Part - 43
My Oleander Hubby
" ဒယ္ဒီေရ! ! အဟင့္ ! အဟင့္! "
မွိန္းေနရင္းကေန သားကထၿပီးေယာင္ေနတာမို႔ ----
" သား !သားေလး ပါးပါး႐ွိတယ္ေလ "
သားရင္ဘက္ေလးေပၚ လက္ေလးနဲ႔အသာဖိေပးထားရင္း နံရံေပၚကနာရီကိုၾကည့္လိုက္မိေတာ့
ညတစ္နာရီေက်ာ္ေနၿပီ ။ သားရဲ႕နဖူးေလးကိုစမ္းၾကည့္လိုက္ေတာ့ ကိုယ္အပူခ်ိန္ကမီးခဲတမ်ွ ။ ညေနထဲက ကိုယ္ေလးေတြေႏြးေနတာကို သတိထားမိၿပီး
အိမ္မွာေဆာင္ထားတဲ့ ပါရာစီတေမာအရည္ေလးတိုက္ထားမိေသးသည္ ။ ညဦးပိုင္းမွာလူကျပန္လန္းဆန္းလာေတာ့ သက္သာသြားၿပီးထင္ၿပီး ေဆးခန္းကိုလဲေခၚမသြားမိ ။ အခုေတာ့ ညသန္းေခါင္ယံႀကီး
အပူေတြႀကီးၿပီး ေယာင္ယမ္းေျပာတဲ့အထိ ျဖစ္လာေလသည္ ။
" ဒယ္ဒီ ဟင့္! အဟင့္! "
အပူေတြႀကီးေနတဲ့သားက သူ႔ဒယ္ဒီကိုသာ တမ္းတေနတဲ့ပံု ။ သူ႔ဒယ္ဒီျပန္သြားတာ ႐ွစ္ရက္႐ွိေနၿပီမို႔ လြမ္းဖ်ားလြမ္းနာက်ၿပီး ဖ်ားတာထင္ပါရဲ႕ ။
" သား ဂြၽန္ေလး! ! သားေလး! ! "
" ပါးပါး ငိုနဲ႔ေနာ္ ဂြၽန္က ပါးပါးနဲ႔ ေနမွာေရ! !"
ကိုယ္ေတြပူေနၿပီး သတိေကာင္းေကာင္းမရသည့္တိုင္ သားကကိုယ့္အသံကိုၾကားတာနဲ႔ ကိုယ္နဲ႔ေနမယ့္အေၾကာင္းေျပာေန႐ွာသည္။ ကိုယ္ငိုတာကိုျမင္ၿပီးထဲက သားစိတ္မွာစိတ္ဒဏ္ရာႀကီးႀကီးမားမားရသြားတဲ့ပံုပင္ ။ သူ႔ဒယ္ဒီျပန္သြားတဲ့ ႐ွစ္ရက္အတြင္း
သူ႔ဒယ္ဒီေနာက္ကိုလိုက္ခ်င္ေၾကာင္း စကားတစ္ခြန္းေတာင္မဆိုခဲ့ ။
သူ႔ဒယ္ဒီနဲ႔VC ေျပာတဲ့အခ်ိန္ဆိုရင္ေတာ့ ငိုမဲ့မဲ့ေလး
ျဖစ္ေနတက္ေသးသည္ ။ ဒယ္ဒီျပန္မလာေသးဘူးလားဆိုတဲ့စကားကို ဖုန္းေျပာတိုင္းတစ္ခ်ိန္လံုး
ေမးေနတက္တဲ့ကေလးက ဒီေန႔ညေတာ့ ညႀကီးမိုးခ်ဳပ္ေကာက္ခါငင္ကာဖ်ားေလၿပီ ။
အပူက်ေအာင္ေရတဘက္တိုက္ေပးေပမယ့္ ကိုယ္ပူက ပိုၿပီးသာတိုးလာေလသည္ ။ ေဆးရံုသြားဖို႔က်ေတာ့လည္း ကိုယ့္မွာဆိုင္ကယ္သာ႐ွိေနတာမို႔ အဆင္မေျပ။ စိုးရိမ္စိတ္ေၾကာင့္ မ်က္ရည္က်မိသည့္အထိျဖစ္ရေလသည္ ။ အရင္ရက္ေတြက ေဘးနမွာ႐ွိေနေပးသည့္သူသာ႐ွိေနရင္ သားအတြက္ အခုေလာက္ စိုးရိမ္စရာမလိုေလာက္ေလာက္ဘူးထင္ရမည့္
စိတ္က ဝင္လာျပန္သည္ ။ ဘဝမွာပထမဆံုး ထိုသူ႔ ကိုအားကိုစိတ္ဝင္လာမိျခင္းသာ ။
" ဟင္း! ! အဟင္း! အဟင္း ! "
သားရဲ႕ ညည္းညဴသံသဲ့သဲ့က စိုးရိမ္စိတ္ကိုပိုလာေစျပန္၏ ။ ဖ်ားခဲနာခဲၿပီး က်န္းမာေရးေကာင္းလြန္းလွတဲ့သားေလးက ညဘက္ၾကီးသတိလစ္မတက္ကို
ျဖစ္ေနတာေၾကာင့္ ေနာက္ဆံုးေတာ့ ဘယ္လိုစိတ္ အားကိုးမႈနဲ႔ဆိုတာမ်ိဳး ကိုယ့္ဘာသာမသိႏိုင္ခင္
ရန္ကုန္က ထိုသူ႔ဆီ ဖုန္းလွမ္းေခၚလိုက္မိသည္ ။
" တူ!! တူ!! တူ !! "
အိပ္ေကာင္းေနတဲ့အခ်ိန္မို႔ ဖုန္းကခ်က္ခ်င္းမကိုင္ ။
ဖုန္းဝင္ၿပီးသိပ္မၾကာခင္ပဲ ---
" Hello ရာဇ္ ဘာျဖစ္လို႔လဲ "
အိပ္ခ်င္စိတ္မေျပေသးတဲ့ တဖက္ကအသံကိုၾကားလိုက္ရေတာ့ အားငယ္စိတ္ဝင္လာၿပီး ခ်က္ခ်င္းစကားမေျပာႏိုင္ေသး ။ ကိုယ့္က ဘာလို႔မ်ားဒိိီေလာက္ေတာင္ စိတ္ဓာတ္ေပ်ာ့ညံ႔မိသြားတာလဲ ။
" ရာဇ္ ဘာျဖစ္လို႔လဲ ၊ ေနပါဦး ဘယ္အခ်ိန္႐ွိေနၿပီလဲ ၊ ဘာမ်ားျဖစ္လို႔ ကိုယ့္ဆီကိုဖုန္းဆက္ရတာလဲ "
" ကြၽန္ေတာ္ "
စကားလံုးေတြက လံုးဝကိုလြယ္လြယ္ကူကူထြက္မလာပါ ။ သူက အေဝးႀကီးမွာေလ ။ ဘာမ်ားလုပ္ေပးႏိုင္မွာမို႔လို႔လဲ ။
" တစ္နာရီေတာင္ေက်ာ္ေနၿပီပဲ ၊ဘာျဖစ္တာလဲရာဇ္ ၊ ကိုယ့္ကိုေျပာစမ္း ၊ စိတ္ပူလာၿပီ "
သူ႔အသံက တကယ္ကိုစိတ္ပူပင္လာပံုနဲ႔ တုန္ရီလာတာမို႔ စကားတစ္ခြန္းကိုအားတင္းၿပီးေျပာလိုက္မိေတာ့သည္ ။
" သား!! သားေလး ေနမေကာင္းဘူး "
" ဘာ!! သားကဘာျဖစ္တာလဲ "
တဖက္ကေအာ္လိုက္တံအသံက က်ယ္ေလာင္လြန္းတာမို႔ ရာဇ္ကိုယ္တိုင္ေတာင္ လန္႔သြားရေလသည္ ။ ဒါေပမယ့္ သူ႔ကိုလဲစိတ္မဆိုးႏိုင္ခဲ့ ။ သားေဇာမဟုတ္လား ။ အေဖတစ္ေယာက္ျဖစ္ေနတဲ့ကိုယ္က
တစ္ဖက္ကအေဖတစ္ေယာက္ရဲ႕ ပူပင္မႈကို ေကာင္း
ေကာင္းနားလည္ေပးႏိုင္ေလသည္ ။
" ကိုယ္ပူေတြႀကီးေနတယ္ ၊ ေဆးရံုသြားဖို႔က် အဆင္မေျပဘူး ၊ ဘာလုပ္ရမလဲမသိေတာ့ပါဘူး "
" အခုေရာ သားက ဘယ္လိုေနေသးလဲ "
" အပူေတြႀကီးၿပီး ကေယာင္ကတမ္းေတြေျပာေနတယ္ ၊ ခင္ဗ်ားကို လြမ္းေနတာထင္တယ္ ၊ ဒယ္ဒီလို႔ပဲေခၚေနတယ္ "
" ရာဇ္ အခုကိုယ္ေျပာတာကိုေသေသခ်ာခ်ာနားေထာင္ေနာ္ ၊ သားကေနမေကာင္းေတာ့ ဒီတိုင္းပဲ
ညည္းေနတာမ်ိဳးပဲေနမွာ ၊ ကိုယ့္နာမည္ေခၚတိုင္းလဲ
စိတ္မေကာင္းမျဖစ္နဲ႔ ၊ သား ဘယ္သူ႔ကိုပိုခ်စ္လဲမင္းလဲအသိဆံုး ၊ ကိုယ္လဲသိေနၿပီးသား ၊ အခုသားရဲ႕ ေဘးမွာပဲေနေနာ္ ၊ ခဏေလးေစာင့္ ၊ ကိုယ္အဆင္ေျပေအာင္လုပ္ေပးမယ္ ၊ ဘာမွမစိုးရိမ္နဲ႔ဟုတ္ၿပီ လား "
" အင္း !! "
ဖုန္းသံကခ်က္ခ်င္းျပတ္ေတာက္သြားေလတယ္ ။
ခဏအၾကာမွာေတာ့ ဖုန္းျပန္ဝင္လာၿပီး သားအေျခအေနကို VC ကေနေတာက္ေလ်ွာက္ၾကည့္ေနတဲ့လူႀကီး ။ သူ႔မ်က္ႏွာတြင္လဲစိုးရိမ္စိတ္က အထင္းသား ။ သားကလဲ ညည္းေတာင္မညည္းႏိုင္ေတာ့ပဲ
မွိန္း၍သာေနေလသည္ ။
