Unicode
အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။
[ရှေးခေတ်က လူတွေက ထိန်းထိန်းသိမ်းသိမ်းရှိကြတယ် မဟုတ်လား...?]
စုယန်သည် မျက်ဝန်းကျွန်းဆွယ်ရှိ နေအိမ်သို့ ပြန်ရောက် သောအခါ ပင်ပန်းနွမ်းနယ်နေပြီး ဆာလောင်မှုကြောင့် လျန်ကျိုးအား ညစာပြင်ဆင်ရန် အမိန့်ပေးခဲ့သည်။
ယခု သန်းခေါင်ယံအချိန် နီးကပ်လာပြီဖြစ်သော်လည်း ကုဖေးတိ၏အခန်းထဲတွင် မီးလင်းနေသေးသည်။ စုယန်သည် ခဏတာ စဉ်းစားပြီးနောက် တံခါးခေါက်လိုက်၏။
"အိပ်နေပြီလား?"
ခဏအကြာတွင် အတွင်းနှင့်အလယ် နှစ်ထပ်သာ ဝတ်ဆင်ထားသော ကုဖေးတိက တံခါးကိုဖွင့်လာသည်။ သူက ပြုံးလျက်ဆို၏။
"အိမ်ရှင်ပြန်မလာသေးဘဲ ဧည့်သည်က ဘယ်လိုအိပ်နှင့်ရမှာလဲ"
စုယန်သည် သူ၏ခေတ်နောက်ကျသော အပြုအမူကြောင့် ရယ်နေမိသည်။ သူက ကုဖေးတိ၏လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်၏။
"အရမ်းနောက်ကျနေပြီဆိုတော့ မင်းလဲ ဗိုက်ဆာနေမှာပေါ့။ လာ.. ငါနဲ့ ညစာလာစား၊ မနက်ဖြန်ကျရင် ငါတို့ လမ်းလျှောက်ထွက်ကြမယ်"
ကုဖေးတိက မငြင်းဆိုဘဲ စုယန် သူ့အား ပင်မအိမ်ခန်းထဲကို ဆွဲခေါ်သွားသည်ကို ခွင့်ပြုလိုက်သည်။
မြေရိုင်းလွင်ပြင်၏ ဆောင်းဦးနှောင်းပိုင်းညများသည် ပိုလို့တောင် အေးစိမ့်လာခဲ့သည်။ စုယန်သည် အခန်းအတွင်း၌ မီးသွေးမီးဖိုတစ်ခုကို ပြုလုပ်စေ ခဲ့သည်။ အစေခံများသည် အစားအစာများနှင့် သေရည်ပုလင်းများကို ခင်းကျင်းပေးပြီးနောက် အခန်းထဲမှ ထွက်သွားကြ၏။ သူတို့နှစ်ဦးသည် ဖယောင်းတိုင်မီးရောင်အောက်တွင် နွေးနွေးထွေးထွေး စားသောက်ခဲ့ကြသည်။
ကုဖေးတိသည် အဆိပ်ဖြေခြင်းနှင့်ပတ်သတ်ပြီး မည်သည့်စကားမှ မဟခဲ့ပါ။ ယင်းအစား ပျားရည်နှင့် ဇီးသီးအရသာ ရောစပ်ထားသော အသားကို ချီးကျူးခဲ့ပြီး စုယန်နှင့် အချိန်အတော်ကြာ အစားအသောက်မျိုးစုံအကြောင်း စကားစမြည်ပြောခဲ့သည်။
ရှေးခေတ်က ပြေပြစ်သော အစားအစာချက်ပြုတ်ခြင်း နည်းလမ်းများရှိသော်လည်း ခေတ်သစ်လူ့အဖွဲ့အစည်း၌ ဆန်းသစ်သော အစားအစာများကို စားသုံးလာခဲ့ရသော စုယန်သည် သဘာဝအတိုင်း အသိပညာ ပိုကြွယ်ပေသည်။ ထို့ကြောင့် သူတို့ ထိုအကြောင်းအရာကို စကားစပ်မိသည်နှင့် ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတော့သည်။
ကုဖေးတိသည် စုယန်၏ ထူးထူးခြားခြား ထက်မြက်သော အသွင်အပြင်ကို ကြည့်ကာ ပြုံးလိုက်လေသည်။ သူသည် သေရည်ခွက်ကို ကောက်ယူလိုက်ပြီး ပင်လုံးကြိုင် မွှေးရနံ့ရှိသော သေရည်ကို သောက်သုံးလိုက်သည်။
သေရည်သည် အနည်းငယ်ချိုမြပြီး သိပ်မပြင်းလှသော်လည်း ကုဖေးတိ၏ မျက်လုံးများသည် တဖြည်းဖြည်းမှုန်ဝါးလာ၏။ သိပ်မကြာခင်မှာပင် သူသည် ပါးနှစ်ဖက်ကို လက်ဖြင့် အုပ်လိုက်ပြီး မျက်လုံးတွေကို မှိတ်ထားလိုက်သည်။
စုယန် "......."
ဒါဘယ်လိုဖြစ်နိုင်မှာလဲ? ကျောက်စိမ်းအိမ်တော် မှာတုန်းက ကုဖေးတိက ရွှီယွင်ကျန်းနဲ့အတူ သောက်ခဲ့ဖူးတယ် မဟုတ်လား။ သူ့ရဲ့သောက်နိုင်စွမ်းက ဘာလို့ ဒီလောက်တောင်ချို့တဲ့ရတာလဲ?
ကုဖေးတိသည် ဖြည်းညှင်းစွာ ယိမ်းနွဲ့သွားသည်။ သူ့ရှေ့ရှိ ပန်းကန်များပေါ်သို့ မျက်နှာချင်းဆိုင် မှောက်ကျခါနီး၌ စုယန်သည် သူ့ကို အမြန် လှမ်းထိန်းလိုက်ရလေသည်။
သေရည်မူးပြီး အိပ်ပျော်သွားသော ကုဖေးတိကို မြင်သောအခါ စုယန် သက်ပြင်းချလိုက်ပြီး စားပွဲကိုရှင်းရန် ကြာခန်းမဆောင်မှ အစေခံများကို ခေါ်လိုက်သည်။
သူသည် လက်တစ်ဖက်ကို ကုဖေးတိ၏ ဒူးအောက်တွင် ထားပြီး ကျန်တစ်ဖက်ကို နောက်ကျော၌ထားကာ ပွေ့မလိုက်၏။ ကုဖေးတိအား ဘေးခန်းကို ပြန်ပို့ခါနီးတွင် သူ့ခြေရင်းရှိ မီးသွေးမီးဖိုက ရုတ်တရက် အသံမြည်လာသည်။
မီးတောက်များ တောက်လောင်နေသည်ကို မြင်လိုက်ရသော စုယန်သည် ကုဖေးတိ၏အခန်း၌ အပူမပေးထားသည်ကို သတိရသွားသည်။ ယခု ညနက်နေပြီဖြစ်၍ တစ်ခန်းလုံး အေးခဲနေပေလိမ့်မည်။
ထို့ကြောင့် သူသည် ပြန်လှည့်လိုက်ပြီး ကုဖေးတိအား သူ့အိပ်ခန်းထဲကို တိုက်ရိုက်ခေါ်သွားလိုက်လေ၏။
_မည်သို့ပင်ဆိုစေ သူ့အိပ်ယာက နှစ်ယောက်အိပ်ဖို့ လုံလောက်ပေသည်။
ကုဖေးတိသည် အလွန်အမင်းမူးနေခဲ့သည်။ စုယန်သည် သူ့မျက်နှာကို သန့်စင်ပေးသည်၊ ဆံပင်များကို ဖြည်ပေးပြီး သူ့အဝတ်တွေကိုတောင် ဖယ်ရှားပေး၏။ သို့သော် သူ မည်သည်ကိုမှ မသိနိုင်သေးပေ။
စုယန် ကူကယ်ရာမဲ့စွာဖြင့် ကိုယ်ကိုသန့်စင်ဆေးကြော ပြီးနောက် ကုဖေးတိကို တစ်ဖက်သို့ တွန်းထုတ်ကာ အိပ်ယာဝင်လိုက်တော့သည်။
သေရည်၏ သက်ရောက်မှုကြောင့် စုယန်လည်း လျှင်မြန်စွာ အိပ်ပျော်သွားခဲ့သည်။ သူ၏အသက်ရှူသံ များသည် တဖြည်းဖြည်း နှေးကွေးကာ ပေါ့ပါးသွားလေ၏။
ကုဖေးတိသည် သူ့မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်ပြီး လှည့်ကြည့်လိုက်သည်။ အိပ်ခန်းအပြင်ဘက်ရှိ မှိန်ဖျော့သော ဖယောင်းတိုင်မီး၏ အကူအညီဖြင့် စုယန်၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးကို မြင်နိုင်၏။
အချိန်အတန်ကြာပြီးနောက် ကုဖေးတိသည် စောင်အောက်မှ သူ့လက်ကိုထုတ်ကာ စုယန်၏ နားရွက်ကို တိတ်တဆိတ် ထိတွေ့လိုက်သည်။ သူ၏အေးစက်သောလက်ချောင်းများသည် စုယန်၏ ပါးပြင်နှင့် လည်တိုင်တလျှောက် လျှောဆင်းသွားပြီး သူ၏ပခုံးနှင့် လက်ကို ဖြည်းညှင်းစွာ ဖြတ်သန်းကာ နောက်ဆုံးတွင် သူ၏နွေးထွေးသော လက်ဖဝါးပေါ်သို့ ကျရောက်လာသည်။
ကုဖေးတိသည် စုယန်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။ ဤမှောင်မိုက်သော အခန်းထဲတွင် သူ၏ကြည်နူးသောအပြုံးကို ဖုံးကွယ်ထားရန် မလိုအပ်ပါချေ။
ပင်လုံးကြိုင်သေရည်သည် ချိုမြသော်လည်း မမူးဝေစေပါ။
ယစ်မူးသောခံစားချက်ကို ဖြစ်ပေါ်စေရန် သေရည်သည် တစ်ခုတည်းသော လိုအပ်ချက်မဟုတ်ပါချေ။
ဤညသည် အိမ်မက်မဲ့သော ညပင်။
နံနက်စောစောတွင် စုယန်သည် လှပပြီး ကျက်သရေ ရှိသော ငှက်ကလေးများ၏ တေးသီကျုးသံဖြင့် နိုးထလာခဲ့သည်။ နေထွက်လာသည်နှင့်အမျှ မိစ္ဆာဂိုဏ်း၏ ဌာနချုပ်အနီးရှိ အပူချိန်သည် တဖြည်းဖြည်း တိုးလာသည်။ နှင်းငွေ့ရည်များနှင့် ပန်းပွင့်များ၏ရနံ့များသည် လေထုကို ပို၍ လန်းဆန်းစေ၏။
