အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခ...

Por Hmue_46

251K 37.7K 1.4K

This is a translation novel. Author permission not yet sought but I have to translate because I like it very... Más

Chapter- 1
Chapter -2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter -11
Chapter - 12
Chapter-13
Chapter - 14
please
Chapter - 15
Chapter - 16
Present for my babe!!
Chapter - 17
Chapter- 19
Chapter -20
Chapter - 21
Chapter- 22
Paid GP
Chapter - 23
Chapter-24
Please!!!
Chapter - 25
Chapter - 26
Chapter-27
Chapter-28
Chapter-29.1
Chapter - 29.2
Chapter-29.3
Chapter -30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter -35
Chapter - 36
Please ❗❗
Chapter-37
Chapter-38
Attention Please❗
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter- 46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Help Me!!!
Chapter- 53.1
Chapter- 53.2
Chapter - 54

Chapter - 18

4.5K 774 38
Por Hmue_46

Unicode

မုရှောက်ယောင်ကမုရှောင်ခယ်ရဲ့စကားကို သိရတဲ့အခါမှာ အနည်းငယ် အံ့သြသွားသည်။ မကြာသေးမီက မုရှောင်ခယ် ၏အခြေအနေသည် *လေးမြှားများကြောင့် ထိတ်လန့်တုန်လှုပ်နေသည့် ငှက်တစ်ကောင်လို ဖြစ်နေသည်။ သူဘယ်သူနဲ့အတူရှိနေပါစေကိစ္စမရှိဘူး သူကို အရမ်းသီးသန့်ထားပေးခဲ့ပေမယ့် အခုတော့ သူကပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ပါတယ်။ဒါက လုံးဝကိုမရီရဘူး။

(*လူတွေကိုကြောက်ရွံနေတယ်)

မုရှောက်ယောင်သည် သူ့ကိုမကူညီနိုင်ခဲ့လို့ အနည်းငယ် စိတ်ပူသွားသည်။ မကြာသေးအချိန်တုန်ယက သူသည် အလုပ်အရမ်းများလွန်းသည်။မုရှောင်ခယ် သည် ကျောင်းတွင် ဝိုင်းပယ်ခံနေရသည်ကို သူမသိခဲ့ပါ။ ဆရာက မုရှောင်ခယ် ကို ကူညီပေးခဲ့တယ်လို့ မုခိုင်က ပြောခဲ့ပါတယ်။ ဟုတ်ပါတယ် သူက တစ်ဖက်လူကို ကျေးဇူးတင်ချင်တယ်။ ထိုသို့သောကြင်နာမှုကို အမြဲပြုလုပ်ရမည် ၊ မဟုတ်ပါက ဆရာသည် သူတို့၏ မု မိသားစုအား ကျေးဇူးကန်းသည့်လူများအဖြစ် မှတ်ယူထားလိမ့်မည်။

အဲ့လို သဘာဝအတိုင်းကျေးဇူးတင်မှုလုပ်တာကို မုရှောင်ခယ် က ဘာလို့ တိုက်ရိုက်ငြင်းဆန်ခဲ့ရတာလဲ? ဒီလေသံကို ကြည့်ပြီး ကလေးက ဒေါသတောင် ထွက်သွားတယ်။

မုရှောက်ယောင်သည် မုရှောင်ခယ်ဆီသို့ ဗီဒီယိုခေါ်ဆိုမှုသာ ပြုလုပ်နိုင်ခဲ့သည်။

မုရှောင်ခယ်သည် ဖုန်းခေါ်သည်ကိုမြင်သောအခါ အလွန်ဒေါသထွက်ကာ စိတ်ဆင်းရဲသွားသော်လည်း သူပြန်ဖြေရလေသည်။

"ရှောင်ခယ် ကျောင်းတက်ရတာအဆင်ပြေရဲ့လား"

မုရှောင်ခယ်က ခေါင်းညိတ်ပြီး

"အဆင်ပြေပါတယ်၊ ဆရာချူကို ထမင်းစားဖို့ ဖိတ်စရာမလိုပါဘူး၊ သူကအဲ့ဒါမျိုးတွေကို မကြိုက်ဘူး"

"သားလေး၊ ငါတို့မင်းရဲ့ဆရာကို ထမင်းစားဖို့ ဖိတ်လိုက်မယ်လေ ဘယ်လိုလူက အဲ့လိုမျိုးကိုမကြိုက်နိုင်ပါ့မလဲ။ မင်းက*ပိန်လွန်းတယ်လို့သူ့ကိုဖေဖေ သွားပြောမယ်။ မင်းအဲဒီအကြောင်းကို မပြောရင် တစ်ဖက်လူကို ဖိတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး"

(*ရှောင်ခယ်ကအစာကိုဂရုတစိုက်မစားတဲ့ကလေးမို့ပိန်နေတာကြောင့်သူ့အဖေက သူ့ရောကျွေးရင်းချူဟန်ပါခေါ်ကျွေးချင်တာပါ...အကြောင်းပြချက်ပေါ့)

မုရှောင်ခယ် က ခေါင်းခါနေသေးသည်။ ဘာပဲဖြစ်ဖြစ် ချူဟန်ကို သူနဲ့ သူ့အကိုကြီးကြားက အရှုပ်အထွေးမှာ မပါဝင်စေချင်သလို ချူဟန် ရဲ့ပုံစံကအောင်မြင်မှု​တွေရမဲ့ပုံပါ။ ပထမတစ်ချက်တွင် သူသည် ကောင်းမွန်သောမိသားစုမှလာသူဖြစ်ကြောင်း သူသိသည်။ ဒီလိုလူက မင်းရဲ့ အစားအစာ တစ်လုပ် ဒါမှမဟုတ် နှစ်လုပ် ကို ဂရုစိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ကျေးဇူးတင်စကား မပြောခင် ခြေတစ်လှမ်းဆုတ်သင့်ပြီးတကယ်ကျေးဇူးတင်ကြောင်းပြောသင့်ရင်လည်း အဲ့ဒီလူက သူကိုယ်တိုင်ပဲဖြစ်သင့်သည်။ မုခိုင်နဲ့ ဘာဆိုင်လို့လဲ?

"ဒါက မိသားစုနဲ့ မဆိုင်ပါဘူး။ အဖေက အများကြီးလုပ်​ပေးခဲ့ပြီးပြီ၊ အဖေက အမြဲတမ်း ဘာမှ ပြောနိုင်မှာမဟုတ်ဘူး ဟုတ်ပြီလား"

"ကျွန်တော့် သူ့ကိုကျေးဇူးတင်လိုက်ပါမယ်။ ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်ပါ့မယ်။"

မုရှောင်ခယ် သည် အလွန်စိတ်ပိုင်းဖြတ်ထားသော သဘောထားဖြင့် "ကိုယ့်ကိုယ်ကိုယ်" အလေးပေးပြောကြားခဲ့ပြီး မုရှောက်ယောင်ကို အခွင့်ကောင်းယူရန် အနည်းငယ်မျှ မပေးခဲ့ပေ။

မုရှောက်ယောင်က ဒေါသထွက်ချင်ပေမယ့် ဒေါသမထွက်တာမကောင်းဘူးဆိုတာသိသည်။

"ဒါဆို တစ်စုံတစ်ယောက်ကို တစ်ခုခု ပို့ခိုင်းလိုက်မယ် ဆရာ့ကို ပေးလိုက်ပါ။ ကျေးဇူးတင်စကားလေး နည်းနည်းပြောဖို့လည်း မမေ့နဲ့"

မုရှောင်ခယ်က ခေါင်းငုံ့ကာ

"နားလည်ပါတယ် ဖေဖေ ကျေးဇူးတင်ပါတယ်"

ဖုန်းကို မချခင် မုရှောက်ယောင် က သူ့ကို စိုက်ကြည့်ရင်း အလွန်အားကိုးရာမဲ့ ဖြစ်နေသည်။

မုရှောက်ယောင်သည် ဖုန်းချလိုက်ပြီးလိုက် အိမ်တံခါးပွင့်သွားပြီး မုခိုင်က ပြန်ရောက်လာခဲ့တယ်။

"ဖေဖေ ပြန်လာပြီလား ဒါနဲ့ ရှောင်ခယ်ကို ပြောခဲ့တာလား? သူအိမ်မှာလား?"

