-Unicode-
အခန်း ၆၂: တကယ်လို့ မင်းကို တစ်ယောက်ယောက် တားဆီးဖို့ ကြိုးစားရင် ချက်ချင်း တိုက်ပွဲဝင်ပစ်လိုက်! အရှုံးမပေးလိုက်နဲ့!
ရှောင်ဖော့လန် ကျွမ်းကျိုးကို တွေ့ရတဲ့အချိန်မှာ လေးရက်မြောက်နေ့ရဲ့ နေ့လယ်ခင်းတောင် ရောက်နေပြီ။
တစ်ရက်နဲ့ တစ်ညကြာသွားပြီဆိုပေမဲ့ ရှောင်ဖော့လန်ရဲ့ စိတ်လှုပ်ရှားမှုကို လျော့မသွားစေဘူး။ သူက ကျွမ်းကျိုးရှေ့မှာ ခပ်တည်တည်နဲ့ ရပ်လိုက်ပြီး သူဘယ်သူဘယ်ဝါဆိုတာကိုတောင် မပြောပြဘဲ အဲဒီမှာပဲ ရပ်ပြီး သူ့ကို ကြည့်နေတယ်။
ဘေးမှာတော့ ချန်ကျင့်ရွှယ်က တစ်ခုခုပြောချင်နေပေမဲ့ ရှောင်ဖော့လန် ကြိုပြီးသတိပေးထားတာကို သတိရပြီး သူ့စကားတွေကို ပြန်မျိုချလိုက်တယ်။
အဲဒါက ဝမ်ရှောင်းယွင်အဖို့ ရှောင်ဖော့လန်ကို ပထမဆုံး မြင်ရခြင်းပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ် ကျွမ်းကျိုး အိပ်မောကျနေတဲ့အချိန်ကလည်း သူက အခန်းထဲက တစ်ခါမှ ထွက်မသွားခဲ့ဖူးဘူး။ သူက ရှောင်ဖော့လန် လူသားအဖြစ်ပြောင်းသွားတယ်ဆိုတာ သိပေမဲ့ ရှောင်ဖော့လန်ကို တစ်ခါမှ မမြင်ဖူးဘူး။
အဲဒါကြောင့် သူက အတော်လေး ချောတဲ့ကောင်လေးတစ်ယောက် ကျိုးကျိုးသွားနေတဲ့လမ်းကို ပိတ်ရပ်လိုက်တာကိုမြင်တော့ သူက မသိစိတ်အရ မျက်မှောင်ကြုတ်လိုက်ပြီး အေးတိအေးစက်နဲ့ မေးလိုက်တယ်၊ "မင်းက ဘယ်သူလဲ"
ဝမ်ရှောင်းယွင်ကိုယ်တိုင်တောင် သူ့ကို မမှတ်မိဘူးဆိုတာ မြင်လိုက်ရတော့ ရှောင်ဖော့လန်ရဲ့ နှုတ်ခမ်းက အနည်းငယ် တွန့်သွားပြီး နည်းနည်း စိတ်ကျေနပ်သွားသလို ဖြစ်နေတယ်။ အဲဒီနောက်တော့ ချက်ချင်း မျက်နှာပြန်ပြင်လိုက်ပြီးတော့ သခင့်ကိုပဲ ဆက်ပြီး ကြည့်နေလိုက်တယ်။
သူက စောင့်နေတယ်။ သခင်က "မင်းဘယ်သူလဲ" လို့မေးမှာကို စောင့်နေတယ်။
ပြီးရင် သူ့ သခင့်ကို ဟားတိုက်မယ်ပေါ့ - သခင် ကျွန်တော့်ကိုတောင် မမှတ်မိတော့ဘူး ဟားဟား!
ဒါပေမဲ့ သူ့စိတ်ကူးတွေ စပြီး ရွက်လွှင့်နေတဲ့အချိန်မှာပဲ ကျွမ်းကျိုးကြောင့် ပြတ်သွားတယ်။
ကျွမ်းကျိုးက သူ့လက်ကို မြှောက်လိုက်ပြီး သူ အမြဲတမ်းလုပ်နေကျအတိုင်း ရှောင်ဖော့လန်ရဲ့ ခေါင်းကို ပုတ်လိုက်ပြီး ပြောတယ်။ "ရှောင်ဖော့လန် လူဖြစ်လာတာ ဂုဏ်ယူပါတယ်!"
ရှောင်ဖော့န်က နည်းနည်းလေး အားမလိုအားမရဖြစ်သွားတယ်။ ဆိုတော့ သခင်က တကယ်ကြီး သူ့ကို မှတ်မိတယ်ပေါ့။
ဒါပေမဲ့ သခင်က သူ့ကို မှတ်မိတယ်ဆိုတော့လည်း တအားပျော်တာပါပဲ
သူက သခင့်ကို ပျော်ရွှင်စရာအံ့ဩဖွယ်ရာတစ်ခု မပေးနိုင်ခဲ့ပေမဲ့ လုံးဝ စိတ်မပျက်ပါဘူး။ ကျွမ်းကျိုးရှေ့မှာ စက်ဝိုင်းလို ပတ်ချာလည် ဝိုင်းပတ်နေပြီး ပြောတယ် "အခု ကျွန်တော် သခင်နဲ့ အတူတူဖြစ်သွားပြီ"
ကျွမ်းကျိုးက ပြုံးပြီးပြောတယ်။ "အင်း အင်း အရမ်းချောသွားပြီ"
ရှောင်ဖော့လန်: "စပီကာ မတပ်ဘဲနဲ့လည်း စကားပြောလို့ ရပြီ"
ကျွမ်းကျိုးက ဆက်ပြီး ပြုံးနေတယ်။ "ဟုတ်တယ်"
ရှောင်ဖော့လန်: "ဒီခန္ဓာကိုယ်ကို သိပ်ပြီး အသုံးပြုရတာ မလွယ်ရုံတင်မကဘူး၊ ကျွန်တော် ပြန်ပြောင်းလို့တောင်မရဘူး"
ကျွမ်းကျိုးက ဒါကို ထူးဆန်းတယ်လို့ လုံးဝ မထင်ပါဘူး။
ရှောင်ဖော့လန်ရဲ့ ကျင့်ကြံမှုအဆင့်က သူ့ကိုယ်ပိုင် ကျင့်ကြံအားထုတ်မှုကြောင့် ရလာတာမဟုတ်ဘူး။ ရှောင်ဖော့လန်က ဒီတစ်လျှောက်လုံး သူ့ဘေးမှာပဲ နေနေခဲ့တာကြောင့် ကျွမ်းကျိုးရဲ့ တန်ခိုးအစွမ်းကို သူ့ကိုယ်ပိုင် စွမ်းအားသဖွယ် ပြောင်းလဲလိုက်တာပဲ။
သူ့ရဲ့ မတော်တဆကြုံလိုက်ရတဲ့ ကောင်းကင်ဘုံရဲ့စမ်းသပ်ချက်ကလည်း လုံးဝကို ကံကောင်းမှုအပေါ်မှာ မူတည်နေခဲ့တာ။ သူ့အရင်ကိုယ်ကို ပြောင်းဖို့မပြောနဲ့ သူ့ကိုယ်ပိုင် စွမ်းအားကို ဘယ်လိုသုံးရမှန်းတောင် သိမှာမဟုတ်ဘူး။
ကျွမ်းကျိုးက သူ့ကို နှစ်သိမ့်လိုက်တယ်။ "စိတ်မပူနဲ့ နောက်ကျရင် အသားကျသွားလိမ့်မယ်"
"အင်း အင်း" ရှောင်ဖော့လန်က ခေါင်းညိတ်ပြီး ကျွမ်းကျိုးကို ထပ်ကြည့်လိုက်တယ်။
သူက သခင်က အရင်ကနဲ့ နည်းနည်း ကွာခြားနေတယ်လို့ ခံစားနေရပေမဲ့ တိတိကျကျ ဘာတွေ မတူတာလဲတော့ မပြောနိုင်ဘူး။
ပုံစံက... သူ့ရဲ့တည်ရှိမှုက အရင်ထက် ပိုပြီး ထင်ရှားလာသလိုလိုပဲ။
အဲဒါတင်မကဘူး၊ သူစကားပြောတဲ့ပုံက အရင်ထက် နည်းနည်း ပိုပြီး....စိတ်စေတနာ ကောင်းမွန်နေတဲ့ပုံပေါက်နေတယ်။
ရှောင်ဖော့လန်တစ်ယောက်တည်း ခံစားမိတာမဟုတ်ဘူး။ ချန်ကျင့်ရွှယ်လည်း အဲဒီလို ခံစားနေရတယ်။
သူလည်း ကျိုးကျိုးရဲ့ စကားတွေနဲ့ အပြုအမူတွေက အရင်နဲ့ နည်းနည်း မတူသလို ခံစားနေရတယ်။
ဒါပေမဲ့လည်း ဒီကွာခြားချက်က သိပ်မကြီးမားတဲ့အတွက် သူ့အနေနဲ့ တိတိကျကျ လက်ထောက်ပြဖို့ကတော့ ခဲယဉ်းတယ်။
သူက စကားလမ်းကြောင်းလွှဲလိုက်ပြီး မဝံ့မရဲ နဲ့မေးလိုက်တယ်။ "ကျိုးကျိုး... မင်းသိတဲ့အတိုင်း.. ရှောင်ဖော့လန်က လူအဖြစ်ပြောင်းသွားတယ်ဆိုတော့ အခုကစပြီး... သူ့ကို အဲဒီလိုပဲ ဆက်မခေါ်သင့်တော့ဘူးမလား"
အဲဒီနာမည်ကို ကြားရင် အပြင်လူတွေ ဘယ်လိုတွေးမလဲကို မပြောနဲ့ဦး၊ ရှောင်ဖော့လန်ရဲ့ ရုပ်ရည်ကိုပဲ ကြည့်ပြီးပြောမယ်ဆိုရင်တောင် သူ့နာမည်က လုံးဝ မသင့်လျော်တဲ့ပုံပေါက်နေတယ်။
ဒါကိုကြားတော့ ရှောင်ဖော့လန်က ချန်ကျင့်ရွှယ်ကို တစ်ချက် ငဲ့ကြည့်လိုက်တယ်။ "ကျွန်တော့်နာမည်က နားထောင်လို့ မကောင်းဘူးလား"
ချန်ကျင့်ရွှယ်က ရှောင်ဖော့လန်ကို ကောင်းကောင်းကြီး နားလည်တယ်။ သူ့လေသံကို နားထောင်လိုက်တာနဲ့ ရှောင်ဖော့လန်က စိတ်မကြည်တော့ဘူးဆိုတာ ချန်ကျင့်ရွှယ် နားလည်လိုက်တယ်။
ချန်ကျင့်ရွှယ်က လုံးဝကို အလေးအနက်နဲ့ ပြောနေတယ်။ "နားထောင်မကောင်းလို့ မဟုတ်ပါဘူး၊ မင်းနဲ့ လုံးဝ မလိုက်ဖက်လို့ပါ။ ဒီအတိုင်း စဉ်းစားကြည့်လိုက်လေ၊ မင်းက အရမ်း စွမ်းအားကြီးပြီး မြင့်မြတ်တဲ့ပုံလည်းပေါက်၊ ခန့်ညားပြီး ဟိတ်ဟန်ထည်ထည်ဝါဝါနဲ့ကို ဒီနာမည်က မင်းရဲ့ အပြတ်မိမိုက်နေတဲ့ ချောမောမှုကို ပုံမဖော်ပေးနိုင်ဘူး"
ရှောင်ဖော့လန်က ပထမပိုင်းကို ကြားလိုက်တုန်းက အရင်ဆုံး မျက်မှောင်ကြုတ်သွားတယ်။ သူက ဒီနာမည်ကို အသားကျနေပြီကို အခုမှ ချန်ကျင့်ရွှယ်က မသင့်တော်ဘူးလို့ ပြောနေတာလား။
ဒါပေမဲ့ နောက်ပိုင်းကို ကြားလိုက်ရတော့ ရှောင်ဖော့လန်က ခေါင်းညိတ်လက်ခံလိုက်ရတော့တယ်။
ချန်ကျင့်ရွှယ်ပြောစရာရှိသမျှကို နားထောင်ပြီးသွားတဲ့နောက် ရှောင်ဖော့လန်က လုံးဝကို ကျေနပ်အားရသွားတဲ့ပုံနဲ့ ပြောတယ်။ "ခင်ဗျားပြောတာ ဟုတ်တယ်၊ ကျွန်တော့်နာမည်ကို ပြောင်းပစ်ရမယ်"
မိစ္ဆာငယ်ကျွန်လေးက သူ့ကို နားလည်တာပဲ။
ရှောင်ဖော့လန်က ချန်ကျင့်ရွှယ်ကို လက်ခံသဘောတူသလို ကြည့်လိုက်တယ်။ အဲဒီနောက်တော့ ကျွမ်းကျိုးဘက်ကို လှည့်ပြီး မျှော်လင့်ချက်အပြည့်နဲ့ မေးလိုက်တယ်။ "သခင် ကျွန်တော့်ကို ဘယ်လိုခေါ်သင့်လဲ"
ချန်ကျင့်ရွှယ်က သက်ပြင်းမောကြီး တိတ်တိတ်လေး ချလိုက်တယ်။
ကျွမ်းကျိုးကလည်း ဒါကို အချိန်ယူပြီး စဉ်းစားကြည့်နေတယ်။
သူ နာမည်ကောင်းတစ်ခု မစဉ်းစားရသေးခင် ရှောင်ဖော့လန်က တဲ့တိုး ပြောလာတယ်။ "ကျွန်တော့်ကို ရှုန်ပါ့တျန်းရှ လို့ပဲ ခေါ်လိုက်ပါလား" (*တိုက်ရိုက်ပဲ ကမ္ဘာကြီးကို ကြီးစိုးခြယ်လှယ်တယ်လို့ အဓိပ္ပါယ်ရတယ်)
ချန်ကျင့်ရွှယ်: "???"
