အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခ...

By Hmue_46

251K 37.8K 1.4K

This is a translation novel. Author permission not yet sought but I have to translate because I like it very... More

Chapter- 1
Chapter -2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter -11
Chapter - 12
Chapter-13
Chapter - 14
please
Chapter - 15
Chapter - 16
Present for my babe!!
Chapter - 17
Chapter - 18
Chapter- 19
Chapter -20
Chapter - 21
Chapter- 22
Paid GP
Chapter - 23
Please!!!
Chapter - 25
Chapter - 26
Chapter-27
Chapter-28
Chapter-29.1
Chapter - 29.2
Chapter-29.3
Chapter -30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter -35
Chapter - 36
Please ❗❗
Chapter-37
Chapter-38
Attention Please❗
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter- 46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Help Me!!!
Chapter- 53.1
Chapter- 53.2
Chapter - 54

Chapter-24

3.9K 714 7
By Hmue_46

Unicode

မုရှောင်ခယ်သည် ဘယ်မှ မသွားဘဲအိမ်တွင်နေပြီး မုရှောက်ယောင်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့သည်။

မွန်းတည့်ဆယ့်နှစ်နာရီတွင် မုရှောက်ယောင်သည်နောက်ဆုံးတွင်ဖုန်းဆက်လာခဲ့သည်။ မုရှောင်ခယ်ကစောင့်နေခဲ့ပြီး မုရှောက်ယောင်၏မျက်နှာပေါ်ရှိအပြုံးသည် သူ့ကိုအံ့အားသင့်စေခဲ့သည်။

" ဖေဖေ မင်းရဲ့ကျောင်းအုပ်ဆရာမနဲ့ စကားပြောနေတာကြာပြီ။ မင်းအဆင်ပြေသွားပြီလို့ ပြောလိုက်တယ်။ ဒီတစ်ခါ စာမေးပွဲက အရမ်းကောင်းတယ်၊ မင်းဘာလို့ အဖေ့ကို ကြိုမပြောတာလဲ လာ သွားရအောင် ဖေဖေ မင်းကို ညစာလိုက်ကျွေးမယ်"

မုရှောင်ခယ် အံ့အားသင့်သွားသည်ယသူ့အဖေက ဘာပြောလိုက်တာလဲ?ဘာလို့ သူနဲ့ ညစာသွားစားချင်တာလဲ? သူဘာလို့ဒီလောက်ပျော်နေတာလဲ? ဆံညှပ်တွေ လျှို့ဝှက်ပြီးလုပ်တာကို သူ့အဖေ မသိဘူးလား? မဖြစ်နိုင်ဘူး မုခိုင် အခုအချိန်အထိ မပြောဘဲ ဘယ်လိုမှနေနိုင်မှာမဟုတ်ဘူး။ဘယ်လိုအခြေအနေကြီးလဲ?

"ရှောင်ခယ်?"

မုရှောက်ယောင် က ဘာမှမသိသေးတဲ့အကြည့်တွေနဲ့သူ့ကိုကြည့်သည်။

"ကျွန်တော်သိပြီ..အောက်ဆင်းရအောင်"

မုရှောင်ခယ်သည် မုရှောက်ယောင်ကို အလျင်အမြန်ရှာလိုက်ပြီး ကျောင်းတံခါးဝသို့ရောက်သောအခါ
မုရှောက်ယောင် နှင့် မုခိုင် တို့သည် လမ်းဘေးတွင် သူ့ကိုစောင့်နေကြသည်။

မုခိုင် က သူ့ကို ပြုံးပြသော်လည်း မုရှောင်ခယ်က ထိတ်လန့်သွားသည် ။

မုရှောက်ယောင်သည် ညီအစ်ကိုနှစ်ယောက်ကို အနီးနားရှိ စားသောက်ဆိုင်သို့ ခေါ်သွားသည်။
သားအဖနှစ်ယောက် စားသောက်ဆိုင်ကို ရောက်တဲ့အခါ မုခိုင်က စတင်လှုပ်ရှားလာခဲ့တယ်။

"အဖေ ဒါကိုကြည့်ပါ"

မုရှောက်ယောင်သည် မုခိုင် ၏ ဆဲလ်ဖုန်းကိုယူ၍ပြီးသေသေချာချာကြည့်သည်။ ၎င်းသည် ယခင်က မုရှောင်ခယိ လုပ်ခဲ့သော agate hosta ဆံညှပ်တစ်ခု၏ ဓာတ်ပုံဖြစ်သည်။ မုရှောင်ခယ်သည်
မုရှောက်ယောင် ၏ဘေးတွင်ထိုင်ကာ သူ့လုပ်ထားတဲ့ဆံညှပ်ပုံကို တစ်ချက်ကြည့်လိုက်သည်။
မုရှောင်ခယ်က မုခိုင် ကို ကြည့်လိုက်တော့ မုခိုင်က သူ့ပါးစပ်ထောင့်ကို မြှောက်လိုက်ပြီး အရမ်းဂုဏ်ယူနေတယ်။

"ဆံညှပ်တစ်ခုပဲ မဟုတ်လား၊ ဘာကအရမ်းကောင်းလို့လဲ?"

"အဖေမသိဘူးလား ဒီဆံညှပ်ကသေးငယ်တဲ့အရာတွေနဲ့လုပ်ထားတာ ဒါကိုအင်တာနက်သီးချင်းဆိုနေတဲ့နာမည်ကြီးတစ်ယောက်က ဝယ်လိုက်တာ အင်တာနက်မှာ နည်းနည်းလေးတော့ကြာနေပြီ"

လို့ မုခိုင်က လေသံခပ်ဖျော့ဖျော့လေးနဲ့ပြောလာသည်။ သူ့ကြည့်ရတာပျော်နေသလိုပါပဲ။

သို့သော် ဤလေသံက မုရှောက်ယောင် ကို ပို၍ စိတ်မသက်မသာဖြစ်စေလိမ့်မည်

"ရှောင်ခယ် မင်းအစ်ကိုပြောတာ အမှန်ပဲလား?"

မုရှောင်ခယ် က ဒါကို မငြင်းဘဲ ခေါင်းညိတ်ပြပြီး

"ဒါလုပ်ရတာကို ကြိုက်တယ် "

လို့ လက်ဟန်ပြပြီးပြောလိုက်သည်။

"မင်းကဒီလိုလုပ်ရတာကြိုက်တယ်!? မင်းက ယောက်ျားလေးလေ ဒီလိုအရာတွေကိုဘယ်လိုလုပ်လုပ်တတ်မှာလဲ! မင်းဟာ ခက်ခက်ခဲခဲ စာကျက်နေရမှန်းသိလျက်နဲ့ ဉာဏ်ကောင်းတယ်လို့ ငါထင်ခဲ့တယ်၊ မလိုအပ်တဲ့အရာတွေလုပ်ဖို့ သီးသန့်အချိန်ဖြုန်းနေသေးတယ်!"

" ဖေဖေ၊ စိတ်မဆိုးပါနဲ့ စိတ်အေးအေးထားပါ ရှောင်ခယ်က သူ့ရဲ့ဝါသနာနည်းနည်းလေးကို ပျိုးထောင်နေတာ ဟုတ်တယ်၊ သူ့ရဲ့လေ့လာမှုကို ထိခိုက်နိုင်မှာတော့ မဟုတ်ပါဘူး တစ်ယောက်တည်းနေတာတောင် စာမေးပွဲမှာ အမှတ်ကောင်းကောင်းရတာ အဖေမြင်ပါတယ်။ဒါကအချိန်ကောင်းဖြစ်မှာပါ.."

