Unicode
အခန်း-၅၆ ရေခဲဝိညာဉ်နှင့် သံသယ။
[ဇာတ်ကွက်မှာ... အဖျက်ပိုးရှိနေတာလား?]
"လျှာကိုကိုက်ရမယ်... နှုတ်ခမ်းနဲ့သွားအကြား နေရာလွတ်မရှိစေဘဲ... သွေးမျှဝေရမယ်..."
စုယန်သည် ရေးထွင်းထားသော စာကြောင်းများကို တိတ်တဆိတ်ဖတ်လိုက်သည်။ ၎င်းတို့သည် မည်သည်ကိုဆိုလိုမှန်း သူနားလည်အောင် အချိန်အတန်ကြာခဲ့၏။
စာကြောင်းထဲတွင် ဖော်ပြထားသည့် မြင်ကွင်းက သူ၏မသိစိတ်တွင် ကွင်းကွင်းကွက်ကွက် ပေါ်ပေါက်လာသည်။ စုယန်သည် သူ၏ဦးရေပြား ထုံကျင်သွားပြီး ရင်ဘက်တစ်ခုလုံး ပူလောင်လာကာ အေးစက်သောချွေးများ ယိုစိမ့်လာသည်ကို ခံစားလိုက်ရသည်။
ကုဖေးတိကို အဆိပ်ဖြေဖို့က နှုတ်ခမ်းချင်းနမ်းဖို့ လိုသေးတာလား!
"ညင်သာစွာလက်ခံယူ၊ ပျော့ပျောင်းစွာ ထိန်းကျောင်းပြီး ခမ်းခြောက်စေ.. အဲဒီလိုမျိုး သုံးကြိမ်တိုင်တိုင်လုပ်ရမယ်.."
ဒီဝါကျအရ ကုဖေးတိကို လျှာနဲ့နမ်းရုံတင်မကဘဲ အဆင့်သုံးဆင့်ကိုလည်း သုံကြိမ်တိုင်တိုင် ထပ်လုပ်ရအုံးမှာပေါ့လေ။ ဒါက အနည်းဆုံး ဆယ်မိနစ်လောက်ကြာမှာလို့ ဆိုလိုချင်တာမဟုတ်လား?
မူရင်းစာရေးဆရာရဲ့ ကိုယ်ကျင့်သိက္ခာကို သွားယုံကြည်လို့ မရဘူးပဲ!
သူက မိန်းကလေးတစ်ယောက်တောင် ဟုတ်ရဲ့လား!
သို့သော်လည်း မူလဇာတ်လမ်း၌ ဇာတ်လိုက်ကို အဆိပ်ဖြေရန်မှာ ဇာတ်လိုက်မ၏တာဝန်သာ ဖြစ်သောကြောင့် ဤအဆိပ်ဖြေခြင်းနည်းလမ်းသည် သာမန်မဟုတ်နိုင်ကြောင်း သူ ခန့်မှန်းခဲ့သင့်သည်။
ဒါပေမယ့်... အခု ဇာတ်လိုက်မက ဒီမှာရှိမနေဘူးလေ!
ဇာတ်ကွက်တွေကို အမြဲပြိုကျအောင်လုပ်နေတဲ့ မိစ္ဆာဂိုဏ်းရဲ့သခင်ငယ် သူကိုယ်တိုင်ကလွဲရင် ကုဖေးတိကို အခြားဘယ်သူက အဆိပ်ထုတ်ပေးနိုင်မှာလဲ?
ထိုအတွေးဝင်လာသည်နှင့် စုယန် အနည်းငယ် ကျေးဇူးတင်မိသွားသည်။ ကံကောင်းထောက်မစွာ ဤစာရေးဆရာသည် နှစ်ကိုယ်တူကျင့်ကြံခြင်းကဲ့သို့ ပို၍လွန်ကဲသော အဆိပ်ဖြေနည်းမျိုးကို မရေးမိအောင် ချုပ်တည်းနိုင်ခဲ့သည်။ သို့မဟုတ်ပါက သူ ကိုယ့်ကိုကိုယ် သတ်သေရန် နောက်တဖန် ကြိုးစားမိပေလိမ့်မည်။
စုယန်သည် အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ဤကိစ္စကို ကုဖေးတိအား မည်သို့ရှင်းပြရမည်ကို တွေးတောနေမိသည်။
၎င်းသည် သူ့အတွက်တော့ သိပ်အရေးမကြီးပါ။ ဖျော်ဖြေရေး လောကထဲကို စတင်ဝင်ရောက်လာ ကတည်းက အခြားသူများနှင့် အနမ်းပေးခြင်း ဇာတ်ကွက်များကို ရိုက်ကူးနိုင်ကြောင်း ကိုယ့်ကိုကိုယ် အတည်ပြုပြီးဖြစ်သည်။
ကုဖေးတိက ယောက်ျားလေးဆိုပေမယ့်... အဟမ်း.. သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဒီလိုလေ့ကျင့်မှုမျိုးက ရှိသင့်တယ်လေနော်။ နောင်မှာ ယောက်ျားချင်းနမ်းဖို့ လိုအပ်လာရင် စိတ်ပိုင်းဆိုင်ရာ အတားအဆီးတွေကို ကျော်လွှားနိုင်ပြီးသား ဖြစ်သွားတာပေါ့။
ပြီးတော့ ကုဖေးတိက အရမ်းချောတယ်။ သူ့ကိုနမ်းရတာ အရှုံးမရှိဘူး!
မဟုတ်သေးဘူး! ငါဘာတွေ လျှောက်တွေးနေပါလိမ့်?!
စုယန်သည် လက်ကိုမြှောက်လိုက်ပြီး ဆံပင်များအား ဆွဲဆုပ်ရင်း သူ့ကိုယ်သူ ကြိမ်ဖန်များစွာ ဆဲဆိုလိုက်သည်။
ကုဖေးတိသည် ဤနေရာ၌ရှေးကျစွာကြီးပြင်းလာခဲ့ခြင်း ဖြစ်ပြီး ယောက်ျားများကြား ထိုကဲ့သို့ ရင်းနှီးသော ဆက်ဆံရေးမျိုးကို လက်ခံနိုင်မည်မဟုတ်သည်မှာ သေချာပါသည်။ ကျောက်စိမ်းကြေးမုံ ရေကန်ထဲသို့ ကျခဲ့စဉ်က သူသည် ကုဖေးတိအား ကယ်တင်ရန် အတွက် CPRလုပ်ပေးခဲ့ပါသော်လည်း ရလဒ်အနေဖြင့် ရင်ဘတ်ကိုသာ ပြင်းပြင်းထန်ထန် အရိုက်ခံခဲ့ရသည်။
ဤအဆိပ်ဖြေခြင်း နည်းလမ်း၌ နှုတ်ခမ်းများအကြား နေရာလွတ်မရှိစေရမည့်အပြင် လျှာများကိုလည်း ဖိကိုက်ထားဖို့လိုသေးသည်.... ကုဖေးတိ ၎င်းကို လုံးဝလက်မခံနိုင်မည်မှာ သေချာပါသည်။
သို့သော်လည်း ကူအဆိပ်ကို ဖြေရှင်းရန်မှာ ကျိန်းသေလိုအပ်နေသေး၏။
အကယ်၍ ကုဖေးတိက စိတ်ဆိုးမည်ဆိုလျှင်လည်း... သူ့ကို ရိုက်နှက်ခွင့်ပေးလိုက်ရုံသာ။
မည်သို့ပင်ဆိုစေ ဤသခင်ငယ်၏ခန္ဓာကိုယ်က အကြမ်းခံပေသည်။ အရေပြားကထူပြီး ယခင်ကလည်း ဓားဒဏ်ရာများ ရဖူးသည့်အတွက် သာမန်ရိုက်နှက်မှု မျိုးကို ကြောက်မနေသင့်တော့ပေ။
အဆုံးတွင် စုယန်သည် ကုဖေးတိအား ခေါ်ဆောင်ပြီး အဆိပ်ဖြေခြင်းနည်းလမ်းကို ဖတ်ရှုစေကာ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားခိုင်းရန် ဆုံးဖြတ်လိုက်သည်။
ကျောက်ခန်းထဲသို့ ပြန်ရောက်သောအခါ စုယန်သည် စားပွဲပေါ်၌ထိုင်ကာ စာရေးနေသော ကုဖေးတိကို တွေ့လိုက်ရသည်။ သူက အနားကို လျှောက်လာလိုက်၏။
ကုဖေးတိက မော့ကြည့်ပြီး မေးလာသည်။
"ရှာတွေ့ပြီလား?"
