Unicode
အခန်း-၅၇ မင်းနဲ့အတူရှိချင်တယ်။
[မင်းအေးနေသေးရင် ငါ့ကိုဖက်ပြီးအိပ်ပါ...]
အချိန်အတန်ကြာ စဉ်းစားပြီးသည်အထိ စုယန်သည် ကုဖေးတိ၏အဆိပ်ကို လွှဲပြောင်းယူရန်မှာ အဘယ်ကြောင့် မိစ္ဆာဂိုဏ်း၏သခင်ငယ်ဖြစ်ရကြောင်း အကြောင်းပြချက်ကို ရှာမတွေ့သေးပေ။
သူက သူ့ကိုယ်သူ ဖြေသိမ့်လိုက်၏: ဒီကမ္ဘာမှာရှိတဲ့ အရာအားလုံးက စိတ်ကူးယဉ်ဆန်တယ်။ တချို့ ဇာတ်ကွက်တွေက တိကျသေချာမှူမရှိတာ ဒါမှမဟုတ် နားမလည်နိုင်တာတွေလဲ ဖြစ်ကောင်းဖြစ်နိုင်တာပဲလေ။ အဲဒီအချက်ကို အခြေခံပြီး ဖူလင်းယွင် 'ကြက်သွေးနီ ညှိုးနွမ်းခြင်း' ကျင့်စဉ် လေ့ကျင့်နိုင်သွားတာကို နားလည်ပေးလို့ရပါတယ်။
သည့်အပြင် ယခုအရေးကြီးသည်မှာ ဇာတ်လိုက်မ၏ သံသယဖြစ်ဖွယ် အချက်များကို ဆန်းစစ်ရန်မဟုတ်ဘဲ ရေခဲဝိညာဉ်ကြောင့် ဖြစ်ပေါ်လာသော ပြဿနာများကို ကျော်လွှားပြီး ကျင့်စဉ်ကို ကျွမ်းကျင်အောင် ဇွဲရှိရှိ လေ့ကျင့်ရန်ဖြစ်သည်။
စုယန်သည် စိတ်ကိုတည်အောင်ထားပြီး တင်ပျဉ်ခွေ ထိုင်ကာ မီးကိုထပ်မံငြိမ်းသတ်လိုက်သည်။ ပြီးနောက် သူ၏အတွင်းအားကို လှုံ့ဆော်လိုက်ပြန်၏။
ရေခဲဝိညာဉ်သည် အသွားနှစ်ဖက်ပါသော ဓားတစ်လက် ဖြစ်သော်လည်း အအေးပိုင်းနည်းပညာများကို လေ့ကျင့်ရာတွင် အမှန်တကယ် အကျိုးရှိသည်ဟု ဆိုရမည်ဖြစ်သည်။
စုယန်သည် 'ကြက်သွေးနီညှိုးနွမ်းခြင်း'၏ ပထမအဆင့်ကို ကျော်ဖြတ်ရန် သုံးရက်ခန့် အချိန်ယူခဲ့ရသည်။ အစကို ဖြတ်ကျော်ပြီးနောက် နှောင်းပိုင်းသည် အခက်အခဲ သိပ်မရှိတော့ပေ။ ရေခဲဝိညာဉ်၏အကူအညီဖြင့် နောက်နှစ်ရက် အကြာတွင် စုယန်သည် 'ကြက်သွေးနီညှိုးနွမ်းခြင်း'၏ ပထမအဆင့်ကို အောင်မြင်စွာ တတ်မြောက်သွား လေသည်။
စုယန်သည် တရားထိုင်ရာမှ မျက်လုံးဖွင့်လိုက်ပြီး ခြေလက်များကို ခဏတာ လှုပ်ရှားလိုက်သည်။ ၎င်းတို့သည် အေးခဲလုနီးပါး တောင့်တင်းနေ သောကြောင့် အပူချိန်ကို ပုံမှန်ပြန်ဖြစ်အောင်လုပ်ရန် အမှောင်ထဲ၌ ခဏတာ ခုန်ပေါက်နေခဲ့၏။ ထို့နောက် မီးတိုင်ကို ထွန်းညှိကာ သူတို့နှစ်ဦးတည်းခိုသော ကျောက်ခန်းဆီသို့ ပြန်သွားခဲ့သည်။
မည်သည့်အကြောင်းကြောင့်မှန်း မသိသော်လည်း စုယန်သည် 'ကြက်သွေးနီညှိုးနွမ်းခြင်း'အား လေ့ကျင့်ရန် သူပေးဆပ်ရသည့် တန်ဖိုးများကို ကုဖေးတိအား မပြောပြချင်ပေ။
ထို့အပြင် သူ့အပေါ်သက်ရောက်သည့် ရေခဲဝိညာဉ်၏ ဆိုးကျိုးများကိုလည်း ကုဖေတိအား မသိစေလိုပါ။
ထို့ကြောင့် ကုဖေးတိအား အခန်းထဲဝင်လာ၍ သူ့ကိုမရှာရန် အထူးညွှန်ကြားထားခဲ့သည်။ အကြောင်းပြချက်ကတော့ 'ကြက်သွေးနီညှိုးနွမ်းခြင်း' ကို လေ့ကျင့်နေစဉ် အလင်းရောင် မမြင်ရဘူးဟူ၍ပင်။
ကုဖေးတိသည် အလွန်နာခံပြီး စုယန်ကို ဘယ်တုန်းကမှ လာမနှောက်ယှက်ခဲ့ပေ။ နေ့တိုင်း သူသည် စားပွဲ၌ ငြိမ်သက်စွာ ထိုင်ပြီး သူ့စိတ်ကိုတည်ငြိမ်စေရန် စာများရေးသားနေခဲ့သည်။
စုယန် ကျောက်ခန်းထဲသို့ ပြန်ရောက်လာသည်ကို မြင်သောအခါ ကုဖေးတိက သူ့စုတ်တံကို ချလိုက်ပြီး မေးလာသည်။
"ဘယ်လိုနေလဲ?"
စုယန်က ပြုံးလိုက်ပြီး စားပွဲတစ်ဖက်မှာ ဝင်ထိုင်ကာ ဂုဏ်ယူစွာဖြင့် မျက်ခုံးပင့်လိုက်သည်။
"ဒီသခင်ငယ်က လေ့ကျင့်တဲ့နေရာမှာ ဆိုးရွားတဲ့ အခြေအနေမျိုးတွေ တစ်ခါမှ မကြုံဖူးပါဘူး။ ဒီနေ့ ပထမအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ပြု အခမ်းအနားတစ်ခုလုပ်ပေးရမယ်"
ကုဖေးတိက ရယ်မောလိုက်ပြီး ဆို၏။
"ဒီနေရာမှာလက်ဖက်ရည်နဲ့ သေရည်မရှိဘူး၊ ငါတို့ ဘယ်လို ဂုဏ်ပြုကြမလဲ?"
စုယန်က ခဏစဉ်းစားပြီးနောက် ပြောလာသည်။
"ကိစ္စမရှိပါဘူး။ သီဆိုကခုန်ပြီး ဂုဏ်ပြုလို့ ရသေးတယ်လေ။ မင်းသီချင်းမဆိုတတ်ဘူးလို့ ပြောခဲ့ဖူးတယ်မလား? ဘာလို့ငါ့ကို မသင်ခိုင်းတာလဲ?"
ကုဖေးတိက မျက်ခုံးပင့်လိုက်သည်။
"မင်းက သီချင်းဆိုတတ်တယ်ပေါ့"
စုယန်က ပြောသည်။
"ငါက ကျွမ်းကျင်အဆင့်တော့ မဟုတ်ပေမယ့် အနည်းဆုံးတော့ ငါ့ရဲ့အသံနှုန်းအနိမ့်အမြင့်က လိုင်းမှန်ပေါ်မှာ ရှိပါတယ်။ မင်းကိုသင်ပေးရတာက ငါ့အတွက် ပြဿနာမဟုတ်ဘူး"
ကုဖေးတိက ရှုပ်ထွေးသောအမူအရာဖြင့် မေးလာသည်။
"အသံက လိုင်းဘာဖြစ်တယ်?"
စုယန် "......"
သူသည် မကြာသေးမီက စိတ်အေးလက်အေး နေခဲ့သောကြောင့် ခေတ်မီဘန်းစကားကို မှားပြောမိသွားခြင်းဖြစ်သည်။
စုယန်က ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် ဆို၏။
"ဒါက မိစ္ဆာဂိုဏ်းရဲ့ဘန်းစကားတစ်ခုပါပဲ။ ငါသီချင်းဆိုတာ အတော်လေးကောင်းတယ်လို့"
ကုဖေးတိက ပြုံးလိုက်၏။
"ဒါဆို မင်းအရင်ဆိုပြရင်ရော ဘယ်လိုလဲ။ မင်းဆိုတာ နားထောင်ပြီးမှ ငါသင်ချင်၊မသင်ချင် ဆုံးဖြတ်မယ်လေ"
စုယန် ခဏတာ စဉ်းစားလိုက်ပြီးနောက် တစ်ချိန်က သူကြိုက်ခဲ့ဖူးသော သီချင်းတစ်ပုဒ်ကို ရွေးချယ်ကာ သီဆိုလိုက်လေသည်။
"လူပင်လယ်မှာ တစ်ယောက်တည်း အထီးကျန်စွာ လျှောက်လှမ်းရင်း~~ ဖုန်မှုန့်လို ပေါ့ပါးတဲ့ ခြေသံရယ်~ ငါ့ရဲ့တစ်ကိုယ်တည်း စကားသံကို ဘယ်သူမှ မကြားနိုင်ဘူးကွယ်~~"
"မင်းဟာ ရာသီလေးခုအပြင်မှာ ပေါ်လာ~~ နေ့နဲ့ ညကို ခွဲခွာကာ မင်းရဲ့လက်ချောင်းထိပ်လေးတွေ ငါ့အဝတ်ပေါ် တင်ရင်း ငါ့ကိုမင်းရဲ့ကမ္ဘာငယ်လေးဆီ ခေါ်ဆောင်ခဲ့တယ်..."
