The Everlasting One (volume 2...

By _pannthoon_

748K 74.5K 17.4K

Start Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ... More

Author's note
Preview
Characters
Chapter : 96
Chapter : 97
Chapter : 98
Chapter : 99
Chapter : 100
Chapter : 101
Chapter : 102
Chapter : 103
Chapter : 104
Chapter : 105
Chapter : 106
Chapter : 107
Chapter : 108
Chapter : 109 (ပ)
Chapter : 109 (ဒု)
Chapter : 110
Multiuniverse Group
Chapter : 111
Chapter : 112
Chapter : 113
Revision
Chapter : 114
Chapter : 115
Chapter : 117
Chapter : 118
Chapter: 119
Chapter : 120
Chapter : 121
Chapter : 122
Chapter : 123
Chapter : 124
Chapter : 125 (ပ)
Chapter : 125 (ဒု)
Chapter : 126
Chapter : 127
Chapter : 128
Chapter : 129
Chapter : 130
Chapter : 131
Chapter : 132
Chapter : 133
Chapter : 134
Chapter : 135
Chapter : 136
Chapter : 137
Chapter : 138
Chapter : 139
Chapter : 140
Volume 3 Preview
Chapter : 141
Chapter : 142
Chapter : 143
Chapter : 144
Chapter: 145
Chapter : 146
Chapter : 147 ( က)
Chapter : 147 (ခ)
Chapter : 148
Chapter : 149
Chapter : 150
Physical book ( Unicode)
Physical book ( Zawgyi)
Chapter : 151
Chapter : 152
Chapter : 153
Chapter : 154
Chapter : 155 (ပ)
Chapter : 155 ( ဒု)
Chapter : 156
Chapter : 157
Chapter : 158 (ပ)
Chapter : 158 ( ဒု)
Chapter : 159
Chapter : 160
Book!!
The end

Chapter : 116

10.6K 1.1K 460
By _pannthoon_

Unicode

ရေဝတီ

______________

လောကတစ်ခွင် နက်မှောင်မှုက အုပ်ဆိုင်းလျက် အေးမြမှုက မင်းမူ၍ ရှိသည်။

ဟိုးကောင်းကင်ယံမှ ကမ္ဘာမြေအပေါ် အရှိန်နှင့်ခုန်ဆင်းလာသော မိုးစက်မိုးပေါက်ကလေးများသည် တစ်ခဏလေးအတွင်းတွင် ပိုးပိုးပေါက်ပေါက်အသံများနှင့်အတူ သည်းသည်းထန်ထန် ရွာသွန်းဖြိုးလာခဲ့သည်။

ပီယံမိတ်​၏ဆံနွယ်ရှည်များသည် မိုးရေများဖြင့်စိုရွှဲကာ အင်္ကျီတွင် ကပ်ငြိတွယ်သွားကြ​၏။ ဝမ်းဗိုက်မှယိုစီးကျသော သွေးတို့ဟာလည်း မိုးနှင့်ရောကာ မြေကြီးပေါ်သို့ စမ်းချောင်းပမာ စီးဆင်းသွားနေသည်။

ပတ်ဝန်းကျင်ဟာအေး​၏။ ထို့ကြောင့် ဝမ်းဗိုက်မှ ထိုးထွင်းဒဏ်ရာက တဆစ်ဆစ်နှင့် တရွရွကိုက်ခဲလာသည်။ အားတို့ယုတ်လျော့လာသဖြင့် ပီယံ​၏အမြင်အာရုံသည် တရိပ်ရိပ်နှင့် မှုန်ဝါးလာသည့်ကြားမှ မိုးရေတို့က မျက်တောင်အပေါ် ပိတ်ဖုံးပြန်သော် ပီယံသည် မိမိရှေ့ ခြေငါးလှမ်းစာကြားရှိ အရာကိုတောင် သေချာစွာမြင်နိုင်စွမ်းမရှိတော့ချေ။

သို့သော်လည်း ရာဇသွေးပါသူပီသစွာ အဆုံးထိဇွဲမလျော့တတ်သောသူသည် တုန်ရီနေသောလက်နှစ်ဖက်မှ အားအင်တို့ကို ခက်ခဲစွာဖျစ်ညှစ်ထုတ်လျက် ဗိုက်ထဲနစ်ဝင်နေသည့် သစ်ကိုင်းချွန်ကို မရမကဆွဲနှုတ်နေဆဲ။

​လောကဟာ မှောင်နေသည်။ သို့တိုင် ပီယံမိတ်သည် အမြင်အာရုံတို့ မပြတ်မသားဖြစ်နေသည့်ကြားမှ အနီတောက်တောက်ဝတ်ရုံခြုံထားသော မှော်နက်ပညာရှင် သူ့အရှေ့သို့ လာနေကြောင်း အရိပ်မျှ ရေးတေးတေးမြင်နေရသည်။

မှော်နက်ပညာရှင်​၏လက်ထဲတွင် မီးတောက်တစ်ခု လူးလွန့်လျက်ရှိ​၏။ သူ့ကို အပြတ်ရှင်းပစ်ရန် ကြံရွယ်ထားသော မီးတောက်ဖြစ်နိုင်သည်။

"ကဲ ဘုရားသာ တ,ပေတော့"

မှော်နက်ပညာရှင်သည် ထိုသို့ပြောလည်းပြော၊ မီးတောက်ကိုလည်း ပီယံမိတ်ရှိရာဆီ ပစ်လွှတ်လိုက်လေသည်။

ပီယံမိတ် မျက်လုံးကို မှိတ်ချလိုက်​၏။ သို့သော် သူမျှော်လင့်ထားသလို မီးတောက်ဟာ သူ့ကို လာရောက်မထိမှန်ပါချေ။ ထို့ကြောင့် ပီယံ မျက်လုံးကို ချက်ချင်းပြန်ဖွင့်ကြည့်လိုက်သည်။

ထိုတွင် သူ့ရှေ့၌ သူ့ကိုနောက်ကျောခိုင်းကာ မားမားမတ်မတ်ရပ်တည်နေသော လူအရိပ်တစ်ခုကို တွေ့လိုက်ရသည်။

ညအမှောင်၊ မိုးသည်းချိန်၊ အမြင်အာရုံဝေဝါးနေချိန် စသည့်အချိန်များ တိုက်ဆိုင်နေသည်မို့ သူ့ရှေ့မှ လူကို ပီယံ ပြတ်သားစွာမမြင်ရချေ။

သို့တိုင် ကိုယ်လုံးကိုယ်ထည်၊ အဝတ်အစား စသည်တို့ကိုကြည့်၍ မိန်းကလေးတစ်ဦးမှန်း သိလိုက်သည်။

စိတ်ထဲ မှော်နက်ပညာရှင်နှင့် မျက်နှာချင်းဆိုင်ဝံ့သူဟူ၍ တပ်မှူးသုန္ဒရီကို သွားသတိရသည်။ သို့သော် တပ်မှူးသုန္ဒရီသည် အစ်ကိုတော်အရုဏနှင့်အတူ စစ်ထွက်နေရသည်ဖြစ်​၍ သူမ ဒီတွင်မရှိ။

သို့ဆိုလျှင် အခု သူ့ရှေ့မှ မိန်းကလေးမှာ မည်သူဖြစ်ပါသနည်း။ ဘယ်နားက ဘယ်လို သူ့ရှေ့ကို ရောက်လာပါသနည်း။

" မင်းဘယ်သူလဲ"

မှော်နက်ပညာရှင်​၏ နူးညံ့နွဲ့လျသော ယောက်ျားသံ ခပ်ဩဩကိုကြားရသည်။ တစ်ဖက်မိန်းကလေးကမူ သူ့ရှေ့၌ တည်တည်ငြိမ်ငြိမ်ရပ်နေဆဲပင်။

" သင်ကရော ဘယ်သူမို့လို့လဲ"

မိန်းကလေးက ပြန်အော်ပြောသည်။ ဤကဲ့သို့ အကြောက်အလန့်မရှိ ပြန်ပြောရဲပုံအရ သာမန်မိန်းကလေးတော့ ဖြစ်ဟန်မရှိပေ။

" မင်းနဲ့မဆိုင်ပါဘူး မိန်းကလေး။ ကိုယ့်လမ်းကို သွားတာ ပိုကောင်းပါလိမ့်မယ်"

" မသွားချင်ပါဘူး"

အဆိုပါခပ်ရွဲ့ရွဲ့စကားအဆုံး၌ မိန်းကလေးဘက်မှ တောက်ပသောအပြာရင့်ရောင်အစွမ်းနှင့် စတင်တိုက်ခိုက်လိုက်သည်ကို မြင်လိုက်ရသည်။

မှော်နက်ပညာရှင်သည်လည်း ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦးပီပီ အငိုက်မိမနေဘဲ မိန်းကလေးကို ချက်ချင်းပြန်လည်တိုက်ခိုက်လာသည်။

ထိုသို့ မှော်နက်ပညာရှင်နှင့် မိန်း​ကလေးတို့ တိုက်ခိုက်နေစဉ်အတွင်း ပီယံသည် အခွင့်အရေးလက်လွတ်မခံဘဲ ဝမ်းဗိုက်တွင်းမှ သစ်ကိုင်းချွန်ကို ဖယ်၍ ဒဏ်ရာထဲလေမဝင်အောင် အင်္ကျီစနှင့် ကျပ်ထုတ်အောင်စည်းသည်။ ကုသရေးအတတ်၌ တော်ဝင်သမားတော်နီးနီး တတ်ကျွမ်းသောသူတစ်ဦးဖြစ်သောကြောင့် ပီယံသည် သူ,ကြာကြာတောင့်မခံနိုင်ဘဲ မေ့မြောတော့မည့်အကြောင်းကို သိရှိ​၏။ ထို့ကြောင့် သူ​၏ကိုယ်တွင်းစွမ်းအားတို့ကို အသုံးပြု၍ တတ်နိုင်သလောက် အသိစိတ်ပျောက်မသွားအောင် တရားမှတ်လျက်ရှိသည်။

မှော်နက်ပညာရှင်နှင့် မိန်းကလေး​၏တိုက်ပွဲဟာတော့ သူမသာ၊ ကိုယ်မသာ အခြေအနေသာ။ မှော်နက်ပညာရှင်​၏တိုက်ခိုက်မှုကို မိန်းကလေး ရှောင်ရှားနိုင်ပြီး မိန်းကလေး​၏ တိုက်ခိုက်မှုကိုလည်း မှော်နက်ပညာရှင်က တန်ပြန်တိုက်လိုက်နိုင်စမြဲဖြစ်သည်။

ထိုအခိုက်...

မိန်းကလေးသည် တောင်စွန်းနားသို့ ပြေးလျက် ကမ်းပါးထိပ်တွင် ငြိမ်ကျသွားသည်ကို တွေ့မြင်လိုက်ရသည်။

မိန်းကလေး​၏မျက်နှာသည် ပီယံမိတ်ဘက်ကို လှည့်ထားသည်ဖြစ်​၏။ သို့ရာတွင် ညအမှောင်ကြောင့် မိန်းကလေး​၏မျက်နှာကို လုံးလုံးမတွေ့ရချေ။ ထိုအစား မိန်းကလေး​၏အနောက်ဘက် ဟိုးခပ်ဝေးဝေးမှ ချော်ရည်ပူများ စီးကျနေသည့် မီးတောင်ကိုသာ တွေ့မြင်ရသည်။

ဟုတ်သည်။ မိန်းကလေးသည် အောက်ပြုတ်ကျပါက ချော်ရည်များထဲ လောင်ကျွမ်းသွားစေနိုင်သည့် တောင်စွန်းတောင်ဖျားတွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေခြင်းဖြစ်သည်။

ထို့နောက် မိန်းကလေးသည် ညာဘက်ခြေဖျားကို အတန်ငယ်မြှောက်လိုက်​၏။ ယခုဆို သူမကခြေတစ်ချောင်းတည်းနှင့်ရပ်နေခြင်းဖြစ်​သည်။

မိန်းကလေးက သူမ​၏လက်နှစ်ဖက်ကို ဘေးသို့ဆန့်တန်းလိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ကို ရှေ့သို့ အင်အားအပြည့်နှင့်ပြန်စုလိုက်သည်။ ထိုအခါ အံ့ဩထူးဆန်းဖွယ်အရာတစ်ခုဖြစ်ပွားသွား​၏။

မိုးအသံ မကြားရတော့ခြင်းဖြစ်သည်။

ပီယံမိတ်သည် သူ​၏အကြားအာရုံကပဲ မကောင်းတော့လေသလား ထင်မှတ်မှားလိုက်မိ​၏။ နောက်မှ အပေါ်ကို မော့ကြည့်လိုက်၍ လေပေါ်၌ တန့်နေသော မိုးရေစက်ကို မြင်လိုက်သောအခါမှ သူအကြားအာရုံမမှားယွင်းမှန်း သိရှိလိုက်ရသည်။

မိုးရေတို့ လေပေါ်တွင် ရပ်တန့်နေသည်။

ပီယံ​၏အမြင်အာရုံ မပီသမကြည်မြနေသည့်တိုင် မိုးရေတို့ လေပေါ်တွင် ရပ်တန့်နေမှန်း အသေချာသိရှိနေသည်။

ထို့နောက် မိုးရေတို့သည် တောင်စွန်းရှိ မိန်းကလေးဆီ အရှိန်ဖြင့် ပြေးသွားကြ​၏။ မိန်းကလေး​၏ ပိုင်နိုင်စွာ လှုပ်ရှားယိမ်းနွဲ့နေသော လက်နှစ်ဖက်ကြားတွင် မိုးရေတို့ဟာ ရေလုံးကြီးသဏ္ဌာန် စုပေါင်းသွားကြသည်။

ထို့အပြင် မှော်နက်ပညာရှင်ဘေးတွင်လည်း မိုးရေတို့က သံမဏိအချုပ်အနှောင်သဖွယ် ရပ်ပတ်လာသဖြင့် မှော်နက်ပညာရှင် ထိုမိုးရေတို့ကို ကြိုးစားဖြိုခွဲနေကြောင်း တွေ့မြင်ရသည်။

ပီယံမိတ်သည် မည်သည့်အရာများ ဆက်လက်ဖြစ်ပွားမည်မှန်း သိချင်စိတ်ပြင်းပြသည့်တိုင် သူ​၏ခန္ဓာကိုယ်ကမူ တောင့်ခံနိုင်စွမ်းကုန်ဆုံးသွားလေပြီ။

ပီယံမိတ်​၏မျက်ခွံများ ကျောက်ဖျာကြီးစဖွယ် လေးလံညောင်းညာလာသည်။ သူ အရှုံးပေး၍ မျက်လုံးများကိုမှိတ်လိုက်ရသည်။

သူ့ထံတွင် အကြားအာရုံ ရေးတေးတေးလေးက ကျန်ရစ်ခဲ့၍ ထိုအကြားအာရုံသည်လည်း သိပ်မကြာခင်မှာပင် တရိပ်ရိပ် ကွယ်ပျောက်သွားလေသည်။

တစ်ခဏလေးအတွင်း သူ,အသိစိတ်မဲ့ကာ သတိလစ်မေ့မြောသွားခဲ့ပြီ ဖြစ်သည်။

***************************************

အသိစိတ်တို့ ပြန်လည်နိုးကြားလာချိန်တွင် အရင်ဦးဆုံးအနေနှင့် တိုင်းရင်းဆေးအနံ့ ခပ်သင်းသင်းကို ရှူရှိုက်မိလိုက်သည်။ လဲလျောင်းနေသောခန္ဓာကိုယ်အောက်တွင် နုအိသောအထိအတွေ့ကို ခံစားမိသဖြင့် မိမိမှာ သမားတော်​၏အဆောင်ဆီ ရောက်လျက် ဆေးကုသမှုခံယူပြီးဖြစ်ကြောင်း အလိုလိုသဘောပေါက်နားလည်လိုက်သည်။

ပီယံ မျက်လုံးကိုဖွင့်လိုက်​၏။ ထင်သည့်အတိုင်း သမားတော်​၏လူနာထားရာ အဆောင်သို့ သူရောက်ရှိနေခြင်းဖြစ်သည်။

ပီယံ ကုတင်ဘေးသို့ကြည့်လိုက်​သည်။ အစ်ကိုယုဂန်နှင့် တစ်ခါမျှမတွေ့မြင်ဖူးသေးသော မိန်းကလေးငယ်တစ်ဦး သူ့ဘေးတွင်ရှိနေသည်။

သူသတိရလာသည်ကိုမြင်သော် အစ်ကိုယုဂန်က ထိုင်နေရာမှ ကုတင်ဘေးသို့ ချက်ချင်းထ,လာလျက် စိုးရိမ်တကြီးမေးသည်။

" ပီယံ သတိရလာပြီလား။ ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား"

ပီယံ ခေါင်းညိတ်ပြရင်း ထ,ထိုင်ရန် ကြိုးစားသည်။ အစ်ကိုယုဂန်က သူ့ကိုကူညီ၍ထူပေး​၏။ ထိုအခါမှ ပီယံသည် သူ့ခန္ဓာကိုယ်ကိုငုံ့ကြည့်မိ၍ ဟနေသောအင်္ကျီရှေ့ကွဲကြား ဖောက်ထွင်းမြင်နေရသော ဝမ်းဗိုက်တွင် ဆေးအထပ်ထပ်စည်းနှောင်ထားသည်ကို တွေ့လိုက်ရသည်။ ယခုဆိုလျှင်တော့ သူ့အသက်အန္တရာယ် စိတ်ချရလောက်ပါပြီ။

" ကျွန်ုပ် ဒီကိုဘယ်လိုပြန်ရောက်လာတာလဲ"

" ငါ ရွာသားတွေကိုကယ်ဖို့ မြင်းပျံနဲ့ရောက်လာရင်း မင်းကိုရှာတွေ့ခဲ့တာ"

ထိုစကားအဆုံး၌ အစ်ကိုယုဂန်သည် တစ်စုံတစ်ရာသတိရသွားပုံနှင့် သူ့အနောက်တွင် ခပ်ရို့ရို့လေးထိုင်နေသော မိန်းကလေးဘက်ကို လက်ဖဝါးဖြင့်ညွှန်ပြသည်။

" အာ...ပြီးတော့ သူက မင်းကို ကယ်ခဲ့တဲ့ မိန်းကလေးပဲ​။ နာမည်က ရေဝတီတဲ့"

" ရေဝတီ..."

ပီယံ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်မိသည်။ တစ်ချိန်တည်းတွင် သူ,ရေဝတီဟူသောမိန်းကလေးငယ်ဆီ လှမ်းကြည့်သည်။

( ရေဝတီက နဂါးမင်းသားအဏ္ဏရဲ့ ညီအငယ်ဆုံးရဲ့ မြေးဖြစ်ပါတယ်။ လက်ရှိနဂါးဘုရင်ရဲ့ညီမ၊ နဂါးမင်းသမီးပါ။ နံ့ရှားကြာ သုနန္ဒာရဲ့ စေခိုင်းမှုအရ ယုဂန်ကိုရှာဖို့ လူပြည့်တက်လာတာပါ။ မမှတ်မိသေးရင် revision မှာ သွားဖတ်ကြည့်နိုင်ပါတယ်)

ရေဝတီသည် အသက်အရွယ်အားဖြင့် ၁၆ နှစ်မျှထင်ရသော မိန်းကလေးငယ်တစ်ဦးဖြစ်ပြီး အသားအရေမှာ ညိုညက်ဝင်းမွတ်သည်။ အထက်တန်းလွှာကဲ့သို့ ချိတ်ထည်၊ပိုးထည်၊ ရွှေချည်ငွေချည်များ မဆင်မြန်းထားရာ သာမန်လူတန်းစားထဲကမှန်း သိရှိနိုင်သည်။ သူမသည် အထက်ဆင်ရှည်စွာတပ်ထားသော သံပရာရောင်စိမ်းဝါထဘီကို ရင်ရှားလျက် တစ်ဖန် ထဘီကို ခါးအထက်သို့ဆွဲတင်ပြီးမှ တစ်ချက်လိမ်၍ပြန်ထိုးသော "ခါးတင်ထိုး"နည်းဖြင့် သာမန်အရပ်သူပီပီ ဝတ်စားဆင်ယင်ထားသည်။

ထို့နောက် ခါးနေရာတွင် ပင်လယ်ပြာရောင်ကြိုးကို ခါးစည်းကြိုးအဖြစ် ရစ်ပတ်ထား​၏။  သူမ​၏ထဘီမှာတိုနေသဖြင့် ခြေသလုံးအောက်ပိုင်းမှာ အဝတ်လွတ်လျက်ရှိသည်။

သူမက နက်မှောင်သောဆံပင်များကို အပြာရင့်ရောင်ကြိုးများနှင့်ရောကာ နောက်စေ့မှစ၍ ငါးရိုးကျစ်ဆံမြီးကျစ်ထားသည်။ ဆံပင်မှာ ကျောလယ်ထိရှည်သည်မိို့ ပိုသောကျစ်ဆံမြီးအရှည်ကို သူမက,ပခုံးပေါ်မှဆွဲယူ၍ ရင်ဘတ်ဆီ ရှေ့ချထားသည်။ သူမ​၏ အပေါ်ဘက် ဗလာကျင်းနေသော ပခုံးထက်တွင် ပင်လယ်ပြာရောင်ပဝါကို နောက်ပြန် လွှမ်း၍ရစ်ပတ်ထားသည်။

( TEO က parallel universe ကပေမဲ့ ဝတ်စားဆင်ယင်ပုံက ကုန်းဘောင်ခေတ်လယ် အမရပူရခေတ်ကို reference ယူထားတာဖြစ်ပါတယ်။ မင်းသမီး ဘဒ္ဒါတို့ တပ်မှူးသုန္ဒရီတို့က အမြင့်ပိုင်းကလူတွေမို့လို့ ဝတ်ပုံစားပုံက တစ်မျိုးပါ။

ဒါက နန်းတွင်းသူတွေ ဝတ်တာမျိုးပါ။

ရေဝတီကျ သာမန်အရပ်သူလို ဝတ်ထားတာဖြစ်ပါတယ်။
မျက်စိထဲအနီးစပ်ဆုံးမြင်အောင် ပြောရရင်တော့ ဂါဝန်ကိုယ်ကျပ်ရင်ရှားလိုပါပဲ။ ခါးမှာကျ ခါးစည်းကြိုးနဲ့ စည်းထားတယ်။ ခါးတင်ထိုးက ပုံရှာမရလို့ မပြတော့ပါဘူး။ ကျွန်မကတော့ မြင်သာအောင် ကိုယ့်ဟာကိုပဲ လိုက်ဝတ်ကြည့်လိုက်ပါတယ်။

TEO မှာ အမရပူရခေတ်ဝတ်စားဆင်ယင်ပုံက accuracy မဟုတ်ပါဘူး။ reference ယူရုံသာဖြစ်တဲ့အတွက် တချို့နေရာတွေမှာ hairstyle နဲ့ Fashion ကို adapt လုပ်ထားတတ်ပါတယ်)

ထိုသို့ အပြာနှင့်အဝါသာ ရောယှက်နေသော အဆိုပါမိန်းကလေးငယ်သည် ရုပ်ရည်အားဖြင့် ချောမောပြေပြစ်သည်ဟု ဆိုရမည်ဖြစ်​၏။ သွယ်လျသောမျက်နှာ၊ နှာတံစင်းစင်း၊ နှုတ်ခမ်းဖူးဖူးနှင့် ရုပ်ဆင်းအင်္ဂါပြည့်စုံလျက် အထူးခြားဆုံးဖြစ်သောအရာဟု ဆိုရလျှင်တော့ သူမ​၏မျက်လုံးများဟု ဆိုရမည်ဖြစ်သည်။

သူမ​၏မျက်လုံးတို့မှာတစ်ကြိမ်တစ်ခါမျှ မြင်လိုက်ရုံနှင့် ထူးခြားလှသည်တကားဟု ရေရွတ်မိလောက်သော ပုံသဏ္ဌာန်မျိုးရှိသည်။ နှာတံဘက်ရှိ မျက်ခမ်းစပ်တို့က အောက်သို့ညွတ်စိုက်လျက် နားရွက်ဘက်ရှိ ပြင်ပမျက်ခမ်းစပ်တို့ကမူ မဆိုစရုံလေး အပေါ်သို့တက်သည်။ မျက်ရစ်မရှိ။ မျက်တောင်တို့က ကော့ညွတ်လျက် မျက်လုံးအကြည့်များက တစ်ဖက်လူကို ထိုးထွင်းကြည့်မြင်နိုင်သည့်နှယ် စူးရဲခြင်းတန်ခိုးနှင့် ပြည့်စုံနေသည်။ တစ်နည်း မြွေတစ်ကောင်ကဲ့သို့  ရည်ရွယ်ချက်ရှိရှိညှို့ငင်တတ်သည့် မျက်ဝန်းမျိုးရှိသူတစ်ဦးဟုဆိုရမည်။

( Itzy က Yeji ရဲ့မျက်လုံးမျိုးလေ)

သို့တိုင် ထိုသို့ သဘာဝအားဖြင့်စူးရဲညှို့ငင်တတ်သော မျက်ဝန်းမျိုးရှိသည့်သူမက ပင်ကိုစရိုက်အားဖြင့် ချိုမြကြည်သာသူတစ်ဦး ဖြစ်ဟန်ရှိသည်။

သူမ​၏မျက်လုံးထဲတွင် တက်ကြွသော၊ ဖော်ရွေတတ်သော၊ ချိုမြသော အရိပ်ယောင်များပြည့်နှက်နေကာ
သူမက ပီယံကို ရွှင်ရွှင်မြမြပြုံးပြလာသည်။ သူမပြုံးလိုက်သောအခါ သူမ​၏ထူးခြားလှပသည့်မျက်ဝန်းများက လခြမ်းကွေးသဏ္ဌာန် ကွေးညွတ်သွားလေသည်။

" ကျေးဇူးတင်ပါတယ်"

ပီယံ ထိုသို့လှမ်းပြောလိုက်သောအခါ သူမက ခေါင်းတစ်ချက်ညိတ်ပြလျက်

" ရပါတယ်"

ဟုပြန်ပြောသည်။ သူမ​၏လေသံသည်ကား သာမန်ပါပင်။ သာမန်ဆန်လွန်းသဖြင့် သံသယဝင်စရာကောင်းသည်။

တော်ဝင်မင်းသားတစ်ဦးကို မည်သို့သော သာမန်အရပ်သူကများ စတွေ့ကတည်းက သူငယ်ချင်းဖြစ်သူအား စကားပြောနေသည့်ပုံစံမျိုးနှင့် စကားပြောရဲပါမည်နည်း။

အနှီမိန်းကလေးသည် ထိုသို့ပေါ့ပါးသည့်လေသံနှင့် ပြန်လည်ပြောရဲခြင်းမှာ သူမ​၏လားရာသည် အမျိုးမြင့်သောမျိုးနွယ်တစ်ခုမှ ဆင်းသက်လာသောကြောင့်သာ ဖြစ်ရမည်။ 

