ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့...

By Jiji_laura

485K 81.6K 2.6K

Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO... More

Description
အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။
အခန်း-၂ စာကြောင်းတွေကို မှတ်ရတာ ခက်လိုက်တာ။
အခန်း-၃ နုပျိုရနံ့သာဆေးလုံး။
အခန်း-၄ ဒီကျေးဇူးကို ငါပြန်ဆပ်မယ်။
အခန်း-၅ မင်းက လူကောင်းတစ်ယောက်ပဲ။
အခန်း-၆ လူရွေးပွဲ၏ ပထမဦးဆုံး အကဲဖြတ်ခြင်း။
အခန်း-၇ ငါ အရမ်းပျော်ပါတယ်။
အခန်း-၈ ဒါက ကြီးကြီးမားမား နားလည်မှုလွဲမှားတာပဲ။
အခန်း-၉ လရောင်အောက်၌ ယစ်မူးနေသော ကြာပွတ်ငယ်။
အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။
အခန်း-၁၁ ဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။
အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။
အခန်း-၁၃ ဘယ်သူက ပထမလဲ?
အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။
အခန်း-၁၅ ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၁၆ နောက်ထပ်ရှင်းပြစရာ မရှိပါ။
အခန်း-၁၇ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြောင်းရွှေ့ခြင်း။
အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။
အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။
အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။
အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။
အခန်း-၂၂ ကျောက်စိမ်းအိမ်တော်မှ နှစ်တစ်ဝက်။
အခန်း-၂၃ ကျောက်စိမ်းကြေးမုံရေကန်ပေါ်၌ ကစားခြင်း။
အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။
အခန်း-၂၅ ပုလဲစံအိမ်တော်သို့ မှားယွင်းစွာဝင်ရောက်ခြင်း။
အခန်း-၂၅.၂
အခန်း-၂၅.၃
အခန်း-၂၆ နိုးထခြင်းနှင့် နှစ်သစ်ကူးအကြို။
အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။
အခန်း-၂၈ ခံစားချက်များကို ထုတ်ပြောရန်မှာ ခက်ခဲလှသည်။
အခန်း-၂၉ ခေတ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ခြင်း။
အခန်း-၃၀ မြင့်မြတ်သော ဓားပညာရှိ ဂူသင်္ချိုင်း၏သတင်း။
အခန်း-၃၁ ကောပိသဲကန္တာရ၌ ပြန်လည်ဆုံဆည်းခြင်း။
အခန်း-၃၂ သူစိမ်းအဖြစ် တွေ့ဆုံခြင်း။
အခန်း-၃၃ မိုးမခရွက်ရေကန် သွေးစွန်းထင်းခြင်း။
အခန်း-၃၄ ရေကန်ဘေးမှ ကြယ်စင်ည။
အခန်း-၃၅ ကောလဟာလတွေကို ဘယ်သူတွေ ဖြန့်နေတာလဲ?
အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။
အခန်း-၃၇ မြေအောက်မြစ်ထဲသို့ ပြုတ်ကျခြင်း။
အခန်း-၃၈ အိပ်မက်ဆိုးနှင့် စူးစမ်းရှာဖွေခြင်း။
အခန်း-၃၉ မြွေတစ်အုပ်နှင့် ခန့်မှန်းချက်များ။
အခန်း-၄၀ ဓားပညာရှိ၏ ဂူပိတ်ကျင့်ရာနေရာ။
အခန်း-၄၁ ဂူကျောက်နံရံပေါ်မှ ဓားချက်များ။
အခန်း-၄၂ ရှုပ်ထွေးစေသော အမေးနှင့်အဖြေ။
အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။
Translator Note:
အခန်း-၄၄ ထပ်မံပြောင်းလဲခြင်း။
အခန်း-၄၅ ငါမင်းရဲ့အကျဉ်းသား ဖြစ်ချင်တယ်။
အခန်း-၄၆ မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။
အခန်း-၄၇ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။
အခန်း-၄၈ အရာအားလုံးကို စွန့်လွှတ်ဖို့အချိန်ရောက်ပြီ။
အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။
အခန်း-၅၀ နက်နဲသော အရှုပ်တော်ပုံ။
အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။
အခန်း-၅၂ စကားလုံးဖြင့် ဖော်ပြရန်မှာ ခက်ခဲလှသည်။
အခန်း-၅၃ ညအချိန် လေကဲ့သို့ ခိုးဝင်ခြင်း။
အခန်း-၅၄ ဝတ်စုံဖြူနှင့် လျှို့ဝှက်ဆန်းကြယ်သောလူ။
အခန်း-၅၅ 'ကြက်သွေးနီ‌ညှိုးနွမ်းခြင်း' အား ရှာဖွေခြင်း။
အခန်း-၅၆ ရေခဲဝိညာဉ်နှင့် သံသယ။
အခန်း-၅၇ မင်းနဲ့အတူရှိချင်တယ်။
အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။
အခန်း-၆၀ နောက်ထပ် သံသယတစ်ခု။
အခန်း-၆၁ ငါ့နှလုံးသားနောက်ကို လိုက်ပါရစေ။
အခန်း-၆၂ ခရီးသစ်တစ်ခု စတင်ခြင်း။
အခန်း-၆၃ အခြေအနေ ပြောင်းလဲခြင်း။
အခန်း-၆၄ အအေးမိခြင်းနှင့် ညဘက်တိုက်ခိုက်ခံရခြင်း။
အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။
အခန်း-၆၆ သူ့ကိုဘယ်လိုသတ်မှာလဲ?
အခန်း-၆၇ လန်ယန်း‌မြို့သို့ ရောက်ရှိခြင်း။
အခန်း-၆၈ မင်းလိုက်သွားစရာ မလိုဘူး။
အခန်း-၆၉ တူညီသော အတွေ့အကြုံဖြင့် ချည်နှောင်ထားခြင်း။
အခန်း-၇၀ အဖေ၊သားနှင့် ညီအစ်ကိုများကြား။
အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။
အခန်း-၇၂ ဝူလင်မဟာမိတ်ခေါင်းဆောင်၏ စီစဉ်မှု။
အခန်း-၇၃ ချုံးယန်ပွဲတော်၌ ပြန်လည်တွေ့ဆုံကြခြင်း။
အခန်း-၇၄ ဖုံးကွယ်ထားခြင်းနှင့် နာကျင်မှု။
အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။
အခန်း-၇၆ အိပ်မက်ဟောင်းများနှင့် ဝန်ခံချက်။
အခန်း-၇၇ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရခြင်း။
အခန်း-၇၈ ဘာလို့ သေရမှာကို မကြောက်တာလဲ?
အခန်း-၇၉ ဖုံးကွယ်ထားခံရသော အမာရွတ်များ။
အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။
အခန်း-၈၁ အချစ်စကားများနှင့် သံသယ။
အခန်း-၈၂ ဆုံးဖြတ်ချက်နှင့် ထင်ကြေးများ။
အခန်း-၈၃ ကူအဆိပ်ကို ဖယ်ရှားခြင်းနှင့် နောက်ဆက်တွဲမေးခွန်း။
အခန်း-၈၄ အိပ်မက်များနှင့် အမှန်တရား။
အခန်း-၈၅ ငါမင်းနဲ့ပဲ အတူရှိနေချင်တယ်။
အခန်း-၈၆ ကယ်တင်ရန်နည်းလမ်း။
အခန်း-၈၇ အိပ်မက်မြေနှင့် ဆောင်းရာသီလများ။
အခန်း-၈၈ ဆောင်းဦးလေပြေည။
အခန်း-၈၉ နှင်းလူသားနှင့် ကတိကဝတ်။
အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။
အခန်း-၉၁ မျှော်လင့်မထားသော သတင်း။
အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။
အခန်း-၉၃ အခွင့်အလမ်းအသစ်တစ်ခု ပေါ်ပေါက်လာခြင်း။
အခန်း-၉၄ ကျောက်စိမ်းဆွဲကြိုးနှင့် မီးတောက်ဖြူကူ။
အခန်း-၉၅ နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတစ်ခုနှင့် ကြုံတွေ့ခြင်း။
အခန်း-၉၆ ကျိုယန့်ရေကန်ဘေးမှ အတိတ်ဟောင်း။
အခန်း-၉၇ ညအချိန်စကားဝိုင်းနှင့် ချုံခိုတိုက်ခိုက်မှု။
အခန်း-၉၈ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၉၉ ပရမ်းပတာများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း။
အခန်း-၁၀၀ ဆုံဆည်းခြင်းနှင့် ခဏတာခွဲခွာခြင်း။
အခန်း-၁၀၁ ဝါးဥယျာဉ်ကျွန်းဆွယ်၌ စုဝေးခြင်း။
အခန်း-၁၀၂ အချစ်ကူ၏ လျှို့ဝှက်ချက်။
အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။
အခန်း-၁၀၄ ကျွန်းထိပ်မှ အသေအကြေတိုက်ပွဲ။
အခန်း-၁၀၅ လက်ချင်းချိတ်လို့ ရေခဲလွင်ပြင်ဆီ။
အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။
အခန်း-၁၀၇ အချစ်ကြောင့် ပေါက်ဖွားလာသော ထိတ်လန့်ကြောက်ရွံ့မှု။
အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။
အခန်း-၁၀၉ အဆုံးသတ်သို့‌ရောက်ရှိခြင်း။
အခန်း-၁၁၀ အဆုံးသတ်တိုက်ပွဲ။
အခန်း-၁၁၁ ခန့်မှန်းချက်များနှင့် နည်းလမ်းရှာဖွေခြင်း။
အခန်း-၁၁၂ နောက်ဆက်တွဲကိစ္စများ။
အခန်း-၁၁၃ နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခြင်း။
အခန်း-၁၁၄ ကျွင်းယိုတောင်ရှိ ခြံဝင်းငယ်။
အခန်း-၁၁၅ ပထမဆုံးအကြိမ် အတူတကွနှစ်သစ်ကူးခြင်း။
အခန်း-၁၁၆ ကျောက်စိမ်းအိမ်တော်သို့ ပြန်သွားခြင်း။
အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။
အခန်း-၁၁၈ ဖြေရှင်းချက်နှင့် ရွေးချယ်မှု။
အခန်း-၁၁၉ ထူးဆန်းသော ငှက်ဥ။
အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။
အချပ်ပို-၁
အချပ်ပို-၂
ကျေးဇူးတင်ကြောင်းနဲ့ နှုတ်ဆက်ကြောင်း။

အခန်း-၅၉ ရှုပ်ထွေးနေသော နှလုံးသား။

4.5K 812 21
By Jiji_laura

Unicode

အခန်း-၅၉ ရှုပ်ထွေးနေသော နှလုံးသား။

[ငါ သူ့ကို လှည့်စားခဲ့ရုံပဲ..]

စုယန် မိန်းမောတွေဝေစွာ ရပ်နေသည်။ သူ့စိတ်အထွေမှာ လုံးလုံးလျားလျား လွတ်နေ၏။

တိတ်ဆိတ်မှုက အချိန်အတော်ကြာအောင် တည်ရှိနေခဲ့သည်။

နောက်ဆုံးတွင် ကုဖေးတိက မနေနိုင်တော့ဘဲ အသံထွက်လာလေသည်။

"စု..."

