အခန်း ၁၀
"ဟူး ဘုတ်"
အိတ်ကိုပစ်ချပြီး အိပ်ရာပေါ်လှဲလျောင်းကာ
နားလိုက်သည်။မန္တလေးကိုပြန်ရောက်တာမို့
စိတ်အေးရသည်။သူလဲအလုပ်ကိစ္စကြောင့် ခရီးသွားနေတာမို့ သူမပြန်သွားတာကိုမသိလောက်ပေ။မန္တလေးလိပ်စာလဲမသိတာမို့
ကိုယ်မြို့မှာတော့ သူလိုက်လာလဲသူမရှောင်လို့ရနိုင်သည်။ကောင်လေးကို ရင်ခုန်မိပေမဲ့
ခုမြင်ခုကြိုက် ကိုယ်ကိုစိတ်ကစားနေတာလားမသိနိုင်ပေ။သူမ နှလုံးသားအလိုကိုမလိုက်နိုင်သေးပေ။သူမမှာရည်မှန်းချက်တွေ ရှိသေးသည်။သူနဲ့ပတ်သက်သော အတွေးတွေကိုဖျောက်ကာ ရေချိုးပြင်ဆင်ပြီအောက်ထပ်ဆင်းလာလိုက်သည်။
ထမင်းစားခန်းထဲ ဝင်လိုက်တော့ အဘွားနဲ့ဉီးလေးလင်မယား ကထမင်းဝိုင်းမှာ ရောက်နေသည်။
"ထိုင် မြေး ဟိုမှာပျော်ခဲ့ရဲ့လား နန်းမိဘတွေရော နေကောင်းကြလား "
"ကောင်းတယ်ဘွားရဲ့ ဘွားလိုက်မလာလို့တောင် အန်တီကပြောနေတာ "
"သမီးပြောတော့ တစ်လနေမှာဆို ခုဘယ်လိုဖြစ်လို့စောပြန်လာတာလဲ"
အန်တီ သူဇာကမေးနေတာမို့ စိတ်ထဲမလုံမလဲတောင်ဖြစ်သွားသည်။
"သမီး သွားဖို့ပြင်ဆင်ရမှာတွေများလို့ ပြန်လာတာပါအန်တီ"
"အန်တီ နားတဲ့အချိန် သမီးကိုအဝတ်အစားနဲ့ လိုအပ်တာတွေ လိုက်ဝယ်ပေးအုံးမယ်"
"အန်တီ သမီးမှာရှိပါတယ် မဝယ်ပေးပါနဲ့"
"ကဲသမီး ငြင်းမနေနဲ့ အန်ကယ်တို့မှာ သမီးတစ်ယောက်ထဲရှိတာ သမီးအန်တီနဲ့တူအရီးနှစ်ယောက် shopping အတူသွားကြဟုတ်ပြီလား"
သူမရဲ့အန်ကယ် ဖြစ်သူဉီးအောင်မြင့်ထွန်း ကိုယ်တိုင်က ပြောနေတာမို့ လက်ခံလိုက်ရသည်။သူမတို့ မျိုးရိုးသည် ဆရာဝန်မျိုးရိုးလို့ ပြောရအောင် အဘိုးဖြစ်သူက ဆရာဝန်
မွေးထားတဲ့ သူမအဖေနဲ့အန်ကယ်ကလဲ ဆရာဝန်ပင် သူမအဖေနဲ့အမေက သူမငယ်ငယ်မှာ ကားအက်စီးဒင့် ကြောင့် ဆုံးသွားတော့ အဘွားနဲ့ အန်ကယ်တို့ကသာ သူမကို
ပျိုးထောင်ပေးခဲ့တာဖြစ်သည်။သားသမီးမရှိတဲ့ အန်ကယ်တို့မှာ သူမကိုသာ သမီးအရင်းလို စောင့်ရှောက်ခဲ့ကြသည်။အဖေနဲ့ အမေ မရှိတော့ လို့ သိမ်ငယ်မှုမရှိအောင် မေတ္တာတွေပေးကြသည်။ဒါ့ကြောင့် သူမဘယ်တော့မှ သူမကိုချစ်တဲ့သူတွေ သိက္ခာမကျအောင်