ဤသီချင်းသည် လူနှင့်တစ္ဆေကြားရှိ ချစ်ခြင်းမေတ္တာ အကြောင်း ရိုက်ကူးထားသောရုပ်ရှင်၏ ဇာတ်ဝင်တေးဖြစ်ပြီး ၎င်း၏အေးချမ်းသော တေးသွားနှင့် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာတို့ကြောင့် ကျယ်ကျယ်ပြန့်ပြန့် သီဆိုခဲ့ကြလေသည်။
"... အကြောက်တရားကြောင့် အချစ်ကို ရှုံးနိမ့်ခဲ့ရတဲ့ငါ~~ မျှော်လင့်ချက်တွေကို ဖျောက်ဖျက်ပစ်ဖို့ရာ၊ မင်းရဲ့လမ်းခရီးမှာ ငါ့အတွက် နေရာလွတ်လေး ချန်ရစ်ခဲ့ပါ~~ နောင်ဘဝမှာတော့ မင်းနဲ့အတူရှိနိုင်ဖို့ မျှော်လင့်မိပါရဲ့"
စုယန် သီဆိုပြီးသောအခါတွင် သူကပြုံးလျက် မျက်လုံးလေး မှေးကျဥ်းကာ မေးလိုက်သည်။
"ငါ့အသံကောင်းတယ်မလား?"
ကုဖေးတိသည် စုယန်အား မည်သည့်အမူအရာမှမရှိဘဲ ကြည့်နေသော်လည်း စားပွဲအောက်ရှိ သူ့လက်များကို တင်းကျပ်စွာ ဆုပ်ထားသည်။
သူသည် အံကြိတ်ကာ အချိန်အတော်ကြာ သည်းခံထား သော်လည်း နောက်ဆုံးတွင် သူ့နှလုံးသား၏ နာကျင်မှုကို မခံနိုင်တော့ပေ။ သူက ခေါင်းငုံ့ပြီး အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်၏။ စားပွဲပေါ်ရှိ စာရွက်အပိုင်းအစများပေါ်၌ သွေးနက်များ ပြန့်ကျဲသွားလေသည်။
"ဝေ့...! မင်း!"
စုယန်က အလွန်စိုးထိတ်သွားပြီး သီချင်းဆိုစဉ်က ပျော်ရွှင်မှုများပင် ပျောက်ကွယ်သွားရသည်။ သူက ဘေးတွင် အမြန်ဝင်ထိုင်လိုက်ပြီး ကုဖေးတိအား သူ့ရင်ခွင်ထဲ ဆွဲသွင်းကာ စိုးရိမ်တကြီး မေးလိုက်သည်။
"မင်းဒဏ်ရာက ဘာလို့ မသက်သာသေးတာလဲ?"
ကုဖေးတိသည် နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ရန် လက်ကို မြှောက်လိုက်၏။ သူက တိုးညှင်းစွာ ဆိုသည်။
"ဒဏ်ရာကိုကုသဖို့အတွက် အတွင်းအား ထပ်မသုံးနိုင်တာမလို့ သဘာဝအတိုင်း ပြန်ကောင်းဖို့က နှေးလိမ့်မယ်"
စုယန်က မေးလိုက်သည်။
"မင်းဆေးရော သောက်ပြီးပြီလား?"
ကုဖေးတိက ခေါင်းညိတ်၏။
"ငါသောက်ပြီးပြီ။ ဒါပေမယ့်... အဲဒါက သိပ်ပြီး မထိရောက်ဘူး"
ဤရက်အနည်းငယ်တွင် စုယန်သည် 'ကြက်သွေးနီညှိုးနွမ်းခြင်း 'ကို လေ့ကျင့်ခြင်း၌သာ နစ်မြှုပ်ခဲ့နေပြီး ကုဖေးတိ၏ အခြေအနေကို သိပ်ဂရုမစိုက်မိခဲ့ပေ။ လက်ရှိမှာတော့ သူ့မျက်စိရှေ့ရှိ ကုဖေးတိဟာ အချင်းချင်း တိုက်ခိုက်ခဲ့သည့် အချိန်တုန်းကနှင့်ယှဉ်လျှင် ကိုယ်အလေးချိန် အင်မတန် လျော့ကျသွားပုံရလေသည်။ သူ၏ခန္ဓာကိုယ်သည် ကူအဆိပ်နှင့် အတွင်းဒဏ်ရာများကြောင့် ကြီးမားစွာ ထိခိုက်ခံခဲ့ရကြောင်း ထင်ရှားပေ၏။
ထိုအတွေးဝင်လာသည်နှင့်တပြိုင်နက် စုယန် စိတ်ဆင်းရဲသွားသည်။
သူသည် ကုဖေးတိ၏ သွေးခုန်နှုန်းကို ရင်တထိတ်ထိတ်ဖြင့် စမ်းသပ်ခဲ့သော်လည်း သူ၏ပြင်းထန်သော နှလုံးခုန်သံမှလွဲ၍ အခြားမည်သည်ကိုမှ မခံစားနိုင်ခဲ့ပေ။
စုယန်က စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်၏။
"မင်းအတွက် ငါလုပ်ပေးနိုင်တာ တစ်ခုခုရှိလား? ငါ့ရဲ့ အတွင်းအားနဲ့ မင်းကိုကုပေးမယ်ဆိုရင်ရော? ဘယ်လိုမျိုး လုပ်ရတာလဲဆိုတာ ငါ့ကိုပြောပြပေးလေ"
ကုဖေးတိက စုယန်၏ ရင်ဘတ်ကိုမှီလျက် သူ့အား မော့ကြည့်လိုက်သည်။
သူတို့နှစ်ဦးသည် အလွန်တရင်းတနှီးရှိလှပြီး တစ်ယောက်၏ အသက်ရှုသံကို တစ်ယောက် ကြားနိုင်လောက်အောင်ပင် နီးကပ်နေသည်။
ကုဖေးတိသည် မျက်မှောင်ကြုတ်လျက် အံကြိတ်ကာ ပြောလေသည်။
"မင်းကိုယ်မင်း ကုသ,သလိုပါပဲ၊ မင်းရဲ့အတွင်းအားကို ငါ့ရဲ့မယ်ရီဒန်တွေထဲပို့လွှတ်ပြီး ဒဏ်ရာတဝိုက် လည်ပတ်ပေး..."
စုယန်က သူ့လက်ဖဝါးကိုဖြန့်ပြီး အနားကို တိုးကပ်လိုက်၏။ သို့သော် ဘယ်ကနေစရမှန်းမသိဘဲ အချိန်အတန်အကြာ တုံ့ဆိုင်းနေခဲ့သည်။ ကုဖေးတိသည် စုယန်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ဖဝါးကို သူ့နှလုံးသားပေါ် ဖိကပ်စေလေသည်။
"ရှန်ကျုံး? ဒါက... အရမ်းအန္တရာယ်မများဘူးလား?"
စုယန်က မျက်မှောင်မကြုတ်ဘဲ မနေနိုင်ပေ။
ရှန်ကျုံးသည် လူ့ခန္ဓာကိုယ်ရှိ အလွန်အရေးကြီးသော ကုထုံးတစ်ခုဖြစ်သည်။
မသမာသောသူတစ်ယောက်သည် အတွင်းအား ပမာဏများများဖြင့် ထိုနေရာသို့ တွန်းလိုက်ပါက ချက်ချင်း သေသွားနိုင်သည်။
"အဆင်ပြေပါတယ်" ကုဖေးတိက ပြော၏။
"မင်းငါ့ကိုအန္တရာယ်မပေးဘူးလို့ငါယုံတယ်"
စုယန် ဖြည်းညှင်းစွာ အသက်ရှူသွင်းရင်း ခေါင်းညိတ် လိုက်သည်။ သူ၏လက်ဖဝါးမှတဆင့် ကုဖေးတိ၏ ခန္ဓာကိုယ်ထဲသို့ အတွင်းအားကို ဖြည်းညှင်းစွာ ထည့်သွင်းပြီးနောက် သူ၏ရင်ဘတ်ဒဏ်ရာတဝိုက် စုစည်းကာ လှည့်ပတ်လိုက်သည်။
သို့သော် ကုဖေးတိသည် ရုတ်တရက် ပြင်းထန်စွာ တုန်လှုပ်သွားလေ၏။ သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး မညည်းတွားဘဲမနေနိုင်။
စုယန်သည် အလွန်ထိတ်လန့်သွားပြီး လက်ဖဝါးကို ချက်ချင်းပြန်ခွာလိုက်သည်။
"ဘာဖြစ်တာလဲ?!"
နာကျင်မှုများ လျော့ပါးသွားသောအခါ ကုဖေးတိက ပြောလာ၏။
"ကူအဆိပ်က... မင်းရဲ့ အတွင်းအားတွေကို တုံ့ပြန်တိုက်ခိုက်လိမ့်မယ်"
"ဒါဆို ဒဏ်ရာကိုကုစားဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာလား?"
စုယန် အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်တယ်... ဒဏ်ရာကို အတွင်းအားနဲ့ ကုသဖို့ မဖြစ်နိုင်ဘူး"
ကုဖေးတိက ဆက်ပြော၏။
"ငါတို့ဆေးကိုပဲ အားကိုးမှရတော့မယ်... ဖြည်းဖြည်းချင်း ပြန်သက်သာလာမှာပါ... မင်း..."
စုယန်က ကုဖေးတိရဲ့ ပုခုံးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူထိုင်နေသည်မှာ ကြာပြီ ဖြစ်သောကြောင့် လဲလျောင်းရန် ဖြည်းဖြည်းချင်း ကူညီပေးလိုက်လေ၏။
"မင်းအနားယူနေလိုက်အုံး" သူက လေးနက်စွာ ပြောလိုက်သည်။
"ငါ ဆက်လေ့ကျင့်လိုက်အုံးမယ်" ထို့နောက် သူ ထကာ အခန်းထဲသို့ ပြန်ဝင်ရန်ပြင်လိုက်သည်။
"ခဏ.." ကုဖေးတိက ပြောလာ၏။
"စုယန်.."
