ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့...

By Jiji_laura

456K 78.6K 2.6K

Both Unicode and Zawgyi Title- 說好成為彼此的宿敵呢 Author- 輕風白楊 (Qīng fēng báiyáng) Type - web novel (CN) Status in CO... More

Description
အခန်း-၁ မေ့ကျူးတောင်တွင် ပထမဆုံးတွေ့ဆုံးခြင်း။
အခန်း-၂ စာကြောင်းတွေကို မှတ်ရတာ ခက်လိုက်တာ။
အခန်း-၃ နုပျိုရနံ့သာဆေးလုံး။
အခန်း-၄ ဒီကျေးဇူးကို ငါပြန်ဆပ်မယ်။
အခန်း-၅ မင်းက လူကောင်းတစ်ယောက်ပဲ။
အခန်း-၆ လူရွေးပွဲ၏ ပထမဦးဆုံး အကဲဖြတ်ခြင်း။
အခန်း-၇ ငါ အရမ်းပျော်ပါတယ်။
အခန်း-၈ ဒါက ကြီးကြီးမားမား နားလည်မှုလွဲမှားတာပဲ။
အခန်း-၉ လရောင်အောက်၌ ယစ်မူးနေသော ကြာပွတ်ငယ်။
အခန်း-၁၀ မမျှော်လင့်ထားသော ပြဿနာ။
အခန်း-၁၁ ဒါက စိတ်ကူးယဉ် ဇာတ်လမ်းတစ်ပုဒ်ပါ။
အခန်း-၁၂ အံ့ဖွယ် ကျောက်တုံးသစ်တော အခင်းအကျင်း။
အခန်း-၁၃ ဘယ်သူက ပထမလဲ?
အခန်း-၁၄ ရုန်းကန်နေစရာ မလိုတော့ဘူး။
အခန်း-၁၅ ကျောက်စိမ်းအိမ်တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၁၆ နောက်ထပ်ရှင်းပြစရာ မရှိပါ။
အခန်း-၁၇ နွေဦးသက်ဝင်ဥယျာဉ်သို့ ပြောင်းရွှေ့ခြင်း။
အခန်း-၁၈ ရေခဲကိုးလွှာပွင့်လန်းခြင်း။
အခန်း-၁၉ အလွန်ကောင်းမွန်သော အကြံဉာဏ်။
အခန်း-၂၀ ပြောင်းလဲရန် အကောင်းဆုံးကြိုးစားခြင်း။
အခန်း-၂၁ နွေမှဆောင်းသို့ ကူးပြောင်းခြင်း။
အခန်း-၂၂ ကျောက်စိမ်းအိမ်တော်မှ နှစ်တစ်ဝက်။
အခန်း-၂၃ ကျောက်စိမ်းကြေးမုံရေကန်ပေါ်၌ ကစားခြင်း။
အခန်း-၂၄ ရေခဲရေတံခွန် ပြိုကျခြင်း။
အခန်း-၂၅ ပုလဲစံအိမ်တော်သို့ မှားယွင်းစွာဝင်ရောက်ခြင်း။
အခန်း-၂၅.၂
အခန်း-၂၅.၃
အခန်း-၂၆ နိုးထခြင်းနှင့် နှစ်သစ်ကူးအကြို။
အခန်း-၂၇ မြင်းဖြူတစ်ကောင်ကဲ့သို့ မြန်ဆန်သောအချိန်။
အခန်း-၂၈ ခံစားချက်များကို ထုတ်ပြောရန်မှာ ခက်ခဲလှသည်။
အခန်း-၂၉ ခေတ်နှင့်အညီ လိုက်လျောညီထွေ နေထိုင်ခြင်း။
အခန်း-၃၀ မြင့်မြတ်သော ဓားပညာရှိ ဂူသင်္ချိုင်း၏သတင်း။
အခန်း-၃၁ ကောပိသဲကန္တာရ၌ ပြန်လည်ဆုံဆည်းခြင်း။
အခန်း-၃၂ သူစိမ်းအဖြစ် တွေ့ဆုံခြင်း။
အခန်း-၃၃ မိုးမခရွက်ရေကန် သွေးစွန်းထင်းခြင်း။
အခန်း-၃၄ ရေကန်ဘေးမှ ကြယ်စင်ည။
အခန်း-၃၅ ကောလဟာလတွေကို ဘယ်သူတွေ ဖြန့်နေတာလဲ?
အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။
အခန်း-၃၇ မြေအောက်မြစ်ထဲသို့ ပြုတ်ကျခြင်း။
အခန်း-၃၈ အိပ်မက်ဆိုးနှင့် စူးစမ်းရှာဖွေခြင်း။
အခန်း-၃၉ မြွေတစ်အုပ်နှင့် ခန့်မှန်းချက်များ။
အခန်း-၄၀ ဓားပညာရှိ၏ ဂူပိတ်ကျင့်ရာနေရာ။
အခန်း-၄၁ ဂူကျောက်နံရံပေါ်မှ ဓားချက်များ။
အခန်း-၄၂ ရှုပ်ထွေးစေသော အမေးနှင့်အဖြေ။
အခန်း-၄၃ မဖွယ်မရာတွေ မပြောစမ်းနဲ့။
Translator Note:
အခန်း-၄၄ ထပ်မံပြောင်းလဲခြင်း။
အခန်း-၄၅ ငါမင်းရဲ့အကျဉ်းသား ဖြစ်ချင်တယ်။
အခန်း-၄၆ မင်းဘယ်တော့မှ နားလည်မှာမဟုတ်ဘူး။
အခန်း-၄၇ မင်းရဲ့ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။
အခန်း-၄၈ အရာအားလုံးကို စွန့်လွှတ်ဖို့အချိန်ရောက်ပြီ။
အခန်း-၄၉ မတော်တဆ ရေအတူချိုးဖြစ်ခြင်း။
အခန်း-၅၁ နံနက်ခင်းအလင်းရောင်နှင့် ကြိုးတံတား။
အခန်း-၅၂ စကားလုံးဖြင့် ဖော်ပြရန်မှာ ခက်ခဲလှသည်။
အခန်း-၅၃ ညအချိန် လေကဲ့သို့ ခိုးဝင်ခြင်း။
အခန်း-၅၄ ဝတ်စုံဖြူနှင့် လျှို့ဝှက်ဆန်းကြယ်သောလူ။
အခန်း-၅၅ 'ကြက်သွေးနီ‌ညှိုးနွမ်းခြင်း' အား ရှာဖွေခြင်း။
အခန်း-၅၆ ရေခဲဝိညာဉ်နှင့် သံသယ။
အခန်း-၅၇ မင်းနဲ့အတူရှိချင်တယ်။
အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။
အခန်း-၅၉ ရှုပ်ထွေးနေသော နှလုံးသား။
အခန်း-၆၀ နောက်ထပ် သံသယတစ်ခု။
အခန်း-၆၁ ငါ့နှလုံးသားနောက်ကို လိုက်ပါရစေ။
အခန်း-၆၂ ခရီးသစ်တစ်ခု စတင်ခြင်း။
အခန်း-၆၃ အခြေအနေ ပြောင်းလဲခြင်း။
အခန်း-၆၄ အအေးမိခြင်းနှင့် ညဘက်တိုက်ခိုက်ခံရခြင်း။
အခန်း-၆၅ စကားတစ်ခွန်းမှ မဟရ။
အခန်း-၆၆ သူ့ကိုဘယ်လိုသတ်မှာလဲ?
အခန်း-၆၇ လန်ယန်း‌မြို့သို့ ရောက်ရှိခြင်း။
အခန်း-၆၈ မင်းလိုက်သွားစရာ မလိုဘူး။
အခန်း-၆၉ တူညီသော အတွေ့အကြုံဖြင့် ချည်နှောင်ထားခြင်း။
အခန်း-၇၀ အဖေ၊သားနှင့် ညီအစ်ကိုများကြား။
အခန်း-၇၁ အကြီးအကဲအား ငဲ့ညှာစေခြင်း။
အခန်း-၇၂ ဝူလင်မဟာမိတ်ခေါင်းဆောင်၏ စီစဉ်မှု။
အခန်း-၇၃ ချုံးယန်ပွဲတော်၌ ပြန်လည်တွေ့ဆုံကြခြင်း။
အခန်း-၇၄ ဖုံးကွယ်ထားခြင်းနှင့် နာကျင်မှု။
အခန်း-၇၅ ယွီချုံးတောင်ပေါ်လမ်း။
အခန်း-၇၆ အိပ်မက်ဟောင်းများနှင့် ဝန်ခံချက်။
အခန်း-၇၇ နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရခြင်း။
အခန်း-၇၈ ဘာလို့ သေရမှာကို မကြောက်တာလဲ?
အခန်း-၇၉ ဖုံးကွယ်ထားခံရသော အမာရွတ်များ။
အခန်း-၈၀ ကျိန်စာစကားလုံးဆယ့်ခြောက်လုံး။
အခန်း-၈၁ အချစ်စကားများနှင့် သံသယ။
အခန်း-၈၂ ဆုံးဖြတ်ချက်နှင့် ထင်ကြေးများ။
အခန်း-၈၃ ကူအဆိပ်ကို ဖယ်ရှားခြင်းနှင့် နောက်ဆက်တွဲမေးခွန်း။
အခန်း-၈၄ အိပ်မက်များနှင့် အမှန်တရား။
အခန်း-၈၅ ငါမင်းနဲ့ပဲ အတူရှိနေချင်တယ်။
အခန်း-၈၆ ကယ်တင်ရန်နည်းလမ်း။
အခန်း-၈၇ အိပ်မက်မြေနှင့် ဆောင်းရာသီလများ။
အခန်း-၈၈ ဆောင်းဦးလေပြေည။
အခန်း-၈၉ နှင်းလူသားနှင့် ကတိကဝတ်။
အခန်း-၉၀ အလှည့်အပြောင်းနှင့် ရွေးချယ်မှု။
အခန်း-၉၁ မျှော်လင့်မထားသော သတင်း။
အခန်း-၉၂ ငါအမြင်မှားတာပဲ ဖြစ်ရမယ်။
အခန်း-၉၃ အခွင့်အလမ်းအသစ်တစ်ခု ပေါ်ပေါက်လာခြင်း။
အခန်း-၉၄ ကျောက်စိမ်းဆွဲကြိုးနှင့် မီးတောက်ဖြူကူ။
အခန်း-၉၅ နောက်ထပ် လုပ်ကြံသတ်ဖြတ်မှုတစ်ခုနှင့် ကြုံတွေ့ခြင်း။
အခန်း-၉၆ ကျိုယန့်ရေကန်ဘေးမှ အတိတ်ဟောင်း။
အခန်း-၉၇ ညအချိန်စကားဝိုင်းနှင့် ချုံခိုတိုက်ခိုက်မှု။
အခန်း-၉၈ နတ်ဆိုးမြို့တော်သို့ ဝင်ရောက်ခြင်း။
အခန်း-၉၉ ပရမ်းပတာများ တဖြည်းဖြည်း ပေါ်ပေါက်လာခြင်း။
အခန်း-၁၀၀ ဆုံဆည်းခြင်းနှင့် ခဏတာခွဲခွာခြင်း။
အခန်း-၁၀၁ ဝါးဥယျာဉ်ကျွန်းဆွယ်၌ စုဝေးခြင်း။
အခန်း-၁၀၂ အချစ်ကူ၏ လျှို့ဝှက်ချက်။
အခန်း-၁၀၃ နှစ်ရှည်လများ စောင့်စားခဲ့ရသော ပွင့်လင်းရိုးသားမှု။
အခန်း-၁၀၄ ကျွန်းထိပ်မှ အသေအကြေတိုက်ပွဲ။
အခန်း-၁၀၅ လက်ချင်းချိတ်လို့ ရေခဲလွင်ပြင်ဆီ။
အခန်း-၁၀၆ ကျော်လွှားစရာ အခက်အခဲပေါင်းများစွာ။
အခန်း-၁၀၇ အချစ်ကြောင့် ပေါက်ဖွားလာသော ထိတ်လန့်ကြောက်ရွံ့မှု။
အခန်း-၁၀၈ စုန်းဖြူမျှော်စင်အား ဝင်ရောက်စီးနင်းခြင်း။
အခန်း-၁၀၉ အဆုံးသတ်သို့‌ရောက်ရှိခြင်း။
အခန်း-၁၁၀ အဆုံးသတ်တိုက်ပွဲ။
အခန်း-၁၁၁ ခန့်မှန်းချက်များနှင့် နည်းလမ်းရှာဖွေခြင်း။
အခန်း-၁၁၂ နောက်ဆက်တွဲကိစ္စများ။
အခန်း-၁၁၃ နေ့တစ်ဝက်အားလပ်ချိန်ကို ခိုးယူခြင်း။
အခန်း-၁၁၄ ကျွင်းယိုတောင်ရှိ ခြံဝင်းငယ်။
အခန်း-၁၁၅ ပထမဆုံးအကြိမ် အတူတကွနှစ်သစ်ကူးခြင်း။
အခန်း-၁၁၆ ကျောက်စိမ်းအိမ်တော်သို့ ပြန်သွားခြင်း။
အခန်း-၁၁၇ သေချာစဉ်းစားပြီးမှ ဖြေဆိုပါ။
အခန်း-၁၁၈ ဖြေရှင်းချက်နှင့် ရွေးချယ်မှု။
အခန်း-၁၁၉ ထူးဆန်းသော ငှက်ဥ။
အခန်း-၁၂၀ ဘယ်တော့မှ မခွဲတော့ဘူး။
အချပ်ပို-၁
အချပ်ပို-၂
ကျေးဇူးတင်ကြောင်းနဲ့ နှုတ်ဆက်ကြောင်း။

အခန်း-၅၀ နက်နဲသော အရှုပ်တော်ပုံ။

4.2K 815 24
By Jiji_laura

Unicode

အခန်း-၅၀ နက်နဲသော အရှုပ်တော်ပုံ။

[ဘဝသည် ပန်းမျိုးစုံနှင့် အရောင်စုံလင်လှပသင့်ပေ၏...]

