ဗီလိန်ကို မရည်ရွယ်ဘဲဆွဲဆောင်မ...

By D_Yayy_Nine

341K 32.5K 1.4K

သုံးပွင့်ဆိုင်ဝတ္ထုထဲကို ကူးပြောင်းခံလိုက်ရပြီးနောက်..... နှိုင်းအမြုတေ - "စနိုက်ကြော်နဲ့ခြံခုန်နွားကို မှတ်လ... More

Intro
ဇာတ်ကောင်မိတ်ဆက်
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Characterရှင်းတမ်း
Chapter-16
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Characters and their Birthdays
Chapter-28
Chapter-29
Chapter-30
Chapter-31
Special Episode
I want to apologize
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44 (Finale)
ကျေးဇူးတင်လွှာ
Extra: အဆိုးထဲက အဆိုးများ
Extra: Paing x Hlwar

Chapter-17

6.3K 658 33
By D_Yayy_Nine

Unicode Version

နှစ်ဝက်စာမေးပွဲနီးကပ်လာသော်ငြား အတင်းအဖျင်းကြိုက်ကြသူတို့၏အာရုံကိုတော့ ထိုစာမေးပွဲက မတားဆီးနိုင်ချေ။

"ဟဲ့ နင်တို့သိပြီးပြီမလား။ ငြိမ်းသံလွင်ခက်နဲ့နှိုင်းအမြုတေတို့ ပြန်တွဲနေကြတဲ့ပုံပဲ"

"ပြန်တွဲတာဟုတ်မဟုတ်တော့မသိဘူး။ ဒီရက်ပိုင်း ငြိမ်းသံလွင်ခက်က နှိုင်းအမြုတေနားမှာ ကော်လိုကပ်နေတာတော့အဟုတ်ပဲ"

"ဟယ်.. သူမို့လို့ အရှက်မရှိ"

"အဲ့ဒါပြောတာပေါ့။ ဒါပေမဲ့ အဆိုးဆုံးကတော့ အငယ်အနှောင်းလို့ပြောနေကြတဲ့ဟိုကောင်လေးလေ.. နာမည်က ဘယ်သူ.."

"သွန်းစေဖြိုး"

"အေး.. ဟုတ်တယ်။ သွန်းစေဖြိုး.. သူကတော့ ဟာသကြီးဖြစ်ပြီး ကျန်ရစ်နေခဲ့ရတာပဲဟေ့။ ငါ့နှယ် ရယ်ရအခက် ငိုရအခက်"

"သူလဲ သနားတော့သနားပါတယ်ဟယ်"

"အမလေး.. ဘာကိုသနားတာတုန်း။ သူများအတွဲကို ဖျက်လိုဖျက်စီးလုပ်တုန်းကလုပ်ပြီး အခုမှပြန်ခံရတာ နည်းတောင်နည်းသေးတယ်"

"ငါကတော့ နှိုင်းအမြုတေကိုသိပ်သဘောမကျဘူးဟာ။ သူက အခုတလော ကျောင်းသားသမဂ္ဂရဲ့ဥက္ကဠနဲ့ တပူးပူးတတွဲတွဲလုပ်နေပြီးတော့ အခုငြိမ်းသံလွင်ခက်ကိုပါ....."

"အမလေး ရပ်ရပ်..အဲ့စကား ဒီနေရာမှာတင်ရပ်လိုက်။ နှိုင်းအမြုတေကိုအပုပ်ချဖို့ နင်မို့သတ္တိရှိတာ။ သူ့ကို ရန်သွားစမိလို့ တချို့လူတွေ ဘာဖြစ်သွားလဲဆိုတာ နင့်ကိုသတိပေးလို့လိုသေးလား"

တီးတိုးရေရွတ်​နေကြရာမှ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ပြီး ကျယ်လောင်လာသောစကားဝိုင်းကို အမှတ်မထင်ကြားလိုက်ရသော စွမ်းစေတမာန်ခမျာ စာကြည့်တိုက်ထဲကိုဝင်မည့်ခြေလှမ်းများ တုံ့ခနဲရပ်တန့်သွားရသည်။

ဤရက်ပိုင်းအတွင်းတွင် တက္ကသိုလ်နယ်မြေ၏နေရာအနှံ့မှာ နှိုင်းအမြုတေနှင့်ငြိမ်းသံလွင်ခက်တို့၏အကြောင်းအား မကြားချင်မှအဆုံး ကြားနေရသည်။

အစပိုင်းက သူလည်း ကောလဟာလသက်သက်သာထင်နေခဲ့သော်ငြား နှိုင်းအမြုတေနှင့်တွေ့ဖို့ ဒုတိယနှစ်ကျောင်းဆောင်ဘက်ကိုသွားချိန်မှာ ထိုကောင်လေးနောက်က တကောက်ကောက်လိုက်နေပုံရသော ငြိမ်းသံလွင်ခက်ကို တကယ်တွေ့လိုက်ရသည်။ နှိုင်းအမြုတေက သူ့ကိုတွေ့လိုက်တိုင်းမှာ ငြိမ်းသံလွင်ခက်ကိုမောင်းထုတ်တတ်သော်ငြား တကောက်ကောက်လိုက်နေခြင်းကိုတော့ လုံးဝမပိတ်ပင်လိုဟန်တူ၏။

ငြိမ်းသံလွင်ခက်ကလည်း သူ့ကိုမြင်လိုက်ရတိုင်း သူ စိတ်ခုစေမည့်စကားများကို ရွေးပြောသွားတတ်ပြီး လှည့်ပြန်သွားသော်လည်း နောက်ရက်တွေမှာ နှိုင်းအမြုတေအနား ကပ်မြဲကပ်ဆဲသာဖြစ်ကြောင်း သူမြင်တွေ့နေရသည်။

ထိုကိစ္စအတွက် သူကလည်း နှိုင်းအမြုတေကို အကျိုးအကြောင်းမမေးမြန်းသလို နှိုင်းအမြုတေကလည်း သူ့အား တကူးတကရှင်းမပြလာချေ။

သူ့အနေနှင့်တော့ ကောလဟာလများထဲကလို နှိုင်းအမြုတေနှင့်ငြိမ်းသံလွင်ခက်တို့ ပြန်လည်ပေါင်းထုပ်နေကြခြင်းမဟုတ်မှန်း အသေအချာသိနေသည်။ ငြိမ်းသံလွင်ခက်ကသာ တစ်ဖက်သတ်ဆန်စွာလိုက်နေခြင်းဖြစ်ပြီး နှိုင်းအမြုတေက သူ့အနားကပ်ခွင့်ပေးထားခြင်းမှာ ပြန်တွဲလို၍မဟုတ်ကြောင်း သူအခိုင်အမာသိနေသည်။ အကြောင်းတစ်စုံတစ်ရာရှိ၍သာ နှိုင်းအမြုတေက ထိုသကောင့်သားကို သူ့အနားကပ်ခွင့်ပေးထားလေမှန်း ခန့်မှန်းမိသော်လည်း နှိုင်းအမြုတေနားမှာ ငြိမ်းသံလွင်ခက်ရှိနေသည်ကိုမြင်တိုင်း သူ့ရင်ထဲမှာ မသက်မသာခံစားရမြဲပင်။

ထို့အတူပင် ငြိမ်းသံလွင်ခက်ကလည်း နှိုင်းအမြုတေနားမှာ သူ့ကိုတွေ့နေရခြင်းအတွက် မနှစ်မြို့ဟန်တူ၏။ သူ့ကိုတွေ့တိုင်း သရော်သလိုလို ခနဲ့သလိုလို စကားမျိုးပြော၍ သူ့ဒေါသကိုဆွတတ်သည်။ သူသည် သူများအတွဲကြားတွင် ကန့်လန့်ကန့်လန့်ဝင်ပါနေကြောင်းလည်း စွပ်စွဲသည်။

ပုံမှန်အတိုင်းသာဆိုလျှင် ထိုစကားမျိုးကို သူမနှစ်မြို့သည့်အပြင် နှိုင်းအမြုတေက ငြိမ်းသံလွင်ခက်နှင့် အမှန်တကယ်ပတ်သက်ခဲ့ဖူးကြသည့်ဆက်ဆံရေးမျိုးဖြစ်သည့်အတွက် နှိုင်းအမြုတေနှင့်ခပ်ကင်းကင်းနေဖို့ကြိုးစားမည်ဖြစ်၏။

သို့သော် လက်ရှိအခြေအနေမှာကား ခြားနားသည်။ သူသည် နှိုင်းအမြုတေအနားမှာ ငြိမ်းသံလွင်ခက်တစ်ယောက် အနှောင့်အယှက်ကင်းကင်းဖြင့်ရှိနေမည့်ပုံစံကို မမြင်လိုပေ။ ထို့ပြင် နှိုင်းအမြုတေသည် သူ့အဖို့ သာမန်ဆန်သောဖြစ်တည်မှုမျိုးမဟုတ်။

ရနံ့တစ်ခုကြောင့်ချဥ်းကပ်ခဲ့ပါသော်လည်း ရှေ့ဆက်လာသည့်နေ့ရက်များမှာ နှိုင်းအမြုတေအနားနေချင်သည့် သူ့ဆန္ဒနှင့်အကြောင်းပြချက်တို့တွင် တစ်သက်နှင့်တစ်ကိုယ် သူ မခံစားဖူးသည့်ခံစားချက်တစ်ခုပါ နေရာယူလာသည်။

ယခင်က မှော်ဆန်သောရနံ့လေးကိုရမှသာ စိတ်တည်ငြိမ်သွားတတ်သော်လည်း ယခုတော့ဖြင့် နှိုင်းအမြုတေ၏အမည်နာမကို တတွတ်တွတ်ရွတ်ဆိုမိရုံမျှဖြင့် သူ၏ကိုယ်စိတ်နှလုံးသုံးပါးစလုံးဟာ မှော်ဆန်စွာပင် ကြည်နူးချမ်းမြေ့နိုင်ချေပြီ။

တစ်သက်နှင့်ချီ၍ ပြောရဲပါသည်။ ယခုလိုခံစားချက်မျိုးမှာ သူ့အဖို့ ပထမဆုံးပင်။

"စီနီယာ.."

ကြည်နူးဆွတ်ပျံ့ဖွယ်အသံလေးကို ကြားလိုက်ရသည်နှင့်တပြိုင်နက် စိတ်ကိုကြည်ရွှင်နေသော အနှိုင်းမဲ့လေသည့်ရနံ့သင်းသင်းလေးကိုပါ ရှူရှိုက်လိုက်မိသည်။

လှည့်ကြည့်လိုက်ချိန်မှာ ရင်အေးဖွယ်အပြုံးလေးတစ်ခုက စောင့်ကြိုနေလေမှန်း ကြိုသိထားသော်လည်း တကယ်တမ်းရင်ဆိုင်လိုက်ရချိန်တိုင်း သူမင်သက်သွားရဆဲသာ...။ နူးညံ့ပြီး ဖြူစင်သည်။ တစ်ချိန်တည်းမှာပင် ထက်ရှပြီး ညှို့ဓာတ်ပြင်းသည်။ နူးညံ့မှုနှင့်ထက်ရှခြင်းတို့ ဟန်ချက်ညီစွာပေါင်းစပ်ထားသော ထိုအပြုံးမှာ ဖြူစင်မှုက ပိုပိုသာသာရှိ၏။

"ကျွန်တော်က စီနီယာအတန်းချိန်ရှိတယ်ထင်နေတာ.."

