Pay Attention To Me [Myanmar...

By chi__285

1M 182K 12.8K

Type - Web Novel Author - 冰块儿 (Little Ice Cube) Genre - Comedy, Drama, Romance, School life, Yaoi Chapter sta... More

Description
Chapter - 1
Chapter - 2
Chapter - 3
Chapter - 4
Chapter - 5
Chapter - 6
Chapter - 7
Chapter - 8
Chapter - 9
Chapter - 10
Chapter - 11
Chapter - 12
Chapter - 13
Chapter - 14
Chapter - 15
Chapter - 16
Chapter - 17
Chapter - 18
Chapter - 19
Chapter - 20
Chapter - 21
Chapter - 22
Chapter - 23
Chapter - 24
Chapter - 25
Chapter - 26
Chapter - 27
Chapter - 28
Chapter - 29
Chapter - 30
Chapter - 31
Chapter - 32
Chapter - 33
Chapter - 34
Chapter - 35
Chapter - 36
Chapter - 37
Chapter - 38
Chapter - 39
Chapter - 40
Chapter - 41
Chapter - 42
Chapter - 43
Chapter - 44
Chapter - 45
Chapter - 46
Chapter - 47
Chapter - 48
Chapter - 49
Chapter - 50
Chapter - 51
Chapter - 52
Chapter - 53
Chapter - 54
Chapter - 55
Chapter - 56
Chapter - 57
Chapter - 58
Chapter - 59
Chapter - 60
Chapter - 61
Chapter - 62
Chapter - 63
Chapter - 64
Chapter - 65
Chapter - 66
Chapter - 67
Chapter - 68
Chapter - 69
Chapter - 70
Chapter - 71 (part 1)
Chapter - 71(part 2)
Chapter - 72
Chapter - 73
Chapter - 74
Chapter - 75
Chapter - 76
Chapter - 77
Chapter - 78
Chapter - 79
Chapter - 80
Chapter - 81
Chapter - 82
Chapter - 83
Chapter - 84
Chapter - 85
Chapter - 86
Chapter - 87
Chapter - 88
Chapter - 89
Chapter- 90
Chapter - 91
Chapter - 92
Chapter - 93
Chapter- 95
Chapter - 96
Chapter - 97
Chapter - 98
Chapter - 99
Chapter- 100
Chapter - 101
Chapter - 102
About manhua
Chapter - 103
Chapter - 104
Chapter - 105
Chapter - 106
Chapter - 107
Chapter - 108
Chapter - 109
Chapter - 110
Chapter - 111
Chapter - 112
Chapter - 113
E xtra 1 : Graduation trip (1)
Extra 1 :Graduation trip (2)

Chapter - 94

6.8K 1.2K 73
By chi__285

မိုးရွာပြီးတဲ့နောက်တော့ အပူချိန်ကထိုးဆင်းသွားကာ ဆောင်းရဲ့သရုပ်က ပိုမိုပီပြင်လာသည်။

ကျန်းကျောက်ကျူးမှာ မနှစ်က အထမြောက်ခဲ့တဲ့ မနက်ခင်းအပြေးလေ့ကျင့်ခန်းကို ပြန်အမှတ်ရကာ ဒီနှစ်လည်း ထပ်ပြေးခိုင်းဖို့ ကြံစည်လေတယ်။

ကျောင်းသားတွေခမျာ စိတ်ပါပါမပါပါ ပြေးချင်သည်ဖြစ်စေ မပြေးချင်သည်ဖြစ်စေ နားချိန်ဆိုလျှင် လေတဟူးဟူးနဲ့ ချမ်းအေးလှသည့် ကွင်းပြင်ထဲမှာ လူလာစုရတယ်။

ကျောင်းတစ်ကျောင်းလုံး တိုက်ပွဲဝင်နေသလို ပြေးကွင်းထက်က မြင်ကွင်းမှာ အားတက်သရောရှိလှတယ်။ ကျောင်းသားတွေရဲ့မျက်နှာကို အနီးကပ်ကြည့်မှသာ သေချင်စော်နံနေတဲ့ရုပ်ကလေးတွေကို မြင်ရမှာတစ်ခုပဲ။

ပြေးလို့ပြီးတော့ ကျောင်းသားတွေ တစ်ယောက်ပြီးတစ်ယောက် စာသင်ဆောင်ဆီ ပြန်လာကြတယ်။

ခြေထောက်တွေပျော့ခွေနေပြီဖြစ်တဲ့ ဟန်မုန့်က လှေကားတက်တာကို ကျန့်ယောင်ပခုံးပေါ်က မှီတွဲရင်းလိုက်ပါလာတယ်။
"ယောင်ကောရေ ယောင်ကောတို့ ခွန်အားကတော့ pro maxပဲ...."

ကျန့်ယောင် : "တိတ်စမ်း ဘေးမှာ ငါ့ကောင်လေးနဲ့၊ ထပ်ပြောကြည့် ကန်ချပစ်လိုက်မှာ"

ရင်းချဲယ်ကတော့ သူတို့နှစ်ယောက်ကို အဖက်မလုပ်ပဲ လက်ကို အိတ်ကပ်ထဲထိုးထည့်ရင်း လှေကားပေါ်တက်သွားတယ်။ စာသင်ခန်းဘက်ကို ကွေ့မယ်လုပ်တော့ လှေကားထောင့်မှာ ထိုင်နေတဲ့ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရတယ်၊ နောက်တစ်ယောက်ကမူ ဘေးကနေ စိုးရိမ်တကြီးနဲ့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေတယ်။ ထိုသူက သူလာတာလည်းမြင်ရော ချက်ချင်းထပြီးပြောလာတယ်။
"ဒီမှာ! တစ်ခုလောက်ကူညီပေးပါလား!"

နောက်ကလိုက်လာတဲ့ ဟန်မုန့်က ဘယ်သူတွေဆိုတာမြင်တော့ သူ့နားကို တိုးတိုးကပ်ပြောတယ်။
"ချယ်ကော သူတိူ့ကို ဂရုစိုက်မနေနဲ့"

ကြမ်းပြင်ပေါ်မှာ ဗိုက်ကိုလက်နှစ်ဖက်နဲ့အုပ်ကာ ထိုင်နေတဲ့ ဆုချီကို ရင်းချယ် တစ်ချက်ကြည့်ပြီး ခုနသူ့ကိုလှမ်းအော်တဲ့ ထန်ရှရှဆီကို ပြန်ကြည့်လိုက်တယ်၊ ပြီးမှ အဲ့နားလျှောက်သွားလိုက်တယ်။
"ဘာဖြစ်တာလဲ?"

ဟန်မုန့် : "လခွမ်း ချဲယ်ကောက သဘောထားကြီးလိုက်တာ"

ကျန့်ယောင်ကမူ အပြုံးလေးနဲ့
"သူက အဲ့လိုပဲ"

ရင်းချယ်ကတော့ ထွေထွေထူးထူးအတွေးမရှိပေ၊ သူနဲ့ထန်ရှရှကြား ပြဿနာရှိခဲ့တယ်ဆိုရင်တောင် အဲ့ဒါက တစ်နှစ်လောက်တောင် ကြာခဲ့ပြီဖြစ်တယ်။ ဆုချီအတွက်ကတော့ သံသယမရှင်းသေးဘူးဆိုပေမယ့် အခုကိစ္စနဲ့တော့ ဘာမှမသက်ဆိုင်ပေ။

ထန်ရှရှက ဆုချီကိုလက်ညှိုးထိုးပြပြီး
"ခုန ပြေးပြီးတော့ ဗိုက်နာလို့တဲ့၊ မတ်တပ်မရပ်နိုင်ဘူး  ဖြစ်နေတာ သူ့ကိုဆေးခန်းပို့မလို့ပေမယ့် ငါကလည်းမနိုင်တော့ နင်သယ်ပေးလို့ရလား?"

ထိုစကားကြားတော့ ကျန့်ယောင်က
"ငါကုန်းပိုးလိုက်မယ် လာ"

ရင်းချယ်က လှည့်ကြည့်လာပြီး
"မရဘူး မပိုးနဲ့"

ကျန့်ယောင် : "ငါက သန်တယ်လေ၊ ကုန်းပိုးလို့ ပိုအဆင်ပြေတယ် ငါချက်ချင်းပြန်လာခဲ့မယ်"

"မင်းက ငါ့တစ်ယောက်တည်းကိုပဲ ပိုးရမှာ"
ရင်းချဲယ်က အေးတိအေးစက်ပြောလာတယ်။
"တခြားသူတွေဆို ငါသဝန်တိုမိလိမ့်မယ်"

ထန်ရှရှ : "....."