စုယန် လန့်နိုးသွားပြီး ဓာတ်လိုက်ခံရသလို ကုဖေးတိ၏ လက်ကို ပုတ်ထုတ်လိုက်သည်။ ပြီးနောက် အမှောင်ထဲတွင် ကျောက်နံရံကိုစမ်းကာ အခန်းအပြင်သို့ ပြေး‌ထွက်သွားတော့၏။

အလင်းရောင်ရှိနေသော ပင်မကျောက်ခန်းထဲသို့ ရောက်သည်နှင့် စုယန် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့လက်ကို မြှောက်လိုက်ပြီး လက်ဖမိုးဖြင့် နှုတ်ခမ်းကို ဖိအုပ်ထားမိ၏။ ပူလောင်နေသော သူ၏ပါးပြင်နှင့် နားရွက်များ၊ ဗုံတစ်လုံးကဲ့သို့ လျင်မြန်စွာ ခုန်လှုပ်နေသော နှလုံးခုန်သံများကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ သူ၏တစ်ကိုယ်လုံးမှာ ပျော့ပျောင်းသော ဂျယ်လီဗွက်အိုင်ထဲသို့ ပျော်ဝင်သွား သလို ခံစားနေရပြီး တစ်လက်မမျှ လှုပ်ရှားရန်ပင် ခွန်အားမထုတ်နိုင်သည်အထိ ဖြစ်သွားရသည်။

ကုဖေးတိ၏အနမ်းရဲ့ အဓိပ္ပာယ်ကို သူ မခန့်မှန်းချင်သလို နောက်ဆုံးစကားရဲ့ အဓိပ္ပါယ်ကိုလည်း သူမတွေးချင်ပါ။

သိူ့သော် သူ့ခေါင်းထဲရှိ အတွေးများမှာ လုံးလုံးလျားလျား အထိန်းအချုပ်မဲ့နေပြီး ၎င်းကို ထုတ်ဖော်ရန် မတားဆီးနိုင်ခဲ့ပေ။

ကုဖေးတိက.... သူ့ကို ချစ်နေတယ်?

ကုဖေးတိကို သူ့အပေါ် မှားယွင်းတဲ့ ချစ်ခြင်းမေတ္တာတွေ ဖြစ်ပေါ်လာစေခဲ့တာက ဇာတ်လိုက်မရဲ့ဇာတ်ကွက်ကို မတော်တဆ ခိုးယူမိခဲ့လို့လား?

ဒါမှမဟုတ် ဟိုးအရှေ့မှာတကည်းက တခြား ဇာတ်ကောင်တွေရဲ့ ဇာတ်ကွက်တွေကို အမြဲ လုယူတဲ့အပြင် သိုင်းလောကတခွင်မှာ သူဟာ 'လိင်တူကြိုက်နှစ်သက်သူ' ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြသခဲ့တာကြောင့် ကုဖေးတိက အထင်လွဲသွားခဲ့တာလား?

ကုဖေးတိလိုဇာတ်လိုက်မျိုးက သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ မျက်နှာနဲ့ အသွင်အပြင်ကြောင့် ကွေးသွားတာတော့ လုံးဝ မဖြစ်နိုင်ဘူး!

... ဒါဆို သူကိုယ်တိုင်ကရော။

ကုဖေးတိအပေါ် သူ ဘယ်လိုခံစားချက်မျိုးရှိခဲ့လဲ? အစောနက အနမ်းသည် သူ့အား ဓာတ်လိုသလို ခံစားရစေပြီး ခေါင်းမှ ခြေဖျားအထိ ထုံကျင်ကာ စိတ်ကို ကမောက်ကမ ဖြစ်သွားစေခဲ့သည်။

ဒါက လုံးဝ မဖြစ်သင့်ပေ။

ယောက်ျားတစ်ယောက်ရဲ့အနမ်းကို ဒီလို ခံစားရလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့မိပါ။

သို့သော် အမှောင်ထဲ၌ သူခံစားခဲ့ရသည့် နွေးထွေးမှုနှင့် နူးညံ့မှုတို့သည် သူ့နှုတ်ခမ်းပေါ်တွင် တည်ရှိနေဆဲ ဖြစ်သည်။ အဆိပ်အတောက်များကို ဖယ်ရှားခြင်းမပြုမီ ကုဖေးတိပေးခဲ့သော အစမ်းအနမ်းကိုပင် ပြန်လည် အမှတ်ရနေခဲ့သည်။

သူ၏ရင်ခုန်သံများမှာ မငြိမ်သက်နိုင်သေးဘဲ အနမ်းကြောင့် နားမလည်နိုင်စွာ နိုးထလာသော သူ့ခန္ဓာကိုယ်ထဲရှိ အလွန်ထူးဆန်းသည့် လိုအင်ဆန္ဒဟာ ကုဖေးတိအပေါ် ထားရှိသည့် သူ့ခံယူချက်က အပြစ်ကင်းသော အတန်းဖော်ဆက်ဆံရေး မဟုတ်နိုင်ကြောင်း သတိပေးနေသကဲ့သို့ပင်။

သို့‌သော်လည်း အရာအားလုံးက ရုတ်တရတ် ဆန်လွန်းလှသည်။

ထိုအခြေအနေမျိုးတွင် စုယန်သည် မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို မသိနိုင်တော့ပေ။

ထိုအခိုက် သူ့နောက်တွင် ခြေသံအနည်းငယ် ထွက်ပေါ်လာ၏။ စုယန် လှည့်ကြည့်လိုက်သောအခါ ကုဖေးတိက သူ့အား စူးစူးဝါးဝါး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ စုယန် ရင်ထဲ၌ ဆတ်ခနဲ တုန်လှုပ်သွားပြီး မသိစိတ်က ခြေနှစ်လှမ်း ဆုတ်မိသွား၏။

ကုဖေးတိ၏ နက်မှောင်နေသော မျက်လုံးများ အနည်းငယ် မှေးမှိန်သွားကာ တိုးညှင်းစွာ ပြောလာသည်။

"ငါ့ကို အဆိပ်ဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်....."

စုယန် တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကုဖေးတိ၏ နှုတ်ခမ်းထောင့်က ဆတ်ကနဲ တွန့်သွားသည်။ သူက ဆက်ပြောလာ၏။

"ခုနက ငါစိတ်လောသွားမိတယ်။ တောင်းပန်ပါတယ်"

စုယန်သည် ကုဖေးတိ၏အကြည့်ကို အမြန် ရှောင်လိုက်သည်။ သူနှင့် အကြည့်ချင်းမဆုံဝံ့ပါချေ။ သူသည် စားပွဲပေါ်မှာ ဖြန့်ထားသော ပစ္စည်းတွေကို သပ်ရပ်စွာ ထုတ်ပိုးနေလေ၏။

"ကောင်းပြီ။ မင်းရဲ့အဆိပ်တွေ ရှင်းသွားပြီဆိုတော့ ထွက်သွားဖို့ အချိန်တန်ပြီ။ ဒီနေ့ မျက်ဝန်းကျွန်းဆွယ်ကို ပြန်မယ်။ မနက်ဖြန်... "

"စုယန်" ကုဖေးတိက စုယန်၏စကားကို ဖြတ်တောက်လိုက်သည်။

စုယန်က တည်ငြိမ်ဟန်ဆောင်လျက် မေးလိုက်၏။

"ဘာဖြစ်လဲ?"

ကုဖေးတိသည် ခုံပေါ်၌ထိုင်နေသော စုယန်ဆီသို့ လျှောက်လာပြီး ခေါင်းငုံ့ကြည့်ကာ ဆိုလေသည်။

"ငါမင်းအပေါ် အပြစ်ပြုမိလို့ တောင်းပန်ပေမယ့်..."

စုယန်သည် သူနောက်ထပ်ကြားရမည့်အရာနှင့် ပတ်သက်၍ ထူးဆန်းသော ကြိုတင်သတိပေးချက် တစ်ခုကို အာရုံခံမိပြီး အသက်ပင် မရှူရဲတော့ချေ။

နောက်တစ်စက္ကန့်တွင် ကုဖေးတိ ပြောလာသည်ကို ကြားလိုက်ရသည်။

"...မင်းနဲ့ပတ်သက်ပြီး ငါဘယ်လိုခံစားနေရလဲဆိုတာ မင်းနားလည်သွားပြီထင်တယ်"

ရုတ်တရက် အရာအားလုံး ရပ်တန့်သွားသလိုပင်။

စုယန် မျက်လုံးမှိတ်ပြီး သက်ပြင်းချလိုက်၏။ သူက ‌ခုံကို ကျောမှီကာ ပျော့ညံ့လေးတွဲစွာ ထိုင်နေလေသည်။
သူ့အတွေးများမှာ ကယောက်ကယက်ဖြစ်နေပြီး ယခုအချိန်တွင် သူ့ခံစားချက်အစစ်အမှန်များကို ဖော်မပြနိုင်ပါ။

ပျော်နေတာလား? သူနည်းနည်းတော့ ထိတ်လန့်သွားခဲ့သည်။ ဒါဆို သူကျေနပ်ခဲ့တာလား? နားမလည်နိုင်သည့် စိတ်အနှောက်အယှက် အနည်းငယ် ရှိခဲ့ရုံသာ။

အရာအားလုံးမှာ မယုံကြည်နိုင်စရာကောင်းလှသည်။ သူ့တွင် အမြတ်အစွန်းအတွက် စိုးရိမ်ပူပန်မှု အနည်းငယ်နှင့် လွတ်မြောက်လိုစိတ်အနည်းငယ်လည်း ရှိခဲ့၏။

ဤရှုပ်ထွေးသော စိတ်ခံစားမှုများသည် သူ့ဦးနှောက်ထဲရှိ တွေးခေါ်နိုင်စွမ်းကို လုံးလုံးလျားလျား ဖယ်ထုတ်လိုက်သလိုပင်။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဖြစ်ကတက်ဆန်း အကြောင်းပြချက်ကိုသာ ထုတ်ပြောနိုင်ခဲ့သည်။

"ကုဖေးတိ.. ငါက မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်ပဲ"

ကုဖေးတိက စုယန်နံဘေး၌ ဒူးတစ်ဖက်ထောက်ကာ ထိုင်လိုက်ပြီး ပြန်ပြောလာ၏။

"ငါသိတယ်"

စုယန်က ဆက်ပြောသည်။

"ပြီးတော့ မင်းက ဝူလင်မဟာမိတ်ခေါင်းဆောင်ရဲ့သား။ ငါတို့တွေက နဂိုကတည်းက ရန်သူတွေဖြစ်ဖို့ ကံပါလာပြီးသားပဲ။ မင်းရဲ့ဒီခံစားချက်က အဆုံးသတ် ကောင်းမှာမဟုတ်ဘူးနော်"

ကုဖေးတိက စုယန်ကို စိုက်ကြည့်နေသည်။

".. အဲ့တော့ ဘာဖြစ်လဲ?"