မုရှောက်ယောင်က ခေါင်းခါလိုက်ပြီး

"သူက စနေ၊ တနင်္ဂနွေမှာ လုပ်စရာရှိလို့ ပြန်မလာတော့ဘူးတဲ့"

"အာ "

မုခိုင်ကစိတ်ပူသွားပြီး

"သူ့ဆရာနဲ့ ထမင်းစားမဲ့အကြောင်းရော"

"သူက ဆန္ဒမရှိဘူး မေ့လိုက်တော့ နောက်တစ်ခါ အခွင့်ရေးရှာရအောင်"

မုခိုင် က

"ဒီဆရာက အလုပ်သင်ဆရာပါ၊ လအနည်းငယ်ကြာရင် ဒီမှာရှိတော့မှာ မဟုတ်ဘူး"

"အဲ့ဒါတော့အဲ့ဒါပေါ့ သိပ်စိတ်မရှုပ်ပါနဲ့။
ရှောင်ခယ် က သူ့ဘာသာသူ ပြုစုလိုက်မယ်တဲ့ သူ့ဘာသာသူ လုပ်ခွင့်ပေးလိုက်ပါ"

"ဒါပေမယ့်"

"ရှောင်ခိုင်မင်းက ဘာကြောင့်ဒီကိစ္စကို အရမ်းစိတ်ပူနေမှာလဲ?။ အခု မင်းညီငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အရေးကြီးဆုံးပဲ။ မင်းကျောင်းမှာနေ​ပြီး မင်းမှာ ဘာမှလုပ်စရာမရှိရင် သူ့ကို မကြာခဏသွားတွေ့လိုက် သူ့ကိုအနိုင်ကျင့်မခံရစေနဲ့။"

မုခိုင် သည် သူ့စိတ်ထဲတွင် ပူပင်သောကများကိုခံနိုင်ရည်ရှိအောင်ထိန်းထားပြီး မုရှောက်ယောင် အား

"ကျွန်တော် အဲဒီကို မကြာခဏသွားပေမယ့်....
ရှောင်ခယ်ကမှ ကျွန်တော့်ကို သိပ်ဂရုမစိုက်ဘူး၊ သူ့ကို ဘယ်ဟာက စိတ်ဆိုးစေတာလဲ ကျွန်တော်မသိဘူး သူ့ဆရာကို ကျေးဇူးတင်ချိန် တုန်းက သူနဲ့စကားပြောခွင့်ရတာ ဝမ်းသာပါတယ်"

မုရှောက်ယောင်က မျက်မှောင်ကြုတ်လိုက်သည်။ ညီအစ်ကိုနှစ်ဦးသည် ယခင်က သဘောထားကွဲလွဲမှုများရှိခဲ့သော်လည်း
ရှောင်ခယ် သည် မုခိုင်ကို အမြဲတစေ တွယ်တာခဲ့သည်။ ရန်ဖြစ်ရင်တောင် နှစ်ရက်အတွင်း ပြန်ပြီးသင့်မြတ်လာမယ်။ တစ်လ နှစ်လအတွင်းကြာမှ ပြန်ပြီးသင့်မြတ်လာတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။

မုရှောက်ယောင်သည် ဖူကျားယွီ နှင့်အတူ ကျောင်းပြန်တက်ရန်ထက် မုရှောင်ခယ်တစ်ယောက်တည်းနေလိုသည့်နေ့ရက်ကို တွေးမိသည်... မုရှောက်ယောင် က မုခိုင် ကိုကြည့်ကာ

"မင်းက မင်းညီငယ်လေးကို ဖူကျားယွီ ကြောင့်  ကြိမ်းမောင်းခဲ့သေးလား?"

"ဘာလို?!"

မုခိုင် အံ့သြသွားကာ မျက်လုံးများပင် ပြူးကျယ်သွားပြီး

"ဖေဖေဘာတွေပြောနေတာလဲ ကျွန်တော်
ရှောင်ခယ်ကို တစ်ခါမှ မဆူဖူးဘူး။ ရှောင်ခယ် က ဖေဖေ့ ကို ပြောခဲ့တာလား? ဖေဖေ၊ အပြင်လူတစ်ယောက်အတွက် ကျွန်တော့်ရဲ့ ညီငယ်လေးကို ဘယ်လိုလုပ် ကဲ့ရဲ့အပြစ်တင်နိုင်မလဲ။ နားလည်မှုလွဲတာဖြစ်မယ်!"

မုရှောက်ယောင် သည် မုခိုင် ကို အပြစ်မတင်ချင်ပါ။ သူအရမ်းစိတ်လှုပ်ရှားနေတာကိုမြင်တော့ သူဒီလိုနှစ်သိမ့်ခဲ့သည်

"မင်းကညီငယ်လေးကို အနိုင်ကျင့်နေတယ်လို့ ဖေဖေ သံသယမရှိပါဘူး။ မင်းညီငယ်လေး က
ဖူကျားယွီကိုအရင်ကလိုပူဆာတာမကောင်းဘူး။ လူကြီးတစ်ယောက်အနေနဲ့ တိုက်ရိုက်ပြောလို့ မရဘူး။ မင်းက သူ့အကိုကြီးပဲ မင်းပဲ သူ့ကို လမ်းညွှန်ပေးရင် ငါ ဘာမှ မပြောဘူး"

"ဖေဖေ... တကယ်မဟုတ်ဘူး ရှောင်ခယ် သူက... သူ့စိတ်ကို သိပါတယ်၊ ဒါပေမယ့် သူတို့ကြားမှာ ဘာမှမရှိဘူး၊ ဒါကို ကျွန်တော် အာမခံနိုင်ပါတယ်။"

"မရှိဘူးဆိုတော့ ကောင်းပါတယ်။"

မုရှောက်ယောင် က သက်ပြင်းချလိုက်ပြီး

"ရှောင်ခိုင် မင်းလည်း ဖူကျားယွီ နဲ့ အရမ်းမနီးစပ်ဖို့လည်း သတိထားရမယ်"

မုခိုင် ၏ အမူအရာ ငြိမ်သက်သွားသည်။ မုရှောက်ယောင်၏တိုက်ခိုက်မှုသည် သူ့ဘက်ကိုလှည့်လာမယ်လို့မမျှော်လင့်ထားပေ

"အဖေ ဘာကိုဆိုလိုတာလဲ?"

"ရှောင်ခယ်ရဲ့စိတ်ကို မင်းဖတ်နိုင်ပေမယ့် ဖူကျားယွီရဲ့စိတ်ကို မင်းဖတ်လို့မရဘူး။ မင်းက ငယ်ငယ်လေးကတည်းက ဉာဏ်ရည်ထက်မြက်ပြီး ဉာဏ်ကောင်းတယ်။ မင်းမှာ တခြားကောင်လေးတွေလို ချို့ယွင်းချက်တချို့ မရှိဘူး။ လူတိုင်းကမင်းရဲ့ညီလေးကို သဘောထားကြီးပြီး ယုတ်မာနေရင် ငါ့မှာ အသက်ကိုးသက်ရှိရင်တောင် ငါဒေါသထွက်နိုင်မှာမဟုတ်ဘူး။ ဘယ်အရာက အရေးကြီးဆုံးလဲ သိလား။ အခု မင်းက Senior 3 ထဲရောက်နေပြီဆိုတော့ မင်းရဲ့လေ့လာမှုတွေကို အာရုံစိုက်ပြီး ဖေဖေမျှော်လင့်ချက်ရှိအောင် ကျောင်းကောင်းကောင်းတက်နိုင်အောင် ကြိုးစားရမယ်။"

မုရှောက်ယောင် က သက်ပြင်းချလိုက်ကာ ခေါင်းခါလိုက်ပြီး

"မင်းရဲ့ညီလေးက အရည်အချင်းမရှိဘူးလေ။ သူ့မှာရောဂါနဲ့ ငါကလည်းအသက်ကြီးနေပြီ"

ထိုစကားကြောင့် မုရှောက်ယောင်သည် မု မိသားစု၏ စီးပွားရေးကို မုခိုင် အား အနာဂတ်တွင် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ရှင်းရှင်းလင်းလင်းဖော်ပြလိုက်သည်။