သူ႔ရဲ႕ဖုန္းေနာက္တစ္လံုး ဖုန္းေျပာေနၿပီး ခဏအ
ၾကာမွာေတာ့ ---
" ရာဇ္!! အျပင္ကိုတံခါးသြားဖြင့္ေပးလိုက္ ၊ ကိုယ့္ အသိဆရာဝန္ ဆိုင္အျပင္ဘက္ကိုေရာက္ေနၿပီ "
ေစာေစာက ဖုန္းခ်သြားတာက သူ႔အသိဆရာဝန္ဆီ
ဖုန္းလွမ္းဆက္တာေၾကာင့္ျဖစ္ပံုရသည္ ။ နာရီဝက္ေလာက္အတြင္းမွာကို ဆရာဝန္ေရာက္လာေပးေလသည္ ။ ဆိုင္အေ႐ွ႕ကိုအျမန္ေျပးၿပီးတံခါးဖြင့္ေပး
လိုက္ေတာ့ အဆင္သင့္ေစာင့္ေနတဲ့လူတစ္ေယာက္။ ကိုယ့္ကိုျမင္တာနဲ႔ ----
" ကြၽန္ေတာ့္ကို ကိုစစ္မင္း ဖုန္းဆက္ေျပာလို႔ပါ " ဆိုတဲ့ဆရာဝန္ဟာ ကိုယ္ေတြၿမိဳ႕မွာ ကုသေရးပိုင္းထူးခြၽန္မႈေၾကာင့္ ေကာင္းသတင္းႏွင့္ျပည့္စံုတဲ့သူမွန္း
ျမင္တာနဲ႔တန္းသိလိုက္သည္ ။
အခန္းထဲကိုေရာက္တာနဲ႔ ခ်က္ခ်င္းပဲသားကိုလိုအပ္တဲ့စစ္ေဆးမႈေတြလုပ္ ၊ ၿပီးတာနဲ႔ ေဆးထိုးေပးပါတယ္ ။ ဆရာဝန္ကိုယ္တိုင္ခဏေလာက္ေစာင့္ၾကည့္ေနေပးၿပီး သားရဲ႕ကိုယ္ပူက်သြားကာမွ ---
" ကေလးကမနက္ေလာက္ဆို လန္းသြားပါလိမ့္မယ္ ၊ မစိုးရိမ္ပါနဲ႔ေတာ့ ၊ ကဲ ရန္ကုန္က ေဖေဖလဲ စိတ္မပူပါနဲ႔ဗ်ာ ၊ ကေလးက ႐ိုး႐ိုးတန္းတန္းဖ်ားတာပါ ၊
ကြၽန္ေတာ္လဲေန႔တိုင္းလာၾကည့္ေပးပါ့မယ္ ၊ စိတ္ခ်ဟုတ္ၿပီလား "
ဆရာက ကိုယ့္ကိုေျပာေနရင္းကေန ဖုန္းထဲကေနတဆင့္ျမင္ေနရသူကိုလဲ အက်ိဳးအေၾကာင္းလွမ္း
ေျပာေနျပန္တယ္ ။ ညဘက္ႀကီးဖုန္းဆက္ႏိႈးလို႔ရတယ္ဆိုထဲက အေတာ္ကိုရင္းႏွီးတဲ့သူေတြသာျဖစ္ႏိုင္ သည္ ။
" ေက်းဇူးပါ ကိုေကာင္းျမတ္ေရ ၊ ညႀကီးအခ်ိန္မေတာ္အိပ္ယာကေန ႏိႈးရတာလဲအားနာပါတယ္ဗ်ာ ၊
အျခားသူကိုလဲ အကူအညီမေတာင္းျခင္ေတာ့ေလ၊ တကယ္ကိုေက်းဇူးတင္ရပါတယ္ "
VC ကေနတဆင့္ ေက်းဇူးတင္စကားလွမ္းေျပာလာတဲ့ လူႀကီးရဲ႕အသံကလဲ အနည္းငယ္စိတ္သက္သာရာရသြားတဲ့ ေလသံမ်ိဳး ။
" ရပါတယ္ ကိုစစ္မင္းရယ္ ၊ ေျပာရမယ့္လူေတြမွမဟုတ္တာ ၊ ဒါနဲ႔ ကိုစစ္မင္းတို႔မ်ား အမ်ိဳးသားေခ်ာေခ်ာေလးနဲ႔ သားေခ်ာေခ်ာေလး ျပင္ဦးလြင္မွာ႐ွိေနတာကို မေျပာဘဲဥထားတယ္ေနာ္ ၊ အခုမွဘဲ သိရေတာ့တယ္ ၊ ဘာလဲဖြက္ထားတာလား "
ဆရာဝန္ေျပာလိုက္တဲ့စကားေၾကာင့္ ရာဇ္မွာမ်က္ ႏွာေတြပူသြားရေလသည္။ လူႀကီးကကိုယ္နဲ႔သားကို သူ႔အမ်ိဳးသားနဲ႔သူ႔သားဆိုၿပီး ဆရာဝန္ကိုအသိေပးလိုက္ပံုရ၏ ။ သူေျပာတာလဲ မမွားေပမယ့္
ကိုယ္ကအေနခက္လွသည္ ။
" ဟား !!ဟား!! ဟား !! အဲလိုမ်ိဳးမဟုတ္ရပါဘူး
ကိုေကာင္းျမတ္ရယ္ ၊ စကားမၾကံဳလို႔မေျပာျဖစ္တာပါ ၊ ကြၽန္ေတာ္ေနာက္ရက္ေတြက်မွ လက္ေဆာင္ေကာင္းေကာင္းပို႔ေပးလိုက္ပါ့မယ္ ၊ တကယ္ေက်းဇူးပဲေနာ့ "
" လက္ေဆာင္ဘာညာလုပ္မေနပါနဲ႔ဗ်ာ ၊ ဒီလူနဲ႔ဒီလူ
ၾကားမွာ လက္ေဆာင္မလိုပါဘူး "
" ဟုတ္ပါၿပီဗ်ာ ၊ ဒါဆိုလဲ ကိုေကာင္းျမတ္ေဆာက္မယ့္ ကိုယ္ပို္င္ေဆးရံုအတြက္ ႐ွယ္ယာပါဖို႔စီစဥ္လိုက္ ပါ့မယ္ ၊ ဒါေတာ့မျငင္းနဲ႔ေနာ္ "
လူႀကီးရဲ႕စကားေၾကာင့္ ဆရာ့မ်က္ႏွာက ျပံဳးရႊင္လာကာ ----
" ဟာ! ဒီလိုဆိုရင္ေတာ့ ေပ်ာ္ၿပီေပါ့ဗ်ာ ၊ ေနာက္ရက္လာရင္ေတြ႔က်ရေအာင္ေလ "
" Okay!! Okay !!ဆက္ဆက္ကိုလာေတြ႔ပါ့မယ္
ဗ်ာ "
ေနာက္ဆံုးေတာ့ဆရာဝန္ကိုေကာင္းျမတ္က ႏႈတ္ ဆက္ၿပီးျပန္သြားပါသည္ ။ နာရီၾကည့္လိုက္ေတာ့
မနက္သံုးနာရီထိုးခါနီးေနၿပီ ။ အခန္းထဲ ျပန္ေရာက္တာနဲ႔ ----
" ခင္ဗ်ားလဲ အိပ္ေတာ့"
" ကိုယ္မအိပ္ခ်င္ေတာ့ဘူး "
" မအိပ္ခ်င္လဲ ဖုန္းခ်ၿပီး ျပန္မွိန္းေနလိုက္ ၊ မနက္လင္းဖို႔က လိုေသးတယ္ ၊ ဒါနဲ႔ေက်းဇူးပဲေနာ္ "
" ရာဇ္ကလဲကြာ ၊ ဘာကိုေက်းဇူးတင္ေနတာလဲ ၊
သားေနမေကာင္းတာ ကိုယ္ကအနီးမွာေတာင္႐ွိမေပးႏိုင္တာကို ၊ အေဖတစ္ေယာက္က ဒီထက္မကလုပ္ေပးရမွာကိုေလ "
" ကဲပါ ၊ သားက အပူက်ေနၿပီ ၊ ခင္ဗ်ားလဲနားလိုက္ပါ ၊ သားကိုေရာ ခင္ဗ်ားကိုပါ စိတ္မပူႏိုင္ဘူး ၊
နားဆိုနားလိုက္ "
" ဟုတ္ပါၿပီကြာ ၊ နားဆိုလဲနားလိုက္ပါ့မယ္ ၊ တစ္ခုခုဆိုရင္ေတာ့ ဖုန္းဆက္ေနာ္ "
" အင္းပါ ၊ ဆက္လိုက္မယ္ "
သားကလဲသက္သာသြားတာမို႔ လူႀကီးကို ဖုန္းခ်ၿပီးအိပ္ခိုင္းလိုက္ရသည္။ တဖက္ကလူက သူ႔သားကိုစိတ္မခ်လို႔မအိပ္ခ်င္ေသး ။ မနည္းေျပာၿပီး ဖုန္းခ်လိုက္ရသည္ ။သူလဲမနက္ဆို အလုပ္ေတြ႐ွိေနမွာမဟုတ္လား ။ စိတ္ပူစရာမ႐ွိတဲ့အေျခအေနမွာ သူ႔ကိုလဲအိပ္ေရးမပ်က္ေစခ်င္ပါ ။
<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
" သားေလး ေဆးေသာက္ရေအာင္ေနာ္ "
" အဟင့္ !! အဟင့္! ! "
သားက အပူက်သြားေပမယ့္ ေနမေကာင္းတဲ့အ႐ွိန္ေၾကာင့္ လူကအီေနေလသည္ ။အျမဲတမ္း ရႊင္ျပေနတက္တဲ့သားက တဂ်ီဂ်ီနဲ႔ဂ်ီက်ေနေတာ့ ရာဇ္ဘာလုပ္ရမွန္းမသိ ။ သူ႔ဒယ္ဒီကိုမ်ား သတိရေနလားဆိုတဲ့စိတ္နဲ႔ --
" ဂြၽန္ေလး ဒယ္ဒီ့ကိုသတိရေနတာလား ၊ ဒယ္ဒီနဲ႔ေနခ်င္လို႔လားဟင္ "
ကိုယ္ေမးလိုက္တဲ့စကားေၾကာင့္ သားကသူ႔ေခါင္းေလးကိုခါျပလာရင္း ---
" ပါးပါးနဲ႔ပဲေနမွာ႐ို႔ "