အပြစ်ကင်းအောင် နေခဲ့သည်။
မဟာ ခွန်နဲ့ရန်နိုင်နဲ့အတူ နယ်စပ်ဘက်က ကလပ်တစ်ခုအတွင်းသို့ ဝင်လာလိုက်သည်။ခွန်က သူတို့အားကြိုစောင့်နေသူကို သတင်းပေးသူနဲ့ချိတ်ခိုင်းလိုက်တော့ ထိုလူက အခန်းတစ်ခုသို့ ခေါ်သွားသည်။အခန်းထဲရောက်တော့ သတင်းပေးသူက အရမ်းလှတဲ့ ရှမ်းတရုတ်မတစ်ယောက်ဖြစ်နေတာမို့ အံဩသွားသည်။
"ဟေ့ မဟာ လှတယ်နော်"
"နှာဗူး လုပ်မနေနဲ့ အလုပ်ကိစ္စလာတာနော်ရန်နိုင်"
"အေးပါကွ"
"ကဲပြောပါအုံးလာရင်းကိ္စ္စလေ သတင်းကတော့ အရေးကြီးရင် ကြီးသလောက် ဒါလဲများတယ်နော်"
လက်ညိုးနဲ့ လက်မကို ဝိုင်းပြကာ ပြောလာတာမို့
"ကိစ္စမရှိဘူး ကျုပ်သိချင်တာ ကျုပ်လက်နက်တွေကို မသွားတဲ့ကောင်ကို သိချင်တာ"
"အော် ဟိုတစ်ခါ လက်နက်အချီကြီး လုခံရတဲ့ သူကမင်းလား"
"ဆိုပါတော့"
"ဒါဆိုရင် မင်းရဲ့ပြိုင်ဘက်က ပေါ့သေးသေးမဟုတ်ဘူးနော်"
"သူခိုးတစ်ယောက်က အထင်ကြီးစရာမရှိပါဘူး"
"အဟင်း ဟုတ်ပါပြီး သူနာမည်ကမုန်တိုင်းထန် သူလဲမင်းတို့လိုလူငယ်ပဲ မြေပြန့်သား ဒီကိုရောက်တာ သိပ်မကြာသေးဘူး ဒီဘက်မှာ သူကတစ်ခြားအရောင်းအဝယ်မလုပ်ပဲ ပစ္စည်းတွေကိုလုပြီ တစ်ခြားဝယ်လက်နဲ့ သူကပြန်ရောင်းတဲ့အလုပ်ကိုပဲ လုပ်တာ"
"သူကို ဘယ်မှာ တွေ့နိုင်မလဲ"
"ဒါတော့ တို့လဲမသိနိုင်ဘူး တို့ပေးနိုင်တာကတော့ ဒီတစ်ခုပဲ"
သူရှေ့ ပစ်ချလိုက်တဲ့ဓာတ်ပုံကို ကောက်ယူလို်ကပြီး ပိုက်ဆံအိတ်ကိုတင်လိုက်ကာ သုံးယောက်သား ထိုနေရာမှ ထွက်လာလိုက်သည်။သူအဖဲွ့သားတွေကို လောလောဆယ်
တောင်ကြီးကို ပြန်ခေါ်သွားပြီး အနားယူခိုင်းရမည်။သူဒီတစ်ခါ ခြေတစ်လှမ်းနောက်ဆုတ်လိုက်လိုက်မယ် ဒါပေမဲ့ နောက်တစ်ခေါက်တော့ မင်းအတွက် လက်ဆောင်ကောင်းကောင်းပေးဖို့ ပြင်ဆင်ရမှာပေါ့ မုန်တိုင်းရာ
စံတစ်ယောက် အရင်လို ဆေးရုံသွားလို်က်နဲ့
