ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မ...

By D_Yayy_Nine

341K 32.5K 1.4K

သုံးပွင့်ဆိုင်ဝတ္ထုထဲကို ကူးပြောင်းခံလိုက်ရပြီးနောက်..... နှိုင်းအမြုတေ - "စနိုက်ကြော်နဲ့ခြံခုန်နွားကို မှတ်လ... More

Intro
ဇာတ်ကောင်မိတ်ဆက်
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Characterရှင်းတမ်း
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Characters and their Birthdays
Chapter-28
Chapter-29
Chapter-30
Chapter-31
Special Episode
I want to apologize
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44 (Finale)
ကျေးဇူးတင်လွှာ
Extra: အဆိုးထဲက အဆိုးများ
Extra: Paing x Hlwar

Chapter-20

6.1K 635 35
By D_Yayy_Nine

Unicode Version

"သားပြောထားသလိုပဲ။ ပိုင်စိုးမိုးသူရဲ့ခြေလှမ်းတွေက ထူးဆန်းနေတယ်။ သား​ပြောတဲ့ကောင်လေးရဲ့မိသားစုနဲ့ ပြိုင်ဖက်ဖြစ်နိုင်ချေရှိသမျှ အဖွဲ့အစည်းတွေနဲ့တိတ်တဆိတ်တွေ့ဆုံမှုတွေရှိတယ်"

သူ့အဖေက သူအကူအညီတောင်းထားသည့်ကိစ္စမှာ သတင်းအစအနလေးများရလေတိုင်း သူ့အား အသိပေးသည်ဖြစ်ရာ ယခုတစ်ခေါက်လည်း သတင်းရရချင်း သေချာစစ်ဆေးပြီးသည်နှင့် ဖုန်းဆက်ကာ သူ့ဆီကိုသတင်းပို့ပေးခြင်းပင်။

"အဲ့ဒီနိုင်ငံရေးကိစ္စတွေ ကျွန်တော်နားမလည်ဘူး။ ဘာအဓိပ္ပါယ်လဲဆိုတာကိုသာ ပြောပြပါ"

သူ့အဖေ၏ကွေ့ဝိုက်နေသော စကားတို့၏အသွားအလာကို မခန့်မှန်းတတ်၍ တည့်တိုးပြောရန်သာ တောင်းဆိုလိုက်ရာ သူ့အဖေဘက်ကလည်း မတိုင်မီကထက် ပိုလေးနက်သောလေသံဖြင့် ပြန်ဖြေလာသည်။

"အဓိပ္ပါယ်က သူတို့ နိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့ကိစ္စတစ်ခုခုမှာ ပြဿနာရှာလိမ့်မယ်။ ပြီးရင် အဲ့ဒါကိုအကြောင်းပြုပြီး လူထုအုံကြွမှုတစ်ခုကိုဖန်တီးမှာ"

လူထုအုံကြွမှုတစ်ခု..။ စာအုပ်ထဲမှာ တကယ်ပဲ ထိုကိစ္စတစ်ခုဖြစ်ပွါးခဲ့သည်။ ထိုအဖြစ်အပျက်မှာ တစ်မြို့လုံးကိုထိတ်လန့်စေခဲ့သော ဓာတ်ငွေ့ယိုစိမ့်မှုတစ်ခုက စတင်သည်ဟုလည်း ဖော်ပြထားခဲ့သည်။ သို့သော် ဤကိစ္စ၏နောက်ကွယ်မှာ ပိုင်စိုးမိုးသူရှိနေမှန်း​တော့ သူမသိခဲ့ရပေ။ သူဟာ ဇာတ်လိုက်နှစ်ဦးဖြစ်သော ငြိမ်းသံလွင်ခက်နှင့် သွန်းစေဖြိုးတို့သိသလောက်သာ သိခဲ့ရသောကြောင့်ပင်။

ထိုအချိန်က ငြိမ်းသံလွင်ခက်တို့နှစ်ယောက်ဟာ မူလနှိုင်းအမြုတေကို စွမ်းစေတမာန်၏သုတ်သင်ခြင်းခံရဖို့ ထောင်ချောက်ထဲကိုတွန်းပို့ပြီးစအချိန်ဖြစ်ပြီး သူတို့၏အချစ်ရေးကို အကောင်းမွန်ဆုံးဖြစ်အောင် တည်ဆောက်နေကြချိန်ဖြစ်သည်။

သို့သော် မတူညီသည့်အချက်တစ်ခုရှိနေ၏။ စာအုပ်ထဲမှာ ထိုအဖြစ်အပျက်များဖြစ်ပျက်သည်မှာ သူတို့အားလုံး ကျောင်းပြီးသွားသည့်နောက် လုပ်ငန်းခွင်ကိုယ်စီမှာ ဝင်ရောက်လုပ်ကိုင်ချိန်ပင်ဖြစ်၏။

ယခုမှာတော့ အဖြစ်အပျက်များဟာ ခပ်မြန်မြန်ရောက်လာနိုင်ချေရှိနေ၏။ ပိုင်စိုးမိုးသူသည် သူ၏လုပ်ငန်းစဥ်များကို အရှိန်များစွာမြှင့်ထားပေသည်။ အကြောင်းအရင်းကား မသိရချေ။

"ဒီတော့ ဒါကသူတို့ရဲ့အစီအစဥ်ပေါ့"

"မဟုတ်ဘူး"

သူ့အဖေဟာ တည်တည်ငြိမ်ငြိမ်ဖြင့်ငြင်းချက်ထုတ်လာပြီး သူ့သုံးသပ်ချက်အား ဖွင့်ဟလေ၏။

"ဒါက သူတို့အစီအစဥ်သက်သက်မဟုတ်ဘူး။ ဒါက သူတို့အစီအစဥ်ရဲ့နိဒါန်းပျိုးရုံပဲရှိသေးတာ..။ ဖေဖေ့အထင်တော့ အဲ့ဒါကိုအယောင်ပြပြီး နောက်ကွယ်မှာကြံစည်မဲ့ကိစ္စတစ်ခုရှိနေတယ်"

သေချာလွန်းနေသောအချက်မှာ နောက်ကွယ်မှထိုကိစ္စဟာ စွမ်းစေတမာန်အား အမွေဆက်ခံသူနေရာမှဖြုတ်ချမည့် အစီအစဥ်ပင်။ ပိုင်စိုးမိုးသူဟာ စာအုပ်ထဲမှာ ထိုကိစ္စကိုအောင်မြင်အောင် လုပ်နိုင်ခဲ့သလားဆိုသည်ကို သူမသိသော်လည်း ယခုကိစ္စမှာတော့ ထိုလူ့ကို သူ အောင်မြင်ခွင့်မပေးချင်။

"နှိုင်းလေး.. ဖေဖေ ဒီလိုမေးတာကို စိတ်တော့မဆိုးပါနဲ့။ စွမ်းစေတမာန်... သူက သားအကူအညီကိုလိုရလောက်တဲ့အထိလဲ အင်အားမနည်းဘူး။ ပြီးတော့ သူ့ဘက်ကလိုတယ်ပဲထား။ သားကရော ဘာလို့ကူညီချင်ရတာလဲ။ သားပြောသလိုဆိုရင် ဒါကြီးက မိသားစုတစ်ခုအတွင်းက အရှုပ်အထွေးကြီးပဲလေ"

သူ ဘာကြောင့် ကူညီချင်ရသလဲတဲ့..။ တစ်စုံတစ်ယောက်ဟာ အပြစ်တစ်စုံတစ်ရာမရှိပါဘဲ မတရားမှုတစ်ခုထဲမှာ သားကောင်ဖြစ်နေရခြင်းကို သူလက်မခံနိုင်ပေ။ သို့သော် သေချာနေသောအချက်မှာ ဤအခြေအနေကိုပြေလည်ရန် သူဟာ သူနှင့်ဘဝတူဟုသတ်မှတ်ထားသည့် လူတစ်ယောက်ကို ကိုယ်ချင်းစာစိတ်ဖြင့် ကူညီချင်သောဆင်ခြေမျှဖြင့် မလုံလောက်မှန်း သူသိသည်။

နှိုင်းအမြုတေမှာ ထိုအတွေးဂယက်ကြီးကြောင့် ဖုန်းကိုင်ထားရင်း အမူအရာက ငူငူငိုင်ငိုင်..။ အကြည့်တို့က ဦးတည်ရာမဲ့ငေးမောလျက်..။

"ကျွန်တော် လျစ်လျူရှုမထားနိုင်လို့"

သတိမမူမိလိုက်သဖြင့် စွမ်းစေတမာန် အန္တရာယ်တစ်စုံတစ်ရာကျရောက်သွားမည်ကို သူမမြင်ရက်ပေ။

ထိုအမျိုးသားမှာ လက်ရှိခံစားနေရရှာသောဝေဒနာများဖြင့်ပင် နာကျင်ခြင်းတို့ တစ်ဘဝစာဖူလုံနေပါပြီလေ..။

သူ့ဘဝမှာ လူတစ်ယောက်ကိုကူညီဖို့ စိတ်ရောကိုယ်ပါအားစိုက်ရသည့်နေ့မျိုး ရှိလာလိမ့်မည်ဟု နှိုင်းအမြုတေတွေးမထားဖူးချေ။ ရည်ရွယ်၍ဖြစ်စေ မသိလိုက်မသိဘာသာပင်ဖြစ်စေ သူသည် စွမ်းစေတမာန်၏ကိစ္စအဝဝ၌ သူကိုယ်တိုင်သတိမထားမိခင်မှာပင် ဝင်ပါနေမိသည်။

သူတို့၏ရင်းနှီးမှုဟာ စာသင်နှစ်တစ်ဝက်စာမျှပင် မရှိသေးသော်ငြား တစ်ဦးနှင့်တစ်ဦး သဘောထားတိုက်ဆိုင်ပြီး အတွေးအမြင်အယူအဆဆင်တူမှုကြောင့် အချိန်ခဏလေးအတွင်းမှာ တစ်ယောက်ကိုတစ်ယောက် နားလည်နိုင်ခဲ့ကြသည်။ စာအုပ်ထဲမှာ သွေးအေးသည်ဟုသာ တံဆိပ်ကပ်ခံရသောလူသား၏ ဖုံးကွယ်ထားသောဒဏ်ရာတို့ကို တစ်စွန်းတစ်စမျှမြင်တွေ့လိုက်ရခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

အင်အားကြီးမားသောဗီလိန်၏ အတိတ်မှဒဏ်ရာများတဲ့လေ..။ နှိုင်းအမြုတေ သက်ပြင်းသာအတွင်တွင်ချမိတော့သည်။

သူ့အဖေကတော့ သူ့အဖြေ​ကို မှတ်ချက်တစ်စုံတစ်ရာမပေးပါဘဲ နားလည်ပြီဟုသာဆိုပြီး ဖုန်းချသွားသည်။ နှိုင်းအမြုတေကတော့ သူ့အဖေ၏မေးခွန်းမှ ချန်ရစ်ခဲ့သောနောက်ဆက်တွဲအကျိုးရလဒ်ကြောင့် စာကြည့်စားပွဲမှာထိုင်ရင်း မလှုပ်မယှက်အတွေးနယ်ကျွံနေမိတော့သည်။

စာကြည့်စားပွဲထက်မှာ အခန့်သားနေရာယူထားသော ယုန်လက်ထိုးအရုပ်လေးကတော့ လောကကြီး၏အရှုပ်အထွေးများကို ဘာမှမသိရှာဘဲ အပြစ်ကင်းစင်သောမျက်ဝန်းတို့ဖြင့် သူ့အား ငေးကြည့်နေလေရဲ့..။

နှိုင်းအမြုတေမှာ လွန်ခဲ့သည့်နာရီပိုင်းခန့်က စွမ်းစေတမာန်တစ်ယောက် ထိုယုန်ရုပ်လေးထဲကို လက်ထည့်၍ နားရွက်လေးအား တလှုပ်လှုပ်လုပ်ပြခဲ့သောမြင်ကွင်းကို မနေနိုင်ဘဲ ပြန်တွေးမိသွားသည်။ ရုပ်တည်ကြီးနှင့် သူ့အား စနောက်ဖို့ကြိုးစားနေခဲ့သော စွမ်းစေတမာန်၏ပုံစံမှာ ဘယ်အချိန်ပြန်တွေးတွေး ဟာသတစ်ခုနှယ်ဖြစ်နေ၏။

"စီနီယာ.. ခင်ဗျားကလေ တစ်ခါတလေကျရင် နည်းနည်းနားလည်ရခက်တယ်။ ဒါပေမဲ့ အဲ့လိုပေါ့ပေါ့ပါးပါးဖြစ်နေတဲ့အခါမျိုးတွေကျရင် ခင်ဗျားက အရမ်းဆွဲဆောင်အားကောင်းနေရော.."

