အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခ...

By Hmue_46

251K 37.8K 1.4K

This is a translation novel. Author permission not yet sought but I have to translate because I like it very... More

Chapter- 1
Chapter -2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter -11
Chapter - 12
Chapter-13
Chapter - 14
please
Chapter - 15
Chapter - 16
Present for my babe!!
Chapter - 17
Chapter - 18
Chapter- 19
Chapter -20
Chapter - 21
Chapter- 22
Paid GP
Chapter - 23
Chapter-24
Please!!!
Chapter - 25
Chapter - 26
Chapter-27
Chapter-28
Chapter-29.1
Chapter - 29.2
Chapter-29.3
Chapter -30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter -35
Chapter - 36
Please ❗❗
Chapter-37
Chapter-38
Attention Please❗
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter- 46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Help Me!!!
Chapter- 53.1
Chapter- 53.2
Chapter - 54

Chapter - 6

5.4K 900 59
By Hmue_46

Unicode

မုရှောင်ခယ် သည် ညနေစောင်းမှသာ အိမ်ပြန်ရောက်သည် ။သူပြန်ရောက်တော့ သူ့အဖေက ဧည့်ခန်းထဲမှာ ကုမ္ပဏီကိစ္စတွေကို ကိုင်တွယ်နေသည်။ သူပြန်လာတာကိုမြင်တော့ မျက်မှန်ကို ချက်ချင်းချွတ်ပြီး ဘယ်ရောက်နေတာလဲလို့ မေးတယ်။မုရှောင်ခယ် သည် အနီးနားရှိ People's Park သို့ လမ်းလျှောက်သွားတာလို့ဖြေခဲ့သည်။
သူ့အဖေက ဘာလို့ ဒီလောက်လေးနက်နေတာလဲ နားမလည်ဘူး။

မုရှောက်ယောင် သည် သူ့သားကို အယုံအကြည်မရှိ လွန်းသည်ကို မြင်နိုင်သည်။ ရိုးရိုးသားသားပြောရလျှင် ဖခင်တစ်ယောက်အနေဖြင့်လည်းပြသနာတွေအများကြီးရှိပါတယ်။

"မင်းထွက်သွားတုန်းက Rong Yanzhe ဆီကပြေးခဲ့တာလား"

မုရှောင်ခယ် က ခေါင်းညိတ်ပြသော်လည်းသူသည် Rong Yanzhe ၏ ကလေးဆန်သောတိုင်ကြားမှုကြောင့်အလွန်စိတ်ပျက်သွားသည်။ သူ (Rong Yanzhe) က သူ့ကို မဖမ်းနိုင်ရင် သူ့အဖေကိုသေချာပေါက် သူ့ရဲ့မကောင်းပြောလိမ့်မယ်။ ဟုတ်ပါတယ်၊ Rong Yanzhe နဲ့ မုခိုင် တို့ဟာ တူညီတဲ့လူအမျိုးအစားတွေပါပဲ။

"သူနဲ့ မင်းကြားမှာ နားလည်မှုလွဲနေတာလား။ သူက အဖေတို့အိမ်ကို အကြိမ်ပေါင်းများစွာ လာတယ် မင်းလက်ခံပါတယ်။ ဒီအဖေက အဖြစ်အပျက်ကို သိပ်နားမလည်ဘူး။မင်းနဲ့သူ အကြိမ်အနည်းငယ်သာ တွေ့ဆုံဖူးသင့်တယ်။ သူ မင်းကို အနိုင်ကျင့်ခဲ့တာလား"

မုရှောင်ခယ် သည် သူ့အဖေဆီက အနိုင်ကျင့်ခံရသလား ဟုမေးသံကြားရသည်ကို မယုံနိုင်ဖြစ်သွားသည်။ သူဘာကြောင့် ဒီလိုမေးခွန်းမျိုး တစ်ခါမှ မရရှိခဲ့တာလဲ။ သူပြန်လည်မွေးဖွားလာခြင်းကြောင့်လား၊ ဒါမှမဟုတ် ဒီမှာဖြစ်ပျက်ခဲ့သမျှအရာအားလုံးက သူ့ရဲ့စိတ်ကူးယဉ်မှုကြောင့်လား၊ ဒါကြောင့် သူကအရမ်းနူးညံ့နေရတာလား။

"သူက ကျွန်တော့် အနိုင်မကျင့်ပါဘူး "

မုရှောင်ခယ် က

"ဒီလိုလူတွေနဲ့ ပေါင်းသင်းဖို့ ကျွန်တော်က အသုံးမကျဘူး "

မုရှောင်ခယ် သည် သူ၏ယခင်ဘဝအကြောင်းများကို မပြောပြတတ်သောကြောင့် သူသည် မုရှောက်ယောင် ကိုဝတ်ကျေတန်းကျေသာဖြေခဲ့သည်။

"မလုပ်ဘူးဆိုရင် ကောင်းပါတယ် "

မုရှောက်ယောင် က မုရှောင်ခယ် ကို တစ်ခုခုပြောချင်သလို ကြည့်နေပေမယ့် မုရှောင်ခယ် ရဲ့ ဘောင်းဘီက ညစ်ပတ်နေတာကို မြင်လိုက်ရတော့ သူ မနေနိုင်တော့ဘဲ

"သွား အဝတ်လဲပြီး ညစာစားဖို့ ပြင်ဆင်လိုက်"

ကျန်တဲ့လတစ်ဝက်လောက်မှာတော့ မုရှောင်ခယ် ဟာ အရမ်းပျော်စရာကောင်းတဲ့ဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။ သူ့အဖေက အလုပ်တွေအရမ်းရှုပ်နေပြီး အကိုကြီးကတော့ ကျောင်းမှာပဲနေနိုင်တယ်လေ။ အိမ်မှာ သူနဲ့ စာနာတတ်တဲ့ အဒေါ်တစ်ယောက်ပဲရှိတယ်။ ဒါက သူ့ကို မကြုံစဖူး လွတ်လပ်မှုနဲ့ လျှို့ဝှက်ဖို့အခွင့်အရေး ပေးခဲ့တယ်။ဒီအချိန်ကို သူသည် သူ့အမေရဲ့ပစ္စည်းတွေကို စုစည်းပြီး သုံးလို့ရတဲ့အရာမှန်သမျှထုပ်ပိုးပြီး စာအုပ်စင်ပေါ်ရှိ သော့ခတ်ထားတဲ့ လျှို့ဝှက် သေတ္တာတစ်ခုထဲမှာ ထည့်ထားခဲ့တယ်။

အထက်တန်းကျောင်းတက်တဲ့နှစ်မစခင် ရက်အနည်းငယ်အလိုမှာ သူ့အဖေက အလုပ်သွားခါနီးမှာ ဆရာဝန်ကို ရုတ်တရက် ပြန်ခေါ်လာခဲ့တယ်။

မုရှောင်ခယ် သည် အဆင်သင့်မဖြစ်သေးပါ။ တစ်ဖက်လူက သူ့ကိုမြင်သည်နှင့်

"ဟယ်လို၊ ကျွန်မက Zhengyang Psychological Counseling ကုမ္ပဏီက ဒေါက်တာ လျောင်လုပါ။"

ဒေါက်တာ လျောင်လု သည် အလွန်နုနယ်ပြီး လှပသည်။ သူမ၏ တိမ်မြုပ်နေသော အပြုံးက သူမ၏ နှုတ်ဆက်ခြင်းကို ငြင်းဆန်ရန် ခက်ခဲစေသည်။
မုရှောင်ခယ် က နာခံမှုဖြင့် ခေါင်းညိတ် နှုတ်ဆက်သော်လည်း တစ်ဖက်လူ ဘာကြောင့်ရောက်လာတာလဲဆိုတာကို သူနားမလည်ပါ။

"အရင်က Rongအိမ်တော်မှာ ဒေါက်တာ Xu နဲ့တွေ့တာ မှတ်မိသေးလား။ သူကမင်းလည်ချောင်းကို ကုသပေးဖူးတယ်လေ"

သူ့အဖေကဒေါက်တာ Xu ရဲ့ဒီအစီအစဉ်ကိုလက်ခံပြီး စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ကိုလက်ခံနိုင်မယ်လို့မျှော်လင့်တာက နည်းနည်းခက်ပါတယ်။

