လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ...
By Pony_Pon
89.8K 10.9K 437
လူချမ်းသာကြီးရဲ့ကလေးကို ငါလွယ်ထားရတယ် [BL] Fully credit to author 攀月亮, publisher and MiokiMidori (Englis... More
Description
Novel Summary
1
2
3
4
5
6
7
8
9
10
12
13.1
13.2
14
11
3.1K 544 17
By Pony_Pon
ဖောက်သည်စုဆောင်းခြင်း
တစ်နေ့လုံး အလေလိုက်ရတာကို သဘောကျတယ်
နောက်ဆုံးတော့ ဒါက ယွမ် 30,000 နီးပါးနဲ့ ဝယ်လာတဲ့ ပန်းစည်းဖြစ်တာကြောင့် ပိုင်ကွမ့်ကျန် ဂရုမစိုက်ဘဲ မနေနိုင်ဘူး
အခန်းထဲက အကြီးဆုံးနဲ့ အလှပဆုံး ပန်းအိုးကို ရှာပြီး ရေဆေး အခြောက်သုတ်ပြီးမှ တောရိုင်းဂန္ဓာမာပန်းတွေကို ရေလောင်းကာ အထဲမှာ ဂရုတစိုက်ထည့်ထားလိုက်တယ်။
ဂန္ဓာမာပန်းထိရောက်မှုရှိမရှိ စမ်းသပ်ဖို့အတွက် ပိုင်ကွမ့်ကျန် ဒီနေ့ည စောစော အိပ်ယာဝင်လိုက်သည်။ တီဗီခန ကြည့်ပြီးနောက် ရေချိုးပြီး အိပ်ယာပေါ် လှဲလိုက်တယ်။ ဟုတ်ပါတယ်၊ ကုတင်ဘေးမှာ တောရိုင်းဂန္ဓမာရိုင်းပန်း ထားဖို့လည်း မမေ့ဘူး။
သို့သော် အချိန်ကြာလာတာတဲ့အထိ ပိုင်ကွမ့်ကျန် အားအင်အပြည့်ခံစားနေရပြီး နည်းနည်းမှ အိပ်ငိုက်မလာပေ။
တောရိုင်းဂန္ဓမာအနံ့တွေ လေထဲမှာ ပျံ့လွင့်နေပေမယ့် ပိုင်ကွမ့်ကျန်ရဲ့ မျှော်လင့်ချက်ကတော့ မသိလိုက်တဲ့အချိန်မှာပဲ အောက်ဆုံးကို ကျဆင်းသွားတော့သည်။ သူ့ဆုံးဖြတ်ချက် မှန်ကန်ရဲ့လားလို့တောင် သံသယဖြစ်မိတယ်။
အားလုံးက နားလည်မှုလွဲသွားတာဆိုရင်ရော ဘာဖြစ်သွားမလဲ။
နောက်ဆုံးတော့ မနေ့ညက အပြေးလေ့ကျင့်ခန်းလုပ်ခဲ့တဲ့အတွက် မောဟိုက်နေခဲ့တယ်။ သူနောက်ထပ် အိပ်ဆေး နှစ်လုံးကိုလည်း ထပ်သောက်ခဲ့သေးတယ်။ အခုလိုအခြေအနေမျိုးမှာ အရင်က တစ်ခါမှ မအိပ်ပျော်ဖူးပေမယ့် မနေ့ညက စိတ်ရောကိုယ်ရော နှစ်မျိုးလုံး ငြိမ်းငြိမ်းချမ်းချမ်းအိပ်ပျော်သွားခဲ့သည်။
ပိုင်ကွမ့်ကျန် စိတ်တွေ‌ရှုပ်ထွေးနေပြီး ဒီအကြောင်း များများတွေးလေ၊ ပိုစိတ်ပျက်လေ ဖြစ်လာတယ်။ ဇုချီဆီက ဂန္ဓမာပန်းကို ယွမ် ၂၀,၀၀၀ ကျော်နဲ့ ဝယ်ခဲ့တုံးက အရမ်းစိတ်လှုပ်ရှားနေခဲ့တာကို တွေးမိပြီး ခဏတော့ နောင်တရမိသည်။
ပြတင်းပေါက်အပြင်ဘက်မှာ ကောင်းကင်က ဘယ်အချိန် မှောင်နေမှန်းမသိ။ပိုင်ကွမ့်ကျန် အိပ်မပျော်တာကြောင့် ကုတင်ဘေးမှာ ထိုင်ပြီး လက်ထောက် သူ့ဆီပို့ထားတဲ့ အီးမေးလ်ကို ဖတ်ဖို့ ဖုန်းကို ကောက်ကိုင်လိုက်တယ်။