စုယန်က လှည့်ကြည့်လာပြီး ပြန်ပြောလေသည်။
"အခု အကောင်းဆုံးနည်းလမ်းကတော့ 'ကြက်သွေးနီ ညှိုးနွမ်းခြင်း' အဆင့်သုံးဆင့်ကို မြန်မြန်ပြီးမြောက်ပြီး မင်းဆီက ကူအဆိပ်ကို လွှဲယူတာပဲ။ ဒါမှ ဒဏ်ရာတွေကို ကုစားဖို့ မင်းရဲ့အတွင်းအားကို ပြန်သုံးနိုင်မှာပေါ့..."
ကုဖေးတိက သက်ပြင်းတစ်ချက်ချလိုက်ပြီး ဆိုသည်။
"အလျင်လိုစရာမလိုပါဘူး.. မင်းဒီနေ့ တစ်ဆင့် အောင်မြင်ပြီးပြီပဲ။ ဘာလို့ တစ်ညလောက် အနားမယူတာလဲ?"
"အချိန်တွေက ကုန်တာမြန်တယ်" စုယန်က ကုဖေးတိစကားကို ငြင်းပယ်သည်။
"တစ်ရက်ပဲဖြစ်ဖြစ် နေ့တစ်ဝက်ပဲဖြစ်ဖြစ် ပိုပြီး မြန်မြန်လုပ်တာ အကောင်းဆုံးဘဲ"
သူပြောပြီးသည်နှင့် ခေါင်းလှည့်လိုက်သော်လည်း ကုဖေးတိက တိုးလျသောအသံဖြင့် ပြောလာသည်ကို ကြားလိုက်ရလေသည်။
"... ငါနဲ့ခဏလောက် အတူနေပေးလို့ရမလား?"
စုယန်က သူ့ခြေလှမ်းကို ရပ်တန့်လိုက်၏။
ယခုအချိန်မတိုင်မီအထိ ကုဖေးတိသည် ဤမျှအားနည်းသော အသွင်မျိုးကို တစ်ခါမျှ မပြခဲ့ဖူးပါချေ။ စုယန် လှည့်ကြည့်လိုက်သောအခါ ကုဖေးတိ၏ မျှော်လင့်နေသော အမူအရာကို မြင်လိုက်ရသည်။
သူ့နှလုံးသားက ချက်ချင်း ပျော့ပျောင်းသွားရ၏။
သူသည် ကုဖေးတိဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး ပြောလိုက်သည်။
"ကောင်းပြီ။ ငါမင်းကို အဖော်ပြုပေးမယ်။ မင်းခဏလောက် အိပ်လိုက်။ များများအနားယူမှ မင်းရဲ့ဒဏ်ရာက ပိုမြန်မြန်သက်သာလာမှာပေါ့"
ကုဖေးတိက ခေါင်းခါပြီး ပြောလေ၏။
"မင်းငါ့ကို သီချင်းဆိုနည်းသင်ပေးမယ်ဆို"
စုယန် အံ့အားသင့်သွားပြီး မေးလိုက်သည်။
"မင်းတကယ် သင်ချင်တာလား?"
ကုဖေးတိက ပြုံးလိုက်၏။
"ဒါပေါ့.. အဲဒီသံစဉ်က အရမ်းကောင်းတယ်"
"ကောင်းပြီ။ ငါတစ်ကြောင်းဆိုမယ်.. မင်းနောက်ကလိုက်ဆို" စုယန်က ပြောလိုက်သည်။
ကုဖေးတိသည် လျင်မြန်စွာ သင်ယူတတ်သူဖြစ်ပြီး သုံးကြိမ် တိုင်ပေးပြီးနောက် သူသည် သီချင်း စာသားများနှင့် သံစဉ်များကို လုံးလုံးလျားလျား တတ်မြောက်သွားသည်။ ဒဏ်ရာကြောင့် အနည်းငယ် အသက်ရှူအားနည်းနေသော်လည်း သူ့အသက်ရှူသံက တည်ငြိမ်နေလေသည်။ ယင်းက ကုဖေးတိသည် အဆိုတော်တစ်ဦးဖြစ်ရန် အရည်အချင်းရှိကြောင်း စုယန်အား ခံစားရစေသော်လည်း ၎င်းသည် စိတ်ကူးယဉ်သိုင်းပညာလောကတစ်ခုဖြစ်သောကြောင့် နှမြောစရာပင်။
နှစ်ကြိမ်တိုင်တိုင် သီဆိုပြီးနောက် ကုဖေးတိသည် သီချင်းစာသားမပါဘဲ သံစဉ်ကို တီးမှုတ်နေတော့သည်။
စုယန်က မေးလိုက်၏။
"မင်း ဒီသီချင်းကို ကြိုက်လား?"
ကုဖေးတိက သူ့ဆီသို့ စောင်းကြည့်လာပြီး ခေါင်းညိတ် ပြသည်။ သူ၏နက်မှောင်သော မျက်လုံးများမှာ ရွှင်မြူးနေလေသည်။
"အင်း.. ငါကြိုက်တယ်"
စုယန်က ပြုံးလိုက်သည်။ သူသည် ကုဖေးတိဘေးတွင် လှဲလျောင်းနေပြီး နှစ်ယောက်သား စကားစမြည် ပြောရင်း ဂူထိပ်မှ တွဲလျားကျနေသော ကျောက်စက်ပန်းဆွဲများကို ကြည့်နေကြသည်။
ကုဖေးတိသည် မျက်လုံးများကိုမှိတ်လိုက်ပြီး သီချင်းကို ထပ်မံသီဆိုလိုက်၏။ စုယန်သည် နားထောင်နေရင်း တဖြည်းဖြည်း အိပ်ငိုက်လာပြီး နောက်ဆုံး အိပ်ပျော်သွားတော့သည်။
ထို့နောက် သူ ကျောက်စိမ်းကြေးမုံရေကန်ကို အိပ်မက်မက်လေ၏။ ကန်ရေ၏အေးစက်မှုက သူ၏အရေပြားကို ထိုးဖောက်ဝင်ရောက်ကာ အရိုးများ အတွင်းသို့ တဖြည်းဖြည်း စိမ့်ဝင်သွားပြီး အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် သူ့နှလုံးသားကို တုန်လှုပ်သွားစေသည်။
စုယန်သည် ကုဖေးတိအား ကျားကုတ်ကျားခဲ ဆုပ်ကိုင်ထားပြီး မည်းမှောင်နေသော ရေပြင်ကို ဖြတ်ကာ လမ်းကြောင်းရှာရန် ကြိုးစားနေသည်...
ပုလဲစံအိမ်တော်ဆီသို့ ဦးတည်သွားသော ဤနေရာတွင် လမ်းကြောင်းတစ်ခုရှိသည်ကို သူသတိရမိ၏။ သို့သော် အကြောင်းတစ်ခုခုကြောင့် ရေသည် တရွေ့ရွေ့ လည်ပတ်နေသဖြင့် သူ့အား အသက်ရှုရခက်စေသည်။
ရုတ်တရက် သူ့လက်ထဲရှိ ကုဖေးတိဆီက နွေးထွေးသော အသက်ရှုသံကို ခံစားလိုက်ရပြီး သူ့နားထဲမှာ အသံတိုးတိုးလေး ထွက်ပေါ်လာသည်။
"..စုယန်၊ ထပါတော့"
စုယန်သည် သူ့ရင်ခွင်ထဲရှိ နွေးထွေးမှုလေးကို ပို၍ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး သူ့စိတ်ဝိညာဉ်ကို အေးခဲလုနီးပါးဖြစ်စေသည့် အအေးဓာတ်ကိုလျှော့ချရန် ကြိုးစားနေလေသည်။
"စုယန် ထတော့.. အဟွတ် အဟွတ်.."
ကုဖေးတိသည် ကူအဆိပ်၏ပြင်းစွာသောဝေဒနာကို တောင့်ခံရင်း စုယန်၏ပခုံးများကိုကိုင်ကာ အတွင်းအား ပို့လွှတ်ပြီး ရေခဲတုံးတစ်ခုထဲသို့ အေးခဲသွားတော့မည့် စုယန်ကို အစွမ်းကုန်နွေးထွေးအောင် ကြိုးစားနေလေသည်။
စုယန်၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်စွာ တုန်ခါနေပြီး ပါးလွှာသော ရေခဲမှုန်များသည် သူ၏ပုခုံးများနှင့် မျက်ခုံးများ ပေါ်တွင် စတင်ဖြစ်ပေါ်လာသည်။ ကုဖေးတိသည် အတွင်းအားကို ထိန်းကျောင်းရင်း စုယန်၏ နဖူးကိုဖိကာ အော်နှိုးလိုက်သည်။
"စုယန်! စုယန်! ထပါတော့!"
နောက်ဆုံးတွင် စုယန်သည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ ချက်ချင်းဆိုသလို သူ တုန်လှုပ်သွားပြန်၏။
သူသည် ကုဖေးတိ၏ခါးတစ်ဝိုက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း အေးစက်မှုကြောင့် မေးရိုးက တဆတ်ဆတ် တုန်နေသည်။
"အေးလိုက်တာ..."
ကုဖေးတိက သွေးတစ်လုတ်ကို မျိုချလိုက်ပြီး ပြော၏။
"မင်းဘာဖြစ်နေတာလဲ?"
စုယန်သည် မသိစိတ်က ကုဖေးတိကိုဖက်ထားပြီး သူ့ထံမှ အပူဓာတ်ကို လောဘတကြီး ခိုးယူနေသည်။ ခဏကြာတော့ သူဖြည်းဖြည်းချင်း ပြန်လွှတ်လိုက်ပြီး နှုတ်ဆိတ်နေ၏။
ကုဖေးတိက ပါးစပ်ကိုအုပ်ပြီး ချောင်းနှစ်ကြိမ် ထပ်ဆိုးလိုက်သည်။
"အဲဒါက 'ကြက်သွေးနီညှိုးနွမ်းခြင်း'နဲ့ သက်ဆိုင်နေတာလား?"
