Zawgyi
အခန်း ၁၁
ယောကျာ်းပီသစွာချောမောနေတဲ့ မျက်နှာကိုသေချာကြည့်နေမိသည်။
"မဟုတ်ပါဘူး"
သက်ပြင်းချမိသည်။
"အင်း"
"ဟုတ်"
"အို "
Moon Shine
အခန်း ၁၁
သူရဲ့ အနမ်းတွေရပ်သွားမှ သူရင်ခွင်ထဲကနေမော့ကြည့်တော့ သူကလဲသူမကိုကြည့်နေတာမို့ ရှက်ရှက်နဲ့ သူရင်ဘက်ထဲမျက်နှာကို ဝှက်ထားတော့ သူက ခပ်တိုးတိုးရယ်နေသည်။သူမျက်နှာကို ပြန်မော့ကြည့်မိတော့
ယောက်ျားပီသစွာချောမောနေတဲ့ မျက်နှာကိုသေချာကြည့်နေမိသည်။
"မောင်ကို လွမ်းလို့ကြည့်နေတာလား"
သူပြောမှ သူမျက်နှာဆီက အကြည့်ကိုလွှဲရင်း
"မဟုတ်ပါဘူး"
"ဟာ မောင့်အသည်း ခင်ဗျားနော် အလုပ်တွေပြီးလို့လွမ်းလို့အပြေးပြန်လာလဲ ခင်ဗျားကပြန်သွားတယ်တဲ့ ခုမန္တလေးထိ အရမ်းတွေ့ချင်လွန်းလို့လာတွေ့တော့လဲ ရင်ဝကိုဆောင့်ကန်သလိုပဲ ခင်ဗျားက မလွမ်းတဲ့အပြင် တွေ့တောင်မခံချင်ဘူးနော် မောင့်အသည်း မောင့်ကိုနည်းနည်းလေးတောင် သတိမရဘူးလားဟင်"
သူက အဲလိုတွေပြောလေ သူမရဲ့တင်းထားတဲ့ စိတ်တွေပျော့ချင်လာလေ ဖြစ်နေသည်။
တစ်ဖက်ကလဲ သူ့ကိုလက်ခံချင်ပေမဲ့ အသက်အရွယ် နဲ့ အသိုင်းင်းအဝိိုင်း မတူတာကြောင့် မိန်းမသားမို့ စဉ်းစားရသေးသည်။အဓိက က သူမိဘအသိုင်းအဝိိုုင်းအကြောင်းနန်းကပြောပြထားလို့ သိနေတာကြောင့်ရယ် ဟိုတစ်ခါ သူအစ်မရဲ့ မောက် မာမှုတွေကိုမျက်မြင်တွေ့ထားလို့ စိုးရိမ်ရသည်။ သူမကတော့ ချစ်မိပြီဆိုရင် သက်ဆုံးတိုင် လက်ထပ်ဖို့အထိ ရည်ရွယ်ပြီးပဲ တွဲချင်သည်။
"ဘာတွေ အဲလောက်တောင်စဉ်းစားနေတာလဲ မောင်ကိုလဲသတိရပါအုံး လူကိုရှေ့ထားပြီး တွေးနေတာပြော ဘာတွေးနေတာလဲ"
"ဘာမှ မဟုတ်ပါဘူး မောင်အကြောင်းတွေးနေတာ"
"မောင့် အကြောင်း ဟုတ်လား"
သူကိုယ်သူ လက်ညိုးပြန်ထိုးရင်း တစ်အံတဩ ပြန်မေးလာတော့ သူမခေါင်းညိတ်ပြလိုက်သည်။
"ပြောပါအုံး မောင်အကြောင်းဘာတွေတွေးလဲဆိုတာ"
"အထွေးအထူး မဟုတ်ပါဘူး မောင်အလုပ်ကိစ္စသွားတာအဆင်ပြေလား ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲစဉ်းစားနေတာ"