အီးမေးလ်တွေက ကုမ္ပဏီရဲ့ဌာနမျိုးစုံက အစီရင်ခံစာနဲ့ ပြည့်နေပြီး၊ ဖြေရှင်းရလွယ်ကူပေမယ့် ဒီနေ့ကျမှ ခက်ခက်ခဲခဲ ရှုပ်ထွေးနေတယ်။ ကံကောင်းထောက်မစွာနဲ့ ပိုင်ကွမ့်ကျန်က အဲဒါကို ကျင့်သားရနေကျ ဖြစ်တဲ့အတွက် အဆင်မပြေမခံစားရဘူး။
ဘာကြောင့်မှန်းမသိ၊ ဒီအချိန်ကျမှ နံပါတ်တွေတောင် ရိုက်ထည့်နိုင်တော့ဘဲ မူရင်းအစီရင်ခံစာကိုဖတ်ရတာကို ရုတ်တရက် အလွန်ငြီးငွေ့လာတယ်။
ပိုင်ကွမ့်ကျန်က သူ့ကိုယ်သူ တွန်းအားပေးပြီး စာမျက်နှာနှစ်မျက်နှာကို ပြီးအောင်ဖတ်ပြီးနောက် ရုတ်တရက် ခေါင်းမူးလာတယ်။ သူ့ပုခုံးတွေကိုဖိနှိပ်ပြီး စာမဖတ်ခင် ခဏလောက် အနားယူဖို့ စီစဉ်လိုက်သည်။
မျက်စိမှိတ်ပြီး မကြာခင်မှာပဲ ခေါင်းစောင်းကျသွားပြီး အိပ်ပျော်သွားတာကိုတောင် မသိလိုက်ဘူး။
နောက်တစ်နေ့။
ပိုင်ကွမ့်ကျန် နာကျင်မှုနှင့်အတူ နိုးလာပြီး မျက်လုံးဖွင့်လိုက်တဲ့အခါ ပြတင်းပေါက်အပြင်ဘက်မှာ နေလုံးကမြင့်တက်နေပြီး အဝါရောင်အလင်းတန်းတွေက အခန်းထဲမှာ လင်းလင်းချင်းချင်း တောက်ပနေသည်။
မနေ့ညက သူ အိပ်ပျော်သွားတာလား?
ခဏတာ မှိန်းနေလိုက်ပြီးနောက် ဗလာဖြစ်နေတဲ့ပိုင်ကွမ့်ကျန်မျက်နှာက စိတ်ကြွဆေးသုံးလိုက်သလို အမူအရာမျိူး ချက်ချင်း အစားထိုးသွားသည်။ဂန္ဓမာရိုင်းကို ကြည့်ဖို့ခေါင်းလှည့်လိုက်တော့ တစ်စက္ကန့်ထဲမှာပဲ လည်ပင်းကတောင့်တင်းနေပြီး လည်ပင်းနောက်ကနေ ပြင်းပြင်းထန်ထန် နာကျင်လာသည်။
ပိုင်ကွမ့်ကျန်က လည်ပင်းကို ဖိကိုင်လိုက်ပြီး ဒီနာကျင်မှုက သူ့ရဲ့ ရူးသွပ်လုနီးပါးကောင်းနေတဲ့ စိတ်ခံစားချက်ကို မထိခိုက်စေဘဲ ကုတင်ဘေးက စားပွဲပေါ်ကို လှဲချပြီးမှ လှည့်ကြည့်လိုက်တယ်။
သေချာတယ်၊ တောရိုင်းဂန္ဓမာက အမှုန့်ဖြစ်သွားပြီ။
ပိုင်ကွမ့်ကျန်က ကလေးတစ်ယောက်လို ရွှင်မြူးသွားတယ်။ နှစ်နှစ်ကြာ အိပ်မပျော်တဲ့ရောဂါနဲ့ ဆံပင်ကျွတ်တဲ့ကိစ္စအစား ဒီသတင်းကောင်းကို သူ့ရဲဘော်တွေနဲ့ ဝေမျှဖို့ မစောင့်နိုင်တော့ဘူး။ WeChat ကနေ မက်ဆေ့ချ်ပို့ဖို့ သူ့ရဲ့ဖုန်းကို အမြန်အသုံးချလိုက်သည်။
[ရဲဘော်တွေ! ငါအိပ်ဆေးရှာတွေ့ပြီ နောက်ဆုံးတော့ ဒီနှစ်ရက်အတွင်းမှာ ငါကောင်းကောင်းအိပ်ပျော်သွားတယ်]
သတင်း ရောက်သွားသည်နှင့် တစ်လနီးပါး နှုတ်ဆိတ်နေတဲ့ ဂရုက ချက်ချင်းပဲ တက်ကြွလာတယ်။
???