ဆုချီ : "....."

ဟန်မုန့် : "?"

ဘာတဲ့? ခုလေးတင် သူဘာကြားလိုက်ရတာပါလိမ့်? ဒါ သူတို့အတန်းထဲက ရက်စက်တဲ့ ကျောင်းလူဆိုးမှ ဟုတ်သေးရဲ့လား?

တခနတော့ ကျန့်ယောင်လည်း ကြက်သေသေသွားတာပေါ့၊ ပြီးမှ တဖြည်းဖြည်းပူလာတဲ့ သူ့မျက်နှာတစ်ခြမ်းကို အုပ်ရင်း
"အင်း အင်းပါ ဒါဆိုလည်း"

ကောင်စုတ်လေးက ဟိုနေ့ကသူ့ပြောစကားကို နားထောင်လိုက်တာ ဖြစ်ပုံရတယ်၊ ဒါပေမယ့်လည်း ဘယ်လိုဖြစ်လို့ ကိုယ့်သေတွင်းကိုယ်တူးသလို ခံစားမိနေပါလိမ့်....
(T/n : သူပြောတဲ့ ရင်ထဲရှိသမျှစိတ်ထဲရှိသမျှ အကုန်ထုတ်ပြောဆိုတဲ့ဟာ)

ရင်းချဲယ်က ဆုချီရှေ့မှာ ထိုင်ချလိုက်ပြီး
"တက်"

ဆုချီကမူ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပြီး မတက်ရဲဖြစ်နေတာကြောင့် ထန်ရှရှကပြောလာသည်။
"မပူနဲ့ ငါလည်း အတူတူလိုက်ခဲ့မှာ"

သုံးယောက်သား ဆေးခန်းကို အတူတူသွားခဲ့ကြတယ်။ ဆေးခန်းရောက်တော့ ဆရာဝန်က ဆုချီကို ကုတင်ပေါ်လှဲစေတယ်၊ အင်္ကျီကို တစ်ချက်မပြီးစမ်းသပ်တာကြောင့် ရင်းချယ်နဲ့ ထန်ရှရှကတော့ လိုက်ကာအပြင်ကနေပဲ စောင့်နေခဲ့ကြတယ်။

သူတို့နှစ်ယောက်ကြားမှာ အရင်ကဘာအဆက်ဆံမှမရှိခဲ့သလို ရှိတာကလည်း ရန်ငြှိုးရန်စပဲဖြစ်နေတော့ လေထုအခြေနေက သဟဇာတဆိုတဲ့ စကားလုံးနဲ့ လားလားမှမသက်ဆိုင်ဖြစ်နေတယ်။

"ကျေးဇူးပဲ"
ထန်ရှရှက အရင်စပြောလာတယ်။ လေသံက ဖော်ရွေသလိုပေမယ့် နောက်ပြောလာတဲ့စကားကတော့ မဟန်ပေ။
"နင်က တကယ် omegaနဲ့ မတူဘူးနော်"

ရင်းချယ် မသဲမကွဲပဲ အသံပြုတုံ့ပြန်လိုက်တယ်၊ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ အလေးထားမနေပေ။

ထန်ရှရှက ဆက်ပြောတယ်။
"ကြည့်ရသလောက် pheromonesတောင် ရှိပုံမရပါဘူး တကယ်ပဲ omega လား?"

ရင်းချယ်က သူ့ကိုဘေးကနေလှမ်းကြည့်ကာ
"Bioစာအုပ်ထဲက အမှတ်အသား(mark)အကြောင်း မသင်ဖူးဘူးလား?"

"သင်ဖူးတာပေါ့ အာ့ဆို ကျန့်ယောင်နဲ့ အမှတ်အသားလုပ်ပြီးသားပေါ့?"

"အင်း"

"ဒါမယ့် ကျန့်ယောင်က ဒုတိယနှစ်ကမှ ရောက်လာတာလေ၊ ပထမနှစ်တစ်နှစ်လုံးကို နင်ဘယ်လိုများ ကောင်းကောင်းဖုံးကွယ်ထားနိုင်တာလဲနော်"

"ဘာလို့ အသေးစိတ်တွေ အကုန်လိုက်မေးနေတာလဲ?"
ရင်းချဲယ်က အမေးနဲ့ပြန်တုံ့ပြန်တယ်။
"ငါတို့က အဲ့လောက် ရင်းနှီးကြတာလဲမဟုတ်ပဲနဲ့"

"ငါက ဒီတိုင်း သိချင်လို့ပါ၊ တစ်ကျောင်းလုံး လိုက်မေးကြည့်လိုက် မသိချင်တဲ့သူဆိုတာ ဘယ်သူရှိလို့လဲ၊ ဘယ်သူမှ မမေးရဲလို့သာ"

"ဆောရီး ငါကတော့ မပြောပြချင်ဘူး"

"ထားပါတော့"

ဆယ်မိနစ်လောက်ကြာတော့ ဆရာဝန်က ထွက်လာပြီး ဆုချီအဆင်ပြေကြောင်းပြောတယ်။ ဗိုက်အောင့်တာကတော့ အားနည်းတာကြောင့်လို့ ယူဆရပြီး ရေများများသောက် ပြန်ပြီး လေ့ကျင့်ခန်းလုပ်ရင် အဆင်ပြေသွားမယ်လို့ ဆိုတယ်။

အိပ်ယာပေါ်ခနလှဲပြီးတော့ ဆုချီလည်း သူ့ဟာသူထနိုင်လာတယ်၊ ရင်းချဲယ်က သူတို့ထက်အရင် စာသင်ခန်းဆီပြန်ခဲ့ပြီး ရောက်တော့ တရုတ်စာချိန်တစ်ဝက်ပဲ မှီလိုက်တော့တယ်။

နေ့လည်စာချိန်ရောက်တော့ ဆုချီက သူ့အတန်းဆီရောက်လာပြီး ကန်တင်းက milk teaတစ်ဘူးလာပေးတယ်။
"ရင်းချဲယ် ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်...ပြီးတော့ အရင်တစ်ခါကလည်း တကယ်ငါတိုင်တာ မဟုတ်ဘူး အဲ့တုန်းက ငါကြည့်တယ်ဆိုတာက နင်က...နင်က ကျန့်ယောင်ရဲ့ချစ်သူဆိုလို့...."

ကောင်မလေးက နှုတ်ခမ်းကိုစေ့ရင်း မျက်ဝန်းတွေက နီရဲလာပြန်တယ်။
"ငါသိချင်တာ သူကနင့်ကိုကြိုက်ပြီး ငါ့ကိုကျ ဘာလို့မကြိုက်ရတာလဲဆိုတာ...."

ရင်းချဲယ်ကတော့ မိန်းမငယ်လေးကို ငိုအောင်ထပ်မလုပ်ချင်တာမို့ milk teaကိုယူပြီး သူမကိုနှစ်သိမ့်ပေးလိုက်တယ်။
"သူက ကန်းနေလို့ ဟုတ်ပလား?"

ထိုစကားကြားမှ ဆုချီက မျက်ရည်ပိုးပိုးပေါက်ပေါက်ကျအောင် ငိုတော့တယ်။
"အဲ့လိုဆို နင်ပြောတာ သူက...သူကကန်းနေရက်နဲ့တောင် ငါ့ကို ငြင်းတာပေါ့ အဲ့လိုလား?"

"....."
ရင်းချဲယ်မှာ ပြောစရာစကားလုံးလုံးမဲ့သွားလေတယ်။
"မင်းတွေးချင်သလိုသာ တွေးတော့"

နောက်ဆုံးတော့ ဆုချီဟာ ငိုရင်းထွက်ပြေးသွားတော့တယ်။

.....ကြည့်ရတာ နောက်ဆုံးတော့လည်း သူကျူးလွန်လိုက်မိပြန်ပြီ(ငိုအောင်) ထင်ပါရဲ့

ရင်းချယ်လည်း milk teaဘူးကို ကိုယ့်နေရာကိုယ်ပြန်ယူလာပြီး ဘေးကတစ်ယောက်ဆီ ပစ်ပေးလိုက်တယ်။
"ရော့ မင်းcrushကပေးသွားတာ"

ဘူးလေးကိုင်ကာရှိသေးတဲ့ ကျန့်ယောင်မှာ မီးကြီးခဲကိုင်ထားရသည့်နှယ် ချက်ချင်းရှေ့ကိုပစ်ထုတ်လိုက်လေတယ်။
"ဟောက်လျန်! ရော့ ကောင်မလေးတစ်ယောက် လာပေးတာ!"