သူ့ရှေ့ရှိ လူငယ်လေးသည် ယခုအခါတွင် ကြီးပြင်းလာခဲ့ပြီး တောက်ပ‌ချောမောသော အသွင်အပြင်ရှိသည်။ သူသည် အမှီအခိုကင်းသော ထင်းရှူးပင် သို့မဟုတ် ဝါးပင်ကဲ့သို့ လေထဲတွင် မားမားမတ်မတ် ရပ်တည်နိုင်နေပြီဖြစ်၏။

သူ၏မျက်လုံးများသည် ယခင်ကဲ့သို့ပင် နက်မှောင်နေပြီး အတိမ်အနက်ကို မှန်းဆမရနိုင်သော ရေကန်နှစ်ကန်နှင့် ဆင်တူသည်။

စုယန်သည် ကုဖေးတိအား အချိန်အတန်ကြာ စိုက်ကြည့်နေခဲ့ပြီး သူ့နှလုံးသားလေး အနည်းငယ် တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။

သူ စိတ်ထဲ၌ တွေးမိလိုက်၏။

မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်သာ ယောက်ျားလေးတွေကို တကယ်ကြိုက်နှစ်သက်ပြီး ကုဖေးတိလိုလူမျိုးနဲ့ မျက်နှာချင်းဆိုင်ရမယ်ဆိုရင် သူ့ကို နာကျင်အောင် ဘယ်လိုလုပ်နိုင်တော့မှာလဲ? သခင်ငယ်က သေချာပေါက် ကုဖေးတိကို စွဲလမ်းသွားလိမ့်မယ်!

ကုဖေးတိသည် စုယန်တုံ့ပြန်သည်ကို စောင့်မနေဘဲ တစ်ကိုယ်တည်း ခဏတာ ရေရွတ်နေပြီးနောက် မေးလိုက်သည်။

"မင်းဆိုရင်ရော ဘာလိုလုပ်မှာလဲ?"

ဤမေးခွန်းကိုကြာသောအခါ စုယန်သည် စိတ်လှုပ်ရှားသွားပြီး ပြန်မဖြေတတ်တော့ဘဲ တွင်းတူး၍သာ ပုန်းချင်တော့သည်။

သူသည် သူ၏မှတ်ဉာဏ်များကို လျင်မြန်စွာ စုဆောင်းကာ သူ၏ကိုယ်ပိုင်စိတ်ခံစားမှုများကို မျိုသိပ်ပြီး သခင်ငယ်၏ ဇာတ်ကောင်အတိုင်းသာ လုပ်ဆောင်လိုက်သည်။ သူသည် စားပွဲပေါ်၌ မေးထောက်ကာ မျက်လုံးများကို မှေးကျဥ်းလိုက်၏။ ထို့နောက် ရွတ်ဆိုရန် ဇာတ်ညွှန်းမှ စာကြောင်းများကို ထုတ်နှုတ်လိုက်သည်...

"ဘဝက ပန်းမျိုးစုံနဲ့ အရောင်စုံလင်လှပနေသင့်တယ်။ မက်မွန်ပွင့်တွေက နွေဦးရာသီမှာ အတောက်ပဆုံးပဲ။
နွေရာသီမှာ ကြာဖြူလေးတွေက မင်းကိုလန်းဆန်း စေလိမ့်မယ်။ ချမ်းအေးတဲ့ ဆောင်းဦးရာသီမှာ ပင်လုံးကြိုင်ပန်းတွေနဲ့ ရောင်စုံဂန္ဓမာပန်းတွေက ကြည်နူးစရာအတိ။ ကြက်သွေးနီရောင် ဇီးပွင့် အစုအဝေးတွေကတော့ ဆောင်းရာသီမှာ ပိုအသက်ဝင်တာပေါ့...."

သူစကားတစ်ခွန်းပြောတိုင်း ကုဖေးတိ၏ နှုတ်ခမ်း ထောင့်မှအပြုံးက အနည်းငယ် မှိန်ဖျော့သွားပြီး သူ့မျက်လုံးထဲက တောက်ပမှုတွေလည်း မှေးမှိန်သွားသည်... စုယန် စကားဆုံးသည်နှင့် ကုဖေးတိသည် သူ့မျက်လုံးထဲရှိ အကြည့်များကို ဖုံးကွယ်ရန် ခေါင်းကိုငုံ့လိုက်လေသည်။ သူ၏ အမူအရာမှာ လုံးဝ စိတ်ပျက်အားငယ်နေပုံပင်။

ကုဖေးတိအား ဤကဲ့သို့သောပုံစံဖြင့် မြင်တွေ့ရသောအခါ စုယန်လည်း မပျော်ရွှင်တော့ပေ။ ယင်းအစား ပို၍ဝမ်းနည်းသွားသလို ခံစားနေရသည်။

သူက ချောင်းဟန့်လိုက်ပြီး တည့်တည့်မတ်မတ် ထိုင်ကာ ပြောလိုက်၏။

"ဒီအကြောင်းတွေ ဆွေးနွေးပြီးတော့ ဘာလုပ်မှာလဲ? အခုက အစာစားရမယ့်အချိန်ပဲ!"

စုယန်သည် ပန်းကန်လုံးထဲရှိ ယာဂုကိုစားရန် တူကို ကောက်ကိုင်လိုက်သည်။ သို့သော် အချိန်အတန် ကြာသည်အထိ သူ့ပါးစပ်ထဲ အနည်းငယ်သာ ရောက်လေသည်။ သူသည် အမှားကို သဘောပေါက်သွားပြီး ချက်ချင်းပင် ဇွန်းကို ပြောင်းလဲအသုံးပြုလိုက်၏။

စုယန်သည် မနက်စာစားပြီးနောက် ဂိုဏ်းရေးကိစ္စများကို ဖြေရှင်းရန် ထွက်ခွာသွားခဲ့သည်။

ဂန္ဓမာခန်းမဆောင်သည် ကုဖေးတိအား ကူအဆိပ် ကူးစက်စေခဲ့သည့် လူငယ်အကြောင်း စုံစမ်းခဲ့ သော်လည်း ဘာမှထူးထူးခြားခြား မသိခဲ့ရပေ။ ထိုလူငယ်သည် ဝူကျန်းမန်ဂိုဏ်း၏ အကွာအကွယ် အောက်ရှိ လယ်ယာရွာလေးတစ်ရွာမှ စုယန်၏ ခေါ်ဆောင်လာခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ ထိုလူငယ်၏မိဘများသည်လည်း သာမန်လယ်သမား များသာဖြစ်ကြပြီး ဝူကျန်းမန်၏ အထက်ပိုင်း စီမံခန့်ခွဲရေးများနှင့်ပင် အဆက်အစပ်မရှိသဖြင့် အဲ့လော့ကွေးဂိုဏ်း၏ ကူအဆိပ်ကိုရရှိရန်လည်း အခွင့်မရှိပေ။

စုယန် ကျားနှင်းပန်းခန်းမဆောင်ကို ဖျက်သိမ်းခိုင်း လိုက်သောအခါ ထိုလူငယ်သည် ဂန္ဓမာခန်းမဆောင်၏ အကြီးအကဲရှေ့၌ ဒူးထောက်ကာ 'သူ၏အဖေက သူ့ကို ဆိုးဆိုးရွားရွားဆက်ဆံပြီး မကြာခဏ ရိုက်နှက် ကြိမ်းမောင်းတတ်ကြောင်း၊ ထမင်းမကျွေးဘဲ ထားတတ်ကြောင်း၊ သူအိမ်သို့ မပြန်ချင်ကြောင်း' ပြောရင်း အော်ဟစ်ငိုယိုနေခဲ့သည်။ သူသည် မိစ္ဆာဂိုဏ်း၌သာ တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိပြီး ထွက်ခွာမသွားလိုပါ။

ဤအဖြစ်အပျက်ကို ဇီးခန်းမဆောင်က အကြီးအကဲက မြင်တွေ့ခဲ့ရသည်။ သူ၏အမြင်တွင် ထိုကလေးသည် ငယ်ရွယ်သော်လည်း ရိုက်နှက်မှုဒဏ်ကို ခံနိုင်ရည် ရှိခဲ့သောကြောင့် သူ၏ခန်းမဆောင်သို့ ခေါ်လာခဲ့လိုက်သည်။ ဂန္ဓမာခန်းမဆောင်ကို ဝင်ကတည်းက သူ၏ နောက်ခံသမိုင်းကြောင်းကို စုံစမ်းထားပြီးဖြစ်သောကြောင့် ဇီးခန်းမဆောင်သို့ လွှဲပြောင်းသောအခါတွင် နောက်ထပ် စစ်ဆေးမှုများ မပြုလုပ်ခဲ့ကြပေ။

ဤသို့သော အကျိုးဆက်ကို ရလိုက်သောအခါ စုယန်သည် အချိန်အတန်ကြာ မှင်တက်သွားခဲ့ပြီး ခေါင်းကိုက်လာသည်။

"သူ့ရဲ့ နောက်ခံသမိုင်းကြောင်းက ဘာပြဿနာမှမရှိဘူး ဆိုတော့ ကျုပ်တို့ဂိုဏ်းမှာ အဲ့လော့ကွေးက သူလျှိုတွေ ရှိနေတယ်လို့ ဆိုလိုတာလား?"