ဝဠာဟိန်းပိုင်ပြောခဲ့သည့်စကားတစ်ခွန်းကို သူမှတ်မိသေးသည်။ အဖြစ်အပျက်များမတိုင်ခင်က စွမ်းစေတမာန်မှာ ယခုလိုအေးတိအေးစက်ပုံစံမဟုတ်ဘဲ အပေါင်းအသင်းမက်ပြီး ပျော်ပျော်လည်းနေတတ်သတဲ့လေ။

ထိုစဥ်က စွမ်းစေတမာန်၏ပုံစံမှာ တက်ကြွလန်းဆန်းသောလူငယ်တစ်ဦးနှယ် ဖျတ်လတ်နေခဲ့မည်မှာ ကျိန်းသေပင်။ ထို့ပြင် စွမ်းစေတမာန်၏ ထိုသို့သောပုံစံလေးက လူတကာကို ဆွဲဆောင်နိုင်ခဲ့မှာကိုလည်း ငြင်းမရချေ။

နှိုင်းအမြုတေ နှမြောသလိုခံစားရ၏။ ထိုကဲ့သို့သောပုံစံလေးကို သည်တစ်သက် သူ မြင်ရောမြင်ဖူးပါဦးမလား။

ရှုပ်ထွေးမှုပေါင်းများစွာကို သယ်ပွေ့ရင်း အိပ်စက်ခဲ့ရသောညတစ်ညပါပင်။ ထိုညက ပတ်ဝန်းကျင်တစ်ခုလုံး ပကတိတိတ်ဆိတ်နေခဲ့သလို ဘေးအခန်းရှိမြေခွေးအရုပ်လေးကလည်း အိပ်ရာထက်မှာ တစ်ကိုယ်တည်းအထီးကျန်နေခဲ့သည်သာ...။

နောက်တစ်နေ့မနက် နှိုင်းအမြုတေအိပ်ရာနိုးလာချိန်တွင် အဆောင်တစ်ခုလုံးမှာ လှုပ်ရှားသက်ဝင်နေနှင့်ပြီးဖြစ်၏။ အဓိပ္ပါယ်ကတော့ သူ အိပ်ရာထနောက်ကျသွားခြင်းပင်။ ထို့ကြောင့် မနက်ခင်းဝေယျာဝစ္စများကို ခပ်သွက်သွက်လုပ်၍ အတန်းတက်ဖို့ အလျင်စလိုပြင်ဆင်ရသည်။

လွယ်အိတ်ကိုလွယ်လျက် အခန်းတံခါးကိုဖြတ်၍ထွက်လာချိန်မှာ စေ့ပိတ်ကာထားသော ဘေးအခန်းကိုလည်း မနေနိုင်မထိုင်နိုင်လှည့်ကြည့်မိသေးသည်။

မနေ့ညက စွမ်းစေတမာန်သည် အဆောင်မှာပင်အိပ်မည်ဟု ပြောခဲ့သည်။ သူနှင့်နှုတ်ဆက်ပြီးတော့လည်း ဤအခန်းထဲကိုသာ တည့်တည့်မတ်မတ်ဝင်သွားခဲ့သည်။ ပုံမှန်ဆိုလျှင် စွမ်းစေတမာန်သည် မနက်ပိုင်းအတန်းချိန်မရှိပါက မနက်စာအတူစားရန် သူ့အား လာနှိုးတတ်သည်။ ယနေ့မှာတော့ ဘေးအခန်းမှာ ထူးထူးဆန်းဆန်းတိတ်ဆိတ်နေ၏။

"အတန်းချိန်ရှိလို့ဖြစ်မှာပါလေ"

ကိုယ့်ဘာသာဖြည့်တွေးလိုက်သော်ငြား စိတ်ထဲမှာတော့ တစ်ခုခုထူးဆန်းသလို ခံစားနေရဆဲသာ။

သူ အတန်းထဲကိုရောက်သွားသောအခါ သူ့ထိုင်ခုံဖော် ရှိန်းကိုဇေဟာ ကျောင်းစာနှင့်မသက်ဆိုင်သည့် စာရင်းအချို့ကိုလုပ်နေပြန်၏။ သူဝင်လာသည်ကိုမြင်သည်နှင့် ရှိန်းကိုဇေက စာရင်းလုပ်နေခြင်းကိုရပ်လိုက်ပြီး သူ့အား မဝံ့မရဲငဲ့ကြည့်လာသည်။ ထို့နောက် ချက်ချင်းဆိုသလို မျက်နှာပြန်လွှဲသွားလေသည်။

"ဘာဖြစ်တာလဲ"

ကိုယ့်ခုံမှာကိုယ်ဝင်ထိုင်ရင်း ရှိန်းကိုဇေအား မေးဆတ်ပြလိုက်ရာ တစ်ဖက်လူကလည်း ပျာပျာသလဲပြန်ဖြေလေသည်။

"ဟမ်.. ဘာမှမဟုတ်ပါဘူး"

"ဘာမှမဟုတ်ရင် အဲ့ဒါကဘာပုံစံလဲ"

"အဲ့လိုမဟုတ်ဘူး။ အရေးကြီးတဲ့ဟာမျိုးမဟုတ်လို့"

သူ့အမူအရာမှာ ဘောက်ဆတ်ဆတ်ဖြစ်မနေသည့်တိုင် ရှိန်းကိုဇေကတော့ သတိကြီးကြီးထားနေသေးပုံပင်။

"အရေးမကြီးလဲရတယ်။ ပြော.. ဘာဖြစ်တာလဲ"

"တကယ်ဘာမှမဟုတ်ပါဘူး။ မနေ့က မင်းကို ပန်းခြံနားကစျေးမှာ တွေ့လိုက်လို့လေ။ မင်းက အဲ့လိုနေရာမျိုးကို လုံးဝခြေမလှမ်းဘူးလို့တစ်ခါပြောတာကြားဖူးသလားလို့.. အဲ့ဒါနဲ့ အံ့သြသွားလို့ပါ"

ရှိန်းကိုဇေမှာ သူ့ကို လက်အောက်ငယ်သားတစ်ယောက်က အထက်လူကြီးတစ်ယောက်ကို ဆက်ဆံပုံအတိုင်း တစ်ပုံစံတည်းပြုမူနေလေသည်။ သည့်ထက်ပိုဆိုးလာလျှင် ရှိန်းကိုဇေတစ်ယောက် သူ့အား ရုတ်တရက်ကြီးထပြီး အလေးပြုလာမည်ကိုပင် စိုးရိမ်ဖွယ်ရာရှိ၏။

"သြော်.. ဟုတ်တယ်။ မနေ့က ငါပျင်းတာနဲ့"

"အင်း.. ထင်ပါတယ်"

"မင်းကရော.."

မသိချင်ယောင်ဆောင်၍ မေးလိုက်သောသူ့စကားအဆုံးမှာ ရှိန်းကိုဇေက အမူအရာအားဖြင့် နားမလည်ဟန်ပြ၏။

"ဘာကိုလဲ"

"မင်းကိုလဲ ငါတွေ့လိုက်တယ်လေ။ မင်းကရော အဲ့ဒီဆိုင်ခန်းမှာဘာလုပ်နေတာလဲ"

သူ့ဘက်က ထိုသို့မေးလာခြင်းကို ရှိန်းကိုဇေမမျှော်လင့်ထားပုံပင်။ အံ့အားသင့်သွားဟန်ဖြင့် အနည်းငယ်စိတ်ရှုပ်ထွေးသွားသောအမူအရာတို့က သူ့မျက်နှာထက်မှာ အထင်းသားပေါ်လွင်လာသည်။

"အဲ့ဒါ ငါ့ရဲ့နောက်ထပ်အလုပ်တစ်ခုလေ။ ငါ့အစ်မကိုယ်တိုင် ဒီဇိုင်းဆွဲပြီးချုပ်ထားတဲ့အဝတ်တွေကို ငါကရောင်းပေးတာ။ ကိုယ်ပိုင်အလုပ်လို့ ပြောလို့ရမယ်ထင်တယ်"

စကားအဆုံးမှာ ခပ်ဟဟရယ်လိုက်ပုံအရ သူ့ရှေ့မှာ ကိုယ်ပိုင်လုပ်ငန်းနှင့်ပတ်သက်ပြီး စကားဟလိုက်မိခြင်းအတွက် အနည်းငယ်မဝံ့မရဲဖြစ်သွားဟန်တူ၏။

နှိုင်းအမြုတေအဖို့တော့ ရှိန်းကိုဇေ၏အမူအရာမှန်သမျှကို မမြင်လိုက်သလိုသာ ဟန်ဆောင်နေခဲ့သည်။

"မင်း အရင်က အချိန်ပိုင်းအလုပ်တွေအများကြီးလုပ်နေတာ မြင်ဖူးပါတယ်။ အခုလဲ နောက်တစ်ခု.. မင်းလုပ်ရတဲ့အလုပ်တွေ အရမ်းများနေပြီလို့ထင်တယ်နော်"

ရှိန်းကိုဇေ၏အလုပ်အား အာရုံစိုက်နေပုံလည်းမပေါ်အောင် စကားလုံးကို အတတ်နိုင်ဆုံးသတိထားကာ လေသံကိုလည်း သာမန်ကာလျှံကာမေးမြန်းနေပုံနှင့်တူအောင် တုပရသည်။ လွယ်တော့ မလွယ်။

သို့သော် သူဘယ်လောက်သတိထားထား ထိုအကြောင်းအရာနှင့်ပတ်သက်၍ နှိုက်နှိုက်ချွတ်ချွတ်မေးမြန်းနေကတည်းက ရှိန်းကိုဇေအဖို့ ထူးဆန်းနေလေပြီ။ သို့သော် သူ့မေးခွန်းများကိုတော့ ပြန်ဖြေပေးဆဲပင်။

"အာ.. တကယ်တော့ အချိန်ပိုင်းအလုပ်တွေကထွက်လိုက်ပြီ။ ကျောင်းတစ်ဖက်နဲ့ဆိုတော့ သူများဆီမှာအလုပ်လုပ်ရတာ မျက်နှာငယ်တယ်လေ။ ဒီအလုပ်လေးကကျတော့ ဝင်ငွေမများတောင်မှ စိတ်လွတ်လပ်တယ်။ ငါမအားရင် ငါ့အစ်မက အစားဝင်လုပ်ပေးလို့ရတော့ ငါနည်းနည်းသက်သာတာပေါ့"

ထိုသို့ကြားရတော့လည်း သူ့စိတ်ထဲမှာမကောင်း။ သူ့ကြောင့်ရယ်လည်းမဟုတ်သော်ငြား သူ့အပြစ်မကင်းသလိုသာ စိတ်ထဲထင်နေမိသည်။

"တကယ်တော့ ငါလဲ မနေ့က အဲ့ဒီဝတ်စုံတွေကိုမြင်လိုက်ပါတယ်။ ဒီဇိုင်းလေးတွေကဆန်းတယ်။ တကယ်မဆိုးဘူး။ အဲ့ဒါနဲ့ပတ်သက်ပြီး ငါစဥ်းစားနေတာတစ်ခုရှိတယ်။ စိတ်ဝင်စားလား"

ရှိန်းကိုဇေက သူဘာပြောလာမလဲဆိုသည်ကို မသိသော်ငြား စိတ်ဝင်တစားရှိသောအမူအရာကို ထုတ်ပြလာသည်။ ထိုအမူအရာကိုမြင်သော် နှိုင်းအမြုတေလည်း သဘောတကျပြုံးလိုက်မိပြီး စကားကိုဆက်သည်။

"ဒီလိုလေ.. ငါ့အဖေက သူ့ကုမ္ပဏီကဝန်ထမ်းတွေအတွက် ဒီနှစ်ကုန်ပိုင်းမှာ Staff Partyလုပ်ပေးရင်း တစ်နေရာရာကိုအလည်အပတ်ပို့ပေးဖို့ရှိတယ်။ ပြောချင်တာကတော့ အဲ့ဒီPartyအတွက် သူက ဝန်ထမ်းတိုင်းကို ယူနီဖောင်းတစ်ထည်စီပြင်ပေးလေ့ရှိတယ်။ Staff Partyနေ့မှာဝတ်ဖို့ပေါ့။ အဲ့ဒီအတွက် အရင်ကတော့ သူအပ်နေကျနေရာတစ်ခုရှိတယ်။ အခုတော့ ပြဿနာတစ်ခုကြောင့် လက်မခံလို့ ငါစဥ်းစားမိတာ မင်းဆိုရင် အဆင်ပြေမလားလို့"

"ဘယ်လို။ ဒါပေမဲ့..မင်း."

