Part - 39
My Oleander Hubby
" ဒယ္ဒီေရ ဂြၽန္ဂိုထားခဲ့နဲ႔! !! အဟင့္ !!အဟင့္! !
ဂြၽန္႐ိုက္မယ္ ၊ ဒယ္ဒီနဲ႔ပဲ ေနမွာပါခ်ိဳ ၊ ပါးပါးေရ
ဒယ္ဒီ့ကို ေခၚေပး! ! အထုေခၚေပး ၊ ဟီး !!ဟိီး !!"
ေဆးရံုကိုဆင္းရမယ့္ေန႔ကိုေရာက္လာလို႔ ပစၥည္းေတြသိမ္းၿပီး ကားေပၚတင္ေနတဲ့အခ်ိန္ သားကို
* ဒယ္ဒီ ခရီးခဏသြားဦးမယ္ေနာ္ * လို႔ႏႈတ္လိုက္ ထဲက သားကငိုပါေတာ့သည္ ။ ေ႐ွ႕ရက္က ရန္ကုန္မျပန္ခ်င္လို႔ သားကိုနားလည္ေအာင္ေျပာၿပီးစစ္ ကူေတာင္းထားေပမယ့္ အခုခ်ိန္မွာ သားျဖစ္ေနပံုက ကိုယ့္စကားေၾကာင့္မဟုတ္ဘဲ သူ႔ဘာသာကို
ကိုယ္နဲ႔ခြဲရမွာစိုးၿပီး ေအာ္ဟစ္ငိုေနတာမ်ိဳး ။
ဂြၽန္က သိပ္ကိုအကင္းပါးတဲ့ကေလးမို႔ အၾကာႀကီးေနမွျမင္ဖူးတဲ့ကိုယ့္ကို ထပ္ၿပီးခြဲရမွာေၾကာက္ေနပံုပင္။
" သားရယ္ ဒယ္ဒီက ခရီးခဏေလးသြားမွာေလ ၊
မငိုနဲ႔ေနာ္ ၊ ျပန္လာမွာေလ ပါးပါးတို႔ ဒီကေနပဲေစာင့္ရေအာင္ ဟုတ္ၿပီလား "
ရာဇ္ကသားကိုခ်ီထားၿပီး ေခ်ာ့ေနေပမယ့္ ဂြၽန္တို႔က
သူျဖစ္ခ်င္လာၿပီဆို ဘယ္သူမွတားမရ ။ သူ႔ပါးပါး ခ်ီထားခံရာကေန သူ႔ပါးပါးရဲ႕ရင္ဘက္ေတြကိုတဘုန္းဘုန္းထု႐ိုက္ေနရင္း ---
" ေအာက္ဂိုခ်ေပး ! အထုခ်ေပး ၊ ဒယ္ဒီ့ခ်ီ သြားမ႐ို႔ ၊ အထုခ်ေပးခ်ိဳ ခ်ေပး ၊ ဒယ္ဒီေရ တားတားကို လာေခၚပါ ဟီး ဟီး ဟိီး ၊ ဒယ္ဒီေနာက္ကိုပဲ ႐ိုက္မယ္႐ို႔ "
ငိုေနတဲ့သားကိုသနားတာေရာ ၊ ရာဇ္အနားကို မကပ္ရဲတာေၾကာင့္ပါ ကိုယ့္မွာေတာ့ ခပ္လွမ္းလွမ္းကေနသာ ရာဇ္ဆီ အသားနားခံသလိုလွမ္းၾကည့္လိုက္မိရင္း---
" ရာဇ္! !! သားက.... "
" ခင္ဗ်ားက သြားစရာ႐ွိတာကိုသြားေတာ့ေလ ၊ ဘာရပ္လုပ္ေနတာလဲ ၊ သားကို ကြၽန္ေတာ္ေခ်ာ့လိုက္မယ္ "
ရာဇ္က ကိုယ့္စကားကိုေတာင္ ဆံုးေအာင္နားမေထာင္ဘဲ ေလသံမာမာနဲ႔ ႏွင္ထုတ္ေနပါၿပီ ။ ကိုယ့္မွာဘာလုပ္ရမွန္းမသိေသးတဲ့အခ်ိန္ သားဆီကေန ---
" မတြားနဲ႔ မတြားနဲ႔ေနာ္ အား! !!!! "
ကိုယ့္ကိုတားရင္းနဲ႔ အာေခါင္ျခစ္ၿပီး ေအာ္လိုက္တဲ့
သားရဲ႕အသံက အခန္းထဲမွာဟိန္းထြက္လာသည္ ။
သားက ေနာက္ဆံုးေတာ့ ငိုေနရင္းကေန ခ်ီထားတဲ့သူ႔အေဖလက္ထဲကေန ေနာက္ကိုလွန္ခ်လိုက္သည္ ။ ခါးေကာ့ၿပီးလွန္ခ်လိုက္တာမို႔ လူကေဇာတ္ထိုး
ျဖစ္သြား၏ ။ ေနာက္ၿပီး လူကတြန္းထိုးေနတာမို႔
ခါး႐ိုးတစ္ခုခုျဖစ္သြားမွာ စိုးရိမ္ရတဲ့အေနအထား ။
ရာဇ္က ခ်က္ခ်င္းပဲသားလည္ပင္းေနရာကေန လက္
တစ္ဖက္ျပန္သိုင္းဖက္ကာ ျပန္ေပြ႔ခ်ီလိုက္သည္။
ေခါင္းေလးက အေပၚျပန္ေထာင္မက္လာတဲ့သားဟာ ႐ုတ္တရက္ သူ႔ပါးပါးပခံုးကိုအားနဲ႔ကိုက္ခ်လိုက္ေလသည္ ။
" အား! !! "
ရာဇ္ဆီက ေအာ္ညည္းသံခပ္တိုးတိုးေလး ။
သားက လံုးဝလႊတ္မေပးေသး ။ သူ႔သြားေသးေသးေလးေတြနဲ႔ သူ႔ပါးပါးပခံုးကို အေသခဲထားတဲ့ေခြးေပါက္ေလးလိုကို ကိုက္ထားတာ ။
သားနဲ႔ရာဇ္နားကို အျမန္သြားလိုက္ရင္း ---
" သား လႊတ္လိုက္ေနာ္ ၊ ပါးပါးနာေနၿပီေလ ၊ မကိုက္ေတာ့နဲ႔ ဒယ္ဒီ့စကားကိုနားေထာင္ေနာ္ ၊ ဂြၽန္ေလးကလိမၼာတယ္ေလ ၊ ေနာ္ သားေလ "
ကိုယ့္ပခံုးကို အေသကိုက္ထားတဲ့သားက သူ႔ဒယ္ ဒီေျပာလိုက္တဲ့စကားဆံုးတာနဲ႔ ခ်က္ခ်င္းလႊတ္ေပးလာသည္ ။ ႐ုတ္တရက္ၾကီး စိတ္ထဲမွာနင့္ေနေအာင္ခံစားလိုက္ရတာ ကိုယ့္ဘာသာသိလိုက္သည္။ သားက ကိုယ္နဲ႔ယွဥ္ရင္ သူ႔ဒယ္ဒီကို ပိုလိုခ်င္ေနတာပဲ ။
ခ်ီထားရာကေန ေအာက္ကိုခ်ေပးလိုက္ေတာ့ သူ႔ဒယ္ဒီကိုယ္ေပၚကိုသာ အတင္းဖက္တက္ေလေတာ့ ၏။
" ဒီေလာက္ေတာင္ ဒယ္ဒီနဲ႔မခြဲႏိုင္ရင္ မင္းဒယ္ဒီနဲ႔ပဲလိုက္သြားလိုက္ေတာ့ "
ကိုယ္ကစိတ္တိုတိုနဲ႔ေျပာလိုက္ေတာ့ ---
" ႐ိုက္တြားမွာ ၊ ပါးပါးကို တတက္လံုးေခၚေတာ့ဘူး "
" တသက္လံုးလဲမေခၚနဲ႔ ၊ အေဖေရာသားေရာ
ဘယ္ေတာ့မွလဲ ငါ့မ်က္စိအေ႐ွ႕ျပန္ေပၚမလာနဲ႔ "
ရာဇ္ ဆီကေနမထင္မွတ္ပဲၾကားလိုက္ရတဲ့စကား
ေၾကာင့္ ကိုယ့္မွာေတာ့သူတို႔သားအဖႏွစ္ေယာက္
ၾကားဘာလုပ္လို႔လုပ္ရမွန္းမသိေအာင္ ဗ်ာမ်ားသြားရသည္ ။
" ရာဇ္ကလဲကြာ သားက ကေလးပဲဟာ ၊ ဘာသိမွာလဲ ၊ အဲလိုမေျပာပါနဲ႔ "
" ဒယ္ဒီ !!တြားမယ္ေရ လတ္ဒိုး! !!