"ဘယ်အချိန်ကတည်းကစီစဥ်ထားတာလဲ ငါတို့ကိုမပြောဘဲ ဒီအရာတွေလုပ်ဖို့အတွက် တစ်ယောက်တည်းနေချင်တယ်၊ မင်းအိမ်မပြန်တာ အံ့သြစရာမရှိတော့ပါဘူး၊ မင်းကဒီကိစ္စအတွက် အချိန်ဖြုန်းနေတာပဲ"

မုရှောင်ခယ် တိတ်တဆိတ်နားထောင်နေလိုက်သည်။သူ ဝမ်းနည်းသင့်လား ဝမ်းမနည်းသင့်ဘူးလားဆိုတာမသိတော့ပါ။ မုရှောက်ယောင်၏ တုံ့ပြန်မှုကို မျှော်လင့်ထားပြီးသားပါ။သူ့အဖေကထူးဆန်းပြီး ရုပ်ရည်ချောမောတဲ့လူပါ။

အစ်ကိုကောင်းတစ်ယောက်အတွက်ဒီအဖေက အလိုလိုက်ပြီး ၊ သူ့လိုသာမာန်လူအတွက် ဒီအဖေက လျစ်လျူရှုနိုင်သလို ငြီးငွေ့နိုင်ပါတယ်။ ထို့ကြောင့် ယခင်ဘဝတွင် သူသည် Rong မိသားစု၏ ရင်းနှီးမြုပ်နှံမှုအတွက် လဲလှယ်ရန်အတွက် Rong မိသားစုရဲ့ သားနဲ့လက်ထပ်ခဲ့ရသည်။

မုရှောင်ခယ်က

"ကျွန်တော့်အမေလုပ်ခဲ့တဲ့ အလုပ်တွေကို အမွေဆက်ခံချင်ပါတယ်"

ဟု စာရိုက်ခြင်းဖြင့် ၎င်း၏ခံစားချက်ကို ဖော်ပြခဲ့သည်။

ဆယ်နှစ်ကြာပြီးနောက်တွင် သူသည် သူ့အမေအကြောင်းကို ပြန်ပြောပြပြီး သူ့အဖေ၏ ရယ်စရာကောင်းသော ဂုဏ်သိက္ခာကို ဂရုမစိုက်တော့ပဲ အတိတ်က ဒဏ်ရာများကို တိုက်ရိုက်ဖော်ထုတ်ခဲ့သည်။လူတိုင်း နာကျင်နေသည့်အခါမှသာ သူ့အဖေသည် အလေးနက်ထားရကောင်းမှန်းသိလာမည်ဖြစ်သည်။

"မင်း ဘာအကြောင်းပြောနေတာလဲ?!"

မုရှောက်ယောင်သည် တုန်လှုပ်သွားသည်။ နှစ်အတော်ကြာပြီးနောက်တွင် ကွယ်လွန်သွားသော ဇနီးသည်အား သူသည်မျက်နှာမပြနိုင်လောက်အောင် အရှက်ကွဲသွားသောကြောင့်သူမအကြောင်း ထပ်မံပြောဆိုရန် ခဲယဉ်းသွားခဲ့သည်။

ထိုအချိန်က မုရှောက်ယောင် သည် သူ့အကျိုးအတွက် သူ့ဇနီးနှင့် သားသမီးများကို ကယ်ဆယ်ရန် စွန့်လွှတ်လုနီးပါးဖြစ်ပြီး ပြန်ပေးဆွဲသူများသည် ဇနီးဖြစ်သူကို သတ်ပြီး ကလေးများကို ညှဉ်းပန်းနှိပ်စက်ရန် ခွင့်ပြုခဲ့သည်။ ထိုအချိန်က ရဲများ၏အရှိန်ကြောင့် မဟုတ်ပါက မုရှောင်ခယ်သည် လည်းသူ့အမေနှင့်အတူ သေဆုံးသွားပေလိမ့်မည်။

အဲဒီနောက်မှာတော့ မုရှောင်ခယ် ဟာ နှစ်အတော်ကြာ စကားမပြောနိုင်တဲ့အတွက် သူ့အမေကို မခေါ်နိုင်ခဲ့ပါဘူး။ သူ အသိဥာဏ်ရှိသောအခါမုရှောင်ခယ်သည် သူ့အမေ ဆုံးပါးသွားပြီး သူ့အဖေ ဝမ်းနည်းနေမှန်း သိသောကြောင့် *သူ့အမေကို ပြောပြခဲ့သည်။
(* ပြောပြတယ်ဆိုတာဟိုလိုနော် ဂူရှေ့မှာစကားပြောတယ်တို့အဲ့လိုပါ)

ဒါပေမယ့် ဒီလိုပါပဲ၊ မုမိသားစုထဲက လူတိုင်းက သူတို့မှာ ဒီလို အိမ်ရှင်မမျိုး တစ်ခါမှ မရှိခဲ့ဘူးလို့ တိတ်တဆိတ် ယူဆသွားကြပြီး ဘယ်သူ့မှလည်း မမေးခဲ့ကြပါဘူး။

သို့သော် မုရှောက်ယောင် သည် ငှားရမ်းထားသော အလုပ်သမားများကသာ မသိကြောင်း မေ့ထားနိုင်သည်။ မုရှောင်ခယ် သာလျှင် သူ့အမေကို မစွန့်လွှတ်နိုင်ပါ။ထို့ကြောင့် နှစ်ပေါင်းများစွာကြာအောင် သူ့အမေကြောင့် မုရှောင်ခယ် သာ ဒုက္ခရောက်ခဲ့ရသည်။မုခိုင် ကတော့ မုခိုင် ကိုယ်တိုင်ပြောသလိုပဲ မုရှောင်ခယ် ရဲ့အမေကိုမုန်းတီးနေတယ်။မုခိုင် သည်တရားမ၀င်ကလေးဖြစ်သည်။မုရှောင်ယောင် နှင့် မုရှောင်ခယ် ၏မိခင်အိမ်ထောင်မပြုမီကမွေးဖွားထားသောတရားမ၀င်ကလေးဖြစ်ပြီး မုရှောက်ယောင် မှနှစ်ပေါင်းများစွာဖုံးကွယ်ထားသောတရားမ၀င်သောကလေးဖြစ်သည်။

မုရှောင်ခယ် သည် မုခိုင် အိမ်ကိုရောက်လာတုန်းအခြေအနေကို မှတ်မိနေသေးသည်။ သူ့အဖေက သူ့ထက် နှစ်နှစ်ကြီးတဲ့ကလေးကို ခေါ်လာပြီး ဒီကလေးက သူ့ကလေးပါလို့ သူ့အမေရဲ့ မွေးနေ့ပါတီမှာ ကရုဏာမရှိ လူသိရှင်ကြား ဝန်ခံခဲ့သည် အဲဒီနောက်မှာတော့ သူ့အဖေနဲ့အမေက အဆုံးမရှိ ရန်ဖြစ်ပါတော့တယ်။ အဲဒီနောက်မှာတော့ သူနဲ့ သူ့အမေ အတူတူ ပြန်ပေးဆွဲခံခဲ့ရပြီး သူ့အမေက သူ့ကို ထာဝရ ထားခဲ့တယ်။

မုခိုင်မရောက်ရှိလာပါက၊ သူ့အမေသည် သူ့အဖေနှင့် ရန်ဖြစ်မည်မဟုတ်သလို မု အိမ်ကိုလည်း ထားခဲ့မှာမဟုတ်ပဲ ရန်သူများ၏ ပြန်ပေးဆွဲခြင်းကိုလည်း ခံရမည်မဟုတ်ပေ။သူ့မိခင်သေဆုံးမှုအတွက် မုရှောင်ခယ် က မုရှောက်ယောင် နှင့် မုခိုင် ကို အပြစ်တင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူတို့သည် မိမိတို့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပုံရသည်။ ငယ်ငယ်တုန်းကတော့ သူ့မှာဒီဆွေမျိုးနှစ်ယောက်ပဲရှိတယ်။ တဖြည်းဖြည်းနဲ့ အရင်ကလို သူတို့နဲ့ ပြန်လည်သင့်မြတ်ခဲ့ပါတယ်။ ပြီးတော့ ဒီအလွန်လှပတဲ့ အကိုကြီးကိုလည်း အားကိုးသေးတယ်။

သို့သော်လည်း သူ့မှီခိုအားထားမှုသည် တွက်ချက်မှုများနှင့် လဲလှယ်လိုက်သည်.။သူသည်မုခိုင် နှင့် brother-in-law အဖြစ် မည်သည့်အခါမျှ မကစားတော့ပေ။ သူကောင်းကောင်းနေနိုင်သရွေ့ သူ့အဖေ၏မျက်နှာကို လည်းဂရုမစိုက်တော့ဘူး!

