အသံတိတ်လေး၏ပြန်လည်မွေးဖွားလာခ...

By Hmue_46

251K 37.7K 1.4K

This is a translation novel. Author permission not yet sought but I have to translate because I like it very... More

Chapter- 1
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter -10
Chapter -11
Chapter - 12
Chapter-13
Chapter - 14
please
Chapter - 15
Chapter - 16
Present for my babe!!
Chapter - 17
Chapter - 18
Chapter- 19
Chapter -20
Chapter - 21
Chapter- 22
Paid GP
Chapter - 23
Chapter-24
Please!!!
Chapter - 25
Chapter - 26
Chapter-27
Chapter-28
Chapter-29.1
Chapter - 29.2
Chapter-29.3
Chapter -30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter -35
Chapter - 36
Please ❗❗
Chapter-37
Chapter-38
Attention Please❗
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter- 46
Chapter-47
Chapter-48
Chapter-49
Chapter-50
Chapter-51
Chapter-52
Help Me!!!
Chapter- 53.1
Chapter- 53.2
Chapter - 54

Chapter -2

7.5K 958 24
By Hmue_46

Unicode

"ရှောင်ခယ်"

"ရှောင်ခယ် ဒါလုပ်စမ်းပါ"

မုရှောင်ခယ် သည် သူ့ပတ်ဝန်းကျင်ရှိ ရင်းနှီးသောအသံနှစ်ခုကိုကြားလိုက်ရတာကြောင့်မျက်လုံးဖွင့်ရန် ရုန်းကန်နေရသည်။ အသံနှစ်သံက သူ့ဘေးမှာရှိနေသည်။မုရှောင်ခယ် သည် လွတ်မြောက်ရန် စိတ်အားထက်သန်နေခဲ့သည်။ သူသည် တစ်သက်လုံး ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပြီး ထိုအသံများကြောင့် ငရဲကိုထပ်မသွားချင်​တော့​ပေ။

သို့သော် မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ရှေ့က အရာအားလုံးက သူ့ကိုအံ့သြသွားစေသည်။ဒါက သူသေဆုံးသွားတဲ့ တောထဲမှာမဟုတ်ဘဲ သူ့အိမ်၊ သူ့အိမ်ဟောင်းဖြစ်နေသည်။

သူသည် နှင်းဆီပန်းဥယျာဥ် ထဲတွင်ရှိပြီး သူ့ဘေးတွင် သူ့မိဆွေဟောင်း သုံးယောက်ဖြစ်တဲ့  သူ့အစ်ကို ၊ ဖူကျားယွီ နှင့်  Rong Yanzhe(ရုံန်းရန်ကျန့်) ရှိသည်။

လူသုံးယောက်က သူ့ကိုကြည့်နေကြတယ်။ စကားသံများသည်နားထဲတွင် ဆူညံနေသည်။ ရုတ်တရက် သူ့အစ်ကိုက သူ့ကို ထောပတ်ကိတ်တစ်ပိုင်းကိုပေးလာတယ်။

သူ့ကို ထိတ်လန့်စေသော ပုံရိပ်များသာ သူ့စိတ်ထဲမှာ ကျန်ရစ်ခဲ့သည်။ သူအရမ်းထိတ်လန့်သွားပြီး လက်ကိုဝှေ့ယမ်းလိုက်သောကြောင့် ကိတ်မုန့်သည်ကျသွားသည်။ မုရှောင်ခယ်သည် ထိတ်လန့်တကြား ထရပ်လိုက်သည်။ လူသုံးယောက်က သူ့ကို နှိပ်စက်နေပုံရတယ်။ သူသည် စားပွဲနှင့် ကုလားထိုင်များကို ဖြတ်လျှောက်သွားပြီး အသည်းအသန်ပြေးသွားသည်။

သူ ပြေးချင်တယ်၊ သူတို့နဲ့ ဝေးဝေးကို ပြေးချင်တယ်!

ဖမ်းမိလို့မဖြစ်ဘူး! သူ့အစ်ကိုကို စိတ်ဒုက္ခပေးရင်
Rong Yanzhe က သူ့ကို အပြစ်ပေးလိမ့်မယ်၊
ဖူကျားယွီ  က သူ့ကို ပိုတောင်မုန်းသွားမှာ သေချာတယ်။

နှင်းဆီဥယျာဉ်တွင် ထောင့်များနှင့်​ချောင်ကျတဲ့​နေရာများစွာရှိသည်။ ငယ်ငယ်တုန်းကတော့ ဒီမှာ သူ့တူမတွေနဲ့ တူတူပုန်းတမ်းကစားရတာ ကြိုက်တယ်။ သူကြီးပြင်းလာချိန်မှာတောင် အဲဒီ​ချောင်ကျတဲ့​နေရာမှာနေကြတုန်းပဲ။

မုရှောင်ခယ် သည် လူသုံးယောက်ကို အလွယ်တကူ ရှောင်သွားခဲ့သည်။

​​ချောင်ကျတဲ့​​နေရာ ဖုံးလို့ရတဲ့ချုံပုတ်များနောက်တွင် ထိုင်ရင်းမုရှောင်ခယ်သည် ဒူးထောက်လဲကျသွားတော့သည်။ သူဘာတွေလုပ်ခဲ့မိလဲမသိဘူး ၊ သေပြီးနောက်တောင်မှ အဲဒီလူတွေကို ဘာလို့မြင်နေရတာလဲ၊ သေပြီးတာတောင် သူတို့က အနိုင်ကျင့်နေရတုန်းပဲ။

သေပြီးနောက်

ရုတ်တရက် တစ်ခုခုမှားနေပြီဆိုတာကို မုရှောင်ခယ်သဘောပေါက်သွားတယ်။ သူသည်ဘယ်သူမှခြေမချနိုင်တဲ့ ထူထပ်တဲ့တောတောင်ပေါ်တွင် သေဆုံးသွားသည်မှာ ထင်ရှားပါသည်။ ထိုလူသုံးယောက်ကို ရုတ်တရက်မြင်လိုက်ရတော့ သုံးယောက်လုံးက အထက်တန်းကျောင်းတက်နေသေးသလိုပဲ၊

ဖြစ်ပါ့မလား

မုရှောင်ခယ် သည် သူ့အသားကိုသူ ပြင်းပြင်းထန်ထန် ညှစ်လိုက်ပြီး ပြင်းထန်သော နာကျင်မှုက သူ့ကို လုံးဝ နိုးထစေခဲ့သည်။ မသေသေးဘူး အသွေးအသားတွေ ရှိ​သေးတယ်။ နာကျင်မှန်း သူသိ​သေးသည်။ သူ မသေဘူး!