စုယန်သည် ထိုစကားကိုကြားသောအခါ စိတ်ရှုပ်ထွေး သွားသည်။ သူ့နှလုံးသားသည် ဆူးပင်များ ပြည့်နှက်နေသလို နာကျင်ခံစားနေရပြီး သက်သာရာရရန် နည်းလမ်းမရှိပေ။

"ဒီလိုမလုပ်နေစမ်းနဲ့ ကုဖေးတိ" စုယန်က အထိတ်တလန့်ဖြင့် မစဉ်းစားဘဲ ပြောလိုက်၏။

"မင်းက ဝူလင်မဟာမိတ်ခေါင်းဆောင်ရဲ့ တစ်ဦးတည်းသောသားပဲ။ မင်းအဖေရဲ့ သဘောထားကိုရော မင်းစဉ်းစားကြည့်ပြီးပြီလား? သူက မင်းကို အိမ်ထောင်ပြုဖို့၊ မိသားစုတစ်ခု စတင်ဖို့နဲ့ သူ့ခြေရာအတိုင်းလိုက်ဖို့ မျှော်လင့်ထားတာ ဟုတ်တယ်မလား?"

ထိုစကားကိုကြားသောအခါ ကုဖေးတိက အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။

စုယန်လည်း ဆက်မပြောတော့ဘဲ ကုဖေးတိ ဖြည်းဖြည်းချင်း နားလည်လာစေရန် အချိန်တစ်ခုပေးဖို့ ဆုံးဖြတ်လိုက်လေ၏။ သူကိုယ်တိုင်လည်း စိတ်ခံစားချက်တွေကို ရှင်းထုတ်ရန် အခွင့်အရေး ရသွားပြီး တိတ်တိတ်လေးလှည့်ကာ ပစ္စည့်များကို ဆက်လက်ထုပ်ပိုးနေလိုက်သည်။

နှစ်ယောက်သား ပစ္စည်းတွေအများကြီး ယူလာခြင်း မရှိသလို ထုပ်ပိုးစရာလည်း သိပ်မရှိပါချေ။ မကြာခင်မှာပဲ စုယန် ထုပ်ပိုးလို့ပြီးသွားပြီး စားပွဲပေါ်ရှိ သပ်သပ်ရပ်ရပ် စီထားသော စာရွက်များကို ကြည့်လိုက်မိသည်။

၎င်းတို့သည် ဤအချိန်အတောအတွင်း ကုဖေးတိ ရေးသားထားသော စာများဖြစ်ပေ၏။ စုယန်သည် သူ့စိတ်ကို တည်ငြိမ်စေရန်အတွက် စာတချို့ကိုဖတ်ရန် လှမ်းယူလိုက်သည်။

ကုဖေးတိ၏ လက်ရေးမှာ အလွန်သပ်ရပ်လှပပေသည်။

သူသည် ကျမ်းဂန်များကို ရေးသားထားခြင်းသာဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်း မည်သည့်နေရာ၌မဆို တွေ့နေကျ ဖြစ်သော သာမန်စာလုံးသေးများကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ သို့သည့်တိုင် ထိုစာလုံးများမှာ ထက်မြက်သော ဟန်ပန်ရှိပြီး မျက်စိပဒေသာရှိလှပေ၏။

သူသည် စာရွက်များကို တစ်မျက်နှာပြီးတစ်မျက်နှာ လှန်လိုက်သောအခါတွင် မတူညီသော စာလုံး သဏ္ဍာန်နှင့် စာရွက်က စုယန်၏အာရုံကို လုံးဝဖမ်းစားသွားသည်။

ပုံမှန်စာလုံးအသေးနှင့် နှိုင်းယှဉ်ပါက စာလုံးကြီးသည် စာရေးသူ၏ စိတ်နေစိတ်ထားကို ပိုမိုထင်ဟပ်စေသည်။ ဆိုလိုသည်မှာ ကုဖေးတိသည် ထိုစာကိုရေးစဉ် အားမာန်အပြည့်ရှိခဲ့ပြီး ထိုစာသည် အခြားသော စာများထက် ပို၍လေးနက်ပေလိမ့်မည်။

သို့သော် အကြောင်းတစ်ခုခုကြောင့် စုယန်သည် ထိုစာမျက်နှာကိုကြည့်သောအခါ နူးညံ့သိမ်မွေ့သည့် အထိအတွေ့နှင့် ချစ်ခြင်းမေတ္တာကို ခံစားလိုက်မိသည်။

"ဒါက မင်းငါ့ကို သင်ပေးခဲ့တဲ့သီချင်းပဲ" ကုဖေးတိက ရုတ်တရက် ပြောလာ၏။

စုယန်သည် မသိစိတ်က ခေါင်းကိုလှည့်ကြည့် လိုက်သည်။ ကုဖေးတိက သူ့ကိုကြည့်မနေဘဲ စာရွက်ကိုသာ စိုက်ကြည့်နေ၏။

"မူရင်းသီချင်းက ဝမ်းနည်းစရာကောင်းလွန်းလို့ ငါသီချင်းစာသားကို ပြင်ရေးထားတာ"

စုယန်၏ အကြည့်များသည် စာကြောင်းများအပေါ် သာမန်ကာလျှံကာ ဖြတ်ပြေးသွားပြီး 'ဒီဘဝမှာ မင်းနဲ့အတူရှိရဖို့ တောင်းဆုချွေပါတယ်' ဆိုသည့် စာကြောင်းကို မြင်သောအခါ သူ့ရင်ဘတ်တစ်ခုလုံး ပူလောင်လာကာ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

"စုယန်" ကုဖေးတိ၏အသံမှာ တိုးညှင်းပေ၏။

"မင်း အရမ်းအထီးကျန်နေတယ်ဆိုတာ ငါပြောနိုင်တယ်"

သူက စုယန်ရဲ့အဖြေကို စောင့်မနေဘဲ ခပ်မြန်မြန် ဆက်ပြောသည်။

"အဲ့ဒီနေ့ မိုးလင်းခါနီး ကျောက်စိမ်းအိမ်တော်အပြင်က ခြံဝင်းထဲမှာ မင်း ဓားသိုင်းလေ့ကျင့်တာကို ငါတွေ့ခဲ့တယ်။ မင်းကိုကြည့်ရတာ အထီးကျန် နေတယ်လို့ ငါ ယောင်ဝါးဝါး ခံစားမိခဲ့တယ်လေ။ နောက်တော့... ကျောက်တုံးသစ်တောကို မရောက်ခင် ချောက်ကမ်းပါးကို မင်းမှတ်မိသေးလား?"

စုယန်သည် ထိုအချိန်က မြင်ကွင်းကို သတိရသွားကာ ခေါင်းညိတ်ပြလိုက်သည်။

ကုဖေးတိက ဆက်ပြော၏။

"မင်းက ချောက်ကမ်းပါးစွန်းမှာ တစ်ယောက်တည်း ရပ်နေခဲ့တယ်။ မင်းကိုမြင်တော့ ငါခံစားမိတာက... မင်း ခုန်ချချင်နေတယ်လို့လေ"

စုယန် အံ့အားသင့်သွားပြီး ငြင်းပယ်လိုက်သည်။

"ငါအဲ့လို မတွေးခဲ့ဖူးပါဘူး"

ကုဖေးတိက ပြုံးလိုက်ပြီး ဆက်ပြောလေ၏။

"ကျောက်တုံးသစ်တောထွက်ပေါက်နားက ကျောက်တုံးကြီး တစ်ခုပေါ်မှာ မင်းအိပ်ပျော်နေတုန်းက ဘယ်လိုပုံစံလေးလဲဆိုတာ ငါ ရှင်းရှင်းလင်းလင်း မှတ်မိသေးတယ်။ ပြီးတော့ တောင်ပေါ်လမ်းမှာ တိလင်းရှစ်ကျဲက မီးပုံးမေ့သွားလို့ ပြန်သွားယူခဲ့ သေးတယ်လေ.. အဲဒီတုန်းက မင်းရဲ့ သက်ပြင်းချသံ ကိုလည်း ငါ ကောင်းကောင်းမှတ်မိသေးတယ်။ နောက်တော့... မင်းနဲ့ငါ ခြံဝင်းတသ်ခုတည်းမှာ နှစ်ဝက်လောက်အတူနေခဲ့ရတယ်။ အဲဒီအချိန်က ငါမင်းကို စောင့်ကြည့်နေဖို့အတွက် လုံလောက်ခဲ့ ပါတယ်.. မင်းက ဒီကမ္ဘာကြီးအပေါ်မှာ တွယ်တာမှုတွေ စိုးရိမ်မှုတွေ ဘာမှမရှိဘူးဆိုတာ ငါပြောနိုင်တယ်"

ခေတ္တနားပြီးနောက် သူက မျက်လုံးများကိုမှိတ်ကာ ခက်ခက်ခဲခဲ ဆက်ပြောသည်။

"နောက်အခိုက်အတန့်မှာ သေခြင်းတရားနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင် မင်းက ဒီကမ္ဘာကြီးကို အေးအေးဆေးဆေး စွန့်လွှတ်လိုက်နိုင်သလိုပဲ"

ထိုစကားကိုကြားပြီးနောက် စုယန် စကားမဆိုနိုင်တော့ပေ။

ကုဖေးတိက ရယ်မောလိုက်လေသည်။

"ဒါပေမယ့် ငါနားမလည်နိုင်တာတစ်ခုက မင်းဘာလို့ သိုင်းပညာတွေကို ကြိုးကြိုးစားစား လေ့ကျင့်နေခဲ့ ရတာလဲ? ဘာလို့... ငါ့အသက်ကိုကယ်ဖို့ အသေအလဲ အားထုတ်နေခဲ့ရတာလဲ?"

"ငါ..." စုယန် ပြန်လည်ချေပရန် နည်းလမ်းမရှိပေ။

"..သုံးကြိမ်"

ကုဖေးတိက ဆက်ပြောသည်။

"မင်းငါ့ကို ကျောက်စိမ်းကြေးမုံရေကန်အောက်ခြေမှာ လာရှာခဲ့တယ်။ မြေရိုင်းလွင်ပြင်က တိုက်ပွဲအတွင်းမှာ မင်းငါ့အတွက် ဓားတစ်ချောင်းကို တားဆီးပေးခဲ့တယ်။ ကူသွေးအဆိပ်က ရက်စက်ကြမ်းကြုတ်မှန်း ကောင်းကောင်း သိထားလျက်နဲ့ ငါ့ကိုအဆိပ်ဖြေဖို့ မင်းဆီ လွှဲပြောင်းယူခဲ့တုန်းပဲ။ မင်းငါ့ကို သက်စွန့်ဆံဖျား ကယ်တင်ခဲ့တာ သုံးကြိမ်ရှိပြီ"

စုယန်က ကူကယ်ရာမဲ့စွာဆိုသည်။

"ကုဖေးတိ.. ငါ..."