"မင်း...မင်းဘာပြောလိုက်တာလဲ"

မုရှောက်ယောင်သည် မုရှောင်ခယ် ၏မျက်လုံးများအကြည့်များက သူကို ဓားဖြင့်ထိုးခံရသလိုခံစားရစေသည်။ မုရှောင်ခယ် သည် 10 နှစ်နီးပါးသေဆုံးသွားခဲ့သောသူ၏မိခင်ကိုအလွန်ဂရုစိုက်ပြီးသူမ၏အသက်မွေးဝမ်းကျောင်းကိုပင်အမွေဆက်ခံလိုကြောင်းသူမယုံနိုင်ပါ။ ဒါက ဘယ်လိုဖြစ်တာလဲ?

"ကျွန်တော်က စီမံခန့်ခွဲရေးကုမ္ပဏီကို စိတ်မဝင်စားဘူး၊ ဒါကြောင့် မိသားစုပိုင်ဆိုင်မှုအတွက် မုခိုင် နဲ့ လိုက်ပြိုင်မနေဘူး။ အမေကျန်ခဲ့တဲ့အိမ်ကလွှဲလို့ မုမိသားစုဆီက ဘာကိုမှ မလိုချင်ဘူးလို့လည်းမုခိုင် ကိုပြောခဲ့ပြီးပြီ။ ဒါပေမယ့် မုခိုင်က ဒီအိမ်ကိုလည်းသူယူမယ်လို့ ပြောခဲ့တယ်၊ သူက ငါ့ကို ဘာမှမလုပ်တက်တဲ့လူ ငါ့ကို အသုံးမကျတဲ့လူဖြစ်အောင် လုပ်နေတယ်"

မုရှောင်ခယ် သည် ထိုစကားလုံးများကို စာရိုက်ပြီးသောအခါတွင်၊ သူသည် သူတို့ ၃ ယောက်ရှိသည့် မိသားစုchat group ထံသို့ တိုက်ရိုက်ပေးပို့ခဲ့သည်။မုခိုင် က သူတို့ကို တားဖို့ နောက်ကျသွားပြီ။

"မုရှောင်ခယ် မင်းဘာလုပ်နေတာလဲ?၊ မင်း အရွယ်မရောက်ခင် လမ်းခွဲချင်တာလား"

မုရှောင်ခယ်က အေးဆေးတည်ငြိမ်စွာ မက်ဆေ့ချ်ပို့လိုက်သည်

"အဖေ့ရဲ့အိမ်ကို ဝေခွဲဖို့ ကျွန်တော်မှာအရည်အချင်းမပြည့်မီပါဘူး။ ကျွန်တော်အမေထားခဲ့တာကိုပြန်လို ချင်ရုံပါ ကျွန်တော် ဘာမှ ဂရုမစိုက်ပေမယ့် အမေရဲ့ပစ္စည်းတွေကိုတော့ တခြားသူတွေကို ပေးလို့မရဘူး။"

"မုရှောင်ခယ်!"

"မစားတော့ဘူး၊ ဖြည်းဖြည်းသုံးဆောင်ကြပါ"

မုရှောင်ခယ်သည် လက်ဟန်ခြေဟန်ပြပြီး အိတ်ကို ကောက်ယူကာ ထွက်ခွာသွားခဲ့သည်။

"ဖေဖေ၊ ကျွန်တော် လိုက်သွားလိုက်မယ်"

မုခိုင် က သူ့ကို ချက်ချင်း လိုက်သွားသည် ။

နှစ်ယောက်သား တံခါးဝမှာ ဆုံကြပြီး မုခိုင် က
မုရှောင်ခယ် ကို စားသောက်ဆိုင်အပြင်ဘက်ထောင့်သို့ တိုက်ရိုက်ဆွဲထုတ်လိုက်ပြီး

"မုရှောင်ခယ် ငါတို့ပြောသမျှကို ဖေဖေ့ကိုတောင် ပြန်ပြောရဲတယ် မင်းအဖေကို အခုကတည်းက မကြောက်တော့ဘူး ? မင်းကိုဘယ်တော့မှခွင့်လွှတ်မှာမဟုတ်တော့ဘူး"

မုရှောင်ခယ် က မုခိုင် ကို ဂရုမစိုက်ဘဲ ကြည့်ကာ

"သူငါ့ကို စွန့်လွှတ်ရင် ငါကငါ့အမေအိမ်မှာနေလို့ရတယ်"

"မင်းဘာကိုဆိုလိုတာလဲ?"

မုခိုင် သည် မုရှောင်ခယ် ၏ လက်ဟန်ပြဘာသာစကားကို ရှင်းရှင်းလင်းလင်းမြင်ပြီး မကျေမနပ် ရယ်ချင်မိသည်။ မုရှောင်ခယ်သည် အိမ်ကို ယုံကြည်မှုအပြည့်ဖြင့် ဘယ်လိုယူမလဲ?

"ဥပဒေကို မသိဘူးလား?ငါ့က အရွယ်မရောက်သေးလို့ ငါ့ရဲ့မိဘတွေက ငါ့ကို အသက် 18 နှစ်အထိ ပြုစုပျိုးထောင်ဖို့ တာဝန်ရှိတယ်။ အဲဒီအိမ်က ငါ့အမေ လက်မထပ်ခင်ကတည်းကဝယ်ထားတဲ့အတွက် အမွေဆက်ခံပိုင်ခွင့်ရှိသူက ကျွန်တော်ပဲ"

မုရှောင်ခယ် က မုခိုင် ရဲ့လက်ကို တွန်းဖယ်လိုက်ပြီး

"မင်းမကောင်းမှုတွေလုပ်တဲ့အခါ တရားဥပဒေရဲ့အကျိုးဆက်တွေကို မင်းစဉ်းစားနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်။ မင်းက အရွယ်ရောက်နေပြီပဲ"

နောက်ဆုံးတော့ မုခိုင် တစ်ယောက်တည်း စားသောက်ဆိုင်ကို ပြန်လာခဲ့ပြီး သားအဖနှစ်ယောက် စကားမပြောဖြစ်ကြတော့ဘူး။မုခိုင် က သူ့အဖေစိတ်ကျေနပ်အောင် သူ့အဖေအတွက် အစားအစာတွေအကြိမ်ပေါင်းများစွာထည့်ပေးနေပေမဲ့ သူ့အဖေကဖုန်းထဲကမုရှောင်ခယ် ပေးပို့တဲ့ မက်ဆေ့ကိုကြည့်နေတာကို မြင်လိုက်ရတယ်။

ထမင်းစားပြီးလို့စားသောက်ဆိုင်ကထွက်လာတော့ တတိယတန်းမှာ မိဘတွေ့ဆုံပွဲကအချိန်နီးနေပြီ။ မုခိုင် နှင့် မုရှောက်သည် လမ်းတစ်လျှောက်လုံး ပြန်လာခဲ့သည်။ လမ်းမှာ မုခိုင် က တုန်လှုပ်ချောက်ချားပြီး

"အဖေ၊ အဲ့ဒီအိမ်က ရှောင်ခယ် ရဲ့အမေပိုင်တဲ့အိမ်လား?"

မုရှောက်ယောင် သည်မုခိုင်ကိုသူ့မျက်လုးများက ဒေါသအပြည့်နှင့်ကြည့်လိုက်သည်။မုခိုင် သည် မိမိကိုယ်ကို အလွန်အပြစ်တင်ပြီး ပျော့ညံ့သော အပြုအမူဖြင့် ခေါင်းကို အမြန်ငုံ့လိုက်ပြီး

"ကျွန်တော် ရှောင်ခယ် ကို အရင်တစ်ခေါက် သွားကြည့်ဖူးပြီး ကျွန်တော်လည်းအဲဒီမှာ နေလို့ရမလားဆိုပြီး သူ့ကို မေးလိုက်တယ်။ကျွန်တော်သိပ်အများကြီး မတွေးပဲပြောခဲ့မိတာပါ"

"မင်း အပြင်မှာနေချင်ရင် မင်းအတွက် တခြားစီစဉ်ပေးမယ်လို့ ငါပြောခဲ့တယ် မဟုတ်လား၊ ဘာလို့ ဒီအိမ်ကိုပဲ နေချင်တာလဲ၊ မင်း ဒီအိမ်ကို တကယ်လိုချင်တာလား?"