အေရးထဲက္ိုယ့္ခ်ီထားရတဲ့ ဂြၽန္ပိစိက တစ္စခန္းထလာျပန္သည္ ။
" ခင္ဗ်ားသားက ကေလးသာဆိုတယ္ အသိလြန္
အတက္လြန္ေနတာ ၊ ေခၚသာသြားလိုက္ က်ဳပ္ကတစ္ေယာက္ထဲလဲေနလို႔ရတယ္ "
" ပါးပါး ေတ်ာက္ထဲပဲေန ၊ ဂြၽန္ပိခ်ိေလးက ဒယ္ဒီနဲ႔ေနေတာာ့မွာ "
" ေန!! ေန!! မင္းအဲဒီအေဖနဲ႔ပဲေန ငါနဲ႔လာမေနနဲ႔ "
" ေနဝူး ေနဝူး ဘယ္ေတာ့မေနဝူး ၊ ဒယ္ဒီကေရခဲ့မုန္႔ရဲ ဝယ္ေကြၽးရယ္ "
ၾကားလိုက္ရတဲ့စကားေၾကာင့္ ဟိုက္ကနဲလို႔သာ
စိတ္ထဲကေန ေအာ္လိုက္မိသည္ ။ ဂြၽန္႔ သြားေတြက
ပိုးစားေနလို႔ သူ႔ပါးပါးက မုန္႔အခ်ိဳေတြသိပ္မေကြၽး ။
ဂြၽန္ကေရခဲမုန္႔သိပ္ႀကိဳက္ေပမယ့္ တစ္ခါတစ္ေလမွသာစားေစသည္။
ကိုယ္ေဆးရံုတက္ေနရတဲ့အခ်ိန္မွာေတာ့ ဂြၽန္႔နားမွာ
သူ႔ပါးပါးမ႐ွ္ိတဲ့အခ်ိန္တိုင္း လူလည္ေလးက ကိုယ့္ကိုေရခဲမုန္႔စားဖို႔ပူဆာေနက် ။ ကိုယ္ကလဲ သားပါးပါးျပန္မသိေစနဲ႔ေနာ္ဆိုၿပီးႏႈတ္ပိတ္ကာ ဝယ္ေကြၽးေနက်။
အခုသူ႔ပါးပါးနဲ႔စိ္တ္ေကာက္တဲ့အခ်ိန္မွာေတာ့ ဒင္းကဂုဏ္ယူဝင့္ႂကြားစြာေဖာ္ေကာင္လုပ္ေလၿပီ ။
ရာဇ္ရဲ႕မ်က္ဝန္းေတြက ကိုယ့္ဆီကိုဒိုင္းကနဲေရာက္လာေလေတာ့ ကိုယ့္မွာေနစရာေနရာမ႐ွိ.။
ေျပးစရာေျမမ႐ွ္ိ ။ ငါေလ ငါ ။
" ဂြၽန္စစ္မင္း! !! မင္းက ငါ့ကြယ္ရာမွာ မင္းဒယ္ဒီအားကိုးနဲ႔လုပ္ခ်င္ရာလုပ္ေနတာကိုး ၊ အဟြန္း! !
လိုက္လဲလိုက္တဲ့သားဖေတြ ၊ ေကာင္းပါတယ္ မင္း ဒယ္ဒီနဲ႔ပဲေနေပေတာ့ ငါလဲတာဝန္ေပါ့တာေပါ့ ၊ ငါ့ဘာသာတစ္ေယာက္ထဲဆို ေအးေအးေဆးေဆးေနလို႔ရတယ္ "
ဂြၽန္က သူ႔ေအာက္ႏႈတ္ခမ္းေလးကိုသာ ေ႐ွ႕ကို
ေထာ္ျပလာၿပီး ---
" ေနေရ ဂြၽန္က ဒယ္ဒီနဲ႔ ေနမာ "
" ေနေပါ့ ၊ မင္းဒယ္ဒီက အဲလိုမ်ိဳး လူမသ္ိသူမသိ
ခိုးလုပ္ေပးရတာေတြမွာသိပ္ေတာ္တာ ၊ လိုက္သာသြား ၊ ကံေကာင္းရင္ အေမအသစ္ေတာင္ ထပ္ၿပီးရႏိုင္ေသးတယ္ ၊ အ႐ွင္အခံေကာင္းလို႔ေလ "
ေျပာလာတဲ့စကားေၾကာင့္ ေဖာ္ေကာင္စလုပ္တဲ့
ဂြၽန္ပိစိကိုပဲထုခ်င္ပါေတာ့သည္ ။ ရာဇ္က ေအာက္ဖဲေတြစလွန္ေနၿပီေလ ။ ရာဇ္ကိုျပန္မေျပာရဲသမ်ွ စိတ္ထဲကေနေတာ့ ဂြၽန္ပိစိကိုသာ ခပ္နာနာေလးေတးထားမိေတာ့သည္။
* မွတ္ထားဂြၽန္ပိစိေဖာ္ေကာင္ေလး ၊ ငါ့အမ်ိဳးသားေလးနဲ႔ျပန္အဆင္ေျပသြားလို႔ကေတာ့ မင္းကိုေရခဲမုန္႔ေႂကြးေတာ့မယ္မထင္နဲ႔ *
" ပါးပါးကို နည္းနည္းမ ခ်စ္ေတာ့ဝူး "
ကိုယ့္မွာေတာ့ ဂြၽန္႔ပါးစပ္ကိုအတင္းလိုက္ပိတ္ရင္း ---
" သား ပါးပါးကိုအဲလိုေတြမေျပာရဘူးေလ ၊ သား ပါးပါးကစိတ္မေကာင္းျဖစ္ေနၿပီ "
သားကို သူ႔ပါးပါးမၾကားေအာင္ တိုးတိုးေလးကပ္ၿပီးေျပာျပရေသးသည္ ။
ကိုယ္မွာေတာ့ရာဇ္ကိုလဲေၾကာက္ရ ။ သားကိုလဲမႏိုင္ ။ သားအဖသံုးေယာက္က တပ္သားတစ္ေယာက္ဗိုလ္ႏွစ္ေယာက္ျဖစ္ေနေလၿပီ ။ တပ္သားကေတာ့ကိုယ္ပါပဲ ။ ဗိုလ္ကေတာ့ ဒင္းတို႔သားဖေတြေပါ့။
ရာဇ္ကေတာ့ မက္တပ္ရပ္ဖို႔ေတာင္အားအင္မ႐ွိသလိုခံစားေနရတာေၾကာင့္ ေဆးရံုကုတင္အစပ္မွာထိုင္ခ်လိုက္မိေတာ့သည္။ လူတစ္ေယာက္ဆီကေန
အခ်စ္မခံခဲ့ရသမ်ွ သူ႔ေသြးသားေလးဆီကေန ခ်စ္ေပးတာကိုခံခ်င္ခဲ့မိတာ ။ ကိုယ့္ကိုလဲ သားကခ်စ္တယ္လို႔ခံစားရလို႔ တစ္ခ်ိန္လံုးေပ်ာ္ေနခဲ့ရတာေလ ။
အခုေတာ့ သားက ကိုယ့္ကိုထားခဲ့ျပန္ၿပီး သူ႔ဒယ္ဒီကိုသာေရြးခ်ယ္ခဲ့ျပန္သည္ ။ ကိုယ္ဟာ အခ်စ္ခံရဖို႔အတြက္ကို မထိုက္တန္တာမ်ိဳးထင္ပါရဲ႕ ။
ဝမ္းနည္းစိတ္ေၾကာင့္ မ်က္ရည္ကခ်က္ခ်င္းက်လာ
ေပမယ့္ စကၠန္႔ပိုင္းအတြင္းထိုမ်က္ရည္ေတြကိုသုတ္ လိုက္မိသည္ ။
သိဒိၶကေတာ့ သားကိုခ်ီထားရင္း ရာဇ္မ်က္ႏွာကိုသာ မလြတ္တမ္းစိုက္ၾကည့္ေနမိတာမို႔ ရာဇ္မ်က္ရည္က်တာကို ျမင္ျဖစ္ေအာင္ျမင္လိုက္ရသည္ ။
အေဖလုပ္သူက မာနႀကီးႀကီး သားပိစိကလဲ
ဂ်စ္တစ္တစ္နဲ႔ ဒိ္ီ္ႏွစ္ေယာက္ၾကား အေနခက္လွ
သည္။
" ရာဇ္ ဟိုေလ ကိုယ္တစ္ခုေလာက္ေျပာပါရေစ "
ကိုယ့္စကားေၾကာင့္ စိတ္မ႐ွည္သလိုေမာ့ၾကည့္လာတဲ့မ်က္ဝန္းေတြ ။
" သား က မင္းကိုအရမ္းခ်စ္တာပါ ၊ အခုက ကိုယ္နဲ႔ေတြ႔ရတာသိပ္မၾကာေသးလို႔ အရမ္းကပ္ေနတာမ်ိဳးလို႔ပဲထင္ပါတယ္ ၊ ေနာက္ဆ္ိုပံုမွန္ျပန္ျဖစ္ သြားမွာပါ "
" ခင္ဗ်ားသားပဲဟာ ခင္ဗ်ားကိုကပ္တာအျပစ္မဟုတ္ပါဘူး ၊ ေခၚသြားလိုက္ ၊ ကြၽန္ေတာ္က ပစ္ခ်ခံထားရတာကို အခုမွၾကံဳခဲ့ရတဲ့သူလဲမဟုတ္ပါဘူး ၊
ဂြၽန္မ႐ွိလဲ ေနလို႔အဆင္ေျပသြားမွာပါ "