စာကြည့်တိုက်အပေါက်ဝမှာ နှစ်ယောက်သားလမ်းပိတ်ထားသလို ဖြစ်နေသည့်အတွက် နှိုင်းအမြုတေက သူ့အား အထဲကိုဆွဲခေါ်သွားသည်။

"ကိုယ် အတန်းချိန်တက်ဖို့အာရုံမရတာနဲ့ စာကြည့်တိုက်ကိုပဲလာလိုက်တာ"

"ကောင်းပါတယ်။ မဟုတ်လဲ ဒီအချိန်က Self Studyလုပ်ဖို့အချိန်ကျနေပြီ"

နှစ်ယောက်သား စားပွဲအလွတ်တစ်လုံးမှာ ဝင်ထိုင်လိုက်ကြပြီး လွယ်လာသောကျောပိုးအိတ်နှင့်စာအုပ်တို့ကို သေချာနေရာချလိုက်သည်။ စင်ပေါ်မှစာအုပ်များထဲတွင် သူတို့လိုအပ်လောက်မည့်စာအုပ်တချို့ကိုရှာဖွေပြီး စားပွဲပေါ်မှာစုပုံထားလိုက်ကြပြီး မေးခွန်းဟောင်းများကို စတင်လေ့လာကြသည်။

မေဂျာတူသည့်အတွက် စွမ်းစေတမာန်က နှိုင်းအမြုတေကိုကူညီခွင့်ရသည်။ နှိုင်းအမြုတေကလည်း သူ့စီနီယာ၏သင်ပြပို့ချမှုကို လှိုက်လှဲစွာလက်ခံ၏။

စာကြည့်တိုက်ထဲရှိကျောင်းသားများ၏ မျက်လုံးပေါင်းများစွာက သူတို့နှစ်ယောက်ထံ သက်ဆင်းနေသော်လည်း သူတို့ကတော့ မသိချင်ယောင်သာဆောင်ထားကြသည်။

စာလုပ်ရတာ ငြီးငွေ့စပြုလာသည့်အခါမျိုးမှာ အာရုံလွှဲသည့်အနေနှင့် အလ္လာပသလ္လာပပြောဆိုဖြစ်ကြသည်။ အလ္လာပသလ္လာပဆိုသည့်အတိုင်း အကြောင်းအရာဟာ ဟိုရောက်သည်ရောက်သာ..။

ပထမဆုံး အကြိုက်ဆုံးအစားအစာများအကြောင်း ပြောဆိုဖြစ်ကြပြီး ဘယ်နိုင်ငံကဘယ်အစားအစာကိုတော့ဖြင့် ပိုနှစ်သက်ကြောင်းတို့လည်းပါ၏။ ထိုမှတစ်ဆင့် ဤတက္ကသိုလ်ရှိကျောင်းသားများ အတင်းအဖျင်းကို ဘယ်လောက်ကြိုက်သလဲဆိုသည့်အကြောင်းကို ရောက်သွားသည်။

"ကျွန်တော် အစတုန်းက ကျောင်းတွင်းGroup chatကတိတ်ဆိတ်ပြီး တအားပျင်းဖို့ကောင်းမှာလို့ထင်ခဲ့တာ။ ဒါပေမဲ့ ဘယ်ဟုတ်မလဲ။ ဝင်joinပြီးကတည်းက ​ဝင်လာတဲ့messageဆိုတာ ဖုန်းပျက်တော့မတတ်ပဲ"

"Groupထဲမှာ မင်းလဲရှိတာလား။ ကိုယ်က အဲ့လိုchatမျိုးကို မင်း မဝင်လောက်ဘူးထင်နေတာ"

တစ်ကျောင်းလုံးရှိကျောင်းသားများဟာ နှိုင်းအမြုတေ၏အတင်းအဖျင်းများကို ထိုGroupထဲမှာပင် ပွထနေအောင်ဆွေးနွေးထားကြသည်ဖြစ်ရာ အကယ်၍များ နှိုင်းအမြုတေတစ်ယောက် အကောင့်တုကိုသုံး၍ Group chatထဲမှာရှိနေမှန်းသာသိလျှင် မည်သို့မည်ပုံတုံ့ပြန်ကြမလဲဆိုတာ သူသိချင်စမ်းပါဘိ။

"အစကတော့ မဝင်ထားပါဘူး။ ဒါပေမဲ့ ကျွန်တော့်အကြောင်းတွေကို မဟုတ်တမ်းတရားပြောဆိုနေကြတာတွေကို ကျွန်တော့်ထိုင်ခုံဖော်ပြောပြမှ သိနေရတာကြီးကို စိတ်မရှည်လို့"

"ထိုင်ခုံဖော်ဆိုမှ ကိုယ်ပြန်သတိရပြီ။ မင်းရဲ့ထိုင်ခုံဖော်က တခြားတစ်ယောက်ပြောင်းသွားပြီလား။ ဒါမှမဟုတ် အဲ့ဒီတုန်းက တစ်ယောက်ပဲလား။ အဲ့တုန်းက မင်းနဲ့သူ့ရဲ့အကြောင်းတွေလဲ Groupထဲမှာ ပလူပျံနေခဲ့တာပဲ"

စွမ်းစေတမာန်အဖို့တော့ နှိုင်းအမြုတေ၏ဗိုလ်ကျစိုးမိုးခဲ့သော နေ့ရက်များအကြောင်းကို ပြန်ပြောင်းပြောဆိုသည်မှာ ယခုတစ်ခေါက်က ပထမဆုံးဟုဆိုနိုင်သည်။ ပုံမှန်ဆိုလျှင် သူထုတ်ပြောဖြစ်မည်မဟုတ်သော်လည်း နှိုင်းအမြုတေဘက်က မည်သို့တုံ့ပြန်လာမည်ကို သိချင်သေးသည်။

သူ့အဖို့ပြောရလျှင် ထိုကိစ္စမှာ အဖြေထွက်နေပြီးသားပုစ္ဆာတစ်ပုဒ်ဖြစ်သော်ငြား မည်သို့နှယ်တွက်ထုတ်ရသလဲဆိုသည်ကို မသိရသလိုဖြစ်နေ၏။ ယခုလက်ရှိမြင်နေရသော နှိုင်းအမြုတေနှင့် ဗိုလ်ကျစိုးမိုးတတ်သော အတိတ်ကနှိုင်းအမြုတေတို့ဟာ မကိုက်ညီချေ။ အဖြေကိုလည်း သူရထားသည်။ သို့သော် မည်သို့နှယ်ခြေရာကောက်ပြရမလဲ သူ မသိပါ။

ထင်ထားသည့်အတိုင်းပင်။ နှိုင်းအမြုတေသည် သိသိသာသာတုန်လှုပ်သွားဟန်မပြသော်လည်း ထိုအကြောင်းအရာကိုမဆွေးနွေးချင်ဟန်ဖြင့် စကားလမ်းကြောင်းလွှဲသွားသည်။

"ကျွန်တော့်အတွက်တော့ အဲ့ဒါက အတိတ်ရဲ့အရိပ်မည်းကြီးလိုပါပဲ။ ရှိန်းကိုဇေလဲ အဲ့တုန်းက တော်တော်နစ်နာသွားရတယ်။ အဲ့ဒီအတွက် တစ်နည်းနည်းနဲ့ပြန်ပေးဆပ်သင့်တယ်လို့လဲ တွေးနေမိတယ်။ ဒါပေမဲ့ အဲ့ဒါက နောက်များကျသွားပြီလားမသိဘူး"

အားကိုးတကြီးတိုင်ပင်လိုဟန်လေသံလေးကြောင့် တစ်ပါးသူကိုအားပေးခြင်းအမှု၌ မကျွမ်းကျင်သောသူ့မှာ ထိုကောင်လေးကို မတောက်တစ်ခေါက်အရည်အချင်းဖြင့် အားပေးလိုက်ရသေးသည်။

"မင်းဘက်က အမှားကိုသိလို့ ပြန်ပေးဆပ်ချင်စိတ်ရှိနေသရွေ့ အဲ့ဒီကိစ္စကို အကောင်အထည်ဖော်လိုက်ဖို့နောက်ကျတယ်လို့မရှိပါဘူး"

သူ့စကားကြောင့် တစ်စုံတစ်ရာကိုနက်နက်နဲနဲတွေးတောနေသော နှိုင်းအမြုတေ၏မျက်နှာထက်မှာ ဆုံးဖြတ်ချက်တစ်ခုချလိုက်နိုင်သော အရိပ်အယောင်တို့က အထင်းသား...။

"အဲ့ဒီတုန်းကပြဿနာတွေကြောင့် သူ့ရဲ့အလုပ်ကိုထိခိုက်ခဲ့ရတာ။ သူလိုမျိုး ကိုယ့်ဝမ်းစာကိုယ်ရှာတတ်တဲ့လူတွေက ငွေကြေးအကူအညီပေးရင် စော်ကားတယ်လို့ယူဆပြီး လက်ခံမှာမဟုတ်ဘူး။ အင်း..ဟုတ်ပြီ။ ကျောင်းရဲ့အနောက်ဘက်တစ်လမ်းကျော်က ပန်းခြံနားက လဟာပြင်စျေးတစ်ခုရှိတယ်။ စီနီယာ အဲ့ဒီနေရာကိုသိလား။ အဲ့ဒီမှာ Handmadeလေးတွေရောင်းတဲ့အလုပ်ကို သူလုပ်နေတယ်လို့ကြားတယ်။ ကျွန်တော် အဲ့ဒီကိုတစ်ချက်လောက်သွားကြည့်ပြီး သူ့ကို ဘယ်လိုအကူအညီပေးနိုင်လဲဆိုတာ ကြည့်ရမယ်"

သူ့ကိုတိုင်ပင်နေသလိုလိုနှင့် တစ်ကိုယ်တည်း ကျေနပ်အားရစွာတီးတိုးရေရွတ်နေပြန်သော နှိုင်းအမြုတေကြောင့် အသည်းတယားယား။ သည်ကောင်လေး၏အမူအရာတိုင်းကို သူ့မှာ ဤသို့နှယ် သည်းသည်းလှုပ်နေရသည်။

"ဒါဆို ဒီလိုလုပ်လေ။ ကိုယ်နဲ့ ညနေစာအတူစားရအောင်။ ကိုယ် အဲ့ဒီနေရာကိုလိုက်ပို့မယ်။ အဲ့စျေးမှာ ဟိိုဟိုဒီဒီပတ်ကြည့်လို့လဲရတယ်။ စိတ်ဝင်စားစရာတွေအများကြီးပဲ"

"တကယ်လား။ ဘာတွေက အဲ့လောက်စိတ်ဝင်စားစရာကောင်းတာလဲ"

"အဲ့မှာ လမ်းဘေးဂီတဖျော်ဖြေပွဲတွေလဲရှိတယ်။ အများစုကတော့ Handmadeတွေ ချရောင်းကြတာပဲ။ တစ်ခါတုန်းကဆိုရင် ကိုယ်တိုင်လုပ်ထားတဲ့ စက်ရုပ်အသေးစားလေးတွေတောင် လာရောင်းတဲ့လူရှိတယ်"

သူ့ဘက်က စိတ်ပါလက်ပါပြောနေသလို နားထောင်နေသော နှိုင်းအမြုတေကလည်း သူ့အား စိတ်ဝင်စားမှုကြောင့်ရွှန်းလဲ့နေသောမျက်ဝန်းတို့ဖြင့် ပြုံးလျက်သားငေးမောနေလေရာ ဤအနေအထားအတိုင်းသာဆက်ရှိနေပါက တစ်နေကုန်ထိုင်၍ စကားပြောနေရမည်ဆိုလျှင်တောင် မောပန်းနိုင်ဖွယ်ရာမရှိဟု ခံစားရသည်။

"Robot.. တကယ်ကြီးပေါ့"

"အမ်း.. လူငယ်တွေအပျော်တမ်းတီထွင်ထားတာမို့ ချို့ယွင်းချက်တွေများပေမဲ့လဲ Functionတွေက သူ့ဟာနဲ့သူတော့စိတ်ဝင်စားဖို့ကောင်းတယ်"

စိတ်လိုလက်ရနားထောင်ပေးမည့်သူက အသင့်ရှိနေလေတော့ ပုံမှန်ဆိုလျှင် စကားများများစားစားပြောရသည်ကိုမကြိုက်သော စွမ်းစေတမာန်မှာ ထိုစက်ရုပ်၏တည်ဆောက်ပုံနှင့် လုပ်ဆောင်မှုများအကြောင်း အသေးစိတ်ဝေဖန်ချက်များကိုပင် ရေပက်မဝင်အောင်ပြောနေမိတော့သည်။

"စီနီယာကိုတော့ ကျွန်တော်တကယ်လေးစားတယ်။ ITပိုင်းနဲ့ပတ်သက်ရင် စီနီယာမသိတာကိုမရှိဘူး"

လွန်လွန်ကဲကဲချီးကျူးလာသောစကားတို့မှာ တောက်ပစွာငေးမောနေသောနှိုင်းအမြုတေ၏အကြည့်တို့နှင့်ပေါင်းသော် တစ်မျိုးတစ်ဖုံစိတ်လှုပ်ရှားရင်ခုန်စေသည်။

"ဘယ့်နှယ့်ဖြစ်လို့အကုန်သိရမှာလဲ။ ကိုယ်လဲ လေ့လာဆဲအဆင့်မှာပဲရှိသေးတာ။ နည်းပညာဆိုတာမျိုးကလဲ ရှာဖွေလေတွေ့ရှိလေပဲ...။ သင်ယူလို့ပြီးသွားတယ်ဆိုတာမျိုးမရှိဘူး"

"ဟုတ်တယ်နော်။ ဟိုးအရင်ခေတ်တွေတုန်းက လျှပ်စစ်မီးမရှိတဲ့ကာလတွေကိုကျော်ပြီး လျှပ်စစ်ဆိုတာပေါ်လာတုန်းကလည်း ဖုန်းတို့ကွန်ပျူတာတို့လိုအရာတွေက စိတ်ကူးယဥ်သက်သက်လို့ထင်စရာရှိခဲ့တာပဲ။ မပြီးဆုံးနိုင်တဲ့ရှာဖွေတွေ့ရှိမှုတွေကြောင့် လေယာဥ်တွေ အာကာသယာဥ်တွေဆိုတဲ့တီထွင်မှုတွေအထိ ရောက်လာတာ။ တကယ်ကိုပဲ စီနီယာပြောသလို မပြီးဆုံးနိုင်တဲ့ပညာရပ်ကြီးပဲ"