ဤကိစ္စ၌ တာဝန်ရှိသည့် ဂန္ဓမာခန်းမဆောင်နှင့် ဇီးခန်းမဆောင် အကြီးအကဲတို့သည် ထိတ်လန့် တုန်လှုပ်သွားကြပြီး ထိုကိစ္စအား ချက်ချင်းပင် စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဟု ကတိများပြုခဲ့ကြသည်။

စုယန်သည် တကယ်တမ်း ညည်းတွားနေခြင်းသာဖြစ်ပြီး အကြီးအကဲနှစ်ယောက်က ဤမျှလောက် လေးနက်သွား လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် သူတို့အား ရိုးရှင်းစွာ လက်ပြကာ စုံစမ်းခွင့်ပေးလိုက်သည်။

ထို့နောက်တွင် ကြာခန်းမဆောင်သည် အလယ်ပိုင်းလွင်ပြင် သိုင်းပညာအသိုင်းအဝိုင်း၌ မကြာသေးမီက ပျံ့နှံ့နေသည့် ကောလာဟလများကို အစီရင်ခံတင်ပြခဲ့သည်။ အဲ့လော့ကွေးသည် မိစ္ဆာဂိုဏ်းနှင့် သဘောတူညီမှု ရရှိခဲ့သောကြောင့် ၎င်းတို့သည် အလယ်ပိုင်းလွင်ပြင်ရှိ တပ်ဖွဲ့များကို ဝိုင်းဝန်းနှိမ်နင်းခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။ မြေရိုင်းလွင်ပြင်တိုက်ပွဲအတွင်း မိစ္ဆာဂိုဏ်း၏ သခင်ငယ်သည် ချောက်ကမ်းပါးမှ ပြတ်ကျသွားခဲ့ သော်လည်း မသေဆုံးခဲ့ပါ။ ယင်းအစား ကံကြမ္မာ၏ မျက်နှာသာပေးမှုကြောင့် ဓားပညာရှိဂူသင်္ချိုင်းကိုပင် ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် ဓားပညာရှိ ပိုင်ကျင်းဟုန်၏အမွေအနှစ်သည် ယခုအခါ မိစ္ဆာဂိုဏ်း၏လက်ထဲ၌ ရှိနေသည်ဟု ဆိုကြသည်။

"ဒီလက်အောက်ငယ်သားက ကောလဟာဟတွေကို ဖိနှိပ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ကံမကောင်းစွာပဲ အဲဒီကောလဟာဟတွေက လေနှင်ရာအတိုင်း ပွင့်နေတဲ့ နားရွက်တိုင်းကို ပျံ့နှံ့သွားခဲ့ပါတယ်။ ကျုပ်တို့ လုပ်နိုင်တာ ဘာမှမရှိတော့ပါဘူး" အကြီးအကဲ၏ အမူအရာမှာ လေးနက်နေ၏။

"ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆို ကျုပ်တို့ဂိုဏ်း အန္တရာယ်ကျမှာလာ စိုးရွံ့မိပါတယ်"

စုယန်က နားမလည်နိုင်တော့ပေ။

"ကျုပ်တို့ အဲ့လော့ကွေးနဲ့ သဘောတူညီချက်မရှိပေမယ့် ကျောက်ဂူထဲက အမွေအနှစ်ကိုတော့ ယူလာခဲ့တယ်လေ"

အကြီးအကဲက သက်ပြင်းချလိုက်သည်။

"သခင်ငယ်လေး... ဒါပေမယ့်လည်း ကျုပ်တို့ အဲဒါကို ဝန်ခံလို့မရနိုင်ဘူးလေ။ အမွေအနှစ်က အဲဒီမှာရှိနေခဲ့တာ ကျုပ်တို့အပြစ်မှမဟုတ်ပဲ!"

စုယန်က နားလည်သွားပြီး မေးလိုက်၏။

"ဒါဆို ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမှာလဲ?"

သစ်ခွခန်းမဆောင်အကြီးအကဲ: "ခါတိုင်း ဒီလို ကောလဟာလတွေ ရှိခဲ့မယ်ဆိုရင် ကျုပ်တို့ဂိုဏ်းက ကောလဟာလဖြန့်တဲ့သူတွေကို သတ်ပစ်ဖို့ ဇီးခန်းမဆောင်က ပန်းလက်ထောက်တွေကို လွှတ်လိုက်တယ်။ သခင်ငယ် ဒီမှာ ကျုပ်ရဲ့ အစီရင်ခံစာနဲ့ အကြံပြုချက်ပါ။ တစ်ချက်လောက် ကြည့်ပေးပါလား....."

စုယန် "......."

မိစ္ဆာဂိုဏ်းက ပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ ဆိုတာကို သူမျှော်လင့်ချက် မထားခဲ့သင့်ဘူး။

စုယန်က နားထင်ကို လက်ဖြင့်ဖိကာ ပြောလိုက်သည်။

"ဓားပညာရှိရဲ့ အမွေအနှစ်က ထင်သလောက်လဲ မဆန်းကြယ်ပါဘူး။ ဇီးခန်းမဆောင်က သူ့တာဝန်တွေ ပြီးသွားရင် အဲဒီအမွေအနှစ်ကို အလယ်ပိုင်းလွင်ပြင်ဆီ ဖြန့်ဝေပေးလိုက်။ သူတို့ရဲ့ စည်းစိမ်ဥစ္စာကို လျှို့ဝှက်ထားတာက အပြစ်ပဲ။ အဲဒီ ဓားနည်းပညာကို လူတိုင်းဆီ ဖြန့်ဝေပေးလိုက်ရင် အဲဒါက တန်ဖိုးရှိတဲ့ အရာတစ်ခု မဟုတ်နိုင်တော့ဘူး"

အကြီးအကဲက တုန်လှုပ်သွားသည်။

"ဒါပေမယ့်..."

"ဒါကျုပ်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပဲ"

သစ်ခွခန်းမဆောင်အကြီးအကဲလည်း ရွေးချယ်စရာ မရှိတော့ဘဲ ခေါင်းညိတ်ပြီး အမိန့်ကိုသာ နာခံလိုက်တော့သည်။

"အိုး! ဟုတ်သားပဲ" စုယန်က ရုတ်တရက် သစ်ခွခန်းမဆောင် အကြီးအကဲကို ကြည့်လိုက်သည်။

သစ်ခွခန်းမဆောင်အကြီးအကဲသည် ချက်ချင်းပင် ဂရုတစိုက် နားထောင်လိုက်၏။

စုယန်က အမှုမဲ့အမှတ်မဲ့ သဘောမျိုးနဲ့ ပေါ့ပေါ့ပါးပါးသာ မေးလိုက်သည်။

"ကျုပ်တို့ဂိုဏ်းရဲ့ တားမြစ်နယ်မြေက ဘယ်မှာလဲ?"

သစ်ခွခန်းမဆောင်အကြီးအကဲက အံ့အားသင့်စွာ မျက်မှောင်ကြုတ်လိုက်သည်။

"ကျုပ်တို့ဂိုဏ်းမှာ တားမြစ်နယ်မြေလို့ရယ်တော့ မရှိပါဘူး။ သင်က သာမန်လူတွေ သွားခွင့်မပြုတဲ့ နေရာတွေကို ဆိုလိုတာဆိုရင် အများစုက ဝါးဥယျာဉ်ကျွန်းဆွယ် ဒါမှမဟုတ် သခင်ငယ်ရဲ့ နေထိုင်ရာ အနီးတဝိုက်မှာပဲ ရှိပါတယ်"

စုယန်သည် သူ့မေးခွန်းအတွက် မှန်ကန်တိကျသော အဖြေမရနိုင်ဟု ခံစားမိသောကြောင့် သူ့လက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားခိုင်းလိုက်တော့သည်။

"ခင်ဗျားသွားလို့ရပြီ"

ဂိုဏ်း၏ ကိစ္စအတော်များများကို ကိုင်တွယ်ပြီးချိန်မှာတော့ မွန်းတည့်ချိန်ကို ကျော်နေပြီဖြစ်သည်။

သူတို့နှစ်ဦး မနက်စာစားခဲ့သည်မှာ နောက်ကျသောကြောင့် နေ့လည်စာကို နာရီအနည်းငယ် နောက်ဆုတ်ခဲ့ကြသည်။ စုယန်သည် 'ထမင်းစားချိန်နှင့် အိပ်ချိန်၌' စကားမပြောရသည့်ဓလေ့ကို အထူးတလည် ဂရုစိုက်မနေပေ။ ထို့ကြောင့် ထမင်းစားပွဲ၌ အလယ်ပိုင်း လွင်ပြင်၌ ပျံ့နှံ့နေသော ဓားပညာအမွေအနှစ်နှင့် ပတ်သက်သည့် ကောလာဟလများအကြောင်း ကုဖေးတိအား ပြောပြခဲ့သည်။

ကု‌ဖေးတိက တူကိုချလိုက်ပြီး နှာမှုတ်လိုက်၏။

"ဟုတ်တယ်။ ငါတို့နှစ်ယောက်ကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဂူထဲကို တမင်ခေါ်သွားတာ အဲ့လော့ကွေးရဲ့ လက်ချက်ပဲ"

စုယန်က မေးလိုက်သည်။

"ဒါဆို သူတို့ရဲ့ရည်မှန်းချက်က ဘာများလဲ?"

ကုဖေးတိက ပြန်ဖြေ၏။

"အဲဒီကျောက်ဂူက ဓားပညာရှိရဲ့ အမွေအနှစ်အစစ် မဖြစ်နိုင်ဘူး။ သူတို့က အလယ်ပိုင်းလွင်ပြင်ကို သွေးထိုး လှုံ့ဆော်ဖို့အတွက် သတင်းအတုကို ပြုလုပ်ခဲ့တာပဲ ဖြစ်ရမယ်။ ဒါက သူတို့အတွက် ဘာအကျိုးအမြတ်မှ မရဘူးလို့ မပြောနိုင်ဘူးလေ။ ငါတို့ထဲက တစ်ယောက်ယောက် သေဆုံးသွားခဲ့ရင် တိုက်ပွဲက ပိုလို့တောင် ရှောင်လွှဲလို့ မရနိုင်တော့ဘူး"

စုယန်က အံ့အားသင့်သွားသည်။

"ဒါဆို မင်းကို ကူအဆိပ်ကူးစက်စေခဲ့တာက...."

ကုဖေးတိက အေးစက်စွာ နှာမှုတ်လိုက်သည်။

"အဆိပ်သင့်ပြီး ငါသေသွားခဲ့ရင် ငါ့ကို လုပ်ကြံတဲ့သူက မိစ္ဆာဂိုဏ်းရဲ့ ပန်းလက်ထောက်တစ်ယောက်ပဲလေ။ ဒါဆို မိစ္ဆာဂိုဏ်းက ဒီအကျိုးဆက်တွေကနေ ကျိန်းသေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ငါမသေချင်ရင်လည်း အဲ့လော့ကွေးဆီသွားပြီး အမှုထမ်းရလိမ့်မယ်... တကယ်ကို ကောင်းတဲ့ အကြံအစည်ပါလား!"

စုယန်က ဆိုလိုက်၏။

"ဒါပေမယ့် ဒီအဆိပ်က အဲ့လော့ကွေးရဲ့ သင်္ကေတတစ်ခုဆိုတာ လူတိုင်းသိတယ်လေ"

ကုဖေးတိက ခေါင်းယမ်းလိုက်သည်။

"အဲ့လော့‌ကွေးနဲ့ မိစ္ဆာဂိုဏ်းက မြေရိုင်းလွင်ပြင်ရဲ့ အနောက်မြောက်ဘက်မှာ ရှိတာလေ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အလယ်ပိုင်းလွင်ပြင်က လူတွေက သူတို့ကြားမှာ လျှို့ဝှက်စာချုပ်တစ်ခု ရှိတယ်ဆိုပြီး ယုံကြည်နေပြီးသားပဲ။ အခုလည်း အဲ့လော့ကွေးနဲ့ မိစ္ဆာဂိုဏ်းကြားမှာ သဘောတူညီချက် တစ်ခုရှိနေတယ်လို့ ပြောတယ်နော်။ အလယ်ပိုင်း လွင်ပြင် သိုင်းပညာအသိုင်းအဝိုင်းက ဒါကိုဘယ်လို ထင်ကြမယ်ထင်လဲ? အဲ့လော့ကွေးက အလယ်ပိုင်း လွင်ပြင်နဲ့ တော်ဝင်ခုံရုံးအတွက် ဆူးပင်ဆိုပေမယ့် မိစ္ဆာလမ်းစဉ်လိုက်တဲ့မင်းတို့ဂိုဏ်းနဲ့ ယှဉ်ရင်တော့.... အများကြီးတော်‌သေးတယ် ပြောရမယ်"

စုယန် "......."

ဒီအရှုပ်တော်ပုံက အရမ်းတွေ နက်နဲနေပြီ။ ငါက ဇာတ်ကြောင်းကို လျှောက်လှမ်းနေတဲ့ သာမန်ထရိန်နင်လေး တစ်ယောက်ပါနော်။ ငါရထားတာဆိုလို့ ဇာတ်ညွန်းလေး အနည်းအကျဉ်းပဲ ရှိတာပါ။ ကျေးဇူးပြုပြီး ငါ့ကိုသနားကြပါအုံး!

"ဒီလိုဆိုမှတော့ မင်းရဲ့အဆိပ်ကိုဖြေဖို့ တတ်နိုင်သမျှ မြန်မြန်လုပ်တာ အကောင်းဆုံးပဲ" စုယန်က တူကို တင်းတင်းဆုပ်ကိုင်ရင်း ဆိုသည်။

"စားပြီးတာနဲ့ မင်းရဲ့အဆိပ်ကိုဖယ်ရှားဖို့ အစီအစဉ်ဆွဲမယ်။ မင်း အလယ်ပိုင်းလွင်ပြင်ကို ဘေးကင်းစွာပြန်လာသရွေ့ အဲ့လော့ကွေးရဲ့ အကြံအစည်တွေက သဘာဝအတိုင်း ပျက်စီးသွားမှာပဲ"

ကုဖေးတိက ခဏတာ နှုတ်ဆိတ်နေပြီးနောက် မေးလာသည်။

"မင်းဘာလို့ ငါ့ရဲ့အဆိပ်ကို ဖြေချင်နေသေးတာလဲ?"

