ ႀကိတ္မွိတ္ခံစားရသည္။

"ဒါေပမဲ့ ကြၽန္ေတာ္ ေသခ်ာေပါက္ေျပာႏိုင္တာတစ္ခုေတာ့႐ွိတယ္။ သနား႐ုံနဲ႔ အခ်စ္ျဖစ္မလာပါဘူး စီနီယာ။ အမွားနဲ႔အမွန္ယွဥ္လာရင္ ေသခ်ာေပါက္အမွန္ကိုေ႐ြးမွာဆိုေပမဲ့ စီနီယာေျပာသလို အမွန္ႏွစ္ခုယွဥ္တဲ့အခါက်ရင္ေတာ့ ကြၽန္ေတာ္က ကြၽန္ေတာ္ခ်စ္တဲ့လူဘက္မွာပဲ ရပ္မွာေပါ့"

သူလိုခ်င္ေသာအေျဖမဟုတ္ေသာ္ျငား ထိုအေျဖထက္ သူ႕ကိုပိုေပ်ာ္႐ႊင္ေစေသာစကားမ်ိဳးကို ႏိႈင္းအျမဳေတဆိုလာသည္။ ၾကည္ႏူးပီတိစိတ္တို႔က သူ႕ရင္ထဲ အျပည့္အသိပ္။

"ကြၽန္ေတာ္ခ်စ္တာ ဘယ္သူလဲလို႔ေတာ့ ကပ္သီးကပ္သတ္ထပ္မေမးေတာ့ဘူးမလား"

႐ြဲ႕ေစာင္းေစာင္းဆိုလာေသာစကားေၾကာင့္ စြမ္းေစတမာန္ ဟက္ဟက္ပက္ပက္ေအာ္ရယ္မိသည္။ သူ႕အဖို႔ အေျဖက႐ွင္းေနၿပီဆိုေသာ္ျငား နည္းနည္းေလာက္ေတာ့ ကေလးဆန္လိုက္ခ်င္ေသးသည္။

"ေမးမယ္ဆိုရင္ေရာ"

"ေၾသာ္.. ကဲ ေမးမွေတာ့ ေျဖၿပီေပါ့ဗ်ာ။ ခ်စ္တယ္ ခ်စ္တယ္ အမ်ားႀကီးခ်စ္တယ္"

ႏွစ္ေယာက္သား ကေလးကလားစေနာက္ၿပီး အူျမဴးေနသျဖင့္ ၿပီးခဲ့သည့္တစ္ညလုံးလုံး စိတ္ဒုကၡေရာက္ခဲ့ေသာ မိသားစုအ႐ႈပ္အေထြး​အေၾကာင္း စြမ္းေစတမာန္မွာ လုံးဝသတိမရေတာ့ေပ။

ႏိႈင္းအျမဳေတအား ရင္ခြင္ထဲမွာထည့္၍ ေပြ႕ဖက္ထားၿပီး တစ္ေလာကလုံးမွာ အေပ်ာ္႐ႊင္ဆုံးလူသားတစ္ေယာက္ႏွယ္ ျပဳံးရယ္ေနမိေသာသူဟာ တစ္ဖက္လူေပးအပ္ေသာ ခ်စ္ျခင္းေမတၱာေၾကာင့္ ရင္မွာတသိမ့္သိမ့္။

"ႏိႈင္း.."

"ဟင္"

သူ႕ရင္ခြင္ထဲမွာမွီတြယ္ေနရင္း သူ႕အားေမာ့ၾကည့္လာေသာေကာင္ကေလး၏ ေကာ့တက္ေနေသာ မ်က္ေတာင္ခပ္စိတ္စိတ္ဟာ သူ႕ႏွလုံးသားကို ထြန္႔ထြန္႔လူးေအာင္ ကလိထိုးေနသည့္ႏွယ္။

"ကိုယ္ မင္းကိုနမ္းခ်င္တယ္"

ၿငိဳျငင္သြားမည္စိုး၍ စိတ္လိုက္မာန္ပါမလုပ္ဘဲ ေတာင္းဆိုမိျခင္းအတြက္ ေကာင္ငယ္ေလးက နီရဲေနေသာမ်က္ႏွာျဖင့္ ခပ္တည္တည္ဆိုလာ၏။

"ဆႏၵကိုသိကၡာနဲ႔ထိန္းခ်ဳပ္ေနရတာ ပင္ပန္းပါတယ္ဗ်ာ။ ကြၽန္ေတာ္ စီနီယာ့ကို မပင္ပန္းေစခ်င္ဘူး"

သိသာထင္႐ွားေသာအရိပ္အႁမြက္ဆိုေပမယ့္ ေဝ့လည္ေၾကာင္ပတ္ႏိုင္ေသာ အေျဖအတြက္ သူ သေဘာက်စြာျပဳံးလိုက္မိသည္။ သူ႕ေကာင္ေလးဟာ ဤသို႔ႏွယ္ တတ္လည္းတတ္ႏိုင္ပါ၏။