"မင်းငါ့ကို အတန်းဖော်တစ်ယောက်အနေနဲ့ မှတ်ယူထားတာလို့ ငါမယုံဘူး စုယန်"

ကုဖေးတိက စုယန်အား စိတ်အားထက်သန်စွာ စိုက်ကြည့်ရင်း ဆက်ပြောသည်။

"မင်းလုပ်ခဲ့သမျှအရာအားလုံးက ကျောက်စိမ်း အိမ်တော်မှာ နှစ်ဝက်လောက်အတူရှိခဲ့ပြီး တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းခဲ့တာကြောင့်လို့ ငါတကယ် မယုံကြည်နိုင်ဘူးနော်။ ငယ်ငယ်ကတည်းက ငါနဲ့ ခင်မင်ရင်းနှီးလာခဲ့တဲ့ ဖူလင်းယွင်နဲ့ ရွှီယွင်ကျန်း ဆိုရင်တောင် ငါ့ကိုကယ်ဖို့အတွက် မင်းလိုမျိုး ကိုယ့်အသက်ကိုယ် အလောင်းအစားလုပ်တဲ့အထိ လုပ်နိုင်မှာမဟုတ်ဘူး!"

သူက မျက်လွှာချလိုက်ပြီး ‌နှုတ်ခမ်းကိုဖိကိုက်ကာ ဆက်ပြောလာပြန်သည်။

"မိစ္ဆာဂိုဏ်းချုပ်နဲ့ တွေ့တုန်းက မင်းပြောခဲ့တဲ့ စကားလုံးတွေကို ငါ မှတ်မိနေသေးတယ်"

"ငါက ဒီအတိုင်း.." စုယန်က စိုးရိမ်တကြီးနှင့် ဆိုသည်။
".. ဒီ.. ဒီအတိုင်း"

ကုဖေးတိက ဘာမှမဆိုဘဲ စုယန်ကို စိုက်ကြည့်ရင်း သူပြောလာမည့်စကားကို စောင့်ဆိုင်းနေသည်။

စုယန်က အံကြိတ်ကာ ပြောလိုက်၏။

"... သူ့ကို လှည့်စားခဲ့ရုံပဲ"

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

အချိန်အတော်ကြာပြီးနောက် ကုဖေးတိက ရုတ်တရက် လက်လှမ်းလာပြီး စုယန်လက်ထဲမှ စာရွက်ကို လုယူလိုက်သည်။

သူက ထိုစာရွက်အပါးလေးကို စားပွဲပေါ်ရှိ ဖယောင်းတိုင် မီးတောက်ဆီသို့ တွန်းပို့လိုက်၏။

"ဝေ့! မလုပ်နဲ့!" စုယန်သည် ကုဖေးတိကို ရပ်တန့်လို သောကြောင့် မသိစိတ်က ရှေ့သို့ တိုးလာမိသည်။
သို့သော် စက္ကူသည် ပါးလွှာလွန်းပြီး ချက်ချင်းဆိုသလို မီးလောင်ကျွမ်းသွားတော့၏။ မီးတောက်များက စာလုံးများကို ဝါးမြိုသွားကာ အနက်ရောင် မီးခိုးလုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

စုယန်ကို အချိန်အကြာကြီး စိုက်ကြည့်ရင်း ကုဖေးတိ၏ မျက်လုံးများမှာ နီရဲလာ၏။ သူက ရုတ်တရက် ကျောက်ခန်းထောင့်ရှိ ရေတွင်းဆီသို့ လျှောက်သွားကာ ရေလက်တစ်ဆုပ်စာ ခပ်ယူပြီး မျက်နှာကို ပက်ဖြန်းလိုက်သည်။

သူသည် စုယန်အား ကျောပေးလျက် ဒူးထောက်လိုက်ပြီး ရေတွင်းအစွန်းကို လက်နှစ်ဖက်ဖြင့် ထောက်ထားကာ ခေါင်းငိုက်စိုက်ချ ငြိမ်သက်နေလေသည်။

စုယန် အလွန် ထိတ်​လန့်​သွားလေ၏။

သို့သော် ဤအခြေအနေမျိုးကို မည်သို့ရင်ဆိုင်ရမှန်း မသိဘဲ စိတ်ရှုပ်ထွေးနေမိသည်။

သူ့နှလုံးသားက ဖရိုဖရဲ ဖြစ်နေပြီး ထိုအခြေအနေတွင် သူသည် ဘာကိုမှဂရုမစိုက်ဘဲ အလျင်စလိုထကာ ကုဖေးတိကို ပွေ့ဖက်ထားလိုက်ချင်သည်။ တစ်ဖက်တွင်မူ ဤမြင်ကွင်းသည် မဖြစ်သင့်ဟု သူခံစားမိသော်လည်း အမှောင်ထဲမှ သူတို့နှစ်ဦးကြား အနမ်းကို ပြန်တွေးမိပြန်သည်။ ထို့နောက် မူလ ဇာတ်ညွှန်းနှင့် 'သူသေကိုယ်သေ' တိုက်ခိုက်ရမည့် ဇာတ်သိမ်းတို့ကို ပြန်လည်အမှတ်ရမိသည်။

ထိုရှုပ်ထွေးမှုတွေက သူ့နှလုံးသားကို အေးခဲသွား စေသည်။ စုယန်သည် သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပြီး မျက်မှောင်ကြုတ်မိ၏။ အအေးဓာတ်က ပို၍ ပြင်းထန်လာပြီး သူ၏ခြေလက်၊ အရိုးများနှင့် ကျောရိုးတစ်လျှောက် ပျံ့နှံ့သွားကာ ဦးခေါင်းထဲကို တည့်တည့်ထိုးဖောက်ဝင်ရောက်သွားသည်။

စုယန်သည် သူ့မျက်လုံးရှေ့၌ ဖြစ်ပေါ်လာသော အမှောင်ထုနှင့် စူးရှသော နာကျင်မှုနှင့် အံတုရန် ကြိုးစားနေရ၏။ နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်သည် ကွေးညွှတ်သွားပြီး မြေကြီးပေါ်သို့ ဖြည်းညှင်းစွာ ပြိုလဲသွားခဲ့သည်။

သူသတိမလစ်ခင် အချိန်ခဏလေးအတွင်းမှာ ကုဖေးတိက ထိတ်လန့်နေသော အမူအရာ၊ ကြောက်လန့်တကြား အော်ခေါ်သံနှင့်အတူ သူ့ဆီသို့ ပြေးလာသည်ကို မြင်လိုက်ရသယောင်။

"စုယန်!"

ကုဖေးတိသည် အားနည်းနေသော စုယန်ကို ပွေ့ဖက်လိုက်ပြီး အကြိမ်အနည်းငယ် စိုးရိမ်ပူပန်စွာ အော်ခေါ်လိုက်သည်။ စုယန်၏တစ်ကိုယ်လုံးသည် အေးစက်သောလေထုထဲတွင် နစ်မြုပ်နေ၏။ ကုဖေးတိက သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားကာ ဆိုသည်။

"ငါစိတ်မကောင်းပါဘူး" သူက မျက်နှာပေါ်ရှိ မျက်ရည်စများကို ပွတ်သုတ်လိုက်ပြီး အသက်ပြင်းပြင်း ရှိုက်လိုက်၏။

"တောင်းပန်ပါတယ်...ငါမင်းကိုအဲ့လိုအတင်းအကြပ် ဖိအားမပေးသင့်ဘူး...ငါက ဒီ... ဒီအတိုင်း မင်းရဲ့ ခံစားချက်တွေကို မသေချာလို့ပါ.. မင်း ငါ့ရှေ့ကနေ ပျောက်ကွယ်သွားမှာကို ငါကြောက်တယ်"

ထုံးစံအတိုင်း စုယန်က တုံ့ပြန်ဖို့ရာ မဖြစ်နိုင်ပေ။

ကုဖေးတိသည် သူ့မျက်လုံးများကိုမှိတ်ထားပြီး စုယန်ကို ပွေ့ချီကာ ခုံတန်းပေါ်တင်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် အေးခဲနေသော စုယန်ကို နွေးထွေးစေရန် 'အနီရောင်ဇာမဏီငှက်မွှေးသစ်ပင်' ကျင့်စဉ်အတိုင်း သူ့အတွင်းအားကို လည်ပတ်လိုက်လေ၏။

အချိန်မည်မျှကြာသွားသည်အသိ၊ ကျောက်ခန်း အပြင်ဘက်ရှိ ပေါ့ပါးသောခြေသံကြောင့် ကုဖေးတိ လန့်နိုးလာသည်။ သတိလစ်နေသော စုယန်ကို သူ့လက်ထဲတွင် တင်းတင်း ဆုပ်ကိုင်ထားရင်း ဓားကိုဆွဲထုတ်ကာ ကျောက်ခန်းအဝင်ဝကို သတိထား စူးစမ်းကြည့်နေလိုက်၏။

စုဟွိုက်ကျူးသည် တံခါးဝတွင် ခြေချပြီးနောက် ကျောက်ခန်းထဲသို့ဝင်ကာ ကုဖေးတိကို ဂရုမစိုက်သလို တစ်ချက်သာကြည့်လိုက်သည်။

ကုဖေးတိသည် သူ့လက်ထဲရှိ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း သူ့မျက်နှာက ခံစားချက်မဲ့နေ၏။ စုယန်အား သူ့နောက်တွင် ကာကွယ်ထားပြီး မိစ္ဆာဂိုဏ်းချုပ်ကို ကြောက်ရွံ့ခြင်းကင်းစွာ စိုက်ကြည့်နေလေသည်။

သူ့အသက်ကို စွန့်စားလိုသည့်ပုံပေါက်သည့် ကုဖေးတိကို မြင်သောအခါ စုဟွိုက်ကျူးက ခပ်ဟဟ ရယ်မောလိုက်သည်။

"မင်းက ခေါင်းဆောင်ကုနဲ့ တကယ်တူတာပဲ"

ကုဖေးတိက တည်ငြိမ်စွာ ပြန်ပြောသည်။

"ကျွန်တော်က အဖေရဲ့သားပဲ။ သဘာဝအတိုင်း သူနဲ့တူမှာပေါ့"

စုဟွိုက်ကျူး၏ မျက်လုံးများမှာ အုံ့မှိုင်းသွားပြီး အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

"အခု ကူအဆိပ်က ပြေလည်သွားပြီ။ ဆိုတော့ကာ စံအိမ်သခင်လေးကုက ငါ့ရဲ့ဂိုဏ်းကနေ ထွက်သွားချိန်တန်ပြီပေါ့နော်"

ဤသိသာထင်ရှားသော နှင်ထုတ်မှုကို ကြားသောအခါ ကုဖေးတိ၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောနိုင်ပေ။

စုဟွိုက်ကျူးသည် ကုဖေးတိ၏နောက်ကွယ်မှ သတိလစ်နေသော စုယန်ကို တစ်ချက်ကြည့်လိုက်ကာ ဆက်ပြော၏။