သူ့စကားကိုထောက်ပြီး သုံးသပ်ပြလာသောနှိုင်းအမြုတေမှာ လောကကြီး၏ဆန်းကြယ်မှုများအပေါ် မေးခွန်းထုတ်ချင်နေဟန်ပင်။

"အင်းပေါ့။ ဒီပညာရပ်မှမဟုတ်ဘူး။ တခြားပညာရပ်တွေအားလုံးလဲ ဒီအတိုင်းပါပဲ။ အဓိကကတော့ လူသားတွေမှာလိုအပ်ချက်တွေရှိသရွေ့ တီထွင်မှုတွေဆက်ဖြစ်နေမှာပဲလေ"

"အဟုတ်ပဲ"

နှစ်ယောက်သား စာလုပ်နေကြရင်း ပညာရပ်ပိုင်းဆိုင်ရာဆွေးနွေးလိုက် ရောက်တတ်ရာရာဆွေးနွေးကြလိုက်နှင့် စာကြည့်တိုက်ထဲမှာ နှစ်နာရီကျော်မျှ အချိန်ဖြုန်းလိုက်သည်။ သုံးနာရီတိတ်ကြာသွားချိန်မှာတော့ စွမ်းစေတမာန်လည်း ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတစ်ခုလုံး အစည်းအဝေးထိုင်ဖို့ရှိသေးသည်မို့ စာကြည့်တိုက်ထဲမှာ ဆက်နေ၍မဖြစ်တော့ချေ။

"ကိုယ် အစည်းအဝေးရှိသေးလို့ သွားရဦးမယ်။ တစ်နာရီလောက်ပါပဲ သိပ်မကြာဘူး"

ညနေစာအတူစားဖို့ ချိန်းဆိုပြီးဖြစ်သဖြင့် အစည်းအဝေးကို ခပ်မြန်မြန်လက်စသတ်မည်ဟု ကတိပေးပြီး နှိုင်းအမြုတေအား နှုတ်ဆက်ခဲ့ရသည်။

စိတ်ထဲမှာတော့ အစည်းအဝေးထက် နှိုင်းအမြုတေနှင့်အတူ အပြင်လျှောက်လည်ရင်း စားသောက်ရမည့်ညနေစာတစ်နပ်က ပိုအရေးကြီးနေသည်သာ။ သို့သော် ပြီးခဲ့သည့်တစ်ခေါက်ကလည်း အစည်းအဝေးမတက်ဘဲ ရှိသမျှတာဝန်အကုန်လုံးကို ဝဠာဟိန်းပိုင်အား လွှဲပေးခဲ့ပြီးဖြစ်ရာ သည်တစ်ခေါက်ပါ အစည်းအဝေးမှလစ်ထွက်ပါက သူ့ဝမ်းကွဲအစ်ကို ဝဠာဟိန်းပိုင်တစ်ယောက် အလုပ်ဖိအားကတစ်ဖက် သူပေးသည့်ဖိအားကတစ်ဖက်ဖြင့် သေကြောင်းကြံသွားမည်စိုးရ၏။

တကယ်လည်း သေချင်စော်နံနေသော ကျောင်းသားသမဂ္ဂ၏အတွင်းရေးမှူးဝဠာဟိန်းပိုင်ခမျာ အစည်းအဝေးလုပ်ဖို့ သုံးမိနစ်လိုသည်အထိ ဥက္ကဋ္ဌဖြစ်သူအား ဘယ်နေရာမှာမှရှာမတွေ့သဖြင့် အရူးတစ်ပိုင်းလိုက်ရှာနေခဲ့ရသည်။ ဖုန်းခေါ်တော့လည်း မကိုင်သောကြောင့် သူ့မှာ ဒေါသလည်းထွက်ရသည်။

သည်တစ်ခေါက်အစည်းအဝေးမှာ အရေးကြီး၏။ ထို့ပြင် ပြီးခဲ့သည့်အစည်းအဝေးများမှာလည်း စွမ်းစေတမာန်ပျက်ကွက်ခဲ့သည့်အတွက် အဖွဲ့ဝင်တချို့က အမြင်မကြည်ကြချေ။ ယနေ့မှ ရောက်မလာပါက စွမ်းစေတမာန်၏သိက္ခာကို အဖတ်ဆည်မရတော့မည်ကို စိုးရိမ်ရ၏။

ကံကောင်းထောက်မ၍ စွမ်းစေတမာန်က အစည်းအဝေးလုပ်ချိန်အမီ ရောက်လာသည်။

"အမလေး.. ဧကရာဇ်အရှင်ရေ..။ ဘယ်ဆီများတိုင်းခန်းလှည့်လည်နေတာပါလဲခင်ဗျာ။ ကျွန်တော်မျိုး လိုက်ရှာတာလဲနေရာနှံ့နေပြီ။ ဖုန်းခေါ်ရင် ကိုင်ရမယ်ဆိုတာ..."

"နားညည်းတယ်။ ငါ အခုရောက်လာပြီလေ"

ဝဠာဟိန်းပိုင်ခမျာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းသာချမိတော့သည်။

"မင်း..မင်း.. ငါ့ဒုက္ခတွေနားမလည်ဘူး။ ဒီအစည်းအဝေးကအရေးကြီးပါတယ်လို့ ပြောထားရက်နဲ့ ဘယ်တွေလျှောက်သွားနေတာလဲ"

"ငါက ဘယ်များသွားစရာရှိလို့လဲ။ သူနဲ့ပဲ အတူရှိနေတာပေါ့ဟ"

"နှိုင်းအမြုတေလား"

"အင်း"

"အိုကေ အိုကေ။ ငါ အဲ့ဒီတစ်ချက်​မေ့သွားတာ။ နောက်ဆို မင်းကိုဆက်သွယ်လို့မရရင် နှိုင်းအမြုတေကိုပဲရှာတော့မယ်"

ပေါက်ပေါက်ဖောက်နေသော ဝဠာဟိန်းပိုင်ကို စွမ်းစေတမာန်က စိတ်ကုန်သလိုစိုက်ကြည့်ရင်း..

"စကားများလိုက်တာ..မင်းက အစည်းအဝေးကိုနှောင့်နှေးအောင်လုပ်နေတာပဲ"

မတရားဆန်စွာစွပ်စွဲခံလိုက်ရသော ဝဠာဟိန်းပိုင်မှာတော့ အကြင်နာမဲ့သောဥက္ကဠကြောင့် သွေးတက်လုနီးပါးပင်။

"ဒီတော့ သွားချင်ရာသွားပြီးအလေလိုက်နေတဲ့မင်းကတော့ သိပ်အပြစ်ကင်းတယ်ပေါ့လေ!!"

•••••••

စွမ်းစေတမာန်အစည်းအဝေးလုပ်နေခိုက်မှာ အားလပ်နေသောနှိုင်းအမြုတေကလည်း စာကြည့်တိုက်မှာသာဆက်နေ၍ စာလုပ်နေခဲ့သည်။

စွမ်းစေတမာန်ရှင်းပြသွားခဲ့သော သီအိုရီများကို သူကိုယ်တိုင်အဖြေရှာတတ်သည်အထိ အထပ်ထပ်အခါခါလေ့လာရင်း အချိန်ဖြုန်းနေစဥ် စာကြည့်တိုက်ထဲသို့ ငြိမ်းသံလွင်ခက်ရောက်ချလာသည်။ ငြိမ်းသံလွင်ခက်ကိုမြင်လိုက်သည်နှင့် ငြိမ်းချမ်းနေသောသူ၏စိတ်အစဥ်လည်း တစ်စစီကွဲကြေသွားရသည်။

"ဘေဘီ စာလုပ်နေတာလား"

"မြင်တဲ့အတိုင်းပဲ"

ဘောက်ဆတ်ဆတ်အဖြေကြောင့် ငြိမ်းသံလွင်ခက်က သဘောကျသလိုရယ်လေသည်။

"ကိုယ် မင်းကိုနှောင့်ယှက်သလိုများဖြစ်သွားလို့လား"

"အဟုတ်ပဲ"

သူ၏ဘုကန့်လန့်အဖြေများကို ငြိမ်းသံလွင်ခက်က သည်းခံနေဆဲသာ။

"စိတ်မပူပါနဲ့။ ကိုယ် မင်းရဲ့ဘေးမှာ တိတ်တိတ်လေးထိုင်ရုံပါပဲ။ ဘေဘီကလုပ်စရာရှိတာ ဆက်လုပ်"

ပြောပြီးပြီးချင်း ငြိမ်းသံလွင်ခက်က သူ့ဘေးရှိခုံကိုဆွဲယူ၍ ထိုင်သည်။ ပြီးနောက် သူစာလုပ်နေသည်ကိုမနှောင့်ယှက်လိုဟန်ဖြင့် ခပ်တိတ်တိတ်သာထိုင်နေပြီး ဖုန်းကိုသာသည်းကြီးမည်းကြီးကြည့်နေသည်။

နှိုင်းအမြုတေလည်း စာလုပ်နေရင်း ငြိမ်းသံလွင်ခက်၏လှုပ်ရှားမှုကို မသိမသာအကဲခတ်ပါသော်ငြား တစ်ဖက်လူမှာ အမှန်တကယ်ငြိမ်ကုပ်နေသဖြင့် အာရုံစိုက်မနေတော့ဘဲ ကိုယ့်စာကိုယ်သာဆက်လုပ်နေလိုက်သည်။

နာရီဝက်အကြာမှာ ငြိမ်းသံလွင်ခက်သည် ဖုန်းကြည့်ရသည်ကိုငြီးငွေ့သွားဟန်ဖြင့် ဖုန်းကို စားပွဲပေါ်ချထားပြီး နီးစပ်ရာစင်ပေါ်မှစာအုပ်တစ်အုပ်ကိုဆွဲယူ၍ ဖတ်နေလေသည်။ ခဏအကြာမှာ စာအုပ်ကိုပါ စားပွဲပေါ်ချထားခဲ့ပြီး သန့်စင်ခန်းသွားမည်ဟုဆိုကာ စာကြည့်တိုက်ထဲမှ ခဏထွက်သွားသည်။

ငြိမ်းသံလွင်ခက်ထွက်သွားမှသာ တစ်ချိန်လုံးခေါင်းငုံ့၍ စာလုပ်နေသောနှိုင်းအမြုတေဟာ ရုတ်ချည်းခေါင်းထောင်လာပြီး စားပွဲပေါ်မှာကျန်ရစ်နေခဲ့သောဖုန်းဆီကို အကြည့်ရောက်သွားသည်။ ထို့နောက် လျှပ်စီးလိုအလျင်ဖြင့် ငြိမ်းသံလွင်ခက်၏ဖုန်းကို ဆွဲယူလိုက်တော့သည်။

ဖုန်းမှာ လျှို့ဝှက်နံပါတ်ခံထားပေသည်။ ထို့ကြောင့်လည်း ငြိမ်းသံလွင်ခက်က စိတ်ချလက်ချထားသွားရဲခြင်းဖြစ်ပေမည်။ သို့သော် နှိုင်းအမြုတေကတော့ လျှို့ဝှက်နံပါတ်ဖြစ်နိုင်ချေရှိသောကိန်းဂဏန်းများကို သိသည်။

စာအုပ်ထဲတွင်ဖော်ပြထားသည်မှာ ငြိမ်းသံလွင်ခက်သည် သူ၏ဖုန်း၊လက်ပ်တော့နှင့် မီးခံသေတ္တာကဲ့သို့အရာများကို လျှို့ဝှက်နံပါတ်ထည့်ရာ၌ သူ့အမေနှင့်ပတ်သက်သည့်ရက်စွဲများကိုသာ သုံးစွဲတတ်သည်။ အကျင့်ပျက်ဆိုးသွမ်းလေသော ငြိမ်းသံလွင်ခက်မှာ ဆုံးပါးသွားပြီဖြစ်သော သူ့အမေကိုတော့ လွန်စွာချစ်မြတ်နိုးသည်သာ။

ငြိမ်းသံလွင်ခက်၏အကျင့်မှာ လျှို့ဝှက်နံပါတ်တစ်ခုတည်းကို စွဲစွဲမြဲမြဲမထားတတ်ဘဲ အမြဲလိုလိုနံပါတ်တစ်ခုမှ အခြားတစ်ခုကိုပြောင်းနေတတ်သော်လည်း ပြောင်းလိုက်သောနံပါတ်မှန်သမျှဟာ သူ့အမေနှင့်ပတ်သက်သမျှသာ ဖြစ်၏။

နှိုင်းအမြုတေလည်း သူ့အမေ၏မွေးနေ့ကို လျှို့ဝှက်နံပါတ်ရိုက်ထည့်ကြည့်လိုက်သည်။ အမှန်ပါပင်။ လျှို့ဝှက်နံပါတ်ကို အောင်မြင်စွာရိုက်ထည့်လိုက်နိုင်ကြောင်း အသိပေးချက်တက်လာပြီး လော့ပွင့်သွား၏။