မုခိုင် က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး

"မဟုတ်ဘူး၊ ကျွန်တော်..ကျွန်တော်.ကျောင်းမှာနေရတာ ပျင်းလို့ပါ တခြားရည်ရွယ်ချက်မရှိပါဘူး"

"ဒါကိုပြောမနေနဲ့တော့ သူ့အမေက ဒီအိမ်ကို အကြောင်းကြားထားပြီးသား ဒီအိမ်ကသူပိုင်တာပဲ"

မုခိုင်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ပြီး မုရှောင်ခယ် ပြောသည့်စကားသည် အမှန်ဖြစ်သွားခဲ့သည် ။ သူ့လက်သီးတွေကို ဆုပ်ကိုင်ထားလို့ မရလောက်အောင် ဒေါသထွက်နေခဲ့တယ်။

မုရှောင်ခယ် သည် ရှီဟွား Community သို့ တစ်ယောက်တည်း ပြန်လာခဲ့ပြီး သူ့ဗိုက်သည်ဆာလာကာ ဆိုဖာပေါ်တွင် ခိုကိုးရာမဲ့ လဲကျသွားသည်၊ ယခု ချက်ပြုတ်ရန် ခွန်အားမရှိတော့သော်လည်း သူသည်ဆာလောင်မှုကို မခံနိုင်ပါ။

ထိုအချိန်တွင် မိုးရွာလာသည်။

"ရှောင်ခယ်၊ မင်းအိမ်မှာလား?"

ချူဟန်၏ အသံသည် တံခါးအပြင်ဘက်တွင် ရှိနေသည်။မုရှောင်ခယိ သည် သူ့မျက်နှာပေါ်တွင် အပြုံးဖြင့် တံခါးဖွင့်ရန် ခုန်ဆင်းလိုက်သည်။ တံခါးကိုဖွင့်လိုက်သည်နှင့် အစားအစာတစ်ထုပ်ရဲ့အနံ့က သူ့နှာခေါင်းကို ပိတ်ဆို့ထားသည်။ ချူဟန်က ပြုံးပြီး အိတ်ကို ဖယ်လိုက်ပြီး

"စားပြီးပြီလား၊ စားချင်လား?"

မုရှောင်ခယ်ကပြင်းပြင်းထန်ထန်ခေါင်းငြိမ့်လိုက်ပြီး

"စားချင်တယ်!"

ချူဟန်က သူနဲ့အတူစားဖို့ ဝင်သွားတယ်။

"ဘာလို့ မနက်ကကျောင်းမသွားတာလဲ?"

မိဘတွေ့ဆုံပွဲဟာ ကျောင်းသားတွေစုပေါင်းပြီး ဒုက္ခရောက်နေတဲ့အချိန်ဖြစ်ပြီး ကျောင်းသားတချို့ကလည်း ဖျော်ဖြေတင်ဆက်မှုတွေကို ပြင်ဆင်ခဲ့ကြပါတယ်။မုရှောင်ခယ် သည် အောင်မြင်သောအတွေ့အကြုံများကို မျှဝေခြင်းတာဝန်ကို ထမ်းဆောင်သင့်သော်လည်း သူစကားမပြောနိုင်ဟု ယူဆသောကြောင့် ဤသည်မှာ တစ်ခုတည်းသောအကြောင်းပြချက်ဖြစ်ပြီး ထိုတာဝန်ကို လော်ကျားမင်ထံသို့ ပြောင်းလဲခဲ့သည်။

"မစ္စ Chen က မင်းကို မိဘတွေအကုန်လုံးနဲ့သိအောင် လုပ်ဖို့ ရည်ရွယ်ထားတာ။ မင်းမလာခဲ့တာ သနားစရာပဲ" တကယ်တော့ ကျွန်တော် စိတ်ရောဂါ ရှိတဲ့ကောလာဟလတွေကို ကိုယ်တိုင် အောင်နိုင်စေချင်ပေမယ့်မုရှောင်ခယ် ကတော့ သွားဖို့ ဝန်လေးနေပါတယ်။ ဆရာမများကလည်း ခိုကိုးရာမဲ့ ဖြစ်နေကြသည်။

"နောက်ထပ် ဆံညှပ်နှစ်ချောင်း ဒီဇိုင်းဆွဲဖို့ရှိသေးတယ်..."

မုရှောင်ခယ် လိမ်ညာလိုက်သည်။သူ့အဖေနဲ့ ရန်မဖြစ်ဖို့ အတန်းထဲ မသွားချင်တော့ဘူး

"တကယ်လား?"

ချူဟန်သည် ထိုအကြောင်းပြချက်ကိုမယုံပေ။ဘာကြောင့်လဲဆိုတော့mallတွင် မုရှောင်ခယ် နှင့် မုခိုင်အကြား အငြင်းပွားမှုကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။

"တကယ်"

မုရှောင်ခယ် က ပြုံးလိုက်ပြီး ချူဟန် ကို အကူညီမဲ့စွာဖြင့်

"ဆရာ၊ ကျွန်တော့်မိသားစုက ဆံညှပ်ဆက်မလုပ်ဖို့ တားရင် ကျွန်တော်ဘာလိုလုပ်ရမလဲ?"

"ဒါဆို သူတို့ပြောစရာမရှိအောင် ပိုကောင်းအောင်လုပ်ပြလိုက်"

ချူဟန်က ထုံးစံအတိုင်း ပြောလေ့ရှိသော်လည်း
မုရှောင်ခယ် က ချူဟန်၏ မျက်လုံးများတွင် စူးရှသော ယုံကြည်မှုနှင့် ဆုံးဖြတ်ချက်ကို မြင်နိုင်သည်။

"ကောင်းပါပြီ!"

......................

Words - 2788

ဒီနေ့စိတ်အခြေအနေမကောင်းဘူးကွယ်..🥀🥀
ခွေး​တွေလူကိုပြန်သတ်နေကြတယ်🥀🥀

ကလစ်ပေးကြပါ🙏🏻

Zawgyi

မုေရွာင္ခယ္သည္ ဘယ္မွ မသြားဘဲအိမ္တြင္ေနၿပီး မုေရွာက္ေယာင္၏ တုံ႕ျပန္မႈကို ေစာင့္ဆိုင္းေနခဲ့သည္။

မြန္းတည့္ဆယ့္ႏွစ္နာရီတြင္ မုေရွာက္ေယာင္သည္ေနာက္ဆုံးတြင္ဖုန္းဆက္လာခဲ့သည္။ မုေရွာင္ခယ္ကေစာင့္ေနခဲ့ၿပီး မုေရွာက္ေယာင္၏မ်က္ႏွာေပၚရွိအၿပဳံးသည္ သူ႕ကိုအံ့အားသင့္ေစခဲ့သည္။

" ေဖေဖ မင္းရဲ႕ေက်ာင္းအုပ္ဆရာမနဲ႕ စကားေျပာေနတာၾကာၿပီ။ မင္းအဆင္ေျပသြားၿပီလို႔ ေျပာလိုက္တယ္။ ဒီတစ္ခါ စာေမးပြဲက အရမ္းေကာင္းတယ္၊ မင္းဘာလို႔ အေဖ့ကို ႀကိဳမေျပာတာလဲ လာ သြားရေအာင္ ေဖေဖ မင္းကို ညစာလိုက္ေကြၽးမယ္"

မုေရွာင္ခယ္ အံ့အားသင့္သြားသည္ယသူ႕အေဖက ဘာေျပာလိုက္တာလဲ?ဘာလို႔ သူနဲ႕ ညစာသြားစားခ်င္တာလဲ? သူဘာလို႔ဒီေလာက္ေပ်ာ္ေနတာလဲ? ဆံညွပ္ေတြ လွ်ို႔ဝွက္ၿပီးလုပ္တာကို သူ႕အေဖ မသိဘူးလား? မျဖစ္နိုင္ဘူး မုခိုင္ အခုအခ်ိန္အထိ မေျပာဘဲ ဘယ္လိုမွေနနိုင္မွာမဟုတ္ဘူး။ဘယ္လိုအေျခအေနႀကီးလဲ?

