Worship Me, I Can Make You Ri...

By XiaoMaoMao55

509K 95.9K 4K

Author: Fly Far, 向远飞 Genre: Action, Comedy, Fantasy, Mecha, Romance, Sci-fi, Shounen Ai, Xuanhuan Status: 63... More

Translator's note
Chapter 1 (U+Z)
Chapter 2 (U+Z)
Chapter 3 (U+Z)
Chapter 4 (U+Z)
Chapter 5 (U+Z)
Chapter 6 (U+Z)
Chapter 7 (U+Z)
Chapter 8 (U+Z)
Chapter 9 (U+Z)
Chapter 10 (U+Z)
Chapter 11 (U+Z)
Chapter 12 (U+Z)
Chapter 13 (U+Z)
Chapter 14 (U+Z)
Chapter 15 (U+Z)
Chapter 16 (U+Z)
Chapter 17 (U+Z)
Chapter 18 (U+Z)
Chapter 19 (U+Z)
Chapter 20 (U+Z)
Chapter 21 (U+Z)
Chapter 22 (U+Z)
Chapter 23 (U+Z)
Chapter 24 (U+Z)
Chapter 25 (U+Z)
Chapter 26 (U+Z)
Chapter 27 (U+Z)
Chapter 28 (U+Z)
Chapter 29 (U+Z)
Chapter 30 (U+Z)
Chapter 31 (U+Z)
Chapter 32 (U+Z)
Chapter 33 (U+Z)
Chapter 34 (U+Z)
Chapter 35 (U+Z)
Chapter 36 Part 1 (U+Z)
Chapter 36 Part 2 (U+Z)
Chapter 37 (U+Z)
Chapter 38 (U+Z)
Chapter 39 (U+Z)
Chapter 40 (U+Z)
Chapter 41 (U+Z)
Chapter 42(U+Z)
Chapter 43 (U+Z)
Chapter 44 (U+Z)
Chapter 45 (U+Z)
Chapter 46 (U+Z)
Chapter 47 (U+Z)
Chapter 48 (U+Z)
Chapter 49 Part 1(U+Z)
Chapter 49 Part 2 (U+Z)
Chapter 50 (U+Z)
Chapter 51 (U+Z)
Chapter 52 (U+Z)
Chapter 53 (U+Z)
Chapter 54 (U+Z)
Chapter 55 (U+Z)
Chapter 56 (U+Z)
Chapter 57 (U+Z)
Chapter 58 (U+Z)
Chapter 59 (U+Z)
Chapter 60 (U+Z)
Chapter 61 (U+Z)
Chapter 62 (U+Z)
Chapter 63 (U+Z)
Chapter 65 - Extra 2 (U+Z)
Chapter 66 - Extra 3 (U+Z)
Chapter 67: Extra 4 (U+Z)- End

Chapter 64 - Extra 1 (U+Z)

6.2K 1.1K 32
By XiaoMaoMao55

-Unicode-

အခန်း ၆၄ - Extra 1: နတ်ဘုရားတို့အပြန်

ကမ္ဘာ ပြန်ပေါ်လာတဲ့အဖြစ်ဟာ စကြဝဠာထဲမှာ လှိုင်းတစ်လှိုင်းပြီးတစ်လှိုင်း ဖန်တီးခဲ့တယ်။

တခြားမျိုးနွယ်တွေကို ထားလိုက်ဦး လူသားအကြောင်းသက်သက်ပဲ ပြောကြတာပေါ့။ နှစ်ပေါင်းထောင်ချီတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေအားလုံးပြီးနောက် လူသားမျိုးနွယ်တွေဟာ မူလကနဦးက လူသား သန်းဂဏန်းအချို့ကို ကျော်လွန်ခဲ့တာ ကြာခဲ့ပြီဖြစ်တယ်။ အခုဆို လူဦးရေဟာ တစ်ထရီလီယမ်ကိုတောင် ကျော်လာခဲ့ပြီ။ အပြင်ဘက်မှာ ဂြိုလ်တွေအများကြီးရှိတယ်။ စကြဝဠာကို ကြီးစိုးနေတဲ့ အားကြီးတဲ့ လူသားနေထိုင်တဲ့ နိုင်ငံတွေလည်း အများကြီးရှိတယ်။ လူသားမျိုးနွယ်တွေက အတိတ်ကလို အခြားကြယ်အစုအဝေးထဲက မျိုးနွယ်စုပေါင်းမျိုးစုံရဲ့ အနိုင်ကျင့်တာကို ခံရတဲ့ ကလေးသေးသေး မဟုတ်တော့ဘူး။

နောက်ပြီး လူသားတွေမှာ အတော်လေးထူးခြားတဲ့ ပါရမီရှိတယ်။ လူသားတွေက ရှင်သန်နိုင်စွမ်းမှာရော ယဉ်ကျေးမှုမှာရော အားကောင်းကြတယ်။ အခြား မျိုးနွယ်စုတွေရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့တောင်မှ သူတို့တွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကို တခြားမျိုးနွယ်စုယဉ်ကျေးမှုတွေနဲ့ မသိမသာ ရောနှောနိုင်ကြတယ်။

ဒီလိုနှစ်ထောင်ပေါင်းများစွာကြာပြီးနောက်မှာ ကြယ်အစုအဝေးထဲက မျိုးနွယ်စု အမျိုးမျိုးဟာ အကုန်လုံး လူသားတွေရဲ့ လွှမ်းမိုးမှုကို ခံကြရတယ်။ နောက်ပြီး ဒါကြောင့်ပဲ သွေးနှောမျိုးနွယ်တွေက တကယ်တော့ အတော်လေး ပျံ့နှံ့နေကြတယ်။

အဲဒါကြောင့် စကြဝဠာတစ်ခုလုံးက အတိတ်ကထက်တောင် ပိုလို့စိတ်အားထက်သန်ပြီး တက်ကြွစွာ တုံ့ပြန်ခဲ့ကြတယ်။

လူသားတွေက အကုန်လုံး ကမ္ဘာပြန်အလာကို အောင်ပွဲခံနေကြတယ်။ တစ်ချိန်တည်းမှာပဲ သွေးနှောမျိုးနွယ်တွေဟာလည်း သူတို့ရဲ့မိဘတွေ၊ ဘိုးဘွားတွေနဲ့အတူတူ ကမ္ဘာပြန်အလာကို အောင်ပွဲခံကြတယ်။ ကြယ်အစုအဝေးထဲက မျိုးနွယ်အချို့အတွင်းမှာ လူသားတွေကြီးမှူးတဲ့ စီးပွားရေး၊ ကော်ပိုရေးရှင်းတွေနဲ့ အဲဒီလိုမျိုးအဖွဲ့အစည်းတွေ အများအပြားကလည်း ကမ္ဘာပြန်အလာကို ကြိုဆိုကြတယ်။

နောက်တော့ ဒီလိုနဲ့ပဲ လူတိုင်းက "နှစ်သစ်ကူးကို ကြိုဆို" သလိုပဲ အလွန်ထူးဆန်းတဲ့ သဘာဝဖြစ်စဉ်တစ်ခုက ကြယ်အစုအဝေးဆိုင်ရာနိုင်ငံတွေနဲ့ မျိုးနွယ်စုအများအပြားမှာ ပေါ်လာတယ်။ လူတိုင်းက သူတို့က ကမ္ဘာနဲ့ဆက်စပ်နေသလိုမျိုး ကြိုဆိုနေကြတော့တယ်။

ကမ္ဘာက သေချာပေါက် လူသားတွေနဲ့ပဲ သက်ဆိုင်တာပါ။ ဒါဆို ဘာလို့ တခြားကြယ်အစုအဝေးထဲက မျိုးနွယ်တွေကပါ ရုတ်ရုတ်သဲသဲတွေဖြစ်နေရတာလဲ။

ဒါပေမဲ့ စိတ်လှုပ်ရှားမှုတွေ၊ ပျော်ပွဲရွှင်ပွဲတွေနဲ့အတူ အားလပ်ရက်ပေးတာတင်မက ဒစ်စကောင့်အစီအစဉ်တွေမျိုးစုံပါမှတော့ ဘယ်သူက မကြိုက်ဘဲနေမလဲ။ ဘယ်သူက မပျော်ဘဲနေမှာလဲလေ!

ဒါကြောင့် စကြဝဠာတစ်ခုလုံးက ဒီလိုနဲ့ပဲ ကမ္ဘာပြန်အလာကို ကြိုဆိုကြတဲ့ ရေပန်းစားတဲ့ကာလတစ်ခု ဖြစ်သွားသေးတယ်။

ဟုတ်တာပေါ့ ပျော်ရွှင်နေတဲ့လူတွေအများကြီးရှိသလို သုန်မှုန်နေတဲ့သူတွေလည်း ရှိတာပဲ။

အထူးသဖြင့် အဖွဲ့ချုပ်ဘက်မှာ.. အဲဒီတုန်းက အင်ပါယာနဲ့အတူတူလုပ်ခဲ့တဲ့ သံတမန်က စေ့စေ့ပေါက်ပေါက်ကို အဆူအငေါက် ခံလိုက်ရတယ်။

"အင်ပါယာမှာ ရှိနေခဲ့တာမလား။ ဘယ်လိုဖြစ်လို့ ဘာမှမကြားခဲ့ရတာလဲ။ ဝမ်ရှောင်းယွင်နဲ့ အပေးအယူကိစ္စ ဆွေးနွေးခဲ့သေးတယ်မလား။ အဲဒီတုန်းက ဘာလို့ သေချာ မမေးခဲ့ရတာလဲ!"

ဒါက ကမ္ဘာမလား! ပုံမှန်သာမန်ဂြိုလ်တစ်လုံးမဟုတ်ဘူးလေ။ ကမ္ဘာပဲ!

သံတမန်မှာလည်း ခါးသီးနေတဲ့မျက်နှာဖြစ်နေတယ်။ "ကျွန်တော်က ဝမ်ရှောင်းယွင်နဲ့ အပေးအယူတစ်ခု ဆွေးနွေးခဲ့တယ်ဆိုပေမဲ့.. အဲဒါက တစ်ဖက်သက် အလဲအလှယ်တစ်ခုပဲ... ကျွန်တော့်မှာ ဘာပြောဆိုခွင့်မှ မရှိခဲ့ဘူး။ ခင်ဗျားတို့တွေပဲ ကျွမ်း-လောင်ရှီးသာ ကျွန်တော်တို့အဖွဲ့ချုပ်က ဓာတ်ရောင်ခြည်သင့်လူတွေကို ကုသပေးလိုစိတ်ရှိမယ်ဆိုရင် ဝမ်ရှောင်းယွင်တောင်းဆိုတဲ့ ဘယ်လိုအခြေအနေမျိုးကိုမဆို သဘောတူလို့ရတယ်လို့ ပြောခဲ့တာမလား"

အဖွဲ့ချုပ်ဥက္ကဌက သွေးတောင် အန်ထွက်တော့မလိုပဲ။

သံတမန်က ဆက်ပြောတယ်။ "နောက်ပြီး ဥက္ကဌကြီး... ဝမ်ရှောင်းယွင်က သူ့နိုင်ငံက ဗိုလ်ချုပ်ကြီးတီးဝမ်ကိုပဲ ရှင်းထုတ်ချင်တာပါ၊ ကျွန်တော်တို့အဖွဲ့ချုပ်နဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ခင်ဗျားပဲပြောခဲ့တာပဲ။ အဲဒါကြောင့် ကျွန်တော်က ဒီကိစ္စမှာ သူ့ကို ကူညီပေးခဲ့တာတင်မကဘူး၊ သေသေချာချာကို အထောက်အကူပေးခဲ့တယ်၊ ခင်ဗျားညွှန်ကြားတဲ့အတိုင်း ကျွန်တော် အားလုံးလုပ်ပေးခဲ့တယ်"

အဖွဲ့ချုပ်ဥက္ကဌက စိတ်ဆိုးမာန်ဆိုးနဲ့ပြောတယ်။ "မင်းက သူတို့နဲ့ တစ်နေကုန် အဆက်အသွယ်ရှိခဲ့တယ်မလား၊ ဘာလို့ ကမ္ဘာအကြောင်း အချက်အလက်တစ်စွန်းတစ်စလေးတောင်မှ မကြားခဲ့ရတာလဲ"

သံတမန်က ပြောတယ်။ "ကျွန်တော်တကယ် ဘာမှမကြားခဲ့ပါဘူး။ အင်ပါယာရဲ့ ရာထူးကြီးပိုင်းတွေတောင်မှ မသိဘူး၊ ကျွန်တော်တို့နဲ့ တစ်လှေတည်းစီးသူတွေပဲ။ သူတို့တွေလည်း ဝမ်ရှောင်းယွင်က စစ်သင်္ဘောနှစ်စီးနဲ့ ထွက်သွားပြီး တပ်ဖွဲ့နှစ်ခုကို ခေါ်သွားတယ်ဆိုတာပဲ သိကြတယ်။ အင်ပါယာက အရာရှိတွေက ဝမ်ရှောင်းယွင် ပုန်ကန်သွားပြီလို့တောင် သံသယဝင်နေကြသေးတယ်။ အင်ပါယာကလည်း တော်တော်လေး ရက်စက်တယ် ဝမ်ရှောင်းယွင်ကို ပုန်ကန်တယ်လို့ ထင်နေကြတာကို မငြင်းဘဲ လူတွေကို သို့လောသို့လောဖြစ်အောင် လုပ်ထားတယ်၊ လူတိုင်းရဲ့ အာရုံက လွဲသွားတာပေါ့"

ဧကရာဇ်ကလဲရ်ရဲ့ ဟိုလိုလိုဒီလိုလိုအပြုအမူကြောင့် လူတိုင်းက ဝမ်ရှောင်းယွင်ကတကယ်ပဲ နိုင်ငံကနေ စွန့်ခွာသွားတာဆိုရင် အကြောင်းရင်းကဘာလဲ၊ သူ့ကို အရင်က မမျှမတ ဆက်ဆံဖူးလို့များလားဆိုတာကို ခန့်မှန်းနေကြတယ်။

ကြယ်အစုအဝေးကွန်ရက်မှာ အားလုံး ဆူညံပွက်လောရိုက်နေခဲ့ပြီး ကိစ္စအပြောင်းအလဲတွေကြောင့် အာရုံများသွားပြီး၊ ဘယ်သူမှ တခြားလမ်းကြောင်းကို မတွေးတောမိကြဘူး။

နဂါးငွေ့တန်းအစွန်းနားက တခြားနိုင်ငံကလူတွေ အင်ပါယာရဲ့ စစ်သင်္ဘောနှစ်စင်းရဲ့ ခြေရာလက်ရာတွေကို တွေ့တော့မှပဲ သူတို့တွေ သိလိုက်ရတော့တယ်။ တကယ်လို့ ဝမ်ရှောင်းယွင်သာ နိုင်ငံစွန့်ခွာသွားတာဆိုရင် စစ်သင်္ဘောနှစ်စင်းနဲ့ အင်ပါယာကို တိုက်လိုက်လို့ရပြီပဲ၊ ဘာလို့ ဒီလိုချောင်ကျတဲ့နေရာကို လာစရာလိုမှာလဲ။

သူက ဂြိုလ်တစ်လုံးရှာပြီး သူ့ကိုယ်သူ ဘုရင်လို့ ကြေညာမှာလည်းမဟုတ်ဘူးလေ။

သူတို့တွေအခြေအနေကို သုံးသပ်ဖို့ လူတွေလွှတ်လိုက်တဲ့အခါမှာပဲ ကမ္ဘာက ဒီလို ဘွားခနဲ ပေါ်လာတာ!