နှိုင်းအမြုတေသည် ဖုန်းထဲမှာ ဟိုဟိုသည်သည်လှန်လှောကြည့်ပြီးနောက် မက်ဆေ့ချ်ပို့သည့်appကိုဖွင့်လိုက်သည်။ သို့သော် လျှို့ဝှက်နံပါတ်ခံထားပြန်သည်ကို တွေ့လိုက်ရသည်။ ဤတစ်ကြိမ်မှာ နံပါတ်များမဟုတ်ပါဘဲ အင်္ဂလိပ်အက္ခရာများဖြစ်နေသည်။ အနည်းငယ်ချိန်ဆတွေးတောကြည့်ပြီးနောက် ငြိမ်းသံလွင်ခက်၏အမေ အကြိုက်ဆုံးအရောင်ကို ရိုက်ထည့်လိုက်သည်။

သို့သော်လည်း မရချေ။ ထို့ကြောင့် သူ(မ)အကြိုက်ဆုံးဟင်းလျာကို ရိုက်ထည့်ပြန်သော်လည်း မရ။ နောက်ဆုံးမှာ အကြိုက်ဆုံးသစ်သီးကိုရိုက်ထည့်မှသာ မှန်ကန်သွားသည်။

နှိုင်းအမြုတေမှာ ဖုန်းကိုင်ထားရင်း ငြိမ်းသံလွင်ခက်ရောက်လာမလာကိုလည်း အကဲခတ်ရသေးသည်။ ထိုသကောင့်သား၏အရိပ်အယောင်ကိုမမြင်မှသာ Appထဲကိုဝင်ပြီး ဆက်သွယ်ထားသည့်လူများကို စစ်ဆေးရန်ကြံလိုက်သည်။

သူ များများစားစားမရှာရလိုက်ရခင်မှာပင် သံသယဝင်ဖွယ်ကောင်းသော Chatတစ်ခုကိုတွေ့လိုက်ရသည်။ သူလည်း တုံ့နှေးမနေဘဲ ထိုChatထဲကို ဝင်ကြည့်လိုက်သည်။ မြင်လိုက်ရသောအကြောင်းအရာများမှာကား သူနှင့်စွမ်းစေတမာန်တို့၏နာမည်တို့ဖြင့်သာ ပြည့်နှက်နေလေသည်။

'အခြေအနေ ဘယ်လိုလဲ'

'ပုံမှန်ပဲ'

'စွမ်းစေတမာန်ဘက်က ဘယ်လိုတုံ့ပြန်လဲ'

'ငါ သူ့ကို ဒေါသထွက်အောင်လဲဆွတယ်။ မခံချင်အောင်လဲ ပြောတယ်။ ဒါလဲ စိတ်တိုချင်စရာကောင်းအောင် သူကနှိုင်းအမြုတေနားမှာ ကပ်တုန်းပဲ။ ငါစော်ကားသမျှကိုလဲ မနာသလိုနဲ့..တကယ်အကုသိုလ်ပဲ'

'စိတ်ဝင်စားစရာပဲ'

'ဘာလဲ'

'မင်းနဲ့နှိုင်းအမြုတေတို့တွဲခဲ့ဖူးတာကို သိရဲ့သားနဲ့.. လူတစ်ယောက်ရဲ့ရည်းစားဟောင်းက သူ့ကိုမှိုချိုးမျှစ်ချိုးပြောပြီးစော်ကားနေတာကို ငါသိထားတဲ့စွမ်းစေတမာန်သာဆိုရင် မခံချင်တာနဲ့ပဲ စိတ်အနှောင့်အယှက်ဖြစ်ချင်စရာကောင်းတဲ့ မင်းတို့အတွဲကို လျစ်လျူရှုပစ်လိုက်မှာ။ အခုက သူကတုတ်တုတ်တောင်မလှုပ်ဘူးတဲ့လား။ အင်း.. တစ်ခုခုတော့တစ်ခုခုပဲ'

'ဘာရှိရမှာလဲ။ အဲ့ကောင် ငါ့ကို ဒေါသထွက်ပြီးသေစေချင်လို့ ကန့်လန့်တိုက်နေတာလေ'

'မဟုတ်ဘူး။ ငါတော့ အဲ့လိုမထင်ဘူး။ ရန်သူကိုချီးမကျူးချင်ပေမဲ့ သူကအဲ့လိုလူစားမျိုးမဟုတ်တာကိုတော့ လက်ခံရမယ်'

'မင်းက ဘာသိလို့လဲ။ အရင်တုန်းကလဲ နှိုင်းအမြုတေအတွက်နဲ့ သူ ငါ့ကိုစိတ်တိုအောင်လုပ်ဖူးတယ်ကွ'

'အဲ့တုန်းကအခြေအနေနဲ့ အခုအခြေအနေက မတူဘူးလေ။ အခုက နှိုင်းအမြုတေကိုယ်တိုင် မင်းကို သူ့အနားကပ်ခွင့်ပေးထားတာ။ တကယ်စိတ်ဝင်စားစရာပဲကွ။ မင်း သိလား။ ငါ့ရဲ့အလိုလိုသိစိတ်က တစ်ခုခုကိုအနံ့ရနေတယ်။ အစကတော့ မင်းကိုသုံးပြီး သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကို သွေးထိုးပေးဖို့ပဲ။ ဒါပေမဲ့ ကြည့်ရတာ ငါတော့ ရတနာသိုက်ကိုတူးမိပြီထင်တယ်'

စကားဝိုင်းမှာ ထိုနေရာ၌သာ အဆုံးသတ်သွားသည်။ နှိုင်းအမြုတေလည်း ဖုန်းကိုပိတ်ကာ မူလနေရာမှာ ပုံမပျက်ပြန်ထားလိုက်ပြီး စာလုပ်နေချင်ယောင်သာဆောင်နေလိုက်သည်။ ခဏအကြာမှာ ငြိမ်းသံလွင်ခက်ပြန်လာပြီး သူ့အနားမှာ စကားတတွတ်တွတ်ပြောလာတော့သည်။

သူကတော့ ငြိမ်းသံလွင်ခက်ကို အာရုံမရဘဲ မတိုင်မီကဖတ်ခဲ့သော Chatထဲမှ မက်ဆေ့ချ်များကိုသာ ပြန်တွေးနေမိသည်။

ကြည့်ရသည်မှာ ထိုအကောင့်သည် ပိုင်စိုးမိုးသူ၏အကောင့်ဖြစ်ပုံရ၏။ ပိုင်စိုးမိုးသူနှင့်ငြိမ်းသံလွင်ခက်တို့၏ စကားအသွားအလာအရ စွမ်းစေတမာန်နှင့်သူ့ကို ခွဲထုတ်ရန်ကြိုးစားနေပုံပင်။ အကြောင်းအရင်းကတော့ ရှင်းသည်။ အကယ်၍ သူနှင့်စွမ်းစေတမာန်တို့၏ခင်မင်မှုသာ ပိုမိုခိုင်မာလာပါက စွမ်းစေတမာန်၏နောက်ခံမှာ သူ့အဖေ၏အဆက်အသွယ်ကိုပါသုံးပြီး ပိုတောင့်တင်းလာနိုင်၍ပင်။ ထို့ကြောင့် ပိုင်စိုးမိုးသူက စွမ်းစေတမာန်၏နောက်ခံများကို ရိုက်ချရာတွင် သူ့ကိုပါ စာရင်းထဲ၌ထည့်ထားခဲ့ပုံပင်။

သို့သော် နောက်ဆုံးမက်ဆေ့ချ်အရ ပိုင်စိုးမိုးသူတစ်ယောက် ဘာကိုသဘောပေါက်သွားမှန်း သူခန့်မှန်းမရချေ။ သူခန့်မှန်းနိုင်သည့်ရိုးရိုးရှင်းရှင်းအကြောင်းအရာများမှာ ပိုင်စိုးမိုးသူ ရတနာသိုက်ဟုသတ်မှတ်လောက်သည်အထိ အဖိုးမတန်နိုင်ချေ။

ပိုင်စိုးမိုးသူ ဘာကိုသဘောပေါက်သွားမှန်း သူမသိသော်ငြား ထိုအချက်ကိုအခြေခံ၍ ပိုင်စိုးမိုးသူဘက်က ခြေလှမ်းခပ်ကြီးကြီးလှမ်းလာတော့မည်ကိုတော့ ခံစားနိုင်သည်။

နှိုင်းအမြုတေလည်း သူ့အဖေ၏ခြေလှမ်းကပါ ပိုင်စိုးမိုးသူနှင့်အမီလိုက်ပြီး လှမ်းနိုင်ဖို့ ဤကိစ္စကိုပါအသိပေးရမည်ဟု စိတ်ထဲတေးမှတ်ထားလိုက်သည်။


***********

A/N: I have something to tell...

ဒီရေနိုင်း : ဒီလိုဆိုတော့ ငါတို့ပိုင်ပိုင်လေးရဲ့မွေးနေ့မှာ ဘာပေးသင့်လဲဆိုတာ အကြံရပြီ

ဝဠာဟိန်းပိုင် : ဝိုး.. မာတာမိခင်ကြီးဆီကရမယ့်လက်ဆောင်တဲ့ဟေ့။ အရမ်းမျှော်လင့်နေပါပြီ။ ဘာများလဲ.. ဘာများလဲ..

ဒီရေနိုင်း : သွေးကျဆေးလေ သွေးကျဆေး..

ဘေးကစောင့်ကြည့်နေသောစွမ်းစေတမာန် : အကြံကောင်းပဲ။ မင်း အများကြီးဆောင်ထားသင့်တယ်။ ငါက နောက်လဲ မင်းကိုစိတ်ဒုက္ခပေးဖို့ရှိသေးတာမို့ အသင့်ပြင်ထားတာမမှားဘူး

ဝဠာဟိန်းပိုင် : Fuck!!! အကုန်လုံးပေါင်းပြီး ငါ့ကိုပဲအနိုင်ကျင့်နေကြတာဟေ့!!!!!

••••••••

ZawGyi Version

ႏွစ္ဝက္စာေမးပြဲနီးကပ္လာေသာ္ျငား အတင္းအဖ်င္းႀကိဳက္ၾကသူတို႔၏အာ႐ုံကိုေတာ့ ထိုစာေမးပြဲက မတားဆီးႏိုင္ေခ်။

"ဟဲ့ နင္တို႔သိၿပီးၿပီမလား။ ၿငိမ္းသံလြင္ခက္နဲ႔ႏိႈင္းအျမဳေတတို႔ ျပန္တြဲေနၾကတဲ့ပုံပဲ"

"ျပန္တြဲတာဟုတ္မဟုတ္ေတာ့မသိဘူး။ ဒီရက္ပိုင္း ၿငိမ္းသံလြင္ခက္က ႏိႈင္းအျမဳေတနားမွာ ေကာ္လိုကပ္ေနတာေတာ့အဟုတ္ပဲ"

"ဟယ္.. သူမို႔လို႔ အ႐ွက္မ႐ွိ"

"အဲ့ဒါေျပာတာေပါ့။ ဒါေပမဲ့ အဆိုးဆုံးကေတာ့ အငယ္အေႏွာင္းလို႔ေျပာေနၾကတဲ့ဟိုေကာင္ေလးေလ.. နာမည္က ဘယ္သူ.."

"သြန္းေစၿဖိဳး"

"ေအး.. ဟုတ္တယ္။ သြန္းေစၿဖိဳး.. သူကေတာ့ ဟာသႀကီးျဖစ္ၿပီး က်န္ရစ္ေနခဲ့ရတာပဲေဟ့။ ငါ့ႏွယ္ ရယ္ရအခက္ ငိုရအခက္"

"သူလဲ သနားေတာ့သနားပါတယ္ဟယ္"

"အမေလး.. ဘာကိုသနားတာတုန္း။ သူမ်ားအတြဲကို ဖ်က္လိုဖ်က္စီးလုပ္တုန္းကလုပ္ၿပီး အခုမွျပန္ခံရတာ နည္းေတာင္နည္းေသးတယ္"

"ငါကေတာ့ ႏိႈင္းအျမဳေတကိုသိပ္သေဘာမက်ဘူးဟာ။ သူက အခုတေလာ ေက်ာင္းသားသမဂၢရဲ႕ဥကၠဠနဲ႔ တပူးပူးတတြဲတြဲလုပ္ေနၿပီးေတာ့ အခုၿငိမ္းသံလြင္ခက္ကိုပါ....."