မုခိုင် အံ့သြသွားသည်။ သူလုပ်သမျှက မု မိသားစု၏ ကုမ္ပဏီရဲ့ စီမံခန့်ခွဲပိုင်ခွင့်ကို ရချင်ပေမယ့်လည်း သူ့အဖေက ပွင့်ပွင့်လင်းလင်း ပြောခဲ့တာက တကယ်ကို စိတ်လှုပ်ရှားစေပေမယ့် ဒီခံစားချက်တွေကို ထုတ်ဖော်မပြနိုင်ခဲ့ပါဘူး။

မုခိုင် အသက်ပြင်းပြင်းရှူရင်း

"ဖေဖေဘာတွေပြောနေတာလဲ? ဖေဖေ့ အသက်ကငါးဆယ်ပဲရှိသေးတယ်။ အသက်ကြီးနေပြီလို့ ဘယ်လိုလုပ်ပြောနိုင်မလဲ? ဒါ့အပြင် ရှောင်ခယ်
က စကားမပြောနိုင်ရင်တောင် မိသားစုကို ကူညီပေးနိုင်ပါသေးတယ်"

မုရှောက်ယောင် က သူ့ခေါင်းကို မကျေမနပ် ခါယမ်းလိုက်ပြီး

"မုရန် ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားကုမ္ပဏီကို စကားမပြောတတ်တဲ့လူက အုပ်ချုပ်ထားလို့ မရပါဘူး။ ကုမ္ပဏီမှာ အလုပ်လုပ်ခွင့် ရရင်တောင် သူ့ရဲ့ ဇာတ်ကောင်က ဘာလုပ်နိုင်မှာလဲ? ရှောင်ခိုင် ၊ အဖေက မင်းကို အဖေ့ရဲ့ အမွေဆက်ခံသူဖြစ်ပြီး ကုမ္ပဏီရဲ့ အနာဂတ်ခေါင်းဆောင်က မင်းဖြစ်တဲ့အကြောင်း သတိပေးဖို့ ဒီနေ့ပဲ ရှင်းရှင်းလင်းလင်းပြောခဲ့တယ်။စျေးကွက်ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်နေပြီ၊
မင်း ဒီဖိအားနဲ့ အကျပ်အတည်းတွေကို ခံနိုင်ရည်ရှိရမယ်နားလည်လား?"

မုရှောင်ယောင် က ထိုအရာများကို ပြောပြီးနောက်တွင် သူ၏ စိတ်ဓာတ်များ အထူး တက်ကြွခြင်းမရှိတော့ဘဲ သားအဖနှစ်ယောက် ညစာ အမြန်စားကြပြီး အသီးသီး အလုပ်များသွားကြသည်။

မုခိုင် က အိပ်ခန်းထဲမှာနေပြီး Rong Yanzhe ကိုဖုနခေါ်လိုက်တယ်။

"အကို Yanzhe စိတ်မကောင်းပါဘူး၊ အလုပ်သင်ဆရာနဲ့ ချိန်းထားတာက မဖြစ်ခဲ့ဘူး"

"ချိန်းထားတာက မဖြစ်ခဲ့ဘူးလား။" Rong Yanzhe က သူလုပ်နေတာတွေကို ရပ်လိုက်ပြီး

"ဘာလို့လဲ"

Rong Yanzhe သည် ကြွားဝါခြင်းကို နှစ်သက်သော မုရှောင်ခယ် သည် သူ့ဆရာရှေ့တွင် မိသားစုနောက်ခံကို ပြသရန် အခွင့်အရေးကို ငြင်းဆန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ရှောင်ခယ်က သဘောမတူဘူး၊ သူကဒီအရာက ကျွန်​တော်နဲ့ မဆိုင်ဘူးလို့ပြောတယ် ကျွန်တော်လည်း သူ့ကို ဘယ်လိုချော့ရမှန်းမသိတော့ဘူး"

Rong Yanzhe က အေးစက်စွာ ဟစ်အော်လိုက်သည်။ ဒီလို ရူးသွပ်တဲ့ ချော့ဖို့က ဘာလုပ်မှာလဲ ၊ နောက်တစ်ခါတွေ့ရင် ငိုအောင်လုပ်ပစ်မယ်...

မျက်ရည်ကျနေသော မုရှောင်ခယ်၏ ပုံရိပ်သည် Rong Yanzhe ၏ စိတ်ထဲတွင် ရုတ်တရက် ​ပေါ်လာပြီး သူ့နှလုံးသားသည် နားမလည်နိုင်အောင် နာကျင်သွားသည်။

"အကို Yanzhe မင်း ဘာဖြစ်သွားတာလဲ"

"ဘာမှမဟုတ်ဘူး၊ တခြားဘာရှိသေးလဲ?"

မုခိုင်က ခဏလောက် အေးခဲသွားတယ်၊ Rong Yanzhe ရဲ့ လေသံက အရမ်းအေးသွားတယ်လို့ သူဘာလို့ ခံစားရတာလဲ?

"ဒါပါပဲ အဲဒီဆရာကို အာရုံစိုက်နေသေးလား?"

"မလိုပါဘူး။ အထက်တန်းပြဆရာတစ်ယောက်ဖြစ်လာတာက အရမ်းနိမ့်ကျနေတာကြောင့် ငါ့ရဲ့အာရုံစိုက်မှုနဲ့ မထိုက်တန်ဘူး"

Rong Yanzhe က သူစကားပြောပြီးတာနဲ့ တိုက်ရိုက်ဖုန်းချလိုက်တယ်။

ဖုန်းချတဲ့အသံကို ကြားရသောအခါ မုခိုင်၏ မျက်နှာသည် ဒေါသကြောင့် စိမ်းသွားသည်။ သူတကယ်သတိမပေးဘဲ ဖုန်းချလိုက်တာလား?

မုခိုင် ဒေါသတကြီး ဖြင့်

"ဘာဖြစ်နေ​ကြတာလဲ!"

သူသည် ချူဟန်ကို အနီးကပ်လိုက်ကြည့်ရခြင်းမှာ ထိုနေ့က ချူဟန်၏ မျက်နှာအစစ်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။ မူလကမူ ထိုနေ့က လှေကားထစ်တွင် သူတွေ့သောလူမှာ ချူဟန် ဟုခေါ်သည်ကို မုခိုင် မသိခဲ့ပေ။ ထိုအချိန်တွင် Rong အိမ်တော်တွင် သူတွေ့ဖူးသောလူသည် ကျောင်းထဲတွင် အမှန်တကယ်ပေါ်လာသောကြောင့် သူ အံ့အားသင့်သွားသည်။

ထိုနေ့တွင် Rong Yanzheသည်reportတင်ရန်တက္ကသိုလ်သို့သွားချိန်  မုခိုင် က ချူဟန် နှင့် Rong Yanzhe ၏ မိဘများ Rongအိမ်တော် တွင် ထိပ်တိုက်တွေ့နေသည်ကို တွေ့လိုက်ရသည်။ သူတို့ဘာတွေပြောနေမှန်းကို မသိပေမယ့် နှစ်ဖက်စလုံးရဲ့ မျက်နှာမှာ အကျည်းတန်တဲ့ အမူအရာတွေ ရှိနေတယ်။ Rong Yanzhe သည် ထိုအချိန်က ဒီလူသည် မည်သူဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မပြောခဲ့ဘဲ လူယုတ်မာများသည် သူတို့၏ မိသားစုကို အားကိုးလိုကြောင်းနှင့် အလွန်အမင်း စိတ်မပူရန် ပြောခဲ့သည်။

မထင်မှတ်ပဲ၊ ဒီလူဟာ မုရှောင်ခယ် အတန်းထဲက အလုပ်သင်ဆရာ ချူဟန် ဖြစ်နေသည်။

ကမ္ဘာကြီးက သေးသေးလေးကလွဲလို့ တခြားဘာပြောနိုင်မလဲ?