[ကောင်းပြီ လောင်ပိုင် လှုပ်ရှားတာ ငါတို့ထက် ပိုမြန်သွားပြီ ဘယ်ဆေးရုံ ဘယ်ဆရာဝန်ကများ ငါတို့လူကို ကယ်ခဲ့လဲ ပြောပြပါအုံး၊ ငါလည်း အိပ်မပျော်တဲ့ရက်တွေများလို့ စိတ်ဓာတ်တွေ ကျနေပြီ]
[ငါလည်း အဲ့လိုပဲ၊ ညသန်းခေါင်မထိ အိပ်မပျော်တော့ ဆံပင်တွေ အရမ်းကျဲလာပြီ။ လောင်ကျန်းဆိုရင် ငါ့ကို ထိပ်ပြောင်မြည်း လို့တောင်ခေါ်သေးတယ်! ဆံပင်ရှိတာ ဘာများကောင်းလို့လဲ?]
[ငါအမှန်တိုင်းပြောရမလား ဆံပင်ရှိတာ အရမ်းကောင်းတယ် မဟုတ်ရင် ဒီဂရုဖွဲ့ထားမှာတောင်မဟုတ်ဘူး...]
[ဟယ်လို! မနှောက်ယှက်ကြနဲ့ လောင်ပိုင်စကားကို ပြီးအောင် နားထောင်ရအောင်]
ခဏအကြာ ဂရုတစ်ခုလုံးတိတ်ဆိတ်သွားကာ အားလုံးက ပိုင်ကွမ့်ကျန်ဆီက ပြန်စာကို စောင့်မျှော်နေကြသည်။
ပိုင်ကွမ့်ကျန်က ဝမ်းသာအားရနဲ့ သူ့ဖုန်း ကင်မရာကိုချိန်ညှိပြီး ပြတင်းပေါက်ရှေ့ရှိ ဂန္ဓမာပန်းအိုး ဓာတ်ပုံအနည်းငယ်ရိုက်ကာ အပြင်ကအလင်းရောင်ကောင်းကောင်းရတဲ့ ဓာတ်ပုံနှစ်ပုံကို သေချာရွေးပြီး ပို့လိုက်တယ်။
[ဒါပဲ၊ ပန်းတစ်ပွင့် ယွမ် ၅၀၀ နဲ့ ဝယ်ခဲ့တာ၊တစ်ပွင့်ကို တစ်ကြိမ်ပဲ သုံးလို့ရတယ်။လွန်ခဲ့တဲ့ရက်က ငါအိပ်တဲ့အချိန် ကုတင်ခေါင်းရင်းမှာ ထားလိုက်တာ အိပ်မက်တောင် မမက်ဘူး တခါထဲ အိပ်ပျော်သွားတယ်]
ပိုင်ကွမ့်ကျန် ဒီသတင်းကို ပေးပြီးတဲ့ နောက်မှာတော့ ဂရုတစ်ခုလုံး ရေပူဖောင်းတစ်ခုတောင် မပေါ်ဘဲ ပင်လယ်ထဲကျသွားသလို တိတ်ဆိတ်သွားတယ်။
ရုတ်တရက်ဆိုတော့ ပိုင်ကွမ့်ကျန်သူ့အိမ်က အင်တာနက်ပြတ်သွားတာများလားလို့ တွေးလိုက်တယ်။အင်တာနက် ပြန်ချိတ်လိုက်ပြီး WeChat ဂရုထဲကို ထပ်ဝင်လာခဲ့သည်။ သူ့စာတစ်ခုပဲ ‌အောက်ဆုံးမှာ ရှိနေတာကို တွေ့လိုက်ရတယ်။
တစ််ယောက်ယောက်စီက စာမပြန်ခင် ငါးမိနစ်ခန့်ကြာသွားပြီးနောက်