"အမေလး ရပ္ရပ္..အဲ့စကား ဒီေနရာမွာတင္ရပ္လိုက္။ ႏိႈင္းအျမဳေတကိုအပုပ္ခ်ဖို႔ နင္မို႔သတၱိ႐ွိတာ။ သူ႕ကို ရန္သြားစမိလို႔ တခ်ိဳ႕လူေတြ ဘာျဖစ္သြားလဲဆိုတာ နင့္ကိုသတိေပးလို႔လိုေသးလား"

တီးတိုးေရ႐ြတ္​ေနၾကရာမွ မထိန္းႏိုင္မသိမ္းႏိုင္ျဖစ္ၿပီး က်ယ္ေလာင္လာေသာစကားဝိုင္းကို အမွတ္မထင္ၾကားလိုက္ရေသာ စြမ္းေစတမာန္ခမ်ာ စာၾကည့္တိုက္ထဲကိုဝင္မည့္ေျခလွမ္းမ်ား တုံ႔ခနဲရပ္တန္႔သြားရသည္။

ဤရက္ပိုင္းအတြင္းတြင္ တကၠသိုလ္နယ္ေျမ၏ေနရာအႏွံ႔မွာ ႏိႈင္းအျမဳေတႏွင့္ၿငိမ္းသံလြင္ခက္တို႔၏အေၾကာင္းအား မၾကားခ်င္မွအဆုံး ၾကားေနရသည္။

အစပိုင္းက သူလည္း ေကာလဟာလသက္သက္သာထင္ေနခဲ့ေသာ္ျငား ႏိႈင္းအျမဳေတႏွင့္ေတြ႕ဖို႔ ဒုတိယႏွစ္ေက်ာင္းေဆာင္ဘက္ကိုသြားခ်ိန္မွာ ထိုေကာင္ေလးေနာက္က တေကာက္ေကာက္လိုက္ေနပုံရေသာ ၿငိမ္းသံလြင္ခက္ကို တကယ္ေတြ႕လိုက္ရသည္။ ႏိႈင္းအျမဳေတက သူ႕ကိုေတြ႕လိုက္တိုင္းမွာ ၿငိမ္းသံလြင္ခက္ကိုေမာင္းထုတ္တတ္ေသာ္ျငား တေကာက္ေကာက္လိုက္ေနျခင္းကိုေတာ့ လုံးဝမပိတ္ပင္လိုဟန္တူ၏။

ၿငိမ္းသံလြင္ခက္ကလည္း သူ႕ကိုျမင္လိုက္ရတိုင္း သူ စိတ္ခုေစမည့္စကားမ်ားကို ေ႐ြးေျပာသြားတတ္ၿပီး လွည့္ျပန္သြားေသာ္လည္း ေနာက္ရက္ေတြမွာ ႏိႈင္းအျမဳေတအနား ကပ္ၿမဲကပ္ဆဲသာျဖစ္ေၾကာင္း သူျမင္ေတြ႕ေနရသည္။

ထိုကိစၥအတြက္ သူကလည္း ႏိႈင္းအျမဳေတကို အက်ိဳးအေၾကာင္းမေမးျမန္းသလို ႏိႈင္းအျမဳေတကလည္း သူ႕အား တကူးတက႐ွင္းမျပလာေခ်။

သူ႕အေနႏွင့္ေတာ့ ေကာလဟာလမ်ားထဲကလို ႏိႈင္းအျမဳေတႏွင့္ၿငိမ္းသံလြင္ခက္တို႔ ျပန္လည္ေပါင္းထုပ္ေနၾကျခင္းမဟုတ္မွန္း အေသအခ်ာသိေနသည္။ ၿငိမ္းသံလြင္ခက္ကသာ တစ္ဖက္သတ္ဆန္စြာလိုက္ေနျခင္းျဖစ္ၿပီး ႏိႈင္းအျမဳေတက သူ႕အနားကပ္ခြင့္ေပးထားျခင္းမွာ ျပန္တြဲလို၍မဟုတ္ေၾကာင္း သူအခိုင္အမာသိေနသည္။ အေၾကာင္းတစ္စုံတစ္ရာ႐ွိ၍သာ ႏိႈင္းအျမဳေတက ထိုသေကာင့္သားကို သူ႕အနားကပ္ခြင့္ေပးထားေလမွန္း ခန္႔မွန္းမိေသာ္လည္း ႏိႈင္းအျမဳေတနားမွာ ၿငိမ္းသံလြင္ခက္႐ွိေနသည္ကိုျမင္တိုင္း သူ႕ရင္ထဲမွာ မသက္မသာခံစားရၿမဲပင္။

ထို႔အတူပင္ ၿငိမ္းသံလြင္ခက္ကလည္း ႏိႈင္းအျမဳေတနားမွာ သူ႕ကိုေတြ႕ေနရျခင္းအတြက္ မႏွစ္ၿမိဳ႕ဟန္တူ၏။ သူ႕ကိုေတြ႕တိုင္း သေရာ္သလိုလို ခနဲ႔သလိုလို စကားမ်ိဳးေျပာ၍ သူ႕ေဒါသကိုဆြတတ္သည္။ သူသည္ သူမ်ားအတြဲၾကားတြင္ ကန္႔လန္႔ကန္႔လန္႔ဝင္ပါေနေၾကာင္းလည္း စြပ္စြဲသည္။

ပုံမွန္အတိုင္းသာဆိုလွ်င္ ထိုစကားမ်ိဳးကို သူမႏွစ္ၿမိဳ႕သည့္အျပင္ ႏိႈင္းအျမဳေတက ၿငိမ္းသံလြင္ခက္ႏွင့္ အမွန္တကယ္ပတ္သက္ခဲ့ဖူးၾကသည့္ဆက္ဆံေရးမ်ိဳးျဖစ္သည့္အတြက္ ႏိႈင္းအျမဳေတႏွင့္ခပ္ကင္းကင္းေနဖို႔ႀကိဳးစားမည္ျဖစ္၏။

သို႔ေသာ္ လက္႐ွိအေျခအေနမွာကား ျခားနားသည္။ သူသည္ ႏိႈင္းအျမဳေတအနားမွာ ၿငိမ္းသံလြင္ခက္တစ္ေယာက္ အေႏွာင့္အယွက္ကင္းကင္းျဖင့္႐ွိေနမည့္ပုံစံကို မျမင္လိုေပ။ ထို႔ျပင္ ႏိႈင္းအျမဳေတသည္ သူ႕အဖို႔ သာမန္ဆန္ေသာျဖစ္တည္မႈမ်ိဳးမဟုတ္။

ရနံ႔တစ္ခုေၾကာင့္ခ်ဥ္းကပ္ခဲ့ပါေသာ္လည္း ေ႐ွ႕ဆက္လာသည့္ေန႔ရက္မ်ားမွာ ႏိႈင္းအျမဳေတအနားေနခ်င္သည့္ သူ႕ဆႏၵႏွင့္အေၾကာင္းျပခ်က္တို႔တြင္ တစ္သက္ႏွင့္တစ္ကိုယ္ သူ မခံစားဖူးသည့္ခံစားခ်က္တစ္ခုပါ ေနရာယူလာသည္။

ယခင္က ေမွာ္ဆန္ေသာရနံ႔ေလးကိုရမွသာ စိတ္တည္ၿငိမ္သြားတတ္ေသာ္လည္း ယခုေတာ့ျဖင့္ ႏိႈင္းအျမဳေတ၏အမည္နာမကို တတြတ္တြတ္႐ြတ္ဆိုမိ႐ုံမွ်ျဖင့္ သူ၏ကိုယ္စိတ္ႏွလုံးသုံးပါးစလုံးဟာ ေမွာ္ဆန္စြာပင္ ၾကည္ႏူးခ်မ္းေျမ့ႏိုင္ေခ်ၿပီ။

တစ္သက္ႏွင့္ခ်ီ၍ ေျပာရဲပါသည္။ ယခုလိုခံစားခ်က္မ်ိဳးမွာ သူ႕အဖို႔ ပထမဆုံးပင္။

"စီနီယာ.."

ၾကည္ႏူးဆြတ္ပ်ံ႕ဖြယ္အသံေလးကို ၾကားလိုက္ရသည္ႏွင့္တၿပိဳင္နက္ စိတ္ကိုၾကည္႐ႊင္ေနေသာ အႏိႈင္းမဲ့ေလသည့္ရနံ႔သင္းသင္းေလးကိုပါ ႐ွဴ႐ိႈက္လိုက္မိသည္။

လွည့္ၾကည့္လိုက္ခ်ိန္မွာ ရင္ေအးဖြယ္အျပဳံးေလးတစ္ခုက ေစာင့္ႀကိဳေနေလမွန္း ႀကိဳသိထားေသာ္လည္း တကယ္တမ္းရင္ဆိုင္လိုက္ရခ်ိန္တိုင္း သူမင္သက္သြားရဆဲသာ...။ ႏူးညံ့ၿပီး ျဖဴစင္သည္။ တစ္ခ်ိန္တည္းမွာပင္ ထက္႐ွၿပီး ညိႇဳ႕ဓာတ္ျပင္းသည္။ ႏူးညံ့မႈႏွင့္ထက္႐ွျခင္းတို႔ ဟန္ခ်က္ညီစြာေပါင္းစပ္ထားေသာ ထိုအျပဳံးမွာ ျဖဴစင္မႈက ပိုပိုသာသာ႐ွိ၏။

"ကြၽန္ေတာ္က စီနီယာအတန္းခ်ိန္႐ွိတယ္ထင္ေနတာ.."

စာၾကည့္တိုက္အေပါက္ဝမွာ ႏွစ္ေယာက္သားလမ္းပိတ္ထားသလို ျဖစ္ေနသည့္အတြက္ ႏိႈင္းအျမဳေတက သူ႕အား အထဲကိုဆြဲေခၚသြားသည္။

"ကိုယ္ အတန္းခ်ိန္တက္ဖို႔အာ႐ုံမရတာနဲ႔ စာၾကည့္တိုက္ကိုပဲလာလိုက္တာ"

"ေကာင္းပါတယ္။ မဟုတ္လဲ ဒီအခ်ိန္က Self Studyလုပ္ဖို႔အခ်ိန္က်ေနၿပီ"

ႏွစ္ေယာက္သား စားပြဲအလြတ္တစ္လုံးမွာ ဝင္ထိုင္လိုက္ၾကၿပီး လြယ္လာေသာေက်ာပိုးအိတ္ႏွင့္စာအုပ္တို႔ကို ေသခ်ာေနရာခ်လိုက္သည္။ စင္ေပၚမွစာအုပ္မ်ားထဲတြင္ သူတို႔လိုအပ္ေလာက္မည့္စာအုပ္တခ်ိဳ႕ကို႐ွာေဖြၿပီး စားပြဲေပၚမွာစုပုံထားလိုက္ၾကၿပီး ေမးခြန္းေဟာင္းမ်ားကို စတင္ေလ့လာၾကသည္။

ေမဂ်ာတူသည့္အတြက္ စြမ္းေစတမာန္က ႏိႈင္းအျမဳေတကိုကူညီခြင့္ရသည္။ ႏိႈင္းအျမဳေတကလည္း သူ႕စီနီယာ၏သင္ျပပို႔ခ်မႈကို လိႈက္လွဲစြာလက္ခံ၏။

စာၾကည့္တိုက္ထဲ႐ွိေက်ာင္းသားမ်ား၏ မ်က္လုံးေပါင္းမ်ားစြာက သူတို႔ႏွစ္ေယာက္ထံ သက္ဆင္းေနေသာ္လည္း သူတို႔ကေတာ့ မသိခ်င္ေယာင္သာေဆာင္ထားၾကသည္။

စာလုပ္ရတာ ၿငီးေငြ႕စျပဳလာသည့္အခါမ်ိဳးမွာ အာ႐ုံလႊဲသည့္အေနႏွင့္ အလႅာပသလႅာပေျပာဆိုျဖစ္ၾကသည္။ အလႅာပသလႅာပဆိုသည့္အတိုင္း အေၾကာင္းအရာဟာ ဟိုေရာက္သည္ေရာက္သာ..။

ပထမဆုံး အႀကိဳက္ဆုံးအစားအစာမ်ားအေၾကာင္း ေျပာဆိုျဖစ္ၾကၿပီး ဘယ္ႏိုင္ငံကဘယ္အစားအစာကိုေတာ့ျဖင့္ ပိုႏွစ္သက္ေၾကာင္းတို႔လည္းပါ၏။ ထိုမွတစ္ဆင့္ ဤတကၠသိုလ္႐ွိေက်ာင္းသားမ်ား အတင္းအဖ်င္းကို ဘယ္ေလာက္ႀကိဳက္သလဲဆိုသည့္အေၾကာင္းကို ေရာက္သြားသည္။

"ကြၽန္ေတာ္ အစတုန္းက ေက်ာင္းတြင္းGroup chatကတိတ္ဆိတ္ၿပီး တအားပ်င္းဖို႔ေကာင္းမွာလို႔ထင္ခဲ့တာ။ ဒါေပမဲ့ ဘယ္ဟုတ္မလဲ။ ဝင္joinၿပီးကတည္းက ​ဝင္လာတဲ့messageဆိုတာ ဖုန္းပ်က္ေတာ့မတတ္ပဲ"

"Groupထဲမွာ မင္းလဲ႐ွိတာလား။ ကိုယ္က အဲ့လိုchatမ်ိဳးကို မင္း မဝင္ေလာက္ဘူးထင္ေနတာ"