"ဒေါက်တာ Xu က မင်း စိတ်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်သင့်တယ်လို့ပြောခဲ့တာကို အဖေက စိတ်ထဲမှာ စွဲနေပေမယ့် ဘယ်လိုမေးရမှန်းမသိဘူး။ အခုကျောင်းစတော့မယ်ဆိုတော့အဖေတွေးမိတယ်။ ကျောင်းမစခင် ဆရာဝန်နဲ့ ကောင်းကောင်း စကားစမြည် ပြောသင့်တယ်"

မုရှောင်သည် သည် သူ့အဖေကိုကြည့်ပြီး သူ့ရှေ့က ဆရာဝန်ကိုကြည့်ကာ နောက်ဆုံးတော့ သဘောတူလိုက်သည်။ သူသည် ငယ်စဉ်ကတည်းက စိတ်ရောဂါကု ဆရာဝန်ထံတွင် ကြီးပြင်းခဲ့သည်။ အရင်ဘဝက အိမ်ထောင်ပြုပြီးသည့်တိုင် စိတ်ရောဂါကု ဆရာဝန်နှင့် တွေ့ဖူးသည်။ သူနောက်ဆုံးအကြိမ် အသံပျောက်သွားသောအခါ Rong Yanzhe သည် ထိုအချိန်တွင် ရူးသွပ်သွားပုံရသည်။မုရှောင်ခယ် သည် Rong Yanzhe ကို တိတ်တဆိတ် ရယ်မောလိုက်သည် ။ သူသည် စိတ်ရောဂါကု ဆရာဝန်နှင့် ပြသသင့်သည့် တစ်ဦးတည်းသော သူမဟုတ်ပါ။
( ကြည့်ရတာ ရှောင်ခယ်အသံပျောက်သွားတော့ ရန်ကျန့် နှိပ်စက်ရတာ တစ်မျိုးဖြစ်သွားပုံရတယ်") )

မုရှောင်ခယ် သည် သူ့သားနဲ့ ဆရာဝန်အတွက် တိတ်ဆိတ်သောအခန်းကို ရှာခဲ့သည်။ ဆရာဝန်သည် ဆွေးနွေးပွဲကို တည်ငြိမ်သောပုံစံဖြင့် စတင်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ အကျပ်အတည်းကို သိရှိရန် သူ့ကို ကြင်နာစွာ လမ်းညွှန်ခဲ့သည်။

နောက်ဆုံးတော့ ဆရာဝန်က မျက်မှောင်ကြုတ်ပြီး ထွက်သွားတယ်။မုရှောင်ခယ် သည် သူမနောက်သို့လိုက်ကာ သူ့အဖေနှင့်အတူ ရလဒ်များကို နားထောင်ခဲ့သည်။

"ရှောင်ခယ် မှာ သိသိသာသာ စိတ်ဖိစီးမှုလက္ခဏာတွေရှိတယ်။ရှောင်ခယ် က ဒီဟာတွေဖြစ်ရတဲ့အဓိကဇာတ်လမ်းကို မပြောပေမယ့် သူ့ကို ကြောက်လန့်စေတဲ့အရာတွေက သူ့ဘေးနားမှာ ရှိနေတယ်လို့ပဲ ခံစားရတယ်။ သူ လုံခြုံမှု ကင်းမဲ့နေတယ်။အချိန်အတိုင်းအတာတစ်ခုအထိ အနားယူတာက အကောင်းဆုံးပါပဲ။"

"သူ အတန်းတက်လို့ရလား"

"အခုထိ ဘာပြဿနာမှ မရှိသေးပါဘူး၊ ဒါပေမယ့် အလားတူ လှုံ့ဆော်မှုတွေကို ထပ်ပြီး မခံစားမိဖို့ သတိထားပါ၊ မဟုတ်ရင် အခြေအနေက ပိုဆိုးလာလိမ့်မယ်။"

"မစ္စတာမု တတ်နိုင်ရင် မစ္စတာရဲ့ကလေးကို ပိုဂရုစိုက်ပေးပါ။ သူ့ကို ပိုပြီး ကတိသစ္စာပေးပြီး အားပေးပါ။ မိဘစောင့်ရှောက်မှုက ဆေးဝါးများစွာထက် ပိုထိရောက်တယ်။

ဆရာဝန်က အကြံပြုချက်အချို့ပြောခဲ့ပြီးထွက်သွားခဲ့သည်။

မုရှောင်ခယ် သည် သူ့အဖေနှင့်အတူ ထိုင်နေသော်လည်း သူ့အဖေကအချိန်အကြာကြီး စကားမပြောပေ။ မုရှောင်ခယ်သည် ဆရာဝန်၏ရိုးရှင်းသောစကားအနည်းငယ်သည် သူ့အဖေကို ပြောင်းလဲစေနိုင်သည်ဟု မထင်ပေမဲ့ အနည်းဆုံးတော့ သူ့အဖေကို အပြစ်ရှိကြောင်း ခံစားရစေနိုင်သည်။

"ရှောင်ခယ် ဆရာဝန်ပြောသလိုပဲ၊ မင်းပတ်ဝန်းကျင်က အရာတွေကို ကြောက်နေတာလား"

မုရှောင်ခယ် သည် သူ့အဖေက အလွန်နိမ့်ကျသော အသံဖြင့် ပြောသည်ကို ကြားရသည်။ သူ့အဖေသည်ဒီစကားတွေ မေးရမှာ ရှက်နေလိမ့်မယ်။ သူနဲ့ သူ့အဖေကြားက သားအဖဆက်ဆံရေးက အရမ်းရှုပ်ထွေးတယ်။ ယခင်က အသုံးမကျသောကလေးသည် ပြန်လည်ကောင်းမွန်လာခဲ့သော်လည်း စကားပြန်ပြောနိုင်မှု ရုတ်တရက် ပျောက်ဆုံးသွားခဲ့သည်။ သူ့အဖေဘာတွေတွေးနေလဲမသိပေမယ့် ဖခင်တစ်ယောက်ဖြစ်တဲ့ မုရှောက်ယောင်ဟာ ဒီတာဝန်ကို ထမ်းဆောင်ရန်လိုအပ်ကြောင်း ဆရာဝန်ကပြောခဲ့သည်။

မုရှောင်ခယ် က ညင်သာစွာ ခေါင်းညိတ်ပြီး ဆရာဝန်၏ ပြောကြားချက်ကို အတည်ပြုခဲ့သည်။

သူသည် သူ့မိသားစု၏ သစ္စာဖောက်မှု၊ လျစ်လျူရှုမှုနှင့် စွန့်ပစ်ခံရခြင်းတို့ကို ကြောက်ရွံ့ခဲ့သည်။ထိုတွင်မကသေး ခင်ပွန်း လို့ ခေါ်တဲ့ သူကလည်းကဲ့ရဲ့စော်ကားခဲ့သူလည်းအပါအဝင်ဖြစ်သည်။

ဒါတွေက သူ့ကို ခြောက်လှန့်ပြီး ရံဖန်ရံခါ အေးအေးဆေးဆေး အိပ်မရအောင် တားထားတုန်းပဲဖြစ်သည်။

"မင်းမှာ အကြံရှိလား?"

"အမေ ကျန်ရစ်ခဲ့တဲ့ တိုက်ခန်းမှာ ကျွန်တော် တစ်ယောက်တည်း နေချင်တယ် "

မုရှောင်ခယ် သည် သူ့ကိုယ်သူ ဖြစ်ချင်ကြောင်း အလေးပေးကာ လက်ဟန်ပြသည်။

တိုက်ခန်းကို သူအမေအသက်ရှင်တုန်းက မြို့အမှတ် ၁ အလယ်တန်းကျောင်းနှင့် ဆန့်ကျင်ဘက် ရပ်ကွက်တွင် အထူးဝယ်ခဲ့သည်။ သူအမေကအနာဂတ်မှာသူနဲ့အတူ အဲ့ဒီမှာပဲနေပြီး နေ့တိုင်းသူစားဖို့ဟင်းတွေချက်ကျွေးပြီး သူ့ကိုပြုစုစောင့်ရှောက်မယ်လို့ပြောခဲ့တယ်။

ဒီအိမ်ကို အရင်ဘဝတုန်းက မုခိုင် က သိမ်းပိုက်ခဲ့ပြီး မုခိုင် နဲ့ ဖူကျားယွီ တို့နှစ်ယောက် တွေ့ဆုံဖို့ လျှို့ဝှက်နေရာဖြစ်လာပုံရပါတယ်။

