အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခ...

By Hmue_46

251K 37.8K 1.4K

This is a translation novel. Author permission not yet sought but I have to translate because I like it very... More

Chapter- 1
Chapter -2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter - 12
Chapter-13
Chapter - 14
please
Chapter - 15
Chapter - 16
Present for my babe!!
Chapter - 17
Chapter - 18
Chapter- 19
Chapter -20
Chapter - 21
Chapter- 22
Paid GP
Chapter - 23
Chapter-24
Please!!!
Chapter - 25
Chapter - 26
Chapter-27
Chapter-28
Chapter-29.1
Chapter - 29.2
Chapter-29.3
Chapter -30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter -35
Chapter - 36
Please ❗❗
Chapter-37
Chapter-38
Attention Please❗
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter- 46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Help Me!!!
Chapter- 53.1
Chapter- 53.2
Chapter - 54

Chapter -11

4.7K 853 16
By Hmue_46

Unicode

လီရှန်ဟိုင်း သည် သူ၏ chat  history လွှဲပြောင်းပေးခဲ့ပြီးကတည်းက မုရှောင်ခယ် သည် တချို့သောနားမလည်နိုင်တဲ့သူများ၏ နှောင့်ယှက်ခြင်းကို ခံနေခဲ့ရပြီး သူတို့သည် chat ဆော့ဖ်ဝဲများကို ဖြုတ်ပစ်ရန် တွန်းအားပေးခဲ့သည်။သူတို့၏အကောင့်များကိုလည်း လူသိရှင်ကြား ထုတ်ပြန်ခြင်းမရှိပေ။မုရှောင်ခယ် သည် ဒီအရာများ သူ၏ ငယ်သူငယ်ချင်းများဟု ခေါ်သောလူများကြောင့် ပေါက်ကြားခြင်းဖြစ်မည်ကို သိသည်။ သူ့အကိုကြီးကိုယ်တိုင်က ဖြန့်တာတောင် ဖြစ်နိုင်တယ်။

(အပေါ်ကစာပိုဒ်နားလည်တယ်ဟုတ်......ရှောင်ခယ်ကိုရူးနေတယ်လို့ပြောတဲ့ chat history တွေကိုရှောင်ခယ်ဆီရှန်ဟိုင်းက လွှဲပေးခဲ့တယ်။ အဲ့ဒါကိုသူ့ရဲ့ငယ်သူငယ်ချင်းလို့ခေါ်တဲ့လူတွေကဖြန့်လိုက်ပြီး တချို့ chat ထဲမှာပြောထားတဲ့လူတွေက ရှောင်ခယ်ထဲမှာရှိတဲ့ chat history ဖျက်ဖို့တွန်းအားပေးကြတာပါ ><)

"မုရှောင်ခယ်!"

စားသောက်ဖို့အတွက် Canteen မှာ တန်းစီနေရတာ လှိုင်းတွေလိုပဲအချိန်လည်းအရမ်းကြာတယ်ဆိုတာမုရှောင်ခယ် မသိဘူး။ သူက နောက်ပြန်ကြည့်လိုက်တော့ Cao Chengli ရောက်လာတာကို တွေ့လိုက်ရပြီး သူ့အကိုကြီးက မရပ်မနားဟန်ဆောင်ပြီး ဘေးနားမှာ ရှိနေတယ်။

လူများစွာရှေ့မှာသူ့ရဲ့ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ရုံသာမက သူ့သူငယ်ချင်းများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရုံသာမက ညီအကိုအရင်းလို လေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်ပုံစံကိုလည်း ထိန်းသိမ်းထားနိုင်သော သူ၏အစ်ကိုဖြစ်ထိုက်သူဖြစ်သည်။

မုရှောင်ခယ် သည် သူတို့အား ဂရုမစိုက်ဘဲ  ငြိမ်စိုက်ကြည့်နေပြီးနေလိုက်သည်။

"Ah Cheng၊ စိတ်တိုမနေပါနဲ့ ရှောင်ခယ် က ဘာမှမသိတော့ နားလည်မှုလွဲတာတော့ ရှိမှာပေါ့"

ထိုစကားကိုကိုကြားပြီးနောက် မုရှောင်ခယ် သည် မုခိုင် ၏ပြဇာတ်သည် ပြီးလုနီးပါးဖြစ်မည်ဟု ခန့်မှန်းခဲ့သည်၊ ထို့ကြောင့် သူသည် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ အသံသွင်းလိုက်သည်။

"မုရှောင်ခယ်! အဲဒါ ဘာကိုဆိုလိုတာလဲ!"