စုယန် မျက်လုံးဖွင့်လိုက်သည်နှင့် မနက်ခင်း အလင်းရောင်အောက်၌ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကုဖေးတိ၏မျက်နှာကို တွေ့လိုက်ရလေသည်။
ပြတင်းပေါက်အပြင်ဘက်ရှိ နေရောင်ခြည်သည် ထိုလူငယ်လေး၏ မျက်ခုံးအလယ်မှစတင်၍ နှာတံ တံတားတလျှောက် ညင်သာစွာ ဖြာကျနေပြီး ရွှေရောင် အလင်းတန်းသည် လှပသော မျဉ်းကွေးတစ်ခုကို ပုံဖော်ထားသည်။ သူ၏နှာသီးဖျားသည် နူးညံ့သိမ်မွေ့ပြီး အောက်ဘက်တွင် အတန်အသင့်ထူသော နှုတ်ခမ်းတစ်စုံ၊ ထို့နောက် ပြေပြစ်လှပသော အောက်မေးရိုးနှင့် အာဒမ်ပန်းသီး။
ထိုအာဒမ်ပန်းသီးလုံးလေးသည် အလွန် ချစ်စရာကောင်းပြီး အလယ်၌ မှည့်သေးသေးလေး တစ်လုံးပင် ရှိသေးသည်။
အရမ်းချစ်စရာကောင်းတာပဲ။ ငါဘာလို့ အရင်က သတိမထားမိတာပါလိမ့်။
ကုဖေးတိ၏ ရှည်လျားသော မျက်တောင်များသည် အနည်းငယ် တုန်ယင်သွားပြီး ဖြည့်ညှင်းစွာ ပွင့်ဟလာသည်။ သူသည် နက်မှောင်သော မျက်လုံးများဖြင့် စုယန်အား ကြည့်လိုက်၏။
စုယန်သည် အကြည့်လွှဲဖို့ မေ့နေသဖြင့် ကုဖေးတိ၏ မျက်လုံးများကို ထိပ်တိုက် ရင်ဆိုင်လိုက်ရသည်။
ကုဖေးတိ၏အကြည့်သည် အောက်ဘက်သို့ တဖြည်းဖြည်း ရွေ့လျားသွားပြီး စုယန်၏ နှုတ်ခမ်းပေါ်သို့ ကျရောက်သွားသည်။ သူ၏အာဒမ်ပန်းသီးလေး တုန်လှုပ်သွားပြီး နှုတ်ခမ်းထောင့်တွင် ပျင်းရိသော အပြုံးတစ်ခု ထွက်ပေါ်လာ၏။ သူသည် စုယန်ဘက်သို့ အနည်းငယ် တိုးကပ်လာလေသည်။
"စုယန်" သူ၏အသံက အက်ရှနေသော်လည်း ပြုံးယောင်သမ်းနေ၏။
အစကတည်းက သူတို့နှစ်ဦး၏ အကွာအဝေးမှာ သိပ်မလှမ်းလှပေ။ ကုဖေးတိက အနားသို့ တိုးကပ်လာ သောအခါ သူတို့၏မျက်နှာများသည် တစ်ပေထက် ပိုမဝေးတော့ဘဲ တစ်ယောက်၏ မျက်လုံးထဲ၌ တစ်ယောက်၏ ရောင်ပြန်ဟပ်မှုကိုပင် မြင်နိုင်သည်။
ကုဖေးတိ၏မျက်တောင်များသည် တဖန်စေ့ပိတ်သွားပြီး သူက တံတွေးမျိုချလိုက်သည်။ သူသည် စုယန်နှင့် ပိုမိုနီးကပ်လာစေရန် ထပ်ကြိုးစားလိုက်၏။
စုယန်သည် သူ၏မျက်နှာပေါ်သို့ နွေးထွေးသော အသက်ရှုသံများ ကျရောက်လာသောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး အပြည့်အဝ နိုးကြားသွားခဲ့သည်။
သူသည် စောင်ကို ရုတ်တရက် ဖယ်ရှားလိုက်ပြီး ထထိုင်ကာ စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်၏။
ငါရူးနေတာလား! ဦးနှောက်ပျက်သွားတာလား?!
ထိုအချိန်က ကုဖေးတိက သူ့ကို နမ်းတော့မည်ဟု သူထင်နေခဲ့ခြင်းဖြစ်သည်။
သူ နောက်လှည့်ကြည့်လိုက်သောအခါ ကုဖေးတိသည် နောက်ဆုတ်သွားပြီဖြစ်ပြီး ပက်လက်လှဲလျောင်း နေသည်။ သူသည် မျက်ခုံးနှစ်ဖက်ကြားကို ဖိနှိပ်ရန် လက်ကိုမြှောက်ထား၏။ သူ၏မျက်လုံးများသည် တင်းတင်းစေ့ပိတ်နေပြီး သူ၏မျက်နှာက အရက်နာကျကာ ခေါင်းကိုက်နေသည့် အမူအရာနှင့်။
"အာ.. မနေ့ညက မင်မူးနေခဲ့တာ" စုယန်က အလျင်အမြန် ရှင်းပြလိုက်သည်။
"ငါ..ငါမင်းကို ဒီမှာပဲအိပ်ခိုင်းလိုက်တာ.. ဘာလို့ဆို မီးသွေးမီးဖိုမရှိရင် မင်းအအေးမိသွားမှာစိုးလို့လေ"
ကုဖေးတိက 'အိုး' ဟု အသံပြုပြီးနောက် သူ့မျက်လုံးတွေကို မှိတ်ထားကာ နှာရိုးထိပ်ကို ဖိနှိပ်နေသည်။
စုယန်က ရယ်မောလိုက်ပြီး ဆို၏။
"မင်း နုံးနေသေးတဲ့ပုံပဲ။ ငါ... ငါအရင်မျက်နှာသွားသစ် လိုက်အုံးမယ်"
သူသည် ကုတင်ဘေးရှိ ခေါင်းစည်းကြိုးနှင့် အဝတ်များကို အမြန်ယူလိုက်ပြီး အိပ်ခန်းထောင့်ရှိ ခေါက်ကန့်လန့်ကာ နောက်သို့ သွားလိုက်သည်။
ကုဖေးတိသည် စုယန်၏ခြေသံကို နားထောင်ပြီး သူအိပ်ယာမှ ထွက်သွားကြောင်း အတည်ပြုပြီး သောအခါမှ မျက်လုံးများကို ဖွင့်လိုက်၏။ ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကိုပွတ်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။
သူတို့နှစ်ဦးသည် အလှည့်ကျ ရေမိုးချိုး၊ အဝတ်အစားလဲကာ သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ကြသည်။
မနက်စာစားပြီးနောက် စုယန်သည် ကုဖေးတိအား မိစ္ဆာဂိုဏ်းတဝိုက် လမ်းလျှောက်ပြီး ရှုခင်းတွေကြည့်ရန် ပြောခဲ့သည်။ မေ့ရှစ်စန်းနှင့် လျန်ကျိုးကိုမူ သူတို့နောက်သို့ မလိုက်စေဘဲ မျက်ဝန်းကျွန်းဆွယ် တွင်သာနေခဲ့ရန် အမိန့်ပေးခဲ့၏။
ဇီးခန်းမဆောင်၏ ပန်းလက်ထောက်များသည် ဌာနချုပ်အတွင်း ကင်းလှည့်စောင့်ကြပ်နေသောကြောင့် အန္တရာယ်မရှိနိုင်ပေ။ ထို့ကြောင့် မေ့ရှစ်စန်းသည် အမိန့်ကိုနာခံလိုက်ပြီး လျန်ကျိုးနှင့်အတူ နေရစ်ခဲ့တော့သည်။
မျက်ဝန်းကျွန်းဆွယ်မှ တွင်းနက်ကြီး၏ ချောက်ကမ်းပါးဆီသို့ ခရီးဆက်ရန် စုယန်နှင့် ကုဖေးတိတို့သည် ကြိုးတံတားပေါ်သို့ ဘေးချင်းကပ် လျှောက်လာကြသည်။
ပတ်ဝန်းကျင်၌ မည်သူမှမရှိကြောင်း တွေ့သောအခါ စုယန်က အသံနှိမ့်ပြီး ကုဖေးတိကို ပြောလိုက်သည်။
"မင်းကို အဆိပ်ဖြေဖို့နဲ့ပတ်သက်ပြီး ငါ့မှာ အကြံတချို့တော့ ရှိတယ်။ ဒါပေမယ့် ငါတို့အရင်ဆုံး ပြင်ဆင်မှုတွေလုပ်ရမယ်။ ငါ့အစီအစဉ်တွေပြီးတဲ့အခါ မင်းကို အဆိပ်ဖြေဖို့နေရာကို ခေါ်သွားပေးမယ်။ ဒါပေမယ့် ငါတို့အဲဒီမှာ အချိန်အကြာကြီး နေဖို့တော့ လိုလိမ့်မယ်နော်။ ဒါကြောင့် အစားအသောက်တွေပါ ယူသွားရလိမ့်မယ်"
ကုဖေးတိက စုယန်ကို လှည့်ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။
"မင်းငါ့ကို အဆိပ်ထုတ်နိုင်ဖို့ သေချာနေပြီကို ဘာလို့ ဂိုဏ်းထဲမှာ လမ်းလျှောက်ဖို့ ခေါ်လာရသေးတာတုန်း"
စုယန်က ရှုပ်ထွေးသွားသည်။
"အမ်?"
ကုဖေးတိက ဆက်ပြောလိုက်၏။
"ဒီနေရာက လျှို့ဝှက်ချက်တွေကို ငါရှာတွေ့ပြီး အလယ်ပိုင်းလွင်ပြင် သိုင်းလောကကို ထုတ်ပြမှာ မင်းမကြောက်ဘူးလား?"
စုယန်က ပြုံးလိုက်သည်။
"မကြောက်ပါဘူး"
ကုဖေးတိက ရယ်မောလိုက်ပြီး မေး၏။
"ဒါမှမဟုတ်... မင်းငါ့ကို ဒီမှာတစ်သက်လုံး ချုပ်ထားနိုင်မယ်လို့ ထင်နေတာလား?"