မ်က္ရည္ေတြျပည့္ေနတဲ့ မ်က္ဝန္းေလးနဲ႔ေျပာလာတဲ့သားရဲ႕စကားေၾကာင့္ ရင္ထဲနင့္ေနေအာင္ခံစားလိုက္ရေလသည္ ။ သားကိုရင္ခြင္ထဲအထိေပြ႔ဖက္ ထားမိရင္း ကိုယ့္ကိုကိုယ္လဲ အျပစ္မကင္းတဲ့ခံစားခ်က္က ရင္ႏွင္အမ်ွခံစားလိုက္ရျပန္တယ္ ။ ဒီကေလးကို လူ႔ေလာကထဲကိုယ့္သေဘာနဲ႔ကိုယ္ေခၚလာ
ၿပီး သူ႔အရြယ္ေလးနဲ႔မမ်ွတဲ့ စိတ္ဒဏ္ရာေတြကိုေပးေနမိေလၿပီ ။ ကိုယ္ဟာ တစ္ကိုယ္ေကာင္းဆန္တဲ့ဖခင္တစ္ေယာက္ ျဖစ္မွန္းမသိျဖစ္ေနတာပါလား ။
" ေဆးေသာက္ရေအာင္ေနာ္ သားသားရယ္ "
" အဟင့္ ခါးရယ္ ေသာက္ဘူး အဟင့္ ဟင့္ "
" ေဆးေသာက္ပါသားရယ္ ဂြၽန္ေလးေနေကာင္းရင္
ဒယ္ဒီ့ဆီကိုလိုက္သြားရေအာင္ေလ ၊ ေသာက္လိုက္ေနာ္ ၊ သားေနေကာင္းမွသြားလို႔ရမွာ "
ကိုယ္ေျပာလိုက္တဲ့စကားေၾကာင့္ ဂြၽန္ကေမာ့ၾကည့္လာရင္း ---
" ဒယ္ဒီဆီ သြားရဖို႔ရား "
" ဟုတ္တယ္ ဒယ္ဒီဆီသြားရေအာင္ေလ "
" ပါးပါးေရာ ႐ိုက္မွာရား "
" ပါးပါးပါ အတူတူလိုက္မွာေပါ့ "
" ဒယ္ဒီရယ္ ပါးပါးရယ္ တားတားရယ္ တူေနရမွာရား "
" အင္း အတူတူေနရမွာ "
" ဒီမွာေနသ႐ိုေနာ္ "
" ဟုတ္တယ္ ဒီမွာေနခဲ့သလိုမ်ိဳးေလ "
" ပါး ညာရဝူးေနာ္ "
" မညာပါဘူး သားရယ္ ၊ အဲဒါေၾကာင့္ ေဆးေတာ့ေသာက္ေနာ္ ၊ ေတာ္ၾကာ ေနမေကာင္းတာမေပ်ာက္လို႔ဆိုၿပီး ဦးဦးဆရာဝန္က သားတင္ပါးကိုအပ္
ႀကီးနဲ႔ထိုးလိမ့္မယ္ ၊ မေၾကာက္ဘူးလား "
" ပါး "
" ဗ်ာ "
" တားက ေၾကာက္တက္ဝူးေလ ၊ ေယာက္တားေလးခ်ိဳတာ တတ္တိ႐ွိရယ္ "
" ဟုတ္ပါၿပီ သားရယ္ ၊ သတိၱ႐ွိလဲရန္ကုန္ကိုျမန္ျမန္သြားလို႔ရေအာင္ ေဆးေသာက္ေနာ္ ၊ သားေနေကာင္းတာနဲ႔ ရန္ကုန္အိမ္ကိုသြားမယ္ေလ ၊ သားဒယ္ဒီကေမ်ွာ္ေနမွာ ၊ သားအတြက္ ေရႊငါးေလးေတြအမ်ားႀကီးဝယ္ေပးမယ္ေျပာခဲ့တယ္ေလ ၊ အဲဒါေၾကာင့္ ေဆးေလးေသာက္မယ္ေနာ္ "
" ဟုတ္တဲ့ "
ဂြၽန္ကေတာ့ သူ႔ဒယ္ဒီဆီလိုက္သြားက်မယ္ဆိုေတာ့မွ ေဆးကိုေျဖာင့္ေျဖာင့္တန္းတန္းေသာက္ေလသည္ ။ ေဆးေသာက္ၿပီးသိပ္မၾကာခင္ပဲ ေဆးအ႐ွိန္ေၾကာင့္ အိပ္ငိုက္လာတာနဲ႔ ခ်ီၿပီသိပ္လိုက္ရျပန္တယ္ ။
သားအိပ္ေပ်ာ္သြားၿပီး သိပ္မၾကာခင္ပဲ ----
" Ring !!Ring !!Ring!! "
ဖုန္းသံေၾကာင့္ ၾကည္လိုက္မိေတာ့ ဂြၽန္႔ဒယ္ဒီျဖစ္ေနနာနဲ႔ VC တစ္ခါထဲဖြင့္လိုက္ပါတယ္ ။ တဖက္က
အလုပ္ကရံုးခန္းထဲမွာျဖစ္ပံုရေလသည္ ။ ကိုယ့္ကိုျမင္ျမင္ခ်င္းပဲ ။
" ရာဇ္ !!သားဘယ္လ္ုိေနေသးလဲ "
" သက္သာသြားၿပီ ေဆးလဲတိုက္ထားတယ္ ၊
ေဆးေသာက္ျပီး ေစာေစာေလးကမွ အိပ္ေပ်ာ္သြားတာ "
ေျပာရင္းနဲ႔သားအိပ္ေနတဲ့ပံုေလးကိုအနီးကပ္ျပလိုက္တဲ့အခါ ----
" သားက ေခ်ာင္ေတာင္က်သြားတယ္ေနာ္ ၊ သနားလိုက္တာ ၊ ကိုေကာင္းျမတ္လာေသးလား "
" လာတယ္ မနက္တစ္ေခါက္ညတစ္ေခါက္အျမဲလာေပးတယ္ ၊ ေဆးဖိုးလဲေပးမရဘူး ၊ အားနာဖို႔ေကာင္းတယ္ "
" အားမနာပါနဲ႔ ၊ ကိုယ္နဲ႔ရင္းႏွီးတယ္ ၊ တကယ္ဆိုကိုယ္က သားဆီကိုလာသင့္တာကြာ ၊ ဒီမွာအလုပ္ေတြကအေရးႀကီးၿပီး ဘယ္လိုမွအခ်ိန္ယူမရဘူး ၊ ေနာက္သံုးရက္ဆို ကိုယ့္အလုပ္ေတြအကုန္ျဖတ္ ထားၿပီ ၊ ၿပီးၿပီးခ်င္း အဲကိုတန္းလာခဲ့မယ္ေနာ္ "
" ခင္ဗ်ား အလုပ္မွမအားတာကို ၊ အားနာမေနနဲ႔ ၊
သားကလဲသက္သာေနၿပီ "
" ရာဇ္! ! "
" အင္း ေျပာေလ "
" မင္းလဲ က်န္းမာေရးကို ဂ႐ုစိုက္ပါေနာ္ ၊ သားေနမေကာင္းတာက မင္းပါေခ်ာင္က်သြားတယ္ "
" ကြၽန္ေတာ္အဆင္ေျပပါတယ္ စိတ္မပူပါနဲ႔ "
" စိတ္မပူပဲ ဘယ္လိုေနႏိုင္ပါ့မလဲ ၊ ကိုယ္ကအနား
မွာ႐ွိေနေပးရမယ့္ဟာကို မင္းကိုပဲ အပင္ပန္းခံခိုင္းေနမိတယ္ "
" ကဲပါ ခင္ဗ်ားအလုပ္ကိုပဲအာရံုစိုက္ ၊ ကြၽန္ေတာ္ကတကယ္အဆင္ေျပေနတယ္ ၊ အခုေတာ့သားအိပ္ေနတုန္း ေရေလးခ်ိဳးခ်င္လို႔ ဖုန္းခ်လိုက္မယ္ေနာ္ "
" အင္းပါ အဲဒါဆိုရင္ဒါပဲေလေနာ္ "
" အင္း "
" အရမ္းခ်စ္တယ္ေနာ္ ၊ တကယ္ကို အရမ္းခ်စ္တယ္ "
" အင္း ကြၽန္ေတာ္ေရာ ... "
႐ုတ္တရက္ ကိုယ္ႏႈတ္ကေန အထိန္းအကြပ္မဲ့ထြက္က်လာမယ့္စကားလံုးေတြကို သတိနဲ႔ရပ္တန္႔လိုက္ရသည္ ။ တဖက္ကလူကေတာ့ ကိုယ့္ကိုအကဲခတ္ေနရင္းကေန ---
" ကြၽန္ေတာ္ေရာ ဘာျဖစ္လဲရာဇ္ ၊ ဆက္ေျပာေလ "
" ကြၽန္ေတာ္ ေရခ်ိဳးေတာ့မယ္လို႔ေျပာတာ "
မညာတက္ေပမယ့္ ယုတၱမ႐ွိတဲ့ အလိမ္အညာစကားတစ္ခြန္းကိုသာဆိုလိုက္သည္ ။ တဖက္ကလူမယံုမွန္းသိေနေပမယ့္လဲေပါ့ ။ လူႀကီးကလဲ ကိုယ့္ကိုေခ်ာင္ပိတ္ေမးတာမ်ိဳးမလုပ္ဘဲနဲ႔ ---
" အင္းပါ ေရကိုသာ ျမန္ျမန္ခ်ိဳး ေအးတယ္ "
" ဒါပဲ "
ရာဇ္ကေတာ့ ကိုယ့္ဘက္ကေနအရင္ ဖုန္းခ်လိုက္ တယ္ ။ ဒီလူနဲ႔ျပန္ေတြ႔ရၿပီးေနာက္ပိုင္းမွာ
ကိုယ့္ရဲ႕စိတ္ေတြထဲမွာ ခံစားခ်က္ႏွစ္မ်ိဳးက အျမဲဒြန္ တြဲေနရေလသည္ ။ ခ်စ္စိတ္ နဲ႔ နာက်ည္းစိတ္ေတြဟာ ကိုယ့္ႏွလံုးသားထဲမွာ တကန္႔စီခြဲထားလို႔ရေနတာမ်ားလားကြာ ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
" ဆရာ အျပင္မွာဧည့္သည္ေရာက္ေနတယ္ ၊ ဆရာနဲ႔ေတြ႔ခ်င္လို႔ပါတဲ့ "