မုရှောင်ခယ် သည် ဆွံ့အနေသည်ကို လူတိုင်းသိသည်၊ ထို့ကြောင့် သူ ဘာမှ မပြောရင် သူ့အားဘယ်သူမှ ဘာမှမလုပ်နိုင်ပါ။

လော်ကျားမင် သည် လူအုပ်ထဲမှ အမြန်ထွက်လာပြီး

"ရှောင်ခယ်၊ အဆင်ပြေရဲ့လား!"

မုရှောင်ခယ် ခေါင်းယမ်းလိုက်သော်လည်း ကင်မရာသည် Cao Chengli နှင့်မုခိုင် ကို ဦးတည်နေသေးသည်။

"စီနီယာ ၊ မင်းကဘာကြောင့် အရမ်းစိတ်ပျက်ဖို့ကောင်းနေရတာလဲ ငါတို့အတန်းက မင်းရဲ့စကားတွေကြောင့် သွေးရူးသွေးတန်းတွေဖြစ်နေပြီ ၊ အခု စီနီယာကလူတွေအများကြီးရှေ့မှာ
ရှောင်ခယ်ကို အရှက်ခွဲချင်နေတာ!  ကောလဟာလတွေ မဖြန့်နိုင်တော့လို့ မင်းတို့က ဒီလိုလုပ်နေကြတာ!"

လော်ကျားမင် သည် မုရှောင်ခယ် ၏ရှေ့တွင်ရပ်နေပြီး အားအင်များစွာနှင့်အတူ သူမသည် Cao Chengli ဆဲဆိုတော့သည်။

တကယ်တော့ မုရှောင်ခယ် က လော်ကျားမင် ကို ဒီစကားတွေကို ပြောပြခဲ့ပြီး မုရှောင်ခယ် က
လော်ကျားမင်ကို  ထမင်းစားဖို့အတွက် Canteen ကို ဖိတ်ခဲ့သည်။

Cao Chengli နှင့် အခြားလူများဟာ ဒေါသကြောင့် နီရဲနေသည်ကိုမြင်တော့ လော်ကျားမင် က မထိန်းနိုင်ဘဲ ပြုံးနေလိုက်သည်။မုရှောင်ခယ် သူမကို ပြောခဲ့တာတွေက တကယ်ကိုသူတို့ကို ထိခိုက်စေခဲ့ပါတယ်။

"ညီမလေး  မင်းက ရှောင်ခယ် ရဲ့ အတန်းဖော်လား? သူ့မှာ မသန်စွမ်းတာတွေရှိနေတော့ မိန်းကလေးတွေရဲ့ အာရုံစိုက်မှုကို ခံရတာ ရှားတယ်။"

မုခိုင် က တိုးတိုးလေးပြောပေမယ့် သူ့အသံက လူတွေကို အနည်းငယ် စိတ်ရှုပ်စေတယ်။ ဂရုစိုက်တာ မမှန်ဘူးလား?။ အတန်းဖော်တွေက ဂရုမစိုက်ရဘူးလား?