"ဘယ်ဟုတ်မလဲ။ ငါမင်းကို ဖမ်းချုပ်ထားတာလို့ ဘယ်တုန်းကမှ မပြောဖူးပါဘူး။ မင်းရဲ့ ရူးကြောင်ကြောင် အတွေးတွေကို ဘေးဖယ်ထားလိုက်စမ်းပါ"
စုယန်က ကုဖေးတိကို ကူကယ်ရာမဲ့စွာ လှည့်ကြည့်ပြီး ခေါင်းယမ်းလိုက်သည်။
"မင်းရဲ့အဆိပ်ကို ဖြေရှင်းပြီးတာနဲ့ မင်းကို ထွက်သွားခွင့်ပေးမှာပါ။ အလယ်ပိုင်းလွင်ပြင် သိုင်းပညာအသိုင်းအဝိုင်းမှာ မင်းလုပ်စရာတွေ အများကြီးကျန်ပါသေးတယ်။ ငါမင်းကို ဘာကြောင့် ဒီမှာခေါ်ထားရမှာတုန်း?"
ကုဖေးတိသည် ကြိုးတံတားကြိုးကို ကိုင်ထားရန် သူ့လက်ကို ဆန့်တန့်လိုက်သည်။ ပြီးနောက် စုယန်ကို ကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ ပြောလာ၏။
"ငါ ထန်းယွင်စံအိမ်ကိုပြန်သွားရင် ငါ့အဖေက ငါ့အတွက် လက်ထပ်ပွဲကို အမြန်စီစဉ်လိမ့်မယ်"
စုယန်၏နှလုံးသည် အကြောင်းပြချက်မရှိဘဲ တုန်လှုပ်လာသည်။
လက်ထပ်ပွဲ?
မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။
ဖူလင်းယွင်က အခြားတစ်ယောက်နဲ့ ထွက်ပြေးသွားပြီလေ။ ကုဖေးတိက ဘယ်သူနဲ့ လက်ထပ်မှာလဲ?
ဇာတ်ညွှန်းက ဘာပါလိမ့်? နေပါအုံး... မဟုတ်သေးဘူးလေ။ ကုဖေးတိက မိစ္ဆာဂိုဏ်းရဲ့ တားမြစ်နယ်မြေက ထွက်ပြီးရင် ထန်းယွင်စံအိမ်ကို မပြန်ခဲ့ဘူး....
မိစ္ဆာဂိုဏ်း၏ တားမြစ်နယ်မြေ၌ အဆိပ်ကို အပြီးဖြတ် ဖြေရှင်းရန် နည်းလမ်းမရှိပါ။ ၎င်းသည် ယာယီ ဖြေရှင်းသည့် နည်းလမ်းသာဖြစ်သည်။ ထို့ကြောင့် ကုဖေးတိသည် ထန်းယွင်စံအိမ်သို့ ပြန်မသွားခဲ့ဘဲ အံ့ဖွယ်သမားတော်ကို ရှာဖွေရန် ဖူလင်းယွင်နှင့်အတူ နှင်းတောင်ပေါ်သို့ သွားခဲ့ရသည်။
သို့သော် ယခု ကုဖေးတိကို အဆိပ်ဖြေပေးမည့်သူက ဖူလင်းယွင် မဟုတ်တော့ပေ... ထို့ကြောင့် ဇာတ်လမ်း ဇာတ်ကြောင်းကို ရှေ့ဆက်ရန် နည်းလမ်းမရှိ။
သို့ဖြစ်ရာ ကုဖေးတိသည် ထန်းယွင်စံအိမ်သို့သာ ပြန်ရပေလိမ့်မည်။
ဖူလင်းယွင်မရှိတော့လျှင်တောင် ကုဖေးတိသည် လူလွတ် သခင်လေး ဖြစ်နေသေးသောကြောင့် သူတို့၏ သမီးများနှင့် လက်ဆက်ပေးချင်သော အခြားသော သိုင်းပညာမိသားစုများ ရှိနေအုံးမည်ဖြစ်သည်။ ကျန်းလင်းယွင်တို့၊ လိလင်းယွင်တို့ ရှိနေအုံးမလားဆိုတာ မည်သူသိနိုင်မည်နည်း?
သူ့နှလုံးသားထဲရှိ စိုးရိမ်ပူပန်မှုများနှင့် အမည်မသိသော စိတ်တိုဒေါသထွက်မှုများကို နှိမ့်ချရင်း စုယန်သည် နှုတ်ခမ်းထောင့်ကို ပင့်မကာ ပြောလိုက်သည်။
"ဒါကကောင်းပါတယ်လေ။ ယောက်ျားလေးတွေက အရွယ်ရောက်လာရင် လက်ထပ်ကြရမှာပဲ... အဲဒါနဲ့ ပတ်သတ်ပြီး ဘာမှမှားယွင်းတာ မရှိပါဘူး"
ထိုသို့ပြောပြီးသည်နှင့် စုယန်သည် ချက်ချင်းလှည့်ပြီး ကြိုးတံတား၏ တစ်ဖက်ခြမ်းဆီသို့ ဦးတည်သွားလိုက်သည်။
ကုဖေးတိသည် ရုတ်တရက် ရှေ့သို့တိုးလာပြီး စုယန်၏ လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ သူ့ကို နောက်သို့ ဆွဲလှည့်လိုက်၏။ စုယန်သည် အလိုလို ရုန်းကန်မိပြီး သူ့အတွင်းအားကို ထုတ်သုံးမိလိုက်သည်။
နှစ်ယောက်သား လှုပ်ရှားမှုကြောင့် ကြိုးတံတားက တုန်ခါသွားလေသည်။
စုယန်သည် ထိတ်လန့်သွားပြီး ကြိုးတံတားကို အလျင်အမြန် ဖမ်းဆုပ်လိုက်၏။ ပြီးနောက် ကုဖေးတိကိုကြည့်ရန် ခေါင်းမော့လိုက်သည်။
ကုဖေးတိသည် ကြိုးကို မြဲမြံစွာဆုပ်ကိုင်ထားပြီး စုယန်အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ ခဏကြာသောအခါ သူသည် မျက်လွှာချလိုက်ပြီး သူ၏တင်းမာသောအမူအရာက တဖြည်းဖြည်း မှိန်ဖျော့သွားကာ တည်ငြိမ်သော အသွင်အပြင်ကို ပြန်ရောက်သွားခဲ့သည်။
"ငါအရင်က ပြောဖူးပါတယ်။ ငါ တစ်ယောက်ယောက်နဲ့ တစ်သက်လုံး အတူနေတော့မယ်ဆိုရင် ငါ့တစ်သက်လုံး ဂရုစိုက်ပေးချင်တဲ့သူကိုပဲ ရှာမှာလို့" ကုဖေးတိက ဆိုသည်။
"ဒါ့ကြောင့် အဖေ့ရဲ့အစီအစဉ်တွေကိုလိုက်နာပြီး တခြားသူနဲ့ အိမ်ထောင်မပြုချင်ဘူး"
စုယန်က ရယ်လိုက်သည်။
"မင်းလို ခေတ်နောက်ကျတဲ့ကလေးက လွတ်လပ်တဲ့အချစ်ကို ထောက်ခံလိမ့်မယ်လို့ ငါမထင်ထားဘူး"
ကုဖေးတိ: "ခေတ်နောက်ကျတယ်?"
စုယန်က သူ့နှုတ်ခမ်းတွေကို ကွေးညွတ်လိုက်ပြီး ဆိုသည်။
"မင်းက ခေတ်နောက်ကျတာပဲ မဟုတ်ဘူးလား။ ဒီမနက် ငါအိပ်ရာက နိုးလာတော့ မင်းနှစ်နှစ်ခြိုင်ခြိုက် အိပ်နေတာကို တွေ့ခဲ့ရတယ်လေ။ တောင့်တောင့်ကြီး အိပ်နေတာများ ဘေးတိုက်မတ်တပ်ရပ်နေတဲ့အတိုင်းပဲ"
ကုဖေးတိက မျက်ခုံးပင့်ကာ ပြုံးလိုက်သည်။
"ဒါဆို ငါဘယ်လိုအိပ်ရမှာလဲ၊ မင်းကို ပွေ့ဖက်ပြီးတော့လား?"
စုယန်သည် ကုဖေးတိကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။ ကုဖေးတိ၏ပါးစပ်မှ ဤကဲ့သို့သောစကားမျိုးကို ကြားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရှေးခေတ်က လူတွေက ထိန်းထိန်းသိမ်းသိမ်းရှိကြတယ် မဟုတ်လား?
သူနဲ့ ကုဖေးတိလိုမျိုး သူငယ်ချင်းကောင်းတွေကြားမှာ ဒီလို ကျီစားတဲ့စကားမျိုးတွေ ဘယ်လိုလုပ် ထွက်ပေါ်လာနိုင်မှာလဲ?
သို့သော်လည်း ကုဖေးတိသည် လုံလောက်သော ရဲတင်းမှု မရှိသေးပါချေ။ ဤသို့သော ပရောပရည် စကားများကို ပြောခဲ့သည်မှာ သူကိုယ်တိုင် ဖြစ်သော်လည်း ယခုအခါ နားရွက်များက နီရဲနေပြီဖြစ်သည်။
စုယန်သည် အလွန်အူမြူးသွားပြီး စနောက်လိုက်၏။
"ဟုတ်တယ်၊ မင်းငါ့ကို ပွေ့ဖက်ထားလို့ရတယ်။ ဒီကြိုးတံတားက အရမ်းရှည်ပြီး လှုပ်လည်း လှုပ်နေတယ်။ ဒီတံတားကို ဖြတ်တဲ့အချိန် မင်းငါ့ကို ဖက်ထားပေးပါလား?"