တစ္ေက်ာင္းလုံး႐ွိေက်ာင္းသားမ်ားဟာ ႏိႈင္းအျမဳေတ၏အတင္းအဖ်င္းမ်ားကို ထိုGroupထဲမွာပင္ ပြထေနေအာင္ေဆြးေႏြးထားၾကသည္ျဖစ္ရာ အကယ္၍မ်ား ႏိႈင္းအျမဳေတတစ္ေယာက္ အေကာင့္တုကိုသုံး၍ Group chatထဲမွာ႐ွိေနမွန္းသာသိလွ်င္ မည္သို႔မည္ပုံတုံ႔ျပန္ၾကမလဲဆိုတာ သူသိခ်င္စမ္းပါဘိ။

"အစကေတာ့ မဝင္ထားပါဘူး။ ဒါေပမဲ့ ကြၽန္ေတာ္႕အေၾကာင္းေတြကို မဟုတ္တမ္းတရားေျပာဆိုေနၾကတာေတြကို ကြၽန္ေတာ္႕ထိုင္ခုံေဖာ္ေျပာျပမွ သိေနရတာႀကီးကို စိတ္မ႐ွည္လို႔"

"ထိုင္ခုံေဖာ္ဆိုမွ ကိုယ္ျပန္သတိရၿပီ။ မင္းရဲ႕ထိုင္ခုံေဖာ္က တျခားတစ္ေယာက္ေျပာင္းသြားၿပီလား။ ဒါမွမဟုတ္ အဲ့ဒီတုန္းက တစ္ေယာက္ပဲလား။ အဲ့တုန္းက မင္းနဲ႔သူ႕ရဲ႕အေၾကာင္းေတြလဲ Groupထဲမွာ ပလူပ်ံေနခဲ့တာပဲ"

စြမ္းေစတမာန္အဖို႔ေတာ့ ႏိႈင္းအျမဳေတ၏ဗိုလ္က်စိုးမိုးခဲ့ေသာ ေန႔ရက္မ်ားအေၾကာင္းကို ျပန္ေျပာင္းေျပာဆိုသည္မွာ ယခုတစ္ေခါက္က ပထမဆုံးဟုဆိုႏိုင္သည္။ ပုံမွန္ဆိုလွ်င္ သူထုတ္ေျပာျဖစ္မည္မဟုတ္ေသာ္လည္း ႏိႈင္းအျမဳေတဘက္က မည္သို႔တုံ႔ျပန္လာမည္ကို သိခ်င္ေသးသည္။

သူ႕အဖို႔ေျပာရလွ်င္ ထိုကိစၥမွာ အေျဖထြက္ေနၿပီးသားပုစၧာတစ္ပုဒ္ျဖစ္ေသာ္ျငား မည္သို႔ႏွယ္တြက္ထုတ္ရသလဲဆိုသည္ကို မသိရသလိုျဖစ္ေန၏။ ယခုလက္႐ွိျမင္ေနရေသာ ႏိႈင္းအျမဳေတႏွင့္ ဗိုလ္က်စိုးမိုးတတ္ေသာ အတိတ္ကႏိႈင္းအျမဳေတတို႔ဟာ မကိုက္ညီေခ်။ အေျဖကိုလည္း သူရထားသည္။ သို႔ေသာ္ မည္သို႔ႏွယ္ေျခရာေကာက္ျပရမလဲ သူ မသိပါ။

ထင္ထားသည့္အတိုင္းပင္။ ႏိႈင္းအျမဳေတသည္ သိသိသာသာတုန္လႈပ္သြားဟန္မျပေသာ္လည္း ထိုအေၾကာင္းအရာကိုမေဆြးေႏြးခ်င္ဟန္ျဖင့္ စကားလမ္းေၾကာင္းလႊဲသြားသည္။

"ကြၽန္ေတာ္႕အတြက္ေတာ့ အဲ့ဒါက အတိတ္ရဲ႕အရိပ္မည္းႀကီးလိုပါပဲ။ ႐ွိန္းကိုေဇလဲ အဲ့တုန္းက ေတာ္ေတာ္နစ္နာသြားရတယ္။ အဲ့ဒီအတြက္ တစ္နည္းနည္းနဲ႔ျပန္ေပးဆပ္သင့္တယ္လို႔လဲ ေတြးေနမိတယ္။ ဒါေပမဲ့ အဲ့ဒါက ေနာက္မ်ားက်သြားၿပီလားမသိဘူး"

အားကိုးတႀကီးတိုင္ပင္လိုဟန္ေလသံေလးေၾကာင့္ တစ္ပါးသူကိုအားေပးျခင္းအမႈ၌ မကြၽမ္းက်င္ေသာသူ႕မွာ ထိုေကာင္ေလးကို မေတာက္တစ္ေခါက္အရည္အခ်င္းျဖင့္ အားေပးလိုက္ရေသးသည္။

"မင္းဘက္က အမွားကိုသိလို႔ ျပန္ေပးဆပ္ခ်င္စိတ္႐ွိေနသေ႐ြ႕ အဲ့ဒီကိစၥကို အေကာင္အထည္ေဖာ္လိုက္ဖို႔ေနာက္က်တယ္လို႔မ႐ွိပါဘူး"

သူ႕စကားေၾကာင့္ တစ္စုံတစ္ရာကိုနက္နက္နဲနဲေတြးေတာေနေသာ ႏိႈင္းအျမဳေတ၏မ်က္ႏွာထက္မွာ ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္ႏိုင္ေသာ အရိပ္အေယာင္တို႔က အထင္းသား...။

"အဲ့ဒီတုန္းကျပႆနာေတြေၾကာင့္ သူ႕ရဲ႕အလုပ္ကိုထိခိုက္ခဲ့ရတာ။ သူလိုမ်ိဳး ကိုယ့္ဝမ္းစာကိုယ္႐ွာတတ္တဲ့လူေတြက ေငြေၾကးအကူအညီေပးရင္ ေစာ္ကားတယ္လို႔ယူဆၿပီး လက္ခံမွာမဟုတ္ဘူး။ အင္း..ဟုတ္ၿပီ။ ေက်ာင္းရဲ႕အေနာက္ဘက္တစ္လမ္းေက်ာ္က ပန္းျခံနားက လဟာျပင္ေစ်းတစ္ခု႐ွိတယ္။ စီနီယာ အဲ့ဒီေနရာကိုသိလား။ အဲ့ဒီမွာ Handmadeေလးေတြေရာင္းတဲ့အလုပ္ကို သူလုပ္ေနတယ္လို႔ၾကားတယ္။ ကြၽန္ေတာ္ အဲ့ဒီကိုတစ္ခ်က္ေလာက္သြားၾကည့္ၿပီး သူ႕ကို ဘယ္လိုအကူအညီေပးႏိုင္လဲဆိုတာ ၾကည့္ရမယ္"

သူ႕ကိုတိုင္ပင္ေနသလိုလိုႏွင့္ တစ္ကိုယ္တည္း ေက်နပ္အားရစြာတီးတိုးေရ႐ြတ္ေနျပန္ေသာ ႏိႈင္းအျမဳေတေၾကာင့္ အသည္းတယားယား။ သည္ေကာင္ေလး၏အမူအရာတိုင္းကို သူ႕မွာ ဤသို႔ႏွယ္ သည္းသည္းလႈပ္ေနရသည္။

"ဒါဆို ဒီလိုလုပ္ေလ။ ကိုယ္နဲ႔ ညေနစာအတူစားရေအာင္။ ကိုယ္ အဲ့ဒီေနရာကိုလိုက္ပို႔မယ္။ အဲ့ေစ်းမွာ ဟိိဳဟိုဒီဒီပတ္ၾကည့္လို႔လဲရတယ္။ စိတ္ဝင္စားစရာေတြအမ်ားႀကီးပဲ"

"တကယ္လား။ ဘာေတြက အဲ့ေလာက္စိတ္ဝင္စားစရာေကာင္းတာလဲ"

"အဲ့မွာ လမ္းေဘးဂီတေဖ်ာ္ေျဖပြဲေတြလဲ႐ွိတယ္။ အမ်ားစုကေတာ့ Handmadeေတြ ခ်ေရာင္းၾကတာပဲ။ တစ္ခါတုန္းကဆိုရင္ ကိုယ္တိုင္လုပ္ထားတဲ့ စက္႐ုပ္အေသးစားေလးေတြေတာင္ လာေရာင္းတဲ့လူ႐ွိတယ္"

သူ႕ဘက္က စိတ္ပါလက္ပါေျပာေနသလို နားေထာင္ေနေသာ ႏိႈင္းအျမဳေတကလည္း သူ႕အား စိတ္ဝင္စားမႈေၾကာင့္႐ႊန္းလဲ့ေနေသာမ်က္ဝန္းတို႔ျဖင့္ ျပဳံးလ်က္သားေငးေမာေနေလရာ ဤအေနအထားအတိုင္းသာဆက္႐ွိေနပါက တစ္ေနကုန္ထိုင္၍ စကားေျပာေနရမည္ဆိုလွ်င္ေတာင္ ေမာပန္းႏိုင္ဖြယ္ရာမ႐ွိဟု ခံစားရသည္။

"Robot.. တကယ္ႀကီးေပါ့"

"အမ္း.. လူငယ္ေတြအေပ်ာ္တမ္းတီထြင္ထားတာမို႔ ခ်ိဳ႕ယြင္းခ်က္ေတြမ်ားေပမဲ့လဲ Functionေတြက သူ႕ဟာနဲ႔သူေတာ့စိတ္ဝင္စားဖို႔ေကာင္းတယ္"

စိတ္လိုလက္ရနားေထာင္ေပးမည့္သူက အသင့္႐ွိေနေလေတာ့ ပုံမွန္ဆိုလွ်င္ စကားမ်ားမ်ားစားစားေျပာရသည္ကိုမႀကိဳက္ေသာ စြမ္းေစတမာန္မွာ ထိုစက္႐ုပ္၏တည္ေဆာက္ပုံႏွင့္ လုပ္ေဆာင္မႈမ်ားအေၾကာင္း အေသးစိတ္ေဝဖန္ခ်က္မ်ားကိုပင္ ေရပက္မဝင္ေအာင္ေျပာေနမိေတာ့သည္။

"စီနီယာကိုေတာ့ ကြၽန္ေတာ္တကယ္ေလးစားတယ္။ ITပိုင္းနဲ႔ပတ္သက္ရင္ စီနီယာမသိတာကိုမ႐ွိဘူး"

လြန္လြန္ကဲကဲခ်ီးက်ဴးလာေသာစကားတို႔မွာ ေတာက္ပစြာေငးေမာေနေသာႏိႈင္းအျမဳေတ၏အၾကည့္တို႔ႏွင့္ေပါင္းေသာ္ တစ္မ်ိဳးတစ္ဖုံစိတ္လႈပ္႐ွားရင္ခုန္ေစသည္။

"ဘယ့္ႏွယ့္ျဖစ္လို႔အကုန္သိရမွာလဲ။ ကိုယ္လဲ ေလ့လာဆဲအဆင့္မွာပဲ႐ွိေသးတာ။ နည္းပညာဆိုတာမ်ိဳးကလဲ ႐ွာေဖြေလေတြ႕႐ွိေလပဲ...။ သင္ယူလို႔ၿပီးသြားတယ္ဆိုတာမ်ိဳးမ႐ွိဘူး"

"ဟုတ္တယ္ေနာ္။ ဟိုးအရင္ေခတ္ေတြတုန္းက လွ်ပ္စစ္မီးမ႐ွိတဲ့ကာလေတြကိုေက်ာ္ၿပီး လွ်ပ္စစ္ဆိုတာေပၚလာတုန္းကလည္း ဖုန္းတို႔ကြန္ပ်ဴတာတို႔လိုအရာေတြက စိတ္ကူးယဥ္သက္သက္လို႔ထင္စရာ႐ွိခဲ့တာပဲ။ မၿပီးဆုံးႏိုင္တဲ့႐ွာေဖြေတြ႕႐ွိမႈေတြေၾကာင့္ ေလယာဥ္ေတြ အာကာသယာဥ္ေတြဆိုတဲ့တီထြင္မႈေတြအထိ ေရာက္လာတာ။ တကယ္ကိုပဲ စီနီယာေျပာသလို မၿပီးဆုံးႏိုင္တဲ့ပညာရပ္ႀကီးပဲ"

သူ႕စကားကိုေထာက္ၿပီး သုံးသပ္ျပလာေသာႏိႈင္းအျမဳေတမွာ ေလာကႀကီး၏ဆန္းၾကယ္မႈမ်ားအေပၚ ေမးခြန္းထုတ္ခ်င္ေနဟန္ပင္။

"အင္းေပါ့။ ဒီပညာရပ္မွမဟုတ္ဘူး။ တျခားပညာရပ္ေတြအားလုံးလဲ ဒီအတိုင္းပါပဲ။ အဓိကကေတာ့ လူသားေတြမွာလိုအပ္ခ်က္ေတြ႐ွိသေ႐ြ႕ တီထြင္မႈေတြဆက္ျဖစ္ေနမွာပဲေလ"