စုယန်က ပြောလိုက်သည်။

"ငါမင်းကို မသေစေချင်လို့လေ။ တခြား ဘာအကြောင်းပြချက် ရှိရအုံးမှာလဲ?"

ကုဖေးတိက နားမလည်နိုင်စွာ ဆို၏။

"ငါက ဝူလင်မဟာမိတ်ခေါင်းဆောင်ရဲ့သားဖြစ်ပြီး မင်းက မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်ပဲ။ မင်းနဲ့ငါဆုံတဲ့အခါ 'မင်းသေမလား ငါသေမလား' ဆိုတဲ့ အခြေအနေမျိုး ဖြစ်သင့်တာလေ။ ကူအဆိပ်ကို ငါကူးစက်ပြီး ကတည်းက မင်းငါ့ကိုသေအောင် ကျောက်ဂူထဲမှာ ပိတ်ထားခဲ့သင့်တာ။ ဘာလို့.. ဘာလို့ ငါ့ကို မသေစေချင်ရတာလဲ?"

သေချာတာကတော့ မင်းက ဇာတ်လိုက်ဖြစ်နေလို့ပေါ့။ မင်းကသေလို့မရဘူးလေ!

သူ့စိတ်ထဲရှိ အဖြေက ရှင်းနေပါသော်လည်း သူ အမှန်အတိုင်း ထုတ်ဖော်မပြောနိုင်ပေ။ ထို့ကြောင့် သူက ပြုံးလျက် ပြောလိုက်၏။

"ငါတို့ ချောက်ကမ်းပါးကနေ မြေအောက်မြစ်ထဲကို ပြုတ်ကျတဲ့အခါ ဝူလင်မဟာမိတ်ခေါင်းဆောင်ရဲ့သား ဖြစ်တဲ့ မင်းက မိစ္ဆာဂိုဏ်းရဲ့သခင်ငယ်ဖြစ်တဲ့ငါ့ကို ဘာလို့မစွန့်ပစ်ထားခဲ့ရတာလဲ? မင်းငါ့ကိုမသတ်ခဲ့တဲ့ အကြောင်းပြချက်က ငါမင်းကိုမသတ်ခဲ့တဲ့ အကြောင်းပြချက်ပဲ"

ကုဖေးတိက မျက်ခုံးပင့်လိုက်ပြီး ဆိုသည်။

"ငါမင်းကို မသတ်ရတဲ့ အကြောင်းပြချက်ကို မင်းသိလား?"

စုယန်က ပြုံးလိုက်ပြီး ခန့်မှန်းကြည့်လိုက်သည်။

"ငါတို့ရဲ့ အတန်းဖော်ဆက်ဆံရေး‌ကြောင့်လား ? ဒါမှမဟုတ် အရင်က ငါမင်းအသက်ကိုကယ်ခဲ့တာ ကြောင့်လား? ဒါမှမဟုတ်သေးရင် ငါက ယုတ်မာ ရက်စက်တဲ့အလုပ်တွေ မလုပ်ခဲ့လို့လား? မင်းတို့ ဖြောင့်မတ်လမ်းစဥ်က လူတွေက လူသတ်ဖို့ အကြောင်းပြချက်တွေ အမြဲလိုတယ်လေ။ မင်းက ငါ့ကိုသတ်ဖို့ အကြောင်းပြချက်ရှာမတွေ့လို့မလား?"

ကုဖေးတိက စုယန်ကို လေးလေးနက်နက် ကြည့်ပြီး ဆိုသည်။

"ဒါတွေအားလုံးကြောင့်မဟုတ်ရင် ဘယ်လိုလုပ်မလဲ?"

စုယန်က အတော်လေး အံ့အားသင့်သွားရ၏။

"အာ? အဲဒါတွေတစ်ခုမှ မဟုတ်ဘူးလား? ဒါဆိုဘာလို့လဲ?"

စုယန်၏ အူကြောင်ကြောင်အမူအရာလေးကို မြင်သောအခါ ကုဖေးတိက အနည်းငယ် ပြုံးလိုက်သည်။ သူ၏နှာခေါင်းမှ အသံတိုးတိုးလေး တစ်ခု ထွက်လာသော်လည်း ရယ်သည်လား သက်ပြင်းချသည်လား မပြောနိုင်ပါချေ။

"မင်းကိုယ်​တိုင်​စဉ်းစားကြည့်​လိုက်"

ထိုသို့ပြောပြီးသည်နှင့် သူသည် တူကိုချကာ အခန်းထဲသို့ ပြန်သွားတော့သည်။

သို့သော် စုယန်သည် ကုဖေးတိ၏စကားများကို ဆန်းစစ်ရန် အရည်အချင်း မမှီခဲ့ပေ။ နေ့လယ်စာ စားပြီးနောက် သူသည် မိစ္ဆာဂိုဏ်း၏ စာအုပ်များ၊ စာရွက်စာတမ်းများနှင့် ကျမ်းများတည်ရှိရာ မော့လန်အဆောက်အအုံသို့ သွားခဲ့သည်။

ဂိုဏ်း၏တားမြစ်နယ်မြေနှင့်ပတ်သက်၍ ပန်းလက်ထောက်များနှင့် အကြီးအကဲများအား မေးမြန်းရန် မသင့်တော်ပါ။ ထိုကြောင့် သူသည် ကုဖေးတိအတွက် အဆိပ်ဖြေခြင်း နည်းလမ်းကို ရှာဖွေမည်ဟူသော အကြောင်းပြချက်ဖြင့် မော့လန် အဆောက်အအုံတွင် မိစ္ဆာဂိုဏ်း၏ တားမြစ်နယ်မြေ အကြောင်း သဲလွန်စကို လှန်လှောရှာဖွေခဲ့လေသည်။

သူ၏ရှာဖွေမှုသည် နာရီအနည်းငယ်ကြာမြင့်ခဲ့သည်။

လသည် ကောင်းကင်ဗဟိုသို့ ရောက်နေပြီ ဖြစ်သော်လည်း စုယန်သည် မည်သည့်အရာကိုမျှ ရှာမတွေ့သေးပေ။ သူသည် မိစ္ဆာဂိုဏ်း၏ တားမြစ်နယ်မြေအကြောင်း အကျဉ်းချုပ် ရေးသားထားသော မှတ်တမ်းအနည်းငယ်ဖြင့် ၎င်းသည် အမှန်တကယ်ရှိကြောင်းကိုသာ အတည်ပြုနိုင်ခဲ့သည်။

သို့သော် မည်သည့်နေရာနှင့် ဝင်ပေါက်ကို ဖော်ပြထားခြင်း မရှိပေ။

သူကိုင်ထားသော လက်ဆွဲမီးပုံးအတွင်းရှိ ဖယောင်းတိုင်မီး ငြိမ်းတော့မည်ကို မြင်လိုက်ရသောအခါ စုယန်သည် နောက်တစ်နေ့
မနက်မိုးလင်းမှသာ ပြန်ရှာကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။

သူသည် စားပွဲပေါ်ရှိ စာရွက်များနှင့် စာရွက်စာတမ်းများကို မနက်ဖြန်တွင် အဆင်ပြေပြေကြည့်ရှုနိုင်စေရန် အမျိုးအစားခွဲကာ သပ်သပ်ရပ်ရပ် စီထားလိုက်သည်။

စာအုပ်စင်၏ထောင့်ကို လှည့်ကြည့်မိသောအခါ စုယန်သည် ဤနေရာ၌တာဝန်ကျသည့် အစေခံဖြစ်ပုံ ပေါ်သော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ သူက သတိလှမ်းပေးလိုက်၏။

"ဒီစားပွဲပေါ်က စာရွက်စာတမ်းတွေကို မထိနဲ့နော်၊ ငါမနက်ဖြန် ထပ်လာခဲ့မယ်"

ထိုလူက တန့်သွားပြီး စုယန်ကို လှည့်ကြည့်လိုက်သည်။

ဖယောင်းတိုင်မီးမှိန်မှိန်အောက်တွင် စုယန်သည် ကြာခန်းမဆောင်၏ ၀တ်စုံမဟုတ်သော အဖြူရောင်ဝတ်ရုံ လက်ကျယ်ကို ၀တ်ဆင်ထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏ ဆံပင်များသည် ခြေကျင်းဝတ် နီးပါးရှည်လျားကာ ‌‌ကြိုးဖြင့် ခပ်လျော့လျော့ ချည်နှောင်ထားသည်။ သူ၏မျက်နှာကို ပုဝါစဖြင့် ဖုံးအုပ်ထားပြီး ရေတွင်းနှစ်တွင်းကဲ့သို့ အေးချမ်းနက်နဲသော အနက်ရောင် မျက်လုံးတစ်စုံကိုသာ ဖော်ထားလေ၏။

ထိုလူသည် အလွန်ငယ်ရွယ်ပုံပေါက်သော်လည်း ဖျော်ဖြေရေးနယ်ပယ်တွင် ပါဝင်ခဲ့သော စုယန်သည် လူတစ်ဦး၏ အသက်အရွယ်ကို ၎င်းတို့၏ အပြင်ပန်းမျက်နှာနှင့် အကဲဖြတ်နိုင်စွမ်းရှိနေဆဲ ဖြစ်သည်။ သူ၏မျက်လုံးထောင့်နှင့် မျက်ခုံးဖျားရှိ အရေးအကြောင်း အနည်းငယ်ကို ကြည့်ခြင်းဖြင့် သူ့ရှေ့ရှိလူသည် အသက်လေးဆယ်ကျော်ရှိသင့်သည်ဟု စုယန် ယူဆလိုက်သည်။

သူ၏အသွင်အပြင်နှင့် စိတ်နေစိတ်ထားသည် တကယ်ကို ပြောင်မြောက်လှပြီး သူ၏အသက်အရွယ်ကို မှုန်ဝါးသွား စေသည်။ တိုတိုပြောရလျှင် ထိုလူက အလွန်‌ဆွဲဆောင်မှု ရှိပေ၏။

"အာ.. ခင်ဗျားကဘယ်သူလဲ?" စုယန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ဒါက မော့လန်အဆောက်အအုံပါ။ တရားဝင် ခွင့်ပြုချက်ရှိတဲ့ လူတွေပဲ ဝင်လို့ရတာ"

ထိုလူ၏အမူအရာမှာ မပြောင်းလဲဘဲ စုယန်ကို အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် တိုးညှင်းသော လေသံဖြင့် ပြန်ဖြေသည်။

"ငါက ဝါးဥယျာဉ်ကျွန်းဆွယ်မှာနေတာ"

ဝါးဥယျာဉ်ကျွန်းဆွယ်သည် မိစ္ဆာဂိုဏ်းချုပ် နေထိုင်ရာ နေရာဖြစ်သည်။

ထိုကျွန်းကို မူလက ယင်ထန်ကျွန်းဆွယ်ဟု ခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ သို့သော် မိစ္ဆာဂိုဏ်းချုပ်သည် ကျောက်စိမ်းအိမ်တော်မှ ပြန်လာကာ သိုင်းလောက တခွင်ဖြတ်သန်းပြီးနောက် ယင်ထန်ကျွန်းဆွယ်ကို ဝါးဥယျာဉ်ကျွန်းဆွယ်ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်ဟု ဆိုကြသည်။

ဟုတ်ပါသည်၊ ထိုကျွန်း၌ ဂိုဏ်းချုပ်ကိုယ်တိုင်အပြင် ဒါဇင်နှင့်ချီသော သူ၏ယောက်ျားမောင်းမများလည်း အတူတကွ နေထိုင်ကြပေသည်။

စုယန်သည် သူ့ရှေ့ရှိလူကို ခဏတာအကဲဖြတ်ပြီးနောက် ဇာတ်လမ်း၌ မိစ္ဆာဂိုဏ်းချုပ်အဖြစ် သရုပ်ဆောင်ခဲ့သော ရှုံ့တွနေသည့် အဘိုးအိုကို တွေးမိကာ သက်ပြင်းချမိသည်။

မိစ္ဆာဂိုဏ်းရဲ့ အဘိုးကြီးက ဒီလောက်ချောမောလှပတဲ့ အမျိုးသားတစ်ဦးရဲ့ အစေခံမှုကိုခံရတယ်။ ဒါက အရင်းအမြစ်တွေ ဖြုန်းတီးနေတာပဲ!