ထိုမျှကောင်းမွန်သောကမ်းလှမ်းချက်ကြောင့် ရှိန်းကိုဇေမှာ မယုံကြည်နိုင်လောက်အောင် အံ့သြသွားဟန်ပင်။ ပါးစပ်အဟောင်းသားဖြင့် သူ့အား ငေးကြည့်နေပြီး မျက်တောင်လည်းတစ်ချက်မခတ်ချေ။

"ငါ့အဖေက အဲ့ဒီဝတ်စုံကိစ္စနဲ့ပတ်သက်ပြီး အပေါ်ယံမလုပ်ဘူးနော်။ သူက သူလုပ်သမျှအရာတိုင်းက သူ့ကုမ္ပဏီရဲ့ပုံရိပ်ပဲလို့ခံယူထားတာ။ အဲ့ဒါကြောင့် ဒီဝတ်စုံကို သူကရိုးနေတာမျိုးလဲမကြိုက်ဘူး။ အရမ်းဆန်းနေပြန်တော့လည်း ခံစားလို့မရဘူးတဲ့လေ။ ပြီးတော့ မင်းအစ်မချုပ်တဲ့ဒီဇိုင်းတွေက ငါ့အဖေအကြိုက်နဲ့ကွက်တိပဲဆိုတော့ ငါက မင်းတို့များ အော်ဒါကြိုအပ်တာမျိုးလက်ခံနိုင်တယ်ဆိုရင်..."

နှိုင်းအမြုတေလည်း ဤနေရာမှာတင် စကားစကိုရပ်ထားလိုက်ပြီး ရှိန်းကိုဇေ၏တုံ့ပြန်မှုကို အကဲခတ်ကြည့်လိုက်သည်။

ရှိန်းကိုဇေမှာ သူထင်ထားသည့်အတိုင်း စိတ်ရှုပ်ထွေးမှုနှင့် မယုံကြည်နိုင်ခြင်းအကြား လွန်ဆွဲနေပေသည်။ ထိုလူမှာ သူ့ကိုကြည့်လိုက် မျက်နှာလွှဲသွားလိုက်နှင့် တစ်ယောက်တည်းဗျာများနေရှာသည်။

ထိုသို့ဗျာများရခြင်းအကြောင်းကို နှိုင်းအမြုတေ ကောင်းကောင်းနားလည်ပါသည်။ မူလနှိုင်းအမြုတေချန်ရစ်ခဲ့သော ပုံရိပ်ဆိုးကြီးက ရှိန်းကိုဇေ၏ရင်ထဲမှာ အမြစ်တွယ်နေခဲ့သည်သာ။

ရှိန်းကိုဇေတစ်ယောက် ဤကမ်းလှမ်းမှုမှာ ထောင်ချောက်ဖြစ်နေမှာစိုး၍ တွန့်ဆုတ်နေကြောင်း သူသိသဖြင့် ဖိအားပေးဖို့မကြိုးစားဘဲ စဥ်းစားဖို့အချိန်ပေးရန် ဆုံးဖြတ်လိုက်သည်။

"ငါက ငါ့သဘောကိုပြောပြတာပဲရှိတာ။ ကျန်တာက မင်းဆုံးဖြတ်ပေါ့။ မင်းဘက်ကအိုကေရင် ငါ့ဘက်ကအချိန်မရွေးပဲ"

ရှိန်းကိုဇေမှာ သူ့သဘောထားကြောင့် ပို၍ဇဝေဇဝါဖြစ်သွားဟန်တူ၏။ ခေါင်းတကုတ်ကုတ်လုပ်ကာ စဥ်းစားရကြပ်နေဟန်ရှိပြီး ခဏအကြာမှ စကားစလာသည်။

"တကယ်လို့ ငါကလက်ခံတယ်ဆိုရင် ငါ့ဘက်ကဘာတွေလုပ်ပေးဖို့လိုမှာလဲ"

ရှိန်းကိုဇေ၏အကြောက်တရားကို တစ်စွန်းတစ်စမျှ သူမြင်လိုက်ရသည်။ ရှိန်းကိုဇေဟာ သူ့အား အပြည့်အဝမယုံကြည်ရဲပေ။ ထိုကိစ္စကိုအကြောင်းပြုပြီး သူက အခွင့်အရေးယူကာ နိုင့်ထက်စီးနင်းလုပ်လာမည်ကို စိုးရိမ်နေရှာသည်။

"ဘာလိုရမှာလဲ။ ငါတို့လိုချင်တဲ့ပမာဏကို ငါတို့ပြောတဲ့အချိန်အတွင်းမှာ ရနိုင်မရနိုင်ဆုံးဖြတ်ပေးရုံပဲလေ။ တကယ်လို့ အချိန်မလောက်တော့လဲ နှစ်ဖက်ညှိနှိုင်းကြတာပေါ့။ ဘာခက်တာမှတ်လို့"

ရှိန်းကိုဇေမှာ တစ်စုံတစ်ရာကိုအတွေးရောက်သွားဟန်ဖြင့် သူ့အား ခဏမျှစိုက်ကြည့်နေပြီး နှုတ်ခမ်းကလည်း တစ်စုံတစ်ခု​မေးမြန်းလိုစိတ်ကြောင့် ဖွင့်ချည်ပိတ်ချည်လုပ်နေသည်။ သို့သော် အဆုံးမှာတော့ ဘာမှမပြောလာဘဲ အစ်မဖြစ်သူနှင့်တိုင်ပင်ဦးမည်ဟုသာ ဆိုလာသည်။ သူ့ဘက်ကလည်း ဘာမှအငြင်းပွါးစရာမရှိသောကြောင့် လက်ခံလိုက်ပါသည်။

မကြာခင်မှာပင် အတန်းထဲကို ဆရာဝင်လာသည့်အတွက် သူတို့၏စကားစလည်း အလိုလိုပြတ်တောက်သွားရသည်။ ယနေ့ဟာ အတန်းချိန်များဆက်တိုက်ဖြစ်နေသော်လည်း စာမေးပွဲနီးပြီမို့ ဆရာအများစုက Key Pointတွေလောက်သာထုတ်ပြီး အနည်းငယ်ရှင်းပြရုံသာလုပ်ကြသဖြင့် သိပ်မပင်ပန်းရပေ။

ယ​နေ့တက်ရမည့် အတန်းအားလုံးပြီးသွားချိန်မှာ ညနေစောင်းလုနီးနီးပင်ရှိနေချေပြီ။

နှိုင်းအမြုတေလည်း အတန်းဆင်းသည်နှင့် မထိန်းချုပ်နိုင်ဘဲ ဖုန်းကိုထုတ်ကြည့်မိသည်။ စွမ်းစေတမာန်အား တစ်နေကုန် သူမတွေ့မိချေ။ နေ့လယ်စာအတူစားနေကျအချိန်မှာလည်း ပေါ်မလာသည့်အပြင် ဆက်သွယ်၍ပါမရခဲ့ပေ။

ယခုလည်း သူ့အား လုံးဝဆက်သွယ်ထားခြင်း မရှိပြန်ချေ။ သူ့ဘက်က ဆက်သွယ်ပြန်တော့လည်း တူညီသောအခြေအနေအတိုင်း စက်ပိတ်ထားသည်နှင့်သာ တိုးနေလေရာ သူ တဖြည်းဖြည်းစိတ်ပူလာမိသည်။ တစ်ခုခုများဖြစ်နေလေသလားဟု တွေးမိနေသဖြင့် ကိုယ့်စိတ်ကိုယ်ပြန်ထိန်းညှိနိုင်ရန် "မဟုတ်လောက်ပါဘူးလေ"ဟုသာ ပြန်တွေးပြီး စိတ်ဖြေနေရသည်။

"အစ်ကိုပိုင်ဆီကို ဖုန်းဆက်ကြည့်တာပဲကောင်းမယ်ထင်တယ်"

တစ်ယောက်တည်းတီးတိုးရေရွတ်ရင်း ဖုန်းထဲမှာမှတ်ထားသော ဝဠာဟိန်းပိုင်၏နံပါတ်ကို အမြန်သာနှိပ်လိုက်သည်။ ဖုန်းဝင်သွားသည်နှင့် တစ်ဖက်ကလည်း အဆင်သင့်စောင့်နေသည့်အလား ချက်ချင်းပြန်ဖြေလေသည်။

"အတော်ပဲ။ ငါလဲ အခုပဲမင်းဆီကိုဖုန်းဆက်မလို့။ ဂျူနီယာ.. အခုဘယ်မှာလဲ။ မင်းဆီကို စေတမာန်ရောက်လာသေးလား"

ဝဠာဟိန်းပိုင်ကိုယ်တိုင်လည်း စွမ်းစေတမာန်ကိုလိုက်ရှာနေပုံရ၏။ နှိုင်းအမြုတေလည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းသာခါရမ်းနေမိတော့သည်။ ပြီးမှသာ တစ်ဖက်လူက သူ့ကိုမမြင်နိုင်မှန်း ပြန်သတိရသည်။

"ကျွန်တော်က အခုလေးတင် အတန်းဆင်းတာ။ စီနီယာက ကျွန်တော့်ဆီလဲ ရောက်မလာပါဘူး။ သူ့ဖုန်းကိုဆက်တာလဲ မရဘူး"

"သူ့ဖုန်းကို ဆက်လို့ရမှာမဟုတ်ဘူး။ အဲ့ဒီဖုန်းက သူလုပ်လို့တစ်စစီဖြစ်သွားပြီ။ အဲ့ဒါကြောင့်ပဲ ငါလဲ စိတ်ညစ်နေတာ။ သူပြောတော့ မင်းနဲ့တွေ့ဖို့ ကျောင်းကိုပြန်မှာတဲ့။ အခုကျတော့ ဖုန်းကဆက်မရပြုမရနဲ့...သေလိုက်ပါတော့ကွာ"

ဝဠာဟိန်းပိုင်၏စကားအသွားအလာအရ တစ်ခုခုသိထားပုံရသဖြင့် မေးမြန်းကြည့်ရန် ပြင်လိုက်သည်။

"အစ်ကိုပိုင်.. ဘာတွေဖြစ်နေတာလဲ"

"အဲ့ဒါက.. ကျစ်.. ပြောရမှာရှည်တယ်"

"အစ်ကိုပိုင် အခုဘယ်မှာလဲ"

"အစ်ကိုက အခု.. မင်းတို့ဒုတိယနှစ်ကျောင်းဆောင်နားမှာ"

နှိုင်းအမြုတေလည်း မျက်စိရှင်ရှင်ထားပြီး လင်းရှင်းနေသောကွင်းပြင်ကြီးထဲမှာ သွားလာနေကြသော ကျောင်းသားတစ်သိုက်အကြား ဟိုသည်ကြည့်ကာ ရှာလိုက်သည်။ သူ ရှာမတွေ့ခင်မှာပင် အသံနှစ်သံက ဖုန်းထဲမှာရော အပြင်ကပါ တစ်လေသံတည်းထွက်လာသည်။

"ငါ မင်းကိုတွေ့ပြီ။ ဒီမှာ မင်းအနောက်မှာ.."