ဝမ်ရှောင်းယွင်: ".........."
ချောက်ချားစရာအကောင်းဆုံးကတော့ ကျွမ်းကျိုးက အဲဒီနာမည်ကို မသင့်တော်ဘူးလို့ လုံးလုံး မထင်တဲ့ပုံပဲ။ သူက အလေးအနက်ထားပြီးတောင် စပြီး စဉ်းစားပေးနေသေးတယ်။ "ဒါပေမဲ့ စကားလုံးလေးလုံးနဲ့ နာမည်က မရှည်လွန်းဘူးလား"
ချန်ကျင့်ရွှယ်: "မဟုတ်သေးဘူးလေ ကျိုးကျိုး အခုဖြစ်နေတဲ့ ပြဿနာက နာမည်ရဲ့အရှည်မဟုတ်ဘူးလေ"
ဒါကြီးက ဘယ်လိုနာမည်ကြီးလဲ!
ရှောင်ဖော့လန်က မျက်မှောင်ကြုတ်လိုက်တယ်။ "ဒီနာမည်က ကျွန်တော့်ရဲ့ ခမ်းနားကြီးကျယ်မှုကို မဖော်ပြနိုင်သေးဘူးလား"
ချန်ကျင့်ရွှယ်က သူ့ရဲ့ အခုလေးတင် မြှောက်ပင့်ပြောစကားကို ပြန်စဉ်းစားမိသွားပြီး ချက်ချင်းဆိုသလို သူ့ပါးစပ်ထောင့်တွေက တွန့်သွားတော့တယ်။
မင်းက တကယ်ကြီး ငါပြောတာကို ယုံသွားတာလား!
ဒါပေမဲ့ ကျွမ်းကျိုးက အရမ်း သည်းခံနိုင်စွမ်းရှိတယ်။ ရှောင်ဖော့လန် သဘောကျနေမှတော့ နောက်ပြီး မိစ္ဆာတစ်ကောင်အနေနဲ့ ထူးဆန်းတဲ့နာမည်ရှိတာက တော်တော်လေး သာမန်ပါပဲ။ အရေးအကြီးဆုံးက သူတို့ကိုယ်တိုင် သဘောကျမကျပါပဲ။
ရှောင်ဖော့လန် သဘောကျရင် ကျိုးကျိုးကလည်း ကန့်ကွက်မှာမဟုတ်ဘူး။
အဆုံးမှာတော့ တူထုပြီး ရှောင်ဖော့လန်ရဲ့နာမည်ကို သတ်မှတ်ပေးလိုက်တဲ့သူက ဝမ်ရှောင်းယွင်ပဲ ဖြစ်သွားတယ်။ "ကျွမ်းဖော့၊ ဟူဖော့ရဲ့ ဖော့ ။ ရှောင်ဖော့လန်ရဲ့ ဖော့နဲ့လည်း အသံထွက်အတူတူပဲ" (ဟူဖော့ - ပယင်း)
ကျွမ်းကျိုးရဲ့ မျက်လုံးတွေက တဖျတ်ဖျတ်လတ်သွားတယ်။ "ပယင်းက သတ္တိ၊ ပျော်ရွှင်မှုနဲ့ အသက်ရှည်မှုကို ကိုယ်စားပြုတယ်။ ဖြူစင်မှုနှင့် ကြည်လင်မှုလို့လည်း အဓိပ္ပါယ်ရတယ်ဆိုတော့ နာမည်ကောင်းပဲ"
ရှောင်ဖော့လန်ရဲ့ မိစ္ဆာသရုပ်နဲ့လည်း ကိုက်ညီမှုရှိတဲ့အပြင် အဓိပ္ပါယ်လည်း ကောင်းတယ်။
ကျွမ်းကျိုးက ဝမ်ရှောင်းယွင်ကို မျက်လုံးတွေထဲမှာ "အရမ်း မိုက်တာပဲ" ဆိုတဲ့ အဓိပ္ပါယ်အပြည့်နဲ့ မော့ကြည့်လာတယ်။
ဝမ်ရှောင်းယွင်က မသိမသာလေး ရယ်လိုက်ပြီး ကျွမ်းကျိုးရဲ့ လက်ကို ကိုင်ထားတယ်။
ဒီလူနှစ်ယောက်ရဲ့ ချစ်ကြည်နူး တစ်တီတူးနေတဲ့ လေထုကို ကြည့်ပြီး ချန်ကျင့်ရွှယ်က တကယ် တအားကို ချဉ်စူးလာတယ်။
ပထမကတော့ ရှောင်ဖော့လန်က ဒီနာမည်ကို သိပ်မကြိုက်လှဘူး။ သူ့သခင်ရဲ့ ရှင်းလင်းပြမှုကို ကြားလိုက်ပြီးနောက် ရှောင်ဖော့လန်က စိတ်ပြောင်းသွားပြီး တကယ် တော်တော်လေး ကောင်းတယ်လို့ ထင်သွားတယ်။ အဲဒါကြောင့် သူက အင်တင်တင်နဲ့ပဲ သူ့နာမည်ကို လက်ခံလိုက်တယ်။
အရေးအကြီးဆုံးက သူ သခင်နဲ့ မျိုးရိုးနာမည်အတူတူ ရတော့မယ်။ ဒါက အရင်ကထက် သေချာပေါက် ပိုကောင်းတာပေါ့။
ဝမ်ရှောင်းယွင် တည်ဆောက်ပေးခဲ့တာဆိုပေမဲ့ ဘာဖြစ်လို့ ဝမ်ရှောင်းယွင်ရဲ့ မျိုးရိုးနာမည် မဟုတ်ဘဲ ကျွမ်းကျိုးနဲ့ အတူတူဖြစ်နေရတာကတော့.... ရှင်းပြစရာရော လိုပါ့မလား။
သူ့ကို ဝမ်ရှောင်းယွင်ရဲ့ မျိုးရိုးနာမည် ယူခိုင်းရဲတဲ့ ဘယ်သူမဆို သူက တိုက်ခိုက်လိမ့်မယ်။
ရှောင်ဖော့လန် မဟုတ်ဘူး ကျွမ်းဖော့ရဲ့နာမည်က ဒီလိုနဲ့ပဲ ပြေလည်သွားတော့တယ်။ မှတ်ပုံတင်လျှောက်ထားဖို့ တာဝန်ကတော့ ချန်ကျင့်ရွှယ်စီပဲ ရောက်လာတယ်။
"အိုး ဟုတ်သားပဲ ဘော့စ်" ချန်ကျင့်ရွှယ်က တစ်ခုခုကို ရုတ်တရက် စဉ်းစားမိသွားပြီး ဝမ်ရှောင်းယွင်ကို ပြောတယ်။ "ဘော့စ် ဒီရက်ပိုင်း စစ်တပ်ကို မသွားရသေးဘူးမလား၊ တီးဝမ်ရဲ့ အမှု ရလဒ် ထွက်လာပြီ"
ဝမ်ရှောင်းယွင်က တီးဝမ် ဘယ်လို အကျိုးဆက်မျိုးနဲ့ ကြုံခဲ့ရလဲဆိုတာကို စိတ်မဝင်စားဆုံးပဲ၊ ဘာလို့လဲဆိုတော့ အားလုံးက သူ့ကြိုတင်ခန့်မှန်းထားတဲ့ဘောင်အတွင်းမှာပဲ ရှိလိမ့်မယ်။
အဖွဲ့ချုပ်က ငြိမ်းငြိမ်းချမ်းချမ်း အတူတူ အလုပ်လုပ်ချင်ခဲ့တာဆိုတော့ အလိုအလျောက်ဆိုသလို သူတို့က သူ့ကို "ကျေနပ်အားရဖွယ်" အဖြေကိုပဲ ပေးမှာပါပဲ။
ဝမ်ရှောင်းယွင် စိတ်ဝင်စားမှုမရှိတာကို မြင်လိုက်ရတော့ ချန်ကျင့်ရွှယ်က ဝမ်ရှောင်းယွင် မသိချင်ဘူးဆိုတာကို သိလိုက်တယ်။ ဒါပေမဲ့လည်း သူက ပြောလိုက်သေးတယ်။ "ကျွန်တော်ပြောချင်တာက ဘာမှန်းမသိတဲ့ အကြောင်းပြချက်ကြောင့် တီးဝမ်က ရုတ်တရက်ကြီး အလွန်အကျူးကို ကံဆိုးလာတာ။ အမှုရဲ့ ရလဒ်မထွက်လာခင်မှာပဲ သူ့ရဲ့ စိတ်စွမ်းအားက ဓာတ်ရောင်ခြည်အဆိပ်သင့်သွားတယ်။ အကြောင်းပြချက်တချို့ကြောင့် သူ့ကို ယာယီထိန်းသိမ်းထားတဲ့နေရာက... ကြမ်းပြင်က ရုတ်တရက်ကြီး ကျွံကျသွားတယ်။ သူက မြေအောက်ရေဆိုးပိုက်ထဲကို ကျသွားတာ။ သူ့ကို စောင့်ကြပ်နေတဲ့ အစောင့်တွေက သူမရှိတော့ကို သတိထားမိဖို့ တော်တော် အချိန်ယူလိုက်ရတယ်။ သူတို့ နောက်ဆုံး သူ့ကို ပြန်ဆွဲတင်လိုက်တော့ သူ့တစ်ကိုယ်လုံးက အလွန် ဆိုးဆိုးရွားရွားကို ညစ်ပတ်နံစော်နေတယ်လို့ ပြောကြတာပဲ။ အဲဒီအကျဉ်းခန်းနေရာကြီး တစ်ခုလုံးကို ရေမွှေးတွေ အပြည့်သယ်လာတဲ့ လေယာဉ်နဲ့ ဖျန်းတာတောင်မှပဲ အနံ့က လျော့မသွားဘူးတဲ့...."
ချန်ကျင့်ရွှယ်ပြောလေလေ ပိုပြီး စိတ်လှုပ်ရှားလာလေလေပဲ။ တီးဝမ် ကံဆိုးမိုးမှောင်ကျလေလေ ချန်ကျင့်ရွှယ်က ပိုပျော်လေလေပဲ။
သူက ပြောရင်းပြောရင်းနဲ့ ရှောင်ဖော့လန်နဲ့ ဝမ်ရှောင်းယွင် နှစ်ယောက်လုံးက ကျွမ်းကျိုးကို လှမ်းကြည့်နေတာကို တွေ့လိုက်ရတယ်။
မဟုတ်သေးပါဘူး။ သူတို့က တီးဝမ်အကြောင်း ပြောနေတာမဟုတ်ဘူးလား။ ဘာလို့ ကျွမ်းကျိုးကို ကြည့်နေကြတာလဲ။
ချန်ကျင့်ရွှယ်ကလည်း လှမ်းကြည့်လိုက်တယ်။ ရုတ်တရက် သူက တစ်ခုခု အလင်းပေါက်သွားတယ်။
"အိုး သောက်ကျိုးနည်း ကျိုးကျိုး မဟုတ်မှလွဲရော မင်းလား....."
သူက ထူးထူးဆန်းဆန်း သူ့ရဲ့ အတိတ်က ကံဆိုးမှုအကြောင်းကို အမှတ်ရသွားတယ်။
တစ်ထပ်တည်း တူနေတာမဟုတ်ဘူးလား!
ကျွမ်းကျိုးက သူ့နှာခေါင်းကို ကသိကအောက်နိုင်စွာ ပွတ်လိုက်တယ်။ "ဘာလို့ ကျွန်တော့်ကို ဒီလိုကြည့်နေရတာလဲ။ ကျွန်တော်လည်း မသိဘူး...."
သူက ခဏစဉ်းစားကြည့်လိုက်ပြီးတော့ ပြောတယ်။ "ဒါပေမဲ့ သူနဲ့ အဲဒီဘယ်ရွန်က ကျွန်တော့်ကို အန္တရာယ်ပြုဖို့ အကြိမ်ကြိမ် ကြိုးစားဖူးတယ်။ ဆိုတော့ သူတို့တွေ ကံဆိုးမိုးမှောင်ကျတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ သူတို့တွေက ဘာကိုမှ ကိုယ်တိုင် မလုပ်ဖူးဘူး။ သူတို့လက်အောက်ကလူတွေကိုပဲ လွှတ်ပြီး လုပ်ခိုင်းခဲ့တာ။ တုံ့ပြန်မှုက နည်းနည်းတော့ နှေးရင်နှေးလိမ့်မယ်။ အဲဒါကြောင့်လည်း သူတို့တွေ အခုမှ စပြီး ကံဆိုးတာနေမယ်...."