ဘယ်လိုမှ မသေနိုင်သေးဘူး ၊ အလောင်းကို သင်္ဂြိုဟ်ပြီးရင်တောင် ဘယ်လိုမှ မသေနိုင်ဘူး။

သူ မသေရုံတင်မကဘူး၊ သူတို့ နှိပ်စက်ညှဉ်းပန်းမှု မခံရခင် နှစ်တွေကို ပြန်သွားခဲ့တယ်။

မုရှောင်ခယ် သည် မှောင်သည်တိုင်အောင် ပုန်းနေပြီး သူသတိထားမီချိန်တွင် သူဗိုက်ဆာနေပြီဖြစ်သည်။
မုရှောင်ခယ် သည် ဥယျာဉ်မှပင်မအိမ်သို့ပြန်ရန် အချိန်အတော်ကြာခဲ့သည်။ သူ့အဖေနဲ့ အကိုကြီးတို့ မိသားစုက ဧည့်ခန်းထဲမှာ ထိုင်ပြီး ဧည့်သည်တွေနဲ့ စကားပြောနေကြတယ်။ Rong Yanzhe နှင့်ဖူကျားယွီ  ဟုခေါ်သော ဧည့်သည်များဖြစ်သည်။မုရှောင်ခယ်ရုတ်တရက်ဝင်လာပြီး ထိုလူများရဲ့ စကားသံများနဲ့ ပျော်ရွှင်​နေတဲ့အချိန်​​ကို ချိုးဖျက်ပစ်လိုက်သလိုပါ။မုရှောင်ခယ် သည် ဤမိသားစုနှင့် ရောထို "သူငယ်ချင်း" နှစ်ယောက်နှင့်ပါ အစကတည်းက လိုက်ဖက်မှုမရှိတာကို ပထမဆုံးအကြိမ် သဘောပေါက်လိုက်သည်၊ အကြောင်းမှာ အိမ်တွင်ဖြစ်စေ၊ မျိုးဆက်သစ်လူငယ်အုပ်စုတွင်ဖြစ်စေ လူတိုင်းကသူ့အကိုဖြစ်သူကို အမြဲဝိုင်းရံထားသည်။

သို့သော်၊ သူသည် အကောင်းမြင်လွန်းပြီး ယုံလွယ်သူဖြစ်သည်ကိုကိုယ့်ကိုကိုယ် မသိခဲ့ပေ ၊ ၎င်းသည် နောက်ပိုင်းကာလများတွင် ငရဲ၌နေထိုင်ရသကဲ့သို့ ခံစားရကာ နောက်ဆုံးတွင် သူ၏ဘဝကို ခဏတာလွတ်လပ်စွာ လဲလှယ်ပေးခဲ့သည်။

အခု မတူဘူး။ အရင်တုန်းကလို ဘယ်သူ့ကိုမှကြည့်​တော့ဘူး။ သူသည် ယခင်ကနှင့် ဆန့်ကျင်ဘက်ဖြစ်သော ရွေးချယ်မှုများကိုသာ​​ပြုလုပ်မည်။သူ၏မှတ်ဉာဏ်နှင့် ဆန့်ကျင်ဘက်ဖြစ်သော အရာများ ပေါ်လာသည်။ ဆိုလိုတာကမှာ သူ၏ဘဝလမ်းကြောင်းကို ပြောင်းလဲနိုင်သည်။ ဒီဘဝမှာ ထပ်ပြီးဒုက္ခ ခံစရာ မလိုတော့မှာ သေချာတယ်။

"မင်း တစ်နေ့လုံး ဘယ်ရောက်နေတာလဲ။ ညစာစားဖို့ ပြန်သာမလာရင် မင်းမိသားစုကိုတောင် ဂရုစိုက်မှာမဟုတ်ဘူး။ အိမ်မှာ ဧည့်သည်တွေရှိတယ်ဆိုတာ မင်းမသိဘူးလား။"

မုရှောင်ခယ် သည် လက်ဟန်ပြဘာသာစကားကို မသိစိတ်က စတင်ခဲ့ပြီး သူ၏ လုပ်ရပ်သည် ရှိနေသူတိုင်းကို အံ့အားသင့်စေခဲ့သည်ကို သူ မသိခဲ့ပေ။

"မင်းဘာလို့ လက်ဟန်ပြဘာသာစကားကို ထပ်ပြီးလုပ်နေတာလဲ၊ နောင်မှာ ဘာပဲဖြစ်ဖြစ် စကားပြောရမယ်လို့ မပြောထားဘူးလား"

မုရှောင်ခယ် လန့်သွားသည်။ နောက်ဆုံးတော့ သူ 7 နှစ်သားအရွယ်ကတည်းက ဆွံ့အသွားခဲ့တာကို သတိရမိသွားတယ်။ အလယ်တန်းကျောင်းပြီးသောအခါ ဖြည်းညှင်းစွာပြောဆိုနိုင်ပြီး နေ့စဉ်ပြောဆိုဆက်ဆံနိုင်ခဲ့သည်။

ဒါပေမယ့် သူ စကားမပြောသင့်ဘူး။ သူစကားပြောလိုက်ရင် သူ့ပတ်ဝန်းကျင်ကလူတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေလိမ့်မယ်။ သူ့ဘဝတစ်လျှောက်လုံး ဆွံ့အသူဖြစ်သင့်ပြီး သူ့ကိုယ်လည်း ကျေနပ်နေသင့်သည်။ ဒီဘဝတွင် သူသည် ဆွံ့အနေသရွေ့ မုခိုင် သည် သူ၏ ဆွံ့အနေသော ညီငယ်ကို ဂရုမစိုက်ပဲနေသလို ၊ သတိနှင့် တမင်တကာ ကြံစည်နေမည်မဟုတ်ပေ။ မု မိသားစုသည် ဆွံ့အသောလူကို အမွေဆက်ခံခွင့်မပေးသောကြောင့်၊ သူ့အကိုဖြစ်သူသည် ဤအချိန်တွင် အမြဲတမ်း သက်တောင့်သက်သာရှိနေနိုင်ပြီး သူ့အစ်ကိုကို နှစ်သက်သောလူနှစ်ယောက် အထူးသဖြင့် Rong Yanzhe စိတ်ချနိုင်သည်။ သူ့အစ်ကိုကို သူလက်ထပ်သင့်တယ်။

"ရှောင်ခယ် မင်းအဖေက မင်းနဲ့စကားပြောနေတယ်!"