ပုံမှန်ဖြတ်သန်းနေသည်။ကိုယ်ကို သိပ်ချစ်ပါတယ်ဆိုတဲ့သူက တစ်ပတ်ကျော်တဲ့အထိ
ဖုန်းတစ်ချက်တောင် မဆက်ပေ။သေချာပါတယ် သူမအပေါ်သူ မလေးနက်ဘူးဆိုတာကို
မဟာတစ်ယောက် မောင့်အသည်းကို သတိရလို့ မနန်းတို့ အိမ်ကို ပြန်ရောက်ချင်းသွားခဲ့ပေမဲ့ သူမကသူကိုမစောင့်ပဲ မန္တလေးကို ပြန်သွားတယ် ဆိုတာကြောင့် သူစိတ်မောသွားသည်။ညတွင်းချင်းလိုက်သွားချင်ပေမဲ့ ရန်နို်င်က တားတာမို့ သူမနက်မှသွားဖို့ ဆုံးဖြတ်လိုက်သည်။တစ်ညလုံး အိပ်မပျော်တာမို့ ဆေးလိပ်တွေကိုသာ သောက်ရင်းမိုးလင်းခဲ့သည်။တစ်ယောက်ထဲ ကားပေါ်တက်ကား အကြမ်းမောင်းရင်း မောင့်အသည်းရှိရာ မန္တလာမြေသို့ ဉီတည်လိုက်သည်။
စံတစ်ယောက် ဆေးရုံမှာ လူနာတွေနဲ့အလုပ်ရှုပ်နေသည်။ဖုန်းမြည်နေပေမဲ့ သူမမကြည့်အားပေ။
"ဒေါက်တာ ဆေးရုံရှေ့မှာ ဒေါက်တာကို လူတစ်ယောက်ကတွေ့ချင်လို့တဲ့"
"အော် ဟုတ်လား ကျေးဇူးနော်ဆရာမ"
စံ သူမနဲ့ချိန်းထားသူ မရှိပေမဲ့ ဘယ်သူလဲဆိုတာကို ထွက်ကြည့်လိုက်သည်။ဆေးရုံရှေ့ရောက်တော့ ကားနားမှာရပ်နေကာဆေးလိပ်သောက်နေသော မဟာကြောင့်
သွားနေတဲ့ ခြေလှမ်းတွန့်ခနဲ ဖြစ်သွားသည်။
ဟင် သူလိုက်လာတယ် ဒုက္ခပါပဲ
" ဟေ့ ခင်ဗျားနော် လှည့်ပြန်ဖို့မစဉ္းစားနဲ့
ဆေးရုံရှေ့မှာ လာပွေ့ခေါ်ရမှာလား"
"ဟင် မင်းနော်"
စိတ်တိုသွားရင်း အနားသူမရောက်လာတော့
"မောင်ပါ ဘာမင်းလဲ လာတက်"
"အို ငါမှာဂျူတီရှိတယ် လိုက်လို့မရဘူး"
"လာပါ မောင်အကြမ်းမဖက်ချင်ဘူးနော်"
ကားကို ကျုံးဘေးနားရပ်ကာ သူမခါးပတ်ကို ဖြုတ်ပေးရင်း ခါးကိုပွေ့ဖက်ပြီး လွမ်းခဲ့ရသောသူမမျက်နှာလေးကို ကြည့်ရင်းသူမရဲ့လှပသော မျက်လုံး နှာခေါင်း နှုတ်ခမ်းလေးတွေက အပစ်ပြောစရာမရှိအောင်လှသည်။လွမ်းနေသော မျက်နှာလေးကို တစ်ဖွဖွနမ်းရင်း နှုတ်ခမ်းလေးကို အပေါ်တစ်လှည့်အောက်တစ်လှည့် နူးညံစွာနမ်းနေမိသည်။
စံလဲ နူးညံသော သူ့အနမ်းအောက် နှလုံးသားအလိုလိုက်ရင် အနမ်းများကို နှစ်ဉီးသား ပုံဖော်ရင်း ပတ်ဝန်းကျင်ကို မေ့လျက်။