သို့သော် တီးဝမ်တောင် စပြီး ကံဆိုးနေပြီဆိုရင် အဲဒီဘယ်ရွန်ပေါ်သွင့်လည်း သိပ်ပြီး မလိုတော့ပါဘူး။
ဘယ်ရွန်ပေါ်သွင့်နဲ့ တီးဝမ် အနာဂတ်မှာ တစ်ခုခု စီစဉ်ထားလားဆိုတာကို ဂရုစိုက်နေဖို့ မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကိုယ်သူတို့တောင် ဘေးကင်းအောင်နေဖို့ တော်တော် ခက်ခဲလိမ့်မယ်။
ထူးထူးဆန်းဆန်း ကျောချမ်းသွားပြီး ချန်ကျင့်ရွှယ်က ကျွမ်းကျိုးကို ထိတ်လန့်တကြား ကြည့်လိုက်တယ်။ "ကျိုးကျိုး အဲဒါဆို ဘာလို့ မင်းကို ထိခိုက်အောင် လုပ်ချင်တဲ့လူတွေ အကုန်လုံးက.... ဆိုးဆိုးရွားရွား ကြုံရတာလဲ"
ချန်ကျင့်ရွှယ်က သူ အဲဒီလိုမျိုး မမေးလိုက်သင့်ဘူးလို့ ခံစားလိုက်ရတယ်။
ဘာလို့လဲဆိုတော့... ခံစားချက်က ကျိုးကျိုးက လူတွေကို သူ့အလိုအတိုင်းသာ လုပ်ဆောင်ခွင့်ပြုပြီး သူ့ကို ဆန့်ကျင်ခွင့်မပေးတဲ့ ကြောက်မက်ဖွယ်ရာ တည်ရှိမှုကြီးလိုမျိုး ဖြစ်နေလို့ပဲ။
ကျွမ်းကျိုးကတော့ သူ ဒီလို ဘွင်းဘွင်းရှင်းရှင်း မေးလိုက်လို့ စိတ်မဆိုးဘူး။ သူက ဒီမေးခွန်းကို အတည်အတံ့ အချိန်ယူပြီး စဉ်းစားလိုက်ပြီး ပြောတယ်။ "နတ်ဘုရားတွေအားလုံးက ကျွန်တော့်ကို ကာကွယ်ပြီး ကောင်းချီးပေးနေလို့ ဖြစ်နိုင်တယ်"
ချန်ကျင့်ရွှယ်က သူ့စကားတွေကို သိပ်တော့ နားမလည်ဘူး။
ဒါပေမဲ့ ဝမ်ရှောင်းယွင်ကတော့ ဒီစကားကို ကြားတော့ နှလုံးသားထဲမှာ နာကျင်သွားတယ်။
ပွင့်ပွင့်လင်းလင်းပြောရရင် နတ်ဘုရားတွေအကုန်လုံးက သူ့ကို ကာကွယ်ပေးလို့ မဟုတ်ဘူး။ ကျိုးကျိုးက နတ်ဘုရားတွေအကုန်လုံးရဲ့ ယုံကြည်မှုတွေ အကုန်လုံးကို ထမ်းပိုးထားရလို့ပဲ။
ကျိုးကျိုးဆိုတဲ့ နတ်ဘုရားတစ်ပါးကို မထီမဲ့မြင်ပြုမိရင် နတ်ဘုရားတွေအားလုံးကို ထိပါးတာနဲ့ အတူတူပဲ။
နတ်ဘုရားတစ်ပါးကို မထီမဲ့မြင်ပြုမိတာက မဆိုးဘူး။ နတ်ဘုရားတွေအားလုံးကို မထီမဲ့မြင်ပြုတာကိုတောင် သင့်ကို ဆက်တိုက် ကံဆိုးအောင် လုပ်ရုံပဲဆိုတာက တော်တော်လေး သက်ညှာရာရောက်နေပြီ။
ဘာလို့လဲဆိုတော့ ကျိုးကျိုးက နတ်ဘုရားတွေအားလုံး ပြန်လာနိုင်ဖို့ မျှော်လင့်ချက်ကို ထမ်းပိုးထားရတာကြောင့်ပဲ။
တကယ်လို့ သူသာ တစ်ခုခုဖြစ်သွားခဲ့ရင် ဒီကမ္ဘာကြီးမှာ နတ်ဘုရားဆိုတာ ရှိတော့မှာမဟုတ်ဘူး။
ဒါကြောင့် အလိုအလျောက်ဆိုသလို ကျိုးကျိုးကို ထိခိုက်အောင်လုပ်ချင်တဲ့သူတွေက ထူးဆန်းအံ့ဖွယ် ရှင်းမပြနိုင်လောက်အောင် နတ်ဘုရားတွေအားလုံးရဲ့ "ပစ်မှတ်" ဖြစ်သွားတော့တာပဲ။
စဉ်းစားကြည့်မယ်ဆိုရင် တကယ်လို့ နတ်ဘုရားတွေအားလုံးက သင့်ကို 'ပစ်မှတ်'ထားနေတယ်ဆိုမှတော့ သင့်ရဲ့နေ့ရက်တွေက ကောင်းပါတော့မလား။
ဝမ်ရှောင်းယွင်က ကျိုးကျိုးကို ဝမ်းနည်းစေတဲ့ ဒီလိုအရာတွေ မဆွေးနွေးစေချင်ဘူး။ သူက စကားလမ်းကြောင်းကို တန်းပြီး ပြောင်းလိုက်တယ်။ "ငါ့ရဲ့ လောင်ချန်ရေ အရှင်မင်းမြတ်ကို အစီရင်ခံစာတစ်စောင် သွားပို့ချေ"
ချန်ကျင့်ရွှယ်: "ဘာအစီရင်ခံစာလဲ"
ဝမ်ရှောင်းယွင်: " အရှင့်ကို တတ်နိုင်သမျှမြန်မြန် ကြယ်တာရာအစုအဝေးဆိုင်ရာ မဟာမိတ်အဖွဲ့အစည်းနဲ့ ဆက်သွယ်ပြီး အတည်ပြုခိုင်းလိုက်၊ တကယ်လို့ အင်ပါယာကလူတွေသာ ကမ္ဘာကို အရင်တွေ့ခဲ့ရင် အင်ပါယာက ကမ္ဘာကို အပိုင်ရမလားဆိုတာကို"
ချန်ကျင့်ရွှယ်က ထိတ်လန့်သွားတယ်။ "ဘာ ကမ္ဘာလား မဖြစ်နိုင်တာ ဘော့စ် ကမ္ဘာမြေကြီးအကြောင်း ပြောနေတာပါနော်"
ဝမ်ရှောင်းယွင်က စိတ်အေးလက်အေးနဲ့ "ဒါကိုသာ အရှင့်ကို သွားပြီး အစီရင်ခံလိုက်"
ချန်ကျင့်ရွှယ်ရဲ့ မေးရိုးက ပြုတ်ကျတော့မတတ်ပဲ။ "ကမ္ဘာက ပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား။ မဟုတ်သေးပါဘူး ကမ္ဘာကြီးက အာကာသတွင်းနက်ကြီးတစ်ခုရဲ့ စုပ်ယူတာကို ခံလိုက်ရတယ်လို့ ပြောတဲ့လူတွေတောင် ရှိသေးတယ်.... ဘော့စ် မဟုတ်မှ ကမ္ဘာကို ရှာတွေ့သွားတာလား"
ဝမ်ရှောင်းယွင်ကပြောတယ်။ "ငါ မဟုတ်ဘူး"
သူက ကျွမ်းကျိုးကို ကြည့်လိုက်ပြီး တိုးဖွစွာ ပြောတယ်။ "ကျိုးကျိုး တွေ့တာ"
ကျွမ်းကျိုးက အခုလက်ရှိ ခေါင်းငုံ့ပြီး သူ့လည်ပင်းက ယုံကြည်မှုစုဆောင်းတဲ့ပစ္စည်းလေးကို ကြည့်ရင်း တစ်ခုခုကို စဉ်းစားနေတယ်။
ဝမ်ရှောင်းယွင်ရဲ့ စကားကိုလည်း ကြားရော၊ ခေါင်းကို နည်းနည်း မော့လိုက်ပြီး ဝမ်ရှောင်းယွင်နဲ့ အကြည့်ချင်း ဖလှယ်လိုက်တယ်။ ပြီးတော့ ရယ်ပြလိုက်တယ်။ "ကျွန်တော် ကမ္ဘာဘယ်မှာရှိလဲဆိုတာ သိတယ်"
ဒီကမ္ဘာမှာ သိတဲ့သူက သူတစ်ယောက်တည်းပဲ ဖြစ်လိမ့်မယ်။
ချန်ကျင့်ရွှယ်က ဇဝေဇဝါနဲ့ ထွက်သွားတယ်။
သူက ဒီအကြောင်း သူအစီရင်ခံလိုက်တာနဲ့ ဧကရာဇ်ကလဲ(ရ်) ထိတ်လန့်တကြားဖြစ်သွားရုံတင်မကဘူး။ စကြဝဠာတစ်ခုလုံးက အံ့အားသင့်သွားကြလိမ့်မယ်လို့ ခံစားနေရတယ်။
ထင်တဲ့အတိုင်းပဲ။
သူက အစီရင်ခံစာကို အထက်ကို တင်ပေးလိုက်တာနဲ့ နန်းတော်ကနေ ဧကရာဇ်ကလဲ(ရ်)က သူ့ကိုတွေ့ချင်တယ်ဆိုပြီး မက်ဆေ့ရောက်လာတယ်။
ဒါပေမဲ့ သူတောင် နန်းတော်ကို မဝင်ရသေးဘူး။ ဧကရာဇ်ကလဲ(ရ်)က ငြိမ်ငြိမ်ထိုင်မနေနိုင်တော့ဘဲ ကိုယ်တိုင်ကိုယ်ကျ နန်းတော်ကနေ ထွက်လာပြီး သူတို့ကို လာတွေ့တယ်။
သူတို့ကိုတွေ့တာနဲ့ သူက မလိုအပ်တဲ့လူတွေအကုန်လုံးကို မောင်းထုတ်လိုက်တယ်။ ပထမဆုံး ဧကရာဇ်ကလဲ(ရ်) ပြောတဲ့စကားက လိုရင်းကို တန်းပြီးပြောတာပဲ "မင်းတို့တွေ ကမ္ဘာကို ရှာတွေ့ပြီလား"
ကျွမ်းကျိုးက ပြောတယ်။ "အင်း ကျွန်တော် ဘယ်မှာလဲဆိုတာ သိပြီ"
ဧကရာဇ်ကလဲ(ရ်)က အလျင်စလိုနဲ့ မေးတယ်။ "ဘယ်မှာလဲ"
ကျွမ်းကျိုးက သူ့ကို ကြည့်လိုက်ပေမဲ့ စကားတော့ မပြောဘူး။
သူက မပြောချင်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ဧကရာဇ်ကလဲ(ရ်)က ကမ္ဘာနဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်မျိုး ရှိလဲဆိုတာ သူမသိဘူး။
စကြဝဠာတစ်ခုလုံး ကမ္ဘာနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲဆိုတာဆိုရင် ပိုဆိုးပေါ့။
ဧကရာဇ်ကလဲ(ရ်)က ထိတ်ထိတ်ပြာပြာဖြစ်နေတယ်။ "လုပ်ပါ ပြောကြစမ်း။ ကမ္ဘာ ဘယ်မှာလဲ။ ဘယ်လိုလုပ်ပြီး ရှာတွေ့တာလဲ။ ကမ္ဘာအကြောင်းပြောနေတာ သေချာရဲ့လား"
ဝမ်ရှောင်းယွင်က ကျွမ်းကျိုးကို သူ့နောက်ကို ဆွဲသွင်းလိုက်ပြီး စိတ်မကျေမနပ်နဲ့ ပြောတယ်။ "ဦးရီးတော်ကလဲ(ရ်) သူ့ကို အနိုင်မကျင့်ပါနဲ့"
ဧကရာဇ်ကလဲ(ရ်): "..........."
ဝမ်ရှောင်းယွင် သူ့ကို ဦးရီးတော်လို့ခေါ်တာ ကြားရဖို့ အရမ်းခဲယဉ်းတယ်။ ဒီကလေးက ဘယ်တုန်းကမှ သူနဲ့ ဆက်ဆံရေးကို ဖော်ထုတ်ပြီး ရာထူးအဆင့်အတန်းတွေရဖို့ မလုပ်ချင်ခဲ့တဲ့အပြင် အမြဲတစေ ရိုးရိုးမှန်မှန်နဲ့ ဖြောင့်မတ်တရားနည်းလမ်းကျကျပဲ နေခဲ့တယ်။
အခုတော့ ကြည့်ပါဦး နောက်ဆုံးတော့ သူ့ကို ဦးရီးတော်လို့ ခေါ်ပြီ။ ဒါပေမဲ့ အဲဒါကလည်း သူ့ကို ကျွမ်းကျိုးကို အနိုင်မကျင့်ဖို့ ပြောဖို့အတွက်လေးနဲ့။
သူက ဘယ်မှာ အနိုင်ကျင့်လို့လဲ။
သူက စိတ်လောသွားရုံလေးကို!