ဒီဘဝတွင်မုရှောင်ခယ်သည် သူ၏မိခင်ကျန်ရစ်ခဲ့သောအရာတွေကို မုခိုင်ကို ယူဆောင်သွားခွင့်မပြုနိုင်တော့ပေ။ ညီအကိုနှစ်ယောက်မှာ ဆယ်နှစ်ကြာ ညီအကိုများဖြစ်ခဲ့သော် လည်း သူတို့သည် ဖအေတူမအေကွဲ ညီအစ်ကိုများသာ ဖြစ်သည်။
မုရှောင်ခယ် သည် သူ့မိခင်သေဆုံးမှုကို ဘယ်လိုလုပ်မေ့ပစ်ဝံ့မှာလဲ။

မုရှောက်ယောင် သည် မုရှောင်ခယ် ၏တောင်းဆိုမှုကိုကြားသောအခါ သူချက်ချင်းအခက်တွေ့သွားသည်။ မုခိုင် ကျောင်းမတက်ခင်က ဒီတိုက်ခန်းကို တောင်းခဲ့တယ်။မုရှောက်ယောင်သည် ထိုအချိန်က အလေးအနက်မထားဘဲ တိုက်ရိုက်သဘောတူခဲ့သည်။မုခိုင် သည် သနားစရာကောင်းသော ကလေးလည်းဖြစ်သည်။ သူသည်ဘယ်တုန်းကမှ ကျောင်းတွင် နှစ်ပေါင်းများစွာ မနေဖူးပေ။ အကယ်၍ သူသည် အဲ့ဒီနေရာမှာမနေချင်ပါကကျောင်းရဲ့ လမ်းတစ်ဖက်ရှိတဲ့ နေရာတစ်နေရာတွင် တိတ်တဆိတ် လျှောက်ထားမည်ဖြစ်သည်။ ဒါက မုရှောက်ယောင်နဲ့ မုခိုင်တို့ရဲ့အစီအစဥ်သာဖြစ်သည်။

မုရှောင်ခယ် က ဘာကြောင့် ဒီလိုတောင်းဆိုရတာလဲ?

ညီအစ်ကို နှစ်ယောက်မှာ တကယ်ပဲ သဘောထားကွဲလွဲမှုတွေ ရှိခဲ့တာလား?။

"ရှောင်ခယ် မင်းအကိုကြီး က အရင်ဆုံးအဲ့ဒီ တိုက်ခန်းကိုတောင်းပြီးပြီ။ မင်းအိမ်မှာ ဘာလို့မနေချင်တာတာလဲဒါမှမဟုတ် အဖေက မင်းကို ဒီထက်ကောင်းတဲ့တိုက်ခန်အသစ်ကြီးပြောင်းပေးမယ်လေ"

"မရဘူးလား?" မုရှောင်ခယ် ၏မျက်နှာတစ်ပြင်လုံးပြိုကျကာ သူ့မျက်လုံးထဲတွင် မျက်ရည်များထွက်နေပြီဖြစ်သော်လည်း သူဒုက္ခမပေးခဲ့ပါ။ သူထပြီးထွက်သွားခဲ့သည်။

မုရှောက်ယောင်က

"ဟေး ရှောင်ခယ် ဒါက"

မုရှောင်ခယ် သူ့အဖေစကားကိုနားမထောင်တော့ပေ။

မုရှောက်ယောင် သက်ပြင်းပြင်းပြင်းချလိုက်တယ်။ သူသည် သူ့မျက်နှာလိုက်ခဲ့မိသည်။ ဆရာဝန်၏ အကြံဉာဏ်ကို ဦးစားမပေးပဲ မုခိုင် ကို ဦးစားပေးသည်။

သို့သော် မုရှောင်ခယ် ၏ စိတ်ပျက်အားငယ်မှုနှင့် မျှော်လင့်ချက်မဲ့သောအကြည့်တို့ကို မြင်လိုက်ရသောအခါမုရှောက်ယောင်သည် သူအရမ်းလွန်သွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

"မေ့လိုက်တော့ မေ့လိုက်တော့"

ချက်ခြင်းပဲ သူက သူ့အတွင်းရေးမှူးကို ဖုန်းဆက်ပြီး

"နံပါတ် ၁ အလယ်တန်းကျောင်းနဲ့ မျက်နှာချင်းဆိုင်က အိမ်ကို သန့်ရှင်းရေးလုပ်မယ့်သူရှာလိုက် ပရိဘောဂတွေလည်း ထပ်ထည့်ထားလိုက်"

"လက်မထပ်ခင်တုန်းက မစ္စမု ဝယ်ထားတဲ့ တိုက်ခန်းလား"

အတွင်းရေးမှူး၏မေးခွန်းကြောင့် မုရှောက်ယောင် သည်

"ဟုတ်တယ်၊ ရှောင်ခယ် ကျောင်းစတက်တာနဲ့ အဲဒီနေရာမှာ ချက်ပြုတ်ပြီး သန့်ရှင်းရေးတာဝန်ယူမယ့် လက်မှတ်ရ နာရီအလိုက် ဝန်ထမ်းကို ရှာလိုက်ပါ"

အထက်တန်းကျောင်း၏ တရားဝင်မှတ်ပုံတင်သည့်နေ့တွင် မုရှောင်ခယ် နှင့်မုခိုင် တို့သည် ကားပေါ်တွင်ထိုင်ကာ ဖခင်နှင့်အတူ ကျောင်းသို့သွားခဲ့ကြသည်။

မုခိုင် သည် လမ်းတစ်လျှောက်တွင် မုရှောင်ခယ် ကို အလွန်ဂရုစိုက်သည်။ သူသည် မုရှောင်ခယ် ကျောင်းရှိအကြောင်းအရာမျိုးစုံ၊ အစားအသောက်ဝယ်ရန်၊ ဆရာဝန်နှင့်ပြသရမည့်နေရာ၊ ဆရာတစ်ဦးကို ဘယ်နေရာတွင်ရှာရမယ်ဆိုတာကအစ အရာအားလုံးကို အသေးစိတ်ရှင်းပြနေသည်။

မုရှောင်ခယ် က ရံဖန်ရံခါ တုန့်ပြန်သော်လည်း မုခိုင် ၏ စိတ်အားထက်သန်မှုနှင့် နှိုင်းယှဉ်ပါက အနည်းငယ် အေးစက်နေပုံရသည်။

ခဏအကြာတွင် ကားသည် ကျောင်းသို့ ရောက်လာသည်။ မုခိုင် နှင့် မုရှောက်ယောင် တို့သည်မုရှောင်ခိုင် နှင့်အတူ အတန်းထဲသို့ သတင်းပို့လိုက်သည်။ ကျောင်းအုပ်ဆရာမက သူတို့ကိုမြင်သောအခါ သူမသည် မုခိုင် ကို ချက်ချင်းခေါ်ကာ

"ဟေး မုခိုင် ၊ မင်းဒီကိုဘယ်လိုရောက်လာတာလဲ"

မုခိုင် က ဆရာမကို ရိုးစင်းစွာ နှုတ်ဆက်လိုက်ပြီး

"ဆရာ၊ ဒါက ကျွန်တော့်ညီလေးပါ သူက ဆွံ့အနေတယ်..."

ဒီလိုပြောပြီးတာနဲ့ အနီးနားက တခြားကျောင်းသားတွေနဲ့ မိဘတွေက သူ့တို့ကိုလှမ်းကြည့်တယ်။ ကျောင်းအုပ်ဆရာမနှင့် မုရှောက်ယောင် တို့သည် အနည်းငယ် အမြင်မကြည်လင်သလိုပဲ။မုရှောက်ယောင် သည် ကျောင်းအုပ်ဆရာမကြီးနှင့် အချိန်အတော်ကြာ ဖုန်းပြောဖူးပြီး ကျောင်းအုပ်ဆရာမက မုရှောင်ခယ်အား ပိုဂရုစိုက်မည်ဟု မျှော်လင့်သော်လည်း လူတွေရှေ့မှာ သူသား၏ အပြစ်အနာအဆာများကို ဖော်ထုတ်ခံရမယ်လို့မထင်ထားပေ။

"ဟေး ရပါတယ်၊ အဲဒါက ယာယီ အာရုံစူးစိုက်မှုတစ်ခုပဲ ကိစ္စမရှိပါဘူး။ ရှောင်ခယ် မင်းရဲ့ အထက်တန်းကျောင်းဝင်ခွင့် စာမေးပွဲ ရလဒ်က အရမ်းကောင်းပါတယ်။ အနာဂတ်မှာ ပိုပြီးတော့ အားထုတ်ဖို့လိုတယ်။"

မုရှောင်ခယ် က ခေါင်းညိတ်လိုက်ပြီး သူကိုယ်တိုင် အချက်အလက်ကို ဖြည့်လိုက်တယ်။မုရှောင်ခယ် အချက်အလက်တွေကို ဖြည့်ပြီးချိန်မှာတော့ စာသင်ခန်းတစ်ခန်းလုံး တိတ်ဆိတ်နေပြီး ဘာသံမှ မကြားရပါဘူး။မုရှောင်ခယ်သည်အဘယ့်ကြောင့်တိတ်ဆိတ်နေသည်ကိုမသိပါ သူကစွံ့အနေတာကြောင့်လား?