ပြောသည့်အတိုင်း နောက်လှည့်ကြည့်လိုက်ရာ လက်တယမ်းယမ်းဖြင့် သူ့ဘက်ကိုလာနေသော ဝဠာဟိန်းပိုင်ကိုတွေ့လိုက်ရသည်။ ထိုအခါမှ မချရသေးသောဖုန်းဆက်သွယ်မှုကို ဖြတ်ချလိုက်ပြီး ဝဠာဟိန်းပိုင်အား အလောတကြီးမေးခွန်းထုတ်လိုက်သည်။

"ဘယ်လိုဖြစ်ကြတာလဲ"

"တကယ်ကတော့ သူတို့ Family Caseတွေပါကွာ။ ရှုပ်ထွေးချက်ပဲ။ စေတမာန် အရမ်းဒေါသထွက်နေခဲ့တာ..။ သူ စိတ်တိုလဲတိုသင့်တယ်။ စိတ်တိုတဲ့အထိကိစ္စမရှိဘူး။ အခု သူကငါ့ကိုညာပြီး လစ်ထွက်လာတာ။ မင်းဆီကိုလဲ မလာဘူးဆိုတော့ ငါ ဘယ်လိုက်လို့လိုက်ရမလဲမသိတော့ဘူး"

နှိုင်းအမြုတေမှာ ဝဠာဟိန်းပိုင်ဆီက သောကတချို့ကူးစက်ခံလိုက်ရသည်။ ဝဠာဟိန်းပိုင်၏စကားများကိုကြားရသောအခါ မတိုင်မီကအထိ ကိုယ့်စိတ်ကိုယ်ဖြေရန်ကြိုးစားထားခြင်းများက အရာမရောက်တော့ဘဲ ဝဠာဟိန်းပိုင်နည်းတူ စိတ်ပူပန်လာသည်။

ပူပန်နေသောစိတ်အစဥ်ကို လက်ထဲမှာကိုင်ထားသော ဖုန်း၏တဒီးဒီးမြည်သံက ရုတ်ချည်းဆိုသလို ဝင်ရောက်နှောင့်ယှက်သည်။ ဖုန်းမျက်နှာပြင်ထက်မှာပေါ်နေသော အမည်မသိဖုန်းနံပါတ်တစ်ခုမှ ဝင်ထားသောစာတိုလေးဟာ သူ၏ပူပန်မှုများကို အနည်းငယ်မျှလျော့နည်းသွားစေသော်လည်း လုံးဝလည်းစိတ်မချနိုင်သေးပေ။

"အစ်ကိုပိုင်.. မက်​​​ဆေ့ချ်ဝင်လာပြီ။ စီနီယာ့ဆီက"

သူ့စကားကြောင့် ဝဠာဟိန်းပိုင်ကလည်း အလန့်တကြားမျက်နှာပေးဖြင့် အနားကိုအတင်းတိုးကပ်လာသည်။

"ဘာတဲ့လဲ။ ငါ့ကိုပြဦး"

ဖုန်းမျက်နှာပြင်ထက်မှာ အခန့်သားနေရာယူထားသောစာတိုများမှာကား..

'ကိုယ်ပါ။ စွမ်းစေတမာန်။ ကိုယ် အခု မင်းနဲ့တွေ့ချင်လို့..။ ကျောင်းရှေ့က ဆေးဆိုင်နားမှာပဲ စောင့်နေမယ်နော်'

"တော်သေးတာပေါ့။ ဘယ်မှပျောက်သွားတာမဟုတ်လို့"

ဝဠာဟိန်းပိုင်မှာ ယခုမှစိတ်သက်သာရာရဟန်ဖြင့် သက်မချကာ တတွတ်တွတ်ရေရွတ်နေတော့သည်။ ဝဠာဟိန်းပိုင်၏ဖြစ်အင်ကိုကြည့်ပြီး နှိုင်းအမြုတေမှာလည်း ခြေကုန်လက်ပန်းကျသွားသလိုခံစားရသည်။

"ဒါဆို ကျွန်တော်သွားလိုက်ဦးမယ်။ အစ်ကိုပိုင် လိုက်ဦးမလား"

"တော်ပါပြီ။ သူပျောက်နေတာမဟုတ်မှတော့ ငါလဲစိတ်အေးရပြီ။ တစ်ခုခုဖြစ်ရင်သာ ဖုန်းဆက်လိုက်လေ"

နှိုင်းအမြုတေလည်း ခေါင်းသာညိတ်ပြလိုက်ပြီး စွမ်းစေတမာန်စောင့်နေမည့်နေရာဆီသို့ အပြေးသွားရတော့သည်။ ဝဠာဟိန်းပိုင်ကတော့ စွမ်းစေတမာန်အား လိုက်ရှာရလွန်း၍ ချွေးရွှဲပြီးနံစော်နေသောခန္ဓာကိုယ်ကို သန့်ရှင်းဆေးကြောရန် အဆောင်ကိုသာပြန်လှည့်သွားရှာသည်။

သူတို့နှင့်မနီးမဝေးနေရာမှာ မိုက်ကန်းကန်းပုံစံဖြင့် မတ်တပ်ရပ်နေသောကျောင်းသားနှစ်ယောက်မှာ ဆန့်ကျင်ဘက်အရပ်နှစ်ခုကို ထွက်ခွါသွားကြပါသော နှိုင်းအမြုတေနှင့်ဝဠာဟိန်းပိုင်တို့ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြလေသည်။

"ငါ ဘယ်သွားသွား နှိုင်းအမြုတေနဲ့ချည်း တိုးနေသလိုပဲ။ နည်းနည်းတောင် မျက်စိနောက်လာပြီ"

ပထမတစ်ယောက်၏ခပ်ရွဲ့ရွဲ့စကားသံကို နောက်တစ်ယောက်က ဘောက်ဆတ်ဆတ်တုံ့ပြန်သည်။

"ဒီလိုဆိုလဲ သူ့ကို နည်းနည်းလောက်ပညာပေးလိုက်မယ်လေ"

"ကျစ်.. အသာနေစမ်းပါကွာ"

"မင်း ဘာကြောက်နေတာလဲ။ ဟိုတစ်ခေါက်တုန်းကလဲ သူလုပ်လို့ မင်းအပြစ်ပေးခံရတာလေ"

ဒုတိယလူက ပထမလူ၏ပခုံးကို ခပ်ဆတ်ဆတ်ထိုးရင်း အားမလိုအားမရဆိုသည်။ ပထမလူကတော့ ဖြုံပင်မဖြုံဘဲ ပြုံးနေလိုက်သေးသည်။

"အဲ့တုန်းက တကယ်လဲ ငါ့အပြစ်ရှိနေတာပဲကို။ အပြစ်ပေးခံရတာ သူ့ကြောင့်ရယ်လဲမဟုတ်ပါဘူး။ အမြင်ကပ်တာက အမြင်ကပ်တာပဲ။ မတရားသဖြင့်လုပ်ဖို့အထိလဲ ငါမယုတ်မာဘူး"

"ဟုတ်ပါပြီ။ တရားမျှတမှုကိုချစ်မြတ်နိုးသူကြီးရယ်.."

"ဟားဟားဟား"

နှစ်ယောက်သားဟာ တစ်ယောက်ကိုတစ်ယောက်စလိုက်နောက်လိုက်ဖြင့် အဆောင်ဆီကိုသွားသောလမ်းဘက်ကို တဟားဟားအော်ရယ်ရင်း ထွက်လာခဲ့ကြသည်။ သို့သော် ထူးဆန်းသည့်အချက်မှာ သူတို့နှစ်ယောက်စလုံးမှာ အဆောင်နေကျောင်းသားများ မဟုတ်ကြပေ။

************

A/N: ကဲ ကဲ ဇာတ်ကောင်အသစ်နှစ်ယောက် ပေါ်လာပြန်ပြီနော်။ တစ်ယောက်ကတော့ ဟိုးရှေ့ကအပိုင်းတစ်ခုထဲမှာ ခဏပါလာဖူးတယ်။ မှတ်မိကြလားတော့မသိ။ သူက ကိုယ်တို့သိပြီးသားလူတစ်ယောက်ကို ပိုးပန်းဖို့အတွက် ပေါ်လာတဲ့ဇာတ်ကောင်ပါနော်။ နောက်ထပ်တစ်တွဲပေါ့.. Guess Who? ♪(┌・。・)┌

•••••••••

ZawGyi Version

"သားေျပာထားသလိုပဲ။ ပိုင္စိုးမိုးသူရဲ႕ေျခလွမ္းေတြက ထူးဆန္းေနတယ္။ သား​ေျပာတဲ့ေကာင္ေလးရဲ႕မိသားစုနဲ႔ ၿပိဳင္ဖက္ျဖစ္ႏိုင္ေခ်႐ွိသမွ် အဖြဲ႕အစည္းေတြနဲ႔တိတ္တဆိတ္ေတြ႕ဆုံမႈေတြ႐ွိတယ္"

သူ႕အေဖက သူအကူအညီေတာင္းထားသည့္ကိစၥမွာ သတင္းအစအနေလးမ်ားရေလတိုင္း သူ႕အား အသိေပးသည္ျဖစ္ရာ ယခုတစ္ေခါက္လည္း သတင္းရရခ်င္း ေသခ်ာစစ္ေဆးၿပီးသည္ႏွင့္ ဖုန္းဆက္ကာ သူ႕ဆီကိုသတင္းပို႔ေပးျခင္းပင္။

"အဲ့ဒီႏိုင္ငံေရးကိစၥေတြ ကြၽန္ေတာ္နားမလည္ဘူး။ ဘာအဓိပၸါယ္လဲဆိုတာကိုသာ ေျပာျပပါ"

သူ႕အေဖ၏ေကြ႕ဝိုက္ေနေသာ စကားတို႔၏အသြားအလာကို မခန္႔မွန္းတတ္၍ တည့္တိုးေျပာရန္သာ ေတာင္းဆိုလိုက္ရာ သူ႕အေဖဘက္ကလည္း မတိုင္မီကထက္ ပိုေလးနက္ေသာေလသံျဖင့္ ျပန္ေျဖလာသည္။

"အဓိပၸါယ္က သူတို႔ ႏိုင္ငံေရးနဲ႔ဆက္ႏြယ္ေနတဲ့ကိစၥတစ္ခုခုမွာ ျပႆနာ႐ွာလိမ့္မယ္။ ၿပီးရင္ အဲ့ဒါကိုအေၾကာင္းျပဳၿပီး လူထုအုံႂကြမႈတစ္ခုကိုဖန္တီးမွာ"