အသစ္ေခၚထားတာ လပိုင္းပဲ႐ွိေသးတဲ့အိမ္အကူကေလးမေလး လာေျပာတဲ့စကားေၾကာင့္ စာရင္းေတြစစ္ေနရင္းကေန ေမာ့ၾကည့္လိုက္မိသည္ ။ မနက္ကို ေန႔တစ္ပိုင္းအလုပ္ဆင္းၿပီးတာနဲ႔ ရာဇ္တို႔သားဖဆီကိုသြားႏိုင္ဖို႔အတြက္ ဒီညမွာညလံုးေပါက္စာရင္းေတြစစ္ဖို႔ေတြးထားၿပီးသား ။
" ဘယ္သူလို႔ေျပာလဲ "
" ဘယ္သူလို႔ေတာ့ မေျပာဘူးဆရာ ၊ အမ်ိဳးသားတစ္ေယာက္ပဲ ၊ ကေလးတစ္ေယာက္လဲပါလာတယ္ "
" အမ်ိဳးသားနဲ႔ကေလးတစ္ေယာက္ ဟုတ္လား "
ၾကားလိုက္ရတဲ့စကားက နားၾကားမ်ားလြဲသလားဆိုတဲ့စိတ္နဲ႔ ျပန္ေမးလိုက္မိေလသည္ ။
" ဟုတ္တယ္ ဆရာ "
ခ်က္ခ်င္းပဲ အိမ္ထဲကေနအေျပးတပိုင္းထြက္လာကာ ျခံအေ႐ွ႕ကိုအျမန္ေလ်ွာက္သြားမိတယ္ ။ ျခံေ႐ွ႕ကိုေရာက္တဲ့အခ်ိန္မွာေတာ့ မေမ်ွာ္လင္တဲ့
သူေလးေတြကိုေတြ႔လိုက္ရေလၿပီ ။
" ရာဇ္ !!သားေလး! ! "
ရာဇ္ကေတာ့ သားလက္ေလးကို သူ႔လက္တစမဖက္နဲ႔ဆြဲထားရင္း က်န္လက္တစ္ဖက္က သူ႔လည္ဂုတ္ကိုသာပြတ္ေနသည္ ။ သူ႔ အၾကည့္ေတြကိုလဲ
ကိုယ့္မ်က္ႏွာဆီကေနလႊဲထားေသးသည္ ။ ျခံတံခါးကိုဆြဲဖြင့္လိုက္တဲ့အခါ ----
" ဒယ္ဒီေရ ----"
ကိုယ့္ဆီကိုအေျပးလာေနတဲ့သားကို ဒူးေထာက္ထိုင္ခ်လိုက္ၿပိ္ီး လက္ႏွစ္ဖက္ဆန္႔တန္းကာ ႀကိဳဆိုလိုက္မိသည္ ။ ရင္ခြင္ထဲဝင္လာတဲ့ကိုယ္လံုးအိအိေလးကိုဖက္လိုက္ရတာက ၾကည္ႏူးစိတ္ကိုခ်က္ခ်င္းျဖစ္ေစျပန္တယ္ ။
" ဒယ္ဒီေရ .... တားတား ဒယ္ဒီေရ အာဘြား "
ကိုယ္လဲသားပါးေလးကို ဘယ္ျပန္ညာျပန္နမ္းလိုက္ရင္း ----
" သားေလး ဒယ္ဒီ့သားေလးရယ္ ၊ ဒယ္ဒီကအမ်ား
ႀကီးလြမ္းေနတာေလ "
သားကိုေပြ႔ခ်ီလိုက္ၿပီး မက္တပ္ထရပ္လိုက္သည္ ။
ရာဇ္ကေတာ့ ကိုယ့္မ်က္ႏွာကိုမၾကည့္ဘဲ ---
" သားက ခင္ဗ်ားကိုလြမ္းေနလို႔ လိုက္ပို႔ေပးတာ "
" ေက်းဇူးပါ ရာဇ္ရယ္ ၊ ကိုယ္မင္းတို႔သားဖေတြကို
အရမ္းသတိရေနတာ "
" ဒယ္ဒီ !!ဒယ္ဒီ !!"
သားက ကိုယ့္ေမးေစ့ကိုကိုင္ၿပီးေခၚေနတာမို႔ ---
" ဗ်ာ ! ဗ် !"
" ပါးပါက ဒီမာေနမာတဲ့ ၊ ဒယ္ဒီရယ္ ပါးပါးရယ္
တားတားရယ္ ဒီမွာတူတူေနမာရဲ႕ ၊ တားကို ေရႊနားေလးေတြဝယ္ေပးရမယ္ေနာ္ "
သားဆီကေနၾကားလိုက္ရတဲ့စကားေၾကာင့္ ေတာ္ေတာ္ေလးဝမ္းသာသြားရေလသည္ ။ မာနခဲေလးရာဇ္က ဘယ္လိုမ်ိဳးေတြေၾကာင့္ စိတ္ကူးေျပာင္းသြားရတာပါလိမ့္ ။
" ဝယ္ေပးမွာေပါ့ အမ်ားႀကီးကိုဝယ္ေပးမွာ ၊ ဒါနဲ႔ရာဇ္ သားေျပာတာအမွန္ပဲလားဟင္ "
ရာဇ္ကေတာ့ သူ႔လည္ပင္းကိုသာလက္တစ္ဖက္နဲ႔
နာနာဖိပြတ္ေနရင္း ----
" အဲဒါက သားကခင္ဗ်ားကို အရမ္းလြမ္းေနလို႔
လိုက္ပို႔ေပးတာ ၊ဟိုတစ္ခါေနမေကာင္းတာကလဲ
ခင္ဗ်ားကိုလြမ္းဖ်ားဖ်ားတာေလ ၊ ကြၽန္ေတာ့္အတၱတစ္ခုအတြက္နဲ႔သားကို အရြယ္နဲ႔မလိုက္တဲ့စိတ္ဒဏ္ရာေတြမရေစခ်င္လို႔ ၊ အဲဒါေၾကာင့္ အခုလိုဆံုးျဖတ္လိုက္ရတာ ၊သားကို ဒီကိုလိုက္ပို႔ေပးေပမယ့္ ခင္ဗ်ားကိုျပန္လက္ခံတာမဟုတ္ဘူးေနာ္ ၊ အဲဒါကိုမွတ္ထား "
စကားေတြအမ်ားႀကီးေျပာေနတဲ့ ကိုယ့္အမ်ိဳးသားေလးက ကိုယ့္မ်က္ဝန္းေတြကိုေတာ့လံုးဝၾကည့္မေနပါ ။ သူအေနခက္ေနမွာေပါ့ ။ ရာဇ္ ဘက္ကိုထည့္ေတြးလိုက္ရင္း သူစိတ္သက္သာေစဖို႔အတြက္ စကားလမ္းေၾကာင္းေျပာင္းဖို္ႀကိဳးစားလိုက္ရျပန္တယ္ ။
" ဘာပဲျဖစ္ျဖစ္ ေက်းဇူးတင္ပါတယ္ကြာ ၊ လာအိမ္ထဲသြားက်ရေအာင္ ၊ ခရီးပန္းလာတာ နားရမွာေပါ့ "
သိဒိၶကေတာ့ ခပ္လွမ္းလွမ္းမွာရပ္ေနတဲ့ ကေလးမေလးကို ရာဇ္တို႔သားဖေတြ ပါလာတဲ့အိတ္ေတြကိုသယ္ခဲ့ဖို႔ အခ်က္ျပလိုက္သည္ ။ သားကိုခ်ိီၿပီး အိမ္ထဲ
ျပန္ဝင္လာကာ ပိတ္ထားတာၾကာေနၿပီျဖစ္တဲ့
အခန္းတစ္ခန္းအေ႐ွ႕မွာရပ္လိုက္ပါတယ္ ။ လူမေနတာၾကာေနၿပီျဖစ္ေပမယ့္ ကိုယ္တိုင္ကိုယ္က်သန္႔႐ွင္းေရးအျမဲလုပ္ထားတက္တဲ့အခန္းေလးမို႔ တံခါးဖြင့္လိုက္တာနဲ႔ အေမႊးနဲ႔ေလးေတြသင္းပ်ံ႔ေနေလသည္။
သားကိုခ်ီၿပီး အခန္းထဲဝင္လိုက္တဲ့အခ်ိန္ ရာဇ္ကလဲ
ကိုယိ့ေနာက္ပါးဆီကေနကပ္လိုက္လာမွန္းငိလိုကိတယ္ ။
ကိုယ္ေမ်ွာ္လင့္ခဲ့ရတဲ့အေျခအေနေလးပါပဲ ။ ကိုယ္ခ်စ္ရတဲ့အမ်ိဳးသားေလးနဲ႔အတူတူ ဒီအခန္းေလးထဲမွာအတူျပန္ေနခ်င္ခဲ့တာေလ ။ ေစာင့္ခဲ့ရတဲ့ အခ်ိန္ေတြ ၊ က်ခဲ့ရတဲ့မ်က္ရည္ေတြရဲ႕ ေနာက္ဆံုးေမ်ွာ္လင့္ခ်က္ေလးက ကိုယ္မထင္မွတ္ထားတဲ့အခ်ိန္မွာျပည့္ဝခဲ့ေလၿပီ ။ ဂြၽန္စစ္မင္း ဆိုတဲ့အဖိုးတန္လက္ေဆာင္ေလးေတာင္အဆစ္အေနနဲ႔ ရခဲ့ရေလၿပီ ။
ဒီေန႔မွစ၍ ကိုယ္ေသဆံုးရမယ့္ေန႔ကိုေရာက္ခဲ့သည့္တိုင္ မင္းနဲ႔သားအေပၚကို အျပစ္ေႂကြးေတြေပးဆပ္ပါမည္ ။ ကိုယ့္ႏွလံုးသား နဲ႔ကိုယ့္စိတ္ဝိညာဥ္ကို
ဒီအ႐ွင္သခင္မ်ားထံပါး ႐ိုက်ိဳးစြာႏွင္းအပ္ပါမည္ ။
ကိုယ့္ရဲ႕ ဘဝမွာ မင္း နဲ႔ သား မွတပါး အျခားမ႐ွိေစရပါ ။ ကိုယ္ ထိုမ်ွေလာက္ထိ ခ်စ္ခဲ့မိပါသည္ ။
Phoenix12
19.7.2022
P.M - 9:00
📌A/N - မေန႔ညကလိုင္းမေကာင္းလို႔ Update
တင္မရတာပါ ။ အခုညလဲ လိုင္းေလးေကာင္းတုန္းလာတင္တာပါ ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