ကျိုးဟောက်လျန်ကတော့ အံ့ဩသွားသလို ပီတိဖြာဘဝင်ခိုက်သွားလေတယ်။
"လခွမ်း နောက်ဆုံးတော့ ငါ့ကိုကြိုက်မယ့်လူ ပေါ်လာပြီ၊ ဘယ်အခန်းကလဲ? ရုပ်ကရော? ထားပါတော့ ငါမယူတော့ဘူး ဒါနဲ့ မိန်းကလေးလား?"

"ကောင်မလေးပါဆို ဘယ်ကောင်မလေးက ယောကျ်ားလေးဖြစ်မှာလဲ?"
ကျန့်ယောင်ကပြောတယ်။
"ကောင်မလေးက မင့်ချယ်ကောကို ပေးတယ်၊ ချယ်ချယ်က ငါ့ကိုပေးတယ်၊ ငါကမင်းကိုပြန်ပေးတယ်၊ ပတ်ချာလည်သွားတော့ ကောင်မလေးက မင်းကိုပေးတာနဲ့ အတူတူပဲပေါ့"

"....ကန်တင်းဆိုင်ပိုင်ရှင်က ပေးတာလို့ပဲ ပြောလိုက်ပါတော့ကွာ"
သူက ဘူးကိုလှည့်ဖွင့်လိုက်ရင်း
"မင်းမှာ အသိတရားရှိသေးတယ်ဆို ကူဖွင့်ပေးစမ်းပါ...."

ရင်းချဲယ်က ချက်ချင်း ခေါင်းထောင်လာပြီး သူ့လက်ထဲက milk teaဘူးကိူ ဆွဲလုသွားတယ်။

ကျိုးဟောက်လျန် : "??ချယ်ကောရေ ငါ့ဘဝက အတော်သနားစရာကောင်းနေပြီလေ ဒါတောင် ပြန်ယူဦးမလို့လား?"

"မသောက်နဲ့ဦး" ရင်းချဲယ်က မျက်မှောင်ကြုတ်တယ်။
"ဒီ milk teaက ပြဿနာရှိနိုင်တယ်"

ကျိုးဟောက်လျန် : "မဖြစ်နိုင်တာ.....ကောင်မလေးက ရင်းနှီးတယ်မလား လုပ်ပါ အရင်ကူဖွင့်ပေးစမ်းပါ"

"ငါလည်းမသိဘူး ဒါပေမယ့် သတိထားတာတော့ ပိုကောင်းတာပေါ့"

ကျန့်ယောင်က အလေးအနက် ဝင်ပြောတယ်။
"အထဲက ingredients တွေကို စစ်ကြည့်တာအကောင်းဆုံးပဲ၊ တကယ်သာ တစ်ခုခုပါခဲ့မယ်ဆို ဒီပြဿနာက ကြီးသွားပြီ၊ ဘာမှမဟုတ်ဘူးဆိုရင်တော့ ငါတို့လည်း အရမ်းမကောင်းမတွေးသင့်ဘူး"

ကျိုးဟောက်လျန်ကလည်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာဖြင့်
"အဲ့ဒါတော့ ငါလည်း ထောက်ခံတယ်၊ လူဆိုးကို အလွတ်ပေးလို့မဖြစ်သလို လူကောင်းကိုလည်း အထင်လွဲပြီးစွပ်စွဲလို့ မရဘူး"

ရင်းချဲယ်က ထူးခြားမှုမရှိသည့် သာမန် milk teaဘူးပုံစံလေးကိုကြည့်ရင်း ခနလောက်တွေးကြည့်တယ်။
"ငါ့အဖေကို စစ်ခိုင်းကြည့်လိုက်မယ်"

..
ထိုညက သူဖုန်းဆက်တော့ ရင်းချွမ်ထိုင်က အံ့ဩနေလေရဲ့။
"မင်းဘက်က ပါးကို အကူညီတောင်းတယ်ဆိုတာမျိုးက ခပ်ရှားရှားရယ်"

သားအဖနှစ်ယောက်က နှစ်ဦးတည်း စကားပြောဖို့ အခွင့်က သိပ်မကြုံလှဘူးရယ်။ milk tea အကြောင်းပြောပြီးနောက် ရင်းချွမ်ထိုင်က ထပ်မေးလာတယ်။
"ကျောင်းမှာ တစ်ခုခုဖြစ်လို့လား?"

"မဖြစ်ပါဘူး....."
ရင်းချယ်က ပြောရာက ခနရပ်သွားတယ်၊ ဒီကိစ္စက ဆုချီနဲ့ပဲဆိုင်တယ်ဆိုပေမယ့် ဘာလို့မှန်းမသိ ရုတ်တရက် သူ ချန်းဟောင်ကိုသတိရသွားတာနဲ့ မေးဖြစ်လိုက်တယ်။
"ပါး ပါးချန်းမျိုးရိုးနဲ့လူတစ်ယောက်ယောက်ကို သိလား?"

"မသိဘူး ဘာဖြစ်လို့လဲ?"

ကြည့်ရတာ သူကပဲ အတွေးလွန်နေတာနေမှာ

"ဘာမှမဟုတ်တော့ဘူး ကျွန်တော် အမှတ်မှားတာနေမယ်"

အဲ့ဒီနောက် ဖုန်းချတော့မယ့်အချိန်မှာပဲ ရင်းချွမ်ထိုက်က အေးတိအေးစက်မေးလာတယ်။
"ဟို မင်းရဲ့ချစ်သူဆိုတာကရော မင်းအပေါ်ကောင်းရဲ့လား?"

ရင်းချယ်မှာ ကြက်သေသေသွားတယ်။

မိဘတွေရှေ့မှာ သမီးရည်းစားကိစ္စတွေ ထုတ်ပြောရတာနဲ့တင်ကို မျက်နှာပူစရာကောင်းနေပြီ၊ စကားသိပ်မပြောဖြစ်တဲ့ သူ့အဖေဆိုရင်တော့ ပြောမနေနဲ့တော့။

သူသိတယ် သူ့အဖေက သူ့ကိုဂရုမစိုက်တာမဟုတ်သလို ရုပ်တည်ကြီးနဲ့ အမိန့်တွေပေး ဟောပြောနေမှာလည်း မဟုတ်ဘူး၊ အဲ့ဒါက အတိတ်က သူ့ကိုယ်သူဖခင်ဝတ္တရား မကျေပွန်ခဲ့ဘူးလို့ ခံစားမိပြီး အပြစ်ရှိစိတ်နဲ့ အလေးအနက်ထားပေးနေတာ။

အခုတော့ သူ့သားအနားမှာ ဘေးလူတွေရောက်လာတော့ ဖခင်တစ်ယောက်ရဲ့စိတ်က ဘယ်လိုပြောရမလဲ ယောက္ခမဖြစ်သူက သားမက်ဖြစ်သူကို စောင့်ကြည့်နေသလိုပေါ့။

"ကျွန်တော့်အပေါ်ကောင်းပါတယ်"

ရင်းချွမ်ထိုက်မှာ ဘာမှမပြောနိုင်တော့ပေ။
"အဓိကအကျဆုံးကတော့ မင်းအပေါ်ကောင်းဖို့ပဲ၊ မင့်မားဆီကကြားတာတော့ အနေအထားက သာမန်ပဲပြောတယ်၊ စောင့်ကြည့်ကြည့်ပေါ့ သူ့ထက်ကောင်းတာလည်း ရှိမလာနိုင်တာမဟုတ်ဘူးဆိုတော့"

"ဟင့်အင်း ကျွန်တော့်အတွက်တော့ သူက အကောင်းဆုံးပဲ"

ရင်းချွမ်ထိုက်ဘက်က ခနတိတ်ကျသွားတယ်။
"မင်းသဘောပါ ဒါပေမယ့် တကယ်လို့ နောက်ကျ မင်းအပေါ် မကောင်းဘူးဆိုရင်တော့ လမ်းခွဲဖို့တွန့်ဆုတ်မနေနဲ့ မင်းမှာရွေးချယ်စရာတွေ အများကြီးရှိတယ် ဟုတ်ပြီလား?"