ပြောရမယ်ဆိုရင် ဒါက ကမ္ဘာလေ!
လူသားမျိုးနွယ်အကုန်လုံးအတွက် အမိမြေဂြိုလ်လေ!
တကယ်ပဲ ဒါက ပျောက်သွားတဲ့ ကမ္ဘာသာဆိုရင် ကမ္ဘာ ပြန်ပေါ်လာတဲ့သတင်းက သေချာပေါက် စကြဝဠာတစ်ခုလုံးကို ထိတ်လန့်သွားစေမှာပဲ!
အခုလက်ရှိ လူသားတွေက စကြဝဠာတွေထဲမှာ မတူညီတဲ့ နိုင်ငံတွေအမျိုးမျိုး တည်ထောင်ပြီးသွားပြီ။ ဒါပေမဲ့ ဒီလောက်အချိန်အကြာကြီး ကျော်လွန်သွားတယ်ဆိုရင်တောင် ကမ္ဘာ့အကြောင်းပြောတဲ့အခါတိုင်း လူသားတွေက သူတို့နှလုံးသားထဲမှာ ထူးခြားတဲ့ခံစားချက်တစ်ခုကို အမြဲတမ်း ခံစားရမှာပဲ။
ဖြစ်နိုင်တာကတော့ သူတို့တွေရဲ့ ဘိုးဘေးတွေက အတိတ်တုန်းက ဘယ်လိုဂြိုလ်မျိုးမှာ နေထိုင်ခဲ့လဲဆိုတာကို သိချင်တာကြောင့်ပဲ ဖြစ်မယ်။
သမိုင်းအထောက်အထားတွေရဲ့ ဖော်ပြချက်တွေအကုန်လုံးမှာ အမိဂြိုလ်ကမ္ဘာမြေကြီးက အလှပဆုံးနဲ့ အဆန်းကျယ်ဆုံးဂြိုလ်တစ်လုံးပဲ။ သူတို့ရဲ့မျက်လုံးနဲ့ တပ်အပ်မမြင်ချင်တဲ့သူ ဘယ်သူရှိမှာလဲ။ သူက လူတွေအားလုံးကို သူတို့ရဲ့စိတ်ကူးတွေနဲ့ပဲ ချန်ထားခဲ့ပြီး ပျောက်သွားခဲ့တာ။
တကယ်လို့ ဧကရာဇ်ကလဲ(ရ်)က ဝမ်ရှောင်းယွင်က ဒီလိုအရေးကြီးတဲ့အရာမျိုးနဲ့ နောက်ပြောင်မှာမဟုတ်ဘူးဆိုတာကို သိမထားရင် ကလဲ(ရ်)က သူတို့တကယ် ကမ္ဘာကို ရှာတွေ့တယ်ဆိုတာ ဘယ်တော့မှ ယုံမှာမဟုတ်ဘူး။
ဒါပေမဲ့ သူက သိနေလို့ပဲ သူက အရမ်း စိတ်လှုပ်ရှားနေတာလေ!
တကယ် တကယ်လို့ သူတို့တွေ တကယ် ကမ္ဘာကို ပြန်ရှာတွေ့တယ်ဆိုရင် စကြဝဠာထဲက လူသားမျိုးနွယ်အကုန်လုံးက သူ့လက်ထက်မှာ အကြီးကျယ်ဆုံးသမိုင်းဝင်အခိုက်အတန့်တစ်ခုကို မျက်မြင်ကြုံတွေ့လိုက်ရမှာပေါ့!
ကလဲ(ရ်)က အသက်ကို ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်ပြီး သူ့ကိုယ်သူ နည်းနည်းပိုပြီး ဖော်ရွေတဲ့ပုံပေါက်အောင် ကြိုးစားပြီး ပြောတယ်။ "အိုကေ အိုကေ ငါ အနိုင်မကျင့်တော့ဘူး။ အနိုင်မကျင့်တော့ဘူး။ မင်းတို့တွေ တကယ်ပဲ ကမ္ဘာဘယ်မှာလဲဆိုတာ သိတယ်လား။ ဘယ်လိုလုပ် ရှာတွေ့တာလဲ"
ဝမ်ရှောင်းယွင်က ကျိုးကျိုးကိုယ်စား ဖြေပေးလိုက်တယ်။ "ကျွန်တော်တို့ ဘယ်လိုရှာတွေ့လဲဆိုတာ လောလောဆယ်တော့ ပြောပြလို့မရဘူး။ ဒါပေမဲ့ ဒါက သေချာပေါက် ကမ္ဘာပါ။ အရှင် ကျွန်တော် စစ်သင်္ဘောနဲ့ ခရီးဝေးတစ်ခုသွားဖို့ လျှောက်ထားချင်ပါတယ်"
ဝမ်ရှောင်းယွင်က လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ "အနားယူဖို့" အတင်းအကျပ်ခိုင်းစေခံခဲ့ရတာ။ အခုသူက စစ်သင်္ဘောဝီဗန်ကို သုံးချင်တယ်ဆိုတော့ သေချာပေါက် တောင်းဆိုဖို့ လိုလာပြီ။
ကလဲ(ရ်)က နောက်တစ်ခါ ရှိုက်သွင်းလိုက်ပြီး "အိုကေ ခွင့်ပြုတယ် ဒါပေမဲ့ ရှောင်းယွင် ဒါက အလွန်အရေးကြီးတဲ့ ကိစ္စတစ်ခုနော်။ တက်ယ်လို့ တခြားနိုင်ငံတွေသာ ကမ္ဘာကို ရှာတွေ့သွားပြီး ငါတို့ဆီက အားသုံးပြီး လုယူချင်ခဲ့ရင်...."
ပြောရမယ်ဆိုရင် ဒါက တကယ်ပဲ ကမ္ဘာသာဆိုရင်.. နှစ် ၂၀၀၀ လောက်ပျောက်နေခဲ့တဲ့ ကမ္ဘာသာဆိုရင် ကြယ်အစုအဝေးဆိုင်ရာမိတ်ဖက်ထဲက ဘယ်နိုင်ငံနဲ့မှ မသက်ဆိုင်တော့ဘူး။
နှစ် ၂၀၀၀ တောင် ကြာခဲ့ပြီပဲ။ ကမ္ဘာရဲ့အခြေအနေက အခု ဘယ်လိုလဲဆိုတာ ဘယ်သူသိမှာလဲ။ ဒီလိုမျိုး အခြေအနေမျိုးမျာ ပိုင်ရှင်မရှိတဲ့ဂြိုလ်ကို ရှာတွေ့တဲ့သူက အရင်ဆုံး ရပိုင်ခွင့်ကို ယူလို့ရတယ်။
သူတို့မရခင် တခြားနိုင်ငံတွေ ခိုးသွားတာကို သေချာပေါက် လက်သင့်ခံလို့မဖြစ်ဘူး။
ဒါကိုတွေးပြီး ကလဲ(ရ်)က သူ့ပေါင်သူ ရိုက်လိုက်ပြီး "စစ်သင်္ဘောနှစ်စင်းလုံး ယူသွား တကယ်လို့ တစ်ယောက်ယောက် မင်းကို တားဆီးဖို့ကြိုးစားရင် ချက်ချင်းသာ တိုက်ပွဲဝင်ပစ်လိုက်! အရှုံးမပေးလိုက်နဲ့!"
ကျွမ်းကျိုးက တခြားနိုင်ငံတွေက ရှာတွေ့မှာမဟုတ်ဘူး၊ ရှာတွေ့နိုင်မှာလည်း မဟုတ်ဘူးဆိုတာကို ပြောပြချင်ခဲ့တယ်။
ဒါပေမဲ့ ဧကရာဇ်ကလဲ(ရ်)က ဒီလိုပဲ အတည်ပြုလိုက်ပြီ။ ကျွမ်းကျိုးက ဘာတစ်ခုကိုမှ ပြောရမဲ့ နေရာမှာမဟုတ်ဘူး။
ငါးရက်အကြာမှာ လူတိုင်းရဲ့ အံ့အားသင့်နေတဲ့ အကြည့်တွေအောက်မှာ အင်ပါယာက စစ်သင်္ဘောကြီးနှစ်စင်းဟာ ထွက်ခွာသွားတော့တယ်။
စစ်သင်္ဘောတည်ဆောက်ရတဲ့ စရိတ်က မြင့်တယ်။ အင်ပါယာတောင်မှ စုစုပေါင်း နှစ်စင်းပဲ ဆောက်နိုင်တာ။ တကယ်လို့ စစ်ပွဲကြီးကြီးမားမားသာ မရှိဘူးဆိုရင် စစ်သင်္ဘောဆိုတာက ပြောရရင် မလိုအပ်ဘူး။
အတိတ်တုန်းက ဝမ်ရှောင်းယွင်က ဂြိုလ်သားအင်းဆက်တွေနဲ့ စစ်တိုက်ပွဲတစ်ခု ဖြစ်နေတာမို့ သူ စစ်သင်္ဘောတစ်စင်း လိုတယ်ဆိုတာ သူတို့နားလည်ပေးလို့ရတယ်။
ဒါပေမဲ့ ကျန်ခဲ့တဲ့ စစ်သင်္ဘောက မြို့တော်ကို ကာကွယ်တဲ့ စောင့်ရှောက်သူပဲ။ အဲဒါကို ဆောက်လုပ်ပြီးကတည်းက သူက အမြဲ မြို့တော်ဂြိုလ်ကို စောင့်ကြပ်ပေးခဲ့တာ။ အခုတော့ အဲဒါလည်း အဝေးကို ပျံသွားပြီ!
ဒီမှာ ဘာတွေဖြစ်နေကြတာလဲ!
အထူးသဖြင့် နှစ်စင်းစလုံးကို မောင်းနှင်သွားတဲ့သူက ဝမ်ရှောင်းယွင်ဆိုတာ လူတွေသိသွားတဲ့အခါ လူတွေအကုန်လုံးက တွေးကြမှာပဲ.... ဝမ်ရှောင်းယွင်က စစ်တပ်တစ်ခုလုံးကို စွန့်ခွာပြီး ရန်သူဘက်ကို ကူးသွားတာလား!
........................xxx........................
-Zawgyi-
အခန္း ၆၂ တကယ္လို႔ မင္းကို တစ္ေယာက္ေယာက္ တားဆီးဖို႔ ႀကိဳးစားရင္ ခ်က္ခ်င္း တိုက္ပြဲဝင္ပစ္လိုက္! အရွုံးမေပးလိုက္နဲ႔!
ေရွာင္ေဖာ့လန္ ကၽြမ္းက်ိဳးကို ေတြ႕ရတဲ့အခ်ိန္မွာ ေလးရက္ေျမာက္ေန႔ရဲ့ ေန႔လယ္ခင္းေတာင္ ေရာက္ေနၿပီ။
တစ္ရက္နဲ႔ တစ္ညၾကာသြားၿပီဆိုေပမဲ့ ေရွာင္ေဖာ့လန္ရဲ့ စိတ္လွုပ္ရွားမွုကို ေလ်ာ့မသြားေစဘူး။ သူက ကၽြမ္းက်ိဳးေရွ႕မွာ ခပ္တည္တည္နဲ႔ ရပ္လိုက္ၿပီး သူဘယ္သူဘယ္ဝါဆိုတာကိုေတာင္ မေျပာျပဘဲ အဲဒီမွာပဲ ရပ္ၿပီး သူ႔ကို ၾကည့္ေနတယ္။
ေဘးမွာေတာ့ ခ်န္က်င့္ရႊယ္က တစ္ခုခုေျပာခ်င္ေနေပမဲ့ ေရွာင္ေဖာ့လန္ ႀကိဳၿပီးသတိေပးထားတာကို သတိရၿပီး သူ႔စကားေတြကို ျပန္မ်ိဳခ်လိုက္တယ္။
အဲဒါက ဝမ္ေရွာင္းယြင္အဖို႔ ေရွာင္ေဖာ့လန္ကို ပထမဆုံး ျမင္ရျခင္းပဲ။ လြန္ခဲ့တဲ့ ရက္အနည္းငယ္ ကၽြမ္းက်ိဳး အိပ္ေမာက်ေနတဲ့အခ်ိန္ကလည္း သူက အခန္းထဲက တစ္ခါမွ ထြက္မသြားခဲ့ဖူးဘူး။ သူက ေရွာင္ေဖာ့လန္ လူသားအျဖစ္ေျပာင္းသြားတယ္ဆိုတာ သိေပမဲ့ ေရွာင္ေဖာ့လန္ကို တစ္ခါမွ မျမင္ဖူးဘူး။
အဲဒါေၾကာင့္ သူက အေတာ္ေလး ေခ်ာတဲ့ေကာင္ေလးတစ္ေယာက္ က်ိဳးက်ိဳးသြားေနတဲ့လမ္းကို ပိတ္ရပ္လိုက္တာကိုျမင္ေတာ့ သူက မသိစိတ္အရ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေအးတိေအးစက္နဲ႔ ေမးလိုက္တယ္၊ "မင္းက ဘယ္သူလဲ"
ဝမ္ေရွာင္းယြင္ကိုယ္တိုင္ေတာင္ သူ႔ကို မမွတ္မိဘူးဆိုတာ ျမင္လိုက္ရေတာ့ ေရွာင္ေဖာ့လန္ရဲ့ ႏွုတ္ခမ္းက အနည္းငယ္ တြန႔္သြားၿပီး နည္းနည္း စိတ္ေက်နပ္သြားသလို ျဖစ္ေနတယ္။ အဲဒီေနာက္ေတာ့ ခ်က္ခ်င္း မ်က္ႏွာျပန္ျပင္လိုက္ၿပီးေတာ့ သခင့္ကိုပဲ ဆက္ၿပီး ၾကည့္ေနလိုက္တယ္။
သူက ေစာင့္ေနတယ္။ သခင္က "မင္းဘယ္သူလဲ" လို႔ေမးမွာကို ေစာင့္ေနတယ္။
ၿပီးရင္ သူ႔ သခင့္ကို ဟားတိုက္မယ္ေပါ့ - သခင္ ကၽြန္ေတာ့္ကိုေတာင္ မမွတ္မိေတာ့ဘူး ဟားဟား!