စုယန် နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွား၏။
"အင်း... နည်းနည်းတော့ ဆက်စပ်နေတယ်။ ဒါပေမယ့် သိပ်မပြင်းထန်ပါဘူး။ အဲဒါက အမြဲတမ်းတော့ ဖြစ်မလာနိုင်ဘူး။ မကြာသေးခင်ကမှ ပထမအဆင့်ကို အောင်မြင်ထားတာဆိုတော့ အသားမကျသေးတာ ဖြစ်နိုင်တယ်"
အတန်ကြာ တိတ်ဆိတ်ပြီးနောက် ကုဖေးတိက မေးလာသည်။
"မင်း အေးနေသေးလား?"
"အများကြီး ပိုနေလို့ကောင်းနေပြီ" စုယန်က ပြော၏။
"အင်း.. မင်းအေးနေသေးရင်..." ကုဖေးတိ ခေတ္တတုံ့ဆိုင်းပြီးမှ ဆက်ပြောသည်။ "..ငါ့ကိုဖက်ထားပြီး ပြန်အိပ်နေလေ"
စုယန် မှင်သက်သွားသော်လည်း ပြုံးစိစိသာ လုပ်လိုက်ပြီး ဘာမှပြန်မပြောပေ။
ညသန်းခေါင်ကျော်လေပြီ။
စုယန်သည် အလွန်အေးချမ်းစွာ အိပ်မောကျနေလေ၏။
သူအိပ်ပျော်နေသည်ကိုမြင်သောအခါ ကုဖေးတိက တိတ်တဆိတ် မီးတိုင်ကိုယူလိုက်ပြီး 'ကြက်သွေးနီ ညှိုးနွမ်းခြင်း' ကျင့်စဉ်ထွင်းထုထားရာ အခန်းဆီသို့ ဝင်သွားလိုက်သည်။
၎င်းကို ရှာတွေ့ပြီးနောက် အစမှအဆုံး သေချာ ဖတ်ရှုလိုက်၏။ လေ့ကျင့်သူ၏ခန္ဓာကိုယ်ကို ထိခိုက်စေသည့် သတိပေးချက် သို့မဟုတ် ညွှန်ကြားချက်များ မရှိကြောင်း သေချာစေခဲ့သည်။ ထို့အပြင် ဤကျင့်စဉ်သည် အမှန်တကယ်ပင် ကူအဆိပ်များကို နှိမ်နင်းနိုင်သည့် ရတနာတစ်ပါး ဖြစ်သည်။ ၎င်းကို လွှဲပြောင်းပြီးနောက် လုံးဝ မဖယ်ရှားနိုင်သော်လည်း ဆယ်စုနှစ်များစွာ လုံးလုံး နှိမ်နင်းထားနိုင်မည်ဖြစ်ပေသည်။
ထိုကျင့်စဉ်၌ ပြဿနာမရှိကြောင်း အကြိမ်ကြိမ်အခါခါ အတည်ပြုပြီးသော်လည်း ကုဖေးတိမှာ သံသယတွေ ရှိနေတုန်းပင်။ သို့သော် အနည်းငယ်တော့ စိတ်သက်သာရာ ရသွားခဲ့သည်။ အပြင်ဘက် ကျောက်ခန်းဆီသို့ ပြန်ရောက်သောအခါ စုယန်အား သူ့ရင်ခွင်ထဲတွင် ညင်သာစွာ ပွေ့ဖက်ထားရင် မျက်လုံးများမှိတ်ကာ အိပ်ပျော်သွားတော့၏။
နှစ်ယောက်စလုံး အနားယူပြီးသည်နှင့် စုယန်သည် အခန်းထဲသို့ပြန်သွားကာ 'ကြက်သွေးနီညှိုးနွမ်းခြင်း' ဒုတိယအဆင့်ကို စတင်လေ့ကျင့်ခဲ့သည်။
ကုဖေးတိသည် စားပွဲမှာထိုင်ပြီး စုတ်တံကိုကိုင်ကာ စာကို တိတ်တဆိတ် ဆက်ရေးတော့မည်အပြု စာရွက်ပေါ်၌ သွေးများစွန်းထင်းနေသည်ကို တွေ့လိုက်ရလေသည်။ သွေးစွန်းနေသော စာရွက်ကို ခဏတာ စိုက်ကြည့်နေပြီးနောက် စာရွက်သစ် တစ်ရွက်ကို ပြောင်းလဲလိုက်လေ၏။
စုတ်တံ၏ထိပ်ဖျားသည် ပေါ့ပေါ့ပါးပါးရွေ့လျားနေပြီး စက္ကူပေါ်တွင် လှပသောစည်းချက်ဖြင့် မှင်အမှတ်အသားများကို ချန်ထားခဲ့သည်။ လှပသိမ်မွေ့သော စာလုံးများအား တစ်ခုနှင့်တစ်ခု ပေါင်းစပ်လိုက်သောအခါတွင် သီချင်းစာသား တစ်ခုအဖြစ် တဖြည်းဖြည်း ပုံပေါ်လာလေသည်။
လူပင်လယ်ဝယ် မင်းဘယ်ချိန်ပြန်လာမလဲ ငါမေးမိတယ်~~ ငါမြတ်နိုးရသောပန်းပွင့်ငယ် ဖုန်မှုန့်များနှင့် မစွန်းထင်းကွယ်~ ဆံနက်ပိုးမျှင်များရယ် မြူခိုးသဖွယ်~~ မျက်ခုံးနက်နက်များမှာ တောင်တန်းကဲ့သို့ လှပတယ်...
ချင်းဝူနယ် ကျောက်စိမ်းအိမ်အပြင်ဘက်က ကျောက်တုံးကျောက်ဆောင် ကမ္ဘာငယ်~~ အနီရောင် ခေါင်းစည်း တလွင့်လွင့်က နူးညံ့ချိုအီသော မွှေးရနံ့များကို သယ်ဆောင်ကာရယ် ထိုလူသား၏ နှလုံးသားဟာ မှန်းဆဖို့ရာ ခက်လှတယ်...
နွေဦးနှင့် နေဝင်ချိန်ဟာ လှပမှန်းသိလျက်နှင့် ဖယောင်းတိုင် မီးအောက်ဝယ် စာအုပ်ကိုဖွင့်ခဲ့ရတယ်~~ ကျောက်စိမ်း ကြေးမုံရေကန်နှယ်~~ ပုလဲငယ်ကို နှစ်နှစ်ကြာ ဖုံးကွယ်လို့ရယ် မှိန်ဖျော့သွားသော လမင်းငယ်နှင့် ခွဲရက်လှတယ်...
ဒီဘဝဝယ် မင်းနဲ့အတူရှိရဖို့ ငါတောင်းဆုချွေပါတယ်..
_7.7.22
စာရေးဆရာမှာပြောစရာရှိပါတယ်:
ငါခေါင်းမွှေးပြောင်အောင် သီချင်းနှစ်ပုဒ်ရေးခဲ့တယ်။
T/N: ကိုယ်လည်း ခေါင်းမွှေးပြောင်အောင် ဘာသာပြန်ရတာပါနော် ಥ‿ಥ အဆင်မပြေလည်း သည်းခံပြီး ဖတ်လိုက်ကြပါ။
ပြီးတော့ စိတ်လေးနည်းနည်းရှည်ပေးကြပါလို့။ နောက်အပိုင်းဆို ရှင်တို့မျှော်နေတဲ့အခန်း ရောက်ပါပြီ။ မြန်မြန်လေး upမယ်ပြောပြီး ကြာနေတာသိပါတယ် ဒီအတွက်လည်း တောင်းပန်ပါတယ်လို့~♥
Zawgyi
အခန္း-၅၇ မင္းနဲ႕အတူရွိခ်င္တယ္။
[မင္းေအးေနေသးရင္ ငါ့ကိုဖက္ၿပီးအိပ္ပါ...]