လူထုအုံႂကြမႈတစ္ခု..။ စာအုပ္ထဲမွာ တကယ္ပဲ ထိုကိစၥတစ္ခုျဖစ္ပြါးခဲ့သည္။ ထိုအျဖစ္အပ်က္မွာ တစ္ၿမိဳ႕လုံးကိုထိတ္လန္႔ေစခဲ့ေသာ ဓာတ္ေငြ႕ယိုစိမ့္မႈတစ္ခုက စတင္သည္ဟုလည္း ေဖာ္ျပထားခဲ့သည္။ သို႔ေသာ္ ဤကိစၥ၏ေနာက္ကြယ္မွာ ပိုင္စိုးမိုးသူ႐ွိေနမွန္း​ေတာ့ သူမသိခဲ့ရေပ။ သူဟာ ဇာတ္လိုက္ႏွစ္ဦးျဖစ္ေသာ ၿငိမ္းသံလြင္ခက္ႏွင့္ သြန္းေစၿဖိဳးတို႔သိသေလာက္သာ သိခဲ့ရေသာေၾကာင့္ပင္။

ထိုအခ်ိန္က ၿငိမ္းသံလြင္ခက္တို႔ႏွစ္ေယာက္ဟာ မူလႏိႈင္းအျမဳေတကို စြမ္းေစတမာန္၏သုတ္သင္ျခင္းခံရဖို႔ ေထာင္ေခ်ာက္ထဲကိုတြန္းပို႔ၿပီးစအခ်ိန္ျဖစ္ၿပီး သူတို႔၏အခ်စ္ေရးကို အေကာင္းမြန္ဆုံးျဖစ္ေအာင္ တည္ေဆာက္ေနၾကခ်ိန္ျဖစ္သည္။

သို႔ေသာ္ မတူညီသည့္အခ်က္တစ္ခု႐ွိေန၏။ စာအုပ္ထဲမွာ ထိုအျဖစ္အပ်က္မ်ားျဖစ္ပ်က္သည္မွာ သူတို႔အားလုံး ေက်ာင္းၿပီးသြားသည့္ေနာက္ လုပ္ငန္းခြင္ကိုယ္စီမွာ ဝင္ေရာက္လုပ္ကိုင္ခ်ိန္ပင္ျဖစ္၏။

ယခုမွာေတာ့ အျဖစ္အပ်က္မ်ားဟာ ခပ္ျမန္ျမန္ေရာက္လာႏိုင္ေခ်႐ွိေန၏။ ပိုင္စိုးမိုးသူသည္ သူ၏လုပ္ငန္းစဥ္မ်ားကို အ႐ွိန္မ်ားစြာျမႇင့္ထားေပသည္။ အေၾကာင္းအရင္းကား မသိရေခ်။

"ဒီေတာ့ ဒါကသူတို႔ရဲ႕အစီအစဥ္ေပါ့"

"မဟုတ္ဘူး"

သူ႕အေဖဟာ တည္တည္ၿငိမ္ၿငိမ္ျဖင့္ျငင္းခ်က္ထုတ္လာၿပီး သူ႕သုံးသပ္ခ်က္အား ဖြင့္ဟေလ၏။

"ဒါက သူတို႔အစီအစဥ္သက္သက္မဟုတ္ဘူး။ ဒါက သူတို႔အစီအစဥ္ရဲ႕နိဒါန္းပ်ိဳး႐ုံပဲ႐ွိေသးတာ..။ ေဖေဖ့အထင္ေတာ့ အဲ့ဒါကိုအေယာင္ျပၿပီး ေနာက္ကြယ္မွာၾကံစည္မဲ့ကိစၥတစ္ခု႐ွိေနတယ္"

ေသခ်ာလြန္းေနေသာအခ်က္မွာ ေနာက္ကြယ္မွထိုကိစၥဟာ စြမ္းေစတမာန္အား အေမြဆက္ခံသူေနရာမွျဖဳတ္ခ်မည့္ အစီအစဥ္ပင္။ ပိုင္စိုးမိုးသူဟာ စာအုပ္ထဲမွာ ထိုကိစၥကိုေအာင္ျမင္ေအာင္ လုပ္ႏိုင္ခဲ့သလားဆိုသည္ကို သူမသိေသာ္လည္း ယခုကိစၥမွာေတာ့ ထိုလူ႕ကို သူ ေအာင္ျမင္ခြင့္မေပးခ်င္။

"ႏိႈင္းေလး.. ေဖေဖ ဒီလိုေမးတာကို စိတ္ေတာ့မဆိုးပါနဲ႔။ စြမ္းေစတမာန္... သူက သားအကူအညီကိုလိုရေလာက္တဲ့အထိလဲ အင္အားမနည္းဘူး။ ၿပီးေတာ့ သူ႕ဘက္ကလိုတယ္ပဲထား။ သားကေရာ ဘာလို႔ကူညီခ်င္ရတာလဲ။ သားေျပာသလိုဆိုရင္ ဒါႀကီးက မိသားစုတစ္ခုအတြင္းက အ႐ႈပ္အေထြးႀကီးပဲေလ"

သူ ဘာေၾကာင့္ ကူညီခ်င္ရသလဲတဲ့..။ တစ္စုံတစ္ေယာက္ဟာ အျပစ္တစ္စုံတစ္ရာမ႐ွိပါဘဲ မတရားမႈတစ္ခုထဲမွာ သားေကာင္ျဖစ္ေနရျခင္းကို သူလက္မခံႏိုင္ေပ။ သို႔ေသာ္ ေသခ်ာေနေသာအခ်က္မွာ ဤအေျခအေနကိုေျပလည္ရန္ သူဟာ သူႏွင့္ဘဝတူဟုသတ္မွတ္ထားသည့္ လူတစ္ေယာက္ကို ကိုယ္ခ်င္းစာစိတ္ျဖင့္ ကူညီခ်င္ေသာဆင္ေျခမွ်ျဖင့္ မလုံေလာက္မွန္း သူသိသည္။

ႏိႈင္းအျမဳေတမွာ ထိုအေတြးဂယက္ႀကီးေၾကာင့္ ဖုန္းကိုင္ထားရင္း အမူအရာက ငူငူငိုင္ငိုင္..။ အၾကည့္တို႔က ဦးတည္ရာမဲ့ေငးေမာလ်က္..။

"ကြၽန္ေတာ္ လ်စ္လ်ဴ႐ႈမထားႏိုင္လို႔"

သတိမမူမိလိုက္သျဖင့္ စြမ္းေစတမာန္ အႏၲရာယ္တစ္စုံတစ္ရာက်ေရာက္သြားမည္ကို သူမျမင္ရက္ေပ။

ထိုအမ်ိဳးသားမွာ လက္႐ွိခံစားေနရ႐ွာေသာေဝဒနာမ်ားျဖင့္ပင္ နာက်င္ျခင္းတို႔ တစ္ဘဝစာဖူလုံေနပါၿပီေလ..။

သူ႕ဘဝမွာ လူတစ္ေယာက္ကိုကူညီဖို႔ စိတ္ေရာကိုယ္ပါအားစိုက္ရသည့္ေန႔မ်ိဳး ႐ွိလာလိမ့္မည္ဟု ႏိႈင္းအျမဳေတေတြးမထားဖူးေခ်။ ရည္႐ြယ္၍ျဖစ္ေစ မသိလိုက္မသိဘာသာပင္ျဖစ္ေစ သူသည္ စြမ္းေစတမာန္၏ကိစၥအဝဝ၌ သူကိုယ္တိုင္သတိမထားမိခင္မွာပင္ ဝင္ပါေနမိသည္။

သူတို႔၏ရင္းႏွီးမႈဟာ စာသင္ႏွစ္တစ္ဝက္စာမွ်ပင္ မ႐ွိေသးေသာ္ျငား တစ္ဦးႏွင့္တစ္ဦး သေဘာထားတိုက္ဆိုင္ၿပီး အေတြးအျမင္အယူအဆဆင္တူမႈေၾကာင့္ အခ်ိန္ခဏေလးအတြင္းမွာ တစ္ေယာက္ကိုတစ္ေယာက္ နားလည္ႏိုင္ခဲ့ၾကသည္။ စာအုပ္ထဲမွာ ေသြးေအးသည္ဟုသာ တံဆိပ္ကပ္ခံရေသာလူသား၏ ဖုံးကြယ္ထားေသာဒဏ္ရာတို႔ကို တစ္စြန္းတစ္စမွ်ျမင္ေတြ႕လိုက္ရျခင္းေၾကာင့္လည္း ျဖစ္ႏိုင္သည္။

အင္အားႀကီးမားေသာဗီလိန္၏ အတိတ္မွဒဏ္ရာမ်ားတဲ့ေလ..။ ႏိႈင္းအျမဳေတ သက္ျပင္းသာအတြင္တြင္ခ်မိေတာ့သည္။

သူ႕အေဖကေတာ့ သူ႕အေျဖ​ကို မွတ္ခ်က္တစ္စုံတစ္ရာမေပးပါဘဲ နားလည္ၿပီဟုသာဆိုၿပီး ဖုန္းခ်သြားသည္။ ႏိႈင္းအျမဳေတကေတာ့ သူ႕အေဖ၏ေမးခြန္းမွ ခ်န္ရစ္ခဲ့ေသာေနာက္ဆက္တြဲအက်ိဳးရလဒ္ေၾကာင့္ စာၾကည့္စားပြဲမွာထိုင္ရင္း မလႈပ္မယွက္အေတြးနယ္ကြၽံေနမိေတာ့သည္။

စာၾကည့္စားပြဲထက္မွာ အခန္႔သားေနရာယူထားေသာ ယုန္လက္ထိုးအ႐ုပ္ေလးကေတာ့ ေလာကႀကီး၏အ႐ႈပ္အေထြးမ်ားကို ဘာမွမသိ႐ွာဘဲ အျပစ္ကင္းစင္ေသာမ်က္ဝန္းတို႔ျဖင့္ သူ႕အား ေငးၾကည့္ေနေလရဲ႕..။

ႏိႈင္းအျမဳေတမွာ လြန္ခဲ့သည့္နာရီပိုင္းခန္႔က စြမ္းေစတမာန္တစ္ေယာက္ ထိုယုန္႐ုပ္ေလးထဲကို လက္ထည့္၍ နား႐ြက္ေလးအား တလႈပ္လႈပ္လုပ္ျပခဲ့ေသာျမင္ကြင္းကို မေနႏိုင္ဘဲ ျပန္ေတြးမိသြားသည္။ ႐ုပ္တည္ႀကီးႏွင့္ သူ႕အား စေနာက္ဖို႔ႀကိဳးစားေနခဲ့ေသာ စြမ္းေစတမာန္၏ပုံစံမွာ ဘယ္အခ်ိန္ျပန္ေတြးေတြး ဟာသတစ္ခုႏွယ္ျဖစ္ေန၏။

"စီနီယာ.. ခင္ဗ်ားကေလ တစ္ခါတေလက်ရင္ နည္းနည္းနားလည္ရခက္တယ္။ ဒါေပမဲ့ အဲ့လိုေပါ့ေပါ့ပါးပါးျဖစ္ေနတဲ့အခါမ်ိဳးေတြက်ရင္ ခင္ဗ်ားက အရမ္းဆြဲေဆာင္အားေကာင္းေနေရာ.."