မုခိုင် သည် ချူဟန် ကျောင်းတွင်ရောက်ရှိနေသည့်အကြောင်း Rong Yanzhe ကိုပြောပြပြီးနောက်၊ Rong Yanzhe သည် ချူဟန် နှင့်ချိန်းဆိုနိုင်ဖို့ အကူအညီတောင်းရန် မုခိုင် ကိုကမ်းလှမ်းခဲ့သည်။ နှစ်ယောက်ဆွေးနွေးပြီးနောက်၊ ဒီချိန်းဆိုမှုကို ချောမွေ့စွာရရှိရန် မုရှောင်ခယ် ကိုအသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ကံမကောင်းစွာနဲ့ပဲ
မုရှောင်ခယ် က သူတို့ရဲ့ အစီအစဉ်တွေကို ရပ်တန့်လိုက်ပါတယ်။

နောက်တစ်နေ့တွင် မုရှောင်ယောင် မှ စီစဉ်ပေးသော လက်ဆောင်များကို မုရှောင်ခယ် ၏တိုက်ခန်းသို့ ပို့ဆောင်ခဲ့သည်။ မုရှောင်ခယ် က သူတို့ကို ပြန်စစ်တယ်။ အဲ့ဒါ​တွေက သာမာန်ရေနှင့် ဝိုင်များအပြင် လက်ရှိခေတ်စားနေသော ရုပ်ရှင်အတွက် ရုပ်ရှင်လက်မှတ်နှစ်စောင်ထက် ပိုတာဘာမှမရှိပါဘူး။ ဒီဇာတ်ကားကို မု မိသားစုကုမ္ပဏီရဲ့ ပူးပေါင်းပါဝင်မှုဖြင့် ထုတ်လုပ်ခဲ့တာဖြစ်လို့ ဒီလက်မှတ်ဟာ အခမဲ့လက်ဆောင်တစ်ခုနဲ့ ညီမျှပြီး နောက်ထပ် ပရိသတ်တစ်ဦးကို ဆွဲဆောင်​နေတာပါ။

မုရှောင်ခယ် သည် ဒီအရာများကို ချူဟန်ထံ ပေးပို့ရန် တွေးတောရင်း ရှက်ရွံ့သလို  ခံစားလိုက်ရသည်၊ ဒီလိုအောင်တန်းကျတဲ့အရာတွေက ကျောက်စိမ်းနှင့်တူပြီး ချောမောသောချူဟန်လိုလူနဲ့ ဘယ်လိုလုပ် ထိုက်တန်မလဲ?

သူပေးတဲ့ ကျေးဇူးတင်ခြင်း လက်ဆောင်က
မပြည့်စုံတာ သနားစရာပဲ ဟေး မေ့လိုက်တော့
အဖေ့ စကားကိုနားထောင်လိုက်ပါ၊မုခိုင် က သူ့ကို ထပ်ပြီး အသုံးချစရာ အချက်အလက်တွေ မရရှိစေရဘူး။

မုရှောင်ခယ် သည် ချူဟန် ၏တံခါးကို နှစ်ကြိမ်ခေါက်လိုက်သည်။ ရလာဘ်အနေနဲ့ ဓာတ်လှေကားတံခါးပွင့်လာသည်။

ချူဟန်သည် အားကစား ၀တ်စုံကို ဝတ်ဆင်ကာ နောက်ကျောတွင် အားကစားလွတ်အိတ်ကိုလွယ်ကာ ထွက်လာခဲ့သည်။မုရှောင်ခယ် အံ့အားသင့်သွားသည်။ ချူဟန် သည် အနည်းဆုံး အရပ် 185 ရှိပြီး (6 ပေကျော်)  သူ၏ လက်တိုအင်္ကျီသည် အတွင်းပိုင်းရှိ ကြွက်သားများကို ထင်ရှားစေသည်။ ဒါပေမယ့် ရှပ်အင်္ကျီ ခပ်ဖြောင့်ဖြောင့် ၀တ်ထားလေ့ရှိတာကြောင့်
သူ့ကြွက်သားတွေက ဒီလောက်ထိ အားကောင်းမယ်လို့ မမျှော်လင့်ထားဘူး။

"ရှောင်ခယ်?"

မုရှောင်ခယ် သည် ချက်ချင်းပင် အာရုံပြန်ဝင်လာပြီး သူ့ကိုယ်သူ ပါးရိုက်ရန် မစောင့်နိုင်တော့ပေ။ ဘာကြောင့်လဲ ဆိုတော့ သူက အချိန်အတော်ကြာ လိင်တူချစ်သူဖြစ်နေလို့ ချောမောလှပတဲ့ ယောကျာ်းတစ်ယောက်ကို တွေ့တဲ့အခါ မလှုပ်မယှက် ဖြစ်နေတက်သေးတယ်လား?

"ဘာကိစ္စရှိလို့လဲ၊ မင်းတစ်ခုခုအတွက် ငါ့ကိုရှာနေတာလား?"

မုရှောင်ခယ် က ချက်ချင်း ခေါင်းညိတ်ပြီး သူ့အိတ့ထဲကို ညွှန်ပြလိုက်သည်။ ထို့နောက် ချူဟန်က အကဲခတ်ကြည့်လိုက်သည်။

"မင်း တိတ်တိတ်လေး သောက်နေတာလား?"

မုရှောင်ခယ်က သူ့လက်ကို ဝှေ့ယမ်းပြီး ခေါင်းယမ်းလိုက်သည်။ ဆရာက သူ့ကိုယ် ဘယ်လိုတောင်နားလည်မှုလွဲသွားတာလဲ? သူကအရက်သောက်တတ်တဲ့ အလေ့အထ မရှိခဲ့ပါဘူး။ ဝိုင်က အရမ်းဆိုးတယ်၊ သူ မကြိုက်တာ သေချာတယ်။

"ကောင်းပြီ ငါရေချိုးလိုက်အုံးမယ် နောက်မှမင်းဆီလာခဲ့မယ်"

လို့ပြောရင်း ချူဟန် သည် မုရှောင်ခယ် ၏ ချစ်စရာဦးခေါင်းကို ထိလိုက်ကာ မထွက်မီအချိန်တွင်

"ချစ်စရာလေး "

ဟုပင် ပြောခဲ့သည်။
မုရှောင်ခယ် ၏ မျက်နှာသည် ချက်ချင်းပင် နီမြန်းလာတော့သည် ။

........................

Words - 2770

ချစ်စရာလေးတဲ့ ဝူး..ဝူး..><

ကြာပန်းဖြူကောင်နဲ့ ဘိုးတော်ကတော့နော်😤

Zawgyi

Unicode

မုေရွာက္ေယာင္ကမုေရွာင္ခယ္ရဲ႕စကားကို သိရတဲ့အခါမွာ အနည္းငယ္ အံ့ၾသသြားသည္။ မၾကာေသးမီက မုေရွာင္ခယ္ ၏အေျခအေနသည္ *ေလးျမႇားမ်ားေၾကာင့္ ထိတ္လန႔္တုန္လႈပ္ေနသည့္ ငွက္တစ္ေကာင္လို ျဖစ္ေနသည္။ သူဘယ္သူနဲ႕အတူရွိေနပါေစကိစၥမရွိဘူး သူကို အရမ္းသီးသန႔္ထားေပးခဲ့ေပမယ့္ အခုေတာ့ သူကျပတ္ျပတ္သားသား ျငင္းဆန္ခဲ့ပါတယ္။ဒါက လုံးဝကိုမရီရဘူး။

(*လူေတြကိုေၾကာက္႐ြံေနတယ္)

မုေရွာက္ေယာင္သည္ သူ႕ကိုမကူညီနိုင္ခဲ့လို႔ အနည္းငယ္ စိတ္ပူသြားသည္။ မၾကာေသးအခ်ိန္တုန္ယက သူသည္ အလုပ္အရမ္းမ်ားလြန္းသည္။မုေရွာင္ခယ္ သည္ ေက်ာင္းတြင္ ဝိုင္းပယ္ခံေနရသည္ကို သူမသိခဲ့ပါ။ ဆရာက မုေရွာင္ခယ္ ကို ကူညီေပးခဲ့တယ္လို႔ မုခိုင္က ေျပာခဲ့ပါတယ္။ ဟုတ္ပါတယ္ သူက တစ္ဖက္လူကို ေက်းဇူးတင္ခ်င္တယ္။ ထိုသို႔ေသာၾကင္နာမႈကို အၿမဲျပဳလုပ္ရမည္ ၊ မဟုတ္ပါက ဆရာသည္ သူတို႔၏ မု မိသားစုအား ေက်းဇူးကန္းသည့္လူမ်ားအျဖစ္ မွတ္ယူထားလိမ့္မည္။