"အခု ကူသွေးအဆိပ်က သူ့ခန္ဓာကိုယ်ထဲရောက်နေပြီ။ 'ကြက်သွေးနီညှိုးနွမ်းခြင်း'က ကူအဆိပ်ကို ဖိနှိပ်ထားနိုင်ပေမယ့် ရေရှည်ဖြေရှင်းချက်တော့ မဟုတ်ဘူး။ သူ့ကို ကူညီနိုင်တဲ့ သူတစ်ယောက်ကို ငါသိထားတယ်။ အဲဒီလူကိုရှာဖို့လည်း ကူညီပေး နိုင်တယ်။ ဒါပေမယ့် အဲဒါက.. စံအိမ်သခင်လေးကု ငါ့ကို ကူညီချင်စိတ် ရှိ၊မရှိအပေါ် မူတည်တယ်နော်"

မိစ္ဆာဂိုဏ်းချုပ်၏အပြုံးနှင့် အကြည့်တို့ကို မြင်သည်နှင့် ကုဖေးတိသည် အလိုလို ငြင်းပယ်ချင်လာသည်။
ထိုအချိန်တွင် သူ့နောက်တွင်ရှိသော စုယန်သည် အနည်းငယ် ညည်းညူလိုက်ပြီး သူ၏အေးခဲနေသော ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ ကောက်ကွေး လိုက်လေ၏။

ကုဖေးတိသည် စုယန်၏ လက်ကောက်ဝတ်များကို ချက်ချင်းဆုပ်ကိုင်လိုက်ပြီး အတွင်းအားအချို့ကို သူ့ထံ လွှဲပြောင်းပေးလိုက်သည်။

စုယန်သည် မသိစိတ်က ကုဖေးတိ၏လက်မောင်းကို ဖက်လိုက်ပြီး သူ့ဆီက နွေးထွေးမှုကိုရယူရန် ကြိုးစားနေသည်။

အချိန်အတော်ကြာပြီးနောက် စုယန်၏ တုန်ယင်နေမှုသည် အနည်းငယ်ငြိမ်သက်သွားခဲ့သည်။

ကုဖေးတိက စုဟွိုက်ကျူးကို လှည့်ကြည့်လိုက်ပြီး သိမ်မွေ့စွာ ပြောလိုက်လေ၏။

"...ကျေးဇူးပြုပြီးပြောပါ"

_14.7.22

စာရေးဆရာမှာ ပြောစရာရှိပါတယ်:

စိတ်မပူနဲ့ စုယန်က ကူအဆိပ်ကြောင့် အကြာကြီး ဒုက္ခရောက်နေမှာ မဟုတ်ဘူး။

Thanks for reading ❣️

Zawgyi

အခန္း-၅၉ ရႈပ္ေထြးေနေသာ ႏွလုံးသား။

[ငါ သူ႕ကို လွည့္စားခဲ့႐ုံပဲ..]

စုယန္ မိန္းေမာေတြေဝစြာ ရပ္ေနသည္။ သူ႕စိတ္အေထြမွာ လုံးလုံးလ်ားလ်ား လြတ္ေန၏။

တိတ္ဆိတ္မႈက အခ်ိန္အေတာ္ၾကာေအာင္ တည္ရွိေနခဲ့သည္။

ေနာက္ဆုံးတြင္ ကုေဖးတိက မေနနိုင္ေတာ့ဘဲ အသံထြက္လာေလသည္။

"စု..."

စုယန္ လန႔္နိုးသြားၿပီး ဓာတ္လိုက္ခံရသလို ကုေဖးတိ၏ လက္ကို ပုတ္ထုတ္လိုက္သည္။ ၿပီးေနာက္ အေမွာင္ထဲတြင္ ေက်ာက္နံရံကိုစမ္းကာ အခန္းအျပင္သို႔ ေျပး‌ထြက္သြားေတာ့၏။

အလင္းေရာင္ရွိေနေသာ ပင္မေက်ာက္ခန္းထဲသို႔ ေရာက္သည္ႏွင့္ စုယန္ အသက္ျပင္းျပင္းရႉလိုက္သည္။ သူ႕လက္ကို ျမႇောက္လိုက္ၿပီး လက္ဖမိုးျဖင့္ ႏႈတ္ခမ္းကို ဖိအုပ္ထားမိ၏။ ပူေလာင္ေနေသာ သူ၏ပါးျပင္ႏွင့္ နား႐ြက္မ်ား၊ ဗုံတစ္လုံးကဲ့သို႔ လ်င္ျမန္စြာ ခုန္လႈပ္ေနေသာ ႏွလုံးခုန္သံမ်ားကို ရွင္းရွင္းလင္းလင္း ခံစားေနရသည္။ သူ၏တစ္ကိုယ္လုံးမွာ ေပ်ာ့ေပ်ာင္းေသာ ဂ်ယ္လီဗြက္အိုင္ထဲသို႔ ေပ်ာ္ဝင္သြား သလို ခံစားေနရၿပီး တစ္လက္မမွ် လႈပ္ရွားရန္ပင္ ခြန္အားမထုတ္နိုင္သည္အထိ ျဖစ္သြားရသည္။

ကုေဖးတိ၏အနမ္းရဲ႕ အဓိပၸာယ္ကို သူ မခန႔္မွန္းခ်င္သလို ေနာက္ဆုံးစကားရဲ႕ အဓိပၸါယ္ကိုလည္း သူမေတြးခ်င္ပါ။

သိူ႕ေသာ္ သူ႕ေခါင္းထဲရွိ အေတြးမ်ားမွာ လုံးလုံးလ်ားလ်ား အထိန္းအခ်ဳပ္မဲ့ေနၿပီး ၎ကို ထုတ္ေဖာ္ရန္ မတားဆီးနိုင္ခဲ့ေပ။

ကုေဖးတိက.... သူ႕ကို ခ်စ္ေနတယ္?

ကုေဖးတိကို သူ႕အေပၚ မွားယြင္းတဲ့ ခ်စ္ျခင္းေမတၱာေတြ ျဖစ္ေပၚလာေစခဲ့တာက ဇာတ္လိုက္မရဲ႕ဇာတ္ကြက္ကို မေတာ္တဆ ခိုးယူမိခဲ့လို႔လား?

ဒါမွမဟုတ္ ဟိုးအေရွ႕မွာတကည္းက တျခား ဇာတ္ေကာင္ေတြရဲ႕ ဇာတ္ကြက္ေတြကို အၿမဲ လုယူတဲ့အျပင္ သိုင္းေလာကတခြင္မွာ သူဟာ 'လိင္တူႀကိဳက္ႏွစ္သက္သူ' ျဖစ္ေၾကာင္း ရွင္းရွင္းလင္းလင္း ျပသခဲ့တာေၾကာင့္ ကုေဖးတိက အထင္လြဲသြားခဲ့တာလား?

ကုေဖးတိလိုဇာတ္လိုက္မ်ိဳးက သူ႕ရဲ႕ဆြဲေဆာင္မႈရွိတဲ့ မ်က္ႏွာနဲ႕ အသြင္အျပင္ေၾကာင့္ ေကြးသြားတာေတာ့ လုံးဝ မျဖစ္နိုင္ဘူး!

... ဒါဆို သူကိုယ္တိုင္ကေရာ။

ကုေဖးတိအေပၚ သူ ဘယ္လိုခံစားခ်က္မ်ိဳးရွိခဲ့လဲ? အေစာနက အနမ္းသည္ သူ႕အား ဓာတ္လိုသလို ခံစားရေစၿပီး ေခါင္းမွ ေျခဖ်ားအထိ ထုံက်င္ကာ စိတ္ကို ကေမာက္ကမ ျဖစ္သြားေစခဲ့သည္။

ဒါက လုံးဝ မျဖစ္သင့္ေပ။

ေယာက္်ားတစ္ေယာက္ရဲ႕အနမ္းကို ဒီလို ခံစားရလိမ့္မည္ဟု သူဘယ္တုန္းကမွ မေတြးခဲ့မိပါ။

သို႔ေသာ္ အေမွာင္ထဲ၌ သူခံစားခဲ့ရသည့္ ေႏြးေထြးမႈႏွင့္ ႏူးညံ့မႈတို႔သည္ သူ႕ႏႈတ္ခမ္းေပၚတြင္ တည္ရွိေနဆဲ ျဖစ္သည္။ အဆိပ္အေတာက္မ်ားကို ဖယ္ရွားျခင္းမျပဳမီ ကုေဖးတိေပးခဲ့ေသာ အစမ္းအနမ္းကိုပင္ ျပန္လည္ အမွတ္ရေနခဲ့သည္။

သူ၏ရင္ခုန္သံမ်ားမွာ မၿငိမ္သက္နိုင္ေသးဘဲ အနမ္းေၾကာင့္ နားမလည္နိုင္စြာ နိုးထလာေသာ သူ႕ခႏၶာကိုယ္ထဲရွိ အလြန္ထူးဆန္းသည့္ လိုအင္ဆႏၵဟာ ကုေဖးတိအေပၚ ထားရွိသည့္ သူ႕ခံယူခ်က္က အျပစ္ကင္းေသာ အတန္းေဖာ္ဆက္ဆံေရး မဟုတ္နိုင္ေၾကာင္း သတိေပးေနသကဲ့သို႔ပင္။

သို႔‌ေသာ္လည္း အရာအားလုံးက ႐ုတ္တရတ္ ဆန္လြန္းလွသည္။

ထိုအေျခအေနမ်ိဳးတြင္ စုယန္သည္ မည္ကဲ့သို႔ ရင္ဆိုင္ရမည္ကို မသိနိုင္ေတာ့ေပ။

ထိုအခိုက္ သူ႕ေနာက္တြင္ ေျခသံအနည္းငယ္ ထြက္ေပၚလာ၏။ စုယန္ လွည့္ၾကည့္လိုက္ေသာအခါ ကုေဖးတိက သူ႕အား စူးစူးဝါးဝါး စိုက္ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ စုယန္ ရင္ထဲ၌ ဆတ္ခနဲ တုန္လႈပ္သြားၿပီး မသိစိတ္က ေျခႏွစ္လွမ္း ဆုတ္မိသြား၏။

ကုေဖးတိ၏ နက္ေမွာင္ေနေသာ မ်က္လုံးမ်ား အနည္းငယ္ ေမွးမွိန္သြားကာ တိုးညွင္းစြာ ေျပာလာသည္။

"ငါ့ကို အဆိပ္ေျဖေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္....."

စုယန္ တိတ္ဆိတ္ေနသည္ကို ျမင္ေသာအခါ ကုေဖးတိ၏ ႏႈတ္ခမ္းေထာင့္က ဆတ္ကနဲ တြန႔္သြားသည္။ သူက ဆက္ေျပာလာ၏။

"ခုနက ငါစိတ္ေလာသြားမိတယ္။ ေတာင္းပန္ပါတယ္"

စုယန္သည္ ကုေဖးတိ၏အၾကည့္ကို အျမန္ ေရွာင္လိုက္သည္။ သူႏွင့္ အၾကည့္ခ်င္းမဆုံဝံ့ပါေခ်။ သူသည္ စားပြဲေပၚမွာ ျဖန႔္ထားေသာ ပစၥည္းေတြကို သပ္ရပ္စြာ ထုတ္ပိုးေနေလ၏။

"ေကာင္းၿပီ။ မင္းရဲ႕အဆိပ္ေတြ ရွင္းသြားၿပီဆိုေတာ့ ထြက္သြားဖို႔ အခ်ိန္တန္ၿပီ။ ဒီေန႕ မ်က္ဝန္းကြၽန္းဆြယ္ကို ျပန္မယ္။ မနက္ျဖန္... "

"စုယန္" ကုေဖးတိက စုယန္၏စကားကို ျဖတ္ေတာက္လိုက္သည္။

စုယန္က တည္ၿငိမ္ဟန္ေဆာင္လ်က္ ေမးလိုက္၏။

"ဘာျဖစ္လဲ?"