ရင်းချဲယ်လည်း မတတ်နိုင်စွာ
"ဟုတ် ကျေးဇူးပါ ပါး"

ကြည့်ရတာ သူ့ကောင်လေးကို နောက်နေ့ကျ တစ်ရက်လောက် အိမ်ခေါ်သွားဖို့လိုနေပြီ ထင်ပါရဲ့

milk teaစစ်တဲ့ resultထွက်ဖို့က အနည်းငယ်တော့ ကြာဦးမှာမို့ လောလောဆယ်တော့ ထိုကိစ္စကို သူ ဘေးဖယ်ထားလိုက်တယ်။

.....

ဒီဇင်ဘာလမှာတော့ First high ရဲ့ တစ်နှစ်တာအတွင်း အကြီးကျယ်ဆုံးသော ကျောင်းပွဲတော် ကျင်းပတယ်။ သို့ပေသည့် စာသင်ချိန်မပျက်အောင်ဆိုကာ အကြီးတန်းတွေကတော့ ပါဝင်ဆင်နွှဲခွင့်မရပေ။

အဲ့ဒါ့ထက် ပိုဆိုးတာကတော့ အဲ့ဒီနှစ်ရက်မှာတင် တတိယနှစ်တွေမှာ အစမ်းစာမေးပွဲတွေ ရှိနေလေတယ်။

စာမေးပွဲကိုက First High , Eighth Highနဲ့ မြို့ထဲက တခြားထိပ်တန်းကျောင်းတချို့က ဆရာ/ဆရာမတွေ ပေါင်းပြီးစစ်ဆေးကြမှာဖြစ်တယ်။ စစ်ဆေးပြီးရင်တော့ အမှတ်တွေက မြို့နယ်အဆင့်နဲ့ထွက်မှာ ဖြစ်တယ်။ ကျောင်းသားတွေကို ဖိအားလေးနည်းနည်းဖြစ်ဖြစ် ဖြစ်စေဖို့ရယ်လို့ ခေါင်းစဉ်လှလှလေးပေးထားပေမယ့် အမှန်ကတော့ ကျောင်းတွေအချင်းချင်းအင်အားပြိုင်ကြဖို့ ဖြစ်တယ်။

ဒီတစ်ခါ စာမေးပွဲဟာ ခရိုင်အဆင့်ထက်ပိုပြီး အရေးပါတယ်။ First High အနေနဲ့ ခရိုင်စာမေးပွဲမှာ ပထမနေရာရဖို့လွယ်ပေမယ့် တစ်မြို့နယ်လုံးရှိသမျှ ကျောင်းတွေနဲ့ဆိုရင်တော့ ပြောဖို့ကခက်လေတယ်။ ဒါဟာ အမှန်တော့ အဆင့်သတ်မှတ်ချက်တစ်ခုလိုပဲ။ ဒါ့ကြောင့် First Highက ဆရာ/မတွေအကုန် စိုးရိမ်ပူပန်နေကြပြီး ကျောင်းသားတွေကို အင်မတန်ခက်ခဲတဲ့ မေးခွန်းပုစ္ဆာတွေနဲ့ လေ့ကျင့်ခိုင်းလေတော့တယ်။

မေးခွန်းက သာမန်အနေအထားနဲ့ ကျောင်းသားတွေအတွက်တောင် ကောင်းကင်ဘုံက စာကို ဖတ်နေရသလိုပဲ၊ စာမရတဲ့ကျောင်းသားတွေအတွက်တော့ ပြောနေစရာကို မလိုတော့ပေ။ ကျန်းခဲ့က အင်္ဂလိပ်မေးခွန်းစာရွက်ကို အထက်အောက်လှန်ကြည့်ရင်း
"ငါ စာရွက်များမှားရသလား? တစ်လုံးမှကို နားမလည်ဘူး"

ရွှီပေ့နီက ပြောတယ်။
"ဒီမေးခွန်းထုတ်တဲ့ ဆရာကို ငါသိတယ်၊ သူက ပြင်ပကဉာဏ်စမ်းပုစ္ဆာတွေပါ ထည့်မေးတတ်တာ... မင်းတို့တွေ အောင်မှတ်ရရင်ကို ကျေးဇူးတင်ရမယ်"

အောက်က ကျောင်းသားတွေက ငြီးငြူကြတယ်။

အတန်းဆင်းတော့ လောင်ဝူက ကျန့်ယောင်ကို ရုံးခန်းခနခေါ်သွားတယ်။ ပြန်ရောက်လာတော့ လက်ထဲမှာ အင်္ဂလိပ်စာအုပ် သင်္ချာစာအုပ်တွေ အထပ်လိုက်ပါလာတယ်။

ဟန်မုန့်က : "ယောင်ကောရေ စာတွေကြိုးစားတော့မယ်ပေါ့?"

ကျန့်ယောင်က ရယ်ရင်း
"လောင်ဝူပေးလိုက်တာပါကွာ စာမေးပွဲမတိုင်ခင် လုပ်ရအောင်လို့တဲ့"

"ဘာလို့ငါတို့ကျ မပေးပဲ မင်းတစ်ယောက်တည်းကွက်ပေးတာလဲ?"

ကျိုးဟောက်လျန်က လှည့်ကြည့်လာပြီး
"ပြောနေစရာလိုသေးလို့လား ကျန့်ယောင်က ငါတို့တစ်ကျောငိးလုံးရဲ့ မျှော်လင့်ချက်မို့လို့ပေါ့၊ တခြားကျောင်းတွေကို နိုင်မနိုင်ဆိုတာ သူ့ပေါ်မှာ မူတည်နေတာ"

"တော်လောက်ပြီ"
ကျန့်ယောင်က စာအုပ်တွေကို ခုံအောက်ထဲထိုးလိုက်တယ်။

"အဲ့စာတွေက မလုပ်ဘူးလား?"
ရင်းချယ်ကမေးတယ်။

"လူပ်မှာလေ မပူပါနဲ့"
ကျန့်ယောင်က ခနတွေးပြီးမှ
"ငါတို့အတူတူလုပ်ကြရင်ရော? ညကျ ငါ့အခန်းကိုလာခဲ့"

"အင်း"

"မီးမပိတ်ခင်အထိ စာလုပ်ကြမယ် မီးပိတ်ပြီးရင်တော့ တခြားတစ်ခုခုလုပ်ကြတာပေါ့"

ကျိုးဟောက်လျန် : "....."
ဘယ်လိုတောင်စကားမျိုးကို သူကြားလိုက်တာပါလိမ့်?

အဲ့ထက်ပိုပြီးအံ့ဩစရာကောင်းတာက စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာ နောက်တစ်ယောက်ပြန်ဖြေတဲ့စကားက
: "အင်း" တဲ့။

______

T/n : ဖတ်လို့ရော အဆင်ပြေရဲ့လားမသိဘူး၊ အတော်တော့ကြိုးစားရေးထားတာပဲ

ဒါနဲ့လေ IOS ပြောင်းလိုက်မှ Italics form(အစောင်း)လေးပြောင်းမရတော့သလိုပဲ၊ ဘယ်လိုလုပ်ကြလဲဟင် doesn't support ချည်းပြောနေတာ ခါတိုင်းဆိုအတွေးလေးတွေကို အစောင်းလေးရေးနေကျ ခုကျ ထည့်မဘူးဖြစ်နေတာ

_________

[Zawgyi]

မိုးရြာၿပီးတဲ့ေနာက္ေတာ့ အပူခ်ိန္ကထိုးဆင္းသြားကာ ေဆာင္းရဲ့သ႐ုပ္က ပိုမိုပီျပင္လာသည္။

က်န္းေက်ာက္က်ဴးမွာ မႏွစ္က အထေျမာက္ခဲ့တဲ့ မနက္ခင္းအေျပးေလ့က်င့္ခန္းကို ျပန္အမွတ္ရကာ ဒီႏွစ္လည္း ထပ္ေျပးခိုင္းဖို႔ ႀကံစည္ေလတယ္။