တကယ်ပဲ အဲဒါက... ရုတ်တရက်ကြီး ပေါ်လာတာ!

သူတို့တွေကို သတ်လိုက်ရင်တောင်မှ ပျောက်သွားတဲ့ကမ္ဘာကြီးက ဒီလိုမျိုး ပေါ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမိမှာမဟုတ်ဘူး။ နောက်ပြီး သူရဲ့ မူရင်းကိုဩဒိနိတ်အမှတ်တွေမှာပဲတဲ့!

အဖွဲ့ချုပ်ဥက္ကဌက ဒီအကြောင်းကို တွေးလေတွေးလေ တစ်ခုခုတော့ မဟုတ်သေးဘူးလို့ ခံစားရလေလေပဲ။ "ဒါက ထူးဆန်းတယ်၊ ကမ္ဘာက သူ့ရဲ့အရင်ကနေရာမှာပဲ ကွက်တိရှိနေခဲ့တာ။ ဒါဆို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ဘယ်သူမှ ဘာလို့မတွေ့ရတာလဲ။ ဒီလောက်ကြီးတဲ့ ဂြိုလ်ကြီး အဲဒီမှာရှိနေတာလေ။ လူတွေမျက်စိမှားသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါဆို ဘာလို့ ဝမ်ရှောင်းယွင်နဲ့ သူ့လူတွေကျတော့ ရှာတွေ့သွားတာလဲ။ နောက်ပြီး အဲဒါကို ဘယ်လိုများ ဖွက်ထားကြတာလဲ"

သံတမန်က တကယ်ပဲ မသိတော့ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အဖွဲ့ချုပ်ဥက္ကဌက ဒီမှာ ထူးဆန်းတာတစ်ခုခုရှိရမယ်လို့ထင်တဲ့အတွက် ကိစ္စတွေကို နှံ့နှံ့စပ်စပ် နားလည်ချင်တယ်။ သူက အင်ပါယာကို ရှင်းပြချက်ပေးဖို့ တောင်းဆိုခိုင်းဖို့ ကြယ်အစုအဝေးဆိုင်ရာမဟာမိတ်ကို သွားခဲ့သေးတယ်။

ကလဲရ်က သေချာပြင်ဆင်ထားတယ်။ ပြောကြမယ်ဆို ကမ္ဘာက တစ်ချိန်လုံး သူ့နဂိုနေရာမှာရှိနေခဲ့ပြီး လူတွေက နှစ်ထောင်ပေါင်းများစွာ မရှာနိုင်ခဲ့တာလို့ပဲ ပြောမယ်ဆိုရင်.... အလွန်အံ့ဩစရာကောင်းပြီး ယုံချင်စရာမကောင်း ဖြစ်နေလိမ့်မယ်။ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခုတော့ လိုအပ်တယ်။

အဲဒါကြောင့် အရှင်ဧကရာဇ်ကလဲရ်က ကြေညာချက်ထုတ်ပြန်ဖို့ ပညာရပ်ဆိုင်ရာ အသုံးအနှုန်းဘာသာစကားတွေ ထုတ်လာတယ်။

"နက္ခတ်ဗေဒဆိုင်ရာလေ့လာချက်အရ နဂါးငွေ့တန်းအတွင်းက ကမ္ဘာရဲ့နေရာက xxx နဲ့ xxx ကြား နေရာမှာ ရှိပါတယ်။ စကြဝဠာက အလင်းဖြန့်ကျက်မှုကြောင့် ဖြစ်လာတဲ့ အလင်းယိုင်မှုဟာ အမြင်အာရုံအရ မမြင်ရအောင် ဖုံးကွယ်ထားသည့် အကျိုးသက်ရောက်မှုကိုဖြစ်စေ...."

"သိပ္ပံကျောင်းမှ ပညာရှင် XX က လောလောလတ်လတ် ဆောင်းပါးတစ်ပုဒ်ရေးသားထားပါတယ်။ ကမ္ဘာက သူ့ရဲ့နဂိုမူလနေရာမှာ တစ်လျှောက်လုံး ရှိနေတာကို ဘယ်သူမှ မသိရတဲ့ အကြောင်းရင်းကတော့ အထိုင်ကြယ်နဲ့ ဖြတ်သွားတဲ့ဂြိုလ်တစ်လုံးကြားက ဆွဲငင်အားကြောင့်ဖြစ်ပါတယ်။ ဖြတ်သွားတဲ့ဂြိုလ်တွေက ကိုယ်တိုင်အလင်းမထုတ်လွှတ်နိုင်တဲ့အတွက် အလင်းပြန်တဲ့အခါမှာ ထူးခြားတဲ့ အကျိုးသက်ရောက်မှုတစ်ခုကို ဖန်တီးပါတယ်။ အဲဒါကြောင့်.... ဖြတ်သွားတဲ့ဂြိုလ် ဖယ်သွားတဲ့အခါမှသာ ကမ္ဘာရဲ့ဖြစ်တည်မှုကို မြင်နိုင်မှာပါ! ဒီဖြတ်သွားတဲ့ဂြိုလ်က တကယ်တော့ စက်ဝန်းအလိုက် ပတ်နေတာဖြစ်ပါတယ်။ တစ်နည်းပြောရရင် အနာဂတ်မှာ ကမ္ဘာကို "မမြင်ရတဲ့" အခြေအနေမျိုးကို ပြန်ရောက်သွားနိုင်ပါတယ်။ အချိန်ကတော့ မသေချာသေး...."

"အံ့ဩစရာပဲ! ပညာရှင် X က သံသယတွေကို ဖယ်ရှားပေးလိုက်တာပဲ။ ဒါဆို ဒီနှစ်တွေထဲမှာ ကမ္ဘာက သူ့မူလနေရာမှာပဲရှိနေတာပေါ့။ စကြဝဠာရဲ့ လှည့်စားမှုကို ငါတို့ပဲ ခံလိုက်ရတာပေါ့!"

"မိုက်တယ်! ဂြိုလ်သားတွေ ကမ္ဘာကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက မရှာနိုင်ခဲ့တဲ့ အကြောင်းပြချက်ကို ဒီနေ့တော့ နောက်ဆုံးမှာ ဖြေရှင်းလိုက်နိုင်ပြီ!"

အချိန်ခဏလောက် ကြယ်အစုအဝေးကွန်ရက်တစ်ခုလုံးမှာ ပညာရှင်အမျိုးမျိုးရဲ့ ဆွေးနွေးမှုတွေနဲ့ ပြည့်သွားတယ်။ နောက်ပြီး ထူးထူးဆန်းဆန်း သူတို့ပြောသမျှတွေက အလွန် အကျိုးအကြောင်းသင့်နေတယ်။

ဟုတ်တာပေါ့ ပညာရှင်တွေရဲ့ စကားလုံးတွေက နည်းနည်းတရားလွန်ဖြစ်နေပြီး လုံးဝကို ယုံကြည်ချင်စရာမကောင်းဘူးလို့ ပွင့်ပွင့်လင်းလင်းပြောတဲ့ မယုံတဲ့သူတွေလည်း ရှိတာပဲ။

ဒါပေမဲ့ ဒီလိုဖြစ်လာရင်တော့ တစ်ယောက်ယောက်ကတော့ ရှေ့ထွက်ပြီး ဒီလိုမျိုးလူတွေကို ပြန်မေးလိမ့်မယ်-

"ဒါဆို လူသားတွေ စကြဝဠာထဲကို မဝင်လာခင် နှစ်နှစ်ထောင်လောက်က ဂြိုလ်သားမျိုးနွယ်တွေ ဘာလို့ ကမ္ဘာကို ရှာမတွေ့ရတာလဲဆိုတာ သေချာ ရှင်းပြနိုင်လား"

"ဂြိုလ်သားမျိုးနွယ်တွေရဲ့ နည်းပညာက ငါတို့ထက် အများကြီး ပိုအဆင့်မြင့်ပြီး တိုးတက်နေပြီ။ သူတို့တွေက ငါတို့ထက်တောင် အချိန်ကြာကြာ စကြဝဠာကို စူးစမ်းနေခဲ့တာပဲ၊ ငါတို့က သူတို့ကို မတွေ့နိုင်ဘူးဆိုရင် နားလည်လို့ရပါသေးတယ်၊ ဒါပေမဲ့ သူတို့ကရော ဘာလို့ငါတို့ကို ရှာမတွေ့တာလဲ"

"အဲဒါက ဂြိုလ်သားတွေက ငါတို့ကို ရှာမတွေ့ချင်လို့ မဟုတ်ဘူး၊ ကန်းနေလို့သာ ရှာမတွေ့တာ"

ဧကရာဇ်ကလဲရ်က အတော်လေး စေ့စေ့စပ်စပ်ပြင်ဆင်ထားတယ်ဆိုတာ ဝန်ခံရမယ်။ ကမ္ဘာပြန်ပေါ်လာပြီးတဲ့နောက် လူသားကြီးစိုးတဲ့ နိုင်ငံအချို့က ကမ္ဘာရဲ့တစ်စိတ်တစ်ပိုင်းကို မြည်းစမ်းချင်တဲ့ စိတ်ကူးနဲ့ အကုန်လုံး တစ်နိုင်ငံပြီးတစ်နိုင်ငံ ရောက်လာကြတယ်။

‌သူတို့သုံးတဲ့ အကြောင်းပြချက်ကလည်း အလွန်ကျိုးကြောင်းသင့်လျော်ပြီး ချက်နဲ့လက်နဲ့ကျနေသေးတယ်။ ကမ္ဘာက လူသားမျိုးနွယ်တွေပိုင်တဲ့အရာ၊ ဒါကို အခုမှ ဘာဖြစ်လို့ မင်းတို့အင်ပါယာရဲ့ အပိုင်ဖြစ်သွားရတာလဲ။

နောက်ပြီး ဒီကိစ္စကို ဖြေရှင်းဖို့ အင်အားသုံးဖို့ စီစဉ်ထားတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဗြောင်ကျကျ ထုတ်ပြောတဲ့ နိုင်ငံ့ခေါင်းဆောင်လည်း တော်တော်များများရှိတယ်။

ဒီအချိန်မှာ ဝမ်ရှောင်းယွင်ရဲ့ ထိန်းချုပ်မှုအောက်က စစ်သင်္ဘောနှစ်စင်းနဲ့ တပ်ဖွဲ့နှစ်ခုရဲ့ ခွန်အားကို ကောင်းကောင်း အသုံးချလို့ရတယ်။

ကောင်းပြီလေ၊ မင်းတို့က ဒါကို ဖြေရှင်းဖို့ အားသုံးချင်တာတဲ့လား။

ကိစ္စမရှိပါဘူး။ အရင်ဆုံး ငါတို့မှာရှိတဲ့ စစ်သင်္ဘောနှစ်စင်းကို ဘေးဖယ်ထားလိုက်၊ မမေ့နဲ့ဦး ငါတို့မှာ စိတ်သန္တာန်မက်ခါတွေလည်း ရှိသေးတယ်။

ဒါတင်မကဘူး။ ကျွမ်းကျိုးကလည်း သူ့ရဲ့ ပုံမှန် သဘောကောင်းတဲ့စိတ်ကို ပြောင်းလဲလိုက်ပြီး သူတို့ကို ခက်ထန်စွာ ပြောတယ် "ခင်ဗျားတို့က တကယ်ပဲ ကျွန်တော်တို့အင်ပါယာနဲ့ စစ်ဖြစ်မလို့လား၊ ကျွန်တော်ကတော့ ရန်သူ့နိုင်ငံက ဓာတ်ရောင်ခြည်သင့်ပြည်သူတွေကို ကုပေးနိုင်မယ်မထင်ဘူးနော်~"

ဒီအပြုအမူက လက်တွေ့ကျကျပြောလိုက်တာပဲ၊ ခင်ဗျားတို့ တိုက်ချင်တာလား၊ ရတယ်လေ၊ ဒါပေမဲ့ ခင်ဗျားတို့တွေ အနာဂတ် တစ်ချိန်ချိန်မှာ "မတော်တဆ" ဓာတ်ရောင်ခြည်သင့်မခံရဘူးလို့ သေချာပြောနိုင်ရဲ့လား။