ကုေဖးတိသည္ ခုံေပၚ၌ထိုင္ေနေသာ စုယန္ဆီသို႔ ေလွ်ာက္လာၿပီး ေခါင္းငုံ႕ၾကည့္ကာ ဆိုေလသည္။

"ငါမင္းအေပၚ အျပစ္ျပဳမိလို႔ ေတာင္းပန္ေပမယ့္..."

စုယန္သည္ သူေနာက္ထပ္ၾကားရမည့္အရာႏွင့္ ပတ္သက္၍ ထူးဆန္းေသာ ႀကိဳတင္သတိေပးခ်က္ တစ္ခုကို အာ႐ုံခံမိၿပီး အသက္ပင္ မရႉရဲေတာ့ေခ်။

ေနာက္တစ္စကၠန႔္တြင္ ကုေဖးတိ ေျပာလာသည္ကို ၾကားလိုက္ရသည္။

"...မင္းနဲ႕ပတ္သက္ၿပီး ငါဘယ္လိုခံစားေနရလဲဆိုတာ မင္းနားလည္သြားၿပီထင္တယ္"

႐ုတ္တရက္ အရာအားလုံး ရပ္တန႔္သြားသလိုပင္။

စုယန္ မ်က္လုံးမွိတ္ၿပီး သက္ျပင္းခ်လိဳက္၏။ သူက ‌ခုံကို ေက်ာမွီကာ ေပ်ာ့ညံ့ေလးတြဲစြာ ထိုင္ေနေလသည္။
သူ႕အေတြးမ်ားမွာ ကေယာက္ကယက္ျဖစ္ေနၿပီး ယခုအခ်ိန္တြင္ သူ႕ခံစားခ်က္အစစ္အမွန္မ်ားကို ေဖာ္မျပနိုင္ပါ။

ေပ်ာ္ေနတာလား? သူနည္းနည္းေတာ့ ထိတ္လန႔္သြားခဲ့သည္။ ဒါဆို သူေက်နပ္ခဲ့တာလား? နားမလည္နိုင္သည့္ စိတ္အေႏွာက္အယွက္ အနည္းငယ္ ရွိခဲ့႐ုံသာ။

အရာအားလုံးမွာ မယုံၾကည္နိုင္စရာေကာင္းလွသည္။ သူ႕တြင္ အျမတ္အစြန္းအတြက္ စိုးရိမ္ပူပန္မႈ အနည္းငယ္ႏွင့္ လြတ္ေျမာက္လိုစိတ္အနည္းငယ္လည္း ရွိခဲ့၏။

ဤရႈပ္ေထြးေသာ စိတ္ခံစားမႈမ်ားသည္ သူ႕ဦးေႏွာက္ထဲရွိ ေတြးေခၚနိုင္စြမ္းကို လုံးလုံးလ်ားလ်ား ဖယ္ထုတ္လိုက္သလိုပင္။

အခ်ိန္အေတာ္ၾကာ စဥ္းစားၿပီးေနာက္ ျဖစ္ကတက္ဆန္း အေၾကာင္းျပခ်က္ကိုသာ ထုတ္ေျပာနိုင္ခဲ့သည္။

"ကုေဖးတိ.. ငါက မိစာၦဂိုဏ္းရဲ႕သခင္ငယ္ပဲ"

ကုေဖးတိက စုယန္နံေဘး၌ ဒူးတစ္ဖက္ေထာက္ကာ ထိုင္လိုက္ၿပီး ျပန္ေျပာလာ၏။

"ငါသိတယ္"

စုယန္က ဆက္ေျပာသည္။

"ၿပီးေတာ့ မင္းက ဝူလင္မဟာမိတ္ေခါင္းေဆာင္ရဲ႕သား။ ငါတို႔ေတြက နဂိုကတည္းက ရန္သူေတြျဖစ္ဖို႔ ကံပါလာၿပီးသားပဲ။ မင္းရဲ႕ဒီခံစားခ်က္က အဆုံးသတ္ ေကာင္းမွာမဟုတ္ဘူးေနာ္"

ကုေဖးတိက စုယန္ကို စိုက္ၾကည့္ေနသည္။

".. အဲ့ေတာ့ ဘာျဖစ္လဲ?"

စုယန္သည္ ထိုစကားကိုၾကားေသာအခါ စိတ္ရႈပ္ေထြး သြားသည္။ သူ႕ႏွလုံးသားသည္ ဆူးပင္မ်ား ျပည့္ႏွက္ေနသလို နာက်င္ခံစားေနရၿပီး သက္သာရာရရန္ နည္းလမ္းမရွိေပ။

"ဒီလိုမလုပ္ေနစမ္းနဲ႕ ကုေဖးတိ" စုယန္က အထိတ္တလန႔္ျဖင့္ မစဥ္းစားဘဲ ေျပာလိုက္၏။

"မင္းက ဝူလင္မဟာမိတ္ေခါင္းေဆာင္ရဲ႕ တစ္ဦးတည္းေသာသားပဲ။ မင္းအေဖရဲ႕ သေဘာထားကိုေရာ မင္းစဥ္းစားၾကည့္ၿပီးၿပီလား? သူက မင္းကို အိမ္ေထာင္ျပဳဖို႔၊ မိသားစုတစ္ခု စတင္ဖို႔နဲ႕ သူ႕ေျခရာအတိုင္းလိုက္ဖို႔ ေမွ်ာ္လင့္ထားတာ ဟုတ္တယ္မလား?"

ထိုစကားကိုၾကားေသာအခါ ကုေဖးတိက အခ်ိန္အၾကာႀကီး တိတ္ဆိတ္သြားခဲ့သည္။

စုယန္လည္း ဆက္မေျပာေတာ့ဘဲ ကုေဖးတိ ျဖည္းျဖည္းခ်င္း နားလည္လာေစရန္ အခ်ိန္တစ္ခုေပးဖို႔ ဆုံးျဖတ္လိုက္ေလ၏။ သူကိုယ္တိုင္လည္း စိတ္ခံစားခ်က္ေတြကို ရွင္းထုတ္ရန္ အခြင့္အေရး ရသြားၿပီး တိတ္တိတ္ေလးလွည့္ကာ ပစၥည့္မ်ားကို ဆက္လက္ထုပ္ပိုးေနလိုက္သည္။

ႏွစ္ေယာက္သား ပစၥည္းေတြအမ်ားႀကီး ယူလာျခင္း မရွိသလို ထုပ္ပိုးစရာလည္း သိပ္မရွိပါေခ်။ မၾကာခင္မွာပဲ စုယန္ ထုပ္ပိုးလို႔ၿပီးသြားၿပီး စားပြဲေပၚရွိ သပ္သပ္ရပ္ရပ္ စီထားေသာ စာ႐ြက္မ်ားကို ၾကည့္လိုက္မိသည္။

၎တို႔သည္ ဤအခ်ိန္အေတာအတြင္း ကုေဖးတိ ေရးသားထားေသာ စာမ်ားျဖစ္ေပ၏။ စုယန္သည္ သူ႕စိတ္ကို တည္ၿငိမ္ေစရန္အတြက္ စာတခ်ိဳ႕ကိုဖတ္ရန္ လွမ္းယူလိုက္သည္။

ကုေဖးတိ၏ လက္ေရးမွာ အလြန္သပ္ရပ္လွပေပသည္။

သူသည္ က်မ္းဂန္မ်ားကို ေရးသားထားျခင္းသာျဖစ္ၿပီး လူ႕အဖြဲ႕အစည္းအတြင္း မည္သည့္ေနရာ၌မဆို ေတြ႕ေနက် ျဖစ္ေသာ သာမန္စာလုံးေသးမ်ားကိုသာ အသုံးျပဳခဲ့ျခင္း ျဖစ္သည္။ သို႔သည့္တိုင္ ထိုစာလုံးမ်ားမွာ ထက္ျမက္ေသာ ဟန္ပန္ရွိၿပီး မ်က္စိပေဒသာရွိလွေပ၏။

သူသည္ စာ႐ြက္မ်ားကို တစ္မ်က္ႏွာၿပီးတစ္မ်က္ႏွာ လွန္လိုက္ေသာအခါတြင္ မတူညီေသာ စာလုံး သ႑ာန္ႏွင့္ စာ႐ြက္က စုယန္၏အာ႐ုံကို လုံးဝဖမ္းစားသြားသည္။

ပုံမွန္စာလုံးအေသးႏွင့္ ႏွိုင္းယွဥ္ပါက စာလုံးႀကီးသည္ စာေရးသူ၏ စိတ္ေနစိတ္ထားကို ပိုမိုထင္ဟပ္ေစသည္။ ဆိုလိုသည္မွာ ကုေဖးတိသည္ ထိုစာကိုေရးစဥ္ အားမာန္အျပည့္ရွိခဲ့ၿပီး ထိုစာသည္ အျခားေသာ စာမ်ားထက္ ပို၍ေလးနက္ေပလိမ့္မည္။

သို႔ေသာ္ အေၾကာင္းတစ္ခုခုေၾကာင့္ စုယန္သည္ ထိုစာမ်က္ႏွာကိုၾကည့္ေသာအခါ ႏူးညံ့သိမ္ေမြ႕သည့္ အထိအေတြ႕ႏွင့္ ခ်စ္ျခင္းေမတၱာကို ခံစားလိုက္မိသည္။

"ဒါက မင္းငါ့ကို သင္ေပးခဲ့တဲ့သီခ်င္းပဲ" ကုေဖးတိက ႐ုတ္တရက္ ေျပာလာ၏။

စုယန္သည္ မသိစိတ္က ေခါင္းကိုလွည့္ၾကည့္ လိုက္သည္။ ကုေဖးတိက သူ႕ကိုၾကည့္မေနဘဲ စာ႐ြက္ကိုသာ စိုက္ၾကည့္ေန၏။

"မူရင္းသီခ်င္းက ဝမ္းနည္းစရာေကာင္းလြန္းလို႔ ငါသီခ်င္းစာသားကို ျပင္ေရးထားတာ"

စုယန္၏ အၾကည့္မ်ားသည္ စာေၾကာင္းမ်ားအေပၚ သာမန္ကာလွ်ံကာ ျဖတ္ေျပးသြားၿပီး 'ဒီဘဝမွာ မင္းနဲ႕အတူရွိရဖို႔ ေတာင္းဆုေခြၽပါတယ္' ဆိုသည့္ စာေၾကာင္းကို ျမင္ေသာအခါ သူ႕ရင္ဘတ္တစ္ခုလုံး ပူေလာင္လာကာ တုန္လႈပ္သြားသလို ခံစားလိုက္ရသည္။

"စုယန္" ကုေဖးတိ၏အသံမွာ တိုးညွင္းေပ၏။

"မင္း အရမ္းအထီးက်န္ေနတယ္ဆိုတာ ငါေျပာနိုင္တယ္"

သူက စုယန္ရဲ႕အေျဖကို ေစာင့္မေနဘဲ ခပ္ျမန္ျမန္ ဆက္ေျပာသည္။

"အဲ့ဒီေန႕ မိုးလင္းခါနီး ေက်ာက္စိမ္းအိမ္ေတာ္အျပင္က ၿခံဝင္းထဲမွာ မင္း ဓားသိုင္းေလ့က်င့္တာကို ငါေတြ႕ခဲ့တယ္။ မင္းကိုၾကည့္ရတာ အထီးက်န္ ေနတယ္လို႔ ငါ ေယာင္ဝါးဝါး ခံစားမိခဲ့တယ္ေလ။ ေနာက္ေတာ့... ေက်ာက္တုံးသစ္ေတာကို မေရာက္ခင္ ေခ်ာက္ကမ္းပါးကို မင္းမွတ္မိေသးလား?"