လော်ကျားမင် သည် ထိုစကားကြောင့် ချက်ချင်းပင် ဒေါပွသွားပြီး

"မင်းရဲ့ညီလေးကို တစ်ယောက်ယောက်က ကူညီပေးနိုင်မယ်လို့မင်းမထင်ထားခဲ့ဘူး ဒါပေမဲ့ မထင်ထားပဲ အခြေအနေက မှားနေတာကို မင်းမြင်လိုက်တာနဲ့ သူနဲ့ ငါ့ရဲ့ဆက်ဆံရေးအကြောင်းကို ကောလာဟလတွေ ဖြန့်လိမ့်မယ် ဟုတ်တယ်ဟုတ်? မင်းက တကယ်ပဲ သူ့အကိုကြီးလား! မင်း ညီလေးရဲ့ အမာရွတ်တွေကို လူအများရှေ့မှာ ဘယ်လိုတောင်  ဖော်ထုတ်နိုင်တာလဲ!  မင်းက မိဘတွေအများကြီးရှေ့မှာရှောင်ခယ်ရဲ့ရောဂါအကြောင်းကိုအော်ပြောတယ်။ ကျောင်းအပ်တုန်းက နင်အော်ပြောခဲ့တဲ့အကြောင်းအရာကြောင့် ကျောင်းသားဘယ်နှစ်ယောက်က ရှောင်ခယ်ကို ခွဲခွာသွားလဲဆိုတာသိလား! မင်းအစ်ကိုကြီးက တကယ်ကိုကြောက်စရာကြီး!"

အဲဒီနောက် လော်ကျားမင်က မုရှောင်ခယ်ရဲ့လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး

"ရှောင်ခယ်သွားရအောင်၊ ငါ ဒီဟင်းကို မစားတော့ဘူး။ ဒီလောက်ဆိုးတဲ့လူနဲ့ရှိနေတာ ဘယ်သူနေနိုင်နိုင်မှာလဲ!"

မုရှောင်ခယ်သည် အလျင်စလိုမလုပ်ပေ။ သူ့လက်ကိုင်ဖုန်းကို ဖယ်လိုက်ပြီး ကောင်မလေးနောက်ကို လိုက်သွားခဲ့သည်။
မုခိုင် က မတ်တပ်ရပ်နေပြီး သူ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။

..................

Words - 909

ဒီအပိုင်းကိုကတိုတာပါ><

Zawgyi

လီရှန်ဟိုင်း သည္ သူ၏ chat history  လႊဲေျပာင္းေပးခဲ့ၿပီးကတည္းက မုေရွာင္ခယ္ သည္ တခ်ိဳ႕ေသာနားမလည္နိုင္တဲ့သူမ်ား၏ ႏွောင့္ယွက္ျခင္းကို ခံေနခဲ့ရၿပီး သူတို႔သည္ chat ေဆာ့ဖ္ဝဲမ်ားကို ျဖဳတ္ပစ္ရန္ တြန္းအားေပးခဲ့သည္။သူတို႔၏အေကာင့္မ်ားကိုလည္း လူသိရွင္ၾကား ထုတ္ျပန္ျခင္းမရွိေပ။မုေရွာင္ခယ္ သည္ ဒီအရာမ်ား သူ၏ ငယ္သူငယ္ခ်င္းမ်ားဟု ေခၚေသာလူမ်ားေၾကာင့္ ေပါက္ၾကားျခင္းျဖစ္မည္ကို သိသည္။ သူ႕အကိုႀကီးကိုယ္တိုင္က ျဖန႔္တာေတာင္ ျဖစ္နိုင္တယ္။

(အေပၚကစာပိုဒ္နားလည္တယ္ဟုတ္......ေရွာင္ခယ္ကို႐ူးေနတယ္လို႔ေျပာတဲ့ chat history ေတြကိုေရွာင္ခယ္ဆီရှန်ဟိုင်း လႊဲေပးခဲ့တယ္။ အဲ့ဒါကိုသူ႕ရဲ႕ငယ္သူငယ္ခ်င္းလို႔ေခၚတဲ့လူေတြကျဖန့္လိုက္ၿပီး တခ်ိဳ႕ chat ထဲမွာေျပာထားတဲ့လူေတြက ေရွာင္ခယ္ထဲမွာရွိတဲ့ chat history ဖ်က္ဖို႔တြန္းအားေပးၾကတာပါ ><)

"မုေရွာင္ခယ္!"