အဲ့လို သဘာဝအတိုင္းေက်းဇူးတင္မႈလုပ္တာကို မုေရွာင္ခယ္ က ဘာလို႔ တိုက္ရိုက္ျငင္းဆန္ခဲ့ရတာလဲ? ဒီေလသံကို ၾကည့္ၿပီး ကေလးက ေဒါသေတာင္ ထြက္သြားတယ္။

မုေရွာက္ေယာင္သည္ မုေရွာင္ခယ္ဆီသို႔ ဗီဒီယိုေခၚဆိုမႈသာ ျပဳလုပ္နိုင္ခဲ့သည္။

မုေရွာင္ခယ္သည္ ဖုန္းေခၚသည္ကိုျမင္ေသာအခါ အလြန္ေဒါသထြက္ကာ စိတ္ဆင္းရဲသြားေသာ္လည္း သူျပန္ေျဖရေလသည္။

"ေရွာင္ခယ္ ေက်ာင္းတက္ရတာအဆင္ေျပရဲ႕လား"

မုေရွာင္ခယ္က ေခါင္းညိတ္ၿပီး

"အဆင္ေျပပါတယ္၊ ဆရာခ်ဴကို ထမင္းစားဖို႔ ဖိတ္စရာမလိုပါဘူး၊ သူကအဲ့ဒါမ်ိဳးေတြကို မႀကိဳက္ဘူး"

"သားေလး၊ ငါတို႔မင္းရဲ႕ဆရာကို ထမင္းစားဖို႔ ဖိတ္လိုက္မယ္ေလ ဘယ္လိုလူက အဲ့လိုမ်ိဳးကိုမႀကိဳက္နိုင္ပါ့မလဲ။ မင္းက*ပိန္လြန္းတယ္လို႔သူ႕ကိုေဖေဖ သြားေျပာမယ္။ မင္းအဲဒီအေၾကာင္းကို မေျပာရင္ တစ္ဖက္လူကို ဖိတ္ဖို႔ဆိုတာ မျဖစ္နိုင္ဘူး"

(*ေရွာင္ခယ္ကအစာကိုဂ႐ုတစိုက္မစားတဲ့ကေလးမို႔ပိန္ေနတာေၾကာင့္သူ႕အေဖက သူ႕ေရာေကြၽးရင္းခ်ဴဟန္ပါေခၚေကြၽးခ်င္တာပါ...အေၾကာင္းျပခ်က္ေပါ့)

မုေရွာင္ခယ္ က ေခါင္းခါေနေသးသည္။ ဘာပဲျဖစ္ျဖစ္ ခ်ဴဟန္ကို သူနဲ႕ သူ႕အကိုႀကီးၾကားက အရႈပ္အေထြးမွာ မပါဝင္ေစခ်င္သလို ခ်ဴဟန္ ရဲ႕ပုံစံကေအာင္ျမင္မႈေတြရမဲ့ပုံပါ။ ပထမတစ္ခ်က္တြင္ သူသည္ ေကာင္းမြန္ေသာမိသားစုမွလာသူျဖစ္ေၾကာင္း သူသိသည္။ ဒီလိုလူက မင္းရဲ႕ အစားအစာ တစ္လုပ္ ဒါမွမဟုတ္ ႏွစ္လုပ္ ကို ဂ႐ုစိုက္ဖို႔ဆိုတာ မျဖစ္နိုင္ပါဘူး။

ေက်းဇူးတင္စကား မေျပာခင္ ေျခတစ္လွမ္းဆုတ္သင့္ၿပီးတကယ္ေက်းဇူးတင္ေၾကာင္းေျပာသင့္ရင္လည္း အဲ့ဒီလူက သူကိုယ္တိုင္ပဲျဖစ္သင့္သည္။ မုခိုင္နဲ႕ ဘာဆိုင္လို႔လဲ?

"ဒါက မိသားစုနဲ႕ မဆိုင္ပါဘူး။ အေဖက အမ်ားႀကီးလုပ္ေပးခဲ့ၿပီးၿပီ၊ အေဖက အၿမဲတမ္း ဘာမွ ေျပာနိုင္မွာမဟုတ္ဘူး ဟုတ္ၿပီလား"

"ကြၽန္ေတာ့္ သူ႕ကိုေက်းဇူးတင္လိုက္ပါမယ္။ ကြၽန္ေတာ္ကိုယ္တိုင္ ကိုင္တြယ္ပါ့မယ္။"

မုေရွာင္ခယ္ သည္ အလြန္စိတ္ပိုင္းျဖတ္ထားေသာ သေဘာထားျဖင့္ "ကိုယ့္ကိုယ္ကိုယ္" အေလးေပးေျပာၾကားခဲ့ၿပီး မုေရွာက္ေယာင္ကို အခြင့္ေကာင္းယူရန္ အနည္းငယ္မွ် မေပးခဲ့ေပ။

မုေရွာက္ေယာင္က ေဒါသထြက္ခ်င္ေပမယ့္ ေဒါသမထြက္တာမေကာင္းဘူးဆိုတာသိသည္။

"ဒါဆို တစ္စုံတစ္ေယာက္ကို တစ္ခုခု ပို႔ခိုင္းလိုက္မယ္ ဆရာ့ကို ေပးလိုက္ပါ။ ေက်းဇူးတင္စကားေလး နည္းနည္းေျပာဖို႔လည္း မေမ့နဲ႕"

မုေရွာင္ခယ္က ေခါင္းငုံ႕ကာ

"နားလည္ပါတယ္ ေဖေဖ ေက်းဇူးတင္ပါတယ္"

ဖုန္းကို မခ်ခင္ မုေရွာက္ေယာင္ က သူ႕ကို စိုက္ၾကည့္ရင္း အလြန္အားကိုးရာမဲ့ ျဖစ္ေနသည္။

မုေရွာက္ေယာင္သည္ ဖုန္းခ်လိဳက္ၿပီးလိုက္ အိမ္တံခါးပြင့္သြားၿပီး မုခိုင္က ျပန္ေရာက္လာခဲ့တယ္။

"ေဖေဖ ျပန္လာၿပီလား ဒါနဲ႕ ေရွာင္ခယ္ကို ေျပာခဲ့တာလား? သူအိမ္မွာလား?"

မုေရွာက္ေယာင္က ေခါင္းခါလိုက္ၿပီး

"သူက စေန၊ တနဂၤႏြေမွာ လုပ္စရာရွိလို႔ ျပန္မလာေတာ့ဘူးတဲ့"

"အာ "

မုခိုင္ကစိတ္ပူသြားၿပီး

"သူ႕ဆရာနဲ႕ ထမင္းစားမဲ့အေၾကာင္းေရာ"

"သူက ဆႏၵမရွိဘူး ေမ့လိုက္ေတာ့ ေနာက္တစ္ခါ အခြင့္ေရးရွာရေအာင္"

မုခိုင္ က

"ဒီဆရာက အလုပ္သင္ဆရာပါ၊ လအနည္းငယ္ၾကာရင္ ဒီမွာရွိေတာ့မွာ မဟုတ္ဘူး"

"အဲ့ဒါေတာ့အဲ့ဒါေပါ့ သိပ္စိတ္မရႈပ္ပါနဲ႕။
ေရွာင္ခယ္ က သူ႕ဘာသာသူ ျပဳစုလိုက္မယ္တဲ့ သူ႕ဘာသာသူ လုပ္ခြင့္ေပးလိုက္ပါ"

"ဒါေပမယ့္"

"ေရွာင္ခိုင္မင္းက ဘာေၾကာင့္ဒီကိစၥကို အရမ္းစိတ္ပူေနမွာလဲ?။ အခု မင္းညီငယ္ရဲ႕ စိတ္ပိုင္းဆိုင္ရာ အေျခအေနက အေရးႀကီးဆုံးပဲ။ မင္းေက်ာင္းမွာေနၿပီး မင္းမွာ ဘာမွလုပ္စရာမရွိရင္ သူ႕ကို မၾကာခဏသြားေတြ႕လိုက္ သူ႕ကိုအနိုင္က်င့္မခံရေစနဲ႕။"