မည်သို့ပင်ဖြစ်စေ နောင်တွင် မိစ္ဆာဂိုဏ်းပျက်သုဉ်းမည် ဖြစ်သောကြောင့် ဤလှပသောများ အမျိုးသား များလည်း အသက်ရှင်ကျန်ရန် မဖြစ်နိုင်ပါချေ။ စုယန်သည် ထိုအမျိုးသားကို သနားစိတ်အနည်းငယ်ဖြင့် ကြည့်နေလေ၏။

အဖြူဝတ်အမျိုးသားသည် စုယန်၏အကြည့်ကို နားမလည်စွာ မျက်ခုံးပင့်လိုက်ပြီး သူ့ကိုလျစ်လျူရှုကာ စင်ပေါ်မှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။

စာအုပ်သည် ဟောင်းနွမ်းနေပြီဖြစ်သောကြောင့် လှုပ်ရှားမှု အနည်းငယ်လုပ်ရုံဖြင့် စာရွက်များ ပြုတ်ထွက်ကုန်ကာ မြေပြင်ပေါ်၌ ပြန့်ကျဲသွားသည်။

စုယန်သည် သူ့မီးပုံးကို အမြန်ချထားလိုက်ပြီး စာရွက်များကို ကူကောက်ပေးရန် အမြန် ထိုင်ချလိုက်သည်။ ရုတ်တရက် သူ့လက်ချောင်းတွေက တန့်သွားပြီး စာရွက်တစ်ရွက်ကို ကောက်ကိုင်လိုက်လေ၏။

"ဒါက.."

သူ့မျက်လုံးတွေ တောက်ပလာပြီး ထိုအဖိုးတန်စာရွက်ကို ချက်ချင်း ဂရုတစိုက် ဖတ်ကြည့်လိုက်သည်။ ထို့နောက် ဆက်လက်ဖတ်ရှုရန် မြေပြင်မှ နောက်ဆက်တွဲ စာရွက်များကို ကောက်ယူခဲ့၏။

စာမျက်နှာ တစ်ဒါဇင်ကျော် ဖတ်ပြီးသည်နှင့် စုယန်သည် သူ့အပြုံးကိုဖုံးကွယ်ရန်ပင် ခက်ခဲနေခဲ့သည်။ သူသည် မိစ္ဆာဂိုဏ်း၏ တားမြစ်နယ်မြေနှင့်ပတ်သက်သော အချက်အလက်ကို ရှာဖွေရန် ကူညီပေးခဲ့သည့်လူကို ကျေးဇူးတင်ရန် မော့ကြည့်လိုက်လေသည်။

သို့သော်လည်း အဖြူ၀တ်အမျိုးသား၏ ပုံရိပ်သည် ပျောက်ကွယ်သွားသည်မှာ ကြာခဲ့လေပြီ။

စာအုပ်စင်ပေါ်တွင် စုယန်၏ဟာမဟုတ်သော လက်ဆွဲမီးပုံးတစ်ခု ကျန်ရစ်ခဲ့သည်။ မီးပုံးထဲရှိ ဖယောင်းတိုင်သည် တောက်ပနေပြီး တစ်ညလုံး လောင်ကျွမ်းနေနိုင်ပုံရလေသည်။

_13.6.21

T/N: ကြာသွားတော့ မေ့နေကြပြီလားပဲ။ update က တစ်ပတ်သုံးပိုင်းလောက်တော့ မှန်းထားတယ်ရယ်။ ရက်တော့ အတိအကျမရှိဘူးနော် ♡

Thanks for reading ❣️

Zawgyi

အခန္း-၅၀ နက္နဲေသာ အရႈပ္ေတာ္ပုံ။

[ဘဝသည္ ပန္းမ်ိဳးစုံႏွင့္ အေရာင္စုံလင္လွပသင့္ေပ၏...]

သူ႕ေရွ႕ရွိ လူငယ္ေလးသည္ ယခုအခါတြင္ ႀကီးျပင္းလာခဲ့ၿပီး ေတာက္ပ‌ေခ်ာေမာေသာ အသြင္အျပင္ရွိသည္။ သူသည္ အမွီအခိုကင္းေသာ ထင္းရႉးပင္ သို႔မဟုတ္ ဝါးပင္ကဲ့သို႔ ေလထဲတြင္ မားမားမတ္မတ္ ရပ္တည္နိုင္ေနၿပီျဖစ္၏။

သူ၏မ်က္လုံးမ်ားသည္ ယခင္ကဲ့သို႔ပင္ နက္ေမွာင္ေနၿပီး အတိမ္အနက္ကို မွန္းဆမရနိုင္ေသာ ေရကန္ႏွစ္ကန္ႏွင့္ ဆင္တူသည္။

စုယန္သည္ ကုေဖးတိအား အခ်ိန္အတန္ၾကာ စိုက္ၾကည့္ေနခဲ့ၿပီး သူ႕ႏွလုံးသားေလး အနည္းငယ္ တုန္လႈပ္သြားသလို ခံစားလိုက္ရသည္။

သူ စိတ္ထဲ၌ ေတြးမိလိုက္၏။

မိစာၦဂိုဏ္းရဲ႕သခင္ငယ္သာ ေယာက္်ားေလးေတြကို တကယ္ႀကိဳက္ႏွစ္သက္ၿပီး ကုေဖးတိလိုလူမ်ိဳးနဲ႕ မ်က္ႏွာခ်င္းဆိုင္ရမယ္ဆိုရင္ သူ႕ကို နာက်င္ေအာင္ ဘယ္လိုလုပ္နိုင္ေတာ့မွာလဲ? သခင္ငယ္က ေသခ်ာေပါက္ ကုေဖးတိကို စြဲလမ္းသြားလိမ့္မယ္!

ကုေဖးတိသည္ စုယန္တုံ႕ျပန္သည္ကို ေစာင့္မေနဘဲ တစ္ကိုယ္တည္း ခဏတာ ေရ႐ြတ္ေနၿပီးေနာက္ ေမးလိုက္သည္။

"မင္းဆိုရင္ေရာ ဘာလိုလုပ္မွာလဲ?"

ဤေမးခြန္းကိုၾကာေသာအခါ စုယန္သည္ စိတ္လႈပ္ရွားသြားၿပီး ျပန္မေျဖတတ္ေတာ့ဘဲ တြင္းတူး၍သာ ပုန္းခ်င္ေတာ့သည္။

သူသည္ သူ၏မွတ္ဉာဏ္မ်ားကို လ်င္ျမန္စြာ စုေဆာင္းကာ သူ၏ကိုယ္ပိုင္စိတ္ခံစားမႈမ်ားကို မ်ိဳသိပ္ၿပီး သခင္ငယ္၏ ဇာတ္ေကာင္အတိုင္းသာ လုပ္ေဆာင္လိုက္သည္။ သူသည္ စားပြဲေပၚ၌ ေမးေထာက္ကာ မ်က္လုံးမ်ားကို ေမွးက်ဥ္းလိုက္၏။ ထို႔ေနာက္ ႐ြတ္ဆိုရန္ ဇာတ္ၫႊန္းမွ စာေၾကာင္းမ်ားကို ထုတ္ႏႈတ္လိုက္သည္...

"ဘဝက ပန္းမ်ိဳးစုံနဲ႕ အေရာင္စုံလင္လွပေနသင့္တယ္။ မက္မြန္ပြင့္ေတြက ေႏြဦးရာသီမွာ အေတာက္ပဆုံးပဲ။
ေႏြရာသီမွာ ၾကာျဖဴေလးေတြက မင္းကိုလန္းဆန္း ေစလိမ့္မယ္။ ခ်မ္းေအးတဲ့ ေဆာင္းဦးရာသီမွာ ပင္လုံးႀကိဳင္ပန္းေတြနဲ႕ ေရာင္စုံဂႏၶမာပန္းေတြက ၾကည္ႏူးစရာအတိ။ ၾကက္ေသြးနီေရာင္ ဇီးပြင့္ အစုအေဝးေတြကေတာ့ ေဆာင္းရာသီမွာ ပိုအသက္ဝင္တာေပါ့...."

သူစကားတစ္ခြန္းေျပာတိုင္း ကုေဖးတိ၏ ႏႈတ္ခမ္း ေထာင့္မွအၿပဳံးက အနည္းငယ္ မွိန္ေဖ်ာ့သြားၿပီး သူ႕မ်က္လုံးထဲက ေတာက္ပမႈေတြလည္း ေမွးမွိန္သြားသည္... စုယန္ စကားဆုံးသည္ႏွင့္ ကုေဖးတိသည္ သူ႕မ်က္လုံးထဲရွိ အၾကည့္မ်ားကို ဖုံးကြယ္ရန္ ေခါင္းကိုငုံ႕လိုက္ေလသည္။ သူ၏ အမူအရာမွာ လုံးဝ စိတ္ပ်က္အားငယ္ေနပုံပင္။

ကုေဖးတိအား ဤကဲ့သို႔ေသာပုံစံျဖင့္ ျမင္ေတြ႕ရေသာအခါ စုယန္လည္း မေပ်ာ္႐ႊင္ေတာ့ေပ။ ယင္းအစား ပို၍ဝမ္းနည္းသြားသလို ခံစားေနရသည္။

သူက ေခ်ာင္းဟန႔္လိုက္ၿပီး တည့္တည့္မတ္မတ္ ထိုင္ကာ ေျပာလိုက္၏။

"ဒီအေၾကာင္းေတြ ေဆြးေႏြးၿပီးေတာ့ ဘာလုပ္မွာလဲ? အခုက အစာစားရမယ့္အခ်ိန္ပဲ!"

စုယန္သည္ ပန္းကန္လုံးထဲရွိ ယာဂုကိုစားရန္ တူကို ေကာက္ကိုင္လိုက္သည္။ သို႔ေသာ္ အခ်ိန္အတန္ ၾကာသည္အထိ သူ႕ပါးစပ္ထဲ အနည္းငယ္သာ ေရာက္ေလသည္။ သူသည္ အမွားကို သေဘာေပါက္သြားၿပီး ခ်က္ခ်င္းပင္ ဇြန္းကို ေျပာင္းလဲအသုံးျပဳလိုက္၏။

စုယန္သည္ မနက္စာစားၿပီးေနာက္ ဂိုဏ္းေရးကိစၥမ်ားကို ေျဖရွင္းရန္ ထြက္ခြာသြားခဲ့သည္။

ဂႏၶမာခန္းမေဆာင္သည္ ကုေဖးတိအား ကူအဆိပ္ ကူးစက္ေစခဲ့သည့္ လူငယ္အေၾကာင္း စုံစမ္းခဲ့ ေသာ္လည္း ဘာမွထူးထူးျခားျခား မသိခဲ့ရေပ။ ထိုလူငယ္သည္ ဝူက်န္းမန္ဂိုဏ္း၏ အကြာအကြယ္ ေအာက္ရွိ လယ္ယာ႐ြာေလးတစ္႐ြာမွ စုယန္၏ ေခၚေဆာင္လာျခင္းကို ခံခဲ့ရျခင္းျဖစ္သည္။ ထိုလူငယ္၏မိဘမ်ားသည္လည္း သာမန္လယ္သမား မ်ားသာျဖစ္ၾကၿပီး ဝူက်န္းမန္၏ အထက္ပိုင္း စီမံခန႔္ခြဲေရးမ်ားႏွင့္ပင္ အဆက္အစပ္မရွိသျဖင့္ အဲ့ေလာ့ေကြးဂိုဏ္း၏ ကူအဆိပ္ကိုရရွိရန္လည္း အခြင့္မရွိေပ။

စုယန္ က်ားႏွင္းပန္းခန္းမေဆာင္ကို ဖ်က္သိမ္းခိုင္း လိုက္ေသာအခါ ထိုလူငယ္သည္ ဂႏၶမာခန္းမေဆာင္၏ အႀကီးအကဲေရွ႕၌ ဒူးေထာက္ကာ 'သူ၏အေဖက သူ႕ကို ဆိုးဆိုး႐ြား႐ြားဆက္ဆံၿပီး မၾကာခဏ ရိုက္ႏွက္ ႀကိမ္းေမာင္းတတ္ေၾကာင္း၊ ထမင္းမေကြၽးဘဲ ထားတတ္ေၾကာင္း၊ သူအိမ္သို႔ မျပန္ခ်င္ေၾကာင္း' ေျပာရင္း ေအာ္ဟစ္ငိုယိုေနခဲ့သည္။ သူသည္ မိစာၦဂိုဏ္း၌သာ တာဝန္ထမ္းေဆာင္ရန္ ဆႏၵရွိၿပီး ထြက္ခြာမသြားလိုပါ။