ကုဖေးတိသည် မျက်ခုံးပင့်ကာ စုယန်၏ ဦးတည်ရာဆီသို့ ခြေလှမ်းလှမ်းလိုက်သည်။
စုယန်သည် ရုတ်တရက် အန္တရာယ်ကို ခံစားမိလိုက်ပြီး ပြုံးလိုက်ကာ ကုဖေးတိ၏အကြည့်ကို ရှောင်လိုက်သည်။ ပြီးနောက် ကြိုးတံတား၏ တစ်ဖက်ခြမ်းဆီသို့ လျင်မြန်စွာ ခုန်ကူးသွားတော့၏။
ကုဖေးတိသည် ကူကယ်ရာမဲ့ ခေါင်းယမ်းကာ သူ့နောက်သို့ အမြန်လိုက်သွားခဲ့သည်။
ချောင်နက်ကြီး၏အတွင်းရှိ ကျွန်းနှစ်ကျွန်းအပြင် ပတ်ဝန်းကျင် ချောက်ကမ်းပါးနံရံများ၌ မရေမတွက်နိုင်သော အဆောက်အအုံများ တည်ရှိသည်။
ဤနေရာ၌ လယ်မြေများကို စီမံခန့်ခွဲခြင်းနှင့် ဝယ်ယူခြင်းသည် မိစ္ဆာဂိုဏ်း၏ စီရင်ပိုင်ခွင့်အောက်တွင် ရှိပြီး အခြေခံလူတန်းစားများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ဤနေရာ၌ ရိုးရှင်းသော အခြေချနေထိုင်မှုကို တဖြည်းဖြည်း ဖွဲ့စည်းလာကြသည်။ ဤလူများ၏ဘဝများ အဆင်ပြေစေရန်အတွက် အခြေချနေထိုင်မှုများတွင် စီးပွားရေးလုပ်ငန်းများကိုလည်း ထူထောင်ခဲ့ကြပြီး အစားအစာ၊ အဝတ်အထည်၊ ဆီနှင့် ဆားတို့ကို ဤနေရာတွင် တွေ့ရှိနိုင်သည်။
မိစ္ဆာဂိုဏ်း၏ သခင်ငယ်အဖြစ် စုယန်သည် ပစ္စည်းများကို ဤနေရာသို့ လူကိုယ်တိုင်လာဝယ်ရန် မလိုအပ်ပါ။ သူသည် မျက်ဝန်းကျွန်းဆွယ်မှနေ၍ မှာယူရန်သာလိုအပ်ပြီး သဘာဝအတိုင်း တစ်စုံတစ်ဦးမှ သူ့အား လိုအပ်သည့်အရာများကို လာရောက် ပို့ဆောင်မည်ဖြစ်သည်။
ဤတစ်ကြိမ်မှာတော့ စုယန်သည် ကုဖေးတိနှင့် ဈေးဝယ်ထွက်ရင်း ရှုခင်းများကိုခံစားရန် အပြင်ထွက်ခဲ့ သော်လည်း တကယ်တမ်း သူသည် မြေနေရာကို ကြည့်ရှုရန် လာခဲ့ခြင်းဖြစ်သည်။
မိစ္ဆာဂိုဏ်း၏ တားမြစ်နယ်မြေ ဝင်ပေါက်ဧရိယာသည် ဝါးဥယျာဉ်ကျွန်းဆွယ်တွင် ဖြစ်သည်။ မိစ္ဆာဂိုဏ်းချုပ်၏ နေအိမ်သည် လူတိုင်း ဆန္ဒရှိသလို ဝင်ထွက်သွားလာ၍ ရသော နေရာမဟုတ်ပေ။ မိစ္ဆာဂိုဏ်း၏ သခင်ငယ် ဖြစ်သည့် သူစုယန်တောင် ဝါးဥယျာဉ်ကျွန်းတဝိုက်ကို သွားလိုပါက ပန်းလက်ထောက်များ၏ စောင့်ကြပ်မှုကို ခံရမည်ဖြစ်သည်။
ထို့အပြင် ကုဖေးတိသည်လည်း သူနှင့်အတူ ပါလာသေးသည်။ ကုဖေးတိ၏တည်ရှိမှုသည် ထိလွယ်ရှလွယ်ဖြစ်ပြီး ကောင်းစွာ မကိုင်တွယ်နိုင်ပါက အခက်အခဲများဖြစ်ပေါ်စေနိုင်ကာ ကုဖေးတိ၏ အသက်အန္တရာယ်ကိုပင် ထိခိုက်လာနိုင်သည်။
မိစ္ဆာဂိုဏ်း၏ခေါင်းဆောင်သည် လက်ရှိတွင် တံခါးပိတ် ကျင့်နေသောကြောင့် မိစ္ဆာဂိုဏ်းတစ်ခုလုံးတွင် သိုင်းပညာ အမြင့်မားဆုံးရှိသူမှာ စုယန်ဖြစ်သည်။ သို့သော် ကုဖေးတိသည် ယခုအချိန်တွင် သူ၏ အတွင်းအားကိုအသုံးပြုရန် အဆင်မပြေသေး သောကြောင့် ပြဿနာအသစ်များကို တတ်နိုင်သမျှ ရှောင်ရှားခြင်းက ပိုကောင်းပါသည်။
စုယန်သည် ကုဖေးတိကို ခေါ်သွားပြီး ဈေးဆိုင်မျိုးစုံသို့ လမ်းလျှောက်ထွက်ခဲ့သည်။ သူသည် ပျားရည်၊ နို့နှင့် သစ်သီးခြောက်များ အများအပြားကို မှာယူခဲ့ပြီး ၎င်းတို့ကို ပြင်ဆင်ရန် မျက်ဝန်းကျွန်းဆွယ်ရှိ မီးဖိုချောင်သို့ ပို့ဆောင်ခိုင်းခဲ့သည်။
ထို့နောက် သူတို့နှစ်ဦးသည် ချောက်ကမ်းပါး လမ်းတစ်လျှောက် အဝိုင်းတစ်ဝက်လှည့်ကာ ဝါးဥယာဉ်ကျွန်းဆွယ်နှင့်အနီးဆုံး ပလက်ဖောင်း တစ်ခုဆီသို့ လျှောက်လာခဲ့ကြသည်။
စုယန်သည် ပလပ်ဖောင်းလက်ရန်းပေါ်တွင် လက်တင်ကာ နေရာလေးခုကို ဆက်သွယ်ရန်အတွက် အသုံးပြုထားသော မိစ္ဆာဂိုဏ်း၏ ရှုပ်ထွေးပွေလီသည့် ကြိုးတံတားများကို မျှော်ကြည့်လိုက်သည်။ သူသည် စိတ်ပျက်မှုကို မဖုံးကွယ်နိုင်ဘဲ သက်ပြင်းချလိုက်၏။
ကုဖေးတိသည် စုယန်၏နံဘေးတွင် ရပ်လိုက်ပြီး မိစ္ဆာဂိုဏ်းဌာနချုပ်၏ သဘာဝလွန် လက်ရာမြောက်သော အဆောက်အဦးများနှင့် ကြိုးတံတားများကို သူနှင့်အတူကြည့်ရှုရန် ခေါင်းကိုမြှောက်လိုက်သည်။
သူက ရုတ်တရက် ပြုံးလိုက်ပြီး ဆိုလာ၏။
"ဒီနေ့ မင်းငါ့ကို ခေါ်ထုတ်လာတာ ရှုခင်းကြည့်ဖို့ သက်သက်ပဲမဟုတ်ဘူးလို့ ငါခံစားနေရတယ်"
_15.6.22
စာရေးဆရာမှာ ပြောစရာရှိပါတယ်။
ကုဖေးတိ: အတွေးတွေက တဖြည်းဖြည်း ရိုင်းစိုင်းလာတယ်။
စုယန်: ပိုင်ဆိုင်လိုစိတ် တဖြည်းဖြည်း ကြီးလာတယ်။
T/N: ဒီနေ့အပိုင်းကို အသဲတယားယားနှင့် ဘာသာပြန်လိုက်သည် (◍•ᴗ•◍) နှစ်ယောက်သားကတော့.. အဟမ်း... သိပ်မလိုတော့ပါဘူး.. သိပ်မလိုတော့ဘူး။
Thanks for reading ❣️
Zawgyi
အခန္း-၅၁ နံနက္ခင္းအလင္းေရာင္ႏွင့္ ႀကိဳးတံတား။
[ေရွးေခတ္က လူေတြက ထိန္းထိန္းသိမ္းသိမ္းရွိၾကတယ္ မဟုတ္လား...?]
စုယန္သည္ မ်က္ဝန္းကြၽန္းဆြယ္ရွိ ေနအိမ္သို႔ ျပန္ေရာက္ ေသာအခါ ပင္ပန္းႏြမ္းနယ္ေနၿပီး ဆာေလာင္မႈေၾကာင့္ လ်န္က်ိဳးအား ညစာျပင္ဆင္ရန္ အမိန႔္ေပးခဲ့သည္။
ယခု သန္းေခါင္ယံအခ်ိန္ နီးကပ္လာၿပီျဖစ္ေသာ္လည္း ကုေဖးတိ၏အခန္းထဲတြင္ မီးလင္းေနေသးသည္။ စုယန္သည္ ခဏတာ စဥ္းစားၿပီးေနာက္ တံခါးေခါက္လိုက္၏။
"အိပ္ေနၿပီလား?"