မုရှောင်ခယ်  သတိပြန်ဝင်လာပြီး သူ့အဖေ
မုရှောက်ယောင် ဆီသို့ လျှောက်သွားသည်။ အဖေမုက သူ့ကိုဘေးနားဆွဲတင်လိုက်ပြီး

"ဘာဖြစ်နေတာလဲ၊ မင်းအစ်ကိုကို စိတ်ဆိုးနေတာလား။ ကိတ်မုန့်လေးပဲမဟုတ်လား? ဆွံ့အချင်ယောင်ဆောင်​နေမှာလား"

မုရှောင်ခယ် သည် သူ့ခြေထောက်ကို ရပ်လိုက်ပြီး သူနားထောင်နေသည့်အရာကို မယုံနိုင်ဖြစ်သွားသည်။ သူ့အဖေက သူ့ကိုစွပ်စွဲနေတာလား။ ကိတ်မုန့်တစ်ဖဲ့ကို ဖိတ်ကျတာကြောင့် သူ့ကို အပြစ်တင်တာသိပေမဲ့ မုခိုင် နဲ့ ဘာကြောင့် ထပ်ပြီး ပတ်သက်ရပြန်တာလဲ။ သူက ကိတ်မုန့်ကို ဖိတ်ပြီး မုခိုင် ကို ထိခိုက်စေခဲ့တာလား။ သူထပ်မှားသွားပြီလား

ကိတ်မုန့်တစ်လုံးအတွက် ဆွံ့အချင်ယောင်ဆောင်ပြီး အသေးဆုံးအရာတွေကို ရန်တိုက်တတ်တဲ့သူတစ်ယောက်လို့ သူ့အဖေက ဘယ်လို့ထင်မြင်နိုင်ရတာလဲ။

မဟုတ်ဘူး၊ သူ့ကိုဒီလိုကြည့်တဲ့ သူ့အဖေတင်မကဘဲ တခြားလူတော်တော်များများကို လှည့်ကြည့်လိုက်တော့ မုခိုင် ဖူကျားယွီ နဲ့ Rong Yanzhe အားလုံးက သူ့ကို ဒီလိုကြည့်ကြတယ်...

မုရှောင်ခယ် နောက်ဆုံးတော့ သဘောပေါက်သွားတယ်။ သူ့အရင်ဘဝတုန်းကတော့ မသိဘဲနဲ့ ရှုပ်နေတယ်။ဘာ​ကြောင့်...ဘာကြောင့်မို့သူ့ကိုလာမတွေ့တာလဲလို့ အမြဲတွေး​နေခဲ့တာ။လက်ထပ်ပြီး မိသားစုကို စတင်တည်ထောင်ခဲ့တယ် သူတွေးမိတယ် သူ့အဖေကသူ့ဆီ အမြဲလာလည်သင့်တယ်။ သူ့အဖေက သူပိတ်လှောင်ခံထားရတာကို မတွေ့ဘူးလား။ သူ့ကိုမကယ်နိုင်ဘူးလား။

သူ့အဖေက သူ့ရဲ့သေးငယ်ပြီး အသုံးမကျတဲ့ သားငယ်ကို မတွေ့ချင်တာလား။ ဟုတ်ပါတယ်၊ သူ့သားကို သော့ခတ်​ပြီးပိတ်​လှောင်ထားတယ်ဆိုတာ သူတွေ့မှာမဟုတ်ဘူးသလိုသိလည်းမသိနိုင်လောက်ဘူး။

မုရှောင်ခယ် က သူ့မျက်လုံးတွေ ပူနေတာကို သတိထားမိတယ်။ ငိုချင်လာသည်။ အနှစ် ၂၀ လောက် ကြီးပြင်းလာတဲ့အထိ သူ့အဖေအရင်းက သူ့ကို ဘယ်တော့မှ မယုံဘူး...

"မင်းက ယောက်ျားမဟုတ်လား။ဘာလို့ မင်း အမြဲတမ်း ငိုပြီး ညည်းနေတာလဲ"

မု​​ရှောင်ခယ်ရဲ့အိမ်မက်ဆိုး​ဖြစ်တဲ့ Rong Yanzhe သည် မုရှောင်ခယ်ကိုမထီမဲ့မြင်ပြုသောအမူအရာဖြင့် မုရှောင်ခယ် ကို ကြိမ်းမောင်းခဲ့သည်။မုရှောင်ခယ် သည် Rong Yanzhe အား ကြောင်တက်တက် စိုက်ကြည့်နေသည်။
Rong Yanzhe သည် အစကတည်းက သူ့ကို အလွန်မုန်းတီးခဲ့သည်။ ကံမကောင်းစွာဖြင့်၊ သူသည် Rong Yanzhe ၏ သဘောထားအစစ်အမှန်ကို အချိန်မီ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိခဲ့ပါ။ သူသည် လက်ထပ်ပြီး သူ့ကိုသူ စိတ်ချမ်းသာအောင် ကြိုးစားခဲ့သည်။ တစ်ချိန်က သူသည် *သူအနှစ်သက်ဆုံးလူကို လက်မထပ်ခဲ့လျှင်ပင် ကောင်းသောအိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်မည်ဟု စိတ်ကူးယဉ်ခဲ့ဖူးသည်။

( * it mean သူမချစ်တဲ့လူနဲ့လက်ထပ်ခဲ့ရရင်တောင်သူ့အိမ်ထောင်ရေးကသာယာလိမ့်မယ်လို့တွေးခဲ့သည်။)

သို့သော် လက်တွေ့ဘဝသည် အမြဲတမ်း ရက်စက်ကြမ်းကြုတ်နေသဖြင့် မကြာမီ သူသဘောမပေါက်ခဲ့ပေ။ နာကျင်စေမှုနဲ့ သစ္စာဖောက်ခံရဖို့ ထိုက်တန်ပါတယ်။

မုရှောင်ခယ်နာကျင်မှုကြောင့် မျက်လုံးမှိတ်ထားသည်။ စကားမပြောနိုင်သလို ချေပရန်လည်း ခွန်အားမရှိပေ။ သူသည် ပါးပြင်များကို အတင်းအုပ်ကာ ဖိတ်စင်လုနီးပါး မျက်ရည်များကို သုတ်လိုက်သည်။

သူသည် ဘဝသစ်ကိုရရှိပြီး တူညီသောအမှားများကို ထပ်၍မလုပ်နိုင်တော့ပါ။ သူက Rong Yanzhe နဲ့ တခြားသူတွေရှေ့ကို မျက်ရည်မကျချင်ဘူး။ သူ့ရဲ့ နုနယ်တဲ့ အသွင်အပြင်ကို မပြသင့်ပါဘူး။ သူ့အားနည်းချက်ကို ပိုပြလေလေ အရှက်ရလေလေပါပဲ။

မုရှောင်ခယ် ၏လုပ်ရပ်ကိုမြင်တော့ မုရှောက်ယောင်သည် အနည်းငယ် အပြစ်ရှိသလို မခံစား၍မရတော့ပေ။ သူ့အသံက ပိုပျော့လာပြီး

"ရှောင်ခယ်?"