" အဲလိုမေတြးပါနဲ႔ရာဇ္ရယ္ ၊ ကေလးက ဘာမွမသိတဲ့အရြယ္ေလးပဲဟာ ၊ သူမင္းကိုဘယ္ေလာက္ခ်စ္လဲ ကိုယ္လဲသိေနတာပဲ ၊ မင္းတို႔သားဖေတြကို
မခြဲရက္ပါဘူး "
" အဲေတာ့ ခင္ဗ်ားကဘာလုပ္ခ်င္ေနတာလဲ "
" ဒီလိုပါ ကိုယ္က ေဆးျပဖို႔အတြက္ ဒီကဆရာဝန္
ႀကီးနဲ႔ပဲ ရပ္ခ်ိန္းထပ္ယူထားတာေလ ၊ အဲဒါေၾကာင့္
အခုေလာေလာဆယ္ရန္ကုန္မျပန္ေသးဘဲ မင္းတို႔သားဖေတြနဲ႔ခဏလိုက္ေနလို႔ရမလား ၊ ကိုယ္
႐ွိေနရင္ သားကလဲအဆင္ေျပသြားမွာပဲ ၊ ေနာက္က်မွတစ္မ်ိဳးထပ္စဥ္းစားက်ရေအာင္ေလ "
" ဆိုင္မွာ လိုက္ေနမယ္လို႔ေျပာေနတာလား "
" အင္း!! မင္းခြင့္ျပဳမယ္ဆိုရင္ေပါ့ "
ရာဇ္ ခဏေတာ့တိတ္ဆိတ္သြားမိသည္ ။ တကယ္ ဆိုရင္ သားကို ကိုယ္လည္းမခြဲႏိုင္ပါ ။ သားမ႐ွိဘဲ
တစ္ရက္ေလးေတာင္မေနႏိုင္ ။ အခုေလာေလာ
ဆယ္ သားက သူ႔ဒယ္ဒီကိုမ်က္စိေအာက္ကကို
အေပ်ာက္မခံ ။ ေနာက္ဆံုး ကိုယ္ကေခါင္းမာၿပီး
ဒီလူႀကီးကိုျပန္လႊတ္လိုက္သည္ထားဦးေတာ့ ။
ဂြၽန္က သူ႔ဒယ္ဒီကိုထြက္႐ွာဖို႔ ကိုယ့္အလစ္မွာ
ဆိုင္ထဲကေနထြက္မေျပးဘူးလို႔အာမမခံႏိုင္ ။
ပထမတစ္ခါေတာင္ သူ႔ဒယ္ဒီေၾကာင့္ ေသကံ
မေရာက္တာ ။ ေနာက္တစ္ခါသာထပ္ျဖစ္ရင္ ။
မေကာင္းတဲ့အေတြးကို ဆံုးတဲ့အထိေတာင္ဆက္
မေတြးႏိုင္ေတာ့ပါ ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
ခပ္က်ဥ္းက်ဥ္းဆိုင္ေလးထဲကေနျဖတ္ၿပီး အေနာက္ဖက္ကိုဝင္လာေတာ့ ရာဇ္တို႔သားဖေတြေနတဲ့
အခန္းေလးဆီေရာက္သည္။ အေ႐ွ႕ဘက္ကို ေကာ္ဖီဆိုင္ေလးဖြင့္ၿပီး အေနာက္ဘက္အခန္းေလးမွာေနက်တာတဲ့ ။
" Forget Me Not " လို႔ အမည္ေပးထားတဲ့ Coffee ဆိုင္ေလးထဲကို စျပီးဝင္လိုက္တာနဲ႔
ဆိုင္ေလးရဲ႕အခင္းအက်င္းကို ကဗ်ာဆန္စြာျမင္ေတြ႔ရသည္ ။ ဆိုင္ထဲမွာ Forget Me Not ပန္းေရာင္စံုေလးေတြကို လွပစြာစိုက္ပ်ိဳးထားတာမို႔ မိန္းကေလးေတြကပိုၿပီး အႀကိဳက္ေတြ႔မယ္ဆိုတာ ေတြးၾကည့္ယံုနဲ႔သိႏိုင္သည္ ။ စားပြဲဝိုင္းဆယ္ဝိုင္းသာ႐ွ္ိၿပီး
ဆိုင္ထဲမွာ စာအုပ္စင္ေလးေတြကိုလဲထည့္ေပးထားတာမို႔ သက္သက္သာသာအနားယူခ်င္သူေတြ ၊
သမိီးရည္းစားအတြဲေတြသာလအမ်ားဆံုးလာလိမ့္
မည္။
ဆိုင္ကေနတံခါးေလးဖြင့္ၿပီး အထဲကိုဝင္လိုက္တဲ့အခါ ဧည့္ခန္းလို႔ေတာင္မဆိုႏိုင္တဲ့ ခပ္က်ဥ္းက်ဥ္းအခန္းေလးရယ္ ၊ ေရခ်ိဳးခန္းအိမ္သာတြဲရက္သား အိပ္ခန္းေလးတစ္ခန္းရယ္ ၊ ေနာက္ၿပီး ဘာပစၥည္းမွ မ်ားမ်ားစားစားမ႐ွိတဲ့မီးဖိုခန္းေလးရယ္ ။
ကိုယ့္အိမ္က အလုပ္သမားေတြကိုထားတဲ့အခန္း
ေလာက္ေတာင္မသားနားတဲ့ ဒီအခန္းက်ဥ္းက်ဥ္းေလးထဲမွာ သားဖႏွစ္ေယာက္ ညတိုင္းေပ်ာ္ေပ်ာ္
ရႊင္ရႊင္ကစားေနက်ေလမလား ။ တကယ္ဆို
ကိုယ့္သားငယ္ေလးဟာ ကိုယ္ပိုင္ကစားကြင္းနဲ႔
ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေဆာ့ရမယ့္အရြယ္ေလး ။
အိပ္ခန္းေလးထဲမွာပဲ သူ႔ကမၻာေလးတည္ေဆာက္
ေနရမယ့္အစား ကိုယ္သြားေနတဲ့ရတဲ့ကမၻာႏိုင္ငံအႏွံ႔ အလည္အပတ္လိုက္ေနရမယ့္ကေလးေလး ။
ကိုယ္တစ္ေယာက္လံုး႐ွိေနရက္သားနဲ႔ ရာဇ္ကဒီလိုႏံုခ်ာတာတဲ့ေနရာမွာေနေနရတာေရာ ၊ သားကို
ဒ္ိီလိုအခန္းက်ဥ္းေလးထဲမွာ ႀကီးျပင္းေစခဲ့မိတဲ့ယအတြက္ပါ ကိုယ့္ကိုကိုယ္အျပစ္တင္မဆံုး ။
ေနာက္ဆိုမင္းတို႔သားဖေတြ လက္ညႇိဳးၫႊန္ရာမွာ
ေရဆိုေရ ေရႊဆိုေရႊျဖစ္ေနရေစပါ့မယ္လို႔ တစ္ေယာက္ထဲကတိေတြေပးလိုက္မိသည္ ။
" ခင္ဗ်ား ေရခ်ိဳးမလား ၊ ဂြၽန္ကလဲ ဒယ္႔ဒီကိုယ္ေပၚကဆင္းဦး ၊ မင္းဒယ္ဒီကို ဘယ္သူကမွဖြက္မထားဘူး ၊ အျဖစ္လာသဲျပမေနနဲ႔ "
ဂြၽန္က သူ႔ဒယ္ဒီပခံုးေပၚေခါင္းတင္ထားရင္း လည္ပင္းေတြကိုလဲ သူ႔လက္ေလးေတြနဲ႔သိုင္းဖက္ထားေသးသည္ ။
" သားသား ဒယ္ဒီ "
" ေအးပါ မင္းဒယ္ဒီမွန္းသိတယ္ ၊ လြန္လြန္ကဲကဲ "
" ပါးပါး ခ်ိတ္ပုတ္ "
" ဂြၽန္ ပါးပါးကို အဲလိုေတြမေျပာရဘူးလို႔ ဒယ္ဒီသင္ထားတယ္ေလ "
" အေဖတူသား မင္းဒယ္ဒ္ိီနဲ႔ပဲေန ငါ့ဆီေယာင္လို႔ေတာင္မလာနဲ႔ ၊ ခင္ဗ်ားလဲ ေရခ်ိဳးေပေတာ့ "
ရာဇ္ကေျပာၿပီးတာနဲ႔ ဘီဒိုထဲကေန အဝတ္တစ္စံုကိုထုတ္ၿပီး အခန္းျပင္ထြက္သြားေတာ့ ကိုယ္မွာ သားနဲ႔အတူတူသာေရခ်ိဳးဖို႔ျပင္ရသည္ ။
ေရခ်ိဳးခန္းထဲဝင္လိုက္ေတာ့ အုတ္ကန္ေလးထဲေရအျပည့္ျဖည့္ထားသည္ ။ သားကိုခ်ီၿပီးၿပီး ေရတစ္ခြက္ထဲကိုႏွစ္ေယာက္အတူတူေလာင္းခ်ိဳးေတာ့
ဂြၽန္က သေဘာေတြက်ၿပီး တခစ္ခစ္ေတြရီလို႔ ။
ၿပီးတာနဲ႔ သားကိုေအာက္ကိုခ်ေပးလိုက္ၿပိ္ီး