Part - 43
My Oleander Hubby
" ဒယ်ဒီရေ! ! အဟင့် ! အဟင့်! "
မှိန်းနေရင်းကနေ သားကထပြီးယောင်နေတာမို့ ----
" သား !သားလေး ပါးပါးရှိတယ်လေ "
သားရင်ဘက်လေးပေါ် လက်လေးနဲ့အသာဖိပေးထားရင်း နံရံပေါ်ကနာရီကိုကြည့်လိုက်မိတော့
ညတစ်နာရီကျော်နေပြီ ။ သားရဲ့နဖူးလေးကိုစမ်းကြည့်လိုက်တော့ ကိုယ်အပူချိန်ကမီးခဲတမျှ ။ ညနေထဲက ကိုယ်လေးတွေနွေးနေတာကို သတိထားမိပြီး
အိမ်မှာဆောင်ထားတဲ့ ပါရာစီတမောအရည်လေးတိုက်ထားမိသေးသည် ။ ညဦးပိုင်းမှာလူကပြန်လန်းဆန်းလာတော့ သက်သာသွားပြီးထင်ပြီး ဆေးခန်းကိုလဲခေါ်မသွားမိ ။ အခုတော့ ညသန်းခေါင်ယံကြီး
အပူတွေကြီးပြီး ယောင်ယမ်းပြောတဲ့အထိ ဖြစ်လာလေသည် ။
" ဒယ်ဒီ ဟင့်! အဟင့်! "
အပူတွေကြီးနေတဲ့သားက သူ့ဒယ်ဒီကိုသာ တမ်းတနေတဲ့ပုံ ။ သူ့ဒယ်ဒီပြန်သွားတာ ရှစ်ရက်ရှိနေပြီမို့ လွမ်းဖျားလွမ်းနာကျပြီး ဖျားတာထင်ပါရဲ့ ။
" သား ဂျွန်လေး! ! သားလေး! ! "
" ပါးပါး ငိုနဲ့နော် ဂျွန်က ပါးပါးနဲ့ နေမှာရေ! !"
ကိုယ်တွေပူနေပြီး သတိကောင်းကောင်းမရသည့်တိုင် သားကကိုယ့်အသံကိုကြားတာနဲ့ ကိုယ်နဲ့နေမယ့်အကြောင်းပြောနေရှာသည်။ ကိုယ်ငိုတာကိုမြင်ပြီးထဲက သားစိတ်မှာစိတ်ဒဏ်ရာကြီးကြီးမားမားရသွားတဲ့ပုံပင် ။ သူ့ဒယ်ဒီပြန်သွားတဲ့ ရှစ်ရက်အတွင်း
သူ့ဒယ်ဒီနောက်ကိုလိုက်ချင်ကြောင်း စကားတစ်ခွန်းတောင်မဆိုခဲ့ ။
သူ့ဒယ်ဒီနဲ့VC ပြောတဲ့အချိန်ဆိုရင်တော့ ငိုမဲ့မဲ့လေး
ဖြစ်နေတက်သေးသည် ။ ဒယ်ဒီပြန်မလာသေးဘူးလားဆိုတဲ့စကားကို ဖုန်းပြောတိုင်းတစ်ချိန်လုံး
မေးနေတက်တဲ့ကလေးက ဒီနေ့ညတော့ ညကြီးမိုးချုပ်ကောက်ခါငင်ကာဖျားလေပြီ ။
အပူကျအောင်ရေတဘက်တိုက်ပေးပေမယ့် ကိုယ်ပူက ပိုပြီးသာတိုးလာလေသည် ။ ဆေးရုံသွားဖို့ကျတော့လည်း ကိုယ့်မှာဆိုင်ကယ်သာရှိနေတာမို့ အဆင်မပြေ။ စိုးရိမ်စိတ်ကြောင့် မျက်ရည်ကျမိသည့်အထိဖြစ်ရလေသည် ။ အရင်ရက်တွေက ဘေးနမှာရှိနေပေးသည့်သူသာရှိနေရင် သားအတွက် အခုလောက် စိုးရိမ်စရာမလိုလောက်လောက်ဘူးထင်ရမည့်
စိတ်က ဝင်လာပြန်သည် ။ ဘဝမှာပထမဆုံး ထိုသူ့ ကိုအားကိုစိတ်ဝင်လာမိခြင်းသာ ။
" ဟင်း! ! အဟင်း! အဟင်း ! "
သားရဲ့ ညည်းညူသံသဲ့သဲ့က စိုးရိမ်စိတ်ကိုပိုလာစေပြန်၏ ။ ဖျားခဲနာခဲပြီး ကျန်းမာရေးကောင်းလွန်းလှတဲ့သားလေးက ညဘက်ကြီးသတိလစ်မတက်ကို
ဖြစ်နေတာကြောင့် နောက်ဆုံးတော့ ဘယ်လိုစိတ် အားကိုးမှုနဲ့ဆိုတာမျိုး ကိုယ့်ဘာသာမသိနိုင်ခင်
ရန်ကုန်က ထိုသူ့ဆီ ဖုန်းလှမ်းခေါ်လိုက်မိသည် ။
" တူ!! တူ!! တူ !! "
အိပ်ကောင်းနေတဲ့အချိန်မို့ ဖုန်းကချက်ချင်းမကိုင် ။
ဖုန်းဝင်ပြီးသိပ်မကြာခင်ပဲ ---
" Hello ရာဇ် ဘာဖြစ်လို့လဲ "
အိပ်ချင်စိတ်မပြေသေးတဲ့ တဖက်ကအသံကိုကြားလိုက်ရတော့ အားငယ်စိတ်ဝင်လာပြီး ချက်ချင်းစကားမပြောနိုင်သေး ။ ကိုယ့်က ဘာလို့များဒီလောက်တောင် စိတ်ဓာတ်ပျော့ညံ့မိသွားတာလဲ ။
" ရာဇ် ဘာဖြစ်လို့လဲ ၊ နေပါဦး ဘယ်အချိန်ရှိနေပြီလဲ ၊ ဘာများဖြစ်လို့ ကိုယ့်ဆီကိုဖုန်းဆက်ရတာလဲ "
" ကျွန်တော် "
စကားလုံးတွေက လုံးဝကိုလွယ်လွယ်ကူကူထွက်မလာပါ ။ သူက အဝေးကြီးမှာလေ ။ ဘာများလုပ်ပေးနိုင်မှာမို့လို့လဲ ။
" တစ်နာရီတောင်ကျော်နေပြီပဲ ၊ဘာဖြစ်တာလဲရာဇ် ၊ ကိုယ့်ကိုပြောစမ်း ၊ စိတ်ပူလာပြီ "
သူ့အသံက တကယ်ကိုစိတ်ပူပင်လာပုံနဲ့ တုန်ရီလာတာမို့ စကားတစ်ခွန်းကိုအားတင်းပြီးပြောလိုက်မိတော့သည် ။
" သား!! သားလေး နေမကောင်းဘူး "
" ဘာ!! သားကဘာဖြစ်တာလဲ "
တဖက်ကအော်လိုက်တံအသံက ကျယ်လောင်လွန်းတာမို့ ရာဇ်ကိုယ်တိုင်တောင် လန့်သွားရလေသည် ။ ဒါပေမယ့် သူ့ကိုလဲစိတ်မဆိုးနိုင်ခဲ့ ။ သားဇောမဟုတ်လား ။ အဖေတစ်ယောက်ဖြစ်နေတဲ့ကိုယ်က
တစ်ဖက်ကအဖေတစ်ယောက်ရဲ့ ပူပင်မှုကို ကောင်း
ကောင်းနားလည်ပေးနိုင်လေသည် ။
" ကိုယ်ပူတွေကြီးနေတယ် ၊ ဆေးရုံသွားဖို့ကျ အဆင်မပြေဘူး ၊ ဘာလုပ်ရမလဲမသိတော့ပါဘူး "
" အခုရော သားက ဘယ်လိုနေသေးလဲ "
" အပူတွေကြီးပြီး ကယောင်ကတမ်းတွေပြောနေတယ် ၊ ခင်ဗျားကို လွမ်းနေတာထင်တယ် ၊ ဒယ်ဒီလို့ပဲခေါ်နေတယ် "
" ရာဇ် အခုကိုယ်ပြောတာကိုသေသေချာချာနားထောင်နော် ၊ သားကနေမကောင်းတော့ ဒီတိုင်းပဲ
ညည်းနေတာမျိုးပဲနေမှာ ၊ ကိုယ့်နာမည်ခေါ်တိုင်းလဲ
စိတ်မကောင်းမဖြစ်နဲ့ ၊ သား ဘယ်သူ့ကိုပိုချစ်လဲမင်းလဲအသိဆုံး ၊ ကိုယ်လဲသိနေပြီးသား ၊ အခုသားရဲ့ ဘေးမှာပဲနေနော် ၊ ခဏလေးစောင့် ၊ ကိုယ်အဆင်ပြေအောင်လုပ်ပေးမယ် ၊ ဘာမှမစိုးရိမ်နဲ့ဟုတ်ပြီ လား "
" အင်း !! "
ဖုန်းသံကချက်ချင်းပြတ်တောက်သွားလေတယ် ။
ခဏအကြာမှာတော့ ဖုန်းပြန်ဝင်လာပြီး သားအခြေအနေကို VC ကနေတောက်လျှောက်ကြည့်နေတဲ့လူကြီး ။ သူ့မျက်နှာတွင်လဲစိုးရိမ်စိတ်က အထင်းသား ။ သားကလဲ ညည်းတောင်မညည်းနိုင်တော့ပဲ