[အိုး လောင်ပိုင် မင်းအဆင်ပြေရဲ့လား? အိပ်မပျော်တာနဲ့ ဆံပင်ကျွတ်တဲ့ရောဂါက စိတ်ကြောင့်ဖြစ်ရတာ။ အချိန်ယူပြီး တဖြည်းဖြည်းဂရုစိုက်ကုနေသရွေ့ အဆင်ပြေမှာပါ။ဒါပေမယ့် ကိုယ့်ကိုယ်ကို ဒီလိုလှည့်စားတာက ရေရှည်အသုံးမဝင်ဘူးလို့ ဆရာဝန်ကပြောထားတယ်မလား]
ထိုစာရောက်သွားတော့မှ မကြာခင်မှာပဲ တစ်ယောက်ပြီးတစ်ယောက် စာပို့လာကြတယ်။တချို့က စိတ်ဓာတ်ကျသွားပြီး ဒီအတိုင်းထားလိုက်တယ်။
[မင်း ရူးသွားတာလား ဒါမှမဟုတ် မင်း ငါတို့ကို ငတုံးလို့ ထင်နေတာလား? တောရိုင်းဂန္ဓမာပန်းတစ်ပွင့်က အိပ်မပျော်တာကို ကုပေးနိုင်မလားကွ?! ဒီလိုသာ သက်သာမယ်ဆိုရင် ဆရာဝန်တွေ အိမ်ပိုင်နိုင်ပါအုံးမလား]
[လောင်ပိုင် ငါမင်းကို ပုံမှန်လူတစ်ယောက်လို့ ထင်ထားတာ ဒီလိုမျိုး ယုတ္တိမရှိတဲ့စကားကို ဘယ်လိုလုပ်ပြောထွက်ရတာလဲ၊ အိပ်မပျော်တဲ့ရောဂါက ဘယ်လောက်တောင် နာကျင်ရလည်းဆိုတာ သိရဲ့သားနဲ့၊ မင်းရဲ့ဟာသက ငါတို့ဒဏ်ရာကို ဓားနဲ့ထိုးလိုက်သလိုပဲ]
[လောင်ပိုင် ရူးသွားပြီလို့ ငါထင်တယ်၊ ဒါကြောင့်ပဲတောရိုင်းပန်းတစ်ပွင့်ကို အသက်ကယ်ဆေးလို့ ထင်နေတာ]
ပိုင်ကွမ့်ကျန် : "..."
အခုမှပဲ ယုတ္တိမဆန်တဲ့အရာတစ်ခုကို အလွယ်တကူပြောမိတာက လူတိုင်းအတွက် မယုံနိုင်စရာဖြစ်ကြောင်း သူသဘောပေါက်သွားတယ်။ဒါပေမယ့် အင်တာနက်ပေါ်ကနေ လူတိုင်းကို သူဘယ်လိုလုပ်သက်သေပြနိုင်မှာလဲ။
ပြီးတော့ လူတိုင်းကို မျှဝေဖို့ ရည်ရွယ်ချက်ကောင်းနဲ့ သူဝေမျှပြီးသွားပြီ။ ယုံတာမယုံတာက သူ့အတွက် အရေးမကြီးဘူး ဘာပဲဖြစ်ဖြစ်အကျိုးမြတ် ရမှာမှ မဟုတ်တာ။
အကျိုးအကြောင်းပြန်စဉ်းစားပြီးမှ ဒေါသတွေ ချက်ခြင်းပျောက်သွားပြီး စိတ်ငြိမ်သွား‌တော့မှ ပိုင်ကွမ့်ကျန် ဂရုထဲကို နောက်ဆုံးမက်ဆေ့ချ်ပို့လိုက်တယ်။