zawgyi
အခန္း ၁၀
"ဟူး ဘုတ္"
အိတ္ကိုပစ္ခ်ၿပီး အိပ္ရာေပၚလွဲေလ်ာင္းကာ
နားလိုက္သည္။မႏၲေလးကိုျပန္ေရာက္တာမို႔
စိတ္ေအးရသည္။သူလဲအလုပ္ကိစၥေၾကာင့္ ခရီးသြားေနတာမို႔ သူမျပန္သြားတာကိုမသိေလာက္ေပ။မႏၲေလးလိပ္စာလဲမသိတာမို႔
ကိုယ္ၿမိဳ႕မွာေတာ့ သူလိုက္လာလဲသူမေ႐ွာင္လို႔ရႏိုင္သည္။ေကာင္ေလးကို ရင္ခုန္မိေပမဲ့
ခုျမင္ခုႀကိဳက္ ကိုယ္ကိုစိတ္ကစားေနတာလားမသိႏိုင္ေပ။သူမ ႏွလုံးသားအလိုကိုမလိုက္ႏိုင္ေသးေပ။သူမမွာရည္မွန္းခ်က္ေတြ ႐ွိေသးသည္။သူနဲ႔ပတ္သက္ေသာ အေတြးေတြကိုေဖ်ာက္ကာ ေရခ်ိဳးျပင္ဆင္ၿပီေအာက္ထပ္ဆင္းလာလိုက္သည္။
ထမင္းစားခန္းထဲ ဝင္လိုက္ေတာ့ အဘြားနဲ႔ဉီးေလးလင္မယား ကထမင္းဝိုင္းမွာ ေရာက္ေနသည္။
"ထိုင္ ေျမး ဟိုမွာေပ်ာ္ခဲ့ရဲ႕လား နန္းမိဘေတြေရာ ေနေကာင္းၾကလား "
"ေကာင္းတယ္ဘြားရဲ႕ ဘြားလိုက္မလာလို႔ေတာင္ အန္တီကေျပာေနတာ "
"သမီးေျပာေတာ့ တစ္လေနမွာဆို ခုဘယ္လိုျဖစ္လို႔ေစာျပန္လာတာလဲ"
အန္တီ သူဇာကေမးေနတာမို႔ စိတ္ထဲမလုံမလဲေတာင္ျဖစ္သြားသည္။
"သမီး သြားဖို႔ျပင္ဆင္ရမွာေတြမ်ားလို႔ ျပန္လာတာပါအန္တီ"
"အန္တီ နားတဲ့အခ်ိန္ သမီးကိုအဝတ္အစားနဲ႔ လိုအပ္တာေတြ လိုက္ဝယ္ေပးအုံးမယ္"
"အန္တီ သမီးမွာ႐ွိပါတယ္ မဝယ္ေပးပါနဲ႔"
"ကဲသမီး ျငင္းမေနနဲ႔ အန္ကယ္တို႔မွာ သမီးတစ္ေယာက္ထဲ႐ွိတာ သမီးအန္တီနဲ႔တူအရီးႏွစ္ေယာက္ shopping အတူသြားၾကဟုတ္ၿပီလား"
သူမရဲ႕အန္ကယ္ ျဖစ္သူဉီးေအာင္ျမင့္ထြန္း ကိုယ္တိုင္က ေျပာေနတာမို႔ လက္ခံလိုက္ရသည္။သူမတို႔ မ်ိဳး႐ိုးသည္ ဆရာဝန္မ်ိဳး႐ိုးလို႔ ေျပာရေအာင္ အဘိုးျဖစ္သူက ဆရာဝန္
ေမြးထားတဲ့ သူမအေဖနဲ႔အန္ကယ္ကလဲ ဆရာဝန္ပင္ သူမအေဖနဲ႔အေမက သူမငယ္ငယ္မွာ ကားအက္စီးဒင့္ ေၾကာင့္ ဆုံးသြားေတာ့ အဘြားနဲ႔ အန္ကယ္တို႔ကသာ သူမကို
ပ်ိဳးေထာင္ေပးခဲ့တာျဖစ္သည္။သားသမီးမ႐ွိတဲ့ အန္ကယ္တို႔မွာ သူမကိုသာ သမီးအရင္းလို ေစာင့္ေ႐ွာက္ခဲ့ၾကသည္။အေဖနဲ႔ အေမ မ႐ွိေတာ့ လို႔ သိမ္ငယ္မႈမ႐ွိေအာင္ ေမတၱာေတြေပးၾကသည္။ဒါ့ေၾကာင့္ သူမဘယ္ေတာ့မွ သူမကိုခ်စ္တဲ့သူေတြ သိကၡာမက်ေအာင္