ေက်ာင္းသားေတြခမ်ာ စိတ္ပါပါမပါပါ ေျပးခ်င္သည္ျဖစ္ေစ မေျပးခ်င္သည္ျဖစ္ေစ နားခ်ိန္ဆိုလၽွင္ ေလတဟူးဟူးနဲ႔ ခ်မ္းေအးလွသည့္ ကြင္းျပင္ထဲမွာ လူလာစုရတယ္။

ေက်ာင္းတစ္ေက်ာင္းလုံး တိုက္ပြဲဝင္ေနသလို ေျပးကြင္းထက္က ျမင္ကြင္းမွာ အားတက္သေရာရွိလွတယ္။ ေက်ာင္းသားေတြရဲ့မ်က္ႏွာကို အနီးကပ္ၾကည့္မွသာ ေသခ်င္ေစာ္နံေနတဲ့႐ုပ္ကေလးေတြကို ျမင္ရမွာတစ္ခုပဲ။

ေျပးလို႔ၿပီးေတာ့ ေက်ာင္းသားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ စာသင္ေဆာင္ဆီ ျပန္လာၾကတယ္။

ေျခေထာက္ေတြေပ်ာ့ေခြေနၿပီျဖစ္တဲ့ ဟန္မုန့္က ေလွကားတက္တာကို က်န့္ေယာင္ပခုံးေပၚက မွီတြဲရင္းလိုက္ပါလာတယ္။
"ေယာင္ေကာေရ ေယာင္ေကာတို႔ ခြန္အားကေတာ့ pro maxပဲ...."

က်န့္ေယာင္ : "တိတ္စမ္း ေဘးမွာ ငါ့ေကာင္ေလးနဲ႔၊ ထပ္ေျပာၾကည့္ ကန္ခ်ပစ္လိုက္မွာ"

ရင္းခ်ဲယ္ကေတာ့ သူတို႔ႏွစ္ေယာက္ကို အဖက္မလုပ္ပဲ လက္ကို အိတ္ကပ္ထဲထိုးထည့္ရင္း ေလွကားေပၚတက္သြားတယ္။ စာသင္ခန္းဘက္ကို ေကြ႕မယ္လုပ္ေတာ့ ေလွကားေထာင့္မွာ ထိုင္ေနတဲ့ေက်ာင္းသားတစ္ေယာက္ကို ေတြ႕လိုက္ရတယ္၊ ေနာက္တစ္ေယာက္ကမူ ေဘးကေန စိုးရိမ္တႀကီးနဲ႔ ေခါက္တုံ႔ေခါက္ျပန္ လမ္းေလၽွာက္ေနေလတယ္။ ထိုသူက သူလာတာလည္းျမင္ေရာ ခ်က္ခ်င္းထၿပီးေျပာလာတယ္။
"ဒီမွာ! တစ္ခုေလာက္ကူညီေပးပါလား!"

ေနာက္ကလိုက္လာတဲ့ ဟန္မုန့္က ဘယ္သူေတြဆိုတာျမင္ေတာ့ သူ႔နားကို တိုးတိုးကပ္ေျပာတယ္။
"ခ်ယ္ေကာ သူတိူ႔ကို ဂ႐ုစိုက္မေနနဲ႔"

ၾကမ္းျပင္ေပၚမွာ ဗိုက္ကိုလက္ႏွစ္ဖက္နဲ႔အုပ္ကာ ထိုင္ေနတဲ့ ဆုခ်ီကို ရင္းခ်ယ္ တစ္ခ်က္ၾကည့္ၿပီး ခုနသူ႔ကိုလွမ္းေအာ္တဲ့ ထန္ရွရွဆီကို ျပန္ၾကည့္လိုက္တယ္၊ ၿပီးမွ အဲ့နားေလၽွာက္သြားလိုက္တယ္။
"ဘာျဖစ္တာလဲ?"

ဟန္မုန့္ : "လခြမ္း ခ်ဲယ္ေကာက သေဘာထားႀကီးလိုက္တာ"

က်န့္ေယာင္ကမူ အျပဳံးေလးနဲ႔
"သူက အဲ့လိုပဲ"

ရင္းခ်ယ္ကေတာ့ ေထြေထြထူးထူးအေတြးမရွိေပ၊ သူနဲ႔ထန္ရွရွၾကား ျပႆနာရွိခဲ့တယ္ဆိုရင္ေတာင္ အဲ့ဒါက တစ္ႏွစ္ေလာက္ေတာင္ ၾကာခဲ့ၿပီျဖစ္တယ္။ ဆုခ်ီအတြက္ကေတာ့ သံသယမရွင္းေသးဘူးဆိုေပမယ့္ အခုကိစၥနဲ႔ေတာ့ ဘာမွမသက္ဆိုင္ေပ။

ထန္ရွရွက ဆုခ်ီကိုလက္ညႇိုးထိုးျပၿပီး
"ခုန ေျပးၿပီးေတာ့ ဗိုက္နာလို႔တဲ့၊ မတ္တပ္မရပ္နိုင္ဘူး ျဖစ္ေနတာ သူ႔ကိုေဆးခန္းပို႔မလို႔ေပမယ့္ ငါကလည္းမနိုင္ေတာ့ နင္သယ္ေပးလို႔ရလား?"

ထိုစကားၾကားေတာ့ က်န့္ေယာင္က
"ငါကုန္းပိုးလိုက္မယ္ လာ"

ရင္းခ်ယ္က လွည့္ၾကည့္လာၿပီး
"မရဘူး မပိုးနဲ႔"

က်န့္ေယာင္ : "ငါက သန္တယ္ေလ၊ ကုန္းပိုးလို႔ ပိုအဆင္ေျပတယ္ ငါခ်က္ခ်င္းျပန္လာခဲ့မယ္"

"မင္းက ငါ့တစ္ေယာက္တည္းကိုပဲ ပိုးရမွာ"
ရင္းခ်ဲယ္က ေအးတိေအးစက္ေျပာလာတယ္။
"တျခားသူေတြဆို ငါသဝန္တိုမိလိမ့္မယ္"

ထန္ရွရွ : "....."

ဆုခ်ီ : "....."

ဟန္မုန့္ : "?"

ဘာတဲ့? ခုေလးတင္ သူဘာၾကားလိုက္ရတာပါလိမ့္? ဒါ သူတို႔အတန္းထဲက ရက္စက္တဲ့ ေက်ာင္းလူဆိုးမွ ဟုတ္ေသးရဲ့လား?

တခနေတာ့ က်န့္ေယာင္လည္း ၾကက္ေသေသသြားတာေပါ့၊ ၿပီးမွ တျဖည္းျဖည္းပူလာတဲ့ သူ႔မ်က္ႏွာတစ္ျခမ္းကို အုပ္ရင္း
"အင္း အင္းပါ ဒါဆိုလည္း"

ေကာင္စုတ္ေလးက ဟိုေန႔ကသူ႔ေျပာစကားကို နားေထာင္လိုက္တာ ျဖစ္ပုံရတယ္၊ ဒါေပမယ့္လည္း ဘယ္လိုျဖစ္လို႔ ကိုယ့္ေသတြင္းကိုယ္တူးသလို ခံစားမိေနပါလိမ့္....
(T/n : သူေျပာတဲ့ ရင္ထဲရွိသမၽွစိတ္ထဲရွိသမၽွ အကုန္ထုတ္ေျပာဆိုတဲ့ဟာ)

ရင္းခ်ဲယ္က ဆုခ်ီေရွ႕မွာ ထိုင္ခ်လိုက္ၿပီး
"တက္"

ဆုခ်ီကမူ တြန့္ဆုတ္တြန့္ဆုတ္ျဖစ္ေနၿပီး မတက္ရဲျဖစ္ေနတာေၾကာင့္ ထန္ရွရွကေျပာလာသည္။
"မပူနဲ႔ ငါလည္း အတူတူလိုက္ခဲ့မွာ"

သုံးေယာက္သား ေဆးခန္းကို အတူတူသြားခဲ့ၾကတယ္။ ေဆးခန္းေရာက္ေတာ့ ဆရာဝန္က ဆုခ်ီကို ကုတင္ေပၚလွဲေစတယ္၊ အကၤ်ီကို တစ္ခ်က္မၿပီးစမ္းသပ္တာေၾကာင့္ ရင္းခ်ယ္နဲ႔ ထန္ရွရွကေတာ့ လိုက္ကာအျပင္ကေနပဲ ေစာင့္ေနခဲ့ၾကတယ္။