အခ်ိန္အတန္ၾကာ စဥ္းစားၿပီးသည္အထိ စုယန္သည္ ကုေဖးတိ၏အဆိပ္ကို လႊဲေျပာင္းယူရန္မွာ အဘယ္ေၾကာင့္ မိစာၦဂိုဏ္း၏သခင္ငယ္ျဖစ္ရေၾကာင္း အေၾကာင္းျပခ်က္ကို ရွာမေတြ႕ေသးေပ။
သူက သူ႕ကိုယ္သူ ေျဖသိမ့္လိုက္၏: ဒီကမာၻမွာရွိတဲ့ အရာအားလုံးက စိတ္ကူးယဥ္ဆန္တယ္။ တခ်ိဳ႕ ဇာတ္ကြက္ေတြက တိက်ေသခ်ာမႉမရွိတာ ဒါမွမဟုတ္ နားမလည္နိုင္တာေတြလဲ ျဖစ္ေကာင္းျဖစ္နိုင္တာပဲေလ။ အဲဒီအခ်က္ကို အေျခခံၿပီး ဖူလင္းယြင္ 'ၾကက္ေသြးနီ ညွိုးႏြမ္းျခင္း' က်င့္စဥ္ ေလ့က်င့္နိုင္သြားတာကို နားလည္ေပးလို႔ရပါတယ္။
သည့္အျပင္ ယခုအေရးႀကီးသည္မွာ ဇာတ္လိုက္မ၏ သံသယျဖစ္ဖြယ္ အခ်က္မ်ားကို ဆန္းစစ္ရန္မဟုတ္ဘဲ ေရခဲဝိညာဥ္ေၾကာင့္ ျဖစ္ေပၚလာေသာ ျပႆနာမ်ားကို ေက်ာ္လႊားၿပီး က်င့္စဥ္ကို ကြၽမ္းက်င္ေအာင္ ဇြဲရွိရွိ ေလ့က်င့္ရန္ျဖစ္သည္။
စုယန္သည္ စိတ္ကိုတည္ေအာင္ထားၿပီး တင္ပ်ဥ္ေခြ ထိုင္ကာ မီးကိုထပ္မံၿငိမ္းသတ္လိုက္သည္။ ၿပီးေနာက္ သူ၏အတြင္းအားကို လႈံ႕ေဆာ္လိုက္ျပန္၏။
ေရခဲဝိညာဥ္သည္ အသြားႏွစ္ဖက္ပါေသာ ဓားတစ္လက္ ျဖစ္ေသာ္လည္း အေအးပိုင္းနည္းပညာမ်ားကို ေလ့က်င့္ရာတြင္ အမွန္တကယ္ အက်ိဳးရွိသည္ဟု ဆိုရမည္ျဖစ္သည္။
စုယန္သည္ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'၏ ပထမအဆင့္ကို ေက်ာ္ျဖတ္ရန္ သုံးရက္ခန႔္ အခ်ိန္ယူခဲ့ရသည္။ အစကို ျဖတ္ေက်ာ္ၿပီးေနာက္ ေႏွာင္းပိုင္းသည္ အခက္အခဲ သိပ္မရွိေတာ့ေပ။ ေရခဲဝိညာဥ္၏အကူအညီျဖင့္ ေနာက္ႏွစ္ရက္ အၾကာတြင္ စုယန္သည္ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'၏ ပထမအဆင့္ကို ေအာင္ျမင္စြာ တတ္ေျမာက္သြား ေလသည္။
စုယန္သည္ တရားထိုင္ရာမွ မ်က္လုံးဖြင့္လိုက္ၿပီး ေျခလက္မ်ားကို ခဏတာ လႈပ္ရွားလိုက္သည္။ ၎တို႔သည္ ေအးခဲလုနီးပါး ေတာင့္တင္းေန ေသာေၾကာင့္ အပူခ်ိန္ကို ပုံမွန္ျပန္ျဖစ္ေအာင္လုပ္ရန္ အေမွာင္ထဲ၌ ခဏတာ ခုန္ေပါက္ေနခဲ့၏။ ထို႔ေနာက္ မီးတိုင္ကို ထြန္းညွိကာ သူတို႔ႏွစ္ဦးတည္းခိုေသာ ေက်ာက္ခန္းဆီသို႔ ျပန္သြားခဲ့သည္။
မည္သည့္အေၾကာင္းေၾကာင့္မွန္း မသိေသာ္လည္း စုယန္သည္ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'အား ေလ့က်င့္ရန္ သူေပးဆပ္ရသည့္ တန္ဖိုးမ်ားကို ကုေဖးတိအား မေျပာျပခ်င္ေပ။
ထို႔အျပင္ သူ႕အေပၚသက္ေရာက္သည့္ ေရခဲဝိညာဥ္၏ ဆိုးက်ိဳးမ်ားကိုလည္း ကုေဖတိအား မသိေစလိုပါ။
ထို႔ေၾကာင့္ ကုေဖးတိအား အခန္းထဲဝင္လာ၍ သူ႕ကိုမရွာရန္ အထူးၫႊန္ၾကားထားခဲ့သည္။ အေၾကာင္းျပခ်က္ကေတာ့ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း' ကို ေလ့က်င့္ေနစဥ္ အလင္းေရာင္ မျမင္ရဘူးဟူ၍ပင္။
ကုေဖးတိသည္ အလြန္နာခံၿပီး စုယန္ကို ဘယ္တုန္းကမွ လာမေႏွာက္ယွက္ခဲ့ေပ။ ေန႕တိုင္း သူသည္ စားပြဲ၌ ၿငိမ္သက္စြာ ထိုင္ၿပီး သူ႕စိတ္ကိုတည္ၿငိမ္ေစရန္ စာမ်ားေရးသားေနခဲ့သည္။
စုယန္ ေက်ာက္ခန္းထဲသို႔ ျပန္ေရာက္လာသည္ကို ျမင္ေသာအခါ ကုေဖးတိက သူ႕စုတ္တံကို ခ်လိဳက္ၿပီး ေမးလာသည္။
"ဘယ္လိုေနလဲ?"
စုယန္က ၿပဳံးလိုက္ၿပီး စားပြဲတစ္ဖက္မွာ ဝင္ထိုင္ကာ ဂုဏ္ယူစြာျဖင့္ မ်က္ခုံးပင့္လိုက္သည္။
"ဒီသခင္ငယ္က ေလ့က်င့္တဲ့ေနရာမွာ ဆိုး႐ြားတဲ့ အေျခအေနမ်ိဳးေတြ တစ္ခါမွ မႀကဳံဖူးပါဘူး။ ဒီေန႕ ပထမအဆင့္ကို ေက်ာ္ျဖတ္နိုင္ခဲ့တဲ့အတြက္ ဂုဏ္ျပဳ အခမ္းအနားတစ္ခုလုပ္ေပးရမယ္"
ကုေဖးတိက ရယ္ေမာလိုက္ၿပီး ဆို၏။
"ဒီေနရာမွာလက္ဖက္ရည္နဲ႕ ေသရည္မရွိဘူး၊ ငါတို႔ ဘယ္လို ဂုဏ္ျပဳၾကမလဲ?"
စုယန္က ခဏစဥ္းစားၿပီးေနာက္ ေျပာလာသည္။
"ကိစၥမရွိပါဘူး။ သီဆိုကခုန္ၿပီး ဂုဏ္ျပဳလို႔ ရေသးတယ္ေလ။ မင္းသီခ်င္းမဆိုတတ္ဘူးလို႔ ေျပာခဲ့ဖူးတယ္မလား? ဘာလို႔ငါ့ကို မသင္ခိုင္းတာလဲ?"
ကုေဖးတိက မ်က္ခုံးပင့္လိုက္သည္။
"မင္းက သီခ်င္းဆိုတတ္တယ္ေပါ့"
စုယန္က ေျပာသည္။
"ငါက ကြၽမ္းက်င္အဆင့္ေတာ့ မဟုတ္ေပမယ့္ အနည္းဆုံးေတာ့ ငါ့ရဲ႕အသံႏႈန္းအနိမ့္အျမင့္က လိုင္းမွန္ေပၚမွာ ရွိပါတယ္။ မင္းကိုသင္ေပးရတာက ငါ့အတြက္ ျပႆနာမဟုတ္ဘူး"
ကုေဖးတိက ရႈပ္ေထြးေသာအမူအရာျဖင့္ ေမးလာသည္။
"အသံက လိုင္းဘာျဖစ္တယ္?"
စုယန္ "......"
သူသည္ မၾကာေသးမီက စိတ္ေအးလက္ေအး ေနခဲ့ေသာေၾကာင့္ ေခတ္မီဘန္းစကားကို မွားေျပာမိသြားျခင္းျဖစ္သည္။
စုယန္က ခပ္ဟဟ ရယ္ေမာလိုက္ၿပီးေနာက္ ဆို၏။
"ဒါက မိစာၦဂိုဏ္းရဲ႕ဘန္းစကားတစ္ခုပါပဲ။ ငါသီခ်င္းဆိုတာ အေတာ္ေလးေကာင္းတယ္လို႔"
ကုေဖးတိက ၿပဳံးလိုက္၏။
"ဒါဆို မင္းအရင္ဆိုျပရင္ေရာ ဘယ္လိုလဲ။ မင္းဆိုတာ နားေထာင္ၿပီးမွ ငါသင္ခ်င္၊မသင္ခ်င္ ဆုံးျဖတ္မယ္ေလ"
စုယန္ ခဏတာ စဥ္းစားလိုက္ၿပီးေနာက္ တစ္ခ်ိန္က သူႀကိဳက္ခဲ့ဖူးေသာ သီခ်င္းတစ္ပုဒ္ကို ေ႐ြးခ်ယ္ကာ သီဆိုလိုက္ေလသည္။
"လူပင္လယ္မွာ တစ္ေယာက္တည္း အထီးက်န္စြာ ေလွ်ာက္လွမ္းရင္း~~ ဖုန္မႈန႔္လို ေပါ့ပါးတဲ့ ေျခသံရယ္~ ငါ့ရဲ႕တစ္ကိုယ္တည္း စကားသံကို ဘယ္သူမွ မၾကားနိုင္ဘူးကြယ္~~"
"မင္းဟာ ရာသီေလးခုအျပင္မွာ ေပၚလာ~~ ေန႕နဲ႕ ညကို ခြဲခြာကာ မင္းရဲ႕လက္ေခ်ာင္းထိပ္ေလးေတြ ငါ့အဝတ္ေပၚ တင္ရင္း ငါ့ကိုမင္းရဲ႕ကမာၻငယ္ေလးဆီ ေခၚေဆာင္ခဲ့တယ္..."
ဤသီခ်င္းသည္ လူႏွင့္တေစၦၾကားရွိ ခ်စ္ျခင္းေမတၱာ အေၾကာင္း ရိုက္ကူးထားေသာ႐ုပ္ရွင္၏ ဇာတ္ဝင္ေတးျဖစ္ၿပီး ၎၏ေအးခ်မ္းေသာ ေတးသြားႏွင့္ နက္ရွိုင္းေသာ ခ်စ္ျခင္းေမတၱာတို႔ေၾကာင့္ က်ယ္က်ယ္ျပန႔္ျပန႔္ သီဆိုခဲ့ၾကေလသည္။
"... အေၾကာက္တရားေၾကာင့္ အခ်စ္ကို ရႈံးနိမ့္ခဲ့ရတဲ့ငါ~~ ေမွ်ာ္လင့္ခ်က္ေတြကို ေဖ်ာက္ဖ်က္ပစ္ဖို႔ရာ၊ မင္းရဲ႕လမ္းခရီးမွာ ငါ့အတြက္ ေနရာလြတ္ေလး ခ်န္ရစ္ခဲ့ပါ~~ ေနာင္ဘဝမွာေတာ့ မင္းနဲ႕အတူရွိနိုင္ဖို႔ ေမွ်ာ္လင့္မိပါရဲ႕"
စုယန္ သီဆိုၿပီးေသာအခါတြင္ သူကၿပဳံးလ်က္ မ်က္လုံးေလး ေမွးက်ဥ္းကာ ေမးလိုက္သည္။
"ငါ့အသံေကာင္းတယ္မလား?"