ထို့အပြင် မနေ့ညကလည်း သူမ​၏အစွမ်းကို ပီယံမိတ်ကိုယ်တိုင် မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသည်မဟုတ်ပါလား။ ရွေ့လျားနေသောရေကို ထိန်းချုပ်နိုင်သူဟူသည်မှာ သာမန်လူသားတစ်ဦးတော့ ဖြစ်လိမ့်မည်မဟုတ်ချေ။

" ဒါနဲ့ အသင်မိန်းကလေးက သိပ်အစွမ်းထက်တာပဲ။ အဲ့ဒီ့ကို ဘယ်လိုများရောက်နေခဲ့တာပါလဲ"

ပီယံမိတ် မေးလိုက်သောအခါ ရေဝတီသည် အဖြေကို ရွေးချယ်နေသကဲ့သို့ ခေတ္တမျှစဉ်းစားနေသေးသည်။ ပြီးမှ

" ကျွန်ုပ်က မိစ္ဆာမုဆိုးပါ"

ဟုပြန်ဖြေသည်။

မိစ္ဆာမုဆိုးဟူသည် မိစ္ဆာ၊ မကောင်းဆိုးဝါး၊ ဝိညာဉ်တို့ကို လိုက်လံဖမ်းဆီးလျက် ၎င်းတို့ထံမှ အသုံးဝင်သော ဓာတ်ကြီးလေးပါး၊ စွမ်းအင်၊ သို့မဟုတ် အရိုးအရေတို့ကို ပြန်လည်ရောင်းချခြင်းဖြင့် အသက်မွေးသူဖြစ်သည်။ တစ်ခါတလေ မကောင်းဆိုးဝါးမိစ္ဆာတို့သောင်းကျန်းသဖြင့် အရပ်သားများက မိစ္ဆာမုဆိုးတို့ကို ခေါ်ကာ အခကြေးငွေပေး၍ မိစ္ဆာကို ရှင်းလင်းခိုင်းတတ်သည်။ မိစ္ဆာမုဆိုးတို့သည် မှော်သတ္တဝါကြီးများ၊ မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်ရသူပီပီ မှော်စွမ်းအင်ကို အတော်အသင့်တတ်ကျွမ်းသူများဖြစ်၍ ဝါရင့်သောမိစ္ဆာမုဆိုးများဆိုလျှင် စစ်သူကြီးကို ယှဉ်ပြိုင်နိုင်သည်အထိ စွမ်းအားကြီးမားလေ့ရှိကြသည်။

မဆိုးပါချေ။ ဤမိန်းကလေးသည် သူမ​၏သရုပ်မှန်ကို ဖုံးကွယ်ရင်း စွမ်းအားကြီးသည်ဟူသော အချက်ကိုလည်း မသွေဖယ်ရအောင် ဟန်ဆောင်အလုပ်အကိုင်ကို စဉ်းစားပြောဆိုတတ်သည်။

သူမက ဆက်လက်ဆိုသည်။

" စုန်းဝိညာဉ်လွတ်သွားတာမှန်းသိလိုက်လို့ လိုက်ဖမ်းရင်းနဲ့ အဲ့ဒီ့ကိုရောက်နေတာပါ"

ထိုသို့သော မိစ္ဆာမုဆိုးဆိုလျှင်တောင် ရေကိုတော့ ထိန်းချုပ်နိုင်လိမ့်မည်မဟုတ်ချေ။

ဆိုရပါက သူမသည် လူသားကို မဟုတ်သည်ပင်။ အကြံတစ်ခုခုကြောင့် လူ့ပြည်ကိုရောက်ချလာသော နတ်နဂါးမျိုးနွယ်သာဖြစ်ရမည်။

" ရေတွေကို ထိန်းချုပ်နိုင်တယ်နော်"

"ရှင်"

ပီယံ​၏စကားကြောင့် ရေဝတီထိတ်လန့်သွားဟန်ရှိ​၏။ သို့သော်လည်း သူမသည် ထိတ်လန့်ဟန်ကို မရမကပြန်လည်ဖုံးဖိကာ

" ဘယ်သူကလဲ"

ဟု မသိနားမလည်ဟန်ဖြင့်မေးသည်။

အတော်လည်းတတ်နိုင်သည့် နတ်နဂါးအမျိုးသမီးပါပင်။

" သင်လေ။ မိုးရေတွေကို ထိန်းချုပ်လိုက်တာ ကျွန်ုပ်မြင်ခဲ့တယ်"

" အဲ့တုန်းက သတိလစ်နေတာမဟုတ်ဘူးလား"

ရေဝတီသည် ထိုသို့လှစ်ခနဲမေးလိုက်မိပြီးမှ သူမ​၏အလိမ်သည် ပေါ်အံ့ဆဲဆဲဖြစ်သွားမှန်း သိရှိသွား​၏။ ထို့ကြောင့် သူမသည် အရှက်ပြေ ခြောက်တီးခြောက်ကပ်ရယ်လိုက်ရင်း

" အဟားဟား....အမြင်မှားတာနေမှာပါ။ ကျွန်ုပ်က ဘယ်လိုလုပ်ပြီး ရေကိုထိန်းချုပ်နိုင်ပါ့မလဲ။ နတ်နဂါးလည်း မဟုတ်တာကို"

ဟုလော်လည်၍ဆိုသည်။

သူမသည် တန်ခိုးကြီးချင်ကြီးလိမ့်မည်။ သို့ရာတွင် ဟန်ဆောင်ရာ၌ညံ့ဖျင်းသည်ဟု ပီယံထင်​၏။ မည်သူ့မှ မပြောရသေးပါဘဲ ရေဝတီဟူသော နတ်နဂါးမလေးမှာ သူမ​၏သရုပ်မှန်ကို စကားထဲ ပေါ်တင်ထည့်ပြောရင်း ပီယံ​၏မျက်နှာအမူမရာကို အုံမလုံအုံပွင့်စွာနှင့် လှမ်းလှမ်းကြည့်နေသေးသည်။

သူမသည် ခြောက်ကပ်ကပ်ရယ်နေရင်း ရုတ်တရက်ကြီး အရယ်ပြန်ရပ်သွားပြန်ကာ စကားလမ်းကြောင်းကို တုံးတိကြီးထ,လွှဲပြန်သည်။ "အိုးမလုံ အုံပွင့်" ဟူသောစကားမှာ သူမအတွက် သီးသန့်ဖြစ်တည်လာသည်ဟု ထင်မှတ်ရသည်။

" ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းဆက်ရရင် စုန်းဝိညာဉ်ကိုဖမ်းဖို့ရောက်လာရင်းနဲ့ အရှင့်သားက မှော်နက်ပညာရှင်နဲ့တိုက်ခိုက်နေတာကို မြင်လိုက်ရပါတယ်။ ဒါကြောင့် ဝင်ကယ်တာပါ"

" သူ့ကို အရင်ကတည်းက ဘုရင့်သားတော်မှန်းသိတာပါလား"

ယုဂန် ကြားဖြတ်ဝင်မေးသည်။ ထိုအခါ ရေဝတီက မျက်လုံးလေးကလယ်ကလယ်နှင့် ခေါင်းခါပြသည်။

" မသိပါဘူး"

အဖြေစကားကြောင့် ယုဂန် အလိုလျောက်မျက်ခုံးပင့်လိုက်မိသည်။

" ဒါဆိုရင် ဘယ်လိုလုပ်ပြီးများ တစ်ဖက်ကို ရန်သူမှန်းသိ..."

" ဟိုလူက မှော်နက်အစွမ်းသုံးနေလို့ပါ။ အဲ့တော့ လူဆိုးလို့ထင်လိုက်လို့။ ဒီကအရှင့်သားကျ ဘယ်လိုပြောရမလဲ။ လူကောင်းလို့ ခံစားရတယ်ရော်"

ပီယံသည် မိမိအားလူကောင်းဟု ထင်ပေးလိုက်သည့်အတွက်ပင် ကျေးဇူးတင်ရမလိုလို ခံစားလိုက်ရ​၏။

တစ်ဆက်တည်းပင် စာထဲ၌ဖတ်ရှုလေ့လာရသော နတ်နဂါးများနှင့် ရေဝတီမှာ ကွဲပြားလေစွဟု အောက်မေ့မိ​၏။ စာထဲမှာကျ နတ်နဂါးများသည် ကြောက်စရာ၊ ရှိန်ရှဲစရာအလွန်ကောင်းကာ လေးနက်တည်ကြည်လျက် ဒူးတုန်စရာ အရှိန်အဝါများနှင့် တခမ်းတနားရှိလှပေသည်။

ယခုကျ ရေဝတီကို ကြည့်,စမ်းပါဦး။ ဝတ်လာပုံက သာမန်အရပ်သူ။ ခန္ဓာကိုယ်ပိန်ပိန်လျလျ၊ မျက်လုံးလေး, ကလယ်ကလယ်နှင့် စကားပြောပုံက ပေါ့ပေါ့ပါးပါးဖြစ်၍ မာန်မရှိလှချေ။ ဟန်ဆောင်တာကလည်း ညံ့။ အတွေးကလည်း ရိုးစင်းလွန်းလှသည်။ 

ထိုသို့သောပုံစံဖြစ်နေသောကြောင့် သူမကိုအခက်တွေ့အောင် ပီယံပိုပြီး လုပ်ကြည့်ချင်လာသည်။

" အသက်ဘယ်နှနှစ်ရှိပြီလဲ"

"ရှင်"

ပီယံ​၏အမေးကြောင့် သူမဟာ ထပ်ပြီး ပြူးကြောင်ကြောင်ဖြစ်သွားပြန်သည်။ လိမ်ဖို့စကားစဉ်းစားနေရသည်ကိုက သူမ​၏ ဟန်ဆောင်မှုညံ့ဖျင်းရသော အားနည်းချက်ဖြစ်သည်။

" ငယ်ဦးမယ်ထင်တယ်။ ရုပ်ရည်က ၁၅၊ ၁၆ လောက်ပဲထင်ရတယ်"

" အဲ့လောက်မငယ်ပါဘူး။ ကျွန်ုပ်က နှစ်ရာ...အဲ...နှစ်ဆယ်ပါ"

" ငယ်တယ်ထင်ရတယ်နော်"

သူမ မချိပြုံးလေးသာပြုံးပြလျက် ဘာမှဆက်မပြောတော့ချေ။

အကယ်၍ ပီယံသာ မသိမသာဆက်မေးလျှင် သူမ​၏သရုပ်မှန်အကုန်ဟာ ဘူးပေါ်သလို ပေါ်လောက်သည်။

" ဒါနဲ့ ပီယံ, မင်းတို့တွေ့ခဲ့တဲ့ မှော်နက်ပညာရှင်ပုံစံကို မှတ်မိသေးသလား။ သူ့ဆီမှာ တခြားဘာတွေရော တွေ့ရသေးသလဲ"

ယုဂန်ကမေးသည်။

ပီယံသည် ရေဝတီဆီလှမ်းကြည့်နေရာမှ ယုဂန်ဘက်ကို ပြန်လည်မော့ကြည့်ကာ

" သူက ဝိညာဉ်ချုပ်ကလပ်နဲ့ သေဆုံးသွားတဲ့ရွာသားတွေရဲ့ ဝိညာဉ်ကိုဖမ်းနေခဲ့တယ်။ အဲ့တာကြောင့်ပဲ ကျွန်ုပ် သူ့ကို ဝင်တိုက်ခဲ့တာ။ ရွာသားတွေ ချော်ရည်ထဲ သေဆုံးသွားအောင် မီးတောင်ပေါက်မယ့်ကိစ္စ သတင်းပေးမယ့် မြင်းလျင်စစ်သည်တွေကိုလည်း သူပဲသတ်ခဲ့တာ ဖြစ်နိုင်တယ်။ အဲ့တာမှ သတင်းမရတဲ့ရွာသားတွေ အကုန်သေပြီး ဝိညာဉ်တွေကို သူရမှာလေ။ သူ ဘာလို့ ဝိညာဉ်တွေကိုဖမ်းရသလဲဆိုတာ သိမှဖြစ်မယ်။ အရင်ဆုံး သူဘယ်သူလဲဆိုတာကို ဖော်ထုတ်ရမယ်"

ဟု သူ​၏အတွေးအမြင်များကိုပါ ထည့်ပေါင်းလျင် ပြည့်ပြည့်စုံစုံပြန်လည်ဖြေကြားသည်။

" သူ့ရဲ့အသွင်အပြင်ကို တွေ့ခဲ့ကြသေးသလား"

" သူက အနီရောင်ဝတ်ထားတယ်"

ဒီတစ်ခါတော့ ဖြေဆိုသူမှာ ရေဝတီဖြစ်သည်။

" တစ်ကိုယ်လုံးပဲ။ ဖိနပ်ကအစ အနီရောင်။ လက်သည်းတွေကလည်း အနီရောင်။ ကျွန်ုပ်နဲ့တိုက်နေရင်း သူ့ဝတ်ရုံကျွတ်သွားခဲ့တယ်။ အဲ့အချိန်သူ့ရုပ်ကို မြင်လိုက်ရတယ်။ သူက အတော်လေးဖြူရော်တဲ့အသားအရေရှိတယ်။ ပိန်တာကလည်း အရိုးခြောက်နီးနီးကိုပိန်တယ်။ ယောက်ျားပေမဲ့ အမျိုးသမီးလိုဝတ်ရတာ ကြိုက်တဲ့သူထင်တယ်။ ထူးခြားချက်ကတော့ မျက်လုံးပဲ။ ညာဘက်မျက်လုံးက..."

" မျက်ဆန်မရှိဘူး"

ရေဝတီ​၏စကားမဆုံးခင် ဖြတ်ပြောလိုက်သော ယုဂန်ကြောင့် ယုဂန်ကို ရေဝတီမော့ကြည့်သည်။ ထို့နောက် ယုဂန်​၏စကား မှန်ကန်ကြောင်း ထောက်ခံသောအားဖြင့် ခေါင်းညိတ်ပြသည်။

ယုဂန်​၏သေသပ်သောမျက်ခုံးများတွန့်ချိုးသွားကာ သူ အံကြိတ်၍ရေရွတ်သည်။

" မျက်တစ်လုံးရှင်"

ယုဂန်အလားတူ ပီယံသည်လည်း အံ့အားသင့်လျက်

" သူသေပြီထင်ခဲ့တာ။ မသေဘူးလား"

ဟု တအံ့တဩမေးခွန်းထုတ်သည်။ 

ယုဂန်သည် ခဏတာစဉ်းစားဟန်ဖြင့်ငြိမ်နေ​၏။ နောက်မှ ပီယံ​၏ပခုံးကို ခပ်ဖွဖွပုတ်ကာ

" ပီယံလည်း အနားယူလိုက်ပါဦး။ မိန်းကလေးလည်း စိတ်ရှိသလောက် ယာယီစခန်းမှာ နေနိုင်ပါတယ်။ ထွက်သွားတော့မယ်ဆိုရင်တော့ပြောပါ။ ပီယံမိတ်ကို ကယ်တင်ပေးခဲ့တဲ့အတွင် ဆုငွေချီးမြှင့်လိုက်ချင်ပါတယ်"

ဟု ပီယံမိတ်ကိုကြည့်ရာမှ ရေဝတီဘက်လှည့်ပြောကာ အလုပ်ရှိသည်ဟုဆိုပြီး အခန်းထဲမှ ထွက်ခွာသွားသည်။

ယုဂန်ထွက်သွားမှ ရေဝတီသည်  ပီယံမိတ်အနားသို့ ခိုးကြောင်ခိုးဝှက်ဆန်စွာ တိုးကပ်လာသည်။

" အရှင့်သားကို တစ်ခုလောက်မေးလို့ရမလား"

ပီယံ ခေါင်းညိတ်ပြလိုက်သော် သူမသည် တက်ကြွရွှင်လန်းသွားဟန်ဖြင့် မျက်နှာဝင်းခနဲဖြစ်သွား​၏။ ထို့နောက် အသံခပ်တိုးတိုးနှင့်မေးမြန်းလာသည်။

" မင်းသားအရုဏက အမတ်ယုဂန်နိုင်ကို အလွန်တရာချစ်မြတ်နိုးကြောင်း ကြားသိထားပါတယ်။ တကယ်လို့များ တစ်ယောက်ယောက်က အမတ်ယုဂန်နိုင်ကို ပြန်ပေးဆွဲသွားမယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ"

" အဲ့တစ်ယောက် သေသွားမှာပေါ့"

ပီယံ​၏ တုံးတိဆန်လှသောအဖြေကြောင့် ရေဝတီ​၏ထူးခြားသောမျက်ဝန်းများ ဝိုင်းစက်ပြူးကျယ်သွားသည်။

သူမက ပို၍တိုးသော အသံသေးသေးလေးဖြင့်မေးသည်။

" ဘာဖြစ်လို့လဲ။ ပြန်ပေးဆွဲမယ့်လူက သာမန်လူမဟုတ်ဘူးဆိုရင်တောင် မဖြစ်နိုင်ဘူးလား"

လတ်စသတ်တော့ ဒီနတ်နဂါးဟာ အစ်ကိုယုဂန်ကိုပစ်မှတ်ထားပြီး ရောက်ရှိလာခြင်းပါကလား။ အဘယ်ကြောင့် အစ်ကိုယုဂန်ကို ဖမ်းဆီးရန် ကြိုးစားနေရသလဲ ဆိုတာကိုတော့ သိရှိရန် လိုအပ်နေလေပြီ။

" အစ်ကိုတော်အရုဏက ထင်ထားတာထက် ပိုပြီးအင်အားကြီးပါတယ်​။ အစ်ကိုယုဂန်ကို ကယ်ဖို့ဆို မဖြစ်ဖြစ်တဲ့နည်း အကုန်သုံးမှာမို့လို့ ပြန်ပေးဆွဲတဲ့သူပဲ သေသွားပါလိမ့်မယ်"

ရေဝတီ မျက်မှောက်ကြုတ်သွားကာ လေးလေးနက်နက်စဉ်းစားနေသည်။ ပီယံသည် ရေဝတီ​၏မျက်နှာအမူအရာကို  အကဲခတ်ရင်း

" ဘာဖြစ်လို့ အဲ့လိုမေးတာပါလဲ"

ဟု မေးလိုက်​၏။ ဟန်ဆောင်ခြင်းအတတ်၌ ညံ့ဖျင်းလွန်းသော သူမမှာ သိသိသာသာပင်မျက်နှာပျက်သွားပြီး

" ဒီတိုင်းပါပဲ။ သိချင်လို့"

ဟု အသံအနိမ့်အမြင့်မပါစွာဆိုသည်။ ထို့နောက် သူမ အသံတိတ်၍စဉ်းစားနေပြန်သည်။

" ဒါဆို မင်းသားအရုဏ မရှိတဲ့အချိန် ပြန်ပေးဆွဲရင် ရတာပဲမဟုတ်လား"

ပြန်ပေးဆွဲရန်အတွက် အတော်ကြီးခဲရာခဲဆစ် ကြိုးစားနေရပုံပါပင်။ သူမကိုကြည့်ပြီး ရန်သူဟုခံစားရမည့်အစား အူကြောင်ကြောင်နိုင်ပြီး ရိုးစင်းလှသော မိန်းမငယ်လေးတစ်ဦး အလွဲတွေချည်းလုပ်နေသဖြင့် ရယ်လည်းရယ်ချင်၊ သနားလည်းသနားချင်သော စိတ်မျိုး ပို၍ဖြစ်တည်လာသည်။

မည်သို့ပင်ဆိုစေကာမူ သူမကို သူ,နည်းနည်းပါးပါး ခြိမ်းခြောက်လိုက်သင့်သည်။

"အဲ့လိုဆိုရင်တောင် အစ်ကိုတော်က အစ်ကိုယုဂန်ကို မရမကလိုက်ရှာပြီး အစ်ကိုယုဂန်ကို ဒုက္ခပေးမယ့်သူမှန်သမျှကို ရှင်းပစ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း...အင်းပေါ့လေ....အစ်ကိုတော်အရုဏ မရှိတဲ့အချိန်ဆိုရင်တော့ ပြန်ပေးဆွဲတဲ့သူ ထွက်ပြေးဖို့အချိန် ပိုရတာပေါ့"

" ဟုတ်တယ်နော်။ အခု မင်းသားအရုဏ ဒီမှာမရှိဘူးပဲ"

သူမ မျှော်လင့်ချက်ရောင်ခြည်သန်းသွားသည့်နှယ် မျက်ဝန်းတို့လင်းလက်သွား​သည်။

သတိတော့ထားရမည်။ သာမန်လူမဟုတ်သည့် နတ်နဂါးအနွယ်ဝင်မို့၊ သူမသာ စိတ်ရှိလျှင် နန်းဆောင်တစ်ခုလုံးကို ပြာချနိုင်သူမို့ သူမ​၏အသွားအလာကို စောင့်ကြည့်ထားမှ တော်ကာကျလိမ့်မည်။

သို့သော်လည်းပဲ သူမကိုကြည့်ရသည်မှာ အန္တရာယ်များပုံ သိပ်မရှိလှချေ။ သဘောကောင်းပြီး ခင်မင်လွယ်သော မိန်းကလေးတစ်ဦးနှင့်ပိုတူပြီး အကူအညီတောင်း၍လည်း ရနိုင်လောက်သည်။

" ကျွန်ုပ်လည်း တစ်ခုလောက် အကူအညီတောင်းလို့ရမလား"

" ဟုတ်ကဲ့။ ပြောပါ"

သူမ တက်တက်ကြွကြွ၊ ဖော်ဖော်ရွေရွေပင်ဆိုသည်။ တစ်ချိန်တည်းတွင်ပင် ပီယံ့​၏တောင်းဆိုမှုကို စောင့်မျှော်နေသကဲ့သို့ တည့်တည့်မတ်မတ်စိုက်ကြည့်နေလေသည်။

ထို့ကြောင့် ပီယံ သူမအနားသို့အနည်းငယ်နီးကပ်လိုက်လျက် အသံတိုးတိုးနှင့်ဆိုသည်။

" မီးတောင်ပေါက်ကွဲမှုမှာ ရွာသားတွေဘယ်နှယောက်သေဆုံးခဲ့သလဲ စုံစမ်းပေးပါ"

************************************

"ပီယံ မင်းနေမကောင်းသေးတာကို ခုလိုလမ်းလျှောက်လာလို့ဖြစ်ရဲ့လား"

ယာယီနန်းဆောင်ထဲသို့ ပြင်းထန်သည့်ခြေလှမ်းများနှင့် ဒုန်းဆိုင်းဝင်ရောက်လာသော ပီယံမှာ ယုဂန်​၏ထိုအမေးစကားကိုလည်း ဂရုစိုက်ပုံမရပါချေ။

ပီယံသည် လက်သီးကို တင်းကျပ်လွန်းစွာဆုပ်ကိုင်ထားရာ လက်သည်းများပင် လက်ဖဝါးထဲနစ်ဝင်တော့မတတ်။ သူ​၏လက်ဖမိုးပေါ်မှ စိမ်းပြာရောင်သွေးကြောများမှာ ဒေါသတကြီးရုန်းကန်ရင်း သူ​၏တံတောင်ဆစ်အထိတိုင်အောင် ယှက်ဖြာထောင်မတ်လျက်ရှိသည်။ 

ပီယံသည် အမြဲတစေနီးပါး ကြည်လင်အေးမြသော နူးညံ့သည့်လူတစ်ဦးဖြစ်ရာ ပီယံ့​၏ဒေါသတကြီးပုံရိပ်ကို တွေ့မြင်နိုင်ရန် အလွန်တရာခဲယဉ်းသည်။ ဤအချက်ကြောင့်လည်း ပီယံဒေါသထွက်ပါက သိသိသာသာကိုပြင်းထန်ထင်ရှားနေတတ်သည်။ 

ယခုအခါ ပီယံ​၏မျက်နှာသည် မာကြောပြတ်တောက်နေ​၏။ ယုဂန်ကို စေ့စေ့ကြည့်လာသောမျက်ဝန်းများဟာလည်း ထက်ရှသောဓားအသွား​၏ အလင်းပြန်သော​ လျှပ်ရောင်နှယ် အလွန်အမင်းစူးရှပြင်းထန်လျက်ရှိသည်။ 

ထိုသို့ ပီယံ ဒေါသထွက်စရာကိစ္စမှာ မီးတောင်ကိစ္စကလွဲ အဘယ်ရှိပါဦးအံ့နည်း။

ယုဂန် ရိပ်မိသော်လည်း ပီယံ့ဘက်မှ စကားအရင်စသည်ကိုသာ စောင့်ဆိုင်းနေလိုက်သည်။

" ၃၀၁၈"

ပီယံ ဩရှမာထန်စွာဆိုသည်။

" မီးတောင်ပေါက်ကွဲမှုမှာ သေဆုံးခဲ့တာ ၃၀၁၈ ယောက်"

ပီယံ့အသံသည် လည်ချောင်းတွင်းမှ ခြစ်ကုတ်ယူသည့်ပမာ အက်ကွဲကြမ်းရှနေ​၏​။

ယနေ့ညက သူတို့နှစ်ဦးတွေ့ခဲ့သည့်ပုံစံအတိုင်းပင် ပီယံ့မှာ ထိုသို့ ဒေါသတကြီးဖြစ်နေလျက် ယုဂန်မှာမူ အေးဆေးတည်ကြည်စွာသာ ပီယံ့ကို ပြန်လည်စိုက်ကြည့်နေခဲ့သည်။

ယုဂန်က ငြိမ်သောအသံနှင့် ပြတ်ပြတ်သားသားဆိုသည်။

" အသက်ရှင်ကျန်ခဲ့တဲ့ ၄၈၁ ဦးကို စားနပ်ရိက္ခာနဲ့ ပြန်လည်ထူထောင်စရိတ်ပေးဖို့ စီစဉ်နေပါတယ်"

" စီစဉ်နေတယ်?"