ကိုယ္လဲသူ႔အေ႐ွ႕မွာ ဒူးေထာက္ထိုင္လိုက္သည္။
ၿပီးတာနဲ႔သားပခံုးေလးကို အသာကိုင္ၿပီး ---
" ဂြၽန္ "
" ဗ်ာ "
" ဂြၽန္ပိစိေလး ဒီရက္ထဲ ပါးပါးကိုျပန္ခံေျပာတာေတြမ်ားေနၿပီေနာ္ ကိုယ့္အျပစ္ကိုသိလား "
" ပါးပါးက ခ်ိဳးတာကိုး "
" ပါးပါးက မဆိုးပါဘူးသားရယ္ ၊ ဂြၽန္႔က္ုိ႔ ဘယ္ေလာက္ေတာင္ခ်စ္လဲ ၊ သားက သူ႔ကိုခံေျပာေနေတာ့
ပါးပါးက ကြယ္ရာက်ရင္ငိုေနေတာ့မွာ ၊ သနားပါတယ္ "
ကိုယ္ေျပာလိုက္ေတာ့မွ ဂြၽန္ကစဥ္းစားေနသလိုခဏၿငိမ္သြားၿပီး ---
" ပါးပါးက ငိုေနမွာရား "
" ငိုေနမွာေပါ့ ၊ အဲဒါေၾကာင့္ ဂြၽန္က ညအိပ္ခါနီးက်ရင္ ျပန္ေခ်ာ့လိုက္ေနာ္ ၊ ေနာက္ဆိုလဲခံမေျပာရဘူး ၊ ဟုတ္ၿပီလား "
" ဟုတ္တဲ့ "
" ဒါဆိုေရျမန္ျမန္ခ်ိဳးရေအာင္ "
ဒီလိုနဲ႔ ညေရာက္တဲ့အထိသားက သူ႔ပါးပါးကိုစကားမေျပာ ။ သူ႔ပါးပါးကလဲ အိမ္ေရာက္ထဲက ေရခ်ိဳးုၿပီး
သူဆိုင္ကိုျပန္ဖြင့္ေနသည္ ။ ဆိုင္ပိတ္ၿပီးညစာစားေတာ့လည္း စကားမေျပာျဖစ္ပဲ တိတ္ဆိတ္လို႔ ။
အိပ္ယာဝင္ရမယ့္အခ်ိန္မွာေတာ့ ရာဇ္က ကုတင္ေအာက္ဘက္မွာ အိပ္ယာခင္းထူထူေလးတစ္ခုကိုခင္းလိုက္ကာ ---
" သားနဲ႔ခင္ဗ်ား ကုတင္ေပၚမွာအိပ္လိုက္ "
ေျပာၿပီးတာနဲ႔ သူ႔အိပ္ယာမွာလွဲခ်လိုက္ၿပီး မ်က္လံုးမွိတ္ထားသည္ ။ ကုတင္ေပၚမွာကိုယ္နဲ႔အတူတူထိုင္ေနတဲ့ဂြၽန္က ႐ုတ္တရက္ကုတင္ေအာက္ကိုေလ်ာဆင္းသြားၿပီး သူ႔ပါးပါးနားမွာ ဒူးေလးေထာင္ၿပီးထိုင္လိုက္ကာ လက္အုပ္ေလးခ်ီလိုက္သည္ ။
" တားတားက ပါးပါးတို တာယတံ ၊ ဝခ်ီတံ ၊ နေနာတံနဲ႔ ပစ္မွားမိတာ႐ွိရင္ ထြင့္လႊတ္ေပးပါ "
ေျပာၿပီးတာနဲ႔ဖင္ေလးကုန္းၿပီး ဦးသံုးႀကိမ္ခ်ေလသည္ ။ ဘယ္ေလာက္ေတာင္ခ်စ္စရာေကာင္းတဲ့အက်င့္ေလးပါလဲ ။ ရာဇ္ကသားကိုေကာင္းမြန္စြာေစာင့္ေ႐ွာက္ႏိုင္ခဲ့တာ ယံုမွားသံသယ႐ွိစရာမလိုေတာ့ပါ။
သားကိုသူ႔ပါးပါးကမ်က္လံုးဖြင့္မၾကည့္တာမို႔ သူ႔အေဖႏႈတ္ခမ္းေလးကို သူ႔ႏႈတ္ခမ္းစူစူေလးနဲ႔သြားထိလိုက္ရင္း --
" ပါးပါး အာဘြား ၊ ခ်ိတ္ခ်ိဳးေတာ့နဲ႔ေနာ္ ၊ ဂြၽန္ပိခ်ိေလးက အလကားတတ္တတ္ပါးပါးကို စေနတာ "
သားစကားေၾကာင့္ ရာဇ္ျပံဳးလိုက္မိပါေတာ့သည္။
ေသာက္ကေလးလူလည္ေလး ။ အက်င့္ကိုက
သူ႔ဒယ္ဒီအက်င့္နဲ႔ ။
" သာဓုပါ သာဓု သာဓု ၊ ပါးပါးသားေလး ဘုန္းႀကီးလို႔အသက္႐ွည္ပါေစ ၊ ထိမယ့္ခလုတ္ဆုတ္ပါေစ ၊ လာမယ့္ေဘး ေဝးပါေစ ၊ ဘဝတစ္သက္တာလံုး
ကိုယ္က်န္းမာလို႔ စိတ္ခ်မ္းသာပါေစ "
ပံုမွန္အတိုင္းသူ႔ကိုဆုေပးလိုက္ေတာ့ ---
" ေပးထဲခ်ဳနဲ႔ ေျပ့ရပါေခ် "
ကိုယ္ျပံဳးတာကိုျမင္တဲ့ဂြၽန္က ကိုယ့္လက္ကိုဆြဲကာ
တူတူအိပ္မယ္ဆိုၿပီး ကုတင္ေပၚကိုအတင္းဆြဲတင္ပါေလေတာ့သည္ ။ ကုတင္ေပၚကို ကိုယ္ေရာက္သြားတာနဲ႔ သူ႔ဒယ္ဒီဘက္ကိုလွည့္လိုက္ကာ ---
" တားတားတို လူတားေလးျဖစ္ထြင့္ေပးတဲ့ ဒယ့္ဒီကိုလဲ တန္ေတာ့ပါတယ္ "
ေျပာၿပီးတာ သူ႔ဒယ္ကိုကိုကန္ေတာ့ေနေတာ့
အံ႔ၾသေနတဲ့မ်က္ႏွာနဲ႔လူႀကီး ။ သူနဲ႔ဘယ္ေတာ့မွျပန္မဆံုႏိုင္ေတာဘူးအထင္နဲ႔ ကိုယ္ကိုယ္တိုင္သားကိုေလ့က်င့္ေပးထားတဲ့ အေလ့အက်င့္ ။ သူကအံ႔
ၾသေနသလို ကိုယ္ကလဲ႐ွက္လွသည္ ။
သိဒိၶကေတာ့သားကိုဆုမေပးႏိုင္ေတာ့ပဲ ရင္ခြင္ထဲဆြဲဖက္ထားၿပီး ငိုခ်လိုက္မိေတာ့၏။ မ်က္ရည္ေတြနဲ႔အတူေျပာလိုက္မိတဲ့စကားတစ္ခြန္းကေတာ့ ---
" ေက်းဇူးတင္ပါတယ္ ရာဇ္ရယ္ ၊ တကယ္ေက်းဇူးတင္ပါတယ္ ၊ ေလးႏွစ္လံုးလံုး ကိုယ့္ကိုလံုးလံုးႀကီးေမ့ထားတာမ်ိဳးမဟုတ္လို႔ ေက်းဇူးတင္ရပါတယ္ "
" ေက်းဂ်ဴးတင္ရင္ တားကိုလႊတ္ေပးပါေတာ့ ၊
အတက္႐ွဴလို႔ရေတာ့ဝူးေလ "
" ဟား !!ဟား !! ဟား !!Sorry ပါသားသားရယ္ "
သားကသူ ႔ကိုတင္းေနေအာင္အဖက္ခံထားရတာမို႔ အတင္း႐ုန္းကန္ရင္းစကားဆိုလာသည္ ။ မ်က္ရည္ေတြၾကားထဲကေနပဲ တဟားဟားနဲ႔ေအာ္ရီမိေတာ့ျပန္သည္ ။ မိသားစုဆိုတာ ဒီလိုေႏြးေထြးမႈမ်ိဳးနဲ႔
တည္ေဆာက္ထားတာထင္ပါရဲ႕ ။
Phoenix 12
28.6.2022
P.M - 8:30
📌A/N - မသူ စာမူေလးတစ္ခုစစ္ေနရလို႔ Update ေလးေတြနည္းနည္းေနာက္က်မယ္ေနာ္။
" Forget Me Not " ပန္း
" Forget Me Not " ပန္း
" Forget Me Not " ပန္း
" Forget Me Not " ပန္း
<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
Part - 39
My Oleander Hubby
" ဒယ်ဒီရေ ဂျွန်ဂိုထားခဲ့နဲ့! !! အဟင့် !!အဟင့်! !