ခဏအၾကာတြင္ အတြင္းႏွင့္အလယ္ ႏွစ္ထပ္သာ ဝတ္ဆင္ထားေသာ ကုေဖးတိက တံခါးကိုဖြင့္လာသည္။ သူက ၿပဳံးလ်က္ဆို၏။
"အိမ္ရွင္ျပန္မလာေသးဘဲ ဧည့္သည္က ဘယ္လိုအိပ္ႏွင့္ရမွာလဲ"
စုယန္သည္ သူ၏ေခတ္ေနာက္က်ေသာ အျပဳအမူေၾကာင့္ ရယ္ေနမိသည္။ သူက ကုေဖးတိ၏လက္ေကာက္ဝတ္ကို ဆြဲကိုင္လိုက္ၿပီး ေျပာလိုက္၏။
"အရမ္းေနာက္က်ေနၿပီဆိုေတာ့ မင္းလဲ ဗိုက္ဆာေနမွာေပါ့။ လာ.. ငါနဲ႕ ညစာလာစား၊ မနက္ျဖန္က်ရင္ ငါတို႔ လမ္းေလွ်ာက္ထြက္ၾကမယ္"
ကုေဖးတိက မျငင္းဆိုဘဲ စုယန္ သူ႕အား ပင္မအိမ္ခန္းထဲကို ဆြဲေခၚသြားသည္ကို ခြင့္ျပဳလိုက္သည္။
ေျမရိုင္းလြင္ျပင္၏ ေဆာင္းဦးေႏွာင္းပိုင္းညမ်ားသည္ ပိုလို႔ေတာင္ ေအးစိမ့္လာခဲ့သည္။ စုယန္သည္ အခန္းအတြင္း၌ မီးေသြးမီးဖိုတစ္ခုကို ျပဳလုပ္ေစ ခဲ့သည္။ အေစခံမ်ားသည္ အစားအစာမ်ားႏွင့္ ေသရည္ပုလင္းမ်ားကို ခင္းက်င္းေပးၿပီးေနာက္ အခန္းထဲမွ ထြက္သြားၾက၏။ သူတို႔ႏွစ္ဦးသည္ ဖေယာင္းတိုင္မီးေရာင္ေအာက္တြင္ ေႏြးေႏြးေထြးေထြး စားေသာက္ခဲ့ၾကသည္။
ကုေဖးတိသည္ အဆိပ္ေျဖျခင္းႏွင့္ပတ္သတ္ၿပီး မည္သည့္စကားမွ မဟခဲ့ပါ။ ယင္းအစား ပ်ားရည္ႏွင့္ ဇီးသီးအရသာ ေရာစပ္ထားေသာ အသားကို ခ်ီးက်ဴးခဲ့ၿပီး စုယန္ႏွင့္ အခ်ိန္အေတာ္ၾကာ အစားအေသာက္မ်ိဳးစုံအေၾကာင္း စကားစျမည္ေျပာခဲ့သည္။
ေရွးေခတ္က ေျပျပစ္ေသာ အစားအစာခ်က္ျပဳတ္ျခင္း နည္းလမ္းမ်ားရွိေသာ္လည္း ေခတ္သစ္လူ႕အဖြဲ႕အစည္း၌ ဆန္းသစ္ေသာ အစားအစာမ်ားကို စားသုံးလာခဲ့ရေသာ စုယန္သည္ သဘာဝအတိုင္း အသိပညာ ပိုႂကြယ္ေပသည္။ ထို႔ေၾကာင့္ သူတို႔ ထိုအေၾကာင္းအရာကို စကားစပ္မိသည္ႏွင့္ ေျပာမဆုံးေပါင္ ေတာသုံးေထာင္ ျဖစ္ေနေတာ့သည္။
ကုေဖးတိသည္ စုယန္၏ ထူးထူးျခားျခား ထက္ျမက္ေသာ အသြင္အျပင္ကို ၾကည့္ကာ ၿပဳံးလိုက္ေလသည္။ သူသည္ ေသရည္ခြက္ကို ေကာက္ယူလိုက္ၿပီး ပင္လုံးႀကိဳင္ ေမႊးရနံ႕ရွိေသာ ေသရည္ကို ေသာက္သုံးလိုက္သည္။
ေသရည္သည္ အနည္းငယ္ခ်ိဳျမၿပီး သိပ္မျပင္းလွေသာ္လည္း ကုေဖးတိ၏ မ်က္လုံးမ်ားသည္ တျဖည္းျဖည္းမႈန္ဝါးလာ၏။ သိပ္မၾကာခင္မွာပင္ သူသည္ ပါးႏွစ္ဖက္ကို လက္ျဖင့္ အုပ္လိုက္ၿပီး မ်က္လုံးေတြကို မွိတ္ထားလိုက္သည္။
စုယန္ "......."
ဒါဘယ္လိုျဖစ္နိုင္မွာလဲ? ေက်ာက္စိမ္းအိမ္ေတာ္ မွာတုန္းက ကုေဖးတိက ႐ႊီယြင္က်န္းနဲ႕အတူ ေသာက္ခဲ့ဖူးတယ္ မဟုတ္လား။ သူ႕ရဲ႕ေသာက္နိုင္စြမ္းက ဘာလို႔ ဒီေလာက္ေတာင္ခ်ိဳ႕တဲ့ရတာလဲ?
ကုေဖးတိသည္ ျဖည္းညွင္းစြာ ယိမ္းႏြဲ႕သြားသည္။ သူ႕ေရွ႕ရွိ ပန္းကန္မ်ားေပၚသို႔ မ်က္ႏွာခ်င္းဆိုင္ ေမွာက္က်ခါနီး၌ စုယန္သည္ သူ႕ကို အျမန္ လွမ္းထိန္းလိုက္ရေလသည္။
ေသရည္မူးၿပီး အိပ္ေပ်ာ္သြားေသာ ကုေဖးတိကို ျမင္ေသာအခါ စုယန္ သက္ျပင္းခ်လိဳက္ၿပီး စားပြဲကိုရွင္းရန္ ၾကာခန္းမေဆာင္မွ အေစခံမ်ားကို ေခၚလိုက္သည္။
သူသည္ လက္တစ္ဖက္ကို ကုေဖးတိ၏ ဒူးေအာက္တြင္ ထားၿပီး က်န္တစ္ဖက္ကို ေနာက္ေက်ာ၌ထားကာ ေပြ႕မလိုက္၏။ ကုေဖးတိအား ေဘးခန္းကို ျပန္ပို႔ခါနီးတြင္ သူ႕ေျခရင္းရွိ မီးေသြးမီးဖိုက ႐ုတ္တရက္ အသံျမည္လာသည္။
မီးေတာက္မ်ား ေတာက္ေလာင္ေနသည္ကို ျမင္လိုက္ရေသာ စုယန္သည္ ကုေဖးတိ၏အခန္း၌ အပူမေပးထားသည္ကို သတိရသြားသည္။ ယခု ညနက္ေနၿပီျဖစ္၍ တစ္ခန္းလုံး ေအးခဲေနေပလိမ့္မည္။
ထို႔ေၾကာင့္ သူသည္ ျပန္လွည့္လိုက္ၿပီး ကုေဖးတိအား သူ႕အိပ္ခန္းထဲကို တိုက္ရိုက္ေခၚသြားလိုက္ေလ၏။
_မည္သို႔ပင္ဆိုေစ သူ႕အိပ္ယာက ႏွစ္ေယာက္အိပ္ဖို႔ လုံေလာက္ေပသည္။
ကုေဖးတိသည္ အလြန္အမင္းမူးေနခဲ့သည္။ စုယန္သည္ သူ႕မ်က္ႏွာကို သန႔္စင္ေပးသည္၊ ဆံပင္မ်ားကို ျဖည္ေပးၿပီး သူ႕အဝတ္ေတြကိုေတာင္ ဖယ္ရွားေပး၏။ သို႔ေသာ္ သူ မည္သည္ကိုမွ မသိနိုင္ေသးေပ။
စုယန္ ကူကယ္ရာမဲ့စြာျဖင့္ ကိုယ္ကိုသန႔္စင္ေဆးေၾကာ ၿပီးေနာက္ ကုေဖးတိကို တစ္ဖက္သို႔ တြန္းထုတ္ကာ အိပ္ယာဝင္လိုက္ေတာ့သည္။
ေသရည္၏ သက္ေရာက္မႈေၾကာင့္ စုယန္လည္း လွ်င္ျမန္စြာ အိပ္ေပ်ာ္သြားခဲ့သည္။ သူ၏အသက္ရႉသံ မ်ားသည္ တျဖည္းျဖည္း ေႏွးေကြးကာ ေပါ့ပါးသြားေလ၏။
ကုေဖးတိသည္ သူ႕မ်က္လုံးမ်ားကို ျဖည္းညွင္းစြာဖြင့္ၿပီး လွည့္ၾကည့္လိုက္သည္။ အိပ္ခန္းအျပင္ဘက္ရွိ မွိန္ေဖ်ာ့ေသာ ဖေယာင္းတိုင္မီး၏ အကူအညီျဖင့္ စုယန္၏ ႏူးညံ့သိမ္ေမြ႕ေသာ မ်က္ႏွာေလးကို ျမင္နိုင္၏။
အခ်ိန္အတန္ၾကာၿပီးေနာက္ ကုေဖးတိသည္ ေစာင္ေအာက္မွ သူ႕လက္ကိုထုတ္ကာ စုယန္၏ နား႐ြက္ကို တိတ္တဆိတ္ ထိေတြ႕လိုက္သည္။ သူ၏ေအးစက္ေသာလက္ေခ်ာင္းမ်ားသည္ စုယန္၏ ပါးျပင္ႏွင့္ လည္တိုင္တေလွ်ာက္ ေလွ်ာဆင္းသြားၿပီး သူ၏ပခုံးႏွင့္ လက္ကို ျဖည္းညွင္းစြာ ျဖတ္သန္းကာ ေနာက္ဆုံးတြင္ သူ၏ေႏြးေထြးေသာ လက္ဖဝါးေပၚသို႔ က်ေရာက္လာသည္။
ကုေဖးတိသည္ စုယန္၏လက္ကို ညင္သာစြာ ဆုပ္ကိုင္လိုက္၏။ ဤေမွာင္မိုက္ေသာ အခန္းထဲတြင္ သူ၏ၾကည္ႏူးေသာအၿပဳံးကို ဖုံးကြယ္ထားရန္ မလိုအပ္ပါေခ်။
ပင္လုံးႀကိဳင္ေသရည္သည္ ခ်ိဳျမေသာ္လည္း မမူးေဝေစပါ။
ယစ္မူးေသာခံစားခ်က္ကို ျဖစ္ေပၚေစရန္ ေသရည္သည္ တစ္ခုတည္းေသာ လိုအပ္ခ်က္မဟုတ္ပါေခ်။
ဤညသည္ အိမ္မက္မဲ့ေသာ ညပင္။
နံနက္ေစာေစာတြင္ စုယန္သည္ လွပၿပီး က်က္သေရ ရွိေသာ ငွက္ကေလးမ်ား၏ ေတးသီက်ဳးသံျဖင့္ နိုးထလာခဲ့သည္။ ေနထြက္လာသည္ႏွင့္အမွ် မိစာၦဂိုဏ္း၏ ဌာနခ်ဳပ္အနီးရွိ အပူခ်ိန္သည္ တျဖည္းျဖည္း တိုးလာသည္။ ႏွင္းေငြ႕ရည္မ်ားႏွင့္ ပန္းပြင့္မ်ား၏ရနံ႕မ်ားသည္ ေလထုကို ပို၍ လန္းဆန္းေစ၏။