သူတို႔ႏွစ္ေယာက္ၾကားမွာ အရင္ကဘာအဆက္ဆံမွမရွိခဲ့သလို ရွိတာကလည္း ရန္ျငႇိုးရန္စပဲျဖစ္ေနေတာ့ ေလထုအေျခေနက သဟဇာတဆိုတဲ့ စကားလုံးနဲ႔ လားလားမွမသက္ဆိုင္ျဖစ္ေနတယ္။

"ေက်းဇူးပဲ"
ထန္ရွရွက အရင္စေျပာလာတယ္။ ေလသံက ေဖာ္ေရြသလိုေပမယ့္ ေနာက္ေျပာလာတဲ့စကားကေတာ့ မဟန္ေပ။
"နင္က တကယ္ omegaနဲ႔ မတူဘူးေနာ္"

ရင္းခ်ယ္ မသဲမကြဲပဲ အသံျပဳတုံ႔ျပန္လိုက္တယ္၊ ဒါေပမယ့္ သူ႔စိတ္ထဲမွာေတာ့ အေလးထားမေနေပ။

ထန္ရွရွက ဆက္ေျပာတယ္။
"ၾကည့္ရသေလာက္ pheromonesေတာင္ ရွိပုံမရပါဘူး တကယ္ပဲ omega လား?"

ရင္းခ်ယ္က သူ႔ကိုေဘးကေနလွမ္းၾကည့္ကာ
"Bioစာအုပ္ထဲက အမွတ္အသား(mark)အေၾကာင္း မသင္ဖူးဘူးလား?"

"သင္ဖူးတာေပါ့ အာ့ဆို က်န့္ေယာင္နဲ႔ အမွတ္အသားလုပ္ၿပီးသားေပါ့?"

"အင္း"

"ဒါမယ့္ က်န့္ေယာင္က ဒုတိယႏွစ္ကမွ ေရာက္လာတာေလ၊ ပထမႏွစ္တစ္ႏွစ္လုံးကို နင္ဘယ္လိုမ်ား ေကာင္းေကာင္းဖုံးကြယ္ထားနိုင္တာလဲေနာ္"

"ဘာလို႔ အေသးစိတ္ေတြ အကုန္လိုက္ေမးေနတာလဲ?"
ရင္းခ်ဲယ္က အေမးနဲ႔ျပန္တုံ႔ျပန္တယ္။
"ငါတို႔က အဲ့ေလာက္ ရင္းႏွီးၾကတာလဲမဟုတ္ပဲနဲ႔"

"ငါက ဒီတိုင္း သိခ်င္လို႔ပါ၊ တစ္ေက်ာင္းလုံး လိုက္ေမးၾကည့္လိုက္ မသိခ်င္တဲ့သူဆိုတာ ဘယ္သူရွိလို႔လဲ၊ ဘယ္သူမွ မေမးရဲလို႔သာ"

"ေဆာရီး ငါကေတာ့ မေျပာျပခ်င္ဘူး"

"ထားပါေတာ့"

ဆယ္မိနစ္ေလာက္ၾကာေတာ့ ဆရာဝန္က ထြက္လာၿပီး ဆုခ်ီအဆင္ေျပေၾကာင္းေျပာတယ္။ ဗိုက္ေအာင့္တာကေတာ့ အားနည္းတာေၾကာင့္လို႔ ယူဆရၿပီး ေရမ်ားမ်ားေသာက္ ျပန္ၿပီး ေလ့က်င့္ခန္းလုပ္ရင္ အဆင္ေျပသြားမယ္လို႔ ဆိုတယ္။

အိပ္ယာေပၚခနလွဲၿပီးေတာ့ ဆုခ်ီလည္း သူ႔ဟာသူထနိုင္လာတယ္၊ ရင္းခ်ဲယ္က သူတို႔ထက္အရင္ စာသင္ခန္းဆီျပန္ခဲ့ၿပီး ေရာက္ေတာ့ တ႐ုတ္စာခ်ိန္တစ္ဝက္ပဲ မွီလိုက္ေတာ့တယ္။

ေန႔လည္စာခ်ိန္ေရာက္ေတာ့ ဆုခ်ီက သူ႔အတန္းဆီေရာက္လာၿပီး ကန္တင္းက milk teaတစ္ဘူးလာေပးတယ္။
"ရင္းခ်ဲယ္ ဒီေန႔အတြက္ ေက်းဇူးတင္ပါတယ္...ၿပီးေတာ့ အရင္တစ္ခါကလည္း တကယ္ငါတိုင္တာ မဟုတ္ဘူး အဲ့တုန္းက ငါၾကည့္တယ္ဆိုတာက နင္က...နင္က က်န့္ေယာင္ရဲ့ခ်စ္သူဆိုလို႔...."

ေကာင္မေလးက ႏွုတ္ခမ္းကိုေစ့ရင္း မ်က္ဝန္းေတြက နီရဲလာျပန္တယ္။
"ငါသိခ်င္တာ သူကနင့္ကိုႀကိဳက္ၿပီး ငါ့ကိုက် ဘာလို႔မႀကိဳက္ရတာလဲဆိုတာ...."

ရင္းခ်ဲယ္ကေတာ့ မိန္းမငယ္ေလးကို ငိုေအာင္ထပ္မလုပ္ခ်င္တာမို႔ milk teaကိုယူၿပီး သူမကိုႏွစ္သိမ့္ေပးလိုက္တယ္။
"သူက ကန္းေနလို႔ ဟုတ္ပလား?"

ထိုစကားၾကားမွ ဆုခ်ီက မ်က္ရည္ပိုးပိုးေပါက္ေပါက္က်ေအာင္ ငိုေတာ့တယ္။
"အဲ့လိုဆို နင္ေျပာတာ သူက...သူကကန္းေနရက္နဲ႔ေတာင္ ငါ့ကို ျငင္းတာေပါ့ အဲ့လိုလား?"

"....."
ရင္းခ်ဲယ္မွာ ေျပာစရာစကားလုံးလုံးမဲ့သြားေလတယ္။
"မင္းေတြးခ်င္သလိုသာ ေတြးေတာ့"

ေနာက္ဆုံးေတာ့ ဆုခ်ီဟာ ငိုရင္းထြက္ေျပးသြားေတာ့တယ္။

.....ၾကည့္ရတာ ေနာက္ဆုံးေတာ့လည္း သူက်ဴးလြန္လိုက္မိျပန္ၿပီ(ငိုေအာင္) ထင္ပါရဲ့

ရင္းခ်ယ္လည္း milk teaဘူးကို ကိုယ့္ေနရာကိုယ္ျပန္ယူလာၿပီး ေဘးကတစ္ေယာက္ဆီ ပစ္ေပးလိုက္တယ္။
"ေရာ့ မင္းcrushကေပးသြားတာ"

ဘူးေလးကိုင္ကာရွိေသးတဲ့ က်န့္ေယာင္မွာ မီးႀကီးခဲကိုင္ထားရသည့္ႏွယ္ ခ်က္ခ်င္းေရွ႕ကိုပစ္ထုတ္လိုက္ေလတယ္။
"ေဟာက္လ်န္! ေရာ့ ေကာင္မေလးတစ္ေယာက္ လာေပးတာ!"

က်ိဳးေဟာက္လ်န္ကေတာ့ အံ့ဩသြားသလို ပီတိျဖာဘဝင္ခိုက္သြားေလတယ္။
"လခြမ္း ေနာက္ဆုံးေတာ့ ငါ့ကိုႀကိဳက္မယ့္လူ ေပၚလာၿပီ၊ ဘယ္အခန္းကလဲ? ႐ုပ္ကေရာ? ထားပါေတာ့ ငါမယူေတာ့ဘူး ဒါနဲ႔ မိန္းကေလးလား?"