"အဲ့တာပဲ စဉ်းစားမနေပဲမောင့်ကိုမေးလိုက်တာမဟုတ်ဘူး ပြော ဘာလို့မန္တလေးကို ပြန်သွားတာလဲ မောင်မရှိတုန်း လစ်ထွက်သွားတာလားပြော"
"မဟုတ်ပါဘူး သွားဖို့ရက်နီးနေတော့ ပြင်ဆင်စရာရှိတာပြင်ဆင်ရအောင် စောပြန်လာတာပါ"
မဟာတစ်ယောက် ခုမှသတိရသည် သူ့မက
နောက်လထဲမှာ ပညာတော်သင်သွားရမှာကို
သူမေ့နေမိသည်။ခုမှ ချစ်သူဖြစ်ပြီးစချိန်မှာ သူမနဲ့ သူခွဲမနေနိုင်ပေ။နေဝင်ချိန် ကျုံးနဘေး အလှကိုလဲ သူတွေးရင်း ကြည့်နေပေမဲ့ စိတ်က နေဝင်အလှကိုလဲမခံစားနိုင် သူချစ်ရတဲ့ သူမနဲ့ခွဲနေရမှာကိုသာ တွေးနေမိသည်။
မောင့်ဆီက သက်ပြင်းချသံကြောင့် ရင်ခွင်ထဲကနေ သူမမော့ကြည့်မိသည်။
"မောင့်အသည်းက ဘယ်တော့သွားမှာလဲ"
"နောက်လ ၂၄ ရက်နေ့မှာသွားရမှာ ဟိုမှာကကျောင်းတက်ရင်း အလုပ်ပါတွဲလုပ်ရမှာဆိုတော့ ဆေးရုံးမှာ ကြိုတင်သွားပြီး အလုပ်ဝင်ထားရမှာမို့လို့ စောသွားတာ"
"မောင့်မှ မောင့်အသည်းနဲ့မခွဲချင်တာ ဒါပေမဲ့ မောင့်ချစ်သူကဆရာဝန်မလေးဒီထက်ပညာတက်ဖြစ်အောင် မောင်ကပါရမီဖြည့်ပေးမှာပါ အရမ်းလွမ်းလာရင် လေယာဉ္ကြီး စီးပြီးလာတွေ့မှာပေါ့ "
သူမသွားမှာကို ကြိုလွမ်းနေပြီး ရင်ခွင်ထဲကလူကို မေ့နေတဲ့သူ့ကြောင့် တစ် ချက်ခိုးရယ်မိသည်။မချစ်မိအောင် တင်းထားတဲ့စိတ်တွေကို အရည်ပျော်အောင်လုပ်နေတာလားမောင်။
"ဟိုရောက်ရင် အချိန်မှန် video call ပြောရမယ် ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာကို စာပို့ရမယ်နော် အသိမိတ်ဆွေ ဖွဲ့ရင်လဲ မောငိ့ကို ပြောပြရမယ် မိတ်ဆက်ပေးရမယ်
နော်မောင့်အသည်း မဖြစ်ပါဘူးကွာ သွားတဲ့နေမောင်ကိုယ်တိုင်လိုက်ပြီး နေရေးထိုင်ရေးလိုက်လုပ်ပေးရမယ်"
"စိတ်လျှော့ပါမောင်ရယ် စံမသွားသေးပါဘူး ပြီးတော့ အတူသွားမယ့်လူတွေနဲ့မောင်လိုက်လာတော့ ဘယ်ကောင်းပါ့မလဲ စံလဲအရွယ်ရောက်နေပါပြီနော် စိတ်မပူပါနဲ့"
"အရွယ်ရောက်နေလို့ စိတ်မချတာရှင်းလား
မောင့်တော့ စိတ်မချနိုင်ဘူး မောင့်အသည်းက အရမ်းလှတော့ မောင့်လိုတစ်ဇွတ်ထိုးကောင်တွေနဲ့တွေ့မှာကြောက်တယ် မောင့်အသည်းကိုမပိုင်ဆိုင်ရသရွေ့ မောင်စိတ်မချနိုင်ဘူး မသွားခင် စေ့စပ်ထားရအောင်နော် မောင့်အသည်း"