ပီယံ အံ့ဩသည့်နှယ်ရေရွတ်ကာ တစ်ဆက်တည်းပင် ဟက်ခနဲရယ်သည်။

"သူတို့ရဲ့မိသားစု၊ သူတို့ရဲ့ဘဝ၊ သူတို့ရဲ့အိမ်ကို ဖျက်ဆီးပြီးမှ၊ စိတ်ဒဏ်ရာတွေပေးပြီးမှ ဆုံးရှုံးလိုက်ရတာနဲ့ မတန်တဲ့ ဆန်ကလေးနည်းနည်း၊ ငွေကလေးနည်းနည်းနဲ့ ချွေးသိပ်ဖို့ကြိုးစားနေတာပါလား"

ယုဂန် အသက်ကိုဖြည်းညင်းစွာရှူထုတ်သည်။ သူသည် တတ်နိုင်သမျှ စိတ်ကိုငြိမ်အောင် ထိန်းကာ လေသံဖျော့နှင့် စကားဆိုသည်။

" ပီယံ မင်းငါ့ကို စိတ်ဆိုးနေမယ်ဆိုတာ ငါနားလည်တယ်။ ငါလည်း ထိုက်သင့်သလောက်အပြစ်ရှိမှန်း ငါ့ကိုယ်ငါသိပါတယ်။  ဒါပေမဲ့ သူတို့တွေအားလုံး သေဆုံးစေဖို့ ငါ,မရည်ရွယ်ခဲ့ပါဘူး"

စကားအဆုံးတွင် ယုဂန်အသံ အနည်းငယ်တုန်ခါသွား​၏။ သူသည်လည်း မည်မျှပင်တည်ငြိမ်ချင်ယောင်ဆောင်နေစေကာမူ သည်းပွတ်နှလုံးမှာ ပင်ပန်းမှုဒဏ်များ၊ အပြစ်ခံယူလိုသောဒဏ်များ အလုံးစုံ စုပြုံတိုးနေကာ ပြိုလဲပြုတ်ကျအံ့နီးနီး ယိုင်နဲ့နေလေပြီ။ သို့တိုင် ထိုသို့ပြိုလဲပြရုံနှင့် မည်သည့်ကိစ္စမျှ အဆင်ပြေသွားမည်မဟုတ်မှန်း  အသက်ရှင်လာသည့်တောက်လျှောက် သင်ခန်းစာလည်းရယူခဲ့ပြီးပြီဖြစ်သည်။ ထို့အပြင် ခေါင်းဆောင်နေရာမှ လူလည်းဖြစ်သည်မို့၊ အပြစ်ရှိလျှင် အပြစ်ကိုအမြန်ခံယူပြီး များစွာ စိတ်ဓာတ်ကျ၍မဖြစ်၊ တာဝန်တို့ ဆက်လက်လုပ်ဆောင်ရဦးမည်မို့ သွေးအေးအေးနှင့်ဖြေရှင်းတတ်သည့် အကျင့်ကို ခဲရာခဲဆစ်ပျိုးထောင်ခဲ့ရသည်။  

ထို့ကြောင့် အဆုံးသတ်တွင်မူ မည်မျှပင် စိတ်အဆင်မပြေ၍ အစိုင်အခဲတို့ ရင်ဝ,စို့နေစေကာမူ အလုပ်ကိုတော့ပြီးအောင်လုပ်တတ်သည့်သူ၊ ခံစားချက်မပြင်းထန်ဘဲ အမိန့်ချတတ်သည့်သူတစ်ဦး ဖြစ်လာခဲ့သည်။ ထိုသို့ သွေးအေးကာ ခံစားချက်မပြင်းထန်တတ်သည့်အကျင့်မှာလည်း မယ်တော်ကြီးဆီမှ အတုယူခဲ့သော အကျင့်ဟု ဆိုရမည်ဖြစ်သည်။

တစ်ခါတလေတော့လည်း အမြင့်ကိုရောက်ရန် စိတ်ကို မာရပြန်သည်။ ယခင် သန္နီးစစ်ပွဲတုန်းကလို စိတ်ဓာတ်ထိုးကျကာ ငိုနေမည့်ယုဂန် ဆက်ဖြစ်နေ၍မရပါချေ။

" မီးတောင်ပေါက်ကွဲမှာကြောင့် ဘေးလွတ်ရာကို ရွှေ့ကြဖို့ မြင်းလျင်စစ်သည်တွေနဲ့ ငါ,သတင်းပါးခိုင်းခဲ့တယ်။ ဒါပေမဲ့ အဲ့စစ်သည်တွေ အသတ်ခံခဲ့ရလို့ ရွာသားတွေဆီသတင်း မရောက်မှန်း မသိခဲ့တာက ငါ့ရဲ့ပေါ့လျော့မှုပါ။ ငါက ရွာသားတွေ ယာယီနေဖို့အတွက် တောင်ပေါ်မှာ နေရာတွေ၊ သုံးရက်စာ စားနပ်ရိက္ခာတွေကအစ အကုန်စီစဉ်ပေးထားပြီးသား။ အခုလိုဖြစ်သွားမယ်မှန်း ငါတကယ်မသိခဲ့တာပါ"

ယုဂန် ဂဃနဏရှင်းပြသည့်တိုင် ပီယံဟာ ကျေနပ်သေးပုံမရပါချေ။ ပီယံသည် သူ့ကိုစိမ်းသက်စွာကြည့်လျက်

" ဘာပဲဖြစ်ဖြစ် အစ်ကိုက သူတို့ရဲ့အိမ်တွေကို ဖျက်ဆီးဖို့ စဉ်းစားပြီးသားပဲလေ။ ရွာသားတွေ မဖယ်ပေးမှာစိုးလို့တောင် ညသန်းခေါင်ပေါက်ကွဲမယ့်ကိစ္စကို ညနေကျမှ သတင်းပေးဖို့လုပ်ခဲ့တယ်မဟုတ်လား။ မီးတောင် မပေါက်ကွဲအောင် အစ်ကိုတားနိုင်ရဲ့သားနဲ့၊ အစ်ကိုက ပေါက်ကွဲဖို့လမ်းကိုရွေးခဲ့တာ"

ဟု နက်ရှိုင်းလွန်းသော အသံဩဩနှင့်ဆိုသည်။ ပီယံ့တွင်လည်း ကောင်းသောအချက်တစ်ချက်ရှိသည်။ အလွန်အမင်းဒေါသထွက်နေသည့်တိုင် အသံမာရုံမှတစ်ပါး အော်ဟစ်ခြင်း၊ စိတ်ရှိတိုင်းပြုမူခြင်းမျိုး မပြုလုပ်ခြင်းဖြစ်သည်။

" အခုလို ချော်ရည်တွေနဲ့ပိတ်ဖုံးသွားရင် မယ်တော်ကြီးရဲ့တပ်တွေက ဇိယတ္တဘက်ကနေ ဖောက်မဝင်နိုင်တော့ဘူး"

" ဝင်တော့ရော ဘာအရေးလဲ။ ကျူးကျော်လာသူကို တိုက်ထုတ်ရမှာ ကျွန်ုပ်တို့ရဲ့တာဝန်ပဲ"

ယုဂန် ပီယံကို ထက်ရှစွာစိုက်ကြည့်မိလိုက်ကာ လက်ညှိုးငေါက်ငေါက်ထိုးလိုက်မိသည်။

" အဲ့ကျူးကျော်သူတွေကို တိုက်ထုတ်လို့စစ်ပွဲဖြစ်ရင်ရော ဒီပြည်သူတွေရဲ့ နေအိမ်စည်းစိမ်တွေ မပျက်စီးတော့ဘူးလို့ မင်းထင်သလား"

" အဲ့တာနဲ့ပဲ ငါက သူတို့ရဲ့နေအိမ်စည်းစိမ်ကို မရမကကာကွယ်ပေးမယ်လို့ မတွေးတောဘဲ သူတို့ဘယ်လိုနေနေ ငါ့နယ်မြေနဲ့ငါ့အာဏာကို ကာကွယ်ရမယ်လို့ စဉ်းစားခဲ့တယ်ပေါ့"

" စကားကိုကြည့်ပြောပါ"

ယုဂန် ဒေါသဟုန်းခနဲတောက်သွားသဖြင့် မာကြောသောအသံနှင့် ဟိန်းဟောက်လိုက်မိသည်။ သို့တိုင် ပီယံသည် သူ​၏ယုံကြည်ရာကို ပြောဆိုရန်အတွက်မူ တုန်လှုပ်ရွံ့ကြောက်သွားခြင်း အလျဉ်းမရှိ။  သူဟာ ဆက်လက်ပြီး လိုရာကိုပြောဆိုစမြဲဖြစ်သည်။

" အစ်ကိုကသာ အာဏာအတွက် အခြားအရာတွေကိုလျစ်လျူရှုခဲ့တယ်ဆိုတာကို အရင်ဝန်ခံလိုက်ပါ"

ယုဂန် ငြိမ်ကျသွားသည်။ သူ​၏မျက်ဝန်းများဟာတော့ ဒေါသကိုဖိနှိပ်ထားရသည့်နှယ် ခက်ထန်သော်လည်း ထိန်းချူပ်မှုရှိ​၏။

ယုဂန်သည် ရှေ့ဆက်ပြီး အရှည်အရှည်ဆက်မဖြစ်ချင်တော့သည့်အတွက်  ပီယံ့ဘက်ကို ကျောခိုင်းလိုက်ကာ

" ထွက်သွား"

ဟု အသံငြိမ်ငြိမ်နှင့်ဆိုသည်။

ယုဂန် ပီယံ့ဘက်ကိုလှည့်မကြည့်။ သို့တိုင် ပီယံဟာ မထွက်သွားသေးဘဲ သူ့နောက်ကျောကိုစိုက်ကြည့်နေဆဲဖြစ်ကြောင်း အလိုလိုခံစားမိနေသည်။

ပီယံက ကြည်လင်စွာဆိုသည်။

" မယ်တော်ကြီးကို ပုန်ကန်ခဲ့တာက မယ်တော်ကြီးရဲ့လမ်းစဉ်အတိုင်း ကျင့်သုံးဖို့မဟုတ်ပါဘူး။ တစ်နေ့ ဒီသမိုင်းကို စာထဲ ပြန်ပြောင်းရေးနိုင်တဲ့အထိ အစ်ကိုအင်အားကြီးသွားမယ်ဆိုရင်တောင် ဒီအမှန်တရားက ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။

လောကမှာရက်စက်တတ်မှ အနိုင်ရမယ်၊ အနိုင်ရမှ အမှန်တရားကို ခြယ်လှယ်နိုင်မယ်ဆိုရင် ဟိုးအရင်ကတည်းက အမှန်တရားဆိုတဲ့ စကားလုံးရှိလာမှာမဟုတ်ဘူး။ လူဆိုတာ အသိဉာဏ်အမြင့်ဆုံးသတ္တဝါပါ။ အသိဉာဏ်မြင့်လို့ ခံစားချက်လည်း မြင့်ပါတယ်။ အဲ့သလိုမျိုး ခံစားချက်ဟာ အသိဉာဏ်နောက်က ပါလာတဲ့အရာမို့လို့ တစ်ဖက်လူရဲ့ခံစားချက်ကို ကိုယ်ချင်းမစာဘဲ လုပ်ရင် ကိုယ့်ကိုယ်ကို အသိဉာဏ်ရှိတဲ့လူလို့ မခေါ်ထိုက်တော့ပါဘူး။

အစ်ကို အာဏာကိုကြည့်ခဲ့တာ အမှန်တရားပါ။ ဒီလူတွေသေရတဲ့ အဓိကအကြောင်းအရင်းက မယ်တော်ကြီးနဲ့ မျက်တစ်လုံးရှင်ကြောင့်ဆိုရင်တောင် မတရားမှုတွေ့ရက်နဲ့ ကိုယ့်အကျိုးအတွက် မျက်စိမှိတ်နေခဲ့တာ အစ်ကိုပါ။ ဒီလူတွေသေရတာ အစ်ကို့ရဲ့လုပ်ရပ်လည်း တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ နောင်တစ်ချိန် ရွေးချယ်စရာထပ်မံကြုံကြိုက်လာရင် အားလုံးအတွက်စဉ်းစားပြီး မှန်ကန်တဲ့ဘက်ကို အစ်ကို,ရွေးချယ်လိမ့်မယ်လို့ ကျွန်ုပ်မျှော်လင့်ပါတယ်"

ထိုစကား​၏အဆုံးတွင် အခန်းထဲမှ ထွက်ခွာသွားသော ပီယံမိတ်​၏ခြေသံများ ပဲ့ထင်သံကျန်ရစ်ခဲ့သည်။

ယုဂန် အသက်ကိုရှိုက်ရှူလိုက်​၏။ ထိုအခါ သူ့ရင်ထဲတိုးဝင်လာသည်မှာ မွန်းကြပ်မှုများဖြစ်သည်။

***********************************

စားဖိုဆောင်အဖြစ် ဆောင်ရွက်အပ်သော တဲနန်းနား၌ မိန်းကလေးငယ်လေးတစ်ဦး ယောင်လည်လည်လုပ်နေသည်မှာ အချိန်အတော်အတန်ကြာနေလေပြီ။

ယောက်ျားရင့်မာကြီးများသာရှိသည့် စစ်တပ်စခန်းပေမို့ ဤသို့ ငယ်ငယ်ရွယ်ရွယ်မိန်းကလေးတစ်ဦးရောက်ရှိနေခြင်းမှာ အနက်ပေါ်အဖြူတင်သည့်နှယ် ထင်းထင်းရှားရှား၊ ကွက်ကွက်ကွင်းကွင်းနှင့်ဖြစ်၍ သူမကို သတိမထားမိသူ, မရှိသလောက် နည်းပါးလှချေသည်။

ထို့ကြောင့် သူမကို သတိထားမိနေသော စားဖိုဆောင်အတွင်း တာဝန်ကျနေသည့်စစ်သည်,သည် အဆိုပါမိန်းကလေးနားသွားကာ

" မင်းက ဘယ်သူလဲ"

ဟု မေးမြန်းလိုက်တော့​၏။

မိန်းကလေး သူ့ကိုမော့ကြည့်​သည်။ ကျစ်ဆံမြီးကြားရောနေသော အပြာရင့်ရောင်ကြိုးများ၊ ထူးခြားသည့်မျက်ဝန်းသဏ္ဌာန်နှင့် အသားအရေ ညိုညက်ကာ ဝင်းပသောသွင်ပြင်ကြောင့် သူမကို စစ်သည်,ချက်ချင်းမှတ်မိလိုက်သည်။

အနှီမိန်းကလေးက မနေ့ညက မင်းသားပီယံမိတ်ကို မှော်နက်ပညာရှင်လက်မှ ကယ်တင်လာသူ မိစ္ဆာမုဆိုးမလေးပင်။ မင်းသားကိုကယ်လာသည်ဟူသော သတင်းအပြင် ဆံပင်ပုံစံကလည်း ထူးထူးခြားခြားရှိလှသောကြောင့် သူမကို ပြက်ပြက်ထင်ထင် မှတ်မိနေခဲ့ခြင်းဖြစ်သည်။

" အာ...မင်း မင်းသားပီယံမိတ်ကို ကယ်လိုက်တဲ့ မိစ္ဆာမုဆိုးလေးပဲ။ ဟုတ်တယ်မလား"

" ဟုတ်ပါတယ်"

ရေဝတီ ခေါင်းညိတ်ပြသည်။

ထိုအခါ စားဖိုဆောင်အတွင်းမှ တာဝန်ကျနေသော အခြားစစ်သည်သုံးဦးခန့်ပါ အပေါက်ဝသို့ အလျှိုလျှိုတိုးဝှေ့ထွက်လာကြသည်။ ထို ထမင်းချက်စစ်သည်များသည် ရေဝတီကို ဝိုင်းအုံကြည့်ကာ ထိုထဲမှတစ်ယောက်က

" ကြည့်ပါဦး။ ဒီလို နုနုဖတ်ဖတ်ကလေးက မှော်နက်ပညာရှင်ကို ဘယ်လိုများ အနိုင်တိုက်ခိုက်ခဲ့တာလဲ"

ဟု ချီးကျူးသော်လည်း မယုံနိုင်သည့်ဟန်ဖြင့် တအံ့တဩရေရွတ်သည်။

ရေဝတီသည် ပြုံးသည်မဆိုသာဘဲ နှုတ်ခမ်းစွန်းနှစ်ဖက်ကို ယောင်ယောင်လေးကွေးညွတ်ရုံမျှ ပြန်လည်တုံ့ပြန်သည်။ သူမအနေနှင့် ဤသို့ဝိုင်းအုံကြည့်ရှုနေကြမှုအပေါ် သက်တောင့်သက်သာ ဖြစ်ဟန်တော့ မရှိပါချေ။

ကံကောင်းထောက်မစွာနှင့် သူမကို ပထမဆုံးလာမေးသည့်စစ်သည်က သူမ အကြားချင်ဆုံးစကားကို အမေးရှိလာသည်။

" ဒါနဲ့ ဘာလို့ချင်လို့လဲ"

ရေဝတီ​၏မျက်ဝန်းများ ဖျပ်ခနဲလက်သွားပြီး

" ရေ..."

ဟု အားတက်သရောဆိုသည်။ ထိုအခါ ထမင်းချက်စစ်သည်များ ပျာယာခတ်သွားကြသည်။

" ရေတဲ့...ရေ ပေးလိုက်ကြဦး"

ထို့နောက် သူမရှေ့သို့ ရေတစ်ခွက်ရောက်ရှိလာသည်။ သိူ့သော် ရေဝတီသည် ရေခွက်သေးသေးလေးကိုကြည့်ရင်း အားရသည့်ပုံမပေါ်ပါချေ​။ သူမက ရေအိုးလိုက် ရေအပြည့်ပေးရန် တောင်းဆိုသည်။

ထမင်းချက်စစ်သည်များလည်း သူမ ရေအတော်ငတ်နေခြင်းဖြစ်မည်ဟု အချင်းချင်းတီးတိုးပြောလျက် အေးစိမ့်သောရေပြည့်သည့် မြေအိုးတစ်လုံးကို သူမရှေ့ချပေးလိုက်ပြန်သည်။

ထို့နောက် သူတို့သည် ရေအိုးကို စူးစမ်းဟန်ဖြင့်စိုက်ကြည့်နေသော ရေဝတီကို စုပြုံကြည့်နေကြပြန်ကာ

" စစ်ထွက်လာကတည်းက ဒီလိုချောချောလှလှ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးမမြင်ရတာ ဘယ်လောက်ကြာပြီလဲ"

ဟူ၍ အချင်းချင်း တီးတိုးတွတ်တီထိုးကြပြန်သည်။

ထိုအခိုက်တွင် ရေဝတီက သူတို့ကို မော့ကြည့်လာသဖြင့် စစ်သည်များ အတင်းတုပ်ရာမှ မိသွားသောသူလို ဆန့်တငင်ငင်ဖြစ်သွားကြပြန်သည်။

ရေဝတီက အရိုးခံမျက်နှာလေးနှင့်မေးသည်။

" ဟိုလေ...ဆားရှိလား မသိဘူး"

" ဘယ်လောက်လိုချင်တာလဲ"

ထမင်းချက်စစ်သည်တစ်ဦးက ပြန်မေးသော် သူမသည် လက်မနှင့်လက်ညှိုးကို အလျားလိုက်ဆန့်တန့်ပြလျက်

" များများလေး"

ဟုပြန်ဖြေသည်။

ထို့ကြောင့် စစ်သည်တို့လည်း သူမကို ဆားထည့်သည့် မြေအိုးလိုက် ပေးလိုက်လေသည်။ စစ်သည်တို့သည် ရေဝတီတစ်ယောက် ဆားနှင့် မည်သည်များလုပ်ဆောင်ပါအံ့နည်းဟု စိတ်ဝင်တစားရှိနေစဉ်တွင် ရေဝတီမှာ ခုနက ရေအိုးထဲသို့ ဆားအိုးထဲမှ ဆားတစ်ဝက်ခန့်အား ဘတ်ခနဲကောက်ထည့်လိုက်လေသည်။

စစ်သည်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလျက် နားမလည်နိုင်ဖြစ်သွား​ကြ​၏။

သူတို့ကိုပို၍ တအံ့တဩဖြစ်သွားစေသည့်အချက်မှာ ရေဝတီသည် ဆားထည့်ပြီးသည်နှင့် ဆားပျော်ရည်ကို ရေအိုးလိုက် မ,၍ တဂွပ်ဂွပ်နှင့်မော့သောက်လိုက်ခြင်းဖြစ်သည်။

စစ်သည်တို့သည် ရေဝတီ့ကိုကြည့်ရင်း သူမ​၏အားကောင်းမောင်းသန်မှုအတွက် တအံ့တဩဖြစ်ရသလို ဆားပျော်ရည်ဟူသော အသိကြောင့်လည်း သူတို့ပါ သွေးတက်ချင်သလို ခံစားလိုက်ရ​သည်။

ရေဝတီမှာမူ ရေတစ်စက်မှမကျန်တော့သည်အထိ အကုန်အစင်သောက်ကာ ပြီးမှ ရေအိုးကိုပြန်ချပြီး

" ရေဓာတ်ခန်းခြောက်နေတာလေ"

ဟု အပြုံးတစ်ပွင့်နှင့်ဆိုသည်။ ပြီးနောက်

" ကျေးဇူးတင်ပါတယ်"

ဟု ထမင်းချက်စစ်သည်များဆီ ကြည့်၍ဆိုကာ ပျော်ရွှင်တက်ကြွနေသော ခြေလှမ်းများနှင့် လှည့်ထွက်သွားလေသည်။

ထမင်းချက်စစ်သည်များဟာတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း၊ ထို့နောက် ရေမရှိတော့သော မြေအိုးကိုလည်း ကြည့်ရင်း အူကြောင်ကြောင်နှင့်ကျန်ရစ်ခဲ့လေသည်။

ဆားပျော်ရည်သောက်လိုက်ရသဖြင့် ရေဓာတ်ဝ,ကာ အားအင်များပြန်လည်ပြည့်ဝသွားသော ရေဝတီီမှာမူ သူမ​၏ဘဝပေးတာဝန်အရ တဲနန်းဆောင်များကြား တစ်လမ်းပြီးတစ်လမ်းသွားကာ အမတ်ယုဂန်နိုင်ကို လိုက်လံရှာဖွေသည်။

သိပ်မကြာခင်မှာပင် သူမ အမတ်ယုဂန်နိုင်ကို ရှာဖွေတွေ့ရှိသွားသည်။

ရှာတွေ့သောနေရာသည် လူပြတ်သောနေရာလည်းဖြစ်၍ အမတ်ယုဂန်နိုင်အပါအဝင် လူသုံးဦးသာရှိလေရာ ရေဝတီအတွက် အခွင့်အခါ သင့်လှပေသည်။ ရေဝတီသည် အလာကောင်းသဖြင့် အခါမနှောင်းတော့ဘဲ ချက်ချင်းလက်ရဖမ်းဆီးနိုင်တော့မည်ဟူသော အကြံနှင့်ပျော်ရွှင်သွားခိုက် အမတ်ယုဂန်နိုင်ရှေ့ ရောက်လာသော မြင်းတစ်စီးကြောင့် အနောက်ပြန်ဆုတ်၍ သစ်ပင်တစ်ပင်နောက်ပုန်းလိုက်ရပြန်သည်။

အမတ်ယုဂန်နိုင်ရှေ့ ရောက်လာသော မြင်းတစ်စီးပေါ်တွင် တန်ဖိုးကြီးပိုးထည်ဆင်မြန်းထားသော လူတစ်ဦးရှိသည်။

ထိုလူသည် မြင်းပေါ်မှ ဆင်းလာ​၏။ ထို့နောက် အမတ်ယုဂန်ဆီ သွားကာ အမတ်ယုဂန်ကို ပွေ့ဖက်လိုက်သည်။ အမတ်ယုဂန်ဟာလည်း ထိုလူ၏ရင်ခွင်ကြားတွင် ပျော်မွေ့ဟန်ဖြင့် နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေသည်။

ဤသို့ အမတ်ယုဂန်နိုင်နှင့် နှစ်ကိုယ်တူချစ်ခင်ကြင်နာခြင်းပုံရိပ်များ ပြသနေသူမှာ မင်းသားအရုဏမှလွဲ၊ မည်သူများရှိပါအံ့နည်း။

ရေဝတီ ချက်ချင်းသိရှိလိုက်သည်။

မင်းသားအရုဏ ဤနေရာသို့ရောက်ရှိလာလေပြီ။

တစ်ဆက်တည်းတွင် သူမ တွေးတောလိုက်မိသည်။

ဒီလိုနဲ့ အမတ်ယုဂန်နိုင်ကို ပြန်ပေးဆွဲဖို့ကြိုးစားရင်း သေသွားမှာတော့ မဟုတ်ဘူးမလား။

*******************************

ညပိုင်းအချိန်တွင် ရေဝတီသည် အမတ်ယုဂန်နိုင်​၏ ယာယီတဲနန်းဆောင်ရှိရာဆီ ဒုတိယမ္ပိချဉ်းကပ်လာခဲ့ပြန်သည်​။

မြေပြင်ထက်တွင် မင်းသားအရုဏနှင့် အမတ်ယုဂန်နိုင်အတွက် လုံခြုံရေးအစောင့်အကြပ်များ ချမှတ်ထားသည့်မို့ ဖျတ်လတ်သော ရေဝတီသည် တဲနန်းအပေါ်  အကိုင်းအခတ်များ ယှက်ဖြာအုပ်မိုးနေသော သစ်ပင်ကြီးတစ်ပင်အပေါ်  ဦးစွာတက်ရောက်လိုက်သည်။

ထို့နောက် တဲနန်းရှိရာဆီ ဆန့်တန်းနေသော သစ်ကိုင်းတစ်ကိုင်းထက်သို့ သတိကြီးစွာတက်သည်။  သူမ ခြေလှမ်းကိုဖျော့ကာ မြွေတစ်ကောင်​၏ ညင်သာသော လှုပ်ရှားမှုမျိုးနှင့် တတ်နိုင်သမျှ တဲနန်းနှင့်နီးအောင် ခိုးကြောင်ခိုးဝှက်တိုးကပ်သွားသည်။

အစက သူမသည် အခြေအနေကို စနည်းနာပြီး မင်းသားအရုဏမသိခင် အမတ်ယုဂန်နိုင်ကို ဖမ်းဆီးခေါ်ဆောင်သွားနိုင်အောင် ဆောင်ရွက်မည့်အကြံအစည်နှင့်ဖြစ်သည်။ သို့ရာတွင် ထိုသို့ရောက်သောအခါ မထင်မှတ်ထားသော လင်မယားရန်ဖြစ်မှုနှင့် ကြုံလိုက်ရလေသည်။

ဟုတ်သည်။ မင်းသားအရုဏနှင့် အမတ်ယုဂန်နိုင်တို့ ရန်ဖြစ်နေကြခြင်းဖြစ်သည်။

" ဒီကိစ္စကို ယုဂန် မောင့်အရင်တိုင်ပင်သင့်တယ်မထင်ဘူးလား"

မင်းသားအရုဏ​၏အသံဖြစ်သည်။

ထိုအသံသည် ခပ်ဩဩဖြစ်သည့်တိုင် ဒေါသတကြီး ဟစ်အော်သောအသံမျိုးတော့ ဟုတ်မနေပါချေ​။ ရေဝတီကသာ အကြားအာရုံကောင်းသူဖြစ်သဖြင့် အနည်းငယ်မျှသာ ကျယ်သောထိုစကားကို ပြက်ပြက်ထင်ထင်ကြားနေရခြင်းဖြစ်သည်။

အမတ်ယုဂန်နိုင်ဘက်မှ ပြန်ပြောသောစကားကိုလည်း သူမကြားရသည်။

" ဟ...ဒါကျွန်တော့်လက်အောက်က ကိစ္စပဲ။ အရင်ကလည်း မောင်နဲ့ကျွန်တော် ဒီလိုမျိုးတာဝန်ခွဲလုပ်နေကြမဟုတ်ဘူးလား။ ကျွန်တော့်ဆုံးဖြတ်ချက်တိုင်းကိုလည်း မောင်က လက်ခံနေကြမဟုတ်ဘူးလား"

" ဒီကိစ္စက အရင်ကိစ္စတွေနဲ့တူမှမတူတာ။ လူသုံးထောင် သေခဲ့တာ ယုဂန်ရဲ့။ လူသုံးထောင်ကျော် သေခဲ့တာ"