ကုေဖးတိသည္ စုယန္အား မည္သည့္အမူအရာမွမရွိဘဲ ၾကည့္ေနေသာ္လည္း စားပြဲေအာက္ရွိ သူ႕လက္မ်ားကို တင္းက်ပ္စြာ ဆုပ္ထားသည္။
သူသည္ အံႀကိတ္ကာ အခ်ိန္အေတာ္ၾကာ သည္းခံထား ေသာ္လည္း ေနာက္ဆုံးတြင္ သူ႕ႏွလုံးသား၏ နာက်င္မႈကို မခံနိုင္ေတာ့ေပ။ သူက ေခါင္းငုံ႕ၿပီး အႀကိမ္အနည္းငယ္ ေခ်ာင္းဆိုးလိုက္၏။ စားပြဲေပၚရွိ စာ႐ြက္အပိုင္းအစမ်ားေပၚ၌ ေသြးနက္မ်ား ျပန႔္က်ဲသြားေလသည္။
"ေဝ့...! မင္း!"
စုယန္က အလြန္စိုးထိတ္သြားၿပီး သီခ်င္းဆိုစဥ္က ေပ်ာ္႐ႊင္မႈမ်ားပင္ ေပ်ာက္ကြယ္သြားရသည္။ သူက ေဘးတြင္ အျမန္ဝင္ထိုင္လိုက္ၿပီး ကုေဖးတိအား သူ႕ရင္ခြင္ထဲ ဆြဲသြင္းကာ စိုးရိမ္တႀကီး ေမးလိုက္သည္။
"မင္းဒဏ္ရာက ဘာလို႔ မသက္သာေသးတာလဲ?"
ကုေဖးတိသည္ ႏႈတ္ခမ္းေထာင့္မွ ေသြးမ်ားကိုသုတ္ရန္ လက္ကို ျမႇောက္လိုက္၏။ သူက တိုးညွင္းစြာ ဆိုသည္။
"ဒဏ္ရာကိုကုသဖို႔အတြက္ အတြင္းအား ထပ္မသုံးနိုင္တာမလို႔ သဘာဝအတိုင္း ျပန္ေကာင္းဖို႔က ေႏွးလိမ့္မယ္"
စုယန္က ေမးလိုက္သည္။
"မင္းေဆးေရာ ေသာက္ၿပီးၿပီလား?"
ကုေဖးတိက ေခါင္းညိတ္၏။
"ငါေသာက္ၿပီးၿပီ။ ဒါေပမယ့္... အဲဒါက သိပ္ၿပီး မထိေရာက္ဘူး"
ဤရက္အနည္းငယ္တြင္ စုယန္သည္ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း 'ကို ေလ့က်င့္ျခင္း၌သာ နစ္ျမႇုပ္ခဲ့ေနၿပီး ကုေဖးတိ၏ အေျခအေနကို သိပ္ဂ႐ုမစိုက္မိခဲ့ေပ။ လက္ရွိမွာေတာ့ သူ႕မ်က္စိေရွ႕ရွိ ကုေဖးတိဟာ အခ်င္းခ်င္း တိုက္ခိုက္ခဲ့သည့္ အခ်ိန္တုန္းကႏွင့္ယွဥ္လွ်င္ ကိုယ္အေလးခ်ိန္ အင္မတန္ ေလ်ာ့က်သြားပုံရေလသည္။ သူ၏ခႏၶာကိုယ္သည္ ကူအဆိပ္ႏွင့္ အတြင္းဒဏ္ရာမ်ားေၾကာင့္ ႀကီးမားစြာ ထိခိုက္ခံခဲ့ရေၾကာင္း ထင္ရွားေပ၏။
ထိုအေတြးဝင္လာသည္ႏွင့္တၿပိဳင္နက္ စုယန္ စိတ္ဆင္းရဲသြားသည္။
သူသည္ ကုေဖးတိ၏ ေသြးခုန္ႏႈန္းကို ရင္တထိတ္ထိတ္ျဖင့္ စမ္းသပ္ခဲ့ေသာ္လည္း သူ၏ျပင္းထန္ေသာ ႏွလုံးခုန္သံမွလြဲ၍ အျခားမည္သည္ကိုမွ မခံစားနိုင္ခဲ့ေပ။
စုယန္က စိတ္ပ်က္လက္ပ်က္ျဖင့္ ေမးလိုက္၏။
"မင္းအတြက္ ငါလုပ္ေပးနိုင္တာ တစ္ခုခုရွိလား? ငါ့ရဲ႕ အတြင္းအားနဲ႕ မင္းကိုကုေပးမယ္ဆိုရင္ေရာ? ဘယ္လိုမ်ိဳး လုပ္ရတာလဲဆိုတာ ငါ့ကိုေျပာျပေပးေလ"
ကုေဖးတိက စုယန္၏ ရင္ဘတ္ကိုမွီလ်က္ သူ႕အား ေမာ့ၾကည့္လိုက္သည္။
သူတို႔ႏွစ္ဦးသည္ အလြန္တရင္းတႏွီးရွိလွၿပီး တစ္ေယာက္၏ အသက္ရႈသံကို တစ္ေယာက္ ၾကားနိုင္ေလာက္ေအာင္ပင္ နီးကပ္ေနသည္။
ကုေဖးတိသည္ မ်က္ေမွာင္ၾကဳတ္လ်က္ အံႀကိတ္ကာ ေျပာေလသည္။
"မင္းကိုယ္မင္း ကုသ,သလိုပါပဲ၊ မင္းရဲ႕အတြင္းအားကို ငါ့ရဲ႕မယ္ရီဒန္ေတြထဲပို႔လႊတ္ၿပီး ဒဏ္ရာတဝိုက္ လည္ပတ္ေပး..."
စုယန္က သူ႕လက္ဖဝါးကိုျဖန႔္ၿပီး အနားကို တိုးကပ္လိုက္၏။ သို႔ေသာ္ ဘယ္ကေနစရမွန္းမသိဘဲ အခ်ိန္အတန္အၾကာ တုံ႕ဆိုင္းေနခဲ့သည္။ ကုေဖးတိသည္ စုယန္၏ လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ၿပီး သူ႕လက္ဖဝါးကို သူ႕ႏွလုံးသားေပၚ ဖိကပ္ေစေလသည္။
"ရွန္က်ဳံး? ဒါက... အရမ္းအႏၲရာယ္မမ်ားဘူးလား?"
စုယန္က မ်က္ေမွာင္မၾကဳတ္ဘဲ မေနနိုင္ေပ။
ရွန္က်ဳံးသည္ လူ႕ခႏၶာကိုယ္ရွိ အလြန္အေရးႀကီးေသာ ကုထုံးတစ္ခုျဖစ္သည္။
မသမာေသာသူတစ္ေယာက္သည္ အတြင္းအား ပမာဏမ်ားမ်ားျဖင့္ ထိုေနရာသို႔ တြန္းလိုက္ပါက ခ်က္ခ်င္း ေသသြားနိုင္သည္။
"အဆင္ေျပပါတယ္" ကုေဖးတိက ေျပာ၏။
"မင္းငါ့ကိုအႏၲရာယ္မေပးဘူးလို႔ငါယုံတယ္"
စုယန္ ျဖည္းညွင္းစြာ အသက္ရႉသြင္းရင္း ေခါင္းညိတ္ လိုက္သည္။ သူ၏လက္ဖဝါးမွတဆင့္ ကုေဖးတိ၏ ခႏၶာကိုယ္ထဲသို႔ အတြင္းအားကို ျဖည္းညွင္းစြာ ထည့္သြင္းၿပီးေနာက္ သူ၏ရင္ဘတ္ဒဏ္ရာတဝိုက္ စုစည္းကာ လွည့္ပတ္လိုက္သည္။
သို႔ေသာ္ ကုေဖးတိသည္ ႐ုတ္တရက္ ျပင္းထန္စြာ တုန္လႈပ္သြားေလ၏။ သူ၏မ်က္ႏွာမွာ ျဖဴေဖ်ာ့ေနၿပီး မညည္းတြားဘဲမေနနိုင္။
စုယန္သည္ အလြန္ထိတ္လန႔္သြားၿပီး လက္ဖဝါးကို ခ်က္ခ်င္းျပန္ခြာလိုက္သည္။
"ဘာျဖစ္တာလဲ?!"
နာက်င္မႈမ်ား ေလ်ာ့ပါးသြားေသာအခါ ကုေဖးတိက ေျပာလာ၏။
"ကူအဆိပ္က... မင္းရဲ႕ အတြင္းအားေတြကို တုံ႕ျပန္တိုက္ခိုက္လိမ့္မယ္"
"ဒါဆို ဒဏ္ရာကိုကုစားဖို႔ မျဖစ္နိုင္ဘူးလို႔ ဆိုလိုတာလား?"
စုယန္ အံ့အားသင့္စြာ ေမးလိုက္သည္။
"ဟုတ္တယ္... ဒဏ္ရာကို အတြင္းအားနဲ႕ ကုသဖို႔ မျဖစ္နိုင္ဘူး"
ကုေဖးတိက ဆက္ေျပာ၏။
"ငါတို႔ေဆးကိုပဲ အားကိုးမွရေတာ့မယ္... ျဖည္းျဖည္းခ်င္း ျပန္သက္သာလာမွာပါ... မင္း..."
စုယန္က ကုေဖးတိရဲ႕ ပုခုံးေတြကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္လိုက္သည္။ သူထိုင္ေနသည္မွာ ၾကာၿပီ ျဖစ္ေသာေၾကာင့္ လဲေလ်ာင္းရန္ ျဖည္းျဖည္းခ်င္း ကူညီေပးလိုက္ေလ၏။
"မင္းအနားယူေနလိုက္အုံး" သူက ေလးနက္စြာ ေျပာလိုက္သည္။
"ငါ ဆက္ေလ့က်င့္လိုက္အုံးမယ္" ထို႔ေနာက္ သူ ထကာ အခန္းထဲသို႔ ျပန္ဝင္ရန္ျပင္လိုက္သည္။
"ခဏ.." ကုေဖးတိက ေျပာလာ၏။
"စုယန္.."