"အမ်း ရှာတွေ့ပြီ" စုယန်က ခေါင်းညိတ်လိုက်သည်။
"အဲဒီမှာ ကူအဆိပ်လွှဲပြောင်းဖို့ နည်းလမ်းကို ထွင်းထုထားတယ်။ ဖြစ်နိုင်မယ်ထင်တာပဲ"
ကုဖေးတိက သူကိုင်ထားသည့် စုတ်တံကိုချလိုက်ပြီး
စုယန်ကို လေးလေးနက်နက် ကြည့်လိုက်သည်။
"လေ့ကျင့်ရတာ ခက်လား? ဘာလို့ အဲဒါကို ကူးမယူလာတာလဲ။ မျက်ဝန်းကျွန်းဆွယ်ကို ယူသွားပြီး ဖြည်းဖြည်းချင်း အတူတူ လေ့လာလို့ရတယ်လေ"
"မခက်ပါဘူး။ အဆင့်သုံးဆင့်ပဲရှိပြီး အသေးစား အတွင်းအားလည်ပတ်မှုလေး လုပ်ရုံပါပဲ" စုယန်က ဆို၏။
"ဒါပေမယ့် အဲဒါက နေရောင်ခြည် ဒါမှမဟုတ် မီးအလင်းရောင်တွေအောက်မှာ လေ့ကျင့်လို့ မရနိုင်ဘူး။ မျက်ဝန်းကျွန်းဆွယ်မှာဆိုရင် ညဘက်ပဲ လေ့ကျင့်လို့ ရမှာစိုးတယ် ဒါဆိုရင် မင်းကိုအဆိပ်ဖြေဖို့ တစ်လထက် မနည်း နှောင့်နှေးသွားလိမ့်မယ်။ ဒီမှာပဲ အတူတူနေပြီး လေ့ကျင့်တာ ပိုကောင်းတယ်လေ"
ထိုစကားကိုကြားပြီးနောက် ကုဖေးတိက ဆိုသည်။
"ကောင်းပြီလေ.. ဒီမှာပဲအတူတူနေကြတာပေါ့"
စုယန်က ခေါင်းညိတ်လိုက်ပြီး ကုဖေးတိကို ကြည့်လိုက်သည်။ ပြီးနောက် ချီတုံချတုံနှင့် ပြောလိုက်၏။
"အာ.. ငါမင်းကို အဆိပ်ဖြေနည်းနဲ့ပတ်သက်ပြီး ကြိုပြောပြထားချင်တာ တစ်ခုတော့ရှိတယ်..."
"ဘာများလဲ?"
စုယန်က ဆိုသည်။
"မင်း သက်သာရဲ့လား? မင်းလမ်းလျှောက်နိုင်ရင် ငါမင်းကို ကြည့်ဖို့ ခေါ်သွားပေးမယ်လေ။ ငါမင်းကို လိမ်နေတာ မဟုတ်ဘူးနော်။ အဲဒီကျင့်စဉ်ရဲ့ နောက်ဆက်တွဲမှာ ရေးထားတာက... "
ကုဖေးတိသည် စုယန်၏ တွန့်ဆုတ်နေသော အသွင်အပြင်ကို ကြည့်ကာ သဘောတကျ ပြုံးလိုက်သည်။
"ကောင်းပါပြီ.. ငါ့ကိုပြောသာပြောပါ။ ငါမင်းကိုယုံပါတယ်"
"တကယ်နော်?"
"တကယ်"
"အင်း...ဒါဆို မင်းရဲ့စိတ်ကို အရင်ပြင်ဆင်ထားရမယ်"
"ကောင်းပြီ.. ငါ့ကိုပြောတော့"
စုယန်က တည်ငြိမ်ဟန်ဆောင်ကာ တိုးညှင်းသောလေသံဖြင့် ပြောလိုက်၏။
"ကူအဆိပ်ကို ထုတ်ယူတဲ့အခါ ငါတို့ နှစ်ယောက်လုံး လျှာထိပ်ဖျားတွေ ကိုက်ထားရမယ်။ အဲဒါမှ သွေးတွေ ရောစပ်သွားနိုင်မှာ။ ပြီးတော့ နှုတ်ခမ်းနဲ့ သွားအကြားမှာ နေရာလွတ် မရှိစေရဘူး"
ကုဖေးတိ ထိတ်လန့်သွား၏။
သူသည် စုယန်အား တည့်တည့်စိုက်ကြည့်နေပြီး သူ၏မျက်စံများက နက်မှောင်နေကာ ခံစားချက်များကို မမြင်နိုင်ပေ။
"မင်း လက်မခံနိုင်ဘူးဆိုတာ ငါသိပါတယ်" စုယန်သည် ချက်ချင်းလက်ကိုမြှောက်လိုက်ပြီး ကုဖေးတိအား စိတ်အေးအေးထားဟူသည့် အမူအရာပြလိုက်သည်။ ပြီးနောက် သူက ဆက်ရှင်းပြလိုက်၏။
"ဒါက မင်းရဲ့အသက်ကို ကယ်ဖို့အတွက် လုပ်တာပဲလေ။ ဆေးကောင်းက အရသာခါးတယ် လို့သာ မှတ်ယူလိုက်ပါ။ အမ်.. ဒါမှမဟုတ် အဆိပ်ကို အရိုးထဲက ခြစ်ယူတယ်ပေါ့။ မင်းမယုံရင် ကိုယ်တိုင် သွားဖတ်ကြည့်လို့ရတယ်"
ကုဖေးတိ၏လည်စလုတ်သည် အနည်းငယ်သာ လှုပ်ခတ်သွားပြီး တိတ်ဆိတ်နေ၏။
စုယန်က အံကြိတ်ကာ ဆက်ပြောလိုက်သည်။
"အဆိပ်ဖြေပြီးလို့ ငါမင်းအပေါ် စော်ကားတယ်လို့ မင်းခံစားရရင် ငါ့ကို ရိုက်ခွင့်ပြုမယ်။ ဒါပေမယ့် အဆိပ်ဖြေတာကိုတော့ မင်းရှောင်ဖယ်လို့မရဘူး။ ဟုတ်ပြီလား?"
ကုဖေးတိက စုယန်ကို ခဏတာ စိုက်ကြည့်နေပြီးနောက် လျှာဖျားလေးဖြင့် နှုတ်ခမ်းသပ်လိုက်သည်။ ပြီးနောက် မျက်လွှာချလိုက်ပြီး ဆို၏။
"...ကောင်းပြီ"
စုယန်က သက်ပြင်းချလိုက်ပြီး ဆံပင်များကို ဖြီးသင်လိုက်သည်။
ကုဖေးတိက ရုတ်တရက် မေးလာ၏။
"မင်း... ဒါတောင် ငါ့ကိုအဆိပ်ထုတ်ဖို့ ဆန္ဒရှိတုန်းပဲလား?"
စုယန်က နှုတ်ခမ်းထောင့်ကို ပင့်မလိုက်ပြီး မိစ္ဆာဂိုဏ်းရဲ့ သခင်ငယ်၏မူပိုင် ဆိုးသွမ်းသည့်အပြုံးကို ပြသလိုက်သည်။
"ဘာလို့ ငါက ဆန္ဒမရှိရမှာလဲ? မင်းက အရမ်းချောတဲ့အတွက်ကြောင့် ငါ့ဘက်မှာ အရှုံးမရှိဘူးလေ"
ကုဖေးတိက ပေါ့ပါးစွာ ရယ်မောလိုက်သည်။
စုယန်က သူ၏ရယ်မောသံကြောင့် အနည်းငယ် ရှက်ရွံ့သွား၏။
"ဒါ့အပြင် ငါမင်းကို အဆိပ်ထုတ်ပေးမယ်လို့ ကတိပေးထားတယ် မဟုတ်လား။ အဲဒါကို တည်အောင် လုပ်ရမှာပေါ့"
ကျောက်ခန်း၏ မှိန်ဖျော့သောအလင်းရောင်အောက်တွင် ကုဖေးတိသည် စုယန်အား တိတ်တဆိတ် စိုက်ကြည့်နေ၏။ စုယန် စိတ်မသက်မသာ ဖြစ်လာသည်ကို သတိထားမိသောအခါ သူမထိန်းနိုင်ဘဲ ရယ်မောနေပြန်သည်။
"အဲဒါက အဆိပ်ထုတ်ဖို့အတွက်ဆိုပေမယ့်.." ကုဖေးတိက တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ ဆက်ပြောလာ၏။
"... ငါဘယ်သူနဲ့မှ အဲဒီလောက်ထိ မရင်းနှီးဖူးဘူး။ ဒါကြောင့် ဘယ်လိုလုပ်ရမှန်းလည်းမသိဘူး"
စုယန် မှင်သက်သွားသည်။
"ဒါ...ဒါက ဒီအတိုင်း လုပ်ရုံပဲလေ"
ကုဖေးတိက သူ့ကို ကြည့်ပြီး မေး၏။
"ဒီအတိုင်း ဘယ်လိုမျိုးလဲ?"
စုယန်သည် နှစ်ဘဝစလုံး၌ အချစ်နှင့် မထိတွေ့ခဲ့ဖူးသည့်အတွက် သေချာပေါက် အဖြေအပေးနိုင်ပါချေ။
ကုဖေးတိက အကြံပြုလာသည်။
"ဒါဆို... ဘာလို့ကြိုပြီး မလေ့ကျင့်တာလဲ?"
ကုဖေးတိဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်သွားသောအခါ စုယန်သည် ဦးရေပြား ပေါက်ထွက်တော့မလို ခံစားလိုက်ရသည်။
သူက ချက်ချင်း အာဏာဆန်ဆန် ငြင်းပယ်လိုက်လေ၏။
"အစမ်းလေ့ကျင့်တာမျိုးမရှိဘူး!"
ထိုသို့ပြောပြီးနောက် သူက အရေထူစွာဖြင့် မေးလိုက်သေးသည်။
"အဲဒါက ဘာလေ့ကျင့်စရာ ရှိလို့လဲ? ကုဖေးတိ.. မင်းကို ဒီလိုလူမျိုးလို့ ငါမမျှော်လင့်ထားဘူးကြည့်စမ်း။ မင်းငါ့ရဲ့အလှကို တပ်မက်နေတာကြာပြီလား... ဟမ်?!"
ကုဖေးတိသည် ပါးပေါ် လက်ထောက်ကာ စုယန်အား ပြုံးပြုံးကြီး ကြည့်နေပြီး ပြန်မဖြေပေ။
ဖယောင်းတိုင်မီးမှိန်ပြပြနှင့် ဤကဲ့သို့ အလုံပိတ် နေရာမျိုးက လေထုကို အမှန်တကယ်ရှုပ်ထွေးစေပြီး အန္တရာယ် များလွန်းသည်ဟု စုယန်ခံစားမိသည်။
သူသည် မသိစိတ်မှ တံတွေးမျိုချလိုက်ပြီး ချက်ချင်း ထရပ်လိုက်လေ၏။
"ငါအဲဒါကို သွားလေ့လာလိုက်အုံးမယ်"
စုယန် ထွက်ပြေးသွားသည်ကို မြင်သောအခါ ကုဖေးတိ၏ မျက်လုံးထဲရှိ ပျော်ရွှင်မှုများက ပို၍ပင် တောက်ပလာခဲ့သည်။
သူက လက်ကိုမြှောက်လိုက်ပြီး လက်ချောင်းထိပ် များဖြင့် နှုတ်ခမ်းများကို ပွတ်သပ်လိုက်၏။ ပြီးနောက် ခပ်တိုးတိုး ရယ်ကာ ရေရွတ်လိုက်လေသည်။
"ဒီတော့ ဒါက မင်းကိုကိုင်တွယ်ဖို့ အသင့်တော်ဆုံး နည်းလမ်းပေါ့လေ..."
စုယန် ပျောက်ကွယ်သွားသည့်နေရာကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် ကုဖေးတိသည် အနည်းငယ် မျက်မှောင်ကြုတ်ကာ ပါးစပ်ကို လက်ဖြင့်အုပ်ပြီး ချောင်းနှစ်ကြိမ် ဆိုးလိုက်သည်။
သူ၏ခန္ဓာကိုယ်မှ နာကျင်ကိုက်ခဲမှုများ သက်သာလာသောအခါမှ သက်ပြင်းချကာ ထရပ်လိုက်သည်။ သူသည် ရေတွင်းသို့ သွားပြီး လက်ကိုင်ပုဝါကို ရေဆွတ်ပြီးနောက် လက်ဖဝါးပေါ်မှ သွေးများကို သုတ်လိုက်၏။ ထို့နောက် စားပွဲမှာ ပြန်ထိုင်ကာ စုတ်တံကို မှင်အိုးထဲနှစ်လိုက်ပြီး မပြီးသေးသော စာမျက်နှာကို ဆက်ရေးလိုက်သည်။
စုယန်သည် မီးခွက်ကိုကိုင်ကာ 'ကြက်သွေးနီ ညှိုးနွမ်းခြင်း' ကျင့်စဉ် ထွင်းထုထားရာ အခန်းဆီသို့ ဝင်လာခဲ့သည်။ သူ့စိတ်ထဲရှိ စိုးရိမ်ကြောင့်ကြမှုများကို ခေတ္တဘေးဖယ်ထားပြီး ကျင့်စဉ်၏ ပထမအဆင့် နိယာမကို သေသေချာချာ လေ့လာလိုက်၏။
၎င်းကို အထပ်ထပ်ရွတ်ဖတ်ကာ နားလည်ပြီးနောက် မီးတိုင်ကို ငြိမ်းသတ်ပြီး အမှောင်ထဲမှာ တင်ပျဉ်ခွေ ထိုင်လိုက်သည်။ ပြီးနောက် စာတွင်ဖော်ပြထားသည့် လမ်းကြောင်းအတိုင်း အတွင်းအားကို စတင်လှည့်ပတ်လိုက်လေ၏။
ရေခဲဝိညာဉ်သည် သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကြောင့် နိုးထလာပြီး အေးစက်သော အငွေ့အသက်များ ထုတ်လွှင့်လာသည်။ ၎င်းသည် သူ့ခန္ဓာကိုယ်ရှိ မယ်ရီဒန်အားလုံးဆီသို့ စွမ်းအင်များကို တဖြည်းဖြည်း ပို့လွှတ်ပေး၏။
စုယန်သည် ဤခံစားချက်ကို အလွန်ပင်ရင်းနှီးသည်။ သူသည် 'ရေခဲကိုးလွှာပွင့်လန်းခြင်း' အား လေ့ကျင့်နေစဉ်တွင် ရေခဲဝိညာဉ်သည် ဤနည်းဖြင့် သူ၏မယ်ရီဒန်များဆီသို့ အတွင်းအားကို အတားအဆီးမဲ့ စီးဆင်းစေပြီး ချောမွေ့စွာ လည်ပတ်နိုင်ရန် အကူအညီ ပေးသည်။ ထို့ကြောင့် ထက်ဝက် အားစိုက်ထုတ်ရုံဖြင့် ရလဒ်နှစ်ဆရခြင်းပင် ဖြစ်ပေသည်။
သို့သော် ဤတစ်ကြိမ်တွင် ရေခဲဝိညာဉ်သည် အနည်းငယ်ကွဲပြားနေပုံရလေ၏။
လေးငါးမှတ်ကိုဖြတ်ကျော်ပြီးသည်နှင့် သူ၏ခန္ဓာကိုယ် အတွင်းပိုင်းရှိ အအေးဓာတ်သည် အလွန်ပြင်းထန်လာပြီး တုန်လှုပ်နေပြီဖြစ်သည်။ တစ်ဝက်အထိ လုပ်ဆောင် ပြီးသောအခါ အရိုးထဲအထိ အေးစိမ့်လာလေသည်။ သူ၏သွေးများပင် အေးခဲလုနီးပါး ခံစားနေရ၏။
ဤ 'ကြက်သွေးနီညှိုးနွမ်းခြင်း'သည် အခြားသော အအေးပိုင်းယင်ကျင့်စဉ်များနှင့် အမှန်တကယ်
ကွာခြားသည်ဟု ညည်းတွားရင်း စုယန်သည် သူ့ကိုယ်သူထိန်းညှိရန် 'မရဏပန်းခြောက်ပွင့်' ကျင့်စဉ်သို့ ကူးပြောင်းခဲ့ရသည်။
'မရဏပန်းခြောက်ပွင့်'နှင့် 'ရေခဲကိုးလွှာပွင့်လန်းခြင်း' အကြား အတန်ကြာလှည့်ပတ်နေပြီးနောက် စုယန်သည် ခေတ္တရပ်လိုက်ပြီး ''ကြက်သွေးနီညှိုးနွမ်းခြင်း'' ဘက်သို့ ပြန်လှည့်ကာ အတွင်းအားကို ထပ်မံ လည်ပတ်လိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် ကျန်သောတစ်ဝက်ခန့်ကို ဆက်လက်လုပ်ဆောင်လိုက်၏။ အံကိုတင်းတင်း ကြိတ်ရင်း အတွင်းအားကို လမ်းပေါင်းများစွာဆီသို့ တွန်းပို့လိုက်သည်။
ရုတ်တရက် အလွန်ဆိုးရွားလှသော အအေးဓာတ်သည် ချွန်ထက်သောဓားတစ်လက်ကဲ့သို့ သူ၏ကျောရိုး တလျှောက် ထိုးတက်လာပြီး သူ့နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
စုယန်သည် သူ၏နှလုံးသားထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ချက်ချင်းပင် သတိလစ်သွားတော့၏။
မှုန်ရီဝေဝါးနေသော အခြေအနေတွင် သူ့နားထဲ၌ အလွန်ရင်းနှီးသော အမျိုးသမီးတစ်ဦး၏ အသံကို သတိရမိသည်။
တစ်ချိန်က တိလင်းသည် သူ၏ကုတင်ဘေး၌ထိုင်နေပြီး ဤကဲ့သို့ တည်တည်ငြိမ်ငြိမ် သတိပေးခဲ့ဖူး၏။
"... ဒါပေမယ့် 'ရေခဲကိုးလွှာပွင့်လန်းခြင်း'ကို အောင်မြင်ပြီးရင် နောက်ထပ် အအေးပိုင်းကျင့်စဉ်တွေ ထပ်မလေ့ကျင့်ရတော့ဘူး။ မဟုတ်ရင် ရေခဲဝိညာဉ်က ပိုနက်ရှိုင်းလာပြီး မင်းရဲ့သက်တမ်းကို ထိခိုက်စေနိုင်တယ်..."
အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်ပြီးနောက် စုယန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
သူသည် မြေပြင်ပေါ်မှ ထထိုင်လိုက်ပြီး သူ၏ကိုယ်ပိုင် လက်ချောင်းများကိုပင် မမြင်နိုင်သော အမှောင်ထုထဲ၌ မှင်တက်နေလေ၏။
သူ၏ခန္ဓာကိုယ်ထဲရှိ ရေခဲဝိညာဉ်ဟာ အသွားနှစ်ဖက် ပါသော ဓားတစ်လက်ဖြစ်ကြောင်းကို မေ့နေခဲ့သည်မှာ ကြာလေပြီ။
၎င်းသည် အအေးပိုင်းဆိုင်ရာ ကျင့်စဉ်များကို ထက်ဝက် အားစိုက်ထုတ်ရုံဖြင့် ရလဒ် နှစ်ဆရရှိနိုင်စေသော်လည်း တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ်နှင့် သက်တမ်း ကိုလည်း ထိခိုက်စေမည်ဖြစ်သည်။ အတွင်းအားက ပိုအေးခဲလေလေ ရေခဲဝိညာဉ်က ပိုအားကောင်းလေလေ ဖြစ်သည်။ ထို့ကြောင့် အတွင်းအားက အလွန်အေးခဲ နေပါက ရေခဲဝိညာဉ်သည် ပိုမိုအားကောင်းလာပြီး သူ၏မယ်ရီဒန်များကို ဖျက်ဆီးပစ်မည် ဖြစ်ပေသည်။ သူသာ လေ့ကျင့်မှုကို မရပ်တန့်ပါက ထိုပြဿနာကို ဖြေရှင်းရန်နည်းလမ်းမရှိပါ။
သို့သော် ကုဖေးတိအား အဆိပ်ထုတ်ရန်အတွက် 'ကြက်သွေးနီညှိုးနွမ်းခြင်း' ကျင့်စဉ်ကို လေ့ကျင့်ရန် ကျိန်းသေလိုအပ်ပေသည်။ ၎င်းကသာ ကုဖေးတိ၏ အဆိပ်များကို ထုတ်ယူပြီး အေးခဲသွားစေနိုင်မည် ဖြစ်သည်။ ဤသည်မှာ ဇာတ်လမ်းဇာတ်ကြောင်းနှင့် ဤလောကတွင် ပေးထားသည့် တစ်ခုတည်းသော အဖြေဖြစ်ကြောင်း စုယန် သိပေ၏။
၎င်းအဆိပ်ဖြေနည်းလမ်းသည် ပြဿနာမဟုတ်၊ သူကသာလျှင် ပြဿနာဖြစ်သည်။ သူသည် ရွှီယွင်ကျန်း၏ဇာတ်ကွက်ကို လူယူခဲ့ပြီး ရေခဲဝိညာဉ်ကို ရရှိခဲ့သည်။ ဖူလင်းယွင်၏ ဇာတ်ကွက်များကိုလည်း လုယူခဲ့ပြီး ကုဖေးတိကို အဆိပ်ထုတ်ရန်အတွက် ဤအအေးပိုင်းကျင့်စဉ်ကို လေ့ကျင့်နေရလေသည်။
....အမ်? နေပါအုံး!
စုယန် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး မီးတိုင်ကို ပြန်လည်ထွန်းညှိလိုက်သည်။ ထို့နောက် ထိုကျင့်စဉ်၏ မိတ်ဆက်အခန်းကို သေချာပြန်ဖတ်ကြည့်လိုက်၏။
ထို့နောက် စုယန်သည် 'ကြက်သွေးနီ ညှိုးနွမ်းခြင်း' ကျင့်စဉ်ဟာ အလွန်အေးခဲသော ယင်ပိုင်းဆိုင်ရာကျင့်စဉ် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ၎င်းကို အုတ်မြစ်အဖြစ် အသုံးမပြုနိုင်ဘဲ အခြားသောအအေးပိုင်းဆိုင်ရာ ကျင့်စဉ်အခြေခံရှိပါမှ လေ့ကျင့်နိုင်မည်ဖြစ်သည်။
သို့သော် ၎င်းက မမှန်ကန်ပေ။
ဖူလင်းယွင်သည် 'ငှက်မွှေးအလွှာများ' နှင့် 'သိမ်းငှက်သုံးကောင်' ကဲ့သို့ ပေါ့ပါးသွက်လက်သော နည်းလမ်းများကိုသာ လေ့ကျင့်ခြင်းဖြစ်သည်။
ကုဖေးတိရဲ့အဆိပ်ကို ထုတ်ဖို့အတွက် 'ကြက်သွေးနီ ညှိုးနွမ်းခြင်း' ကျင့်စဉ်ကို သူမ ဘယ်လိုလုပ် လေ့ကျင့်နိုင်မှာလဲ?
ဇာတ်ကွက်မှာ... အဖျက်ပိုးရှိနေတာလား!?
ကုဖေးတိ၏ အတန်းဖော်များတွင် ဖန်ရှီနှင့် သူ စုယန်သာလျှင် ချင်းဟန်ကျောင်းတော်က အအေးပိုင်းဆိုင်ရာကျင့်စဉ်များကို လေ့ကျင့်သည်မှာ သေချာပါသည်။
ထို့အပြင် 'မရဏပန်းခြောက်ပွင့်' နှင့် 'ရေခဲကိုးလွှာ ပွင့်လန်းခြင်း' သည် တစ်ခုနှင့်တစ်ခု အားဖြည့်ပံ့ပိုး ပေးသောကြောင့် သူ၏ အအေးပိုင်းဆိုင်ရာကျင့်စဉ် အခြေခံအုတ်မြစ်မှာ အလွန်ခိုင်မာပြီး 'ကြက်သွေးနီ ညှိုးနွမ်းခြင်း' သည် သူ့အတွက် အံဝင်ခွင်ကျဖြစ်အောင် တမင်ဖန်တီးထားသကဲ့သို့ပင်။
__ ဆိုတော့ကာ အစကတည်းက ကုဖေးတိအား အဆိပ်ထုတ်ပေးရန် ရည်ရွယ်ထားသည့်လူမှာ
မိစ္ဆာဂိုဏ်း၏ သခင်ငယ် ဖြစ်နေတာပင်!
_3.7.22
စာရေးဆရာမှာ ပြောစရာရှိပါတယ်:
အရာအားလုံး သိပ်မရိုးရှင်းဘူးဆိုတာ စုယန်သိသွားပြီး မျက်မှောင်ကြုတ်လိုက်တယ်။
Thanks for reading ❣️
Zawgyi
အခန္း-၅၆ ေရခဲဝိညာဥ္ႏွင့္ သံသယ။
[ဇာတ္ကြက္မွာ... အဖ်က္ပိုးရွိေနတာလား?]
"လွ်ာကိုကိုက္ရမယ္... ႏႈတ္ခမ္းနဲ႕သြားအၾကား ေနရာလြတ္မရွိေစဘဲ... ေသြးမွ်ေဝရမယ္..."
စုယန္သည္ ေရးထြင္းထားေသာ စာေၾကာင္းမ်ားကို တိတ္တဆိတ္ဖတ္လိုက္သည္။ ၎တို႔သည္ မည္သည္ကိုဆိုလိုမွန္း သူနားလည္ေအာင္ အခ်ိန္အတန္ၾကာခဲ့၏။
စာေၾကာင္းထဲတြင္ ေဖာ္ျပထားသည့္ ျမင္ကြင္းက သူ၏မသိစိတ္တြင္ ကြင္းကြင္းကြက္ကြက္ ေပၚေပါက္လာသည္။ စုယန္သည္ သူ၏ဦးေရျပား ထုံက်င္သြားၿပီး ရင္ဘက္တစ္ခုလုံး ပူေလာင္လာကာ ေအးစက္ေသာေခြၽးမ်ား ယိုစိမ့္လာသည္ကို ခံစားလိုက္ရသည္။
ကုေဖးတိကို အဆိပ္ေျဖဖို႔က ႏႈတ္ခမ္းခ်င္းနမ္းဖို႔ လိုေသးတာလား!
"ညင္သာစြာလက္ခံယူ၊ ေပ်ာ့ေပ်ာင္းစြာ ထိန္းေက်ာင္းၿပီး ခမ္းေျခာက္ေစ.. အဲဒီလိုမ်ိဳး သုံးႀကိမ္တိုင္တိုင္လုပ္ရမယ္.."