မုရှောင်ခယ် မျက်လုံးဖွင့်လိုက်သည်။ သူက ခေါင်းယမ်းပြီး သူအဆင်ပြေကြောင်း လက်ဟန်ပြဘာသာစကားဖြင့် ပြောသည်။

ဧည့်ခန်းကထွက်ပြီး မီးဖိုချောင်ထဲကို ဝင်သွားတယ်။ သူအရမ်းဗိုက်ဆာတယ်။ သူ့ကိုယ်သူ ဒုက္ခခံမနေသင့်ဘူး။ အငတ်ခံရမှာကို သူကြောက်တယ်။ သူ့အရင်ဘဝတုန်းက ငတ်မွတ်မှုဒဏ်ကို ခံခဲ့ရတယ်။ လူတစ်ဦးသည် အစာနှင့်ရေမည်မျှလိုအပ်သည်ကို သူသိသည်။

ဟင်းချက်ရာမှာ ကူညီပေးတဲ့ အဒေါ်က သူ့အတွက် စားစရာတွေကို အလျင်အမြန် ထုတ်ယူလိုက်ပြီး

"ဒါတွေက မင်းအကြိုက်ဆုံး အစားအစာတွေပဲလေ။ အဒေါ် မင်းအတွက် နွေးပေးရမလား။"

မုရှောင်ခယ် သည် အဆီများသော အစားအစာကို မြင်သောအခါ မစားချင်သဖြင့် လက်ကို အမြန်ဝှေ့ယမ်းကာ ငြင်းဆိုလိုက်သည်။ အဒေါ်က ဘာလုပ်ရမှန်းမသိဘဲ

"ဒါဆို ဘာစားချင်လဲ အဒေါ်လုပ်ပေးမယ်"

မုရှောင်ခယ် သည် အသက်ပြင်းပြင်းရှူရင်း နို့ဗူးတစ်ခုကို ထုတ်လိုက်ပြီး ထမင်းပေါင်းအိုးထဲမှ ထမင်းကျန်အနည်းငယ်ကို ယူလိုက်ပြီး ဖရဲသီးဟင်းရည်ဖြင့် ပြုတ်လိုက်သည်။

ဒါကိုမြင်တော့ အဒေါ်က

"အထဲမှာ အသားတွေ အများကြီးကျန်သေးတယ်"

လို့ပြောတယ်။

မုရှောင်ခယ် က ခေါင်းညိတ်ပြပြီး ပါးလွှာတဲ့အသားလေးတစ်ပိုင်းကို ကောက်ယူပြီး ထည့်လိုက်တယ်။ ပြီးတော့ လတ်ဆတ်တဲ့ အသီးအရွက်တွေကို တွေ့ပြီး အတူတူ ချက်ပြုတ်လိုက်တယ်။

ဆယ်မိနစ်အကြာတွင် မုရှောင်ခယ် သည် သူရဲ့ထမင်းကို စားနိုင်ခဲ့သည်။

အဒေါ်က ဘေးက သန့်ရှင်းရေးကို ဆက်လုပ်ရင်း သက်ပြင်းကို မချပဲမ​နေနိုင်တော့ဘဲ

"ရှောင်ခယ်၊ မင်းက ငယ်သေးတယ် နည်းနည်း​လေးပဲစားလို့ မကောင်းဘူး၊ မင်း အာဟာရကို ဘယ်လို ထိန်းနိုင်မှာလဲ"

မုရှောင်ခယ် က ပြန်မဖြေဘဲ စိတ်နှလုံးအကြွင်းမဲ့ စားသောက်နေခဲ့သည်။ သူ့အမြင်အရတော့ လတ်ဆတ်တဲ့အစားအစာကို စားနိုင်လောက်အောင်ပါပဲ။

မုရှောင်ခယ် ထမင်းစားပြီးခါနီးမှာ မုခိုင်က သူ့ဆီလှမ်းလာပြီး

"မုန့်တွေ အများကြီး ထားခဲ့တယ်မဟုတ်ဘူးလား"

လို့ သံသယနဲ့ မေးတယ်။

"မင်းဘာလို့မစားခဲ့တာလဲ"

မုရှောင်ခယ် မော့ကြည့်လိုက်တော့ Rong Yanzhe လည်း လာနေတာကို တွေ့လိုက်ရတယ်။
မုရှောင်ခယ်မသေဆုံးမီ Rong Yanzhe ပြောခဲ့သည့်စကားကို ရုတ်တရက် သတိရမိသည်... သူသည် ယခုအခါတွင် သူ၏ အထောက်အထားကို အသိအမှတ်ပြုသင့်ပြီဖြစ်သည်။ အစ်ကိုက သူ့ကို အရမ်းချစ်ပြီး အရသာတွေ အများကြီး ထားခဲ့တယ်။ လောဘမကြီးဘဲ ကျေးဇူးသိတတ်သူဖြစ်ရမည်။

ခေါင်းငုံ့ပြီး အသိစိတ်ဖြင့် အကိုကြီးအား လက်ဟန်ပြဘာသာစကားဖြင့် ကျေးဇူးတင်စကားဆိုလိုက်သည်။

..................

Update အကြောင်းမေးကြလို့
နေ့တိုင်း up မှာပါ ပိုင်ထူ လေးရော ရှောင်ခယ်လေးရော daily up ပါ 😙

Zawgyi

Unicode

"ေရွာင္ခယ္"

"ေရွာင္ခယ္ ဒါလုပ္စမ္းပါ"

မုေရွာင္ခယ္ သည္ သူ႕ပတ္ဝန္းက်င္ရွိ ရင္းႏွီးေသာအသံႏွစ္ခုကိုၾကားလိုက္ရတာေၾကာင့္မ်က္လုံးဖြင့္ရန္ ႐ုန္းကန္ေနရသည္။ အသံႏွစ္သံက သူ႕ေဘးမွာရွိေနသည္။မုေရွာင္ခယ္ သည္ လြတ္ေျမာက္ရန္ စိတ္အားထက္သန္ေနခဲ့သည္။ သူသည္ တစ္သက္လုံး ညွဥ္းပန္းႏွိပ္စက္ျခင္းကို ခံခဲ့ရၿပီး ထိုအသံမ်ားေၾကာင့္ ငရဲကိုထပ္မသြားခ်င္ေတာ့ေပ။

သို႔ေသာ္ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူ႕ေရွ႕က အရာအားလုံးက သူ႕ကိုအံ့ၾသသြားေစသည္။ဒါက သူေသဆုံးသြားတဲ့ ေတာထဲမွာမဟုတ္ဘဲ သူ႕အိမ္၊ သူ႕အိမ္ေဟာင္းျဖစ္ေနသည္။