ဂျွန်ရိုက်မယ် ၊ ဒယ်ဒီနဲ့ပဲ နေမှာပါချို ၊ ပါးပါးရေ
ဒယ်ဒီ့ကို ခေါ်ပေး! ! အထုခေါ်ပေး ၊ ဟီး !!ဟီး !!"
ဆေးရုံကိုဆင်းရမယ့်နေ့ကိုရောက်လာလို့ ပစ္စည်းတွေသိမ်းပြီး ကားပေါ်တင်နေတဲ့အချိန် သားကို
* ဒယ်ဒီ ခရီးခဏသွားဦးမယ်နော် * လို့နှုတ်လိုက် ထဲက သားကငိုပါတော့သည် ။ ရှေ့ရက်က ရန်ကုန်မပြန်ချင်လို့ သားကိုနားလည်အောင်ပြောပြီးစစ် ကူတောင်းထားပေမယ့် အခုချိန်မှာ သားဖြစ်နေပုံက ကိုယ့်စကားကြောင့်မဟုတ်ဘဲ သူ့ဘာသာကို
ကိုယ်နဲ့ခွဲရမှာစိုးပြီး အော်ဟစ်ငိုနေတာမျိုး ။
ဂျွန်က သိပ်ကိုအကင်းပါးတဲ့ကလေးမို့ အကြာကြီးနေမှမြင်ဖူးတဲ့ကိုယ့်ကို ထပ်ပြီးခွဲရမှာကြောက်နေပုံပင်။
" သားရယ် ဒယ်ဒီက ခရီးခဏလေးသွားမှာလေ ၊
မငိုနဲ့နော် ၊ ပြန်လာမှာလေ ပါးပါးတို့ ဒီကနေပဲစောင့်ရအောင် ဟုတ်ပြီလား "
ရာဇ်ကသားကိုချီထားပြီး ချော့နေပေမယ့် ဂျွန်တို့က
သူဖြစ်ချင်လာပြီဆို ဘယ်သူမှတားမရ ။ သူ့ပါးပါး ချီထားခံရာကနေ သူ့ပါးပါးရဲ့ရင်ဘက်တွေကိုတဘုန်းဘုန်းထုရိုက်နေရင်း ---
" အောက်ဂိုချပေး ! အထုချပေး ၊ ဒယ်ဒီ့ချီ သွားမရို့ ၊ အထုချပေးချို ချပေး ၊ ဒယ်ဒီရေ တားတားကို လာခေါ်ပါ ဟီး ဟီး ဟီး ၊ ဒယ်ဒီနောက်ကိုပဲ ရိုက်မယ်ရို့ "
ငိုနေတဲ့သားကိုသနားတာရော ၊ ရာဇ်အနားကို မကပ်ရဲတာကြောင့်ပါ ကိုယ့်မှာတော့ ခပ်လှမ်းလှမ်းကနေသာ ရာဇ်ဆီ အသားနားခံသလိုလှမ်းကြည့်လိုက်မိရင်း---
" ရာဇ်! !! သားက.... "
" ခင်ဗျားက သွားစရာရှိတာကိုသွားတော့လေ ၊ ဘာရပ်လုပ်နေတာလဲ ၊ သားကို ကျွန်တော်ချော့လိုက်မယ် "
ရာဇ်က ကိုယ့်စကားကိုတောင် ဆုံးအောင်နားမထောင်ဘဲ လေသံမာမာနဲ့ နှင်ထုတ်နေပါပြီ ။ ကိုယ့်မှာဘာလုပ်ရမှန်းမသိသေးတဲ့အချိန် သားဆီကနေ ---
" မတွားနဲ့ မတွားနဲ့နော် အား! !!!! "
ကိုယ့်ကိုတားရင်းနဲ့ အာခေါင်ခြစ်ပြီး အော်လိုက်တဲ့
သားရဲ့အသံက အခန်းထဲမှာဟိန်းထွက်လာသည် ။
သားက နောက်ဆုံးတော့ ငိုနေရင်းကနေ ချီထားတဲ့သူ့အဖေလက်ထဲကနေ နောက်ကိုလှန်ချလိုက်သည် ။ ခါးကော့ပြီးလှန်ချလိုက်တာမို့ လူကဇောတ်ထိုး
ဖြစ်သွား၏ ။ နောက်ပြီး လူကတွန်းထိုးနေတာမို့
ခါးရိုးတစ်ခုခုဖြစ်သွားမှာ စိုးရိမ်ရတဲ့အနေအထား ။
ရာဇ်က ချက်ချင်းပဲသားလည်ပင်းနေရာကနေ လက်
တစ်ဖက်ပြန်သိုင်းဖက်ကာ ပြန်ပွေ့ချီလိုက်သည်။
ခေါင်းလေးက အပေါ်ပြန်ထောင်မက်လာတဲ့သားဟာ ရုတ်တရက် သူ့ပါးပါးပခုံးကိုအားနဲ့ကိုက်ချလိုက်လေသည် ။
" အား! !! "
ရာဇ်ဆီက အော်ညည်းသံခပ်တိုးတိုးလေး ။
သားက လုံးဝလွှတ်မပေးသေး ။ သူ့သွားသေးသေးလေးတွေနဲ့ သူ့ပါးပါးပခုံးကို အသေခဲထားတဲ့ခွေးပေါက်လေးလိုကို ကိုက်ထားတာ ။
သားနဲ့ရာဇ်နားကို အမြန်သွားလိုက်ရင်း ---
" သား လွှတ်လိုက်နော် ၊ ပါးပါးနာနေပြီလေ ၊ မကိုက်တော့နဲ့ ဒယ်ဒီ့စကားကိုနားထောင်နော် ၊ ဂျွန်လေးကလိမ္မာတယ်လေ ၊ နော် သားလေ "
ကိုယ့်ပခုံးကို အသေကိုက်ထားတဲ့သားက သူ့ဒယ် ဒီပြောလိုက်တဲ့စကားဆုံးတာနဲ့ ချက်ချင်းလွှတ်ပေးလာသည် ။ ရုတ်တရက်ကြီး စိတ်ထဲမှာနင့်နေအောင်ခံစားလိုက်ရတာ ကိုယ့်ဘာသာသိလိုက်သည်။ သားက ကိုယ်နဲ့ယှဉ်ရင် သူ့ဒယ်ဒီကို ပိုလိုချင်နေတာပဲ ။
ချီထားရာကနေ အောက်ကိုချပေးလိုက်တော့ သူ့ဒယ်ဒီကိုယ်ပေါ်ကိုသာ အတင်းဖက်တက်လေတော့ ၏။
" ဒီလောက်တောင် ဒယ်ဒီနဲ့မခွဲနိုင်ရင် မင်းဒယ်ဒီနဲ့ပဲလိုက်သွားလိုက်တော့ "
ကိုယ်ကစိတ်တိုတိုနဲ့ပြောလိုက်တော့ ---
" ရိုက်တွားမှာ ၊ ပါးပါးကို တတက်လုံးခေါ်တော့ဘူး "
" တသက်လုံးလဲမခေါ်နဲ့ ၊ အဖေရောသားရော
ဘယ်တော့မှလဲ ငါ့မျက်စိအရှေ့ပြန်ပေါ်မလာနဲ့ "
ရာဇ် ဆီကနေမထင်မှတ်ပဲကြားလိုက်ရတဲ့စကား
ကြောင့် ကိုယ့်မှာတော့သူတို့သားအဖနှစ်ယောက်
ကြားဘာလုပ်လို့လုပ်ရမှန်းမသိအောင် ဗျာများသွားရသည် ။
" ရာဇ်ကလဲကွာ သားက ကလေးပဲဟာ ၊ ဘာသိမှာလဲ ၊ အဲလိုမပြောပါနဲ့ "
" ဒယ်ဒီ !!တွားမယ်ရေ လတ်ဒိုး! !!