မီးတောင်ကိစ္စနှင့်စပ်လျဉ်း၍ သူတို့နှစ်ဦး အချင်းများနေမှန်း ရေဝတီ ရိပ်ချည်ပါးချည်သိရှိလိုက်သည်။ 

ထိုမီးတောင်ကိစ္စကြောင့်ပဲ မင်းသားပီယံမိတ်အပါဝအင် တစ်လောကလုံး အမတ်ယုဂန်နိုင်ကို စိတ်ဆိုးနေကြသလားဟု ရေဝတီအောက်မေ့မိသည်။

" လူထောင်ချီသေနိုင်တဲ့ကိစ္စကို မင်း မောင့်အရင်တိုင်ပင်သင့်တယ်လေ။ ဒီလို လူ့အသက်တွေနဲ့လောင်းကြေးထပ်ထားတဲ့ ကိစ္စကို မောင့်ရဲ့ဆုံးဖြတ်ချက် လာမေးသင့်တာပေါ့။ အခု မင်းဘာသာမင်း ပီယံမိတ်ကိုတောင်မပြောဘဲ တစ်ယောက်တည်းဆုံးဖြတ်ပြီး လုပ်လိုက်တဲ့ကိစ္စက ပြန်လမ်းမဲ့ပဲ။ ဒီလူတွေရဲ့အသက်ကို ဘယ်သူ့မှပြန်မယူပေးနိုင်ဘူး"

" မောင်ကပါ ဒီလူတွေ ကျွန်တော်ကြောင့်သေရတယ်လို့ ပြောချင်နေတာလား။ ကျွန်တော် သူတို့ကိုသေစေဖို့မရည်ရွယ်ခဲ့မှန်း မောင်သိရဲ့သားနဲ့ ဒီကိစ္စအကုန် ကျွန်တော့်ကြောင့်ပါဆိုပြီး အပြစ်ဖို့ဦးမယ်ပေါ့"

ရေဝတီသည် အနှီအကြင်လင်မောင်နှံ​​၏ ကတောက်ကဆဖြစ်မှုကို ဆက်လက်နားစွင့်နေမိ​​၏။ နားစွင့်ကာမှ အပြန်အလှန်ပြောနေသောအသံများ ခေတ္တရပ်တန့်သွားသည်။ နောက်မှ မင်းသားအရုဏသည် စိတ်လျှော့လိုက်ဟန်ဖြင့်

" ကဲ တော်ပြီ။ အတိတ်ကိုပြန်ပြောရင်လည်း ဒီလူတွေ အသက်ပြန်မရှင်လာဘူး။ မောင်ပြောချင်တာက နောက်တစ်ခါ ဘာလုပ်လုပ် မောင့်အရင်တိုင်ပင်။ လောလောဆယ်တော့ ယုဂန်ရဲ့စီမံခန့်ခွဲပိုင်ခွင့်တွေကို ပီယံမိတ်ဆီ လွှဲထားပြီး ယုဂန်ခဏအနားယူလိုက်ပါ"

ဟု တည်တည်ကြည်ကြည်ဆိုသည်။ ထိုအခါ တစ်ဖက်မှ

" ဘာ"

ဟူသော ကျယ်ကျယ်လောင်လောင် အာမေဍိတ်သံ ရုတ်ချည်းထွက်ပေါ်လာသည်။  အမတ်ယုဂန်နိုင် စိတ်ဆိုးမာန်ဆိုး ဖြစ်သွားပုံရသည်။

" အခု မောင်က ကျွန်တော့်ကို လာအာဏာပြနေတာလား။ ကျွန်တော်က မောင့်လက်အောက်ငယ်သားလား။ ကျွန်တော်က မောင့်ယောက်ျား မောင်ရဲ့။ မောင့်ယောက်ျား"

" ကိုယ်ရေးကိုယ်တာနဲ့ ရာထူးကို မရောယှက်နဲ့စမ်း ယုဂန်"

မင်းသားအရုဏ​၏ ခပ်မာမာစကားအဆုံးတွင် အမတ်ယုဂန်နိုင်​၏ ဒေါသတကြီးအသံက ပို၍ကျယ်လောင်လာခဲ့သည်။

" စစ်ပွဲပါ။ စစ်ပွဲမှာ ဖြစ်သင့်တာကိုဦးစားမပေးဘဲ ခံစားချက်နဲ့ဆုံးဖြတ်လို့ကော နိုင်,နိုင်ဦးမယ် ထင်နေသလား။ ကျွန်တော်က နတ်ဆိုးအဖြစ်ခံရင်း လုပ်နေသမျှအကုန်က မောင့်အတွက်ချည်းပဲ။ မောင်သိရဲ့လား"

" မောင်က ယုဂန်ကို မောင့်အတွက် အပြစ်မဲ့တဲ့လူထောင်ချီကို သတ်ပေးပါလို့ ပြောခဲ့ဖူးသလား"

" ကဲ...ကြည့်။ မောင် ကျွန်တော့်ကို အကောင်းမမြင်တော့ဘူး။ မောင်ကျ တစ်လောကလုံးမောင်မှားတယ်ထင်ရင်တောင် ယုဂန်ကတော့ မောင့်ကိုယုံစေချင်တယ်ဆို။ ဟော...မောင်ကျတော့ မောင်ကပါ ကျွန်တော့်ကို အပြစ်ဖို့နေတာပဲ"

" ယုဂန် မောင် မင်းကိုချစ်တာ မင်းဘာလုပ်လုပ် အကုန်မျက်စိမှိတ်နေမယ်ဆိုတဲ့သဘောမျိုးမဟုတ်ဘူး"

" မဟုတ်ပါဘူး​။ မောင်က တခြားမိန်းမနဲ့ ကလေးရပြီးနေတော့ ကျွန်တော့်ကိုမလိုတော့တာမျိုးပဲ ဖြစ်မှာပေါ့"

" ယုဂန်နိုင် တော်တော့"

မင်းသားအရုဏ​၏ အော်သံကြောင့် ချောင်းနားထောင်နေသော ရေဝတီပင် လန့်ဖျပ်ကာ သစ်ကိုင်းပေါ်မှ ပြုတ်ကျလုမတတ်ဖြစ်သွား​၏။ 

ထို့ထက်ဆိုးသည်က မင်းသားအရုဏနှင့်ဆတူ ပြန်လည်အော်ငေါက်လာသော အမတ်ယုဂန်နိုင်​၏အသံဖြစ်သည်။

" လာမအော်နေနဲ့။ ခင်ဗျား ကျွန်တော့်ကို ဒီလိုမျိုး ဘယ်တုန်းကများ အော်ဖူးသလဲ"

ရန်ပွဲမှာ ပိုမိုပြင်းထန်လာပြီဟု ထင်ရသည်။ ကြားရသလောက် မင်းသားအရုဏသည် သူ​၏ကြင်ယာတော်ကို အလွန်တရာချစ်မြတ်နိုးသဖြင့် အသံကိုတောင်မြှင့်မပြောဟု ဆိုသည်။ နေ့လယ်ကလည်း သူတို့နှစ်ဦးမှာ ချစ်ချစ်ခင်ခင်ရှိနေကြသေးသည် မဟုတ်ပါလား

ညရောက်မှ အဘယ်ကြောင့်များ ကြီးကြီးကျယ်ကျယ် ရန်ထဖြစ်ကြသလဲမသိ။

ဘယ်လောက်ပဲချစ်ချစ်၊ ဇနီးမောင်နှံဘဝမှာ တစ်ကြိမ်တစ်ခါတော့  ရန်ဖြစ်ကြသည်နှင့်တူသည်။ ရေဝတီသည် အမတ်ယုဂန်နိုင်ကို ဖမ်းဖို့လာရင်းမှ သူများလင်မယားရန်ဖြစ်သည်ကို နားထောင်ရမည်ဟု တစ်ကြိမ်တစ်ခါမှ မတွေးတောခဲ့ဖူးပါချေ။

ဒါလည်း တစ်နည်းအားဖြင့် ကောင်းသည်မဟုတ်ပါလား​။ သူတို့နှစ်ယောက်စိတ်ဆိုးနေတုန်း အမတ်ယုဂန်နိုင်ကို သူမ ဖမ်းဆီးခေါ်ဆောင်သွားရန် ပိုမိုလွယ်ကူပေလိမ့်မည်။

" အခုကျတော့ ခင်ဗျားဖြစ်သွားပြီပေါ့"

မင်းသားအရုဏ​၏အသံက သာမန်နှုန်းဖြစ်သွားသည့်တိုင် အမတ်ယုဂန်ဟာတော့ စိတ်ဆိုးမာန်ဆိုး အော်ငေါက်ဆဲပင်။

" ဖြစ်တယ်။  ခင်ဗျားကကျ ကျွန်တော့်ကို ဒီကလေး မောင့်ကလေးမဟုတ်ပါဘူးဘာညာနဲ့ ယုံခိုင်းတယ်။ ခင်ဗျားကကျ ကျွန်တော့်ကိုနည်းနည်းလေးတောင် မယုံဘဲ အားလုံးက ကျွန်တော့်အပြစ်ကြောင့် ဖြစ်ရသလို လာဆက်ဆံတယ်။ ကျွန်တော့်ကို မယူခင်တုန်းက ခင်ဗျား ဒီလိုလေသံလား"

အမတ်ယုဂန်နိုင်​၏အသံ ပိုပို၍အက်ရှလာသည်။

မကြာပါချေ။ မင်းသားအရုဏထံမှ

" မောင်တောင်းပန်ပါတယ် ယုဂန်။ မောင်မှားသွားပါတယ်။ မောင် မအော်လိုက်သင့်ဘူး"

ဟူသော တောင်းပန်စကားသံများ ထွက်ပေါ်လာသည်။ ဒီလိုကျတော့လည်း မင်းသားအရုဏက ကြင်ယာတော် ပစ်ထားခဲ့မည်ကို ကြောက်သည်ဟူသောသတင်း မှန်ကန်နေသည်ပဲလေ။

" မထိနဲ့ သွား"

အမတ်ယုဂန်နိုင်ဟာတော့ စိတ်ဆိုးနေဆဲထင်သည်။ သူသည် မင်းသားအရုဏကို နှင်ထုတ်ဆဲဖြစ်ကာ အဆုံးတွင်

" တကယ်ပဲ မောင့်ကို မုန်းတယ်။ ထွက်သွား။ အတူ လာမအိပ်နဲ့ သွား"

ဟု ပစ်ပစ်ခါခါနှင်ထုတ်လိုက်လေသည်။

အသံအရ မင်းသားအရုဏထွက်သွားသည်နှင့်တူသည်။ သို့ဆိုလျှင် အမတ်ယုဂန်နိုင်တစ်ဦးတည်း ကျန်ရစ်ခဲ့သည် မဟုတ်ပါလား။

သူများ​၏စိတ်မချမ်းမြေ့မှုအပေါ် ကျေနပ်သည်မှာ ကောင်းသော အခြင်းအရာမဟုတ်သော်လည်း အမတ်ယုဂန် တစ်ဦးတည်းရှိနေခြင်းဆိုသည့်အချက်မှာ သူမအတွက် မဟာ အခွင့်အရေးကောင်းကြီးဖြစ်သည်။

ရေဝတီသည် သူမအတွေးနှင့်အတူ သစ်ပင်မှ ခုန်ဆင်းမည်ကြံရွယ်ခိုက် သူမအနောက်မှ ယောက်ျားသံတစ်သံထွက်ပေါ်လာသည်။

" ဒီမှာဘာလုပ်နေတာလဲ"

ရေဝတီ ထိတ်လန့်ကာ အနောက်သို့ ကပျာကယာလှည့်ကြည့်သည်။

ထိုတွင် မင်းသားပီိယံမိတ်ဆိုသူကို တွေ့လိုက်ရလေသည်။

မင်းသားပီယံမိတ်သည် သစ်ကိုင်းအရင်း၌ မတ်တပ်ရပ်နေခြင်းဖြစ်ပြီး ခါးထိရှည်သောဆံနွယ်ကို ဖားလျားချထားလေရာ အိပ်နေရာမှ ထ,ပြီး ဤနေရာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ဟန်ရှိသည်။

ရေဝတီသည် မင်းသားပီယံမိတ်​၏ မမှိတ်မသုန်စူးစိုက်ကြည့်နေသော အကြည့်များကြား ယုတ္တိရှိမည့်ဆင်ခြေကို အလျင်အမြန်လိုက်လံစဉ်းစားသည်။ နောက်ဆုံး သူမ ပါးစပ်မှ လွှတ်ခနဲထွက်သွားသည်မှာ

" ရန်ဖြစ်နေလို့ လာစပ်စုတာ"

ဟူ၍ ဖြစ်လေ​၏။

မင်းသားပီယံမိတ် သူမကို မျက်ခုံးပင့်ကြည့်သည်။

ရေဝတီမငြင်းပါ။

သူမ ဘဝတစ်လျှောက်တွေ့ခဲ့ဖူးသော ယောက်ျားသားများထဲတွင် ဒီတစ်ယောက်လောက် ကြည့်ကောင်းသူကို တစ်ကြိမ်တစ်ခါမျှ မတွေ့ဖူးခဲ့ပါချေ။

သူ​၏ တောက်ပသောမျက်ဝန်းမှစ၍၊ ဖြောင့်စင်းသောနှာတံ၊ ပိရိသေသပ်သောနှုတ်ခမ်း၊  ပြေပြစ်သောမေးရိုး၊ ထိုမျှသာမက အရပ်ဟာလည်း မြင့်ပြီး ခန္ဓာကိုယ်ကလည်း အတော်လေး ကြည့်ကောင်းလွန်းလှသည်။

လူ့ပြည်ရောက်တုန်း မင်းသားအရုဏ​၏ညီတော် မင်းသားပီယံမိတ်မှာ သူမတူအောင် ချောမောသည်ဟု ကြားစဉ်အခါက ချဲ့ကားပြောဆိုသည်ဟု သူမထင်ခဲ့သည်။ ယခုတော့ အမှန်တကယ် စစ်မှန်ကြောင်းသိရှိလိုက်ရ​၏။

ဒါတောင် သူက သေလောက်တဲ့ဒဏ်ရာကြောင့် လောလောလတ်လတ်ဆေးစည်းထားရတဲ့ လူနာတဲ့လေ။

လူနာတွေထဲ၊ လူနာဖြစ်တာတောင် ဒီလောက်လှသည့်လူနာ ရှိတော့မည်မထင်ပေ။

" မင်းသားအရုဏနဲ့ သူ့ရဲ့ကြင်ယာတော်ကို လာပြီးချောင်းမြောင်းကြည့်ရှုတာ ဘယ်လောက်အပြစ်ကြီးတယ်လို့ မင်းထင်လဲ"

အဆိုပါ လှပသော လူနာက သူမရှိရာသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာသည်။  ထိုအခါ သူ​၏အလေးချိန်ကြောင့် သစ်ကိုင်းဟာ ညွတ်ညွတ်ကျလာ​၏။

အကိုင်းဖျားတွင် ကိုယ်ကိုဖော့၍ရပ်နေသော ရေဝတီသည် ဟန်ချက်ကို မနည်းထိန်းနေရကာ တစ်ဖက်တွင်လည်း မင်းသားပီယံမိတ်လက်မှ မည်သို့လွတ်အောင် လုပ်ဆောင်ရမည်ကို စဉ်းစားလျက်ရှိသည်။

ထိုအချိန်တွင် ရေဝတီသည် မင်းသားပီယံမိတ်​၏ ဦးခေါင်းအထက်နား ညွတ်ကျနေသော သစ်ကိုင်းငယ် အပေါ်၌ သစ်ရွက်နှင့်အရောင်ရောနေသော မြွေတစ်ကောင်ရှိနေသည်ကို စူးရှသောအမြင်နှင့် တွေ့မြင်သွားလေသည်။

​ထိုမြွေသည် ပီယံကို အန္တရာယ်အထင်နှင့် ပေါက်အံ့ဆဲဆဲဖြစ်​၏။

ထိုအခြင်းအရာကို တွေ့လိုက်ရသောရေဝတီသည်  ချက်ချင်းပင် အဆိုပါမြွေကို လျင်မြန်လွန်းသော လက်တစ်ဖက်နှင့် ဝှစ်ခနဲဖမ်းဆုပ်လိုက်လေသည်။

အဆိပ်ပြီးနေသဖြင့် မြွေမကြောက်ခြင်းပေလားမသိ။ ရေဝတီမှာ မြွေကို လက်ဗလာနှင့်ဖမ်းပြီးသည်နှင့် သစ်ပင်အောက်သို့ ပစ်ချလိုက်လေသည်။

သို့သော် မြွေကို ဆွဲယူလိုက်စဉ်က ရေဝတီသည် အရှိန်ပါသွားခဲ့သည်ဖြစ်ရာ မြွေကို ပစ်ချလိုက်သောအခါ မြွေနှင့်အတူ သူမပါ သစ်ပင်ပေါ်မှ ပြုတ်ကျလုဆဲဆဲဖြစ်တည်သွားသည်။

"အ..."

သူမ ပြုတ်ကျပြီဟု ထင်မှတ်လိုက်​၏။

သို့သော် သူမ မထင်မှတ်ထားသော အရာတစ်ခုက သူမ​၏ခါးကို ဆွဲကိုင် ဖမ်းဆုပ်လိုက်သည်။

ထိုအရာက မင်းသားပီယံမိတ်​၏ သန်မာသောလက်တစ်ဖက်ပါပင်။

ပီယံ​၏လက်တစ်ဖက်က သူမ​၏ခါးကို အချိန်မီ ဆွဲဖမ်းနိုင်ခဲ့သည်။ ပြီးသည်နှင့် သူမကို ပြန်ဆွဲယူလိုက်လေရာ သူမသည် ပီယံမိတ်​၏ ရင်ခွင်ထဲသို့ ရောက်လုမတတ် နီးကပ်သွားလေသည်။

ပီယံမိတ်က ရုပ်သာချောသည်မဟုတ်၊ ရနံ့ကလည်း အတော်လေး မွှေးပျံ့သည်။

သူမ မော့ကြည့်လိုက်သောအခါ အနီးကပ်မြင်လိုက်ရသော ပီယံ​၏ချောမောမှုက ပို၍ ရင်သပ်ရှုမောဖွယ်ကောင်းအောင် သိသာထင်ရှားလှသည်။

နူးညံ့ကြည်စင်သော အသားအရေမှစကာ နီဆွေးသော နှုတ်ခမ်းလွှာအဆုံး။  မွှေးပျံ့သော ကိုယ်သင်းရနံ့မှစကာ သူမ​၏ခါးကို မြဲမြံစွာဆုပ်ကိုင်ထားသော အားအင်အဆုံး။ အတော်လေး ပြီးပြည့်စုံသည့် အမျိုးသားပါပင်။ 

ထိုအမျိုးသားက သူမကို ငုံ့ကြည့်လာသည်။ ကြယ်စင်များနှယ် တဖိတ်ဖိတ်လက်နေသော ထိုအမျိုးသား​၏မျက်ဝန်းများက ငေးမောကြည့်ချင့်စဖွယ်ကောင်းအောင်ကို လှပရွှန်းတင့်နေခဲ့သည်။

ရေဝတီသည် ဘာကြောင့်မှန်းမသိ။ သူမ​၏ပါးပြင်နှစ်ဖက် ပူနွေးသွားသည်ကို ခံစားလိုက်ရသည်။ သစ်ပင်ပေါ်မှ ပြုတ်ကျမည်ဟု ထင်မှတ်လိုက်သဖြင့် ထိတ်လန့်သွားသောကြောင့် ပါးတို့ပူပြင်းသွားသည်ဟု သူမ တွေးထင်လိုက်သည်။  ထိတ်လန့်လွန်းလို့ သူမနှလုံးတွေတောင် တုန်ယင်ချင်နေလေပြီ။

" အသက်ကယ်ပေးလို့ ထပ်ပြီးကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မင်းက ဘယ်နဂါးတိုင်းပြည်က ဘယ်နတ်နဂါးမျိုးနွယ်ဝင်ဆိုတာကိုတော့ ကျွန်ုပ်ကို ပြောပြရလိမ့်မယ်"

ပီယံ့​၏စကားအဆုံးတွင် ရေဝတီ​၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား​၏။

ဒီလူက ရုပ်ချောရသည့်ကြားထဲ ဉာဏ်ကပါကောင်းနေသေးသည်။  ဘယ်လိုများ အချိန်တိုအတွင်း သူမကို နဂါးမှန်း သိရှိသွားပါသနည်း။

ပီယံမိတ်ဟာ တကယ့်ကို အံ့ဩစရာ လူမင်းသားပါပင်။ လူသားတွေလည်း ဒီလောက်ပြီးပြည့်စုံနိုင်ကြောင်း သူမ နောက်ကျမှ သိရှိလိုက်ရခြင်းဖြစ်သည်။

**********************************
Next Chapter :

မင်းသားအရုဏနှင့်အချင်းများသဖြင့် နောက်တစ်နေ့တွင် အမတ်ယုဂန်နိုင်သည် တောထဲသို့ တစ်ကိုယ်တည်းထွက်ခွာသွားလေသည်။ မင်းသားအရုဏသည်လည်း သူ​၏စိတ်ကောက်နေသော ကြင်ယာတော်ကို ချော့မော့ရန်မလို့ငှါ ယုဂန်နိုင်အနောက်သို့ ထပ်ကြပ်မကွာလိုက်ပါသွားခဲ့သည်။

******************************

A/N

ကဲကဲသဲသဲအတွဲက ရန်ဖြစ်တာ ဖြစ်နိုင်ပါ့မလား🤔

ပီယံကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းရရှိမှာပါ။ ဝါးဟားဟား xD

2.8.2022
( Tuesday )
.
.
.

Zawgyi

ေရဝတီ

______________

ေလာကတစ္ခြင္ နက္ေမွာင္မႈက အုပ္ဆိုင္းလ်က္ ေအးျမမႈက မင္းမူ၍ ရွိသည္။

ဟိုးေကာင္းကင္ယံမွ ကမာၻေျမအေပၚ အရွိန္ႏွင့္ခုန္ဆင္းလာေသာ မိုးစက္မိုးေပါက္ကေလးမ်ားသည္ တစ္ခဏေလးအတြင္းတြင္ ပိုးပိုးေပါက္ေပါက္အသံမ်ားႏွင့္အတူ သည္းသည္းထန္ထန္ ႐ြာသြန္းၿဖိဳးလာခဲ့သည္။

ပီယံမိတ္​၏ဆံႏြယ္ရွည္မ်ားသည္ မိုးေရမ်ားျဖင့္စို႐ႊဲကာ အက်ႌတြင္ ကပ္ၿငိတြယ္သြားၾက​၏။ ဝမ္းဗိုက္မွယိုစီးက်ေသာ ေသြးတို႔ဟာလည္း မိုးႏွင့္ေရာကာ ေျမႀကီးေပၚသို႔ စမ္းေခ်ာင္းပမာ စီးဆင္းသြားေနသည္။

ပတ္ဝန္းက်င္ဟာေအး​၏။ ထို႔ေၾကာင့္ ဝမ္းဗိုက္မွ ထိုးထြင္းဒဏ္ရာက တဆစ္ဆစ္ႏွင့္ တ႐ြ႐ြကိုက္ခဲလာသည္။ အားတို႔ယုတ္ေလ်ာ့လာသျဖင့္ ပီယံ​၏အျမင္အာ႐ုံသည္ တရိပ္ရိပ္ႏွင့္ မႈန္ဝါးလာသည့္ၾကားမွ မိုးေရတို႔က မ်က္ေတာင္အေပၚ ပိတ္ဖုံးျပန္ေသာ္ ပီယံသည္ မိမိေရွ႕ ေျခငါးလွမ္းစာၾကားရွိ အရာကိုေတာင္ ေသခ်ာစြာျမင္ႏိုင္စြမ္းမရွိေတာ့ေခ်။

သို႔ေသာ္လည္း ရာဇေသြးပါသူပီသစြာ အဆုံးထိဇြဲမေလ်ာ့တတ္ေသာသူသည္ တုန္ရီေနေသာလက္ႏွစ္ဖက္မွ အားအင္တို႔ကို ခက္ခဲစြာဖ်စ္ညႇစ္ထုတ္လ်က္ ဗိုက္ထဲနစ္ဝင္ေနသည့္ သစ္ကိုင္းခြၽန္ကို မရမကဆြဲႏႈတ္ေနဆဲ။

​ေလာကဟာ ေမွာင္ေနသည္။ သို႔တိုင္ ပီယံမိတ္သည္ အျမင္အာ႐ုံတို႔ မျပတ္မသားျဖစ္ေနသည့္ၾကားမွ အနီေတာက္ေတာက္ဝတ္႐ုံၿခဳံထားေသာ ေမွာ္နက္ပညာရွင္ သူ႔အေရွ႕သို႔ လာေနေၾကာင္း အရိပ္မွ် ေရးေတးေတးျမင္ေနရသည္။

ေမွာ္နက္ပညာရွင္​၏လက္ထဲတြင္ မီးေတာက္တစ္ခု လူးလြန႔္လ်က္ရွိ​၏။ သူ႔ကို အျပတ္ရွင္းပစ္ရန္ ႀကံ႐ြယ္ထားေသာ မီးေတာက္ျဖစ္ႏိုင္သည္။

"ကဲ ဘုရားသာ တ,ေပေတာ့"

ေမွာ္နက္ပညာရွင္သည္ ထိုသို႔ေျပာလည္းေျပာ၊ မီးေတာက္ကိုလည္း ပီယံမိတ္ရွိရာဆီ ပစ္လႊတ္လိုက္ေလသည္။

ပီယံမိတ္ မ်က္လုံးကို မွိတ္ခ်လိုက္​၏။ သို႔ေသာ္ သူေမွ်ာ္လင့္ထားသလို မီးေတာက္ဟာ သူ႔ကို လာေရာက္မထိမွန္ပါေခ်။ ထို႔ေၾကာင့္ ပီယံ မ်က္လုံးကို ခ်က္ခ်င္းျပန္ဖြင့္ၾကည့္လိုက္သည္။

ထိုတြင္ သူ႔ေရွ႕၌ သူ႔ကိုေနာက္ေက်ာခိုင္းကာ မားမားမတ္မတ္ရပ္တည္ေနေသာ လူအရိပ္တစ္ခုကို ေတြ႕လိုက္ရသည္။

ညအေမွာင္၊ မိုးသည္းခ်ိန္၊ အျမင္အာ႐ုံေဝဝါးေနခ်ိန္ စသည့္အခ်ိန္မ်ား တိုက္ဆိုင္ေနသည္မို႔ သူ႔ေရွ႕မွ လူကို ပီယံ ျပတ္သားစြာမျမင္ရေခ်။

သို႔တိုင္ ကိုယ္လုံးကိုယ္ထည္၊ အဝတ္အစား စသည္တို႔ကိုၾကည့္၍ မိန္းကေလးတစ္ဦးမွန္း သိလိုက္သည္။

စိတ္ထဲ ေမွာ္နက္ပညာရွင္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ဝံ့သူဟူ၍ တပ္မႉးသုႏၵရီကို သြားသတိရသည္။ သို႔ေသာ္ တပ္မႉးသုႏၵရီသည္ အစ္ကိုေတာ္အ႐ုဏႏွင့္အတူ စစ္ထြက္ေနရသည္ျဖစ္​၍ သူမ ဒီတြင္မရွိ။

သို႔ဆိုလွ်င္ အခု သူ႔ေရွ႕မွ မိန္းကေလးမွာ မည္သူျဖစ္ပါသနည္း။ ဘယ္နားက ဘယ္လို သူ႔ေရွ႕ကို ေရာက္လာပါသနည္း။

" မင္းဘယ္သူလဲ"

ေမွာ္နက္ပညာရွင္​၏ ႏူးညံ့ႏြဲ႕လ်ေသာ ေယာက္်ားသံ ခပ္ဩဩကိုၾကားရသည္။ တစ္ဖက္မိန္းကေလးကမူ သူ႔ေရွ႕၌ တည္တည္ၿငိမ္ၿငိမ္ရပ္ေနဆဲပင္။

" သင္ကေရာ ဘယ္သူမို႔လို႔လဲ"

မိန္းကေလးက ျပန္ေအာ္ေျပာသည္။ ဤကဲ့သို႔ အေၾကာက္အလန႔္မရွိ ျပန္ေျပာရဲပုံအရ သာမန္မိန္းကေလးေတာ့ ျဖစ္ဟန္မရွိေပ။

" မင္းနဲ႔မဆိုင္ပါဘူး မိန္းကေလး။ ကိုယ့္လမ္းကို သြားတာ ပိုေကာင္းပါလိမ့္မယ္"

" မသြားခ်င္ပါဘူး"

အဆိုပါခပ္႐ြဲ႕႐ြဲ႕စကားအဆုံး၌ မိန္းကေလးဘက္မွ ေတာက္ပေသာအျပာရင့္ေရာင္အစြမ္းႏွင့္ စတင္တိုက္ခိုက္လိုက္သည္ကို ျမင္လိုက္ရသည္။

ေမွာ္နက္ပညာရွင္သည္လည္း ကြၽမ္းက်င္ပိုင္ႏိုင္သူတစ္ဦးပီပီ အငိုက္မိမေနဘဲ မိန္းကေလးကို ခ်က္ခ်င္းျပန္လည္တိုက္ခိုက္လာသည္။

ထိုသို႔ ေမွာ္နက္ပညာရွင္ႏွင့္ မိန္း​ကေလးတို႔ တိုက္ခိုက္ေနစဥ္အတြင္း ပီယံသည္ အခြင့္အေရးလက္လြတ္မခံဘဲ ဝမ္းဗိုက္တြင္းမွ သစ္ကိုင္းခြၽန္ကို ဖယ္၍ ဒဏ္ရာထဲေလမဝင္ေအာင္ အက်ႌစႏွင့္ က်ပ္ထုတ္ေအာင္စည္းသည္။ ကုသေရးအတတ္၌ ေတာ္ဝင္သမားေတာ္နီးနီး တတ္ကြၽမ္းေသာသူတစ္ဦးျဖစ္ေသာေၾကာင့္ ပီယံသည္ သူ,ၾကာၾကာေတာင့္မခံႏိုင္ဘဲ ေမ့ေျမာေတာ့မည့္အေၾကာင္းကို သိရွိ​၏။ ထို႔ေၾကာင့္ သူ​၏ကိုယ္တြင္းစြမ္းအားတို႔ကို အသုံးျပဳ၍ တတ္ႏိုင္သေလာက္ အသိစိတ္ေပ်ာက္မသြားေအာင္ တရားမွတ္လ်က္ရွိသည္။

ေမွာ္နက္ပညာရွင္ႏွင့္ မိန္းကေလး​၏တိုက္ပြဲဟာေတာ့ သူမသာ၊ ကိုယ္မသာ အေျခအေနသာ။ ေမွာ္နက္ပညာရွင္​၏တိုက္ခိုက္မႈကို မိန္းကေလး ေရွာင္ရွားႏိုင္ၿပီး မိန္းကေလး​၏ တိုက္ခိုက္မႈကိုလည္း ေမွာ္နက္ပညာရွင္က တန္ျပန္တိုက္လိုက္ႏိုင္စၿမဲျဖစ္သည္။

ထိုအခိုက္...