ဒီစစ်ပွဲက မစခင်ကတင်ပဲ ပြီးသွားတော့တယ်။ တခြားနိုင်ငံတွေက အင်ပါယာ ကမ္ဘာကို အပိုင်သိမ်းလိုက်တာကို မျက်လုံးပြူးပြီးတော့ပဲ ကြည့်နိုင်တော့တယ်။

ကမ္ဘာမြေကို တစ်ဦးတည်းအာဏာနဲ့ ရလိုက်ပြီးနောက်မှာ ဧကရာဇ်ကလဲရ်က အင်ပါယာရဲ့ အကြီးပိုင်းအရာရှိတွေနဲ့ တခြားသူတွေကို ကမ္ဘာကို ရေးကြီးသုတ်ပြာနဲ့ ခေါ်လာတယ်။

ဒီအချိန်မှာတော့ စစ်သင်္ဘောဝီဗန်က ကမ္ဘာမှာ ရပ်ထားပြီးပြီ။

ဧကရာဇ်ကလဲရ်နဲ့ ကျန်တဲ့သူတွေက စစ်သင်္ဘော အတည်ကြယ်နဲ့ ခရီးထွက်လာခဲ့ကြတယ်။ လူတိုင်းက စိတ်အားထက်သန်ပြီး စိတ်မရှည်ဖြစ်နေကြတယ်။

ကျွမ်းကျိုးက နဂိုက တရုတ်ပြည်ရှိခဲ့တဲ့ နေရာမှာ ရောက်နေပြီ။

သူက မြေပေါ်ကို သစ်သားရုပ်တုတွေ အကုန်လုံးကို ချလိုက်ပြီး ယုံကြည်မှုစုဆောင်းတဲ့ကိရိယာကို ဖွင့်လိုက်တယ်။ သူက စုဆောင်းထားသမျှ မရေမတွက်နိုင်တဲ့ ယုံကြည်မှုတွေနဲ့ လက်ခံရထားသမျှ ဆုတောင်းတွေ အကုန်လုံးကို ထုတ်လိုက်ပြီး သူ့နှလုံးသားအတွင်းမှာ သေသေချာချာ အမှတ်ရနေတဲ့ နတ်ဘုရားတွေ အားလုံးဆီကို လွှတ်လိုက်တယ်။

ကျွမ်းဖော့က အတည်အတံ့မေးလိုက်တယ်။ "သူတို့ ဒီလို ပြန်ရှင်လာနိုင်မှာလား"

ကျွမ်းကျိုးက တိုးဖွစွာပြောတယ်။ "ပြန်ရှင်လာမှာပါ၊ ယုံကြည်မှုက မပျောက်သွားသရွေ့ သူတို့မသေဆုံးနိုင်ဘူး"

ကျွမ်းဖော့က ပြောတယ်။ "ဒါပေမဲ့ သူတို့ကို ယုံကြည်တဲ့သူ အများကြီးမရှိဘူး"

ကျွမ်းကျိုးက ပြုံးပြတယ်။ "ဒါပေမဲ့ ငါဒီမှာရှိတယ်လေ၊ ငါ့ယုံကြည်မှုက သူတို့ရဲ့ ယုံကြည်မှုပဲ"

သူက တိတ်တိတ်လေး ဆုတောင်းနေတယ်။ သူက စကြဝဠာထဲက သူရထားသမျှ ယုံကြည်မှုတွေအားလုံးကို မဟာနတ်မင်းကြီးဆီကို စိတ်လိုလက်ရ အပ်နှင်းလိုက်ချင်တယ်။

ကျွန်တော်ပြန်လာပြီလေ၊ ဒီတော့ ခင်ဗျားတို့လည်း ပြန်လာမှာမလား။

လေတိုက်သွားတယ်။ ယုံကြည်မှုစုဆောင်းကိရိယာလေးထဲက ယုံကြည်မှုတွေက ကြယ်တွေလိုပဲ ပြန့်ကွဲထွက်သွားပြီး ပါးလွှာတဲ့ မိုးပြေးလေးလိုပဲ နည်းနည်းချင်းနည်းနည်းချင်း မြေပေါ်ကို ကျနေတယ်။

ကျွမ်းဖော့က ဒီယုံကြည်မှုတွေမရှိတော့ရင် သခင်ကို အဆိုးဘက်က သက်ရောက်မှုဖြစ်စေမှာကို စိုးရိမ်နေတယ်။ အဲဒါကြောင့် သူလည်း စိတ်ထဲကနေ ဆုတောင်းနေတယ်။ ကျွန်တော့်ရဲ့ အရှင်သခင် ကျွန်တော်က ထာဝရ အရှင့်ရဲ့ ယုံကြည်သက်ဝင်ဆုံးသူ ဖြစ်ပြီး သခင့်ကို အမြဲတမ်း ယုံကြည်နေမှာပါ။ သခင်က ကျွန်တော့်ရဲ အရှင်သခင်ပါပဲ။

ကျွမ်းကျိုးက ကျွမ်းဖော့ရဲ့စိတ်ထဲကစကားတွေကို ကြားနေရတဲ့အတိုင်း နှလုံးသားထဲမှာ လှုပ်ခတ်သွားပြီး တစ်ခုခုပြောတော့မဲ့ဟန် ပြင်လာတယ်။

ရုတ်တရက် ကျွမ်းဖော့က မြေပေါ်က သစ်သားရုပ်တုလေးတွေကို ညွှန်ပြနေရင်း မျက်လုံးတွေက ပြူးကျယ်လာတယ်။ "သခင်"

ကျွမ်းကျိုးက ခေါင်းငုံ့ပြီး လှမ်းကြည့်လိုက်တယ်။ သူက အဲဒီသစ်သားရုပ်လေးတွေ တဖြည်းဖြည်းချင်း ထိုးဖောက်မြင်ရတဲ့အထိ ကြည်သွားတာကို မြင်လိုက်ရတယ်။ အဲဒီနောက်မှာတော့ တဖျက်ဖျက်လက်နေတဲ့ ကြယ်လို ယုံကြည်မှုတွေအတိုင်း ဖြည်းဖြည်းချင်း သူတို့နေရာမှာတင် ပျောက်ကွယ်သွားတယ်။

မျက်လုံးတွေ ပူလောင်လာပြီး ကျွမ်းကျိုးဟာ ဆို့နင့်နေတဲ့အသံနဲ့ ပြောတယ်၊ "သူတို့ ကြားသွားပြီ"

စစ်သင်္ဘောအတည်ကြယ်ဟာ မြို့တော်ဂြိုလ်ကို အင်ပါယာက ဧကရာဇ်ကလဲရ်နဲ့ အကြီးပိုင်းအရာရှိတွေကို ပြန်ခေါ်ဖို့ ပြန်သွားတယ်။

စစ်သင်္ဘောအတည်ကြယ် ပြန်ရောက်လာတဲ့အချိန်မှာ တစ်လလောက်တောင် ကြာနေပြီ။

ကျွမ်းကျိုးက ဧကရာဇ်ကလဲရ်ရဲ့နောက်က မရင်းနှီးတဲ့ လူတွေ အများကြီးကို မြင်လိုက်ရတယ်။ အဲဒါကြောင့် ဝမ်ရှောင်းယွင်က သူ့ကိုရှင်းပြလာတယ်။ "သူတို့က ကြယ်အစုအဝေးမဟာမိတ်အဖွဲ့က အကြီးပိုင်းအရာရှိတွေနဲ့ တခြားနိုင်ငံခေါင်းဆောင်တွေ"

ကမ္ဘာက တကယ် အရမ်းထူးခြားလွန်းတယ်။ အလိုအလျောက်ကို လူတွေအများကြီးက ကြည့်ချင်မြင်ချင်ကြတာပဲ။ ကမ္ဘာရဲ့အလှကို သူတို့ကိုယ်ပိုင်မျက်လုံးနဲ့ တွေ့ရအောင် တိုက်ရိုက်ရုပ်သံလွှင့်အစီအစဉ်တစ်ခုအတွက် ကွန်ရက်အသုံးပြုသူတွေစတင်လိုက်တဲ့ ရန်ပုံငွေစုထည့်တာမျိုးတောင် ရှိလာတယ်။

သို့ပေမဲ့ ဒီတောင်းဆိုမှုကို လက်မခံရသေးဘူး။

ဧကရာဇ်ကလဲရ်နဲ့ တခြားနိုင်ငံ့ခေါင်းဆောင်တွေက ကမ္ဘာပေါ်မှာ ရပ်လိုက်တဲ့အခါ လူတိုင်းက သူတို့ရင်ထဲမှာ ငိုချင်တဲ့ ခံစားချက်ကြီး တိုးဝင်လာတာကို ခံစားလိုက်ရတယ်။

"ဆိုတော့ ဒါက ကမ္ဘာတဲ့လား...."

ဒါက သူတို့ဘိုးဘွားတွေ နေထိုင်ခဲ့တဲ့ နေရာပေါ့။

ကမ္ဘာက အရင်ကနဲ့ မတူတော့ဘူး။

သူတို့ခြေအောက်မှာ လက်ရှိရှိနေတဲ့ ကမ္ဘာ.... သက်ရှိတွေက သူတို့ရဲ့ မူလဇာစ်မြစ်ကို ပြန်ရောက်သွားပြီ။ ကြီးမားမြင့်မားတဲ့ ဗိသုကာအဆောက်အဦတွေဟာလည်း ဟိုးလွန်ခဲ့တဲ့အချိန်ကတည်းက ဥက္ကာပျံတိုက်ခံရပြီး ပျက်စီးသွားပြီ။ ကမ္ဘာကြီးတစ်ခုလုံးက အပျက်အစီးပုံထဲမှာရောက်နေတယ်။ နေရာတိုင်းမှာ ချိုင့်ဝှမ်းတွေ လျှိုမြောင်တွေနဲ့ ဖြစ်နေတယ်။

သို့ပေမဲ့ နှစ်နှစ်ထောင်ကြာမြင့်ခဲ့ပြီး မဟာနတ်မင်းကြီးတွေအားလုံးက ဒီမြေကို အားဖြည့်ပေးဖို့အတွက် သူတို့ရဲ့နတ်တန်ခိုးကို ပေးအပ်ထားတဲ့အတွက် စိမ်းလန်းစိုပြည် သန်စွမ်းနေတဲ့ သဘာဝပေါက်ပင်ရှည်တွေဟာ အပျက်အစီးတွေကြားမှာ ပေါက်နေတယ်၊ မြက်တွေပေါင်းပင်တွေကလည်း နေရာတိုင်းမှာ ပြည့်နေတဘ်။ အဝေးကို မျှော်ကြည့်လိုက်ရင် အလွန် ကြီးမားကျယ်ပြန့်တဲ့ ရှေးဦးတောအုပ်တွေလည်း မြင်နေရတယ်။

လေထုက အလွန်လန်းဆန်းပြီး သန့်ရှင်းနေတယ်။ နေရာမှာ စိမ်းစိုထူထဲတဲ့ သစ်ရွက်တွေနဲ့ အုံ့ဆိုင်းနေတယ်။

ဧကရာဇ်ကလဲရ်က ထူးထူးဆန်းဆန်း မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေဝိုင်းလာတယ်။ "ကောင်းတယ်၊ တအားကောင်းတယ်၊ အရမ်းလှတာပဲ၊ ငါ အာကာသပေါ်ကမြင်လိုက်တုန်းက ဒီအပြာရောင်တွေက အရမ်းလှတယ်လို့ ထင်ခဲ့တာ.. ဒါပေမဲ့ သူ့ရဲ့ဂြိုလ်ပတ်လမ်းကြောင်းကို ဝင်လိုက်ပြီးတော့ သူက စိမ်းစိုနေတာပါပဲ..."