မုရှောင်ခယ် သည် ထိုအရာကိုအလွန်အမင်း ဂရုမစိုက်သောကြောင့် လုပ်ထုံးလုပ်နည်းများ ပြီးစီး ပြနောက် ဆရာ့အား နှုတ်ဆက်ခဲ့သည်။

သူ အောက်ထပ်သို့ ဆင်းသွားသောအခါ မုခိုင် သည် မုရှောင်ခယ် ၏နောက်သို့ လိုက်လာကာ ခုနကသူ၏ ရိုင်းစိုင်းသော အပြုအမူကို စတင်ရှင်းပြသည်

" ရှောင်ခယ် တောင်းပန်ပါတယ်၊ အကိုကြီး က မင်းရဲ့ ချို့ယွင်းချက်တွေကို ဖော်ထုတ်ဖို့ မရည်ရွယ်ပါဘူး။ ဆရာ့ကို ဂရုစိုက်ဖို့ပဲ ပြောချင်ခဲ့တာပါ။ မင်းမြင်တဲ့အတိုင်းပဲ ဆရာ Chen နဲ့ ငါ ကအရမ်းရင်းနှီးတယ်လေ"

မုရှောင်ခယ် သည် သူ့လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်ကာ ဂရုမစိုက်ကြောင်း အချက်ပြပြီး မုခိုင်၏ ခရီးဆောင်အိတ်ကို ပေးရန် မုရှောက်ယောင်အား သတိပေးလိုက်သည်။ မုရှောက်ယောင် က အချိန်အများကြီး မနှောင့်နှေးချင်တာကြောင့် မုခိုင် ကို သူ့ဘာသာသူ လုပ်ခိုင်းလိုက်တယ်။

မုခိုင် နားမလည်ဘူး

"ဖေဖေ၊ မင်းငါ့ကို အတန်းလိုက်မအပ်ပေးဘူးလား? ညီလေးက သူ့ခရီးဆောင်အိတ်ကိုကိုင်ထားတယ် ညီလေးကကျောင်းမှာပဲနေမှာလား?"

အမှန်တော့ သူမေးချင်နေတာကြာပြီ။ သူမနက်မိုးလင်းလို့ အိပ်ရာက နိုးလာတော့ ဒရိုက်ဘာက ခရီးဆောင်အိတ်ကို သယ်လာတာ တွေ့လိုက်ရတယ်။ ဒါကဘယ်လို ခရီးဆောင်အိတ်မျိုးလဲ

"မင်းရဲ့ညီလေးက ရှီဟွာမှာနေမယ်။ အခုငါသူ့အတွက် သန့်ရှင်းရေးလုပ်ပေးရမယ်။မင်းရဲ့ စီနီယာအကြီးတန်း 3 က လိုက်အပ်ပေးဖို့မလိုအပ်ဘူးမလား? အိပ်ဆောင်ကပစ္စည်းတွေကိုမြန်မြန်ရှင်းထား အချိန်မကုန်စေနဲ့"

"ရှီဟွာ... ဖေဖေမပြောထားဘူးလား....."

"ကောင်းပြီ၊ ဒါက ရှောင်ခယ် ရဲ့ အမေ ထားခဲ့တဲ့ အိမ်ပဲ သူဆန္ဒရှိသရွေသူအဲ့ဒီမှာနေနိုင်တယ်။
မင်းအပြင်မှာနေချင်ရင် အဖေက မင်းအတွက် တခြားနေရာရှာပေးမယ်။"

မုရှောင်ခယ် သည် ဆွံ့အနေသည့်အကြောင်းလူသိရှင်ကြား​ပြောခဲ့သည့်မုခိုင်ကို မုရှောက်ယောင် က မကျေနပ်ပါ။မုခိုင် သည် သူ့ကိုယ်သူ ထိန်းကျောင်းရကောင်းမှန်း မသိရုံသာမက မုရှောင်ခယ် မိခင်၏ တိုက်ခန်းအကြောင်းကိုလည်း ငြင်းခုံခဲ့သည်။ ထို့ကြောင့် မုရှောက်ယောင် သည် မုခိုင် ကို စိတ်မရှည်တော့ပေ။ ဒါပေမယ့် နောက်ဆုံးတော့ ဒီသားအကြီးဆုံးက ဆယ်နှစ်ကျော်လောက် ချစ်ခဲ့တဲ့ သူ့သားကြီးဖြစ်ပြီး မုခိုင် က မပျော်မရွှင်ဖြစ်တာကို မြင်တော့ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်

"အိုကေ၊ အိုကေ ဟော့ပေါ့အတူတူသွားစားရအောင် မင်းပစ္စည်းတွေကို သွားထုပ်ပိုးလိုက်။"

မုရှောင်ခယ်သည် ဘေးမှကြည့်နေကာ နောက်ဆုံးတွင် မုရှောက်ယောင် ၏နောက်သို့ လိုက်သွားခဲ့သည်။ အစ်ကိုကြီး ဖီးနစ်မျက်လုံးတွေက သူ့ကို စိုက်ကြည့်နေတယ်လို့ ခံစားမိတာတောင်မှ သူနောက်လှည့်မကြည့်တော့ဘူး။

TL - ဒီအခန်းမှာ စိတ်ဆိုးနေတယ် (╯‵□′)╯︵┻┻

Hmue - မီလည်းဆိုးတယ်(ᗒᗣᗕ)՞
.....................

E tran တောင်စိတ်ဆိုးနေတယ်¯\_(ツ)_/¯

ဒါနဲ့ ရှောင်ခယ် နဲ့မုခိုင်ကို ညီအစ်ကိုအရင်းလို့ထင်ခဲ့မိကြလား.....
အာသာက အရမ်းဖုံးကွယ်တာပဲ ><

Btw မနေ့ညက tran ရင်းအိပ်ပျော်သွားလို့တင်တာနောက်ကျသွားတယ် ဆောတီးပါ
( ˘ ³˘)♥︎

Zawgyi

Unicode

မုေရွာင္ခယ္ သည္ ညေနေစာင္းမွသာ အိမ္ျပန္ေရာက္သည္ ။သူျပန္ေရာက္ေတာ့ သူ႕အေဖက ဧည့္ခန္းထဲမွာ ကုမၸဏီကိစၥေတြကို ကိုင္တြယ္ေနသည္။ သူျပန္လာတာကိုျမင္ေတာ့ မ်က္မွန္ကို ခ်က္ခ်င္းခြၽတ္ၿပီး ဘယ္ေရာက္ေနတာလဲလို႔ ေမးတယ္။မုေရွာင္ခယ္ သည္ အနီးနားရွိ People's Park သို႔ လမ္းေလွ်ာက္သြားတာလို႔ေျဖခဲ့သည္။
သူ႕အေဖက ဘာလို႔ ဒီေလာက္ေလးနက္ေနတာလဲ နားမလည္ဘူး။

မုေရွာက္ေယာင္ သည္ သူ႕သားကို အယုံအၾကည္မရွိ လြန္းသည္ကို ျမင္နိုင္သည္။ ရိုးရိုးသားသားေျပာရလွ်င္ ဖခင္တစ္ေယာက္အေနျဖင့္လည္းျပသနာေတြအမ်ားႀကီးရွိပါတယ္။

"မင္းထြက္သြားတုန္းက Rong Yanzhe ဆီကေျပးခဲ့တာလား"