စုယန္သည္ ထိုအခ်ိန္က ျမင္ကြင္းကို သတိရသြားကာ ေခါင္းညိတ္ျပလိုက္သည္။

ကုေဖးတိက ဆက္ေျပာ၏။

"မင္းက ေခ်ာက္ကမ္းပါးစြန္းမွာ တစ္ေယာက္တည္း ရပ္ေနခဲ့တယ္။ မင္းကိုျမင္ေတာ့ ငါခံစားမိတာက... မင္း ခုန္ခ်ခ်င္ေနတယ္လို႔ေလ"

စုယန္ အံ့အားသင့္သြားၿပီး ျငင္းပယ္လိုက္သည္။

"ငါအဲ့လို မေတြးခဲ့ဖူးပါဘူး"

ကုေဖးတိက ၿပဳံးလိုက္ၿပီး ဆက္ေျပာေလ၏။

"ေက်ာက္တုံးသစ္ေတာထြက္ေပါက္နားက ေက်ာက္တုံးႀကီး တစ္ခုေပၚမွာ မင္းအိပ္ေပ်ာ္ေနတုန္းက ဘယ္လိုပုံစံေလးလဲဆိုတာ ငါ ရွင္းရွင္းလင္းလင္း မွတ္မိေသးတယ္။ ၿပီးေတာ့ ေတာင္ေပၚလမ္းမွာ တိလင္းရွစ္က်ဲက မီးပုံးေမ့သြားလို႔ ျပန္သြားယူခဲ့ ေသးတယ္ေလ.. အဲဒီတုန္းက မင္းရဲ႕ သက္ျပင္းခ်သံ ကိုလည္း ငါ ေကာင္းေကာင္းမွတ္မိေသးတယ္။ ေနာက္ေတာ့... မင္းနဲ႕ငါ ၿခံဝင္းတသ္ခုတည္းမွာ ႏွစ္ဝက္ေလာက္အတူေနခဲ့ရတယ္။ အဲဒီအခ်ိန္က ငါမင္းကို ေစာင့္ၾကည့္ေနဖို႔အတြက္ လုံေလာက္ခဲ့ ပါတယ္.. မင္းက ဒီကမာၻႀကီးအေပၚမွာ တြယ္တာမႈေတြ စိုးရိမ္မႈေတြ ဘာမွမရွိဘူးဆိုတာ ငါေျပာနိုင္တယ္"

ေခတၱနားၿပီးေနာက္ သူက မ်က္လုံးမ်ားကိုမွိတ္ကာ ခက္ခက္ခဲခဲ ဆက္ေျပာသည္။

"ေနာက္အခိုက္အတန့္မွာ ေသျခင္းတရားနဲ႕ ရင္ဆိုင္ရမယ္ဆိုရင္ေတာင္ မင္းက ဒီကမာၻႀကီးကို ေအးေအးေဆးေဆး စြန႔္လႊတ္လိုက္နိုင္သလိုပဲ"

ထိုစကားကိုၾကားၿပီးေနာက္ စုယန္ စကားမဆိုနိုင္ေတာ့ေပ။

ကုေဖးတိက ရယ္ေမာလိုက္ေလသည္။

"ဒါေပမယ့္ ငါနားမလည္နိုင္တာတစ္ခုက မင္းဘာလို႔ သိုင္းပညာေတြကို ႀကိဳးႀကိဳးစားစား ေလ့က်င့္ေနခဲ့ ရတာလဲ? ဘာလို႔... ငါ့အသက္ကိုကယ္ဖို႔ အေသအလဲ အားထုတ္ေနခဲ့ရတာလဲ?"

"ငါ..." စုယန္ ျပန္လည္ေခ်ပရန္ နည္းလမ္းမရွိေပ။

"..သုံးႀကိမ္"

ကုေဖးတိက ဆက္ေျပာသည္။

"မင္းငါ့ကို ေက်ာက္စိမ္းေၾကးမုံေရကန္ေအာက္ေျခမွာ လာရွာခဲ့တယ္။ ေျမရိုင္းလြင္ျပင္က တိုက္ပြဲအတြင္းမွာ မင္းငါ့အတြက္ ဓားတစ္ေခ်ာင္းကို တားဆီးေပးခဲ့တယ္။ ကူေသြးအဆိပ္က ရက္စက္ၾကမ္းၾကဳတ္မွန္း ေကာင္းေကာင္း သိထားလ်က္နဲ႕ ငါ့ကိုအဆိပ္ေျဖဖို႔ မင္းဆီ လႊဲေျပာင္းယူခဲ့တုန္းပဲ။ မင္းငါ့ကို သက္စြန႔္ဆံဖ်ား ကယ္တင္ခဲ့တာ သုံးႀကိမ္ရွိၿပီ"

စုယန္က ကူကယ္ရာမဲ့စြာဆိုသည္။

"ကုေဖးတိ.. ငါ..."

"မင္းငါ့ကို အတန္းေဖာ္တစ္ေယာက္အေနနဲ႕ မွတ္ယူထားတာလို႔ ငါမယုံဘူး စုယန္"

ကုေဖးတိက စုယန္အား စိတ္အားထက္သန္စြာ စိုက္ၾကည့္ရင္း ဆက္ေျပာသည္။

"မင္းလုပ္ခဲ့သမွ်အရာအားလုံးက ေက်ာက္စိမ္း အိမ္ေတာ္မွာ ႏွစ္ဝက္ေလာက္အတူရွိခဲ့ၿပီး တစ္ေယာက္နဲ႕ တစ္ေယာက္ သိကြၽမ္းခဲ့တာေၾကာင့္လို႔ ငါတကယ္ မယုံၾကည္နိုင္ဘူးေနာ္။ ငယ္ငယ္ကတည္းက ငါနဲ႕ ခင္မင္ရင္းႏွီးလာခဲ့တဲ့ ဖူလင္းယြင္နဲ႕ ႐ႊီယြင္က်န္း ဆိုရင္ေတာင္ ငါ့ကိုကယ္ဖို႔အတြက္ မင္းလိုမ်ိဳး ကိုယ့္အသက္ကိုယ္ အေလာင္းအစားလုပ္တဲ့အထိ လုပ္နိုင္မွာမဟုတ္ဘူး!"

သူက မ်က္လႊာခ်လိဳက္ၿပီး ‌ႏႈတ္ခမ္းကိုဖိကိုက္ကာ ဆက္ေျပာလာျပန္သည္။

"မိစာၦဂိုဏ္းခ်ဳပ္နဲ႕ ေတြ႕တုန္းက မင္းေျပာခဲ့တဲ့ စကားလုံးေတြကို ငါ မွတ္မိေနေသးတယ္"

"ငါက ဒီအတိုင္း.." စုယန္က စိုးရိမ္တႀကီးႏွင့္ ဆိုသည္။
".. ဒီ.. ဒီအတိုင္း"

ကုေဖးတိက ဘာမွမဆိုဘဲ စုယန္ကို စိုက္ၾကည့္ရင္း သူေျပာလာမည့္စကားကို ေစာင့္ဆိုင္းေနသည္။

စုယန္က အံႀကိတ္ကာ ေျပာလိုက္၏။

"... သူ႕ကို လွည့္စားခဲ့႐ုံပဲ"

ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္သြားသည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ ကုေဖးတိက ႐ုတ္တရက္ လက္လွမ္းလာၿပီး စုယန္လက္ထဲမွ စာ႐ြက္ကို လုယူလိုက္သည္။

သူက ထိုစာ႐ြက္အပါးေလးကို စားပြဲေပၚရွိ ဖေယာင္းတိုင္ မီးေတာက္ဆီသို႔ တြန္းပို႔လိုက္၏။

"ေဝ့! မလုပ္နဲ႕!" စုယန္သည္ ကုေဖးတိကို ရပ္တန႔္လို ေသာေၾကာင့္ မသိစိတ္က ေရွ႕သို႔ တိုးလာမိသည္။
သို႔ေသာ္ စကၠဴသည္ ပါးလႊာလြန္းၿပီး ခ်က္ခ်င္းဆိုသလို မီးေလာင္ကြၽမ္းသြားေတာ့၏။ မီးေတာက္မ်ားက စာလုံးမ်ားကို ဝါးၿမိဳသြားကာ အနက္ေရာင္ မီးခိုးလုံးမ်ားအျဖစ္သို႔ ေျပာင္းလဲသြားခဲ့သည္။

စုယန္ကို အခ်ိန္အၾကာႀကီး စိုက္ၾကည့္ရင္း ကုေဖးတိ၏ မ်က္လုံးမ်ားမွာ နီရဲလာ၏။ သူက ႐ုတ္တရက္ ေက်ာက္ခန္းေထာင့္ရွိ ေရတြင္းဆီသို႔ ေလွ်ာက္သြားကာ ေရလက္တစ္ဆုပ္စာ ခပ္ယူၿပီး မ်က္ႏွာကို ပက္ျဖန္းလိုက္သည္။

သူသည္ စုယန္အား ေက်ာေပးလ်က္ ဒူးေထာက္လိုက္ၿပီး ေရတြင္းအစြန္းကို လက္ႏွစ္ဖက္ျဖင့္ ေထာက္ထားကာ ေခါင္းငိုက္စိုက္ခ် ၿငိမ္သက္ေနေလသည္။