သူသည္ ႏွင္းဆီပန္းဥယ်ာဥ္ ထဲတြင္ရွိၿပီး သူ႕ေဘးတြင္ သူ႕မိေဆြေဟာင္း သုံးေယာက္ျဖစ္တဲ့ သူ႕အစ္ကို ၊ ဖူက်ားယြီ ႏွင့္ Rong Yanzhe(႐ုံန္းရန္က်န့္) ရွိသည္။

လူသုံးေယာက္က သူ႕ကိုၾကည့္ေနၾကတယ္။ စကားသံမ်ားသည္နားထဲတြင္ ဆူညံေနသည္။ ႐ုတ္တရက္ သူ႕အစ္ကိုက သူ႕ကို ေထာပတ္ကိတ္တစ္ပိုင္းကိုေပးလာတယ္။

သူ႕ကို ထိတ္လန႔္ေစေသာ ပုံရိပ္မ်ားသာ သူ႕စိတ္ထဲမွာ က်န္ရစ္ခဲ့သည္။ သူအရမ္းထိတ္လန႔္သြားၿပီး လက္ကိုေဝွ႕ယမ္းလိုက္ေသာေၾကာင့္ ကိတ္မုန႔္သည္က်သြားသည္။ မုေရွာင္ခယ္သည္ ထိတ္လန႔္တၾကား ထရပ္လိုက္သည္။ လူသုံးေယာက္က သူ႕ကို ႏွိပ္စက္ေနပုံရတယ္။ သူသည္ စားပြဲႏွင့္ ကုလားထိုင္မ်ားကို ျဖတ္ေလွ်ာက္သြားၿပီး အသည္းအသန္ေျပးသြားသည္။

သူ ေျပးခ်င္တယ္၊ သူတို႔နဲ႕ ေဝးေဝးကို ေျပးခ်င္တယ္!

ဖမ္းမိလို႔မျဖစ္ဘူး! သူ႕အစ္ကိုကို စိတ္ဒုကၡေပးရင္
Rong Yanzhe က သူ႕ကို အျပစ္ေပးလိမ့္မယ္၊
ဖူက်ားယြီ က သူ႕ကို ပိုေတာင္မုန္းသြားမွာ ေသခ်ာတယ္။

ႏွင္းဆီဥယ်ာဥ္တြင္ ေထာင့္မ်ားႏွင့္ေခ်ာင္က်တဲ့ေနရာမ်ားစြာရွိသည္။ ငယ္ငယ္တုန္းကေတာ့ ဒီမွာ သူ႕တူမေတြနဲ႕ တူတူပုန္းတမ္းကစားရတာ ႀကိဳက္တယ္။ သူႀကီးျပင္းလာခ်ိန္မွာေတာင္ အဲဒီေခ်ာင္က်တဲ့ေနရာမွာေနၾကတုန္းပဲ။

မုေရွာင္ခယ္ သည္ လူသုံးေယာက္ကို အလြယ္တကူ ေရွာင္သြားခဲ့သည္။

ေခ်ာင္က်တဲ့ေနရာ ဖုံးလို႔ရတဲ့ခ်ဳံပုတ္မ်ားေနာက္တြင္ ထိုင္ရင္းမုေရွာင္ခယ္သည္ ဒူးေထာက္လဲက်သြားေတာ့သည္။ သူဘာေတြလုပ္ခဲ့မိလဲမသိဘူး ၊ ေသၿပီးေနာက္ေတာင္မွ အဲဒီလူေတြကို ဘာလို႔ျမင္ေနရတာလဲ၊ ေသၿပီးတာေတာင္ သူတို႔က အနိုင္က်င့္ေနရတုန္းပဲ။

ေသၿပီးေနာက္

႐ုတ္တရက္ တစ္ခုခုမွားေနၿပီဆိုတာကို မုေရွာင္ခယ္သေဘာေပါက္သြားတယ္။ သူသည္ဘယ္သူမွေျခမခ်နိဳင္တဲ့ ထူထပ္တဲ့ေတာေတာင္ေပၚတြင္ ေသဆုံးသြားသည္မွာ ထင္ရွားပါသည္။ ထိုလူသုံးေယာက္ကို ႐ုတ္တရက္ျမင္လိုက္ရေတာ့ သုံးေယာက္လုံးက အထက္တန္းေက်ာင္းတက္ေနေသးသလိုပဲ၊

ျဖစ္ပါ့မလား

မုေရွာင္ခယ္ သည္ သူ႕အသားကိုသူ ျပင္းျပင္းထန္ထန္ ညွစ္လိုက္ၿပီး ျပင္းထန္ေသာ နာက်င္မႈက သူ႕ကို လုံးဝ နိုးထေစခဲ့သည္။ မေသေသးဘူး အေသြးအသားေတြ ရွိေသးတယ္။ နာက်င္မွန္း သူသိေသးသည္။ သူ မေသဘူး!

ဘယ္လိုမွ မေသနိုင္ေသးဘူး ၊ အေလာင္းကို သျဂၤိုဟ္ၿပီးရင္ေတာင္ ဘယ္လိုမွ မေသနိုင္ဘူး။

သူ မေသ႐ုံတင္မကဘူး၊ သူတို႔ ႏွိပ္စက္ညွဥ္းပန္းမႈ မခံရခင္ ႏွစ္ေတြကို ျပန္သြားခဲ့တယ္။

မုေရွာင္ခယ္ သည္ ေမွာင္သည္တိုင္ေအာင္ ပုန္းေနၿပီး သူသတိထားမီခ်ိန္တြင္ သူဗိုက္ဆာေနၿပီျဖစ္သည္။
မုေရွာင္ခယ္ သည္ ဥယ်ာဥ္မွပင္မအိမ္သို႔ျပန္ရန္ အခ်ိန္အေတာ္ၾကာခဲ့သည္။ သူ႕အေဖနဲ႕ အကိုႀကီးတို႔ မိသားစုက ဧည့္ခန္းထဲမွာ ထိုင္ၿပီး ဧည့္သည္ေတြနဲ႕ စကားေျပာေနၾကတယ္။ Rong Yanzhe ႏွင့္ဖူက်ားယြီ ဟုေခၚေသာ ဧည့္သည္မ်ားျဖစ္သည္။မုေရွာင္ခယ္႐ုတ္တရက္ဝင္လာၿပီး ထိုလူမ်ားရဲ႕ စကားသံမ်ားနဲ႕ ေပ်ာ္႐ႊင္ေနတဲ့အခ်ိန္ကို ခ်ိဳးဖ်က္ပစ္လိုက္သလိုပါ။မုေရွာင္ခယ္ သည္ ဤမိသားစုႏွင့္ ေရာထို "သူငယ္ခ်င္း" ႏွစ္ေယာက္ႏွင့္ပါ အစကတည္းက လိုက္ဖက္မႈမရွိတာကို ပထမဆုံးအႀကိမ္ သေဘာေပါက္လိုက္သည္၊ အေၾကာင္းမွာ အိမ္တြင္ျဖစ္ေစ၊ မ်ိဳးဆက္သစ္လူငယ္အုပ္စုတြင္ျဖစ္ေစ လူတိုင္းကသူ႕အကိုျဖစ္သူကို အၿမဲဝိုင္းရံထားသည္။