[ငါက နောက်ပြောင်တတ်တဲ့သူမဟုတ်ဘူး၊ ခုနကပြောခဲ့တဲ့ အရာတွေအားလုံး အမှန်ပဲ၊ ငါ့ကိုယုံတဲ့သူတွေက ငါ့အကြောင်းကို သေချာနားလည်လိမ့်မယ်၊ငါ့ကိုမယုံနိုင်တဲ့သူတွေကတော့ ငါလျှောက်ပြောတယ်ထင်မှာပဲ၊ဒီမှာတင် ရပ်လိုက်ကြတော့၊စကားအများကြီးပြောတာ ဘာမှအသုံးမဝင်ဘူး၊ နောက်ကျမှ တန်ဖိုးသိလာလိမ့်မယ် ]
စာပို့ပြီးနောက်၊ပိုင်ကွမ့်ကျန် ဂရုထဲကနေထွက်လာခဲ့သည်။
ဒီဂရုထဲကို ပိုင်ကွမ့်ကျန်က မတော်တဆ ဝင်ခဲ့မိတယ်။ အဲ့ဒီအထဲမှာ အဖွဲ့ဝင် ၃၄ ယောက်ရှိပြီး အားလုံးက အိပ်မပျော်တာနဲ့ ဆံပင်ကျွတ်တာတို့ ဖြစ်နေကြတဲ့လူတွေပဲ၊ တစ်ယောက်နဲ့တစ်ယောက် အားပေးဖို့အတွက် သူတို့ဟာ အော့ဖ်လိုင်းစုဝေးပွဲများစွာကို စီစဉ်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးတည်ဆောက်ခဲ့ကြသည်။
ဒီလိုဖရိုဖရဲဖြစ်သွားတာက နှမြောစရာပဲ။သူ့ကို ဘယ်သူမှ မယုံတာကိုသိပြီး ပိုင်ကွမ့်ကျန်စိတ်ပျက်သွားတယ်။တစ်ရက်ကုန်သွားပြီးနောက် မမျှော်လင့်ထားဘဲ လူရှစ်ယောက်က သီးသန့်စကားပြောတယ်။
ပိုင်ကွမ့်ကျန် လွန်ခဲ့တဲ့ နှစ်ရက်က အတွေ့အကြုံကို ပြောပြဖို့ ဂရုတစ်ခုကို ထပ်ဖွဲ့လိုက်သည်။
ကျန်တဲ့လူတွေကတော့ သက်ပြင်းချကြတယ်။ တကယ်တော့ သူတို့က ပိုင်ကွမ့်ကျန်အပေါ်လည်း မျှော်လင့်ချက် သိပ်မရှိဘူး။သူတို့အဖြစ်က ဆရာဝန်လိုအသက်ရှင်တဲ့မြင်းတွေနောက် လိုက်နေတဲ့ မြင်းသေတွေလိုပဲ ရလဒ်မရှိ ငွေကုန်တာပဲ အဖတ်တင်ခဲ့သည်။
ဒါနဲ့နောက်ရက် အပန်းဖြေစခန်းမှာ တွေ့ဖို့ သဘောတူလိုက်ကြသည်။
ထိုအချိန် ပိုင်ကွမ့်ကျန်ကို တောရိုင်းဂန္ဓမာအားလုံးကို ရောင်းချထားတဲ့ ဇုချီက နေရာလွတ်ထဲက ဂန္ဓမာပန်းတချို့ကိုယူပြီး စားပွဲပေါ်မှာ သပ်သပ်ရပ်ရပ်ထားဖို့ ရှောင်ယ နဲ့ အိမ်စေ တွေကိုတောင်းဆိုထားတယ်။
အစက တောရိုင်းဂန္ဓမာပန်းကို ရောင်းပြီးပိုက်ဆံရှာဖို့ စီစဉ်ထားတယ်။ဒါပေမယ့်နောက်ပိုင်း ပိုင်ကွမ့်ကျန်ကိုရောင်းသလိုမျိုး တောရိုင်းဂန္ဓမာပန်းတစ်ခုလုံး တိုက်ရိုက်ရောင်းတာမျိုး လုပ်လို့မရနိုင်ဘူး။