မျက်နှာလေး သနားစဖွယ် ကလေးမုန့်တောင်းသလို လုပ်နေတဲ့မောင့်ကို ကြည့်ကာ
သက်ပြင်းချမိသည်။
"မောင်ရယ် စိတ်ချပါ မောင်စိတ်မချရအောင်မနေပါဘူး ပြီးတော့ ဗြုန်းစားကြီးထပြီးမစေ့စပ်ချင်ဘူး အေးဆေးပညာသင်ချင်သေးတယ်မောင်ရယ် "
"ဟူး ခက်တယ်ကွာ အဲဒါဆိုလဲ ဒီတိုင်းပဲလိုကိပြီး မောင်စိတ်အေးရအောင် ခပ်လှမ်းလှမ်းကပဲကြည့်မှာမို့ လိုက်ပါရစေကွာ"
"အင်းပါ ခပ်လှမ်းလှမ်းပဲနော်"
"အင်း"
ဆိုပြီး သူမကိုပြန်ပွေ့ဖက်ကာ ဆံနွယ်လေးနဲ့ဂုတ်ပိုးလေးကို ခပ်ဖွဖွနမ်းနေမိသည်။
စံတစ်ယောက် မောင်ကိုယ်ကြီးကို ပြန်ဖက်ရင်း အနမ်းများကိုခံယူကာ မောင့်ရင်ဘက်သို့ သူမလဲတစ်ချက်ဖိနမ်း၍ အနမ်းသူခိုးလုပ်မိသည်။နှစ်ယောက်သား ပွေ့ဖက်ရင်းမှမှောင်လာတဲ့ပတ်ဝန်းကျင်ကြောင့် မောင့်ကို
သူမ အိမ်ပြန်ဖို့ ပြောတော့ သူလိုက်ပို့မယ်ဖြစ်သွားပြန်သည်။သူရောက်ရောက်ချင်း မန္တလေးညတွင်းချင်းတန်းဆင်းလာပြီး ဆေးုံးကို လာတွေ့တာလို့သူပြောတော့ မောင့်ကိုသနားမိသည်။
"ရောက်ပြီ အဲဟိုက တိုက်အပြာရောင်လေး"
"အင်း မောင်မနက်လာကြိုမယ် လမ်းထိပ်မှာစောင့်နေမယ် "
"မောင်ကအခု ဘယ်မှာတည်းမှာလဲ"
"ရန်နိုင်တို့ ဟိုတယ်မှာပဲတည်းမှာလေ ၃၂လမ်းမှာ ဟိုကောင်တွေကသူတို့ကိုမခေါ်ပဲလာလို့ ဆဲနေပြီ မနက်ကလိုက်လာနေပြီဖုန်းဆက်တယ် သူတို့ကမောင့်ကို ပြောနေတာ ဒီကောင်မမစံနဲ့တွေ့မှ ရူးနေပြီဆိုပြီတော့လေ ပြောလဲဂရုမစိုက်ပါဘူး တကယ်ဟုတ်နေတာပဲကို နော်မောင့်သည်း"
သူဘာသူပြောကာ သဘောကျနေတာမို့ စံမှာ
ခေါင်းညိတ်ရမှာလား ဘာလုပ်ရမလဲမသိပဲအူလည်လည်ဖြစ်နေသည်။
"ရောက်ပြီ မနက်မောင်လာကြိုမယ်နော်"
"ဟုတ်"
"နေပါအုံး နှုတ်ဆက်အနမ်းလေးပေးချင်လို့ပါ"
"အို "
ကားပေါ်က ဆင်းမလို့လုပ်နေတာကိုအတင်းပြန်ဆွဲကာ နှုတ်ခမ်းလေးကို ရန်ရှာနေတဲ့
မောင်လူဆိုးကြောင့် မောင့်အနမ်းတွေကို မောင်စိတ်တိုင်းကျခံယူယုံမှ တစ်ခြားမရှိပြီမို့။
Moon Shine