"ေရွာင္ခယ္?"

မုေရွာက္ေယာင္ က ဘာမွမသိေသးတဲ့အၾကည့္ေတြနဲ႕သူ႕ကိုၾကည့္သည္။

"ကြၽန္ေတာ္သိၿပီ..ေအာက္ဆင္းရေအာင္"

မုေရွာင္ခယ္သည္ မုေရွာက္ေယာင္ကို အလ်င္အျမန္ရွာလိုက္ၿပီး ေက်ာင္းတံခါးဝသို႔ေရာက္ေသာအခါ
မုေရွာက္ေယာင္ ႏွင့္ မုခိုင္ တို႔သည္ လမ္းေဘးတြင္ သူ႕ကိုေစာင့္ေနၾကသည္။

မုခိုင္ က သူ႕ကို ၿပဳံးျပေသာ္လည္း မုေရွာင္ခယ္က ထိတ္လန႔္သြားသည္ ။

မုေရွာက္ေယာင္သည္ ညီအစ္ကိုႏွစ္ေယာက္ကို အနီးနားရွိ စားေသာက္ဆိုင္သို႔ ေခၚသြားသည္။
သားအဖႏွစ္ေယာက္ စားေသာက္ဆိုင္ကို ေရာက္တဲ့အခါ မုခိုင္က စတင္လႈပ္ရွားလာခဲ့တယ္။

"အေဖ ဒါကိုၾကည့္ပါ"

မုေရွာက္ေယာင္သည္ မုခိုင္ ၏ ဆဲလ္ဖုန္းကိုယူ၍ၿပီးေသေသခ်ာခ်ာၾကည့္သည္။ ၎သည္ ယခင္က မုေရွာင္ခယိ လုပ္ခဲ့ေသာ agate hosta ဆံညွပ္တစ္ခု၏ ဓာတ္ပုံျဖစ္သည္။ မုေရွာင္ခယ္သည္
မုေရွာက္ေယာင္ ၏ေဘးတြင္ထိုင္ကာ သူ႕လုပ္ထားတဲ့ဆံညွပ္ပုံကို တစ္ခ်က္ၾကည့္လိုက္သည္။
မုေရွာင္ခယ္က မုခိုင္ ကို ၾကည့္လိုက္ေတာ့ မုခိုင္က သူ႕ပါးစပ္ေထာင့္ကို ျမႇောက္လိုက္ၿပီး အရမ္းဂုဏ္ယူေနတယ္။

"ဆံညွပ္တစ္ခုပဲ မဟုတ္လား၊ ဘာကအရမ္းေကာင္းလို႔လဲ?"

"အေဖမသိဘူးလား ဒီဆံညွပ္ကေသးငယ္တဲ့အရာေတြနဲ႕လုပ္ထားတာ ဒါကိုအင္တာနက္သီးခ်င္းဆိုေနတဲ့နာမည္ႀကီးတစ္ေယာက္က ဝယ္လိုက္တာ အင္တာနက္မွာ နည္းနည္းေလးေတာ့ၾကာေနၿပီ"

လို႔ မုခိုင္က ေလသံခပ္ေဖ်ာ့ေဖ်ာ့ေလးနဲ႕ေျပာလာသည္။ သူ႕ၾကည့္ရတာေပ်ာ္ေနသလိုပါပဲ။

သို႔ေသာ္ ဤေလသံက မုေရွာက္ေယာင္ ကို ပို၍ စိတ္မသက္မသာျဖစ္ေစလိမ့္မည္

"ေရွာင္ခယ္ မင္းအစ္ကိုေျပာတာ အမွန္ပဲလား?"

မုေရွာင္ခယ္ က ဒါကို မျငင္းဘဲ ေခါင္းညိတ္ျပၿပီး

"ဒါလုပ္ရတာကို ႀကိဳက္တယ္ "

လို႔ လက္ဟန္ျပၿပီးေျပာလိုက္သည္။

"မင္းကဒီလိုလုပ္ရတာႀကိဳက္တယ္!? မင္းက ေယာက္်ားေလးေလ ဒီလိုအရာေတြကိုဘယ္လိုလုပ္လုပ္တတ္မွာလဲ! မင္းဟာ ခက္ခက္ခဲခဲ စာက်က္ေနရမွန္းသိလ်က္နဲ႕ ဉာဏ္ေကာင္းတယ္လို႔ ငါထင္ခဲ့တယ္၊ မလိုအပ္တဲ့အရာေတြလုပ္ဖို႔ သီးသန႔္အခ်ိန္ျဖဳန္းေနေသးတယ္!"

" ေဖေဖ၊ စိတ္မဆိုးပါနဲ႕ စိတ္ေအးေအးထားပါ ေရွာင္ခယ္က သူ႕ရဲ႕ဝါသနာနည္းနည္းေလးကို ပ်ိဳးေထာင္ေနတာ ဟုတ္တယ္၊ သူ႕ရဲ႕ေလ့လာမႈကို ထိခိုက္နိုင္မွာေတာ့ မဟုတ္ပါဘူး တစ္ေယာက္တည္းေနတာေတာင္ စာေမးပြဲမွာ အမွတ္ေကာင္းေကာင္းရတာ အေဖျမင္ပါတယ္။ဒါကအခ်ိန္ေကာင္းျဖစ္မွာပါ.."

"ဘယ္အခ်ိန္ကတည္းကစီစဥ္ထားတာလဲ ငါတို႔ကိုမေျပာဘဲ ဒီအရာေတြလုပ္ဖို႔အတြက္ တစ္ေယာက္တည္းေနခ်င္တယ္၊ မင္းအိမ္မျပန္တာ အံ့ၾသစရာမရွိေတာ့ပါဘူး၊ မင္းကဒီကိစၥအတြက္ အခ်ိန္ျဖဳန္းေနတာပဲ"

မုေရွာင္ခယ္ တိတ္တဆိတ္နားေထာင္ေနလိုက္သည္။သူ ဝမ္းနည္းသင့္လား ဝမ္းမနည္းသင့္ဘူးလားဆိုတာမသိေတာ့ပါ။ မုေရွာက္ေယာင္၏ တုံ႕ျပန္မႈကို ေမွ်ာ္လင့္ထားၿပီးသားပါ။သူ႕အေဖကထူးဆန္းၿပီး ႐ုပ္ရည္ေခ်ာေမာတဲ့လူပါ။

အစ္ကိုေကာင္းတစ္ေယာက္အတြက္၊ ဒီအေဖက အလိုလိုက္ၿပီး ၊ သူ႕လိုသာမာန္လူအတြက္ ဒီအေဖက လ်စ္လ်ဴရႈနိုင္သလို ၿငီးေငြ႕နိုင္ပါတယ္။ ထို႔ေၾကာင့္ ယခင္ဘဝတြင္ သူသည္ Rong မိသားစု၏ ရင္းႏွီးျမဳပ္ႏွံမႈအတြက္ လဲလွယ္ရန္အတြက္ Rong မိသားစုရဲ႕ သားနဲ႕လက္ထပ္ခဲ့ရသည္။

မုေရွာင္ခယ္က

"ကြၽန္ေတာ့္အေမလုပ္ခဲ့တဲ့ အလုပ္ေတြကို အေမြဆက္ခံခ်င္ပါတယ္"

ဟု စာရိုက္ျခင္းျဖင့္ ၎၏ခံစားခ်က္ကို ေဖာ္ျပခဲ့သည္။

ဆယ္ႏွစ္ၾကာၿပီးေနာက္တြင္ သူသည္ သူ႕အေမအေၾကာင္းကို ျပန္ေျပာျပၿပီး သူ႕အေဖ၏ ရယ္စရာေကာင္းေသာ ဂုဏ္သိကၡာကို ဂ႐ုမစိုက္ေတာ့ပဲ အတိတ္က ဒဏ္ရာမ်ားကို တိုက္ရိုက္ေဖာ္ထုတ္ခဲ့သည္။လူတိုင္း နာက်င္ေနသည့္အခါမွသာ သူ႕အေဖသည္ အေလးနက္ထားရေကာင္းမွန္းသိလာမည္ျဖစ္သည္။

"မင္း ဘာအေၾကာင္းေျပာေနတာလဲ?!"