မုေရွာင္ခယ္ က ေခါင္းညိတ္ျပေသာ္လည္းသူသည္ Rong Yanzhe ၏ ကေလးဆန္ေသာတိုင္ၾကားမႈေၾကာင့္အလြန္စိတ္ပ်က္သြားသည္။ သူ (Rong Yanzhe) က သူ႕ကို မဖမ္းနိုင္ရင္ သူ႕အေဖကိုေသခ်ာေပါက္ သူ႕ရဲ႕မေကာင္းေျပာလိမ့္မယ္။ ဟုတ္ပါတယ္၊ Rong Yanzhe နဲ႕ မုခိုင္ တို႔ဟာ တူညီတဲ့လူအမ်ိဳးအစားေတြပါပဲ။

"သူနဲ႕ မင္းၾကားမွာ နားလည္မႈလြဲေနတာလား။ သူက အေဖတို႔အိမ္ကို အႀကိမ္ေပါင္းမ်ားစြာ လာတယ္ မင္းလက္ခံပါတယ္။ ဒီအေဖက အျဖစ္အပ်က္ကို သိပ္နားမလည္ဘူး။မင္းနဲ႕သူ အႀကိမ္အနည္းငယ္သာ ေတြ႕ဆုံဖူးသင့္တယ္။ သူ မင္းကို အနိုင္က်င့္ခဲ့တာလား"

မုေရွာင္ခယ္ သည္ သူ႕အေဖဆီက အနိုင္က်င့္ခံရသလား ဟုေမးသံၾကားရသည္ကို မယုံနိုင္ျဖစ္သြားသည္။ သူဘာေၾကာင့္ ဒီလိုေမးခြန္းမ်ိဳး တစ္ခါမွ မရရွိခဲ့တာလဲ။ သူျပန္လည္ေမြးဖြားလာျခင္းေၾကာင့္လား၊ ဒါမွမဟုတ္ ဒီမွာျဖစ္ပ်က္ခဲ့သမွ်အရာအားလုံးက သူ႕ရဲ႕စိတ္ကူးယဥ္မႈေၾကာင့္လား၊ ဒါေၾကာင့္ သူကအရမ္းႏူးညံ့ေနရတာလား။

"သူက ကြၽန္ေတာ့္ အနိုင္မက်င့္ပါဘူး "

မုေရွာင္ခယ္ က

"ဒီလိုလူေတြနဲ႕ ေပါင္းသင္းဖို႔ ကြၽန္ေတာ္က အသုံးမက်ဘဴး "

မုေရွာင္ခယ္ သည္ သူ၏ယခင္ဘဝအေၾကာင္းမ်ားကို မေျပာျပတတ္ေသာေၾကာင့္ သူသည္ မုေရွာက္ေယာင္ ကိုဝတ္ေက်တန္းေက်သာေျဖခဲ့သည္။

"မလုပ္ဘူးဆိုရင္ ေကာင္းပါတယ္ "

မုေရွာက္ေယာင္ က မုေရွာင္ခယ္ ကို တစ္ခုခုေျပာခ်င္သလို ၾကည့္ေနေပမယ့္ မုေရွာင္ခယ္ ရဲ႕ ေဘာင္းဘီက ညစ္ပတ္ေနတာကို ျမင္လိုက္ရေတာ့ သူ မေနနိုင္ေတာ့ဘဲ

"သြား အဝတ္လဲၿပီး ညစာစားဖို႔ ျပင္ဆင္လိုက္"

က်န္တဲ့လတစ္ဝက္ေလာက္မွာေတာ့ မုေရွာင္ခယ္ ဟာ အရမ္းေပ်ာ္စရာေကာင္းတဲ့ဘဝကို ပိုင္ဆိုင္ခဲ့ပါတယ္။ သူ႕အေဖက အလုပ္ေတြအရမ္းရႈပ္ေနၿပီး အကိုႀကီးကေတာ့ ေက်ာင္းမွာပဲေနနိုင္တယ္ေလ။ အိမ္မွာ သူနဲ႕ စာနာတတ္တဲ့ အေဒၚတစ္ေယာက္ပဲရွိတယ္။ ဒါက သူ႕ကို မႀကဳံစဖူး လြတ္လပ္မႈနဲ႕ လွ်ို႔ဝွက္ဖို႔အခြင့္အေရး ေပးခဲ့တယ္။ဒီအခ်ိန္ကို သူသည္ သူ႕အေမရဲ႕ပစၥည္းေတြကို စုစည္းၿပီး သုံးလို႔ရတဲ့အရာမွန္သမွ်ထုပ္ပိုးၿပီး စာအုပ္စင္ေပၚရွိ ေသာ့ခတ္ထားတဲ့ လွ်ို႔ဝွက္ ေသတၱာတစ္ခုထဲမွာ ထည့္ထားခဲ့တယ္။

အထက္တန္းေက်ာင္းတက္တဲ့ႏွစ္မစခင္ ရက္အနည္းငယ္အလိုမွာ သူ႕အေဖက အလုပ္သြားခါနီးမွာ ဆရာဝန္ကို ႐ုတ္တရက္ ျပန္ေခၚလာခဲ့တယ္။

မုေရွာင္ခယ္ သည္ အဆင္သင့္မျဖစ္ေသးပါ။ တစ္ဖက္လူက သူ႕ကိုျမင္သည္ႏွင့္

"ဟယ္လို၊ ကြၽန္မက Zhengyang Psychological Counseling ကုမၸဏီက ေဒါက္တာ ေလ်ာင္လုပါ။"

ေဒါက္တာ ေလ်ာင္လု သည္ အလြန္ႏုနယ္ၿပီး လွပသည္။ သူမ၏ တိမ္ျမဳပ္ေနေသာ အၿပဳံးက သူမ၏ ႏႈတ္ဆက္ျခင္းကို ျငင္းဆန္ရန္ ခက္ခဲေစသည္။
မုေရွာင္ခယ္ က နာခံမႈျဖင့္ ေခါင္းညိတ္ ႏႈတ္ဆက္ေသာ္လည္း တစ္ဖက္လူ ဘာေၾကာင့္ေရာက္လာတာလဲဆိုတာကို သူနားမလည္ပါ။

"အရင္က Rongအိမ္ေတာ္မွာ ေဒါက္တာ Xu နဲ႕ေတြ႕တာ မွတ္မိေသးလား။ သူကမင္းလည္ေခ်ာင္းကို ကုသေပးဖူးတယ္ေလ"

သူ႕အေဖကေဒါက္တာ Xu ရဲ႕ဒီအစီအစဥ္ကိုလက္ခံၿပီး စိတ္ပိုင္းဆိုင္ရာ အႀကံဉာဏ္ကိုလက္ခံနိုင္မယ္လို႔ေမွ်ာ္လင့္တာက နည္းနည္းခက္ပါတယ္။

"ေဒါက္တာ Xu က မင္း စိတ္ေရာဂါကုဆရာဝန္နဲ႕ တိုင္ပင္သင့္တယ္လို႔ေျပာခဲ့တာကို အေဖက စိတ္ထဲမွာ စြဲေနေပမယ့္ ဘယ္လိုေမးရမွန္းမသိဘူး။ အခုေက်ာင္းစေတာ့မယ္ဆိုေတာ့အေဖေတြးမိတယ္။ ေက်ာင္းမစခင္ ဆရာဝန္နဲ႕ ေကာင္းေကာင္း စကားစျမည္ ေျပာသင့္တယ္"

မုေရွာင္သည္ သည္ သူ႕အေဖကိုၾကည့္ၿပီး သူ႕ေရွ႕က ဆရာဝန္ကိုၾကည့္ကာ ေနာက္ဆုံးေတာ့ သေဘာတူလိုက္သည္။ သူသည္ ငယ္စဥ္ကတည္းက စိတ္ေရာဂါကု ဆရာဝန္ထံတြင္ ႀကီးျပင္းခဲ့သည္။ အရင္ဘဝက အိမ္ေထာင္ျပဳၿပီးသည့္တိုင္ စိတ္ေရာဂါကု ဆရာဝန္ႏွင့္ ေတြ႕ဖူးသည္။ သူေနာက္ဆုံးအႀကိမ္ အသံေပ်ာက္သြားေသာအခါ Rong Yanzhe သည္ ထိုအခ်ိန္တြင္ ႐ူးသြပ္သြားပုံရသည္။မုေရွာင္ခယ္ သည္ Rong Yanzhe ကို တိတ္တဆိတ္ ရယ္ေမာလိုက္သည္ ။ သူသည္ စိတ္ေရာဂါကု ဆရာဝန္ႏွင့္ ျပသသင့္သည့္ တစ္ဦးတည္းေသာ သူမဟုတ္ပါ။
( ၾကည့္ရတာ ေရွာင္ခယ္အသံေပ်ာက္သြားေတာ့ ရန္က်န့္ ႏွိပ္စက္ရတာ တစ္မ်ိဳးျဖစ္သြားပုံရတယ္") )