တောရိုင်းဂန္ဓမာပန်းတွေက သုံးပြီးအာနိသင်ပြေသွားရင် အမှုန့်အဖြစ်ပြောင်းသွားတာကြောင့် အခြားသူ‌တွေ သတိထားမိပြီး အကြောင်းရင်းကို စုံစမ်းခဲ့ရင် ဒီအကြောင်းကို သူလုံးဝရှင်းပြနိုင်မှာမဟုတ်ဘူး။
သေချာစဉ်းစားကြည့်ရင် ဂန္ဓမာပန်းတွေကို အခြောက်ခံအမှုန့်ဖြစ်အောင် ကြိတ်ပြီးမှ အဆင်ပြေတဲ့ပုလင်း၊ အိုးထဲထည့်ရောင်းတာ ပိုကောင်းမယ်။ဒါက အပြင်ပန်းကကြည့်ရင်လည်း ပိုစိတ်ချရတဲ့ပုံပေါက်ပြီး တောရိုင်းပန်းတွေ အမှုန့်အဖြစ် ပြောင်းသွားတဲ့ ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားပြီ။
သူ့စိတ်ကြိုက်လုပ်မယ့် ပုလင်းတွေက ထင်သလောက် မရိုးရှင်းဘူး။ စက်ရုံကိုဆက်သွယ်ပြီး ဈေးနှုန်းညှိနှိုင်းရတဲ့ အသေးအဖွဲကိစ္စတွေ လုပ်ရအုံးမယ်။ပုလင်းဒီဇိုင်းအတွက် ဒီဇိုင်းနာရှာဖို လိုအပ်တယ်။
အရေးကြီးဆုံးအချက်က သူထုတ်မဲ့ပစ္စည်းတွေက ပါဝင်ပစ္စည်းနည်းသလို ဇာစ်မြစ်ကိုလည်း ဖော်ပြလို့မဖြစ်ပေ။ နာမည်ကြီးချင်ရင် ကုမ္ပဏီနဲ့ အမှတ်တံဆိပ်ကို မှတ်ပုံတင်ပြီး အရည်အသွေးစစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်ဖို့ သက်ဆိုင်ရာဌာနကို သွားရမယ်။
ပါဝင်ပစ္စည်းအဖြစ်အသုံးပြုထားတဲ့ အမည်မသိ ဇာစ်မြစ်ဖြစ်သည့် တောရိုင်းဂန္ဓမာကို မဖော်ပြထားဘဲ ပြင်ဆင်မှုတွေကို နှစ်လ သို့မဟုတ် သုံးလအတွင်း အပြီးသတ်ဖို့ မဖြစ်နိုင်ပေ။
တစ်ခုတည်းသောကံကောင်းမှုက သူ့မှာ ရွှယ့်ကျွယ်ပေးထားတဲ့ ငွေ 10 သန်း သူ့ဘဏ်ကတ်ထဲမှာ ရှိနေပြီး ရွှယ့်ကျွယ်လို လမ်းလျှောက်နိုင်တဲ့ ATMစက် က သူ့နောက်မှာ ရှိနေတာကြောင့် ပိုက်ဆံအတွက် စိတ်ပူစရာ မလိုဘူး။
ဒါကိုစဉ်းစားရင်း ဇုချီ က ဝမ်းသာအားရပြုံးတာကို မရပ်နိုင်တော့ဘူး။
Ahh......
ချမ်းသာရတာ ကောင်းလိုက်တာ...
တကယ့်ကို ပျော်ရွှင်မှုပဲ......