မှိန်း၍သာနေလေသည် ။
သူ့ရဲ့ဖုန်းနောက်တစ်လုံး ဖုန်းပြောနေပြီး ခဏအ
ကြာမှာတော့ ---
" ရာဇ်!! အပြင်ကိုတံခါးသွားဖွင့်ပေးလိုက် ၊ ကိုယ့် အသိဆရာဝန် ဆိုင်အပြင်ဘက်ကိုရောက်နေပြီ "
စောစောက ဖုန်းချသွားတာက သူ့အသိဆရာဝန်ဆီ
ဖုန်းလှမ်းဆက်တာကြောင့်ဖြစ်ပုံရသည် ။ နာရီဝက်လောက်အတွင်းမှာကို ဆရာဝန်ရောက်လာပေးလေသည် ။ ဆိုင်အရှေ့ကိုအမြန်ပြေးပြီးတံခါးဖွင့်ပေး
လိုက်တော့ အဆင်သင့်စောင့်နေတဲ့လူတစ်ယောက်။ ကိုယ့်ကိုမြင်တာနဲ့ ----
" ကျွန်တော့်ကို ကိုစစ်မင်း ဖုန်းဆက်ပြောလို့ပါ " ဆိုတဲ့ဆရာဝန်ဟာ ကိုယ်တွေမြို့မှာ ကုသရေးပိုင်းထူးချွန်မှုကြောင့် ကောင်းသတင်းနှင့်ပြည့်စုံတဲ့သူမှန်း
မြင်တာနဲ့တန်းသိလိုက်သည် ။
အခန်းထဲကိုရောက်တာနဲ့ ချက်ချင်းပဲသားကိုလိုအပ်တဲ့စစ်ဆေးမှုတွေလုပ် ၊ ပြီးတာနဲ့ ဆေးထိုးပေးပါတယ် ။ ဆရာဝန်ကိုယ်တိုင်ခဏလောက်စောင့်ကြည့်နေပေးပြီး သားရဲ့ကိုယ်ပူကျသွားကာမှ ---
" ကလေးကမနက်လောက်ဆို လန်းသွားပါလိမ့်မယ် ၊ မစိုးရိမ်ပါနဲ့တော့ ၊ ကဲ ရန်ကုန်က ဖေဖေလဲ စိတ်မပူပါနဲ့ဗျာ ၊ ကလေးက ရိုးရိုးတန်းတန်းဖျားတာပါ ၊
ကျွန်တော်လဲနေ့တိုင်းလာကြည့်ပေးပါ့မယ် ၊ စိတ်ချဟုတ်ပြီလား "
ဆရာက ကိုယ့်ကိုပြောနေရင်းကနေ ဖုန်းထဲကနေတဆင့်မြင်နေရသူကိုလဲ အကျိုးအကြောင်းလှမ်း
ပြောနေပြန်တယ် ။ ညဘက်ကြီးဖုန်းဆက်နှိုးလို့ရတယ်ဆိုထဲက အတော်ကိုရင်းနှီးတဲ့သူတွေသာဖြစ်နိုင် သည် ။
" ကျေးဇူးပါ ကိုကောင်းမြတ်ရေ ၊ ညကြီးအချိန်မတော်အိပ်ယာကနေ နှိုးရတာလဲအားနာပါတယ်ဗျာ ၊
အခြားသူကိုလဲ အကူအညီမတောင်းခြင်တော့လေ၊ တကယ်ကိုကျေးဇူးတင်ရပါတယ် "
VC ကနေတဆင့် ကျေးဇူးတင်စကားလှမ်းပြောလာတဲ့ လူကြီးရဲ့အသံကလဲ အနည်းငယ်စိတ်သက်သာရာရသွားတဲ့ လေသံမျိုး ။
" ရပါတယ် ကိုစစ်မင်းရယ် ၊ ပြောရမယ့်လူတွေမှမဟုတ်တာ ၊ ဒါနဲ့ ကိုစစ်မင်းတို့များ အမျိုးသားချောချောလေးနဲ့ သားချောချောလေး ပြင်ဦးလွင်မှာရှိနေတာကို မပြောဘဲဥထားတယ်နော် ၊ အခုမှဘဲ သိရတော့တယ် ၊ ဘာလဲဖွက်ထားတာလား "
ဆရာဝန်ပြောလိုက်တဲ့စကားကြောင့် ရာဇ်မှာမျက် နှာတွေပူသွားရလေသည်။ လူကြီးကကိုယ်နဲ့သားကို သူ့အမျိုးသားနဲ့သူ့သားဆိုပြီး ဆရာဝန်ကိုအသိပေးလိုက်ပုံရ၏ ။ သူပြောတာလဲ မမှားပေမယ့်
ကိုယ်ကအနေခက်လှသည် ။
" ဟား !!ဟား!! ဟား !! အဲလိုမျိုးမဟုတ်ရပါဘူး
ကိုကောင်းမြတ်ရယ် ၊ စကားမကြုံလို့မပြောဖြစ်တာပါ ၊ ကျွန်တော်နောက်ရက်တွေကျမှ လက်ဆောင်ကောင်းကောင်းပို့ပေးလိုက်ပါ့မယ် ၊ တကယ်ကျေးဇူးပဲနော့ "
" လက်ဆောင်ဘာညာလုပ်မနေပါနဲ့ဗျာ ၊ ဒီလူနဲ့ဒီလူ
ကြားမှာ လက်ဆောင်မလိုပါဘူး "
" ဟုတ်ပါပြီဗျာ ၊ ဒါဆိုလဲ ကိုကောင်းမြတ်ဆောက်မယ့် ကိုယ်ပိုင်ဆေးရုံအတွက် ရှယ်ယာပါဖို့စီစဉ်လိုက် ပါ့မယ် ၊ ဒါတော့မငြင်းနဲ့နော် "
လူကြီးရဲ့စကားကြောင့် ဆရာ့မျက်နှာက ပြုံးရွှင်လာကာ ----
" ဟာ! ဒီလိုဆိုရင်တော့ ပျော်ပြီပေါ့ဗျာ ၊ နောက်ရက်လာရင်တွေ့ကျရအောင်လေ "
" Okay!! Okay !!ဆက်ဆက်ကိုလာတွေ့ပါ့မယ်
ဗျာ "
နောက်ဆုံးတော့ဆရာဝန်ကိုကောင်းမြတ်က နှုတ် ဆက်ပြီးပြန်သွားပါသည် ။ နာရီကြည့်လိုက်တော့
မနက်သုံးနာရီထိုးခါနီးနေပြီ ။ အခန်းထဲ ပြန်ရောက်တာနဲ့ ----
" ခင်ဗျားလဲ အိပ်တော့"
" ကိုယ်မအိပ်ချင်တော့ဘူး "
" မအိပ်ချင်လဲ ဖုန်းချပြီး ပြန်မှိန်းနေလိုက် ၊ မနက်လင်းဖို့က လိုသေးတယ် ၊ ဒါနဲ့ကျေးဇူးပဲနော် "
" ရာဇ်ကလဲကွာ ၊ ဘာကိုကျေးဇူးတင်နေတာလဲ ၊
သားနေမကောင်းတာ ကိုယ်ကအနီးမှာတောင်ရှိမပေးနိုင်တာကို ၊ အဖေတစ်ယောက်က ဒီထက်မကလုပ်ပေးရမှာကိုလေ "
" ကဲပါ ၊ သားက အပူကျနေပြီ ၊ ခင်ဗျားလဲနားလိုက်ပါ ၊ သားကိုရော ခင်ဗျားကိုပါ စိတ်မပူနိုင်ဘူး ၊
နားဆိုနားလိုက် "
" ဟုတ်ပါပြီကွာ ၊ နားဆိုလဲနားလိုက်ပါ့မယ် ၊ တစ်ခုခုဆိုရင်တော့ ဖုန်းဆက်နော် "
" အင်းပါ ၊ ဆက်လိုက်မယ် "
သားကလဲသက်သာသွားတာမို့ လူကြီးကို ဖုန်းချပြီးအိပ်ခိုင်းလိုက်ရသည်။ တဖက်ကလူက သူ့သားကိုစိတ်မချလို့မအိပ်ချင်သေး ။ မနည်းပြောပြီး ဖုန်းချလိုက်ရသည် ။သူလဲမနက်ဆို အလုပ်တွေရှိနေမှာမဟုတ်လား ။ စိတ်ပူစရာမရှိတဲ့အခြေအနေမှာ သူ့ကိုလဲအိပ်ရေးမပျက်စေချင်ပါ ။
<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
" သားလေး ဆေးသောက်ရအောင်နော် "
" အဟင့် !! အဟင့်! ! "
သားက အပူကျသွားပေမယ့် နေမကောင်းတဲ့အရှိန်ကြောင့် လူကအီနေလေသည် ။အမြဲတမ်း ရွှင်ပြနေတက်တဲ့သားက တဂျီဂျီနဲ့ဂျီကျနေတော့ ရာဇ်ဘာလုပ်ရမှန်းမသိ ။ သူ့ဒယ်ဒီကိုများ သတိရနေလားဆိုတဲ့စိတ်နဲ့ --
" ဂျွန်လေး ဒယ်ဒီ့ကိုသတိရနေတာလား ၊ ဒယ်ဒီနဲ့နေချင်လို့လားဟင် "
ကိုယ်မေးလိုက်တဲ့စကားကြောင့် သားကသူ့ခေါင်းလေးကိုခါပြလာရင်း ---
" ပါးပါးနဲ့ပဲနေမှာရို့ "