ဝဠာဟိန္းပိုင္ေျပာခဲ့သည့္စကားတစ္ခြန္းကို သူမွတ္မိေသးသည္။ အျဖစ္အပ်က္မ်ားမတိုင္ခင္က စြမ္းေစတမာန္မွာ ယခုလိုေအးတိေအးစက္ပုံစံမဟုတ္ဘဲ အေပါင္းအသင္းမက္ၿပီး ေပ်ာ္ေပ်ာ္လည္းေနတတ္သတဲ့ေလ။

ထိုစဥ္က စြမ္းေစတမာန္၏ပုံစံမွာ တက္ႂကြလန္းဆန္းေသာလူငယ္တစ္ဦးႏွယ္ ဖ်တ္လတ္ေနခဲ့မည္မွာ က်ိန္းေသပင္။ ထို႔ျပင္ စြမ္းေစတမာန္၏ ထိုသို႔ေသာပုံစံေလးက လူတကာကို ဆြဲေဆာင္ႏိုင္ခဲ့မွာကိုလည္း ျငင္းမရေခ်။

ႏိႈင္းအျမဳေတ ႏွေျမာသလိုခံစားရ၏။ ထိုကဲ့သို႔ေသာပုံစံေလးကို သည္တစ္သက္ သူ ျမင္ေရာျမင္ဖူးပါဦးမလား။

႐ႈပ္ေထြးမႈေပါင္းမ်ားစြာကို သယ္ေပြ႕ရင္း အိပ္စက္ခဲ့ရေသာညတစ္ညပါပင္။ ထိုညက ပတ္ဝန္းက်င္တစ္ခုလုံး ပကတိတိတ္ဆိတ္ေနခဲ့သလို ေဘးအခန္း႐ွိေျမေခြးအ႐ုပ္ေလးကလည္း အိပ္ရာထက္မွာ တစ္ကိုယ္တည္းအထီးက်န္ေနခဲ့သည္သာ...။

ေနာက္တစ္ေန႔မနက္ ႏိႈင္းအျမဳေတအိပ္ရာႏိုးလာခ်ိန္တြင္ အေဆာင္တစ္ခုလုံးမွာ လႈပ္႐ွားသက္ဝင္ေနႏွင့္ၿပီးျဖစ္၏။ အဓိပၸါယ္ကေတာ့ သူ အိပ္ရာထေနာက္က်သြားျခင္းပင္။ ထို႔ေၾကာင့္ မနက္ခင္းေဝယ်ာဝစၥမ်ားကို ခပ္သြက္သြက္လုပ္၍ အတန္းတက္ဖို႔ အလ်င္စလိုျပင္ဆင္ရသည္။

လြယ္အိတ္ကိုလြယ္လ်က္ အခန္းတံခါးကိုျဖတ္၍ထြက္လာခ်ိန္မွာ ေစ့ပိတ္ကာထားေသာ ေဘးအခန္းကိုလည္း မေနႏိုင္မထိုင္ႏိုင္လွည့္ၾကည့္မိေသးသည္။

မေန႔ညက စြမ္းေစတမာန္သည္ အေဆာင္မွာပင္အိပ္မည္ဟု ေျပာခဲ့သည္။ သူႏွင့္ႏႈတ္ဆက္ၿပီးေတာ့လည္း ဤအခန္းထဲကိုသာ တည့္တည့္မတ္မတ္ဝင္သြားခဲ့သည္။ ပုံမွန္ဆိုလွ်င္ စြမ္းေစတမာန္သည္ မနက္ပိုင္းအတန္းခ်ိန္မ႐ွိပါက မနက္စာအတူစားရန္ သူ႕အား လာႏိႈးတတ္သည္။ ယေန႔မွာေတာ့ ေဘးအခန္းမွာ ထူးထူးဆန္းဆန္းတိတ္ဆိတ္ေန၏။

"အတန္းခ်ိန္႐ွိလို႔ျဖစ္မွာပါေလ"

ကိုယ့္ဘာသာျဖည့္ေတြးလိုက္ေသာ္ျငား စိတ္ထဲမွာေတာ့ တစ္ခုခုထူးဆန္းသလို ခံစားေနရဆဲသာ။

သူ အတန္းထဲကိုေရာက္သြားေသာအခါ သူ႕ထိုင္ခုံေဖာ္ ႐ွိန္းကိုေဇဟာ ေက်ာင္းစာႏွင့္မသက္ဆိုင္သည့္ စာရင္းအခ်ိဳ႕ကိုလုပ္ေနျပန္၏။ သူဝင္လာသည္ကိုျမင္သည္ႏွင့္ ႐ွိန္းကိုေဇက စာရင္းလုပ္ေနျခင္းကိုရပ္လိုက္ၿပီး သူ႕အား မဝံ့မရဲငဲ့ၾကည့္လာသည္။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို မ်က္ႏွာျပန္လႊဲသြားေလသည္။

"ဘာျဖစ္တာလဲ"

ကိုယ့္ခုံမွာကိုယ္ဝင္ထိုင္ရင္း ႐ွိန္းကိုေဇအား ေမးဆတ္ျပလိုက္ရာ တစ္ဖက္လူကလည္း ပ်ာပ်ာသလဲျပန္ေျဖေလသည္။

"ဟမ္.. ဘာမွမဟုတ္ပါဘူး"

"ဘာမွမဟုတ္ရင္ အဲ့ဒါကဘာပုံစံလဲ"

"အဲ့လိုမဟုတ္ဘူး။ အေရးႀကီးတဲ့ဟာမ်ိဳးမဟုတ္လို႔"

သူ႕အမူအရာမွာ ေဘာက္ဆတ္ဆတ္ျဖစ္မေနသည့္တိုင္ ႐ွိန္းကိုေဇကေတာ့ သတိႀကီးႀကီးထားေနေသးပုံပင္။

"အေရးမႀကီးလဲရတယ္။ ေျပာ.. ဘာျဖစ္တာလဲ"

"တကယ္ဘာမွမဟုတ္ပါဘူး။ မေန႔က မင္းကို ပန္းျခံနားကေစ်းမွာ ေတြ႕လိုက္လို႔ေလ။ မင္းက အဲ့လိုေနရာမ်ိဳးကို လုံးဝေျခမလွမ္းဘူးလို႔တစ္ခါေျပာတာၾကားဖူးသလားလို႔.. အဲ့ဒါနဲ႔ အံ့ၾသသြားလို႔ပါ"

႐ွိန္းကိုေဇမွာ သူ႕ကို လက္ေအာက္ငယ္သားတစ္ေယာက္က အထက္လူႀကီးတစ္ေယာက္ကို ဆက္ဆံပုံအတိုင္း တစ္ပုံစံတည္းျပဳမူေနေလသည္။ သည့္ထက္ပိုဆိုးလာလွ်င္ ႐ွိန္းကိုေဇတစ္ေယာက္ သူ႕အား ႐ုတ္တရက္ႀကီးထၿပီး အေလးျပဳလာမည္ကိုပင္ စိုးရိမ္ဖြယ္ရာ႐ွိ၏။

"ေၾသာ္.. ဟုတ္တယ္။ မေန႔က ငါပ်င္းတာနဲ႔"

"အင္း.. ထင္ပါတယ္"

"မင္းကေရာ.."

မသိခ်င္ေယာင္ေဆာင္၍ ေမးလိုက္ေသာသူ႕စကားအဆုံးမွာ ႐ွိန္းကိုေဇက အမူအရာအားျဖင့္ နားမလည္ဟန္ျပ၏။

"ဘာကိုလဲ"

"မင္းကိုလဲ ငါေတြ႕လိုက္တယ္ေလ။ မင္းကေရာ အဲ့ဒီဆိုင္ခန္းမွာဘာလုပ္ေနတာလဲ"

သူ႕ဘက္က ထိုသို႔ေမးလာျခင္းကို ႐ွိန္းကိုေဇမေမွ်ာ္လင့္ထားပုံပင္။ အံ့အားသင့္သြားဟန္ျဖင့္ အနည္းငယ္စိတ္႐ႈပ္ေထြးသြားေသာအမူအရာတို႔က သူ႕မ်က္ႏွာထက္မွာ အထင္းသားေပၚလြင္လာသည္။

"အဲ့ဒါ ငါ့ရဲ႕ေနာက္ထပ္အလုပ္တစ္ခုေလ။ ငါ့အစ္မကိုယ္တိုင္ ဒီဇိုင္းဆြဲၿပီးခ်ဳပ္ထားတဲ့အဝတ္ေတြကို ငါကေရာင္းေပးတာ။ ကိုယ္ပိုင္အလုပ္လို႔ ေျပာလို႔ရမယ္ထင္တယ္"

စကားအဆုံးမွာ ခပ္ဟဟရယ္လိုက္ပုံအရ သူ႕ေ႐ွ႕မွာ ကိုယ္ပိုင္လုပ္ငန္းႏွင့္ပတ္သက္ၿပီး စကားဟလိုက္မိျခင္းအတြက္ အနည္းငယ္မဝံ့မရဲျဖစ္သြားဟန္တူ၏။

ႏိႈင္းအျမဳေတအဖို႔ေတာ့ ႐ွိန္းကိုေဇ၏အမူအရာမွန္သမွ်ကို မျမင္လိုက္သလိုသာ ဟန္ေဆာင္ေနခဲ့သည္။

"မင္း အရင္က အခ်ိန္ပိုင္းအလုပ္ေတြအမ်ားႀကီးလုပ္ေနတာ ျမင္ဖူးပါတယ္။ အခုလဲ ေနာက္တစ္ခု.. မင္းလုပ္ရတဲ့အလုပ္ေတြ အရမ္းမ်ားေနၿပီလို႔ထင္တယ္ေနာ္"

႐ွိန္းကိုေဇ၏အလုပ္အား အာ႐ုံစိုက္ေနပုံလည္းမေပၚေအာင္ စကားလုံးကို အတတ္ႏိုင္ဆုံးသတိထားကာ ေလသံကိုလည္း သာမန္ကာလွ်ံကာေမးျမန္းေနပုံႏွင့္တူေအာင္ တုပရသည္။ လြယ္ေတာ့ မလြယ္။

သို႔ေသာ္ သူဘယ္ေလာက္သတိထားထား ထိုအေၾကာင္းအရာႏွင့္ပတ္သက္၍ ႏိႈက္ႏိႈက္ခြၽတ္ခြၽတ္ေမးျမန္းေနကတည္းက ႐ွိန္းကိုေဇအဖို႔ ထူးဆန္းေနေလၿပီ။ သို႔ေသာ္ သူ႕ေမးခြန္းမ်ားကိုေတာ့ ျပန္ေျဖေပးဆဲပင္။

"အာ.. တကယ္ေတာ့ အခ်ိန္ပိုင္းအလုပ္ေတြကထြက္လိုက္ၿပီ။ ေက်ာင္းတစ္ဖက္နဲ႔ဆိုေတာ့ သူမ်ားဆီမွာအလုပ္လုပ္ရတာ မ်က္ႏွာငယ္တယ္ေလ။ ဒီအလုပ္ေလးကက်ေတာ့ ဝင္ေငြမမ်ားေတာင္မွ စိတ္လြတ္လပ္တယ္။ ငါမအားရင္ ငါ့အစ္မက အစားဝင္လုပ္ေပးလို႔ရေတာ့ ငါနည္းနည္းသက္သာတာေပါ့"

ထိုသို႔ၾကားရေတာ့လည္း သူ႕စိတ္ထဲမွာမေကာင္း။ သူ႕ေၾကာင့္ရယ္လည္းမဟုတ္ေသာ္ျငား သူ႕အျပစ္မကင္းသလိုသာ စိတ္ထဲထင္ေနမိသည္။

"တကယ္ေတာ့ ငါလဲ မေန႔က အဲ့ဒီဝတ္စုံေတြကိုျမင္လိုက္ပါတယ္။ ဒီဇိုင္းေလးေတြကဆန္းတယ္။ တကယ္မဆိုးဘူး။ အဲ့ဒါနဲ႔ပတ္သက္ၿပီး ငါစဥ္းစားေနတာတစ္ခု႐ွိတယ္။ စိတ္ဝင္စားလား"

႐ွိန္းကိုေဇက သူဘာေျပာလာမလဲဆိုသည္ကို မသိေသာ္ျငား စိတ္ဝင္တစား႐ွိေသာအမူအရာကို ထုတ္ျပလာသည္။ ထိုအမူအရာကိုျမင္ေသာ္ ႏိႈင္းအျမဳေတလည္း သေဘာတက်ျပဳံးလိုက္မိၿပီး စကားကိုဆက္သည္။

"ဒီလိုေလ.. ငါ့အေဖက သူ႕ကုမၸဏီကဝန္ထမ္းေတြအတြက္ ဒီႏွစ္ကုန္ပိုင္းမွာ Staff Partyလုပ္ေပးရင္း တစ္ေနရာရာကိုအလည္အပတ္ပို႔ေပးဖို႔႐ွိတယ္။ ေျပာခ်င္တာကေတာ့ အဲ့ဒီPartyအတြက္ သူက ဝန္ထမ္းတိုင္းကို ယူနီေဖာင္းတစ္ထည္စီျပင္ေပးေလ့႐ွိတယ္။ Staff Partyေန႔မွာဝတ္ဖို႔ေပါ့။ အဲ့ဒီအတြက္ အရင္ကေတာ့ သူအပ္ေနက်ေနရာတစ္ခု႐ွိတယ္။ အခုေတာ့ ျပႆနာတစ္ခုေၾကာင့္ လက္မခံလို႔ ငါစဥ္းစားမိတာ မင္းဆိုရင္ အဆင္ေျပမလားလို႔"

"ဘယ္လို။ ဒါေပမဲ့..မင္း."