"အဟုတ္ပဲ"

ႏွစ္ေယာက္သား စာလုပ္ေနၾကရင္း ပညာရပ္ပိုင္းဆိုင္ရာေဆြးေႏြးလိုက္ ေရာက္တတ္ရာရာေဆြးေႏြးၾကလိုက္ႏွင့္ စာၾကည့္တိုက္ထဲမွာ ႏွစ္နာရီေက်ာ္မွ် အခ်ိန္ျဖဳန္းလိုက္သည္။ သုံးနာရီတိတ္ၾကာသြားခ်ိန္မွာေတာ့ စြမ္းေစတမာန္လည္း ေက်ာင္းသားသမဂၢအဖြဲ႕အစည္းတစ္ခုလုံး အစည္းအေဝးထိုင္ဖို႔႐ွိေသးသည္မို႔ စာၾကည့္တိုက္ထဲမွာ ဆက္ေန၍မျဖစ္ေတာ့ေခ်။

"ကိုယ္ အစည္းအေဝး႐ွိေသးလို႔ သြားရဦးမယ္။ တစ္နာရီေလာက္ပါပဲ သိပ္မၾကာဘူး"

ညေနစာအတူစားဖို႔ ခ်ိန္းဆိုၿပီးျဖစ္သျဖင့္ အစည္းအေဝးကို ခပ္ျမန္ျမန္လက္စသတ္မည္ဟု ကတိေပးၿပီး ႏိႈင္းအျမဳေတအား ႏႈတ္ဆက္ခဲ့ရသည္။

စိတ္ထဲမွာေတာ့ အစည္းအေဝးထက္ ႏိႈင္းအျမဳေတႏွင့္အတူ အျပင္ေလွ်ာက္လည္ရင္း စားေသာက္ရမည့္ညေနစာတစ္နပ္က ပိုအေရးႀကီးေနသည္သာ။ သို႔ေသာ္ ၿပီးခဲ့သည့္တစ္ေခါက္ကလည္း အစည္းအေဝးမတက္ဘဲ ႐ွိသမွ်တာဝန္အကုန္လုံးကို ဝဠာဟိန္းပိုင္အား လႊဲေပးခဲ့ၿပီးျဖစ္ရာ သည္တစ္ေခါက္ပါ အစည္းအေဝးမွလစ္ထြက္ပါက သူ႕ဝမ္းကြဲအစ္ကို ဝဠာဟိန္းပိုင္တစ္ေယာက္ အလုပ္ဖိအားကတစ္ဖက္ သူေပးသည့္ဖိအားကတစ္ဖက္ျဖင့္ ေသေၾကာင္းၾကံသြားမည္စိုးရ၏။

တကယ္လည္း ေသခ်င္ေစာ္နံေနေသာ ေက်ာင္းသားသမဂၢ၏အတြင္းေရးမႉးဝဠာဟိန္းပိုင္ခမ်ာ အစည္းအေဝးလုပ္ဖို႔ သုံးမိနစ္လိုသည္အထိ ဥကၠ႒ျဖစ္သူအား ဘယ္ေနရာမွာမွ႐ွာမေတြ႕သျဖင့္ အ႐ူးတစ္ပိုင္းလိုက္႐ွာေနခဲ့ရသည္။ ဖုန္းေခၚေတာ့လည္း မကိုင္ေသာေၾကာင့္ သူ႕မွာ ေဒါသလည္းထြက္ရသည္။

သည္တစ္ေခါက္အစည္းအေဝးမွာ အေရးႀကီး၏။ ထို႔ျပင္ ၿပီးခဲ့သည့္အစည္းအေဝးမ်ားမွာလည္း စြမ္းေစတမာန္ပ်က္ကြက္ခဲ့သည့္အတြက္ အဖြဲ႕ဝင္တခ်ိဳ႕က အျမင္မၾကည္ၾကေခ်။ ယေန႔မွ ေရာက္မလာပါက စြမ္းေစတမာန္၏သိကၡာကို အဖတ္ဆည္မရေတာ့မည္ကို စိုးရိမ္ရ၏။

ကံေကာင္းေထာက္မ၍ စြမ္းေစတမာန္က အစည္းအေဝးလုပ္ခ်ိန္အမီ ေရာက္လာသည္။

"အမေလး.. ဧကရာဇ္အ႐ွင္ေရ..။ ဘယ္ဆီမ်ားတိုင္းခန္းလွည့္လည္ေနတာပါလဲခင္ဗ်ာ။ ကြၽန္ေတာ္မ်ိဳး လိုက္႐ွာတာလဲေနရာႏွံ႔ေနၿပီ။ ဖုန္းေခၚရင္ ကိုင္ရမယ္ဆိုတာ..."

"နားညည္းတယ္။ ငါ အခုေရာက္လာၿပီေလ"

ဝဠာဟိန္းပိုင္ခမ်ာ စိတ္ပ်က္လက္ပ်က္ျဖင့္ သက္ျပင္းသာခ်မိေတာ့သည္။

"မင္း..မင္း.. ငါ့ဒုကၡေတြနားမလည္ဘူး။ ဒီအစည္းအေဝးကအေရးႀကီးပါတယ္လို႔ ေျပာထားရက္နဲ႔ ဘယ္ေတြေလွ်ာက္သြားေနတာလဲ"

"ငါက ဘယ္မ်ားသြားစရာ႐ွိလို႔လဲ။ သူနဲ႔ပဲ အတူ႐ွိေနတာေပါ့ဟ"

"ႏိႈင္းအျမဳေတလား"

"အင္း"

"အိုေက အိုေက။ ငါ အဲ့ဒီတစ္ခ်က္​ေမ့သြားတာ။ ေနာက္ဆို မင္းကိုဆက္သြယ္လို႔မရရင္ ႏိႈင္းအျမဳေတကိုပဲ႐ွာေတာ့မယ္"

ေပါက္ေပါက္ေဖာက္ေနေသာ ဝဠာဟိန္းပိုင္ကို စြမ္းေစတမာန္က စိတ္ကုန္သလိုစိုက္ၾကည့္ရင္း..

"စကားမ်ားလိုက္တာ..မင္းက အစည္းအေဝးကိုေႏွာင့္ေႏွးေအာင္လုပ္ေနတာပဲ"

မတရားဆန္စြာစြပ္စြဲခံလိုက္ရေသာ ဝဠာဟိန္းပိုင္မွာေတာ့ အၾကင္နာမဲ့ေသာဥကၠဠေၾကာင့္ ေသြးတက္လုနီးပါးပင္။

"ဒီေတာ့ သြားခ်င္ရာသြားၿပီးအေလလိုက္ေနတဲ့မင္းကေတာ့ သိပ္အျပစ္ကင္းတယ္ေပါ့ေလ!!"

•••••••

စြမ္းေစတမာန္အစည္းအေဝးလုပ္ေနခိုက္မွာ အားလပ္ေနေသာႏိႈင္းအျမဳေတကလည္း စာၾကည့္တိုက္မွာသာဆက္ေန၍ စာလုပ္ေနခဲ့သည္။

စြမ္းေစတမာန္႐ွင္းျပသြားခဲ့ေသာ သီအိုရီမ်ားကို သူကိုယ္တိုင္အေျဖ႐ွာတတ္သည္အထိ အထပ္ထပ္အခါခါေလ့လာရင္း အခ်ိန္ျဖဳန္းေနစဥ္ စာၾကည့္တိုက္ထဲသို႔ ၿငိမ္းသံလြင္ခက္ေရာက္ခ်လာသည္။ ၿငိမ္းသံလြင္ခက္ကိုျမင္လိုက္သည္ႏွင့္ ၿငိမ္းခ်မ္းေနေသာသူ၏စိတ္အစဥ္လည္း တစ္စစီကြဲေၾကသြားရသည္။

"ေဘဘီ စာလုပ္ေနတာလား"

"ျမင္တဲ့အတိုင္းပဲ"

ေဘာက္ဆတ္ဆတ္အေျဖေၾကာင့္ ၿငိမ္းသံလြင္ခက္က သေဘာက်သလိုရယ္ေလသည္။

"ကိုယ္ မင္းကိုေႏွာင့္ယွက္သလိုမ်ားျဖစ္သြားလို႔လား"

"အဟုတ္ပဲ"

သူ၏ဘုကန္႔လန္႔အေျဖမ်ားကို ၿငိမ္းသံလြင္ခက္က သည္းခံေနဆဲသာ။

"စိတ္မပူပါနဲ႔။ ကိုယ္ မင္းရဲ႕ေဘးမွာ တိတ္တိတ္ေလးထိုင္႐ုံပါပဲ။ ေဘဘီကလုပ္စရာ႐ွိတာ ဆက္လုပ္"

ေျပာၿပီးၿပီးခ်င္း ၿငိမ္းသံလြင္ခက္က သူ႕ေဘး႐ွိခုံကိုဆြဲယူ၍ ထိုင္သည္။ ၿပီးေနာက္ သူစာလုပ္ေနသည္ကိုမေႏွာင့္ယွက္လိုဟန္ျဖင့္ ခပ္တိတ္တိတ္သာထိုင္ေနၿပီး ဖုန္းကိုသာသည္းႀကီးမည္းႀကီးၾကည့္ေနသည္။

ႏိႈင္းအျမဳေတလည္း စာလုပ္ေနရင္း ၿငိမ္းသံလြင္ခက္၏လႈပ္႐ွားမႈကို မသိမသာအကဲခတ္ပါေသာ္ျငား တစ္ဖက္လူမွာ အမွန္တကယ္ၿငိမ္ကုပ္ေနသျဖင့္ အာ႐ုံစိုက္မေနေတာ့ဘဲ ကိုယ့္စာကိုယ္သာဆက္လုပ္ေနလိုက္သည္။

နာရီဝက္အၾကာမွာ ၿငိမ္းသံလြင္ခက္သည္ ဖုန္းၾကည့္ရသည္ကိုၿငီးေငြ႕သြားဟန္ျဖင့္ ဖုန္းကို စားပြဲေပၚခ်ထားၿပီး နီးစပ္ရာစင္ေပၚမွစာအုပ္တစ္အုပ္ကိုဆြဲယူ၍ ဖတ္ေနေလသည္။ ခဏအၾကာမွာ စာအုပ္ကိုပါ စားပြဲေပၚခ်ထားခဲ့ၿပီး သန္႔စင္ခန္းသြားမည္ဟုဆိုကာ စာၾကည့္တိုက္ထဲမွ ခဏထြက္သြားသည္။

ၿငိမ္းသံလြင္ခက္ထြက္သြားမွသာ တစ္ခ်ိန္လုံးေခါင္းငုံ႔၍ စာလုပ္ေနေသာႏိႈင္းအျမဳေတဟာ ႐ုတ္ခ်ည္းေခါင္းေထာင္လာၿပီး စားပြဲေပၚမွာက်န္ရစ္ေနခဲ့ေသာဖုန္းဆီကို အၾကည့္ေရာက္သြားသည္။ ထို႔ေနာက္ လွ်ပ္စီးလိုအလ်င္ျဖင့္ ၿငိမ္းသံလြင္ခက္၏ဖုန္းကို ဆြဲယူလိုက္ေတာ့သည္။

ဖုန္းမွာ လွ်ိဳ႕ဝွက္နံပါတ္ခံထားေပသည္။ ထို႔ေၾကာင့္လည္း ၿငိမ္းသံလြင္ခက္က စိတ္ခ်လက္ခ်ထားသြားရဲျခင္းျဖစ္ေပမည္။ သို႔ေသာ္ ႏိႈင္းအျမဳေတကေတာ့ လွ်ိဳ႕ဝွက္နံပါတ္ျဖစ္ႏိုင္ေခ်႐ွိေသာကိန္းဂဏန္းမ်ားကို သိသည္။

စာအုပ္ထဲတြင္ေဖာ္ျပထားသည္မွာ ၿငိမ္းသံလြင္ခက္သည္ သူ၏ဖုန္း၊လက္ပ္ေတာ့ႏွင့္ မီးခံေသတၱာကဲ့သို႔အရာမ်ားကို လွ်ိဳ႕ဝွက္နံပါတ္ထည့္ရာ၌ သူ႕အေမႏွင့္ပတ္သက္သည့္ရက္စြဲမ်ားကိုသာ သုံးစြဲတတ္သည္။ အက်င့္ပ်က္ဆိုးသြမ္းေလေသာ ၿငိမ္းသံလြင္ခက္မွာ ဆုံးပါးသြားၿပီျဖစ္ေသာ သူ႕အေမကိုေတာ့ လြန္စြာခ်စ္ျမတ္ႏိုးသည္သာ။