မုခိုင္ သည္ သူ႕စိတ္ထဲတြင္ ပူပင္ေသာကမ်ားကိုခံနိုင္ရည္ရွိေအာင္ထိန္းထားၿပီး မုေရွာက္ေယာင္ အား

"ကြၽန္ေတာ္ အဲဒီကို မၾကာခဏသြားေပမယ့္....
ေရွာင္ခယ္ကမွ ကြၽန္ေတာ့္ကို သိပ္ဂ႐ုမစိုက္ဘူး၊ သူ႕ကို ဘယ္ဟာက စိတ္ဆိုးေစတာလဲ ကြၽန္ေတာ္မသိဘူး သူ႕ဆရာကို ေက်းဇူးတင္ခ်ိန္ တုန္းက သူနဲ႕စကားေျပာခြင့္ရတာ ဝမ္းသာပါတယ္"

မုေရွာက္ေယာင္က မ်က္ေမွာင္ၾကဳတ္လိုက္သည္။ ညီအစ္ကိုႏွစ္ဦးသည္ ယခင္က သေဘာထားကြဲလြဲမႈမ်ားရွိခဲ့ေသာ္လည္း
ေရွာင္ခယ္ သည္ မုခိုင္ကို အၿမဲတေစ တြယ္တာခဲ့သည္။ ရန္ျဖစ္ရင္ေတာင္ ႏွစ္ရက္အတြင္း ျပန္ၿပီးသင့္ျမတ္လာမယ္။ တစ္လ ႏွစ္လအတြင္းၾကာမွ ျပန္ၿပီးသင့္ျမတ္လာတာမ်ိဳး တစ္ခါမွ မျဖစ္ဖူးဘူး။

မုေရွာက္ေယာင္သည္ ဖူက်ားယြီ ႏွင့္အတူ ေက်ာင္းျပန္တက္ရန္ထက္ မုေရွာင္ခယ္တစ္ေယာက္တည္းေနလိုသည့္ေန႕ရက္ကို ေတြးမိသည္... မုေရွာက္ေယာင္ က မုခိုင္ ကိုၾကည့္ကာ

"မင္းက မင္းညီငယ္ေလးကို ဖူက်ားယြီ ေၾကာင့္ ႀကိမ္းေမာင္းခဲ့ေသးလား?"

"ဘာလို?!"

မုခိုင္ အံ့ၾသသြားကာ မ်က္လုံးမ်ားပင္ ျပဴးက်ယ္သြားၿပီး

"ေဖေဖဘာေတြေျပာေနတာလဲ ကြၽန္ေတာ္
ေရွာင္ခယ္ကို တစ္ခါမွ မဆူဖူးဘူး။ ေရွာင္ခယ္ က ေဖေဖ့ ကို ေျပာခဲ့တာလား? ေဖေဖ၊ အျပင္လူတစ္ေယာက္အတြက္ ကြၽန္ေတာ့္ရဲ႕ ညီငယ္ေလးကို ဘယ္လိုလုပ္ ကဲ့ရဲ႕အျပစ္တင္နိုင္မလဲ။ နားလည္မႈလြဲတာျဖစ္မယ္!"

မုေရွာက္ေယာင္ သည္ မုခိုင္ ကို အျပစ္မတင္ခ်င္ပါ။ သူအရမ္းစိတ္လႈပ္ရွားေနတာကိုျမင္ေတာ့ သူဒီလိုႏွစ္သိမ့္ခဲ့သည္

"မင္းကညီငယ္ေလးကို အနိုင္က်င့္ေနတယ္လို႔ ေဖေဖ သံသယမရွိပါဘူး။ မင္းညီငယ္ေလး က
ဖူက်ားယြီကိုအရင္ကလိုပူဆာတာမေကာင္းဘူး။ လူႀကီးတစ္ေယာက္အေနနဲ႕ တိုက္ရိုက္ေျပာလို႔ မရဘူး။ မင္းက သူ႕အကိုႀကီးပဲ မင္းပဲ သူ႕ကို လမ္းၫႊန္ေပးရင္ ငါ ဘာမွ မေျပာဘူး"

"ေဖေဖ... တကယ္မဟုတ္ဘူး ေရွာင္ခယ္ သူက... သူ႕စိတ္ကို သိပါတယ္၊ ဒါေပမယ့္ သူတို႔ၾကားမွာ ဘာမွမရွိဘူး၊ ဒါကို ကြၽန္ေတာ္ အာမခံနိုင္ပါတယ္။"

"မရွိဘူးဆိုေတာ့ ေကာင္းပါတယ္။"

မုေရွာက္ေယာင္ က သက္ျပင္းခ်လိဳက္ၿပီး

"ေရွာင္ခိုင္ မင္းလည္း ဖူက်ားယြီ နဲ႕ အရမ္းမနီးစပ္ဖို႔လည္း သတိထားရမယ္"

မုခိုင္ ၏ အမူအရာ ၿငိမ္သက္သြားသည္။ မုေရွာက္ေယာင္၏တိုက္ခိုက္မႈသည္ သူ႕ဘက္ကိုလွည့္လာမယ္လို႔မေမွ်ာ္လင့္ထားေပ

"အေဖ ဘာကိုဆိုလိုတာလဲ?"

"ေရွာင္ခယ္ရဲ႕စိတ္ကို မင္းဖတ္နိုင္ေပမယ့္ ဖူက်ားယြီရဲ႕စိတ္ကို မင္းဖတ္လို႔မရဘူး။ မင္းက ငယ္ငယ္ေလးကတည္းက ဉာဏ္ရည္ထက္ျမက္ၿပီး ဉာဏ္ေကာင္းတယ္။ မင္းမွာ တျခားေကာင္ေလးေတြလို ခ်ိဳ႕ယြင္းခ်က္တခ်ိဳ႕ မရွိဘူး။ လူတိုင္းကမင္းရဲ႕ညီေလးကို သေဘာထားႀကီးၿပီး ယုတ္မာေနရင္ ငါ့မွာ အသက္ကိုးသက္ရွိရင္ေတာင္ ငါေဒါသထြက္နိုင္မွာမဟုတ္ဘူး။ ဘယ္အရာက အေရးႀကီးဆုံးလဲ သိလား။ အခု မင္းက Senior 3 ထဲေရာက္ေနၿပီဆိုေတာ့ မင္းရဲ႕ေလ့လာမႈေတြကို အာ႐ုံစိုက္ၿပီး ေဖေဖေမွ်ာ္လင့္ခ်က္ရွိေအာင္ ေက်ာင္းေကာင္းေကာင္းတက္နိုင္ေအာင္ ႀကိဳးစားရမယ္။"

မုေရွာက္ေယာင္ က သက္ျပင္းခ်လိဳက္ကာ ေခါင္းခါလိုက္ၿပီး

"မင္းရဲ႕ညီေလးက အရည္အခ်င္းမရွိဘူးေလ။ သူ႕မွာေရာဂါနဲ႕ ငါကလည္းအသက္ႀကီးေနၿပီ"

ထိုစကားေၾကာင့္ မုေရွာက္ေယာင္သည္ မု မိသားစု၏ စီးပြားေရးကို မုခိုင္ အား အနာဂတ္တြင္ လႊဲေျပာင္းေပးမည္ျဖစ္ေၾကာင္း ရွင္းရွင္းလင္းလင္း ရွင္းရွင္းလင္းလင္းေဖာ္ျပလိုက္သည္။

မုခိုင္ အံ့ၾသသြားသည္။ သူလုပ္သမွ်က မု မိသားစု၏ ကုမၸဏီရဲ႕ စီမံခန႔္ခြဲပိုင္ခြင့္ကို ရခ်င္ေပမယ့္လည္း သူ႕အေဖက ပြင့္ပြင့္လင္းလင္း ေျပာခဲ့တာက တကယ္ကို စိတ္လႈပ္ရွားေစေပမယ့္ ဒီခံစားခ်က္ေတြကို ထုတ္ေဖာ္မျပနိုင္ခဲ့ပါဘူး။