စုယန္ မ်က္လုံးဖြင့္လိုက္သည္ႏွင့္ မနက္ခင္း အလင္းေရာင္ေအာက္၌ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနေသာ ကုေဖးတိ၏မ်က္ႏွာကို ေတြ႕လိုက္ရေလသည္။
ျပတင္းေပါက္အျပင္ဘက္ရွိ ေနေရာင္ျခည္သည္ ထိုလူငယ္ေလး၏ မ်က္ခုံးအလယ္မွစတင္၍ ႏွာတံ တံတားတေလွ်ာက္ ညင္သာစြာ ျဖာက်ေနၿပီး ေ႐ႊေရာင္ အလင္းတန္းသည္ လွပေသာ မ်ဥ္းေကြးတစ္ခုကို ပုံေဖာ္ထားသည္။ သူ၏ႏွာသီးဖ်ားသည္ ႏူးညံ့သိမ္ေမြ႕ၿပီး ေအာက္ဘက္တြင္ အတန္အသင့္ထူေသာ ႏႈတ္ခမ္းတစ္စုံ၊ ထို႔ေနာက္ ေျပျပစ္လွပေသာ ေအာက္ေမးရိုးႏွင့္ အာဒမ္ပန္းသီး။
ထိုအာဒမ္ပန္းသီးလုံးေလးသည္ အလြန္ ခ်စ္စရာေကာင္းၿပီး အလယ္၌ မွည့္ေသးေသးေလး တစ္လုံးပင္ ရွိေသးသည္။
အရမ္းခ်စ္စရာေကာင္းတာပဲ။ ငါဘာလို႔ အရင္က သတိမထားမိတာပါလိမ့္။
ကုေဖးတိ၏ ရွည္လ်ားေသာ မ်က္ေတာင္မ်ားသည္ အနည္းငယ္ တုန္ယင္သြားၿပီး ျဖည့္ညွင္းစြာ ပြင့္ဟလာသည္။ သူသည္ နက္ေမွာင္ေသာ မ်က္လုံးမ်ားျဖင့္ စုယန္အား ၾကည့္လိုက္၏။
စုယန္သည္ အၾကည့္လႊဲဖို႔ ေမ့ေနသျဖင့္ ကုေဖးတိ၏ မ်က္လုံးမ်ားကို ထိပ္တိုက္ ရင္ဆိုင္လိုက္ရသည္။
ကုေဖးတိ၏အၾကည့္သည္ ေအာက္ဘက္သို႔ တျဖည္းျဖည္း ေ႐ြ႕လ်ားသြားၿပီး စုယန္၏ ႏႈတ္ခမ္းေပၚသို႔ က်ေရာက္သြားသည္။ သူ၏အာဒမ္ပန္းသီးေလး တုန္လႈပ္သြားၿပီး ႏႈတ္ခမ္းေထာင့္တြင္ ပ်င္းရိေသာ အၿပဳံးတစ္ခု ထြက္ေပၚလာ၏။ သူသည္ စုယန္ဘက္သို႔ အနည္းငယ္ တိုးကပ္လာေလသည္။
"စုယန္" သူ၏အသံက အက္ရွေနေသာ္လည္း ၿပဳံးေယာင္သမ္းေန၏။
အစကတည္းက သူတို႔ႏွစ္ဦး၏ အကြာအေဝးမွာ သိပ္မလွမ္းလွေပ။ ကုေဖးတိက အနားသို႔ တိုးကပ္လာ ေသာအခါ သူတို႔၏မ်က္ႏွာမ်ားသည္ တစ္ေပထက္ ပိုမေဝးေတာ့ဘဲ တစ္ေယာက္၏ မ်က္လုံးထဲ၌ တစ္ေယာက္၏ ေရာင္ျပန္ဟပ္မႈကိုပင္ ျမင္နိုင္သည္။
ကုေဖးတိ၏မ်က္ေတာင္မ်ားသည္ တဖန္ေစ့ပိတ္သြားၿပီး သူက တံေတြးမ်ိဳခ်လိဳက္သည္။ သူသည္ စုယန္ႏွင့္ ပိုမိုနီးကပ္လာေစရန္ ထပ္ႀကိဳးစားလိုက္၏။
စုယန္သည္ သူ၏မ်က္ႏွာေပၚသို႔ ေႏြးေထြးေသာ အသက္ရႈသံမ်ား က်ေရာက္လာေသာအခါ ထိတ္လန႔္တုန္လႈပ္သြားၿပီး အျပည့္အဝ နိုးၾကားသြားခဲ့သည္။
သူသည္ ေစာင္ကို ႐ုတ္တရက္ ဖယ္ရွားလိုက္ၿပီး ထထိုင္ကာ စိတ္လႈပ္ရွားစြာ တံေတြးမ်ိဳခ်လိဳက္၏။
ငါ႐ူးေနတာလား! ဦးေႏွာက္ပ်က္သြားတာလား?!
ထိုအခ်ိန္က ကုေဖးတိက သူ႕ကို နမ္းေတာ့မည္ဟု သူထင္ေနခဲ့ျခင္းျဖစ္သည္။
သူ ေနာက္လွည့္ၾကည့္လိုက္ေသာအခါ ကုေဖးတိသည္ ေနာက္ဆုတ္သြားၿပီျဖစ္ၿပီး ပက္လက္လွဲေလ်ာင္း ေနသည္။ သူသည္ မ်က္ခုံးႏွစ္ဖက္ၾကားကို ဖိႏွိပ္ရန္ လက္ကိုျမႇောက္ထား၏။ သူ၏မ်က္လုံးမ်ားသည္ တင္းတင္းေစ့ပိတ္ေနၿပီး သူ၏မ်က္ႏွာက အရက္နာက်ကာ ေခါင္းကိုက္ေနသည့္ အမူအရာႏွင့္။
"အာ.. မေန႕ညက မင္မူးေနခဲ့တာ" စုယန္က အလ်င္အျမန္ ရွင္းျပလိုက္သည္။
"ငါ..ငါမင္းကို ဒီမွာပဲအိပ္ခိုင္းလိုက္တာ.. ဘာလို႔ဆို မီးေသြးမီးဖိုမရွိရင္ မင္းအေအးမိသြားမွာစိုးလို႔ေလ"
ကုေဖးတိက 'အိုး' ဟု အသံျပဳၿပီးေနာက္ သူ႕မ်က္လုံးေတြကို မွိတ္ထားကာ ႏွာရိုးထိပ္ကို ဖိႏွိပ္ေနသည္။
စုယန္က ရယ္ေမာလိုက္ၿပီး ဆို၏။
"မင္း ႏုံးေနေသးတဲ့ပုံပဲ။ ငါ... ငါအရင္မ်က္ႏွာသြားသစ္ လိုက္အုံးမယ္"
သူသည္ ကုတင္ေဘးရွိ ေခါင္းစည္းႀကိဳးႏွင့္ အဝတ္မ်ားကို အျမန္ယူလိုက္ၿပီး အိပ္ခန္းေထာင့္ရွိ ေခါက္ကန႔္လန႔္ကာ ေနာက္သို႔ သြားလိုက္သည္။
ကုေဖးတိသည္ စုယန္၏ေျခသံကို နားေထာင္ၿပီး သူအိပ္ယာမွ ထြက္သြားေၾကာင္း အတည္ျပဳၿပီး ေသာအခါမွ မ်က္လုံးမ်ားကို ဖြင့္လိုက္၏။ ၿပီးေနာက္ စိတ္ပ်က္လက္ပ်က္ျဖင့္ မ်က္ႏွာကိုပြတ္လိုက္ၿပီး သက္ျပင္းအရွည္ႀကီး ခ်လိဳက္မိသည္။
သူတို႔ႏွစ္ဦးသည္ အလွည့္က် ေရမိုးခ်ိဳး၊ အဝတ္အစားလဲကာ သပ္သပ္ရပ္ရပ္ ျပင္ဆင္လိုက္ၾကသည္။
မနက္စာစားၿပီးေနာက္ စုယန္သည္ ကုေဖးတိအား မိစာၦဂိုဏ္းတဝိုက္ လမ္းေလွ်ာက္ၿပီး ရႈခင္းေတြၾကည့္ရန္ ေျပာခဲ့သည္။ ေမ့ရွစ္စန္းႏွင့္ လ်န္က်ိဳးကိုမူ သူတို႔ေနာက္သို႔ မလိုက္ေစဘဲ မ်က္ဝန္းကြၽန္းဆြယ္ တြင္သာေနခဲ့ရန္ အမိန႔္ေပးခဲ့၏။
ဇီးခန္းမေဆာင္၏ ပန္းလက္ေထာက္မ်ားသည္ ဌာနခ်ဳပ္အတြင္း ကင္းလွည့္ေစာင့္ၾကပ္ေနေသာေၾကာင့္ အႏၲရာယ္မရွိနိုင္ေပ။ ထို႔ေၾကာင့္ ေမ့ရွစ္စန္းသည္ အမိန႔္ကိုနာခံလိုက္ၿပီး လ်န္က်ိဳးႏွင့္အတူ ေနရစ္ခဲ့ေတာ့သည္။
မ်က္ဝန္းကြၽန္းဆြယ္မွ တြင္းနက္ႀကီး၏ ေခ်ာက္ကမ္းပါးဆီသို႔ ခရီးဆက္ရန္ စုယန္ႏွင့္ ကုေဖးတိတို႔သည္ ႀကိဳးတံတားေပၚသို႔ ေဘးခ်င္းကပ္ ေလွ်ာက္လာၾကသည္။
ပတ္ဝန္းက်င္၌ မည္သူမွမရွိေၾကာင္း ေတြ႕ေသာအခါ စုယန္က အသံႏွိမ့္ၿပီး ကုေဖးတိကို ေျပာလိုက္သည္။
"မင္းကို အဆိပ္ေျဖဖို႔နဲ႕ပတ္သက္ၿပီး ငါ့မွာ အႀကံတခ်ိဳ႕ေတာ့ ရွိတယ္။ ဒါေပမယ့္ ငါတို႔အရင္ဆုံး ျပင္ဆင္မႈေတြလုပ္ရမယ္။ ငါ့အစီအစဥ္ေတြၿပီးတဲ့အခါ မင္းကို အဆိပ္ေျဖဖို႔ေနရာကို ေခၚသြားေပးမယ္။ ဒါေပမယ့္ ငါတို႔အဲဒီမွာ အခ်ိန္အၾကာႀကီး ေနဖို႔ေတာ့ လိုလိမ့္မယ္ေနာ္။ ဒါေၾကာင့္ အစားအေသာက္ေတြပါ ယူသြားရလိမ့္မယ္"
ကုေဖးတိက စုယန္ကို လွည့္ၾကည့္ကာ ၿပဳံးလ်က္ ေမးလိုက္သည္။
"မင္းငါ့ကို အဆိပ္ထုတ္နိုင္ဖို႔ ေသခ်ာေနၿပီကို ဘာလို႔ ဂိုဏ္းထဲမွာ လမ္းေလွ်ာက္ဖို႔ ေခၚလာရေသးတာတုန္း"
စုယန္က ရႈပ္ေထြးသြားသည္။
"အမ္?"