မုေရွာင္ခယ္ သည္ သူ႕သားနဲ႕ ဆရာဝန္အတြက္ တိတ္ဆိတ္ေသာအခန္းကို ရွာခဲ့သည္။ ဆရာဝန္သည္ ေဆြးႏြေးပြဲကို တည္ၿငိမ္ေသာပုံစံျဖင့္ စတင္ခဲ့ၿပီး စိတ္ပိုင္းဆိုင္ရာ အက်ပ္အတည္းကို သိရွိရန္ သူ႕ကို ၾကင္နာစြာ လမ္းၫႊန္ခဲ့သည္။

ေနာက္ဆုံးေတာ့ ဆရာဝန္က မ်က္ေမွာင္ၾကဳတ္ၿပီး ထြက္သြားတယ္။မုေရွာင္ခယ္ သည္ သူမေနာက္သို႔လိုက္ကာ သူ႕အေဖႏွင့္အတူ ရလဒ္မ်ားကို နားေထာင္ခဲ့သည္။

"ေရွာင္ခယ္ မွာ သိသိသာသာ စိတ္ဖိစီးမႈလကၡဏာေတြရွိတယ္။ေရွာင္ခယ္ က ဒီဟာေတြျဖစ္ရတဲ့အဓိကဇာတ္လမ္းကို မေျပာေပမယ့္ သူ႕ကို ေၾကာက္လန႔္ေစတဲ့အရာေတြက သူ႕ေဘးနားမွာ ရွိေနတယ္လို႔ပဲ ခံစားရတယ္။ သူ လုံၿခဳံမႈ ကင္းမဲ့ေနတယ္။အခ်ိန္အတိုင္းအတာတစ္ခုအထိ အနားယူတာက အေကာင္းဆုံးပါပဲ။"

"သူ အတန္းတက္လို႔ရလား"

"အခုထိ ဘာျပႆနာမွ မရွိေသးပါဘူး၊ ဒါေပမယ့္ အလားတူ လႈံ႕ေဆာ္မႈေတြကို ထပ္ၿပီး မခံစားမိဖို႔ သတိထားပါ၊ မဟုတ္ရင္ အေျခအေနက ပိုဆိုးလာလိမ့္မယ္။"

"မစၥတာမု တတ္နိုင္ရင္ မစၥတာရဲ႕ကေလးကို ပိုဂ႐ုစိုက္ေပးပါ။ သူ႕ကို ပိုၿပီး ကတိသစၥာေပးၿပီး အားေပးပါ။ မိဘေစာင့္ေရွာက္မႈက ေဆးဝါးမ်ားစြာထက္ ပိုထိေရာက္တယ္။

ဆရာဝန္က အႀကံျပဳခ်က္အခ်ိဳ႕ေျပာခဲ့ၿပီးထြက္သြားခဲ့သည္။

မုေရွာင္ခယ္ သည္ သူ႕အေဖႏွင့္အတူ ထိုင္ေနေသာ္လည္း သူ႕အေဖကအခ်ိန္အၾကာႀကီး စကားမေျပာေပ။ မုေရွာင္ခယ္သည္ ဆရာဝန္၏ရိုးရွင္းေသာစကားအနည္းငယ္သည္ သူ႕အေဖကို ေျပာင္းလဲေစနိုင္သည္ဟု မထင္ေပမဲ့ အနည္းဆုံးေတာ့ သူ႕အေဖကို အျပစ္ရွိေၾကာင္း ခံစားရေစနိုင္သည္။

"ေရွာင္ခယ္ ဆရာဝန္ေျပာသလိုပဲ၊ မင္းပတ္ဝန္းက်င္က အရာေတြကို ေၾကာက္ေနတာလား"

မုေရွာင္ခယ္ သည္ သူ႕အေဖက အလြန္နိမ့္က်ေသာ အသံျဖင့္ ေျပာသည္ကို ၾကားရသည္။ သူ႕အေဖသည္ဒီစကားေတြ ေမးရမွာ ရွက္ေနလိမ့္မယ္။ သူနဲ႕ သူ႕အေဖၾကားက သားအဖဆက္ဆံေရးက အရမ္းရႈပ္ေထြးတယ္။ ယခင္က အသုံးမက်ေသာကေလးသည္ ျပန္လည္ေကာင္းမြန္လာခဲ့ေသာ္လည္း စကားျပန္ေျပာနိုင္မႈ ႐ုတ္တရက္ ေပ်ာက္ဆုံးသြားခဲ့သည္။ သူ႕အေဖဘာေတြေတြးေနလဲမသိေပမယ့္ ဖခင္တစ္ေယာက္ျဖစ္တဲ့ မုေရွာက္ေယာင္ဟာ ဒီတာဝန္ကို ထမ္းေဆာင္ရန္လိုအပ္ေၾကာင္း ဆရာဝန္ကေျပာခဲ့သည္။

မုေရွာင္ခယ္ က ညင္သာစြာ ေခါင္းညိတ္ၿပီး ဆရာဝန္၏ ေျပာၾကားခ်က္ကို အတည္ျပဳခဲ့သည္။

သူသည္ သူ႕မိသားစု၏ သစၥာေဖာက္မႈ၊ လ်စ္လ်ဴရႈမႈႏွင့္ စြန႔္ပစ္ခံရျခင္းတို႔ကို ေၾကာက္႐ြံ႕ခဲ့သည္။ထိုတြင္မကေသး ခင္ပြန္း လို႔ ေခၚတဲ့ သူကလည္းကဲ့ရဲ႕ေစာ္ကားခဲ့သူလည္းအပါအဝင္ျဖစ္သည္။

ဒါေတြက သူ႕ကို ေျခာက္လွန႔္ၿပီး ရံဖန္ရံခါ ေအးေအးေဆးေဆး အိပ္မရေအာင္ တားထားတုန္းပဲျဖစ္သည္။

"မင္းမွာ အႀကံရွိလား?"

"အေမ က်န္ရစ္ခဲ့တဲ့ တိုက္ခန္းမွာ ကြၽန္ေတာ္ တစ္ေယာက္တည္း ေနခ်င္တယ္ "

မုေရွာင္ခယ္ သည္ သူ႕ကိုယ္သူ ျဖစ္ခ်င္ေၾကာင္း အေလးေပးကာ လက္ဟန္ျပသည္။

တိုက္ခန္းကို သူအေမအသက္ရွင္တုန္းက ၿမိဳ႕အမွတ္ ၁ အလယ္တန္းေက်ာင္းႏွင့္ ဆန့္က်င္ဘက္ ရပ္ကြက္တြင္ အထူးဝယ္ခဲ့သည္။ သူအေမကအနာဂတ္မွာသူနဲ႕အတူ အဲ့ဒီမွာပဲေနၿပီး ေန႕တိုင္းသူစားဖို႔ဟင္းေတြခ်က္ေကြၽးၿပီး သူ႕ကိုျပဳစုေစာင့္ေရွာက္မယ္လို႔ေျပာခဲ့တယ္။

ဒီအိမ္ကို အရင္ဘဝတုန္းက မုခိုင္ က သိမ္းပိုက္ခဲ့ၿပီး မုခိုင္ နဲ႕ ဖူက်ားယြီ တို႔ႏွစ္ေယာက္ ေတြ႕ဆုံဖို႔ လွ်ို႔ဝွက္ေနရာျဖစ္လာပုံရပါတယ္။

ဒီဘဝတြင္မုေရွာင္ခယ္သည္ သူ၏မိခင္က်န္ရစ္ခဲ့ေသာအရာေတြကို မုခိုင္ကို ယူေဆာင္သြားခြင့္မျပဳနိုင္ေတာ့ေပ။ ညီအကိုႏွစ္ေယာက္မွာ ဆယ္ႏွစ္ၾကာ ညီအကိုမ်ားျဖစ္ခဲ့ေသာ္ လည္း သူတို႔သည္ ဖေအတူမေအကြဲ ညီအစ္ကိုမ်ားသာ ျဖစ္သည္။
မုေရွာင္ခယ္ သည္ သူ႕မိခင္ေသဆုံးမႈကို ဘယ္လိုလုပ္ေမ့ပစ္ဝံ့မွာလဲ။