ထိုမွ်ေကာင္းမြန္ေသာကမ္းလွမ္းခ်က္ေၾကာင့္ ႐ွိန္းကိုေဇမွာ မယုံၾကည္ႏိုင္ေလာက္ေအာင္ အံ့ၾသသြားဟန္ပင္။ ပါးစပ္အေဟာင္းသားျဖင့္ သူ႕အား ေငးၾကည့္ေနၿပီး မ်က္ေတာင္လည္းတစ္ခ်က္မခတ္ေခ်။

"ငါ့အေဖက အဲ့ဒီဝတ္စုံကိစၥနဲ႔ပတ္သက္ၿပီး အေပၚယံမလုပ္ဘူးေနာ္။ သူက သူလုပ္သမွ်အရာတိုင္းက သူ႕ကုမၸဏီရဲ႕ပုံရိပ္ပဲလို႔ခံယူထားတာ။ အဲ့ဒါေၾကာင့္ ဒီဝတ္စုံကို သူက႐ိုးေနတာမ်ိဳးလဲမႀကိဳက္ဘူး။ အရမ္းဆန္းေနျပန္ေတာ့လည္း ခံစားလို႔မရဘူးတဲ့ေလ။ ၿပီးေတာ့ မင္းအစ္မခ်ဳပ္တဲ့ဒီဇိုင္းေတြက ငါ့အေဖအႀကိဳက္နဲ႔ကြက္တိပဲဆိုေတာ့ ငါက မင္းတို႔မ်ား ေအာ္ဒါႀကိဳအပ္တာမ်ိဳးလက္ခံႏိုင္တယ္ဆိုရင္..."

ႏိႈင္းအျမဳေတလည္း ဤေနရာမွာတင္ စကားစကိုရပ္ထားလိုက္ၿပီး ႐ွိန္းကိုေဇ၏တုံ႔ျပန္မႈကို အကဲခတ္ၾကည့္လိုက္သည္။

႐ွိန္းကိုေဇမွာ သူထင္ထားသည့္အတိုင္း စိတ္႐ႈပ္ေထြးမႈႏွင့္ မယုံၾကည္ႏိုင္ျခင္းအၾကား လြန္ဆြဲေနေပသည္။ ထိုလူမွာ သူ႕ကိုၾကည့္လိုက္ မ်က္ႏွာလႊဲသြားလိုက္ႏွင့္ တစ္ေယာက္တည္းဗ်ာမ်ားေန႐ွာသည္။

ထိုသို႔ဗ်ာမ်ားရျခင္းအေၾကာင္းကို ႏိႈင္းအျမဳေတ ေကာင္းေကာင္းနားလည္ပါသည္။ မူလႏိႈင္းအျမဳေတခ်န္ရစ္ခဲ့ေသာ ပုံရိပ္ဆိုးႀကီးက ႐ွိန္းကိုေဇ၏ရင္ထဲမွာ အျမစ္တြယ္ေနခဲ့သည္သာ။

႐ွိန္းကိုေဇတစ္ေယာက္ ဤကမ္းလွမ္းမႈမွာ ေထာင္ေခ်ာက္ျဖစ္ေနမွာစိုး၍ တြန္႔ဆုတ္ေနေၾကာင္း သူသိသျဖင့္ ဖိအားေပးဖို႔မႀကိဳးစားဘဲ စဥ္းစားဖို႔အခ်ိန္ေပးရန္ ဆုံးျဖတ္လိုက္သည္။

"ငါက ငါ့သေဘာကိုေျပာျပတာပဲ႐ွိတာ။ က်န္တာက မင္းဆုံးျဖတ္ေပါ့။ မင္းဘက္ကအိုေကရင္ ငါ့ဘက္ကအခ်ိန္မေ႐ြးပဲ"

႐ွိန္းကိုေဇမွာ သူ႕သေဘာထားေၾကာင့္ ပို၍ဇေဝဇဝါျဖစ္သြားဟန္တူ၏။ ေခါင္းတကုတ္ကုတ္လုပ္ကာ စဥ္းစားရၾကပ္ေနဟန္႐ွိၿပီး ခဏအၾကာမွ စကားစလာသည္။

"တကယ္လို႔ ငါကလက္ခံတယ္ဆိုရင္ ငါ့ဘက္ကဘာေတြလုပ္ေပးဖို႔လိုမွာလဲ"

႐ွိန္းကိုေဇ၏အေၾကာက္တရားကို တစ္စြန္းတစ္စမွ် သူျမင္လိုက္ရသည္။ ႐ွိန္းကိုေဇဟာ သူ႕အား အျပည့္အဝမယုံၾကည္ရဲေပ။ ထိုကိစၥကိုအေၾကာင္းျပဳၿပီး သူက အခြင့္အေရးယူကာ ႏိုင့္ထက္စီးနင္းလုပ္လာမည္ကို စိုးရိမ္ေန႐ွာသည္။

"ဘာလိုရမွာလဲ။ ငါတို႔လိုခ်င္တဲ့ပမာဏကို ငါတို႔ေျပာတဲ့အခ်ိန္အတြင္းမွာ ရႏိုင္မရႏိုင္ဆုံးျဖတ္ေပး႐ုံပဲေလ။ တကယ္လို႔ အခ်ိန္မေလာက္ေတာ့လဲ ႏွစ္ဖက္ညႇိႏိႈင္းၾကတာေပါ့။ ဘာခက္တာမွတ္လို႔"

႐ွိန္းကိုေဇမွာ တစ္စုံတစ္ရာကိုအေတြးေရာက္သြားဟန္ျဖင့္ သူ႕အား ခဏမွ်စိုက္ၾကည့္ေနၿပီး ႏႈတ္ခမ္းကလည္း တစ္စုံတစ္ခု​ေမးျမန္းလိုစိတ္ေၾကာင့္ ဖြင့္ခ်ည္ပိတ္ခ်ည္လုပ္ေနသည္။ သို႔ေသာ္ အဆုံးမွာေတာ့ ဘာမွမေျပာလာဘဲ အစ္မျဖစ္သူႏွင့္တိုင္ပင္ဦးမည္ဟုသာ ဆိုလာသည္။ သူ႕ဘက္ကလည္း ဘာမွအျငင္းပြါးစရာမ႐ွိေသာေၾကာင့္ လက္ခံလိုက္ပါသည္။

မၾကာခင္မွာပင္ အတန္းထဲကို ဆရာဝင္လာသည့္အတြက္ သူတို႔၏စကားစလည္း အလိုလိုျပတ္ေတာက္သြားရသည္။ ယေန႔ဟာ အတန္းခ်ိန္မ်ားဆက္တိုက္ျဖစ္ေနေသာ္လည္း စာေမးပြဲနီးၿပီမို႔ ဆရာအမ်ားစုက Key Pointေတြေလာက္သာထုတ္ၿပီး အနည္းငယ္႐ွင္းျပ႐ုံသာလုပ္ၾကသျဖင့္ သိပ္မပင္ပန္းရေပ။

ယ​ေန႔တက္ရမည့္ အတန္းအားလုံးၿပီးသြားခ်ိန္မွာ ညေနေစာင္းလုနီးနီးပင္႐ွိေနေခ်ၿပီ။

ႏိႈင္းအျမဳေတလည္း အတန္းဆင္းသည္ႏွင့္ မထိန္းခ်ဳပ္ႏိုင္ဘဲ ဖုန္းကိုထုတ္ၾကည့္မိသည္။ စြမ္းေစတမာန္အား တစ္ေနကုန္ သူမေတြ႕မိေခ်။ ေန႔လယ္စာအတူစားေနက်အခ်ိန္မွာလည္း ေပၚမလာသည့္အျပင္ ဆက္သြယ္၍ပါမရခဲ့ေပ။

ယခုလည္း သူ႕အား လုံးဝဆက္သြယ္ထားျခင္း မ႐ွိျပန္ေခ်။ သူ႕ဘက္က ဆက္သြယ္ျပန္ေတာ့လည္း တူညီေသာအေျခအေနအတိုင္း စက္ပိတ္ထားသည္ႏွင့္သာ တိုးေနေလရာ သူ တျဖည္းျဖည္းစိတ္ပူလာမိသည္။ တစ္ခုခုမ်ားျဖစ္ေနေလသလားဟု ေတြးမိေနသျဖင့္ ကိုယ့္စိတ္ကိုယ္ျပန္ထိန္းညႇိႏိုင္ရန္ "မဟုတ္ေလာက္ပါဘူးေလ"ဟုသာ ျပန္ေတြးၿပီး စိတ္ေျဖေနရသည္။

"အစ္ကိုပိုင္ဆီကို ဖုန္းဆက္ၾကည့္တာပဲေကာင္းမယ္ထင္တယ္"

တစ္ေယာက္တည္းတီးတိုးေရ႐ြတ္ရင္း ဖုန္းထဲမွာမွတ္ထားေသာ ဝဠာဟိန္းပိုင္၏နံပါတ္ကို အျမန္သာႏွိပ္လိုက္သည္။ ဖုန္းဝင္သြားသည္ႏွင့္ တစ္ဖက္ကလည္း အဆင္သင့္ေစာင့္ေနသည့္အလား ခ်က္ခ်င္းျပန္ေျဖေလသည္။

"အေတာ္ပဲ။ ငါလဲ အခုပဲမင္းဆီကိုဖုန္းဆက္မလို႔။ ဂ်ဴနီယာ.. အခုဘယ္မွာလဲ။ မင္းဆီကို ေစတမာန္ေရာက္လာေသးလား"

ဝဠာဟိန္းပိုင္ကိုယ္တိုင္လည္း စြမ္းေစတမာန္ကိုလိုက္႐ွာေနပုံရ၏။ ႏိႈင္းအျမဳေတလည္း စိတ္ပ်က္လက္ပ်က္ျဖင့္ ေခါင္းသာခါရမ္းေနမိေတာ့သည္။ ၿပီးမွသာ တစ္ဖက္လူက သူ႕ကိုမျမင္ႏိုင္မွန္း ျပန္သတိရသည္။

"ကြၽန္ေတာ္က အခုေလးတင္ အတန္းဆင္းတာ။ စီနီယာက ကြၽန္ေတာ္႕ဆီလဲ ေရာက္မလာပါဘူး။ သူ႕ဖုန္းကိုဆက္တာလဲ မရဘူး"

"သူ႕ဖုန္းကို ဆက္လို႔ရမွာမဟုတ္ဘူး။ အဲ့ဒီဖုန္းက သူလုပ္လို႔တစ္စစီျဖစ္သြားၿပီ။ အဲ့ဒါေၾကာင့္ပဲ ငါလဲ စိတ္ညစ္ေနတာ။ သူေျပာေတာ့ မင္းနဲ႔ေတြ႕ဖို႔ ေက်ာင္းကိုျပန္မွာတဲ့။ အခုက်ေတာ့ ဖုန္းကဆက္မရျပဳမရနဲ႔...ေသလိုက္ပါေတာ့ကြာ"

ဝဠာဟိန္းပိုင္၏စကားအသြားအလာအရ တစ္ခုခုသိထားပုံရသျဖင့္ ေမးျမန္းၾကည့္ရန္ ျပင္လိုက္သည္။

"အစ္ကိုပိုင္.. ဘာေတြျဖစ္ေနတာလဲ"

"အဲ့ဒါက.. က်စ္.. ေျပာရမွာ႐ွည္တယ္"

"အစ္ကိုပိုင္ အခုဘယ္မွာလဲ"

"အစ္ကိုက အခု.. မင္းတို႔ဒုတိယႏွစ္ေက်ာင္းေဆာင္နားမွာ"

ႏိႈင္းအျမဳေတလည္း မ်က္စိ႐ွင္႐ွင္ထားၿပီး လင္း႐ွင္းေနေသာကြင္းျပင္ႀကီးထဲမွာ သြားလာေနၾကေသာ ေက်ာင္းသားတစ္သိုက္အၾကား ဟိုသည္ၾကည့္ကာ ႐ွာလိုက္သည္။ သူ ႐ွာမေတြ႕ခင္မွာပင္ အသံႏွစ္သံက ဖုန္းထဲမွာေရာ အျပင္ကပါ တစ္ေလသံတည္းထြက္လာသည္။

"ငါ မင္းကိုေတြ႕ၿပီ။ ဒီမွာ မင္းအေနာက္မွာ.."