မျက်ရည်တွေပြည့်နေတဲ့ မျက်ဝန်းလေးနဲ့ပြောလာတဲ့သားရဲ့စကားကြောင့် ရင်ထဲနင့်နေအောင်ခံစားလိုက်ရလေသည် ။ သားကိုရင်ခွင်ထဲအထိပွေ့ဖက် ထားမိရင်း ကိုယ့်ကိုကိုယ်လဲ အပြစ်မကင်းတဲ့ခံစားချက်က ရင်နှင်အမျှခံစားလိုက်ရပြန်တယ် ။ ဒီကလေးကို လူ့လောကထဲကိုယ့်သဘောနဲ့ကိုယ်ခေါ်လာ
ပြီး သူ့အရွယ်လေးနဲ့မမျှတဲ့ စိတ်ဒဏ်ရာတွေကိုပေးနေမိလေပြီ ။ ကိုယ်ဟာ တစ်ကိုယ်ကောင်းဆန်တဲ့ဖခင်တစ်ယောက် ဖြစ်မှန်းမသိဖြစ်နေတာပါလား ။
" ဆေးသောက်ရအောင်နော် သားသားရယ် "
" အဟင့် ခါးရယ် သောက်ဘူး အဟင့် ဟင့် "
" ဆေးသောက်ပါသားရယ် ဂျွန်လေးနေကောင်းရင်
ဒယ်ဒီ့ဆီကိုလိုက်သွားရအောင်လေ ၊ သောက်လိုက်နော် ၊ သားနေကောင်းမှသွားလို့ရမှာ "
ကိုယ်ပြောလိုက်တဲ့စကားကြောင့် ဂျွန်ကမော့ကြည့်လာရင်း ---
" ဒယ်ဒီဆီ သွားရဖို့ရား "
" ဟုတ်တယ် ဒယ်ဒီဆီသွားရအောင်လေ "
" ပါးပါးရော ရိုက်မှာရား "
" ပါးပါးပါ အတူတူလိုက်မှာပေါ့ "
" ဒယ်ဒီရယ် ပါးပါးရယ် တားတားရယ် တူနေရမှာရား "
" အင်း အတူတူနေရမှာ "
" ဒီမှာနေသရိုနော် "
" ဟုတ်တယ် ဒီမှာနေခဲ့သလိုမျိုးလေ "
" ပါး ညာရဝူးနော် "
" မညာပါဘူး သားရယ် ၊ အဲဒါကြောင့် ဆေးတော့သောက်နော် ၊ တော်ကြာ နေမကောင်းတာမပျောက်လို့ဆိုပြီး ဦးဦးဆရာဝန်က သားတင်ပါးကိုအပ်
ကြီးနဲ့ထိုးလိမ့်မယ် ၊ မကြောက်ဘူးလား "
" ပါး "
" ဗျာ "
" တားက ကြောက်တက်ဝူးလေ ၊ ယောက်တားလေးချိုတာ တတ်တိရှိရယ် "
" ဟုတ်ပါပြီ သားရယ် ၊ သတ္တိရှိလဲရန်ကုန်ကိုမြန်မြန်သွားလို့ရအောင် ဆေးသောက်နော် ၊ သားနေကောင်းတာနဲ့ ရန်ကုန်အိမ်ကိုသွားမယ်လေ ၊ သားဒယ်ဒီကမျှော်နေမှာ ၊ သားအတွက် ရွှေငါးလေးတွေအများကြီးဝယ်ပေးမယ်ပြောခဲ့တယ်လေ ၊ အဲဒါကြောင့် ဆေးလေးသောက်မယ်နော် "
" ဟုတ်တဲ့ "
ဂျွန်ကတော့ သူ့ဒယ်ဒီဆီလိုက်သွားကျမယ်ဆိုတော့မှ ဆေးကိုဖြောင့်ဖြောင့်တန်းတန်းသောက်လေသည် ။ ဆေးသောက်ပြီးသိပ်မကြာခင်ပဲ ဆေးအရှိန်ကြောင့် အိပ်ငိုက်လာတာနဲ့ ချီပြီသိပ်လိုက်ရပြန်တယ် ။
သားအိပ်ပျော်သွားပြီး သိပ်မကြာခင်ပဲ ----
" Ring !!Ring !!Ring!! "
ဖုန်းသံကြောင့် ကြည်လိုက်မိတော့ ဂျွန့်ဒယ်ဒီဖြစ်နေနာနဲ့ VC တစ်ခါထဲဖွင့်လိုက်ပါတယ် ။ တဖက်က
အလုပ်ကရုံးခန်းထဲမှာဖြစ်ပုံရလေသည် ။ ကိုယ့်ကိုမြင်မြင်ချင်းပဲ ။
" ရာဇ် !!သားဘယ်လိုနေသေးလဲ "
" သက်သာသွားပြီ ဆေးလဲတိုက်ထားတယ် ၊
ဆေးသောက်ပြီး စောစောလေးကမှ အိပ်ပျော်သွားတာ "
ပြောရင်းနဲ့သားအိပ်နေတဲ့ပုံလေးကိုအနီးကပ်ပြလိုက်တဲ့အခါ ----
" သားက ချောင်တောင်ကျသွားတယ်နော် ၊ သနားလိုက်တာ ၊ ကိုကောင်းမြတ်လာသေးလား "
" လာတယ် မနက်တစ်ခေါက်ညတစ်ခေါက်အမြဲလာပေးတယ် ၊ ဆေးဖိုးလဲပေးမရဘူး ၊ အားနာဖို့ကောင်းတယ် "
" အားမနာပါနဲ့ ၊ ကိုယ်နဲ့ရင်းနှီးတယ် ၊ တကယ်ဆိုကိုယ်က သားဆီကိုလာသင့်တာကွာ ၊ ဒီမှာအလုပ်တွေကအရေးကြီးပြီး ဘယ်လိုမှအချိန်ယူမရဘူး ၊ နောက်သုံးရက်ဆို ကိုယ့်အလုပ်တွေအကုန်ဖြတ် ထားပြီ ၊ ပြီးပြီးချင်း အဲကိုတန်းလာခဲ့မယ်နော် "
" ခင်ဗျား အလုပ်မှမအားတာကို ၊ အားနာမနေနဲ့ ၊
သားကလဲသက်သာနေပြီ "
" ရာဇ်! ! "
" အင်း ပြောလေ "
" မင်းလဲ ကျန်းမာရေးကို ဂရုစိုက်ပါနော် ၊ သားနေမကောင်းတာက မင်းပါချောင်ကျသွားတယ် "
" ကျွန်တော်အဆင်ပြေပါတယ် စိတ်မပူပါနဲ့ "
" စိတ်မပူပဲ ဘယ်လိုနေနိုင်ပါ့မလဲ ၊ ကိုယ်ကအနား
မှာရှိနေပေးရမယ့်ဟာကို မင်းကိုပဲ အပင်ပန်းခံခိုင်းနေမိတယ် "
" ကဲပါ ခင်ဗျားအလုပ်ကိုပဲအာရုံစိုက် ၊ ကျွန်တော်ကတကယ်အဆင်ပြေနေတယ် ၊ အခုတော့သားအိပ်နေတုန်း ရေလေးချိုးချင်လို့ ဖုန်းချလိုက်မယ်နော် "
" အင်းပါ အဲဒါဆိုရင်ဒါပဲလေနော် "
" အင်း "
" အရမ်းချစ်တယ်နော် ၊ တကယ်ကို အရမ်းချစ်တယ် "
" အင်း ကျွန်တော်ရော ... "
ရုတ်တရက် ကိုယ်နှုတ်ကနေ အထိန်းအကွပ်မဲ့ထွက်ကျလာမယ့်စကားလုံးတွေကို သတိနဲ့ရပ်တန့်လိုက်ရသည် ။ တဖက်ကလူကတော့ ကိုယ့်ကိုအကဲခတ်နေရင်းကနေ ---
" ကျွန်တော်ရော ဘာဖြစ်လဲရာဇ် ၊ ဆက်ပြောလေ "
" ကျွန်တော် ရေချိုးတော့မယ်လို့ပြောတာ "
မညာတက်ပေမယ့် ယုတ္တမရှိတဲ့ အလိမ်အညာစကားတစ်ခွန်းကိုသာဆိုလိုက်သည် ။ တဖက်ကလူမယုံမှန်းသိနေပေမယ့်လဲပေါ့ ။ လူကြီးကလဲ ကိုယ့်ကိုချောင်ပိတ်မေးတာမျိုးမလုပ်ဘဲနဲ့ ---
" အင်းပါ ရေကိုသာ မြန်မြန်ချိုး အေးတယ် "
" ဒါပဲ "
ရာဇ်ကတော့ ကိုယ့်ဘက်ကနေအရင် ဖုန်းချလိုက် တယ် ။ ဒီလူနဲ့ပြန်တွေ့ရပြီးနောက်ပိုင်းမှာ
ကိုယ့်ရဲ့စိတ်တွေထဲမှာ ခံစားချက်နှစ်မျိုးက အမြဲဒွန် တွဲနေရလေသည် ။ ချစ်စိတ် နဲ့ နာကျည်းစိတ်တွေဟာ ကိုယ့်နှလုံးသားထဲမှာ တကန့်စီခွဲထားလို့ရနေတာများလားကွာ ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
" ဆရာ အပြင်မှာဧည့်သည်ရောက်နေတယ် ၊ ဆရာနဲ့တွေ့ချင်လို့ပါတဲ့ "