အရေးထဲကိုယ့်ချီထားရတဲ့ ဂျွန်ပိစိက တစ်စခန်းထလာပြန်သည် ။
" ခင်ဗျားသားက ကလေးသာဆိုတယ် အသိလွန်
အတက်လွန်နေတာ ၊ ခေါ်သာသွားလိုက် ကျုပ်ကတစ်ယောက်ထဲလဲနေလို့ရတယ် "
" ပါးပါး တျောက်ထဲပဲနေ ၊ ဂျွန်ပိချိလေးက ဒယ်ဒီနဲ့နေတောာ့မှာ "
" နေ!! နေ!! မင်းအဲဒီအဖေနဲ့ပဲနေ ငါနဲ့လာမနေနဲ့ "
" နေဝူး နေဝူး ဘယ်တော့မနေဝူး ၊ ဒယ်ဒီကရေခဲ့မုန့်ရဲ ဝယ်ကျွေးရယ် "
ကြားလိုက်ရတဲ့စကားကြောင့် ဟိုက်ကနဲလို့သာ
စိတ်ထဲကနေ အော်လိုက်မိသည် ။ ဂျွန့် သွားတွေက
ပိုးစားနေလို့ သူ့ပါးပါးက မုန့်အချိုတွေသိပ်မကျွေး ။
ဂျွန်ကရေခဲမုန့်သိပ်ကြိုက်ပေမယ့် တစ်ခါတစ်လေမှသာစားစေသည်။
ကိုယ်ဆေးရုံတက်နေရတဲ့အချိန်မှာတော့ ဂျွန့်နားမှာ
သူ့ပါးပါးမရှိတဲ့အချိန်တိုင်း လူလည်လေးက ကိုယ့်ကိုရေခဲမုန့်စားဖို့ပူဆာနေကျ ။ ကိုယ်ကလဲ သားပါးပါးပြန်မသိစေနဲ့နော်ဆိုပြီးနှုတ်ပိတ်ကာ ဝယ်ကျွေးနေကျ။
အခုသူ့ပါးပါးနဲ့စိတ်ကောက်တဲ့အချိန်မှာတော့ ဒင်းကဂုဏ်ယူဝင့်ကြွားစွာဖော်ကောင်လုပ်လေပြီ ။
ရာဇ်ရဲ့မျက်ဝန်းတွေက ကိုယ့်ဆီကိုဒိုင်းကနဲရောက်လာလေတော့ ကိုယ့်မှာနေစရာနေရာမရှိ.။
ပြေးစရာမြေမရှိ ။ ငါလေ ငါ ။
" ဂျွန်စစ်မင်း! !! မင်းက ငါ့ကွယ်ရာမှာ မင်းဒယ်ဒီအားကိုးနဲ့လုပ်ချင်ရာလုပ်နေတာကိုး ၊ အဟွန်း! !
လိုက်လဲလိုက်တဲ့သားဖတွေ ၊ ကောင်းပါတယ် မင်း ဒယ်ဒီနဲ့ပဲနေပေတော့ ငါလဲတာဝန်ပေါ့တာပေါ့ ၊ ငါ့ဘာသာတစ်ယောက်ထဲဆို အေးအေးဆေးဆေးနေလို့ရတယ် "
ဂျွန်က သူ့အောက်နှုတ်ခမ်းလေးကိုသာ ရှေ့ကို
ထော်ပြလာပြီး ---
" နေရေ ဂျွန်က ဒယ်ဒီနဲ့ နေမာ "
" နေပေါ့ ၊ မင်းဒယ်ဒီက အဲလိုမျိုး လူမသိသူမသိ
ခိုးလုပ်ပေးရတာတွေမှာသိပ်တော်တာ ၊ လိုက်သာသွား ၊ ကံကောင်းရင် အမေအသစ်တောင် ထပ်ပြီးရနိုင်သေးတယ် ၊ အရှင်အခံကောင်းလို့လေ "
ပြောလာတဲ့စကားကြောင့် ဖော်ကောင်စလုပ်တဲ့
ဂျွန်ပိစိကိုပဲထုချင်ပါတော့သည် ။ ရာဇ်က အောက်ဖဲတွေစလှန်နေပြီလေ ။ ရာဇ်ကိုပြန်မပြောရဲသမျှ စိတ်ထဲကနေတော့ ဂျွန်ပိစိကိုသာ ခပ်နာနာလေးတေးထားမိတော့သည်။
* မှတ်ထားဂျွန်ပိစိဖော်ကောင်လေး ၊ ငါ့အမျိုးသားလေးနဲ့ပြန်အဆင်ပြေသွားလို့ကတော့ မင်းကိုရေခဲမုန့်ကြွေးတော့မယ်မထင်နဲ့ *
" ပါးပါးကို နည်းနည်းမ ချစ်တော့ဝူး "
ကိုယ့်မှာတော့ ဂျွန့်ပါးစပ်ကိုအတင်းလိုက်ပိတ်ရင်း ---
" သား ပါးပါးကိုအဲလိုတွေမပြောရဘူးလေ ၊ သား ပါးပါးကစိတ်မကောင်းဖြစ်နေပြီ "
သားကို သူ့ပါးပါးမကြားအောင် တိုးတိုးလေးကပ်ပြီးပြောပြရသေးသည် ။
ကိုယ်မှာတော့ရာဇ်ကိုလဲကြောက်ရ ။ သားကိုလဲမနိုင် ။ သားအဖသုံးယောက်က တပ်သားတစ်ယောက်ဗိုလ်နှစ်ယောက်ဖြစ်နေလေပြီ ။ တပ်သားကတော့ကိုယ်ပါပဲ ။ ဗိုလ်ကတော့ ဒင်းတို့သားဖတွေပေါ့။
ရာဇ်ကတော့ မက်တပ်ရပ်ဖို့တောင်အားအင်မရှိသလိုခံစားနေရတာကြောင့် ဆေးရုံကုတင်အစပ်မှာထိုင်ချလိုက်မိတော့သည်။ လူတစ်ယောက်ဆီကနေ
အချစ်မခံခဲ့ရသမျှ သူ့သွေးသားလေးဆီကနေ ချစ်ပေးတာကိုခံချင်ခဲ့မိတာ ။ ကိုယ့်ကိုလဲ သားကချစ်တယ်လို့ခံစားရလို့ တစ်ချိန်လုံးပျော်နေခဲ့ရတာလေ ။
အခုတော့ သားက ကိုယ့်ကိုထားခဲ့ပြန်ပြီး သူ့ဒယ်ဒီကိုသာရွေးချယ်ခဲ့ပြန်သည် ။ ကိုယ်ဟာ အချစ်ခံရဖို့အတွက်ကို မထိုက်တန်တာမျိုးထင်ပါရဲ့ ။
ဝမ်းနည်းစိတ်ကြောင့် မျက်ရည်ကချက်ချင်းကျလာ
ပေမယ့် စက္ကန့်ပိုင်းအတွင်းထိုမျက်ရည်တွေကိုသုတ် လိုက်မိသည် ။
သိဒ္ဓိကတော့ သားကိုချီထားရင်း ရာဇ်မျက်နှာကိုသာ မလွတ်တမ်းစိုက်ကြည့်နေမိတာမို့ ရာဇ်မျက်ရည်ကျတာကို မြင်ဖြစ်အောင်မြင်လိုက်ရသည် ။
အဖေလုပ်သူက မာနကြီးကြီး သားပိစိကလဲ
ဂျစ်တစ်တစ်နဲ့ ဒီ်နှစ်ယောက်ကြား အနေခက်လှ
သည်။
" ရာဇ် ဟိုလေ ကိုယ်တစ်ခုလောက်ပြောပါရစေ "
ကိုယ့်စကားကြောင့် စိတ်မရှည်သလိုမော့ကြည့်လာတဲ့မျက်ဝန်းတွေ ။
" သား က မင်းကိုအရမ်းချစ်တာပါ ၊ အခုက ကိုယ်နဲ့တွေ့ရတာသိပ်မကြာသေးလို့ အရမ်းကပ်နေတာမျိုးလို့ပဲထင်ပါတယ် ၊ နောက်ဆိုပုံမှန်ပြန်ဖြစ် သွားမှာပါ "
" ခင်ဗျားသားပဲဟာ ခင်ဗျားကိုကပ်တာအပြစ်မဟုတ်ပါဘူး ၊ ခေါ်သွားလိုက် ၊ ကျွန်တော်က ပစ်ချခံထားရတာကို အခုမှကြုံခဲ့ရတဲ့သူလဲမဟုတ်ပါဘူး ၊
ဂျွန်မရှိလဲ နေလို့အဆင်ပြေသွားမှာပါ "