ဤအျဖစ္အပ်က္ကို ဇီးခန္းမေဆာင္က အႀကီးအကဲက ျမင္ေတြ႕ခဲ့ရသည္။ သူ၏အျမင္တြင္ ထိုကေလးသည္ ငယ္႐ြယ္ေသာ္လည္း ရိုက္ႏွက္မႈဒဏ္ကို ခံနိုင္ရည္ ရွိခဲ့ေသာေၾကာင့္ သူ၏ခန္းမေဆာင္သို႔ ေခၚလာခဲ့လိုက္သည္။ ဂႏၶမာခန္းမေဆာင္ကို ဝင္ကတည္းက သူ၏ ေနာက္ခံသမိုင္းေၾကာင္းကို စုံစမ္းထားၿပီးျဖစ္ေသာေၾကာင့္ ဇီးခန္းမေဆာင္သို႔ လႊဲေျပာင္းေသာအခါတြင္ ေနာက္ထပ္ စစ္ေဆးမႈမ်ား မျပဳလုပ္ခဲ့ၾကေပ။

ဤသို႔ေသာ အက်ိဳးဆက္ကို ရလိုက္ေသာအခါ စုယန္သည္ အခ်ိန္အတန္ၾကာ မွင္တက္သြားခဲ့ၿပီး ေခါင္းကိုက္လာသည္။

"သူ႕ရဲ႕ ေနာက္ခံသမိုင္းေၾကာင္းက ဘာျပႆနာမွမရွိဘူး ဆိုေတာ့ က်ဳပ္တို႔ဂိုဏ္းမွာ အဲ့ေလာ့ေကြးက သူလွ်ိုေတြ ရွိေနတယ္လို႔ ဆိုလိုတာလား?"

ဤကိစၥ၌ တာဝန္ရွိသည့္ ဂႏၶမာခန္းမေဆာင္ႏွင့္ ဇီးခန္းမေဆာင္ အႀကီးအကဲတို႔သည္ ထိတ္လန႔္ တုန္လႈပ္သြားၾကၿပီး ထိုကိစၥအား ခ်က္ခ်င္းပင္ ေစ့ေစ့စပ္စပ္ စုံစမ္းစစ္ေဆးမႈ ျပဳလုပ္မည္ဟု ကတိမ်ားျပဳခဲ့ၾကသည္။

စုယန္သည္ တကယ္တမ္း ညည္းတြားေနျခင္းသာျဖစ္ၿပီး အႀကီးအကဲႏွစ္ေယာက္က ဤမွ်ေလာက္ ေလးနက္သြား လိမ့္မည္ဟု မေမွ်ာ္လင့္ထားေပ။ သူသည္ သူတို႔အား ရိုးရွင္းစြာ လက္ျပကာ စုံစမ္းခြင့္ေပးလိုက္သည္။

ထို႔ေနာက္တြင္ ၾကာခန္းမေဆာင္သည္ အလယ္ပိုင္းလြင္ျပင္ သိုင္းပညာအသိုင္းအဝိုင္း၌ မၾကာေသးမီက ပ်ံ့ႏွံ႕ေနသည့္ ေကာလာဟလမ်ားကို အစီရင္ခံတင္ျပခဲ့သည္။ အဲ့ေလာ့ေကြးသည္ မိစာၦဂိုဏ္းႏွင့္ သေဘာတူညီမႈ ရရွိခဲ့ေသာေၾကာင့္ ၎တို႔သည္ အလယ္ပိုင္းလြင္ျပင္ရွိ တပ္ဖြဲ႕မ်ားကို ဝိုင္းဝန္းႏွိမ္နင္းခဲ့ၾကျခင္းျဖစ္သည္ဟု ဆိုသည္။ ေျမရိုင္းလြင္ျပင္တိုက္ပြဲအတြင္း မိစာၦဂိုဏ္း၏ သခင္ငယ္သည္ ေခ်ာက္ကမ္းပါးမွ ျပတ္က်သြားခဲ့ ေသာ္လည္း မေသဆုံးခဲ့ပါ။ ယင္းအစား ကံၾကမၼာ၏ မ်က္ႏွာသာေပးမႈေၾကာင့္ ဓားပညာရွိဂူသခၤ်ိဳင္းကိုပင္ ရွာေဖြေတြ႕ရွိခဲ့သည္။ ထို႔ေၾကာင့္ ဓားပညာရွိ ပိုင္က်င္းဟုန္၏အေမြအႏွစ္သည္ ယခုအခါ မိစာၦဂိုဏ္း၏လက္ထဲ၌ ရွိေနသည္ဟု ဆိုၾကသည္။

"ဒီလက္ေအာက္ငယ္သားက ေကာလဟာဟေတြကို ဖိႏွိပ္ဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့ေပမယ့္ ကံမေကာင္းစြာပဲ အဲဒီေကာလဟာဟေတြက ေလႏွင္ရာအတိုင္း ပြင့္ေနတဲ့ နား႐ြက္တိုင္းကို ပ်ံ့ႏွံ႕သြားခဲ့ပါတယ္။ က်ဳပ္တို႔ လုပ္နိုင္တာ ဘာမွမရွိေတာ့ပါဘူး" အႀကီးအကဲ၏ အမူအရာမွာ ေလးနက္ေန၏။

"ဒီအတိုင္းသာ ဆက္ျဖစ္ေနမယ္ဆို က်ဳပ္တို႔ဂိုဏ္း အႏၲရာယ္က်မွာလာ စိုး႐ြံ႕မိပါတယ္"

စုယန္က နားမလည္နိုင္ေတာ့ေပ။

"က်ဳပ္တို႔ အဲ့ေလာ့ေကြးနဲ႕ သေဘာတူညီခ်က္မရွိေပမယ့္ ေက်ာက္ဂူထဲက အေမြအႏွစ္ကိုေတာ့ ယူလာခဲ့တယ္ေလ"

အႀကီးအကဲက သက္ျပင္းခ်လိဳက္သည္။

"သခင္ငယ္ေလး... ဒါေပမယ့္လည္း က်ဳပ္တို႔ အဲဒါကို ဝန္ခံလို႔မရနိုင္ဘူးေလ။ အေမြအႏွစ္က အဲဒီမွာရွိေနခဲ့တာ က်ဳပ္တို႔အျပစ္မွမဟုတ္ပဲ!"

စုယန္က နားလည္သြားၿပီး ေမးလိုက္၏။

"ဒါဆို ဒီကိစၥကို ဘယ္လိုေျဖရွင္းရမွာလဲ?"

သစ္ခြခန္းမေဆာင္အႀကီးအကဲ: "ခါတိုင္း ဒီလို ေကာလဟာလေတြ ရွိခဲ့မယ္ဆိုရင္ က်ဳပ္တို႔ဂိုဏ္းက ေကာလဟာလျဖန႔္တဲ့သူေတြကို သတ္ပစ္ဖို႔ ဇီးခန္းမေဆာင္က ပန္းလက္ေထာက္ေတြကို လႊတ္လိုက္တယ္။ သခင္ငယ္ ဒီမွာ က်ဳပ္ရဲ႕ အစီရင္ခံစာနဲ႕ အႀကံျပဳခ်က္ပါ။ တစ္ခ်က္ေလာက္ ၾကည့္ေပးပါလား....."

စုယန္ "......."

မိစာၦဂိုဏ္းက ျပႆနာေတြ ဘယ္လိုေျဖရွင္းမလဲ ဆိုတာကို သူေမွ်ာ္လင့္ခ်က္ မထားခဲ့သင့္ဘူး။

စုယန္က နားထင္ကို လက္ျဖင့္ဖိကာ ေျပာလိုက္သည္။

"ဓားပညာရွိရဲ႕ အေမြအႏွစ္က ထင္သေလာက္လဲ မဆန္းၾကယ္ပါဘူး။ ဇီးခန္းမေဆာင္က သူ႕တာဝန္ေတြ ၿပီးသြားရင္ အဲဒီအေမြအႏွစ္ကို အလယ္ပိုင္းလြင္ျပင္ဆီ ျဖန႔္ေဝေပးလိုက္။ သူတို႔ရဲ႕ စည္းစိမ္ဥစၥာကို လွ်ို႔ဝွက္ထားတာက အျပစ္ပဲ။ အဲဒီ ဓားနည္းပညာကို လူတိုင္းဆီ ျဖန႔္ေဝေပးလိုက္ရင္ အဲဒါက တန္ဖိုးရွိတဲ့ အရာတစ္ခု မဟုတ္နိုင္ေတာ့ဘူး"

အႀကီးအကဲက တုန္လႈပ္သြားသည္။

"ဒါေပမယ့္..."

"ဒါက်ဳပ္ရဲ႕ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ပဲ"

သစ္ခြခန္းမေဆာင္အႀကီးအကဲလည္း ေ႐ြးခ်ယ္စရာ မရွိေတာ့ဘဲ ေခါင္းညိတ္ၿပီး အမိန႔္ကိုသာ နာခံလိုက္ေတာ့သည္။

"အိုး! ဟုတ္သားပဲ" စုယန္က ႐ုတ္တရက္ သစ္ခြခန္းမေဆာင္ အႀကီးအကဲကို ၾကည့္လိုက္သည္။

သစ္ခြခန္းမေဆာင္အႀကီးအကဲသည္ ခ်က္ခ်င္းပင္ ဂ႐ုတစိုက္ နားေထာင္လိုက္၏။

စုယန္က အမႈမဲ့အမွတ္မဲ့ သေဘာမ်ိဳးနဲ႕ ေပါ့ေပါ့ပါးပါးသာ ေမးလိုက္သည္။

"က်ဳပ္တို႔ဂိုဏ္းရဲ႕ တားျမစ္နယ္ေျမက ဘယ္မွာလဲ?"

သစ္ခြခန္းမေဆာင္အႀကီးအကဲက အံ့အားသင့္စြာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။

"က်ဳပ္တို႔ဂိုဏ္းမွာ တားျမစ္နယ္ေျမလို႔ရယ္ေတာ့ မရွိပါဘူး။ သင္က သာမန္လူေတြ သြားခြင့္မျပဳတဲ့ ေနရာေတြကို ဆိုလိုတာဆိုရင္ အမ်ားစုက ဝါးဥယ်ာဥ္ကြၽန္းဆြယ္ ဒါမွမဟုတ္ သခင္ငယ္ရဲ႕ ေနထိုင္ရာ အနီးတဝိုက္မွာပဲ ရွိပါတယ္"

စုယန္သည္ သူ႕ေမးခြန္းအတြက္ မွန္ကန္တိက်ေသာ အေျဖမရနိုင္ဟု ခံစားမိေသာေၾကာင့္ သူ႕လက္ကို ေဝွ႕ယမ္းကာ ထြက္ခြာသြားခိုင္းလိုက္ေတာ့သည္။

"ခင္ဗ်ားသြားလို႔ရၿပီ"

ဂိုဏ္း၏ ကိစၥအေတာ္မ်ားမ်ားကို ကိုင္တြယ္ၿပီးခ်ိန္မွာေတာ့ မြန္းတည့္ခ်ိန္ကို ေက်ာ္ေနၿပီျဖစ္သည္။

သူတို႔ႏွစ္ဦး မနက္စာစားခဲ့သည္မွာ ေနာက္က်ေသာေၾကာင့္ ေန႕လည္စာကို နာရီအနည္းငယ္ ေနာက္ဆုတ္ခဲ့ၾကသည္။ စုယန္သည္ 'ထမင္းစားခ်ိန္ႏွင့္ အိပ္ခ်ိန္၌' စကားမေျပာရသည့္ဓေလ့ကို အထူးတလည္ ဂ႐ုစိုက္မေနေပ။ ထို႔ေၾကာင့္ ထမင္းစားပြဲ၌ အလယ္ပိုင္း လြင္ျပင္၌ ပ်ံ့ႏွံ႕ေနေသာ ဓားပညာအေမြအႏွစ္ႏွင့္ ပတ္သက္သည့္ ေကာလာဟလမ်ားအေၾကာင္း ကုေဖးတိအား ေျပာျပခဲ့သည္။

ကု‌ေဖးတိက တူကိုခ်လိဳက္ၿပီး ႏွာမႈတ္လိုက္၏။

"ဟုတ္တယ္။ ငါတို႔ႏွစ္ေယာက္ကို မေကာင္းတဲ့ ရည္႐ြယ္ခ်က္နဲ႕ ဂူထဲကို တမင္ေခၚသြားတာ အဲ့ေလာ့ေကြးရဲ႕ လက္ခ်က္ပဲ"

စုယန္က ေမးလိုက္သည္။

"ဒါဆို သူတို႔ရဲ႕ရည္မွန္းခ်က္က ဘာမ်ားလဲ?"