ဒီဝါက်အရ ကုေဖးတိကို လွ်ာနဲ႕နမ္း႐ုံတင္မကဘဲ အဆင့္သုံးဆင့္ကိုလည္း သုံႀကိမ္တိုင္တိုင္ ထပ္လုပ္ရအုံးမွာေပါ့ေလ။ ဒါက အနည္းဆုံး ဆယ္မိနစ္ေလာက္ၾကာမွာလို႔ ဆိုလိုခ်င္တာမဟုတ္လား?
မူရင္းစာေရးဆရာရဲ႕ ကိုယ္က်င့္သိကၡာကို သြားယုံၾကည္လို႔ မရဘူးပဲ!
သူက မိန္းကေလးတစ္ေယာက္ေတာင္ ဟုတ္ရဲ႕လား!
သို႔ေသာ္လည္း မူလဇာတ္လမ္း၌ ဇာတ္လိုက္ကို အဆိပ္ေျဖရန္မွာ ဇာတ္လိုက္မ၏တာဝန္သာ ျဖစ္ေသာေၾကာင့္ ဤအဆိပ္ေျဖျခင္းနည္းလမ္းသည္ သာမန္မဟုတ္နိုင္ေၾကာင္း သူ ခန႔္မွန္းခဲ့သင့္သည္။
ဒါေပမယ့္... အခု ဇာတ္လိုက္မက ဒီမွာရွိမေနဘူးေလ!
ဇာတ္ကြက္ေတြကို အၿမဲၿပိဳက်ေအာင္လုပ္ေနတဲ့ မိစာၦဂိုဏ္းရဲ႕သခင္ငယ္ သူကိုယ္တိုင္ကလြဲရင္ ကုေဖးတိကို အျခားဘယ္သူက အဆိပ္ထုတ္ေပးနိုင္မွာလဲ?
ထိုအေတြးဝင္လာသည္ႏွင့္ စုယန္ အနည္းငယ္ ေက်းဇူးတင္မိသြားသည္။ ကံေကာင္းေထာက္မစြာ ဤစာေရးဆရာသည္ ႏွစ္ကိုယ္တူက်င့္ႀကံျခင္းကဲ့သို႔ ပို၍လြန္ကဲေသာ အဆိပ္ေျဖနည္းမ်ိဳးကို မေရးမိေအာင္ ခ်ဳပ္တည္းနိုင္ခဲ့သည္။ သို႔မဟုတ္ပါက သူ ကိုယ့္ကိုကိုယ္ သတ္ေသရန္ ေနာက္တဖန္ ႀကိဳးစားမိေပလိမ့္မည္။
စုယန္သည္ ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္ၿပီး ဤကိစၥကို ကုေဖးတိအား မည္သို႔ရွင္းျပရမည္ကို ေတြးေတာေနမိသည္။
၎သည္ သူ႕အတြက္ေတာ့ သိပ္အေရးမႀကီးပါ။ ေဖ်ာ္ေျဖေရး ေလာကထဲကို စတင္ဝင္ေရာက္လာ ကတည္းက အျခားသူမ်ားႏွင့္ အနမ္းေပးျခင္း ဇာတ္ကြက္မ်ားကို ရိုက္ကူးနိုင္ေၾကာင္း ကိုယ့္ကိုကိုယ္ အတည္ျပဳၿပီးျဖစ္သည္။
ကုေဖးတိက ေယာက္်ားေလးဆိုေပမယ့္... အဟမ္း.. သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႕ ဒီလိုေလ့က်င့္မႈမ်ိဳးက ရွိသင့္တယ္ေလေနာ္။ ေနာင္မွာ ေယာက္်ားခ်င္းနမ္းဖို႔ လိုအပ္လာရင္ စိတ္ပိုင္းဆိုင္ရာ အတားအဆီးေတြကို ေက်ာ္လႊားနိုင္ၿပီးသား ျဖစ္သြားတာေပါ့။
ၿပီးေတာ့ ကုေဖးတိက အရမ္းေခ်ာတယ္။ သူ႕ကိုနမ္းရတာ အရႈံးမရွိဘူး!
မဟုတ္ေသးဘူး! ငါဘာေတြ ေလွ်ာက္ေတြးေနပါလိမ့္?!
စုယန္သည္ လက္ကိုျမႇောက္လိုက္ၿပီး ဆံပင္မ်ားအား ဆြဲဆုပ္ရင္း သူ႕ကိုယ္သူ ႀကိမ္ဖန္မ်ားစြာ ဆဲဆိုလိုက္သည္။
ကုေဖးတိသည္ ဤေနရာ၌ေရွးက်စြာႀကီးျပင္းလာခဲ့ျခင္း ျဖစ္ၿပီး ေယာက္်ားမ်ားၾကား ထိုကဲ့သို႔ ရင္းႏွီးေသာ ဆက္ဆံေရးမ်ိဳးကို လက္ခံနိုင္မည္မဟုတ္သည္မွာ ေသခ်ာပါသည္။ ေက်ာက္စိမ္းေၾကးမုံ ေရကန္ထဲသို႔ က်ခဲ့စဥ္က သူသည္ ကုေဖးတိအား ကယ္တင္ရန္ အတြက္ CPRလုပ္ေပးခဲ့ပါေသာ္လည္း ရလဒ္အေနျဖင့္ ရင္ဘတ္ကိုသာ ျပင္းျပင္းထန္ထန္ အရိုက္ခံခဲ့ရသည္။
ဤအဆိပ္ေျဖျခင္း နည္းလမ္း၌ ႏႈတ္ခမ္းမ်ားအၾကား ေနရာလြတ္မရွိေစရမည့္အျပင္ လွ်ာမ်ားကိုလည္း ဖိကိုက္ထားဖို႔လိုေသးသည္.... ကုေဖးတိ ၎ကို လုံးဝလက္မခံနိုင္မည္မွာ ေသခ်ာပါသည္။
သို႔ေသာ္လည္း ကူအဆိပ္ကို ေျဖရွင္းရန္မွာ က်ိန္းေသလိုအပ္ေနေသး၏။
အကယ္၍ ကုေဖးတိက စိတ္ဆိုးမည္ဆိုလွ်င္လည္း... သူ႕ကို ရိုက္ႏွက္ခြင့္ေပးလိုက္႐ုံသာ။
မည္သို႔ပင္ဆိုေစ ဤသခင္ငယ္၏ခႏၶာကိုယ္က အၾကမ္းခံေပသည္။ အေရျပားကထူၿပီး ယခင္ကလည္း ဓားဒဏ္ရာမ်ား ရဖူးသည့္အတြက္ သာမန္ရိုက္ႏွက္မႈ မ်ိဳးကို ေၾကာက္မေနသင့္ေတာ့ေပ။
အဆုံးတြင္ စုယန္သည္ ကုေဖးတိအား ေခၚေဆာင္ၿပီး အဆိပ္ေျဖျခင္းနည္းလမ္းကို ဖတ္ရႈေစကာ စိတ္ပိုင္းဆိုင္ရာ ႀကိဳတင္ျပင္ဆင္ထားခိုင္းရန္ ဆုံးျဖတ္လိုက္သည္။
ေက်ာက္ခန္းထဲသို႔ ျပန္ေရာက္ေသာအခါ စုယန္သည္ စားပြဲေပၚ၌ထိုင္ကာ စာေရးေနေသာ ကုေဖးတိကို ေတြ႕လိုက္ရသည္။ သူက အနားကို ေလွ်ာက္လာလိုက္၏။
ကုေဖးတိက ေမာ့ၾကည့္ၿပီး ေမးလာသည္။
"ရွာေတြ႕ၿပီလား?"
"အမ္း ရွာေတြ႕ၿပီ" စုယန္က ေခါင္းညိတ္လိုက္သည္။
"အဲဒီမွာ ကူအဆိပ္လႊဲေျပာင္းဖို႔ နည္းလမ္းကို ထြင္းထုထားတယ္။ ျဖစ္နိုင္မယ္ထင္တာပဲ"
ကုေဖးတိက သူကိုင္ထားသည့္ စုတ္တံကိုခ်လိဳက္ၿပီး
စုယန္ကို ေလးေလးနက္နက္ ၾကည့္လိုက္သည္။
"ေလ့က်င့္ရတာ ခက္လား? ဘာလို႔ အဲဒါကို ကူးမယူလာတာလဲ။ မ်က္ဝန္းကြၽန္းဆြယ္ကို ယူသြားၿပီး ျဖည္းျဖည္းခ်င္း အတူတူ ေလ့လာလို႔ရတယ္ေလ"
"မခက္ပါဘူး။ အဆင့္သုံးဆင့္ပဲရွိၿပီး အေသးစား အတြင္းအားလည္ပတ္မႈေလး လုပ္႐ုံပါပဲ" စုယန္က ဆို၏။
"ဒါေပမယ့္ အဲဒါက ေနေရာင္ျခည္ ဒါမွမဟုတ္ မီးအလင္းေရာင္ေတြေအာက္မွာ ေလ့က်င့္လို႔ မရနိုင္ဘူး။ မ်က္ဝန္းကြၽန္းဆြယ္မွာဆိုရင္ ညဘက္ပဲ ေလ့က်င့္လို႔ ရမွာစိုးတယ္ ဒါဆိုရင္ မင္းကိုအဆိပ္ေျဖဖို႔ တစ္လထက္ မနည္း ေႏွာင့္ေႏွးသြားလိမ့္မယ္။ ဒီမွာပဲ အတူတူေနၿပီး ေလ့က်င့္တာ ပိုေကာင္းတယ္ေလ"
ထိုစကားကိုၾကားၿပီးေနာက္ ကုေဖးတိက ဆိုသည္။
"ေကာင္းၿပီေလ.. ဒီမွာပဲအတူတူေနၾကတာေပါ့"
စုယန္က ေခါင္းညိတ္လိုက္ၿပီး ကုေဖးတိကို ၾကည့္လိုက္သည္။ ၿပီးေနာက္ ခ်ီတုံခ်တဳံႏွင့္ ေျပာလိုက္၏။
"အာ.. ငါမင္းကို အဆိပ္ေျဖနည္းနဲ႕ပတ္သက္ၿပီး ႀကိဳေျပာျပထားခ်င္တာ တစ္ခုေတာ့ရွိတယ္..."