စားေသာက္ဖို႔အတြက္ Canteen မွာ တန္းစီေနရတာ လွိုင္းေတြလိုပဲအခ်ိန္လည္းအရမ္းၾကာတယ္ဆိုတာမုေရွာင္ခယ္ မသိဘူး။ သူက ေနာက္ျပန္ၾကည့္လိုက္ေတာ့ Cao Chengli ေရာက္လာတာကို ေတြ႕လိုက္ရၿပီး သူ႕အကိုႀကီးက မရပ္မနားဟန္ေဆာင္ၿပီး ေဘးနားမွာ ရွိေနတယ္။

လူမ်ားစြာေရွ႕မွာသူ႕ရဲ႕ဂုဏ္သိကၡာက်ဆင္းေအာင္လုပ္႐ုံသာမက သူ႕သူငယ္ခ်င္းမ်ားႏွင့္ ဆက္ဆံေရးကို ထိန္းသိမ္းထားနိုင္႐ုံသာမက ညီအကိုအရင္းလို ေလးစားဖြယ္ေကာင္းေသာ ပုဂၢိုလ္ပုံစံကိုလည္း ထိန္းသိမ္းထားနိုင္ေသာ သူ၏အစ္ကိုျဖစ္ထိုက္သူျဖစ္သည္။

မုေရွာင္ခယ္ သည္ သူတို႔အား ဂ႐ုမစိုက္ဘဲ ၿငိမ္စိုက္ၾကည့္ေနၿပီးေနလိုက္သည္။

"Ah Cheng၊ စိတ္တိုမေနပါနဲ႕ ေရွာင္ခယ္ က ဘာမွမသိေတာ့ နားလည္မႈလြဲတာေတာ့ ရွိမွာေပါ့"

ထိုစကားကိုကိုၾကားၿပီးေနာက္ မုေရွာင္ခယ္ သည္ မုခိုင္ ၏ျပဇာတ္သည္ ၿပီးလုနီးပါးျဖစ္မည္ဟု ခန႔္မွန္းခဲ့သည္၊ ထို႔ေၾကာင့္ သူသည္ သူ၏လက္ကိုင္ဖုန္းကို ထုတ္ကာ အသံသြင္းလိုက္သည္။

"မုေရွာင္ခယ္! အဲဒါ ဘာကိုဆိုလိုတာလဲ!"

မုေရွာင္ခယ္ သည္ ဆြံ႕အေနသည္ကို လူတိုင္းသိသည္၊ ထို႔ေၾကာင့္ သူ ဘာမွ မေျပာရင္ သူ႕အားဘယ္သူမွ ဘာမွမလုပ္နိုင္ပါ။

ေလာ္က်ားမင္ သည္ လူအုပ္ထဲမွ အျမန္ထြက္လာၿပီး

"ေရွာင္ခယ္၊ အဆင္ေျပရဲ႕လား!"

မုေရွာင္ခယ္ ေခါင္းယမ္းလိုက္ေသာ္လည္း ကင္မရာသည္ Cao Chengli ႏွင့္မုခိုင္ ကို ဦးတည္ေနေသးသည္။

"စီနီယာ ၊ မင္းကဘာေၾကာင့္ အရမ္းစိတ္ပ်က္ဖို႔ေကာင္းေနရတာလဲ ငါတို႔အတန္းက မင္းရဲ႕စကားေတြေၾကာင့္ ေသြး႐ူးေသြးတန္းေတြျဖစ္ေနၿပီ ၊ အခု စီနီယာကလူေတြအမ်ားႀကီးေရွ႕မွာ
ေရွာင္ခယ္ကို အရွက္ခြဲခ်င္ေနတာ! ေကာလဟာလေတြ မျဖန႔္နိုင္ေတာ့လို႔ မင္းတို႔က ဒီလိုလုပ္ေနၾကတာ!"

ေလာ္က်ားမင္ သည္ မုေရွာင္ခယ္ ၏ေရွ႕တြင္ရပ္ေနၿပီး အားအင္မ်ားစြာႏွင့္အတူ သူမသည္ Cao Chengli ဆဲဆိုေတာ့သည္။

တကယ္ေတာ့ မုေရွာင္ခယ္ က ေလာ္က်ားမင္ ကို ဒီစကားေတြကို ေျပာျပခဲ့ၿပီး မုေရွာင္ခယိ က
ေလာ္က်ားမင္ကို ထမင္းစားဖို႔အတြက္ Canteen ကို ဖိတ္ခဲ့သည္။