အခြားလူတွေကလည်း အလွန်ရှုပ်ထွေးပြီး စိတ်ခံစားချက်တွေ ပြည့်လျှမ်းလာတယ်။ "အရမ်းလှတာပဲ။ ဒီလောက် သစ်ပင်တွေအများကြီး တစ်ခါမှ မမြင်ဖူးဘူး။ ဒါက ကမ္ဘာလား"

စိမ်းစိုပွင့်လန်းနေတဲ့ သစ်တောအုပ်တွေနဲ့ အုံ့ဆိုင်းနေတဲ့နေရာကြီးဟာ တစ်ခါက အပျက်အစီးတွေ၊ အတိတ်ကလူသားတွေရဲ့ တည်ရှိမှုရဲ့ ခြေရာလက်ရာတွေပဲ။ ဒါပေမဲ့ ကမ္ဘာမြေဟာ ဝမ်းနည်းမှုခေတ်ကို ကျော်လွန်ခဲ့ပြီဖြစ်တဲ့အတွက် တစ်သွေးတစ်မွေးနဲ့ လှပနေတော့တယ်။

ကြယ်အစုအဝေးမဟာမိတ်အဖွဲ့ဟာ ဒီလောက်ကောင်းတဲ့နေရာကို အင်ပါယာကို ပေးလိုက်ရတဲ့အတွက် အနည်းငယ် နှမြောတသဖြစ်မိသလို ခံစားနေရတယ်၊ ဒါပေမဲ့ ရွေးချယ်စရာမရှိဘူး။ အခုမှ ပြောင်းလဲပစ်စရာနည်းလမ်းလည်း မရှိဘူး။

သို့ပေမဲ့ ကမ္ဘာက တကယ်ကို အရမ်းလှလွန်းတယ်။ လေထုကလည်း အရမ်းသန့်ရှင်းပြီး သူတို့နေထိုင်ခဲ့ဖူးတဲ့ ဂြိုလ်တွေအားလုံးနဲ့ လုံးလုံးကို ကွာခြားနေတယ်။ ဘယ်တုန်းကမှ ဒီလို စိမ်းလန်းစိုပြည် သန်စွမ်းနေတဲ့ သဘာဝပေါက်ပင်တွေကို မမြင်ဖူးဘူး။ ဒီလိုလုံးဝကွာခြားနေတဲ့ ကမ္ဘာကြီးက သူတို့ကို ထွက်ခွာသွားဖို့ တုံ့ဆိုင်းနေစေတယ်။

ဒါပေမဲ့ အခု ကမ္ဘာပေါ်မှာ နေထိုင်စရာနေရာမရှိဘူး။ အခုရောက်နေတဲ့သူတွေကလည်း အကုန်လုံးက ခေါင်းဆောင်တွေပဲဆိုတော့ သူတို့မှာ ရွေးချယ်စရာမရှိဘဲ ထွက်သွားရတယ်။

ကမ္ဘာပေါ်မှာ ရက်အနည်းငယ် လျှောက်သွားနေရင်း ဧကရာဇ်ကလဲရ်က မပြန်ခင်မှာ ကျွမ်းကျိုးနဲ့ ဝမ်ရှောင်းယွင်ကို ဆွဲပြီး ယဉ်ကျေးစွာနဲ့ စိတ်ရင်းနဲ့ ပြောလာတယ်။ "မင်းတို့တွေ ကမ္ဘာကို ဒီတစ်ခေါက်မှာ ကောင်းကောင်းမွန်မွန် ပြန်တည်ထောင်ရမယ်၊ ဒီတာဝန်ကို မင်းတို့ကို အပ်လိုက်ပြီ။ ဒါပေမဲ့ မှတ်ထားကြ။ ဘယ်တော့မှ သဘာဝပတ်ဝန်းကျင်ကို မညစ်ညမ်းစေနဲ့။ ငါတို့ ကမ္ဘာကြီးရဲ့ သဘာဝဂေဟစနစ်ကို ထိခိုက်စေလို့မရဘူး။"

ကျွမ်းကျိုးဟာ ဧကရာဇ်ကလဲရ်က ကမ္ဘာကို တကယ်ချစ်ခင်မြတ်နိုးတယ်ဆိုတာ မြင်နေရတယ်။ သူက နောက်ဆုံးတော့ ဧကရာဇ်ကလဲရ်ကို အလွန်နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးတစ်ခု ပြုံးပြလိုက်တယ်။ "ကျွန်တော် တာဝန်ယူပါတယ်"

ဘယ်သူမှ သူထက်ပိုပြီး ဒီကမ္ဘာကို ချစ်မှာမဟုတ်ဘူး။

ဘာလို့လဲဆိုတော့ သူ့က ဒီကမ္ဘာကြီးက လာခဲ့တာမို့ပဲ။

ဧကရာဇ်ကလဲရ်နဲ့ တခြားသူတွေက နောက်ဆုံးတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ပြန်သွားကြတယ်။

တစ်နှစ်ကြာသော်

ကြယ်အစုအဝေးဆိုင်ရာခရီးသွားလမ်းညွှန်ဟာ ကမ္ဘာကို အလည်အပတ်ခရီးစဉ်လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်တယ်။ ဒီအလည်အပတ်လမ်းကြောင်းဟာ စကြဝဠာကြီးတစ်ခုလုံးရဲ့ စိတ်ဝင်စားမှုနဲ့ အလွန်ပြင်းပြတဲ့ စိတ်အားထက်သန်မှုတွေကို လက်ခံရလိုက်တယ်။ ကမ္ဘာကို လည်ပတ်ရဖို့က စကြဝဠာတစ်ခုလုံးမှာ ရေပန်းအစားဆုံးအကြောင်းအရာနဲ့ လူကြိုက်အများဆုံး အစီအစဉ်တစ်ခုဖြစ်လာတယ်။

သူတို့က ကမ္ဘာက တစ်ချိန်က သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေ ခံစားခဲ့ရတယ်ဆိုတာ သိထားလို့ပဲလား မပြောတတ်၊ ဒီခရီးစဉ်မှာပါလာတဲ့လူတိုင်းဟာ ကမ္ဘာကို ဂရုတစိုက်နဲ့ ဆက်ဆံကြတယ်။ အမှိုက်ကို ကြုံရာမှာပစ်ဖို့ကို မပြောနဲ့တော့ သူတို့မတော်တဆ သစ်ပင်တစ်ပင်ကို ဝင်တိုက်မိရင်တော့ ရက်အနည်းငယ်ကြာအောင် အပြစ်ရှိသလို ခံစားနေကြရတယ်။

ကျွမ်းကျိုးဟာ သူတို့ကိုကြည့်ရင်း ရယ်ချင်လာတယ်၊ ဒီလောက်ကြီးအထိတော့ ဖြစ်စရာမလိုပါဘူးလေ။

နှစ်နှစ်ကြာသော်

လေ့လာမှုတွေက ဆုံးခန်းတိုင်သွားတယ်။ ကမ္ဘာရဲ့လေဟာ စကြဝဠာက ဂြိုလ်တွေအားလုံးထဲမှာ အားအင်ပြန်သစ်နိုင်တဲ့ စွမ်းရည်အရှိဆုံးပဲ။ ဒါတင်မကဘူး။ ကမ္ဘာရဲ့လေကို အချိန်ကြာမြင့်စွာ စွဲမြဲရှူရှိုက်ရရင် စွမ်းအင်ဓာတ်ရောင်ခြည်သင့်နေတဲ့သူတွေအတွက် ကြီးမားစွာ အထောက်အကူပြုနိုင်တယ်။

ခဏအတွင်း စွမ်းအင်ဓာတ်ရောင်ခြည်သင့်နေတဲ့ မရေမတွက်နိုင်တဲ့လူတွေဟာ အကုန်လုံး ကမ္ဘာပေါ်မှာနေထိုင်ဖို့ လျှောက်လွှာတင်ကြတယ်။

ဒီလူနာတွေအပြင် မရေမတွက်နိုင်တဲ့ ခေါင်းဆောင်တွေ၊ ကြယ်အစုအဝေးမဟာမိတ်အဖွဲ့က အကြီးပိုင်းအရာရှိတွေတောင်မှပဲ စကြဝဠာထဲက အကောင်းဆုံး ကုသရေးစင်တာဖြစ်တဲ့ ကမ္ဘာကို ပြောင်းရွှေ့ချင်တဲ့အတွက် ဂနာမငြိမ်နဲ့ အုတ်အော်သောင်းတင်းဖြစ်လာတယ်။

ကမ္ဘာက လေကိုလည်း အွန်လိုင်းပေါ်မှာ အလွန်အမင်း ဩချလောက်အောင် မြင့်တဲ့ဈေးနှုန်းနဲ့ ရောင်းကြတယ်။ လူတွေအများအပြားဟာ အသက်ရှူဖို့ ကမ္ဘာပေါ်က လေတစ်ပုလင်းလောက် ဝယ်နိုင်ဖို့တောင် ဒူးထောက်တောင်းပန်ကြလိမ့်မယ်။

ဒီလိုအဖြစ်ကြောင့် ကျွမ်းကျိုးဟာ ဆောင်းတွင်းတိုင်း အရှေ့မြောက်အရပ်ကလူတွေက အွန်လိုင်းပေါ်မှာ နှင်း ဝယ်ကြတာကို သွားသတိရမိတယ်....

ငါးနှစ်ကြာသော်

ဒီတစ်ခေါက် ဝမ်ရှောင်းယွင် ကင်းလှည့်တဲ့အခါ ငါးနှစ်အရွယ်လောက်ရှိတဲ့ ကောင်လေးနှစ်ယောက်ကို ဝင်တိုးမိတယ်။ ကောင်လေးတစ်ယောက်မှာ ကျောနောက်မှာ ကျစ်ဆံမြီးလေး တွဲလဲကျနေတယ်။ နောက်တစ်ယောက်ကတော့ မျက်မှန်တပ်ထားတယ်။

ကမ္ဘာရဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ဖို့အတွက် ကမ္ဘာဟာ လူသားနေထိုင်အခြေချဖို့အတွက် ပြန်မဖွင့်ပေးသေးဘူး။ ဒီမှာ ကလေးတွေရှိခဲ့ရင်တောင်မှ ဝမ်ရှောင်းယွင် ကင်းလှည့်နေတဲ့ပရဝုဏ်မှာတော့ မရှိသင့်ဘူး။ ဒီနေရာက အရမ်းချောင်ကျလွန်းတယ်။

သူက ဒီကလေးတွေ ဘယ်ကလာလဲဆိုတာတောင် မေးဖို့အခွင့်အလမ်းမရှိသေးဘူး၊ ကလေးနှစ်ယောက်က သူ့ကို အလွန်ပြင်းထန်စူးရှတဲ့အကြည့်တွေနဲ့ သူ့ကို စူးစမ်းနေတာကို တွေ့လိုက်ရတယ်။

ကျစ်ဆံမြီးနဲ့ကောင်လေး : သူလား?

မျက်မှန်နဲ့ကောင်လေး: ဟုတ်တယ် သူပဲ

ကျစ်ဆံမြီးနဲ့ကောင်လေးက မညှာမတာ ပြောလိုက်တယ်: "အရမ်း-အရမ်းကို ကြီးပြီး ထွားတဲ့ပုံကြီး"

မျက်မှန်နဲ့ကောင်လေးက ဖျောင်းဖျလိုက်တယ်။ "ဒါပေမဲ့ တော်တော်လေးကောင်းပါတယ်၊ အပြစ်ကြီးပဲ ရှာမနေပါနဲ့"

ကျစ်ဆံမြီးနဲ့ကောင်လေး: "နောက်ပြီး အရမ်းအားနည်းလွန်းတယ်။ ဘယ်လိုလုပ်ပြီး ငါတို့ရဲ့ ကွိုက်ကွိုက်လေးက သူ့ကို ချစ်သွားရတာလဲ" (T/N ကွိုက်ကွိုက် - လိမ္မာတယ်၊ နာခံတတ်တယ်လို့ ဆိုလိုပါတယ်၊ ချစ်စရာကောင်းတယ်လို့လည်း တစ်ခါတလေ သုံးပါတယ်)

မျက်မှန်နဲ့ကောင်လေး "သူသဘောကျရင် ရပြီလေ"

ဝမ်ရှောင်းယွင်က နားထောင်ကြည့်လေလေ ပိုပြီး ထူးဆန်းလာလေလေပဲ။ ဒီကလေးနှစ်ယောက်ရဲ့ ဇာစ်မြစ်နဲ့ပတ်သက်ပြီး တစ်ခုခု ထူးဆန်းသလို ခံစားလာရတယ်။

ဒီတစ်ခေါက်မှာတော့ ကျစ်ဆံမြီးနဲ့ကောင်လေးက မေးကို မော့ပြီး ဝမ်ရှောင်းယွင်ကို စိတ်မကျေမနပ်မှုအပြည့်နဲ့ ကြည့်လာတယ်။ သူက အလွန်မပျော်မရွှင်နဲ့ ပြောတယ်။ "ဟေ့ ကလေး၊ အနားနည်းနည်းကပ်လာစမ်းပါ၊ ငါတို့ တစ်ချက်လောက်ကြည့်ရအောင်"

ဝမ်ရှောင်းယွင် ".......................?"

ကလေး?

ငါ့ကိုပြောတာလား?

.....................xxx....................

-Zawgyi-

အခန္း ၆၄ - Extra 1: နတ္ဘုရားတို႔အျပန္

ကမ႓ာ ျပန္ေပၚလာတဲ့အျဖစ္ဟာ စၾကဝဠာထဲမွာ လိႈင္းတစ္လိႈင္းၿပီးတစ္လိႈင္း ဖန္တီးခဲ့တယ္။

တျခားမ်ိဳးႏြယ္ေတြကို ထားလိုက္ဦး လူသားအေၾကာင္းသက္သက္ပဲ ေျပာၾကတာေပါ့။ ႏွစ္ေပါင္းေထာင္ခ်ီတဲ့ ဖြံ႕ၿဖိဳးတိုးတက္မႈေတြအားလုံးၿပီးေနာက္ လူသားမ်ိဳးႏြယ္ေတြဟာ မူလကနဦးက လူသား သန္းဂဏန္းအခ်ိဳ႕ကို ေက်ာ္လြန္ခဲ့တာ ၾကာခဲ့ၿပီျဖစ္တယ္။ အခုဆို လူဦးေရဟာ တစ္ထရီလီယမ္ကိုေတာင္ ေက်ာ္လာခဲ့ၿပီ။ အျပင္ဘက္မွာ ၿဂိဳလ္ေတြအမ်ားႀကီး႐ွိတယ္။ စၾကဝဠာကို ႀကီးစိုးေနတဲ့ အားႀကီးတဲ့ လူသားေနထိုင္တဲ့ ႏိုင္ငံေတြလည္း အမ်ားႀကီး႐ွိတယ္။ လူသားမ်ိဳးႏြယ္ေတြက အတိတ္ကလို အျခားၾကယ္အစုအေဝးထဲက မ်ိဳးႏြယ္စုေပါင္းမ်ိဳးစုံရဲ႕ အႏိုင္က်င့္တာကို ခံရတဲ့ ကေလးေသးေသး မဟုတ္ေတာ့ဘူး။

ေနာက္ၿပီး လူသားေတြမွာ အေတာ္ေလးထူးျခားတဲ့ ပါရမီ႐ွိတယ္။ လူသားေတြက ႐ွင္သန္ႏိုင္စြမ္းမွာေရာ ယဥ္ေက်းမႈမွာေရာ အားေကာင္းၾကတယ္။ အျခား မ်ိဳးႏြယ္စုေတြရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ေတာင္မွ သူတို႔ေတြရဲ႕ ကိုယ္ပိုင္ယဥ္ေက်းမႈကို တျခားမ်ိဳးႏြယ္စုယဥ္ေက်းမႈေတြနဲ႔ မသိမသာ ေရာေႏွာႏိုင္ၾကတယ္။