**************

A/N: ဒီေနရာမွာေျပာျပခ်င္တာက ႏိႈင္းအျမဳေတနဲ႔စြမ္းေစတမာန္တို႔ႏွစ္ေယာက္ရဲ႕ အခ်စ္အေပၚ႐ႈျမင္ပုံခ်င္း မတူတာကိုပါပဲ။

သတိထားမိတဲ့လူလဲ႐ွိမွာပါ။ ႏိႈင္းအျမဳေတရဲ႕အျမင္ဘက္ကေရးတဲ့အခါ ႏိႈင္းအျမဳေတက အခ်စ္ကိုတဖြဖြခံစားၿပီး သည္းသည္းလႈပ္ျဖစ္မေနဘူး။ ဒါက သူ စြမ္းေစတမာန္ကို သိပ္မခ်စ္ဘူးလို႔မဆိုလိုဘူးေနာ္။

စြမ္းေစတမာန္က်ေတာ့ အရင္ကတည္းက ဆက္တိုက္ကံဆိုးလာၿပီး လိုသလိုမျဖစ္တဲ့ဘဝမွာ ႐ွင္သန္ေနရတုန္း သူအရမ္းျမတ္ႏိုးမိတဲ့ႏိႈင္းအျမဳေတေပၚလာတဲ့အခါ အရင္ကဆုံး႐ႈံးထားဖူးတဲ့အရာေတြလို မျဖစ္ခ်င္ဘူး။ ဒါေၾကာင့္ သူ ႏိႈင္းအျမဳေတကို သူ သည္းသည္းလႈပ္ခ်စ္တယ္။ သဝန္တိုတယ္။ ပိုင္ဆိုင္လိုစိတ္ႀကီးတယ္။

ႏိႈင္းအျမဳေတကေတာ့ နဂိုကတည္းက ကိုယ့္အားကိုယ္ကိုးတတ္ဖို႔သင္ခဲ့ရတဲ့ကေလးဆိုေတာ့ လူတစ္ေယာက္ကိုကပ္တြယ္တဲ့ကိစၥမ်ိဳးေတြမလုပ္တတ္ဘူး။ သူ႕လူကို သူ လြတ္လြတ္လပ္လပ္ေပးေနမယ္။ ျပင္ပေလာကႀကီးနဲ႔ လြတ္လပ္စြာဆက္ဆံခိုင္းမယ္။ သူ႕လူက အခ်ိန္တန္ရင္ အိမ္ျပန္လာမယ္ဆိုတာကို သူယုံေနလို႔ေလ။

ဘာနဲ႔တူလဲဆိုရင္ စြမ္းေစတမာန္ရဲ႕အခ်စ္က လိႈင္းၾကမ္းေလၾကမ္းေတြနဲ႔ အ႐ွိန္အဟုန္ျပင္းလြန္းတဲ့သမုဒၵရာႀကီးဆိုရင္ ႏိႈင္းအျမဳေတရဲ႕အခ်စ္က တသိမ့္သိမ့္နဲ႔ အဆက္မျပတ္စီးဆင္းေနတဲ့စမ္းေခ်ာင္းေရေလးလိုပဲ။ ဘယ္အခ်ိန္လွည့္ၾကည့္ၾကည့္ တျခားဘယ္အရာနဲ႔မွမတူေအာင္ ေအးျမေနတတ္တာမ်ိဳးေပါ့...

•••••••••

Ga verder met lezen

Dit interesseert je vast

83.3K 14.9K 61
𝑳𝒆𝒕'𝒔 𝒈𝒓𝒐𝒘 𝒐𝒍𝒅 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓. ❣️ChanYeol×BaekHyun❣️ {Zawgyi+Unicode}
389K 44.8K 84
နွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမ...
890K 50.2K 156
He Yang(ဟဲ့ယန်)နဲ့ Xu Cheng Yan(ရွှီချန်ယန့်)ဟာ ၅နှစ်ကြာလက်တွဲခဲ့ပေမယ့် ဟဲ့ယန် အတွက်တော့ ရွှီချန်ယန့်က အစားထိုးခံ သက်သက်ပါပဲ ရွှီချန်ယန့် အပေါ် ဟဲ့ယ...
232K 10.4K 33
အရှင်...ကျွန်တော့််ကို အရှင်ချစ်တယ်ဆိုတာ ကျွန်တော်သိပေမယ့် အရှင်က အခြားလူတွေကိုလည်း ဒီလိုမျိုးချစ်မိမှာကို အရမ်းကြောက်မိပါတယ် အရှင်....။ (Zaw+Uni)