မိန္းကေလးသည္ ေတာင္စြန္းနားသို႔ ေျပးလ်က္ ကမ္းပါးထိပ္တြင္ ၿငိမ္က်သြားသည္ကို ေတြ႕ျမင္လိုက္ရသည္။

မိန္းကေလး​၏မ်က္ႏွာသည္ ပီယံမိတ္ဘက္ကို လွည့္ထားသည္ျဖစ္​၏။ သို႔ရာတြင္ ညအေမွာင္ေၾကာင့္ မိန္းကေလး​၏မ်က္ႏွာကို လုံးလုံးမေတြ႕ရေခ်။ ထိုအစား မိန္းကေလး​၏အေနာက္ဘက္ ဟိုးခပ္ေဝးေဝးမွ ေခ်ာ္ရည္ပူမ်ား စီးက်ေနသည့္ မီးေတာင္ကိုသာ ေတြ႕ျမင္ရသည္။

ဟုတ္သည္။ မိန္းကေလးသည္ ေအာက္ျပဳတ္က်ပါက ေခ်ာ္ရည္မ်ားထဲ ေလာင္ကြၽမ္းသြားေစႏိုင္သည့္ ေတာင္စြန္းေတာင္ဖ်ားတြင္ ၿငိမ္သက္စြာ မတ္တပ္ရပ္ေနျခင္းျဖစ္သည္။

ထို႔ေနာက္ မိန္းကေလးသည္ ညာဘက္ေျခဖ်ားကို အတန္ငယ္ေျမႇာက္လိုက္​၏။ ယခုဆို သူမကေျခတစ္ေခ်ာင္းတည္းႏွင့္ရပ္ေနျခင္းျဖစ္​သည္။

မိန္းကေလးက သူမ​၏လက္ႏွစ္ဖက္ကို ေဘးသို႔ဆန႔္တန္းလိုက္သည္။ ၿပီးေနာက္ လက္ႏွစ္ဖက္ကို ေရွ႕သို႔ အင္အားအျပည့္ႏွင့္ျပန္စုလိုက္သည္။ ထိုအခါ အံ့ဩထူးဆန္းဖြယ္အရာတစ္ခုျဖစ္ပြားသြား​၏။

မိုးအသံ မၾကားရေတာ့ျခင္းျဖစ္သည္။

ပီယံမိတ္သည္ သူ​၏အၾကားအာ႐ုံကပဲ မေကာင္းေတာ့ေလသလား ထင္မွတ္မွားလိုက္မိ​၏။ ေနာက္မွ အေပၚကို ေမာ့ၾကည့္လိုက္၍ ေလေပၚ၌ တန႔္ေနေသာ မိုးေရစက္ကို ျမင္လိုက္ေသာအခါမွ သူအၾကားအာ႐ုံမမွားယြင္းမွန္း သိရွိလိုက္ရသည္။

မိုးေရတို႔ ေလေပၚတြင္ ရပ္တန႔္ေနသည္။

ပီယံ​၏အျမင္အာ႐ုံ မပီသမၾကည္ျမေနသည့္တိုင္ မိုးေရတို႔ ေလေပၚတြင္ ရပ္တန႔္ေနမွန္း အေသခ်ာသိရွိေနသည္။

ထို႔ေနာက္ မိုးေရတို႔သည္ ေတာင္စြန္းရွိ မိန္းကေလးဆီ အရွိန္ျဖင့္ ေျပးသြားၾက​၏။ မိန္းကေလး​၏ ပိုင္ႏိုင္စြာ လႈပ္ရွားယိမ္းႏြဲ႕ေနေသာ လက္ႏွစ္ဖက္ၾကားတြင္ မိုးေရတို႔ဟာ ေရလုံးႀကီးသဏၭာန္ စုေပါင္းသြားၾကသည္။

ထို႔အျပင္ ေမွာ္နက္ပညာရွင္ေဘးတြင္လည္း မိုးေရတို႔က သံမဏိအခ်ဳပ္အေႏွာင္သဖြယ္ ရပ္ပတ္လာသျဖင့္ ေမွာ္နက္ပညာရွင္ ထိုမိုးေရတို႔ကို ႀကိဳးစားၿဖိဳခြဲေနေၾကာင္း ေတြ႕ျမင္ရသည္။

ပီယံမိတ္သည္ မည္သည့္အရာမ်ား ဆက္လက္ျဖစ္ပြားမည္မွန္း သိခ်င္စိတ္ျပင္းျပသည့္တိုင္ သူ​၏ခႏၶာကိုယ္ကမူ ေတာင့္ခံႏိုင္စြမ္းကုန္ဆုံးသြားေလၿပီ။

ပီယံမိတ္​၏မ်က္ခြံမ်ား ေက်ာက္ဖ်ာႀကီးစဖြယ္ ေလးလံေညာင္းညာလာသည္။ သူ အရႈံးေပး၍ မ်က္လုံးမ်ားကိုမွိတ္လိုက္ရသည္။

သူ႔ထံတြင္ အၾကားအာ႐ုံ ေရးေတးေတးေလးက က်န္ရစ္ခဲ့၍ ထိုအၾကားအာ႐ုံသည္လည္း သိပ္မၾကာခင္မွာပင္ တရိပ္ရိပ္ ကြယ္ေပ်ာက္သြားေလသည္။

တစ္ခဏေလးအတြင္း သူ,အသိစိတ္မဲ့ကာ သတိလစ္ေမ့ေျမာသြားခဲ့ၿပီ ျဖစ္သည္။

***************************************

အသိစိတ္တို႔ ျပန္လည္ႏိုးၾကားလာခ်ိန္တြင္ အရင္ဦးဆုံးအေနႏွင့္ တိုင္းရင္းေဆးအနံ႔ ခပ္သင္းသင္းကို ရွဴရႈိက္မိလိုက္သည္။ လဲေလ်ာင္းေနေသာခႏၶာကိုယ္ေအာက္တြင္ ႏုအိေသာအထိအေတြ႕ကို ခံစားမိသျဖင့္ မိမိမွာ သမားေတာ္​၏အေဆာင္ဆီ ေရာက္လ်က္ ေဆးကုသမႈခံယူၿပီးျဖစ္ေၾကာင္း အလိုလိုသေဘာေပါက္နားလည္လိုက္သည္။

ပီယံ မ်က္လုံးကိုဖြင့္လိုက္​၏။ ထင္သည့္အတိုင္း သမားေတာ္​၏လူနာထားရာ အေဆာင္သို႔ သူေရာက္ရွိေနျခင္းျဖစ္သည္။

ပီယံ ကုတင္ေဘးသို႔ၾကည့္လိုက္​သည္။ အစ္ကိုယုဂန္ႏွင့္ တစ္ခါမွ်မေတြ႕ျမင္ဖူးေသးေသာ မိန္းကေလးငယ္တစ္ဦး သူ႔ေဘးတြင္ရွိေနသည္။

သူသတိရလာသည္ကိုျမင္ေသာ္ အစ္ကိုယုဂန္က ထိုင္ေနရာမွ ကုတင္ေဘးသို႔ ခ်က္ခ်င္းထ,လာလ်က္ စိုးရိမ္တႀကီးေမးသည္။

" ပီယံ သတိရလာၿပီလား။ ဘယ္လိုေနလဲ။ အဆင္ေျပရဲ႕လား"

ပီယံ ေခါင္းညိတ္ျပရင္း ထ,ထိုင္ရန္ ႀကိဳးစားသည္။ အစ္ကိုယုဂန္က သူ႔ကိုကူညီ၍ထူေပး​၏။ ထိုအခါမွ ပီယံသည္ သူ႔ခႏၶာကိုယ္ကိုငုံ႔ၾကည့္မိ၍ ဟေနေသာအက်ႌေရွ႕ကြဲၾကား ေဖာက္ထြင္းျမင္ေနရေသာ ဝမ္းဗိုက္တြင္ ေဆးအထပ္ထပ္စည္းေႏွာင္ထားသည္ကို ေတြ႕လိုက္ရသည္။ ယခုဆိုလွ်င္ေတာ့ သူ႔အသက္အႏၲရာယ္ စိတ္ခ်ရေလာက္ပါၿပီ။

" ကြၽန္ုပ္ ဒီကိုဘယ္လိုျပန္ေရာက္လာတာလဲ"

" ငါ ႐ြာသားေတြကိုကယ္ဖို႔ ျမင္းပ်ံနဲ႔ေရာက္လာရင္း မင္းကိုရွာေတြ႕ခဲ့တာ"

ထိုစကားအဆုံး၌ အစ္ကိုယုဂန္သည္ တစ္စုံတစ္ရာသတိရသြားပုံႏွင့္ သူ႔အေနာက္တြင္ ခပ္႐ို႕႐ို႕ေလးထိုင္ေနေသာ မိန္းကေလးဘက္ကို လက္ဖဝါးျဖင့္ၫႊန္ျပသည္။

" အာ...ၿပီးေတာ့ သူက မင္းကို ကယ္ခဲ့တဲ့ မိန္းကေလးပဲ​။ နာမည္က ေရဝတီတဲ့"

" ေရဝတီ..."

ပီယံ တစ္ကိုယ္တည္း တီးတိုးေရ႐ြတ္လိုက္မိသည္။ တစ္ခ်ိန္တည္းတြင္ သူ,ေရဝတီဟူေသာမိန္းကေလးငယ္ဆီ လွမ္းၾကည့္သည္။

( ေရဝတီက နဂါးမင္းသားအဏၰရဲ႕ ညီအငယ္ဆုံးရဲ႕ ေျမးျဖစ္ပါတယ္။ လက္ရွိနဂါးဘုရင္ရဲ႕ညီမ၊ နဂါးမင္းသမီးပါ။ နံ႔ရွားၾကာ သုနႏၵာရဲ႕ ေစခိုင္းမႈအရ ယုဂန္ကိုရွာဖို႔ လူျပည့္တက္လာတာပါ။ မမွတ္မိေသးရင္ revision မွာ သြားဖတ္ၾကည့္ႏိုင္ပါတယ္)

ေရဝတီသည္ အသက္အ႐ြယ္အားျဖင့္ ၁၆ ႏွစ္မွ်ထင္ရေသာ မိန္းကေလးငယ္တစ္ဦးျဖစ္ၿပီး အသားအေရမွာ ညိဳညက္ဝင္းမြတ္သည္။ အထက္တန္းလႊာကဲ့သို႔ ခ်ိတ္ထည္၊ပိုးထည္၊ ေ႐ႊခ်ည္ေငြခ်ည္မ်ား မဆင္ျမန္းထားရာ သာမန္လူတန္းစားထဲကမွန္း သိရွိႏိုင္သည္။ သူမသည္ အထက္ဆင္ရွည္စြာတပ္ထားေသာ သံပရာေရာင္စိမ္းဝါထဘီကို ရင္ရွားလ်က္ တစ္ဖန္ ထဘီကို ခါးအထက္သို႔ဆြဲတင္ၿပီးမွ တစ္ခ်က္လိမ္၍ျပန္ထိုးေသာ "ခါးတင္ထိုး"နည္းျဖင့္ သာမန္အရပ္သူပီပီ ဝတ္စားဆင္ယင္ထားသည္။

ထို႔ေနာက္ ခါးေနရာတြင္ ပင္လယ္ျပာေရာင္ႀကိဳးကို ခါးစည္းႀကိဳးအျဖစ္ ရစ္ပတ္ထား​၏။  သူမ​၏ထဘီမွာတိုေနသျဖင့္ ေျခသလုံးေအာက္ပိုင္းမွာ အဝတ္လြတ္လ်က္ရွိသည္။

သူမက နက္ေမွာင္ေသာဆံပင္မ်ားကို အျပာရင့္ေရာင္ႀကိဳးမ်ားႏွင့္ေရာကာ ေနာက္ေစ့မွစ၍ ငါး႐ိုးက်စ္ဆံၿမီးက်စ္ထားသည္။ ဆံပင္မွာ ေက်ာလယ္ထိရွည္သည္မိို႔ ပိုေသာက်စ္ဆံၿမီးအရွည္ကို သူမက,ပခုံးေပၚမွဆြဲယူ၍ ရင္ဘတ္ဆီ ေရွ႕ခ်ထားသည္။ သူမ​၏ အေပၚဘက္ ဗလာက်င္းေနေသာ ပခုံးထက္တြင္ ပင္လယ္ျပာေရာင္ပဝါကို ေနာက္ျပန္ လႊမ္း၍ရစ္ပတ္ထားသည္။

( TEO က parallel universe ကေပမဲ့ ဝတ္စားဆင္ယင္ပုံက ကုန္းေဘာင္ေခတ္လယ္ အမရပူရေခတ္ကို reference ယူထားတာျဖစ္ပါတယ္။ မင္းသမီး ဘဒၵါတို႔ တပ္မႉးသုႏၵရီတို႔က အျမင့္ပိုင္းကလူေတြမို႔လို႔ ဝတ္ပုံစားပုံက တစ္မ်ိဳးပါ။

ဒါက နန္းတြင္းသူေတြ ဝတ္တာမ်ိဳးပါ။

ေရဝတီက် သာမန္အရပ္သူလို ဝတ္ထားတာျဖစ္ပါတယ္။
မ်က္စိထဲအနီးစပ္ဆုံးျမင္ေအာင္ ေျပာရရင္ေတာ့ ဂါဝန္ကိုယ္က်ပ္ရင္ရွားလိုပါပဲ။ ခါးမွာက် ခါးစည္းႀကိဳးနဲ႔ စည္းထားတယ္။ ခါးတင္ထိုးက ပုံရွာမရလို႔ မျပေတာ့ပါဘူး။ ကြၽန္မကေတာ့ ျမင္သာေအာင္ ကိုယ့္ဟာကိုပဲ လိုက္ဝတ္ၾကည့္လိုက္ပါတယ္။

TEO မွာ အမရပူရေခတ္ဝတ္စားဆင္ယင္ပုံက accuracy မဟုတ္ပါဘူး။ reference ယူ႐ုံသာျဖစ္တဲ့အတြက္ တခ်ိဳ႕ေနရာေတြမွာ hairstyle နဲ႔ Fashion ကို adapt လုပ္ထားတတ္ပါတယ္)

ထိုသို႔ အျပာႏွင့္အဝါသာ ေရာယွက္ေနေသာ အဆိုပါမိန္းကေလးငယ္သည္ ႐ုပ္ရည္အားျဖင့္ ေခ်ာေမာေျပျပစ္သည္ဟု ဆိုရမည္ျဖစ္​၏။ သြယ္လ်ေသာမ်က္ႏွာ၊ ႏွာတံစင္းစင္း၊ ႏႈတ္ခမ္းဖူးဖူးႏွင့္ ႐ုပ္ဆင္းအဂၤါျပည့္စုံလ်က္ အထူးျခားဆုံးျဖစ္ေသာအရာဟု ဆိုရလွ်င္ေတာ့ သူမ​၏မ်က္လုံးမ်ားဟု ဆိုရမည္ျဖစ္သည္။

သူမ​၏မ်က္လုံးတို႔မွာတစ္ႀကိမ္တစ္ခါမွ် ျမင္လိုက္႐ုံႏွင့္ ထူးျခားလွသည္တကားဟု ေရ႐ြတ္မိေလာက္ေသာ ပုံသဏၭာန္မ်ိဳးရွိသည္။ ႏွာတံဘက္ရွိ မ်က္ခမ္းစပ္တို႔က ေအာက္သို႔ၫြတ္စိုက္လ်က္ နား႐ြက္ဘက္ရွိ ျပင္ပမ်က္ခမ္းစပ္တို႔ကမူ မဆိုစ႐ုံေလး အေပၚသို႔တက္သည္။ မ်က္ရစ္မရွိ။ မ်က္ေတာင္တို႔က ေကာ့ၫြတ္လ်က္ မ်က္လုံးအၾကည့္မ်ားက တစ္ဖက္လူကို ထိုးထြင္းၾကည့္ျမင္ႏိုင္သည့္ႏွယ္ စူးရဲျခင္းတန္ခိုးႏွင့္ ျပည့္စုံေနသည္။ တစ္နည္း ေႁမြတစ္ေကာင္ကဲ့သို႔  ရည္႐ြယ္ခ်က္ရွိရွိညႇိဳ႕ငင္တတ္သည့္ မ်က္ဝန္းမ်ိဳးရွိသူတစ္ဦးဟုဆိုရမည္။

( Itzy က Yeji ရဲ႕မ်က္လုံးမ်ိဳးေလ)

သို႔တိုင္ ထိုသို႔ သဘာဝအားျဖင့္စူးရဲညႇိဳ႕ငင္တတ္ေသာ မ်က္ဝန္းမ်ိဳးရွိသည့္သူမက ပင္ကိုစ႐ိုက္အားျဖင့္ ခ်ိဳျမၾကည္သာသူတစ္ဦး ျဖစ္ဟန္ရွိသည္။

သူမ​၏မ်က္လုံးထဲတြင္ တက္ႂကြေသာ၊ ေဖာ္ေ႐ြတတ္ေသာ၊ ခ်ိဳျမေသာ အရိပ္ေယာင္မ်ားျပည့္ႏွက္ေနကာ
သူမက ပီယံကို ႐ႊင္႐ႊင္ျမျမၿပဳံးျပလာသည္။ သူမၿပဳံးလိုက္ေသာအခါ သူမ​၏ထူးျခားလွပသည့္မ်က္ဝန္းမ်ားက လျခမ္းေကြးသဏၭာန္ ေကြးၫြတ္သြားေလသည္။

" ေက်းဇူးတင္ပါတယ္"

ပီယံ ထိုသို႔လွမ္းေျပာလိုက္ေသာအခါ သူမက ေခါင္းတစ္ခ်က္ညိတ္ျပလ်က္

" ရပါတယ္"

ဟုျပန္ေျပာသည္။ သူမ​၏ေလသံသည္ကား သာမန္ပါပင္။ သာမန္ဆန္လြန္းသျဖင့္ သံသယဝင္စရာေကာင္းသည္။

ေတာ္ဝင္မင္းသားတစ္ဦးကို မည္သို႔ေသာ သာမန္အရပ္သူကမ်ား စေတြ႕ကတည္းက သူငယ္ခ်င္းျဖစ္သူအား စကားေျပာေနသည့္ပုံစံမ်ိဳးႏွင့္ စကားေျပာရဲပါမည္နည္း။

အႏွီမိန္းကေလးသည္ ထိုသို႔ေပါ့ပါးသည့္ေလသံႏွင့္ ျပန္လည္ေျပာရဲျခင္းမွာ သူမ​၏လားရာသည္ အမ်ိဳးျမင့္ေသာမ်ိဳးႏြယ္တစ္ခုမွ ဆင္းသက္လာေသာေၾကာင့္သာ ျဖစ္ရမည္။ 

ထို႔အျပင္ မေန႔ညကလည္း သူမ​၏အစြမ္းကို ပီယံမိတ္ကိုယ္တိုင္ မ်က္ဝါးထင္ထင္ျမင္ေတြ႕ခဲ့ရသည္မဟုတ္ပါလား။ ေ႐ြ႕လ်ားေနေသာေရကို ထိန္းခ်ဳပ္ႏိုင္သူဟူသည္မွာ သာမန္လူသားတစ္ဦးေတာ့ ျဖစ္လိမ့္မည္မဟုတ္ေခ်။

" ဒါနဲ႔ အသင္မိန္းကေလးက သိပ္အစြမ္းထက္တာပဲ။ အဲ့ဒီ့ကို ဘယ္လိုမ်ားေရာက္ေနခဲ့တာပါလဲ"

ပီယံမိတ္ ေမးလိုက္ေသာအခါ ေရဝတီသည္ အေျဖကို ေ႐ြးခ်ယ္ေနသကဲ့သို႔ ေခတၱမွ်စဥ္းစားေနေသးသည္။ ၿပီးမွ

" ကြၽန္ုပ္က မိစာၦမုဆိုးပါ"

ဟုျပန္ေျဖသည္။

မိစာၦမုဆိုးဟူသည္ မိစာၦ၊ မေကာင္းဆိုးဝါး၊ ဝိညာဥ္တို႔ကို လိုက္လံဖမ္းဆီးလ်က္ ၎တို႔ထံမွ အသုံးဝင္ေသာ ဓာတ္ႀကီးေလးပါး၊ စြမ္းအင္၊ သို႔မဟုတ္ အ႐ိုးအေရတို႔ကို ျပန္လည္ေရာင္းခ်ျခင္းျဖင့္ အသက္ေမြးသူျဖစ္သည္။ တစ္ခါတေလ မေကာင္းဆိုးဝါးမိစာၦတို႔ေသာင္းက်န္းသျဖင့္ အရပ္သားမ်ားက မိစာၦမုဆိုးတို႔ကို ေခၚကာ အခေၾကးေငြေပး၍ မိစာၦကို ရွင္းလင္းခိုင္းတတ္သည္။ မိစာၦမုဆိုးတို႔သည္ ေမွာ္သတၱဝါႀကီးမ်ား၊ မေကာင္းဆိုးဝါးမ်ားႏွင့္ ရင္ဆိုင္ရသူပီပီ ေမွာ္စြမ္းအင္ကို အေတာ္အသင့္တတ္ကြၽမ္းသူမ်ားျဖစ္၍ ဝါရင့္ေသာမိစာၦမုဆိုးမ်ားဆိုလွ်င္ စစ္သူႀကီးကို ယွဥ္ၿပိဳင္ႏိုင္သည္အထိ စြမ္းအားႀကီးမားေလ့ရွိၾကသည္။

မဆိုးပါေခ်။ ဤမိန္းကေလးသည္ သူမ​၏သ႐ုပ္မွန္ကို ဖုံးကြယ္ရင္း စြမ္းအားႀကီးသည္ဟူေသာ အခ်က္ကိုလည္း မေသြဖယ္ရေအာင္ ဟန္ေဆာင္အလုပ္အကိုင္ကို စဥ္းစားေျပာဆိုတတ္သည္။

သူမက ဆက္လက္ဆိုသည္။

" စုန္းဝိညာဥ္လြတ္သြားတာမွန္းသိလိုက္လို႔ လိုက္ဖမ္းရင္းနဲ႔ အဲ့ဒီ့ကိုေရာက္ေနတာပါ"

ထိုသို႔ေသာ မိစာၦမုဆိုးဆိုလွ်င္ေတာင္ ေရကိုေတာ့ ထိန္းခ်ဳပ္ႏိုင္လိမ့္မည္မဟုတ္ေခ်။

ဆိုရပါက သူမသည္ လူသားကို မဟုတ္သည္ပင္။ အႀကံတစ္ခုခုေၾကာင့္ လူ႔ျပည္ကိုေရာက္ခ်လာေသာ နတ္နဂါးမ်ိဳးႏြယ္သာျဖစ္ရမည္။

" ေရေတြကို ထိန္းခ်ဳပ္ႏိုင္တယ္ေနာ္"

"ရွင္"

ပီယံ​၏စကားေၾကာင့္ ေရဝတီထိတ္လန႔္သြားဟန္ရွိ​၏။ သို႔ေသာ္လည္း သူမသည္ ထိတ္လန႔္ဟန္ကို မရမကျပန္လည္ဖုံးဖိကာ

" ဘယ္သူကလဲ"

ဟု မသိနားမလည္ဟန္ျဖင့္ေမးသည္။

အေတာ္လည္းတတ္ႏိုင္သည့္ နတ္နဂါးအမ်ိဳးသမီးပါပင္။

" သင္ေလ။ မိုးေရေတြကို ထိန္းခ်ဳပ္လိုက္တာ ကြၽန္ုပ္ျမင္ခဲ့တယ္"

" အဲ့တုန္းက သတိလစ္ေနတာမဟုတ္ဘူးလား"

ေရဝတီသည္ ထိုသို႔လွစ္ခနဲေမးလိုက္မိၿပီးမွ သူမ​၏အလိမ္သည္ ေပၚအံ့ဆဲဆဲျဖစ္သြားမွန္း သိရွိသြား​၏။ ထို႔ေၾကာင့္ သူမသည္ အရွက္ေျပ ေျခာက္တီးေျခာက္ကပ္ရယ္လိုက္ရင္း

" အဟားဟား....အျမင္မွားတာေနမွာပါ။ ကြၽန္ုပ္က ဘယ္လိုလုပ္ၿပီး ေရကိုထိန္းခ်ဳပ္ႏိုင္ပါ့မလဲ။ နတ္နဂါးလည္း မဟုတ္တာကို"

ဟုေလာ္လည္၍ဆိုသည္။

သူမသည္ တန္ခိုးႀကီးခ်င္ႀကီးလိမ့္မည္။ သို႔ရာတြင္ ဟန္ေဆာင္ရာ၌ညံ့ဖ်င္းသည္ဟု ပီယံထင္​၏။ မည္သူ႔မွ မေျပာရေသးပါဘဲ ေရဝတီဟူေသာ နတ္နဂါးမေလးမွာ သူမ​၏သ႐ုပ္မွန္ကို စကားထဲ ေပၚတင္ထည့္ေျပာရင္း ပီယံ​၏မ်က္ႏွာအမူမရာကို အုံမလုံအုံပြင့္စြာႏွင့္ လွမ္းလွမ္းၾကည့္ေနေသးသည္။

သူမသည္ ေျခာက္ကပ္ကပ္ရယ္ေနရင္း ႐ုတ္တရက္ႀကီး အရယ္ျပန္ရပ္သြားျပန္ကာ စကားလမ္းေၾကာင္းကို တုံးတိႀကီးထ,လႊဲျပန္သည္။ "အိုးမလုံ အုံပြင့္" ဟူေသာစကားမွာ သူမအတြက္ သီးသန႔္ျဖစ္တည္လာသည္ဟု ထင္မွတ္ရသည္။

" ဘာပဲျဖစ္ျဖစ္ ဇာတ္လမ္းဆက္ရရင္ စုန္းဝိညာဥ္ကိုဖမ္းဖို႔ေရာက္လာရင္းနဲ႔ အရွင့္သားက ေမွာ္နက္ပညာရွင္နဲ႔တိုက္ခိုက္ေနတာကို ျမင္လိုက္ရပါတယ္။ ဒါေၾကာင့္ ဝင္ကယ္တာပါ"

" သူ႔ကို အရင္ကတည္းက ဘုရင့္သားေတာ္မွန္းသိတာပါလား"

ယုဂန္ ၾကားျဖတ္ဝင္ေမးသည္။ ထိုအခါ ေရဝတီက မ်က္လုံးေလးကလယ္ကလယ္ႏွင့္ ေခါင္းခါျပသည္။

" မသိပါဘူး"

အေျဖစကားေၾကာင့္ ယုဂန္ အလိုေလ်ာက္မ်က္ခုံးပင့္လိုက္မိသည္။

" ဒါဆိုရင္ ဘယ္လိုလုပ္ၿပီးမ်ား တစ္ဖက္ကို ရန္သူမွန္းသိ..."