သို႔ေသာ္၊ သူသည္ အေကာင္းျမင္လြန္းၿပီး ယုံလြယ္သူျဖစ္သည္ကိုကိုယ့္ကိုကိုယ္ မသိခဲ့ေပ ၊ ၎သည္ ေနာက္ပိုင္းကာလမ်ားတြင္ ငရဲ၌ေနထိုင္ရသကဲ့သို႔ ခံစားရကာ ေနာက္ဆုံးတြင္ သူ၏ဘဝကို ခဏတာလြတ္လပ္စြာ လဲလွယ္ေပးခဲ့သည္။

အခု မတူဘူး။ အရင္တုန္းကလို ဘယ္သူ႕ကိုမွၾကည့္ေတာ့ဘူး။ သူသည္ ယခင္ကႏွင့္ ဆန႔္က်င္ဘက္ျဖစ္ေသာ ေ႐ြးခ်ယ္မႈမ်ားကိုသာျပဳလုပ္မည္။သူ၏မွတ္ဉာဏ္ႏွင့္ ဆန႔္က်င္ဘက္ျဖစ္ေသာ အရာမ်ား ေပၚလာသည္။ ဆိုလိုတာကမွာ သူ၏ဘဝလမ္းေၾကာင္းကို ေျပာင္းလဲနိုင္သည္။ ဒီဘဝမွာ ထပ္ၿပီးဒုကၡ ခံစရာ မလိုေတာ့မွာ ေသခ်ာတယ္။

"မင္း တစ္ေန႕လုံး ဘယ္ေရာက္ေနတာလဲ။ ညစာစားဖို႔ ျပန္သာမလာရင္ မင္းမိသားစုကိုေတာင္ ဂ႐ုစိုက္မွာမဟုတ္ဘူး။ အိမ္မွာ ဧည့္သည္ေတြရွိတယ္ဆိုတာ မင္းမသိဘူးလား။"

မုေရွာင္ခယ္ သည္ လက္ဟန္ျပဘာသာစကားကို မသိစိတ္က စတင္ခဲ့ၿပီး သူ၏ လုပ္ရပ္သည္ ရွိေနသူတိုင္းကို အံ့အားသင့္ေစခဲ့သည္ကို သူ မသိခဲ့ေပ။

"မင္းဘာလို႔ လက္ဟန္ျပဘာသာစကားကို ထပ္ၿပီးလုပ္ေနတာလဲ၊ ေနာင္မွာ ဘာပဲျဖစ္ျဖစ္ စကားေျပာရမယ္လို႔ မေျပာထားဘူးလား"

မုေရွာင္ခယ္ လန႔္သြားသည္။ ေနာက္ဆုံးေတာ့ သူ 7 ႏွစ္သားအ႐ြယ္ကတည္းက ဆြံ႕အသြားခဲ့တာကို သတိရမိသြားတယ္။ အလယ္တန္းေက်ာင္းၿပီးေသာအခါ ျဖည္းညွင္းစြာေျပာဆိုနိုင္ၿပီး ေန႕စဥ္ေျပာဆိုဆက္ဆံနိုင္ခဲ့သည္။

ဒါေပမယ့္ သူ စကားမေျပာသင့္ဘူး။ သူစကားေျပာလိုက္ရင္ သူ႕ပတ္ဝန္းက်င္ကလူတိုင္းကို စိတ္အႏွောင့္အယွက္ျဖစ္ေစလိမ့္မယ္။ သူ႕ဘဝတစ္ေလွ်ာက္လုံး ဆြံ႕အသူျဖစ္သင့္ၿပီး သူ႕ကိုယ္လည္း ေက်နပ္ေနသင့္သည္။ ဒီဘဝတြင္ သူသည္ ဆြံ႕အေနသေ႐ြ႕ မုခိုင္ သည္ သူ၏ ဆြံ႕အေနေသာ ညီငယ္ကို ဂ႐ုမစိုက္ပဲေနသလို ၊ သတိႏွင့္ တမင္တကာ ႀကံစည္ေနမည္မဟုတ္ေပ။ မု မိသားစုသည္ ဆြံ႕အေသာလူကို အေမြဆက္ခံခြင့္မေပးေသာေၾကာင့္၊ သူ႕အကိုျဖစ္သူသည္ ဤအခ်ိန္တြင္ အၿမဲတမ္း သက္ေတာင့္သက္သာရွိေနနိုင္ၿပီး သူ႕အစ္ကိုကို ႏွစ္သက္ေသာလူႏွစ္ေယာက္ အထူးသျဖင့္ Rong Yanzhe စိတ္ခ်နိဳင္သည္။ သူ႕အစ္ကိုကို သူလက္ထပ္သင့္တယ္။

"ေရွာင္ခယ္ မင္းအေဖက မင္းနဲ႕စကားေျပာေနတယ္!"

မုေရွာင္ခယ္ သတိျပန္ဝင္လာၿပီး သူ႕အေဖ
မုေရွာက္ေယာင္ ဆီသို႔ ေလွ်ာက္သြားသည္။ အေဖမုက သူ႕ကိုေဘးနားဆြဲတင္လိုက္ၿပီး

"ဘာျဖစ္ေနတာလဲ၊ မင္းအစ္ကိုကို စိတ္ဆိုးေနတာလား။ ကိတ္မုန႔္ေလးပဲမဟုတ္လား? ဆြံ႕အခ်င္ေယာင္ေဆာင္ေနမွာလား"

မုေရွာင္ခယ္ သည္ သူ႕ေျခေထာက္ကို ရပ္လိုက္ၿပီး သူနားေထာင္ေနသည့္အရာကို မယုံနိုင္ျဖစ္သြားသည္။ သူ႕အေဖက သူ႕ကိုစြပ္စြဲေနတာလား။ ကိတ္မုန႔္တစ္ဖဲ့ကို ဖိတ္က်တာေၾကာင့္ သူ႕ကို အျပစ္တင္တာသိေပမဲ့ မုခိုင္ နဲ႕ ဘာေၾကာင့္ ထပ္ၿပီး ပတ္သက္ရျပန္တာလဲ။ သူက ကိတ္မုန႔္ကို ဖိတ္ၿပီး မုခိုင္ ကို ထိခိုက္ေစခဲ့တာလား။ သူထပ္မွားသြားၿပီလား