" အဲလိုမတွေးပါနဲ့ရာဇ်ရယ် ၊ ကလေးက ဘာမှမသိတဲ့အရွယ်လေးပဲဟာ ၊ သူမင်းကိုဘယ်လောက်ချစ်လဲ ကိုယ်လဲသိနေတာပဲ ၊ မင်းတို့သားဖတွေကို
မခွဲရက်ပါဘူး "
" အဲတော့ ခင်ဗျားကဘာလုပ်ချင်နေတာလဲ "
" ဒီလိုပါ ကိုယ်က ဆေးပြဖို့အတွက် ဒီကဆရာဝန်
ကြီးနဲ့ပဲ ရပ်ချိန်းထပ်ယူထားတာလေ ၊ အဲဒါကြောင့်
အခုလောလောဆယ်ရန်ကုန်မပြန်သေးဘဲ မင်းတို့သားဖတွေနဲ့ခဏလိုက်နေလို့ရမလား ၊ ကိုယ်
ရှိနေရင် သားကလဲအဆင်ပြေသွားမှာပဲ ၊ နောက်ကျမှတစ်မျိုးထပ်စဉ်းစားကျရအောင်လေ "
" ဆိုင်မှာ လိုက်နေမယ်လို့ပြောနေတာလား "
" အင်း!! မင်းခွင့်ပြုမယ်ဆိုရင်ပေါ့ "
ရာဇ် ခဏတော့တိတ်ဆိတ်သွားမိသည် ။ တကယ် ဆိုရင် သားကို ကိုယ်လည်းမခွဲနိုင်ပါ ။ သားမရှိဘဲ
တစ်ရက်လေးတောင်မနေနိုင် ။ အခုလောလော
ဆယ် သားက သူ့ဒယ်ဒီကိုမျက်စိအောက်ကကို
အပျောက်မခံ ။ နောက်ဆုံး ကိုယ်ကခေါင်းမာပြီး
ဒီလူကြီးကိုပြန်လွှတ်လိုက်သည်ထားဦးတော့ ။
ဂျွန်က သူ့ဒယ်ဒီကိုထွက်ရှာဖို့ ကိုယ့်အလစ်မှာ
ဆိုင်ထဲကနေထွက်မပြေးဘူးလို့အာမမခံနိုင် ။
ပထမတစ်ခါတောင် သူ့ဒယ်ဒီကြောင့် သေကံ
မရောက်တာ ။ နောက်တစ်ခါသာထပ်ဖြစ်ရင် ။
မကောင်းတဲ့အတွေးကို ဆုံးတဲ့အထိတောင်ဆက်
မတွေးနိုင်တော့ပါ ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
ခပ်ကျဉ်းကျဉ်းဆိုင်လေးထဲကနေဖြတ်ပြီး အနောက်ဖက်ကိုဝင်လာတော့ ရာဇ်တို့သားဖတွေနေတဲ့
အခန်းလေးဆီရောက်သည်။ အရှေ့ဘက်ကို ကော်ဖီဆိုင်လေးဖွင့်ပြီး အနောက်ဘက်အခန်းလေးမှာနေကျတာတဲ့ ။
" Forget Me Not " လို့ အမည်ပေးထားတဲ့ Coffee ဆိုင်လေးထဲကို စပြီးဝင်လိုက်တာနဲ့
ဆိုင်လေးရဲ့အခင်းအကျင်းကို ကဗျာဆန်စွာမြင်တွေ့ရသည် ။ ဆိုင်ထဲမှာ Forget Me Not ပန်းရောင်စုံလေးတွေကို လှပစွာစိုက်ပျိုးထားတာမို့ မိန်းကလေးတွေကပိုပြီး အကြိုက်တွေ့မယ်ဆိုတာ တွေးကြည့်ယုံနဲ့သိနိုင်သည် ။ စားပွဲဝိုင်းဆယ်ဝိုင်းသာရှိပြီး
ဆိုင်ထဲမှာ စာအုပ်စင်လေးတွေကိုလဲထည့်ပေးထားတာမို့ သက်သက်သာသာအနားယူချင်သူတွေ ၊
သမီးရည်းစားအတွဲတွေသာလအများဆုံးလာလိမ့်
မည်။
ဆိုင်ကနေတံခါးလေးဖွင့်ပြီး အထဲကိုဝင်လိုက်တဲ့အခါ ဧည့်ခန်းလို့တောင်မဆိုနိုင်တဲ့ ခပ်ကျဉ်းကျဉ်းအခန်းလေးရယ် ၊ ရေချိုးခန်းအိမ်သာတွဲရက်သား အိပ်ခန်းလေးတစ်ခန်းရယ် ၊ နောက်ပြီး ဘာပစ္စည်းမှ များများစားစားမရှိတဲ့မီးဖိုခန်းလေးရယ် ။
ကိုယ့်အိမ်က အလုပ်သမားတွေကိုထားတဲ့အခန်း
လောက်တောင်မသားနားတဲ့ ဒီအခန်းကျဉ်းကျဉ်းလေးထဲမှာ သားဖနှစ်ယောက် ညတိုင်းပျော်ပျော်
ရွှင်ရွှင်ကစားနေကျလေမလား ။ တကယ်ဆို
ကိုယ့်သားငယ်လေးဟာ ကိုယ်ပိုင်ကစားကွင်းနဲ့
ပျော်ပျော်ရွှင်ရွှင်ဆော့ရမယ့်အရွယ်လေး ။
အိပ်ခန်းလေးထဲမှာပဲ သူ့ကမ္ဘာလေးတည်ဆောက်
နေရမယ့်အစား ကိုယ်သွားနေတဲ့ရတဲ့ကမ္ဘာနိုင်ငံအနှံ့ အလည်အပတ်လိုက်နေရမယ့်ကလေးလေး ။
ကိုယ်တစ်ယောက်လုံးရှိနေရက်သားနဲ့ ရာဇ်ကဒီလိုနုံချာတာတဲ့နေရာမှာနေနေရတာရော ၊ သားကို
ဒီလိုအခန်းကျဉ်းလေးထဲမှာ ကြီးပြင်းစေခဲ့မိတဲ့ယအတွက်ပါ ကိုယ့်ကိုကိုယ်အပြစ်တင်မဆုံး ။
နောက်ဆိုမင်းတို့သားဖတွေ လက်ညှိုးညွှန်ရာမှာ
ရေဆိုရေ ရွှေဆိုရွှေဖြစ်နေရစေပါ့မယ်လို့ တစ်ယောက်ထဲကတိတွေပေးလိုက်မိသည် ။
" ခင်ဗျား ရေချိုးမလား ၊ ဂျွန်ကလဲ ဒယ့်ဒီကိုယ်ပေါ်ကဆင်းဦး ၊ မင်းဒယ်ဒီကို ဘယ်သူကမှဖွက်မထားဘူး ၊ အဖြစ်လာသဲပြမနေနဲ့ "
ဂျွန်က သူ့ဒယ်ဒီပခုံးပေါ်ခေါင်းတင်ထားရင်း လည်ပင်းတွေကိုလဲ သူ့လက်လေးတွေနဲ့သိုင်းဖက်ထားသေးသည် ။
" သားသား ဒယ်ဒီ "
" အေးပါ မင်းဒယ်ဒီမှန်းသိတယ် ၊ လွန်လွန်ကဲကဲ "
" ပါးပါး ချိတ်ပုတ် "
" ဂျွန် ပါးပါးကို အဲလိုတွေမပြောရဘူးလို့ ဒယ်ဒီသင်ထားတယ်လေ "
" အဖေတူသား မင်းဒယ်ဒီနဲ့ပဲနေ ငါ့ဆီယောင်လို့တောင်မလာနဲ့ ၊ ခင်ဗျားလဲ ရေချိုးပေတော့ "
ရာဇ်ကပြောပြီးတာနဲ့ ဘီဒိုထဲကနေ အဝတ်တစ်စုံကိုထုတ်ပြီး အခန်းပြင်ထွက်သွားတော့ ကိုယ်မှာ သားနဲ့အတူတူသာရေချိုးဖို့ပြင်ရသည် ။
ရေချိုးခန်းထဲဝင်လိုက်တော့ အုတ်ကန်လေးထဲရေအပြည့်ဖြည့်ထားသည် ။ သားကိုချီပြီးပြီး ရေတစ်ခွက်ထဲကိုနှစ်ယောက်အတူတူလောင်းချိုးတော့
ဂျွန်က သဘောတွေကျပြီး တခစ်ခစ်တွေရီလို့ ။