ဒါေပမဲ့ သူ႔စိတ္ကူးေတြ စၿပီး ရြက္လႊင့္ေနတဲ့အခ်ိန္မွာပဲ ကၽြမ္းက်ိဳးေၾကာင့္ ျပတ္သြားတယ္။
ကၽြမ္းက်ိဳးက သူ႔လက္ကို ေျမႇာက္လိုက္ၿပီး သူ အျမဲတမ္းလုပ္ေနက်အတိုင္း ေရွာင္ေဖာ့လန္ရဲ့ ေခါင္းကို ပုတ္လိုက္ၿပီး ေျပာတယ္။ "ေရွာင္ေဖာ့လန္ လူျဖစ္လာတာ ဂုဏ္ယူပါတယ္!"
ေရွာင္ေဖာ့န္က နည္းနည္းေလး အားမလိုအားမရျဖစ္သြားတယ္။ ဆိုေတာ့ သခင္က တကယ္ႀကီး သူ႔ကို မွတ္မိတယ္ေပါ့။
ဒါေပမဲ့ သခင္က သူ႔ကို မွတ္မိတယ္ဆိုေတာ့လည္း တအားေပ်ာ္တာပါပဲ
သူက သခင့္ကို ေပ်ာ္ရႊင္စရာအံ့ဩဖြယ္ရာတစ္ခု မေပးနိုင္ခဲ့ေပမဲ့ လုံးဝ စိတ္မပ်က္ပါဘူး။ ကၽြမ္းက်ိဳးေရွ႕မွာ စက္ဝိုင္းလို ပတ္ခ်ာလည္ ဝိုင္းပတ္ေနၿပီး ေျပာတယ္ "အခု ကၽြန္ေတာ္ သခင္နဲ႔ အတူတူျဖစ္သြားၿပီ"
ကၽြမ္းက်ိဳးက ျပဳံးၿပီးေျပာတယ္။ "အင္း အင္း အရမ္းေခ်ာသြားၿပီ"
ေရွာင္ေဖာ့လန္: "စပီကာ မတပ္ဘဲနဲ႔လည္း စကားေျပာလို႔ ရၿပီ"
ကၽြမ္းက်ိဳးက ဆက္ၿပီး ျပဳံးေနတယ္။ "ဟုတ္တယ္"
ေရွာင္ေဖာ့လန္: "ဒီခႏၶာကိုယ္ကို သိပ္ၿပီး အသုံးျပဳရတာ မလြယ္႐ုံတင္မကဘူး၊ ကၽြန္ေတာ္ ျပန္ေျပာင္းလို႔ေတာင္မရဘူး"
ကၽြမ္းက်ိဳးက ဒါကို ထူးဆန္းတယ္လို႔ လုံးဝ မထင္ပါဘူး။
ေရွာင္ေဖာ့လန္ရဲ့ က်င့္ႀကံမွုအဆင့္က သူ႔ကိုယ္ပိုင္ က်င့္ႀကံအားထုတ္မွုေၾကာင့္ ရလာတာမဟုတ္ဘူး။ ေရွာင္ေဖာ့လန္က ဒီတစ္ေလၽွာက္လုံး သူ႔ေဘးမွာပဲ ေနေနခဲ့တာေၾကာင့္ ကၽြမ္းက်ိဳးရဲ့ တန္ခိုးအစြမ္းကို သူ႔ကိုယ္ပိုင္ စြမ္းအားသဖြယ္ ေျပာင္းလဲလိုက္တာပဲ။
သူ႔ရဲ့ မေတာ္တဆၾကဳံလိုက္ရတဲ့ ေကာင္းကင္ဘုံရဲ့စမ္းသပ္ခ်က္ကလည္း လုံးဝကို ကံေကာင္းမွုအေပၚမွာ မူတည္ေနခဲ့တာ။ သူ႔အရင္ကိုယ္ကို ေျပာင္းဖို႔မေျပာနဲ႔ သူ႔ကိုယ္ပိုင္ စြမ္းအားကို ဘယ္လိုသုံးရမွန္းေတာင္ သိမွာမဟုတ္ဘူး။
ကၽြမ္းက်ိဳးက သူ႔ကို ႏွစ္သိမ့္လိုက္တယ္။ "စိတ္မပူနဲ႔ ေနာက္က်ရင္ အသားက်သြားလိမ့္မယ္"
"အင္း အင္း" ေရွာင္ေဖာ့လန္က ေခါင္းညိတ္ၿပီး ကၽြမ္းက်ိဳးကို ထပ္ၾကည့္လိုက္တယ္။
သူက သခင္က အရင္ကနဲ႔ နည္းနည္း ကြာျခားေနတယ္လို႔ ခံစားေနရေပမဲ့ တိတိက်က် ဘာေတြ မတူတာလဲေတာ့ မေျပာနိုင္ဘူး။
ပုံစံက... သူ႔ရဲ့တည္ရွိမွုက အရင္ထက္ ပိုၿပီး ထင္ရွားလာသလိုလိုပဲ။
အဲဒါတင္မကဘူး၊ သူစကားေျပာတဲ့ပုံက အရင္ထက္ နည္းနည္း ပိုၿပီး....စိတ္ေစတနာ ေကာင္းမြန္ေနတဲ့ပုံေပါက္ေနတယ္။
ေရွာင္ေဖာ့လန္တစ္ေယာက္တည္း ခံစားမိတာမဟုတ္ဘူး။ ခ်န္က်င့္ရႊယ္လည္း အဲဒီလို ခံစားေနရတယ္။
သူလည္း က်ိဳးက်ိဳးရဲ့ စကားေတြနဲ႔ အျပဳအမူေတြက အရင္နဲ႔ နည္းနည္း မတူသလို ခံစားေနရတယ္။
ဒါေပမဲ့လည္း ဒီကြာျခားခ်က္က သိပ္မႀကီးမားတဲ့အတြက္ သူ႔အေနနဲ႔ တိတိက်က် လက္ေထာက္ျပဖို႔ကေတာ့ ခဲယဥ္းတယ္။
သူက စကားလမ္းေၾကာင္းလႊဲလိုက္ၿပီး မဝံ့မရဲ နဲ႔ေမးလိုက္တယ္။ "က်ိဳးက်ိဳး... မင္းသိတဲ့အတိုင္း.. ေရွာင္ေဖာ့လန္က လူအျဖစ္ေျပာင္းသြားတယ္ဆိုေတာ့ အခုကစၿပီး... သူ႔ကို အဲဒီလိုပဲ ဆက္မေခၚသင့္ေတာ့ဘူးမလား"
အဲဒီနာမည္ကို ၾကားရင္ အျပင္လူေတြ ဘယ္လိုေတြးမလဲကို မေျပာနဲ႔ဦး၊ ေရွာင္ေဖာ့လန္ရဲ့ ႐ုပ္ရည္ကိုပဲ ၾကည့္ၿပီးေျပာမယ္ဆိုရင္ေတာင္ သူ႔နာမည္က လုံးဝ မသင့္ေလ်ာ္တဲ့ပုံေပါက္ေနတယ္။
ဒါကိုၾကားေတာ့ ေရွာင္ေဖာ့လန္က ခ်န္က်င့္ရႊယ္ကို တစ္ခ်က္ ငဲ့ၾကည့္လိုက္တယ္။ "ကၽြန္ေတာ့္နာမည္က နားေထာင္လို႔ မေကာင္းဘူးလား"
ခ်န္က်င့္ရႊယ္က ေရွာင္ေဖာ့လန္ကို ေကာင္းေကာင္းႀကီး နားလည္တယ္။ သူ႔ေလသံကို နားေထာင္လိုက္တာနဲ႔ ေရွာင္ေဖာ့လန္က စိတ္မၾကည္ေတာ့ဘူးဆိုတာ ခ်န္က်င့္ရႊယ္ နားလည္လိုက္တယ္။
ခ်န္က်င့္ရႊယ္က လုံးဝကို အေလးအနက္နဲ႔ ေျပာေနတယ္။ "နားေထာင္မေကာင္းလို႔ မဟုတ္ပါဘူး၊ မင္းနဲ႔ လုံးဝ မလိုက္ဖက္လို႔ပါ။ ဒီအတိုင္း စဥ္းစားၾကည့္လိုက္ေလ၊ မင္းက အရမ္း စြမ္းအားႀကီးၿပီး ျမင့္ျမတ္တဲ့ပုံလည္းေပါက္၊ ခန႔္ညားၿပီး ဟိတ္ဟန္ထည္ထည္ဝါဝါနဲ႔ကို ဒီနာမည္က မင္းရဲ့ အျပတ္မိမိုက္ေနတဲ့ ေခ်ာေမာမွုကို ပုံမေဖာ္ေပးနိုင္ဘူး"
ေရွာင္ေဖာ့လန္က ပထမပိုင္းကို ၾကားလိုက္တုန္းက အရင္ဆုံး မ်က္ေမွာင္ၾကဳတ္သြားတယ္။ သူက ဒီနာမည္ကို အသားက်ေနၿပီကို အခုမွ ခ်န္က်င့္ရႊယ္က မသင့္ေတာ္ဘူးလို႔ ေျပာေနတာလား။
ဒါေပမဲ့ ေနာက္ပိုင္းကို ၾကားလိုက္ရေတာ့ ေရွာင္ေဖာ့လန္က ေခါင္းညိတ္လက္ခံလိုက္ရေတာ့တယ္။
ခ်န္က်င့္ရႊယ္ေျပာစရာရွိသမၽွကို နားေထာင္ၿပီးသြားတဲ့ေနာက္ ေရွာင္ေဖာ့လန္က လုံးဝကို ေက်နပ္အားရသြားတဲ့ပုံနဲ႔ ေျပာတယ္။ "ခင္ဗ်ားေျပာတာ ဟုတ္တယ္၊ ကၽြန္ေတာ့္နာမည္ကို ေျပာင္းပစ္ရမယ္"
မိစၧာငယ္ကၽြန္ေလးက သူ႔ကို နားလည္တာပဲ။
ေရွာင္ေဖာ့လန္က ခ်န္က်င့္ရႊယ္ကို လက္ခံသေဘာတူသလို ၾကည့္လိုက္တယ္။ အဲဒီေနာက္ေတာ့ ကၽြမ္းက်ိဳးဘက္ကို လွည့္ၿပီး ေမၽွာ္လင့္ခ်က္အျပည့္နဲ႔ ေမးလိုက္တယ္။ "သခင္ ကၽြန္ေတာ့္ကို ဘယ္လိုေခၚသင့္လဲ"
ခ်န္က်င့္ရႊယ္က သက္ျပင္းေမာႀကီး တိတ္တိတ္ေလး ခ်လိုက္တယ္။
ကၽြမ္းက်ိဳးကလည္း ဒါကို အခ်ိန္ယူၿပီး စဥ္းစားၾကည့္ေနတယ္။
သူ နာမည္ေကာင္းတစ္ခု မစဥ္းစားရေသးခင္ ေရွာင္ေဖာ့လန္က တဲ့တိုး ေျပာလာတယ္။ "ကၽြန္ေတာ့္ကို ရွုန္ပါ့တ်န္းရွ လို႔ပဲ ေခၚလိုက္ပါလား" (*တိုက္ရိုက္ပဲ ကမၻာႀကီးကို ႀကီးစိုးျခယ္လွယ္တယ္လို႔ အဓိပၸါယ္ရတယ္)
ခ်န္က်င့္ရႊယ္: "???"
ဝမ္ေရွာင္းယြင္: ".........."