ကိတ္မုန႔္တစ္လုံးအတြက္ ဆြံ႕အခ်င္ေယာင္ေဆာင္ၿပီး အေသးဆုံးအရာေတြကို ရန္တိုက္တတ္တဲ့သူတစ္ေယာက္လို႔ သူ႕အေဖက ဘယ္လို႔ထင္ျမင္နိုင္ရတာလဲ။

မဟုတ္ဘူး၊ သူ႕ကိုဒီလိုၾကည့္တဲ့ သူ႕အေဖတင္မကဘဲ တျခားလူေတာ္ေတာ္မ်ားမ်ားကို လွည့္ၾကည့္လိုက္ေတာ့ မုခိုင္ ဖူက်ားယြီ နဲ႕ Rong Yanzhe အားလုံးက သူ႕ကို ဒီလိုၾကည့္ၾကတယ္...

မုေရွာင္ခယ္ ေနာက္ဆုံးေတာ့ သေဘာေပါက္သြားတယ္။ သူ႕အရင္ဘဝတုန္းကေတာ့ မသိဘဲနဲ႕ ရႈပ္ေနတယ္။ဘာေၾကာင့္...ဘာေၾကာင့္မို႔သူ႕ကိုလာမေတြ႕တာလဲလို႔ အၿမဲေတြးေနခဲ့တာ။လက္ထပ္ၿပီး မိသားစုကို စတင္တည္ေထာင္ခဲ့တယ္ သူေတြးမိတယ္ သူ႕အေဖကသူ႕ဆီ အၿမဲလာလည္သင့္တယ္။ သူ႕အေဖက သူပိတ္ေလွာင္ခံထားရတာကို မေတြ႕ဘူးလား။ သူ႕ကိုမကယ္နိုင္ဘူးလား။

သူ႕အေဖက သူ႕ရဲ႕ေသးငယ္ၿပီး အသုံးမက်တဲ့ သားငယ္ကို မေတြ႕ခ်င္တာလား။ ဟုတ္ပါတယ္၊ သူ႕သားကို ေသာ့ခတ္ၿပီးပိတ္ေလွာင္ထားတယ္ဆိုတာ သူေတြ႕မွာမဟုတ္ဘူးသလိုသိလည္းမသိနိုင္ေလာက္ဘူး။

မုေရွာင္ခယ္ က သူ႕မ်က္လုံးေတြ ပူေနတာကို သတိထားမိတယ္။ ငိုခ်င္လာသည္။ အႏွစ္ ၂၀ ေလာက္ ႀကီးျပင္းလာတဲ့အထိ သူ႕အေဖအရင္းက သူ႕ကို ဘယ္ေတာ့မွ မယုံဘူး...

"မင္းက ေယာက္်ားမဟုတ္လား။ဘာလို႔ မင္း အၿမဲတမ္း ငိုၿပီး ညည္းေနတာလဲ"

မုေရွာင္ခယ္ရဲ႕အိမ္မက္ဆိုးျဖစ္တဲ့ Rong Yanzhe သည္ မုေရွာင္ခယ္ကိုမထီမဲ့ျမင္ျပဳေသာအမူအရာျဖင့္ မုေရွာင္ခယ္ ကို ႀကိမ္းေမာင္းခဲ့သည္။မုေရွာင္ခယ္ သည္ Rong Yanzhe အား ေၾကာင္တက္တက္ စိုက္ၾကည့္ေနသည္။
Rong Yanzhe သည္ အစကတည္းက သူ႕ကို အလြန္မုန္းတီးခဲ့သည္။ ကံမေကာင္းစြာျဖင့္၊ သူသည္ Rong Yanzhe ၏ သေဘာထားအစစ္အမွန္ကို အခ်ိန္မီ ရွာေဖြေတြ႕ရွိနိုင္ျခင္း မရွိခဲ့ပါ။ သူသည္ လက္ထပ္ၿပီး သူ႕ကိုသူ စိတ္ခ်မ္းသာေအာင္ ႀကိဳးစားခဲ့သည္။ တစ္ခ်ိန္က သူသည္ *သူအႏွစ္သက္ဆုံးလူကို လက္မထပ္ခဲ့လွ်င္ပင္ ေကာင္းေသာအိမ္ေထာင္ေရးကို ပိုင္ဆိုင္နိုင္မည္ဟု စိတ္ကူးယဥ္ခဲ့ဖူးသည္။

( * it mean သူမခ်စ္တဲ့လူနဲ႕လက္ထပ္ခဲ့ရရင္ေတာင္သူ႕အိမ္ေထာင္ေရးကသာယာလိမ့္မယ္လို႔ေတြးခဲ့သည္။)

သို႔ေသာ္ လက္ေတြ႕ဘဝသည္ အၿမဲတမ္း ရက္စက္ၾကမ္းၾကဳတ္ေနသျဖင့္ မၾကာမီ သူသေဘာမေပါက္ခဲ့ေပ။ နာက်င္ေစမႈနဲ႕ သစၥာေဖာက္ခံရဖို႔ ထိုက္တန္ပါတယ္။

မုေရွာင္ခယ္နာက်င္မႈေၾကာင့္ မ်က္လုံးမွိတ္ထားသည္။ စကားမေျပာနိုင္သလို ေခ်ပရန္လည္း ခြန္အားမရွိေပ။ သူသည္ ပါးျပင္မ်ားကို အတင္းအုပ္ကာ ဖိတ္စင္လုနီးပါး မ်က္ရည္မ်ားကို သုတ္လိုက္သည္။

သူသည္ ဘဝသစ္ကိုရရွိၿပီး တူညီေသာအမွားမ်ားကို ထပ္၍မလုပ္နိုင္ေတာ့ပါ။ သူက Rong Yanzhe နဲ႕ တျခားသူေတြေရွ႕ကို မ်က္ရည္မက်ခ်င္ဘူး။ သူ႕ရဲ႕ ႏုနယ္တဲ့ အသြင္အျပင္ကို မျပသင့္ပါဘူး။ သူ႕အားနည္းခ်က္ကို ပိုျပေလေလ အရွက္ရေလေလပါပဲ။

မုေရွာင္ခယ္ ၏လုပ္ရပ္ကိုျမင္ေတာ့ မုေရွာက္ေယာင္သည္ အနည္းငယ္ အျပစ္ရွိသလို မခံစား၍မရေတာ့ေပ။ သူ႕အသံက ပိုေပ်ာ့လာၿပီး

"ေရွာင္ခယ္?"