" ဟိုလူက ေမွာ္နက္အစြမ္းသုံးေနလို႔ပါ။ အဲ့ေတာ့ လူဆိုးလို႔ထင္လိုက္လို႔။ ဒီကအရွင့္သားက် ဘယ္လိုေျပာရမလဲ။ လူေကာင္းလို႔ ခံစားရတယ္ေရာ္"

ပီယံသည္ မိမိအားလူေကာင္းဟု ထင္ေပးလိုက္သည့္အတြက္ပင္ ေက်းဇူးတင္ရမလိုလို ခံစားလိုက္ရ​၏။

တစ္ဆက္တည္းပင္ စာထဲ၌ဖတ္ရႈေလ့လာရေသာ နတ္နဂါးမ်ားႏွင့္ ေရဝတီမွာ ကြဲျပားေလစြဟု ေအာက္ေမ့မိ​၏။ စာထဲမွာက် နတ္နဂါးမ်ားသည္ ေၾကာက္စရာ၊ ရွိန္ရွဲစရာအလြန္ေကာင္းကာ ေလးနက္တည္ၾကည္လ်က္ ဒူးတုန္စရာ အရွိန္အဝါမ်ားႏွင့္ တခမ္းတနားရွိလွေပသည္။

ယခုက် ေရဝတီကို ၾကည့္,စမ္းပါဦး။ ဝတ္လာပုံက သာမန္အရပ္သူ။ ခႏၶာကိုယ္ပိန္ပိန္လ်လ်၊ မ်က္လုံးေလး, ကလယ္ကလယ္ႏွင့္ စကားေျပာပုံက ေပါ့ေပါ့ပါးပါးျဖစ္၍ မာန္မရွိလွေခ်။ ဟန္ေဆာင္တာကလည္း ညံ့။ အေတြးကလည္း ႐ိုးစင္းလြန္းလွသည္။ 

ထိုသို႔ေသာပုံစံျဖစ္ေနေသာေၾကာင့္ သူမကိုအခက္ေတြ႕ေအာင္ ပီယံပိုၿပီး လုပ္ၾကည့္ခ်င္လာသည္။

" အသက္ဘယ္ႏွႏွစ္ရွိၿပီလဲ"

"ရွင္"

ပီယံ​၏အေမးေၾကာင့္ သူမဟာ ထပ္ၿပီး ျပဴးေၾကာင္ေၾကာင္ျဖစ္သြားျပန္သည္။ လိမ္ဖို႔စကားစဥ္းစားေနရသည္ကိုက သူမ​၏ ဟန္ေဆာင္မႈညံ့ဖ်င္းရေသာ အားနည္းခ်က္ျဖစ္သည္။

" ငယ္ဦးမယ္ထင္တယ္။ ႐ုပ္ရည္က ၁၅၊ ၁၆ ေလာက္ပဲထင္ရတယ္"

" အဲ့ေလာက္မငယ္ပါဘူး။ ကြၽန္ုပ္က ႏွစ္ရာ...အဲ...ႏွစ္ဆယ္ပါ"

" ငယ္တယ္ထင္ရတယ္ေနာ္"

သူမ မခ်ိၿပဳံးေလးသာၿပဳံးျပလ်က္ ဘာမွဆက္မေျပာေတာ့ေခ်။

အကယ္၍ ပီယံသာ မသိမသာဆက္ေမးလွ်င္ သူမ​၏သ႐ုပ္မွန္အကုန္ဟာ ဘူးေပၚသလို ေပၚေလာက္သည္။

" ဒါနဲ႔ ပီယံ, မင္းတို႔ေတြ႕ခဲ့တဲ့ ေမွာ္နက္ပညာရွင္ပုံစံကို မွတ္မိေသးသလား။ သူ႔ဆီမွာ တျခားဘာေတြေရာ ေတြ႕ရေသးသလဲ"

ယုဂန္ကေမးသည္။

ပီယံသည္ ေရဝတီဆီလွမ္းၾကည့္ေနရာမွ ယုဂန္ဘက္ကို ျပန္လည္ေမာ့ၾကည့္ကာ

" သူက ဝိညာဥ္ခ်ဳပ္ကလပ္နဲ႔ ေသဆုံးသြားတဲ့႐ြာသားေတြရဲ႕ ဝိညာဥ္ကိုဖမ္းေနခဲ့တယ္။ အဲ့တာေၾကာင့္ပဲ ကြၽန္ုပ္ သူ႔ကို ဝင္တိုက္ခဲ့တာ။ ႐ြာသားေတြ ေခ်ာ္ရည္ထဲ ေသဆုံးသြားေအာင္ မီးေတာင္ေပါက္မယ့္ကိစၥ သတင္းေပးမယ့္ ျမင္းလ်င္စစ္သည္ေတြကိုလည္း သူပဲသတ္ခဲ့တာ ျဖစ္ႏိုင္တယ္။ အဲ့တာမွ သတင္းမရတဲ့႐ြာသားေတြ အကုန္ေသၿပီး ဝိညာဥ္ေတြကို သူရမွာေလ။ သူ ဘာလို႔ ဝိညာဥ္ေတြကိုဖမ္းရသလဲဆိုတာ သိမွျဖစ္မယ္။ အရင္ဆုံး သူဘယ္သူလဲဆိုတာကို ေဖာ္ထုတ္ရမယ္"

ဟု သူ​၏အေတြးအျမင္မ်ားကိုပါ ထည့္ေပါင္းလ်င္ ျပည့္ျပည့္စုံစုံျပန္လည္ေျဖၾကားသည္။

" သူ႔ရဲ႕အသြင္အျပင္ကို ေတြ႕ခဲ့ၾကေသးသလား"

" သူက အနီေရာင္ဝတ္ထားတယ္"

ဒီတစ္ခါေတာ့ ေျဖဆိုသူမွာ ေရဝတီျဖစ္သည္။

" တစ္ကိုယ္လုံးပဲ။ ဖိနပ္ကအစ အနီေရာင္။ လက္သည္းေတြကလည္း အနီေရာင္။ ကြၽန္ုပ္နဲ႔တိုက္ေနရင္း သူ႔ဝတ္႐ုံကြၽတ္သြားခဲ့တယ္။ အဲ့အခ်ိန္သူ႔႐ုပ္ကို ျမင္လိုက္ရတယ္။ သူက အေတာ္ေလးျဖဴေရာ္တဲ့အသားအေရရွိတယ္။ ပိန္တာကလည္း အ႐ိုးေျခာက္နီးနီးကိုပိန္တယ္။ ေယာက္်ားေပမဲ့ အမ်ိဳးသမီးလိုဝတ္ရတာ ႀကိဳက္တဲ့သူထင္တယ္။ ထူးျခားခ်က္ကေတာ့ မ်က္လုံးပဲ။ ညာဘက္မ်က္လုံးက..."

" မ်က္ဆန္မရွိဘူး"

ေရဝတီ​၏စကားမဆုံးခင္ ျဖတ္ေျပာလိုက္ေသာ ယုဂန္ေၾကာင့္ ယုဂန္ကို ေရဝတီေမာ့ၾကည့္သည္။ ထို႔ေနာက္ ယုဂန္​၏စကား မွန္ကန္ေၾကာင္း ေထာက္ခံေသာအားျဖင့္ ေခါင္းညိတ္ျပသည္။

ယုဂန္​၏ေသသပ္ေသာမ်က္ခုံးမ်ားတြန႔္ခ်ိဳးသြားကာ သူ အံႀကိတ္၍ေရ႐ြတ္သည္။

" မ်က္တစ္လုံးရွင္"

ယုဂန္အလားတူ ပီယံသည္လည္း အံ့အားသင့္လ်က္

" သူေသၿပီထင္ခဲ့တာ။ မေသဘူးလား"

ဟု တအံ့တဩေမးခြန္းထုတ္သည္။ 

ယုဂန္သည္ ခဏတာစဥ္းစားဟန္ျဖင့္ၿငိမ္ေန​၏။ ေနာက္မွ ပီယံ​၏ပခုံးကို ခပ္ဖြဖြပုတ္ကာ

" ပီယံလည္း အနားယူလိုက္ပါဦး။ မိန္းကေလးလည္း စိတ္ရွိသေလာက္ ယာယီစခန္းမွာ ေနႏိုင္ပါတယ္။ ထြက္သြားေတာ့မယ္ဆိုရင္ေတာ့ေျပာပါ။ ပီယံမိတ္ကို ကယ္တင္ေပးခဲ့တဲ့အတြင္ ဆုေငြခ်ီးျမႇင့္လိုက္ခ်င္ပါတယ္"

ဟု ပီယံမိတ္ကိုၾကည့္ရာမွ ေရဝတီဘက္လွည့္ေျပာကာ အလုပ္ရွိသည္ဟုဆိုၿပီး အခန္းထဲမွ ထြက္ခြာသြားသည္။

ယုဂန္ထြက္သြားမွ ေရဝတီသည္  ပီယံမိတ္အနားသို႔ ခိုးေၾကာင္ခိုးဝွက္ဆန္စြာ တိုးကပ္လာသည္။

" အရွင့္သားကို တစ္ခုေလာက္ေမးလို႔ရမလား"

ပီယံ ေခါင္းညိတ္ျပလိုက္ေသာ္ သူမသည္ တက္ႂကြ႐ႊင္လန္းသြားဟန္ျဖင့္ မ်က္ႏွာဝင္းခနဲျဖစ္သြား​၏။ ထို႔ေနာက္ အသံခပ္တိုးတိုးႏွင့္ေမးျမန္းလာသည္။

" မင္းသားအ႐ုဏက အမတ္ယုဂန္ႏိုင္ကို အလြန္တရာခ်စ္ျမတ္ႏိုးေၾကာင္း ၾကားသိထားပါတယ္။ တကယ္လို႔မ်ား တစ္ေယာက္ေယာက္က အမတ္ယုဂန္ႏိုင္ကို ျပန္ေပးဆြဲသြားမယ္ဆိုရင္ ဘာျဖစ္သြားႏိုင္မလဲ"

" အဲ့တစ္ေယာက္ ေသသြားမွာေပါ့"

ပီယံ​၏ တုံးတိဆန္လွေသာအေျဖေၾကာင့္ ေရဝတီ​၏ထူးျခားေသာမ်က္ဝန္းမ်ား ဝိုင္းစက္ျပဴးက်ယ္သြားသည္။

သူမက ပို၍တိုးေသာ အသံေသးေသးေလးျဖင့္ေမးသည္။

" ဘာျဖစ္လို႔လဲ။ ျပန္ေပးဆြဲမယ့္လူက သာမန္လူမဟုတ္ဘူးဆိုရင္ေတာင္ မျဖစ္ႏိုင္ဘူးလား"

လတ္စသတ္ေတာ့ ဒီနတ္နဂါးဟာ အစ္ကိုယုဂန္ကိုပစ္မွတ္ထားၿပီး ေရာက္ရွိလာျခင္းပါကလား။ အဘယ္ေၾကာင့္ အစ္ကိုယုဂန္ကို ဖမ္းဆီးရန္ ႀကိဳးစားေနရသလဲ ဆိုတာကိုေတာ့ သိရွိရန္ လိုအပ္ေနေလၿပီ။

" အစ္ကိုေတာ္အ႐ုဏက ထင္ထားတာထက္ ပိုၿပီးအင္အားႀကီးပါတယ္​။ အစ္ကိုယုဂန္ကို ကယ္ဖို႔ဆို မျဖစ္ျဖစ္တဲ့နည္း အကုန္သုံးမွာမို႔လို႔ ျပန္ေပးဆြဲတဲ့သူပဲ ေသသြားပါလိမ့္မယ္"

ေရဝတီ မ်က္ေမွာက္ၾကဳတ္သြားကာ ေလးေလးနက္နက္စဥ္းစားေနသည္။ ပီယံသည္ ေရဝတီ​၏မ်က္ႏွာအမူအရာကို  အကဲခတ္ရင္း

" ဘာျဖစ္လို႔ အဲ့လိုေမးတာပါလဲ"

ဟု ေမးလိုက္​၏။ ဟန္ေဆာင္ျခင္းအတတ္၌ ညံ့ဖ်င္းလြန္းေသာ သူမမွာ သိသိသာသာပင္မ်က္ႏွာပ်က္သြားၿပီး

" ဒီတိုင္းပါပဲ။ သိခ်င္လို႔"

ဟု အသံအနိမ့္အျမင့္မပါစြာဆိုသည္။ ထို႔ေနာက္ သူမ အသံတိတ္၍စဥ္းစားေနျပန္သည္။

" ဒါဆို မင္းသားအ႐ုဏ မရွိတဲ့အခ်ိန္ ျပန္ေပးဆြဲရင္ ရတာပဲမဟုတ္လား"

ျပန္ေပးဆြဲရန္အတြက္ အေတာ္ႀကီးခဲရာခဲဆစ္ ႀကိဳးစားေနရပုံပါပင္။ သူမကိုၾကည့္ၿပီး ရန္သူဟုခံစားရမည့္အစား အူေၾကာင္ေၾကာင္ႏိုင္ၿပီး ႐ိုးစင္းလွေသာ မိန္းမငယ္ေလးတစ္ဦး အလြဲေတြခ်ည္းလုပ္ေနသျဖင့္ ရယ္လည္းရယ္ခ်င္၊ သနားလည္းသနားခ်င္ေသာ စိတ္မ်ိဳး ပို၍ျဖစ္တည္လာသည္။

မည္သို႔ပင္ဆိုေစကာမူ သူမကို သူ,နည္းနည္းပါးပါး ၿခိမ္းေျခာက္လိုက္သင့္သည္။

"အဲ့လိုဆိုရင္ေတာင္ အစ္ကိုေတာ္က အစ္ကိုယုဂန္ကို မရမကလိုက္ရွာၿပီး အစ္ကိုယုဂန္ကို ဒုကၡေပးမယ့္သူမွန္သမွ်ကို ရွင္းပစ္ပါလိမ့္မယ္။ ဒါေပမဲ့လည္း...အင္းေပါ့ေလ....အစ္ကိုေတာ္အ႐ုဏ မရွိတဲ့အခ်ိန္ဆိုရင္ေတာ့ ျပန္ေပးဆြဲတဲ့သူ ထြက္ေျပးဖို႔အခ်ိန္ ပိုရတာေပါ့"

" ဟုတ္တယ္ေနာ္။ အခု မင္းသားအ႐ုဏ ဒီမွာမရွိဘူးပဲ"

သူမ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္သန္းသြားသည့္ႏွယ္ မ်က္ဝန္းတို႔လင္းလက္သြား​သည္။

သတိေတာ့ထားရမည္။ သာမန္လူမဟုတ္သည့္ နတ္နဂါးအႏြယ္ဝင္မို႔၊ သူမသာ စိတ္ရွိလွ်င္ နန္းေဆာင္တစ္ခုလုံးကို ျပာခ်ႏိုင္သူမို႔ သူမ​၏အသြားအလာကို ေစာင့္ၾကည့္ထားမွ ေတာ္ကာက်လိမ့္မည္။

သို႔ေသာ္လည္းပဲ သူမကိုၾကည့္ရသည္မွာ အႏၲရာယ္မ်ားပုံ သိပ္မရွိလွေခ်။ သေဘာေကာင္းၿပီး ခင္မင္လြယ္ေသာ မိန္းကေလးတစ္ဦးႏွင့္ပိုတူၿပီး အကူအညီေတာင္း၍လည္း ရႏိုင္ေလာက္သည္။

" ကြၽန္ုပ္လည္း တစ္ခုေလာက္ အကူအညီေတာင္းလို႔ရမလား"

" ဟုတ္ကဲ့။ ေျပာပါ"

သူမ တက္တက္ႂကြႂကြ၊ ေဖာ္ေဖာ္ေ႐ြေ႐ြပင္ဆိုသည္။ တစ္ခ်ိန္တည္းတြင္ပင္ ပီယံ့​၏ေတာင္းဆိုမႈကို ေစာင့္ေမွ်ာ္ေနသကဲ့သို႔ တည့္တည့္မတ္မတ္စိုက္ၾကည့္ေနေလသည္။

ထို႔ေၾကာင့္ ပီယံ သူမအနားသို႔အနည္းငယ္နီးကပ္လိုက္လ်က္ အသံတိုးတိုးႏွင့္ဆိုသည္။

" မီးေတာင္ေပါက္ကြဲမႈမွာ ႐ြာသားေတြဘယ္ႏွေယာက္ေသဆုံးခဲ့သလဲ စုံစမ္းေပးပါ"

************************************

"ပီယံ မင္းေနမေကာင္းေသးတာကို ခုလိုလမ္းေလွ်ာက္လာလို႔ျဖစ္ရဲ႕လား"

ယာယီနန္းေဆာင္ထဲသို႔ ျပင္းထန္သည့္ေျခလွမ္းမ်ားႏွင့္ ဒုန္းဆိုင္းဝင္ေရာက္လာေသာ ပီယံမွာ ယုဂန္​၏ထိုအေမးစကားကိုလည္း ဂ႐ုစိုက္ပုံမရပါေခ်။

ပီယံသည္ လက္သီးကို တင္းက်ပ္လြန္းစြာဆုပ္ကိုင္ထားရာ လက္သည္းမ်ားပင္ လက္ဖဝါးထဲနစ္ဝင္ေတာ့မတတ္။ သူ​၏လက္ဖမိုးေပၚမွ စိမ္းျပာေရာင္ေသြးေၾကာမ်ားမွာ ေဒါသတႀကီး႐ုန္းကန္ရင္း သူ​၏တံေတာင္ဆစ္အထိတိုင္ေအာင္ ယွက္ျဖာေထာင္မတ္လ်က္ရွိသည္။ 

ပီယံသည္ အၿမဲတေစနီးပါး ၾကည္လင္ေအးျမေသာ ႏူးညံ့သည့္လူတစ္ဦးျဖစ္ရာ ပီယံ့​၏ေဒါသတႀကီးပုံရိပ္ကို ေတြ႕ျမင္ႏိုင္ရန္ အလြန္တရာခဲယဥ္းသည္။ ဤအခ်က္ေၾကာင့္လည္း ပီယံေဒါသထြက္ပါက သိသိသာသာကိုျပင္းထန္ထင္ရွားေနတတ္သည္။ 

ယခုအခါ ပီယံ​၏မ်က္ႏွာသည္ မာေၾကာျပတ္ေတာက္ေန​၏။ ယုဂန္ကို ေစ့ေစ့ၾကည့္လာေသာမ်က္ဝန္းမ်ားဟာလည္း ထက္ရွေသာဓားအသြား​၏ အလင္းျပန္ေသာ​ လွ်ပ္ေရာင္ႏွယ္ အလြန္အမင္းစူးရွျပင္းထန္လ်က္ရွိသည္။ 

ထိုသို႔ ပီယံ ေဒါသထြက္စရာကိစၥမွာ မီးေတာင္ကိစၥကလြဲ အဘယ္ရွိပါဦးအံ့နည္း။

ယုဂန္ ရိပ္မိေသာ္လည္း ပီယံ့ဘက္မွ စကားအရင္စသည္ကိုသာ ေစာင့္ဆိုင္းေနလိုက္သည္။

" ၃၀၁၈"

ပီယံ ဩရွမာထန္စြာဆိုသည္။

" မီးေတာင္ေပါက္ကြဲမႈမွာ ေသဆုံးခဲ့တာ ၃၀၁၈ ေယာက္"

ပီယံ့အသံသည္ လည္ေခ်ာင္းတြင္းမွ ျခစ္ကုတ္ယူသည့္ပမာ အက္ကြဲၾကမ္းရွေန​၏​။

ယေန႔ညက သူတို႔ႏွစ္ဦးေတြ႕ခဲ့သည့္ပုံစံအတိုင္းပင္ ပီယံ့မွာ ထိုသို႔ ေဒါသတႀကီးျဖစ္ေနလ်က္ ယုဂန္မွာမူ ေအးေဆးတည္ၾကည္စြာသာ ပီယံ့ကို ျပန္လည္စိုက္ၾကည့္ေနခဲ့သည္။

ယုဂန္က ၿငိမ္ေသာအသံႏွင့္ ျပတ္ျပတ္သားသားဆိုသည္။

" အသက္ရွင္က်န္ခဲ့တဲ့ ၄၈၁ ဦးကို စားနပ္ရိကၡာနဲ႔ ျပန္လည္ထူေထာင္စရိတ္ေပးဖို႔ စီစဥ္ေနပါတယ္"

" စီစဥ္ေနတယ္?"