ဒီလိုႏွစ္ေထာင္ေပါင္းမ်ားစြာၾကာၿပီးေနာက္မွာ ၾကယ္အစုအေဝးထဲက မ်ိဳးႏြယ္စု အမ်ိဳးမ်ိဳးဟာ အကုန္လုံး လူသားေတြရဲ႕ လႊမ္းမိုးမႈကို ခံၾကရတယ္။ ေနာက္ၿပီး ဒါေၾကာင့္ပဲ ေသြးေႏွာမ်ိဳးႏြယ္ေတြက တကယ္ေတာ့ အေတာ္ေလး ပ်ံ႕ႏွံ႔ေနၾကတယ္။

အဲဒါေၾကာင့္ စၾကဝဠာတစ္ခုလုံးက အတိတ္ကထက္ေတာင္ ပိုလို႔စိတ္အားထက္သန္ၿပီး တက္ႂကြစြာ တုံ႔ျပန္ခဲ့ၾကတယ္။

လူသားေတြက အကုန္လုံး ကမ႓ာျပန္အလာကို ေအာင္ပြဲခံေနၾကတယ္။ တစ္ခ်ိန္တည္းမွာပဲ ေသြးေႏွာမ်ိဳးႏြယ္ေတြဟာလည္း သူတို႔ရဲ႕မိဘေတြ၊ ဘိုးဘြားေတြနဲ႔အတူတူ ကမ႓ာျပန္အလာကို ေအာင္ပြဲခံၾကတယ္။ ၾကယ္အစုအေဝးထဲက မ်ိဳးႏြယ္အခ်ိဳ႕အတြင္းမွာ လူသားေတြႀကီးမႉးတဲ့ စီးပြားေရး၊ ေကာ္ပိုေရး႐ွင္းေတြနဲ႔ အဲဒီလိုမ်ိဳးအဖြဲ႕အစည္းေတြ အမ်ားအျပားကလည္း ကမ႓ာျပန္အလာကို ႀကိဳဆိုၾကတယ္။

ေနာက္ေတာ့ ဒီလိုနဲ႔ပဲ လူတိုင္းက "ႏွစ္သစ္ကူးကို ႀကိဳဆို" သလိုပဲ အလြန္ထူးဆန္းတဲ့ သဘာဝျဖစ္စဥ္တစ္ခုက ၾကယ္အစုအေဝးဆိုင္ရာႏိုင္ငံေတြနဲ႔ မ်ိဳးႏြယ္စုအမ်ားအျပားမွာ ေပၚလာတယ္။ လူတိုင္းက သူတို႔က ကမ႓ာနဲ႔ဆက္စပ္ေနသလိုမ်ိဳး ႀကိဳဆိုေနၾကေတာ့တယ္။

ကမ႓ာက ေသခ်ာေပါက္ လူသားေတြနဲ႔ပဲ သက္ဆိုင္တာပါ။ ဒါဆို ဘာလို႔ တျခားၾကယ္အစုအေဝးထဲက မ်ိဳးႏြယ္ေတြကပါ ႐ုတ္႐ုတ္သဲသဲေတြျဖစ္ေနရတာလဲ။

ဒါေပမဲ့ စိတ္လႈပ္႐ွားမႈေတြ၊ ေပ်ာ္ပြဲ႐ႊင္ပြဲေတြနဲ႔အတူ အားလပ္ရက္ေပးတာတင္မက ဒစ္စေကာင့္အစီအစဥ္ေတြမ်ိဳးစုံပါမွေတာ့ ဘယ္သူက မႀကိဳက္ဘဲေနမလဲ။ ဘယ္သူက မေပ်ာ္ဘဲေနမွာလဲေလ!

ဒါေၾကာင့္ စၾကဝဠာတစ္ခုလုံးက ဒီလိုနဲ႔ပဲ ကမ႓ာျပန္အလာကို ႀကိဳဆိုၾကတဲ့ ေရပန္းစားတဲ့ကာလတစ္ခု ျဖစ္သြားေသးတယ္။

ဟုတ္တာေပါ့ ေပ်ာ္႐ႊင္ေနတဲ့လူေတြအမ်ားႀကီး႐ွိသလို သုန္မႈန္ေနတဲ့သူေတြလည္း ႐ွိတာပဲ။

အထူးသျဖင့္ အဖြဲ႕ခ်ဳပ္ဘက္မွာ.. အဲဒီတုန္းက အင္ပါယာနဲ႔အတူတူလုပ္ခဲ့တဲ့ သံတမန္က ေစ့ေစ့ေပါက္ေပါက္ကို အဆူအေငါက္ ခံလိုက္ရတယ္။

"အင္ပါယာမွာ ႐ွိေနခဲ့တာမလား။ ဘယ္လိုျဖစ္လို႔ ဘာမွမၾကားခဲ့ရတာလဲ။ ဝမ္ေ႐ွာင္းယြင္နဲ႔ အေပးအယူကိစၥ ေဆြးေႏြးခဲ့ေသးတယ္မလား။ အဲဒီတုန္းက ဘာလို႔ ေသခ်ာ မေမးခဲ့ရတာလဲ!"

ဒါက ကမ႓ာမလား! ပုံမွန္သာမန္ၿဂိဳလ္တစ္လုံးမဟုတ္ဘူးေလ။ ကမ႓ာပဲ!

သံတမန္မွာလည္း ခါးသီးေနတဲ့မ်က္ႏွာျဖစ္ေနတယ္။ "ကြၽန္ေတာ္က ဝမ္ေ႐ွာင္းယြင္နဲ႔ အေပးအယူတစ္ခု ေဆြးေႏြးခဲ့တယ္ဆိုေပမဲ့.. အဲဒါက တစ္ဖက္သက္ အလဲအလွယ္တစ္ခုပဲ... ကြၽန္ေတာ့္မွာ ဘာေျပာဆိုခြင့္မွ မ႐ွိခဲ့ဘူး။ ခင္ဗ်ားတို႔ေတြပဲ ကြၽမ္း-ေလာင္႐ွီးသာ ကြၽန္ေတာ္တို႔အဖြဲ႕ခ်ဳပ္က ဓာတ္ေရာင္ျခည္သင့္လူေတြကို ကုသေပးလိုစိတ္႐ွိမယ္ဆိုရင္ ဝမ္ေ႐ွာင္းယြင္ေတာင္းဆိုတဲ့ ဘယ္လိုအေျခအေနမ်ိဳးကိုမဆို သေဘာတူလို႔ရတယ္လို႔ ေျပာခဲ့တာမလား"

အဖြဲ႕ခ်ဳပ္ဥကၠဌက ေသြးေတာင္ အန္ထြက္ေတာ့မလိုပဲ။

သံတမန္က ဆက္ေျပာတယ္။ "ေနာက္ၿပီး ဥကၠဌႀကီး... ဝမ္ေ႐ွာင္းယြင္က သူ႕ႏိုင္ငံက ဗိုလ္ခ်ဳပ္ႀကီးတီးဝမ္ကိုပဲ ႐ွင္းထုတ္ခ်င္တာပါ၊ ကြၽန္ေတာ္တို႔အဖြဲ႕ခ်ဳပ္နဲ႔ ဘာမွမသက္ဆိုင္ဘူးလို႔ ခင္ဗ်ားပဲေျပာခဲ့တာပဲ။ အဲဒါေၾကာင့္ ကြၽန္ေတာ္က ဒီကိစၥမွာ သူ႕ကို ကူညီေပးခဲ့တာတင္မကဘူး၊ ေသေသခ်ာခ်ာကို အေထာက္အကူေပးခဲ့တယ္၊ ခင္ဗ်ားၫႊန္ၾကားတဲ့အတိုင္း ကြၽန္ေတာ္ အားလုံးလုပ္ေပးခဲ့တယ္"

အဖြဲ႕ခ်ဳပ္ဥကၠဌက စိတ္ဆိုးမာန္ဆိုးနဲ႔ေျပာတယ္။ "မင္းက သူတို႔နဲ႔ တစ္ေနကုန္ အဆက္အသြယ္႐ွိခဲ့တယ္မလား၊ ဘာလို႔ ကမ႓ာအေၾကာင္း အခ်က္အလက္တစ္စြန္းတစ္စေလးေတာင္မွ မၾကားခဲ့ရတာလဲ"

သံတမန္က ေျပာတယ္။ "ကြၽန္ေတာ္တကယ္ ဘာမွမၾကားခဲ့ပါဘူး။ အင္ပါယာရဲ႕ ရာထူးႀကီးပိုင္းေတြေတာင္မွ မသိဘူး၊ ကြၽန္ေတာ္တို႔နဲ႔ တစ္ေလွတည္းစီးသူေတြပဲ။ သူတို႔ေတြလည္း ဝမ္ေ႐ွာင္းယြင္က စစ္သေဘၤာႏွစ္စီးနဲ႔ ထြက္သြားၿပီး တပ္ဖြဲ႕ႏွစ္ခုကို ေခၚသြားတယ္ဆိုတာပဲ သိၾကတယ္။ အင္ပါယာက အရာ႐ွိေတြက ဝမ္ေ႐ွာင္းယြင္ ပုန္ကန္သြားၿပီလို႔ေတာင္ သံသယဝင္ေနၾကေသးတယ္။ အင္ပါယာကလည္း ေတာ္ေတာ္ေလး ရက္စက္တယ္ ဝမ္ေ႐ွာင္းယြင္ကို ပုန္ကန္တယ္လို႔ ထင္ေနၾကတာကို မျငင္းဘဲ လူေတြကို သို႔ေလာသို႔ေလာျဖစ္ေအာင္ လုပ္ထားတယ္၊ လူတိုင္းရဲ႕ အာ႐ုံက လြဲသြားတာေပါ့"

ဧကရာဇ္ကလဲရ္ရဲ႕ ဟိုလိုလိုဒီလိုလိုအျပဳအမူေၾကာင့္ လူတိုင္းက ဝမ္ေ႐ွာင္းယြင္ကတကယ္ပဲ ႏိုင္ငံကေန စြန္႔ခြာသြားတာဆိုရင္ အေၾကာင္းရင္းကဘာလဲ၊ သူ႕ကို အရင္က မမွ်မတ ဆက္ဆံဖူးလို႔မ်ားလားဆိုတာကို ခန္႔မွန္းေနၾကတယ္။

ၾကယ္အစုအေဝးကြန္ရက္မွာ အားလုံး ဆူညံပြက္ေလာ႐ိုက္ေနခဲ့ၿပီး ကိစၥအေျပာင္းအလဲေတြေၾကာင့္ အာ႐ုံမ်ားသြားၿပီး၊ ဘယ္သူမွ တျခားလမ္းေၾကာင္းကို မေတြးေတာမိၾကဘူး။

နဂါးေငြ႕တန္းအစြန္းနားက တျခားႏိုင္ငံကလူေတြ အင္ပါယာရဲ႕ စစ္သေဘၤာႏွစ္စင္းရဲ႕ ေျခရာလက္ရာေတြကို ေတြ႕ေတာ့မွပဲ သူတို႔ေတြ သိလိုက္ရေတာ့တယ္။ တကယ္လို႔ ဝမ္ေ႐ွာင္းယြင္သာ ႏိုင္ငံစြန္႔ခြာသြားတာဆိုရင္ စစ္သေဘၤာႏွစ္စင္းနဲ႔ အင္ပါယာကို တိုက္လိုက္လို႔ရၿပီပဲ၊ ဘာလို႔ ဒီလိုေခ်ာင္က်တဲ့ေနရာကို လာစရာလိုမွာလဲ။

သူက ၿဂိဳလ္တစ္လုံး႐ွာၿပီး သူ႕ကိုယ္သူ ဘုရင္လို႔ ေၾကညာမွာလည္းမဟုတ္ဘူးေလ။

သူတို႔ေတြအေျခအေနကို သုံးသပ္ဖို႔ လူေတြလႊတ္လိုက္တဲ့အခါမွာပဲ ကမ႓ာက ဒီလို ဘြားခနဲ ေပၚလာတာ!

တကယ္ပဲ အဲဒါက... ႐ုတ္တရက္ႀကီး ေပၚလာတာ!

သူတို႔ေတြကို သတ္လိုက္ရင္ေတာင္မွ ေပ်ာက္သြားတဲ့ကမ႓ာႀကီးက ဒီလိုမ်ိဳး ေပၚလာလိမ့္မယ္လို႔ ဘယ္တုန္းကမွ ေတြးမိမွာမဟုတ္ဘူး။ ေနာက္ၿပီး သူရဲ႕ မူရင္းကိုဩဒိနိတ္အမွတ္ေတြမွာပဲတဲ့!