ကုေဖးတိက ျပန္ေျဖ၏။

"အဲဒီေက်ာက္ဂူက ဓားပညာရွိရဲ႕ အေမြအႏွစ္အစစ္ မျဖစ္နိုင္ဘူး။ သူတို႔က အလယ္ပိုင္းလြင္ျပင္ကို ေသြးထိုး လႈံ႕ေဆာ္ဖို႔အတြက္ သတင္းအတုကို ျပဳလုပ္ခဲ့တာပဲ ျဖစ္ရမယ္။ ဒါက သူတို႔အတြက္ ဘာအက်ိဳးအျမတ္မွ မရဘူးလို႔ မေျပာနိုင္ဘူးေလ။ ငါတို႔ထဲက တစ္ေယာက္ေယာက္ ေသဆုံးသြားခဲ့ရင္ တိုက္ပြဲက ပိုလို႔ေတာင္ ေရွာင္လႊဲလို႔ မရနိုင္ေတာ့ဘူး"

စုယန္က အံ့အားသင့္သြားသည္။

"ဒါဆို မင္းကို ကူအဆိပ္ကူးစက္ေစခဲ့တာက...."

ကုေဖးတိက ေအးစက္စြာ ႏွာမႈတ္လိုက္သည္။

"အဆိပ္သင့္ၿပီး ငါေသသြားခဲ့ရင္ ငါ့ကို လုပ္ႀကံတဲ့သူက မိစာၦဂိုဏ္းရဲ႕ ပန္းလက္ေထာက္တစ္ေယာက္ပဲေလ။ ဒါဆို မိစာၦဂိုဏ္းက ဒီအက်ိဳးဆက္ေတြကေန က်ိန္းေသ လြတ္ေျမာက္နိုင္မွာ မဟုတ္ဘူး။ ငါမေသခ်င္ရင္လည္း အဲ့ေလာ့ေကြးဆီသြားၿပီး အမႈထမ္းရလိမ့္မယ္... တကယ္ကို ေကာင္းတဲ့ အႀကံအစည္ပါလား!"

စုယန္က ဆိုလိုက္၏။

"ဒါေပမယ့္ ဒီအဆိပ္က အဲ့ေလာ့ေကြးရဲ႕ သေကၤတတစ္ခုဆိုတာ လူတိုင္းသိတယ္ေလ"

ကုေဖးတိက ေခါင္းယမ္းလိုက္သည္။

"အဲ့ေလာ့‌ေကြးနဲ႕ မိစာၦဂိုဏ္းက ေျမရိုင္းလြင္ျပင္ရဲ႕ အေနာက္ေျမာက္ဘက္မွာ ရွိတာေလ။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက အလယ္ပိုင္းလြင္ျပင္က လူေတြက သူတို႔ၾကားမွာ လွ်ို႔ဝွက္စာခ်ဳပ္တစ္ခု ရွိတယ္ဆိုၿပီး ယုံၾကည္ေနၿပီးသားပဲ။ အခုလည္း အဲ့ေလာ့ေကြးနဲ႕ မိစာၦဂိုဏ္းၾကားမွာ သေဘာတူညီခ်က္ တစ္ခုရွိေနတယ္လို႔ ေျပာတယ္ေနာ္။ အလယ္ပိုင္း လြင္ျပင္ သိုင္းပညာအသိုင္းအဝိုင္းက ဒါကိုဘယ္လို ထင္ၾကမယ္ထင္လဲ? အဲ့ေလာ့ေကြးက အလယ္ပိုင္း လြင္ျပင္နဲ႕ ေတာ္ဝင္ခုံ႐ုံးအတြက္ ဆူးပင္ဆိုေပမယ့္ မိစာၦလမ္းစဥ္လိုက္တဲ့မင္းတို႔ဂိုဏ္းနဲ႕ ယွဥ္ရင္ေတာ့.... အမ်ားႀကီးေတာ္‌ေသးတယ္ ေျပာရမယ္"

စုယန္ "......."

ဒီအရႈပ္ေတာ္ပုံက အရမ္းေတြ နက္နဲေနၿပီ။ ငါက ဇာတ္ေၾကာင္းကို ေလွ်ာက္လွမ္းေနတဲ့ သာမန္ထရိန္နင္ေလး တစ္ေယာက္ပါေနာ္။ ငါရထားတာဆိုလို႔ ဇာတ္ၫြန္းေလး အနည္းအက်ဥ္းပဲ ရွိတာပါ။ ေက်းဇူးျပဳၿပီး ငါ့ကိုသနားၾကပါအုံး!

"ဒီလိုဆိုမွေတာ့ မင္းရဲ႕အဆိပ္ကိုေျဖဖို႔ တတ္နိုင္သမွ် ျမန္ျမန္လုပ္တာ အေကာင္းဆုံးပဲ" စုယန္က တူကို တင္းတင္းဆုပ္ကိုင္ရင္း ဆိုသည္။

"စားၿပီးတာနဲ႕ မင္းရဲ႕အဆိပ္ကိုဖယ္ရွားဖို႔ အစီအစဥ္ဆြဲမယ္။ မင္း အလယ္ပိုင္းလြင္ျပင္ကို ေဘးကင္းစြာျပန္လာသေ႐ြ႕ အဲ့ေလာ့ေကြးရဲ႕ အႀကံအစည္ေတြက သဘာဝအတိုင္း ပ်က္စီးသြားမွာပဲ"

ကုေဖးတိက ခဏတာ ႏႈတ္ဆိတ္ေနၿပီးေနာက္ ေမးလာသည္။

"မင္းဘာလို႔ ငါ့ရဲ႕အဆိပ္ကို ေျဖခ်င္ေနေသးတာလဲ?"

စုယန္က ေျပာလိုက္သည္။

"ငါမင္းကို မေသေစခ်င္လို႔ေလ။ တျခား ဘာအေၾကာင္းျပခ်က္ ရွိရအုံးမွာလဲ?"

ကုေဖးတိက နားမလည္နိုင္စြာ ဆို၏။

"ငါက ဝူလင္မဟာမိတ္ေခါင္းေဆာင္ရဲ႕သားျဖစ္ၿပီး မင္းက မိစာၦဂိုဏ္းရဲ႕သခင္ငယ္ပဲ။ မင္းနဲ႕ငါဆုံတဲ့အခါ 'မင္းေသမလား ငါေသမလား' ဆိုတဲ့ အေျခအေနမ်ိဳး ျဖစ္သင့္တာေလ။ ကူအဆိပ္ကို ငါကူးစက္ၿပီး ကတည္းက မင္းငါ့ကိုေသေအာင္ ေက်ာက္ဂူထဲမွာ ပိတ္ထားခဲ့သင့္တာ။ ဘာလို႔.. ဘာလို႔ ငါ့ကို မေသေစခ်င္ရတာလဲ?"

ေသခ်ာတာကေတာ့ မင္းက ဇာတ္လိုက္ျဖစ္ေနလို႔ေပါ့။ မင္းကေသလို႔မရဘူးေလ!

သူ႕စိတ္ထဲရွိ အေျဖက ရွင္းေနပါေသာ္လည္း သူ အမွန္အတိုင္း ထုတ္ေဖာ္မေျပာနိုင္ေပ။ ထို႔ေၾကာင့္ သူက ၿပဳံးလ်က္ ေျပာလိုက္၏။

"ငါတို႔ ေခ်ာက္ကမ္းပါးကေန ေျမေအာက္ျမစ္ထဲကို ျပဳတ္က်တဲ့အခါ ဝူလင္မဟာမိတ္ေခါင္းေဆာင္ရဲ႕သား ျဖစ္တဲ့ မင္းက မိစာၦဂိုဏ္းရဲ႕ သခင္ငယ္ျဖစ္တဲ့ငါ့ကို  ဘာလို႔မစြန႔္ပစ္ထားခဲ့ရတာလဲ? မင္းငါ့ကိုမသတ္ခဲ့တဲ့ အေၾကာင္းျပခ်က္က ငါမင္းကိုမသတ္ခဲ့တဲ့ အေၾကာင္းျပခ်က္ပဲ"

ကုေဖးတိက မ်က္ခုံးပင့္လိုက္ၿပီး ဆိုသည္။

"ငါမင္းကို မသတ္ရတဲ့ အေၾကာင္းျပခ်က္ကို မင္းသိလား?"

စုယန္က ၿပဳံးလိုက္ၿပီး ခန႔္မွန္းၾကည့္လိုက္သည္။

"ငါတို႔ရဲ႕ အတန္းေဖာ္ဆက္ဆံေရး‌ေၾကာင့္လား ? ဒါမွမဟုတ္ အရင္က ငါမင္းအသက္ကိုကယ္ခဲ့တာ ေၾကာင့္လား? ဒါမွမဟုတ္ေသးရင္ ငါက ယုတ္မာ ရက္စက္တဲ့အလုပ္ေတြ မလုပ္ခဲ့လို႔လား? မင္းတို႔ ေျဖာင့္မတ္လမ္းစဥ္က လူေတြက လူသတ္ဖို႔ အေၾကာင္းျပခ်က္ေတြ အၿမဲလိုတယ္ေလ။ မင္းက ငါ့ကိုသတ္ဖို႔ အေၾကာင္းျပခ်က္ရွာမေတြ႕လို႔မလား?"

ကုေဖးတိက စုယန္ကို ေလးေလးနက္နက္ ၾကည့္ၿပီး ဆိုသည္။

"ဒါေတြအားလုံးေၾကာင့္မဟုတ္ရင္ ဘယ္လိုလုပ္မလဲ?"

စုယန္က အေတာ္ေလး အံ့အားသင့္သြားရ၏။

"အာ? အဲဒါေတြတစ္ခုမွ မဟုတ္ဘူးလား? ဒါဆိုဘာလို႔လဲ?"

စုယန္၏ အူေၾကာင္ေၾကာင္အမူအရာေလးကို ျမင္ေသာအခါ ကုေဖးတိက အနည္းငယ္ ၿပဳံးလိုက္သည္။ သူ၏ႏွာေခါင္းမွ အသံတိုးတိုးေလး တစ္ခု ထြက္လာေသာ္လည္း ရယ္သည္လား သက္ျပင္းခ်သည္လား မေျပာနိုင္ပါေခ်။

"မင္းကိုယ္​တိုင္​စဥ္းစားၾကည့္​လိုက္"

ထိုသို႔ေျပာၿပီးသည္ႏွင့္ သူသည္ တူကိုခ်ကာ အခန္းထဲသို႔ ျပန္သြားေတာ့သည္။

သို႔ေသာ္ စုယန္သည္ ကုေဖးတိ၏စကားမ်ားကို ဆန္းစစ္ရန္ အရည္အခ်င္း မမွီခဲ့ေပ။ ေန႕လယ္စာ စားၿပီးေနာက္ သူသည္ မိစာၦဂိုဏ္း၏ စာအုပ္မ်ား၊ စာ႐ြက္စာတမ္းမ်ားႏွင့္ က်မ္းမ်ားတည္ရွိရာ ေမာ့လန္အေဆာက္အအုံသို႔ သြားခဲ့သည္။

ဂိုဏ္း၏တားျမစ္နယ္ေျမႏွင့္ပတ္သက္၍ ပန္းလက္ေထာက္မ်ားႏွင့္ အႀကီးအကဲမ်ားအား ေမးျမန္းရန္ မသင့္ေတာ္ပါ။ ထိုေၾကာင့္ သူသည္ ကုေဖးတိအတြက္ အဆိပ္ေျဖျခင္း နည္းလမ္းကို ရွာေဖြမည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ေမာ့လန္ အေဆာက္အအုံတြင္ မိစာၦဂိုဏ္း၏ တားျမစ္နယ္ေျမ အေၾကာင္း သဲလြန္စကို လွန္ေလွာရွာေဖြခဲ့ေလသည္။