မုေရွာက္ေယာင္သည်တုန္လႈပ္သြားသည္။ ႏွစ္အေတာ္ၾကာၿပီးေနာက္တြင္ ကြယ္လြန္သြားေသာ ဇနီးသည္အား သူသည္မ်က္ႏွာမျပနိုင္ေလာက္ေအာင္ အရွက္ကြဲသြားေသာေၾကာင့္သူမအေၾကာင္း ထပ္မံေျပာဆိုရန္ ခဲယဥ္းသြားခဲ့သည္။

ထိုအခ်ိန္က မုေရွာက္ေယာင္ သည္ သူ႕အက်ိဳးအတြက္ သူ႕ဇနီးႏွင့္ သားသမီးမ်ားကို ကယ္ဆယ္ရန္ စြန႔္လႊတ္လုနီးပါးျဖစ္ၿပီး ျပန္ေပးဆြဲသူမ်ားသည္ ဇနီးျဖစ္သူကို သတ္ၿပီး ကေလးမ်ားကို ညွဥ္းပန္းႏွိပ္စက္ရန္ ခြင့္ျပဳခဲ့သည္။ ထိုအခ်ိန္က ရဲမ်ား၏အရွိန္ေၾကာင့္ မဟုတ္ပါက မုေရွာင္ခယ္သည္ လည္းသူ႕အေမႏွင့္အတူ ေသဆုံးသြားေပလိမ့္မည္။

အဲဒီေနာက္မွာေတာ့ မုေရွာင္ခယ္ ဟာ ႏွစ္အေတာ္ၾကာ စကားမေျပာနိုင္တဲ့အတြက္ သူ႕အေမကို မေခၚနိုင္ခဲ့ပါဘူး။ သူ အသိဥာဏ္ရွိေသာအခါမုေရွာင္ခယ္သည္ သူ႕အေမ ဆုံးပါးသြားၿပီး သူ႕အေဖ ဝမ္းနည္းေနမွန္း သိေသာေၾကာင့္ *သူ႕အေမကို ေျပာျပခဲသည္။
(* ေျပာျပတယ္ဆိုတာဟိုလိုေနာ္ ဂူေရွ႕မွာစကားေျပာတယ္တို႔အဲ့လိုပါ)

ဒါေပမယ့္ ဒီလိုပါပဲ၊ မုမိသားစုထဲက လူတိုင္းက သူတို႔မွာ ဒီလို အိမ္ရွင္မမ်ိဳး တစ္ခါမွ မရွိခဲ့ဘူးလို႔ တိတ္တဆိတ္ ယူဆသြားၾကၿပီး ဘယ္သူ႕မွလည္း မေမးခဲ့ၾကပါဘူး။

သို႔ေသာ္ မုေရွာက္ေယာင္ သည္ ငွားရမ္းထားေသာ အလုပ္သမားမ်ားကသာ မသိေၾကာင္း ေမ့ထားနိုင္သည္။ မုေရွာင္ခယ္ သာလွ်င္ သူ႕အေမကို မစြန႔္လႊတ္နိုင္ပါ။ထို႔ေၾကာင့္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ သူ႕အေမေၾကာင့္ မုေရွာင္ခယ္ သာ ဒုကၡေရာက္ခဲ့ရသည္။မုခိုင္ ကေတာ့ မုခိုင္ ကိုယ္တိုင္ေျပာသလိုပဲ မုေရွာင္ခယ္ ရဲ႕အေမကိုမုန္းတီးေနတယ္။မုခိုင္ သည္တရားမ၀င္ကေလးျဖစ္သည္။မုေရွာင္ေယာင္ ႏွင့္ မုေရွာင္ခယ္ ၏မိခင္အိမ္ေထာင္မျပဳမီကေမြးဖြားထားေသာတရားမ၀င္ကေလးျဖစ္ၿပီး မုေရွာက္ေယာင္ မွႏွစ္ေပါင္းမ်ားစြာဖုံးကြယ္ထားေသာတရားမ၀င္ေသာကေလးျဖစ္သည္။

မုေရွာင္ခယ္ သည္ မုခိုင္ အိမ္ကိုေရာက္လာတုန္းအေျခအေနကို မွတ္မိေနေသးသည္။ သူ႕အေဖက သူ႕ထက္ ႏွစ္ႏွစ္ႀကီးတဲ့ကေလးကို ေခၚလာၿပီး ဒီကေလးက သူ႕ကေလးပါလို႔ သူ႕အေမရဲ႕ ေမြးေန႕ပါတီမွာ က႐ုဏာမရွိ လူသိရွင္ၾကား ဝန္ခံခဲ့သည္ အဲဒီေနာက္မွာေတာ့ သူ႕အေဖနဲ႕အေမက အဆုံးမရွိ ရန္ျဖစ္ပါေတာ့တယ္။ အဲဒီေနာက္မွာေတာ့ သူနဲ႕ သူ႕အေမ အတူတူ ျပန္ေပးဆြဲခံခဲ့ရၿပီး သူ႕အေမက သူ႕ကို ထာဝရ ထားခဲ့တယ္။

မုခိုင္မေရာက္ရွိလာပါက၊ သူ႕အေမသည္ သူ႕အေဖႏွင့္ ရန္ျဖစ္မည္မဟုတ္သလို မု အိမ္ကိုလည္း ထားခဲ့မွာမဟုတ္ပဲ ရန္သူမ်ား၏ ျပန္ေပးဆြဲျခင္းကိုလည္း ခံရမည္မဟုတ္ေပ။သူ႕မိခင္ေသဆုံးမႈအတြက္ မုေရွာင္ခယ္ က မုေရွာက္ေယာင္ ႏွင့္ မုခိုင္ ကို အျပစ္တင္ခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ သူတို႔သည္ မိမိတို႔အတြက္ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနပုံရသည္။ ငယ္ငယ္တုန္းကေတာ့ သူ႕မွာဒီေဆြမ်ိဳးႏွစ္ေယာက္ပဲရွိတယ္။ တျဖည္းျဖည္းနဲ႕ အရင္ကလို သူတို႔နဲ႕ ျပန္လည္သင့္ျမတ္ခဲ့ပါတယ္။ ၿပီးေတာ့ ဒီအလြန္လွပတဲ့ အကိုႀကီးကိုလည္း အားကိုးေသးတယ္။

သို႔ေသာ္လည္း သူ႕မွီခိုအားထားမႈသည္ တြက္ခ်က္မႈမ်ားႏွင့္ လဲလွယ္လိုက္သည္.။သူသည္မုခိုင္ ႏွင့္ brother-in-law အျဖစ္ မည္သည့္အခါမွ် မကစားေတာ့ေပ။ သူေကာင္းေကာင္းေနနိုင္သေ႐ြ႕ သူ႕အေဖ၏မ်က္ႏွာကို လည္းဂ႐ုမစိုက္ေတာ့ဘူး!

"မင္း...မင္းဘာေျပာလိုက္တာလဲ"

မုေရွာက္ေယာင္သည္ မုေရွာင္ခယ္ ၏မ်က္လုံးမ်ားအၾကည့္မ်ားက သူကို ဓားျဖင့္ထိုးခံရသလိုခံစားရေစသည္။ မုေရွာင္ခယ္ သည္ 10 ႏွစ္နီးပါးေသဆုံးသြားခဲ့ေသာသူ၏မိခင္ကိုအလြန္ဂ႐ုစိုက္ၿပီးသူမ၏အသက္ေမြးဝမ္းေက်ာင္းကိုပင္အေမြဆက္ခံလိုေၾကာင္းသူမယုံနိုင္ပါ။ ဒါက ဘယ္လိုျဖစ္တာလဲ?