"ဘာမ်ားလဲ?"
စုယန္က ဆိုသည္။
"မင္း သက္သာရဲ႕လား? မင္းလမ္းေလွ်ာက္နိုင္ရင္ ငါမင္းကို ၾကည့္ဖို႔ ေခၚသြားေပးမယ္ေလ။ ငါမင္းကို လိမ္ေနတာ မဟုတ္ဘူးေနာ္။ အဲဒီက်င့္စဥ္ရဲ႕ ေနာက္ဆက္တြဲမွာ ေရးထားတာက... "
ကုေဖးတိသည္ စုယန္၏ တြန႔္ဆုတ္ေနေသာ အသြင္အျပင္ကို ၾကည့္ကာ သေဘာတက် ၿပဳံးလိုက္သည္။
"ေကာင္းပါၿပီ.. ငါ့ကိုေျပာသာေျပာပါ။ ငါမင္းကိုယုံပါတယ္"
"တကယ္ေနာ္?"
"တကယ္"
"အင္း...ဒါဆို မင္းရဲ႕စိတ္ကို အရင္ျပင္ဆင္ထားရမယ္"
"ေကာင္းၿပီ.. ငါ့ကိုေျပာေတာ့"
စုယန္က တည္ၿငိမ္ဟန္ေဆာင္ကာ တိုးညွင္းေသာေလသံျဖင့္ ေျပာလိုက္၏။
"ကူအဆိပ္ကို ထုတ္ယူတဲ့အခါ ငါတို႔ ႏွစ္ေယာက္လုံး လွ်ာထိပ္ဖ်ားေတြ ကိုက္ထားရမယ္။ အဲဒါမွ ေသြးေတြ ေရာစပ္သြားနိုင္မွာ။ ၿပီးေတာ့ ႏႈတ္ခမ္းနဲ႕ သြားအၾကားမွာ ေနရာလြတ္ မရွိေစရဘူး"
ကုေဖးတိ ထိတ္လန႔္သြား၏။
သူသည္ စုယန္အား တည့္တည့္စိုက္ၾကည့္ေနၿပီး သူ၏မ်က္စံမ်ားက နက္ေမွာင္ေနကာ ခံစားခ်က္မ်ားကို မျမင္နိုင္ေပ။
"မင္း လက္မခံနိုင္ဘူးဆိုတာ ငါသိပါတယ္" စုယန္သည္ ခ်က္ခ်င္းလက္ကိုျမႇောက္လိုက္ၿပီး ကုေဖးတိအား စိတ္ေအးေအးထားဟူသည့္ အမူအရာျပလိုက္သည္။ ၿပီးေနာက္ သူက ဆက္ရွင္းျပလိုက္၏။
"ဒါက မင္းရဲ႕အသက္ကို ကယ္ဖို႔အတြက္ လုပ္တာပဲေလ။ ေဆးေကာင္းက အရသာခါးတယ္ လို႔သာ မွတ္ယူလိုက္ပါ။ အမ္.. ဒါမွမဟုတ္ အဆိပ္ကို အရိုးထဲက ျခစ္ယူတယ္ေပါ့။ မင္းမယုံရင္ ကိုယ္တိုင္ သြားဖတ္ၾကည့္လို႔ရတယ္"
ကုေဖးတိ၏လည္စလုတ္သည္ အနည္းငယ္သာ လႈပ္ခတ္သြားၿပီး တိတ္ဆိတ္ေန၏။
စုယန္က အံႀကိတ္ကာ ဆက္ေျပာလိုက္သည္။
"အဆိပ္ေျဖၿပီးလို႔ ငါမင္းအေပၚ ေစာ္ကားတယ္လို႔ မင္းခံစားရရင္ ငါ့ကို ရိုက္ခြင့္ျပဳမယ္။ ဒါေပမယ့္ အဆိပ္ေျဖတာကိုေတာ့ မင္းေရွာင္ဖယ္လို႔မရဘူး။ ဟုတ္ၿပီလား?"
ကုေဖးတိက စုယန္ကို ခဏတာ စိုက္ၾကည့္ေနၿပီးေနာက္ လွ်ာဖ်ားေလးျဖင့္ ႏႈတ္ခမ္းသပ္လိုက္သည္။ ၿပီးေနာက္ မ်က္လႊာခ်လိဳက္ၿပီး ဆို၏။
"...ေကာင္းၿပီ"
စုယန္က သက္ျပင္းခ်လိဳက္ၿပီး ဆံပင္မ်ားကို ၿဖီးသင္လိုက္သည္။
ကုေဖးတိက ႐ုတ္တရက္ ေမးလာ၏။
"မင္း... ဒါေတာင္ ငါ့ကိုအဆိပ္ထုတ္ဖို႔ ဆႏၵရွိတုန္းပဲလား?"
စုယန္က ႏႈတ္ခမ္းေထာင့္ကို ပင့္မလိုက္ၿပီး မိစာၦဂိုဏ္းရဲ႕ သခင္ငယ္၏မူပိုင္ ဆိုးသြမ္းသည့္အၿပဳံးကို ျပသလိုက္သည္။
"ဘာလို႔ ငါက ဆႏၵမရွိရမွာလဲ? မင္းက အရမ္းေခ်ာတဲ့အတြက္ေၾကာင့္ ငါ့ဘက္မွာ အရႈံးမရွိဘူးေလ"
ကုေဖးတိက ေပါ့ပါးစြာ ရယ္ေမာလိုက္သည္။
စုယန္က သူ၏ရယ္ေမာသံေၾကာင့္ အနည္းငယ္ ရွက္႐ြံ႕သြား၏။
"ဒါ့အျပင္ ငါမင္းကို အဆိပ္ထုတ္ေပးမယ္လို႔ ကတိေပးထားတယ္ မဟုတ္လား။ အဲဒါကို တည္ေအာင္ လုပ္ရမွာေပါ့"
ေက်ာက္ခန္း၏ မွိန္ေဖ်ာ့ေသာအလင္းေရာင္ေအာက္တြင္ ကုေဖးတိသည္ စုယန္အား တိတ္တဆိတ္ စိုက္ၾကည့္ေန၏။ စုယန္ စိတ္မသက္မသာ ျဖစ္လာသည္ကို သတိထားမိေသာအခါ သူမထိန္းနိုင္ဘဲ ရယ္ေမာေနျပန္သည္။
"အဲဒါက အဆိပ္ထုတ္ဖို႔အတြက္ဆိုေပမယ့္.." ကုေဖးတိက တခဏမွ် တုံ႕ဆိုင္းသြားၿပီးေနာက္ ေအာက္ႏႈတ္ခမ္းကို ကိုက္လိုက္ကာ ဆက္ေျပာလာ၏။
"... ငါဘယ္သူနဲ႕မွ အဲဒီေလာက္ထိ မရင္းႏွီးဖူးဘူး။ ဒါေၾကာင့္ ဘယ္လိုလုပ္ရမွန္းလည္းမသိဘူး"
စုယန္ မွင္သက္သြားသည္။
"ဒါ...ဒါက ဒီအတိုင္း လုပ္႐ုံပဲေလ"
ကုေဖးတိက သူ႕ကို ၾကည့္ၿပီး ေမး၏။
"ဒီအတိုင္း ဘယ္လိုမ်ိဳးလဲ?"
စုယန္သည္ ႏွစ္ဘဝစလုံး၌ အခ်စ္ႏွင့္ မထိေတြ႕ခဲ့ဖူးသည့္အတြက္ ေသခ်ာေပါက္ အေျဖအေပးနိုင္ပါေခ်။
ကုေဖးတိက အႀကံျပဳလာသည္။
"ဒါဆို... ဘာလို႔ႀကိဳၿပီး မေလ့က်င့္တာလဲ?"