"ေကာင္မေလးပါဆို ဘယ္ေကာင္မေလးက ေယာက်္ားေလးျဖစ္မွာလဲ?"
က်န့္ေယာင္ကေျပာတယ္။
"ေကာင္မေလးက မင့္ခ်ယ္ေကာကို ေပးတယ္၊ ခ်ယ္ခ်ယ္က ငါ့ကိုေပးတယ္၊ ငါကမင္းကိုျပန္ေပးတယ္၊ ပတ္ခ်ာလည္သြားေတာ့ ေကာင္မေလးက မင္းကိုေပးတာနဲ႔ အတူတူပဲေပါ့"

"....ကန္တင္းဆိုင္ပိုင္ရွင္က ေပးတာလို႔ပဲ ေျပာလိုက္ပါေတာ့ကြာ"
သူက ဘူးကိုလွည့္ဖြင့္လိုက္ရင္း
"မင္းမွာ အသိတရားရွိေသးတယ္ဆို ကူဖြင့္ေပးစမ္းပါ...."

ရင္းခ်ဲယ္က ခ်က္ခ်င္း ေခါင္းေထာင္လာၿပီး သူ႔လက္ထဲက milk teaဘူးကိူ ဆြဲလုသြားတယ္။

က်ိဳးေဟာက္လ်န္ : "??ခ်ယ္ေကာေရ ငါ့ဘဝက အေတာ္သနားစရာေကာင္းေနၿပီေလ ဒါေတာင္ ျပန္ယူဦးမလို႔လား?"

"မေသာက္နဲ႔ဦး" ရင္းခ်ဲယ္က မ်က္ေမွာင္ၾကဳတ္တယ္။
"ဒီ milk teaက ျပႆနာရွိနိုင္တယ္"

က်ိဳးေဟာက္လ်န္ : "မျဖစ္နိုင္တာ.....ေကာင္မေလးက ရင္းႏွီးတယ္မလား လုပ္ပါ အရင္ကူဖြင့္ေပးစမ္းပါ"

"ငါလည္းမသိဘူး ဒါေပမယ့္ သတိထားတာေတာ့ ပိုေကာင္းတာေပါ့"

က်န့္ေယာင္က အေလးအနက္ ဝင္ေျပာတယ္။
"အထဲက ingredients ေတြကို စစ္ၾကည့္တာအေကာင္းဆုံးပဲ၊ တကယ္သာ တစ္ခုခုပါခဲ့မယ္ဆို ဒီျပႆနာက ႀကီးသြားၿပီ၊ ဘာမွမဟုတ္ဘူးဆိုရင္ေတာ့ ငါတို႔လည္း အရမ္းမေကာင္းမေတြးသင့္ဘူး"

က်ိဳးေဟာက္လ်န္ကလည္း ေခါင္းတဆတ္ဆတ္ၿငိမ့္ကာျဖင့္
"အဲ့ဒါေတာ့ ငါလည္း ေထာက္ခံတယ္၊ လူဆိုးကို အလြတ္ေပးလို႔မျဖစ္သလို လူေကာင္းကိုလည္း အထင္လြဲၿပီးစြပ္စြဲလို႔ မရဘူး"

ရင္းခ်ဲယ္က ထူးျခားမွုမရွိသည့္ သာမန္ milk teaဘူးပုံစံေလးကိုၾကည့္ရင္း ခနေလာက္ေတြးၾကည့္တယ္။
"ငါ့အေဖကို စစ္ခိုင္းၾကည့္လိုက္မယ္"

..
ထိုညက သူဖုန္းဆက္ေတာ့ ရင္းခၽြမ္ထိုင္က အံ့ဩေနေလရဲ့။
"မင္းဘက္က ပါးကို အကူညီေတာင္းတယ္ဆိုတာမ်ိဳးက ခပ္ရွားရွားရယ္"

သားအဖႏွစ္ေယာက္က ႏွစ္ဦးတည္း စကားေျပာဖို႔ အခြင့္က သိပ္မၾကဳံလွဘူးရယ္။ milk tea အေၾကာင္းေျပာၿပီးေနာက္ ရင္းခၽြမ္ထိုင္က ထပ္ေမးလာတယ္။
"ေက်ာင္းမွာ တစ္ခုခုျဖစ္လို႔လား?"

"မျဖစ္ပါဘူး....."
ရင္းခ်ယ္က ေျပာရာက ခနရပ္သြားတယ္၊ ဒီကိစၥက ဆုခ်ီနဲ႔ပဲဆိုင္တယ္ဆိုေပမယ့္ ဘာလို႔မွန္းမသိ ႐ုတ္တရက္ သူ ခ်န္းေဟာင္ကိုသတိရသြားတာနဲ႔ ေမးျဖစ္လိုက္တယ္။
"ပါး ပါးခ်န္းမ်ိဳးရိုးနဲ႔လူတစ္ေယာက္ေယာက္ကို သိလား?"

"မသိဘူး ဘာျဖစ္လို႔လဲ?"

ၾကည့္ရတာ သူကပဲ အေတြးလြန္ေနတာေနမွာ

"ဘာမွမဟုတ္ေတာ့ဘူး ကၽြန္ေတာ္ အမွတ္မွားတာေနမယ္"

အဲ့ဒီေနာက္ ဖုန္းခ်ေတာ့မယ့္အခ်ိန္မွာပဲ ရင္းခၽြမ္ထိုက္က ေအးတိေအးစက္ေမးလာတယ္။
"ဟို မင္းရဲ့ခ်စ္သူဆိုတာကေရာ မင္းအေပၚေကာင္းရဲ့လား?"

ရင္းခ်ယ္မွာ ၾကက္ေသေသသြားတယ္။

မိဘေတြေရွ႕မွာ သမီးရည္းစားကိစၥေတြ ထုတ္ေျပာရတာနဲ႔တင္ကို မ်က္ႏွာပူစရာေကာင္းေနၿပီ၊ စကားသိပ္မေျပာျဖစ္တဲ့ သူ႔အေဖဆိုရင္ေတာ့ ေျပာမေနနဲ႔ေတာ့။

သူသိတယ္ သူ႔အေဖက သူ႔ကိုဂ႐ုမစိုက္တာမဟုတ္သလို ႐ုပ္တည္ႀကီးနဲ႔ အမိန့္ေတြေပး ေဟာေျပာေနမွာလည္း မဟုတ္ဘူး၊ အဲ့ဒါက အတိတ္က သူ႔ကိုယ္သူဖခင္ဝတၱရား မေက်ပြန္ခဲ့ဘူးလို႔ ခံစားမိၿပီး အျပစ္ရွိစိတ္နဲ႔ အေလးအနက္ထားေပးေနတာ။

အခုေတာ့ သူ႔သားအနားမွာ ေဘးလူေတြေရာက္လာေတာ့ ဖခင္တစ္ေယာက္ရဲ့စိတ္က ဘယ္လိုေျပာရမလဲ ေယာကၡမျဖစ္သူက သားမက္ျဖစ္သူကို ေစာင့္ၾကည့္ေနသလိုေပါ့။

"ကၽြန္ေတာ့္အေပၚေကာင္းပါတယ္"

ရင္းခၽြမ္ထိုက္မွာ ဘာမွမေျပာနိုင္ေတာ့ေပ။
"အဓိကအက်ဆုံးကေတာ့ မင္းအေပၚေကာင္းဖို႔ပဲ၊ မင့္မားဆီကၾကားတာေတာ့ အေနအထားက သာမန္ပဲေျပာတယ္၊ ေစာင့္ၾကည့္ၾကည့္ေပါ့ သူ႔ထက္ေကာင္းတာလည္း ရွိမလာနိုင္တာမဟုတ္ဘူးဆိုေတာ့"

"ဟင့္အင္း ကၽြန္ေတာ့္အတြက္ေတာ့ သူက အေကာင္းဆုံးပဲ"

ရင္းခၽြမ္ထိုက္ဘက္က ခနတိတ္က်သြားတယ္။
"မင္းသေဘာပါ ဒါေပမယ့္ တကယ္လို႔ ေနာက္က် မင္းအေပၚ မေကာင္းဘူးဆိုရင္ေတာ့ လမ္းခြဲဖို႔တြန့္ဆုတ္မေနနဲ႔ မင္းမွာေရြးခ်ယ္စရာေတြ အမ်ားႀကီးရွိတယ္ ဟုတ္ၿပီလား?"

ရင္းခ်ဲယ္လည္း မတတ္နိုင္စြာ
"ဟုတ္ ေက်းဇူးပါ ပါး"

ၾကည့္ရတာ သူ႔ေကာင္ေလးကို ေနာက္ေန႔က် တစ္ရက္ေလာက္ အိမ္ေခၚသြားဖို႔လိုေနၿပီ ထင္ပါရဲ့

milk teaစစ္တဲ့ resultထြက္ဖို႔က အနည္းငယ္ေတာ့ ၾကာဦးမွာမို႔ ေလာေလာဆယ္ေတာ့ ထိုကိစၥကို သူ ေဘးဖယ္ထားလိုက္တယ္။

.....