ကုေဖးတိက ဆက္ေျပာလိုက္၏။
"ဒီေနရာက လွ်ို႔ဝွက္ခ်က္ေတြကို ငါရွာေတြ႕ၿပီး အလယ္ပိုင္းလြင္ျပင္ သိုင္းေလာကကို ထုတ္ျပမွာ မင္းမေၾကာက္ဘူးလား?"
စုယန္က ၿပဳံးလိုက္သည္။
"မေၾကာက္ပါဘူး"
ကုေဖးတိက ရယ္ေမာလိုက္ၿပီး ေမး၏။
"ဒါမွမဟုတ္... မင္းငါ့ကို ဒီမွာတစ္သက္လုံး ခ်ဳပ္ထားနိုင္မယ္လို႔ ထင္ေနတာလား?"
"ဘယ္ဟုတ္မလဲ။ ငါမင္းကို ဖမ္းခ်ဳပ္ထားတာလို႔ ဘယ္တုန္းကမွ မေျပာဖူးပါဘူး။ မင္းရဲ႕ ႐ူးေၾကာင္ေၾကာင္ အေတြးေတြကို ေဘးဖယ္ထားလိုက္စမ္းပါ"
စုယန္က ကုေဖးတိကို ကူကယ္ရာမဲ့စြာ လွည့္ၾကည့္ၿပီး ေခါင္းယမ္းလိုက္သည္။
"မင္းရဲ႕အဆိပ္ကို ေျဖရွင္းၿပီးတာနဲ႕ မင္းကို ထြက္သြားခြင့္ေပးမွာပါ။ အလယ္ပိုင္းလြင္ျပင္ သိုင္းပညာအသိုင္းအဝိုင္းမွာ မင္းလုပ္စရာေတြ အမ်ားႀကီးက်န္ပါေသးတယ္။ ငါမင္းကို ဘာေၾကာင့္ ဒီမွာေခၚထားရမွာတုန္း?"
ကုေဖးတိသည္ ႀကိဳးတံတားႀကိဳးကို ကိုင္ထားရန္ သူ႕လက္ကို ဆန႔္တန႔္လိုက္သည္။ ၿပီးေနာက္ စုယန္ကို ၾကည့္လိုက္ၿပီး တုံ႕ဆိုင္းစြာ ေျပာလာ၏။
"ငါ ထန္းယြင္စံအိမ္ကိုျပန္သြားရင္ ငါ့အေဖက ငါ့အတြက္ လက္ထပ္ပြဲကို အျမန္စီစဥ္လိမ့္မယ္"
စုယန္၏ႏွလုံးသည္ အေၾကာင္းျပခ်က္မရွိဘဲ တုန္လႈပ္လာသည္။
လက္ထပ္ပြဲ?
မဟုတ္ဘူး၊ မျဖစ္နိုင္ဘူး။
ဖူလင္းယြင္က အျခားတစ္ေယာက္နဲ႕ ထြက္ေျပးသြားၿပီေလ။ ကုေဖးတိက ဘယ္သူနဲ႕ လက္ထပ္မွာလဲ?
ဇာတ္ၫႊန္းက ဘာပါလိမ့္? ေနပါအုံး... မဟုတ္ေသးဘူးေလ။ ကုေဖးတိက မိစာၦဂိုဏ္းရဲ႕ တားျမစ္နယ္ေျမက ထြက္ၿပီးရင္ ထန္းယြင္စံအိမ္ကို မျပန္ခဲ့ဘူး....
မိစာၦဂိုဏ္း၏ တားျမစ္နယ္ေျမ၌ အဆိပ္ကို အၿပီးျဖတ္ ေျဖရွင္းရန္ နည္းလမ္းမရွိပါ။ ၎သည္ ယာယီ ေျဖရွင္းသည့္ နည္းလမ္းသာျဖစ္သည္။ ထို႔ေၾကာင့္ ကုေဖးတိသည္ ထန္းယြင္စံအိမ္သို႔ ျပန္မသြားခဲ့ဘဲ အံ့ဖြယ္သမားေတာ္ကို ရွာေဖြရန္ ဖူလင္းယြင္ႏွင့္အတူ ႏွင္းေတာင္ေပၚသို႔ သြားခဲ့ရသည္။
သို႔ေသာ္ ယခု ကုေဖးတိကို အဆိပ္ေျဖေပးမည့္သူက ဖူလင္းယြင္ မဟုတ္ေတာ့ေပ... ထို႔ေၾကာင့္ ဇာတ္လမ္း ဇာတ္ေၾကာင္းကို ေရွ႕ဆက္ရန္ နည္းလမ္းမရွိ။
သို႔ျဖစ္ရာ ကုေဖးတိသည္ ထန္းယြင္စံအိမ္သို႔သာ ျပန္ရေပလိမ့္မည္။
ဖူလင္းယြင္မရွိေတာ့လွ်င္ေတာင္ ကုေဖးတိသည္ လူလြတ္ သခင္ေလး ျဖစ္ေနေသးေသာေၾကာင့္ သူတို႔၏ သမီးမ်ားႏွင့္ လက္ဆက္ေပးခ်င္ေသာ အျခားေသာ သိုင္းပညာမိသားစုမ်ား ရွိေနအုံးမည္ျဖစ္သည္။ က်န္းလင္းယြင္တို႔၊ လိလင္းယြင္တို႔ ရွိေနအုံးမလားဆိုတာ မည္သူသိနိုင္မည္နည္း?
သူ႕ႏွလုံးသားထဲရွိ စိုးရိမ္ပူပန္မႈမ်ားႏွင့္ အမည္မသိေသာ စိတ္တိုေဒါသထြက္မႈမ်ားကို ႏွိမ့္ခ်ရင္း စုယန္သည္ ႏႈတ္ခမ္းေထာင့္ကို ပင့္မကာ ေျပာလိုက္သည္။
"ဒါကေကာင္းပါတယ္ေလ။ ေယာက္်ားေလးေတြက အ႐ြယ္ေရာက္လာရင္ လက္ထပ္ၾကရမွာပဲ... အဲဒါနဲ႕ ပတ္သတ္ၿပီး ဘာမွမွားယြင္းတာ မရွိပါဘူး"
ထိုသို႔ေျပာၿပီးသည္ႏွင့္ စုယန္သည္ ခ်က္ခ်င္းလွည့္ၿပီး ႀကိဳးတံတား၏ တစ္ဖက္ျခမ္းဆီသို႔ ဦးတည္သြားလိုက္သည္။
ကုေဖးတိသည္ ႐ုတ္တရက္ ေရွ႕သို႔တိုးလာၿပီး စုယန္၏ လက္ေကာက္ဝတ္ကို ဆြဲကိုင္ကာ သူ႕ကို ေနာက္သို႔ ဆြဲလွည့္လိုက္၏။ စုယန္သည္ အလိုလို ႐ုန္းကန္မိၿပီး သူ႕အတြင္းအားကို ထုတ္သုံးမိလိုက္သည္။
ႏွစ္ေယာက္သား လႈပ္ရွားမႈေၾကာင့္ ႀကိဳးတံတားက တုန္ခါသြားေလသည္။
စုယန္သည္ ထိတ္လန႔္သြားၿပီး ႀကိဳးတံတားကို အလ်င္အျမန္ ဖမ္းဆုပ္လိုက္၏။ ၿပီးေနာက္ ကုေဖးတိကိုၾကည့္ရန္ ေခါင္းေမာ့လိုက္သည္။
ကုေဖးတိသည္ ႀကိဳးကို ၿမဲၿမံစြာဆုပ္ကိုင္ထားၿပီး စုယန္အား မ်က္ေတာင္မခတ္ဘဲ စိုက္ၾကည့္ေနသည္။ ခဏၾကာေသာအခါ သူသည္ မ်က္လႊာခ်လိဳက္ၿပီး သူ၏တင္းမာေသာအမူအရာက တျဖည္းျဖည္း မွိန္ေဖ်ာ့သြားကာ တည္ၿငိမ္ေသာ အသြင္အျပင္ကို ျပန္ေရာက္သြားခဲ့သည္။
"ငါအရင္က ေျပာဖူးပါတယ္။ ငါ တစ္ေယာက္ေယာက္နဲ႕ တစ္သက္လုံး အတူေနေတာ့မယ္ဆိုရင္ ငါ့တစ္သက္လုံး ဂ႐ုစိုက္ေပးခ်င္တဲ့သူကိုပဲ ရွာမွာလို႔" ကုေဖးတိက ဆိုသည္။
"ဒါ့ေၾကာင့္ အေဖ့ရဲ႕အစီအစဥ္ေတြကိုလိုက္နာၿပီး တျခားသူနဲ႕ အိမ္ေထာင္မျပဳခ်င္ဘူး"
စုယန္က ရယ္လိုက္သည္။
"မင္းလို ေခတ္ေနာက္က်တဲ့ကေလးက လြတ္လပ္တဲ့အခ်စ္ကို ေထာက္ခံလိမ့္မယ္လို႔ ငါမထင္ထားဘူး"
ကုေဖးတိ: "ေခတ္ေနာက္က်တယ္?"
စုယန္က သူ႕ႏႈတ္ခမ္းေတြကို ေကြးၫြတ္လိုက္ၿပီး ဆိုသည္။
"မင္းက ေခတ္ေနာက္က်တာပဲ မဟုတ္ဘူးလား။ ဒီမနက္ ငါအိပ္ရာက နိုးလာေတာ့ မင္းႏွစ္ႏွစ္ၿခိဳင္ၿခိဳက္ အိပ္ေနတာကို ေတြ႕ခဲ့ရတယ္ေလ။ ေတာင့္ေတာင့္ႀကီး အိပ္ေနတာမ်ား ေဘးတိုက္မတ္တပ္ရပ္ေနတဲ့အတိုင္းပဲ"
ကုေဖးတိက မ်က္ခုံးပင့္ကာ ၿပဳံးလိုက္သည္။
"ဒါဆို ငါဘယ္လိုအိပ္ရမွာလဲ၊ မင္းကို ေပြ႕ဖက္ၿပီးေတာ့လား?"
စုယန္သည္ ကုေဖးတိကို အံ့အားသင့္စြာ ၾကည့္လိုက္မိသည္။ ကုေဖးတိ၏ပါးစပ္မွ ဤကဲ့သို႔ေသာစကားမ်ိဳးကို ၾကားရလိမ့္မည္ဟု မေမွ်ာ္လင့္ထားခဲ့ေပ။
ေရွးေခတ္က လူေတြက ထိန္းထိန္းသိမ္းသိမ္းရွိၾကတယ္ မဟုတ္လား?