လုပ်စရာအလုပ်များ‌နေပေမဲ့ အကြောင်းရင်းများစွာကြောင့် ဇုချီလုပ်ဆောင်နိုင်စွမ်းက ကန့်သတ်ခံထားရပြီး ဒီနေ့အထိ သူဘာမှမလုပ်ရသေးပေ။ သူ့အတွက်အလွန်ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့နေ့စဉ်အချိန်ဇယားကို အပြည့်အဝ အနားယူဖို့သာ စီစဉ်ထားတယ်။
ပုလင်းအတွက် ဒီဇိုင်းဖန်တီးဖို့ အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားပေမယ့် တောရိုင်းဂန္ဓမာကို အခြောက်ခံရမဲ့ အစီအစဉ်တော့ ရှိနေသေးသည်။
ဇုချီက ပန်းအခြောက်ခံတဲ့တာဝန်ကို အိမ်စေတွေနဲ့ သက်တော်စောင့်ထံ ပေးထားသည်။ရှောင်ယ ဦးဆောင်ပြီး ဥယျာဉ်ငယ်လေးထဲမှာ တောရိုင်းဂန္ဓမာပန်းတွေကို အခြောက်ခံကြတယ်။သူကတော့ နေရာလွတ်ထဲက ဂန္ဓမာပန်းအသစ်တွေကို ရွှေ့ပြောင်းဖို့ တာဝန်ယူထားသည်။
နေရာလွတ်မှာရှိတဲ့ တောရိုင်းဂန္ဓမာပန်းတွေက ခူးရလွယ်ကူသည်။ ပင်စည်ကို အားအနည်းငယ်နဲ့ ဆုပ်ကိုင်လိုက်ရင် မြေဆီလွှာကို မထိဘဲ ပန်းတစ်ပွင့်လုံးကို မြေကြီးထဲမှ ဆွဲထုတ်နိုင်သည်။
ပထမတော့ ဇုချီက ပန်းတွေခူးပါများရင် နေရာလွတ်ထိခိုက်မှာကို စိုးရိမ်ပေမယ့် နောက်နေ့ သူခူးတဲ့ နေရာမှာ ဂန္ဓမာအသစ်တွေ ပေါက်လာတယ်ဆိုတာ သိလိုက်ရတဲ့အတွက် စိတ်သက်သာရာရသွားတယ်။
ဂန္ဓမာပန်းတွေကို နေရောင်ထဲမှာ သုံးရက်ဆက်တိုက် အခြောက်ခံခဲ့တယ်။ဒီနညက အနည်းငယ် ထိရောက်သော်လည်း ဇုချီလိုချင်တဲ့ အ‌ခြေနေနဲ့ မိုင်‌ပေါင်း 108,000 ဝေးနေသေးသည်။
ဇုချီက လေအေးခံဖို့ နေ့တိုင်း ဗိုက်လုံးလုံးကိုသယ်ကာ ရေကူးကန်ဘေးရှိ နေရောင်ကာထိုင်ခုံပေါ်မှာ လှဲလျောင်းရင်း ပျင်းရိနေသော်လည်း ဂန္ဓမာရိုင်းများကို ရံဖန်ရံခါ စောင့်ကြည့်နေတတ်သည်။
ဒါကို အမြင်စူးရှတဲ့ ရှောင်ယသတိပြုမိပြီး သူမကတခြားအိမ်စေတွေနဲ့ သီးသန့်ဆွေးနွေးကာ ခေတ်မီနည်းပညာနဲ့ အဆင့်မြင့်နည်းလမ်းတွေကို သုံးပြီး တောရိုင်းဂန္ဓမာတွေကို အခြောက်ခံဖို့ အခြောက်ခံစက်တချို့ ငှားဖို့ ချက်ချင်းဆုံးဖြတ်လိုက်သည်။
အခြောက်ခံစက်ကို ငှားဖို့မလွယ်ကူတဲ့အတွက် သနားစရာကောင်းတဲ့ ရှောင်ယက အိမ်ထိန်းကျောင်းကို အခြောက်ခံစက်ဝယ်ဖို့ အကျိုးအကြောင်းပြောပြလိုက်တယ်။
အိမ်ထိန်းကျောင်းက ခွင့်ပြုချက်မရဘဲ ဘာမှမလုပ်ရဲပေ။ အခြားအခန်းမှာ အလုပ်ရှုပ်နေတဲ့ ရွှယ့်ကျွယ့်ကို ချက်ခြင်းအစီရင်ခံလိုက်သည်။
ဇုချီအတွက် ရွှယ့်ကျွယ်ရဲ့သတ်မှတ်ချက်က အမြဲတမ်း နည်းပါးတဲ့အတွက် ဇုချီသာ စက်ဝိုင်းသေးသေးလေးထဲမှာနေပြီး ပြဿနာမရှာပါက သူ့လိုအပ်ချက်မှန်သမျှကို ချွင်းချက်မရှိ ဖြည့်ဆည်းပေးနိုင်သည်။
များပြားနေတဲ့ အလုပ်အချိန်ဇယားကြောင့် ရွှယ့်ကျွယ်က သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး
" ဝယ်၊ ဝယ်၊ ဝယ် သူလိုချင်ရင် ဝယ်ပေးလိုက် နောက်တခါ ဒီလိုအသေးအဖွဲကိစ္စအတွက် ငါ့ကို လာမမေးနဲ့"
"ကောင်းပါပြီ"
အိမ်ထိန်းကျောင်း တိတ်တဆိတ်ပဲ အခန်းထဲမှ ထွက်သွားသည် ။
နှစ်ရက်အကြာ မအားလပ်တဲ့အလုပ်တွေ ပြီးဆုံးသွားပြီးနောက် ရွှယ့်ကျွယ်အသက်ရှူဖို့ အခွင့်အရေးရလာသည်။ထိုအချိန်မှ ဇုချီလိုချင်တဲ့အခြောက်ခံစက်အကြောင်း ရုတ်တရက် သတိရသွားတယ်။
သူအခြောက်ခံစက်ကို ဘာအတွက်ဝယ်တာလဲ?