ပြီးတာနဲ့ သားကိုအောက်ကိုချပေးလိုက်ပြီး
ကိုယ်လဲသူ့အရှေ့မှာ ဒူးထောက်ထိုင်လိုက်သည်။
ပြီးတာနဲ့သားပခုံးလေးကို အသာကိုင်ပြီး ---
" ဂျွန် "
" ဗျာ "
" ဂျွန်ပိစိလေး ဒီရက်ထဲ ပါးပါးကိုပြန်ခံပြောတာတွေများနေပြီနော် ကိုယ့်အပြစ်ကိုသိလား "
" ပါးပါးက ချိုးတာကိုး "
" ပါးပါးက မဆိုးပါဘူးသားရယ် ၊ ဂျွန့်ကို့ ဘယ်လောက်တောင်ချစ်လဲ ၊ သားက သူ့ကိုခံပြောနေတော့
ပါးပါးက ကွယ်ရာကျရင်ငိုနေတော့မှာ ၊ သနားပါတယ် "
ကိုယ်ပြောလိုက်တော့မှ ဂျွန်ကစဉ်းစားနေသလိုခဏငြိမ်သွားပြီး ---
" ပါးပါးက ငိုနေမှာရား "
" ငိုနေမှာပေါ့ ၊ အဲဒါကြောင့် ဂျွန်က ညအိပ်ခါနီးကျရင် ပြန်ချော့လိုက်နော် ၊ နောက်ဆိုလဲခံမပြောရဘူး ၊ ဟုတ်ပြီလား "
" ဟုတ်တဲ့ "
" ဒါဆိုရေမြန်မြန်ချိုးရအောင် "
ဒီလိုနဲ့ ညရောက်တဲ့အထိသားက သူ့ပါးပါးကိုစကားမပြော ။ သူ့ပါးပါးကလဲ အိမ်ရောက်ထဲက ရေချိုးုပြီး
သူဆိုင်ကိုပြန်ဖွင့်နေသည် ။ ဆိုင်ပိတ်ပြီးညစာစားတော့လည်း စကားမပြောဖြစ်ပဲ တိတ်ဆိတ်လို့ ။
အိပ်ယာဝင်ရမယ့်အချိန်မှာတော့ ရာဇ်က ကုတင်အောက်ဘက်မှာ အိပ်ယာခင်းထူထူလေးတစ်ခုကိုခင်းလိုက်ကာ ---
" သားနဲ့ခင်ဗျား ကုတင်ပေါ်မှာအိပ်လိုက် "
ပြောပြီးတာနဲ့ သူ့အိပ်ယာမှာလှဲချလိုက်ပြီး မျက်လုံးမှိတ်ထားသည် ။ ကုတင်ပေါ်မှာကိုယ်နဲ့အတူတူထိုင်နေတဲ့ဂျွန်က ရုတ်တရက်ကုတင်အောက်ကိုလျောဆင်းသွားပြီး သူ့ပါးပါးနားမှာ ဒူးလေးထောင်ပြီးထိုင်လိုက်ကာ လက်အုပ်လေးချီလိုက်သည် ။
" တားတားက ပါးပါးတို တာယတံ ၊ ဝချီတံ ၊ နနောတံနဲ့ ပစ်မှားမိတာရှိရင် ထွင့်လွှတ်ပေးပါ "
ပြောပြီးတာနဲ့ဖင်လေးကုန်းပြီး ဦးသုံးကြိမ်ချလေသည် ။ ဘယ်လောက်တောင်ချစ်စရာကောင်းတဲ့အကျင့်လေးပါလဲ ။ ရာဇ်ကသားကိုကောင်းမွန်စွာစောင့်ရှောက်နိုင်ခဲ့တာ ယုံမှားသံသယရှိစရာမလိုတော့ပါ။
သားကိုသူ့ပါးပါးကမျက်လုံးဖွင့်မကြည့်တာမို့ သူ့အဖေနှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းစူစူလေးနဲ့သွားထိလိုက်ရင်း --
" ပါးပါး အာဘွား ၊ ချိတ်ချိုးတော့နဲ့နော် ၊ ဂျွန်ပိချိလေးက အလကားတတ်တတ်ပါးပါးကို စနေတာ "
သားစကားကြောင့် ရာဇ်ပြုံးလိုက်မိပါတော့သည်။
သောက်ကလေးလူလည်လေး ။ အကျင့်ကိုက
သူ့ဒယ်ဒီအကျင့်နဲ့ ။
" သာဓုပါ သာဓု သာဓု ၊ ပါးပါးသားလေး ဘုန်းကြီးလို့အသက်ရှည်ပါစေ ၊ ထိမယ့်ခလုတ်ဆုတ်ပါစေ ၊ လာမယ့်ဘေး ဝေးပါစေ ၊ ဘဝတစ်သက်တာလုံး
ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာပါစေ "
ပုံမှန်အတိုင်းသူ့ကိုဆုပေးလိုက်တော့ ---
" ပေးထဲချုနဲ့ ပြေ့ရပါချေ "
ကိုယ်ပြုံးတာကိုမြင်တဲ့ဂျွန်က ကိုယ့်လက်ကိုဆွဲကာ
တူတူအိပ်မယ်ဆိုပြီး ကုတင်ပေါ်ကိုအတင်းဆွဲတင်ပါလေတော့သည် ။ ကုတင်ပေါ်ကို ကိုယ်ရောက်သွားတာနဲ့ သူ့ဒယ်ဒီဘက်ကိုလှည့်လိုက်ကာ ---
" တားတားတို လူတားလေးဖြစ်ထွင့်ပေးတဲ့ ဒယ့်ဒီကိုလဲ တန်တော့ပါတယ် "
ပြောပြီးတာ သူ့ဒယ်ကိုကိုကန်တော့နေတော့
အံ့သြနေတဲ့မျက်နှာနဲ့လူကြီး ။ သူနဲ့ဘယ်တော့မှပြန်မဆုံနိုင်တောဘူးအထင်နဲ့ ကိုယ်ကိုယ်တိုင်သားကိုလေ့ကျင့်ပေးထားတဲ့ အလေ့အကျင့် ။ သူကအံ့
သြနေသလို ကိုယ်ကလဲရှက်လှသည် ။
သိဒ္ဓိကတော့သားကိုဆုမပေးနိုင်တော့ပဲ ရင်ခွင်ထဲဆွဲဖက်ထားပြီး ငိုချလိုက်မိတော့၏။ မျက်ရည်တွေနဲ့အတူပြောလိုက်မိတဲ့စကားတစ်ခွန်းကတော့ ---
" ကျေးဇူးတင်ပါတယ် ရာဇ်ရယ် ၊ တကယ်ကျေးဇူးတင်ပါတယ် ၊ လေးနှစ်လုံးလုံး ကိုယ့်ကိုလုံးလုံးကြီးမေ့ထားတာမျိုးမဟုတ်လို့ ကျေးဇူးတင်ရပါတယ် "
" ကျေးဂျူးတင်ရင် တားကိုလွှတ်ပေးပါတော့ ၊
အတက်ရှူလို့ရတော့ဝူးလေ "
" ဟား !!ဟား !! ဟား !!Sorry ပါသားသားရယ် "
သားကသူ့ကိုတင်းနေအောင်အဖက်ခံထားရတာမို့ အတင်းရုန်းကန်ရင်းစကားဆိုလာသည် ။ မျက်ရည်တွေကြားထဲကနေပဲ တဟားဟားနဲ့အော်ရီမိတော့ပြန်သည် ။ မိသားစုဆိုတာ ဒီလိုနွေးထွေးမှုမျိုးနဲ့
တည်ဆောက်ထားတာထင်ပါရဲ့ ။
Phoenix 12
28.6.2022
P.M - 8:30
📌A/N - မသူ စာမူလေးတစ်ခုစစ်နေရလို့ Update လေးတွေနည်းနည်းနောက်ကျမယ်နော်။
" Forget Me Not " ပန်း
" Forget Me Not " ပန်း
" Forget Me Not " ပန်း
" Forget Me Not " ပန်း