အဖြဲ႕ခ်ဳပ္ဥကၠဌက ဒီအေၾကာင္းကို ေတြးေလေတြးေလ တစ္ခုခုေတာ့ မဟုတ္ေသးဘူးလို႔ ခံစားရေလေလပဲ။ "ဒါက ထူးဆန္းတယ္၊ ကမ႓ာက သူ႕ရဲ႕အရင္ကေနရာမွာပဲ ကြက္တိ႐ွိေနခဲ့တာ။ ဒါဆို လြန္ခဲ့တဲ့ ႏွစ္ေထာင္ေပါင္းမ်ားစြာက ဘယ္သူမွ ဘာလို႔မေတြ႕ရတာလဲ။ ဒီေလာက္ႀကီးတဲ့ ၿဂိဳလ္ႀကီး အဲဒီမွာ႐ွိေနတာေလ။ လူေတြမ်က္စိမွားသြားဖို႔ဆိုတာ မျဖစ္ႏိုင္ဘူး။ ဒါဆို ဘာလို႔ ဝမ္ေ႐ွာင္းယြင္နဲ႔ သူ႕လူေတြက်ေတာ့ ႐ွာေတြ႕သြားတာလဲ။ ေနာက္ၿပီး အဲဒါကို ဘယ္လိုမ်ား ဖြက္ထားၾကတာလဲ"

သံတမန္က တကယ္ပဲ မသိေတာ့ဘူး။

ဘယ္လိုပဲျဖစ္ျဖစ္ အဖြဲ႕ခ်ဳပ္ဥကၠဌက ဒီမွာ ထူးဆန္းတာတစ္ခုခု႐ွိရမယ္လို႔ထင္တဲ့အတြက္ ကိစၥေတြကို ႏွံ႔ႏွံ႔စပ္စပ္ နားလည္ခ်င္တယ္။ သူက အင္ပါယာကို ႐ွင္းျပခ်က္ေပးဖို႔ ေတာင္းဆိုခိုင္းဖို႔ ၾကယ္အစုအေဝးဆိုင္ရာမဟာမိတ္ကို သြားခဲ့ေသးတယ္။

ကလဲရ္က ေသခ်ာျပင္ဆင္ထားတယ္။ ေျပာၾကမယ္ဆို ကမ႓ာက တစ္ခ်ိန္လုံး သူ႕နဂိုေနရာမွာ႐ွိေနခဲ့ၿပီး လူေတြက ႏွစ္ေထာင္ေပါင္းမ်ားစြာ မ႐ွာႏိုင္ခဲ့တာလို႔ပဲ ေျပာမယ္ဆိုရင္.... အလြန္အံ့ဩစရာေကာင္းၿပီး ယုံခ်င္စရာမေကာင္း ျဖစ္ေနလိမ့္မယ္။ က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ ႐ွင္းျပခ်က္တစ္ခုေတာ့ လိုအပ္တယ္။

အဲဒါေၾကာင့္ အ႐ွင္ဧကရာဇ္ကလဲရ္က ေၾကညာခ်က္ထုတ္ျပန္ဖို႔ ပညာရပ္ဆိုင္ရာ အသုံးအႏႈန္းဘာသာစကားေတြ ထုတ္လာတယ္။

"နကၡတ္ေဗဒဆိုင္ရာေလ့လာခ်က္အရ နဂါးေငြ႕တန္းအတြင္းက ကမ႓ာရဲ႕ေနရာက xxx နဲ႔ xxx ၾကား ေနရာမွာ ႐ွိပါတယ္။ စၾကဝဠာက အလင္းျဖန္႔က်က္မႈေၾကာင့္ ျဖစ္လာတဲ့ အလင္းယိုင္မႈဟာ အျမင္အာ႐ုံအရ မျမင္ရေအာင္ ဖုံးကြယ္ထားသည့္ အက်ိဳးသက္ေရာက္မႈကိုျဖစ္ေစ...."

"သိပၸံေက်ာင္းမွ ပညာ႐ွင္ XX က ေလာေလာလတ္လတ္ ေဆာင္းပါးတစ္ပုဒ္ေရးသားထားပါတယ္။ ကမ႓ာက သူ႕ရဲ႕နဂိုမူလေနရာမွာ တစ္ေလွ်ာက္လုံး ႐ွိေနတာကို ဘယ္သူမွ မသိရတဲ့ အေၾကာင္းရင္းကေတာ့ အထိုင္ၾကယ္နဲ႔ ျဖတ္သြားတဲ့ၿဂိဳလ္တစ္လုံးၾကားက ဆြဲငင္အားေၾကာင့္ျဖစ္ပါတယ္။ ျဖတ္သြားတဲ့ၿဂိဳလ္ေတြက ကိုယ္တိုင္အလင္းမထုတ္လႊတ္ႏိုင္တဲ့အတြက္ အလင္းျပန္တဲ့အခါမွာ ထူးျခားတဲ့ အက်ိဳးသက္ေရာက္မႈတစ္ခုကို ဖန္တီးပါတယ္။ အဲဒါေၾကာင့္.... ျဖတ္သြားတဲ့ၿဂိဳလ္ ဖယ္သြားတဲ့အခါမွသာ ကမ႓ာရဲ႕ျဖစ္တည္မႈကို ျမင္ႏိုင္မွာပါ! ဒီျဖတ္သြားတဲ့ၿဂိဳလ္က တကယ္ေတာ့ စက္ဝန္းအလိုက္ ပတ္ေနတာျဖစ္ပါတယ္။ တစ္နည္းေျပာရရင္ အနာဂတ္မွာ ကမ႓ာကို "မျမင္ရတဲ့" အေျခအေနမ်ိဳးကို ျပန္ေရာက္သြားႏိုင္ပါတယ္။ အခ်ိန္ကေတာ့ မေသခ်ာေသး...."

"အံ့ဩစရာပဲ! ပညာ႐ွင္ X က သံသယေတြကို ဖယ္႐ွားေပးလိုက္တာပဲ။ ဒါဆို ဒီႏွစ္ေတြထဲမွာ ကမ႓ာက သူ႕မူလေနရာမွာပဲ႐ွိေနတာေပါ့။ စၾကဝဠာရဲ႕ လွည့္စားမႈကို ငါတို႔ပဲ ခံလိုက္ရတာေပါ့!"

"မိုက္တယ္! ၿဂိဳလ္သားေတြ ကမ႓ာကို လြန္ခဲ့တဲ့ ႏွစ္ေထာင္ေပါင္းမ်ားစြာက မ႐ွာႏိုင္ခဲ့တဲ့ အေၾကာင္းျပခ်က္ကို ဒီေန႔ေတာ့ ေနာက္ဆုံးမွာ ေျဖ႐ွင္းလိုက္ႏိုင္ၿပီ!"

အခ်ိန္ခဏေလာက္ ၾကယ္အစုအေဝးကြန္ရက္တစ္ခုလုံးမွာ ပညာ႐ွင္အမ်ိဳးမ်ိဳးရဲ႕ ေဆြးေႏြးမႈေတြနဲ႔ ျပည့္သြားတယ္။ ေနာက္ၿပီး ထူးထူးဆန္းဆန္း သူတို႔ေျပာသမွ်ေတြက အလြန္ အက်ိဳးအေၾကာင္းသင့္ေနတယ္။

ဟုတ္တာေပါ့ ပညာ႐ွင္ေတြရဲ႕ စကားလုံးေတြက နည္းနည္းတရားလြန္ျဖစ္ေနၿပီး လုံးဝကို ယုံၾကည္ခ်င္စရာမေကာင္းဘူးလို႔ ပြင့္ပြင့္လင္းလင္းေျပာတဲ့ မယုံတဲ့သူေတြလည္း ႐ွိတာပဲ။

ဒါေပမဲ့ ဒီလိုျဖစ္လာရင္ေတာ့ တစ္ေယာက္ေယာက္ကေတာ့ ေ႐ွ႕ထြက္ၿပီး ဒီလိုမ်ိဳးလူေတြကို ျပန္ေမးလိမ့္မယ္-

"ဒါဆို လူသားေတြ စၾကဝဠာထဲကို မဝင္လာခင္ ႏွစ္ႏွစ္ေထာင္ေလာက္က ၿဂိဳလ္သားမ်ိဳးႏြယ္ေတြ ဘာလို႔ ကမ႓ာကို ႐ွာမေတြ႕ရတာလဲဆိုတာ ေသခ်ာ ႐ွင္းျပႏိုင္လား"

"ၿဂိဳလ္သားမ်ိဳးႏြယ္ေတြရဲ႕ နည္းပညာက ငါတို႔ထက္ အမ်ားႀကီး ပိုအဆင့္ျမင့္ၿပီး တိုးတက္ေနၿပီ။ သူတို႔ေတြက ငါတို႔ထက္ေတာင္ အခ်ိန္ၾကာၾကာ စၾကဝဠာကို စူးစမ္းေနခဲ့တာပဲ၊ ငါတို႔က သူတို႔ကို မေတြ႕ႏိုင္ဘူးဆိုရင္ နားလည္လို႔ရပါေသးတယ္၊ ဒါေပမဲ့ သူတို႔ကေရာ ဘာလို႔ငါတို႔ကို ႐ွာမေတြ႕တာလဲ"

"အဲဒါက ၿဂိဳလ္သားေတြက ငါတို႔ကို ႐ွာမေတြ႕ခ်င္လို႔ မဟုတ္ဘူး၊ ကန္းေနလို႔သာ ႐ွာမေတြ႕တာ"

ဧကရာဇ္ကလဲရ္က အေတာ္ေလး ေစ့ေစ့စပ္စပ္ျပင္ဆင္ထားတယ္ဆိုတာ ဝန္ခံရမယ္။ ကမ႓ာျပန္ေပၚလာၿပီးတဲ့ေနာက္ လူသားႀကီးစိုးတဲ့ ႏိုင္ငံအခ်ိဳ႕က ကမ႓ာရဲ႕တစ္စိတ္တစ္ပိုင္းကို ျမည္းစမ္းခ်င္တဲ့ စိတ္ကူးနဲ႔ အကုန္လုံး တစ္ႏိုင္ငံၿပီးတစ္ႏိုင္ငံ ေရာက္လာၾကတယ္။

သူတို႔သုံးတဲ့ အေၾကာင္းျပခ်က္ကလည္း အလြန္က်ိဳးေၾကာင္းသင့္ေလ်ာ္ၿပီး ခ်က္နဲ႔လက္နဲ႔က်ေနေသးတယ္။ ကမ႓ာက လူသားမ်ိဳးႏြယ္ေတြပိုင္တဲ့အရာ၊ ဒါကို အခုမွ ဘာျဖစ္လို႔ မင္းတို႔အင္ပါယာရဲ႕ အပိုင္ျဖစ္သြားရတာလဲ။

ေနာက္ၿပီး ဒီကိစၥကို ေျဖ႐ွင္းဖို႔ အင္အားသုံးဖို႔ စီစဥ္ထားတယ္ဆိုတာကို ပြင့္ပြင့္လင္းလင္း ေျဗာင္က်က် ထုတ္ေျပာတဲ့ ႏိုင္ငံ့ေခါင္းေဆာင္လည္း ေတာ္ေတာ္မ်ားမ်ား႐ွိတယ္။

ဒီအခ်ိန္မွာ ဝမ္ေ႐ွာင္းယြင္ရဲ႕ ထိန္းခ်ဳပ္မႈေအာက္က စစ္သေဘၤာႏွစ္စင္းနဲ႔ တပ္ဖြဲ႕ႏွစ္ခုရဲ႕ ခြန္အားကို ေကာင္းေကာင္း အသုံးခ်လို႔ရတယ္။

ေကာင္းၿပီေလ၊ မင္းတို႔က ဒါကို ေျဖ႐ွင္းဖို႔ အားသုံးခ်င္တာတဲ့လား။

ကိစၥမ႐ွိပါဘူး။ အရင္ဆုံး ငါတို႔မွာ႐ွိတဲ့ စစ္သေဘၤာႏွစ္စင္းကို ေဘးဖယ္ထားလိုက္၊ မေမ့နဲ႔ဦး ငါတို႔မွာ စိတ္သႏၲာန္မက္ခါေတြလည္း ႐ွိေသးတယ္။

ဒါတင္မကဘူး။ ကြၽမ္းက်ိဳးကလည္း သူ႕ရဲ႕ ပုံမွန္ သေဘာေကာင္းတဲ့စိတ္ကို ေျပာင္းလဲလိုက္ၿပီး သူတို႔ကို ခက္ထန္စြာ ေျပာတယ္ "ခင္ဗ်ားတို႔က တကယ္ပဲ ကြၽန္ေတာ္တို႔အင္ပါယာနဲ႔ စစ္ျဖစ္မလို႔လား၊ ကြၽန္ေတာ္ကေတာ့ ရန္သူ႕ႏိုင္ငံက ဓာတ္ေရာင္ျခည္သင့္ျပည္သူေတြကို ကုေပးႏိုင္မယ္မထင္ဘူးေနာ္~"

ဒီအျပဳအမူက လက္ေတြ႕က်က်ေျပာလိုက္တာပဲ၊ ခင္ဗ်ားတို႔ တိုက္ခ်င္တာလား၊ ရတယ္ေလ၊ ဒါေပမဲ့ ခင္ဗ်ားတို႔ေတြ အနာဂတ္ တစ္ခ်ိန္ခ်ိန္မွာ "မေတာ္တဆ" ဓာတ္ေရာင္ျခည္သင့္မခံရဘူးလို႔ ေသခ်ာေျပာႏိုင္ရဲ႕လား။

ဒီစစ္ပြဲက မစခင္ကတင္ပဲ ၿပီးသြားေတာ့တယ္။ တျခားႏိုင္ငံေတြက အင္ပါယာ ကမ႓ာကို အပိုင္သိမ္းလိုက္တာကို မ်က္လုံးျပဴးၿပီးေတာ့ပဲ ၾကည့္ႏိုင္ေတာ့တယ္။

ကမ႓ာေျမကို တစ္ဦးတည္းအာဏာနဲ႔ ရလိုက္ၿပီးေနာက္မွာ ဧကရာဇ္ကလဲရ္က အင္ပါယာရဲ႕ အႀကီးပိုင္းအရာ႐ွိေတြနဲ႔ တျခားသူေတြကို ကမ႓ာကို ေရးႀကီးသုတ္ျပာနဲ႔ ေခၚလာတယ္။

ဒီအခ်ိန္မွာေတာ့ စစ္သေဘၤာဝီဗန္က ကမ႓ာမွာ ရပ္ထားၿပီးၿပီ။

ဧကရာဇ္ကလဲရ္နဲ႔ က်န္တဲ့သူေတြက စစ္သေဘၤာ အတည္ၾကယ္နဲ႔ ခရီးထြက္လာခဲ့ၾကတယ္။ လူတိုင္းက စိတ္အားထက္သန္ၿပီး စိတ္မ႐ွည္ျဖစ္ေနၾကတယ္။