ဒီဇင္ဘာလမွာေတာ့ First high ရဲ့ တစ္ႏွစ္တာအတြင္း အႀကီးက်ယ္ဆုံးေသာ ေက်ာင္းပြဲေတာ္ က်င္းပတယ္။ သို႔ေပသည့္ စာသင္ခ်ိန္မပ်က္ေအာင္ဆိုကာ အႀကီးတန္းေတြကေတာ့ ပါဝင္ဆင္ႏႊဲခြင့္မရေပ။

အဲ့ဒါ့ထက္ ပိုဆိုးတာကေတာ့ အဲ့ဒီႏွစ္ရက္မွာတင္ တတိယႏွစ္ေတြမွာ အစမ္းစာေမးပြဲေတြ ရွိေနေလတယ္။

စာေမးပြဲကိုက First High , Eighth Highနဲ႔ ၿမိဳ႕ထဲက တျခားထိပ္တန္းေက်ာင္းတခ်ိဳ႕က ဆရာ/ဆရာမေတြ ေပါင္းၿပီးစစ္ေဆးၾကမွာျဖစ္တယ္။ စစ္ေဆးၿပီးရင္ေတာ့ အမွတ္ေတြက ၿမိဳ႕နယ္အဆင့္နဲ႔ထြက္မွာ ျဖစ္တယ္။ ေက်ာင္းသားေတြကို ဖိအားေလးနည္းနည္းျဖစ္ျဖစ္ ျဖစ္ေစဖို႔ရယ္လို႔ ေခါင္းစဥ္လွလွေလးေပးထားေပမယ့္ အမွန္ကေတာ့ ေက်ာင္းေတြအခ်င္းခ်င္းအင္အားၿပိဳင္ၾကဖို႔ ျဖစ္တယ္။

ဒီတစ္ခါ စာေမးပြဲဟာ ခရိုင္အဆင့္ထက္ပိုၿပီး အေရးပါတယ္။ First High အေနနဲ႔ ခရိုင္စာေမးပြဲမွာ ပထမေနရာရဖို႔လြယ္ေပမယ့္ တစ္ၿမိဳ႕နယ္လုံးရွိသမၽွ ေက်ာင္းေတြနဲ႔ဆိုရင္ေတာ့ ေျပာဖို႔ကခက္ေလတယ္။ ဒါဟာ အမွန္ေတာ့ အဆင့္သတ္မွတ္ခ်က္တစ္ခုလိုပဲ။ ဒါ့ေၾကာင့္ First Highက ဆရာ/မေတြအကုန္ စိုးရိမ္ပူပန္ေနၾကၿပီး ေက်ာင္းသားေတြကို အင္မတန္ခက္ခဲတဲ့ ေမးခြန္းပုစၧာေတြနဲ႔ ေလ့က်င့္ခိုင္းေလေတာ့တယ္။

ေမးခြန္းက သာမန္အေနအထားနဲ႔ ေက်ာင္းသားေတြအတြက္ေတာင္ ေကာင္းကင္ဘုံက စာကို ဖတ္ေနရသလိုပဲ၊ စာမရတဲ့ေက်ာင္းသားေတြအတြက္ေတာ့ ေျပာေနစရာကို မလိုေတာ့ေပ။ က်န္းခဲ့က အဂၤလိပ္ေမးခြန္းစာရြက္ကို အထက္ေအာက္လွန္ၾကည့္ရင္း
"ငါ စာရြက္မ်ားမွားရသလား? တစ္လုံးမွကို နားမလည္ဘူး"

ရႊီေပ့နီက ေျပာတယ္။
"ဒီေမးခြန္းထုတ္တဲ့ ဆရာကို ငါသိတယ္၊ သူက ျပင္ပကဉာဏ္စမ္းပုစၧာေတြပါ ထည့္ေမးတတ္တာ... မင္းတို႔ေတြ ေအာင္မွတ္ရရင္ကို ေက်းဇူးတင္ရမယ္"

ေအာက္က ေက်ာင္းသားေတြက ၿငီးျငဴၾကတယ္။

အတန္းဆင္းေတာ့ ေလာင္ဝူက က်န့္ေယာင္ကို ႐ုံးခန္းခနေခၚသြားတယ္။ ျပန္ေရာက္လာေတာ့ လက္ထဲမွာ အဂၤလိပ္စာအုပ္ သခၤ်ာစာအုပ္ေတြ အထပ္လိုက္ပါလာတယ္။

ဟန္မုန့္က : "ေယာင္ေကာေရ စာေတြႀကိဳးစားေတာ့မယ္ေပါ့?"

က်န့္ေယာင္က ရယ္ရင္း
"ေလာင္ဝူေပးလိုက္တာပါကြာ စာေမးပြဲမတိုင္ခင္ လုပ္ရေအာင္လို႔တဲ့"

"ဘာလို႔ငါတို႔က် မေပးပဲ မင္းတစ္ေယာက္တည္းကြက္ေပးတာလဲ?"

က်ိဳးေဟာက္လ်န္က လွည့္ၾကည့္လာၿပီး
"ေျပာေနစရာလိုေသးလို႔လား က်န့္ေယာင္က ငါတို႔တစ္ေက်ာငိးလုံးရဲ့ ေမၽွာ္လင့္ခ်က္မို႔လို႔ေပါ့၊ တျခားေက်ာင္းေတြကို နိုင္မနိုင္ဆိုတာ သူ႔ေပၚမွာ မူတည္ေနတာ"

"ေတာ္ေလာက္ၿပီ"
က်န့္ေယာင္က စာအုပ္ေတြကို ခုံေအာက္ထဲထိုးလိုက္တယ္။

"အဲ့စာေတြက မလုပ္ဘူးလား?"
ရင္းခ်ယ္ကေမးတယ္။

"လူပ္မွာေလ မပူပါနဲ႔"
က်န့္ေယာင္က ခနေတြးၿပီးမွ
"ငါတို႔အတူတူလုပ္ၾကရင္ေရာ? ညက် ငါ့အခန္းကိုလာခဲ့"

"အင္း"

"မီးမပိတ္ခင္အထိ စာလုပ္ၾကမယ္ မီးပိတ္ၿပီးရင္ေတာ့ တျခားတစ္ခုခုလုပ္ၾကတာေပါ့"

က်ိဳးေဟာက္လ်န္ : "....."
ဘယ္လိုေတာင္စကားမ်ိဳးကို သူၾကားလိုက္တာပါလိမ့္?

အဲ့ထက္ပိုၿပီးအံ့ဩစရာေကာင္းတာက စကၠန့္အနည္းငယ္ၾကာၿပီးေနာက္မွာ ေနာက္တစ္ေယာက္ျပန္ေျဖတဲ့စကားက
: "အင္း" တဲ့။

______

T/n : ဖတ္လို႔ေရာ အဆင္ေျပရဲ့လားမသိဘူး၊ အေတာ္ေတာ့ႀကိဳးစားေရးထားတာပဲ

ဒါနဲ႔ေလ IOS ေျပာင္းလိုက္မွ Italics form(အေစာင္း)ေလးေျပာင္းမရေတာ့သလိုပဲ၊ ဘယ္လိုလုပ္ၾကလဲဟင္ doesn't support ခ်ည္းေျပာေနတာ ခါတိုင္းဆိုအေတြးေလးေတြကို အေစာင္းေလးေရးေနက် ခုက် ထည့္မဘူးျဖစ္ေနတာ

Continue Reading

You'll Also Like

1.3M 52.3K 25
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
1.4M 188K 53
Title ✿ I Was Pregnant After Divorce Original Author ✿ 卷心西瓜 Eng Translator : Renlenox Status : 47 chapters + 3 extras (Co...
39.3K 3.1K 19
အခုခေတ်ရဲ့ B@d@ssက နှောင်းပိုင်းခေတ်ကို ရောက်သွားတဲ့အခါ...
327K 67.3K 127
🍁බිදී මිය ගිය පැතුම් අභියස...... . . . . . Start - 2023 / 05 / 05 End - 2024 / / .....? 18 + 🔞 Mature