ပီယံ အံ့ဩသည့္ႏွယ္ေရ႐ြတ္ကာ တစ္ဆက္တည္းပင္ ဟက္ခနဲရယ္သည္။

"သူတို႔ရဲ႕မိသားစု၊ သူတို႔ရဲ႕ဘဝ၊ သူတို႔ရဲ႕အိမ္ကို ဖ်က္ဆီးၿပီးမွ၊ စိတ္ဒဏ္ရာေတြေပးၿပီးမွ ဆုံးရႈံးလိုက္ရတာနဲ႔ မတန္တဲ့ ဆန္ကေလးနည္းနည္း၊ ေငြကေလးနည္းနည္းနဲ႔ ေခြၽးသိပ္ဖို႔ႀကိဳးစားေနတာပါလား"

ယုဂန္ အသက္ကိုျဖည္းညင္းစြာရွဴထုတ္သည္။ သူသည္ တတ္ႏိုင္သမွ် စိတ္ကိုၿငိမ္ေအာင္ ထိန္းကာ ေလသံေဖ်ာ့ႏွင့္ စကားဆိုသည္။

" ပီယံ မင္းငါ့ကို စိတ္ဆိုးေနမယ္ဆိုတာ ငါနားလည္တယ္။ ငါလည္း ထိုက္သင့္သေလာက္အျပစ္ရွိမွန္း ငါ့ကိုယ္ငါသိပါတယ္။  ဒါေပမဲ့ သူတို႔ေတြအားလုံး ေသဆုံးေစဖို႔ ငါ,မရည္႐ြယ္ခဲ့ပါဘူး"

စကားအဆုံးတြင္ ယုဂန္အသံ အနည္းငယ္တုန္ခါသြား​၏။ သူသည္လည္း မည္မွ်ပင္တည္ၿငိမ္ခ်င္ေယာင္ေဆာင္ေနေစကာမူ သည္းပြတ္ႏွလုံးမွာ ပင္ပန္းမႈဒဏ္မ်ား၊ အျပစ္ခံယူလိုေသာဒဏ္မ်ား အလုံးစုံ စုၿပဳံတိုးေနကာ ၿပိဳလဲျပဳတ္က်အံ့နီးနီး ယိုင္နဲ႔ေနေလၿပီ။ သို႔တိုင္ ထိုသို႔ၿပိဳလဲျပ႐ုံႏွင့္ မည္သည့္ကိစၥမွ် အဆင္ေျပသြားမည္မဟုတ္မွန္း  အသက္ရွင္လာသည့္ေတာက္ေလွ်ာက္ သင္ခန္းစာလည္းရယူခဲ့ၿပီးၿပီျဖစ္သည္။ ထို႔အျပင္ ေခါင္းေဆာင္ေနရာမွ လူလည္းျဖစ္သည္မို႔၊ အျပစ္ရွိလွ်င္ အျပစ္ကိုအျမန္ခံယူၿပီး မ်ားစြာ စိတ္ဓာတ္က်၍မျဖစ္၊ တာဝန္တို႔ ဆက္လက္လုပ္ေဆာင္ရဦးမည္မို႔ ေသြးေအးေအးႏွင့္ေျဖရွင္းတတ္သည့္ အက်င့္ကို ခဲရာခဲဆစ္ပ်ိဳးေထာင္ခဲ့ရသည္။  

ထို႔ေၾကာင့္ အဆုံးသတ္တြင္မူ မည္မွ်ပင္ စိတ္အဆင္မေျပ၍ အစိုင္အခဲတို႔ ရင္ဝ,စို႔ေနေစကာမူ အလုပ္ကိုေတာ့ၿပီးေအာင္လုပ္တတ္သည့္သူ၊ ခံစားခ်က္မျပင္းထန္ဘဲ အမိန႔္ခ်တတ္သည့္သူတစ္ဦး ျဖစ္လာခဲ့သည္။ ထိုသို႔ ေသြးေအးကာ ခံစားခ်က္မျပင္းထန္တတ္သည့္အက်င့္မွာလည္း မယ္ေတာ္ႀကီးဆီမွ အတုယူခဲ့ေသာ အက်င့္ဟု ဆိုရမည္ျဖစ္သည္။

တစ္ခါတေလေတာ့လည္း အျမင့္ကိုေရာက္ရန္ စိတ္ကို မာရျပန္သည္။ ယခင္ သႏၷီးစစ္ပြဲတုန္းကလို စိတ္ဓာတ္ထိုးက်ကာ ငိုေနမည့္ယုဂန္ ဆက္ျဖစ္ေန၍မရပါေခ်။

" မီးေတာင္ေပါက္ကြဲမွာေၾကာင့္ ေဘးလြတ္ရာကို ေ႐ႊ႕ၾကဖို႔ ျမင္းလ်င္စစ္သည္ေတြနဲ႔ ငါ,သတင္းပါးခိုင္းခဲ့တယ္။ ဒါေပမဲ့ အဲ့စစ္သည္ေတြ အသတ္ခံခဲ့ရလို႔ ႐ြာသားေတြဆီသတင္း မေရာက္မွန္း မသိခဲ့တာက ငါ့ရဲ႕ေပါ့ေလ်ာ့မႈပါ။ ငါက ႐ြာသားေတြ ယာယီေနဖို႔အတြက္ ေတာင္ေပၚမွာ ေနရာေတြ၊ သုံးရက္စာ စားနပ္ရိကၡာေတြကအစ အကုန္စီစဥ္ေပးထားၿပီးသား။ အခုလိုျဖစ္သြားမယ္မွန္း ငါတကယ္မသိခဲ့တာပါ"

ယုဂန္ ဂဃနဏရွင္းျပသည့္တိုင္ ပီယံဟာ ေက်နပ္ေသးပုံမရပါေခ်။ ပီယံသည္ သူ႔ကိုစိမ္းသက္စြာၾကည့္လ်က္

" ဘာပဲျဖစ္ျဖစ္ အစ္ကိုက သူတို႔ရဲ႕အိမ္ေတြကို ဖ်က္ဆီးဖို႔ စဥ္းစားၿပီးသားပဲေလ။ ႐ြာသားေတြ မဖယ္ေပးမွာစိုးလို႔ေတာင္ ညသန္းေခါင္ေပါက္ကြဲမယ့္ကိစၥကို ညေနက်မွ သတင္းေပးဖို႔လုပ္ခဲ့တယ္မဟုတ္လား။ မီးေတာင္ မေပါက္ကြဲေအာင္ အစ္ကိုတားႏိုင္ရဲ႕သားနဲ႔၊ အစ္ကိုက ေပါက္ကြဲဖို႔လမ္းကိုေ႐ြးခဲ့တာ"

ဟု နက္ရႈိင္းလြန္းေသာ အသံဩဩႏွင့္ဆိုသည္။ ပီယံ့တြင္လည္း ေကာင္းေသာအခ်က္တစ္ခ်က္ရွိသည္။ အလြန္အမင္းေဒါသထြက္ေနသည့္တိုင္ အသံမာ႐ုံမွတစ္ပါး ေအာ္ဟစ္ျခင္း၊ စိတ္ရွိတိုင္းျပဳမူျခင္းမ်ိဳး မျပဳလုပ္ျခင္းျဖစ္သည္။

" အခုလို ေခ်ာ္ရည္ေတြနဲ႔ပိတ္ဖုံးသြားရင္ မယ္ေတာ္ႀကီးရဲ႕တပ္ေတြက ဇိယတၱဘက္ကေန ေဖာက္မဝင္ႏိုင္ေတာ့ဘူး"

" ဝင္ေတာ့ေရာ ဘာအေရးလဲ။ က်ဴးေက်ာ္လာသူကို တိုက္ထုတ္ရမွာ ကြၽန္ုပ္တို႔ရဲ႕တာဝန္ပဲ"

ယုဂန္ ပီယံကို ထက္ရွစြာစိုက္ၾကည့္မိလိုက္ကာ လက္ညႇိဳးေငါက္ေငါက္ထိုးလိုက္မိသည္။

" အဲ့က်ဴးေက်ာ္သူေတြကို တိုက္ထုတ္လို႔စစ္ပြဲျဖစ္ရင္ေရာ ဒီျပည္သူေတြရဲ႕ ေနအိမ္စည္းစိမ္ေတြ မပ်က္စီးေတာ့ဘူးလို႔ မင္းထင္သလား"

" အဲ့တာနဲ႔ပဲ ငါက သူတို႔ရဲ႕ေနအိမ္စည္းစိမ္ကို မရမကကာကြယ္ေပးမယ္လို႔ မေတြးေတာဘဲ သူတို႔ဘယ္လိုေနေန ငါ့နယ္ေျမနဲ႔ငါ့အာဏာကို ကာကြယ္ရမယ္လို႔ စဥ္းစားခဲ့တယ္ေပါ့"

" စကားကိုၾကည့္ေျပာပါ"

ယုဂန္ ေဒါသဟုန္းခနဲေတာက္သြားသျဖင့္ မာေၾကာေသာအသံႏွင့္ ဟိန္းေဟာက္လိုက္မိသည္။ သို႔တိုင္ ပီယံသည္ သူ​၏ယုံၾကည္ရာကို ေျပာဆိုရန္အတြက္မူ တုန္လႈပ္႐ြံ႕ေၾကာက္သြားျခင္း အလ်ဥ္းမရွိ။  သူဟာ ဆက္လက္ၿပီး လိုရာကိုေျပာဆိုစၿမဲျဖစ္သည္။

" အစ္ကိုကသာ အာဏာအတြက္ အျခားအရာေတြကိုလ်စ္လ်ဴရႈခဲ့တယ္ဆိုတာကို အရင္ဝန္ခံလိုက္ပါ"

ယုဂန္ ၿငိမ္က်သြားသည္။ သူ​၏မ်က္ဝန္းမ်ားဟာေတာ့ ေဒါသကိုဖိႏွိပ္ထားရသည့္ႏွယ္ ခက္ထန္ေသာ္လည္း ထိန္းခ်ဴပ္မႈရွိ​၏။

ယုဂန္သည္ ေရွ႕ဆက္ၿပီး အရွည္အရွည္ဆက္မျဖစ္ခ်င္ေတာ့သည့္အတြက္  ပီယံ့ဘက္ကို ေက်ာခိုင္းလိုက္ကာ

" ထြက္သြား"

ဟု အသံၿငိမ္ၿငိမ္ႏွင့္ဆိုသည္။

ယုဂန္ ပီယံ့ဘက္ကိုလွည့္မၾကည့္။ သို႔တိုင္ ပီယံဟာ မထြက္သြားေသးဘဲ သူ႔ေနာက္ေက်ာကိုစိုက္ၾကည့္ေနဆဲျဖစ္ေၾကာင္း အလိုလိုခံစားမိေနသည္။

ပီယံက ၾကည္လင္စြာဆိုသည္။

" မယ္ေတာ္ႀကီးကို ပုန္ကန္ခဲ့တာက မယ္ေတာ္ႀကီးရဲ႕လမ္းစဥ္အတိုင္း က်င့္သုံးဖို႔မဟုတ္ပါဘူး။ တစ္ေန႔ ဒီသမိုင္းကို စာထဲ ျပန္ေျပာင္းေရးႏိုင္တဲ့အထိ အစ္ကိုအင္အားႀကီးသြားမယ္ဆိုရင္ေတာင္ ဒီအမွန္တရားက ေပ်ာက္ကြယ္သြားမွာ မဟုတ္ပါဘူး။

ေလာကမွာရက္စက္တတ္မွ အႏိုင္ရမယ္၊ အႏိုင္ရမွ အမွန္တရားကို ျခယ္လွယ္ႏိုင္မယ္ဆိုရင္ ဟိုးအရင္ကတည္းက အမွန္တရားဆိုတဲ့ စကားလုံးရွိလာမွာမဟုတ္ဘူး။ လူဆိုတာ အသိဉာဏ္အျမင့္ဆုံးသတၱဝါပါ။ အသိဉာဏ္ျမင့္လို႔ ခံစားခ်က္လည္း ျမင့္ပါတယ္။ အဲ့သလိုမ်ိဳး ခံစားခ်က္ဟာ အသိဉာဏ္ေနာက္က ပါလာတဲ့အရာမို႔လို႔ တစ္ဖက္လူရဲ႕ခံစားခ်က္ကို ကိုယ္ခ်င္းမစာဘဲ လုပ္ရင္ ကိုယ့္ကိုယ္ကို အသိဉာဏ္ရွိတဲ့လူလို႔ မေခၚထိုက္ေတာ့ပါဘူး။

အစ္ကို အာဏာကိုၾကည့္ခဲ့တာ အမွန္တရားပါ။ ဒီလူေတြေသရတဲ့ အဓိကအေၾကာင္းအရင္းက မယ္ေတာ္ႀကီးနဲ႔ မ်က္တစ္လုံးရွင္ေၾကာင့္ဆိုရင္ေတာင္ မတရားမႈေတြ႕ရက္နဲ႔ ကိုယ့္အက်ိဳးအတြက္ မ်က္စိမွိတ္ေနခဲ့တာ အစ္ကိုပါ။ ဒီလူေတြေသရတာ အစ္ကို႔ရဲ႕လုပ္ရပ္လည္း တစ္စိတ္တစ္ပိုင္းပါဝင္ပါတယ္။ ေနာင္တစ္ခ်ိန္ ေ႐ြးခ်ယ္စရာထပ္မံႀကဳံႀကိဳက္လာရင္ အားလုံးအတြက္စဥ္းစားၿပီး မွန္ကန္တဲ့ဘက္ကို အစ္ကို,ေ႐ြးခ်ယ္လိမ့္မယ္လို႔ ကြၽန္ုပ္ေမွ်ာ္လင့္ပါတယ္"

ထိုစကား​၏အဆုံးတြင္ အခန္းထဲမွ ထြက္ခြာသြားေသာ ပီယံမိတ္​၏ေျခသံမ်ား ပဲ့ထင္သံက်န္ရစ္ခဲ့သည္။

ယုဂန္ အသက္ကိုရႈိက္ရွဴလိုက္​၏။ ထိုအခါ သူ႔ရင္ထဲတိုးဝင္လာသည္မွာ မြန္းၾကပ္မႈမ်ားျဖစ္သည္။

***********************************

စားဖိုေဆာင္အျဖစ္ ေဆာင္႐ြက္အပ္ေသာ တဲနန္းနား၌ မိန္းကေလးငယ္ေလးတစ္ဦး ေယာင္လည္လည္လုပ္ေနသည္မွာ အခ်ိန္အေတာ္အတန္ၾကာေနေလၿပီ။

ေယာက္်ားရင့္မာႀကီးမ်ားသာရွိသည့္ စစ္တပ္စခန္းေပမို႔ ဤသို႔ ငယ္ငယ္႐ြယ္႐ြယ္မိန္းကေလးတစ္ဦးေရာက္ရွိေနျခင္းမွာ အနက္ေပၚအျဖဴတင္သည့္ႏွယ္ ထင္းထင္းရွားရွား၊ ကြက္ကြက္ကြင္းကြင္းႏွင့္ျဖစ္၍ သူမကို သတိမထားမိသူ, မရွိသေလာက္ နည္းပါးလွေခ်သည္။

ထို႔ေၾကာင့္ သူမကို သတိထားမိေနေသာ စားဖိုေဆာင္အတြင္း တာဝန္က်ေနသည့္စစ္သည္,သည္ အဆိုပါမိန္းကေလးနားသြားကာ

" မင္းက ဘယ္သူလဲ"

ဟု ေမးျမန္းလိုက္ေတာ့​၏။

မိန္းကေလး သူ႔ကိုေမာ့ၾကည့္​သည္။ က်စ္ဆံၿမီးၾကားေရာေနေသာ အျပာရင့္ေရာင္ႀကိဳးမ်ား၊ ထူးျခားသည့္မ်က္ဝန္းသဏၭာန္ႏွင့္ အသားအေရ ညိဳညက္ကာ ဝင္းပေသာသြင္ျပင္ေၾကာင့္ သူမကို စစ္သည္,ခ်က္ခ်င္းမွတ္မိလိုက္သည္။

အႏွီမိန္းကေလးက မေန႔ညက မင္းသားပီယံမိတ္ကို ေမွာ္နက္ပညာရွင္လက္မွ ကယ္တင္လာသူ မိစာၦမုဆိုးမေလးပင္။ မင္းသားကိုကယ္လာသည္ဟူေသာ သတင္းအျပင္ ဆံပင္ပုံစံကလည္း ထူးထူးျခားျခားရွိလွေသာေၾကာင့္ သူမကို ျပက္ျပက္ထင္ထင္ မွတ္မိေနခဲ့ျခင္းျဖစ္သည္။

" အာ...မင္း မင္းသားပီယံမိတ္ကို ကယ္လိုက္တဲ့ မိစာၦမုဆိုးေလးပဲ။ ဟုတ္တယ္မလား"

" ဟုတ္ပါတယ္"

ေရဝတီ ေခါင္းညိတ္ျပသည္။

ထိုအခါ စားဖိုေဆာင္အတြင္းမွ တာဝန္က်ေနေသာ အျခားစစ္သည္သုံးဦးခန႔္ပါ အေပါက္ဝသို႔ အလွ်ိဳလွ်ိဳတိုးေဝွ႔ထြက္လာၾကသည္။ ထို ထမင္းခ်က္စစ္သည္မ်ားသည္ ေရဝတီကို ဝိုင္းအုံၾကည့္ကာ ထိုထဲမွတစ္ေယာက္က

" ၾကည့္ပါဦး။ ဒီလို ႏုႏုဖတ္ဖတ္ကေလးက ေမွာ္နက္ပညာရွင္ကို ဘယ္လိုမ်ား အႏိုင္တိုက္ခိုက္ခဲ့တာလဲ"

ဟု ခ်ီးက်ဴးေသာ္လည္း မယုံႏိုင္သည့္ဟန္ျဖင့္ တအံ့တဩေရ႐ြတ္သည္။

ေရဝတီသည္ ၿပဳံးသည္မဆိုသာဘဲ ႏႈတ္ခမ္းစြန္းႏွစ္ဖက္ကို ေယာင္ေယာင္ေလးေကြးၫြတ္႐ုံမွ် ျပန္လည္တုံ႔ျပန္သည္။ သူမအေနႏွင့္ ဤသို႔ဝိုင္းအုံၾကည့္ရႈေနၾကမႈအေပၚ သက္ေတာင့္သက္သာ ျဖစ္ဟန္ေတာ့ မရွိပါေခ်။

ကံေကာင္းေထာက္မစြာႏွင့္ သူမကို ပထမဆုံးလာေမးသည့္စစ္သည္က သူမ အၾကားခ်င္ဆုံးစကားကို အေမးရွိလာသည္။

" ဒါနဲ႔ ဘာလို႔ခ်င္လို႔လဲ"

ေရဝတီ​၏မ်က္ဝန္းမ်ား ဖ်ပ္ခနဲလက္သြားၿပီး

" ေရ..."

ဟု အားတက္သေရာဆိုသည္။ ထိုအခါ ထမင္းခ်က္စစ္သည္မ်ား ပ်ာယာခတ္သြားၾကသည္။

" ေရတဲ့...ေရ ေပးလိုက္ၾကဦး"

ထို႔ေနာက္ သူမေရွ႕သို႔ ေရတစ္ခြက္ေရာက္ရွိလာသည္။ သိူ႔ေသာ္ ေရဝတီသည္ ေရခြက္ေသးေသးေလးကိုၾကည့္ရင္း အားရသည့္ပုံမေပၚပါေခ်​။ သူမက ေရအိုးလိုက္ ေရအျပည့္ေပးရန္ ေတာင္းဆိုသည္။

ထမင္းခ်က္စစ္သည္မ်ားလည္း သူမ ေရအေတာ္ငတ္ေနျခင္းျဖစ္မည္ဟု အခ်င္းခ်င္းတီးတိုးေျပာလ်က္ ေအးစိမ့္ေသာေရျပည့္သည့္ ေျမအိုးတစ္လုံးကို သူမေရွ႕ခ်ေပးလိုက္ျပန္သည္။

ထို႔ေနာက္ သူတို႔သည္ ေရအိုးကို စူးစမ္းဟန္ျဖင့္စိုက္ၾကည့္ေနေသာ ေရဝတီကို စုၿပဳံၾကည့္ေနၾကျပန္ကာ

" စစ္ထြက္လာကတည္းက ဒီလိုေခ်ာေခ်ာလွလွ ငယ္ငယ္႐ြယ္႐ြယ္ မိန္းကေလးမျမင္ရတာ ဘယ္ေလာက္ၾကာၿပီလဲ"

ဟူ၍ အခ်င္းခ်င္း တီးတိုးတြတ္တီထိုးၾကျပန္သည္။

ထိုအခိုက္တြင္ ေရဝတီက သူတို႔ကို ေမာ့ၾကည့္လာသျဖင့္ စစ္သည္မ်ား အတင္းတုပ္ရာမွ မိသြားေသာသူလို ဆန႔္တငင္ငင္ျဖစ္သြားၾကျပန္သည္။

ေရဝတီက အ႐ိုးခံမ်က္ႏွာေလးႏွင့္ေမးသည္။

" ဟိုေလ...ဆားရွိလား မသိဘူး"

" ဘယ္ေလာက္လိုခ်င္တာလဲ"

ထမင္းခ်က္စစ္သည္တစ္ဦးက ျပန္ေမးေသာ္ သူမသည္ လက္မႏွင့္လက္ညႇိဳးကို အလ်ားလိုက္ဆန႔္တန႔္ျပလ်က္

" မ်ားမ်ားေလး"

ဟုျပန္ေျဖသည္။

ထို႔ေၾကာင့္ စစ္သည္တို႔လည္း သူမကို ဆားထည့္သည့္ ေျမအိုးလိုက္ ေပးလိုက္ေလသည္။ စစ္သည္တို႔သည္ ေရဝတီတစ္ေယာက္ ဆားႏွင့္ မည္သည္မ်ားလုပ္ေဆာင္ပါအံ့နည္းဟု စိတ္ဝင္တစားရွိေနစဥ္တြင္ ေရဝတီမွာ ခုနက ေရအိုးထဲသို႔ ဆားအိုးထဲမွ ဆားတစ္ဝက္ခန႔္အား ဘတ္ခနဲေကာက္ထည့္လိုက္ေလသည္။

စစ္သည္တို႔ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိလ်က္ နားမလည္ႏိုင္ျဖစ္သြား​ၾက​၏။

သူတို႔ကိုပို၍ တအံ့တဩျဖစ္သြားေစသည့္အခ်က္မွာ ေရဝတီသည္ ဆားထည့္ၿပီးသည္ႏွင့္ ဆားေပ်ာ္ရည္ကို ေရအိုးလိုက္ မ,၍ တဂြပ္ဂြပ္ႏွင့္ေမာ့ေသာက္လိုက္ျခင္းျဖစ္သည္။

စစ္သည္တို႔သည္ ေရဝတီ့ကိုၾကည့္ရင္း သူမ​၏အားေကာင္းေမာင္းသန္မႈအတြက္ တအံ့တဩျဖစ္ရသလို ဆားေပ်ာ္ရည္ဟူေသာ အသိေၾကာင့္လည္း သူတို႔ပါ ေသြးတက္ခ်င္သလို ခံစားလိုက္ရ​သည္။

ေရဝတီမွာမူ ေရတစ္စက္မွမက်န္ေတာ့သည္အထိ အကုန္အစင္ေသာက္ကာ ၿပီးမွ ေရအိုးကိုျပန္ခ်ၿပီး

" ေရဓာတ္ခန္းေျခာက္ေနတာေလ"

ဟု အၿပဳံးတစ္ပြင့္ႏွင့္ဆိုသည္။ ၿပီးေနာက္

" ေက်းဇူးတင္ပါတယ္"

ဟု ထမင္းခ်က္စစ္သည္မ်ားဆီ ၾကည့္၍ဆိုကာ ေပ်ာ္႐ႊင္တက္ႂကြေနေသာ ေျခလွမ္းမ်ားႏွင့္ လွည့္ထြက္သြားေလသည္။

ထမင္းခ်က္စစ္သည္မ်ားဟာေတာ့ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ရင္း၊ ထို႔ေနာက္ ေရမရွိေတာ့ေသာ ေျမအိုးကိုလည္း ၾကည့္ရင္း အူေၾကာင္ေၾကာင္ႏွင့္က်န္ရစ္ခဲ့ေလသည္။

ဆားေပ်ာ္ရည္ေသာက္လိုက္ရသျဖင့္ ေရဓာတ္ဝ,ကာ အားအင္မ်ားျပန္လည္ျပည့္ဝသြားေသာ ေရဝတီီမွာမူ သူမ​၏ဘဝေပးတာဝန္အရ တဲနန္းေဆာင္မ်ားၾကား တစ္လမ္းၿပီးတစ္လမ္းသြားကာ အမတ္ယုဂန္ႏိုင္ကို လိုက္လံရွာေဖြသည္။

သိပ္မၾကာခင္မွာပင္ သူမ အမတ္ယုဂန္ႏိုင္ကို ရွာေဖြေတြ႕ရွိသြားသည္။

ရွာေတြ႕ေသာေနရာသည္ လူျပတ္ေသာေနရာလည္းျဖစ္၍ အမတ္ယုဂန္ႏိုင္အပါအဝင္ လူသုံးဦးသာရွိေလရာ ေရဝတီအတြက္ အခြင့္အခါ သင့္လွေပသည္။ ေရဝတီသည္ အလာေကာင္းသျဖင့္ အခါမေႏွာင္းေတာ့ဘဲ ခ်က္ခ်င္းလက္ရဖမ္းဆီးႏိုင္ေတာ့မည္ဟူေသာ အႀကံႏွင့္ေပ်ာ္႐ႊင္သြားခိုက္ အမတ္ယုဂန္ႏိုင္ေရွ႕ ေရာက္လာေသာ ျမင္းတစ္စီးေၾကာင့္ အေနာက္ျပန္ဆုတ္၍ သစ္ပင္တစ္ပင္ေနာက္ပုန္းလိုက္ရျပန္သည္။

အမတ္ယုဂန္ႏိုင္ေရွ႕ ေရာက္လာေသာ ျမင္းတစ္စီးေပၚတြင္ တန္ဖိုးႀကီးပိုးထည္ဆင္ျမန္းထားေသာ လူတစ္ဦးရွိသည္။

ထိုလူသည္ ျမင္းေပၚမွ ဆင္းလာ​၏။ ထို႔ေနာက္ အမတ္ယုဂန္ဆီ သြားကာ အမတ္ယုဂန္ကို ေပြ႕ဖက္လိုက္သည္။ အမတ္ယုဂန္ဟာလည္း ထိုလူ၏ရင္ခြင္ၾကားတြင္ ေပ်ာ္ေမြ႕ဟန္ျဖင့္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးေနသည္။

ဤသို႔ အမတ္ယုဂန္ႏိုင္ႏွင့္ ႏွစ္ကိုယ္တူခ်စ္ခင္ၾကင္နာျခင္းပုံရိပ္မ်ား ျပသေနသူမွာ မင္းသားအ႐ုဏမွလြဲ၊ မည္သူမ်ားရွိပါအံ့နည္း။

ေရဝတီ ခ်က္ခ်င္းသိရွိလိုက္သည္။

မင္းသားအ႐ုဏ ဤေနရာသို႔ေရာက္ရွိလာေလၿပီ။

တစ္ဆက္တည္းတြင္ သူမ ေတြးေတာလိုက္မိသည္။

ဒီလိုနဲ႔ အမတ္ယုဂန္ႏိုင္ကို ျပန္ေပးဆြဲဖို႔ႀကိဳးစားရင္း ေသသြားမွာေတာ့ မဟုတ္ဘူးမလား။

*******************************

ညပိုင္းအခ်ိန္တြင္ ေရဝတီသည္ အမတ္ယုဂန္ႏိုင္​၏ ယာယီတဲနန္းေဆာင္ရွိရာဆီ ဒုတိယမၸိခ်ဥ္းကပ္လာခဲ့ျပန္သည္​။

ေျမျပင္ထက္တြင္ မင္းသားအ႐ုဏႏွင့္ အမတ္ယုဂန္ႏိုင္အတြက္ လုံၿခဳံေရးအေစာင့္အၾကပ္မ်ား ခ်မွတ္ထားသည့္မို႔ ဖ်တ္လတ္ေသာ ေရဝတီသည္ တဲနန္းအေပၚ  အကိုင္းအခတ္မ်ား ယွက္ျဖာအုပ္မိုးေနေသာ သစ္ပင္ႀကီးတစ္ပင္အေပၚ  ဦးစြာတက္ေရာက္လိုက္သည္။

ထို႔ေနာက္ တဲနန္းရွိရာဆီ ဆန႔္တန္းေနေသာ သစ္ကိုင္းတစ္ကိုင္းထက္သို႔ သတိႀကီးစြာတက္သည္။  သူမ ေျခလွမ္းကိုေဖ်ာ့ကာ ေႁမြတစ္ေကာင္​၏ ညင္သာေသာ လႈပ္ရွားမႈမ်ိဳးႏွင့္ တတ္ႏိုင္သမွ် တဲနန္းႏွင့္နီးေအာင္ ခိုးေၾကာင္ခိုးဝွက္တိုးကပ္သြားသည္။

အစက သူမသည္ အေျခအေနကို စနည္းနာၿပီး မင္းသားအ႐ုဏမသိခင္ အမတ္ယုဂန္ႏိုင္ကို ဖမ္းဆီးေခၚေဆာင္သြားႏိုင္ေအာင္ ေဆာင္႐ြက္မည့္အႀကံအစည္ႏွင့္ျဖစ္သည္။ သို႔ရာတြင္ ထိုသို႔ေရာက္ေသာအခါ မထင္မွတ္ထားေသာ လင္မယားရန္ျဖစ္မႈႏွင့္ ႀကဳံလိုက္ရေလသည္။

ဟုတ္သည္။ မင္းသားအ႐ုဏႏွင့္ အမတ္ယုဂန္ႏိုင္တို႔ ရန္ျဖစ္ေနၾကျခင္းျဖစ္သည္။

" ဒီကိစၥကို ယုဂန္ ေမာင့္အရင္တိုင္ပင္သင့္တယ္မထင္ဘူးလား"