ရွှယ့်ကျွယ်က ဇုချီရဲ့ခေါင်းမာတဲ့အကျင့်နဲ့ ပူထွက်နေတဲ့ဗိုက်ကို တွေးကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
သူကိုယ်တိုင် သွားကြည့်ချင်သော်လည်း ရုတ်တရက်အစည်းအဝေးတစ်ခု လုပ်ဖို့ ပေါ်လာတယ်။စဉ်းစားပြီးနောက် ဇုချီဘာလုပ်နေလဲ ကြည့်ဖို့ အိမ်ထိန်းကျောင်း ကို တာဝန်ပေးလိုက်တယ်။
ထိုအချိန်မှာ အိမ်ထိန်းကျောင်းက ရွှယ့်ကျွယ်ရဲ့ နေ့စဉ်ကိစ္စတွေကို ဂရုစိုက်ရင်း အလုပ်များနေပြီး ဇုချီ ဘက်သို့ သွားကြည့်ခဲပေမယ့် အိမ်စေတွေနဲ့ သက်တော်စောင့်အုပ်စုက ဇုချီကို စောင့်ကြည့်နေတာကြောင့် ကြီးကြီးမားမား ပြဿနာရှိလောက်မှာ မဟုတ်ဘူး။
လမ်းလျှောက်သွားရင်း ဇုချီ ရဲ့ နေရာကို ရောက်ဖို့ အချိန်သိပ်မကြာလိုက်ဘူး။အရင်က ဒီနေရာကို စောင့်ကြပ်နေတဲ့ ကိုယ်ရံတော် လေးငါးဦးသာ ရှိသော်လည်း ဒီနေ့မှာ လူတစ်စုက နေရာမှာ ရှိနေတာကို တွေ့လိုက်ရတယ်
"မစ္စတာ ပိုင်?"
အိမ်ထိန်းကျောင်းက စူးစမ်းရင်း ချက်ချင်းပဲလူတစ်ယောက်ကို မှတ်မိသွားတယ်။
Zawgyi
နောက်တစ်နေ့။
???
တစ်ယောက်ယောက်စီက စာမပြန်ခင် ငါးမိနစ်ခန့်ကြာသွားပြီးနောက်
ပိုင်ကွမ့်ကျန် : "..."
အကျိုးအကြောင်းပြန်စဉ်းစားပြီးမှ ဒေါသတွေ ချက်ခြင်းပျောက်သွားပြီး စိတ်ငြိမ်သွား‌တော့မှ ပိုင်ကွမ့်ကျန် ဂရုထဲကို နောက်ဆုံးမက်ဆေ့ခ်ျပို့လိုက်တယ်။
Ahh......
"ကောင်းပါပြီ"
"မစ္စတာ ပိုင်?"
Continue Reading
You'll Also Like
723K 101K 149
တစ်​ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုး​ကောင်​​လေး​တွေမှာလည်း အချစ်​တွေရှိတယ်~ ထရိုး​ကောင်​လေး​တွေမှာလည်း ခံစားချက်​တွေရှိတယ်~
409K 36.8K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
1.2M 63.4K 50
312K 5.5K 47
ဒီဇာတ်လမ်းထဲက " စွဲမက်သျှင် " ဆိုတဲ့နာမည်ကို သာသာ crd ပေးပါတယ်နော် " မင်းညှို့သျှင် " နာမည်နဲ့ လိုက်ဖက်မှုရှိအောင် ထည့်ထားတာမို့လို့ပါရှင့် ဒီ fic လ...