အျပစ္ကင္းေအာင္ ေနခဲ့သည္။
မဟာ ခြန္နဲ႔ရန္ႏိုင္နဲ႔အတူ နယ္စပ္ဘက္က ကလပ္တစ္ခုအတြင္းသို႔ ဝင္လာလိုက္သည္။ခြန္က သူတို႔အားႀကိဳေစာင့္ေနသူကို သတင္းေပးသူနဲ႔ခ်ိတ္ခိုင္းလိုက္ေတာ့ ထိုလူက အခန္းတစ္ခုသို႔ ေခၚသြားသည္။အခန္းထဲေရာက္ေတာ့ သတင္းေပးသူက အရမ္းလွတဲ့ ႐ွမ္းတ႐ုတ္မတစ္ေယာက္ျဖစ္ေနတာမို႔ အံဩသြားသည္။
"ေဟ့ မဟာ လွတယ္ေနာ္"
"ႏွာဗူး လုပ္မေနနဲ႔ အလုပ္ကိစၥလာတာေနာ္ရန္ႏိုင္"
"ေအးပါကြ"
"ကဲေျပာပါအုံးလာရင္းကိၥၥေလ သတင္းကေတာ့ အေရးႀကီးရင္ ႀကီးသေလာက္ ဒါလဲမ်ားတယ္ေနာ္"
လက္ညိဳးနဲ႔ လက္မကို ဝိုင္းျပကာ ေျပာလာတာမို႔
"ကိစၥမ႐ွိဘူး က်ဳပ္သိခ်င္တာ က်ဳပ္လက္နက္ေတြကို မသြားတဲ့ေကာင္ကို သိခ်င္တာ"
"ေအာ္ ဟိုတစ္ခါ လက္နက္အခ်ီႀကီး လုခံရတဲ့ သူကမင္းလား"
"ဆိုပါေတာ့"
"ဒါဆိုရင္ မင္းရဲ႕ၿပိဳင္ဘက္က ေပါ့ေသးေသးမဟုတ္ဘူးေနာ္"
"သူခိုးတစ္ေယာက္က အထင္ႀကီးစရာမ႐ွိပါဘူး"
"အဟင္း ဟုတ္ပါၿပီး သူနာမည္ကမုန္တိုင္းထန္ သူလဲမင္းတို႔လိုလူငယ္ပဲ ေျမျပန္႔သား ဒီကိုေရာက္တာ သိပ္မၾကာေသးဘူး ဒီဘက္မွာ သူကတစ္ျခားအေရာင္းအဝယ္မလုပ္ပဲ ပစၥည္းေတြကိုလုၿပီ တစ္ျခားဝယ္လက္နဲ႔ သူကျပန္ေရာင္းတဲ့အလုပ္ကိုပဲ လုပ္တာ"
"သူကို ဘယ္မွာ ေတြ႕ႏိုင္မလဲ"
"ဒါေတာ့ တို႔လဲမသိႏိုင္ဘူး တို႔ေပးႏိုင္တာကေတာ့ ဒီတစ္ခုပဲ"
သူေ႐ွ႕ ပစ္ခ်လိုက္တဲ့ဓာတ္ပုံကို ေကာက္ယူလို္ကၿပီး ပိုက္ဆံအိတ္ကိုတင္လိုက္ကာ သုံးေယာက္သား ထိုေနရာမွ ထြက္လာလိုက္သည္။သူအဖဲြ႕သားေတြကို ေလာေလာဆယ္
ေတာင္ႀကီးကို ျပန္ေခၚသြားၿပီး အနားယူခိုင္းရမည္။သူဒီတစ္ခါ ေျခတစ္လွမ္းေနာက္ဆုတ္လိုက္လိုက္မယ္ ဒါေပမဲ့ ေနာက္တစ္ေခါက္ေတာ့ မင္းအတြက္ လက္ေဆာင္ေကာင္းေကာင္းေပးဖို႔ ျပင္ဆင္ရမွာေပါ့ မုန္တိုင္းရာ
စံတစ္ေယာက္ အရင္လို ေဆး႐ုံသြားလို္က္နဲ႔
ပုံမွန္ျဖတ္သန္းေနသည္။ကိုယ္ကို သိပ္ခ်စ္ပါတယ္ဆိုတဲ့သူက တစ္ပတ္ေက်ာ္တဲ့အထိ