မင္းသားအ႐ုဏ​၏အသံျဖစ္သည္။

ထိုအသံသည္ ခပ္ဩဩျဖစ္သည့္တိုင္ ေဒါသတႀကီး ဟစ္ေအာ္ေသာအသံမ်ိဳးေတာ့ ဟုတ္မေနပါေခ်​။ ေရဝတီကသာ အၾကားအာ႐ုံေကာင္းသူျဖစ္သျဖင့္ အနည္းငယ္မွ်သာ က်ယ္ေသာထိုစကားကို ျပက္ျပက္ထင္ထင္ၾကားေနရျခင္းျဖစ္သည္။

အမတ္ယုဂန္ႏိုင္ဘက္မွ ျပန္ေျပာေသာစကားကိုလည္း သူမၾကားရသည္။

" ဟ...ဒါကြၽန္ေတာ့္လက္ေအာက္က ကိစၥပဲ။ အရင္ကလည္း ေမာင္နဲ႔ကြၽန္ေတာ္ ဒီလိုမ်ိဳးတာဝန္ခြဲလုပ္ေနၾကမဟုတ္ဘူးလား။ ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္တိုင္းကိုလည္း ေမာင္က လက္ခံေနၾကမဟုတ္ဘူးလား"

" ဒီကိစၥက အရင္ကိစၥေတြနဲ႔တူမွမတူတာ။ လူသုံးေထာင္ ေသခဲ့တာ ယုဂန္ရဲ႕။ လူသုံးေထာင္ေက်ာ္ ေသခဲ့တာ"

မီးေတာင္ကိစၥႏွင့္စပ္လ်ဥ္း၍ သူတို႔ႏွစ္ဦး အခ်င္းမ်ားေနမွန္း ေရဝတီ ရိပ္ခ်ည္ပါးခ်ည္သိရွိလိုက္သည္။ 

ထိုမီးေတာင္ကိစၥေၾကာင့္ပဲ မင္းသားပီယံမိတ္အပါဝအင္ တစ္ေလာကလုံး အမတ္ယုဂန္ႏိုင္ကို စိတ္ဆိုးေနၾကသလားဟု ေရဝတီေအာက္ေမ့မိသည္။

" လူေထာင္ခ်ီေသႏိုင္တဲ့ကိစၥကို မင္း ေမာင့္အရင္တိုင္ပင္သင့္တယ္ေလ။ ဒီလို လူ႔အသက္ေတြနဲ႔ေလာင္းေၾကးထပ္ထားတဲ့ ကိစၥကို ေမာင့္ရဲ႕ဆုံးျဖတ္ခ်က္ လာေမးသင့္တာေပါ့။ အခု မင္းဘာသာမင္း ပီယံမိတ္ကိုေတာင္မေျပာဘဲ တစ္ေယာက္တည္းဆုံးျဖတ္ၿပီး လုပ္လိုက္တဲ့ကိစၥက ျပန္လမ္းမဲ့ပဲ။ ဒီလူေတြရဲ႕အသက္ကို ဘယ္သူ႔မွျပန္မယူေပးႏိုင္ဘူး"

" ေမာင္ကပါ ဒီလူေတြ ကြၽန္ေတာ္ေၾကာင့္ေသရတယ္လို႔ ေျပာခ်င္ေနတာလား။ ကြၽန္ေတာ္ သူတို႔ကိုေသေစဖို႔မရည္႐ြယ္ခဲ့မွန္း ေမာင္သိရဲ႕သားနဲ႔ ဒီကိစၥအကုန္ ကြၽန္ေတာ့္ေၾကာင့္ပါဆိုၿပီး အျပစ္ဖို႔ဦးမယ္ေပါ့"

ေရဝတီသည္ အႏွီအၾကင္လင္ေမာင္ႏွံ​​၏ ကေတာက္ကဆျဖစ္မႈကို ဆက္လက္နားစြင့္ေနမိ​​၏။ နားစြင့္ကာမွ အျပန္အလွန္ေျပာေနေသာအသံမ်ား ေခတၱရပ္တန႔္သြားသည္။ ေနာက္မွ မင္းသားအ႐ုဏသည္ စိတ္ေလွ်ာ့လိုက္ဟန္ျဖင့္

" ကဲ ေတာ္ၿပီ။ အတိတ္ကိုျပန္ေျပာရင္လည္း ဒီလူေတြ အသက္ျပန္မရွင္လာဘူး။ ေမာင္ေျပာခ်င္တာက ေနာက္တစ္ခါ ဘာလုပ္လုပ္ ေမာင့္အရင္တိုင္ပင္။ ေလာေလာဆယ္ေတာ့ ယုဂန္ရဲ႕စီမံခန႔္ခြဲပိုင္ခြင့္ေတြကို ပီယံမိတ္ဆီ လႊဲထားၿပီး ယုဂန္ခဏအနားယူလိုက္ပါ"

ဟု တည္တည္ၾကည္ၾကည္ဆိုသည္။ ထိုအခါ တစ္ဖက္မွ

" ဘာ"

ဟူေသာ က်ယ္က်ယ္ေလာင္ေလာင္ အာေမဍိတ္သံ ႐ုတ္ခ်ည္းထြက္ေပၚလာသည္။  အမတ္ယုဂန္ႏိုင္ စိတ္ဆိုးမာန္ဆိုး ျဖစ္သြားပုံရသည္။

" အခု ေမာင္က ကြၽန္ေတာ့္ကို လာအာဏာျပေနတာလား။ ကြၽန္ေတာ္က ေမာင့္လက္ေအာက္ငယ္သားလား။ ကြၽန္ေတာ္က ေမာင့္ေယာက္်ား ေမာင္ရဲ႕။ ေမာင့္ေယာက္်ား"

" ကိုယ္ေရးကိုယ္တာနဲ႔ ရာထူးကို မေရာယွက္နဲ႔စမ္း ယုဂန္"

မင္းသားအ႐ုဏ​၏ ခပ္မာမာစကားအဆုံးတြင္ အမတ္ယုဂန္ႏိုင္​၏ ေဒါသတႀကီးအသံက ပို၍က်ယ္ေလာင္လာခဲ့သည္။

" စစ္ပြဲပါ။ စစ္ပြဲမွာ ျဖစ္သင့္တာကိုဦးစားမေပးဘဲ ခံစားခ်က္နဲ႔ဆုံးျဖတ္လို႔ေကာ ႏိုင္,ႏိုင္ဦးမယ္ ထင္ေနသလား။ ကြၽန္ေတာ္က နတ္ဆိုးအျဖစ္ခံရင္း လုပ္ေနသမွ်အကုန္က ေမာင့္အတြက္ခ်ည္းပဲ။ ေမာင္သိရဲ႕လား"

" ေမာင္က ယုဂန္ကို ေမာင့္အတြက္ အျပစ္မဲ့တဲ့လူေထာင္ခ်ီကို သတ္ေပးပါလို႔ ေျပာခဲ့ဖူးသလား"

" ကဲ...ၾကည့္။ ေမာင္ ကြၽန္ေတာ့္ကို အေကာင္းမျမင္ေတာ့ဘူး။ ေမာင္က် တစ္ေလာကလုံးေမာင္မွားတယ္ထင္ရင္ေတာင္ ယုဂန္ကေတာ့ ေမာင့္ကိုယုံေစခ်င္တယ္ဆို။ ေဟာ...ေမာင္က်ေတာ့ ေမာင္ကပါ ကြၽန္ေတာ့္ကို အျပစ္ဖို႔ေနတာပဲ"

" ယုဂန္ ေမာင္ မင္းကိုခ်စ္တာ မင္းဘာလုပ္လုပ္ အကုန္မ်က္စိမွိတ္ေနမယ္ဆိုတဲ့သေဘာမ်ိဳးမဟုတ္ဘူး"

" မဟုတ္ပါဘူး​။ ေမာင္က တျခားမိန္းမနဲ႔ ကေလးရၿပီးေနေတာ့ ကြၽန္ေတာ့္ကိုမလိုေတာ့တာမ်ိဳးပဲ ျဖစ္မွာေပါ့"

" ယုဂန္ႏိုင္ ေတာ္ေတာ့"

မင္းသားအ႐ုဏ​၏ ေအာ္သံေၾကာင့္ ေခ်ာင္းနားေထာင္ေနေသာ ေရဝတီပင္ လန႔္ဖ်ပ္ကာ သစ္ကိုင္းေပၚမွ ျပဳတ္က်လုမတတ္ျဖစ္သြား​၏။ 

ထို႔ထက္ဆိုးသည္က မင္းသားအ႐ုဏႏွင့္ဆတူ ျပန္လည္ေအာ္ေငါက္လာေသာ အမတ္ယုဂန္ႏိုင္​၏အသံျဖစ္သည္။

" လာမေအာ္ေနနဲ႔။ ခင္ဗ်ား ကြၽန္ေတာ့္ကို ဒီလိုမ်ိဳး ဘယ္တုန္းကမ်ား ေအာ္ဖူးသလဲ"

ရန္ပြဲမွာ ပိုမိုျပင္းထန္လာၿပီဟု ထင္ရသည္။ ၾကားရသေလာက္ မင္းသားအ႐ုဏသည္ သူ​၏ၾကင္ယာေတာ္ကို အလြန္တရာခ်စ္ျမတ္ႏိုးသျဖင့္ အသံကိုေတာင္ျမႇင့္မေျပာဟု ဆိုသည္။ ေန႔လယ္ကလည္း သူတို႔ႏွစ္ဦးမွာ ခ်စ္ခ်စ္ခင္ခင္ရွိေနၾကေသးသည္ မဟုတ္ပါလား

ညေရာက္မွ အဘယ္ေၾကာင့္မ်ား ႀကီးႀကီးက်ယ္က်ယ္ ရန္ထျဖစ္ၾကသလဲမသိ။

ဘယ္ေလာက္ပဲခ်စ္ခ်စ္၊ ဇနီးေမာင္ႏွံဘဝမွာ တစ္ႀကိမ္တစ္ခါေတာ့  ရန္ျဖစ္ၾကသည္ႏွင့္တူသည္။ ေရဝတီသည္ အမတ္ယုဂန္ႏိုင္ကို ဖမ္းဖို႔လာရင္းမွ သူမ်ားလင္မယားရန္ျဖစ္သည္ကို နားေထာင္ရမည္ဟု တစ္ႀကိမ္တစ္ခါမွ မေတြးေတာခဲ့ဖူးပါေခ်။

ဒါလည္း တစ္နည္းအားျဖင့္ ေကာင္းသည္မဟုတ္ပါလား​။ သူတို႔ႏွစ္ေယာက္စိတ္ဆိုးေနတုန္း အမတ္ယုဂန္ႏိုင္ကို သူမ ဖမ္းဆီးေခၚေဆာင္သြားရန္ ပိုမိုလြယ္ကူေပလိမ့္မည္။

" အခုက်ေတာ့ ခင္ဗ်ားျဖစ္သြားၿပီေပါ့"

မင္းသားအ႐ုဏ​၏အသံက သာမန္ႏႈန္းျဖစ္သြားသည့္တိုင္ အမတ္ယုဂန္ဟာေတာ့ စိတ္ဆိုးမာန္ဆိုး ေအာ္ေငါက္ဆဲပင္။

" ျဖစ္တယ္။  ခင္ဗ်ားကက် ကြၽန္ေတာ့္ကို ဒီကေလး ေမာင့္ကေလးမဟုတ္ပါဘူးဘာညာနဲ႔ ယုံခိုင္းတယ္။ ခင္ဗ်ားကက် ကြၽန္ေတာ့္ကိုနည္းနည္းေလးေတာင္ မယုံဘဲ အားလုံးက ကြၽန္ေတာ့္အျပစ္ေၾကာင့္ ျဖစ္ရသလို လာဆက္ဆံတယ္။ ကြၽန္ေတာ့္ကို မယူခင္တုန္းက ခင္ဗ်ား ဒီလိုေလသံလား"

အမတ္ယုဂန္ႏိုင္​၏အသံ ပိုပို၍အက္ရွလာသည္။

မၾကာပါေခ်။ မင္းသားအ႐ုဏထံမွ

" ေမာင္ေတာင္းပန္ပါတယ္ ယုဂန္။ ေမာင္မွားသြားပါတယ္။ ေမာင္ မေအာ္လိုက္သင့္ဘူး"

ဟူေသာ ေတာင္းပန္စကားသံမ်ား ထြက္ေပၚလာသည္။ ဒီလိုက်ေတာ့လည္း မင္းသားအ႐ုဏက ၾကင္ယာေတာ္ ပစ္ထားခဲ့မည္ကို ေၾကာက္သည္ဟူေသာသတင္း မွန္ကန္ေနသည္ပဲေလ။

" မထိနဲ႔ သြား"

အမတ္ယုဂန္ႏိုင္ဟာေတာ့ စိတ္ဆိုးေနဆဲထင္သည္။ သူသည္ မင္းသားအ႐ုဏကို ႏွင္ထုတ္ဆဲျဖစ္ကာ အဆုံးတြင္

" တကယ္ပဲ ေမာင့္ကို မုန္းတယ္။ ထြက္သြား။ အတူ လာမအိပ္နဲ႔ သြား"

ဟု ပစ္ပစ္ခါခါႏွင္ထုတ္လိုက္ေလသည္။

အသံအရ မင္းသားအ႐ုဏထြက္သြားသည္ႏွင့္တူသည္။ သို႔ဆိုလွ်င္ အမတ္ယုဂန္ႏိုင္တစ္ဦးတည္း က်န္ရစ္ခဲ့သည္ မဟုတ္ပါလား။

သူမ်ား​၏စိတ္မခ်မ္းေျမ့မႈအေပၚ ေက်နပ္သည္မွာ ေကာင္းေသာ အျခင္းအရာမဟုတ္ေသာ္လည္း အမတ္ယုဂန္ တစ္ဦးတည္းရွိေနျခင္းဆိုသည့္အခ်က္မွာ သူမအတြက္ မဟာ အခြင့္အေရးေကာင္းႀကီးျဖစ္သည္။

ေရဝတီသည္ သူမအေတြးႏွင့္အတူ သစ္ပင္မွ ခုန္ဆင္းမည္ႀကံ႐ြယ္ခိုက္ သူမအေနာက္မွ ေယာက္်ားသံတစ္သံထြက္ေပၚလာသည္။

" ဒီမွာဘာလုပ္ေနတာလဲ"

ေရဝတီ ထိတ္လန႔္ကာ အေနာက္သို႔ ကပ်ာကယာလွည့္ၾကည့္သည္။

ထိုတြင္ မင္းသားပီိယံမိတ္ဆိုသူကို ေတြ႕လိုက္ရေလသည္။

မင္းသားပီယံမိတ္သည္ သစ္ကိုင္းအရင္း၌ မတ္တပ္ရပ္ေနျခင္းျဖစ္ၿပီး ခါးထိရွည္ေသာဆံႏြယ္ကို ဖားလ်ားခ်ထားေလရာ အိပ္ေနရာမွ ထ,ၿပီး ဤေနရာသို႔ ေရာက္ရွိခဲ့ျခင္း ျဖစ္ဟန္ရွိသည္။

ေရဝတီသည္ မင္းသားပီယံမိတ္​၏ မမွိတ္မသုန္စူးစိုက္ၾကည့္ေနေသာ အၾကည့္မ်ားၾကား ယုတၱိရွိမည့္ဆင္ေျခကို အလ်င္အျမန္လိုက္လံစဥ္းစားသည္။ ေနာက္ဆုံး သူမ ပါးစပ္မွ လႊတ္ခနဲထြက္သြားသည္မွာ

" ရန္ျဖစ္ေနလို႔ လာစပ္စုတာ"

ဟူ၍ ျဖစ္ေလ​၏။

မင္းသားပီယံမိတ္ သူမကို မ်က္ခုံးပင့္ၾကည့္သည္။

ေရဝတီမျငင္းပါ။

သူမ ဘဝတစ္ေလွ်ာက္ေတြ႕ခဲ့ဖူးေသာ ေယာက္်ားသားမ်ားထဲတြင္ ဒီတစ္ေယာက္ေလာက္ ၾကည့္ေကာင္းသူကို တစ္ႀကိမ္တစ္ခါမွ် မေတြ႕ဖူးခဲ့ပါေခ်။

သူ​၏ ေတာက္ပေသာမ်က္ဝန္းမွစ၍၊ ေျဖာင့္စင္းေသာႏွာတံ၊ ပိရိေသသပ္ေသာႏႈတ္ခမ္း၊ ေျပျပစ္ေသာေမး႐ိုး၊ ထိုမွ်သာမက အရပ္ဟာလည္း ျမင့္ၿပီး ခႏၶာကိုယ္ကလည္း အေတာ္ေလး ၾကည့္ေကာင္းလြန္းလွသည္။

လူ႔ျပည္ေရာက္တုန္း မင္းသားအ႐ုဏ​၏ညီေတာ္ မင္းသားပီယံမိတ္မွာ သူမတူေအာင္ ေခ်ာေမာသည္ဟု ၾကားစဥ္အခါက ခ်ဲ႕ကားေျပာဆိုသည္ဟု သူမထင္ခဲ့သည္။ ယခုေတာ့ အမွန္တကယ္ စစ္မွန္ေၾကာင္းသိရွိလိုက္ရ​၏။

ဒါေတာင္ သူက ေသေလာက္တဲ့ဒဏ္ရာေၾကာင့္ ေလာေလာလတ္လတ္ေဆးစည္းထားရတဲ့ လူနာတဲ့ေလ။

လူနာေတြထဲ၊ လူနာျဖစ္တာေတာင္ ဒီေလာက္လွသည့္လူနာ ရွိေတာ့မည္မထင္ေပ။

" မင္းသားအ႐ုဏနဲ႔ သူ႔ရဲ႕ၾကင္ယာေတာ္ကို လာၿပီးေခ်ာင္းေျမာင္းၾကည့္ရႈတာ ဘယ္ေလာက္အျပစ္ႀကီးတယ္လို႔ မင္းထင္လဲ"

အဆိုပါ လွပေသာ လူနာက သူမရွိရာသို႔ တစ္လွမ္းခ်င္းေလွ်ာက္လွမ္းလာသည္။  ထိုအခါ သူ​၏အေလးခ်ိန္ေၾကာင့္ သစ္ကိုင္းဟာ ၫြတ္ၫြတ္က်လာ​၏။

အကိုင္းဖ်ားတြင္ ကိုယ္ကိုေဖာ့၍ရပ္ေနေသာ ေရဝတီသည္ ဟန္ခ်က္ကို မနည္းထိန္းေနရကာ တစ္ဖက္တြင္လည္း မင္းသားပီယံမိတ္လက္မွ မည္သို႔လြတ္ေအာင္ လုပ္ေဆာင္ရမည္ကို စဥ္းစားလ်က္ရွိသည္။

ထိုအခ်ိန္တြင္ ေရဝတီသည္ မင္းသားပီယံမိတ္​၏ ဦးေခါင္းအထက္နား ၫြတ္က်ေနေသာ သစ္ကိုင္းငယ္ အေပၚ၌ သစ္႐ြက္ႏွင့္အေရာင္ေရာေနေသာ ေႁမြတစ္ေကာင္ရွိေနသည္ကို စူးရွေသာအျမင္ႏွင့္ ေတြ႕ျမင္သြားေလသည္။

​ထိုေႁမြသည္ ပီယံကို အႏၲရာယ္အထင္ႏွင့္ ေပါက္အံ့ဆဲဆဲျဖစ္​၏။

ထိုအျခင္းအရာကို ေတြ႕လိုက္ရေသာေရဝတီသည္  ခ်က္ခ်င္းပင္ အဆိုပါေႁမြကို လ်င္ျမန္လြန္းေသာ လက္တစ္ဖက္ႏွင့္ ဝွစ္ခနဲဖမ္းဆုပ္လိုက္ေလသည္။

အဆိပ္ၿပီးေနသျဖင့္ ေႁမြမေၾကာက္ျခင္းေပလားမသိ။ ေရဝတီမွာ ေႁမြကို လက္ဗလာႏွင့္ဖမ္းၿပီးသည္ႏွင့္ သစ္ပင္ေအာက္သို႔ ပစ္ခ်လိုက္ေလသည္။

သို႔ေသာ္ ေႁမြကို ဆြဲယူလိုက္စဥ္က ေရဝတီသည္ အရွိန္ပါသြားခဲ့သည္ျဖစ္ရာ ေႁမြကို ပစ္ခ်လိုက္ေသာအခါ ေႁမြႏွင့္အတူ သူမပါ သစ္ပင္ေပၚမွ ျပဳတ္က်လုဆဲဆဲျဖစ္တည္သြားသည္။

"အ..."

သူမ ျပဳတ္က်ၿပီဟု ထင္မွတ္လိုက္​၏။

သို႔ေသာ္ သူမ မထင္မွတ္ထားေသာ အရာတစ္ခုက သူမ​၏ခါးကို ဆြဲကိုင္ ဖမ္းဆုပ္လိုက္သည္။

ထိုအရာက မင္းသားပီယံမိတ္​၏ သန္မာေသာလက္တစ္ဖက္ပါပင္။

ပီယံ​၏လက္တစ္ဖက္က သူမ​၏ခါးကို အခ်ိန္မီ ဆြဲဖမ္းႏိုင္ခဲ့သည္။ ၿပီးသည္ႏွင့္ သူမကို ျပန္ဆြဲယူလိုက္ေလရာ သူမသည္ ပီယံမိတ္​၏ ရင္ခြင္ထဲသို႔ ေရာက္လုမတတ္ နီးကပ္သြားေလသည္။

ပီယံမိတ္က ႐ုပ္သာေခ်ာသည္မဟုတ္၊ ရနံ႔ကလည္း အေတာ္ေလး ေမႊးပ်ံ႕သည္။

သူမ ေမာ့ၾကည့္လိုက္ေသာအခါ အနီးကပ္ျမင္လိုက္ရေသာ ပီယံ​၏ေခ်ာေမာမႈက ပို၍ ရင္သပ္ရႈေမာဖြယ္ေကာင္းေအာင္ သိသာထင္ရွားလွသည္။

ႏူးညံ့ၾကည္စင္ေသာ အသားအေရမွစကာ နီေဆြးေသာ ႏႈတ္ခမ္းလႊာအဆုံး။ ေမႊးပ်ံ႕ေသာ ကိုယ္သင္းရနံ႔မွစကာ သူမ​၏ခါးကို ၿမဲၿမံစြာဆုပ္ကိုင္ထားေသာ အားအင္အဆုံး။ အေတာ္ေလး ၿပီးျပည့္စုံသည့္ အမ်ိဳးသားပါပင္။ 

ထိုအမ်ိဳးသားက သူမကို ငုံ႔ၾကည့္လာသည္။ ၾကယ္စင္မ်ားႏွယ္ တဖိတ္ဖိတ္လက္ေနေသာ ထိုအမ်ိဳးသား​၏မ်က္ဝန္းမ်ားက ေငးေမာၾကည့္ခ်င့္စဖြယ္ေကာင္းေအာင္ကို လွပ႐ႊန္းတင့္ေနခဲ့သည္။

ေရဝတီသည္ ဘာေၾကာင့္မွန္းမသိ။ သူမ​၏ပါးျပင္ႏွစ္ဖက္ ပူေႏြးသြားသည္ကို ခံစားလိုက္ရသည္။ သစ္ပင္ေပၚမွ ျပဳတ္က်မည္ဟု ထင္မွတ္လိုက္သျဖင့္ ထိတ္လန႔္သြားေသာေၾကာင့္ ပါးတို႔ပူျပင္းသြားသည္ဟု သူမ ေတြးထင္လိုက္သည္။  ထိတ္လန႔္လြန္းလို႔ သူမႏွလုံးေတြေတာင္ တုန္ယင္ခ်င္ေနေလၿပီ။

" အသက္ကယ္ေပးလို႔ ထပ္ၿပီးေက်းဇူးတင္ပါတယ္။ ဒါေပမဲ့ မင္းက ဘယ္နဂါးတိုင္းျပည္က ဘယ္နတ္နဂါးမ်ိဳးႏြယ္ဝင္ဆိုတာကိုေတာ့ ကြၽန္ုပ္ကို ေျပာျပရလိမ့္မယ္"

ပီယံ့​၏စကားအဆုံးတြင္ ေရဝတီ​၏မ်က္လုံးမ်ား ဝိုင္းစက္ျပဴးက်ယ္သြား​၏။

ဒီလူက ႐ုပ္ေခ်ာရသည့္ၾကားထဲ ဉာဏ္ကပါေကာင္းေနေသးသည္။  ဘယ္လိုမ်ား အခ်ိန္တိုအတြင္း သူမကို နဂါးမွန္း သိရွိသြားပါသနည္း။

ပီယံမိတ္ဟာ တကယ့္ကို အံ့ဩစရာ လူမင္းသားပါပင္။ လူသားေတြလည္း ဒီေလာက္ၿပီးျပည့္စုံႏိုင္ေၾကာင္း သူမ ေနာက္က်မွ သိရွိလိုက္ရျခင္းျဖစ္သည္။

**********************************
Next Chapter :

မင္းသားအ႐ုဏႏွင့္အခ်င္းမ်ားသျဖင့္ ေနာက္တစ္ေန႔တြင္ အမတ္ယုဂန္ႏိုင္သည္ ေတာထဲသို႔ တစ္ကိုယ္တည္းထြက္ခြာသြားေလသည္။ မင္းသားအ႐ုဏသည္လည္း သူ​၏စိတ္ေကာက္ေနေသာ ၾကင္ယာေတာ္ကို ေခ်ာ့ေမာ့ရန္မလို႔ငွါ ယုဂန္ႏိုင္အေနာက္သို႔ ထပ္ၾကပ္မကြာလိုက္ပါသြားခဲ့သည္။

******************************

A/N

ကဲကဲသဲသဲအတြဲက ရန္ျဖစ္တာ ျဖစ္ႏိုင္ပါ့မလား🤔

ပီယံကေတာ့ စိတ္ဝင္စားဖို႔ေကာင္းတဲ့ သုံးပြင့္ဆိုင္ဇာတ္လမ္းရရွိမွာပါ။ ဝါးဟားဟား xD

2.8.2022
( Tuesday )

Continue Reading

You'll Also Like

693K 48K 48
တကယ္လုိ႔ ကေလး နဲ႔ သာမဆံုျဖစ္ခဲ့ရင္ ဦး ကံၾကမၼာလဲ ဘာေတြဆက္ျဖစ္မယ္ဆုိတာ ဦးမေတြးဝံ့ႏုိင္ဘူး ဥိီးမင္းေသြးပုိင္ဆုိတဲ့ လူရဲ႕ဘဝမွာလဲ နာမည္နဲ႔လူိက္ေအာင္ လု...
181K 15.2K 39
Dika (Kaisoo) yaoi Complete
10K 622 31
​နေကြာပန်း​လေး​တွေကသူနဲ့တူလို့မြတ်​နိုးရပါသည်​ဆိုတဲ့ohsehunလို​ခေါ်တဲ့​ကောင်​​လေးတစ်​​ယောက်​ရယ်​ Oh Sehun​လေးချစ်​ရတဲ့Pack Chanyeolလို့​ခေါ်တဲ့​နေမင်...
881K 100K 59
The contents of this fiction are purely the author's imagination.