ကုေဖးတိဆိုလိုသည့္ အဓိပၸာယ္ကို နားလည္သြားေသာအခါ စုယန္သည္ ဦးေရျပား ေပါက္ထြက္ေတာ့မလို ခံစားလိုက္ရသည္။
သူက ခ်က္ခ်င္း အာဏာဆန္ဆန္ ျငင္းပယ္လိုက္ေလ၏။
"အစမ္းေလ့က်င့္တာမ်ိဳးမရွိဘူး!"
ထိုသို႔ေျပာၿပီးေနာက္ သူက အေရထူစြာျဖင့္ ေမးလိုက္ေသးသည္။
"အဲဒါက ဘာေလ့က်င့္စရာ ရွိလို႔လဲ? ကုေဖးတိ.. မင္းကို ဒီလိုလူမ်ိဳးလို႔ ငါမေမွ်ာ္လင့္ထားဘူးၾကည့္စမ္း။ မင္းငါ့ရဲ႕အလွကို တပ္မက္ေနတာၾကာၿပီလား... ဟမ္?!"
ကုေဖးတိသည္ ပါးေပၚ လက္ေထာက္ကာ စုယန္အား ၿပဳံးၿပဳံးႀကီး ၾကည့္ေနၿပီး ျပန္မေျဖေပ။
ဖေယာင္းတိုင္မီးမွိန္ျပျပႏွင့္ ဤကဲ့သို႔ အလုံပိတ္ ေနရာမ်ိဳးက ေလထုကို အမွန္တကယ္ရႈပ္ေထြးေစၿပီး အႏၲရာယ္ မ်ားလြန္းသည္ဟု စုယန္ခံစားမိသည္။
သူသည္ မသိစိတ္မွ တံေတြးမ်ိဳခ်လိဳက္ၿပီး ခ်က္ခ်င္း ထရပ္လိုက္ေလ၏။
"ငါအဲဒါကို သြားေလ့လာလိုက္အုံးမယ္"
စုယန္ ထြက္ေျပးသြားသည္ကို ျမင္ေသာအခါ ကုေဖးတိ၏ မ်က္လုံးထဲရွိ ေပ်ာ္႐ႊင္မႈမ်ားက ပို၍ပင္ ေတာက္ပလာခဲ့သည္။
သူက လက္ကိုျမႇောက္လိုက္ၿပီး လက္ေခ်ာင္းထိပ္ မ်ားျဖင့္ ႏႈတ္ခမ္းမ်ားကို ပြတ္သပ္လိုက္၏။ ၿပီးေနာက္ ခပ္တိုးတိုး ရယ္ကာ ေရ႐ြတ္လိုက္ေလသည္။
"ဒီေတာ့ ဒါက မင္းကိုကိုင္တြယ္ဖို႔ အသင့္ေတာ္ဆုံး နည္းလမ္းေပါ့ေလ..."
စုယန္ ေပ်ာက္ကြယ္သြားသည့္ေနရာကို အခ်ိန္အတန္ၾကာ စိုက္ၾကည့္ေနၿပီးေနာက္ ကုေဖးတိသည္ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္ကာ ပါးစပ္ကို လက္ျဖင့္အုပ္ၿပီး ေခ်ာင္းႏွစ္ႀကိမ္ ဆိုးလိုက္သည္။
သူ၏ခႏၶာကိုယ္မွ နာက်င္ကိုက္ခဲမႈမ်ား သက္သာလာေသာအခါမွ သက္ျပင္းခ်ကာ ထရပ္လိုက္သည္။ သူသည္ ေရတြင္းသို႔ သြားၿပီး လက္ကိုင္ပုဝါကို ေရဆြတ္ၿပီးေနာက္ လက္ဖဝါးေပၚမွ ေသြးမ်ားကို သုတ္လိုက္၏။ ထို႔ေနာက္ စားပြဲမွာ ျပန္ထိုင္ကာ စုတ္တံကို မွင္အိုးထဲႏွစ္လိုက္ၿပီး မၿပီးေသးေသာ စာမ်က္ႏွာကို ဆက္ေရးလိုက္သည္။
စုယန္သည္ မီးခြက္ကိုကိုင္ကာ 'ၾကက္ေသြးနီ ညွိုးႏြမ္းျခင္း' က်င့္စဥ္ ထြင္းထုထားရာ အခန္းဆီသို႔ ဝင္လာခဲ့သည္။ သူ႕စိတ္ထဲရွိ စိုးရိမ္ေၾကာင့္ၾကမႈမ်ားကို ေခတၱေဘးဖယ္ထားၿပီး က်င့္စဥ္၏ ပထမအဆင့္ နိယာမကို ေသေသခ်ာခ်ာ ေလ့လာလိုက္၏။
၎ကို အထပ္ထပ္႐ြတ္ဖတ္ကာ နားလည္ၿပီးေနာက္ မီးတိုင္ကို ၿငိမ္းသတ္ၿပီး အေမွာင္ထဲမွာ တင္ပ်ဥ္ေခြ ထိုင္လိုက္သည္။ ၿပီးေနာက္ စာတြင္ေဖာ္ျပထားသည့္ လမ္းေၾကာင္းအတိုင္း အတြင္းအားကို စတင္လွည့္ပတ္လိုက္ေလ၏။
ေရခဲဝိညာဥ္သည္ သူ၏ခႏၶာကိုယ္တြင္းရွိ စြမ္းအားမ်ားေၾကာင့္ နိုးထလာၿပီး ေအးစက္ေသာ အေငြ႕အသက္မ်ား ထုတ္လႊင့္လာသည္။ ၎သည္ သူ႕ခႏၶာကိုယ္ရွိ မယ္ရီဒန္အားလုံးဆီသို႔ စြမ္းအင္မ်ားကို တျဖည္းျဖည္း ပို႔လႊတ္ေပး၏။
စုယန္သည္ ဤခံစားခ်က္ကို အလြန္ပင္ရင္းႏွီးသည္။ သူသည္ 'ေရခဲကိုးလႊာပြင့္လန္းျခင္း' အား ေလ့က်င့္ေနစဥ္တြင္ ေရခဲဝိညာဥ္သည္ ဤနည္းျဖင့္ သူ၏မယ္ရီဒန္မ်ားဆီသို႔ အတြင္းအားကို အတားအဆီးမဲ့ စီးဆင္းေစၿပီး ေခ်ာေမြ႕စြာ လည္ပတ္နိုင္ရန္ အကူအညီ ေပးသည္။ ထို႔ေၾကာင့္ ထက္ဝက္ အားစိုက္ထုတ္႐ုံျဖင့္ ရလဒ္ႏွစ္ဆရျခင္းပင္ ျဖစ္ေပသည္။
သို႔ေသာ္ ဤတစ္ႀကိမ္တြင္ ေရခဲဝိညာဥ္သည္ အနည္းငယ္ကြဲျပားေနပုံရေလ၏။
ေလးငါးမွတ္ကိုျဖတ္ေက်ာ္ၿပီးသည္ႏွင့္ သူ၏ခႏၶာကိုယ္ အတြင္းပိုင္းရွိ အေအးဓာတ္သည္ အလြန္ျပင္းထန္လာၿပီး တုန္လႈပ္ေနၿပီျဖစ္သည္။ တစ္ဝက္အထိ လုပ္ေဆာင္ ၿပီးေသာအခါ အရိုးထဲအထိ ေအးစိမ့္လာေလသည္။ သူ၏ေသြးမ်ားပင္ ေအးခဲလုနီးပါး ခံစားေနရ၏။
ဤ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း'သည္ အျခားေသာ အေအးပိုင္းယင္က်င့္စဥ္မ်ားႏွင့္ အမွန္တကယ္
ကြာျခားသည္ဟု ညည္းတြားရင္း စုယန္သည္ သူ႕ကိုယ္သူထိန္းညွိရန္ 'မရဏပန္းေျခာက္ပြင့္' က်င့္စဥ္သို႔ ကူးေျပာင္းခဲ့ရသည္။
'မရဏပန္းေျခာက္ပြင့္'ႏွင့္ 'ေရခဲကိုးလႊာပြင့္လန္းျခင္း' အၾကား အတန္ၾကာလွည့္ပတ္ေနၿပီးေနာက္ စုယန္သည္ ေခတၱရပ္လိုက္ၿပီး ''ၾကက္ေသြးနီညွိုးႏြမ္းျခင္း'' ဘက္သို႔ ျပန္လွည့္ကာ အတြင္းအားကို ထပ္မံ လည္ပတ္လိုက္သည္။
ဤတစ္ႀကိမ္တြင္ သူသည္ က်န္ေသာတစ္ဝက္ခန႔္ကို ဆက္လက္လုပ္ေဆာင္လိုက္၏။ အံကိုတင္းတင္း ႀကိတ္ရင္း အတြင္းအားကို လမ္းေပါင္းမ်ားစြာဆီသို႔ တြန္းပို႔လိုက္သည္။
႐ုတ္တရက္ အလြန္ဆိုး႐ြားလွေသာ အေအးဓာတ္သည္ ခြၽန္ထက္ေသာဓားတစ္လက္ကဲ့သို႔ သူ၏ေက်ာရိုး တေလွ်ာက္ ထိုးတက္လာၿပီး သူ႕ႏွလုံးသားထဲသို႔ ထိုးေဖာက္ဝင္ေရာက္လာသည္။
စုယန္သည္ သူ၏ႏွလုံးသားထဲတြင္ စူးရွေသာ နာက်င္မႈကို ခံစားလိုက္ရၿပီး ခ်က္ခ်င္းပင္ သတိလစ္သြားေတာ့၏။
မႈန္ရီေဝဝါးေနေသာ အေျခအေနတြင္ သူ႕နားထဲ၌ အလြန္ရင္းႏွီးေသာ အမ်ိဳးသမီးတစ္ဦး၏ အသံကို သတိရမိသည္။
တစ္ခ်ိန္က တိလင္းသည္ သူ၏ကုတင္ေဘး၌ထိုင္ေနၿပီး ဤကဲ့သို႔ တည္တည္ၿငိမ္ၿငိမ္ သတိေပးခဲ့ဖူး၏။
"... ဒါေပမယ့္ 'ေရခဲကိုးလႊာပြင့္လန္းျခင္း'ကို ေအာင္ျမင္ၿပီးရင္ ေနာက္ထပ္ အေအးပိုင္းက်င့္စဥ္ေတြ ထပ္မေလ့က်င့္ရေတာ့ဘူး။ မဟုတ္ရင္ ေရခဲဝိညာဥ္က ပိုနက္ရွိုင္းလာၿပီး မင္းရဲ႕သက္တမ္းကို ထိခိုက္ေစနိုင္တယ္..."