ေျပာသည့္အတိုင္း ေနာက္လွည့္ၾကည့္လိုက္ရာ လက္တယမ္းယမ္းျဖင့္ သူ႕ဘက္ကိုလာေနေသာ ဝဠာဟိန္းပိုင္ကိုေတြ႕လိုက္ရသည္။ ထိုအခါမွ မခ်ရေသးေသာဖုန္းဆက္သြယ္မႈကို ျဖတ္ခ်လိုက္ၿပီး ဝဠာဟိန္းပိုင္အား အေလာတႀကီးေမးခြန္းထုတ္လိုက္သည္။

"ဘယ္လိုျဖစ္ၾကတာလဲ"

"တကယ္ကေတာ့ သူတို႔ Family Caseေတြပါကြာ။ ႐ႈပ္ေထြးခ်က္ပဲ။ ေစတမာန္ အရမ္းေဒါသထြက္ေနခဲ့တာ..။ သူ စိတ္တိုလဲတိုသင့္တယ္။ စိတ္တိုတဲ့အထိကိစၥမ႐ွိဘူး။ အခု သူကငါ့ကိုညာၿပီး လစ္ထြက္လာတာ။ မင္းဆီကိုလဲ မလာဘူးဆိုေတာ့ ငါ ဘယ္လိုက္လို႔လိုက္ရမလဲမသိေတာ့ဘူး"

ႏိႈင္းအျမဳေတမွာ ဝဠာဟိန္းပိုင္ဆီက ေသာကတခ်ိဳ႕ကူးစက္ခံလိုက္ရသည္။ ဝဠာဟိန္းပိုင္၏စကားမ်ားကိုၾကားရေသာအခါ မတိုင္မီကအထိ ကိုယ့္စိတ္ကိုယ္ေျဖရန္ႀကိဳးစားထားျခင္းမ်ားက အရာမေရာက္ေတာ့ဘဲ ဝဠာဟိန္းပိုင္နည္းတူ စိတ္ပူပန္လာသည္။

ပူပန္ေနေသာစိတ္အစဥ္ကို လက္ထဲမွာကိုင္ထားေသာ ဖုန္း၏တဒီးဒီးျမည္သံက ႐ုတ္ခ်ည္းဆိုသလို ဝင္ေရာက္ေႏွာင့္ယွက္သည္။ ဖုန္းမ်က္ႏွာျပင္ထက္မွာေပၚေနေသာ အမည္မသိဖုန္းနံပါတ္တစ္ခုမွ ဝင္ထားေသာစာတိုေလးဟာ သူ၏ပူပန္မႈမ်ားကို အနည္းငယ္မွ်ေလ်ာ့နည္းသြားေစေသာ္လည္း လုံးဝလည္းစိတ္မခ်ႏိုင္ေသးေပ။

"အစ္ကိုပိုင္.. မက္​​​ေဆ့ခ်္ဝင္လာၿပီ။ စီနီယာ့ဆီက"

သူ႕စကားေၾကာင့္ ဝဠာဟိန္းပိုင္ကလည္း အလန္႔တၾကားမ်က္ႏွာေပးျဖင့္ အနားကိုအတင္းတိုးကပ္လာသည္။

"ဘာတဲ့လဲ။ ငါ့ကိုျပဦး"

ဖုန္းမ်က္ႏွာျပင္ထက္မွာ အခန္႔သားေနရာယူထားေသာစာတိုမ်ားမွာကား..

'ကိုယ္ပါ။ စြမ္းေစတမာန္။ ကိုယ္ အခု မင္းနဲ႔ေတြ႕ခ်င္လို႔..။ ေက်ာင္းေ႐ွ႕က ေဆးဆိုင္နားမွာပဲ ေစာင့္ေနမယ္ေနာ္'

"ေတာ္ေသးတာေပါ့။ ဘယ္မွေပ်ာက္သြားတာမဟုတ္လို႔"

ဝဠာဟိန္းပိုင္မွာ ယခုမွစိတ္သက္သာရာရဟန္ျဖင့္ သက္မခ်ကာ တတြတ္တြတ္ေရ႐ြတ္ေနေတာ့သည္။ ဝဠာဟိန္းပိုင္၏ျဖစ္အင္ကိုၾကည့္ၿပီး ႏိႈင္းအျမဳေတမွာလည္း ေျခကုန္လက္ပန္းက်သြားသလိုခံစားရသည္။

"ဒါဆို ကြၽန္ေတာ္သြားလိုက္ဦးမယ္။ အစ္ကိုပိုင္ လိုက္ဦးမလား"

"ေတာ္ပါၿပီ။ သူေပ်ာက္ေနတာမဟုတ္မွေတာ့ ငါလဲစိတ္ေအးရၿပီ။ တစ္ခုခုျဖစ္ရင္သာ ဖုန္းဆက္လိုက္ေလ"

ႏိႈင္းအျမဳေတလည္း ေခါင္းသာညိတ္ျပလိုက္ၿပီး စြမ္းေစတမာန္ေစာင့္ေနမည့္ေနရာဆီသို႔ အေျပးသြားရေတာ့သည္။ ဝဠာဟိန္းပိုင္ကေတာ့ စြမ္းေစတမာန္အား လိုက္႐ွာရလြန္း၍ ေခြၽး႐ႊဲၿပီးနံေစာ္ေနေသာခႏၶာကိုယ္ကို သန္႔႐ွင္းေဆးေၾကာရန္ အေဆာင္ကိုသာျပန္လွည့္သြား႐ွာသည္။

သူတို႔ႏွင့္မနီးမေဝးေနရာမွာ မိုက္ကန္းကန္းပုံစံျဖင့္ မတ္တပ္ရပ္ေနေသာေက်ာင္းသားႏွစ္ေယာက္မွာ ဆန္႔က်င္ဘက္အရပ္ႏွစ္ခုကို ထြက္ခြါသြားၾကပါေသာ ႏိႈင္းအျမဳေတႏွင့္ဝဠာဟိန္းပိုင္တို႔ကို မ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနၾကေလသည္။

"ငါ ဘယ္သြားသြား ႏိႈင္းအျမဳေတနဲ႔ခ်ည္း တိုးေနသလိုပဲ။ နည္းနည္းေတာင္ မ်က္စိေနာက္လာၿပီ"

ပထမတစ္ေယာက္၏ခပ္႐ြဲ႕႐ြဲ႕စကားသံကို ေနာက္တစ္ေယာက္က ေဘာက္ဆတ္ဆတ္တုံ႔ျပန္သည္။

"ဒီလိုဆိုလဲ သူ႕ကို နည္းနည္းေလာက္ပညာေပးလိုက္မယ္ေလ"

"က်စ္.. အသာေနစမ္းပါကြာ"

"မင္း ဘာေၾကာက္ေနတာလဲ။ ဟိုတစ္ေခါက္တုန္းကလဲ သူလုပ္လို႔ မင္းအျပစ္ေပးခံရတာေလ"

ဒုတိယလူက ပထမလူ၏ပခုံးကို ခပ္ဆတ္ဆတ္ထိုးရင္း အားမလိုအားမရဆိုသည္။ ပထမလူကေတာ့ ျဖဳံပင္မျဖဳံဘဲ ျပဳံးေနလိုက္ေသးသည္။

"အဲ့တုန္းက တကယ္လဲ ငါ့အျပစ္႐ွိေနတာပဲကို။ အျပစ္ေပးခံရတာ သူ႕ေၾကာင့္ရယ္လဲမဟုတ္ပါဘူး။ အျမင္ကပ္တာက အျမင္ကပ္တာပဲ။ မတရားသျဖင့္လုပ္ဖို႔အထိလဲ ငါမယုတ္မာဘူး"

"ဟုတ္ပါၿပီ။ တရားမွ်တမႈကိုခ်စ္ျမတ္ႏိုးသူႀကီးရယ္.."

"ဟားဟားဟား"

ႏွစ္ေယာက္သားဟာ တစ္ေယာက္ကိုတစ္ေယာက္စလိုက္ေနာက္လိုက္ျဖင့္ အေဆာင္ဆီကိုသြားေသာလမ္းဘက္ကို တဟားဟားေအာ္ရယ္ရင္း ထြက္လာခဲ့ၾကသည္။ သို႔ေသာ္ ထူးဆန္းသည့္အခ်က္မွာ သူတို႔ႏွစ္ေယာက္စလုံးမွာ အေဆာင္ေနေက်ာင္းသားမ်ား မဟုတ္ၾကေပ။

************

A/N: ကဲ ကဲ ဇာတ္ေကာင္အသစ္ႏွစ္ေယာက္ ေပၚလာျပန္ၿပီေနာ္။ တစ္ေယာက္ကေတာ့ ဟိုးေ႐ွ႕ကအပိုင္းတစ္ခုထဲမွာ ခဏပါလာဖူးတယ္။ မွတ္မိၾကလားေတာ့မသိ။ သူက ကိုယ္တို႔သိၿပီးသားလူတစ္ေယာက္ကို ပိုးပန္းဖို႔အတြက္ ေပၚလာတဲ့ဇာတ္ေကာင္ပါေနာ္။ ေနာက္ထပ္တစ္တြဲေပါ့.. Guess Who? ♪(┌・。・)┌

•••••••••

Continue Reading

You'll Also Like

971K 101K 83
ေ႐ွာင္းက်န္႔သည္ စာေရးဆရာတစ္ေယာက္ျဖစ္ၿပီး လုပ္ၾကံမႈတစ္ခုေၾကာင့္ ေသဆံုးခဲ့ၿပီးေနာက္ အထက္တန္းေက်ာင္းသားေလးတစ္ေယာက္၏ခနၱာကိုယ္ထဲဝင္ေရာက္ႏိုးထလာေလသည္။ မူလပ...
1.1M 58.2K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
388K 44.7K 84
နွန်း : "ဘယ်လိုလဲ ရင်ထဲနည်းနည်းထိသွားတယ်မလား" မှိုင်း : "ထိတယ်ဟေ့ တော်တော်ကိုထိတယ် မင်းရဲ့လက်ညစ်ပတ်ကြီးကငါ့ဝတ်ရုံကိုတော်တော်ကိုထိနေတယ် ဝေးဝေးမှာသွားမ...
76.5K 8.8K 14
Exေလးကို ေသာက္ေသာက္လဲျပန္ေႂကြမိတဲ့အခါ အေသရရအရွင္ရရ ျပန္လိုခ်င္ပါသည္ ။ ~~~ Exလေးကို သောက်သောက်လဲပြန်ကြွေမိတဲ့အခါ အသေရရအရှင်ရရ ပြန်လိုချင်ပါသည် ။ (20...