သူနဲ႕ ကုေဖးတိလိုမ်ိဳး သူငယ္ခ်င္းေကာင္းေတြၾကားမွာ ဒီလို က်ီစားတဲ့စကားမ်ိဳးေတြ ဘယ္လိုလုပ္ ထြက္ေပၚလာနိုင္မွာလဲ?
သို႔ေသာ္လည္း ကုေဖးတိသည္ လုံေလာက္ေသာ ရဲတင္းမႈ မရွိေသးပါေခ်။ ဤသို႔ေသာ ပေရာပရည္ စကားမ်ားကို ေျပာခဲ့သည္မွာ သူကိုယ္တိုင္ ျဖစ္ေသာ္လည္း ယခုအခါ နား႐ြက္မ်ားက နီရဲေနၿပီျဖစ္သည္။
စုယန္သည္ အလြန္အူျမဴးသြားၿပီး စေနာက္လိုက္၏။
"ဟုတ္တယ္၊ မင္းငါ့ကို ေပြ႕ဖက္ထားလို႔ရတယ္။ ဒီႀကိဳးတံတားက အရမ္းရွည္ၿပီး လႈပ္လည္း လႈပ္ေနတယ္။ ဒီတံတားကို ျဖတ္တဲ့အခ်ိန္ မင္းငါ့ကို ဖက္ထားေပးပါလား?"
ကုေဖးတိသည္ မ်က္ခုံးပင့္ကာ စုယန္၏ ဦးတည္ရာဆီသို႔ ေျခလွမ္းလွမ္းလိုက္သည္။
စုယန္သည္ ႐ုတ္တရက္ အႏၲရာယ္ကို ခံစားမိလိုက္ၿပီး ၿပဳံးလိုက္ကာ ကုေဖးတိ၏အၾကည့္ကို ေရွာင္လိုက္သည္။ ၿပီးေနာက္ ႀကိဳးတံတား၏ တစ္ဖက္ျခမ္းဆီသို႔ လ်င္ျမန္စြာ ခုန္ကူးသြားေတာ့၏။
ကုေဖးတိသည္ ကူကယ္ရာမဲ့ ေခါင္းယမ္းကာ သူ႕ေနာက္သို႔ အျမန္လိုက္သြားခဲ့သည္။
ေခ်ာင္နက္ႀကီး၏အတြင္းရွိ ကြၽန္းႏွစ္ကြၽန္းအျပင္ ပတ္ဝန္းက်င္ ေခ်ာက္ကမ္းပါးနံရံမ်ား၌ မေရမတြက္နိုင္ေသာ အေဆာက္အအုံမ်ား တည္ရွိသည္။
ဤေနရာ၌ လယ္ေျမမ်ားကို စီမံခန႔္ခြဲျခင္းႏွင့္ ဝယ္ယူျခင္းသည္ မိစာၦဂိုဏ္း၏ စီရင္ပိုင္ခြင့္ေအာက္တြင္ ရွိၿပီး အေျခခံလူတန္းစားမ်ားႏွင့္ ၎တို႔၏ မိသားစုဝင္မ်ားသည္ ဤေနရာ၌ ရိုးရွင္းေသာ အေျခခ်ေနထိုင္မႈကို တျဖည္းျဖည္း ဖြဲ႕စည္းလာၾကသည္။ ဤလူမ်ား၏ဘဝမ်ား အဆင္ေျပေစရန္အတြက္ အေျခခ်ေနထိုင္မႈမ်ားတြင္ စီးပြားေရးလုပ္ငန္းမ်ားကိုလည္း ထူေထာင္ခဲ့ၾကၿပီး အစားအစာ၊ အဝတ္အထည္၊ ဆီႏွင့္ ဆားတို႔ကို ဤေနရာတြင္ ေတြ႕ရွိနိုင္သည္။
မိစာၦဂိုဏ္း၏ သခင္ငယ္အျဖစ္ စုယန္သည္ ပစၥည္းမ်ားကို ဤေနရာသို႔ လူကိုယ္တိုင္လာဝယ္ရန္ မလိုအပ္ပါ။ သူသည္ မ်က္ဝန္းကြၽန္းဆြယ္မွေန၍ မွာယူရန္သာလိုအပ္ၿပီး သဘာဝအတိုင္း တစ္စုံတစ္ဦးမွ သူ႕အား လိုအပ္သည့္အရာမ်ားကို လာေရာက္ ပို႔ေဆာင္မည္ျဖစ္သည္။
ဤတစ္ႀကိမ္မွာေတာ့ စုယန္သည္ ကုေဖးတိႏွင့္ ေဈးဝယ္ထြက္ရင္း ရႈခင္းမ်ားကိုခံစားရန္ အျပင္ထြက္ခဲ့ ေသာ္လည္း တကယ္တမ္း သူသည္ ေျမေနရာကို ၾကည့္ရႈရန္ လာခဲ့ျခင္းျဖစ္သည္။
မိစာၦဂိုဏ္း၏ တားျမစ္နယ္ေျမ ဝင္ေပါက္ဧရိယာသည္ ဝါးဥယ်ာဥ္ကြၽန္းဆြယ္တြင္ ျဖစ္သည္။ မိစာၦဂိုဏ္းခ်ဳပ္၏ ေနအိမ္သည္ လူတိုင္း ဆႏၵရွိသလို ဝင္ထြက္သြားလာ၍ ရေသာ ေနရာမဟုတ္ေပ။ မိစာၦဂိုဏ္း၏ သခင္ငယ္ ျဖစ္သည့္ သူစုယန္ေတာင္ ဝါးဥယ်ာဥ္ကြၽန္းတဝိုက္ကို သြားလိုပါက ပန္းလက္ေထာက္မ်ား၏ ေစာင့္ၾကပ္မႈကို ခံရမည္ျဖစ္သည္။
ထို႔အျပင္ ကုေဖးတိသည္လည္း သူႏွင့္အတူ ပါလာေသးသည္။ ကုေဖးတိ၏တည္ရွိမႈသည္ ထိလြယ္ရွလြယ္ျဖစ္ၿပီး ေကာင္းစြာ မကိုင္တြယ္နိုင္ပါက အခက္အခဲမ်ားျဖစ္ေပၚေစနိုင္ကာ ကုေဖးတိ၏ အသက္အႏၲရာယ္ကိုပင္ ထိခိုက္လာနိုင္သည္။
မိစာၦဂိုဏ္း၏ေခါင္းေဆာင္သည္ လက္ရွိတြင္ တံခါးပိတ္ က်င့္ေနေသာေၾကာင့္ မိစာၦဂိုဏ္းတစ္ခုလုံးတြင္ သိုင္းပညာ အျမင့္မားဆုံးရွိသူမွာ စုယန္ျဖစ္သည္။ သို႔ေသာ္ ကုေဖးတိသည္ ယခုအခ်ိန္တြင္ သူ၏ အတြင္းအားကိုအသုံးျပဳရန္ အဆင္မေျပေသး ေသာေၾကာင့္ ျပႆနာအသစ္မ်ားကို တတ္နိုင္သမွ် ေရွာင္ရွားျခင္းက ပိုေကာင္းပါသည္။
စုယန္သည္ ကုေဖးတိကို ေခၚသြားၿပီး ေဈးဆိုင္မ်ိဳးစုံသို႔ လမ္းေလွ်ာက္ထြက္ခဲ့သည္။ သူသည္ ပ်ားရည္၊ နို႔ႏွင့္ သစ္သီးေျခာက္မ်ား အမ်ားအျပားကို မွာယူခဲ့ၿပီး ၎တို႔ကို ျပင္ဆင္ရန္ မ်က္ဝန္းကြၽန္းဆြယ္ရွိ မီးဖိုေခ်ာင္သို႔ ပို႔ေဆာင္ခိုင္းခဲ့သည္။
ထို႔ေနာက္ သူတို႔ႏွစ္ဦးသည္ ေခ်ာက္ကမ္းပါး လမ္းတစ္ေလွ်ာက္ အဝိုင္းတစ္ဝက္လွည့္ကာ ဝါးဥယာဥ္ကြၽန္းဆြယ္ႏွင့္အနီးဆုံး ပလက္ေဖာင္း တစ္ခုဆီသို႔ ေလွ်ာက္လာခဲ့ၾကသည္။
စုယန္သည္ ပလပ္ေဖာင္းလက္ရန္းေပၚတြင္ လက္တင္ကာ ေနရာေလးခုကို ဆက္သြယ္ရန္အတြက္ အသုံးျပဳထားေသာ မိစာၦဂိုဏ္း၏ ရႈပ္ေထြးေပြလီသည့္ ႀကိဳးတံတားမ်ားကို ေမွ်ာ္ၾကည့္လိုက္သည္။ သူသည္ စိတ္ပ်က္မႈကို မဖုံးကြယ္နိုင္ဘဲ သက္ျပင္းခ်လိဳက္၏။
ကုေဖးတိသည္ စုယန္၏နံေဘးတြင္ ရပ္လိုက္ၿပီး မိစာၦဂိုဏ္းဌာနခ်ဳပ္၏ သဘာဝလြန္ လက္ရာေျမာက္ေသာ အေဆာက္အဦးမ်ားႏွင့္ ႀကိဳးတံတားမ်ားကို သူႏွင့္အတူၾကည့္ရႈရန္ ေခါင္းကိုျမႇောက္လိုက္သည္။
သူက ႐ုတ္တရက္ ၿပဳံးလိုက္ၿပီး ဆိုလာ၏။
"ဒီေန႕ မင္းငါ့ကို ေခၚထုတ္လာတာ ရႈခင္းၾကည့္ဖို႔ သက္သက္ပဲမဟုတ္ဘူးလို႔ ငါခံစားေနရတယ္"
_15.6.22
စာေရးဆရာမွာ ေျပာစရာရွိပါတယ္။
ကုေဖးတိ: အေတြးေတြက တျဖည္းျဖည္း ရိုင္းစိုင္းလာတယ္။
စုယန္: ပိုင္ဆိုင္လိုစိတ္ တျဖည္းျဖည္း ႀကီးလာတယ္။
T/N: ဒီေန႕အပိုင္းကို အသဲတယားယားႏွင့္ ဘာသာျပန္လိုက္သည္ (◍•ᴗ•◍) ႏွစ္ေယာက္သားကေတာ့.. အဟမ္း... သိပ္မလိုေတာ့ပါဘူး.. သိပ္မလိုေတာ့ဘူး။
Thanks for reading ❣️