Cao Chengli ႏွင့္ အျခားလူမ်ားဟာ ေဒါသေၾကာင့္ နီရဲေနသည္ကိုျမင္ေတာ့ ေလာ္က်ားမင္ က မထိန္းနိုင္ဘဲ ၿပဳံးေနလိုက္သည္။မုေရွာင္ခယ္ သူမကို ေျပာခဲ့တာေတြက တကယ္ကိုသူတို႔ကို ထိခိုက္ေစခဲ့ပါတယ္။

"ညီမေလး မင္းက ေရွာင္ခယ္ ရဲ႕ အတန္းေဖာ္လား? သူ႕မွာ မသန္စြမ္းတာေတြရွိေနေတာ့ မိန္းကေလးေတြရဲ႕ အာ႐ုံစိုက္မႈကို ခံရတာ ရွားတယ္။"

မုခိုင္ က တိုးတိုးေလးေျပာေပမယ့္ သူ႕အသံက လူေတြကို အနည္းငယ္ စိတ္ရႈပ္ေစတယ္။ ဂ႐ုစိုက္တာ မမွန္ဘူးလား?။ အတန္းေဖာ္ေတြက ဂ႐ုမစိုက္ရဘူးလား?

ေလာ္က်ားမင္ သည္ ထိုစကားေၾကာင့္ ခ်က္ခ်င္းပင္ ေဒါပြသြားၿပီး

"မင္းရဲ႕ညီေလးကို တစ္ေယာက္ေယာက္က ကူညီေပးနိုင္မယ္လို႔မင္းမထင္ထားခဲ့ဘူး ဒါေပမဲ့ မထင္ထားပဲ အေျခအေနက မွားေနတာကို မင္းျမင္လိုက္တာနဲ႕ သူနဲ႕ ငါ့ရဲ႕ဆက္ဆံေရးအေၾကာင္းကို ေကာလာဟလေတြ ျဖန႔္လိမ့္မယ္ ဟုတ္တယ္ဟုတ္? မင္းက တကယ္ပဲ သူ႕အကိုႀကီးလား! မင္း ညီေလးရဲ႕ အမာ႐ြတ္ေတြကို လူအမ်ားေရွ႕မွာ ဘယ္လိုေတာင္ ေဖာ္ထုတ္နိုင္တာလဲ! မင္းက မိဘေတြအမ်ားႀကီးေရွ႕မွာေရွာင္ခယ္ရဲ႕ေရာဂါအေၾကာင္းကိုေအာ္ေျပာတယ္။ ေက်ာင္းအပ္တုန္းက နင္ေအာ္ေျပာခဲ့တဲ့အေၾကာင္းအရာေၾကာင့္ ေက်ာင္းသားဘယ္ႏွစ္ေယာက္က ေရွာင္ခယ္ကို ခြဲခြာသြားလဲဆိုတာသိလား! မင္းအစ္ကိုႀကီးက တကယ္ကိုေၾကာက္စရာႀကီး!"

အဲဒီေနာက္ ေလာ္က်ားမင္က မုေရွာင္ခယ္ရဲ႕လက္ေမာင္းကို ဖမ္းကိုင္လိုက္ၿပီး

"ေရွာင္ခယ္သြားရေအာင္၊ ငါ ဒီဟင္းကို မစားေတာ့ဘူး။ ဒီေလာက္ဆိုးတဲ့လူနဲ႕ရွိေနတာ ဘယ္သူေနနိုင္နိုင္မွာလဲ!"

မုေရွာင္ခယ္သည္ အလ်င္စလိုမလုပ္ေပ။ သူ႕လက္ကိုင္ဖုန္းကို ဖယ္လိုက္ၿပီး ေကာင္မေလးေနာက္ကို လိုက္သြားခဲ့သည္။
မုခိုင္ က မတ္တပ္ရပ္ေနၿပီး သူ႕လက္သီးေတြကို က်စ္က်စ္ပါေအာင္ ဆုပ္ထားတယ္။

..................

Words - 909

ဒီအပိုင္းကိုကတိုတာပါ><

Continue Reading

You'll Also Like

1.5M 188K 156
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။
755K 32.9K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
84.7K 10.9K 64
ကျန်းမြောင်မြောင် x လုချီမင် မူရင်းစာရေးသူ - နိုင်ရှန်းဝေ့သာ