ေခ်ာက္ခ်ားစရာအေကာင္းဆုံးကေတာ့ ကၽြမ္းက်ိဳးက အဲဒီနာမည္ကို မသင့္ေတာ္ဘူးလို႔ လုံးလုံး မထင္တဲ့ပုံပဲ။ သူက အေလးအနက္ထားၿပီးေတာင္ စၿပီး စဥ္းစားေပးေနေသးတယ္။ "ဒါေပမဲ့ စကားလုံးေလးလုံးနဲ႔ နာမည္က မရွည္လြန္းဘူးလား"
ခ်န္က်င့္ရႊယ္: "မဟုတ္ေသးဘူးေလ က်ိဳးက်ိဳး အခုျဖစ္ေနတဲ့ ျပႆနာက နာမည္ရဲ့အရွည္မဟုတ္ဘူးေလ"
ဒါႀကီးက ဘယ္လိုနာမည္ႀကီးလဲ!
ေရွာင္ေဖာ့လန္က မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ "ဒီနာမည္က ကၽြန္ေတာ့္ရဲ့ ခမ္းနားႀကီးက်ယ္မွုကို မေဖာ္ျပနိုင္ေသးဘူးလား"
ခ်န္က်င့္ရႊယ္က သူ႔ရဲ့ အခုေလးတင္ ေျမႇာက္ပင့္ေျပာစကားကို ျပန္စဥ္းစားမိသြားၿပီး ခ်က္ခ်င္းဆိုသလို သူ႔ပါးစပ္ေထာင့္ေတြက တြန႔္သြားေတာ့တယ္။
မင္းက တကယ္ႀကီး ငါေျပာတာကို ယုံသြားတာလား!
ဒါေပမဲ့ ကၽြမ္းက်ိဳးက အရမ္း သည္းခံနိုင္စြမ္းရွိတယ္။ ေရွာင္ေဖာ့လန္ သေဘာက်ေနမွေတာ့ ေနာက္ၿပီး မိစၧာတစ္ေကာင္အေနနဲ႔ ထူးဆန္းတဲ့နာမည္ရွိတာက ေတာ္ေတာ္ေလး သာမန္ပါပဲ။ အေရးအႀကီးဆုံးက သူတို႔ကိုယ္တိုင္ သေဘာက်မက်ပါပဲ။
ေရွာင္ေဖာ့လန္ သေဘာက်ရင္ က်ိဳးက်ိဳးကလည္း ကန႔္ကြက္မွာမဟုတ္ဘူး။
အဆုံးမွာေတာ့ တူထုၿပီး ေရွာင္ေဖာ့လန္ရဲ့နာမည္ကို သတ္မွတ္ေပးလိုက္တဲ့သူက ဝမ္ေရွာင္းယြင္ပဲ ျဖစ္သြားတယ္။ "ကၽြမ္းေဖာ့၊ ဟူေဖာ့ရဲ့ ေဖာ့ ။ ေရွာင္ေဖာ့လန္ရဲ့ ေဖာ့နဲ႔လည္း အသံထြက္အတူတူပဲ" (ဟူေဖာ့ - ပယင္း)
ကၽြမ္းက်ိဳးရဲ့ မ်က္လုံးေတြက တဖ်တ္ဖ်တ္လတ္သြားတယ္။ "ပယင္းက သတၱိ၊ ေပ်ာ္ရႊင္မွုနဲ႔ အသက္ရွည္မွုကို ကိုယ္စားျပဳတယ္။ ျဖဴစင္မွုႏွင့္ ၾကည္လင္မွုလို႔လည္း အဓိပၸါယ္ရတယ္ဆိုေတာ့ နာမည္ေကာင္းပဲ"
ေရွာင္ေဖာ့လန္ရဲ့ မိစၧာသ႐ုပ္နဲ႔လည္း ကိုက္ညီမွုရွိတဲ့အျပင္ အဓိပၸါယ္လည္း ေကာင္းတယ္။
ကၽြမ္းက်ိဳးက ဝမ္ေရွာင္းယြင္ကို မ်က္လုံးေတြထဲမွာ "အရမ္း မိုက္တာပဲ" ဆိုတဲ့ အဓိပၸါယ္အျပည့္နဲ႔ ေမာ့ၾကည့္လာတယ္။
ဝမ္ေရွာင္းယြင္က မသိမသာေလး ရယ္လိုက္ၿပီး ကၽြမ္းက်ိဳးရဲ့ လက္ကို ကိုင္ထားတယ္။
ဒီလူႏွစ္ေယာက္ရဲ့ ခ်စ္ၾကည္ႏူး တစ္တီတူးေနတဲ့ ေလထုကို ၾကည့္ၿပီး ခ်န္က်င့္ရႊယ္က တကယ္ တအားကို ခ်ဥ္စူးလာတယ္။
ပထမကေတာ့ ေရွာင္ေဖာ့လန္က ဒီနာမည္ကို သိပ္မႀကိဳက္လွဘူး။ သူ႔သခင္ရဲ့ ရွင္းလင္းျပမွုကို ၾကားလိုက္ၿပီးေနာက္ ေရွာင္ေဖာ့လန္က စိတ္ေျပာင္းသြားၿပီး တကယ္ ေတာ္ေတာ္ေလး ေကာင္းတယ္လို႔ ထင္သြားတယ္။ အဲဒါေၾကာင့္ သူက အင္တင္တင္နဲ႔ပဲ သူ႔နာမည္ကို လက္ခံလိုက္တယ္။
အေရးအႀကီးဆုံးက သူ သခင္နဲ႔ မ်ိဳးရိုးနာမည္အတူတူ ရေတာ့မယ္။ ဒါက အရင္ကထက္ ေသခ်ာေပါက္ ပိုေကာင္းတာေပါ့။
ဝမ္ေရွာင္းယြင္ တည္ေဆာက္ေပးခဲ့တာဆိုေပမဲ့ ဘာျဖစ္လို႔ ဝမ္ေရွာင္းယြင္ရဲ့ မ်ိဳးရိုးနာမည္ မဟုတ္ဘဲ ကၽြမ္းက်ိဳးနဲ႔ အတူတူျဖစ္ေနရတာကေတာ့.... ရွင္းျပစရာေရာ လိုပါ့မလား။
သူ႔ကို ဝမ္ေရွာင္းယြင္ရဲ့ မ်ိဳးရိုးနာမည္ ယူခိုင္းရဲတဲ့ ဘယ္သူမဆို သူက တိုက္ခိုက္လိမ့္မယ္။
ေရွာင္ေဖာ့လန္ မဟုတ္ဘူး ကၽြမ္းေဖာ့ရဲ့နာမည္က ဒီလိုနဲ႔ပဲ ေျပလည္သြားေတာ့တယ္။ မွတ္ပုံတင္ေလၽွာက္ထားဖို႔ တာဝန္ကေတာ့ ခ်န္က်င့္ရႊယ္စီပဲ ေရာက္လာတယ္။
"အိုး ဟုတ္သားပဲ ေဘာ့စ္" ခ်န္က်င့္ရႊယ္က တစ္ခုခုကို ႐ုတ္တရက္ စဥ္းစားမိသြားၿပီး ဝမ္ေရွာင္းယြင္ကို ေျပာတယ္။ "ေဘာ့စ္ ဒီရက္ပိုင္း စစ္တပ္ကို မသြားရေသးဘူးမလား၊ တီးဝမ္ရဲ့ အမွု ရလဒ္ ထြက္လာၿပီ"
ဝမ္ေရွာင္းယြင္က တီးဝမ္ ဘယ္လို အက်ိဳးဆက္မ်ိဳးနဲ႔ ၾကဳံခဲ့ရလဲဆိုတာကို စိတ္မဝင္စားဆုံးပဲ၊ ဘာလို႔လဲဆိုေတာ့ အားလုံးက သူ႔ႀကိဳတင္ခန႔္မွန္းထားတဲ့ေဘာင္အတြင္းမွာပဲ ရွိလိမ့္မယ္။
အဖြဲ႕ခ်ဳပ္က ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အတူတူ အလုပ္လုပ္ခ်င္ခဲ့တာဆိုေတာ့ အလိုအေလ်ာက္ဆိုသလို သူတို႔က သူ႔ကို "ေက်နပ္အားရဖြယ္" အေျဖကိုပဲ ေပးမွာပါပဲ။
ဝမ္ေရွာင္းယြင္ စိတ္ဝင္စားမွုမရွိတာကို ျမင္လိုက္ရေတာ့ ခ်န္က်င့္ရႊယ္က ဝမ္ေရွာင္းယြင္ မသိခ်င္ဘူးဆိုတာကို သိလိုက္တယ္။ ဒါေပမဲ့လည္း သူက ေျပာလိုက္ေသးတယ္။ "ကၽြန္ေတာ္ေျပာခ်င္တာက ဘာမွန္းမသိတဲ့ အေၾကာင္းျပခ်က္ေၾကာင့္ တီးဝမ္က ႐ုတ္တရက္ႀကီး အလြန္အက်ဴးကို ကံဆိုးလာတာ။ အမွုရဲ့ ရလဒ္မထြက္လာခင္မွာပဲ သူ႔ရဲ့ စိတ္စြမ္းအားက ဓာတ္ေရာင္ျခည္အဆိပ္သင့္သြားတယ္။ အေၾကာင္းျပခ်က္တခ်ိဳ႕ေၾကာင့္ သူ႔ကို ယာယီထိန္းသိမ္းထားတဲ့ေနရာက... ၾကမ္းျပင္က ႐ုတ္တရက္ႀကီး ကၽြံက်သြားတယ္။ သူက ေျမေအာက္ေရဆိုးပိုက္ထဲကို က်သြားတာ။ သူ႔ကို ေစာင့္ၾကပ္ေနတဲ့ အေစာင့္ေတြက သူမရွိေတာ့ကို သတိထားမိဖို႔ ေတာ္ေတာ္ အခ်ိန္ယူလိုက္ရတယ္။ သူတို႔ ေနာက္ဆုံး သူ႔ကို ျပန္ဆြဲတင္လိုက္ေတာ့ သူ႔တစ္ကိုယ္လုံးက အလြန္ ဆိုးဆိုးရြားရြားကို ညစ္ပတ္နံေစာ္ေနတယ္လို႔ ေျပာၾကတာပဲ။ အဲဒီအက်ဥ္းခန္းေနရာႀကီး တစ္ခုလုံးကို ေရေမႊးေတြ အျပည့္သယ္လာတဲ့ ေလယာဥ္နဲ႔ ဖ်န္းတာေတာင္မွပဲ အနံ့က ေလ်ာ့မသြားဘူးတဲ့...."
ခ်န္က်င့္ရႊယ္ေျပာေလေလ ပိုၿပီး စိတ္လွုပ္ရွားလာေလေလပဲ။ တီးဝမ္ ကံဆိုးမိုးေမွာင္က်ေလေလ ခ်န္က်င့္ရႊယ္က ပိုေပ်ာ္ေလေလပဲ။
သူက ေျပာရင္းေျပာရင္းနဲ႔ ေရွာင္ေဖာ့လန္နဲ႔ ဝမ္ေရွာင္းယြင္ ႏွစ္ေယာက္လုံးက ကၽြမ္းက်ိဳးကို လွမ္းၾကည့္ေနတာကို ေတြ႕လိုက္ရတယ္။
မဟုတ္ေသးပါဘူး။ သူတို႔က တီးဝမ္အေၾကာင္း ေျပာေနတာမဟုတ္ဘူးလား။ ဘာလို႔ ကၽြမ္းက်ိဳးကို ၾကည့္ေနၾကတာလဲ။
ခ်န္က်င့္ရႊယ္ကလည္း လွမ္းၾကည့္လိုက္တယ္။ ႐ုတ္တရက္ သူက တစ္ခုခု အလင္းေပါက္သြားတယ္။
"အိုး ေသာက္က်ိဳးနည္း က်ိဳးက်ိဳး မဟုတ္မွလြဲေရာ မင္းလား....."
သူက ထူးထူးဆန္းဆန္း သူ႔ရဲ့ အတိတ္က ကံဆိုးမွုအေၾကာင္းကို အမွတ္ရသြားတယ္။
တစ္ထပ္တည္း တူေနတာမဟုတ္ဘူးလား!
ကၽြမ္းက်ိဳးက သူ႔ႏွာေခါင္းကို ကသိကေအာက္နိုင္စြာ ပြတ္လိုက္တယ္။ "ဘာလို႔ ကၽြန္ေတာ့္ကို ဒီလိုၾကည့္ေနရတာလဲ။ ကၽြန္ေတာ္လည္း မသိဘူး...."