ဖုန္းတစ္ခ်က္ေတာင္ မဆက္ေပ။ေသခ်ာပါတယ္ သူမအေပၚသူ မေလးနက္ဘူးဆိုတာကို
မဟာတစ္ေယာက္ ေမာင့္အသည္းကို သတိရလို႔ မနန္းတို႔ အိမ္ကို ျပန္ေရာက္ခ်င္းသြားခဲ့ေပမဲ့ သူမကသူကိုမေစာင့္ပဲ မႏၲေလးကို ျပန္သြားတယ္ ဆိုတာေၾကာင့္ သူစိတ္ေမာသြားသည္။ညတြင္းခ်င္းလိုက္သြားခ်င္ေပမဲ့ ရန္ႏို္င္က တားတာမို႔ သူမနက္မွသြားဖို႔ ဆုံးျဖတ္လိုက္သည္။တစ္ညလုံး အိပ္မေပ်ာ္တာမို႔ ေဆးလိပ္ေတြကိုသာ ေသာက္ရင္းမိုးလင္းခဲ့သည္။တစ္ေယာက္ထဲ ကားေပၚတက္ကား အၾကမ္းေမာင္းရင္း ေမာင့္အသည္း႐ွိရာ မႏၲလာေျမသို႔ ဉီတည္လိုက္သည္။
စံတစ္ေယာက္ ေဆး႐ုံမွာ လူနာေတြနဲ႔အလုပ္႐ႈပ္ေနသည္။ဖုန္းျမည္ေနေပမဲ့ သူမမၾကည့္အားေပ။
"ေဒါက္တာ ေဆး႐ုံေ႐ွ႕မွာ ေဒါက္တာကို လူတစ္ေယာက္ကေတြ႕ခ်င္လို႔တဲ့"
"ေအာ္ ဟုတ္လား ေက်းဇူးေနာ္ဆရာမ"
စံ သူမနဲ႔ခ်ိန္းထားသူ မ႐ွိေပမဲ့ ဘယ္သူလဲဆိုတာကို ထြက္ၾကည့္လိုက္သည္။ေဆး႐ုံေ႐ွ႕ေရာက္ေတာ့ ကားနားမွာရပ္ေနကာေဆးလိပ္ေသာက္ေနေသာ မဟာေၾကာင့္
သြားေနတဲ့ ေျခလွမ္းတြန္႔ခနဲ ျဖစ္သြားသည္။
ဟင္ သူလိုက္လာတယ္ ဒုကၡပါပဲ
" ေဟ့ ခင္ဗ်ားေနာ္ လွည့္ျပန္ဖို႔မစဉ္းစားနဲ႔
ေဆး႐ုံေ႐ွ႕မွာ လာေပြ႕ေခၚရမွာလား"
"ဟင္ မင္းေနာ္"
စိတ္တိုသြားရင္း အနားသူမေရာက္လာေတာ့
"ေမာင္ပါ ဘာမင္းလဲ လာတက္"
"အို ငါမွာဂ်ဴတီ႐ွိတယ္ လိုက္လို႔မရဘူး"
"လာပါ ေမာင္အၾကမ္းမဖက္ခ်င္ဘူးေနာ္"
ကားကို က်ံဳးေဘးနားရပ္ကာ သူမခါးပတ္ကို ျဖဳတ္ေပးရင္း ခါးကိုေပြ႕ဖက္ၿပီး လြမ္းခဲ့ရေသာသူမမ်က္ႏွာေလးကို ၾကည့္ရင္းသူမရဲ႕လွပေသာ မ်က္လုံး ႏွာေခါင္း ႏႈတ္ခမ္းေလးေတြက အပစ္ေျပာစရာမ႐ွိေအာင္လွသည္။လြမ္းေနေသာ မ်က္ႏွာေလးကို တစ္ဖြဖြနမ္းရင္း ႏႈတ္ခမ္းေလးကို အေပၚတစ္လွည့္ေအာက္တစ္လွည့္ ႏူးညံစြာနမ္းေနမိသည္။
စံလဲ ႏူးညံေသာ သူ႕အနမ္းေအာက္ ႏွလုံးသားအလိုလိုက္ရင္ အနမ္းမ်ားကို ႏွစ္ဉီးသား ပုံေဖာ္ရင္း ပတ္ဝန္းက်င္ကို ေမ့လ်က္။
Moon Shine