"ကြၽန္ေတာ္က စီမံခန႔္ခြဲေရးကုမၸဏီကို စိတ္မဝင္စားဘူး၊ ဒါေၾကာင့္ မိသားစုပိုင္ဆိုင္မႈအတြက္ မုခိုင္ နဲ႕ လိုက္ၿပိဳင္မေနဘူး။ အေမက်န္ခဲ့တဲ့အိမ္ကလႊဲလို႔ မုမိသားစုဆီက ဘာကိုမွ မလိုခ်င္ဘူးလို႔လည္းမုခိုင္ ကိုေျပာခဲ့ၿပီးၿပီ။ ဒါေပမယ့္ မုခိုင္က ဒီအိမ္ကိုလည္းသူယူမယ္လို႔ ေျပာခဲ့တယ္၊ သူက ငါ့ကို ဘာမွမလုပ္တက္တဲ့လူ ငါ့ကို အသုံးမက်တဲ့လူျဖစ္ေအာင္
လုပ္ေနတယ္"

မုေရွာင္ခယ္ သည္ ထိုစကားလုံးမ်ားကို စာရိုက္ၿပီးေသာအခါတြင္၊ သူသည္ သူတို႔ ၃ ေယာက္ရွိသည့္ မိသားစုchat group ထံသို႔ တိုက္ရိုက္ေပးပို႔ခဲ့သည္။မုခိုင္ က သူတို႔ကို တားဖို႔ ေနာက္က်သြားၿပီ။

"မုေရွာင္ခယ္ မင္းဘာလုပ္ေနတာလဲ?၊ မင္း အ႐ြယ္မေရာက္ခင္ လမ္းခြဲခ်င္တာလား"

မုေရွာင္ခယ္က ေအးေဆးတည္ၿငိမ္စြာ မက္ေဆ့ခ်္ပို႔လိုက္သည္

"အေဖ့ရဲ႕အိမ္ကို ေဝခြဲဖို႔ ကြၽန္ေတာ္မွာအရည္အခ်င္းမျပည့္မီပါဘူး။ ကြၽန္ေတာ္အေမထားခဲ့တာကိုျပန္လို ခ်င္႐ုံပါ ကြၽန္ေတာ္ ဘာမွ ဂ႐ုမစိုက္ေပမယ့္ အေမရဲ႕ပစၥည္းေတြကိုေတာ့ တျခားသူေတြကို ေပးလို႔မရဘူး။"

"မုေရွာင္ခယ္!"

"မစားေတာ့ဘူး၊ ျဖည္းျဖည္းသုံးေဆာင္ၾကပါ"

မုေရွာင္ခယ္သည္ လက္ဟန္ေျခဟန္ျပၿပီး အိတ္ကို ေကာက္ယူကာ ထြက္ခြာသြားခဲ့သည္။

"ေဖေဖ၊ ကြၽန္ေတာ္ လိုက္သြားလိုက္မယ္"

မုခိုင္ က သူ႕ကို ခ်က္ခ်င္း လိုက္သြားသည္ ။

ႏွစ္ေယာက္သား တံခါးဝမွာ ဆုံၾကၿပီး မုခိုင္ က
မုေရွာင္ခယ္ ကို စားေသာက္ဆိုင္အျပင္ဘက္ေထာင့္သို႔ တိုက္ရိုက္ဆြဲထုတ္လိုက္ၿပီး

"မုေရွာင္ခယ္ ငါတို႔ေျပာသမွ်ကို ေဖေဖ့ကိုေတာင္ ျပန္ေျပာရဲတယ္ မင္းအေဖကို အခုကတည္းက မေၾကာက္ေတာ့ဘူး ? မင္းကိုဘယ္ေတာ့မွခြင့္လႊတ္မွာမဟုတ္ေတာ့ဘူး"

မုေရွာင္ခယ္ က မုခိုင္ ကို ဂ႐ုမစိုက္ဘဲ ၾကည့္ကာ

"သူငါ့ကို စြန့္လႊတ္ရင္ ငါကငါ့အေမအိမ္မွာေနလို႔ရတယ္"

"မင္းဘာကိုဆိုလိုတာလဲ?"

မုခိုင္ သည္ မုေရွာင္ခယ္ ၏ လက္ဟန္ျပဘာသာစကားကို ရွင္းရွင္းလင္းလင္းျမင္ၿပီး မေက်မနပ္ ရယ္ခ်င္မိသည္။ မုေရွာင္ခယ္သည္ အိမ္ကို ယုံၾကည္မႈအျပည့္ျဖင့္ ဘယ္လိုယူမလဲ?

"ဥပေဒကို မသိဘူးလား?ငါ့က အ႐ြယ္မေရာက္ေသးလို႔ ငါ့ရဲ႕မိဘေတြက ငါ့ကို အသက္ 18 ႏွစ္အထိ ျပဳစုပ်ိဳးေထာင္ဖို႔ တာဝန္ရွိတယ္။ အဲဒီအိမ္က ငါ့အေမ လက္မထပ္ခင္ကတည္းကဝယ္ထားတဲ့အတြက္ အေမြဆက္ခံပိုင္ခြင့္ရွိသူက ကြၽန္ေတာ္ပဲ"

မုေရွာင္ခယ္ က မုခိုင္ ရဲ႕လက္ကို တြန္းဖယ္လိုက္ၿပီး

"မင္းမေကာင္းမႈေတြလုပ္တဲ့အခါ တရားဥပေဒရဲ႕အက်ိဳးဆက္ေတြကို မင္းစဥ္းစားနိုင္မယ္လို႔ ငါေမွ်ာ္လင့္ပါတယ္။ မင္းက အ႐ြယ္ေရာက္ေနၿပီပဲ"

ေနာက္ဆုံးေတာ့ မုခိုင္ တစ္ေယာက္တည္း စားေသာက္ဆိုင္ကို ျပန္လာခဲ့ၿပီး သားအဖႏွစ္ေယာက္ စကားမေျပာျဖစ္ၾကေတာ့ဘူး။မုခိုင္ က သူ႕အေဖစိတ္ေက်နပ္ေအာင္ သူ႕အေဖအတြက္ အစားအစာေတြအႀကိမ္ေပါင္းမ်ားစြာထည့္ေပးေနေပမဲ့ သူ႕အေဖကဖုန္းထဲကမုေရွာင္ခယ္ ေပးပို႔တဲ့ မက္ေဆ့ကိုၾကည့္ေနတာကို ျမင္လိုက္ရတယ္။

ထမင္းစားၿပီးလို႔စားေသာက္ဆိုင္ကထြက္လာေတာ့ တတိယတန္းမွာ မိဘေတြ႕ဆုံပြဲကအခ်ိန္နီးေနၿပီ။ မုခိုင္ ႏွင့္ မုေရွာက္သည္ လမ္းတစ္ေလွ်ာက္လုံး ျပန္လာခဲ့သည္။ လမ္းမွာ မုခိုင္ က တုန္လႈပ္ေခ်ာက္ခ်ားၿပီး

"အေဖ၊ အဲ့ဒီအိမ္က ေရွာင္ခယ္ ရဲ႕အေမပိုင္တဲ့အိမ္လား?"

မုေရွာက္ေယာင္ သည္မုခိုင္ကိုသူ႕မ်က္လုးမ်ားက ေဒါသအျပည့္ႏွင့္ၾကည့္လိုက္သည္။မုခိုင္ သည္ မိမိကိုယ္ကို အလြန္အျပစ္တင္ၿပီး ေပ်ာ့ညံ့ေသာ အျပဳအမူျဖင့္ ေခါင္းကို အျမန္ငုံ႕လိုက္ၿပီး

"ကြၽန္ေတာ္ ေရွာင္ခယ္ ကို အရင္တစ္ေခါက္ သြားၾကည့္ဖူးၿပီး ကြၽန္ေတာ္လည္ယအဲဒီမွာ ေနလို႔ရမလားဆိုၿပီး သူ႕ကို ေမးလိုက္တယ္။ကြၽန္ေတာ္သိပ္အမ်ားႀကီး မေတြးပဲေျပာခဲ့မိတာပါ"

"မင္း အျပင္မွာေနခ်င္ရင္ မင္းအတြက္ တျခားစီစဥ္ေပးမယ္လို႔ ငါေျပာခဲ့တယ္ မဟုတ္လား၊ ဘာလို႔ ဒီအိမ္ကိုပဲ ေနခ်င္တာလဲ၊ မင္း ဒီအိမ္ကို တကယ္လိုခ်င္တာလား?"