အခ်ိန္အတိုင္းအတာတစ္ခုအထိ ၾကာျမင့္ၿပီးေနာက္ စုယန္သည္ မ်က္လုံးမ်ားကို ျဖည္းညွင္းစြာ ဖြင့္လိုက္သည္။
သူသည္ ေျမျပင္ေပၚမွ ထထိုင္လိုက္ၿပီး သူ၏ကိုယ္ပိုင္ လက္ေခ်ာင္းမ်ားကိုပင္ မျမင္နိုင္ေသာ အေမွာင္ထုထဲ၌ မွင္တက္ေနေလ၏။
သူ၏ခႏၶာကိုယ္ထဲရွိ ေရခဲဝိညာဥ္ဟာ အသြားႏွစ္ဖက္ ပါေသာ ဓားတစ္လက္ျဖစ္ေၾကာင္းကို ေမ့ေနခဲ့သည္မွာ ၾကာေလၿပီ။
၎သည္ အေအးပိုင္းဆိုင္ရာ က်င့္စဥ္မ်ားကို ထက္ဝက္ အားစိုက္ထုတ္႐ုံျဖင့္ ရလဒ္ ႏွစ္ဆရရွိနိုင္ေစေသာ္လည္း တစ္ခ်ိန္တည္းတြင္ သူ၏ခႏၶာကိုယ္ႏွင့္ သက္တမ္း ကိုလည္း ထိခိုက္ေစမည္ျဖစ္သည္။ အတြင္းအားက ပိုေအးခဲေလေလ ေရခဲဝိညာဥ္က ပိုအားေကာင္းေလေလ ျဖစ္သည္။ ထို႔ေၾကာင့္ အတြင္းအားက အလြန္ေအးခဲ ေနပါက ေရခဲဝိညာဥ္သည္ ပိုမိုအားေကာင္းလာၿပီး သူ၏မယ္ရီဒန္မ်ားကို ဖ်က္ဆီးပစ္မည္ ျဖစ္ေပသည္။ သူသာ ေလ့က်င့္မႈကို မရပ္တန႔္ပါက ထိုျပႆနာကို ေျဖရွင္းရန္နည္းလမ္းမရွိပါ။
သို႔ေသာ္ ကုေဖးတိအား အဆိပ္ထုတ္ရန္အတြက္ 'ၾကက္ေသြးနီညွိုးႏြမ္းျခင္း' က်င့္စဥ္ကို ေလ့က်င့္ရန္ က်ိန္းေသလိုအပ္ေပသည္။ ၎ကသာ ကုေဖးတိ၏ အဆိပ္မ်ားကို ထုတ္ယူၿပီး ေအးခဲသြားေစနိုင္မည္ ျဖစ္သည္။ ဤသည္မွာ ဇာတ္လမ္းဇာတ္ေၾကာင္းႏွင့္ ဤေလာကတြင္ ေပးထားသည့္ တစ္ခုတည္းေသာ အေျဖျဖစ္ေၾကာင္း စုယန္ သိေပ၏။
၎အဆိပ္ေျဖနည္းလမ္းသည္ ျပႆနာမဟုတ္၊ သူကသာလွ်င္ ျပႆနာျဖစ္သည္။ သူသည္ ႐ႊီယြင္က်န္း၏ဇာတ္ကြက္ကို လူယူခဲ့ၿပီး ေရခဲဝိညာဥ္ကို ရရွိခဲ့သည္။ ဖူလင္းယြင္၏ ဇာတ္ကြက္မ်ားကိုလည္း လုယူခဲ့ၿပီး ကုေဖးတိကို အဆိပ္ထုတ္ရန္အတြက္ ဤအေအးပိုင္းက်င့္စဥ္ကို ေလ့က်င့္ေနရေလသည္။
....အမ္? ေနပါအုံး!
စုယန္ ႐ုတ္တရက္ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး မီးတိုင္ကို ျပန္လည္ထြန္းညွိလိုက္သည္။ ထို႔ေနာက္ ထိုက်င့္စဥ္၏ မိတ္ဆက္အခန္းကို ေသခ်ာျပန္ဖတ္ၾကည့္လိုက္၏။
ထို႔ေနာက္ စုယန္သည္ 'ၾကက္ေသြးနီ ညွိုးႏြမ္းျခင္း' က်င့္စဥ္ဟာ အလြန္ေအးခဲေသာ ယင္ပိုင္းဆိုင္ရာက်င့္စဥ္ ျဖစ္ေၾကာင္း အတည္ျပဳခဲ့သည္။ ၎ကို အုတ္ျမစ္အျဖစ္ အသုံးမျပဳနိုင္ဘဲ အျခားေသာအေအးပိုင္းဆိုင္ရာ က်င့္စဥ္အေျခခံရွိပါမွ ေလ့က်င့္နိုင္မည္ျဖစ္သည္။
သို႔ေသာ္ ၎က မမွန္ကန္ေပ။
ဖူလင္းယြင္သည္ 'ငွက္ေမႊးအလႊာမ်ား' ႏွင့္ 'သိမ္းငွက္သုံးေကာင္' ကဲ့သို႔ ေပါ့ပါးသြက္လက္ေသာ နည္းလမ္းမ်ားကိုသာ ေလ့က်င့္ျခင္းျဖစ္သည္။
ကုေဖးတိရဲ႕အဆိပ္ကို ထုတ္ဖို႔အတြက္ 'ၾကက္ေသြးနီ ညွိုးႏြမ္းျခင္း' က်င့္စဥ္ကို သူမ ဘယ္လိုလုပ္ ေလ့က်င့္နိုင္မွာလဲ?
ဇာတ္ကြက္မွာ... အဖ်က္ပိုးရွိေနတာလား!?
ကုေဖးတိ၏ အတန္းေဖာ္မ်ားတြင္ ဖန္ရွီႏွင့္ သူ စုယန္သာလွ်င္ ခ်င္းဟန္ေက်ာင္းေတာ္က အေအးပိုင္းဆိုင္ရာက်င့္စဥ္မ်ားကို ေလ့က်င့္သည္မွာ ေသခ်ာပါသည္။
ထို႔အျပင္ 'မရဏပန္းေျခာက္ပြင့္' ႏွင့္ 'ေရခဲကိုးလႊာ ပြင့္လန္းျခင္း' သည္ တစ္ခုႏွင့္တစ္ခု အားျဖည့္ပံ့ပိုး ေပးေသာေၾကာင့္ သူ၏ အေအးပိုင္းဆိုင္ရာက်င့္စဥ္ အေျခခံအုတ္ျမစ္မွာ အလြန္ခိုင္မာၿပီး 'ၾကက္ေသြးနီ ညွိုးႏြမ္းျခင္း' သည္ သူ႕အတြက္ အံဝင္ခြင္က်ျဖစ္ေအာင္ တမင္ဖန္တီးထားသကဲ့သို႔ပင္။
__ ဆိုေတာ့ကာ အစကတည္းက ကုေဖးတိအား အဆိပ္ထုတ္ေပးရန္ ရည္႐ြယ္ထားသည့္လူမွာ
မိစာၦဂိုဏ္း၏ သခင္ငယ္ ျဖစ္ေနတာပင္!
_3.7.22
စာေရးဆရာမွာ ေျပာစရာရွိပါတယ္:
အရာအားလုံး သိပ္မရိုးရွင္းဘူးဆိုတာ စုယန္သိသြားၿပီး မ်က္ေမွာင္ၾကဳတ္လိုက္တယ္။
Thanks for reading ❣️