စုယန္က လွည့္ၾကည့္လာၿပီး ျပန္ေျပာေလသည္။
"အခု အေကာင္းဆုံးနည္းလမ္းကေတာ့ 'ၾကက္ေသြးနီ ညွိုးႏြမ္းျခင္း' အဆင့္သုံးဆင့္ကို ျမန္ျမန္ၿပီးေျမာက္ၿပီး မင္းဆီက ကူအဆိပ္ကို လႊဲယူတာပဲ။ ဒါမွ ဒဏ္ရာေတြကို ကုစားဖို႔ မင္းရဲ႕အတြင္းအားကို ျပန္သုံးနိုင္မွာေပါ့..."
ကုေဖးတိက သက္ျပင္းတစ္ခ်က္ခ်လိဳက္ၿပီး ဆိုသည္။
"အလ်င္လိုစရာမလိုပါဘူး.. မင္းဒီေန႕ တစ္ဆင့္ ေအာင္ျမင္ၿပီးၿပီပဲ။ ဘာလို႔ တစ္ညေလာက္ အနားမယူတာလဲ?"
"အခ်ိန္ေတြက ကုန္တာျမန္တယ္" စုယန္က ကုေဖးတိစကားကို ျငင္းပယ္သည္။
"တစ္ရက္ပဲျဖစ္ျဖစ္ ေန႕တစ္ဝက္ပဲျဖစ္ျဖစ္ ပိုၿပီး ျမန္ျမန္လုပ္တာ အေကာင္းဆုံးဘဲ"
သူေျပာၿပီးသည္ႏွင့္ ေခါင္းလွည့္လိုက္ေသာ္လည္း ကုေဖးတိက တိုးလ်ေသာအသံျဖင့္ ေျပာလာသည္ကို ၾကားလိုက္ရေလသည္။
"... ငါနဲ႕ခဏေလာက္ အတူေနေပးလို႔ရမလား?"
စုယန္က သူ႕ေျခလွမ္းကို ရပ္တန႔္လိုက္၏။
ယခုအခ်ိန္မတိုင္မီအထိ ကုေဖးတိသည္ ဤမွ်အားနည္းေသာ အသြင္မ်ိဳးကို တစ္ခါမွ် မျပခဲ့ဖူးပါေခ်။ စုယန္ လွည့္ၾကည့္လိုက္ေသာအခါ ကုေဖးတိ၏ ေမွ်ာ္လင့္ေနေသာ အမူအရာကို ျမင္လိုက္ရသည္။
သူ႕ႏွလုံးသားက ခ်က္ခ်င္း ေပ်ာ့ေပ်ာင္းသြားရ၏။
သူသည္ ကုေဖးတိဆီသို႔ ျဖည္းညွင္းစြာ ေလွ်ာက္သြားၿပီး ေျပာလိုက္သည္။
"ေကာင္းၿပီ။ ငါမင္းကို အေဖာ္ျပဳေပးမယ္။ မင္းခဏေလာက္ အိပ္လိုက္။ မ်ားမ်ားအနားယူမွ မင္းရဲ႕ဒဏ္ရာက ပိုျမန္ျမန္သက္သာလာမွာေပါ့"
ကုေဖးတိက ေခါင္းခါၿပီး ေျပာေလ၏။
"မင္းငါ့ကို သီခ်င္းဆိုနည္းသင္ေပးမယ္ဆို"
စုယန္ အံ့အားသင့္သြားၿပီး ေမးလိုက္သည္။
"မင္းတကယ္ သင္ခ်င္တာလား?"
ကုေဖးတိက ၿပဳံးလိုက္၏။
"ဒါေပါ့.. အဲဒီသံစဥ္က အရမ္းေကာင္းတယ္"
"ေကာင္းၿပီ။ ငါတစ္ေၾကာင္းဆိုမယ္.. မင္းေနာက္ကလိုက္ဆို" စုယန္က ေျပာလိုက္သည္။
ကုေဖးတိသည္ လ်င္ျမန္စြာ သင္ယူတတ္သူျဖစ္ၿပီး သုံးႀကိမ္ တိုင္ေပးၿပီးေနာက္ သူသည္ သီခ်င္း စာသားမ်ားႏွင့္ သံစဥ္မ်ားကို လုံးလုံးလ်ားလ်ား တတ္ေျမာက္သြားသည္။ ဒဏ္ရာေၾကာင့္ အနည္းငယ္ အသက္ရႉအားနည္းေနေသာ္လည္း သူ႕အသက္ရႉသံက တည္ၿငိမ္ေနေလသည္။ ယင္းက ကုေဖးတိသည္ အဆိုေတာ္တစ္ဦးျဖစ္ရန္ အရည္အခ်င္းရွိေၾကာင္း စုယန္အား ခံစားရေစေသာ္လည္း ၎သည္ စိတ္ကူးယဥ္သိုင္းပညာေလာကတစ္ခုျဖစ္ေသာေၾကာင့္ ႏွေျမာစရာပင္။
ႏွစ္ႀကိမ္တိုင္တိုင္ သီဆိုၿပီးေနာက္ ကုေဖးတိသည္ သီခ်င္းစာသားမပါဘဲ သံစဥ္ကို တီးမႈတ္ေနေတာ့သည္။
စုယန္က ေမးလိုက္၏။
"မင္း ဒီသီခ်င္းကို ႀကိဳက္လား?"
ကုေဖးတိက သူ႕ဆီသို႔ ေစာင္းၾကည့္လာၿပီး ေခါင္းညိတ္ ျပသည္။ သူ၏နက္ေမွာင္ေသာ မ်က္လုံးမ်ားမွာ ႐ႊင္ျမဴးေနေလသည္။
"အင္း.. ငါႀကိဳက္တယ္"
စုယန္က ၿပဳံးလိုက္သည္။ သူသည္ ကုေဖးတိေဘးတြင္ လွဲေလ်ာင္းေနၿပီး ႏွစ္ေယာက္သား စကားစျမည္ ေျပာရင္း ဂူထိပ္မွ တြဲလ်ားက်ေနေသာ ေက်ာက္စက္ပန္းဆြဲမ်ားကို ၾကည့္ေနၾကသည္။
ကုေဖးတိသည္ မ်က္လုံးမ်ားကိုမွိတ္လိုက္ၿပီး သီခ်င္းကို ထပ္မံသီဆိုလိုက္၏။ စုယန္သည္ နားေထာင္ေနရင္း တျဖည္းျဖည္း အိပ္ငိုက္လာၿပီး ေနာက္ဆုံး အိပ္ေပ်ာ္သြားေတာ့သည္။
ထို႔ေနာက္ သူ ေက်ာက္စိမ္းေၾကးမုံေရကန္ကို အိပ္မက္မက္ေလ၏။ ကန္ေရ၏ေအးစက္မႈက သူ၏အေရျပားကို ထိုးေဖာက္ဝင္ေရာက္ကာ အရိုးမ်ား အတြင္းသို႔ တျဖည္းျဖည္း စိမ့္ဝင္သြားၿပီး အနည္းငယ္ လႈပ္ရွားလိုက္႐ုံျဖင့္ သူ႕ႏွလုံးသားကို တုန္လႈပ္သြားေစသည္။
စုယန္သည္ ကုေဖးတိအား က်ားကုတ္က်ားခဲ ဆုပ္ကိုင္ထားၿပီး မည္းေမွာင္ေနေသာ ေရျပင္ကို ျဖတ္ကာ လမ္းေၾကာင္းရွာရန္ ႀကိဳးစားေနသည္...
ပုလဲစံအိမ္ေတာ္ဆီသို႔ ဦးတည္သြားေသာ ဤေနရာတြင္ လမ္းေၾကာင္းတစ္ခုရွိသည္ကို သူသတိရမိ၏။ သို႔ေသာ္ အေၾကာင္းတစ္ခုခုေၾကာင့္ ေရသည္ တေ႐ြ႕ေ႐ြ႕ လည္ပတ္ေနသျဖင့္ သူ႕အား အသက္ရႈရခက္ေစသည္။
႐ုတ္တရက္ သူ႕လက္ထဲရွိ ကုေဖးတိဆီက ေႏြးေထြးေသာ အသက္ရႈသံကို ခံစားလိုက္ရၿပီး သူ႕နားထဲမွာ အသံတိုးတိုးေလး ထြက္ေပၚလာသည္။
"..စုယန္၊ ထပါေတာ့"
စုယန္သည္ သူ႕ရင္ခြင္ထဲရွိ ေႏြးေထြးမႈေလးကို ပို၍ တင္းတင္းက်ပ္က်ပ္ ဆုပ္ကိုင္လိုက္ၿပီး သူ႕စိတ္ဝိညာဥ္ကို ေအးခဲလုနီးပါးျဖစ္ေစသည့္ အေအးဓာတ္ကိုေလွ်ာ့ခ်ရန္ ႀကိဳးစားေနေလသည္။
"စုယန္ ထေတာ့.. အဟြတ္ အဟြတ္.."
ကုေဖးတိသည္ ကူအဆိပ္၏ျပင္းစြာေသာေဝဒနာကို ေတာင့္ခံရင္း စုယန္၏ပခုံးမ်ားကိုကိုင္ကာ အတြင္းအား ပို႔လႊတ္ၿပီး ေရခဲတုံးတစ္ခုထဲသို႔ ေအးခဲသြားေတာ့မည့္ စုယန္ကို အစြမ္းကုန္ေႏြးေထြးေအာင္ ႀကိဳးစားေနေလသည္။
စုယန္၏ ခႏၶာကိုယ္သည္ အလြန္လ်င္ျမန္စြာ တုန္ခါေနၿပီး ပါးလႊာေသာ ေရခဲမႈန္မ်ားသည္ သူ၏ပုခုံးမ်ားႏွင့္ မ်က္ခုံးမ်ား ေပၚတြင္ စတင္ျဖစ္ေပၚလာသည္။ ကုေဖးတိသည္ အတြင္းအားကို ထိန္းေက်ာင္းရင္း စုယန္၏ နဖူးကိုဖိကာ
ေအာ္ႏွိုးလိုက္သည္။
"စုယန္! စုယန္! ထပါေတာ့!"