မုခိုင္ က သူ႕လက္ကို အျမန္ေဝွ႕ယမ္းလိုက္ၿပီး

"မဟုတ္ဘူး၊ ကြၽန္ေတာ္..ကြၽန္ေတာ္.ေက်ာင္းမွာေနရတာ ပ်င္းလို႔ပါ တျခားရည္႐ြယ္ခ်က္မရွိပါဘူး"

"ဒါကိုေျပာမေနနဲ႕ေတာ့ သူ႕အေမက ဒီအိမ္ကို အေၾကာင္းၾကားထားၿပီးသား ဒီအိမ္ကသူပိုင္တာပဲ"

မုခိုင္သည္ ခ်က္ခ်င္းပင္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး မုေရွာင္ခယ္ ေျပာသည့္စကားသည္ အမွန္ျဖစ္သြားခဲ့သည္ ။ သူ႕လက္သီးေတြကို ဆုပ္ကိုင္ထားလို႔ မရေလာက္ေအာင္ ေဒါသထြက္ေနခဲ့တယ္။

မုေရွာင္ခယ္ သည္ ရွီဟြား Community သို႔ တစ္ေယာက္တည္း ျပန္လာခဲ့ၿပီး သူ႕ဗိုက္သည္ဆာလာကာ ဆိုဖာေပၚတြင္ ခိုကိုးရာမဲ့ လဲက်သြားသည္၊ ယခု ခ်က္ျပဳတ္ရန္ ခြန္အားမရွိေတာ့ေသာ္လည္း သူသည္ဆာေလာင္မႈကို မခံနိုင္ပါ။

ထိုအခ်ိန္တြင္ မိုး႐ြာလာသည္။

"ေရွာင္ခယ္၊ မင္းအိမ္မွာလား?"

ခ်ဴဟန္၏ အသံသည္ တံခါးအျပင္ဘက္တြင္ ရွိေနသည္။မုေရွာင္ခယိ သည္ သူ႕မ်က္ႏွာေပၚတြင္ အၿပဳံးျဖင့္ တံခါးဖြင့္ရန္ ခုန္ဆင္းလိုက္သည္။ တံခါးကိုဖြင့္လိုက္သည္ႏွင့္ အစားအစာတစ္ထုပ္ရဲ႕အနံ႕က သူ႕ႏွာေခါင္းကို ပိတ္ဆို႔ထားသည္။ ခ်ဴဟန္က ၿပဳံးၿပီး အိတ္ကို ဖယ္လိုက္ၿပီး

"စားၿပီးၿပီလား၊ စားခ်င္လား?"

မုေရွာင္ခယ္ကျပင္းျပင္းထန္ထန္ေခါင္းၿငိမ့္လိုက္ၿပီး

"စားခ်င္တယ္!"

ခ်ဴဟန္က သူနဲ႕အတူစားဖို႔ ဝင္သြားတယ္။

"ဘာလို႔ မနက္ကေက်ာင္းမသြားတာလဲ?"

မိဘေတြ႕ဆုံပြဲဟာ ေက်ာင္းသားေတြစုေပါင္းၿပီး ဒုကၡေရာက္ေနတဲ့အခ်ိန္ျဖစ္ၿပီး ေက်ာင္းသားတခ်ိဳ႕ကလည္း ေဖ်ာ္ေျဖတင္ဆက္မႈေတြကို ျပင္ဆင္ခဲ့ၾကပါတယ္။မုေရွာင္ခယ္ သည္ ေအာင္ျမင္ေသာအေတြ႕အႀကဳံမ်ားကို မွ်ေဝျခင္းတာဝန္ကို ထမ္းေဆာင္သင့္ေသာ္လည္း သူစကားမေျပာနိုင္ဟု ယူဆေသာေၾကာင့္ ဤသည္မွာ တစ္ခုတည္းေသာအေၾကာင္းျပခ်က္ျဖစ္ၿပီး ထိုတာဝန္ကို ေလာ္က်ားမင္ထံသို႔ ေျပာင္းလဲခဲ့သည္။

"မစၥ Chen က မင္းကို မိဘေတြအကုန္လုံးနဲ႕သိေအာင္ လုပ္ဖို႔ ရည္႐ြယ္ထားတာ။ မင္းမလာခဲ့တာ သနားစရာပဲ" တကယ္ေတာ့ ကြၽန္ေတာ္ စိတ္ေရာဂါ ရွိတဲ့ေကာလာဟလေတြကို ကိုယ္တိုင္ ေအာင္နိုင္ေစခ်င္ေပမယ့္မုေရွာင္ခယ္ ကေတာ့ သြားဖို႔ ဝန္ေလးေနပါတယ္။ ဆရာမမ်ားကလည္း ခိုကိုးရာမဲ့ ျဖစ္ေနၾကသည္။

"ေနာက္ထပ္ ဆံညွပ္ႏွစ္ေခ်ာင္း ဒီဇိုင္းဆြဲဖို႔ရွိေသးတယ္..."

မုေရွာင္ခယ္ လိမ္ညာလိုက္သည္။သူ႕အေဖနဲ႕ ရန္မျဖစ္ဖို႔ အတန္းထဲ မသြားခ်င္ေတာ့ဘူး

"တကယ္လား?"

ခ်ဴဟန္သည္ ထိုအေၾကာင္းျပခ်က္ကိုမယုံေပ။ဘာေၾကာင့္လဲဆိုေတာ့mallတြင္ မုေရွာင္ခယ္ ႏွင့္ မုခိုင္အၾကား အျငင္းပြားမႈကို ေတြ႕လိုက္ရေသာေၾကာင့္ျဖစ္သည္။

"တကယ္"

မုေရွာင္ခယ္ က ၿပဳံးလိုက္ၿပီး ခ်ဴဟန္ ကို အကူညီမဲ့စြာျဖင့္

"ဆရာ၊ ကြၽန္ေတာ့္မိသားစုက ဆံညွပ္ဆက္မလုပ္ဖို႔ တားရင္ ကြၽန္ေတာ္ဘာလိုလုပ္ရမလဲ?"

"ဒါဆို သူတို႔ေျပာစရာမရွိေအာင္ ပိုေကာင္းေအာင္လုပ္ျပလိုက္"

ခ်ဴဟန္က ထုံးစံအတိုင္း ေျပာေလ့ရွိေသာ္လည္း
မုေရွာင္ခယ္ က ခ်ဴဟန္၏ မ်က္လုံးမ်ားတြင္ စူးရွေသာ ယုံၾကည္မႈႏွင့္ ဆုံးျဖတ္ခ်က္ကို ျမင္နိုင္သည္။

"ေကာင္းပါၿပီ!"

......................

Words - 2788

ဒီေန႕စိတ္အေျခအေနမေကာင္းဘူးကြယ္..🥀
ေခြးေတြလူကိုျပန္သတ္ေနၾကတယ္🥀🥀

ကလစ္ေပးၾကပါ🙏

Continue Reading

You'll Also Like

1.5M 188K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
58.3K 8.5K 41
လင္းယုတုန္သည္ရွစ္နွစ္ၾကာတြဲခဲ႔ေသာခ်စ္သူကကိုးထပ္မွတြန္းခ်ခံရၿပီးေနာက္လြန္ခဲ႔ေသာရွစ္နွစ္တြင္ျပန္လည္ေမြးဖြားလာသည့္အခါသူရဲ႕အမွားတြကိုဘယ္လိုျပင္ဆင္ခြင့္ရၿ...
199K 23K 70
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...