ၿငိမ္းသံလြင္ခက္၏အက်င့္မွာ လွ်ိဳ႕ဝွက္နံပါတ္တစ္ခုတည္းကို စြဲစြဲၿမဲၿမဲမထားတတ္ဘဲ အၿမဲလိုလိုနံပါတ္တစ္ခုမွ အျခားတစ္ခုကိုေျပာင္းေနတတ္ေသာ္လည္း ေျပာင္းလိုက္ေသာနံပါတ္မွန္သမွ်ဟာ သူ႕အေမႏွင့္ပတ္သက္သမွ်သာ ျဖစ္၏။

ႏိႈင္းအျမဳေတလည္း သူ႕အေမ၏ေမြးေန႔ကို လွ်ိဳ႕ဝွက္နံပါတ္႐ိုက္ထည့္ၾကည့္လိုက္သည္။ အမွန္ပါပင္။ လွ်ိဳ႕ဝွက္နံပါတ္ကို ေအာင္ျမင္စြာ႐ိုက္ထည့္လိုက္ႏိုင္ေၾကာင္း အသိေပးခ်က္တက္လာၿပီး ေလာ့ပြင့္သြား၏။

ႏိႈင္းအျမဳေတသည္ ဖုန္းထဲမွာ ဟိုဟိုသည္သည္လွန္ေလွာၾကည့္ၿပီးေနာက္ မက္ေဆ့ခ်္ပို႔သည့္appကိုဖြင့္လိုက္သည္။ သို႔ေသာ္ လွ်ိဳ႕ဝွက္နံပါတ္ခံထားျပန္သည္ကို ေတြ႕လိုက္ရသည္။ ဤတစ္ႀကိမ္မွာ နံပါတ္မ်ားမဟုတ္ပါဘဲ အဂၤလိပ္အကၡရာမ်ားျဖစ္ေနသည္။ အနည္းငယ္ခ်ိန္ဆေတြးေတာၾကည့္ၿပီးေနာက္ ၿငိမ္းသံလြင္ခက္၏အေမ အႀကိဳက္ဆုံးအေရာင္ကို ႐ိုက္ထည့္လိုက္သည္။

သို႔ေသာ္လည္း မရေခ်။ ထို႔ေၾကာင့္ သူ(မ)အႀကိဳက္ဆုံးဟင္းလ်ာကို ႐ိုက္ထည့္ျပန္ေသာ္လည္း မရ။ ေနာက္ဆုံးမွာ အႀကိဳက္ဆုံးသစ္သီးကို႐ိုက္ထည့္မွသာ မွန္ကန္သြားသည္။

ႏိႈင္းအျမဳေတမွာ ဖုန္းကိုင္ထားရင္း ၿငိမ္းသံလြင္ခက္ေရာက္လာမလာကိုလည္း အကဲခတ္ရေသးသည္။ ထိုသေကာင့္သား၏အရိပ္အေယာင္ကိုမျမင္မွသာ Appထဲကိုဝင္ၿပီး ဆက္သြယ္ထားသည့္လူမ်ားကို စစ္ေဆးရန္ၾကံလိုက္သည္။

သူ မ်ားမ်ားစားစားမ႐ွာရလိုက္ရခင္မွာပင္ သံသယဝင္ဖြယ္ေကာင္းေသာ Chatတစ္ခုကိုေတြ႕လိုက္ရသည္။ သူလည္း တုံ႔ေႏွးမေနဘဲ ထိုChatထဲကို ဝင္ၾကည့္လိုက္သည္။ ျမင္လိုက္ရေသာအေၾကာင္းအရာမ်ားမွာကား သူႏွင့္စြမ္းေစတမာန္တို႔၏နာမည္တို႔ျဖင့္သာ ျပည့္ႏွက္ေနေလသည္။

'အေျခအေန ဘယ္လိုလဲ'

'ပုံမွန္ပဲ'

'စြမ္းေစတမာန္ဘက္က ဘယ္လိုတုံ႔ျပန္လဲ'

'ငါ သူ႕ကို ေဒါသထြက္ေအာင္လဲဆြတယ္။ မခံခ်င္ေအာင္လဲ ေျပာတယ္။ ဒါလဲ စိတ္တိုခ်င္စရာေကာင္းေအာင္ သူကႏိႈင္းအျမဳေတနားမွာ ကပ္တုန္းပဲ။ ငါေစာ္ကားသမွ်ကိုလဲ မနာသလိုနဲ႔..တကယ္အကုသိုလ္ပဲ'

'စိတ္ဝင္စားစရာပဲ'

'ဘာလဲ'

'မင္းနဲ႔ႏိႈင္းအျမဳေတတို႔တြဲခဲ့ဖူးတာကို သိရဲ႕သားနဲ႔.. လူတစ္ေယာက္ရဲ႕ရည္းစားေဟာင္းက သူ႕ကိုမိႈခ်ိဳးမွ်စ္ခ်ိဳးေျပာၿပီးေစာ္ကားေနတာကို ငါသိထားတဲ့စြမ္းေစတမာန္သာဆိုရင္ မခံခ်င္တာနဲ႔ပဲ စိတ္အေႏွာင့္အယွက္ျဖစ္ခ်င္စရာေကာင္းတဲ့ မင္းတို႔အတြဲကို လ်စ္လ်ဴ႐ႈပစ္လိုက္မွာ။ အခုက သူကတုတ္တုတ္ေတာင္မလႈပ္ဘူးတဲ့လား။ အင္း.. တစ္ခုခုေတာ့တစ္ခုခုပဲ'

'ဘာ႐ွိရမွာလဲ။ အဲ့ေကာင္ ငါ့ကို ေဒါသထြက္ၿပီးေသေစခ်င္လို႔ ကန္႔လန္႔တိုက္ေနတာေလ'

'မဟုတ္ဘူး။ ငါေတာ့ အဲ့လိုမထင္ဘူး။ ရန္သူကိုခ်ီးမက်ဴးခ်င္ေပမဲ့ သူကအဲ့လိုလူစားမ်ိဳးမဟုတ္တာကိုေတာ့ လက္ခံရမယ္'

'မင္းက ဘာသိလို႔လဲ။ အရင္တုန္းကလဲ ႏိႈင္းအျမဳေတအတြက္နဲ႔ သူ ငါ့ကိုစိတ္တိုေအာင္လုပ္ဖူးတယ္ကြ'

'အဲ့တုန္းကအေျခအေနနဲ႔ အခုအေျခအေနက မတူဘူးေလ။ အခုက ႏိႈင္းအျမဳေတကိုယ္တိုင္ မင္းကို သူ႕အနားကပ္ခြင့္ေပးထားတာ။ တကယ္စိတ္ဝင္စားစရာပဲကြ။ မင္း သိလား။ ငါ့ရဲ႕အလိုလိုသိစိတ္က တစ္ခုခုကိုအနံ႔ရေနတယ္။ အစကေတာ့ မင္းကိုသုံးၿပီး သူတို႔ႏွစ္ေယာက္ရဲ႕ခင္မင္မႈကို ေသြးထိုးေပးဖို႔ပဲ။ ဒါေပမဲ့ ၾကည့္ရတာ ငါေတာ့ ရတနာသိုက္ကိုတူးမိၿပီထင္တယ္'

စကားဝိုင္းမွာ ထိုေနရာ၌သာ အဆုံးသတ္သြားသည္။ ႏိႈင္းအျမဳေတလည္း ဖုန္းကိုပိတ္ကာ မူလေနရာမွာ ပုံမပ်က္ျပန္ထားလိုက္ၿပီး စာလုပ္ေနခ်င္ေယာင္သာေဆာင္ေနလိုက္သည္။ ခဏအၾကာမွာ ၿငိမ္းသံလြင္ခက္ျပန္လာၿပီး သူ႕အနားမွာ စကားတတြတ္တြတ္ေျပာလာေတာ့သည္။

သူကေတာ့ ၿငိမ္းသံလြင္ခက္ကို အာ႐ုံမရဘဲ မတိုင္မီကဖတ္ခဲ့ေသာ Chatထဲမွ မက္ေဆ့ခ်္မ်ားကိုသာ ျပန္ေတြးေနမိသည္။

ၾကည့္ရသည္မွာ ထိုအေကာင့္သည္ ပိုင္စိုးမိုးသူ၏အေကာင့္ျဖစ္ပုံရ၏။ ပိုင္စိုးမိုးသူႏွင့္ၿငိမ္းသံလြင္ခက္တို႔၏ စကားအသြားအလာအရ စြမ္းေစတမာန္ႏွင့္သူ႕ကို ခြဲထုတ္ရန္ႀကိဳးစားေနပုံပင္။ အေၾကာင္းအရင္းကေတာ့ ႐ွင္းသည္။ အကယ္၍ သူႏွင့္စြမ္းေစတမာန္တို႔၏ခင္မင္မႈသာ ပိုမိုခိုင္မာလာပါက စြမ္းေစတမာန္၏ေနာက္ခံမွာ သူ႕အေဖ၏အဆက္အသြယ္ကိုပါသုံးၿပီး ပိုေတာင့္တင္းလာႏိုင္၍ပင္။ ထို႔ေၾကာင့္ ပိုင္စိုးမိုးသူက စြမ္းေစတမာန္၏ေနာက္ခံမ်ားကို ႐ိုက္ခ်ရာတြင္ သူ႕ကိုပါ စာရင္းထဲ၌ထည့္ထားခဲ့ပုံပင္။

သို႔ေသာ္ ေနာက္ဆုံးမက္ေဆ့ခ်္အရ ပိုင္စိုးမိုးသူတစ္ေယာက္ ဘာကိုသေဘာေပါက္သြားမွန္း သူခန္႔မွန္းမရေခ်။ သူခန္႔မွန္းႏိုင္သည့္႐ိုး႐ိုး႐ွင္း႐ွင္းအေၾကာင္းအရာမ်ားမွာ ပိုင္စိုးမိုးသူ ရတနာသိုက္ဟုသတ္မွတ္ေလာက္သည္အထိ အဖိုးမတန္ႏိုင္ေခ်။

ပိုင္စိုးမိုးသူ ဘာကိုသေဘာေပါက္သြားမွန္း သူမသိေသာ္ျငား ထိုအခ်က္ကိုအေျခခံ၍ ပိုင္စိုးမိုးသူဘက္က ေျခလွမ္းခပ္ႀကီးႀကီးလွမ္းလာေတာ့မည္ကိုေတာ့ ခံစားႏိုင္သည္။

ႏိႈင္းအျမဳေတလည္း သူ႕အေဖ၏ေျခလွမ္းကပါ ပိုင္စိုးမိုးသူႏွင့္အမီလိုက္ၿပီး လွမ္းႏိုင္ဖို႔ ဤကိစၥကိုပါအသိေပးရမည္ဟု စိတ္ထဲေတးမွတ္ထားလိုက္သည္။

***********

A/N: I have something to tell...

ဒီေရႏိုင္း : ဒီလိုဆိုေတာ့ ငါတို႔ပိုင္ပိုင္ေလးရဲ႕ေမြးေန႔မွာ ဘာေပးသင့္လဲဆိုတာ အၾကံရၿပီ

ဝဠာဟိန္းပိုင္ : ဝိုး.. မာတာမိခင္ႀကီးဆီကရမယ့္လက္ေဆာင္တဲ့ေဟ့။ အရမ္းေမွ်ာ္လင့္ေနပါၿပီ။ ဘာမ်ားလဲ.. ဘာမ်ားလဲ..

ဒီေရႏိုင္း : ေသြးက်ေဆးေလ ေသြးက်ေဆး..

ေဘးကေစာင့္ၾကည့္ေနေသာစြမ္းေစတမာန္ : အၾကံေကာင္းပဲ။ မင္း အမ်ားႀကီးေဆာင္ထားသင့္တယ္။ ငါက ေနာက္လဲ မင္းကိုစိတ္ဒုကၡေပးဖို႔႐ွိေသးတာမို႔ အသင့္ျပင္ထားတာမမွားဘူး

ဝဠာဟိန္းပိုင္ : Fuck!!! အကုန္လုံးေပါင္းၿပီး ငါ့ကိုပဲအႏိုင္က်င့္ေနၾကတာေဟ့!!!!!

••••••••

Continue Reading

You'll Also Like

8.8K 1.4K 7
"လမိုက်ညဆို ရွာမြောက်ဘက်က တောင်နား ယောင်လို့တောင် မသွားမိစေနဲ့" "မိစ္ဆာက လူကို ဖမ်းစားတယ်လို့ ပြောကြတာပဲ" သည်လို ပြောစမှတ်ပြုကြတဲ့ ကိုမိုရီ ရွာလေးရဲ့...
287K 10.3K 42
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
971K 101K 83
ေ႐ွာင္းက်န္႔သည္ စာေရးဆရာတစ္ေယာက္ျဖစ္ၿပီး လုပ္ၾကံမႈတစ္ခုေၾကာင့္ ေသဆံုးခဲ့ၿပီးေနာက္ အထက္တန္းေက်ာင္းသားေလးတစ္ေယာက္၏ခနၱာကိုယ္ထဲဝင္ေရာက္ႏိုးထလာေလသည္။ မူလပ...
1.1M 58.2K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...