ေနာက္ဆုံးတြင္ စုယန္သည္ သူ႕မ်က္လုံးမ်ားကို ျဖည္းညွင္းစြာဖြင့္လိုက္သည္။ ခ်က္ခ်င္းဆိုသလို သူ တုန္လႈပ္သြားျပန္၏။
သူသည္ ကုေဖးတိ၏ခါးတစ္ဝိုက္ကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားရင္း ေအးစက္မႈေၾကာင့္ ေမးရိုးက တဆတ္ဆတ္ တုန္ေနသည္။
"ေအးလိုက္တာ..."
ကုေဖးတိက ေသြးတစ္လုတ္ကို မ်ိဳခ်လိဳက္ၿပီး ေျပာ၏။
"မင္းဘာျဖစ္ေနတာလဲ?"
စုယန္သည္ မသိစိတ္က ကုေဖးတိကိုဖက္ထားၿပီး သူ႕ထံမွ အပူဓာတ္ကို ေလာဘတႀကီး ခိုးယူေနသည္။ ခဏၾကာေတာ့ သူျဖည္းျဖည္းခ်င္း ျပန္လႊတ္လိုက္ၿပီး ႏႈတ္ဆိတ္ေန၏။
ကုေဖးတိက ပါးစပ္ကိုအုပ္ၿပီး ေခ်ာင္းႏွစ္ႀကိမ္ ထပ္ဆိုးလိုက္သည္။
"အဲဒါက 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'နဲ႕ သက္ဆိုင္ေနတာလား?"
စုယန္ ႏႈတ္ခမ္းေထာင့္မ်ား လႈပ္ယမ္းသြား၏။
"အင္း... နည္းနည္းေတာ့ ဆက္စပ္ေနတယ္။ ဒါေပမယ့္ သိပ္မျပင္းထန္ပါဘူး။ အဲဒါက အၿမဲတမ္းေတာ့ ျဖစ္မလာနိုင္ဘူး။ မၾကာေသးခင္ကမွ ပထမအဆင့္ကို ေအာင္ျမင္ထားတာဆိုေတာ့ အသားမက်ေသးတာ ျဖစ္နိုင္တယ္"
အတန္ၾကာ တိတ္ဆိတ္ၿပီးေနာက္ ကုေဖးတိက ေမးလာသည္။
"မင္း ေအးေနေသးလား?"
"အမ်ားႀကီး ပိုေနလို႔ေကာင္းေနၿပီ" စုယန္က ေျပာ၏။
"အင္း.. မင္းေအးေနေသးရင္..." ကုေဖးတိ ေခတၱတုံ႕ဆိုင္းၿပီးမွ ဆက္ေျပာသည္။ "..ငါ့ကိုဖက္ထားၿပီး ျပန္အိပ္ေနေလ"
စုယန္ မွင္သက္သြားေသာ္လည္း ၿပဳံးစိစိသာ လုပ္လိုက္ၿပီး ဘာမွျပန္မေျပာေပ။
ညသန္းေခါင္ေက်ာ္ေလၿပီ။
စုယန္သည္ အလြန္ေအးခ်မ္းစြာ အိပ္ေမာက်ေနေလ၏။
သူအိပ္ေပ်ာ္ေနသည္ကိုျမင္ေသာအခါ ကုေဖးတိက တိတ္တဆိတ္ မီးတိုင္ကိုယူလိုက္ၿပီး 'ၾကက္ေသြးနီ ညွိုးႏြမ္းျခင္း' က်င့္စဥ္ထြင္းထုထားရာ အခန္းဆီသို႔ ဝင္သြားလိုက္သည္။
၎ကို ရွာေတြ႕ၿပီးေနာက္ အစမွအဆုံး ေသခ်ာ ဖတ္ရႈလိုက္၏။ ေလ့က်င့္သူ၏ခႏၶာကိုယ္ကို ထိခိုက္ေစသည့္ သတိေပးခ်က္ သို႔မဟုတ္ ၫႊန္ၾကားခ်က္မ်ား မရွိေၾကာင္း ေသခ်ာေစခဲ့သည္။ ထို႔အျပင္ ဤက်င့္စဥ္သည္ အမွန္တကယ္ပင္ ကူအဆိပ္မ်ားကို ႏွိမ္နင္းနိုင္သည့္ ရတနာတစ္ပါး ျဖစ္သည္။ ၎ကို လႊဲေျပာင္းၿပီးေနာက္ လုံးဝ မဖယ္ရွားနိုင္ေသာ္လည္း ဆယ္စုႏွစ္မ်ားစြာ လုံးလုံး ႏွိမ္နင္းထားနိုင္မည္ျဖစ္ေပသည္။
ထိုက်င့္စဥ္၌ ျပႆနာမရွိေၾကာင္း အႀကိမ္ႀကိမ္အခါခါ အတည္ျပဳၿပီးေသာ္လည္း ကုေဖးတိမွာ သံသယေတြ ရွိေနတုန္းပင္။ သို႔ေသာ္ အနည္းငယ္ေတာ့ စိတ္သက္သာရာ ရသြားခဲ့သည္။ အျပင္ဘက္ ေက်ာက္ခန္းဆီသို႔ ျပန္ေရာက္ေသာအခါ စုယန္အား သူ႕ရင္ခြင္ထဲတြင္ ညင္သာစြာ ေပြ႕ဖက္ထားရင္ မ်က္လုံးမ်ားမွိတ္ကာ အိပ္ေပ်ာ္သြားေတာ့၏။
ႏွစ္ေယာက္စလုံး အနားယူၿပီးသည္ႏွင့္ စုယန္သည္ အခန္းထဲသို႔ျပန္သြားကာ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း' ဒုတိယအဆင့္ကို စတင္ေလ့က်င့္ခဲ့သည္။
ကုေဖးတိသည္ စားပြဲမွာထိုင္ၿပီး စုတ္တံကိုကိုင္ကာ စာကို တိတ္တဆိတ္ ဆက္ေရးေတာ့မည္အျပဳ စာ႐ြက္ေပၚ၌ ေသြးမ်ားစြန္းထင္းေနသည္ကို ေတြ႕လိုက္ရေလသည္။ ေသြးစြန္းေနေသာ စာ႐ြက္ကို ခဏတာ စိုက္ၾကည့္ေနၿပီးေနာက္ စာ႐ြက္သစ္ တစ္႐ြက္ကို ေျပာင္းလဲလိုက္ေလ၏။
စုတ္တံ၏ထိပ္ဖ်ားသည္ ေပါ့ေပါ့ပါးပါးေ႐ြ႕လ်ားေနၿပီး စကၠဴေပၚတြင္ လွပေသာစည္းခ်က္ျဖင့္ မွင္အမွတ္အသားမ်ားကို ခ်န္ထားခဲ့သည္။ လွပသိမ္ေမြ႕ေသာ စာလုံးမ်ားအား တစ္ခုႏွင့္တစ္ခု ေပါင္းစပ္လိုက္ေသာအခါတြင္ သီခ်င္းစာသား တစ္ခုအျဖစ္ တျဖည္းျဖည္း ပုံေပၚလာေလသည္။
လူပင္လယ္ဝယ္ မင္းဘယ္ခ်ိန္ျပန္လာမလဲ ငါေမးမိတယ္~~ ငါျမတ္နိုးရေသာပန္းပြင့္ငယ္ ဖုန္မႈန႔္မ်ားႏွင့္ မစြန္းထင္းကြယ္~ ဆံနက္ပိုးမွ်င္မ်ားရယ္ ျမဴခိုးသဖြယ္~~ မ်က္ခုံးနက္နက္မ်ားမွာ ေတာင္တန္းကဲ့သို႔ လွပတယ္...
ခ်င္းဝူနယ္ ေက်ာက္စိမ္းအိမ္အျပင္ဘက္က ေက်ာက္တုံးေက်ာက္ေဆာင္ ကမာၻငယ္~~ အနီေရာင္ ေခါင္းစည္း တလြင့္လြင့္က ႏူးညံ့ခ်ိဳအီေသာ ေမႊးရနံ႕မ်ားကို သယ္ေဆာင္ကာရယ္ ထိုလူသား၏ ႏွလုံးသားဟာ မွန္းဆဖို႔ရာ ခက္လွတယ္...
ေႏြဦးႏွင့္ ေနဝင္ခ်ိန္ဟာ လွပမွန္းသိလ်က္ႏွင့္ ဖေယာင္းတိုင္ မီးေအာက္ဝယ္ စာအုပ္ကိုဖြင့္ခဲ့ရတယ္~~ ေက်ာက္စိမ္း ေၾကးမုံေရကန္ႏွယ္~~ ပုလဲငယ္ကို ႏွစ္ႏွစ္ၾကာ ဖုံးကြယ္လို႔ရယ္ မွိန္ေဖ်ာ့သြားေသာ လမင္းငယ္ႏွင့္ ခြဲရက္လွတယ္...
ဒီဘဝဝယ္ မင္းနဲ႕အတူရွိရဖို႔ ငါေတာင္းဆုေခြၽပါတယ္..
_7.7.22
စာေရးဆရာမွာေျပာစရာရွိပါတယ္:
ငါေခါင္းေမႊးေျပာင္ေအာင္ သီခ်င္းႏွစ္ပုဒ္ေရးခဲ့တယ္။
T/N: ကိုယ္လည္း ေခါင္းေမႊးေျပာင္ေအာင္ ဘာသာျပန္ရတာပါေနာ္ ಥ‿ಥ အဆင္မေျပလည္း သည္းခံၿပီး ဖတ္လိုက္ၾကပါ။
ၿပီးေတာ့ စိတ္ေလးနည္းနည္း ရွည္ေပးၾကပါလို႔။ ေနာက္အပိုင္းဆို ရွင္တို႔ေမွ်ာ္ေနတဲ့အခန္း ေရာက္ပါၿပီ။ ျမန္ျမန္ေလး upမယ္ေျပာၿပီး ၾကာေနတာသိပါတယ္ ဒီအတြက္လည္း ေတာင္းပန္ပါတယ္လို႔~♥