မုေရွာင္ခယ္ မ်က္လုံးဖြင့္လိုက္သည္။ သူက ေခါင္းယမ္းၿပီး သူအဆင္ေျပေၾကာင္း လက္ဟန္ျပဘာသာစကားျဖင့္ ေျပာသည္။

ဧည့္ခန္းကထြက္ၿပီး မီးဖိုေခ်ာင္ထဲကို ဝင္သြားတယ္။ သူအရမ္းဗိုက္ဆာတယ္။ သူ႕ကိုယ္သူ ဒုကၡခံမေနသင့္ဘူး။ အငတ္ခံရမွာကို သူေၾကာက္တယ္။ သူ႕အရင္ဘဝတုန္းက ငတ္မြတ္မႈဒဏ္ကို ခံခဲ့ရတယ္။ လူတစ္ဦးသည္ အစာႏွင့္ေရမည္မွ်လိုအပ္သည္ကို သူသိသည္။

ဟင္းခ်က္ရာမွာ ကူညီေပးတဲ့ အေဒၚက သူ႕အတြက္ စားစရာေတြကို အလ်င္အျမန္ ထုတ္ယူလိုက္ၿပီး

"ဒါေတြက မင္းအႀကိဳက္ဆုံး အစားအစာေတြပဲေလ။ အေဒၚ မင္းအတြက္ ႏြေးေပးရမလား။"

မုေရွာင္ခယ္ သည္ အဆီမ်ားေသာ အစားအစာကို ျမင္ေသာအခါ မစားခ်င္သျဖင့္ လက္ကို အျမန္ေဝွ႕ယမ္းကာ ျငင္းဆိုလိုက္သည္။ အေဒၚက ဘာလုပ္ရမွန္းမသိဘဲ

"ဒါဆို ဘာစားခ်င္လဲ အေဒၚလုပ္ေပးမယ္"

မုေရွာင္ခယ္ သည္ အသက္ျပင္းျပင္းရႉရင္း နို႔ဗူးတစ္ခုကို ထုတ္လိုက္ၿပီး ထမင္းေပါင္းအိုးထဲမွ ထမင္းက်န္အနည္းငယ္ကို ယူလိုက္ၿပီး ဖရဲသီးဟင္းရည္ျဖင့္ ျပဳတ္လိုက္သည္။

ဒါကိုျမင္ေတာ့ အေဒၚက

"အထဲမွာ အသားေတြ အမ်ားႀကီးက်န္ေသးတယ္"

လို႔ေျပာတယ္။

မုေရွာင္ခယ္ က ေခါင္းညိတ္ျပၿပီး ပါးလႊာတဲ့အသားေလးတစ္ပိုင္းကို ေကာက္ယူၿပီး ထည့္လိုက္တယ္။ ၿပီးေတာ့ လတ္ဆတ္တဲ့ အသီးအ႐ြက္ေတြကို ေတြ႕ၿပီး အတူတူ ခ်က္ျပဳတ္လိုက္တယ္။

ဆယ္မိနစ္အၾကာတြင္ မုေရွာင္ခယ္ သည္ သူရဲ႕ထမင္းကို စားနိုင္ခဲ့သည္။

အေဒၚက ေဘးက သန႔္ရွင္းေရးကို ဆက္လုပ္ရင္း သက္ျပင္းကို မခ်ပဲမေနနိုင္ေတာ့ဘဲ

"ေရွာင္ခယ္၊ မင္းက ငယ္ေသးတယ္ နည္းနည္းေလးပဲစားလို႔ မေကာင္းဘူး၊ မင္း အာဟာရကို ဘယ္လို ထိန္းနိုင္မွာလဲ"

မုေရွာင္ခယ္ က ျပန္မေျဖဘဲ စိတ္ႏွလုံးအႂကြင္းမဲ့ စားေသာက္ေနခဲ့သည္။ သူ႕အျမင္အရေတာ့ လတ္ဆတ္တဲ့အစားအစာကို စားနိုင္ေလာက္ေအာင္ပါပဲ။

မုေရွာင္ခယ္ ထမင္းစားၿပီးခါနီးမွာ မုခိုင္က သူ႕ဆီလွမ္းလာၿပီး

"မုန့္ေတြ အမ်ားႀကီး ထားခဲ့တယ္မဟုတ္ဘူးလား"

လို႔ သံသယနဲ႕ ေမးတယ္။

"မင္းဘာလို႔မစားခဲ့တာလဲ"

မုေရွာင္ခယ္ ေမာ့ၾကည့္လိုက္ေတာ့ Rong Yanzhe လည္း လာေနတာကို ေတြ႕လိုက္ရတယ္။
မုေရွာင္ခယ္မေသဆုံးမီ Rong Yanzhe ေျပာခဲ့သည့္စကားကို ႐ုတ္တရက္ သတိရမိသည္... သူသည္ ယခုအခါတြင္ သူ၏ အေထာက္အထားကို အသိအမွတ္ျပဳသင့္ၿပီျဖစ္သည္။ အစ္ကိုက သူ႕ကို အရမ္းခ်စ္ၿပီး အရသာေတြ အမ်ားႀကီး ထားခဲ့တယ္။ ေလာဘမႀကီးဘဲ ေက်းဇူးသိတတ္သူျဖစ္ရမည္။

ေခါင္းငုံ႕ၿပီး အသိစိတ္ျဖင့္ အကိုႀကီးအား လက္ဟန္ျပဘာသာစကားျဖင့္ ေက်းဇူးတင္စကားဆိုလိုက္သည္။

..................

Update အေၾကာင္းေမးၾကလို႔
ေန႕တိုင္း up မွာပါ ပိုင္ထူ ေလးေရာ ေရွာင္ခယ္ေလးေရာ daily up ပါ 😙

Continue Reading

You'll Also Like

1M 125K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
1.6M 291K 198
ဝိဉာဥ္ကူးေျပာင္းခဲ့ၿပီးေနာက္ ေသာက္တလြဲေတြ ျဖစ္ကုန္ၿပီ..! ... သူလုပ်ခဲ့မိသမျှထဲက အဆိုးဆုံးတစ်ခုကို ပြောပါဆိုရင် -'ရာဇဝင်ထဲက အင်အားအကြီးဆုံးအရှင်' ဆိုတ...
263K 9.2K 61
ဒယ်ဒီဆိုတာ ကျွန်တော့်ဘဝရဲ့ အသက်သည်းညှာဆိုတာ ယုံထားပါ..။ START DATE -28,9,2023 END DATE -14,11,2023