မုခိုင္ အသက္ျပင္းျပင္းရႉရင္း

"ေဖေဖဘာေတြေျပာေနတာလဲ? ေဖေဖ့ အသက္ကငါးဆယ္ပဲရွိေသးတယ္။ အသက္ႀကီးေနၿပီလို႔ ဘယ္လိုလုပ္ေျပာနိုင္မလဲ? ဒါ့အျပင္ ေရွာင္ခယ္
က စကားမေျပာနိုင္ရင္ေတာင္ မိသားစုကို ကူညီေပးနိုင္ပါေသးတယ္"

မုေရွာက္ေယာင္ က သူ႕ေခါင္းကို မေက်မနပ္ ခါယမ္းလိုက္ၿပီး

"မုရန္ ႐ုပ္ရွင္နဲ႕ ႐ုပ္ျမင္သံၾကားကုမၸဏီကို စကားမေျပာတတ္တဲ့လူက အုပ္ခ်ဳပ္ထားလို႔ မရပါဘူး။ ကုမၸဏီမွာ အလုပ္လုပ္ခြင့္ ရရင္ေတာင္ သူ႕ရဲ႕ ဇာတ္ေကာင္က ဘာလုပ္နိုင္မွာလဲ? ေရွာင္ခိုင္ ၊ အေဖက မင္းကို အေဖ့ရဲ႕ အေမြဆက္ခံသူျဖစ္ၿပီး ကုမၸဏီရဲ႕ အနာဂတ္ေခါင္းေဆာင္က မင္းျဖစ္တဲ့အေၾကာင္း သတိေပးဖို႔ ဒီေန႕ပဲ ရွင္းရွင္းလင္းလင္းေျပာခဲ့တယ္။ေစ်းကြက္ၿပိဳင္ဆိုင္မႈက အရမ္းျပင္းထန္ေနၿပီ၊
မင္း ဒီဖိအားနဲ႕ အက်ပ္အတည္းေတြကို ခံနိုင္ရည္ရွိရမယ္နားလည္လား?"

မုေရွာင္ေယာင္ က ထိုအရာမ်ားကို ေျပာၿပီးေနာက္တြင္ သူ၏ စိတ္ဓာတ္မ်ား အထူး တက္ႂကြျခင္းမရွိေတာ့ဘဲ သားအဖႏွစ္ေယာက္ ညစာ အျမန္စားၾကၿပီး အသီးသီး အလုပ္မ်ားသြားၾကသည္။

မုခိုင္ က အိပ္ခန္းထဲမွာေနၿပီး Rong Yanzhe ကိုဖုနေခၚလိုက္တယ္။

"အကို Yanzhe စိတ္မေကာင္းပါဘူး၊ အလုပ္သင္ဆရာနဲ႕ ခ်ိန္းထားတာက မျဖစ္ခဲ့ဘူး"

"ခ်ိန္းထားတာက မျဖစ္ခဲ့ဘူးလား။" Rong Yanzhe က သူလုပ္ေနတာေတြကို ရပ္လိုက္ၿပီး

"ဘာလို႔လဲ"

Rong Yanzhe သည္ ႂကြားဝါျခင္းကို ႏွစ္သက္ေသာ မုေရွာင္ခယ္ သည္ သူ႕ဆရာေရွ႕တြင္ မိသားစုေနာက္ခံကို ျပသရန္ အခြင့္အေရးကို ျငင္းဆန္လိမ့္မည္ဟု မထင္ထားခဲ့ေပ။

"ေရွာင္ခယ္က သေဘာမတူဘူး၊ သူကဒီအရာက ကြၽန္ေတာ္နဲ႕ မဆိုင္ဘူးလို႔ေျပာတယ္ ကြၽန္ေတာ္လည္း သူ႕ကို ဘယ္လိုေခ်ာ့ရမွန္းမသိေတာ့ဘူး"

Rong Yanzhe က ေအးစက္စြာ ဟစ္ေအာ္လိုက္သည္။ ဒီလို ႐ူးသြပ္တဲ့ ေခ်ာ့ဖို႔က ဘာလုပ္မွာလဲ ၊ ေနာက္တစ္ခါေတြ႕ရင္ ငိုေအာင္လုပ္ပစ္မယ္...

မ်က္ရည္က်ေနေသာ မုေရွာင္ခယ္၏ ပုံရိပ္သည္ Rong Yanzhe ၏ စိတ္ထဲတြင္ ႐ုတ္တရက္ ေပၚလာၿပီး သူ႕ႏွလုံးသားသည္ နားမလည္နိုင္ေအာင္ နာက်င္သြားသည္။

"အကို Yanzhe မင္း ဘာျဖစ္သြားတာလဲ"

"ဘာမွမဟုတ္ဘူး၊ တျခားဘာရွိေသးလဲ?"

မုခိုင္က ခဏေလာက္ ေအးခဲသြားတယ္၊ Rong Yanzhe ရဲ႕ ေလသံက အရမ္းေအးသြားတယ္လို႔ သူဘာလို႔ ခံစားရတာလဲ?

"ဒါပါပဲ အဲဒီဆရာကို အာ႐ုံစိုက္ေနေသးလား?"

"မလိုပါဘူး။ အထက္တန္းျပဆရာတစ္ေယာက္ျဖစ္လာတာက အရမ္းနိမ့္က်ေနတာေၾကာင့္ ငါ့ရဲ႕အာ႐ုံစိုက္မႈနဲ႕ မထိုက္တန္ဘူး"

Rong Yanzhe က သူစကားေျပာၿပီးတာနဲ႕ တိုက္ရိုက္ဖုန္းခ်လိဳက္တယ္။

ဖုန္းခ်တဲ့အသံကို ၾကားရေသာအခါ မုခိုင္၏ မ်က္ႏွာသည္ ေဒါသေၾကာင့္ စိမ္းသြားသည္။ သူတကယ္သတိမေပးဘဲ ဖုန္းခ်လိဳက္တာလား?

မုခိုင္ ေဒါသတႀကီး ျဖင့္

"ဘာျဖစ္ေနၾကတာလဲ!"

သူသည္ ခ်ဴဟန္ကို အနီးကပ္လိုက္ၾကည့္ရျခင္းမွာ ထိုေန႕က ခ်ဴဟန္၏ မ်က္ႏွာအစစ္ကို ျမင္လိုက္ရေသာေၾကာင့္ျဖစ္သည္။ မူလကမူ ထိုေန႕က ေလွကားထစ္တြင္ သူေတြ႕ေသာလူမွာ ခ်ဴဟန္ ဟုေခၚသည္ကို မုခိုင္ မသိခဲ့ေပ။ ထိုအခ်ိန္တြင္ Rong အိမ္ေတာ္တြင္ သူေတြ႕ဖူးေသာလူသည္ ေက်ာင္းထဲတြင္ အမွန္တကယ္ေပၚလာေသာေၾကာင့္ သူ အံ့အားသင့္သြားသည္။

ထိုေန႕တြင္ Rong Yanzheသည္reportတင္ရန္တကၠသိုလ္သို႔သြားခ်ိန္ မုခိုင္ က ခ်ဴဟန္ ႏွင့္ Rong Yanzhe ၏ မိဘမ်ား Rongအိမ္ေတာ္ တြင္ ထိပ္တိုက္ေတြ႕ေနသည္ကို ေတြ႕လိုက္ရသည္။ သူတို႔ဘာေတြေျပာေနမွန္းကို မသိေပမယ့္ ႏွစ္ဖက္စလုံးရဲ႕ မ်က္ႏွာမွာ အက်ည္းတန္တဲ့ အမူအရာေတြ ရွိေနတယ္။ Rong Yanzhe သည္ ထိုအခ်ိန္က ဒီလူသည္ မည္သူျဖစ္သည္ကို ရွင္းရွင္းလင္းလင္း မေျပာခဲ့ဘဲ လူယုတ္မာမ်ားသည္ သူတို႔၏ မိသားစုကို အားကိုးလိုေၾကာင္းႏွင့္ အလြန္အမင္း စိတ္မပူရန္ ေျပာခဲ့သည္။

မထင္မွတ္ပဲ၊ ဒီလူဟာ မုေရွာင္ခယ္ အတန္းထဲက အလုပ္သင္ဆရာ ခ်ဴဟန္ ျဖစ္ေနသည္။

ကမၻာႀကီးက ေသးေသးေလးကလြဲလို႔ တျခားဘာေျပာနိုင္မလဲ?