မုေရွာက္ေယာင္ သည္ မုေရွာင္ခယ္ ၏ေတာင္းဆိုမႈကိုၾကားေသာအခါ သူခ်က္ခ်င္းအခက္ေတြ႕သြားသည္။ မုခိုင္ ေက်ာင္းမတက္ခင္က ဒီတိုက္ခန္းကို ေတာင္းခဲ့တယ္။မုေရွာက္ေယာင္သည္ ထိုအခ်ိန္က အေလးအနက္မထားဘဲ တိုက္ရိုက္သေဘာတူခဲ့သည္။မုခိုင္ သည္ သနားစရာေကာင္းေသာ ကေလးလည္းျဖစ္သည္။ သူသည္ဘယ္တုန္းကမွ ေက်ာင္းတြင္ ႏွစ္ေပါင္းမ်ားစြာ မေနဖူးေပ။ အကယ္၍ သူသည္ အဲ့ဒီေနရာမွာမေနခ်င္ပါကေက်ာင္းရဲ႕ လမ္းတစ္ဖက္ရွိတဲ့ ေနရာတစ္ေနရာတြင္ တိတ္တဆိတ္ ေလွ်ာက္ထားမည္ျဖစ္သည္။ ဒါက မုေရွာက္ေယာင္နဲ႕ မုခိုင္တို႔ရဲ႕အစီအစဥ္သာျဖစ္သည္။

မုေရွာင္ခယ္ က ဘာေၾကာင့္ ဒီလိုေတာင္းဆိုရတာလဲ?

ညီအစ္ကို ႏွစ္ေယာက္မွာ တကယ္ပဲ သေဘာထားကြဲလြဲမႈေတြ ရွိခဲ့တာလား?။

"ေရွာင္ခယ္ မင္းအကိုႀကီး က အရင္ဆုံးအဲ့ဒီ တိုက္ခန္းကိုေတာင္းၿပီးၿပီ။ မင္းအိမ္မွာ ဘာလို႔မေနခ်င္တာတာလဲဒါမွမဟုတ္ အေဖက မင္းကို ဒီထက္ေကာင္းတဲ့တိုက္ခန္အသစ္ႀကီးေျပာင္းေပးမယ္ေလ"

"မရဘူးလား?" မုေရွာင္ခယ္ ၏မ်က္ႏွာတစ္ျပင္လုံးၿပိဳက်ကာ သူ႕မ်က္လုံးထဲတြင္ မ်က္ရည္မ်ားထြက္ေနၿပီျဖစ္ေသာ္လည္း သူဒုကၡမေပးခဲ့ပါ။ သူထၿပီးထြက္သြားခဲ့သည္။

မုေရွာက္ေယာင္က

"ေဟး ေရွာင္ခယ္ ဒါက"

မုေရွာင္ခယ္ သူ႕အေဖစကားကိုနားမေထာင္ေတာ့ေပ။

မုေရွာက္ေယာင္ သက္ျပင္းျပင္းျပင္းခ်လိဳက္တယ္။ သူသည္ သူ႕မ်က္ႏွာလိုက္ခဲ့မိသည္။ ဆရာဝန္၏ အႀကံဉာဏ္ကို ဦးစားမေပးပဲ မုခိုင္ ကို ဦးစားေပးသည္။

သို႔ေသာ္ မုေရွာင္ခယ္ ၏ စိတ္ပ်က္အားငယ္မႈႏွင့္ ေမွ်ာ္လင့္ခ်က္မဲ့ေသာအၾကည့္တို႔ကို ျမင္လိုက္ရေသာအခါမုေရွာက္ေယာင္သည္ သူအရမ္းလြန္သြားၿပီျဖစ္ေၾကာင္း သေဘာေပါက္လိုက္သည္။

"ေမ့လိုက္ေတာ့ ေမ့လိုက္ေတာ့"

ခ်က္ျခင္းပဲ သူက သူ႕အတြင္းေရးမႉးကို ဖုန္းဆက္ၿပီး

"နံပါတ္ ၁ အလယ္တန္းေက်ာင္းနဲ႕ မ်က္ႏွာခ်င္းဆိုင္က အိမ္ကို သန႔္ရွင္းေရးလုပ္မယ့္သူရွာလိုက္ ပရိေဘာဂေတြလည္း ထပ္ထည့္ထားလိုက္"

"လက္မထပ္ခင္တုန္းက မစၥမု ဝယ္ထားတဲ့ တိုက္ခန္းလား"

အတြင္းေရးမႉး၏ေမးခြန္းေၾကာင့္ မုေရွာက္ေယာင္ သည္

"ဟုတ္တယ္၊ ေရွာင္ခယ္ ေက်ာင္းစတက္တာနဲ႕ အဲဒီေနရာမွာ ခ်က္ျပဳတ္ၿပီး သန႔္ရွင္းေရးတာဝန္ယူမယ့္ လက္မွတ္ရ နာရီအလိုက္ ဝန္ထမ္းကို ရွာလိုက္ပါ"

အထက္တန္းေက်ာင္း၏ တရားဝင္မွတ္ပုံတင္သည့္ေန႕တြင္ မုေရွာင္ခယ္ ႏွင့္မုခိုင္ တို႔သည္ ကားေပၚတြင္ထိုင္ကာ ဖခင္ႏွင့္အတူ ေက်ာင္းသို႔သြားခဲ့ၾကသည္။

မုခိုင္ သည္ လမ္းတစ္ေလွ်ာက္တြင္ မုေရွာင္ခယ္ ကို အလြန္ဂ႐ုစိုက္သည္။ သူသည္ မုေရွာင္ခယ္ ေက်ာင္းရွိအေၾကာင္းအရာမ်ိဳးစုံ၊ အစားအေသာက္ဝယ္ရန္၊ ဆရာဝန္ႏွင့္ျပသရမည့္ေနရာ၊ ဆရာတစ္ဦးကို ဘယ္ေနရာတြင္ရွာရမယ္ဆိုတာကအစ အရာအားလုံးကို အေသးစိတ္ရွင္းျပေနသည္။

မုေရွာင္ခယ္ က ရံဖန္ရံခါ တုန႔္ျပန္ေသာ္လည္း မုခိုင္ ၏ စိတ္အားထက္သန္မႈႏွင့္ ႏွိုင္းယွဥ္ပါက အနည္းငယ္ ေအးစက္ေနပုံရသည္။

ခဏအၾကာတြင္ ကားသည္ ေက်ာင္းသို႔ ေရာက္လာသည္။ မုခိုင္ ႏွင့္ မုေရွာက္ေယာင္ တို႔သည္မုေရွာင္ခိုင္ ႏွင့္အတူ အတန္းထဲသို႔ သတင္းပို႔လိုက္သည္။ ေက်ာင္းအုပ္ဆရာမက သူတို႔ကိုျမင္ေသာအခါ သူမသည္ မုခိုင္ ကို ခ်က္ခ်င္းေခၚကာ

"ေဟး မုခိုင္ ၊ မင္းဒီကိုဘယ္လိုေရာက္လာတာလဲ"

မုခိုင္ က ဆရာမကို ရိုးစင္းစြာ ႏႈတ္ဆက္လိုက္ၿပီး

"ဆရာ၊ ဒါက ကြၽန္ေတာ့္ညီေလးပါ သူက ဆြံ႕အေနတယ္..."