သူက ခဏစဥ္းစားၾကည့္လိုက္ၿပီးေတာ့ ေျပာတယ္။ "ဒါေပမဲ့ သူနဲ႔ အဲဒီဘယ္ရြန္က ကၽြန္ေတာ့္ကို အႏၲရာယ္ျပဳဖို႔ အႀကိမ္ႀကိမ္ ႀကိဳးစားဖူးတယ္။ ဆိုေတာ့ သူတို႔ေတြ ကံဆိုးမိုးေမွာင္က်တာ အထူးအဆန္းေတာ့ မဟုတ္ပါဘူး။ သူတို႔ေတြက ဘာကိုမွ ကိုယ္တိုင္ မလုပ္ဖူးဘူး။ သူတို႔လက္ေအာက္ကလူေတြကိုပဲ လႊတ္ၿပီး လုပ္ခိုင္းခဲ့တာ။ တုံ႔ျပန္မွုက နည္းနည္းေတာ့ ေႏွးရင္ေႏွးလိမ့္မယ္။ အဲဒါေၾကာင့္လည္း သူတို႔ေတြ အခုမွ စၿပီး ကံဆိုးတာေနမယ္...."
သို႔ေသာ္ တီးဝမ္ေတာင္ စၿပီး ကံဆိုးေနၿပီဆိုရင္ အဲဒီဘယ္ရြန္ေပၚသြင့္လည္း သိပ္ၿပီး မလိုေတာ့ပါဘူး။
ဘယ္ရြန္ေပၚသြင့္နဲ႔ တီးဝမ္ အနာဂတ္မွာ တစ္ခုခု စီစဥ္ထားလားဆိုတာကို ဂ႐ုစိုက္ေနဖို႔ မလိုေတာ့ဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔ကိုယ္သူတို႔ေတာင္ ေဘးကင္းေအာင္ေနဖို႔ ေတာ္ေတာ္ ခက္ခဲလိမ့္မယ္။
ထူးထူးဆန္းဆန္း ေက်ာခ်မ္းသြားၿပီး ခ်န္က်င့္ရႊယ္က ကၽြမ္းက်ိဳးကို ထိတ္လန႔္တၾကား ၾကည့္လိုက္တယ္။ "က်ိဳးက်ိဳး အဲဒါဆို ဘာလို႔ မင္းကို ထိခိုက္ေအာင္ လုပ္ခ်င္တဲ့လူေတြ အကုန္လုံးက.... ဆိုးဆိုးရြားရြား ၾကဳံရတာလဲ"
ခ်န္က်င့္ရႊယ္က သူ အဲဒီလိုမ်ိဳး မေမးလိုက္သင့္ဘူးလို႔ ခံစားလိုက္ရတယ္။
ဘာလို႔လဲဆိုေတာ့... ခံစားခ်က္က က်ိဳးက်ိဳးက လူေတြကို သူ႔အလိုအတိုင္းသာ လုပ္ေဆာင္ခြင့္ျပဳၿပီး သူ႔ကို ဆန႔္က်င္ခြင့္မေပးတဲ့ ေၾကာက္မက္ဖြယ္ရာ တည္ရွိမွုႀကီးလိုမ်ိဳး ျဖစ္ေနလို႔ပဲ။
ကၽြမ္းက်ိဳးကေတာ့ သူ ဒီလို ဘြင္းဘြင္းရွင္းရွင္း ေမးလိုက္လို႔ စိတ္မဆိုးဘူး။ သူက ဒီေမးခြန္းကို အတည္အတံ့ အခ်ိန္ယူၿပီး စဥ္းစားလိုက္ၿပီး ေျပာတယ္။ "နတ္ဘုရားေတြအားလုံးက ကၽြန္ေတာ့္ကို ကာကြယ္ၿပီး ေကာင္းခ်ီးေပးေနလို႔ ျဖစ္နိုင္တယ္"
ခ်န္က်င့္ရႊယ္က သူ႔စကားေတြကို သိပ္ေတာ့ နားမလည္ဘူး။
ဒါေပမဲ့ ဝမ္ေရွာင္းယြင္ကေတာ့ ဒီစကားကို ၾကားေတာ့ ႏွလုံးသားထဲမွာ နာက်င္သြားတယ္။
ပြင့္ပြင့္လင္းလင္းေျပာရရင္ နတ္ဘုရားေတြအကုန္လုံးက သူ႔ကို ကာကြယ္ေပးလို႔ မဟုတ္ဘူး။ က်ိဳးက်ိဳးက နတ္ဘုရားေတြအကုန္လုံးရဲ့ ယုံၾကည္မွုေတြ အကုန္လုံးကို ထမ္းပိုးထားရလို႔ပဲ။
က်ိဳးက်ိဳးဆိုတဲ့ နတ္ဘုရားတစ္ပါးကို မထီမဲ့ျမင္ျပဳမိရင္ နတ္ဘုရားေတြအားလုံးကို ထိပါးတာနဲ႔ အတူတူပဲ။
နတ္ဘုရားတစ္ပါးကို မထီမဲ့ျမင္ျပဳမိတာက မဆိုးဘူး။ နတ္ဘုရားေတြအားလုံးကို မထီမဲ့ျမင္ျပဳတာကိုေတာင္ သင့္ကို ဆက္တိုက္ ကံဆိုးေအာင္ လုပ္႐ုံပဲဆိုတာက ေတာ္ေတာ္ေလး သက္ညႇာရာေရာက္ေနၿပီ။
ဘာလို႔လဲဆိုေတာ့ က်ိဳးက်ိဳးက နတ္ဘုရားေတြအားလုံး ျပန္လာနိုင္ဖို႔ ေမၽွာ္လင့္ခ်က္ကို ထမ္းပိုးထားရတာေၾကာင့္ပဲ။
တကယ္လို႔ သူသာ တစ္ခုခုျဖစ္သြားခဲ့ရင္ ဒီကမၻာႀကီးမွာ နတ္ဘုရားဆိုတာ ရွိေတာ့မွာမဟုတ္ဘူး။
ဒါေၾကာင့္ အလိုအေလ်ာက္ဆိုသလို က်ိဳးက်ိဳးကို ထိခိုက္ေအာင္လုပ္ခ်င္တဲ့သူေတြက ထူးဆန္းအံ့ဖြယ္ ရွင္းမျပနိုင္ေလာက္ေအာင္ နတ္ဘုရားေတြအားလုံးရဲ့ "ပစ္မွတ္" ျဖစ္သြားေတာ့တာပဲ။
စဥ္းစားၾကည့္မယ္ဆိုရင္ တကယ္လို႔ နတ္ဘုရားေတြအားလုံးက သင့္ကို 'ပစ္မွတ္'ထားေနတယ္ဆိုမွေတာ့ သင့္ရဲ့ေန႔ရက္ေတြက ေကာင္းပါေတာ့မလား။
ဝမ္ေရွာင္းယြင္က က်ိဳးက်ိဳးကို ဝမ္းနည္းေစတဲ့ ဒီလိုအရာေတြ မေဆြးေႏြးေစခ်င္ဘူး။ သူက စကားလမ္းေၾကာင္းကို တန္းၿပီး ေျပာင္းလိုက္တယ္။ "ငါ့ရဲ့ ေလာင္ခ်န္ေရ အရွင္မင္းျမတ္ကို အစီရင္ခံစာတစ္ေစာင္ သြားပို႔ေခ်"
ခ်န္က်င့္ရႊယ္: "ဘာအစီရင္ခံစာလဲ"
ဝမ္ေရွာင္းယြင္: " အရွင့္ကို တတ္နိုင္သမၽွျမန္ျမန္ ၾကယ္တာရာအစုအေဝးဆိုင္ရာ မဟာမိတ္အဖြဲ႕အစည္းနဲ႔ ဆက္သြယ္ၿပီး အတည္ျပဳခိုင္းလိုက္၊ တကယ္လို႔ အင္ပါယာကလူေတြသာ ကမၻာကို အရင္ေတြ႕ခဲ့ရင္ အင္ပါယာက ကမၻာကို အပိုင္ရမလားဆိုတာကို"
ခ်န္က်င့္ရႊယ္က ထိတ္လန႔္သြားတယ္။ "ဘာ ကမၻာလား မျဖစ္နိုင္တာ ေဘာ့စ္ ကမၻာေျမႀကီးအေၾကာင္း ေျပာေနတာပါေနာ္"
ဝမ္ေရွာင္းယြင္က စိတ္ေအးလက္ေအးနဲ႔ "ဒါကိုသာ အရွင့္ကို သြားၿပီး အစီရင္ခံလိုက္"
ခ်န္က်င့္ရႊယ္ရဲ့ ေမးရိုးက ျပဳတ္က်ေတာ့မတတ္ပဲ။ "ကမၻာက ေပ်ာက္ကြယ္သြားၿပီ မဟုတ္ဘူးလား။ မဟုတ္ေသးပါဘူး ကမၻာႀကီးက အာကာသတြင္းနက္ႀကီးတစ္ခုရဲ့ စုပ္ယူတာကို ခံလိုက္ရတယ္လို႔ ေျပာတဲ့လူေတြေတာင္ ရွိေသးတယ္.... ေဘာ့စ္ မဟုတ္မွ ကမၻာကို ရွာေတြ႕သြားတာလား"
ဝမ္ေရွာင္းယြင္ကေျပာတယ္။ "ငါ မဟုတ္ဘူး"
သူက ကၽြမ္းက်ိဳးကို ၾကည့္လိုက္ၿပီး တိုးဖြစြာ ေျပာတယ္။ "က်ိဳးက်ိဳး ေတြ႕တာ"
ကၽြမ္းက်ိဳးက အခုလက္ရွိ ေခါင္းငုံ႔ၿပီး သူ႔လည္ပင္းက ယုံၾကည္မွုစုေဆာင္းတဲ့ပစၥည္းေလးကို ၾကည့္ရင္း တစ္ခုခုကို စဥ္းစားေနတယ္။
ဝမ္ေရွာင္းယြင္ရဲ့ စကားကိုလည္း ၾကားေရာ၊ ေခါင္းကို နည္းနည္း ေမာ့လိုက္ၿပီး ဝမ္ေရွာင္းယြင္နဲ႔ အၾကည့္ခ်င္း ဖလွယ္လိုက္တယ္။ ၿပီးေတာ့ ရယ္ျပလိုက္တယ္။ "ကၽြန္ေတာ္ ကမၻာဘယ္မွာရွိလဲဆိုတာ သိတယ္"
ဒီကမၻာမွာ သိတဲ့သူက သူတစ္ေယာက္တည္းပဲ ျဖစ္လိမ့္မယ္။
ခ်န္က်င့္ရႊယ္က ဇေဝဇဝါနဲ႔ ထြက္သြားတယ္။
သူက ဒီအေၾကာင္း သူအစီရင္ခံလိုက္တာနဲ႔ ဧကရာဇ္ကလဲ(ရ္) ထိတ္လန႔္တၾကားျဖစ္သြား႐ုံတင္မကဘူး။ စၾကဝဠာတစ္ခုလုံးက အံ့အားသင့္သြားၾကလိမ့္မယ္လို႔ ခံစားေနရတယ္။
ထင္တဲ့အတိုင္းပဲ။
သူက အစီရင္ခံစာကို အထက္ကို တင္ေပးလိုက္တာနဲ႔ နန္းေတာ္ကေန ဧကရာဇ္ကလဲ(ရ္)က သူ႔ကိုေတြ႕ခ်င္တယ္ဆိုၿပီး မက္ေဆ့ေရာက္လာတယ္။
ဒါေပမဲ့ သူေတာင္ နန္းေတာ္ကို မဝင္ရေသးဘူး။ ဧကရာဇ္ကလဲ(ရ္)က ၿငိမ္ၿငိမ္ထိုင္မေနနိုင္ေတာ့ဘဲ ကိုယ္တိုင္ကိုယ္က် နန္းေတာ္ကေန ထြက္လာၿပီး သူတို႔ကို လာေတြ႕တယ္။
သူတို႔ကိုေတြ႕တာနဲ႔ သူက မလိုအပ္တဲ့လူေတြအကုန္လုံးကို ေမာင္းထုတ္လိုက္တယ္။ ပထမဆုံး ဧကရာဇ္ကလဲ(ရ္) ေျပာတဲ့စကားက လိုရင္းကို တန္းၿပီးေျပာတာပဲ "မင္းတို႔ေတြ ကမၻာကို ရွာေတြ႕ၿပီလား"
ကၽြမ္းက်ိဳးက ေျပာတယ္။ "အင္း ကၽြန္ေတာ္ ဘယ္မွာလဲဆိုတာ သိၿပီ"
ဧကရာဇ္ကလဲ(ရ္)က အလ်င္စလိုနဲ႔ ေမးတယ္။ "ဘယ္မွာလဲ"
ကၽြမ္းက်ိဳးက သူ႔ကို ၾကည့္လိုက္ေပမဲ့ စကားေတာ့ မေျပာဘူး။
သူက မေျပာခ်င္တာေတာ့မဟုတ္ဘူး။ ဒါေပမဲ့ ဧကရာဇ္ကလဲ(ရ္)က ကမၻာနဲ႔ပတ္သက္ၿပီး ဘယ္လိုခံစားခ်က္မ်ိဳး ရွိလဲဆိုတာ သူမသိဘူး။
စၾကဝဠာတစ္ခုလုံး ကမၻာနဲ႔ပတ္သက္ၿပီး ဘယ္လိုခံစားရလဲဆိုတာဆိုရင္ ပိုဆိုးေပါ့။
ဧကရာဇ္ကလဲ(ရ္)က ထိတ္ထိတ္ျပာျပာျဖစ္ေနတယ္။ "လုပ္ပါ ေျပာၾကစမ္း။ ကမၻာ ဘယ္မွာလဲ။ ဘယ္လိုလုပ္ၿပီး ရွာေတြ႕တာလဲ။ ကမၻာအေၾကာင္းေျပာေနတာ ေသခ်ာရဲ့လား"
ဝမ္ေရွာင္းယြင္က ကၽြမ္းက်ိဳးကို သူ႔ေနာက္ကို ဆြဲသြင္းလိုက္ၿပီး စိတ္မေက်မနပ္နဲ႔ ေျပာတယ္။ "ဦးရီးေတာ္ကလဲ(ရ္) သူ႔ကို အနိုင္မက်င့္ပါနဲ႔"
ဧကရာဇ္ကလဲ(ရ္): "..........."