ကြၽမ္းက်ိဳးက နဂိုက တ႐ုတ္ျပည္႐ွိခဲ့တဲ့ ေနရာမွာ ေရာက္ေနၿပီ။

သူက ေျမေပၚကို သစ္သား႐ုပ္တုေတြ အကုန္လုံးကို ခ်လိုက္ၿပီး ယုံၾကည္မႈစုေဆာင္းတဲ့ကိရိယာကို ဖြင့္လိုက္တယ္။ သူက စုေဆာင္းထားသမွ် မေရမတြက္ႏိုင္တဲ့ ယုံၾကည္မႈေတြနဲ႔ လက္ခံရထားသမွ် ဆုေတာင္းေတြ အကုန္လုံးကို ထုတ္လိုက္ၿပီး သူ႕ႏွလုံးသားအတြင္းမွာ ေသေသခ်ာခ်ာ အမွတ္ရေနတဲ့ နတ္ဘုရားေတြ အားလုံးဆီကို လႊတ္လိုက္တယ္။

ကြၽမ္းေဖာ့က အတည္အတံ့ေမးလိုက္တယ္။ "သူတို႔ ဒီလို ျပန္႐ွင္လာႏိုင္မွာလား"

ကြၽမ္းက်ိဳးက တိုးဖြစြာေျပာတယ္။ "ျပန္႐ွင္လာမွာပါ၊ ယုံၾကည္မႈက မေပ်ာက္သြားသေ႐ြ႕ သူတို႔မေသဆုံးႏိုင္ဘူး"

ကြၽမ္းေဖာ့က ေျပာတယ္။ "ဒါေပမဲ့ သူတို႔ကို ယုံၾကည္တဲ့သူ အမ်ားႀကီးမ႐ွိဘူး"

ကြၽမ္းက်ိဳးက ျပဳံးျပတယ္။ "ဒါေပမဲ့ ငါဒီမွာ႐ွိတယ္ေလ၊ ငါ့ယုံၾကည္မႈက သူတို႔ရဲ႕ ယုံၾကည္မႈပဲ"

သူက တိတ္တိတ္ေလး ဆုေတာင္းေနတယ္။ သူက စၾကဝဠာထဲက သူရထားသမွ် ယုံၾကည္မႈေတြအားလုံးကို မဟာနတ္မင္းႀကီးဆီကို စိတ္လိုလက္ရ အပ္ႏွင္းလိုက္ခ်င္တယ္။

ကြၽန္ေတာ္ျပန္လာၿပီေလ၊ ဒီေတာ့ ခင္ဗ်ားတို႔လည္း ျပန္လာမွာမလား။

ေလတိုက္သြားတယ္။ ယုံၾကည္မႈစုေဆာင္းကိရိယာေလးထဲက ယုံၾကည္မႈေတြက ၾကယ္ေတြလိုပဲ ျပန္႔ကြဲထြက္သြားၿပီး ပါးလႊာတဲ့ မိုးေျပးေလးလိုပဲ နည္းနည္းခ်င္းနည္းနည္းခ်င္း ေျမေပၚကို က်ေနတယ္။

ကြၽမ္းေဖာ့က ဒီယုံၾကည္မႈေတြမ႐ွိေတာ့ရင္ သခင္ကို အဆိုးဘက္က သက္ေရာက္မႈျဖစ္ေစမွာကို စိုးရိမ္ေနတယ္။ အဲဒါေၾကာင့္ သူလည္း စိတ္ထဲကေန ဆုေတာင္းေနတယ္။ ကြၽန္ေတာ့္ရဲ႕ အ႐ွင္သခင္ ကြၽန္ေတာ္က ထာဝရ အ႐ွင့္ရဲ႕ ယုံၾကည္သက္ဝင္ဆုံးသူ ျဖစ္ၿပီး သခင့္ကို အၿမဲတမ္း ယုံၾကည္ေနမွာပါ။ သခင္က ကြၽန္ေတာ့္ရဲ အ႐ွင္သခင္ပါပဲ။

ကြၽမ္းက်ိဳးက ကြၽမ္းေဖာ့ရဲ႕စိတ္ထဲကစကားေတြကို ၾကားေနရတဲ့အတိုင္း ႏွလုံးသားထဲမွာ လႈပ္ခတ္သြားၿပီး တစ္ခုခုေျပာေတာ့မဲ့ဟန္ ျပင္လာတယ္။

႐ုတ္တရက္ ကြၽမ္းေဖာ့က ေျမေပၚက သစ္သား႐ုပ္တုေလးေတြကို ၫႊန္ျပေနရင္း မ်က္လုံးေတြက ျပဴးက်ယ္လာတယ္။ "သခင္"

ကြၽမ္းက်ိဳးက ေခါင္းငုံ႔ၿပီး လွမ္းၾကည့္လိုက္တယ္။ သူက အဲဒီသစ္သား႐ုပ္ေလးေတြ တျဖည္းျဖည္းခ်င္း ထိုးေဖာက္ျမင္ရတဲ့အထိ ၾကည္သြားတာကို ျမင္လိုက္ရတယ္။ အဲဒီေနာက္မွာေတာ့ တဖ်က္ဖ်က္လက္ေနတဲ့ ၾကယ္လို ယုံၾကည္မႈေတြအတိုင္း ျဖည္းျဖည္းခ်င္း သူတို႔ေနရာမွာတင္ ေပ်ာက္ကြယ္သြားတယ္။

မ်က္လုံးေတြ ပူေလာင္လာၿပီး ကြၽမ္းက်ိဳးဟာ ဆို႔နင့္ေနတဲ့အသံနဲ႔ ေျပာတယ္၊ "သူတို႔ ၾကားသြားၿပီ"

စစ္သေဘၤာအတည္ၾကယ္ဟာ ၿမိဳ႕ေတာ္ၿဂိဳလ္ကို အင္ပါယာက ဧကရာဇ္ကလဲရ္နဲ႔ အႀကီးပိုင္းအရာ႐ွိေတြကို ျပန္ေခၚဖို႔ ျပန္သြားတယ္။

စစ္သေဘၤာအတည္ၾကယ္ ျပန္ေရာက္လာတဲ့အခ်ိန္မွာ တစ္လေလာက္ေတာင္ ၾကာေနၿပီ။

ကြၽမ္းက်ိဳးက ဧကရာဇ္ကလဲရ္ရဲ႕ေနာက္က မရင္းႏွီးတဲ့ လူေတြ အမ်ားႀကီးကို ျမင္လိုက္ရတယ္။ အဲဒါေၾကာင့္ ဝမ္ေ႐ွာင္းယြင္က သူ႕ကို႐ွင္းျပလာတယ္။ "သူတို႔က ၾကယ္အစုအေဝးမဟာမိတ္အဖြဲ႕က အႀကီးပိုင္းအရာ႐ွိေတြနဲ႔ တျခားႏိုင္ငံေခါင္းေဆာင္ေတြ"

ကမ႓ာက တကယ္ အရမ္းထူးျခားလြန္းတယ္။ အလိုအေလ်ာက္ကို လူေတြအမ်ားႀကီးက ၾကည့္ခ်င္ျမင္ခ်င္ၾကတာပဲ။ ကမ႓ာရဲ႕အလွကို သူတို႔ကိုယ္ပိုင္မ်က္လုံးနဲ႔ ေတြ႕ရေအာင္ တိုက္႐ိုက္႐ုပ္သံလႊင့္အစီအစဥ္တစ္ခုအတြက္ ကြန္ရက္အသုံးျပဳသူေတြစတင္လိုက္တဲ့ ရန္ပုံေငြစုထည့္တာမ်ိဳးေတာင္ ႐ွိလာတယ္။

သို႔ေပမဲ့ ဒီေတာင္းဆိုမႈကို လက္မခံရေသးဘူး။

ဧကရာဇ္ကလဲရ္နဲ႔ တျခားႏိုင္ငံ့ေခါင္းေဆာင္ေတြက ကမ႓ာေပၚမွာ ရပ္လိုက္တဲ့အခါ လူတိုင္းက သူတို႔ရင္ထဲမွာ ငိုခ်င္တဲ့ ခံစားခ်က္ႀကီး တိုးဝင္လာတာကို ခံစားလိုက္ရတယ္။

"ဆိုေတာ့ ဒါက ကမ႓ာတဲ့လား...."

ဒါက သူတို႔ဘိုးဘြားေတြ ေနထိုင္ခဲ့တဲ့ ေနရာေပါ့။

ကမ႓ာက အရင္ကနဲ႔ မတူေတာ့ဘူး။

သူတို႔ေျခေအာက္မွာ လက္႐ွိ႐ွိေနတဲ့ ကမ႓ာ.... သက္႐ွိေတြက သူတို႔ရဲ႕ မူလဇာစ္ျမစ္ကို ျပန္ေရာက္သြားၿပီ။ ႀကီးမားျမင့္မားတဲ့ ဗိသုကာအေဆာက္အဦေတြဟာလည္း ဟိုးလြန္ခဲ့တဲ့အခ်ိန္ကတည္းက ဥကၠာပ်ံတိုက္ခံရၿပီး ပ်က္စီးသြားၿပီ။ ကမ႓ာႀကီးတစ္ခုလုံးက အပ်က္အစီးပုံထဲမွာေရာက္ေနတယ္။ ေနရာတိုင္းမွာ ခ်ိဳင့္ဝွမ္းေတြ လွ်ိဳေျမာင္ေတြနဲ႔ ျဖစ္ေနတယ္။

သို႔ေပမဲ့ ႏွစ္ႏွစ္ေထာင္ၾကာျမင့္ခဲ့ၿပီး မဟာနတ္မင္းႀကီးေတြအားလုံးက ဒီေျမကို အားျဖည့္ေပးဖို႔အတြက္ သူတို႔ရဲ႕နတ္တန္ခိုးကို ေပးအပ္ထားတဲ့အတြက္ စိမ္းလန္းစိုျပည္ သန္စြမ္းေနတဲ့ သဘာဝေပါက္ပင္႐ွည္ေတြဟာ အပ်က္အစီးေတြၾကားမွာ ေပါက္ေနတယ္၊ ျမက္ေတြေပါင္းပင္ေတြကလည္း ေနရာတိုင္းမွာ ျပည့္ေနတဘ္။ အေဝးကို ေမွ်ာ္ၾကည့္လိုက္ရင္ အလြန္ ႀကီးမားက်ယ္ျပန္႔တဲ့ ေ႐ွးဦးေတာအုပ္ေတြလည္း ျမင္ေနရတယ္။

ေလထုက အလြန္လန္းဆန္းၿပီး သန္႔႐ွင္းေနတယ္။ ေနရာမွာ စိမ္းစိုထူထဲတဲ့ သစ္႐ြက္ေတြနဲ႔ အုံ႔ဆိုင္းေနတယ္။

ဧကရာဇ္ကလဲရ္က ထူးထူးဆန္းဆန္း မ်က္လုံးအိမ္ထဲမွာ မ်က္ရည္ေတြဝိုင္းလာတယ္။ "ေကာင္းတယ္၊ တအားေကာင္းတယ္၊ အရမ္းလွတာပဲ၊ ငါ အာကာသေပၚကျမင္လိုက္တုန္းက ဒီအျပာေရာင္ေတြက အရမ္းလွတယ္လို႔ ထင္ခဲ့တာ.. ဒါေပမဲ့ သူ႕ရဲ႕ၿဂိဳလ္ပတ္လမ္းေၾကာင္းကို ဝင္လိုက္ၿပီးေတာ့ သူက စိမ္းစိုေနတာပါပဲ..."

အျခားလူေတြကလည္း အလြန္႐ႈပ္ေထြးၿပီး စိတ္ခံစားခ်က္ေတြ ျပည့္လွ်မ္းလာတယ္။ "အရမ္းလွတာပဲ။ ဒီေလာက္ သစ္ပင္ေတြအမ်ားႀကီး တစ္ခါမွ မျမင္ဖူးဘူး။ ဒါက ကမ႓ာလား"

စိမ္းစိုပြင့္လန္းေနတဲ့ သစ္ေတာအုပ္ေတြနဲ႔ အုံ႔ဆိုင္းေနတဲ့ေနရာႀကီးဟာ တစ္ခါက အပ်က္အစီးေတြ၊ အတိတ္ကလူသားေတြရဲ႕ တည္႐ွိမႈရဲ႕ ေျခရာလက္ရာေတြပဲ။ ဒါေပမဲ့ ကမ႓ာေျမဟာ ဝမ္းနည္းမႈေခတ္ကို ေက်ာ္လြန္ခဲ့ၿပီျဖစ္တဲ့အတြက္ တစ္ေသြးတစ္ေမြးနဲ႔ လွပေနေတာ့တယ္။

ၾကယ္အစုအေဝးမဟာမိတ္အဖြဲ႕ဟာ ဒီေလာက္ေကာင္းတဲ့ေနရာကို အင္ပါယာကို ေပးလိုက္ရတဲ့အတြက္ အနည္းငယ္ ႏွေျမာတသျဖစ္မိသလို ခံစားေနရတယ္၊ ဒါေပမဲ့ ေ႐ြးခ်ယ္စရာမ႐ွိဘူး။ အခုမွ ေျပာင္းလဲပစ္စရာနည္းလမ္းလည္း မ႐ွိဘူး။