မုခိုင္ သည္ ခ်ဴဟန္ ေက်ာင္းတြင္ေရာက္ရွိေနသည့္အေၾကာင္း Rong Yanzhe ကိုေျပာျပၿပီးေနာက္၊ Rong Yanzhe သည္ ခ်ဴဟန္ ႏွင့္ခ်ိန္းဆိုနိုင္ဖို႔ အကူအညီေတာင္းရန္ မုခိုင္ ကိုကမ္းလွမ္းခဲ့သည္။ ႏွစ္ေယာက္ေဆြးႏြေးၿပီးေနာက္၊ ဒီခ်ိန္းဆိုမႈကို ေခ်ာေမြ႕စြာရရွိရန္ မုေရွာင္ခယ္ ကိုအသုံးျပဳရန္ ဆုံးျဖတ္ခဲ့ၾကသည္။ကံမေကာင္းစြာနဲ႕ပဲ
မုေရွာင္ခယ္ က သူတို႔ရဲ႕ အစီအစဥ္ေတြကို ရပ္တန႔္လိုက္ပါတယ္။

ေနာက္တစ္ေန႕တြင္ မုေရွာင္ေယာင္ မွ စီစဥ္ေပးေသာ လက္ေဆာင္မ်ားကို မုေရွာင္ခယ္ ၏တိုက္ခန္းသို႔ ပို႔ေဆာင္ခဲ့သည္။ မုေရွာင္ခယ္ က သူတို႔ကို ျပန္စစ္တယ္။ အဲ့ဒါေတြက သာမာန္ေရႏွင့္ ဝိုင္မ်ားအျပင္ လက္ရွိေခတ္စားေနေသာ ႐ုပ္ရွင္အတြက္ ႐ုပ္ရွင္လက္မွတ္ႏွစ္ေစာင္ထက္ ပိုတာဘာမွမရွိပါဘူး။ ဒီဇာတ္ကားကို မု မိသားစုကုမၸဏီရဲ႕ ပူးေပါင္းပါဝင္မႈျဖင့္ ထုတ္လုပ္ခဲ့တာျဖစ္လို႔ ဒီလက္မွတ္ဟာ အခမဲ့လက္ေဆာင္တစ္ခုနဲ႕ ညီမွ်ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးကို ဆြဲေဆာင္ေနတာပါ။

မုေရွာင္ခယ္ သည္ ဒီအရာမ်ားကို ခ်ဴဟန္ထံ ေပးပို႔ရန္ ေတြးေတာရင္း ရွက္႐ြံ႕သလို ခံစားလိုက္ရသည္၊ ဒီလိုေအာင္တန္းက်တဲ့အရာေတြက ေက်ာက္စိမ္းႏွင့္တူၿပီး ေခ်ာေမာေသာခ်ဴဟန္လိုလူနဲ႕ ဘယ္လိုလုပ္ ထိုက္တန္မလဲ?

သူေပးတဲ့ ေက်းဇူးတင္ျခင္း လက္ေဆာင္က
မျပည့္စုံတာ သနားစရာပဲ ေဟး ေမ့လိုက္ေတာ့
အေဖ့ စကားကိုနားေထာင္လိုက္ပါ၊မုခိုင္ က သူ႕ကို ထပ္ၿပီး အသုံးခ်စရာ အခ်က္အလက္ေတြ မရရွိေစရဘူး။

မုေရွာင္ခယ္ သည္ ခ်ဴဟန္ ၏တံခါးကို ႏွစ္ႀကိမ္ေခါက္လိုက္သည္။ ရလာဘ္အေနနဲ႕ ဓာတ္ေလွကားတံခါးပြင့္လာသည္။

ခ်ဴဟန္သည္ အားကစား ၀တ်စုံကို ဝတ္ဆင္ကာ ေနာက္ေက်ာတြင္ အားကစားလြတ္အိတ္ကိုလြယ္ကာ ထြက္လာခဲ့သည္။မုေရွာင္ခယ္ အံ့အားသင့္သြားသည္။ ခ်ဴဟန္ သည္ အနည္းဆုံး အရပ္ 185 ရွိၿပီး (6 ေပေက်ာ္) သူ၏ လက္တိုအကၤ်ီသည္ အတြင္းပိုင္းရွိ ႂကြက္သားမ်ားကို ထင္ရွားေစသည္။ ဒါေပမယ့္ ရွပ္အကၤ်ီ ခပ္ေျဖာင့္ေျဖာင့္ ၀တ်ထားလေ့ရှိတာကြောင့်
သူ႕ႂကြက္သားေတြက ဒီေလာက္ထိ အားေကာင္းမယ္လို႔ မေမွ်ာ္လင့္ထားဘူး။

"ေရွာင္ခယ္?"

မုေရွာင္ခယ္ သည္ ခ်က္ခ်င္းပင္ အာ႐ုံျပန္ဝင္လာၿပီး သူ႕ကိုယ္သူ ပါးရိုက္ရန္ မေစာင့္နိုင္ေတာ့ေပ။ ဘာေၾကာင့္လဲ ဆိုေတာ့ သူက အခ်ိန္အေတာ္ၾကာ လိင္တူခ်စ္သူျဖစ္ေနလို႔ ေခ်ာေမာလွပတဲ့ ေယာက်ာ္းတစ္ေယာက္ကို ေတြ႕တဲ့အခါ မလႈပ္မယွက္ ျဖစ္ေနတက္ေသးတယ္လား?

"ဘာကိစၥရွိလို႔လဲ၊ မင္းတစ္ခုခုအတြက္ ငါ့ကိုရွာေနတာလား?"

မုေရွာင္ခယ္ က ခ်က္ခ်င္း ေခါင္းညိတ္ၿပီး သူ႕အိတ့ထဲကို ၫႊန္ျပလိုက္သည္။ ထို႔ေနာက္ ခ်ဴဟန္က အကဲခတ္ၾကည့္လိုက္သည္။

"မင္း တိတ္တိတ္ေလး ေသာက္ေနတာလား?"

မုေရွာင္ခယ္က သူ႕လက္ကို ေဝွ႕ယမ္းၿပီး ေခါင္းယမ္းလိုက္သည္။ ဆရာက သူ႕ကိုယ္ ဘယ္လိုေတာင္နားလည္မႈလြဲသြားတာလဲ? သူကအရက္ေသာက္တတ္တဲ့ အေလ့အထ မရွိခဲ့ပါဘူး။ ဝိုင္က အရမ္းဆိုးတယ္၊ သူ မႀကိဳက္တာ ေသခ်ာတယ္။

"ေကာင္းၿပီ ငါေရခ်ိဳးလိုက္အုံးမယ္ ေနာက္မွမင္းဆီလာခဲ့မယ္"

လို႔ေျပာရင္း ခ်ဴဟန္ သည္ မုေရွာင္ခယ္ ၏ ခ်စ္စရာဦးေခါင္းကို ထိလိုက္ကာ မထြက္မီအခ်ိန္တြင္

"ခ်စ္စရာေလး "

ဟုပင္ ေျပာခဲ့သည္။
မုေရွာင္ခယ္ ၏ မ်က္ႏွာသည္ ခ်က္ခ်င္းပင္ နီျမန္းလာေတာ့သည္ ။

........................

Words - 2770

ခ်စ္စရာေလးတဲ့ ဝူး..ဝူး..><

ၾကာပန္းျဖဴေကာင္နဲ႕ ဘိုးေတာ္ကေတာ့ေနာ္😤

Seguir leyendo

También te gustarán

2.8M 395K 129
ကိုယ့္ကိုယ္ကို အထင္ႀကီးလြန္းၿပီး ေသြးနားထင္ေရာက္ကာ ေအးစက္စက္ေနတတ္တဲ့ ေကာင္ေလးရယ္ သြက္သြက္လက္လက္ ထက္ထကျ္မက္ျမက္နဲ႔ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ဆြဲေဆာင္မႈ႐ွိတ...
678K 39.6K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...