ဝမ္ေရွာင္းယြင္ သူ႔ကို ဦးရီးေတာ္လို႔ေခၚတာ ၾကားရဖို႔ အရမ္းခဲယဥ္းတယ္။ ဒီကေလးက ဘယ္တုန္းကမွ သူနဲ႔ ဆက္ဆံေရးကို ေဖာ္ထုတ္ၿပီး ရာထူးအဆင့္အတန္းေတြရဖို႔ မလုပ္ခ်င္ခဲ့တဲ့အျပင္ အျမဲတေစ ရိုးရိုးမွန္မွန္နဲ႔ ေျဖာင့္မတ္တရားနည္းလမ္းက်က်ပဲ ေနခဲ့တယ္။
အခုေတာ့ ၾကည့္ပါဦး ေနာက္ဆုံးေတာ့ သူ႔ကို ဦးရီးေတာ္လို႔ ေခၚၿပီ။ ဒါေပမဲ့ အဲဒါကလည္း သူ႔ကို ကၽြမ္းက်ိဳးကို အနိုင္မက်င့္ဖို႔ ေျပာဖို႔အတြက္ေလးနဲ႔။
သူက ဘယ္မွာ အနိုင္က်င့္လို႔လဲ။
သူက စိတ္ေလာသြား႐ုံေလးကို!
ေျပာရမယ္ဆိုရင္ ဒါက ကမၻာေလ!
လူသားမ်ိဳးႏြယ္အကုန္လုံးအတြက္ အမိေျမၿဂိဳလ္ေလ!
တကယ္ပဲ ဒါက ေပ်ာက္သြားတဲ့ ကမၻာသာဆိုရင္ ကမၻာ ျပန္ေပၚလာတဲ့သတင္းက ေသခ်ာေပါက္ စၾကဝဠာတစ္ခုလုံးကို ထိတ္လန႔္သြားေစမွာပဲ!
အခုလက္ရွိ လူသားေတြက စၾကဝဠာေတြထဲမွာ မတူညီတဲ့ နိုင္ငံေတြအမ်ိဳးမ်ိဳး တည္ေထာင္ၿပီးသြားၿပီ။ ဒါေပမဲ့ ဒီေလာက္အခ်ိန္အၾကာႀကီး ေက်ာ္လြန္သြားတယ္ဆိုရင္ေတာင္ ကမၻာ့အေၾကာင္းေျပာတဲ့အခါတိုင္း လူသားေတြက သူတို႔ႏွလုံးသားထဲမွာ ထူးျခားတဲ့ခံစားခ်က္တစ္ခုကို အျမဲတမ္း ခံစားရမွာပဲ။
ျဖစ္နိုင္တာကေတာ့ သူတို႔ေတြရဲ့ ဘိုးေဘးေတြက အတိတ္တုန္းက ဘယ္လိုၿဂိဳလ္မ်ိဳးမွာ ေနထိုင္ခဲ့လဲဆိုတာကို သိခ်င္တာေၾကာင့္ပဲ ျဖစ္မယ္။
သမိုင္းအေထာက္အထားေတြရဲ့ ေဖာ္ျပခ်က္ေတြအကုန္လုံးမွာ အမိၿဂိဳလ္ကမၻာေျမႀကီးက အလွပဆုံးနဲ႔ အဆန္းက်ယ္ဆုံးၿဂိဳလ္တစ္လုံးပဲ။ သူတို႔ရဲ့မ်က္လုံးနဲ႔ တပ္အပ္မျမင္ခ်င္တဲ့သူ ဘယ္သူရွိမွာလဲ။ သူက လူေတြအားလုံးကို သူတို႔ရဲ့စိတ္ကူးေတြနဲ႔ပဲ ခ်န္ထားခဲ့ၿပီး ေပ်ာက္သြားခဲ့တာ။
တကယ္လို႔ ဧကရာဇ္ကလဲ(ရ္)က ဝမ္ေရွာင္းယြင္က ဒီလိုအေရးႀကီးတဲ့အရာမ်ိဳးနဲ႔ ေနာက္ေျပာင္မွာမဟုတ္ဘူးဆိုတာကို သိမထားရင္ ကလဲ(ရ္)က သူတို႔တကယ္ ကမၻာကို ရွာေတြ႕တယ္ဆိုတာ ဘယ္ေတာ့မွ ယုံမွာမဟုတ္ဘူး။
ဒါေပမဲ့ သူက သိေနလို႔ပဲ သူက အရမ္း စိတ္လွုပ္ရွားေနတာေလ!
တကယ္ တကယ္လို႔ သူတို႔ေတြ တကယ္ ကမၻာကို ျပန္ရွာေတြ႕တယ္ဆိုရင္ စၾကဝဠာထဲက လူသားမ်ိဳးႏြယ္အကုန္လုံးက သူ႔လက္ထက္မွာ အႀကီးက်ယ္ဆုံးသမိုင္းဝင္အခိုက္အတန႔္တစ္ခုကို မ်က္ျမင္ၾကဳံေတြ႕လိုက္ရမွာေပါ့!
ကလဲ(ရ္)က အသက္ကို ျပင္းျပင္းတစ္ခ်က္ရွုသြင္းလိုက္ၿပီး သူ႔ကိုယ္သူ နည္းနည္းပိုၿပီး ေဖာ္ေရြတဲ့ပုံေပါက္ေအာင္ ႀကိဳးစားၿပီး ေျပာတယ္။ "အိုေက အိုေက ငါ အနိုင္မက်င့္ေတာ့ဘူး။ အနိုင္မက်င့္ေတာ့ဘူး။ မင္းတို႔ေတြ တကယ္ပဲ ကမၻာဘယ္မွာလဲဆိုတာ သိတယ္လား။ ဘယ္လိုလုပ္ ရွာေတြ႕တာလဲ"
ဝမ္ေရွာင္းယြင္က က်ိဳးက်ိဳးကိုယ္စား ေျဖေပးလိုက္တယ္။ "ကၽြန္ေတာ္တို႔ ဘယ္လိုရွာေတြ႕လဲဆိုတာ ေလာေလာဆယ္ေတာ့ ေျပာျပလို႔မရဘူး။ ဒါေပမဲ့ ဒါက ေသခ်ာေပါက္ ကမၻာပါ။ အရွင္ ကၽြန္ေတာ္ စစ္သေဘၤာနဲ႔ ခရီးေဝးတစ္ခုသြားဖို႔ ေလၽွာက္ထားခ်င္ပါတယ္"
ဝမ္ေရွာင္းယြင္က လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္ကမွ "အနားယူဖို႔" အတင္းအက်ပ္ခိုင္းေစခံခဲ့ရတာ။ အခုသူက စစ္သေဘၤာဝီဗန္ကို သုံးခ်င္တယ္ဆိုေတာ့ ေသခ်ာေပါက္ ေတာင္းဆိုဖို႔ လိုလာၿပီ။
ကလဲ(ရ္)က ေနာက္တစ္ခါ ရွိုက္သြင္းလိုက္ၿပီး "အိုေက ခြင့္ျပဳတယ္ ဒါေပမဲ့ ေရွာင္းယြင္ ဒါက အလြန္အေရးႀကီးတဲ့ ကိစၥတစ္ခုေနာ္။ တက္ယ္လို႔ တျခားနိုင္ငံေတြသာ ကမၻာကို ရွာေတြ႕သြားၿပီး ငါတို႔ဆီက အားသုံးၿပီး လုယူခ်င္ခဲ့ရင္...."
ေျပာရမယ္ဆိုရင္ ဒါက တကယ္ပဲ ကမၻာသာဆိုရင္.. ႏွစ္ ၂၀၀၀ ေလာက္ေပ်ာက္ေနခဲ့တဲ့ ကမၻာသာဆိုရင္ ၾကယ္အစုအေဝးဆိုင္ရာမိတ္ဖက္ထဲက ဘယ္နိုင္ငံနဲ႔မွ မသက္ဆိုင္ေတာ့ဘူး။
ႏွစ္ ၂၀၀၀ ေတာင္ ၾကာခဲ့ၿပီပဲ။ ကမၻာရဲ့အေျခအေနက အခု ဘယ္လိုလဲဆိုတာ ဘယ္သူသိမွာလဲ။ ဒီလိုမ်ိဳး အေျခအေနမ်ိဳးမ်ာ ပိုင္ရွင္မရွိတဲ့ၿဂိဳလ္ကို ရွာေတြ႕တဲ့သူက အရင္ဆုံး ရပိုင္ခြင့္ကို ယူလို႔ရတယ္။
သူတို႔မရခင္ တျခားနိုင္ငံေတြ ခိုးသြားတာကို ေသခ်ာေပါက္ လက္သင့္ခံလို႔မျဖစ္ဘူး။
ဒါကိုေတြးၿပီး ကလဲ(ရ္)က သူ႔ေပါင္သူ ရိုက္လိုက္ၿပီး "စစ္သေဘၤာႏွစ္စင္းလုံး ယူသြား တကယ္လို႔ တစ္ေယာက္ေယာက္ မင္းကို တားဆီးဖို႔ႀကိဳးစားရင္ ခ်က္ခ်င္းသာ တိုက္ပြဲဝင္ပစ္လိုက္! အရွုံးမေပးလိုက္နဲ႔!"
ကၽြမ္းက်ိဳးက တျခားနိုင္ငံေတြက ရွာေတြ႕မွာမဟုတ္ဘူး၊ ရွာေတြ႕နိုင္မွာလည္း မဟုတ္ဘူးဆိုတာကို ေျပာျပခ်င္ခဲ့တယ္။
ဒါေပမဲ့ ဧကရာဇ္ကလဲ(ရ္)က ဒီလိုပဲ အတည္ျပဳလိုက္ၿပီ။ ကၽြမ္းက်ိဳးက ဘာတစ္ခုကိုမွ ေျပာရမဲ့ ေနရာမွာမဟုတ္ဘူး။
ငါးရက္အၾကာမွာ လူတိုင္းရဲ့ အံ့အားသင့္ေနတဲ့ အၾကည့္ေတြေအာက္မွာ အင္ပါယာက စစ္သေဘၤာႀကီးႏွစ္စင္းဟာ ထြက္ခြာသြားေတာ့တယ္။
စစ္သေဘၤာတည္ေဆာက္ရတဲ့ စရိတ္က ျမင့္တယ္။ အင္ပါယာေတာင္မွ စုစုေပါင္း ႏွစ္စင္းပဲ ေဆာက္နိုင္တာ။ တကယ္လို႔ စစ္ပြဲႀကီးႀကီးမားမားသာ မရွိဘူးဆိုရင္ စစ္သေဘၤာဆိုတာက ေျပာရရင္ မလိုအပ္ဘူး။
အတိတ္တုန္းက ဝမ္ေရွာင္းယြင္က ၿဂိဳလ္သားအင္းဆက္ေတြနဲ႔ စစ္တိုက္ပြဲတစ္ခု ျဖစ္ေနတာမို႔ သူ စစ္သေဘၤာတစ္စင္း လိုတယ္ဆိုတာ သူတို႔နားလည္ေပးလို႔ရတယ္။
ဒါေပမဲ့ က်န္ခဲ့တဲ့ စစ္သေဘၤာက ၿမိဳ႕ေတာ္ကို ကာကြယ္တဲ့ ေစာင့္ေရွာက္သူပဲ။ အဲဒါကို ေဆာက္လုပ္ၿပီးကတည္းက သူက အျမဲ ၿမိဳ႕ေတာ္ၿဂိဳလ္ကို ေစာင့္ၾကပ္ေပးခဲ့တာ။ အခုေတာ့ အဲဒါလည္း အေဝးကို ပ်ံသြားၿပီ!
ဒီမွာ ဘာေတြျဖစ္ေနၾကတာလဲ!
အထူးသျဖင့္ ႏွစ္စင္းစလုံးကို ေမာင္းႏွင္သြားတဲ့သူက ဝမ္ေရွာင္းယြင္ဆိုတာ လူေတြသိသြားတဲ့အခါ လူေတြအကုန္လုံးက ေတြးၾကမွာပဲ.... ဝမ္ေရွာင္းယြင္က စစ္တပ္တစ္ခုလုံးကို စြန႔္ခြာၿပီး ရန္သူဘက္ကို ကူးသြားတာလား!
......................xxx.....................