ဒီလိုေျပာၿပီးတာနဲ႕ အနီးနားက တျခားေက်ာင္းသားေတြနဲ႕ မိဘေတြက သူ႕တို႔ကိုလွမ္းၾကည့္တယ္။ ေက်ာင္းအုပ္ဆရာမႏွင့္ မုေရွာက္ေယာင္ တို႔သည္ အနည္းငယ္ အျမင္မၾကည္လင္သလိုပဲ။မုေရွာက္ေယာင္ သည္ ေက်ာင္းအုပ္ဆရာမႀကီးႏွင့္ အခ်ိန္အေတာ္ၾကာ ဖုန္းေျပာဖူးၿပီး ေက်ာင္းအုပ္ဆရာမက မုေရွာင္ခယ္အား ပိုဂ႐ုစိုက္မည္ဟု ေမွ်ာ္လင့္ေသာ္လည္း လူေတြေရွ႕မွာ သူသား၏ အျပစ္အနာအဆာမ်ားကို ေဖာ္ထုတ္ခံရမယ္လို႔မထင္ထားေပ။

"ေဟး ရပါတယ္၊ အဲဒါက ယာယီ အာ႐ုံစူးစိုက္မႈတစ္ခုပဲ ကိစၥမရွိပါဘူး။ ေရွာင္ခယ္ မင္းရဲ႕ အထက္တန္းေက်ာင္းဝင္ခြင့္ စာေမးပြဲ ရလဒ္က အရမ္းေကာင္းပါတယ္။ အနာဂတ္မွာ ပိုၿပီးေတာ့ အားထုတ္ဖို႔လိုတယ္။"

မုေရွာင္ခယ္ က ေခါင္းညိတ္လိုက္ၿပီး သူကိုယ္တိုင္ အခ်က္အလက္ကို ျဖည့္လိုက္တယ္။မုေရွာင္ခယ္ အခ်က္အလက္ေတြကို ျဖည့္ၿပီးခ်ိန္မွာေတာ့ စာသင္ခန္းတစ္ခန္းလုံး တိတ္ဆိတ္ေနၿပီး ဘာသံမွ မၾကားရပါဘူး။မုေရွာင္ခယ္သည္အဘယ့္ေၾကာင့္တိတ္ဆိတ္ေနသည္ကိုမသိပါ သူကစြံ႕အေနတာေၾကာင့္လား?

မုေရွာင္ခယ္ သည္ ထိုအရာကိုအလြန္အမင္း ဂ႐ုမစိုက္ေသာေၾကာင့္ လုပ္ထုံးလုပ္နည္းမ်ား ၿပီးစီး ျပေနာက္ ဆရာ့အား ႏႈတ္ဆက္ခဲ့သည္။

သူ ေအာက္ထပ္သို႔ ဆင္းသြားေသာအခါ မုခိုင္ သည္ မုေရွာင္ခယ္ ၏ေနာက္သို႔ လိုက္လာကာ ခုနကသူ၏ ရိုင္းစိုင္းေသာ အျပဳအမူကို စတင္ရွင္းျပသည္

" ေရွာင္ခယ္ ေတာင္းပန္ပါတယ္၊ အကိုႀကီး က မင္းရဲ႕ ခ်ိဳ႕ယြင္းခ်က္ေတြကို ေဖာ္ထုတ္ဖို႔ မရည္႐ြယ္ပါဘူး။ ဆရာ့ကို ဂ႐ုစိုက္ဖို႔ပဲ ေျပာခ်င္ခဲ့တာပါ။ မင္းျမင္တဲ့အတိုင္းပဲ ဆရာ Chen နဲ႕ ငါ ကအရမ္းရင္းႏွီးတယ္ေလ"

မုေရွာင္ခယ္ သည္ သူ႕လက္ကို ခ်က္ခ်င္းေဝွ႕ယမ္းလိုက္ကာ ဂ႐ုမစိုက္ေၾကာင္း အခ်က္ျပၿပီး မုခိုင္၏ ခရီးေဆာင္အိတ္ကို ေပးရန္ မုေရွာက္ေယာင္အား သတိေပးလိုက္သည္။ မုေရွာက္ေယာင္ က အခ်ိန္အမ်ားႀကီး မႏွောင့္ႏွေးခ်င္တာေၾကာင့္ မုခိုင္ ကို သူ႕ဘာသာသူ လုပ္ခိုင္းလိုက္တယ္။

မုခိုင္ နားမလည္ဘူး

"ေဖေဖ၊ မင္းငါ့ကို အတန္းလိုက္မအပ္ေပးဘူးလား? ညီေလးက သူ႕ခရီးေဆာင္အိတ္ကိုကိုင္ထားတယ္ ညီေလးကေက်ာင္းမွာပဲေနမွာလား?"

အမွန္ေတာ့ သူေမးခ်င္ေနတာၾကာၿပီ။ သူမနက္မိုးလင္းလို႔ အိပ္ရာက နိုးလာေတာ့ ဒရိုက္ဘာက ခရီးေဆာင္အိတ္ကို သယ္လာတာ ေတြ႕လိုက္ရတယ္။ ဒါကဘယ္လို ခရီးေဆာင္အိတ္မ်ိဳးလဲ

"မင္းရဲ႕ညီေလးက ရွီဟြာမွာေနမယ္။ အခုငါသူ႕အတြက္ သန႔္ရွင္းေရးလုပ္ေပးရမယ္။မင္းရဲ႕ စီနီယာအႀကီးတန္း 3 က လိုက္အပ္ေပးဖို႔မလိုအပ္ဘူးမလား? အိပ္ေဆာင္ကပစၥည္းေတြကိုျမန္ျမန္ရွင္းထား အခ်ိန္မကုန္ေစနဲ႕"

"ရွီဟြာ... ေဖေဖမေျပာထားဘူးလား....."

"ေကာင္းၿပီ၊ ဒါက ေရွာင္ခယ္ ရဲ႕ အေမ ထားခဲ့တဲ့ အိမ္ပဲ သူဆႏၵရွိသေ႐ြသူအဲ့ဒီမွာေနနိုင္တယ္။
မင္းအျပင္မွာေနခ်င္ရင္ အေဖက မင္းအတြက္ တျခားေနရာရွာေပးမယ္။"

မုေရွာင္ခယ္ သည္ ဆြံ႕အေနသည့္အေၾကာင္းလူသိရွင္ၾကားေျပာခဲ့သည့္မုခိုင္ကို မုေရွာက္ေယာင္ က မေက်နပ္ပါ။မုခိုင္ သည္ သူ႕ကိုယ္သူ ထိန္းေက်ာင္းရေကာင္းမွန္း မသိ႐ုံသာမက မုေရွာင္ခယ္ မိခင္၏ တိုက္ခန္းအေၾကာင္းကိုလည္း ျငင္းခုံခဲ့သည္။ ထို႔ေၾကာင့္ မုေရွာက္ေယာင္ သည္ မုခိုင္ ကို စိတ္မရွည္ေတာ့ေပ။ ဒါေပမယ့္ ေနာက္ဆုံးေတာ့ ဒီသားအႀကီးဆုံးက ဆယ္ႏွစ္ေက်ာ္ေလာက္ ခ်စ္ခဲ့တဲ့ သူ႕သားႀကီးျဖစ္ၿပီး မုခိုင္ က မေပ်ာ္မ႐ႊင္ျဖစ္တာကို ျမင္ေတာ့ နည္းနည္းေတာ့ စိတ္မေကာင္းျဖစ္မိတယ္

"အိုေက၊ အိုေက ေဟာ့ေပါ့အတူတူသြားစားရေအာင္ မင္းပစၥည္းေတြကို သြားထုပ္ပိုးလိုက္။"

မုေရွာင္ခယ္သည္ ေဘးမွၾကည့္ေနကာ ေနာက္ဆုံးတြင္ မုေရွာက္ေယာင္ ၏ေနာက္သို႔ လိုက္သြားခဲ့သည္။ အစ္ကိုႀကီး ဖီးနစ္မ်က္လုံးေတြက သူ႕ကို စိုက္ၾကည့္ေနတယ္လို႔ ခံစားမိတာေတာင္မွ သူေနာက္လွည့္မၾကည့္ေတာ့ဘူး။

TL - ဒီအခန္းမွာ စိတ္ဆိုးေနတယ္ ()

Hmue - မီလည္းဆိုးတယ္()
.....................

E tran ေတာင္စိတ္ဆိုးေနတယ္\_()_/

ဒါနဲ႕ ေရွာင္ခယ္ နဲ႕မုခိုင္ကို ညီအစ္ကိုအရင္းလို႔ထင္ခဲ့မိၾကလား.....
အာသာက အရမ္းဖုံးကြယ္တာပဲ ><

Btw မေန႕ညက tran ရင္းအိပ္ေပ်ာ္သြားလို႔တင္တာေနာက္က်သြားတယ္ ေဆာတီးပါ
(  )

Continue Reading

You'll Also Like

199K 23K 70
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
28.6K 4.7K 51
ဘာသာပြန်သူ - စွဲညို့အသင်း
680K 39.7K 100
ပေါ့ပေါ့ပါးပါးနဲ့ အချစ်ပုံစံလေးပါ။ ဓားပြဗိုလ်ဖြစ်တဲ့ မိုးညိုထင်နဲ့ သူကြီးသား သာလွန်ချမ်းတို့ရဲ့ ချစ်စရာပုံစံလေးပါ။ Start date.6.3.2022 End date.4.9.2...
755K 32.9K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...