သူ၏ရွာေဖြမႈသည္ နာရီအနည္းငယ္ၾကာျမင့္ခဲ့သည္။

လသည္ ေကာင္းကင္ဗဟိုသို႔ ေရာက္ေနၿပီ ျဖစ္ေသာ္လည္း စုယန္သည္ မည္သည့္အရာကိုမွ် ရွာမေတြ႕ေသးေပ။ သူသည္ မိစာၦဂိုဏ္း၏ တားျမစ္နယ္ေျမအေၾကာင္း အက်ဥ္းခ်ဳပ္ ေရးသားထားေသာ မွတ္တမ္းအနည္းငယ္ျဖင့္ ၎သည္ အမွန္တကယ္ရွိေၾကာင္းကိုသာ အတည္ျပဳနိုင္ခဲ့သည္။

သို႔ေသာ္ မည္သည့္ေနရာႏွင့္ ဝင္ေပါက္ကို ေဖာ္ျပထားျခင္း မရွိေပ။

သူကိုင္ထားေသာ လက္ဆြဲမီးပုံးအတြင္းရွိ ဖေယာင္းတိုင္မီး ၿငိမ္းေတာ့မည္ကို ျမင္လိုက္ရေသာအခါ စုယန္သည္ ေနာက္တစ္ေန႕
မနက္မိုးလင္းမွသာ ျပန္ရွာၾကည့္ရန္ ဆုံးျဖတ္လိုက္ေတာ့သည္။

သူသည္ စားပြဲေပၚရွိ စာ႐ြက္မ်ားႏွင့္ စာ႐ြက္စာတမ္းမ်ားကို မနက္ျဖန္တြင္ အဆင္ေျပေျပၾကည့္ရႈနိုင္ေစရန္ အမ်ိဳးအစားခြဲကာ သပ္သပ္ရပ္ရပ္ စီထားလိုက္သည္။

စာအုပ္စင္၏ေထာင့္ကို လွည့္ၾကည့္မိေသာအခါ စုယန္သည္ ဤေနရာ၌တာဝန္က်သည့္ အေစခံျဖစ္ပုံ ေပၚေသာ လူရိပ္တစ္ခုကို ျမင္လိုက္ရသည္။ သူက သတိလွမ္းေပးလိုက္၏။

"ဒီစားပြဲေပၚက စာ႐ြက္စာတမ္းေတြကို မထိနဲ႕ေနာ္၊ ငါမနက္ျဖန္ ထပ္လာခဲ့မယ္"

ထိုလူက တန႔္သြားၿပီး စုယန္ကို လွည့္ၾကည့္လိုက္သည္။

ဖေယာင္းတိုင္မီးမွိန္မွိန္ေအာက္တြင္ စုယန္သည္ ၾကာခန္းမေဆာင္၏ ၀တ္စုံမဟုတ္ေသာ အျဖဴေရာင္ဝတ္႐ုံ လက္က်ယ္ကို ၀တ္ဆင္ထားသည့္ လူတစ္ေယာက္ကို ေတြ႕လိုက္ရသည္။ သူ၏ ဆံပင္မ်ားသည္ ေျခက်င္းဝတ္ နီးပါးရွည္လ်ားကာ ‌‌ႀကိဳးျဖင့္ ခပ္ေလ်ာ့ေလ်ာ့ ခ်ည္ေႏွာင္ထားသည္။ သူ၏မ်က္ႏွာကို ပုဝါစျဖင့္ ဖုံးအုပ္ထားၿပီး ေရတြင္းႏွစ္တြင္းကဲ့သို႔ ေအးခ်မ္းနက္နဲေသာ အနက္ေရာင္ မ်က္လုံးတစ္စုံကိုသာ ေဖာ္ထားေလ၏။

ထိုလူသည္ အလြန္ငယ္႐ြယ္ပုံေပါက္ေသာ္လည္း ေဖ်ာ္ေျဖေရးနယ္ပယ္တြင္ ပါဝင္ခဲ့ေသာ စုယန္သည္ လူတစ္ဦး၏ အသက္အ႐ြယ္ကို ၎တို႔၏ အျပင္ပန္းမ်က္ႏွာႏွင့္ အကဲျဖတ္နိုင္စြမ္းရွိေနဆဲ ျဖစ္သည္။ သူ၏မ်က္လုံးေထာင့္ႏွင့္ မ်က္ခုံးဖ်ားရွိ အေရးအေၾကာင္း အနည္းငယ္ကို ၾကည့္ျခင္းျဖင့္ သူ႕ေရွ႕ရွိလူသည္ အသက္ေလးဆယ္ေက်ာ္ရွိသင့္သည္ဟု စုယန္ ယူဆလိုက္သည္။

သူ၏အသြင္အျပင္ႏွင့္ စိတ္ေနစိတ္ထားသည္ တကယ္ကို ေျပာင္ေျမာက္လွၿပီး သူ၏အသက္အ႐ြယ္ကို မႈန္ဝါးသြား ေစသည္။ တိုတိုေျပာရလွ်င္ ထိုလူက အလြန္‌ဆြဲေဆာင္မႈ ရွိေပ၏။

"အာ.. ခင္ဗ်ားကဘယ္သူလဲ?" စုယန္က မ်က္ေမွာင္ၾကဳတ္ကာ ေျပာလိုက္သည္။

"ဒါက ေမာ့လန္အေဆာက္အအုံပါ။ တရားဝင္ ခြင့္ျပဳခ်က္ရွိတဲ့ လူေတြပဲ ဝင္လို႔ရတာ"

ထိုလူ၏အမူအရာမွာ မေျပာင္းလဲဘဲ စုယန္ကို အခ်ိန္အေတာ္ၾကာ စိုက္ၾကည့္ၿပီးေနာက္ တိုးညွင္းေသာ ေလသံျဖင့္ ျပန္ေျဖသည္။

"ငါက ဝါးဥယ်ာဥ္ကြၽန္းဆြယ္မွာေနတာ"

ဝါးဥယ်ာဥ္ကြၽန္းဆြယ္သည္ မိစာၦဂိုဏ္းခ်ဳပ္ ေနထိုင္ရာ ေနရာျဖစ္သည္။

ထိုကြၽန္းကို မူလက ယင္ထန္ကြၽန္းဆြယ္ဟု ေခၚတြင္ခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ မိစာၦဂိုဏ္းခ်ဳပ္သည္ ေက်ာက္စိမ္းအိမ္ေတာ္မွ ျပန္လာကာ သိုင္းေလာက တခြင္ျဖတ္သန္းၿပီးေနာက္ ယင္ထန္ကြၽန္းဆြယ္ကို ဝါးဥယ်ာဥ္ကြၽန္းဆြယ္ဟု ေျပာင္းလဲေခၚဆိုခဲ့သည္ဟု ဆိုၾကသည္။

ဟုတ္ပါသည္၊ ထိုကြၽန္း၌ ဂိုဏ္းခ်ဳပ္ကိုယ္တိုင္အျပင္ ဒါဇင္ႏွင့္ခ်ီေသာ သူ၏ေယာက္်ားေမာင္းမမ်ားလည္း အတူတကြ ေနထိုင္ၾကေပသည္။

စုယန္သည္ သူ႕ေရွ႕ရွိလူကို ခဏတာအကဲျဖတ္ၿပီးေနာက္ ဇာတ္လမ္း၌ မိစာၦဂိုဏ္းခ်ဳပ္အျဖစ္ သ႐ုပ္ေဆာင္ခဲ့ေသာ ရႈံ႕တြေနသည့္ အဘိုးအိုကို ေတြးမိကာ သက္ျပင္းခ်မိသည္။

မိစာၦဂိုဏ္းရဲ႕ အဘိုးႀကီးက ဒီေလာက္ေခ်ာေမာလွပတဲ့ အမ်ိဳးသားတစ္ဦးရဲ႕ အေစခံမႈကိုခံရတယ္။ ဒါက အရင္းအျမစ္ေတြ ျဖဳန္းတီးေနတာပဲ!

မည္သို႔ပင္ျဖစ္ေစ ေနာင္တြင္ မိစာၦဂိုဏ္းပ်က္သုဥ္းမည္ ျဖစ္ေသာေၾကာင့္ ဤလွပေသာမ်ား အမ်ိဳးသား မ်ားလည္း အသက္ရွင္က်န္ရန္ မျဖစ္နိုင္ပါေခ်။ စုယန္သည္ ထိုအမ်ိဳးသားကို သနားစိတ္အနည္းငယ္ျဖင့္ ၾကည့္ေနေလ၏။

အျဖဴဝတ္အမ်ိဳးသားသည္ စုယန္၏အၾကည့္ကို နားမလည္စြာ မ်က္ခုံးပင့္လိုက္ၿပီး သူ႕ကိုလ်စ္လ်ဴရႈကာ စင္ေပၚမွ စာအုပ္တစ္အုပ္ကို ထုတ္ယူလိုက္သည္။

စာအုပ္သည္ ေဟာင္းႏြမ္းေနၿပီျဖစ္ေသာေၾကာင့္ လႈပ္ရွားမႈ အနည္းငယ္လုပ္႐ုံျဖင့္ စာ႐ြက္မ်ား ျပဳတ္ထြက္ကုန္ကာ ေျမျပင္ေပၚ၌ ျပန႔္က်ဲသြားသည္။

စုယန္သည္ သူ႕မီးပုံးကို အျမန္ခ်ထားလိုက္ၿပီး စာ႐ြက္မ်ားကို ကူေကာက္ေပးရန္ အျမန္ ထိုင္ခ်လိဳက္သည္။ ႐ုတ္တရက္ သူ႕လက္ေခ်ာင္းေတြက တန႔္သြားၿပီး စာ႐ြက္တစ္႐ြက္ကို ေကာက္ကိုင္လိုက္ေလ၏။

"ဒါက.."

သူ႕မ်က္လုံးေတြ ေတာက္ပလာၿပီး ထိုအဖိုးတန္စာ႐ြက္ကို ခ်က္ခ်င္း ဂ႐ုတစိုက္ ဖတ္ၾကည့္လိုက္သည္။ ထို႔ေနာက္ ဆက္လက္ဖတ္ရႈရန္ ေျမျပင္မွ ေနာက္ဆက္တြဲ စာ႐ြက္မ်ားကို ေကာက္ယူခဲ့၏။

စာမ်က္ႏွာ တစ္ဒါဇင္ေက်ာ္ ဖတ္ၿပီးသည္ႏွင့္ စုယန္သည္ သူ႕အၿပဳံးကိုဖုံးကြယ္ရန္ပင္ ခက္ခဲေနခဲ့သည္။ သူသည္ မိစာၦဂိုဏ္း၏ တားျမစ္နယ္ေျမႏွင့္ပတ္သက္ေသာ အခ်က္အလက္ကို ရွာေဖြရန္ ကူညီေပးခဲ့သည့္လူကို ေက်းဇူးတင္ရန္ ေမာ့ၾကည့္လိုက္ေလသည္။

သို႔ေသာ္လည္း အျဖဴ၀တ္အမ်ိဳးသား၏ ပုံရိပ္သည္ ေပ်ာက္ကြယ္သြားသည္မွာ ၾကာခဲ့ေလၿပီ။

စာအုပ္စင္ေပၚတြင္ စုယန္၏ဟာမဟုတ္ေသာ လက္ဆြဲမီးပုံးတစ္ခု က်န္ရစ္ခဲ့သည္။ မီးပုံးထဲရွိ ဖေယာင္းတိုင္သည္ ေတာက္ပေနၿပီး တစ္ညလုံး ေလာင္ကြၽမ္းေနနိုင္ပုံရေလသည္။

_13.6.21

T/N: ၾကာသြားေတာ့ ေမ့ေနၾကၿပီလားပဲ။ update က တစ္ပတ္သုံးပိုင္းေလာက္ေတာ့ မွန္းထားတယ္ရယ္။ ရက္ေတာ့ အတိအက်မရွိဘူးေနာ္ ♡

Thanks for reading ❣️

Continue Reading

You'll Also Like

274K 25.5K 59
Systemပုံစံလေးရေးသွားမှာပါရှင် ခါလွန်တစ်ယောက် အကြွေးတွေနဲ့တိုင်ပတ်ပြီး သေသွားတဲ့အချိန် systemထဲရောက်သွားပါတယ်... Missionsတွေထမ်းဆောင်ရင်း ချစ်ရသူကိုတ...
660K 70.8K 99
Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထဲဝင်ပြီးနောက် မနှစ်သက်ခံရတဲ့လျန်ရိတစ်ယော...
82.9K 11.4K 73
This is just a translation ... Original work is 讨厌的赵公子 by Your唯 and we translated from the website, novelupdates.com. Here is the link of the E trans...
74.8K 6.8K 60
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...