သို႔ေပမဲ့ ကမ႓ာက တကယ္ကို အရမ္းလွလြန္းတယ္။ ေလထုကလည္း အရမ္းသန္႔႐ွင္းၿပီး သူတို႔ေနထိုင္ခဲ့ဖူးတဲ့ ၿဂိဳလ္ေတြအားလုံးနဲ႔ လုံးလုံးကို ကြာျခားေနတယ္။ ဘယ္တုန္းကမွ ဒီလို စိမ္းလန္းစိုျပည္ သန္စြမ္းေနတဲ့ သဘာဝေပါက္ပင္ေတြကို မျမင္ဖူးဘူး။ ဒီလိုလုံးဝကြာျခားေနတဲ့ ကမ႓ာႀကီးက သူတို႔ကို ထြက္ခြာသြားဖို႔ တုံ႔ဆိုင္းေနေစတယ္။

ဒါေပမဲ့ အခု ကမ႓ာေပၚမွာ ေနထိုင္စရာေနရာမ႐ွိဘူး။ အခုေရာက္ေနတဲ့သူေတြကလည္း အကုန္လုံးက ေခါင္းေဆာင္ေတြပဲဆိုေတာ့ သူတို႔မွာ ေ႐ြးခ်ယ္စရာမ႐ွိဘဲ ထြက္သြားရတယ္။

ကမ႓ာေပၚမွာ ရက္အနည္းငယ္ ေလွ်ာက္သြားေနရင္း ဧကရာဇ္ကလဲရ္က မျပန္ခင္မွာ ကြၽမ္းက်ိဳးနဲ႔ ဝမ္ေ႐ွာင္းယြင္ကို ဆြဲၿပီး ယဥ္ေက်းစြာနဲ႔ စိတ္ရင္းနဲ႔ ေျပာလာတယ္။ "မင္းတို႔ေတြ ကမ႓ာကို ဒီတစ္ေခါက္မွာ ေကာင္းေကာင္းမြန္မြန္ ျပန္တည္ေထာင္ရမယ္၊ ဒီတာဝန္ကို မင္းတို႔ကို အပ္လိုက္ၿပီ။ ဒါေပမဲ့ မွတ္ထားၾက။ ဘယ္ေတာ့မွ သဘာဝပတ္ဝန္းက်င္ကို မညစ္ညမ္းေစနဲ႔။ ငါတို႔ ကမ႓ာႀကီးရဲ႕ သဘာဝေဂဟစနစ္ကို ထိခိုက္ေစလို႔မရဘူး။"

ကြၽမ္းက်ိဳးဟာ ဧကရာဇ္ကလဲရ္က ကမ႓ာကို တကယ္ခ်စ္ခင္ျမတ္ႏိုးတယ္ဆိုတာ ျမင္ေနရတယ္။ သူက ေနာက္ဆုံးေတာ့ ဧကရာဇ္ကလဲရ္ကို အလြန္ႏွစ္လိုဖြယ္ေကာင္းတဲ့ အျပဳံးတစ္ခု ျပဳံးျပလိုက္တယ္။ "ကြၽန္ေတာ္ တာဝန္ယူပါတယ္"

ဘယ္သူမွ သူထက္ပိုၿပီး ဒီကမ႓ာကို ခ်စ္မွာမဟုတ္ဘူး။

ဘာလို႔လဲဆိုေတာ့ သူ႕က ဒီကမ႓ာႀကီးက လာခဲ့တာမို႔ပဲ။

ဧကရာဇ္ကလဲရ္နဲ႔ တျခားသူေတြက ေနာက္ဆုံးေတာ့ တြန္႔ဆုတ္တြန္႔ဆုတ္နဲ႔ ျပန္သြားၾကတယ္။

တစ္ႏွစ္ၾကာေသာ္

ၾကယ္အစုအေဝးဆိုင္ရာခရီးသြားလမ္းၫႊန္ဟာ ကမ႓ာကို အလည္အပတ္ခရီးစဥ္လမ္းေၾကာင္းတစ္ခု ဖြင့္ေပးလိုက္တယ္။ ဒီအလည္အပတ္လမ္းေၾကာင္းဟာ စၾကဝဠာႀကီးတစ္ခုလုံးရဲ႕ စိတ္ဝင္စားမႈနဲ႔ အလြန္ျပင္းျပတဲ့ စိတ္အားထက္သန္မႈေတြကို လက္ခံရလိုက္တယ္။ ကမ႓ာကို လည္ပတ္ရဖို႔က စၾကဝဠာတစ္ခုလုံးမွာ ေရပန္းအစားဆုံးအေၾကာင္းအရာနဲ႔ လူႀကိဳက္အမ်ားဆုံး အစီအစဥ္တစ္ခုျဖစ္လာတယ္။

သူတို႔က ကမ႓ာက တစ္ခ်ိန္က သဘာဝပတ္ဝန္းက်င္ ပ်က္စီးယိုယြင္းမႈေတြ ခံစားခဲ့ရတယ္ဆိုတာ သိထားလို႔ပဲလား မေျပာတတ္၊ ဒီခရီးစဥ္မွာပါလာတဲ့လူတိုင္းဟာ ကမ႓ာကို ဂ႐ုတစိုက္နဲ႔ ဆက္ဆံၾကတယ္။ အမိႈက္ကို ၾကဳံရာမွာပစ္ဖို႔ကို မေျပာနဲ႔ေတာ့ သူတို႔မေတာ္တဆ သစ္ပင္တစ္ပင္ကို ဝင္တိုက္မိရင္ေတာ့ ရက္အနည္းငယ္ၾကာေအာင္ အျပစ္႐ွိသလို ခံစားေနၾကရတယ္။

ကြၽမ္းက်ိဳးဟာ သူတို႔ကိုၾကည့္ရင္း ရယ္ခ်င္လာတယ္၊ ဒီေလာက္ႀကီးအထိေတာ့ ျဖစ္စရာမလိုပါဘူးေလ။

ႏွစ္ႏွစ္ၾကာေသာ္

ေလ့လာမႈေတြက ဆုံးခန္းတိုင္သြားတယ္။ ကမ႓ာရဲ႕ေလဟာ စၾကဝဠာက ၿဂိဳလ္ေတြအားလုံးထဲမွာ အားအင္ျပန္သစ္ႏိုင္တဲ့ စြမ္းရည္အ႐ွိဆုံးပဲ။ ဒါတင္မကဘူး။ ကမ႓ာရဲ႕ေလကို အခ်ိန္ၾကာျမင့္စြာ စြဲၿမဲ႐ွဴ႐ိႈက္ရရင္ စြမ္းအင္ဓာတ္ေရာင္ျခည္သင့္ေနတဲ့သူေတြအတြက္ ႀကီးမားစြာ အေထာက္အကူျပဳႏိုင္တယ္။

ခဏအတြင္း စြမ္းအင္ဓာတ္ေရာင္ျခည္သင့္ေနတဲ့ မေရမတြက္ႏိုင္တဲ့လူေတြဟာ အကုန္လုံး ကမ႓ာေပၚမွာေနထိုင္ဖို႔ ေလွ်ာက္လႊာတင္ၾကတယ္။

ဒီလူနာေတြအျပင္ မေရမတြက္ႏိုင္တဲ့ ေခါင္းေဆာင္ေတြ၊ ၾကယ္အစုအေဝးမဟာမိတ္အဖြဲ႕က အႀကီးပိုင္းအရာ႐ွိေတြေတာင္မွပဲ စၾကဝဠာထဲက အေကာင္းဆုံး ကုသေရးစင္တာျဖစ္တဲ့ ကမ႓ာကို ေျပာင္းေ႐ႊ႕ခ်င္တဲ့အတြက္ ဂနာမၿငိမ္နဲ႔ အုတ္ေအာ္ေသာင္းတင္းျဖစ္လာတယ္။

ကမ႓ာက ေလကိုလည္း အြန္လိုင္းေပၚမွာ အလြန္အမင္း ဩခ်ေလာက္ေအာင္ ျမင့္တဲ့ေဈးႏႈန္းနဲ႔ ေရာင္းၾကတယ္။ လူေတြအမ်ားအျပားဟာ အသက္႐ွဴဖို႔ ကမ႓ာေပၚက ေလတစ္ပုလင္းေလာက္ ဝယ္ႏိုင္ဖို႔ေတာင္ ဒူးေထာက္ေတာင္းပန္ၾကလိမ့္မယ္။

ဒီလိုအျဖစ္ေၾကာင့္ ကြၽမ္းက်ိဳးဟာ ေဆာင္းတြင္းတိုင္း အေ႐ွ႕ေျမာက္အရပ္ကလူေတြက အြန္လိုင္းေပၚမွာ ႏွင္း ဝယ္ၾကတာကို သြားသတိရမိတယ္....

ငါးႏွစ္ၾကာေသာ္

ဒီတစ္ေခါက္ ဝမ္ေ႐ွာင္းယြင္ ကင္းလွည့္တဲ့အခါ ငါးႏွစ္အ႐ြယ္ေလာက္႐ွိတဲ့ ေကာင္ေလးႏွစ္ေယာက္ကို ဝင္တိုးမိတယ္။ ေကာင္ေလးတစ္ေယာက္မွာ ေက်ာေနာက္မွာ က်စ္ဆံၿမီးေလး တြဲလဲက်ေနတယ္။ ေနာက္တစ္ေယာက္ကေတာ့ မ်က္မွန္တပ္ထားတယ္။

ကမ႓ာရဲ႕ သဘာဝပတ္ဝန္းက်င္ကို ကာကြယ္ဖို႔အတြက္ ကမ႓ာဟာ လူသားေနထိုင္အေျခခ်ဖို႔အတြက္ ျပန္မဖြင့္ေပးေသးဘူး။ ဒီမွာ ကေလးေတြ႐ွိခဲ့ရင္ေတာင္မွ ဝမ္ေ႐ွာင္းယြင္ ကင္းလွည့္ေနတဲ့ပရဝုဏ္မွာေတာ့ မ႐ွိသင့္ဘူး။ ဒီေနရာက အရမ္းေခ်ာင္က်လြန္းတယ္။

သူက ဒီကေလးေတြ ဘယ္ကလာလဲဆိုတာေတာင္ ေမးဖို႔အခြင့္အလမ္းမ႐ွိေသးဘူး၊ ကေလးႏွစ္ေယာက္က သူ႕ကို အလြန္ျပင္းထန္စူး႐ွတဲ့အၾကည့္ေတြနဲ႔ သူ႕ကို စူးစမ္းေနတာကို ေတြ႕လိုက္ရတယ္။

က်စ္ဆံၿမီးနဲ႔ေကာင္ေလး : သူလား?

မ်က္မွန္နဲ႔ေကာင္ေလး: ဟုတ္တယ္ သူပဲ

က်စ္ဆံၿမီးနဲ႔ေကာင္ေလးက မညႇာမတာ ေျပာလိုက္တယ္: "အရမ္း-အရမ္းကို ႀကီးၿပီး ထြားတဲ့ပုံႀကီး"

မ်က္မွန္နဲ႔ေကာင္ေလးက ေဖ်ာင္းဖ်လိုက္တယ္။ "ဒါေပမဲ့ ေတာ္ေတာ္ေလးေကာင္းပါတယ္၊ အျပစ္ႀကီးပဲ ႐ွာမေနပါနဲ႔"

က်စ္ဆံၿမီးနဲ႔ေကာင္ေလး: "ေနာက္ၿပီး အရမ္းအားနည္းလြန္းတယ္။ ဘယ္လိုလုပ္ၿပီး ငါတို႔ရဲ႕ ကြိဳက္ကြိဳက္ေလးက သူ႕ကို ခ်စ္သြားရတာလဲ" (T/N ကြိဳက္ကြိဳက္ - လိမၼာတယ္၊ နာခံတတ္တယ္လို႔ ဆိုလိုပါတယ္၊ ခ်စ္စရာေကာင္းတယ္လို႔လည္း တစ္ခါတေလ သုံးပါတယ္)

မ်က္မွန္နဲ႔ေကာင္ေလး "သူသေဘာက်ရင္ ရၿပီေလ"

ဝမ္ေ႐ွာင္းယြင္က နားေထာင္ၾကည့္ေလေလ ပိုၿပီး ထူးဆန္းလာေလေလပဲ။ ဒီကေလးႏွစ္ေယာက္ရဲ႕ ဇာစ္ျမစ္နဲ႔ပတ္သက္ၿပီး တစ္ခုခု ထူးဆန္းသလို ခံစားလာရတယ္။

ဒီတစ္ေခါက္မွာေတာ့ က်စ္ဆံၿမီးနဲ႔ေကာင္ေလးက ေမးကို ေမာ့ၿပီး ဝမ္ေ႐ွာင္းယြင္ကို စိတ္မေက်မနပ္မႈအျပည့္နဲ႔ ၾကည့္လာတယ္။ သူက အလြန္မေပ်ာ္မ႐ႊင္နဲ႔ ေျပာတယ္။ "ေဟ့ ကေလး၊ အနားနည္းနည္းကပ္လာစမ္းပါ၊ ငါတို႔ တစ္ခ်က္ေလာက္ၾကည့္ရေအာင္"

ဝမ္ေ႐ွာင္းယြင္ ".......................?"

ကေလး?

ငါ့ကိုေျပာတာလား?

.....................xxx....................

Continue Reading

You'll Also Like

1.4M 185K 154
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
307K 54.8K 74
Associated Names : Rebirth of Glory 重生之尊荣 Author(s) : Huai Ruo Gu 怀若谷 Artist(s) : N/A Y...
131K 27.5K 25
Author(s) 爱莲斋 E- translator Lia Status in COO 11 chapters + 1 Extra (Completed) Unicode+ Zawgyi ဒါေလးကေပါ့ေပါ့ပါးပါးေလးနဲ႕ အခြီေလးေတြပါျပီး ခ်စ္ဖို႕...
200K 4.9K 37
warning 21+ punishment, BDSM, sm play, roleplay , etc... တွေပါနိုင်ပါတယ် တပိုင်းချင်းဆီ warning ကိုတပိုင်းချင်းဆီပြန်ရေးပါ့မယ် Ukeက transgender ပါ❗