အသစ်ခေါ်ထားတာ လပိုင်းပဲရှိသေးတဲ့အိမ်အကူကလေးမလေး လာပြောတဲ့စကားကြောင့် စာရင်းတွေစစ်နေရင်းကနေ မော့ကြည့်လိုက်မိသည် ။ မနက်ကို နေ့တစ်ပိုင်းအလုပ်ဆင်းပြီးတာနဲ့ ရာဇ်တို့သားဖဆီကိုသွားနိုင်ဖို့အတွက် ဒီညမှာညလုံးပေါက်စာရင်းတွေစစ်ဖို့တွေးထားပြီးသား ။
" ဘယ်သူလို့ပြောလဲ "
" ဘယ်သူလို့တော့ မပြောဘူးဆရာ ၊ အမျိုးသားတစ်ယောက်ပဲ ၊ ကလေးတစ်ယောက်လဲပါလာတယ် "
" အမျိုးသားနဲ့ကလေးတစ်ယောက် ဟုတ်လား "
ကြားလိုက်ရတဲ့စကားက နားကြားများလွဲသလားဆိုတဲ့စိတ်နဲ့ ပြန်မေးလိုက်မိလေသည် ။
" ဟုတ်တယ် ဆရာ "
ချက်ချင်းပဲ အိမ်ထဲကနေအပြေးတပိုင်းထွက်လာကာ ခြံအရှေ့ကိုအမြန်လျှောက်သွားမိတယ် ။ ခြံရှေ့ကိုရောက်တဲ့အချိန်မှာတော့ မမျှော်လင်တဲ့
သူလေးတွေကိုတွေ့လိုက်ရလေပြီ ။
" ရာဇ် !!သားလေး! ! "
ရာဇ်ကတော့ သားလက်လေးကို သူ့လက်တစမဖက်နဲ့ဆွဲထားရင်း ကျန်လက်တစ်ဖက်က သူ့လည်ဂုတ်ကိုသာပွတ်နေသည် ။ သူ့ အကြည့်တွေကိုလဲ
ကိုယ့်မျက်နှာဆီကနေလွှဲထားသေးသည် ။ ခြံတံခါးကိုဆွဲဖွင့်လိုက်တဲ့အခါ ----
" ဒယ်ဒီရေ ----"
ကိုယ့်ဆီကိုအပြေးလာနေတဲ့သားကို ဒူးထောက်ထိုင်ချလိုက်ပြီး လက်နှစ်ဖက်ဆန့်တန်းကာ ကြိုဆိုလိုက်မိသည် ။ ရင်ခွင်ထဲဝင်လာတဲ့ကိုယ်လုံးအိအိလေးကိုဖက်လိုက်ရတာက ကြည်နူးစိတ်ကိုချက်ချင်းဖြစ်စေပြန်တယ် ။
" ဒယ်ဒီရေ .... တားတား ဒယ်ဒီရေ အာဘွား "
ကိုယ်လဲသားပါးလေးကို ဘယ်ပြန်ညာပြန်နမ်းလိုက်ရင်း ----
" သားလေး ဒယ်ဒီ့သားလေးရယ် ၊ ဒယ်ဒီကအများ
ကြီးလွမ်းနေတာလေ "
သားကိုပွေ့ချီလိုက်ပြီး မက်တပ်ထရပ်လိုက်သည် ။
ရာဇ်ကတော့ ကိုယ့်မျက်နှာကိုမကြည့်ဘဲ ---
" သားက ခင်ဗျားကိုလွမ်းနေလို့ လိုက်ပို့ပေးတာ "
" ကျေးဇူးပါ ရာဇ်ရယ် ၊ ကိုယ်မင်းတို့သားဖတွေကို
အရမ်းသတိရနေတာ "
" ဒယ်ဒီ !!ဒယ်ဒီ !!"
သားက ကိုယ့်မေးစေ့ကိုကိုင်ပြီးခေါ်နေတာမို့ ---
" ဗျာ ! ဗျ !"
" ပါးပါက ဒီမာနေမာတဲ့ ၊ ဒယ်ဒီရယ် ပါးပါးရယ်
တားတားရယ် ဒီမှာတူတူနေမာရဲ့ ၊ တားကို ရွှေနားလေးတွေဝယ်ပေးရမယ်နော် "
သားဆီကနေကြားလိုက်ရတဲ့စကားကြောင့် တော်တော်လေးဝမ်းသာသွားရလေသည် ။ မာနခဲလေးရာဇ်က ဘယ်လိုမျိုးတွေကြောင့် စိတ်ကူးပြောင်းသွားရတာပါလိမ့် ။
" ဝယ်ပေးမှာပေါ့ အများကြီးကိုဝယ်ပေးမှာ ၊ ဒါနဲ့ရာဇ် သားပြောတာအမှန်ပဲလားဟင် "
ရာဇ်ကတော့ သူ့လည်ပင်းကိုသာလက်တစ်ဖက်နဲ့
နာနာဖိပွတ်နေရင်း ----
" အဲဒါက သားကခင်ဗျားကို အရမ်းလွမ်းနေလို့
လိုက်ပို့ပေးတာ ၊ဟိုတစ်ခါနေမကောင်းတာကလဲ
ခင်ဗျားကိုလွမ်းဖျားဖျားတာလေ ၊ ကျွန်တော့်အတ္တတစ်ခုအတွက်နဲ့သားကို အရွယ်နဲ့မလိုက်တဲ့စိတ်ဒဏ်ရာတွေမရစေချင်လို့ ၊ အဲဒါကြောင့် အခုလိုဆုံးဖြတ်လိုက်ရတာ ၊သားကို ဒီကိုလိုက်ပို့ပေးပေမယ့် ခင်ဗျားကိုပြန်လက်ခံတာမဟုတ်ဘူးနော် ၊ အဲဒါကိုမှတ်ထား "
စကားတွေအများကြီးပြောနေတဲ့ ကိုယ့်အမျိုးသားလေးက ကိုယ့်မျက်ဝန်းတွေကိုတော့လုံးဝကြည့်မနေပါ ။ သူအနေခက်နေမှာပေါ့ ။ ရာဇ် ဘက်ကိုထည့်တွေးလိုက်ရင်း သူစိတ်သက်သာစေဖို့အတွက် စကားလမ်းကြောင်းပြောင်းဖိုကြိုးစားလိုက်ရပြန်တယ် ။
" ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ကွာ ၊ လာအိမ်ထဲသွားကျရအောင် ၊ ခရီးပန်းလာတာ နားရမှာပေါ့ "
သိဒ္ဓိကတော့ ခပ်လှမ်းလှမ်းမှာရပ်နေတဲ့ ကလေးမလေးကို ရာဇ်တို့သားဖတွေ ပါလာတဲ့အိတ်တွေကိုသယ်ခဲ့ဖို့ အချက်ပြလိုက်သည် ။ သားကိုချီပြီး အိမ်ထဲ
ပြန်ဝင်လာကာ ပိတ်ထားတာကြာနေပြီဖြစ်တဲ့
အခန်းတစ်ခန်းအရှေ့မှာရပ်လိုက်ပါတယ် ။ လူမနေတာကြာနေပြီဖြစ်ပေမယ့် ကိုယ်တိုင်ကိုယ်ကျသန့်ရှင်းရေးအမြဲလုပ်ထားတက်တဲ့အခန်းလေးမို့ တံခါးဖွင့်လိုက်တာနဲ့ အမွှေးနဲ့လေးတွေသင်းပျံ့နေလေသည်။
သားကိုချီပြီး အခန်းထဲဝင်လိုက်တဲ့အချိန် ရာဇ်ကလဲ
ကိုယိ့နောက်ပါးဆီကနေကပ်လိုက်လာမှန်းငိလိုကိတယ် ။
ကိုယ်မျှော်လင့်ခဲ့ရတဲ့အခြေအနေလေးပါပဲ ။ ကိုယ်ချစ်ရတဲ့အမျိုးသားလေးနဲ့အတူတူ ဒီအခန်းလေးထဲမှာအတူပြန်နေချင်ခဲ့တာလေ ။ စောင့်ခဲ့ရတဲ့ အချိန်တွေ ၊ ကျခဲ့ရတဲ့မျက်ရည်တွေရဲ့ နောက်ဆုံးမျှော်လင့်ချက်လေးက ကိုယ်မထင်မှတ်ထားတဲ့အချိန်မှာပြည့်ဝခဲ့လေပြီ ။ ဂျွန်စစ်မင်း ဆိုတဲ့အဖိုးတန်လက်ဆောင်လေးတောင်အဆစ်အနေနဲ့ ရခဲ့ရလေပြီ ။
ဒီနေ့မှစ၍ ကိုယ်သေဆုံးရမယ့်နေ့ကိုရောက်ခဲ့သည့်တိုင် မင်းနဲ့သားအပေါ်ကို အပြစ်ကြွေးတွေပေးဆပ်ပါမည် ။ ကိုယ့်နှလုံးသား နဲ့ကိုယ့်စိတ်ဝိညာဉ်ကို
ဒီအရှင်သခင်များထံပါး ရိုကျိုးစွာနှင်းအပ်ပါမည် ။
ကိုယ့်ရဲ့ ဘဝမှာ မင်း နဲ့ သား မှတပါး အခြားမရှိစေရပါ ။ ကိုယ် ထိုမျှလောက်ထိ ချစ်ခဲ့မိပါသည် ။
Phoenix12
19.7.2022
P.M - 9:00
📌A/N - မနေ့ညကလိုင်းမကောင်းလို့ Update
တင်မရတာပါ ။ အခုညလဲ လိုင်းလေးကောင်းတုန်းလာတင်တာပါ ။