စုယန္ အလြန္ ထိတ္​လန႔္​သြားေလ၏။

သို႔ေသာ္ ဤအေျခအေနမ်ိဳးကို မည္သို႔ရင္ဆိုင္ရမွန္း မသိဘဲ စိတ္ရႈပ္ေထြးေနမိသည္။

သူ႕ႏွလုံးသားက ဖရိုဖရဲ ျဖစ္ေနၿပီး ထိုအေျခအေနတြင္ သူသည္ ဘာကိုမွဂ႐ုမစိုက္ဘဲ အလ်င္စလိုထကာ ကုေဖးတိကို ေပြ႕ဖက္ထားလိုက္ခ်င္သည္။ တစ္ဖက္တြင္မူ ဤျမင္ကြင္းသည္ မျဖစ္သင့္ဟု သူခံစားမိေသာ္လည္း အေမွာင္ထဲမွ သူတို႔ႏွစ္ဦးၾကား အနမ္းကို ျပန္ေတြးမိျပန္သည္။ ထို႔ေနာက္ မူလ ဇာတ္ၫႊန္းႏွင့္ 'သူေသကိုယ္ေသ' တိုက္ခိုက္ရမည့္ ဇာတ္သိမ္းတို႔ကို ျပန္လည္အမွတ္ရမိသည္။

ထိုရႈပ္ေထြးမႈေတြက သူ႕ႏွလုံးသားကို ေအးခဲသြား ေစသည္။ စုယန္သည္ သူ႕ရင္ဘတ္ကို ဆုပ္ကိုင္လိုက္ၿပီး မ်က္ေမွာင္ၾကဳတ္မိ၏။ အေအးဓာတ္က ပို၍ ျပင္းထန္လာၿပီး သူ၏ေျခလက္၊ အရိုးမ်ားႏွင့္ ေက်ာရိုးတစ္ေလွ်ာက္ ပ်ံ့ႏွံ႕သြားကာ ဦးေခါင္းထဲကို တည့္တည့္ထိုးေဖာက္ဝင္ေရာက္သြားသည္။

စုယန္သည္ သူ႕မ်က္လုံးေရွ႕၌ ျဖစ္ေပၚလာေသာ အေမွာင္ထုႏွင့္ စူးရွေသာ နာက်င္မႈႏွင့္ အံတုရန္ ႀကိဳးစားေနရ၏။ ေနာက္ဆုံးတြင္ သူ႕ခႏၶာကိုယ္သည္ ေကြးၫႊတ္သြားၿပီး ေျမႀကီးေပၚသို႔ ျဖည္းညွင္းစြာ ၿပိဳလဲသြားခဲ့သည္။

သူသတိမလစ္ခင္ အခ်ိန္ခဏေလးအတြင္းမွာ ကုေဖးတိက ထိတ္လန႔္ေနေသာ အမူအရာ၊ ေၾကာက္လန႔္တၾကား ေအာ္ေခၚသံႏွင့္အတူ သူ႕ဆီသို႔ ေျပးလာသည္ကို ျမင္လိုက္ရသေယာင္။

"စုယန္!"

ကုေဖးတိသည္ အားနည္းေနေသာ စုယန္ကို ေပြ႕ဖက္လိုက္ၿပီး အႀကိမ္အနည္းငယ္ စိုးရိမ္ပူပန္စြာ ေအာ္ေခၚလိုက္သည္။ စုယန္၏တစ္ကိုယ္လုံးသည္ ေအးစက္ေသာေလထုထဲတြင္ နစ္ျမဳပ္ေန၏။ ကုေဖးတိက သူ႕ကို တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္ထားကာ ဆိုသည္။

"ငါစိတ္မေကာင္းပါဘူး" သူက မ်က္ႏွာေပၚရွိ မ်က္ရည္စမ်ားကို ပြတ္သုတ္လိုက္ၿပီး အသက္ျပင္းျပင္း ရွိုက္လိုက္၏။

"ေတာင္းပန္ပါတယ္...ငါမင္းကိုအဲ့လိုအတင္းအၾကပ္ ဖိအားမေပးသင့္ဘူး...ငါက ဒီ... ဒီအတိုင္း မင္းရဲ႕ ခံစားခ်က္ေတြကို မေသခ်ာလို႔ပါ.. မင္း ငါ့ေရွ႕ကေန ေပ်ာက္ကြယ္သြားမွာကို ငါေၾကာက္တယ္"

ထုံးစံအတိုင္း စုယန္က တုံ႕ျပန္ဖို႔ရာ မျဖစ္နိုင္ေပ။

ကုေဖးတိသည္ သူ႕မ်က္လုံးမ်ားကိုမွိတ္ထားၿပီး စုယန္ကို ေပြ႕ခ်ီကာ ခုံတန္းေပၚတင္လိုက္သည္။ ဤတစ္ႀကိမ္တြင္ သူသည္ ေအးခဲေနေသာ စုယန္ကို ေႏြးေထြးေစရန္ 'အနီေရာင္ဇာမဏီငွက္ေမႊးသစ္ပင္' က်င့္စဥ္အတိုင္း သူ႕အတြင္းအားကို လည္ပတ္လိုက္ေလ၏။

အခ်ိန္မည္မွ်ၾကာသြားသည္အသိ၊ ေက်ာက္ခန္း အျပင္ဘက္ရွိ ေပါ့ပါးေသာေျခသံေၾကာင့္ ကုေဖးတိ လန႔္နိုးလာသည္။ သတိလစ္ေနေသာ စုယန္ကို သူ႕လက္ထဲတြင္ တင္းတင္း ဆုပ္ကိုင္ထားရင္း ဓားကိုဆြဲထုတ္ကာ ေက်ာက္ခန္းအဝင္ဝကို သတိထား စူးစမ္းၾကည့္ေနလိုက္၏။

စုဟြိုက္က်ဴးသည္ တံခါးဝတြင္ ေျခခ်ၿပီးေနာက္ ေက်ာက္ခန္းထဲသို႔ဝင္ကာ ကုေဖးတိကို ဂ႐ုမစိုက္သလို တစ္ခ်က္သာၾကည့္လိုက္သည္။

ကုေဖးတိသည္ သူ႕လက္ထဲရွိ ဓားကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားရင္း သူ႕မ်က္ႏွာက ခံစားခ်က္မဲ့ေန၏။ စုယန္အား သူ႕ေနာက္တြင္ ကာကြယ္ထားၿပီး မိစာၦဂိုဏ္းခ်ဳပ္ကို ေၾကာက္႐ြံ႕ျခင္းကင္းစြာ စိုက္ၾကည့္ေနေလသည္။

သူ႕အသက္ကို စြန႔္စားလိုသည့္ပုံေပါက္သည့္ ကုေဖးတိကို ျမင္ေသာအခါ စုဟြိုက္က်ဴးက ခပ္ဟဟ ရယ္ေမာလိုက္သည္။

"မင္းက ေခါင္းေဆာင္ကုနဲ႕ တကယ္တူတာပဲ"

ကုေဖးတိက တည္ၿငိမ္စြာ ျပန္ေျပာသည္။

"ကြၽန္ေတာ္က အေဖရဲ႕သားပဲ။ သဘာဝအတိုင္း သူနဲ႕တူမွာေပါ့"

စုဟြိုက္က်ဴး၏ မ်က္လုံးမ်ားမွာ အုံ႕မွိုင္းသြားၿပီး အေၾကာင္းအရာကို ေျပာင္းလဲလိုက္သည္။

"အခု ကူအဆိပ္က ေျပလည္သြားၿပီ။ ဆိုေတာ့ကာ စံအိမ္သခင္ေလးကုက ငါ့ရဲ႕ဂိုဏ္းကေန ထြက္သြားခ်ိန္တန္ၿပီေပါ့ေနာ္"

ဤသိသာထင္ရွားေသာ ႏွင္ထုတ္မႈကို ၾကားေသာအခါ ကုေဖးတိ၏မ်က္ႏွာ အနည္းငယ္ ေျပာင္းလဲသြားသည္။ သူပါးစပ္ကို ဖြင့္ဟလိုက္ေသာ္လည္း ေနာက္ဆုံးတြင္ ဘာမွမေျပာနိုင္ေပ။

စုဟြိုက္က်ဴးသည္ ကုေဖးတိ၏ေနာက္ကြယ္မွ သတိလစ္ေနေသာ စုယန္ကို တစ္ခ်က္ၾကည့္လိုက္ကာ ဆက္ေျပာ၏။

"အခု ကူေသြးအဆိပ္က သူ႕ခႏၶာကိုယ္ထဲေရာက္ေနၿပီ။ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'က ကူအဆိပ္ကို ဖိႏွိပ္ထားနိုင္ေပမယ့္ ေရရွည္ေျဖရွင္းခ်က္ေတာ့ မဟုတ္ဘူး။ သူ႕ကို ကူညီနိုင္တဲ့ သူတစ္ေယာက္ကို ငါသိထားတယ္။ အဲဒီလူကိုရွာဖို႔လည္း ကူညီေပး နိုင္တယ္။ ဒါေပမယ့္ အဲဒါက.. စံအိမ္သခင္ေလးကု ငါ့ကို ကူညီခ်င္စိတ္ ရွိ၊မရွိအေပၚ မူတည္တယ္ေနာ္"

မိစာၦဂိုဏ္းခ်ဳပ္၏အၿပဳံးႏွင့္ အၾကည့္တို႔ကို ျမင္သည္ႏွင့္ ကုေဖးတိသည္ အလိုလို ျငင္းပယ္ခ်င္လာသည္။
ထိုအခ်ိန္တြင္ သူ႕ေနာက္တြင္ရွိေသာ စုယန္သည္ အနည္းငယ္ ညည္းၫူလိုက္ၿပီး သူ၏ေအးခဲေနေသာ ခႏၶာကိုယ္ကို ေဘာလုံးတစ္လုံးကဲ့သို႔ ေကာက္ေကြး လိုက္ေလ၏။

ကုေဖးတိသည္ စုယန္၏ လက္ေကာက္ဝတ္မ်ားကို ခ်က္ခ်င္းဆုပ္ကိုင္လိုက္ၿပီး အတြင္းအားအခ်ိဳ႕ကို သူ႕ထံ လႊဲေျပာင္းေပးလိုက္သည္။

စုယန္သည္ မသိစိတ္က ကုေဖးတိ၏လက္ေမာင္းကို ဖက္လိုက္ၿပီး သူ႕ဆီက ေႏြးေထြးမႈကိုရယူရန္ ႀကိဳးစားေနသည္။

အခ်ိန္အေတာ္ၾကာၿပီးေနာက္ စုယန္၏ တုန္ယင္ေနမႈသည္ အနည္းငယ္ၿငိမ္သက္သြားခဲ့သည္။

ကုေဖးတိက စုဟြိုက္က်ဴးကို လွည့္ၾကည့္လိုက္ၿပီး သိမ္ေမြ႕စြာ ေျပာလိုက္ေလ၏။

"...ေက်းဇူးျပဳၿပီးေျပာပါ"

_14.7.22

စာေရးဆရာမွာ ေျပာစရာရွိပါတယ္:

စိတ္မပူနဲ႕ စုယန္က ကူအဆိပ္ေၾကာင့္ အၾကာႀကီး ဒုကၡေရာက္ေနမွာ မဟုတ္ဘူး။

Thanks for reading ❣️



Continue Reading

You'll Also Like

83K 8.2K 104
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
133K 12.8K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
17.7K 2.6K 18
သိတယ်မလား မရေးတော့ဝူး အင်တာနက်ရ‌နေသရွေ့ တစ်ရက်တစ်ပိုင်းပါပဲချင်